YoteShin Drive is below this article. Scroll down to view.

Oppo Reno9 Series will include 4,500mAh battery and Universal Fast Charging

Author: Anonymous Published on: 12 Aug 2022

The Oppo Reno9 series will be announced in November and the information of these smartphones is leaked. China writes the Qualcomm Snapdragon 7 Series in the OppDo Reno9 Series in the Oppo Reno9 Series in the Oppo Reno9 Series. This is the same as Oppo Reno8 Series. Oppo will be one of the Chinese smartphone makers who use the new UFCS (Universal Fast Charging Specification). This charge can support up to 40W. The Reno9 Series will feature a 4,500mAh battery with UFCS support. Other smartphone makers supporting the UFCs are Huawei, Vivo, Xiaomi, and the West includes Angbao Electronics, Lihui Technology, Rockchip and Silicon Power. The Reno9 Series will be everything's every color. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

The Merciless 2017 1080p Bluray HEVC 5.1 [RMC].mp4

2.09 GB N/A video/mp4 16 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
The Possession
6

ခရစ်ယာန်သရဲကို ဗမာဘုန်းကြီး နိုင်ပါ့မလားဆိုပြီး ဟီးဟီးဟားဟားနဲ့ ဟာသ ပြောဖူးကြတယ်မို့လား။ ဒီကားထဲက သရဲက အဲ့လို သရဲ။ဘယ်ဘုရားပြေးကပ်ရမှန်း မသိအောင်ကို ကြမ်းတာ။သူတို့ အခေါ်အရတော့ ဂျင်(မကောင်းဆိုးဝါး)ပေါ့။ အဲ့တာကလည်း အကြောင်းရှိတယ်။ ဒီဇာတ်ကား ဇာတ်အိမ်တည်ရာ တူရကီက ဟိုးနှစ်ပေါင်းထောင်ချီ ကတည်းက Abrahamic Religions လို့ခေါ်တဲ့ ဂျူး၊ခရစ်ယာန် နဲ့ အစ္စလာမ်ဘာသာတွေ ထွန်းကားခဲ့တဲ့ နေရာ။ဆိုတော့ သရဲကလည်း ကြမ်းပြီပေါ့။ဘာသာ(၃)ခုလုံးက ဘုရားတွေကို ဆင်းကယ်ကြပါဆို သလိုမျိုးပဲ။အလာရှင်မြတ်ကို တိုင်တည်ပါ၏ ဖြစ်လိုက် ၊သခင်ယေရှု၏ နာမတော်တွင် ဖြစ်လိုက်ရယ်။ဆိုတော့ ဇာတ်ကားအကြောင်း ဆက်ကြရအောင်။ ဒီကားကတော့ Dabbe series တွေထဲမှာ (၄)ကား မြောက်ပေါ့။ ပြီးတော့ အကြမ်းဆုံး ကြောက်စရာအကောင်းဆုံး ကားလို့လည်း ညွှန်းကြတယ်။ ဇာတ်လမ်းအစမှာ ဖရော့အာကတ်လို့ခေါ်တဲ့ ဟောဂျာ(ပရောဂဆရာ) တစ်ယောက်က အက်ဘရူလို့ ခေါ်တဲ့ စိတ်ရောဂါကုဆရာဝန်မ တစ်ယောက်ကို ဖိတ်ပြီး ဂျင်အပူးခံထားရတဲ့ လူနာတစ်ယောက်ကို ပရောဂ နှင်ပြတယ်။စဉ်းစားကြည့်ဗျာ။ပရောဂဆရာက လူနာကို မှော်တို့ ဓာတ်တို့ နတ်တို့နဲ့ ကုတယ်။ဆရာဝန်မက ဆေးတို့ ဘာတို့နဲ့ သိပ္ပံနည်းကျ ကုတယ်။ပရောဂဆရာအမြင်မှာ သရဲပူးတယ်ဆိုပေမယ့် ဆရာဝန်မအမြင် မှာတော့ စိတ်ကစဉ့်ကလျားဖြစ်တယ်။လူတစ်ကိုယ် စိတ်အမျိုးမျိုးဖြစ် တယ်ပေါ့။အဲ့မှာ ပရောဂဆရာ သူ့ကို ဖိတ်ပြီး ကုပြတဲ့ လူနာက ပျောက်သွားရော။ဆရာဝန်မကတော့ လုပ်ဇာတ်ကြီး မယုံဘူးပေါ့။ပြီးတော့ ရှင်ဟာ လူလိမ်မဟုတ်ဘူးဆိုရင် သူခေါ်လာပေးမယ့် လူနာကို ကုပြပါဆိုပြီး စိမ်ခေါ်တယ်။ အဲ့လူနာက သူနဲ့ တူမလိုရင်းနှီးတဲ့ ကလေးမလေး။မင်္ဂလာဆောင်တဲ့နေ့မှာ အကောင်းကြီးကနေ ထဖောက်ပြီး လူရာချီရှေ့မှာ သတို့သားကို ဓားနဲ့ ထိုးသတ်ပလိုက်တာ။ အဲ့နောက်တော့ အရူးထောင်ရောက်သွားရော။အဲ့မှာလည်း ဘယ်ဆရာဝန်မှ ကုလို့မရတဲ့သူ။ ဒါနဲ့ ပယောဂဆရာကလည်း စိမ်လိုက်ပေါ့။နှစ်ယောက်သား ကင်မရာတွေ မှတ်တမ်းတင်ပစ္စည်းတွေနဲ့ အဲ့ကောင်မလေးဆီ ချီတက်ကြရရော။ အဲ့ဒီမှာပဲ ငါးပါးရော သံဃာစင်ရော မှောက်တာပဲ။ ဘာဖြစ်မလဲ သိချင်တော့ ကိုယ့်ဟာကိုယ် ဆက်ကြည့်ကြပါ :3 IMDB လည်း 6.8 ရထားပြီး ဘာသာပြန်တဲ့ ကျွန်တော်လည်း ညဘက်မပြန်ရဲလို့ နေ့ခင်းဘက် ပြန်ထားတဲ့ ကားဆိုတော့ သရဲကားကြိုက်တဲ့သူတွေ သေချာပေါက် အကြိုက်တွေ့ပါလိမ့်မယ်။ ( ဘာသာပြန်နှင့် အညွှန်းကတော့ Damien ပဲ ဖြစ်ပါတယ် ) File size…1.26GB / 472MB Quality…WEB-Rip 1080p / 720p Format…mp4 Duration….2h 14m Genre ..... Horror Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Damein

Action
6 2012 92 mins
The Possession
Nix
7.2

Nix ဆိုတာ ဂျာမန်ဒဏ္ဍာရီလာအရဆိုရင်တော့ ပုံစံအမျိုးမျိုးပြောင်းနိုင်တဲ့ ရေနေဝိညာဉ်တစ်မျိုးပါ။ စကားအရတော့ nothing ဆိုတဲ့အဓိပ္ပါယ်မျိုး ဖြစ်ပါတယ်။ အဲဒီ Nix နဲ့ ဒီဇာတ်လမ်းက ဘယ်လိုများပတ်သက်နေမလဲ... ကွိုင်ရ်မိသားစုဟာ ပျော်စရာကောင်းတဲ့မိသားစုလေးဖြစ်ပြီး ဂျက်ခ်၊ လူးကပ်စ်နဲ့ တက်ဆာဆိုတဲ့မောင်နှမ ၃ ယောက်ရှိပါတယ်။ တစ်နေ့မှာ ရေကန်ကြီးတစ်ခုနားကို ပျော်ပွဲစားထွက်ကြတဲ့အခါ မထင်မှတ်တဲ့ကံကြမ္မာဆိုးက သူတို့မိသားစုကို ရိုက်ခတ်သွားပါတော့တယ်။ အဲဒီကံကြမ္မာဆိုးဟာ မိသားစု၀င်တချို့ကို ခေါ်ဆောင်သွားခဲ့ရုံမက ကျန်ရစ်ခဲ့တဲ့ သူတွေကိုပါ အလွတ်မပေးဘဲ အမြဲခြောက်ခြားနေစေခဲ့ပါတယ်။ နှစ်ပေါင်းများစွာ ပျော်စရာ‌ပျောက်ဆုံးသွားတဲ့ မိသားစုကြီးကို ဦးဆောင်နေရသူကတော့ သားအကြီးဆုံး ဂျက်ခ်ပါ။ မိသားစုကိုရော ညီဖြစ်သူရဲ့သမီးငယ်ဇိုဝီကိုပါ စောင့်ရှောက်ခဲ့ရပါတယ်။ တစ်နေ့တော့ သူတို့မိသားစုရဲ့အရိပ်ဆိုးကြီးဟာ ဇိုဝီ့နောက်ကိုပါ လိုက်လာခဲ့ပါတယ်။ အဲဒီအခါ ဂျက်ခ်တစ်ယောက် တူမဖြစ်သူကိုကယ်တင်ဖို့ကြိုးစားရင်း မိသားစုကို ဒုက္ခပေးနေတဲ့အရာကြီးနဲ့ ရင်ဆိုင်တိုးရတဲ့အခါ.... ဒီတစ်ကြိမ်မှာရော မိသားစုကို ကယ်တင်နိုင်ပါ့မလား၊ ဘယ်လိုအရာမျိုးတွေနဲ့ရင်ဆိုင် ရမလဲ၊ ဒီကားထဲမှာ Nix ဟာ ဘာကို ဆိုလိုသလဲဆိုတာကို စိတ်၀င်စားစရာကြည့်ကြ ရမှာပါ။ တကယ့်မကောင်းဆိုးဝါးနဲ့ လူ့စိတ်အတွင်းက မကောင်းဆိုးဝါးကိုပါ နှိုင်းယှဉ် ပြထားတဲ့ Horror ဇာတ်‌လမ်းတစ်ပုဒ်မို့ မလွတ်တမ်းကြည့်လိုက်ကြပါဦးနော်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ C'mon ဖြစ်ပါတယ်) File Size..........(1.6 GB) / (650 MB) / (400 MB) Quality............WebRip 1080p / 720p / 480p Duration.........1Hr 43mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Horror, Thriller Translator.......C'mon Encoder..........SWM

Comedy • Drama • Thriller
7.2 2022 94 mins
Nix
Sukhee
7.3

Sukhee 2023(“ဒေလီက နုပျိုခဲ့သောနေ့ရက်များ”) ============================= Drama IMDb 8/10 ဒီတစ်ခါမှာတော့ ဖိုက်တင်ပလေးတဲ့ဇာတ်ကားမဟုတ်ပဲ ပေါ့ပေါ့ပါးပါးလေးနဲ့ ကြည့်ရကျိုးနပ်စေမယ့် ဇာတ်ကားကောင်းလေးကို CMပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါတယ်။ လူတိုင်း ကိုယ့်ရဲ့ငယ်ဘဝကို တစ်ခေါက်တော့ ပြန်သွားချင်မိကြမှာပါပဲ။ အသက်တွေကြီးလာတာနဲ့အမျှ ဝန်ထုပ်ဝန်ပိုးကိုယ်စီနဲ့ စိတ်တွေဖိစီးလာတဲ့အခါ ငယ်ဘဝကို လွမ်းဆွတ်မိတတ်ကြပါတယ်။ အိမ်ထောင်ရှင်မကောင်းတစ်ယောက်ဖြစ်တဲ့ စူခီဟာ ခင်ပွန်းနဲ့သမီးဖြစ်သူရဲ့ ဝေယျာဝစ္စတွေကို လုပ်ကိုင်ပေးရင်း တစ်ဖက်မှာလည်း ခင်‌ပွန်းရဲ့အဘိုးဖြစ်သူကို ပြုစုစောင့်ရှောက်နေရတာပါ။ အိမ်ရဲ့ကိစ္စအဝဝကို လုပ်ကိုင်ပေးနေရပေမယ့်လည်း ခင်ပွန်းနဲ့သမီးဖြစ်သူရဲ့ငြူစူမှုကိုပဲ ခံနေရပါတယ်။ တစ်နေ့မှာတော့ ကျောင်းသားဟောင်းတွေ တွေ့ဆုံပွဲအတွက် အဖိတ်ခံရတဲ့အခါ ကျောင်းတုန်းကနေ့ရက်တွေကို ပြန်သတိရပြီး ပွဲကိုသွားရဖို့ကြိုးစားပါတော့တယ်။ ဒါပေမဲ့လည်း အိမ်မှာမရှိမဖြစ်တဲ့လူတစ်ယောက်ဖြစ်တဲ့စူခီဟာ အိမ်ကိုပစ်ထားပြီး သွားဖို့က ခက်ခဲနေပါတော့တယ်။ စူခီဘယ်လိုတွေကြိုးစားမလဲ။ ကျောင်းတုန်းကနေ့ရက်တွေကို ပြန်ရနိုင်ဦးမလားဆိုတာကို ရသမျိုးစုံနဲ့ကြည့်ရှုကြရမှာဖြစ်ပါတယ်။ (အညွှန်းနဲ့ ဘာသာပြန်တွေကတော့ Thaik San~ Aditi~KKKZ နဲ့ Cherryတို့ပဲဖြစ်ပါတယ်) ( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >> https://t.me/cmbollywood)

Family • Drama
7.3 2023
Sukhee
The Four Feathers
6.5

The Four Feathers (2002) ဒီရုပ်ရှင်ကို ၁၉၈၇ မှာ Mr. India နဲ့ ၁၉၉၄ မှာ Bandit Queen အစရှိတဲ့ အိန္ဒိယရုပ်ရှင်တွေကိုရိုက်ပြီး နိုင်ငံတကာရဲ့ အာရုံစိုက်မှုရခဲ့တဲ့ အိန္ဒိယဒါရိုက်တာ Shekhar Kapoor က ရိုက်ထားတယ်။ Bandit Queen အရှိန်ကြောင့်ပဲထင်ပါရဲ့… ယူကေမှာ သူဦးဆုံးရိုက်ခဲ့တဲ့ကားက Cate Blanchett နဲ့ရိုက်တဲ့ Elizabeth… နောက် အခုရုပ်ရှင် The Four Feathers ကို ဆက်ရိုက်တယ်။ နောက် Elizabeth: The Golden Age… သူရိုက်တဲ့သုံးကားလုံးက အင်္ဂလန်သမိုင်းကြောင်းနဲ့သက်ဆိုင်တဲ့ ကားတွေချည်းပဲ။ Elizabeth မှာတော့ ကောင်းခဲ့ပေမဲ့ ဒုတိယကား The Four Feathers မှာတော့ ဇာတ်ရှိန်နည်းနည်းသွက်နေတာကြောင့် ကျတော့ကျသွားတယ်။ ဒါပေမဲ့လည်း ရှေးခေတ်စစ်ပွဲတွေအကြောင်း ကြည့်ရမယ့်ရုပ်ရှင်ဆိုတော့ ကြည့်လို့ပျော်သလို ကြည့်လို့လည်းတန်နေသေးတယ်။ အက်ရှင်ခန်းတွေ စွန့်စားခန်းအခန်းတွေလည်း ပါသင့်သလောက်ပါတာဆိုတော့ အက်ရှင်ပရိသတ်တွေအတွက်လည်း အဆင်ပြေလိမ့်မယ်။ Heath Ledger ရိုက်ဖူးခဲ့တဲ့ A Knight’s Tale လိုပဲ အရမ်းကြီးလန်ပျံမနေရင်တောင် အင်တာတိန်းမန့်တော့ တော်တော်ဖြစ်တဲ့ ကားမျိုးပဲ။ ဝတ္တုကတော့ ၁၉၀၂ကတည်းကထွက်ခဲ့တဲ့ A. E. W. Mason ရဲ့ The Four Feathers စာအုပ်ဆိုတော့ ဂန္ထဝင်စာရင်းဝင်တဲ့စာအုပ်ကို ပြန်ရိုက်ထားတယ်ပြောရမယ်။ ဒါကလည်း ပထမဆုံးရိုက်တာမဟုတ်ပါဘူး။ ရှေ့မှာလည်းတော်တော်ရိုက်ခဲ့ကြပြီးသားပဲ။ သရုပ်ဆောင်တွေက Kate Hudson, Heath Ledger, Djimon Hounsou, Wes Bentley, Michael Sheen စတဲ့လူတွေကို သုံးထားတယ်။ အကုန်လုံးတော့ ခင်ဗျားတို့နာမည်နဲ့တွဲသိချင်မှသိမယ်။ ဒါပေမဲ့ ခင်ဗျားတို့ တော်တော်ရင်းနီးပြီးသား လူတွေချည်းပဲ။ ဇာတ်ကတော့ ၁၈၈၄ အင်္ဂလန်မှာ ဇာတ်အိမ်စထားတယ်။ ဗြိတိန်တော်ဝင်တပ်ထဲက သူငယ်ချင်းတစ်အုပ်ရဲ့ ဆက်ဆံရေးကို စပြတယ်။ အဓိကကတော့ မင်းသားရယ် သူ့အခင်ဆုံးသူငယ်ချင်းရယ်ပေါ့။ အဲဒီနောက် သူတို့တပ်ကို အီဂျစ်က ပုန်ကန်သွားတဲ့ကာနယ်အာမက်ကို တိုက်ခိုက်ဖို့ လွှတ်လိုက်တဲ့အချိန်မှာ မင်းသားက တပ်ထဲကနေ နှုတ်ထွက်သွားတယ်။ ဒီနောက် မင်းသားကို သူ့သူငယ်ချင်းသုံးယောက်ရယ် သူလက်ထပ်မယ့်ကောင်မလေးရယ်က ငှက်တောင်မွှေးလေးချောင်းလာပေးသွားကြတယ်။ ငှက်တောင်မွှေးက သူတို့ဆီမှာ သူရဲဘောကြောင်တာကို ကိုယ်စားပြုတယ်။ မင်းသားကို သူရဲဘောကြောင်တဲ့ အလကားကောင်လို့ လာဝိုင်းပြောလိုက်သလိုဖြစ်သွားတယ်။ ဒီလိုနဲ့ နေလာရင်း မင်းသားက ဒီကိစ္စကြီးကို စိတ်ထဲက ဘယ်လိုမှထုတ်မရနိုင်ခဲ့ဘူး။ ဒီတော့ သူ့သူငယ်ချင်းတွေတိုက်ပွဲဝင်နေတဲ့ ဆူဒန်ကို လိုက်သွားပြီး သူ့သတ္တိကို သက်‌သေပြဖို့လုပ်တယ်။ သူကြောက်နေတာက စစ်ပွဲကိုမဟုတ်ဘဲ တခြားအရာတစ်ခုဖြစ်ကြောင်း သက်သေပြဖို့လုပ်ရင်း သူ့သူငယ်ချင်းတစ်ယောက်ချင်းကို သူကယ်တင်ဖို့ကြိုးစားရင်း ဆူဒန်မှာ သူကြုံလာရတဲ့ အခက်အခဲတွေ တိုက်ပွဲတွေကို ပြသွားတယ်။ ဇာတ်တော့ နည်းနည်းသွက်နေပေမဲ့ စစ်ကားတစ်ကားအနေနဲ့ဆို ကြည့်ကောင်းသလို နာမည်ကြီးမင်းသားမင်းသမီးတွေကို မြင်ရမှာဆိုတော့ ကြည့်ဖို့တော့ တန်ပါတယ်။ လွန်လေပြီးသော Heath Ledger ရဲ့ကားဆိုတော့ကာ ဒီရုပ်ရှင်ဟာ ငြင်းစရာတော့မရှိနေပါဘူး။ (ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို W မှ တင်ဆက်ထားပါတယ်။)

6.5 2002 132 mins
The Four Feathers
Air Mata di Ujung Sajadah
7.1

Air Mata Di Ujung Sajadah [2023] ( IMDb 7.1/10 ) အကွီလာ့အမေဟာ အကွီလာနဲ့ အာဖန်တို့ ချစ်ကြိုက်နေတာကို သဘောမတူပါဘူး… အကြောင်းကတော့ အာဖန်ဟာ မိဘမဲ့တစ်ယောက် ဆင်းရဲတဲ့ အနုပညာကျောင်းသားဖြစ်နေလို့ပါ … ပန်းချိဆရာတွေမှာ ဘာအနာဂတ်မှာ မည်မည်ရရမရှိဘူးဆိုတဲ့ အကြောင်းပြချက်နဲ့အတူ အကွီလာ့မိခင်ဟာ သူတို့နှစ်ယောက်ရဲ့ ချစ်ခြင်းကို တားဆီးဖို့ ကြိုးစားပေမယ့် အကွီလာဟာ မိခင်သဘောထားကို ဆန့်ကျင်ပြီး အာဖန်နဲ့ နှစ်ဦးသဘောတူ လက်ထပ်လိုက်ကြပါတယ်… ချစ်ခရီးဟာ မဖြောင့်ဖြူးချင်တော့ အကွီလာ ကိုယ်ဝန်ရှိစဉ်မှာပဲ အာဖန်ဟာ အက်ဆီးဒန့်နဲ့ ဆုံးပါးသွားရပါတော့တယ်… ဒီလိုနဲ့ အကွီလာလည်း မိခင်ရင်ခွင် ပြန်ခိုလှုံလိုက်ရပါတယ်… မိခင်လုပ်သူဟာ သမီးနဲ့ပက်သက်ရင် အိပ်မက်တွေကို အကောင်အထည်ဖော်စေချင်သူမို့ အကွီလာ မီးဖွားပြီးပြီးချင်မှာပဲ မြေးဦးလေးကို အာရစ်ဖ်နဲ့ ယွန်နာတို့ လက်ထဲထည့်ပေးပြီး သူတို့ကိုလည်း ဂျာကတာကနေ အပြီးအပိုင်ပြောင်းရွှေ့သွားစေပါတယ်… ဒီလိုနဲ့ အကွီလာဟာလည်း သူ့သားကလေးဟာ ချက်ကြိုးနဲ့ ပတ်မိပြီး သေဆုံးလျက်သားလေးမွေးလာတဲ့ဆိုတဲ့ အဖြစ်ကို လက်ခံရှင်သန်နေထိုင်လာရင်းက တစ်နေ့မှာ မိခင်လုပ်သူဟာ ကင်ဆာရောဂါနဲ့ ဇီဝိန်မချုပ်ခင်မှာ သူ့မြေးလေး အသက်ရှင်လျက်ရှိသေးကြောင်း အမှန်အတိုင်းဖွင့်ပြောလာပါတော့တယ်… အကွီလာဟာ သားစိတ်နဲ့ ရှာရင်းဖွေရင်း ပြန်လည်ဆုံစည်းကြတဲ့အခါ အကွီလာရယ် အာရစ်ဖ်နဲ့ ယွန်နာတို့ လင်မယားရယ် ဒီအခက်အခဲကို ဘယ်လိုရင်ဆိုင်သွားကြမလဲ ရှုစားရမှာပဲဖြစ်ပါတယ် အညွှန်း နဲ့ ဘာသာပြန်ကတော့ Tun Aung Kyaw ပဲ ဖြစ်ပါတယ်။ Genre….. Drama Quality…. 1080p | 720p File size… 1.1GB | 640MB Format… mp4 Duration…. 1h 45min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Tun Aung Kyaw Encoder ….. Aaron

7.1 2024
Air Mata di Ujung Sajadah
The Legend of the Mermaid
5.7

ရေသူမလေးတစ်ယောက်ရဲ့လွမ်းမောဖွယ်ရာ အချစ်ဒဏ္ဍာရီလေးတစ်ပုဒ်ပါ။ ရေသူမတွေရဲ့မျက်ရည်ဟာ ပုလဲဖြစ်ပြီး အကြေးခွံနဲ့ရောဂါအားလုံးကို ပျောက်စေနိုင်တဲ့ဆေးကိုဖော်လို့ရတယ်ဆိုတာကြောင့် လူသားတွေဟာ ရေသူမတွေကိုအမဲလိုက်သတ်ဖြတ်ခဲ့ကြတယ်။ အဲဒါကြောင့် လူသားတွေကိုမုန်းတီးတဲ့ရေသူဖွားဖွားကြီးဟာ လူယောင်ဆောင်ပြီး လက်စားချေဖို့ကြံစည်နေပါတယ်။ စိတ်ထားဖြူစင်ပြီး သူတစ်ပါးကိုကူညီလိုစိတ်ပြည့်ဝတဲ့ ဆေးဆရာလေးတစ်ယောက်က မထင်မှတ်ပဲ ရေသူမလေးတစ်ယောက်နဲ့ဆုံပြီးတော့ မြင်မြင်ချင်းချစ်မိသွားပါတယ်။ ဆေးဆရာလေးက ရေသူမလေးကိုရေသူမမှန်းမသိပေမယ့် ရေသူမလေးကတော့ သူ့ကိုလူသားမှန်းသိသိရက်နဲ့ ချစ်မိသွားတဲ့အခါ အစွမ်းကုန်ကြိုးစားပြီးကာကွယ်ပေးခဲ့တယ်။ ဆေးဆရာလေးကလဲ ရေသူမလေးကို အချစ်စစ်နဲ့ချစ်ပြီး အစွမ်းကုန်ကြိုးစားခဲ့တယ်။ အငြိုးအတေးတွေကြားက သူတို့နှစ်ယောက်ရဲ့အချစ်ဇာတ်လမ်းလေးဟာ ဘယ်လိုအဆုံးသတ်မလဲ……

5.7 2024
The Legend of the Mermaid
Wendy and Lucy
7.1

ဒီကားလေးကို ကြည့်မိတော့ လေးဖြူ ဆိုထားတဲ့ လေလွင့်သူ သီချင်းလေး ပြေးမြင်မိတယ် “ဘယ်ကိုသွားမလဲမသိတဲ့ အတိအကျမသိတဲ့ ခရီးသည်တစ်ဦးရဲ့ ညနေများ…” ဆိုသလိုပဲ ဝန်ဒီဆိုတဲ့ ကောင်မလေးတစ်ယောက်နဲ့ သူ့ သူငယ်ချင်း ခွေးမလေးဖြစ်တဲ့ လူစီနဲ့ နှစ်ယောက်သား ကားလေးတစ်စီးနဲ့ အင်ဒီယာနာကနေ အလက်စကားကို ခရီးနှင်နေတာပေါ့။ အိုရီဂွန်ကိုရောက်တော့ ကားက ပျက်သွားတယ် ဒီလိုနဲ့ ခွေးစာလည်း မရှိ လူစာလည်းမရှိတဲ့အပြင် ငွေကလည်းသိပ်မရှိတော့ ဝန်ဒီတစ်ယောက် စတိုးဆိုင်ထဲမှာ အလစ်သုတ်ရာကနေ အဖမ်းခံလိုက်ရတယ်။ ဒဏ်ကြေးဆောင်ပြီး ပြန်ထွက်လာတော့ စတိုးဆိုင်ရှေ့ ချည်ထားတဲ့လူစီလေးက မရှိတော့ဘူး ပျောက်ခြင်းမလှ ပျောက်သွားပါလေရော။ အဲဒီမှာ ကားကလည်းပျက် ငွေကလည်းမရှိ အိပ်စရာမရှိ တစ်ဦးတည်းသောအဖော် လူစီကလည်းပျောက်ပြီး ပါကင်စောင့် ဦးလေးကြီးရဲ့ အကူအညီလေးနဲ့ပဲ ဒုက္ခတောတွေကြားကနေ လူစီလေးကို ပြန်လိုက်ရှာဖို့ ကြိုးပမ်းရပါတော့တယ်။ ဒီ ဒရမ်မာကားလေးက Slow Burn စတိုင်လေးဆိုတော့ သာမန်ဒရမ်မာနဲ့ မတူပဲ ဇာတ်ကို ဒိုင်ယာလော့ခ်နည်းနည်းရယ် တင်ဆက်ပုံ ခပ်လေးလေးနဲ့ ရိုက်ပြထားတာပါ။ သရုပ်ဆောင်ထားတဲ့ မင်းသမီးကလည်း The Greatest Showman တို့ Shutter Island တို့ Manchester by the Sea တို့ထဲမှာ အပိုင်သရုပ်ဆောင်ထားတဲ့ Michelle Williams ဖြစ်ပြီး ဒီ ၂၀၀၈ ခုနှစ်ရုပ်ရှင်ထဲမှာတော့ အတော်ငယ်သေးတဲ့ပုံပဲ ရှိပါသေးတယ်။ File size…(1.5 GB)/(750 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:20:00 Genre…Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Thura Aung

7.1 2008
Wendy and Lucy
Migrant Harvester
Red Scorpion
5.2

ဒီဇာတ်ကားလေးက ဇာတ်လမ်းအရမ်းရှုပ်ယှက်ခက်တာ‌ တွေမပါဘူး။ ဇာတ်လမ်းရိုးရိုးရှင်းရှင်းနဲ့ entertainment အနေနဲ့ကြည့်ပျော်တဲ့ action ၊adventure အမျိုးအစားဇာတ်ကားလေးပါ။ အိမ်က လူကြီးတွေကိုပြချင်တာ ဘာကားပြရမှန်းမသိဘူးဆိုရင် ဒီကား‌လေးကိုရွေးလိုက်ပါ။ ဇာတ်လမ်းက နီကိုးလာလို့ခေါ်တဲ့ ရုရှားအထူးအေးဂျင့် တစ်ယောက်ကို အာဖရိကမှာရှိတဲ့ ကွန်မြူနစ်ဆန့်ကျင်ရေးအဖွဲ့ခေါင်းဆောင်ကို ရှင်းပစ်ဖို့အတွက် စေလွှတ်လိုက်တယ်။ သူလုပ်ရမယ့် ပထမဆုံးအဆင့်က အာဖရိကမှာအဖမ်းခံထားရတဲ့ ကွန်မြူနစ်ဆန့်ကျင်ရေးအဖွဲ့ရဲ့ ခေါင်းဆောင်တစ်ယောက်နဲ့ မိတ်ဆွေဖြစ်အောင်လုပ်ရမယ်။ အဲ့ဒီကမှတစ်ဆင့် သူ့ရဲ့ပစ်မှတ်ရှိတဲ့နေရာကိုသွားပြီး လုပ်ကြံရမှာပါ။ လုပ်ကြံရေးအောင်မြင်သွားမလား။ အထူးအေးဂျင့်တစ်ယောက် ဘယ်လိုအခက်အခဲတွေနဲ့ရင်ဆိုင်ရမလဲ ဆိုတာကို ဒီဇာတ်ကားထဲမှာကြည့်ရှုခံစားရမှာဖြစ်ပါတယ်။ File size…(2.4 GB)/(1.4 GB) Quality….Blu-Ray 1080p / 720p Format…mp4 Duration….01:45:00 Genre… Action, Adventure Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Min Khant Kyaw

5.2 1988
Red Scorpion
Exorcism: Haunted Child
5.3

Exorcism: Haunted Child (2015) ========================== မေလန်းဟာ ပြဇာတ်ဒါရိုက်တာပညာရဲ့ကျောင်းဆင်းစာတမ်းအတွက် ဒရာမာကျောင်းတစ်ခုမှာအလုပ်သင်ဆင်းဖို့တာဝန်ကျလာခဲ့ပါတယ်။ အဲ့ဒီကျောင်းမှာ သူနေထိုင်ရမယ့်နေရာကတော့ ခေါင်မိုးထပ်တစ်ခုက ဇာတ်ဝင်ပစ္စည်းအသုံးအဆောင်တွေထားတဲ့အခန်းကြီးပါပဲ။အဲ့ဒီအခန်းရှိရာ ခေါင်မိုးထပ်ပေါ်မှာကျောင်းသူတစ်ယောက်ထူးခြားစွာသေဆုံးခဲ့ဖူးပြီး အခုချိန်ထိ မကျွတ်လွတ်သေးပဲလမ်းလျှောက်နေတာကိုမြင်ရတဲ့အကြောင်း ကျောင်းအနီးအနားနေထိုင်သူတွေကပြောလေ့ရှိပါတယ်။ သူ့ကိုအခုနယ်ခံကျောင်းသားတွေက ဒီအကြောင်းတွေ သတိပေးပြောပြပေမယ့် အယုံအကြည်မရှိတဲ့သူပီပီ မေလန်းကတော့ခေါင်းမာမာနဲ့ တက်နေခဲ့ပါတယ်။ ဒါပေမယ့် ပထမဆုံးညမှာပဲ မယုံလို့မဖြစ်တော့လောက်အောင်ခြောက်ခြားစရာအဖြစ်အပျက်တွေ တစ်ခုပြီးတစ်ခု ဆက်တိုက်ကြုံလာရချိန်မှာတော့..။ anthology ပုံစံမျိုးနဲ့တင်ဆက်ထားတာဖြစ်ပြီး အဆုံးသတ်ချိန်မှာအားလုံးပြန်ဆက်စပ်ပြီးအဖြေပေါ်သွားပါလိမ့်မယ်။ထူးထူးခြားခြား vietnam horror ကားလေးဖြစ်တဲ့အတွက် ခံစားကြည့်ပါဦး။ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ alias ပါ ) File size_(1.6GB)/(800MB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_01:30:00 Genre_Drama, Horror Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by alias

5.3 2015 86 mins
Exorcism: Haunted Child
The Bravest Escort Group
8

မန်ချူးခေတ်ဦးပိုင်းကာလမှာ စစ်မက်တွေဟာအဆက်မပြတ်ဖြစ်နေပြီးတော့ ပြည်သူတွေဒုက္ခရောက်ရတဲ့အချိန်ပဲဖြစ်တယ်။ အဲဒီရှုပ်ထွေးတဲ့ခေတ်ပျက်အချိန်ကာလမှာ ကတိသစ္စာတည်တဲ့ ချင်းဖျင်ဆိုတဲ့ ပို့ဆောင်ရေးလုပ်ငန်းတစ်ခုရှိပါတယ်။ ကျိုးဘုရင် ဝူစန်းကွေ့နတ်ရွာစံသွားပြီးနောက်မှာ သူ့ရဲ့မျိုးဆက်နဲ့ရတနာတွေကို ကာကွယ်ပေးနိုင်ဖို့အတွက် ချုံအန်းကိုဘေးဘေးကင်းပို့ပေးနိုင်ဖို့ လိုအပ်လာတဲ့အချိန်မှာ ချင်းဖျင်ပို့ဆောင်ရေးလုပ်ငန်းကိုရွေးချယ်လိုက်တဲ့အတွက် ပို့ဆောင်ရေးခရီးစတင်လိုက်ပါတယ်။ သိုင်းလောကမှာ သူတို့ဆီမှာရတနာသိုက်မြေပုံရှိတယ်လို့ သတင်းပြန့်နေတဲ့အတွက် လမ်းမှာအန္တရာယ်တွေတစ်လှိုင်းပြီး တစ်လှိုင်းရောက်လာတဲ့အခါ သူတို့ဟာ ဒီခရီးကိုပြီးဆုံးတဲ့အထိပို့ဆောင်နိုင်ပါ့မလား…… အဖွဲ့သားတွေရဲ့အသက်အန္တရာယ်ကြောင့် ဒီအလုပ်ကိုစွန့်လွှတ်လိုက်ဖို့အတွက်ကလဲ ဒါကစစ်မက်တွေအဆုံးသတ်သွားဖို့အတွက် အရေးကြီးနေတော့ ဘယ်လိုရွေးချယ်ရပါ့မလဲ……

8 2018
The Bravest Escort Group
Super Nani
4.8

Super Nani (2014)”တုနှိုင်းမဲ့မေတ္တာ” ============================= 3 idiots ထဲက ရာဂျူးနေရာမှာသရုပ်ဆောင်ခဲ့တဲ့ မင်းသား ရှာရ်မန်ဂျိုရှီရဲ့ ၂၀၁၄ တုန်းက ထွက်ရှိခဲ့တဲ့ မိဘမေတ္တာဖွဲ့ရုပ်ရှင်လေးကို တင်ဆက်ပေးချင်ပါတယ်။ ကမ္ဘာပေါ်မှာ ၂၄ နာရီ ၇ ရက် တစ်နှစ်ပတ်လုံး နားရက်မယူ နားချိန်မထားဘဲ အလုပ်တွေလုပ်နေရပြီး လစာမရဘဲ အလုပ်လုပ်နေရတဲ့သူပေါင်း သန်းနဲ့ချီပြီးရှိတယ်လို့ စစ်တမ်းတွေက ဆိုပါတယ်။ သူတို့ကတော့ မိခင်တွေဖြစ်ပါတယ်။ မိခင်တွေဟာ သူတို့ရဲ့ဘဝသက်တမ်းတွေကို မိသားစုအတွက်ပဲ အချိန်ပြည့်ပေးဆပ်ထားပေမဲ့ များသောအားဖြင့်တော့ သူတို့ထိုက်တန်သလောက် အသိအမှတ်ပြုမခံကြရပါဘူး။ ဒီရုပ်ရှင်ထဲမှာလည်း မာနိုရာရဲ့ အဘွားဖြစ်သူ ဘာတီဟာ ငယ်ရွယ်ချိန်ကတည်းက မိသားစုအတွက်ပဲတွေး၊ မိသားစုအတွက်ပဲ အကောင်းဆုံး လုပ်ကိုင်ပေးခဲ့ပေမဲ့ လင်ယောက်ျားကနေစပြီး သား၊ သမီး၊ ချွေးမတွေအထိ သူ့ကို အနှောင့်အယှက်လို့ပဲမြင်ပြီး အသိအမှတ်မပြုခဲ့ကြပါဘူး။ အဲဒီလို သူ့အဘွားကို မလေးမစားလုပ်နေတာတွေကို မျက်လုံးထဲ ကန့်လန့်ဖြစ်နေတဲ့ မာနိုရာဟာ သူ့အဘွားရဲ့တန်ဖိုးကို သူတို့မိသားစုဝင်တွေသိဖို့အတွက် သူ့အဘွားကို ပုံစံပြောင်းပေးပြီး အခွင့်အလမ်းအသစ်တွေလည်း ရှာပေးခဲ့ပါတယ်။ သူတို့တွေ ဘာတီရဲ့တန်ဖိုးကို နားလည်လာကြမှာလား၊ အပြင်မှာရော အဲဒီလို ထိုက်သင့်သလောက် အသိအမှတ်အပြုမခံရတဲ့မိခင်တွေ ဘယ်လောက်တောင်ရှိနေလဲ၊ မိခင်တွေရဲ့ ပေးဆပ်မှုတွေက ဘယ်လောက်ကြီးမြတ်လဲဆိုတာတွေကို ဒီရုပ်ရှင်ထဲမှာ မြင်တွေ့ကြရမှာပါပဲဖြစ်ပါတယ်…။ (ဒီရုပ်ရှင်အတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပါ။)

4.8 2014 133 mins
Super Nani
Hearts Around the Table: Jenna’s First Love
6.3

Hearts Around the Table: Jenna’s First Love (2025) IMDb Rating (6.3) ဒီတစ်ခေါက်တင်‌ဆက်ပေးမှာကတော့ ကြည်ကြည်နူးနူး စိတ်ကူးယဉ်အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပါ။ ဒီ Hearts Around The Table ဆိုတဲ့ခေါင်းစဉ်နဲ့ပဲ ဒီဇာတ်ကားထဲမှာပါဝင်တဲ့ ကာရိုက်တာ ၄ ယောက်ရဲ့ spin off တစ်ခုစီ ထွက်ရှိထားတာပါ။ အခုဇာတ်လမ်းလေးကတော့ Jenna ရဲ့ အချစ်ဦးဇာတ်လမ်းလေးပေါ့.. ဇာတ်ကြောင်းလေးကတော့ ငယ်ငယ်ကတည်းက ၁၃ နှစ်အရွယ်မှာ မိခင်‌က နေမကောင်းဖြစ်ပြီး ဆုံးသွားခဲ့လို့ မွေးစားမိသားစုမှာ ကြီးပျင်းလာရတဲ့ Jenna ဟာ တော်ပြီးထက်မြက်သူမို့ သူ့လုပ်ငန်းနယ်ပယ်မှာ နာမည်ရထားတဲ့သူပေါ့.. တစ်နေ့ နာမည်ကြီး ဘီလျံနာဖြစ်သူ Tom Redlands ရဲ့ charity event တစ်ခုအတွက် ပွဲစီစဉ်ပေးဖို့ တာဝန်ယူရင်း ငယ်ချစ်ဦး Andrew နဲ့ ပြန်ဆုံခဲ့တယ်.. ပြန်တွေ့ကြတဲ့အချိန်မှာ Andrew ဘက်က အချစ်မကုန်သေးတဲ့ပုံ ပြလာခဲ့တယ်။ တစ်ဘက်မှာ ဘီလျံနာကြီး Tom ကလည်း Jenna ကို စိတ်ဝင်စားနေလေရဲ့ ဒီလို သုံးပွင့်ဆိုင်လာတဲ့ဇာတ်လမ်းမှာ Jenna တစ်ယောက် ငယ်ချစ်ဦးကိုပဲ ရွေးမလား ဘီလျံနာကြီးကိုပဲ ရွေးမလားဆိုတာ ကြည့်ရှုလိုက်ပါဦးခင်ဗျာ.. (အညွှန်းနဲ့ဘာသာပြန်ကတော့ Khey Ki ဖြစ်ပါတယ်။) File size… (1.6 GB) / (680 MB) Quality…. WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre…. Romance Duration…. 01:24:17 Subtitle…. Myanmar Subtitle (Hardsub) Encoder…. Benjamin Translated by Khey Ki

Drama • Comedy
6.3 2025 84 mins
Hearts Around the Table: Jenna’s First Love
Wristcutters: A Love Story
7.2

Wristcutters: A Love Story (2007) ******************************** သေဆုံးပြီးနောက် ဘယ်ကိုရောက်သွားသလဲဆိုတဲ့ မေးခွန်းဟာ ဘာသာတရား၊ ယုံကြည်မှုနဲ့ ဒဿနအမြင်ပေါ်မူတည်ပြီး အဖြေကွဲပြားပါတယ်။ ဗုဒ္ဓဘာသာအရ လူတစ်ယောက်သေဆုံးရင် သူ့ရဲ့ကံကြောင့် ဘဝသံသရာထဲမှာ ပြန်လည်မွေးဖွားလာပြီး နတ်ဘုံ၊ လူ့ဘုံ၊ ငရဲဘုံစတဲ့ ဘဝတစ်ခုခုမှာ ရောက်ရှိတတ်ပါတယ်။ ခရစ်ယာန်ဘာသာမှာတော့ ယုံကြည်သူတွေဟာ ကောင်းကင်ဘုံ သို့မဟုတ် ငရဲသို့ ရောက်ရှိတယ်လို့ ယူဆပါတယ်။ အချို့ယုံကြည်မှုတွေမှာတော့ သေပြီးနောက် ဝိညာဉ်ဟာ အဆုံးမရှိတဲ့ အနားယူရာနေရာ ဒါမှမဟုတ် စကြဝဠာနဲ့ တစ်သားတည်းဖြစ်သွားတယ်လို့ ယူဆကြပါတယ်။ ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံစည်ခြင်းနဲ့ ပတ်သက်လာရင်တော့ ဘာသာတရားအများစုက ဒါဟာ ကောင်းတဲ့လုပ်ရပ် မဟုတ်ဘူးလို့ ယူဆပါတယ်။ ဒီလိုပါပဲ။ ဒီဇာတ်ကားလေးမှာတော့ အဲဒီအယူအဆတွေနဲ့ကွဲပြားနေပြီး လူတစ်ယောက်က ကိုယ်တိုင်သေကြောင်းကြံစည်လိုက်တဲ့အခါ ဘုံတစ်ခု ရောက်သွားတာပါ။ ဇီယာဆိုတဲ့ကောင်လေးက သူ့ကောင်မလေးနဲ့လမ်းခွဲပြီး ကိုယ့်ကိုယ်ကိုယ်အဆုံးစီရင်လိုက်ပြီးတဲ့နောက်မှာ သေကြောင်းကြံစည်သူတွေချည်း နေထိုင်တဲ့ ထူးဆန်းတဲ့ ဘဝတစ်ခုမှာ နိုးထလာပါတယ်။ အဲဒီဘဝမှာ လူတွေက ပြုံးရယ်တာမျိုးမရှိဘဲ သူ့အလုပ်သူလုပ်ပြီး ရှင်သန်ရတာပါ။ အသက်ရှင်စဥ်မှာ ကိုယ့်ကိုယ်ကိုယ် အသုံးမဝင်တော့ဘူးလို့ ခံစားရတဲ့ဇီယာတစ်ယောက် သေဆုံးပြီးချိန်မှာလည်း ရောက်သွားတဲ့ဘုံမှာ သူဘာအတွက်ရှင်သန်မှာလဲဆိုတာ အဖြေရှာကြည့်ရင်း သူကြုံ့တွေ့လာရမယ့်အဖြစ်အပျက်တွေကို ကြည့်ရှုလိုက်ကြရအောင်။ ကိုယ့်ကိုယ်ကိုယ်သတ်သေခြင်းဟာ မကောင်းတဲ့ကံကို ဖြစ်ပေါ်စေပြီး နောက်ဘဝမှာ ဆိုးရွားတဲ့အကျိုးဆက်တွေနဲ့ ရင်ဆိုင်ရနိုင်တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် ဘဝရဲ့အခက်အခဲတွေကို ကျော်လွှားဖို့ အကူအညီရယူခြင်းဟာ ပိုမိုကောင်းမွန်တဲ့ ရွေးချယ်မှုဖြစ်ပြီး စိတ်ပိုင်းဆိုင်ရာ အကူအညီတွေ၊ မိသားစုနဲ့ သူငယ်ချင်းတွေရဲ့ ပံ့ပိုးမှုတွေက ဒီလိုအခြေအနေတွေကို ရင်ဆိုင်ဖို့ အင်အားပေးနိုင်ပါတယ်။ ဘဝဟာ အဖိုးတန်တဲ့အရာဖြစ်ပြီး ဘယ်လိုအခက်အခဲပဲရှိရှိ အသက်ရှင်နေထိုင်ဖို့ အကြောင်းတစ်ခုခုတော့ အမြဲရှိနေတတ်ပါတယ်။ (ဇာတ်လမ်းအညွှန်းကိုတော့ ZWTက ရေးသားထားပါတယ်) File Size – 2.78 GB/ 1.37 GB Quality – WEB-DL 1080p/ 720p Duration – 1h 28m Format – mp4 Genre – Comedy, Drama, Fantasy, Romance Subtitle – Myanmar Subtitle (Hard Sub) Translated by – ZWT Encoded by – Treasure Htet

Comedy • Drama • Romance
7.2 2007 88 mins
Wristcutters: A Love Story