YoteShin Drive is below this article. Scroll down to view.

Tesla can sell 370,000 electric vehicles in 3

Author: Anonymous Published on: 12 Aug 2022

Tesla is the world's largest electric car company. Recently, Tesla has increased the production of automobiles. Shanghai It has improved because of the upgrade to the factories in Berlin and the Texas. The company's car manufacturer has been recorded in the record in July 3 in September. In addition, car sales have come up. Observers say Tesla sells between 350,000 to 370,000 cars in 350,000. If this is true, it is record sales for the company. Tesla also has a record sales in January 1 of January this year. In 2022, Tesla sold more than 3,100,000 vehicles sold over 31,000 vehicles. Tesla usually goes up at the end of the year. The same year is also reported that Tesla said that Tesla said that it would go up to 3. Tesla will be income in the record of record 3 in District 3. Now, the 3-time disclosure of Tesla must be monitored. Ref: Gizchina

YoteShin Drive

Sign in using google and save to your drive

The Moon Is… The Sun’s Dream [1992] (MM Sub).mp4

736.05 MB N/A video/mp4 115 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Selfiee
5.2

IMDb 6/10 ဒီနှစ်ထဲမှာပဲ ပူပူနွေးနွေးထွက်ရှိထားပြီး ရုံတင်ရုပ်ရှင်ကားကြီးတစ်ကားဖြစ်တဲ့ အာရှေးရဲ့ ဟာသ ရုပ်ရှင်တစ်ကားနဲ့ မိတ်ဆက်ပေးပါရစေ။ ဒီရုပ်ရှင်မှာ ဘောလိဝုဒ်စတား ဗီဂျေးကူးမားအဖြစ် Akshay ပြီးတော့ ဇနီးအနေနဲ့ Diana နောက်ထပ် RTO officer အနေနဲ့ Emraan Hashmi ပေါ့။ ဒီလိုမင်းသားကြီး ၂ လက် နဲ့ မင်းသမီးတစ်လက် အပြိုင်အဆိုင်ကြဲကြမယ့် ရုပ်ရှင်ဆိုပါတော့။ 2019 တုန်းကထွက်ရှိထားတဲ့ Driving License ကို Remake ပြန်ရိုက်ကူးထားတာဖြစ်ပြီး ရုံတင်ငွေ 23.63 ကုဋေရရှိထားပါတယ်။ A list- Cast တွေနဲ့တင် အတော်ကြည့်ရတန်နေပြီမို့ ဇာတ်လမ်းအကျဥ်းကိုလည်းဆက်ဖတ်ကြည့်ကြတာပေါ့။ RTO officer အဂရာဗာလ်က ဗီဂျေးရဲ့အမာခံပရိတ်သတ်ပါ။ ဗီဂျေးက ဘိုပါလ်ဆိုတဲ့မြို့မှာ ရိုက်ကူးရေးသွားလုပ်ရင်း တိုက်တိုက်ဆိုင်ဆိုင်ပဲ ယာဥ်မောင်းလိုင်စင်လိုလာတယ်ဆိုပါတော့။ အဲဒီလိုအကြောင်းဖန်ရင်း ဗီဂျေးနဲ့ အဂရာဗာလ်တို့စတွေ့ကြတာက မထင်မှတ်ထားတဲ့ အထင်လွဲမှုတွေနဲ့ ပြဿနာတွေကြောင့် ၂ ယောက်လုံးဘဝ ဇောက်ထိုးမိုးမျှော်ဖြစ်ကုန်ပါတော့တယ်။ အနုပညာရှင်အလုပ်ကို ဆုံးရှုံးရနိုင်ပြီး ချောက်ကမ်းပါးအစွန်းမှာရပ်နေရတဲ့ ဗီဂျေး၊ အကြိုက်ဆုံး အနုပညာရှင်နဲ့ မျက်နှာချင်းဆိုင် ယှဥ်ပြိုင်တိုက်ခိုက်ရမယ့် အဂရာဗာလ်၊ တစ်နိုင်ငံလုံးက စိတ်ဝင်တစားစောင့်ကြည့်နေတဲ့ ဒီပဋိပက္ခမှာ ဘယ်သူကအနိုင်ရပြီး ဘယ်သူကအရှုံးပေးလိုက်ရမလဲ။ ဒါတွေကို ပေါ့ပေါ့ပါးပါးတဖြစ်လဲ ခပ်မိုက်မိုက်ကြည့်ရမှာမို့ ခုပဲ ChannelMyanmar မှာ ကြည့်ရှူလိုက်ကြပါဦးနော်။ File size…8.54GB / 3.4GB / 1.5GB Quality…4k HEVC / 1080p WEB DL / 720p Format…mp4 Duration….2h 28m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by HM~ Khin Khin~BpL~Yunni

Action • Crime • Drama • Thriller
5.2 2023 143 mins
Selfiee
Kung Fu Ghost
5

မွဲနေပါတယ်ဆိုတဲ့ ဒေစီဆီကို အမွေပေးချင်လို့ဆိုပြီး ဖုန်းတစ်ကောလ် ဝင်လာပါတယ်။ သူ့အဘိုးသေသွားလို့ အဘိုးရဲ့အိမ်ကိုအမွေရပါမယ်တဲ့။ မွဲပါတယ်ဆိုမှ ဘာပြောကောင်းမလဲ ယူအက်စ်ကို ဒေစီတစ်ယောက် ကပြီးထွက်သွားခဲ့တာပေါ့။ ဟိုရောက်မှ ပျားအုံကိုတုတ်ထိုးမိတဲ့ ဒေစီပါ။ အမွေရတဲ့အိမ်ကြီးကလည်း ကြောက်စရာအပြည့်၊ မှောင်မဲနေတာပဲ။ တစ်ခါတစ်ခါ ထပ်ခိုးထပ်ကနေ သူ့ကိုချောင်းကြည့်နေသလိုလို။ အဲ့ဒီလို အိမ်ကြီးမှာ တစ်ပတ်တိတိနေပြီးမှ အမွေရမှာတဲ့။ အဘွားအတွက် အမွေ ရအောင်ယူမယ်ဆိုပြီး စိတ်တင်းထားပြီးကာမှ သရဲနှစ်ယောက်နဲ့ မျက်မြင် ကိုယ်တွေ့တွေ့ရပါတော့တယ်။ တစ်ယောက်ကတော့ သရဲငယ်ငယ်အဆင်လေးဝီလီယမ်ဖြစ်ပြီး နောက် တစ်ယောက်ကတော့ သရဲဘိုးအေကြီးပေါ့။ အဲ့ဒီသရဲနှစ်ယောက်က ဒေစီကို ဘာလို့ဒီအိမ်မှာ နေစေချင်ရတာလဲ။ ပြီးတော့ အိမ်ကြီးထဲမှာရော ဘာတွေ လျှို့ဝှက်ထားသေးလဲဆိုတာကတော့ ကိုယ်တိုင်ပဲဆက်ကြည့်လိုက်ပါ။ (Horror ဆန်ဆန်ကြည့်ရမယ့်ကားမျိုးမဟုတ်ဘဲ ဟာသဆန်ဆန်ကြည့်ရမယ့် ကားလေးပါ။) (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Jo Jo Va ဖြစ်ပါတယ်) File Size..........(1.96 GB) / (875 MB) / (600 MB) Quality............WebRip 1080p / 720p / 480p Duration.........1Hr 35mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Action, Comedy Translator.......Jo Jo Va Encoder..........SWM

Action • Crime • Drama • Thriller
5 2022 95 mins
Kung Fu Ghost
The Imprisoned Love

CM Movie ချစ်ပရိသတ်များအတွက် CM ကနေပြီးတော့ The Imprisoned Love ဆိုတဲ့ ရုပ်ရှင်ကားလေးနဲ့မိတ်ဆက်ပေးချင်ပါတယ်။ ဇာတ်လမ်းလေးကတော့ Ren Hao Ming က Ruan Qing Tian ရဲ့ အမေဟာ Ren Hao Ming အမေရဲ့ဒီဇိုင်းကို ခိုးသွားပြီးသတ်ပစ်ခဲ့တယ်လို ထင်နေခဲ့တယ်။အဲ့ဒါကြောင့် Ruan Qing Tian ကိုသူ့အမေအကြွေးဆပ်ဖိုတစ်နှစ်စာချုပ်အဖြစ် Ren Hao Ming အိမ်မှာအခိုင်းအစေလုပ်ခိုင်းပြီးအတင်းအကျပ်လက်ထပ်ယူခဲ့တယ်။ အချိန်တွေကြာလာတာနဲ့အမျှ Ren Hao Ming ကတဖြည်းဖြည်းနဲ့ သူ့အမေကိုသတ်တဲ့လူသတ်သမားက တခြားတစ်ယောက်ဖြစ်နေတာသိလိုက်ရတဲ့အချိန်မှာတော့...... ကဲဒီတော့ Ruan Qing Tian တစ်ယောက် Ren Hao Ming အပေါ်ခံစားချက်ရှိလာမလဲ။ သူတိုကြားနားလည်မှုလွဲနေတာတွေကော ဘယ်လိုဖြေရှင်းကြမလဲ။ လူသတ်သမားကကောဘယ်သူဖြစ်မလဲဆိုတာကိုတော့ ဒီဇာတ်ကားလေးကိုဆက်ကြည့်လိုက်ကြရအောင်နော် Quality : WEB-DL 1080p , 480p Format : mp4 Genres : Romance Runtime : 1h 17 min Subtitle : Myanmar Subtitle ( Hardsub ) Translated by Chu Chu , Ann Chi , Moon Encoded by LK

History • War
0 2016 877 mins
The Imprisoned Love
To Be Killed by a High School Girl
4.8

Dissociative Identity Disorder ဆိုတာကို တော်တော်များများ ရင်းနှီးကြမယ်လို့ထင်ပါတယ်။ မကြားဖူးသေးတဲ့သူတွေအတွက်ပြောရရင်တော့ ဒီ (DID) လို့ခေါ်တဲ့စိတ်ရောဂါဟာ လူတစ်ယောက်တည်းမှာတင် အမူအကျင့်စရိုက်တွေ အနည်းဆုံးနှစ်မျိုးနဲ့ အထက်ရှိနေတတ်တာမျိုးပါ။ လူတစ်ကိုယ် စိတ်အမျိုးမျိုးနဲ့ပေါ့။ ဥပမာပြောရရင် အသက် ၁၀ နှစ်အရွယ်ကလေးမလေး မှာနောက်ထပ်စိတ်ကိုယ်ခွဲ ၂ ယောက်ရှိတယ်ဆိုပါစို့။ အဲကိုယ်ခွဲနှစ်ယောက်က မူလလူနဲ့အကျင့်စရိုက်အားဖြင့်လုံးဝဆန့်ကျင့်ဘက်ဖြစ်နေတာမျိုးပါ။ တစ်ယောက်ကကြမ်းကြမ်းတမ်းတမ်း မာဖီးယားဖြစ်နေပြီး နောက်တစ်ယောက်က အကသင်ဆရာမဖြစ်ချင်ဖြစ်နေနိုင်တာမျိုးပေါ့။ ဒီ Disorder ကကိုယ့်မသိစိတ်ကနေ ပေါက်ပွားလာတဲ့ personality တွေဖြစ်တာနဲ့အညီ ကိုယ့်ရဲ့အတိတ်ကနာကျင်မှုတွေ မဖြစ်နိုင်တဲ့ဆန္ဒတွေအပေါ်မူတည်ပြီး သူတို့တွေကမတူညီတဲ့အသက်အရွယ်တွေ၊ gender တွေ၊ mindset တွေလည်းရှိကြပါသေးတယ်။ DID ဖြစ်နေတဲ့သူတွေဟာ ထိတ်လန့်မှုတစ်ခုခုကြောင့် personality ပြောင်းသွားတဲ့အခါ သူတို့ကိုယ်ခွဲတွေရဲ့လုပ်ဆောင်ချက်တွေကို သတိပြန်ရလာရင်မမှတ်မိကြတော့တာများပါတယ်။ တနည်းအားဖြင့် ကိုယ်ခွဲကလူသတ်လိုက်ပေမယ့် မူလကိုယ်က ဘာမှမသိတာမျိုးပါ။ (မြင်သာအောင်ပြောရရင် Marvel ရဲ့ Moon Knight နဲ့ကိုရီးယားဒရာမာ Kill Me Heal Me တို့ထဲက အဓိကဇာတ်ကောင်တွေလိုပေါ့။) ဘာလို့ဒါတွေပြောနေရတာလဲဆိုတော့ အခုဒီကားထဲမှာပါတဲ့ဇာတ်ကောင်ကလည်းအဲလိုစိတ်ရောဂါဖြစ်နေလို့ပါ။ ဇာတ်ကားနာမည်ကြီးကြည့်ပြီး ကိုယ့်လိုမျိုး ကြောင်သွားတဲ့သူများရှိကြမလားပဲ။ အထက်တန်းကျောင်းသူလေးသတ်တာခံချင်တယ်ဆိုတော့အဆန်းကြီးပေါ့ ဒီကောင်ကဆိုက်ကိုလား တဏှာရူးလား တစ်ခုခုဖြစ်ရမယ်ပေါ့။ နောက်မှသိရတာက အဓိကဇာတ်ကောင်ကျောင်းဆရာက Autassassinophilia ဆိုတဲ့ တခြားလူတစ်ယောက်ရဲ့သတ်တာခံရတဲ့အပေါ် ကာမသာယာမှုခံစားရခြင်းဆိုတဲ့ ရှားပါးတဲ့စိတ်ရောဂါခံစားနေရသူပါ။ တခြားမိန်းမချောလေးတွေနဲ့ဆိုအဲလိုစိတ်မပေါ်ဘဲ အထက်တန်းကျောင်းသူဆီမှာပဲ အသတ်ခံရချင်တဲ့သူဟာ သူ့ပစ်မှတ် တက်ရောက်နေတဲ့ အထက်တန်းကျောင်းမှာ ဆရာအဖြစ်ဝင်ရောက်လာပြီး အသတ်ခံရဖို့ကြိုးစားရင်း သူ့အကြံအစည်အောင်မြင်သွားမလား၊ရှုံးနိမ့်သွားမလားဆိုတာ... ဇာတ်လမ်းကတော့ အတော်လေးစိတ်ဝင်စားဖို့ကောင်းတာမလို့ ဂျပန်မချောချောလေးတွေကို မျက်စိအစာကျွေးရင်း ကြည့်ရှုခံစားပေးကြပါဦးဗျာ။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Moe Pwint Phyu ပဲ ဖြစ်ပါတယ်။ Genre..... Crime, Drama, Thriller Quality…. 1080p | 720p | 480p File size… 1.4GB | 674MB | 289MB Format… mp4 Duration…. 1h 50min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Moe Pwint Phyu Encoder ..... August

Drama
4.8 2022 110 mins
To Be Killed by a High School Girl
Where Is Anne Frank
6.7

Anne Frank ရဲ့ဇာတ်လမ်းကိုတော့တော်တော်များများသိကြမယ်ထင်ပါတယ်။မသိသူတွေအတွက်ကတော့ Anne Frank ဆိုတာဒုတိယကမ္ဘာစစ်ဖြစ်တုန်းက ဟော်လန်မှာနေတဲ့ဆယ်ကျော်သက်အရွယ်ဂျုးမိန်းကလေးတစ်ယေက်ပါ။ နာဇီတွေဟော်လန်ကိုသိမ်းပိုက်အပြီးမှာတော့ သူတို့ရဲ့လူမျိူးတုန်းသတ်ဖြတ်မှုဟာ Anneတို့အနားကိုရောက်ရှိလာပါတယ်။ဒါနဲ့Anne တို့မိသားစုဟာ Anne အဖေအလုပ်ရဲ့အပေါ်ထပ်လျှို့ဝှက်တိုက်ခန်းမှာ အခြားဂျုးမိသားစုတစ်ခုနဲ့တူတူသွားပုန်းကြပါတယ်။ ပုန်းနေရတဲ့နှစ်နှစ်ကျော်ကာလအတွင်းမှာ Anne ဟာသူ့ရဲ့ အတွေ့အကြုံအခက်အခဲတွေကို ဒိုင်ယာရီရေးပြီးမှတ်တမ်းတင်ခဲ့ပါတယ်။Anne တို့ဟာနောက်ဆုံးမှာတော့ကံမကောင်းရှာပဲ နာဇီတွေကရှာတွေ့သွားပြီး အားလုံးကိုအရှေ့ဘက်မှာရှိတဲ့ Concentrate Camp တွေကိုပို့လိုက်ပါတယ်။Anne ရဲ့အဖေ Otto Frank ကလွဲရင်ဘယ်သူမှအသက်ရှင်လျက်ပြန်မလာနိုင်ခဲ့ပါဘူး။Otto ဟာရုံးက၀န်ထမ်းတစ်ယောက်ကပေးလို့ Anne ရဲ့ဒိုင်ယာရီပြန်ရပြီး တခြားလူတွေကိုဝေမျှပေးနိုင်ဖို့ ဒိုင်ယာရီကိုစာအုပ်ထုတ်‌ဝေဖို့ဆုံးဖြတ်ခဲ့ပါတယ်။ အခုချိန်မှာတော့ Diary of Anne Frank ဟာကမ္ဘာမှာနာမည်အကြီးဆုံးစာအုပ်တစ်အုပ်ဖြစ်နေပါပြီ။ ဒီကားလေးကတော့ Anne Frank ရဲ့ဇာတ်ကြောင်းကိုကွန့်မြူးထားတာမျိုးပါ။Anne ဟာဒိုင်ယာရီရေးတိုင်း သူ့ရဲ့စိတ်ကူးထဲကသူငယ်ချင်းဖြစ်သူ Kitty ဆီ စာရေးပြီးရင်ဖွင့်တဲ့ပုံနဲ့ရေးတတ်ပါတယ်။ယခုခေတ်မှာ Anne ရဲ့ဒိုင်ယာရီက မှင်စွန်းသွားပြီး စာလုံးတွေကနေတဆင့် တကယ်ကောင်မလေးတစ်ယောက်အဖြစ် Kitty ဟာအသက်၀င်လာပါတယ်။သူက ဒိုင်ယာရီထဲကဖြစ်ရပ်တွေကိုပဲမှတ်မိပြီး အခုခေတ်မှာ သူငယ်ချင်းဖြစ်သူ Anne ကိုရှာနိုင်ဖို့ကြိုးစားပါတယ်။ဒီကားလေးမှာ Anne ရဲ့ဒိုင်ယာရီထဲကအဖြစ်အပျက်တချို့ရော Kitty ရဲ့ ယနေ့ခေတ်စွန့်စားခန်းတွေကိုရော တလှည့်စီပြထားပါတယ်။ 2021 ကထွက်တဲ့ Animated Film လေးပါ။Animation style ကကြည့်လို့ကောင်းပြီး ကြေကွဲစရာဖြစ်ရပ်တွေကိုလည်း ရှုစားရမှာပါ။ Rotten tomatoes -76% File size…(1.6gb)/(837mB)/(403MB) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:39:00 Genre...Drama/Animation/Fantasy/History/War Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by....SP

Adventure • Family
6.7 2021 99 mins
Where Is Anne Frank
Bones of Crows
7.9

Bones of Corws (2022) (RT 94% , IMDb 6.6 ) ကနေဒါ‌‌မြေဟာ လူဖြူတွေမကြီးစိုးခင် ကနေဒါနိုင်ငံရယ်လို့ မဖြစ်လာခင်ကတည်းက ဌာနေတိုင်းရင်းသားတွေက နေထိုင်ခဲ့ကြတာပဲ ဖြစ်ပါတယ်။ ဥရောပသားတွေ ရောက်ရှိလာပြီး နောက်မှာတော့ ဥရောပပုံစံ ဖြစ်လာအောင်၊ သူတို့အုပ်ချုပ်မှုအောက်ထဲ ခိုဝင်လာအောင် လူဖြူတွေက မျိုးစုံကြံစည်ခဲ့ကြတာ အများအသိပါ။ ဒါတွေဟာ လွန်ခဲ့တဲ့ နှစ် 200၊ 300လောက်က ဖြစ်ခဲ့တာလို့ ထင်ရင် မှားပါမယ်။ ကနေဒါမှာ ဒီလို လူမျိုးစုတွေအပေါ် ဥပဒေကို အသုံးပြုပြီး နိုင်ထက်စီးနင်းပြုလုပ်ခဲ့မှုတွေဟာ 1990ဝန်းကျင်အထိ ရှိခဲ့ပါတယ်။ Bones of Crowsက‌‌ေတာ့ ဒီနည်းတွေထဲက တစ်ခုအပေါ် အခြေခံလို့ ရိုက်ကူးထားပါတယ်။ တိုင်းရင်းသားကလေးငယ်လေးတွေကို မူကြိုကျောင်းနေအရွယ်ကစလို့ မိဘရင်ခွင်ထဲကနေ ဥပဒေအရ ဆွဲခေါ်ပြီး ခရစ်ယာန်ဘုန်းတော်ကြီးတွေ ဦးစီးတဲ့ အဆောင်နေကျောင်းတွေဆီသို့ ပို့ဆောင်ပစ်ခဲ့ကြပါတယ်။ ကျောင်းကိုဦးစီးတဲ့ ဘုန်းကြီး သီလရှင်တွေဟာ ကလေးသူငယ်များကို ရည်ရွယ်ချက်ရှိရှိ အစာအာဟာရ မပြည့်ဝအောင် ကျွေးခြင်း၊ စိတ်ပိုင်းဆိုင်ရာ၊ ကိုယ်ထိလက်ရောက်အပြင် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေအထိ လုပ်ဆောင်ခဲ့ကြပြီး ဒါမျိုးဟာ တစ်ကျောင်း နှစ်ကျောင်း မဟုတ် တစ်နိုင်ငံလုံးမှာ ဖြစ်ပွားခဲ့တာပါ။ ဒီထက်ပိုဆိုးတာကတော့ အဆောင်နေကျောင်းစနစ်‌ေကြာင့် ကလေးငယ်ပေါင်း ထောင်ပေါင်းများစွာ သေဆုံးခဲ့ရတဲ့အတွက် Genocide လို့ ခေါင်းစဉ်တပ်ရလောက်တဲ့ထိကို ဖြစ်ပျက်ခဲ့ပါတယ်။ ဇာတ်လမ်းထဲမှာ အယ်လင်းဟာ အဓိကဇာတ်ကောင်ဖြစ်ပြီး သူကြုံတွေ့ခဲ့ရတဲ့ တစ်ဘဝစာခွဲခြားနှိမ့်ချမှုများကို ပြသသွားမှာပဲ ဖြစ်ပါတယ်။ အမှန်တရားဟာ တနေ့‌ေန့တချိန်ချိန်မှာ ပေါ်ထွန်းအောင်မြင်စမြဲပါ... ကနေဒါက အင်ဒီးယန်းလူမျိုးစုတွေကရော အဆောင်နေကျောင်းစနစ်ကြီးက ပေါ်ပေါက်လာတဲ့ အဖြစ်ဆိုးတွေကို ကမ္ဘာသိအောင် ဘယ်လိုလုပ်ခဲ့လဲ... ဖိနှိပ်ခံ တိုင်းရင်းသားတွေဟာ လက်တွေ့ဘဝမှာ ဘယ်လောက်ဆိုးရွားစွာ ခါးစည်းခံခဲ့ကြရသလဲ ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်... အညွှန်း နဲ့ ဘာသာပြန်ကတော့ Tun Aung Kyaw ပဲ ဖြစ်ပါတယ်

Crime • Documentary
7.9 2023 122 mins
Bones of Crows
Bloodshot
6.8

ဗန်ဒီဇယ်ကြီးရဲ့ အက်ရှင်ဇာတ်ကားအသစ် ထွက်လာပါတယ်။ ဒီဇာတ်လမ်းကတော့သိပ္ပံစိတ်ကူးယဉ်လို့ ပြောရမှာပဲ။ ဗန်ဒီဇယ်ဟာ အမေရိကန်စစ်တပ်ရဲ့ အထူးတပ်ဖွဲ့ဝင်တစ်ယောက်။ ထုံးစံအတိုင်းပဲ စစ်ဆင်ရေးတွေမှာ အလွန်တော်တဲ့ ဆရာကြီးပေါ့။ တစ်နေ့မှာတော့ လူတစ်ယောက်ကသူ့ရဲ့ ဇနီးကို သူ့ရှေ့မှာတင် သတ်ပြီး သူ့ကိုပါ ပစ်သတ်သွားခဲ့တယ်။ ဒါပေမယ့်သိပ္ပံပညာရှင်တစ်ယောက်ရဲ့ ကျေးဇူးကြောင့် ပြန်ရှင်သန်လာပြီး ပိုသန်မာတဲ့၊ ဒဏ်ရာတွေအလိုလိုကောင်းလာတဲ့ စက်ရုပ်တစ်ပိုင်း လူသားတစ်ယောက် ဖြစ်လာပါတော့တယ်။ ဒါပေမယ့် သူနိုးထလာချိန်မှာ သူ့ရဲ့အတိတ်ကို ရုတ်တရက်မမှတ်မိပါဘူး။ အဲဒီနောက်မှ ဘာတွေဆက်ဖြစ်မလဲ ကြည့်လိုက်ပါ။ ဇာတ်လမ်းနဲ့ အက်ရှင်ခန်းတွေ မဆိုးတာမို့ ကြိုက်ကြမယ်ထင်ပါတယ်။ File size…(5.9 GB)/ (1.7 GB)/ (1.1 GB) Quality….WEB-DL 4K HEVC/ 1080p HEVC /720p Format…mkv/mp4 Duration….01:49:19 Subtitle….Myanmar Subtitle(Hardsub) Encoder….Ka Naung Translated by Littleneo

Comedy • Drama
6.8 2020 110 mins
Bloodshot
The Bang Bang Club
6.9

The Bang Bang Club (2010) အာဖရိကတိုက်ဟာ လူမျိုး‌ရေးပြဿနာတွေ၊ ပဋိပက္ခ‌တွေ၊ ငတ်မွတ်ခေါင်းပါးခြင်းနဲ့ သွေးသံရဲရဲသတ်ဖြတ်မှုတွေကြောင့် တကမ္ဘာလုံးက စောင့်ကြည့်ခဲ့ရတဲ့ နေရာတစ်ခုပါ။ နေ့တိုင်း တစ်ခုမဟုတ် တစ်ခုဖြစ်နေတဲ့အရပ်မို့လို့လဲ သတင်းသမားတွေရဲ့ ရတနာသိုက်ကြီးတစ်ခု ဖြစ်လာတော့တာပေါ့။ သတင်းသမားဆိုတာနဲ့ လူ့ကျင့်ဝတ်ကို ဘေးဖယ်ထားလိုက်ရတော့တာပါပဲလေ။ ကိုယ့်ရှေ့မှာ လူသတ်နေရင် ဝင်ကူညီဖို့ထက် ရှင်းလင်းပြတ်သားမြင်သာတဲ့ ဓာတ်ပုံတစ်ပုံ ရိုက်နိုင်ဖို့က ပိုအရေးကြီးတာကိုး။ ဒါ့ကြောင့်ပဲ သတင်းထောက်တွေကို နှာခေါင်းရှုံ့ကြတယ်ပဲ ထင်ပါရဲ့။ သတင်းသမား‌တွေအတွက် ဓာတ်ပုံတစ်ပုံဟာ ရွှေထက်ပိုတန်ဖိုးရှိတာပေါ့။ သတင်းဓာတ်ပုံဆု ပူလစ်ဇာ ဆိုတာက သတင်းထောက်တစ်ယောက်ကို စင်ပေါ်တင်ပေးလိုက်ပြီး ငွေပုံပေါ် ထိုင်လို့ရသွားစေတာကိုး။ သတင်းဌာနတွေက အလုအယက်ဝိုင်းခေါ်၊ လစာတွေတပုံကြီးပေးပစ်လိုက်ကြတာမျိုးပဲ။ ကဲ ဒီလောက်ဆိုရင် အမြည်းသဘော သိရပြီမလို့ အကြောင်းအရာလေးတစ်ခု ထပ်ပြောပါ့မယ်။ လူကြီးမင်းတို့ထဲမှာ မှတ်မိလိုက်ကြသူတွေလည်း ရှိမှာပေါ့။ အာဖရိက ဆူဒန်တောင်ပိုင်းမှာ ငတ်မွတ်ခေါင်းပါးမှု အကြီးအကျယ်ဖြစ်တော့ လူအမြောက်အများ သေကြေခဲ့ရဖူးတယ်။ ထမင်းငတ်လို့ သေတဲ့မသာတွေပေါ့ဗျာ။ အဲဒီထဲမှာမှ အစာရေစာငတ်လို့ သေအံ့မူးမူးဖြစ်နေတဲ့ ကလေးမလေးတစ်ယောက် လဲကျခါနီးမှာ လင်းတငှက်တစ်ကောင်က ဘေးမှာအသင့်စောင့်နေတဲ့အဖြစ်ကို ရိုက်ကူးထားတဲ့ဓာတ်ပုံတစ်ပုံက ကမ္ဘာကြီးကို ကိုင်လှုပ်လိုက်ပါတယ်။ သိပ်ကြောက်စရာကောင်းတဲ့အဖြစ်ကြီးကို ကမ္ဘာကြီးက မျက်ဝါးထင်ထင်တွေ့လိုက်ရအောင် တင်ဆက်နိုင်လိုက်တဲ့ ဓာတ်ပုံဟာ ပူလစ်ဇာဆုကို ဆွတ်ခူးသွားပါတယ်။ အဲဒီနောက်မှာပဲ ဓာတ်ပုံဆရာဟာ အဲဒီကလေးမကို မကူညီခဲ့လို့ ဝိုင်းဝန်းပြစ်တင်ခံရတဲ့ နောက်ဆက်တွဲအပိုင်းတွေလည်း ရှိတာပေါ့။ နောက်တစ်ပုံ ရှိသေးတယ်ဗျ။ ကိုယ့်လည်ပင်းကို လှီးမယ့်ဓားသမားက ကိုယ်နဲ့ နှစ်ပေအကွာမှာရှိတယ်။ သုံးလေးချက်လည်း လှမ်းခုတ်နေသေးတာနော်။ မထိလိုက်လို့ လည်ပြတ်မသွားသေးတာ။ အဲဒီမှာ ဓာတ်ဆီလောင်းပြီး မီးရှို့ခံလိုက်ရလို့ မီးလုံးကြီးတဝင်းဝင်းလောင်နေတဲ့သူက ကိုယ့်ရှေ့က ဖြတ်ပြေးတော့ ဆယ်ပေအကွာမှာရောက်နေပါသတဲ့။ လူကြီးမင်းတို့ ဘာလုပ်မလဲ။ သတင်းထောက်ရဲ့ခေါင်းထဲမှာ အတွေးတစ်ခုပဲ ရှိတယ်တဲ့နော်။ F 5.6 တဲ့။ သူတို့ခေတ်က ဖလင်ခေတ်။ Digital တွေမရှိဘူး။ ကင်မရာအလင်းဝင်ပေါက် အကျဉ်းအကျယ်က ကိုယ်တိုင်ချိန်ရတာ။ မီးတောက်လိုမျိုး အလင်းစူးစူးကိုရိုက်ရင် ‌shatter ပွင့်တဲ့အချိန် တိုရတယ်ဗျ။ ကြာသွားရင် ပုံက ဘာမှမပေါ်တော့ပဲ အဖြူပြင်ကြီးဖြစ်နေမှာ။ ဒီတော့ သတင်းထောက်က အလင်းဝင်ပေါက် အကျဉ်းဆုံးနဲ့ အမြန်ဆုံးဖြစ်တဲ့ F 5.6 setting ကိုပဲ ခေါင်းထဲတွေးမိသတဲ့။ တကယ့်ကောင်တွေပါဗျာ။ သူ့ရဲ့ မီးလောင်နေတဲ့လူဓာတ်ပုံကလည်း ပူလစ်ဇာဆု ရခဲ့တယ်ဗျ။ ထူးခြားတာက ဒီဓာတ်ပုံသမားနှစ်ယောက်လုံးက ဘန်းဘန်းကလပ်လို့ခေါ်တဲ့ သတင်းထောက်ဓာတ်ပုံဆရာအသင်းငယ်လေးထဲကပါ။ ဒီတော့ ဘန်းဘန်းကလပ် လို့ နာမည်ပေးထားတဲ့ ဟောဒီဇာတ်ကားက ဘာကိုရိုက်ကူးတင်ဆက်ထားတယ်ဆိုတာ လူကြီးမင်းတို့ကို ညွှန်းစရာမလိုလောက်တော့ပါဘူး။ Cast တွေကလည်း ရှယ်မိုက်တာမလို့ အခုချက်ချင်း Download ဆွဲပြီး ကြည့်သင့်တဲ့ဇာတ်ကားပါပဲခင်ဗျာ။ (ဒီဇာတ်ကားနဲ့အညွှန်းကို Arr Khun Winchester မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2GB, 1GB Quality – 1080p, 720p IMDb Rating – 6.9/10 Format – mp4 Duration – 1H 46Min Genre – Biography, Drama, History Subtitle – Myanmar Subtitle (Hardsub) Translated by Arr Khun Winchester Encoded by Y

Comedy • Crime • Thriller
6.9 2010
The Bang Bang Club
The Breaking Ice
6

ကိုယ့်ဘဝကိုယ် အဓိပ္ပာယ်ကင်းမဲ့နေသလို ခံစားနေရလား။ အဲ့လိုအချိန်မျိုးရောက်ရင် ခရီးထွက်လိုက်ပါ။ ဒီရုပ်ရှင်လေးကတော့ ဘဝရည်မှန်းချက်ပျောက်နေကြတဲ့ လူငယ် ၃ ယောက်တို့ ခရီးစဉ်တစ်ခုမှာ ခင်မင်ခဲ့ပြီးနောက် ပြောင်းလဲမှုများကို ခံစားကြည့်ရှုရမှာ ဖြစ်ပါတယ်။ ယန်ဂျီဟာ တရုတ်မြောက်ပိုင်းနယ်စပ်မြို့လေးတစ်မြို့ ဖြစ်ပါတယ်။ ရှန်ဟိုင်းကနေ သူငယ်ချင်းရဲ့မင်္ဂလာပွဲကိုတက်ဖို့လာတဲ့ ဟောက်ဖုန်းဟာ ဘဝအတွက် လမ်းပျောက်နေသလို ခံစားနေရပါတယ်။ နယ်စပ်ကို လည်ပတ်တဲ့ ခရီးစဉ်တစ်ခုမှာ သူဟာ နာ့နာ့ဆိုတဲ့ အသက်ငယ်ငယ်ဧည့်လမ်းညွှန်တစ်ယောက်ကို သဘောကျမိသွားပါတယ်။ နာ့နာ့ကတစ်ဆင့် သူမရဲ့ စားဖိုမှူးသူငယ်ချင်း ဟန်ရှောင်းနဲ့ ခင်မင်ခဲ့ရပြီး သူတို့ ၃ ယောက်ဟာလည်း ဟန်ရှောင်းရဲ့ ထမင်းတစ်နပ်ကြောင့် သူငယ်ချင်းတွေ ဖြစ်သွားကြပါတယ်။ တစ်ကြိမ်တစ်ခေါက် နွေးထွေးစွာ ထိတွေ့မှုဟာ သူတို့ကို သူတို့ရဲ့ အတိတ်နဲ့ လျှို့ဝှက်ချက်တွေကို ရင်ဆိုင်စေဖို့အားအင်တွေဖြစ်လာစေခဲ့ပါတယ် သူတို့ ၃ ယောက် ဘယ်လို အဓိပ္ပာယ်မရှိတဲ့ လုပ်ရပ်တွေကို လုပ်ပြီး စိတ်လှုပ်ရှားမှုနဲ့ လွတ်လပ်မှုတွေကို ရှာဖွေကြမလဲဆိုတာကို ရုပ်ရှင်လေးထဲက ရှုခင်းလှလှလေးတွေနဲ့အတူ ခံစားကြည့်ရှုလိုက်ပါနော်။

6 2023
The Breaking Ice
Deep Woods
4.2

Deep Woods (2022) ================ ဒါရိုက်တာ Steve Laughlin ရိုက်ကူးထားတဲ့ ဒီဇာတ်‌ကားလေးကတော့ သည်းထိပ်ရင်ဖိုဇာတ်ကားနှစ်သက်သူတွေအတွက် ဇာတ်ကားကောင်း လေးတစ်ပုဒ်ပဲဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့ နစ်ခ် နဲ့ တိုင် တို့ဟာ မတွေ့ရတာကြာပြီ ဖြစ်တဲ့ အရမ်းခင်ကြတဲ့ သူငယ်ချင်းဟောင်းတွေပါ။ တစ်နေ့တော့ မြို့ပေါ် မှာနေတဲ့ တိုင် ဟာစိတ်ကူးပေါက်ပြီး တောရိုင်းထဲမှာ ငှက်ပစ်ချင်လာပါ တော့တယ်။ အဲဒီလိုနဲ့ ရှေးခေတ်လူမျိုးစုတွေရဲ့မျိုးဆက်ဖြစ်တာနဲ့အညီ သစ်တောတွေ၊ အမဲလိုက်တာတွေနဲ့ ပတ်သက်ပြီးကျွမ်းကျင်တဲ့ သူငယ် ချင်းဟောင်း နစ်ခ် ကိုဆက်သွယ်လာပါတော့တယ်။ ဒီလိုနဲ့ နစ်ခ် နဲ့အတူအမဲလိုက်ထွက်ရင်း တောထဲမှာတရားမ၀င်ဆေးခြောက် စိုက်နေတဲ့ အဖွဲ့နဲ့သွားရှုပ်မိပါတယ်။ အဲဒီနောက်တော့ ပစ်ခတ်မှုတွေဖြစ်ပြီး နစ်ခ် နဲ့လူချင်းကွဲသွားပါတယ်။ တိုင် ဟာဆေးခြောက်စိုက်တဲ့သူတွေရဲ့ ဒုစ ရိုက်မှုတွေကို မျက်‌မြင်သက်သေတစ်ဦးဖြစ်သွားလို့ လိုက်ပြီးအရှင်းခံရတဲ့ အခါမှာ တိုင် တစ်ယောက်ဘယ်လိုလွတ်အောင်ပြေးမလဲ၊ နစ်ခ် ကရောအဲဒီ အဖွဲ့နဲ့ ဘယ်လိုပတ်သက်နေလဲဆိုတာကို စိတ်လှုပ်ရှားဖွယ် ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Theo Katt ဖြစ်ပါတယ်) File Size……….(1.8 GB) / (720 MB) Quality…………WEB-DL 1080p / 720p Duration………1Hr 33Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Thriller Translator…….Theo Katt Encoder……….SWM

Comedy • Drama
4.2 2022 93 mins
Deep Woods
Godzilla
7.5

Godzilla ( 1954 )Directed by Ishirō HondaKaiju Genreကို အစပျိုးပေးခဲ့တဲ့ ပထမဆုံး ဂေါ်ဇီလာရုပ်ရှင်ကို ၁၉၅၄မှာ အိရှိရိုဟွန်ဒါက ဇာတ်ညွှန်းရေးသား ရိုက်ကူးခဲ့တယ်။ Special effects ပိုင်းကိုတော့ Eiji Tsuburayaက ကိုင်ခဲ့တယ်။ သူတို့နှစ်ယောက်တွဲဟာ Kaiju Genreကို ထောင်ခဲ့တဲ့လူတွေ ဂေါ်ဇီလာယူနီဗာ့စ်ကြီးကို စဖန်တီးခဲ့သူတွေပါပဲ။ ဒီဂေါ်ဇီလာကားတွေကို နာမည်ကျော် တိုဟိုကနေ ထုတ်ပေးခဲ့တယ်၊ ဒီဂေါ်ဇီလာတစ်ကားရဲ့ အောင်မြင်မှုကနေ Godzilla franchiseကြီးဖြစ်ခဲ့လာပြီး တိုဟိုက ထုတ်ခဲ့တဲ့ ဂျပန်ဂေါ်ဇီလာရုပ်ရှင်တင် ၃၃ကား , ခုနောက်ပိုင်းထွက်တဲ့ အမေရိကန်ရုပ်ရှင် ငါးကား , စုစုပေါင်း ၃၈ကား ထွက်ခဲ့ပြီးပြီ။ တိုဟိုက ထုတ်ခဲ့တဲ့ ၃၃ကားထဲမှာ မူရင်းဖန်တီးရှင်တွေဖြစ်တဲ့ အိရှိရိုနဲ့ အိဂျီတို့ ရိုက်ခဲ့တာက ၈ကားပဲရှိခဲ့တယ်။ သူရိုက်ခဲ့တာတွေက အအောင်မြင်ဆုံးနဲ့ အခမ်းနားဆုံး Godzilla (1954), နောက် King Kong vs. Godzilla (1962) , Mothra vs. Godzilla (1964), Ghidorah, The Three-Headed Monster (1964), Invasion of Astro-Monster (1965),Destroy All Monsters (1968), All Monsters Attack (1969),Terror of Mechagodzilla (1975)တို့တွေပါပဲ။ Godzilla: King of Monsters (1956)မှာလည်း သူဝင်ရိုက်ပေးခဲ့ပေမဲ့ သူ့စာရင်းက ၈ကားပဲဆိုတော့ ထည့်တွက်မထားပုံပါပဲ၊၊ ပထမဆုံး ၁၉၅၄အတွက်ပဲ ဇာတ်ညွှန်းပါသူရေးခဲ့ပြီး ၁၉၅၄ကားကလည်း ထွက်ခဲ့သမျှ ဂေါ်ဇီလာတွေထဲ အကောင်းဆုံးအဖြစ်ရပ်တည်နေတယ်။ တိုဟိုဗားရှင်း ဂေါ်ဇီလာ ၃၃ကားကို ဂျပန်တွေထုံးစံအတိုင်း Eraတွေနဲ့ခွဲထားပြီး Era၅ခုရှိပြီး Shōwa era (1954–1975)အတွင်းမှာ ၁၅ကားရိုက်ကူးခဲ့ပါတယ်။ ဒီ၁၅ကားဟာ ဂျပန်ပြည်ရဲ့ နိုင်ငံရေးရဲ့ သူ့ခေတ်အခြေအနေကို ထင်ဟပ်ခဲ့တယ်လို့ ဆိုကြတယ်။ Eraတွေပြီးတိုင်း သူ့ယူနီဗာ့စ်ကို Reboot ပြန်ချလိုက်ပေမဲ့ ၁၉၅၄ကားကိုတော့ လုံးဝမပယ်ခဲ့ကြဘူး။ ဂေါ်ဇီလာရဲ့ Originအဖြစ် ထားထားခဲ့တယ်။ 2019ကစတဲ့ Reiwa Eraမှာတော့ ဒီ Originကို ပြောင်းလဲပစ်ခဲ့တယ်။ Godzilla Minus Oneကတော့ ဒီ၁၉၅၄ကားကို ပြန်လည်ပုံဖော်ထားတဲ့ Remakeကားလို့ ဆိုပါတယ်။အိရှိရိုဟွန်ဒါဟာ ခိုင်ဂျူ ရုပ်ရှင်Genreရဲ့ ဖန်တီးရှင် ဂေါ်ဇီလာရဲ့ ဖခင်ဖြစ်ပေမဲ့လည်း အကီရာ ကူရိုဆာဝါရဲ့ ရုပ်ရှင်တွေမှာ လက်ထောက်ဒါရိုက်တာအဖြစ်တစ်မျိုး အနုပညာအကြံပေးအဖြစ်တစ်ဖုံ လုပ်ခဲ့ဖူးတဲ့သူပါပဲ။ ကူရိုဆာဝါရဲ့နောက်ဆုံးငါးကားဟာ သူ့နောက်ဆုံးငါးကားလို့ ပြောရင်လည်းရပါတယ်။ ဂေါ်ဇီလာတွေအပြီးမှာ သူအနားယူခဲ့ပေမဲ့ ကူရိုဆာဝါက သူ့ကိုနားချပြီး သူ့ညာလက်ရုံးအဖြစ် ခေါ်သုံးခဲ့တာပါ။ ကူရိုဆာဝါ ဒီနှောင်းပိုင်း ကာလတွေမှာ မျက်စိလည်းသိပ်မမြင်တော့ဘူးဆိုတော့ ကူရိုရဲ့ နောက်ဆုံးငါးကားမှာ အိရှိရိုရဲ့ လက်စွမ်းလည်း မကင်းဘူးလို့ ယူဆလို့ရတယ်။ Guillermo del Toro, Tim Burton , John Carpenter , Martin Scorsese တို့ကတော့ ဟွန်ဒါရဲ့ လွှမ်းမိုးမှုနဲ့ သူတို့မကင်းဘူးလို့ ကြေညာဖူးပါတယ်။ စပီးဘာ့ခ်ဟာလည်း ဒီ၁၉၅၄ဂေါ်ဇီလာကို တော်တော်ကြိုက်ခဲ့တဲ့သူဖြစ်ပြီး။ ဒီဂေါ်ဇီလာ ၁၉၅၄နဲ့ အနီးစပ်ဆုံးတူတဲ့အရသာကို စပီးဘာ့ခ်ရဲ့ Jaws (1974) မှာပဲ ကျွန်တော်တော့ရဖူးပါတယ်။ စပီးဘာ့ခ်ဟာ ဂေါ်ဇီလာကို သိပ်ကြိုက်တဲ့သူပီပီ Jawsကို ငါးမန်းကားအဖြစ်ရိုက်ခဲ့ပေမဲ့ ၁၉၅၄ဂေါ်ဇီလာနဲ့ ထပ်တူညီတဲ့ အငွေ့အသက်ကို ပေးနိုင်ခဲ့တယ်။ဇာတ်ရဲ့အဖွင့်မှာ ပင်လယ်ထဲ သင်္ဘောတွေတစ်စီးပြီးတစ်စီး မြုပ်သွားတာကနေ စထားတယ်။ ဘယ်လိုအကြောင်းကြောင့်လဲတော့ ဘယ်သူမှမသိရဘူး။ သွားကယ်တဲ့ သင်္ဘောတွေပါ မြုပ်သွားရင်း မြုပ်သွားရင်း အဆုံးအရှုံးတော်တော်များလာသလို တံငါသည်တွေလည်း ငါးမမိတော့တဲ့နောက် ဒီပြဿနာကို အဖြေရှာကြဖို့ဖြစ်လာခဲ့တယ်။ အိုဒိုကျွန်းက ရှေ့မီနောက်မီလူကြီးကတော့ ဟိုးရှေးခေတ်ကတည်းက ရှိနေခဲ့တဲ့ ဂေါ်ဇီလာကြီးလို့ ပြောကြပေမဲ့ ဘယ်သူမှမယုံကြဘူး။ ဒီလိုနဲ့ ပညာရှင်တွေ သုတေသနသွားလုပ်တဲ့အချိန် ဂေါ်ဇီလာကို မျက်ဝါးထင်ထင်မြင်ခဲ့ရတယ်။ သတ္တဗေဒပညာရှင်ကတော့ ဂေါ်ဇီလာ Jurassicခေတ်နောက်ပိုင်း ဆင့်ကဲပြောင်းလဲလာတဲ့ သတ္တဝါကြီးလို့ သက်သေပြခဲ့တယ်။ ဒီလိုနဲ့ ဂေါ်ဇီလာဟာ မြို့ပေါ်ကိုပါ ဖျက်ဆီးလာတဲ့အခါ သူတို့ ဂေါ်ဇီလာကို နှိမ်နှင်းရဖို့ဖြစ်လာတယ်။ ဟိုက်ဒရိုဂျင်ဗုံးခေါ် နျူးကလီးယားကြောင့် နိုးထလာတဲ့ သတ္တဝါကြီးဖြစ်သလို လူ့လက်နက်တွေ ဒဏ်ကို ခံနိုင်ရည်ကောင်းကောင်းရှိနေတော့ သူ့ကို ဘယ်လက်နက်နဲ့မှ မနိုင်ဘူးဖြစ်နေတဲ့နောက် ဂေါ်လီလာကို နှိမ်နှင်းဖို့ အဖြေတစ်ခုရှာရတော့တယ်။သရုပ်ဆောင်တွေအနေနဲ့တော့ ကူရိုဆာဝါရဲ့ လက်စွဲ Ikiruထဲက မင်းသားကြီး Takashi Shimuraလည်း ပါဝင်သရုပ်ဆောင်ထားပေမဲ့ ဒီဂေါ်ဇီလာ ရုပ်ရှင်မှာ ကျွန်တော်တို့ မမေ့မယ့် ဇာတ်ရုပ်ကတော့ Akihiko Hirataရဲ့ ဒေါက်တာ Serizawaပါပဲ။ ခုလက်ရှိနောက်ဆုံး ဂေါ်ဇီလာစီးရီးအထိ သူ့ကို Homageပေးကြတုန်းပါပဲ။ ဒေါက်တာSerizawa ဇာတ်ကောင်ဟာ Iconicဇာတ်ကောင်တစ်ခုဖြစ်လာခဲ့သလို 1954 ဂေါ်ဇီဟာလည်း အခုနေ ပြန်ကြည့်တာတောင် ဘာကြီးလဲကွာဆိုပြီး ပြောစရာဖြစ်မနေဘဲ အစအလယ်အဆုံးသုံးပါးလုံး ဇာတ်ရော သရုပ်ဆောင်ရော တင်ဆက်ပုံရော အပြောင်မြောက်ဆုံးဖြစ်နေတုန်းပါပဲ။File size… 1.4 GB / 747 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 40m Genre ….. Drama/Sci-Fi Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by WiRa Aung Download Nulled Scripts and Plugins Download Nulled Scripts and Plugins.generalmenu { font-size:0; }

7.5 1954 96 mins
Godzilla
Murder Company

ဒီဇာတ်ကားလေးက ဒုတိယကမ္ဘာစစ်အတွင်း D-Day ကျုးကျော်မှုကာလာမှာ ဇာတ်အိမ်တည်ထားတာပါ၊ဇာတ်ကားလေးကတော့ နာဇီအကြီးတန်းအရာရှိကို လုပ်ကြံသတ်ဖြတ်တဲ့ကားလေးပါ၊ ကျုးကျော်မှုရဲ့ရှေ့ပြေးအ‌ဖြစ်နဲ့ အမေရိကန်လေထီးတပ်သားတွေဝင်ရောက်လာကြပါတယ်၊ စီစဉ်ထားတဲ့အတိုင်းမဖြစ်လာခဲ့ဘဲ အဖွဲ့တွေကကွဲပြီး အင်းအားမစုစည်းမိပဲဖြစ်ခဲ့ကြပါတယ်၊ ဒီမှာ မတူညီတပ်ရင်းတွေက အမေရိကန်စစ်သားတွေဖြစ်တဲ့ ဒုဗိုလ် Dean Smith၊ ဆာဂျင် Southern၊ တပ်သား Stubbs နဲ့ Coolidge နဲ့ ဆေးတပ်သား Miller တို့ဟာ တပ်စုတခုအနေနဲ့ စုစည်းမိခဲ့ကြပါတယ်၊ ရှေ့ပြေးကျုးကျော်မှုဟာထင်သလိုမဖြစ်လာတဲ့အခါ ဂျင်နရယ် Haskel ဟာ Smith တို့ကို တာဝန်တခုပေးပါတော့တယ်၊ ဒီတာဝန်ဟာ ပြင်သစ်နယ်မြေအတွက် အရေးပါတဲ့ နာဇီ ထိပ်တန်းအရာရှိတယောက်ဖြစ်တဲ့ Ramsey ကိုလုပ်ကြံဖို့ပါ၊ ဒီလိုလုပ်ကြံဖို့အတွက် Smith တို့ဟာ ၊Ramsey ရဲ့အကြောင်းကိုသိနေတယ့် ပြင်သစ်‌တော်လှန်‌ရေး တပ်သားတယောက်ဖြစ်တဲ့ Daquin ကိုအရင်ကပ်ထုတ်ခဲ့ရပြီး Ramsey ကိုလုပ်ကြံမဲ့အစီအစဉ်စခဲ့ကြပါတော့တယ်၊ Smith တို့အဖွဲ့ရဲ့တာဝန်ကိုပြီးမြောက်သွားကြမလားဆိုတာကို ဒီဇာတ်ကားကဆက်ပြီးပြောပြပါလိမ့်မယ် ၊ ဒုတိယကမ္ဘာကစစ်သားတို့ရဲ့ အိမ်ပြန်ချိန်ကိုလွမ်းဆွတ်ရပုံတွေ၊ ရဲဘော်ရဲဖက်စိတ်ဓာတ်အပြည့်နဲ့တိုက်ပွဲဝင်ခဲ့ကြပုံတွေကို ဖော်ကျူးထားပြီး အသက်ဝင်တဲ့ သရုပ်ဆောင်မှုတွေအတွက် ချီးကျူးမှုတွေရထားတဲ့ ဇာတ်ကားကောင်းလေးတကားပါ File size…(1.4 GB)/(762 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:38:00 Genre… War, Action Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Myat Kyaw

0 2024
Murder Company
Jade
5.3

Jade (1995) ဒီဇာတ်ကားကို ကြည့်မိတော့ မင်းသမီး ရှရွန်စတုံးပါတဲ့ Basic Instinct ဇာတ်ကားကို တန်းသတိရမိတာပါပဲ။ ပုံစံချင်းဆင်သလို ကြည့်ရတဲ့ Vibe ကလည်း တူတူလိုပါပဲ။ ဒီဇာတ်ကားမှာတော့ သူငယ်ချင်းသုံးယောက်ရှိတယ်။ တစ်ယောက်က အစိုးရရှေ့နေ၊ တစ်ယောက်က ရှေ့နေနဲ့ သူတို့ကြိုက်တဲ့ ကောင်မလေး။ သူတို့သုံးယောက်က အဓိကဇာတ်ကောင်တွေပါပဲ။ ရှေ့နေနဲ့ ကောင်မလေး ညားသွားတယ်။ အစိုးရရှေ့နေကလည်း ကြိုက်နေတုန်းပဲ။ ရှေ့နေနှစ်ယောက်ကလည်း သူငယ်ချင်းဖြစ်နေကြတုန်းပါပဲ။ နည်းနည်းတော့ တစ်မျိုးကြီးပေါ့။ ဇာတ်လမ်းကတော့ ကောင်မလေးနဲ့ ရင်းနှီးတဲ့သူတစ်ယောက် အသတ်ခံရတာကနေ စပါတယ်။ အဲဒီလူသတ်မှုကို အစိုးရရှေ့နေက လိုက်ရင်းနဲ့ ဂျိတ်ဒ်ဆိုတဲ့ မိန်းကလေးတစ်ယောက်နဲ့ ပတ်သက်နေတာကို တွေ့လာရပြီး ဆက်စုံစမ်းရင်း ဂျိတ်ဒ်က သူ့ရဲ့ တစ်ဖက်သတ်ချစ်ရသူမိန်းကလေးဖြစ်နေတဲ့အချိန်မှာတော့… ခပ်အေးအေးပေမဲ့ သိပ်ပျင်းစရာမကောင်းတဲ့ စုံထောက်ကားလေးပါ။ Twist လေး နည်းနည်း၊ အညှီအဟောက်လေး နည်းနည်းပါပြီး စိတ်ဝင်စားဖို့ကောင်းပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို 666 မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.9GB, 925MB Quality – 1080p, 720p IMDb Rating – 5.3/10 Format – mp4 Duration – 1H 35Min Genre – Erotic Thriller, Crime, Drama, Thriller Subtitle – Myanmar Subtitle (Hardsub) Translated by 666 Encoded by Y

Thriller • TV Movie
5.3 1995 95 mins
Jade
The Last Dance
5.9

ရှေးထုံးလည်းမပယ်နဲ့ ဈေးသုံးလည်း မကြွယ်နဲ့ဆိုတဲ့စကားအရ အားလုံးက ရှေးလူကြီးတွေက ပြောတယ်ဆိုတာနဲ့ မှန်မှန်မှားမှား ဇွတ်ယုံကြည်တဲ့လူတစ်စုရဲ့ အမူအကျင့်လေးတချို့ကို အခြေခံရိုက်ကူးထားတဲ့ကားလေးပါ… ဒီကားလေးထဲမှာ ကပ်ဘေး ကိုဗစ်အပြီးမှာ အားလုံးက ငွေကြေးရော အလုပ်အားလုံး ခက်ခဲနေကြတာပေါ့… ဒီအချိန်မှာ မင်္ဂလာဆောင်စီစဉ်သူလုပ်ခဲ့တဲ့သူကနေ ဈာပနစီစဉ်သူအဖြစ် ပြောင်းလဲသွားရတော့တာပေါ့… ဒီအချိန်မှာ ငွေရှာဖို့နဲ့ စိတ်ချမ်းသာစေဖို့ ကြားမှာ ဘဝနေနည်းနဲ့ ရှင်သန်ရေးတို့ကြား အတော်လေး အနေခက်ခဲ့ပုံကို ပုံဖော်တင်ဆက်ထားတာပါ… တစ်ဖက်မှာလည်း အလောင်းပြင်ပြီး နတ်ဆရာရဲ့ ရှေးရိုးအယူတွေကြားက ကြေကွဲနေတဲ့ မိသားစုအရေးကိစ္စလည်း ပါဝင်နေပြန်တယ်… ကဲ အားလုံးပဲ ဟောင်ကောင်ရိုးရာ ဈာပနပွဲစီစဉ်ပုံလေးကို စိတ်ဝင်စားဖွယ်ကြည့်နိုင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်နော်

Crime • Mystery • Thriller • Drama
5.9 2025
The Last Dance
The Windigo

2024 ခုနှစ်က ထွက်ရှိခဲ့တဲ့ The Windigo ဇာတ်ကားက အမေရိကန်ရိုးရာ Ojibwe ဒဏ္ဍာရီကို အခြေခံပြီး horror/thriller အမျိုးအစားဖြင့် ရိုက်ကူးထားတာဖြစ်ပါတယ်။ ဇာတ်လမ်းထဲမှာ ဆေးကြောင်ကြောင်နေတဲ့ လူတစ်စုရဲ့ အန္တရာယ်ကနေကာကွယ်ဖို့ ဒဏ္ဍာရီလာ Windigo Spirit ကိုအသက်သွင်းတဲ့အကြောင်းကို ထည့်ရိုက်ထားတာ ဖြစ်ပါတယ်။ ဇာတ်ကားထဲမှာ Northern Michigan ရဲ့ သဘာဝပတ်ဝန်းကျင်အလှကို အသုံးပြုပြီး ရုပ်ရှင်ရဲ့ atmosphere ကို တောနက်ထဲမှာအခြေခံပြီး တည်ဆောက်ထားတာပါ။ ဇာတ်လမ်းအကျဉ်း *********************** ရိုင်ရန်တို့မိသားစုတစ်သိုက် အဖွားဖြစ်သူကိုစောင့်ရှောက်ဖို့ အဖွားနေတဲ့တောကြီးထဲကို ရောက်လာခဲ့ကြပါတယ်။ အိမ်ရောက်တော့ အဖွားဖြစ်သူစိတ်မနှံ့ဘူးထင်နေတဲ့ ရိုင်ရန်တစ်ယောက် သူ့မိသားစုနောက်ကြောင်းကိုတောင် ပျက်ရယ်ပြုခဲ့ပါသေးတယ်။ ခရစ်စမက်ကျင်းပဖို့ တောထဲကိုသစ်ပင်သွားရှာတုန်း လူရန်းကားတစ်စုက ရိုင်ရန်နဲ့သူ့အမ ဘရီးကို အန္တရာယ်ပြုဖို့ကြိုးစားလာကြတော့…. ဒဏ္ဍာရီလာ Windigo ဝိညာန်ကို အဖွားနဲ့ပေါင်းပြီး အသတ်သွင်းကာ မိသားစုကို ကာကွယ်မယ်စိတ်ကူးထားတဲ့ ရိုင်တစ်ယောက် ဝိညာန်ရဲ့အတုံ့အလှည့်ကို ခံစားလာရတဲ့အခါမှာတော့…….. File size…(1.3 GB)/(826 MB) Quality….Webrip HEVC 1080p / 720p Format…mp4/ mkv Duration….01:48:00 Genre…Horror, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Karmt

Drama • Romance
0 2024
The Windigo