YoteShin Drive is below this article. Scroll down to view.

Snapdragon 8+ GEN 1 capacity to better Dimensity 9000+

Author: Anonymous Published on: 12 Aug 2022

Antutu has announced the list of the best tales of the most capabilities in September. Most of these are the phones with Qualcomm Snapdragon 8+ Gen 1 chipset. Surprisingly, the Asus Rog Phone 6D, with the MediaTk Dimensity 9000+, has a number 1 in the SD8 + G1 phones. ASUS ROG Phone 6d seized a 1,123,036 points with 1,123,036 points and all the other phones install Snapdragon 8+ Gen 1. The OnPLUS ACE is located in two numbers and 1,111,200 points. The IQoo 10 Pro is 1,111,200 pts and 3 points. Black Shark 7S Pro, Lenovo Legion Y70 and Iqoo 10 are # 4. There are 5 and 6 places, and 1,088,074; It has 1,086,381 and 1,081,766 points. Under the phones, Moto X30 Pro, Xiaomi 12s Pro, and Xiaomi Mix Fold 2 and Xiaomi Mix FOLD 2. 1,067,913 It is 1,068,766 and 1,054,035 points. Antiutu also announced the list of your phones with Dimensia 8100 max and Oppo Reno 8 Pro + 5G's top 3 sets on the list. Ref: Gizmochina

YoteShin Drive

Sign in using google and save to your drive

The.Mentalist.S03E06.720p.(CM).mp4

422.3 MB 720p video/mp4 5 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
The Help
8.2

IMDb Rating (8.1) အားလပ်ရက်မှာ စာအုပ်ဖတ်သလို ဗဟုသုတရချင်ရင်၊စာအုပ်ထဲကရသမျိုးအတိုင်း ပေါ့မသွားစေတဲ့ ဇာတ်ကားကောင်းမျိုးကြည့်ချင်တယ်ဆို The Help ဇာတ်ကားလေးကိုညွှန်ပေးပါရစေ။ ဒီဇာတ်လမ်းကို Kathryn Stockettရဲ့ best seller စာအုပ်ပေါ်မှာ အခြေခံပြီးရိုက်ကူးထားကာ Ratingအနေနဲ့ကတော့ 8.1အထိရရှိထားတဲ့ ဇာတ်ကားကောင်းလေးတစ်ခုပါ။ The Shawshank Redemption တို့လို Tom Hanksရဲ့ ဇာတ်ကားကောင်းတွေလိုပဲ အနှစ်သာရတစ်ခုခုပေးမယ် ဇာတ်ကားလေးပါ။ ဒီဇာတ်လမ်းလေးကိုတော့ အမေရိကန်ပြည်ထောင်စု Mississippi တိုင်း Jacksonမြို့က ၁၉၆၀ခုနှစ်လောက်ကဖြစ်ရပ် အပေါ်အခြေခံထားတဲ့ ဝတ္ထုအပေါ်ရိုက်ကူးထားခြင်းဖြစ်ပါတယ်။ တစ်နည်းပြောရရင် လူဖြူလူမဲခွဲခြားဆက်ဆံတဲ့အချိန်လေးပေါ့။ ဒါပေမဲ့ ဇာတ်လမ်းမှာ ပျင်းစရာနိုင်ငံရေးတွေ ကြွေးကြော်သံတွေပါတာမျိုးမရှိပါဘူး။ လူတိုင်းကြည့် ထိုက်တဲ့ ဇာတ်ကားကောင်းလို့မြင်ပါတယ်.... Review Crd File size…(3.9 GB)/(1.2 GB) Quality….BluRay 1080p/ 720p Format…mp4 Duration….02:26:35 Subtitle….Myanmar Subtitle (Hardsub) Encoder….AKH

Drama
8.2 2011 146 mins
The Help
White Elephant
6.3

အသစ်ထွက်လာတဲ့ Action, Thriller ကားသစ်လေးပါ။ အညွှန်းဘာညာ ဘာမှ မပြောခင်မှာ တစ်ခုပြောချင်တာက poster မှာ Bruce Willis ပါပေမဲ့ ဒီကားမှာတော့ သူက main role က ပါတာမဟုတ်ပါဘူး။ ဇာတ်လမ်းအညွှန်းအနေနဲ့ကတော့ ... တာဝန်ကျနေတဲ့ ရဲ နှစ်ယောက်က ဂိုဏ်းတခုကို စောင့်ကြည့်နေရာကနေ လုပ်ကြံမှုတခုကို တွေ့လိုက်ရတယ်။ ဒါကို သိတော့ လူရှေ့မှာ မြေသူဌေးအယောင်ဆောင်တဲ့ ဂိုဏ်းခေါင်းဆောင်တစ်ယောက်က သူ့လက်သား Gabe ကို ဒီမျက်မြင်သက်သေ ရဲ နှစ်ယောက်ကို သတ်ခိုင်းပါတယ်။ ဒီကနေ စလိုက်တဲ့ပြစ်မှုတွေ ပြဿနာအဆက်လိုက်တွေက တဖြည်းဖြည်းပိုကြီးလာပါလေရော။ ဒီပြဿနာမှာ ကြားဝင်ပါနေသူကတော့ မရိန်းတပ်သားဟောင်းပါ။ အရှုပ်အရှင်းတွေကြား သူ့ရဲ့ မရိန်းတပ်သားဟောင်းဆိုတဲ့ ဂုဏ်နဲ့ပါ ရင်းလာရတဲ့အခါ ... (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ Marie ပါ။) File Size : 1.3GB, 547MB & 283MB Quality : 1080p WEB-DL AC3 5.1CH, 720p WEB-DL & 480p Format : mp4 Duration : 1hr & 32mins Genre : Action, Thriller Translated by Marie Encoded by Kinnov

Drama
6.3 2022 93 mins
White Elephant
To Be Killed by a High School Girl
4.8

Dissociative Identity Disorder ဆိုတာကို တော်တော်များများ ရင်းနှီးကြမယ်လို့ထင်ပါတယ်။ မကြားဖူးသေးတဲ့သူတွေအတွက်ပြောရရင်တော့ ဒီ (DID) လို့ခေါ်တဲ့စိတ်ရောဂါဟာ လူတစ်ယောက်တည်းမှာတင် အမူအကျင့်စရိုက်တွေ အနည်းဆုံးနှစ်မျိုးနဲ့ အထက်ရှိနေတတ်တာမျိုးပါ။ လူတစ်ကိုယ် စိတ်အမျိုးမျိုးနဲ့ပေါ့။ ဥပမာပြောရရင် အသက် ၁၀ နှစ်အရွယ်ကလေးမလေး မှာနောက်ထပ်စိတ်ကိုယ်ခွဲ ၂ ယောက်ရှိတယ်ဆိုပါစို့။ အဲကိုယ်ခွဲနှစ်ယောက်က မူလလူနဲ့အကျင့်စရိုက်အားဖြင့်လုံးဝဆန့်ကျင့်ဘက်ဖြစ်နေတာမျိုးပါ။ တစ်ယောက်ကကြမ်းကြမ်းတမ်းတမ်း မာဖီးယားဖြစ်နေပြီး နောက်တစ်ယောက်က အကသင်ဆရာမဖြစ်ချင်ဖြစ်နေနိုင်တာမျိုးပေါ့။ ဒီ Disorder ကကိုယ့်မသိစိတ်ကနေ ပေါက်ပွားလာတဲ့ personality တွေဖြစ်တာနဲ့အညီ ကိုယ့်ရဲ့အတိတ်ကနာကျင်မှုတွေ မဖြစ်နိုင်တဲ့ဆန္ဒတွေအပေါ်မူတည်ပြီး သူတို့တွေကမတူညီတဲ့အသက်အရွယ်တွေ၊ gender တွေ၊ mindset တွေလည်းရှိကြပါသေးတယ်။ DID ဖြစ်နေတဲ့သူတွေဟာ ထိတ်လန့်မှုတစ်ခုခုကြောင့် personality ပြောင်းသွားတဲ့အခါ သူတို့ကိုယ်ခွဲတွေရဲ့လုပ်ဆောင်ချက်တွေကို သတိပြန်ရလာရင်မမှတ်မိကြတော့တာများပါတယ်။ တနည်းအားဖြင့် ကိုယ်ခွဲကလူသတ်လိုက်ပေမယ့် မူလကိုယ်က ဘာမှမသိတာမျိုးပါ။ (မြင်သာအောင်ပြောရရင် Marvel ရဲ့ Moon Knight နဲ့ကိုရီးယားဒရာမာ Kill Me Heal Me တို့ထဲက အဓိကဇာတ်ကောင်တွေလိုပေါ့။) ဘာလို့ဒါတွေပြောနေရတာလဲဆိုတော့ အခုဒီကားထဲမှာပါတဲ့ဇာတ်ကောင်ကလည်းအဲလိုစိတ်ရောဂါဖြစ်နေလို့ပါ။ ဇာတ်ကားနာမည်ကြီးကြည့်ပြီး ကိုယ့်လိုမျိုး ကြောင်သွားတဲ့သူများရှိကြမလားပဲ။ အထက်တန်းကျောင်းသူလေးသတ်တာခံချင်တယ်ဆိုတော့အဆန်းကြီးပေါ့ ဒီကောင်ကဆိုက်ကိုလား တဏှာရူးလား တစ်ခုခုဖြစ်ရမယ်ပေါ့။ နောက်မှသိရတာက အဓိကဇာတ်ကောင်ကျောင်းဆရာက Autassassinophilia ဆိုတဲ့ တခြားလူတစ်ယောက်ရဲ့သတ်တာခံရတဲ့အပေါ် ကာမသာယာမှုခံစားရခြင်းဆိုတဲ့ ရှားပါးတဲ့စိတ်ရောဂါခံစားနေရသူပါ။ တခြားမိန်းမချောလေးတွေနဲ့ဆိုအဲလိုစိတ်မပေါ်ဘဲ အထက်တန်းကျောင်းသူဆီမှာပဲ အသတ်ခံရချင်တဲ့သူဟာ သူ့ပစ်မှတ် တက်ရောက်နေတဲ့ အထက်တန်းကျောင်းမှာ ဆရာအဖြစ်ဝင်ရောက်လာပြီး အသတ်ခံရဖို့ကြိုးစားရင်း သူ့အကြံအစည်အောင်မြင်သွားမလား၊ရှုံးနိမ့်သွားမလားဆိုတာ... ဇာတ်လမ်းကတော့ အတော်လေးစိတ်ဝင်စားဖို့ကောင်းတာမလို့ ဂျပန်မချောချောလေးတွေကို မျက်စိအစာကျွေးရင်း ကြည့်ရှုခံစားပေးကြပါဦးဗျာ။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Moe Pwint Phyu ပဲ ဖြစ်ပါတယ်။ Genre..... Crime, Drama, Thriller Quality…. 1080p | 720p | 480p File size… 1.4GB | 674MB | 289MB Format… mp4 Duration…. 1h 50min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Moe Pwint Phyu Encoder ..... August

Drama
4.8 2022 110 mins
To Be Killed by a High School Girl
Nootokka Jillala Andagadu

ဒီတစ်ခေါက်မှာတော့ IMDB မှာ 6.4 အထိရထားတဲ့ ၂၀၂၁ ထွက် အိန္ဒိယကားလေး တစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်... အချစ်ဇာတ်လမ်းလို့ပြောလို့လည်းရသလို ပညာပေးဇာတ်လမ်းလေးလို့လဲ ပြောလို့ရတာမို့ ကြည့်လို့ကောင်းတဲ့ ဇာတ်လမ်းတစ်ပုဒ်လို့ညွှန်းချင်ပါတယ်။ ဇာတ်လမ်းအကျဉ်း... မျိုးရိုးလိုက်တတ်တဲ့ ကိစ္စတစ်ခုကို ရှောင်လွှဲမရနိုင်တဲ့အခါမှာ သူများတွေကို လက်ညှိုးထိုးပြီး သူတို့ကျအားလုံးကောင်းတယ်လို့ မိဘတွေကို အပြစ်တင်လို့မရနိုင်ပါဘူး... မိဘဆိုတာဟာ သူတို့လုပ်နိုင်သမျှ သားသမီးတွေအတွက် အကောင်းဆုံးကိုလုပ်ပေးခဲ့ပြီး ကောင်းမွေဆိုးမွေ ချန်ထားပေးခဲ့စမြဲပါ.. ဒီရုပ်ရှင်က ဇာတ်လမ်းအကျဉ်းရေးပြလိုက်ရင် အကုန်လုံးပေါ်သွားမှာမို့ ဇာတ်လမ်းထဲက ဒိုင်ယာလော့ကိုပဲ ရေးပြနိုင်တဲ့ပုံစံဖြစ်ပါတယ်... ဒီတော့ မိဘတွေချန်ထားတဲ့ကောင်းမွေ ဆိုးမွေတွေကို ဘယ်လိုပိုက်ပြီး ဘယ်လိုအကောင်းဆုံးဖြစ်အောင် ဘ၀ကိုဖြတ်သန်းမယ်ဆိုတာကိုတော့ ဇာတ်လမ်းထဲမှာပဲ ဆက်လက်လိုက်ပါစီးမျောလိုက်ပါ... ဇာတ်လမ်းထဲပါတဲ့ဆေးနည်းကိုတော့ မစမ်းကြဖို့ တိုက်တွန်းရင်း... အညွှန်းကို တော့ Lwin Htoo Aung မှရေးသားထားပြီး ဘာသာပြန်တွေကတော့ Thura Htet Aung နှင့် Lwin Htoo Aung တို့ပဲဖြစ်ပါတယ် File size…1.6GB / 840MB Quality…1080p True WEB DL / 720p Format…mp4 Duration….2h 5m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Lwin Htoo Aung & ThuRa Htet Aung

Drama • Romance
0 2021 119 mins
Nootokka Jillala Andagadu
Encanto
7.6

Walt Disney ရဲ့ ​​နောက်ထပ်မင်းသမီးတစ်ပါး ထပ်​ပေါ်ထွက်လာမယ့် Encanto ဇာတ်ကား​လေးထွက်လာပါပြီ၊ Disneyကထွက်တဲ့ animation​တွေရဲ့ ထုံးစံအတိုင်း ဇာတ်​ကောင်​တွေ၊ အ​​ရောင်အ​သွေးတွေက လှပမြဲဖြစ်သလို ဇာတ်လမ်းပိုင်းကလည်း ပရိတ်သတ်​တွေ သ​ဘော​တွေ့​စေခဲ့တယ်ဆိုတာကို IMDb 7.6နဲ့ Rotten Tomatoes 90% ratingက သက်​သေခံ​နေပါတယ် Encantoဆိုတာက ​တောင်အ​မေရိကတိုက် ကိုလံဘီယာ နိုင်ငံတွင်းက စိတ်ကူးယဉ်​နေရာ​လေးတစ်ခုပါ၊ ဒီ​နေရာမှာ ​မှော်အစွမ်း​တွေရှိပြီး အဲဒီမှာနေထိုင်တဲ့မာဒရီဂယ်မိသားစုကို Encanto​​ဒေသ​​လေးကိုထိန်းသိမ်း​ပေးဖို့ ​ဒေသ​နေပြည်သူ​တွေရဲ့ဘဝကို အကျိုးပြုဖို့ဆိုပြီး မှော်စွမ်းအင်​တွေကို မျိုးဆက်အဆင့်ဆင့် လက်​ဆောင်​ပေးခဲ့ပါတယ်၊ ဒါ​ကြောင့်မာဒရီဂယ်မိသားစုဝင်တိုင်းမှာ ​မှော်အစွမ်းကိုယ်စီ ရှိပါတယ်၊မင်းသမီး​လေး မီရာဘယ်ကလွဲရင်​ပေါ့၊ တစ်​နေ့မှာ​တော့ Encanto​ကို မလိုလားအပ်တဲ့ ​အ​မှောင်စွမ်းအင်ထုကြီး ​​​ ရောက်ရှိလာတဲ့အခါမှော်အစွမ်းမရှိတဲ့ မီရာဘယ်​လေး အ​နေနဲ့ မိသားစုနဲ့အတူ အန္တရာယ်ကိုဘယ်လိုတွန်းလှန်မလဲ၊ သူမဘာ​ကြောင့် မှော်အစွမ်းမရနိုင်တာလဲ၊ ​မှော်အစွမ်းရ​​အောင် ဘယ်လိုကြိုးစားမလဲဆိုတာ ကြည့်ရှုခံစားနိုင်ပါပြီ File size…700MB/ (1.22GB) Quality…. Webrip-720P / WebRip 1080p Format… mp4 Duration….01:42:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Thit San Khant Translated by...Mr. Anderson & JimX

Drama • Mystery
7.6 2021 102 mins
Encanto
The Midnight Sky
5.8

IMDb Rating - 5.6/10 ဒီနေ့ ညနေကမှ Netflix ကနေ ထွက်ရှိထားတဲ့ Sci-Fi, Fantasy, Drama ကားသစ် ကားကောင်းလေးပါ။ အော်ဂတ်စတင်းဆိုတဲ့ လူဟာ သိပ္ပံပညာရှင်တစ်ယောက်ဖြစ်ပြီး သိပ္ပံပညာကို စွဲလမ်းလွန်းလို့ ချစ်သူနဲ့တောင် အဆက်ပြတ်ခဲ့သူတစ်ယောက်ပါ။ သူဟာ ကမ္ဘာဂြိုဟ်ပေါ်က သက်ရှိတွေအတွက် နေရာသစ်တွေကို ရှာဖွေချင် တဲ့သူတစ်ယောက်ပါ။ ငယ်ရွယ်တဲ့ဘ၀ ကုန်ဆုံးပြီး နောက်အနှစ် ၃၀ လောက်ကြာတဲ့အခါ ကမ္ဘာဂြိုဟ်ပေါ်မှာ ဆိုးရွားတဲ့ ကပ်ဆိုးတွေဖြစ် ပေါ်လာပြီး အားပြင်းတဲ့ ရေဒီယိုလှိုင်းတွေကြောင့် လူတွေအမြောက်အများသေကြေကုန်ကြပါတော့တယ်။ လူတိုင်း ကိုယ့်နေရာကို စွန့်ခွာပြီး လုံခြုံမယ့်နေရာ ရှာကြပေမယ့် အော်ဂတ်စတင်းကတော့ သူ့ရဲ့ ကင်ဆာရောဂါအခြေအနေကြောင့် အာတိတ်ဒေသမှာပဲ တစ်ယောက်တည်း နေရစ်ခဲ့ပါတယ်။ တစ်ဖက်အာကာသထဲမှာကျတော့လည်း နေရာသစ်ရှာဖို့သွားတဲ့ ယာဥ◌်တွေထဲကမှ တစ်စီးထဲ အသက်ရှင်ကျန်နေတဲ့ ယာဉ်အဖွဲ့ဟာ ကမ္ဘာမြေက အခြေအနေတွေကို မသိဘဲ နေရာသစ် တွေ့ကြောင်းသတင်းပေးဖို့ ကမ္ဘာမြေကိုပြန်လာဖို့ ကြိုးစားပါတော့တယ်။ အော်ဂတ်စတင်းကလည်း ကမ္ဘာပေါ်က အခြေအနေတွေအကြောင်း ထိုအဖွဲ့ကို ပြောနိုင်ဖို့ ဆက်သွယ်ချင်ပေမယ့် အဆက်အသွယ်ကမရနဲ့ ဒီဇာတ်လမ်းဟာ စိတ်ဝင်စားဖွယ်ရာကြည့်ရှူရမှာပါ။ လက်ရှိမှာ IMDb Rating 5.6 ရရှိထားပြီး . တဖြေးဖြေးနဲ့ တတ်လာနေတာကို လည်းတွေ့ရပါတယ်။ ဒီဇာတ်ကားမှာ နာမည်ကြီး သရုပ်ဆောင်တွေဖြစ်တဲ့ George Clooney, Kyle Chandler, Demian Bichir, Felicity Jones အစရှိတဲ့ လူများစွာလည်းပါဝင်ထားပါတယ်။ (ဒီဇာတ်လမ်းရဲ့ အညွှန်းကို Yoon Sandi Aung ကရေးသားပေးထားပြီး၊ Yoon Sandi Aung, Jerrica, MTA တို့မှ ဘာသာပြန်တင်ဆက်ပေးထားပါတယ်။) Quality – 1080p, 720p WebRip 5.1CH Duration - 1h 58min Subtitle – Myanmar Hardsub Format – Mp4 Genre : Drama, Fantasy, Sci-Fi Source : 1080p.WebRip Translator – Yoon Sandi Aung, Jerrica, MTA Encoder – SWM

Comedy • Drama
5.8 2020 118 mins
The Midnight Sky
King Kong
6.9

King Kong (2005) ~ IMDb - 7.2/10, Rotten Tomatoes - 84% ~ Directed By "Peter Jackson" " It was Beauty killed the Beast. " ခြင်္သေ့နဲ့ ဘယ်လိုတိုက်တိုက် ဘီလူးနဲ့ ဘယ်လိုကိုက်ကိုက် ချစ်မိသူလောက်တော့ ဘယ်သူမှ လူမိုက်မမည်တဲ့။ အဲဒီခေတ်က နယူးယောက်ရဲ့ အမြင့်ဆုံးအဆောက်အဦးဖြစ်ခဲ့တဲ့ အင်ပါယာစတိတ်ပေါ် တက်ကြဲခဲ့တဲ့ အသိဉာဏ်အရှိဆုံး တိရိစ္ဆာန်ဘဝကနေ အမိုက်မဲဆုံးကောင်ဖြစ်သွားတဲ့ ကင်းကောင်ကြီးကို မသိတဲ့သူလည်းမရှိလောက်ဘူး။ အသိဉာဏ်ရှိနေလို့ပဲ အရူးမိုက်ဆုံးဖြစ်ခဲ့သလား မသိနိုင်ပေမဲ့ ထင်သာမြင်သာအရှိဆုံး အဆောက်အဦးပေါ်တက် ကျည်ချက်ပေါင်းများစွာခံရင်း ၁၀၂ထပ်အမြင့်ကနေ ထိုးဆင်းသွားခဲ့တယ်။ နယူးယောက်ရဲ့ကြမ်းပြင်မှာ အသက်မဲ့နေတဲ့ ကင်းကောင်ကြီးကို ကြည့်ပြီး "ဘာလို့ ဒီကောင် ဟိုးထိပ်ထိတက်ပြီး ချောင်ပိတ်မိခံလိုက်တာလဲ သူ့အန္တရာယ်သူမသိဘဲတော့မနေလောက်ဘူး" လို့ လူတစ်ယောက်က ပြောတယ်။ ဘေးကလူရဲ့အဖြေကတော့ "ဦးနှောက်မရှိတဲ့တိရိစ္ဆာန်ကြီးပဲကိုကွာ ဘာသိမှာလဲ" တဲ့။ ခဏလောက်တော့ တိတ်သွားကြတယ်။ ခဏနေတော့ ခုနဖြေခဲ့တဲ့လူကပဲ "သိသိမသိသိ ဘာအရေးလဲကွာ တိုက်လေယာဉ်စာမိသွားတာပဲမလား" လို့ပြောပြီး လှည့်ထွက်သွားတယ်။ အသိရခက်တဲ့မျက်နှာနဲ့ လူတစ်ယောက်ကတော့ "တိုက်လေယာဉ်ကြောင့်မဟုတ်ဘူး အလှတရားက သူ့ကို သတ်သွားတာ" လို့ ပြောရင်း ဆက်မကြည့်ချင်တော့သလို သူလည်း လှည့်ထွက်သွားခဲ့တယ်။ တချို့ကတော့ ကဗျာဟာ ဉာဏ်မမီသူတွေအတွက် မဟုတ်ဘူးလို့ ပြောကြတယ်။ တစ်ချို့ကတော့ လက်မခံကြဘူး။ အဲဒီဉာဏ်မီမမီဆိုတာကို ဘယ်လိုသတ်မှတ်ကြလဲဆိုတာနဲ့တင် တော်တော်အငြင်းပွားစရာဖြစ်နေပါပြီ။ ဒီထက်သေချာတာတစ်ခုတော့ရှိတယ်။ အချစ်ဟာ ဘာကြီးလို့ ဘယ်လိုပဲပြောပြော ဉာဏ်နည်းတဲ့လူတွေအတွက်တော့ မဟုတ်ဘူး။ အဲဒီဉာဏ်နည်းမနည်းဆိုတာလည်း သိခြင်းတတ်ခြင်းတွေနဲ့ မဆိုင်ဘူး။ ဘာနဲ့ဆိုင်လဲ မေးလာရင်လည်း ဖြေစရာတော့မရှိဘူး။ အိမ်ပြန်ချိန်တိုင်း လှနေမယ့် နေဝင်ချိန်တစ်ခုတော့ ရှိနေလိမ့်မယ်။ ဒါပေမဲ့ ခင်ဗျား ဘယ်လောက်ထိ ငေးခဲ့ဖူးပြီလဲ။ King Kong လို့ဆိုလိုက်ရင် မသိတဲ့လူမရှိခဲ့လောက်အောင် ကင်းကောင်ဟာ နာမည်ကျော်တဲ့ကာရိုက်တာတစ်ခုပါပဲ။ ၁၉၃၃မှာ သူ့ကို ပိတ်ကားပြင်ထက် စအသက်သွင်းပြီးချိန်ကစလို့ ဒီနေ့ထက်ထိတိုင်အောင်ပဲ ဇာတ်လမ်းအမျိုးမျိုးနဲ့ ပြန်ရိုက်ကြတဲ့အထိကို အောင်မြင်ခဲ့တယ်။ ဒီ 2005 ရဲ့ King Kong ကို ရိုက်တဲ့သူကတော့ ပီတာဂျက်ဆန်ပါ။ ပီတာဂျက်ဆန်ဆိုတဲ့လူကိုတော့ အားလုံးသိကြမှာပါ။ The Lord of the Rings နဲ့ The Hobbit အတွဲလိုက်ကြီးနဲ့ Fantasy Genre မှာ မှတ်တမ်းရေးထိုးခဲ့သူပါ။ သူနဲ့ ဒီကင်းကောင်က တော်တော်လည်း ရေစက်ပါပါတယ်။ ၁၉၃၃ မူရင်း ကင်းကောင်ကားကို သူစကြည့်တဲ့အချိန်မှာ ကိုးနှစ်သားပီတာဂျက်ဆန်လေးဟာ ကင်းကောင်ကြီး အင်ပါယာစတိတ်က ပြုတ်ကျတဲ့အခန်းမှာ မျက်ရည်လည်ရွှဲဖြစ်ခဲ့ရဖူးတယ်။ အသက်၁၂နှစ်မှာတော့ သူ့မိဘတွေရဲ့ကင်မရာကိုသုံးပြီး ဒီကားကိုပြန်ရိုက်ဖို့ ကြိုးစားကြည့်ဖူးတယ်။ ၁၉၃၃ ကင်းကောင်ကို ရိုက်တဲ့အကြောင်းစာအုပ်တွေဖတ်ခဲ့သလို အမှတ်တရပစ္စည်းတွေလည်း ဝယ်ခဲ့တယ်။ သူရိုက်ခဲ့တဲ့ Braindead မှာလည်း Skull Island ကို Zombie Plague ရဲ့ ရင်းမြစ်နေရာအဖြစ် Tribute ခဲ့ဖူးတယ်။ ဒီကားကိုလည်း သူ LoTR နဲ့ ယှဉ်ရွေးရင်း လက်လွှတ်ခဲ့ရဖူးတယ်။ အမှန်ဆို ဒီကားက ၁၉၉၈ကတည်းက ထွက်ဖို့လုပ်ခဲ့တယ်။ အဲဒီတုန်းကသာဆို ပီတာဂျက်ဆန်ကြီးလည်း ရိုက်ခွင့်မရနိုင်တော့သလို အဲဒီတုန်းကရိုက်ဖြစ်ခဲ့ရင်လည်း LoTR တွေရိုက်ပြီး အထာနပ်နေတဲ့ ပီတာဂျက်ဆန်ရဲ့ အခုလက်ရာလောက် ကောင်းမယ်တော့မထင်လှဘူး။ ဒါလည်းကံပါပဲ။ ကင်းကောင်ကိုချစ်ခဲ့တဲ့ ပီတာဂျက်ဆန်လက်ထဲ ကင်းကောင်ဟာ ကံသီစွာနဲ့ပဲ အချိန်ကိုက်အခါကိုက်ရောက်လာခဲ့တယ်။ ကင်းကောင်ဟာ ရုပ်ရှင်သမိုင်းရဲ့ အထင်ကရဇာတ်ကောင်တစ်ကောင်ဖြစ်နေသလို၊ ကင်းကောင်ရုပ်ရှင်တွေဟာ သမိုင်းမှာ အခမ်းနားဆုံးရုပ်ရှင်တွေဖြစ်ခဲ့ဖူးသလို ပီတာဂျက်ဆန်ကလည်း အဲဒီခမ်းနားမှုကို မလျော့စေဘဲ လှလှပပရိုက်သွားခဲ့တယ်။ "တစ်ခုခုကို ကိုယ်တကယ်ချစ်ရင် စကြဝဠာကြီးက ကိုယ့်လက်ထဲရောက်အောင်ပို့ပေးလိမ့်မယ်" ဆိုတဲ့ စကားဟောင်းတစ်ခုတောင် အမှတ်ရမိပါ‌သေးရဲ့။ ဒီလိုနဲ့ ကင်းကောင်ဟာ ပီတာဂျက်ဆန်လက်ထဲ လှပစွာ ရောက်ရှိလာခဲ့တယ်။ ပီတာဂျက်ဆန်ကလည်း ကင်းကောင်ကို အားလုံးဆီ လှပစွာ ပြန်ပို့နိုင်ခဲ့ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size - 5,03GB, 3.14GB Quality - 1080p HEVC, 720p IMDb Rating - 7.2/10 Format - mkv, mp4 Duration - 3H 7Min Genre - Action, Adventure, Romance Subtitle - Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Ka Naung

Drama • Sci-Fi & Fantasy
6.9 2005 187 mins
King Kong
Teenage Mutant Ninja Turtles: Out of the Shadows
6

Teenage Mutant Ninja Turtles မြန်မာစာတန်းထိုးနဲ့ အကြည်ရပါပြီ။ ဒီ နံပါတ်၂ လိပ်နင်ဂျာကားမှာတော့ နံပါတ်၁ မှာ သူတို့ဖမ်းပေးလိုက်တဲ့ ဗီလိန်ကြီး ရှရက်ဒါ ပြန်လွှတ်လာပြီး အခြားကမ္ဘာတစ်ခုက ဂြိုလ်သားနဲ့ ပူးပေါင်းပြီး ကမ္ဘာကိုသိမ်းပိုက်မယ့် အန္တရာယ်ကို ညီအစ်ကို ၄ ယောက်တွန်းလှန်ကြတာပါပဲ။ ဒီအပိုင်းမှာ ဇာတ်ကောင်အသစ်ကေစီဂျုန်းအဖြစ် အဲရိုးမင်းသား စတက်ဖန် အမ်းမဲလ် သရုပ်ဆောင်ထားပါတယ်။ အက်ရှင်ကားကောင်းတစ်ကားအဖြစ် ပိုင်ပိုင်နိုင်နိုင် ရိုက်ကူးထားသလို လုံးဝစရိုက်မတူညီတဲ့ ညီအစ်ကိုတွေ ဘယ်လိုနားလည်မှုနဲ့ အဖွဲ့တစ်ခုအဖြစ်လှုပ်ရှားနိုင်ခဲ့လည်း ဆိုတာကိုလဲ သရုပ်ဖော်ပြထားပါတယ်။ တခါတလေ ခက်ခဲတဲ့ရွေးချယ်မှုတွေ ကြုံလာတဲ့အခါ တစ်ယောက်တည်းရဲ့ အမြင်နဲ့ဆုံးဖြတ်ချက်ဟာ ဘယ်လောက်စေတနာပါပါ အမြဲမမှန်နိုင်တာမို့ အဖွဲတစ်ခုရဲ့ စဉ်းစားဉာဏ်နဲ့ အင်အားဆိုတာ အမြဲထည့်တွက်ရမယ့်အရာဆိုတာ လိပ်ညီအစ်ကိုတွေကနေ သင်ခန်းစာယူရင်း ဟာသနဲ့အက်ရှင်ကောင်းတွေ ခံစားနိုင်ကြပါစေ။ (ဇာတ်လမ်း အညွန်းနဲ. ဘာသာပြန်သူကတော. Moe Myint Lwin ပဲဖြစ်ပါတယ်) File size…(982 MB) Quality… WEB.DL 720p Format…mp4 Duration….01:52:00 Subtitle….Myanmar Subtitle (Hardsub) Translator....Moe Myint Lwin Encoder…Thanhtike Zaw

Action • Adventure • Science Fiction
6 2016 112 mins
Teenage Mutant Ninja Turtles: Out of the Shadows
Valatty
8.6

Valatty (2023) “အာဝု တို့ရဲ့ ချစ်ပုံပြင်” IMDb 8.6 လောလောလတ်လတ် ဒစ်ဂျစ်တယ် ဗားရှင်း Disney+ Hotstar မှာ ထွက်ရှိလာတဲ့ Malayalam စကားပြော ရုပ်ရှင်ဟာ အထူးပြုလုပ်ချက် VFX လုံးဝမပါပဲ ခွေးအစစ်တွေနဲ့ရိုက်ထားတဲ့ ပထမဆုံး အိန္ဒိယ ခွေးရုပ်ရှင်ပါ ခွေးလေးတွေက နောက်ခံစကားတော့ ပြောတာပေါ့ခင်ဗျာ…ခွေးလေးတွေရဲ့ point-of-view သဘောနဲ့ ရိုက်ထားတဲ့ ဒီ adventure-comedy romance ကားလေးဟာဆိုရင် IMDb rating လည်းမြင့်သလို ဝေဖန်ရေးဆရာတွေကလည်း ရုပ်ရှင်ရဲ့ ဆန်းသစ်ဖန်တီးနိုင်မှုကို ချီးကျူးခြင်း ခံထားရပါတယ် ဇာတ်လမ်းအကျဥ်းကတော့ ရွိုင်းဆိုတဲ့ ခရစ်ယာန်သခင်ရဲ့ ခွေးထီးလေး “တွန်မီ”က ခြေမွေးလက်မွေးမီးမလောင်ပဲ အချစ်ခံထားရတဲ့ ခွေးလေးဖြစ်ပြီး သားစပ်ဖို့လာကြတဲ့ ခွေးမလေးတွေကိုလည်း သခင်က မျိုးရိုးမကောင်းလို့ဆိုပြီး ဇွတ်တွေ ငြင်းလွှတ်ရတဲ့အထိ ဂရုစိုက်ခံရပါတယ် တစ်ဖက်အိမ်မှာလည်း အထက်ပုဂ္ဂိုလ် ဘရာမင် မိသားစုက မျိုးနဲ့ရိုးနဲ့ “အာမလူ” ဆိုတဲ့ ခွေးမချောလေးတစ်ကောင် ရှိနေပါတယ် ကိုကြက်ဖကြီးရဲ့ အကူအညီနဲ့ သူတို့နှစ်ကောင် ဆုံစည်းခဲ့ရပြီး ခွေးငယ်သဘာဝ ချစ်ကြိုက်မိကြပါတယ် ဒါပေမယ့်လည်း မျိုးရိုးဘာသာမတူကြတဲ့ နှစ်ဖက်မိသားစုက ကန့်ကွက်တာကြောင့် ခိုးပြေးခဲ့ကြပြီး တစ်နေ့မှာတော့ ခွေးမလေးကို တရားမဝင်ခွေးတွေလိုက်ဖမ်းပြီး စမ်းသပ်မှုတွေလုပ်နေတဲ့ စီးပွားရေးသမားက ပြန်ပေးဆွဲသွားပါတော့တယ် အချစ်အတွက်နဲ့ ချမ်းသာတဲ့ သခင်မိသားစုကို ကျောခိုင်းခဲ့တဲ့ သူတို့လေးနှစ်ကောင် လူဆိုးတွေရန်က ဘယ်လို လွတ်အောင်ကြံပြီး တိုက်ပွဲဝင်ကြမလဲ ဆိုတာကိုတော့ CM ပရိသတ်ကြီးပဲ ဆက်ကြည့်လိုက်ပါဗျ မိသားစုနဲ့အတူ အပန်းပြေ ကြည့်လို့ရတဲ့ family drama ဖြစ်တာနဲ့အညီ ကြည်နူးစရာကောင်းတဲ့ ပေါ့ပေါ့ပါးပါး ဇာတ်လမ်းမျိုးလည်းဖြစ်…သရုပ်ဆောင်ခွေးလေးတွေကလည်း အစစ်တွေနဲ့ ရိုက်ထားတာမလို့ အချိန်ပေးကြည့်ရတာ တန်မယ့် ကားလေးတစ်ကားဖြစ်တယ်လို့ ပြောပါရစေ အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team က Thaik San ~ KKKZ ~ Aditi ~ Dee တို့ဖြစ်ပါတယ် ( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >>https://t.me/cmbollywood )

TV Movie • Thriller
8.6 2023 113 mins
Valatty
My Oni Girl
6

My Oni Girl (2024) “ကျွန်တော့်ရဲ့ဘီလူးမလေး” ================ မိုးအေးအေးနဲ့ ခံစားလို့ကောင်းမယ့် old school ဆန်ဆန် အသစ်ထွက် အန်နီမေးရုပ်ရှင်လေးတစ်ပုဒ် ပရိသတ်တွေအတွက် တင်ဆက်ပေးချင်ပါတယ်။ ဇာတ်လမ်းလေးက ချစ်ဖို့ကောင်းပြီး တောတောင်ရှုခင်းတွေ၊ မြို့ပြပုံရိပ်တွေကို အန်နီမေးရှင်းပြုထားတာတွေက တော်တော်လေးလှတာကြောင့် ကြည့်ရတာနွေးနွေးထွေးထွေးဖြစ်စေမယ့်ရုပ်ရှင်လေးပါပဲ။ ရုပ်ရှင်ရဲ့ နာမည်ထဲက အိုနီဆိုတာကတော့ ဂျပန်ဒဏ္ဍာရီတွေထဲက ဘီလူးအနွယ်ဝင် Yokai တစ်မျိုးပါ။ My Oni Girl ဆိုတော့ ဘာသာပြန်ရရင် ကျွန်တော့်ဘီလူးမလေးပေါ့။ ဇာတ်လမ်းကတော့.. တဖက်သားကို အင်မတန်ကူညီတတ်တဲ့ ယာဆူစဲဆိုတဲ့ အထက်တန်းကျောင်းသားလေးဟာ တစ်နေ့မှာတော့ လမ်းမှာဒုက္ခရောက်နေတဲ့ ဆူမူဂီဆိုတဲ့ကောင်မလေးနဲ့ တွေ့ဆုံခဲ့ပါတယ်။ ဆူမူဂီကတော့ သူ့အမေကိုလိုက်ရှာဖို့အတွက် တောင်ပေါ်ကနေဆင်းလာတဲ့ အိုနီဘီလူးမလေးတစ်ကောင်ပါ။ ယာဆူစဲဟာ သူ့အမေကိုလိုက်ရှာဖို့အခက်တွေ့နေတဲ့ ဆူမူဂီကိုကူညီပေးရင်း သူတို့နှစ်ယောက် လူသားချင်းကူညီတတ်သူတွေ၊ စိတ်ထားဖြူစင်တဲ့သူတွေ၊ စွန့်စားခန်းတွေ ကြုံတွေ့ရပုံကို ဒီရုပ်ရှင်လေးထဲမှာမြင်ရမှာပါ။ (ဒီရုပ်ရှင်လေးကိုတော့ ToMo နဲ့ Zwe Yan တို့က ဘာသာပြန်၊ ညွှန်းဆိုပေးထားပါတယ်။)

Drama • Fantasy • Romance
6 2024 112 mins
My Oni Girl
Joshua Tree (aka) Army of One
5.7

ပြစ်မှုကျူးလွန်သူအဖြစ် မှားယွင်းစွပ်စွဲ ထောင်ချခံရတဲ့ ဆန်တီဟာ အကျဉ်းထောင်ကူးပြောင်းနေတဲ့ လမ်းခုလတ်မှာပဲ ထွက်‌ပြေးခဲ့ပြီး မရက်ခ်အမည်ရှိတဲ့ အမျိုးသမီးတစ်ဦးကို ဓားစာခံအဖြစ် ဖမ်းခေါ်သွားခဲ့ပါတယ်။ အဲဒီအမျိုးသမီးဟာ သမာသမတ်ကျတဲ့ ဒုလက်ထောက်ရဲအရာရှိဖြစ်တာကြောင့် ဒီအခြေအနေကို ဘယ်လိုကိုင်တွယ်ဖြေရှင်းမလဲ၊ ဆန်တီကရော ဘာအကြောင်းကြောင့်စွပ်စွဲခံရလဲ၊ နောက်ကွယ်က လက်မည်းကြီးက ဘယ်သူဖြစ်မလဲဆိုတာကို တစ်ဆင့်ချင်းခံစားကြည့်ရှုရမယ့် ဇာတ်ကားကောင်းလေးတစ်ခုပါ။ File size…(2.1 GB)/(1.2 GB) Quality….Blu-Ray 1080p / 720p Format…mp4 Duration….01:46:00 Genre… Action, Adventure, Crime Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Tina

Action • Thriller
5.7 1993
Joshua Tree (aka) Army of One
Miss Shampoo
6

အချစ်၊ အက်ရှင်၊ ဟာသ စတဲ့ ရသ ၃ မျိုးလုံး ခံစားရမဲ့ ထိုင်ဝမ် နာမည်ကြီး ဇာတ်ညွှန်းဆရာ ဒါရိုက်တာ Giddens Ko ရဲ့ Miss Shampoo ဆိုတဲ့ ရုပ်ရှင်ကို ဘာသာပြန် တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့- အစ်ကိုထိုက်ဟာ ဒုစရိုက်ဂိုဏ်းအချင်းချင်း နယ်မြေလုတိုက်ခိုက်မှုတစ်ခုမှာ ဒဏ်ရာအပြင်းအထန်ရပြီး ခေါင်းလျှော်မလေး အားဖန်းရဲ့ ဆံပင်ညှပ်ဆိုင်ထဲကို ဝင်ပုန်းခဲ့တဲ့အချိန်မှာ အားဖန်းရဲ့ ဖုံးကွယ်ပေးမှုကြောင့် အသက်ချမ်းသာခွင့်ရခဲ့ပါတယ်။ အားဖန်းက ဆံပင်ညှပ်ဒီဇိုင်နာ ဖြစ်ချင်ခဲ့ပြီး အခွင့်အရေးမရှိတာကို သိသွားတဲ့ အားထိုက်က သူ့လက်အောက်ငယ်သားတွေရဲ့ ဆံပင်တွေကို အားဖန်းဆီ လေ့ကျင့်ခံဖို့ ခိုင်းစေခဲ့ပါတယ်။ အဲဒီနောက် အားဖန်းလည်း လူမိုက်တစ်ဖွဲ့လုံးနဲ့ ခင်မင်သွားခဲ့ပြီး အားထိုက်နဲ့ ရည်းစားတွေ ဖြစ်သွားခဲ့ပါတယ်။ ဒါပေမဲ့ နယ်မြေလုချင်တဲ့ ရန်သူအဖွဲ့က အားထိုက်ကိုလည်း အလွတ်မပေးခဲ့ပါဘူး။ ဆက်ပြီးဒုက္ခပေးဖို့ ကြိုးစားနေခဲ့ပါတယ်။ ရန်သူတွေ ပြည့်နှက်နေတဲ့ သူတို့လောကကြီးထဲမှာ အချစ်နဲ့ ကလဲ့စားချေဖို့အရေး ရွေးချယ်ရတဲ့အခါမှာ အားထိုက်တစ်ယောက် ဘယ်လိုရွေးချယ်မလဲ ဆိုတာကို ရုပ်ရှင်နဲ့အတူ ခံစားကြည့်ရှုလိုက်ရအောင်နော်။

6 2023
Miss Shampoo
The Zen Diary
6.7

တကယ်လို့ဖြစ်နိုင်ခဲ့ရင် တစ်နေ့မှာ ဟင်းချက်ဖို့ ကျွန်တော်တို့ ၃နာရီလောက်တော့ အချိန်ပေးသင့်တယ်။ စားခါနီးမှ ဟင်းတစ်ခွက်ကိုချက်ရတဲ့အရသာက ဘာနဲ့မှမတူဘူး။ ထမင်းကပူနေရင် ငရုတ်သီးကြော်နဲ့‌တောင် စားကောင်းသလို အခုမှကျက်တဲ့ ဟင်းတစ်ခွက်ကလည်း မနက်ကချက်တဲ့ဟင်းတစ်ခွက်ထက် အဆပေါင်းများစွာသာတယ်။ အားလုံးသိတဲ့ အားလုံးမလုပ်နိုင်တဲ့ အမှန်တရားတစ်ခုပါပဲ။ ဘယ်လိုပုံစံနဲ့ ဘာဟင်းချက်မလဲတောင် စဉ်းစားဖို့ အချိန်မပေးနိုင်တဲ့ ကျွန်တော်တို့ဘဝတွေမှာပေါ့။ အောင်မြင်တာတွေ ကြီးမြင့်တာတွေ ကျော်ကြားတာတွေထက် ချစ်တဲ့သူနဲ့ အတူစားရတဲ့ ထမင်းပူပူတွေက အဓိပ္ပာယ်ပိုရှိမှန်း ကျွန်တော်တို့သိပြီးကြပေမဲ့ ဘဝဟာ တစ်ခုမဟုတ်တစ်ခုလိုနေရင်း အဲဒီရွေးချယ်မှုကို ကျွန်တော်တို့ကို လုပ်ခွင့်မပေးခဲ့ဘူး။ အခိုက်အတန့်တစ်ခုအထိတော့ ဒီလိုအခြေအနေမျိုး ရကောင်းရနိုင်ပေမဲ့ အခြေအနေအကြောင်းကြောင်းတွေဟာ ဒီလိုဘဝတွေနဲ့ ကျွန်တော်တို့ကို အမြဲတမ်း ဝေးကွာစေတယ်။ မြေကျယ်ကျယ်ဝန်းဝန်းရှိတဲ့ ကျေးလက်ဘက်တစ်နေရာမှာ သီးပင်စားပင်တွေ စားလောက်အောင်လေး မခမ်းမနားစိုက်။ ညနေမှာ စီးကရက်တစ်လိပ်နဲ့ လွမ်းစရာကောင်းအောင် တောင်စွယ်မှာ နေကွယ်တာကို ခင်ဖုန်းသက်ဝေ ၅ပုဒ်ကို ရွတ်တတ်သလိုရွတ်ရင်း ငေး ။ စိတ်လိုလက်ရမှောင်နေတဲ့ညတွေဆို ဆေးလိပ်တစ်လိပ် ကော်ဖီတစ်ခွက် ကိုနေဝင်းဆိုတဲ့ မောင့်လပြည့်ဝန်းနဲ့ အိပ်ရာဝင်။ အဲဒီကမ္ဘာမှာ ညနေခင်းလမ်းလျှောက်တဲ့အခါ တိမ်တွေကလည်း အမြဲတမ်းရှိနေလိမ့်မယ်။ တက်သုတ်ရိုက်မဟုတ်တဲ့ အလုပ်တစ်ခုခုလည်း ရှိနေလိမ့်မယ်။ ဘယ်သူ့အတွက်မှမဟုတ်တဲ့ ဆွဲတတ်သလိုဆွဲထားတဲ့ပန်းချီတစ်ကား ကဗျာတစ်ပုဒ်လောက်တော့ ကြုံရင်ကြုံသလို ရေးကောင်းရေးဖြစ်လိမ့်မယ်။ ချက်ပြုတ်ခြင်းဆိုတာလည်း ဘဝရဲ့အချိန်ပေးနိုင်တဲ့အရာတစ်ခု ဖြစ်လာလိမ့်မယ်။ ဒါဟာ စိတ်ဓာတ်ကျစရာတွေမရှိတဲ့ ရုပ်ရှင်တစ်ခုဖြစ်ကောင်းဖြစ်လိမ့်မယ်။ The Zen Diaryက ဒီလိုတကယ်နေနေတဲ့ ဘဝတစ်ခုအကြောင်းကို ဇင်အတွေးအခေါ်တွေနဲ့ ရစ်သိုင်းထားတဲ့ရုပ်ရှင်လို့ပြောရမယ်။ သဘောကျစရာကောင်းတာက ပူစရာတွေ မရှိနေတာတော့ မဟုတ်ခဲ့ဘူး။ ဒါပေမဲ့လည်း သူ့ဘဝထဲရောက်လာတဲ့အပူတွေကို သူရင်ဆိုင်ဖြေရှင်းပုံတွေကိုပြထားတာလည်းလှတယ်။ ဇင်ဒိုင်ယာရီဟာ ရှင်သန်ခြင်းရဲ့အဓိပ္ပာယ်ကို ဖွင့်ဆိုထားတဲ့ ရုပ်ရှင်တစ်ကားလို့ပြောလို့ရတယ်။ ပြောလို့ပြောတာတော့မဟုတ်ပါဘူး။ ကျရှုံးမှုတွေနောက်ပိုင်းမှာ အေးချမ်းမှုကို ပြန်တွေ့သွားကြတဲ့ရုပ်ရှင်တွေကို ကျွန်တော်တို့သဘောကျကြတယ်မလား။ ကျွန်တော်တို့ဟာ အမြဲတမ်း ကျရှုံးနေတဲ့လူတွေပဲ။ ဇင်ဒိုင်ယာရီကတော့ တော်တော်လေးလက်တွေ့ကျတယ်။ ဇင်ဒိုင်ယာရီဟာ မမြဲခြင်းတရားတွေအောက်မှာပဲ တည်နေတယ် File Size : 2.2 GB / 1 GB Quality : WEB-DL 1080p / 720p Running Time : 1hr 51min Format : Mkv and Mp4 Genre : Drama Subtitle : Myanmar Subtitle (Hard Sub) Translated by : Wira Aung Encode by : Thit San Khant

Science Fiction • Adventure • Action
6.7 2022 112 mins
The Zen Diary
Lowlifes
6.2

ဒီတစ်ပတ်တော့ cm ပရိသတ်ကြီးကို လူသားစား Horror ဇာတ်ကားလေး တစ်ခုနဲ့ မိတ်ဆက်ပေးပါမယ်။ IMDB မှာ Rating 6.2 အထိရထားပြီး သိပ်မဆိုးတဲ့ Horror ဇာတ်ကားလို့ ပြောရမှာပါ။ ဇာတ်ကြောင်းကတော့…. ကိသ်နဲ့ ကတ်သလင်းတို့ ဇနီးမောင်နှံနှစ်ဦးက သူတို့ရဲ့ ဆယ်ကျော်သက် ကလေးနှစ်ယောက်နဲ့အတူ နှစ်စဉ်နှစ်တိုင်း ထွက်နေကျဖြစ်တဲ့ နယ်ဘက်ခရီးစဉ်ကို အာဗီနောက်တွဲကားနဲ့ ထွက်လာခဲ့ကြပါတယ်။ လမ်းတစ်နေရာမှာ နယ်ခံနှစ်ယောက် ကားပျက်တာနဲ့ ကြုံဆုံပြီး လမ်းကြုံပို့ပေးဖို့ အစပြုတာကနေ လူသူဝေးတဲ့ အိမ်တစ်လုံးကို ရောက်သွားကြတဲ့ အခါမှာတော့….။ ဒီဇာတ်ကားကို ကြည့်ပြီးတဲ့အချိန်မှာ လူတွေကို အပြင်ပန်းသဏ္ဍန် ကြည့်ပြီးတော့ပဲ ဆုံးဖြတ်လို့ မရဘူးဆိုတာရယ်နဲ့… အချိန်မရွေး သားကောင်ကနေ မုဆိုး….မုဆိုးကနေ သားကောင် ဖြစ်သွားနိုင်တယ်ဆိုတာကို မက်ဆေ့ပေးချင်တဲ့ သဘောကို တွေ့ရမှာပါ။ တစ်ခုသတိပေးချင်တာက သွေးသံရဲရဲ အပိုင်းအစတွေ မြင်ရမှာ မို့လို့ နှလုံးမကောင်းတဲ့သူတွေ ရွံတတ်တဲ့သူတွေအနေနဲ့ သတိလေးကပ်ပြီး ကြည်သင့်ကြောင်းပါခင်ဗျ….။ File size… (857MB) / (582MB) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 30m Genre …..Horror Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Aoi

6.2 2024 90 mins
Lowlifes
Living in Two Worlds
8.1

Living in Two Worlds (2024) *************************** နားမကြားရတဲ့ မိဘနှစ်ပါးဆီမှာ မွေးဖွားလာခဲ့တဲ့ ဒါအိဆိုတဲ့ကောင်လေးတစ်ယောက်၊ ငယ်စဉ်အခါကတော့ မိဘတွေနဲ့အတူ လက်ဟန်ခြေဟန် ဘာသာစကားသုံးပြီး စကားပြန် လုပ်ပေးကာ ပျော်ပျော်ရွှင်ရွှင်နေလာခဲ့ပေမဲ့ .. အသက်ကြီးလာပြီး လူပျိုပေါက်အရွယ်ဖြစ်လာတဲ့ အချိန်ကနေစပြီးတော့ နားမကြားတဲ့ အဖေနဲ့ အမေဆီမှာ မွေးလာရတာကို စိတ်ဘဝင်မကျတော့ဘဲ ဖြစ်လာပါတော့တယ်။ ဒီလိုနဲ့ပဲ ဒါအိတစ်ယောက် အိမ်ကနေ ထွက်ပြေးပြီး တိုကျိုမြို့ကြီးကိုရောက်ရှိလာခဲ့ပါတယ်။ ဒါအိဟာ သရုပ်ဆောင်လုပ်ဖို့အတွက် ဝါသနာပါတဲ့အတွက် ဒီလမ်းကိုလျှောက်လှမ်းခဲ့ပေမဲ့ အဆင်မပြေခဲ့ပါဘူး။ ဒါနဲ့ပဲ တိုကျိုမြို့က မဂ္ဂဇင်းတိုက်မှာ အလုပ်ဝင်ခဲ့တယ်။ ဒီလိုနဲ့ ဒါအိတစ်ယောက် နားမကြားရတဲ့ မိဘတွေရဲ့ ကမ္ဘာလေးနဲ့ သာမန်လူတွေရဲ့ ကမ္ဘာ နှစ်ခုကြားမှာ ဘယ်လိုပုံစံနဲ့ ရှင်သန်နေထိုင်သွားမလဲ ဆိုတာကို ကြည့်ရှုရမဲ့ ဒရာမာဇာတ်လမ်းကောင်းလေးဖြစ်ပါတယ်။ (အညွှန်းကို Char Ou မှ ရေးသားထားပါတယ်) File size…1.66GB / 696MB Quality… WEB-DL 1080p/ 720p Format…mp4 Duration….1 hr. 46 min. Genre ….. Life, Drama, Family Subtitle….Myanmar Subtitle (Hard Sub) Translated by Char Ou Encoded by AHtet

Drama
8.1 2024 106 mins
Living in Two Worlds