YoteShin Drive is below this article. Scroll down to view.

5G connectivity in India

Author: Anonymous Published on: 12 Aug 2022

Indian Prime Minister Nandra Mosman announced that it has provided 5G communication at the 6th Indian Mobile Congress in New Delhi. The 5G network is first available in 22 cities, and includes Ahmedabad, Hydeabad, Gandigai, Gurugrah, Gurugrah, Jamnagar, Kolkata, Siliguri and Varanasi. PM @narendamodi launches 5G Services in India 🔹5g Technology Will Provide Seamless Coverage, High Data Rate, Low Low Low Lenncy, and Highly Reliable Communications. 🔹it Will Increase Efficiency and Network Efficiency and Network Efficiency. & mdash; Ministry of Information and Broadcasting (@mib_india) October 1, 2022 5G Services Reliance Joio, Reliance Joi, Reliance Jo, and Reliance Jo. Airtel and Vodafone-IDA will be provided in India. Airtel's users are now using 5G networks in some cities. India Mobile Congress 2022: & quot; Service Providers Will Roll Out 5g by 2024 & AMP; 75% Indian Citizens Will AVAIL 5G Services. & Quot; Shri Devusinh Chauhan, Hon'ble Minister of State for Communications, Government of India Register Now: https://t.co/rk0e6c4OJ#MC2022 # IMC5GLAUNCH & mdash; India Mobile Congress (@Exploreimc) October 1, 2022 Airtel's 5G connection is available in Bengaluru, Chennai, Hyderabad, Hyderabad, Kolkata, Mumba, Mumba, Siliguri and Varanasi will be provided by the country in March 2024. Reliance Jobs will provide 5G connection in Chennai, Delkata and Mumbai by Diwali, and in December 2023 in December 2013 in December 2013 VI has not yet been told that the 5G network will be provided. The BSNL will provide 5G network on August 15 next year. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

The Motorcycle Diaries 2004 1080p BluRay (CM) mp4.mp4

2.63 GB N/A video/mp4 376 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Running Man
6.4

ထွက်ပြေးနေရသူတစ်ဦး... ကိုယ်မကျူးလွန်ခဲ့တဲ့ပြစ်မှုတစ်ခုအတွက် ထွက်ပြေးနေရသူတစ်ဦး... နိုင်ငံရေးမြှုပ်ကွက်များကြားထဲမှာ သဲလွန်စတစ်စုံတစ်ရာမရှိဘဲ ရှောင်ပြေးနေရပုံအပေါ်မူတည်ပြီး ဇာတ်အိမ်တည်ထားပါတယ်။ အထက်တန်းကျောင်းသားဘဝတည်းက ပြစ်မှုမှတ်တမ်းတသီတတန်းဖြစ်နေပေမဲ့ သားဖြစ်သူနဲ့အတူ အိမ်ကောင်းရာကောင်းနဲ့နေနိုင်ဖို့ ကြုံရာကျပန်းလုပ်ကာ နေ့စား အငှါးကားမောင်းတဲ့အလုပ်လုပ်ရရင်း တစ်နေ့မှာတော့ ထူးထူးခြားခြားပဲ ပိုက်ဆံပေါတဲ့ ခရီးသည်နဲ့ ကြုံခဲ့ပါတယ်။ ကံဆိုးချင်တော့ လေဆိပ်ကိုပဲ အမြန်ပြေးချင်နေတဲ့ ခရီးသည်ကြီးဟာ လက်သည်မပေါ်ဘဲ အသတ်ခံရပါတယ်။ ဒီအချိန်မှာတော့ ထုံးစံအတိုင်း ကားသမားကိုပဲ အပြစ်ပုံချဖို့ အကြောင်းဖန်လာပါတယ်။ ဒီလိုနဲ့ ဝရမ်းပြေးဖြစ်နေချိန် အတောအတွင်းမှာတော့ အမှုအစအဆုံးကို ရုပ်လုံးပေါ်လာအောင်စုံစမ်းရင်း တစ်ချိန်က တေလေကြမ်းပိုးဖြစ်ခဲ့ဖူးတာကြောင့် တတ်ကျွမ်းခဲ့ဖူးတဲ့ အကွက်ပေါင်းစုံ အသုံးချကာ မိမိနောက်ကို လိုက်နေတဲ့ နိုင်ငံရေးအဖွဲ့အစည်းများ၊ လူဆိုးများ၊ ရဲများကိုပါ နှစ်ပေါက်တစ်ပေါက် ရိုက်ခဲ့ပါတယ်။ အမှုမှာ ပါဝင်ပတ်သက်သူ တစ်ယောက်ပြီးတစ်ယောက် အသတ်ခံရပြီးနောက် အမှုကို ဆက်စပ်မိခါနီးမှာ သားဖြစ်သူကပါ တရားခံကို ကူဖမ်းပေးဖို့ဖြစ်လာပါတော့တယ်။ နိုင်ငံရေးလုံခြုံမှု ပေါက်ပြားစေမှုရဲ့ တရားခံအစစ်အမှန်က ဘယ်သူဖြစ်နေမလဲ? အမှန်တရားကိုချပြဖို့ ကြိုးစားတဲ့သားအဖနှစ်​ယောက်အနိုင်ရသွားမလား? ဆိုတာကိုတော့ ချစ်ခြင်းမေတ္တာဖွဲ့သော ဇာတ်ဝင်ခန်းများနှင့်အတူ ဟာသနှောသေ ာဇာတ်ကွက်များနှင့်ပါ ရသစုံလင်စွာ စိတ်ဝင်တစားကြည့်ရှုရမှာပါ။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ Hnin Wut Yi ပါ။) File Size          :  2.8GB, 1GB & 555MB Quality            : 1080p Blu-ray AC3 5.1CH, 720p Blu-ray & 480p Format            : mp4 Duration         : 1hr & 37mins Genre              : Action, Adventure, Comedy Translated by  Hnin Wut Yi Encoded by Kinnov

Action • Crime • Thriller
6.4 2013 127 mins
Running Man
King Arthur: Legend of the Sword
6.5

2017 မေလထဲမှာ ရုံတင်ပြသခဲ့ပြီး အခုချိန်မှာ IMDb 6.7 နဲ့ပါ။ ဇာတ်လမ်းကျောရိုးကတော့ အင်္ဂလန်ရဲ့ နာမည်အကြီးဆုံး ပုံပြင် တွေထဲက အာသာဘုရင်ရဲ့ ဇာတ်ကြောင်းပါပဲ။ ဒီဇာတ်ကြောင်းကိုပဲ အမျိုးမျိုး ပြုပြင်ဖန်တီးပြီး ရိုက်ကူးထားကြတဲ့ကားတွေ မနည်းပါဘူး။ ဒီရုပ်ရှင်ထဲမှာတော့ ဘုရင် အူသာ ပန်ဒရက်ဂွန် လုပ်ကြံခံရပြီး သူ့ရဲ့ ညီ ဗော်တီဂန်က ထီးနန်းကို သိမ်းပိုက်ထားတယ်။ ဘုရင်လောင်း အာသာလေးက ကလေးကတည်း ထွက်ပြေးတိမ်းရှောင်နေရပြီး သူ့ကိုယ်သူ ဘုရင်လောင်းမှန်းမသိဘူးပေါ့။ မှော်ဆရာမာလင် ပေးခဲ့တဲ့ အိတ်စ်ကာလီဘာ မှော်ဓားဟာ အာသာအရွယ်ရောက်လာချိန်မှာ အလိုလိုပြန်ပေါ်လာပြီး ထုံးစံအတိုင်း ကျောက်တုံးထဲစိုက်နေ နှုတ်မရဖြစ်နေပါတယ်။ ဘုရင်ဗော်တီကန်က အာသာရှိနေမယ့် အသက်အရွယ် ပတ်ဝန်းကျင်လူငယ်အားလုံးကို ဒီဓားကို စမ်းသပ်ပြီး ဆွဲနှုတ်ခိုင်းတဲ့နည်းနဲ့ အာသာကို လိုက်ရှာပါတော့တယ်။ အာသာ မှော်ဓားကို ဆွဲနှုတ်နိုင်သွားချိန်နောက်ကစပြီး ဘုရင် ဗော်တီဂန်န် နဲ့ အာသာတို့ စတင်ရင်ဆိုင်မိပါတော့တယ်။ ဒီအာသာဗားရှင်းမှာတော့ မှော်ပညာတွေ သတ္တဝါဆန်းကြီးတွေ ထည့်သွင်းထားပါတယ်။ ရုပ်ရှင်ကောင်းတစ်ခုပဲမို့ ကြည့်ကြည့်လိုက်ကြပါတော့။ File size : 903 MB Duration : 2 hr 6 min Quality : HDrip 720p Translator/ Encoder : Littleneo

Crime
6.5 2017 126 mins
King Arthur: Legend of the Sword
No Longer Human
5.9

No Longer Human (2019) 1948ခုနှစ်က ထုတ်ဝေခဲ့ပြီး ရောင်းအားအကောင်းဆုံး ဒုတိယ ချိတ်ခဲ့တဲ့ လူသားမဆန်တဲ့လူအကြောင်းရေးထားတဲ့ ဝတ္ထုကို ရုပ်ရှင်အနေနဲ့ ခံစားရမှာပါ စာရေးဆရာတစ်ယောက်ရဲ့ စိတ်ကူးစိတ်သန်းက ဘယ်လောက်အထိရူးသွပ်နိုင်မလဲ? ကုန်ကြမ်းတွေလိုက်လံစုစည်းတယ်ဆိုတာ ဘဝအတွေ့အကြုံစုဆောင်းတယ်လို့ပဲ တွေးထင်မိတယ်မဟုတ်လား? ဒီအတွေးတွေအကုန်လုံးက No Longer Human ဆိုတဲ့ ဇာတ်ကားမှာ အကုန်မှားသွားပါလိမ့်မယ်။ စာရေးဆရာဖြစ်သူ ဒါဇိုင် အိုဆာမုဟာ သူ့ရဲ့ စာအုပ်တွေအတွက် မိန်းကလေးတွေကိုလှည့်ဖျားပြီးချစ်ဟန်ဆောင်ပါတယ်။ ပြီးရင်တော့ အချစ်အတွက်သတ်သေကြမယ်ဆိုပြီး သတ်သေရာကနေ သူကလူလည်လုပ်ပြီး မသေဘဲ ကျန်ရစ်နေပါတယ်။ ဒီလိုလုပ်တာ မိန်းကလေးပေါင်းမြောက်များစွာရှိပြီဖြစ်ပါတယ်။ ဒါ့အပြင်သူ့မှာ ဇနီးမယားနဲ့ ကလေးတွေလည်း ရှိပါသေးတယ်နော်။ ပြီးတော့ ဒီထက်ပိုပြီးထူးဆန်းတာက သူကြိုက်လိုက်တဲ့ မိန်းကလေးတွေ တစ်နည်းပြောရရင် နာမည်ကြီးစာရေးဆရာဆိုပြီး သူ့ကို လာကြိုက်တဲ့မိန်းကလေးတိုင်းက မုဆိုးမတွေချည်းသာဖြစ်ပါတယ်။ ဒီတော့ အိုဆာမုတစ်ယောက် သူ့ရဲ့ မာစတာပိစ်ဝတ္တုအတွက် ကုန်ကြမ်းဘယ်လိုစုဆောင်းမလဲ? သူ့ကို ပြန်လည်လှည့်ဖျားသွားနိုင်မယ့် မိန်းကလေးပေါ်လာမှာလား သူကော အချစ်နွံထဲနစ်ဝင်ပြီး မုဆိုးကနေ သားကောင်ဖြစ်သွားမှာလားဆိုတာကိုတော့ No Longer Human မှာကြည့်ရှုခံစားလိုက်ပါလို့ ညွှန်းပါရစေ။ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Mugiwara Ya ပါ ) File Size__(2GB) / (900MB) Quality__BluRay_1080p, 720p IMDb Rating__5.9/10 Format__mp4 Duration__02:01:00 Type__Biography, Drama, Thriller Subtitle__Myanmar Subtitle (Hardsub) Translated by Mugiwara Ya Encoded by Naing Aung Latt

Action • Adventure • Fantasy
5.9 2019 120 mins
No Longer Human
Superheroes
6.7

ဒီဇာတ်ကားလေးရဲ့နာမည်က‌တော့ Superheroesတဲ့။ ဒါပေမယ့်စူပါဟီးရိုးတွေအကြောင်းတော့မဟုတ်ဘူး။ မာကိုဆိုတဲ့ ရူပဗေဒဆရာတယောက်နဲ့အန်နာဆိုတဲ့ ပန်းချီဆရာမလေးတို့အတွဲရဲ့အချစ်ဆိုတဲ့အရာတခုကို အချိန်တွေကြာလာတာနဲ့အမျှ အန်နာရဲ့ Superheroes ဆိုတဲ့ သူတို့အကြောင်းရုပ်ပြစာအုပ်လေးအတိုင်း အဓိပ္ပါယ်အမျိုးမျိုး ဖွင့်ဆိုကြတဲ့ပုံပေါ့။ သူတို့နှစ်ယောက်စတွေ့ခဲ့ကြတာက တံခါး၀လေးတခုအောက်မှာ မိုးခိုနေရင်းနဲ့။ မာကိုကတော့ စိတ်မြန်လက်မြန်လုပ်တတ်ပြီး သူ့အတွက် အချိန်ဆိုတာ အပြင်မှာတကယ်မရှိတဲ့အရာလို့ လက်ခံထားတဲ့သူ။ အန်နာကတော့ပျော်ပျော်နေသေခဲ ယောကျာ်းတယောက်ကို တညထက်ပိုမတွဲသလို realtionship တခုမှာ တသက်လုံးချစ်ရမှာကို အရမ်းကြောက်တဲ့ကောင်မလေး။ ဒီလိုသူတို့နှစ်ယောက်ရဲ့စတွေ့ကြတဲ့အချိန်ကနေ ဆယ်နှစ်ကြာပြီးတဲ့ မျက်မှောက်အချိန်အထိ သူတို့ရဲ့အချစ်ခရီးလမ်းမှာ ချစ်လိုက်ကြ ပြတ်လိုက်ကြအခိုက်အတန့်လေးတွေ သူတို့ရဲ့ခံစားချက်လေးတွေ လျှို့ဝှက်ချက်လေးတွေ ဘ၀အနိမ့်အမြင့်တွေကို ဒီဇာတ်ကားမှာ ကြည့်ရှုကြရမှာပဲဖြစ်ပါတယ်။ CMပရိတ်သတ်ကြီးကိုမေးခွန်းလေးတခုပဲ မေးစရာရှိတာကတော့ လူတယောက်ကိုတသက်လုံး သစ္စာရှိရှိနဲ့ ချစ်နိုင်ဖို့အတွက်က ဘယ်လိုစူပါပါဝါမျိုးတွေ လိုအပ်မှာပါလဲ။ File size…1.97GB / 756MB Quality…WEB-Rip 1080p / 720p Format…mp4 Duration….2h 2m Genre ….. Comedy , Drama , Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Brackman

Drama • Crime
6.7 2021
Superheroes
Anyone Anywhere
6.7

Anyone Anywhere(2023) *********************** မရိုးနိုင်တဲ့ ကျောင်းတွင်းအကြမ်းဖက်ကားသစ်လေး ထွက်ရှိလာပါပြီ… Penthouse ထဲက ဘယ်ရိုနာလို့ လူသိများတဲ့ မင်းသမီး Kim Hyeon Soo နဲ့အတူ Crash Course In Romance မှာ ဂွန်းအူနဲ့ ဆူအာအဖြစ် အတွဲညီညီ သရုပ်ဆောင်ခဲ့တဲ့ Lee Min Jae နဲ့ Kang Na Eon တို့က main cast အနေနဲ့ ပါ၀င်ထားပါတယ်…. ဂန်မင်ဂျူ (Kang Na Eon)က ကျောင်းတွင်းအကြမ်းဖက်မှုခံနေရသူလေးပါ တခြားအတန်းဖော်သူငယ်ချင်းတွေနဲ့ မျက်လုံးချင်းဆုံခဲ့ရင်တောင် ချက်ချင်းဆိုသလိုပဲ အကြည့်ရှောင်ပစ်လိုက်ကြပါတယ် လျစ်လျူရှုမှု ပြက်ရယ်ပြုမှုတွေနဲ့ ကျင့်သားရနေပြီဖြစ်တဲ့ မင်ဂျူ‌တစ်ယောက် သူ့မွေးနေ့ကိုရောက်ဖို့ ၄၅ မိနစ်အလိုမှာပဲ အားလုံးမထင်မှတ်ထားတဲ့ကိစ္စဖြစ်သွားပါတယ်.. ဒီကိစ္စဖြစ်ပြီးချိန်မှာ အားလုံးဟာ ရှော့ရသွားကြပါတယ်.. ဒါနဲ့ပတ်သက်တဲ့ ကျောင်းသားတွေအားလုံး ဘယ်လိုတုန့်ပြန်ပြီး ဘယ်လိုရင်ဆိုင်ကြမလဲဆိုတာကိုတော့.. File size… 887MB/ 312MB Quality…HDTV 1080P/ 720p Format…mp4 Duration….1hr 03min Genre ….. Drama Subtitle….Myanmar Subtitle (Hard Sub) Encoder…. Phyo Pyae Translated by Miri Hnin, Stary Kinni & Treasure Htet

6.7 2023
Anyone Anywhere
Slow Video
6.3

၂၀၁၄ က ထွက်ရှိခဲ့တဲ့ ကိုးရီးယား ဟာသဒရာမာ ဇာတ်ကားလေး တစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ သရုပ်ဆောင် မင်းသားက အူကြောင်ကြောင် ဟာသ ဇာတ်ရုပ် တွေနဲ့ လူသိများတဲ့ ချာထယ်ဟွန်း ပါ၊ ဒီဇာတ်ကားမှာဆိုရင် ဇာတ်ကောင်စရိုက်ကို အပိုလိုမရှိ ကွက်တိကျအောင် သရုပ်ဆောင်နိုင်ခဲ့တဲ့သူလည်း ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း ဂျန်ဘူဆိုတဲ့ ကောင်လေးက ထူးဆန်းတဲ့ မျက်စိဝေဒနာ တစ်ခုကို အသက် ဆယ်နှစ်သားအရွယ်မှာ စပြီး ခံစားခဲ့ရပါတယ်။ သူ့ဝေဒနာက အာရုံစိုက်ပြီး ကြည့်လိုက်တဲ့အခါမှာ ရုပ်ရှင် အနှေးပြကွက်လိုမျိုး မြင်ကွင်းတွေကို မြင်ရတာပါ။ သူ့ကို ငကြောင်ဆိုပြီး ကျောင်းမှာ အနိုင်ကျင့်မှုတွေ ခံရပြီးနောက် အိမ်ထဲက အိမ်ပြင်မထွက်တော့ဘဲ တီဗီဇာတ်လမ်းတွဲတွေ ကြည့်ပြီး အခန်းထဲမှာ အချိန်ကုန်ဆုံးခဲ့ပါတယ်။ လူတွေနဲ့ အထိအတွေ့ သိပ်မရှိဘဲ အူကြောင်ကြောင်ငတိ ဂျန်ဘူက လုံခြုံရေး စီစီတီဗီတွေကို စောင့်ကြည့်ရတဲ့ ဌာနမှာ အချိန်ပိုင်း အလုပ်ရပြီးနောက် ဘယ်လိုအဖြစ်အပျက်တွေ ကြုံတွေ့ရမလဲ။ ကလေးဘဝက crush ခဲ့ရတဲ့ သူငယ်ချင်းမလေး ဆူမီနဲ့ လမ်းမှာ ပြန်တွေ့တဲ့အခါ ဘယ်လို အလွဲတွေ ဖြစ်ကြမလဲဆိုတာ ရယ်မောဖွယ် ဟာသလေးတွေနဲ့ ရိုက်ကူးတင်ဆက်ထားပါတယ်။ File size…1.53GB / 736MB Quality…WEB-Rip 1080p / 720p Format…mp4 Duration….1h 46m Genre ….. Comedy , Drama , Fantasy Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Aoi

Romance • Comedy • Drama
6.3 2014
Slow Video
Galaxy Writer
5.9

ရုပ်ရှင်တွေကို အမြဲတမ်း ကြည့်နေရပေမဲ့ ရုပ်ရှင်တစ်ကားက ဘယ်လိုဖြစ်လာသလဲဆိုတာကိုတော့ သိပ်မစဉ်းစားမိကြပါဘူး။ CM ရဲ့ ပရိသတ်တွေအတွက် ဇာတ်ညွှန်းရေးဆရာတွေအကြောင်းကို ရိုက်ကူးထားတဲ့ Galaxy Writer ဆိုတဲ့ ရုပ်ရှင်ကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ ပြင်ဆင်ချက်အကြံပေးမှုအားလုံးကို နားမထောင်တဲ့ ဇာတ်ညွှန်းရေးဆရာနဲ့ ပြင်ဆင်ချက်အကြံပေးမှုအားလုံးကို နားထောင်တဲ့ ဇာတ်ညွှန်းရေးဆရာနှစ်ယောက်၊ တစ်ယောက်က မာနကြီးတယ် တစ်ယောက်က သတ္တိရှိတယ်။ သူတို့နှစ်ယောက် ပေါင်းပြီးရေးထားတဲ့ ဇာတ်ညွှန်းတစ်ခုနဲ့ ကုမ္ပဏီကြီးတွေကို စိန်ခေါ်လိုက်တဲ့အခါ ပိုက်ဆံနဲ့ အိပ်မက်ကို ဘယ်လို ချိန်ဆကြမလဲဆိုတာကို အောက်ခြေက ဇာတ်ညွှန်းရေးဆရာတွေရဲ့ ဘဝကို ဟာသလေးတွေနဲ့အတူ စိတ်အပန်းဖြေ ကြည့်ရှုခံစားလိုက်ရအောင်နော်။

Crime • Drama
5.9 2024
Galaxy Writer
Querelle
6.6

ဒီတစ်ခါမှာတော့ ကြည့်ရှုသူပရိတ်သတ်ကြီးကို rating 6.6/10 အထိရရှိထားတဲ့( Querelle )ဆိုတဲ့ ဇာတ်ကားလေး တစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်.. ဒီဇာတ်ကားကို ဒါရိုက်တာ Rainer Werner Fassbinder က ရိုက်ကူးပုံဖော်ထားပြီး မင်းသား Brad Davis , Franco Nero နဲ့မင်းသမီး Jeanne Moreau တို့က ပါဝင် သရုပ်ဆောင် ထားပါတယ် ဒီဇာတ်ကားက နိုင်ငံတကာအကောင်းဆုံး ရုပ်ရှင်ဆု(Jupiter Award) , အကောင်းဆုံး ဇာတ်ဝင်တေးဆု (Razzie Award ) စတဲ့ဆုတွေကိုလည်း သိမ်းပိုက်ရရှိ ထားပါတယ်…. ဇာတ်လမ်းအကျဉ်းကတော့ LGBT တစ်ယောက်ဖြစ်တဲ့ ရေတပ်အရာရှိ လက်ဖ်တင်နင် ဆဲလ်ဘွန်က ဘရက်စ်မြို့ကို ဆိပ်ကမ်းကပ်ပါတယ် အဲ့ဒီအချိန်မှာ ရေတပ်သားလေးတစ်ယောက်ဖြစ်တဲ့ ကော်ရယ်တစ်ယောက် ဘရက်စ်မြို့ရဲ နာမည်ကြီးဖယ်ရီယာ ပြည့်တန်ဆာစံအိမ်ရဲ့ သူဌေးမဖြစ်တဲ့ လီဆန်ဆိုတဲ့ အမျိုးသမီးနဲ့ အိမ်ထောင်ကျနေတဲ့ အစ်ကိုဖြစ်သူ ရော့ဘတ်ကို တွေ့လိုက်ပါတယ် ဒါပေမဲ့ထူးဆန်းတာက လီဆန်ဆိုတဲ့အမျိုးသမီးရဲ့ယောကျ်ားဖြစ်သူ နိုနိုး ဆိုတဲ့ အားကောင်းမောင်းသန်ဗလကြီးကလည်း အဲ့ဒီစံအိမ်ကြီးမှာပဲ နေပါတယ် နောက်ပြီးသူက ယောကျ်ားချင်း လိင်ဆက်ဆံရတာကို အထူးကြိုက်နှစ်သက်သူ တစ်ဦး ဖြစ်ပါတယ် အဲ့ဒါအပြင် အဲ့ဒီဖယ်ရီယာ စံအိမ်မှာ နာမည်ကြီး အလောင်းအစား တစ်ခုရှိပါတယ် အဲ့ဒါကတော့ လီဆန်ရဲ့အရင်ယောကျာ်းဖြစ်သူ နိုနိုးနဲ့ အန်စာတုံးဂိမ်း ကစားရမှာ ဖြစ်ပါတယ် အနိုင်ရရှိတဲ့သူကတော့ အဲ့ဒီစံအိမ်မှာရှိတဲ့ မိန်းကလေးတွေ ထဲကကြိုက်တဲ့သူကို ခေါင်းခေါက်ရွေးပိုင်ခွင့်ရှိပြီး အကယ်၍ရှုံးနိမ့် သွားမယ်ဆိုရင်တော့ သူတစ်တီတူးတာကို ခံရမှာဖြစ်ပါတယ် ရော့ဘတ်ရဲ့ညီဖြစ်သူ ကော်ရယ်ကလည်း ဒီကစားနည်းကို ကစား လိုက်ပါတယ် သူကရော အနိုင်ရရှိအောင် ကစားနိုင်ပါ့မလား ဘာကြောင့်ဒီကစားနည်းကို ကစားဖို့ရွေးချယ်လိုက်တာလဲ တိုက်တိုက်ဆိုင်ဆိုင်ပဲ ကော်ရယ်တို့သင်္ဘောပေါ်က သင်္ဘောသား တစ်ယောက်နဲ့ သီရိုဆီလင်း ဆိုတဲ့သူရယ် အဲ့ဒီနှစ်ယောက်က အသတ်ခံလိုက်ရပါတယ် ရဲတွေကလည်း သေဆုံးသူရဲ့ဘေးမှာ တွေ့ရတဲ့မီးခြစ် တစ်လုံးကလွဲရင် အခြားဘာမှစုံစမ်းလို့မရဖြစ်နေပါတယ် လူသတ်တရားခံကရောဘယ်သူဖြစ်မလဲ… အဲ့ဒီ မီးခြစ် ရဲ့ပိုင်ရှင်ကရော ဘယ်သူဖြစ်မလဲ နောက်ဆုံးမှာ တကယ့်တရားခံအစစ်ကိုဖမ်းမိသွားပါ့မလားဆိုတာကို ပရိတ်သတ်ကြီးကိုယ်တိုင် ကြည့်ရှုခံစားလိုက်ပါဦး ဒီဇာတ်ကားက Drama အမျိုးအစားဖြစ်ပြီး ၁၈ +ဆန်ဆန်ဇာတ်ဝင်ခန်း တွေနဲ့ စကားအသုံးအနှုန်းတွေကြောင့် အသက်အရွယ်မပြည့်သေးတဲ့ ကလေးသူငယ်တွေ အနေနဲ့ ကြည့်ရှုဖို့မသင့်တော်ဘူးဆိုတာကိုတော့ ကြိုတင်အသိပေးလိုက်ပါရစေ…. File size…1.95GB / 877MB Quality…Blu-Ray 1080p / 720p Format…mp4 Duration….1h 48m Genre ….. Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Eh Phaw

Animation • Drama • Adventure
6.6 1982
Querelle
Wrong Love
5.7

အချစ်ရုပ်ရှင်လေးတွေပဲ ကြည့်ချင်ပါတယ်ဆိုတဲ့ CM ရဲ့ ပရိသတ်တို့အတွက် Wrong love ဆိုတဲ့ ရုပ်ရှင်လေးကို ဘာသာပြန် တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့- ကျန်းဟဲ့နဲ့ လင်ဖေးတို့ဟာ လူတိုင်းက အားကျရတဲ့ စုံတွဲလေးပဲ ဖြစ်ပါတယ်။ နယ်ကနေ မြို့ကိုတက်လာခဲ့ပြီး ကိုယ်ပိုင်အိမ်လေးတစ်လုံးဝယ်နိုင်ဖို့ ကြိုးစားနေတဲ့ လူငယ်လေး ၂ ယောက်ဟာ မြို့ပြရဲ့ ရှုပ်ထွေးမှု အောက်မှာ လမ်းပျောက်ခဲ့ရပါတယ်။ တစ်ဖက်မှာ ကုမ္ပဏီသူဌေးက လင်ဖေးကို လိုချင်စိတ်ကြောင့် လင်ဖေးရဲ့ သူငယ်ချင်းဖြစ်သူ လိလိကို ကျန်းဟဲ့နဲ့ လင်ဖေးတို့ဆက်ဆံရေးကို ကြားထဲက ဝင်ရှုပ်ခိုင်းခဲ့သလို တစ်ဖက်မှာ ကျန်းဟဲ့ကလည်း ရှယ်ယာကစားပြီး လောဘထောင်ချောက်ထဲ ဝင်သွားပြီး အတိုးမြင့်ချေးငွေတွေထဲ နစ်မြုပ်သွားခဲ့ပါတယ်။ အဲဒီနောက်မှာတော့ ကျန်းဟဲ့တစ်ယောက် ပျောက်သွားခဲ့ပြီး လင်ဖေးကို အကြွေးရှင်တွေက လိုက်ပြီးနှောင့်ယှက်ပါတော့တယ်။ လင်ဖေးတစ်ယောက် အကြွေးဆပ်ဖို့ ဘယ်လိုဆုံးဖြတ်ချက်မျိုး ချခဲ့ရသလဲ…… ကျန်းဟဲ့ကရော အောက်ဆုံးအထိ ကျရှုံးသွားပြီးနောက် ဘဝကို အရှုံးမပေးပဲ ဘယ်လို ကြိုးစားမလဲ…… ဆိုတာကို ရုပ်ရှင်နဲ့အတူ ဆက်လက်ကြည့်ရှုလိုက်ရအောင်နော်။

Drama • Horror
5.7 2024
Wrong Love
No Mercy
7.4

IMDb 7.4 အထိရရှိထားတဲ့ဇာတ်ကားကောင်းပါ ဇာတ်လမ်းအမျိုးအစားကတော့ Action , Crime , Thriller ဖြစ်ပြီးတော့ 2010 မှာ ထွက်ရှိထားတဲ့ ကိုရီးယားရုပ်ရှင် No Mercy ဟာ ဒါရိုက်တာ Hyeong-Joon Kim က ရိုက်ကူးတင်ဆက်ထားတဲ့ အလန်းစားရုပ်ရှင်ဇာတ်ကားတစ်ကားပဲဖြစ်ပါတယ် One Of The Best Thriller Movie လို့တောင် တင်စားပြောရမလိုဖြစ်နေပါတယ် ဇာတ်လမ်းအညွှန်းကိုတော့ ရှည်ရှည်ဝေးဝေးကြီးသိပ်မပြောလိုတော့ဘူး နာမည်ကြီးဆရာဝန်တစ်ယောက်.ရယ် ငါးပိုင်းပိုင်းပြီးတော့ အသတ်ခံလိုက်ရတဲ့ မိန်းကလေးတစ်ယောက်နဲ့ လူသတ်သမား…ပြီးတော့ ပြည်ပမှာ စာသင်ပြီး ပြန်လာမယ့် မှုခင်းဆရာဝန်ရဲ့သမီးကလည်း ထပ်ပြီးပြန်ပေးဆွဲခံရတဲ့အခါမှာတော့ ဘာတွေဆက်ဖြစ်ကြမလဲ ဆိုတာကိုယ်တိုင်သာဆက်လက်ခံစားကြည့်ရှုပါ အဆုံးသတ်လေးကလည်း အတော်ကိုထိသွားနိုင်ပါတယ် ကြည့်သင့်တဲ့ဇာတ်ကားလေးတစ်ကားပါပဲ 18+ အခန်းတွေအနည်းငယ်တော့ပါပါတယ်

Drama • Family • Fantasy
7.4 2010 125 mins
No Mercy
Despatch
6.1

Despatch (2024) “လျှို့ဝှက်ချက်များ တူးဖော်ခြင်း” သည်းထိတ်ရင်ဖို မှုခင်းဇာတ်လမ်းမျိုး ကြိုက်တဲ့သူတွေအတွက် ဇာတ်လမ်းကောင်းလေးတစ်ပုဒ်ကို တင်ဆက်ပေးချင်ပါတယ်။ မှုခင်းဆိုပေမဲ့ မြင်နေကျ ရဲဇာတ်လမ်း‌တွေထက် မှုခင်းသတင်းထောက်တစ်ယောက်ရဲ့စွန့်စားခန်းကို စာနယ်ဇင်းသမားအမြင်နဲ့ ရိုက်ကူးထားတာ ဖြစ်ပါတယ်။ အခုလို ပြောင်းလဲလာတဲ့ဒီဂျစ်တယ်ခေတ်ကြီးမှာ အပြောင်းအလဲကြီးတစ်ခုကို မလွဲမသွေခံခဲ့ကြရတာကတော့ စာနယ်ဇင်းသမားတွေပါပဲ။ Print media ခေတ်ကနေ digital media ခေတ်မှာ အသားကျအောင် ကြိုးစားနေရသူတွေထဲမှာ နှစ်‌ဆွေး မှုခင်းသတင်းသမားကြီး ဂျွိုင်းလည်း ပါ၀င်ပါတယ်။ သူတို့သတင်းစာတိုက်မှာ အပြောင်းအလဲတွေဖြစ်နေခိုက်မှာပဲ အုပ်စုဖွဲ့ပစ်ခတ်မှုသတင်းတစ်ခု ပေါ်လာပါတယ်။ အဲ‌ဒါကလည်း သူတို့မြို့က အကြီးစားငွေကြေးမှောင်ခိုသမားတွေနဲ့ ပတ်သက်နေပြီး အန္တရာယ်ကြီးတဲ့ အမှုမျိုးပါ။ အဲဒီအခါမှာ ဂျွိုင်းတစ်ယောက် အပြောင်းအလဲနဲ့စိန်ခေါ်မှုတွေကြား၊ စနစ်ဟောင်းနဲ့စနစ်သစ် လွန်ဆွဲပွဲကြားမှာ ကိုယ်တိုင်စွန့်စားပြီး သတင်းလိုက်ရဖို့ ဖြစ်လာပါတော့တယ်။ ဒီလိုနဲ့ ဂျွိုင်းတစ်ယောက် သတင်းကြီးကြီးရဖို့ ဘယ်လိုစွန့်စားရင်ဆိုင်မလဲ၊ အလုပ်နဲ့ လူမှုရေးပြဿနာတွေကြား ဘယ်လိုကျော်ဖြတ်မလဲဆိုတာကို စိတ်၀င်စားစရာ ကြည့်ရှုကြရမှာ ဖြစ်ပါတယ်။ (ဒီဇာတ်လမ်းအတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood team ပါ။)

6.1 2024 151 mins
Despatch
Genius
6.5

Maxwell Perkins ဟာ နာမည်ကျော် အမေရိကန်စာရေးဆရာကြီးများဖြစ်တဲ့ The Great Gatsby ကို ရေးသားခဲ့သူ F. Scott Fitzgerald နဲ့ စာပေနိုဘယ်ဆုရှင် Ernest Hemingway တို့ကို တွေ့ရှိစင်တင်ပေးခဲ့သူ အယ်ဒီတာတစ်ဦးဖြစ်ပြီး ၁၉၂၉ ရဲ့ တစ်ခုသောနေ့မှာ သူ့ဆီကို စာမျက်နှာပေါင်း တစ်ထောင်ကျော်တဲ့ စာမူတစ်ထပ်ကြီး ရောက်လာပါတယ်။ အဲဒီစာမူပိုင်ရှင်က Thomas Wolfe ဆိုတဲ့ မထင်မရှား လူငယ်စာရေးဆရာတစ်ဦးဖြစ်ပြီး Maxwell ကလည်း စာမူကို အကြမ်းသဘော ဖတ်မိရာကနေ တစ်ပတ်တာလုံးလုံး ဇနီးနဲ့သမီးတွေကိုတောင် ဂရုမစိုက်အားဘဲ စာမူကို လက်ကမချစတမ်း ဖတ်ရှူမိပါတော့တယ်။ နောက်ဆုံးမှာ Maxwell ဟာ Thomas Wolfe နဲ့ တွေ့ဆုံပြီး ဒီစာမူကို စာအုပ်အဖြစ်ထုတ်ဝေဖို့ စာချုပ်ချုပ်လိုက်ရာကနေ “Look Homeward, Angel” ဆိုတဲ့ စာအုပ်ဖြစ်လာပြီး Thomas Wolfe ဟာလည်း အမေရိကန်စာပေသမိုင်းမှာ အရေးပါဆုံး စာရေးဆရာတစ်ဦး ဖြစ်လာခဲ့ပါတယ်။ တစ်ချိန်တည်းမှာလည်း Maxwell နဲ့ Thomas တို့အကြားမှာလည်း ထူးခြားလေးနက်တဲ့ ဆက်ဆံရေးမျိုးနဲ့ မမေ့နိုင်စရာ အဖြစ်သနစ်တွေ ပေါ်ပေါက်လာပါတော့တယ်။ ဒီဇာတ်ကားကို တိုနီဆုရ ဒါရိုက်တာ Michael Grandage ရိုက်ကူးထားပြီး ဉာဏ်ကြီးရှင် အယ်ဒီတာလို့ လူသိများတဲ့ Maxwell Perkins နဲ့ ဉာဏ်ကြီးရှင် စာရေးဆရာလို့ ထင်ရှားတဲ့ Thomas Wolfe တို့နှစ်ဦးအကြားက မတူကွဲပြားတဲ့ အယူအဆတွေနဲ့ လေးနက်တဲ့ ဆက်ဆံရေးအပြင် သူတို့မိသားစုတွေအပေါ် သက်ရောက်လာတဲ့ အကျိုးဆက်တွေကို ဖွဲ့ဆိုတင်ဆက်ထားတဲ့ Drama/History ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်။ အက်ဖ်စကော့ ဖစ်ဂျရယ်နဲ့ အားနက်စ်ဟဲမင်းဝေးတို့နဲ့ အဲဒီခေတ် အမေရိကန်စာပေလောကကိုလည်း တစေ့တစောင်း မြင်တွေ့နိုင်ပါသေးတယ်။ Maxwell အဖြစ် Collin Firth ၊ Thomas Wolfe အဖြစ် Jude Law ၊ Thomas ရဲ့ အတူနေချစ်သူအဖြစ် Nicole Kidman ၊ Scott Fitzgerald အဖြစ် Guy Pearce ၊ Ernest Hemingway အဖြစ် Dominic West တို့လို နာမည်ကျော် သရုပ်ဆောင်တွေ ပါဝင်ထားပါတယ်။ ဒရာမာ နှစ်သက်သူတွေ ကြည့်ရှုသင့်တဲ့ ရုပ်ရှင်တစ်ကားဖြစ်ပါတယ်။ File size…(1.6 GB)/(750 Mb) Quality….Blu-Ray 1080p / 720p Format… mp4 Duration…. 01:44:00 Genre… Biography, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Wolfenheim

6.5 2016 104 mins
Genius
Thandel
6.8

Thandel (2025) စွန့်စားစိန်ခေါ်မှုပြည့်နှက်နေတဲ့ ချစ်ခရီးလမ်း IMDb 6.9/10 အက်ရှင်အကြမ်းအရမ်းကိုမှ ရိုမန့်စ်လေးနဲ့တွဲဖက်ခံစား ကြည့်ရှုနိုင်မယ့် ဇာတ်ကားလေးကိုတင်ဆက်ပေးလိုက်ပါတယ်။ ဆတ်တယာဆိုတဲ့ မိန်းမချောလေးက သူ့ဖခင်ကို သူနဲ့သင့်တော်တဲ့ သတို့သားလောင်းရှာဖို့ ပြောဆိုလာပါတယ်။ တစ်အိမ်လုံးလည်း မယုံနိုင်စွာအံ့ဩရပေမဲ့ သူ့ဆန္ဒကိုဖြည့်ဆည်းပေးကြပါတယ်။ လှလွန်းတဲ့ဆတ်တယာကို သတို့သားလောင်းက မြင်မြင်ချင်းသဘောကျသွားလို့ မင်္ဂလာပွဲအတွက် တစ်ခါတည်းစီစဉ်ကြလေရဲ့။ အဲဒီအချိန်မှာပဲ ဆတ်တယာက သူ့သတို့သားလောင်းကို ပြောစရာရှိတယ်ဆိုပြီး သူ မထင်မှတ်ထားတဲ့အကြောင်းအရာကို ပြောပြလာခဲ့ပါတယ်။ ဆတ်တယာမှာ ရာဂျူးဆိုတဲ့ချစ်သူကောင်လေး ရှိနေတာပါ။ သူတို့ရွာမှာ တစ်နေ့ပြီးတစ်နေ့တက်လာတဲ့ ကုန်ဈေးနှုန်းတွေကြောင့် ရွာကယောက်ျားလေးတွေက ငါးဖမ်းဖို့ ပင်လယ်၊ သမုဒ္ဒရာတွေဆီ စွန့်စွန့်စားစားသွားရပါတယ်။ စာချုပ်နဲ့သွားရတာဖြစ်ပြီး တစ်ခါသွားရင် ကိုးလကြာမြင့်ပါတယ်တဲ့။ တစ်နှစ်မှာသုံးလပဲ အတူရှိရပေမဲ့ သူတို့နှစ်ယောက်က ရာဂျူးဖုန်းခေါ်လို့ရတာနဲ့ ဖုန်းပြောကြနဲ့ အဆက်အသွယ်မပြတ်ရှိနေကြပါတယ်။ တစ်နေ့သူတို့ရွာနား သတ္တုတူးဖို့ရောက်လာတဲ့ မသမာသူလူတစ်စုကို ရာဂျူးကဖြေရှင်းပေးရာကနေ သူဟာ သူ့ဖခင်လို ငါးဖမ်းသမားတွေရဲ့ခေါင်းဆောင်ဖြစ်လာပါတော့တယ်။ ပင်လယ်ဓားပြတွေရန်ကြုံရ၊ မုန်တိုင်းလေထန်ဒဏ်ကြုံရ၊ သူများနယ်ရောက်သွားမိရင် အဖမ်းခံရနဲ့ အန္တရာယ်ပတ်လည်ဝန်းရံနေလို့ ရာဂျူးကို ဆတ်တယာက ဒီအလုပ်ကို စွန့်လွှတ်စေချင်နေပါပြီ။ ရာဂျူးက နားမထောင်ဘဲ ဒီတစ်ခါသူငါးဖမ်းသွားပြီး ပြန်လာရင် လက်ထပ်ကြပါမယ်၊ စောင့်နေပါလို့ပြောပြီး ထွက်သွားပြန်ပါတယ်။ ကတိပေးခဲ့တဲ့အတိုင်းပြန်မရောက်လာတာ အချိန်တွေကြာလာတဲ့အခါမှာတော့…… ဆတ်တယာကဘာလို့ အိမ်ထောင်ပြုဖို့ သူ့မိဘကိုအလောတကြီးပြောရတာလဲ၊ ရာဂျူးနဲ့ဘာလို့ အဆက်အသွယ်ပြတ်သွားတာလဲ၊ သူ ဘာတွေတွေ့ကြုံနေရလဲ၊ တကယ်ပဲဆတ်တယာကို ထားသွားတာ ဖြစ်နိုင်ပါ့မလား၊ သူတို့နှစ်ယောက်ရဲ့ရှေ့ခရီးလမ်းကဘယ်လိုဖြစ်မလဲဆိုတာ ကြည့်ရှုခံစားပေးကြပါဦး။ အညွှန်းနဲ့ ဘာသာပြန်တွေကတော့ STAR~ToMo~KKKZ~Zwe Yan တို့ပဲဖြစ်ပါတယ်။

Comedy • Drama
6.8 2025 152 mins
Thandel
Renner
5.1

လက်ရှိ AI တွေဖွံ့ဖြိုးတိုးတက်လာတဲ့ကာလမှာ ပါးစပ်နဲ့ လှမ်းပြောပြီး အမေးအဖြေလုပ်လို့ရတဲ့ AI တွေလည်းရှိနေပါပြီ။ ဒီလိုမျိုးစကားအပြန်အလှန်ပြောလို့ရတဲ့အခါမှာတော့ ကိုယ့်ရဲ့ အဖော်တစ်ယောက်လို သူငယ်ချင်းတစ်ယောက်လို အားကိုး အားထားပြုစရာရလာပြီး ဒီ AI ကိုအသုံးချတတ်ရင် အသုံးချ တတ်သလောက် ကိုယ့်အတွက်ကောင်းကျိုးရှိနိုင်ပါတယ်။ ဒါပေမယ့် AI လို့ပြောလိုက်တာနဲ့ နောက်ဆက်တွဲဘေးထွက် ဆိုးကျိုးတွေရှိလာမှာကို ကြောက်နေကြတဲ့လူတွေလည်းရှိ ကြပါတယ်။ အဲ့ဒါကြောင့် ဒီဇာတ်ကားထဲမှာလည်း ဆလေနက်စ်ဆိုတဲ့ AI တစ်ခုကို တီထွင်ဖန်တီးခဲ့တဲ့လူနဲ့ သူ့ရဲ့စိတ်ဝင်စားစရာကောင်းတဲ့ ဘ၀အကြောင်းကိုရှုစားရမှာဖြစ်ပါတယ်။ ဇာတ်ကားနာမည်ကတော့ Renner ဖြစ်ပြီး လက်ရှိ IMDb Rating 5.1 အထိရရှိထားပါတယ်။ ဇာတ်ကားနာမည်အတိုင်းပဲ ရန်နာဆိုတဲ့လူက အထက်မှာပြောခဲ့တဲ့ ဆလေနက်စ်ဆိုတဲ့ AI တစ်ခုကိုတီထွင်ဖန်တီးခဲ့တဲ့ ကွန်ပြူတာ ဆရာကြီးတစ်ယောက်ဖြစ်ပါတယ်။သူက အဲ့ဒီ AI ကိုသူ့ဘ၀ တိုးတက်ဖို့ ဘ၀နည်းပြအနေနဲ့အသုံးချပြီး သူ့ရဲ့နေ့စဉ်လှုပ်ရှား သွားလာမှုတွေမှာ တစ်နေ့ထက်တစ်နေ့တိုးတက်လာအောင် ကြိုးစားနေသူတစ်ယောက်ဖြစ်ပါတယ်။ဒါပေမယ့်သူ့ဘ၀မှာ လိုအပ်နေတဲ့ ဘ၀င်မကျတဲ့အရာတစ်ခုကတော့ရှိနေပါ သေးတယ်။အဲ့ဒါဘာလဲဆိုတော့ ကွန်ပြူတာသမားတွေရဲ့ထုံးစံ အတိုင်း ကောင်မလေးတွေနဲ့ကင်းကွာတဲ့အတွက်သူသဘောကျ နေတဲ့သူ့အိမ်နီးချင်းဂျေမီကို လိုက်ဖို့အတွက်ခက်ခဲနေတဲ့အတွက် AI ကိုအကူအညီတောင်းခဲ့ပါတော့တယ်။ဒီလိုနဲ့ AI ကောင်းကျိုးနဲ့ တစ်ခါမှစန်းမပွင့်သေးဖူးတဲ့ ရန်နာကြီး စန်းထပွင့်ပြီး ဂျေမီနဲ့ အဆင် ပြေလာခဲ့ပေမဲ့ ဂျေမီရဲ့မရိုးသားတဲ့အကြံတွေကို ဆလေနက်စ်ကရိပ် မိလာတဲ့အခါမှာတော့ AI နဲ့လူသားကြားမှာ ဘယ်လိုအားပြိုင်မယ် ဆိုတာကို ရှုစားရမဲ့ ဇာတ်ကားလေးတစ်ကားပဲဖြစ်ပါတယ်။ File size… (1.18 GB) / (988 MB) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 30m Genre …..Sci-Fi , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay

Comedy • Fantasy • Adventure
5.1 2025 90 mins
Renner
Elbow Ellbogen
6.2

Elbow (2024) IMDb Rating (6.2) ဂျာမန်စာရေးဆရာမ Fatma Aydemirရဲ့ စာပေဆုရစာအုပ်ဖြစ်တဲ့ Ellbogen (Elbow)ကို ပြန်ရိုက်ထားတာပါ။ ဇာတ်ကတော့ coming-of-age dramaပါ။ ဒီဘက်ခေတ် coming-of-ageတွေ တော်တော်များများက ဘာလို့လဲမသိ ဒုက္ခသုက္ခတွေ တော်တော်စုံလာတယ်။ ဒီကားကလည်း ၁၈ပြည့်တဲ့နေ့မှာတင် လူပါသတ်မိတဲ့ မိန်းကလေးတစ်ယောက်ရဲ့ ဒုက္ခသုက္ခတွေအကြောင်းပဲ။ ပြောရရင် ၁၈မပြည့်ခင်ကတည်းက အလုပ်ရှာမရ ရတဲ့အလုပ်ကငွေကောင်းကောင်းမရတဲ့ ဒုက္ခတွေရှိနေပြီးသား ကလေးမလေးရဲ့ကမ္ဘာထဲ အဖြစ်တွေပိုဆိုးသွားတာကို ရိုက်ပြထားတာပဲ။ ဒီဘက်နောက်ပိုင်း coming-of-age dramaတွေအကုန် ဒီလိုတွေဖြစ်လာတာက လက်တွေ့လား လူနည်းစုကိုမှ တော်တော်နည်းတဲ့လူနည်းစုကို ထင်ဟပ်တာလားတော့မသိပေမဲ့ coming-of-age ဒရာမာတွေကို ဒီလိုစတိုင်တွေနဲ့ ရိုက်ပြလာတာတော့ တော်တော်များနေပါပြီ။ လူကြိုက်တော့များကြပုံပါပဲ။ ဒီလိုစတိုင်တွေကြိုက်ရင် ကြည့်လို့ကောင်းမှာပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ W ဖြစ်ပါတယ်။) File size…(1.5 GB) / (710 MB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Drama Duration….01:26:50 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by W

Science Fiction • Adventure • Thriller
6.2 2024 87 mins
Elbow Ellbogen