YoteShin Drive is below this article. Scroll down to view.

The Redmi Pad will be announced on October 4

Author: Anonymous Published on: 12 Aug 2022

Xiaomi will announce a 12T series with the 200MP camera on October 4, and the company has now confirmed that the new tablet is called the Redmi Pad. 𝑻𝒉𝒆 𝑹𝒊𝒈𝒉𝒕 𝑹𝒊𝒈𝒉𝒕 𝑪𝒉𝒐𝒊𝒄𝒆 𝑪𝒉𝒐𝒊𝒄𝒆 𝑪𝒉𝒐𝒊𝒄𝒆 𝑪𝒉𝒐𝒊𝒄𝒆 for entertainment, gaming, e-learning, and browsing is here. 🤩the #redmipad is launching on the 4th of October, 12 pm! Stay tuned: https://t.co/3wa6eqk0um Tell us in Comments Below What You Would Use #redmipad! pic.twitter.com/z5sgr48szy & mdash; Redmi India (@redmiindia) September 29, 2022 The Redmi Pad is the entertainment, Games, Gain for e-learning and browsing and the company will produce green. The 8MP camera will be equipped on the back. The brown model will be released under the photo displayed on Xiaomi's official website. Xiaomi has not said anything to the specs of the Redmi Pad, but it will be included in HELO G99 Soc, Android 12-based MIUI to select 4GB of RAM and 128GB storage. The Redmi Pad will feature a 10.61-inch 90hz LCD 2000 & # 215; The 8,000 pixel battery and 18w Charging. The 22.5W adapter will be included in the container. The tablet will also include Dolby ATMOS Certificate Specifices and will feature an 8MP camera on the east. Graphite Gray, Moonlight Silver and Mint Green colors will be made. This is the specs of the WiFi model, which is different in the 11.2-inch display. 7,800mAh batteries are reported. It is not yet known whether the model will be announced on the 4th of this month. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

The.Medium.2021.480p.CM.mp4

488.61 MB N/A video/mp4 5069 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Throne of Blood
8

~ IMDb - 8.1/10, Rotten Tomatoes - 96% ~ ကူရိုဆာဝါဟာ သူ့ရဲ့ရုပ်ရှင်သက်တမ်းတစ်လျှောက်မှာ ရှိတ်စပီးယားဝတ္တုတွေကို မှီငြမ်းပြီး ရုပ်ရှင်၃ကားရိုက်ဖူးတယ်။ Macbeth ကို မှီငြမ်းပြီး Throne of Blood (1957) ကို ရိုက်ခဲ့၊ Hamlet ကို မှီငြမ်းပြီး The Bad Sleep Well (1960) ကို ရိုက်ခဲ့သလို King Lear ကို မှီငြမ်းပြီး Ran (1985) တို့ကို ရိုက်ကူးခဲ့ဖူးတယ်။ ဇာတ်လမ်းကျောရိုးကို ယူပြီး ဂျပန်ရဲ့ ရေခံမြေခံမှာ ပြန်အသက်သွင်းလိုက်တာတွေပါပဲ။ ဒဲ့ကြီးတော့မဟုတ်ဘဲ ပြင်သင့်တာပြင် ရိုက်ထားတယ်။ ဒါပေမဲ့ သူပြင်ရိုက်ပုံတွေကတော့ တော်တော်လေးပြည့်စုံသလိုတော့ ခံစားရတယ်။ ဆန်းတော့လည်းမဆန်းလှပါဘူး။ ကူရိုဆာဝါဟာ ကူရိုဆာဝါပဲကိုး။ တကယ်ဆို ကူရိုဆာဝါက ရှိတ်စပီးယားရဲ့ မက္ကဘတ်ကို ရိုက်ချင်နေတာကြာပြီ။ Rashomon (1950) ကို ရိုက်ပြီးတဲ့နောက် ရိုက်ဖို့ လုပ်ခဲ့ပေမဲ့ အော်ဆန်ဝဲလ်ကလည်း ရိုက်ထားတာသိတော့ ခဏနောက်ဆုတ်လိုက်တယ်။ ၁၉၅၆ရောက်တော့ Throne of Blood, The Hidden Fortress နဲ့ Revenge ကို သူပရိုဂျူဆာလုပ်မယ်လို့ ကြေညာလိုက်ပေမဲ့ အခန့်မသန့်ချင်တော့ သူခန့်ချင်တဲ့ ဒါရိုက်တာတွေက အကြောင်းအမျိုးမျိုးနဲ့မရိုက်ဖြစ်တော့ သူကိုယ်တိုင်ပဲရိုက်လိုက်ရတယ်။ ဒီလိုနဲ့ ခမ်းနားလှတဲ့ Throne of Blood ထွက်လာတာပါပဲ။ Throne of Blood ဟာ မက္ကဘတ်ကိုပဲယူတယ်ဆိုပေမဲ့ Ozymandias ကဗျာအငွေ့လည်း သွင်းထားတယ်လို့ ထင်ရပါတယ်။ "The Most Successful Film Version of Macbeth" လို့လည်း ဝေဖန်ရေးသမားတွေ မှတ်ချက်ပေးခြင်းလည်း ခံခဲ့ရတယ်။ ကူရိုဆာဝါဟာ ဒီဇာတ်ကို အကြောင်းမဲ့ရိုက်ပြခဲ့တာတော့မဟုတ်ဘူး။ သူ့အမြင်မှာ အလယ်ခေတ်ကာလအတွင်း စကော့တလန်နဲ့ ဂျပန်မှာဖြစ်နေတဲ့ လူ့အသိုင်းအဝိုင်းဆိုင်ရာ ပြဿနာတွေဟာ ဆင်တူခဲ့သလို ဒီပြဿနာတွေက ဒီနေ့ခေတ်အတွက် သင်ခန်းစာပေးစရာတွေရှိနေတယ်လို့ သူယုံခဲ့တယ်။ ဒါကြောင့်လည်း သူ ဒီရုပ်ရှင်ကို ထွက်လာစေချင်ခဲ့တယ်။ နောက်ဆုံး သူပဲရိုက်ခဲ့တယ်။ သရုပ်ဆောင်တွေအနေနဲ့တော့ သူကားပေါင်းများစွာမှာ ထည့်သုံးနေကျဖြစ်တဲ့ ဂျပန်ရဲ့ ဂန္ထဝင်မင်းသားတွေဖြစ်သွားကြတဲ့ Toshiro Mifune, Takashi Shimura တို့ကို သုံးထားတယ်။ Throne of Blood ဟာ နောက်ပိုင်း ဒါရိုက်တာတွေ Homage ခဏခဏပေးခံရတဲ့ ဂျပန်ဂန္ထဝင်ကားလည်းဖြစ်လာခဲ့တယ်။ အန်နမဲဆရာတစ်ပါးဖြစ်တဲ့ စတိုရှိခွန်ရဲ့ Millennium Actress မှာဆို သိသိသာသာကိုမြင်နိုင်ပါတယ်။ ဇာတ်ကတော့ မက္ကဘတ်ဇာတ်ဆိုတော့ တော်တော်များများသိပြီးသား ဇာတ်လမ်းပါပဲ။ ဆုဇုခိဆိုတဲ့ ပင့်ကူအိမ်ရဲတိုက်ကို အုပ်ချုပ်တဲ့ စစ်နယ်ရှင်အရှင်တစ်ပါးမှာ ပထမကနေ ပဥ္စမအထိ ခံတပ် ငါးခုနဲ့ မြောက်ပိုင်းနယ်စပ်က မြို့စောင့်ခံတပ်တစ်ခုရှိတယ်။ မြောက်ပိုင်းခံတပ်က ဖူဂျိမခိက တစ်ဖက်ရန်သူအရှင်နဲ့ပေါင်းပြီး ပုန်ကန်တော့ ပဥ္စမနဲ့ စတုတ္ထခံတပ်တွေ ကျိုးပေါက်သွားတယ်။ တတိယခံတပ်လည်း အခြေအနေမကောင်းဘူး။ ဒီမှာပထမနဲ့ ဒုတိယခံတပ်က စစ်သူကြီးတွေဖြစ်တဲ့ ဝါရှိဇုနဲ့ မိခိတို့က အသည်းအသန်တိုက်ပြီး တိုက်ပွဲကို သူတို့ဘက်က အရေးသာအောင်လုပ်ပေးခဲ့တယ်။ ဒီလိုနဲ့တိုက်ပွဲအောင်သွားတော့ အရှင်က သူတို့ကို မြောက်စားဖို့ အခေါ်လွှတ်လိုက်တယ်။ ပင့်ကူအိမ်ရဲတိုက်ကို မရောက်ခင် ဝင်္ကပါလိုရှုပ်ထွေးနေတဲ့ ပင့်ကူအိမ်တောထဲမှာ သူတို့လမ်းပျောက်သွားကြတယ်။ ဒီလိုနဲ့ ပင့်ကူအိမ်တောက တစ္ဆေကြီးနဲ့တွေ့တယ်။ အဲဒီတစ္ဆေက ဝါရှိဇုကို ပထမခံတပ်ရဲ့စစ်သူကြီးကနေ မြောက်ပိုင်းခံတပ်ရဲ့စစ်သူကြီးဖြစ်လာပြီး သိပ်မကြာခင် ပင့်ကူအိမ်ရဲတိုက်ရဲ့အရှင်ပါဖြစ်လာမယ်လို့ပြောလိုက်တယ်။ မက္ကဘတ်ထဲဆိုရင်တော့ စုန်းမ၃ကောင်ပေါ့။ မိခိကိုတော့ ပထမခံတပ်ရဲ့စစ်သူကြီးဖြစ်လာပြီး သူ့သားကတော့ ပင့်ကူအိမ်ရဲတိုက်ရဲ့အရှင်ဖြစ်လာမယ်လို့ ပြောလိုက်တယ်။ တကယ်မြင်တာလား။ သူတို့ဆန္ဒတွေကိုလှည့်စားလိုက်တာလားမသိပေမဲ့ သူတို့တွေ ဒွိဟစိတ်တွေပေါ်လာကြတယ်။ ဒီလိုနဲ့ တစ္ဆေပြောတဲ့ ရာထူးတွေ မြောက်စားခံရတော့ ဝါရှိဇုရဲ့မိန်းမက ဒီကိစ္စကို အရှင်သိသွားရင် ဒီတိုင်းထားမှာမဟုတ်တာရော မိခိကို မယုံတာရော သူ့ယောက်ျားကို ကြီးကျယ်စေချင်တာရောပေါင်းပြီး အရှင့်ကိုသတ်ပြီး ပင့်ကူအိမ်ရဲတိုက်ရဲ့ အရှင်ဖြစ်အောင်လုပ်ဖို့တိုက်တွန်းတယ်။ ဝါရှိဇုဟာ စစချင်းတော့ တွေဝေနေပေမဲ့ အခြေအနေကလည်းပေးနေ ဆန္ဒကလည်းရှိနေ မိန်းမစကားကိုလည်း နားဝင်နေတဲ့အခါ သူ့အရှင်ကိုသတ်ချလိုက်တယ်။ ဒီကစပြီး ထီးရေးနန်းရေးအရှုပ်အထွေးတွေဖြစ်လာတယ်။‌ ဒီဇာတ်ကိုမှ ကူရိုဆာဝါစတိုင်နဲ့ ဂျပန်အငွေ့အသက်နဲ့ မြင်ရမှာပါ။ ရှိတ်စပီးယားဇာတ်ကို ပြန်ရိုက်ထားတယ်ဆိုပေမဲ့ သူပြန်ရိုက်ထားတဲ့ကားတွေဟာ သူ့နည်းသူ့ဟန် သူ့အလှနဲ့သူ လှပနေတာကို မျက်ဝါးထင်ထင်မြင်ကြရမှာပါပဲ။ သေချာတာတော့ ကူရိုဆာဝါဟာ ကူရိုဆာဝါပဲဆိုတာကို ဘယ်သူမှငြင်းဆိုနိုင်မယ်မထင်ဘူး။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size - 2.15GB, 840MB Quality - 1080p, 720p IMDb Rating - 8.1/10 Format - mp4 Duration - 1H 50Min Genre - Drama, History Subtitle - Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

Crime
8 1957 108 mins
Throne of Blood
Interstellar
8.4

IMDb - 8.6/10_____Rotten - 72% Won 1 Oscar. Another 43 wins & 148 nominations (unicode) 2014 Novemberမှာ ထွက်ရှိခဲ့ပြီး…IMDb ရဲ့ Rating အများဆုံးဇာတ်ကားများထဲမှာလည်း တစ်ကားအပါအဝင်ပါ… ဒါရိုက်တာကလည်း Christopher Nolanဆိုမှတော့ အထွေအထူးညွှန်းနေစရာတောင် လိုမယ်မထင်မိပါဘူး… Visual Effectsyပိုင်းမှာ အော်စကာရရှိခဲ့ပြီး  အခြားဆု ၄၄ဆုနဲ့ ဆန်ကာတင် ၁၄၄ဆုစာရင်းဝင်ခဲ့ပါတယ် … 2014ရဲ့အကောင်းဆုံး ၁၀ကားထဲမှာ စာရင်းဝင်ခဲ့ပါတယ်…(Background music တွေလည်း နားထောင်လို့ကောင်းလို့ နားထဲတောင်စွဲနေပါလိမ့်မယ်… ဇာတ်လမ်းနည်းနည်း ပြောပြရမယ်ဆိုရင်တော့… 21ရာစု လယ် လောက်မှာ ကမ္ဘာပျက်ကိန်း ဆိုက်လုပြီ ဖြစ်တဲ့အတွက် နာဆာ ပိုင်းလော့ဟောင်း ကူးပါး ခမျာ ခြံစိုက်နေရာကနေ လူတွေအတွက်နေစရာ ဂြိုဟ်အသစ် ရှာဖွေရေး စစ်ဆင်ရေးထဲ ပါဝင်လိုက်ရရှာတယ်… ၁၀နှစ်အရွယ် သမီးလေး မာ့ဖ် ကို တစ်နေ့ ပြန်လာပါ့မယ် ကတိအထပ်ထပ်ပေးရင်းပေါ့… ဒီလိုနဲ့ ပေးအပ်လိုက်တဲ့တာဝန်တွေကို ထမ်းဆောင်ရင်း…အာကာသ ကြီးရဲ့ လှည့်ကွက် အမျိုးမျိုးကိုအန်တုရင်း ကူးပါးတစ်ယောက် မာ့ဖ်ဆီပြန်လာနိုင်ပါ့မလား…ကမ္ဘာကြီးကိုရော ကယ်တင်နိုင်ပါ့မလား… ဆိုတာကို…Visual Effectsကောင်းကောင်း ရှုစားကြရမှာဖြစ်ပါတယ်.. ..ဒီကားအတွက်အညွှန်းတောင်ရေးမတင်သင့်ပါဘူး. ..ခမ်းနားလွန်းတဲ့ ဇာတ်ကားကြီးအတွက် ဝါကျတည်ဆောက်ပုံခပ်ညံညံအောက်မှာ  ဘောင်ကွပ်လိုက်သလိုဖြစ်သွားမှာစိုးရိမ်မိလို့ပါ.. .အတော်များများ မကြည့်ဖူးသေးရင်တောင် ရုပ်ရှင်ချစ်သူတိုင်းကြားဖူးကြမယ်ထင်ပါတယ်.... ဇတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ ညီမငယ် May Thazin Myint (Wendy) ဖြစ်ပါတယ်.... File Size : (2.73 GB) and (1.3 GB) Quality : Blu-Ray 1080P 5.1CH and Blu-Ray 720p Format…mp4 Duration…02:49:00 Genre : Adventure, Drama, Sci-Fi Subtitle : Myanmar Subtitle (Hard Sub) Translated by May Thazin Myint (Wendy) Encoded by Phyo Pyae

Animation • Comedy • Family • Fantasy
8.4 2014 169 mins
Interstellar
Funeral in Berlin
6.8

Funeral In Berlin (1966) ~ IMDb – 6.8/10, Rotten Tomatoes – 60% ~ The Ipcress File (1965) ရဲ့ Sequel ပါ။ Len Deighton ရဲ့ စာအုပ်အပေါ် အခြေခံထားတာချင်းတူပေမဲ့ ဒါရိုက်တာကတော့မတူတော့ဘူး။ ဒီကားကတော့ Guy Hamilton လက်ရာပေါ့။ Gold Finger, Live and Let die, Diamonds Are Forever နဲ့ The Man With The Golden Gun တို့လို Bond ရုပ်ရှင် ၄ ကားအပြင် တခြားရုပ်ရှင်ပေါင်းမနည်း ရိုက်ခဲ့တာဆိုတော့ လက်ရာကိုတော့ ပြောစရာလိုမယ်မထင်ဘူး။ ဒါကတော့ သူ့ရဲ့လက်ရာကောင်း တခုပေါ့။ Sequel လို့ဆိုပေမဲ့ ပထမကားနဲ့‌ ပြန်ချိတ်ထားတာတွေ အများကြီးမရှိဘဲ သူ့ထုံးစံအတိုင်း ဇာတ်လမ်းကို အေးအေး ငြိမ့်ငြိမ့်ပဲသွားထားတယ်။ ဇာတ်ကြောင်းကတော့ ဘာလင်တံတိုင်းခတ်ထားတဲ့ကာလမှာ အရှေ့ဘာလင်ရဲ့ ဗိုလ်မှူးကြီးစတော့ခ်က ဘက်ပြောင်းချင်ကြောင်း ဗြိတိသျှဘက်ကိုအကြောင်းကြားလာတယ်။ သူ့ကိုကယ်ထုတ်ဖို့အတွက် ဟယ်ရီဟာ ဘာလင်ကိုခရီးဆက်ရတယ်။ အဲဒီအချိန်မှာ ဘာလင်တံတိုင်းကိုကျော်ပြီးထွက်ပြေးတဲ့အမှုတွေ အတော်များများဖြစ်နေတယ်။ အဲဒီကိစ္စအတွက် ဟယ်ရီတို့ ခေါ်ထုတ်ရမယ့် ဗိုလ်မှူးကြီးစတော့ခ်က အကြပ်ရိုက်နေတာပေါ့။ အဲဒီလို လွတ်မြောက်မှုတွေကြောင့် သူတို့ရဲ့ ဌာနကလည်းစောင့်ကြည့်ခံနေရပြီ၊ သူကလည်းစောင့်ကြည့်ခံနေရပြီ။ ဒါကြောင့် သူက သူထွက်တဲ့အချိန်မှာတော့ လုံးဝ ပြီးပြည့်စုံတဲ့ အစီအစဉ်ပဲဖြစ်ချင်တယ်။ အဲဒီလို လူတွေ ခဏခဏ လွတ်သွားတဲ့ကိစ္စတွေကို နောက်ကွယ်က စီစဉ်ပေးနေတဲ့ ခရိုက်ဇ်မန်းဆိုတဲ့ လူတယောက်ရှိတယ်။ ဗိုလ်မှူးကြီးစတော့ခ်ကလည်း သူ့အစီအစဉ်ကို အမှားအယွင်းမဖြစ်ချင်တဲ့အတွက် သိပ်တော်ပါတယ်ဆိုတဲ့ ခရိုက်ဇ်မန်းကို ဟယ်ရီကတဆင့် ဈေးညှိပြီး အစီအစဉ်ဆွဲခိုင်းတယ်။ အစီအစဉ်အရ လူနာမည်ကိုပြောင်းဖို့ စာရွက်စာတမ်းတွေထုတ်ရတယ်ဆိုတော့ သေဆုံးသွားပြီဖြစ်တဲ့ ပေါလ်လူဝီဘရူးမ်ဆိုတဲ့လူရဲ့ စာရွက်စာတမ်းတွေကို သုံးကြမယ်ပေါ့။ လူသေကို အသက်ပြန်သွင်းတဲ့သဘောမျိုးပဲ။ ဒါပေမဲ့ အဲဒီ ပေါလ်လူဝီဘရူးမ်ဆိုတဲ့လူရဲ့ စာရွက်စာတမ်းတွေကို လိုက်နေတဲ့ လူတွေ ရှိနေတယ်။ ဘာကြောင့်လိုက်နေရတာလဲ၊ အဲဒီစာရွက်စာတမ်းကကော ဘာအရေးပါလို့လဲ၊ ဘာလင်တံတိုင်းကို ခိုးဖြတ်မယ့်ကိစ္စကကော အောင်မြင်ပါ့မလား။ ရုပ်ရှင်ရဲ့ နာမည် “ဘာလင်က ဈာပန” ဆိုတာ ဘာကိုရည်ညွှန်းသလဲ။ ဒါတွေကို အဖြေထုတ်မယ့်အပြင် အချင်းချင်း ပတ်လှည့်စားပြီး မြိုင်မြိုင်ကြီး ကွက်ကျော်တွေရိုက်ကြမယ့် ရုပ်ရှင်ပါ။ ဒါရိုက်တာ Guy Hamilton ဆိုတာ အရင်က သူလျှိုဖြစ်ခဲ့ဖူးတော့ သူ့ရဲ့အတွေ့အကြုံတွေနဲ့ ယှဉ်ပြီး ဒိုင်ယာလော့ဂ်တွေကို ထပ်ဖြည့်ရေးထားတယ်လို့ Sir Michael Caine ကလည်း အင်တာဗျူးတခုမှာဖြေထားတယ်။ အဲဒါကြောင့် ဒိုင်ယာလော့ဂ်တွေဟာ လေယူလေသိမ်းကအစ လက်တွေ့ဆန်တယ်။ ရုပ်ရှင်ကို ရိုက်ကူးခဲ့တာကလည်း ဘာလင်မှာပါပဲ။ ရုပ်ရှင်ရိုက်နေရင်းတောင် အရှေ့ဘာလင် အစောင့်စစ်သားတွေက ကင်မရာတွေကို မှန်နဲ့ မီးလှမ်းလှမ်းထိုးပြီး နှောက်ယှက်ကြတယ်လို့ပြောတယ်။ မင်းသမီးအဖြစ်ပါတဲ့ Eva Renzi ကလည်း ဒါရိုက်တာကို ဟိုလိုရိုက်၊ ဒီလိုရိုက် ဘာညာ ဆရာကြီးလုပ်လွန်းလို့ ဒါရိုက်တာတောင် ရုပ်ရှင်မပြီးခင် ဆက်မရိုက်ချင်စိတ်ပေါက်ပါတယ်တဲ့။ ဒါတွေကတော့ ရိုက်ကွင်းအခက်အခဲလေးတွေပေါ့လေ။ စပိုင်ကားကြိုက်တဲ့လူတွေအတွက်တော့ လက်မလွှတ်သင့်တဲ့ ရုပ်ရှင်မျိုးပါပဲ။ ဒီရုပ်ရှင်မှာလည်း Sequel အနေနဲ့ Billion Dollar Brain (1967) ထပ်ထွက်ထားပါတယ်။ တစ်နှစ်တစ်ကားရိုက်ပြီး ကွာလတီမြင့်နေတာကတော့ အတော်ကိုလက်ဖျားခါလောက်စရာအချက်ပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို Min Thant Bo မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.1GB, 885MB Quality – 1080p, 720p IMDb Rating – 6.8/10 Format – mp4 Duration – 1H 42Min Genre – Thriller Subtitle – Myanmar Subtitle (Hardsub) Translated by Min Thant Bo Encoded by Y

Drama • Romance
6.8 1966 102 mins
Funeral in Berlin
Fukrey 3
7.7

Fukrey 3 (2023) “ဆန်ကုန်မြေ‌လေးများအဖွဲ့” IMDb – 7.7/10 ဒီတစ်ခါမှာတော့ Fukrey ရဲ့ တတိယမြောက်ဇာတ်ကားလေးကို တင်ဆက်ပေးလိုက်ပါတယ်။ အရင် ဇာတ်လမ်းတွေအတိုင်းပဲ သူငယ်ချင်းလေးယောက် ဘယ်လိုတွေ ဗရမ်းဗတာလုပ်ကြဦးမလဲဆိုတာကို မြင်တွေ့ရမှာပါ။ ဒီဇာတ်ကားမှာတော့ သူငယ်ချင်းလေးယောက်ဟာ စတိုးဆိုင်လေးဖွင့်ထားရင်းနဲ့ပဲ ဘိုလီရဲ့ ရေအရင်းအမြစ်ဝန်ကြီး လုပ်မယ့်ကိစ္စမှာ ပံ့ပိုးဖို့ ဖြစ်လာခဲ့ပါတယ်။ ဘိုလာဟာ အာဏာရှိတဲ့အရသာကို မြည်းစမ်းမိရင်းနဲ့ တကယ့်ကို အာဏာရှိတဲ့ ဝန်ကြီးတစ်ယောက်ဖြစ်ဖို့အတွက်နဲ့ ပြည်သူလူထုအပေါ်မှာလည်း မဖြစ်နိုင်တာတွေ ကတိပေး တစ်ဖက်မှာလည်း ရေနံဂိုဏ်းမာဖီးယားတွေနဲ့ အဆက်အသွယ်လုပ်ရင်းနဲ့ပဲ ဘိုလီရဲ့ ဝန်ကြီးဖြစ်အောင် လုပ်မယ့်လမ်းမှာ သူငယ်ချင်းလေးယောက် ဘယ်လိုတလွဲတွေလုပ်ကြဦးမလဲ ဆိုတာကို ဟာသ‌‌လေးတွေနဲ့ ရယ်ရင်းမောရင်း မှုခင်းပိုင်းလေးတွေနဲ့ တွဲပြီးတော့ ကြည့်ရှုရမယ့် ဇာတ်ကားလေးပဲဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team ပဲ ဖြစ်ပါတယ်) ( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >>https://t.me/cmbollywood )

7.7 2023
Fukrey 3
Suze

The American Society of Magical Negroes, Tiny Beautiful Things, You Hurt My Feelings, Robot Chicken, Family Guyတို့လို လူကြိုက်များတဲ့ ရုပ်ရှင်စီးရီးတွေမှာ ပါဝင်သရုပ်ဆောင်ဖူးတဲ့ ဝါရင့်သရုပ်ဆောင် Michaela Watkinsနဲ့ Julie and the Phantoms,Speed Kills, Runt, Love You Anyway, The Rest of Usတို့ရဲ သရုပ်ဆောင်ဖြစ်တဲ့ Charlie Gillespieတို့ ၂ယောက်သား chemistry မိမိ သရုပ်ဆောင်ထားတာကို ကြည့်ရှု့ရမှာဖြစ်ပါတယ်။ IMDb 6.7 ရရှိထားပြီး Audience Score ကလည်း 91%ထိ ရရှိထားပါတယ်။ ဆုလည်း ၂ခု ဆုခူးထားအပြင် nominations ၂ခုလည်း ဝင်တဲ့အထိ အောင်မြင်ခဲ့တဲ့ comedy အမျိုးစား ရုပ်ရှင်လေးဖြစ်ပါတယ်။ ဆူဆန်ဆိုတဲ့ အမျိုးသမီးကတော့ ခင်ပွန်းဖောက်ပြန်သွားပြီးနောက်မှာ ဘရွတ်လာဆန်လို့ခေါ်တဲ့ သမီးလေးကို ကိုယ်တိုင်စောင့်ရှောက်ပျိုးထောင်လာခဲ့တာဖြစ်ပါတယ်။ ဆူဆန်ရဲ့ဘဝကြီးထဲမှာ သမီးလေး ဘရွတ် တစ်ယောက်တည်းကိုပဲ ဦးစားပေးလာခဲ့တာပါ။ ဂေ့ခ်ျကတော့ ဘရွတ်ရဲ့ရည်းစားပါ။ ဒီလိုနဲ့ ဘရွတ်က အထက်တန်းအောင်ပြီး သူရဲ့ အမေရော ဂေ့ခ်ျရောကိုပါ ထားခဲ့ပြီး တက္ကသိုလ်တက်ဖို့ဖြစ်လာပါတော့တယ်။ ဂေ့ခ်ျကတော့ အထက်တန်းကို ကျကျန်ခဲ့ပါတယ်။ ဘရွတ် တစ်ယောက် တက္ကသိုလ် သွားတက်တော့ ဂေ့ခ်ျ တစ်ယောက်ကို ဖြတ်ပါတော့တယ်။ ဒီလိုနဲ့ စော်ပစ်ခံလိုက်ရတဲ့ ဂေ့ခ်ျ တစ်ယောက်က သတ်သေမယ် ဘာညာတွေဖြစ်လာလို့ ဆူဆန်က ဂေ့ခ်ျအဖေ မရှိခိုက်မှာ စောင့်ရှောက်ဖို့ဖြစ်လာပါတော့တယ်။ ဆူဆန်နဲ့ ဂေ့ခ်ျတို့ ၂ယောက် ထားခံခဲ့ရတဲ့ခံစားချက်ကို ဘယ်လိုရင်ဆိုင်ကြမလဲ၊ ဘယ်လိုပြဿနာတွေတက်မလဲ၊ ထားခံခဲ့ရတဲ့ ၂ယောက်သား ဘယ်လိုဖေးမကြမလဲ၊ ၂ယောက်သား ဘယ်လိုတွေ ပြဿနာတက်ပြီး ဘယ်လိုတွေ အတူတူဖြေရှင်းကြမလဲဆိုတာကို ဟာသလေးတွေနဲ့ နှောပြီးကြည့်ရှု့ရမှာဖြစ်ပါတယ်။ ဒီရုပ်ရှင်ကို ထားခံခဲ့ရတဲ့လူတွေ၊ ကိုယ့်ကိုယ်ကို တန်ဖိုးမရှိဘူးလို့ ခံစားနေရတဲ့လူတွေ၊ အထီးကျန်နေတဲ့ လူတွေ ကြည့်မယ်ဆိုရင် အရမ်းကိုက်ညီတဲ့ ရုပ်ရှင်ဖြစ်မှာပါ။ ဆွေးမြေ့ရမယ့် ဇာတ်လမ်းမျိုး မဟုတ်တော့ အားတက်ချင်တဲ့လူတွေ ကြည့်ရှု့ဖို့ပိုပြီးသင့်တော်ပါတယ်။ ဒီလိုမှ မဟုတ်လည်း ဒီအတိုင်း အပျော်ကြည့်မယ်ဆိုရင်လည်း ဇာတ်လမ်းက စိတ်ဝင်စားဖို့ကောင်းပြီး ကြည့်ပျော်တဲ့ရုပ်ရှင်လေးပါလို့ ပြောချင်ပါတယ်ခင်ဗျာ။ အညွှန်းနဲ့ဘာသာပြန်သူက Minn Khant Kyi Win ဖြစ်ပါတယ်။ File size…(1.2 GB)/(643 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:33:00 Genre…Comedy,Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Min Khant Kyi Win

0 2023
Suze
Happy Ghost 4
5.7

1990 ခုနှစ်က ထွက်ရှိခဲ့တဲ့ Happy Ghost 4 ဖြစ်ပါတယ်.. အရှေ့က ၃ ကားကိုလဲ တင်ဆက်ပေးခဲ့ပြီးပြီပဲဖြစ်ပါတယ် Happy Ghost Link စုစည်းမှုကိုဒီမှာရှာနိုင်ပါတယ် ဒီကားက Happy Ghost 3 အနောက်က ထွက်ခဲ့တယ်ဆိုပေမယ့် ဇာတ်လမ်းဇာတ်ကွက်တွေ ဘာမှဆက်စပ်မှုမရှိပါဘူး. အကြောင်းအရာသီးသန့်သာဖြစ်ပါတယ်… အရှေ့တုန်းက ထွက်ခဲ့တဲ့ ၁ , ၂ , ၃ ကလည်းမင်းသားပဲတူပြီး ဇာတ်လမ်းဇာတ်ကွက်တူညီခြင်းမရှိလို့ ကြည့်ရတာ ကြောင်တောင်တောင်ဖြစ်နေမှာမဟုတ်ပါဘူး အရင်အပိုင်းတွေရဲ့ ဇာတ်လမ်းအကျဉ်းကို ပြောရမယ်ဆိုရင် ချင်မင်းဆက်ခေတ်တုန်းက လူတစ်ယောက်က ပညာရှိစာမေးပွဲကို အကြိမ်ကြိမ်ဖြေဆိုခဲ့ပေမယ့် အောင်မြင်ခြင်းမရှိပဲ..နောက်ဆုံးမှာ သူ့မိန်းမကိုယ်တိုင်က ထားရစ်ခဲ့လည်း စိတ်ကျရောဂါဖြစ်ပြီးတဲ့နောက် ဘုရားကျောင်းပျက်ထဲမှာ ကိုယ့်ကိုယ်ကိုယ် ဆွဲကြိုးချ သတ်သေခဲ့ပါတယ်လူပြန်ဝင်စားခွင့်မရပဲနဲ့ ကြိုးပေါ်မှာပဲ တွယ်ကပ်နေခဲ့ပါတယ်တစ်နေ့မှာ မြို့က ကျောင်းသားအဖွဲ့တစ်ဖွဲ့လာရောက်အပန်းဖြေရာကနေ ကြိုးကိုသယ်ဆောင်သွားပြီး Happy Ghost က မြို့ကို ရောက်ရှိသွားပါတယ် ကျောင်းသားအဖွဲ့ကကောင်မလေးတွေနဲ့ သိရှိပြီး ဘဝရဲ့ အဓိပ္ပါယ်တွေကို သေချာစွာ နားလည်သင်ယူနိုင်ခဲ့လို့ လူပြန်ဝင်စားခွင့်ရရှိခဲ့ပါတယ် ဒါက အပိုင်း ၁ ပါ.. အပိုင်း ၂ ကနေ ၄ အထိက လူပြန်ဝင်စားပေမယ့် Happy Ghost က ပြန်ဝင်စားတဲ့လူရဲ့ ကိုယ်စောင့်နတ်အဖြစ်နဲ့ ဆက်ပြီးရှိနေတဲ့အကြောင်းတွေပါ…….. ဒီနံပါတ်လေးရဲ့ ဇာတ်လမ်းအကျဉ်းကတော့ Happy Ghostရဲ့ကူညီပေမယ့် အလွဲလွဲအချော်ချော်ဖြစ်နေတာကြောင့် လက်ရှိဘဝကအားကွေ့ဟာတော်တော်စိတ်ညစ်နေရပါပြီ။ အဲဒါကြောင့် သူ့ရဲ့အရင်ဘဝအစောင့်အရှောက်သရဲHappy Ghostကို အမြန်ထွက်သွားစေချင်နေလှပြီ။ အဲဒီလိုနဲ့အရင်ဘဝကကောင်းမှုတွေ အရမ်းလုပ်ခဲ့တာကြောင့် ဘုရားဖြစ်တော့မှာဖြစ်လို့ထွက်သွားရတော့မယ့်အချိန်မှာမှ မကျွတ်မလွတ်သရဲတစ်ကောင်ကရန်ညှိုးထားပြီး အားကွေ့ရဲ့ကောင်မလေးကိုလိုက်သတ်တဲ့အတွက် ပြန်လာပြီး ကယ်ရပါပြန်ပါတော့တယ်။ အဲဒါအပြင် ရည်းစားလုဘက်ရဲ့တပည့်ကလဲ အားကွေ့ကိုသတ်ဖို့ကြိုးစားနေတော့ အလွဲလွဲအချော်ချော်နဲ့ အန္တရာယ်တွေကိုဘယ်လိုဖြေရှင်းမလဲဆိုတာ အားလုံးပဲဆက်ကြည့်လိုက်ပါဦးနော်။ Happy Ghostဆိုတဲ့အတိုင်း အားလုံးကိုပျော်ရွှင်စေနိုင်မှာသေချာပါတယ်။

5.7 1990 88 mins
Happy Ghost 4
Golden Kamuy
6.9

ဂျပန် နာမည်ကြီး ကာတွန်းစီးရီး Golden Kamuy ကို ရုပ်ရှင်အဖြစ် ပြန်ရိုက်ထားတဲ့ ဇာတ်ကားအသစ်ထွက်ပါပြီ။ High and Low ရုပ်ရှင်တွေရဲ့ ဒါရိုက်တာကြီး Shigeaki Kubo ပဲရိုက်ကူးထားတာ ဖြစ်ပါတယ်။ အက်ရှင် စွန့်စားခန်း အမျိုးအစားပါပဲ။ ဇာတ်လမ်းအကျဉ်း ************** ဟော့ကိုင်ဒိုနယ်မြေရဲ့ ကိုင်နူလူမျိုးတွေဟာ ရွှေ ကန် ၂၀၀၀၀ ကျော် ( ကီလို ၇၀၀၀၀ ကျော်) ကို ဂျပန်နယ်ချဲ့တွေလက်က ကာကွယ်ဖို့ စုစည်းထားချိန်မှာပဲ ကိုင်နူလူမျိုးတစ်ယောက်က အားလုံးကို သစ္စာဖောက်ပြီး ရွှေတွေကို လုသွားပါတယ်။ အဲဒီရွှေတွေကို ဖွက်ထားပြီး ဂျပန်တပ်ဆီမှာ အဖမ်းခံလိုက်ရပြီး ထောင်ထဲရောက် သွားပါတယ်။ အဲဒီထောင်ထဲမှာပဲ ရွှေတွေရဲ့မြေပုံကို လူ ၂၄ ယောက်ရဲ့ ကိုယ်ပေါ်မှာ ဆေးမှင်ကြောင်ထိုးပေးလိုက်ပြီး ထောင်က ထွက်ပြေး ခိုင်းလိုက်ပါတယ်။ ဒီတော့ လူ ၂၄ ယောက်လုံးရဲ့ ဆေးမှင်ကြောင်တွေကိုစုစည်းနိုင်တဲ့ သူက နိုင်ငံအသစ်ကြီးထောင်နိုင်လောက်အောင် များတဲ့ရွှေတွေကို ပိုင်မှာဖြစ်တာကြောင့် ဂျပန်ရဲ့ တပ်ဖွဲ့-၇ ကရော အခြားရည်ရွယ်ချက်နဲ့ သူတွေကရော ဆေးမှင်ကြောင်သမားတွေကိုလိုက်ရှာပါတော့တယ်။ ဆေးမှင်ကြောင်သမားအချင်းချင်းကလည်း လည်သူစားစတမ်း လုနေကြတာမို့ အဲဒီအရှုပ်တော်ပုံထဲကို ရွှေတွေလိုက်ရှာနေတဲ့ တပ်သားဟောင်းလေးတစ်ယောက်နဲ့ အိုင်နူမိန်းကလေးတစ်ယောက်တို့ ကြားညပ်သွားတဲ့အခါ… File size…2.97GB / 1.33GB Quality…NF WEB-DL 1080p 5.1CH / 720p Format…mp4 Duration….2h 7m Genre ….. Action , Adventure , History Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Mr.Anderson

Horror • Thriller
6.9 2024
Golden Kamuy
One Night at School
5

ဒီကားကတော့ တရုတ်ဟာသကားလေးပါ ဟောင်ကောင်က ကျောင်းအပျက်ကြီးကို ဇာတ်အိမ်တည်ပြိး ရိုက်ကူးထားတာပါ ဖြစ်ပုံကတော့ ဒီလိုပါ… ကောင်မလေး၅ယောက်အဖွဲ့တစ်ဖွဲ့က အဲ့ကျောင်းပျက်ကြီးထဲကို လာပြီး Live stream လွင့်ဖို့ လုပ်ကြတယ် လူဆိုးဂိမ်းတစ်ခုကလည်း ပုန်းဖို့ နေရာရှာရင်း ကျောင်းပျက်က သူတို့ စခန်းချဖို့ အကောင်းဆုံးဆိုပြီး ရောက်လာကြတယ် အလောင်းဖျောက်အဖွဲ့ကလည်း အလောင်းဖွက်ဖို့ အကောင်းဆုံးနေရာဆိုပြီး အလောင်းလာဖွက်ကြတယ် အဲ့လိုနဲ့ အကုန်လုံးဆုံကုန်တာတွေကို ဟာသနှောပြီး ရိုက်ကူးထားတာပါ File size_(1.7GB)/(880MB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_01:50:00 Genre_Comedy Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by Bi

5 2023
One Night at School
[18+] Ungol

(18+) Ungol (2024) ဂျင်က မိဘမဲ့မျက်မမြင်ကောင်မလေးတစ်ယောက်ဖြစ်‌ပြီး ရွာစွန်မှာတစ်ယောက်တည်း အိမ်တစ်လုံးနဲ့နေပါတယ်။ သူ့ရဲ့အဓိကစီးပွားရေးကတော့ အိမ်ထဲကအခန်းတစ်ခန်းကို ချိန်းတွေ့ဖို့နေရာမရှိတဲ့ အတွဲတွေဆီ ဆက်ရှင်ကြေးနဲ့ငှားစားတာပါပဲ။ ဒါ့အပြင် သူ့ကိုတစ်ဖက်သတ်ကြီတ်ကြိုက်နေတဲ့ ငယ်သူငယ်ချင်းခါးပိုက်နှိုက်ကောင်လေး အာဘတ်ကနှိုက်ရာပါပစ္စည်းလေးတွေကို သူ့လက်ထဲထည့်လေ့ရှိတော့ သူ့ဘ၀က စုမိဆောင်းမိလို့တောင်ပြောလို့ရပါတယ်။ တစ်နေ့တော့ သူတို့ဆီမှာလာချိန်းတွေ့တဲ့ အတွဲတစ်တွဲရဲ့အမျိုးသားဆီက ညည်းသံတွေကို ဂျင်တစ်ယောက်စွဲလန်းပြီး ရမ္မက်ထန်လာချိန်မှာတော့ တစ်ဖက်သတ်ချစ်ရတဲ့ အာဘတ်၊ ဂျင် နဲ့ ဖောက်သည်အမျိုးသားတို့ကြား ဘယ်လိုစခန်းသွားကြမလဲဆိုတာ ဆက်လက်ရှုစားကြပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Alias ဖြစ်ပါတယ်။) File size…(930 MB) / (400 MB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Drama Duration….01:01:26 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Alias

0 2024 60 mins
[18+] Ungol
Kannai Nambathe
5.8

Kannai Nambathey 2023 (ကိုယ့်မျက်လုံးကို မယုံပါနဲ့) နီဇယ်ပရဟိတကျောင်းမှာ ကလေးငယ်လေးတွေကို ဂရုစိုက်ပေးနေတဲ့ အမျိုးသမီးကြီးတစ်ယောက်၊ ကလေးလေးတွေကြားထဲမှာမှ အသက်၇နှစ်အရွယ် ကောင်မလေးတစ်ယောက်လည်းရှိနေပါတယ်။ ဒီကောင်မလေးကတော့ အမျိုးသမီးကြီးဟာ ကလေးငယ်ငယ်လေးတွေကိုပဲ ဂရုစိုက်နေတဲ့အတွက် မနာလိုဖြစ်နေပြီးတော့ သူ့ရဲ့ ၇နှစ်ပြည့်မွေးနေ့မှာ ကိတ်မုန့်ထဲ ဆေးခတ်ပြီး ကလေးတွေကို စားစေလိုက်တဲ့အတွက် ကလေးတွေ အစာအဆိပ်သင့်သွားတဲ့ မြင်ကွင်းနဲ့ စတင်ထားပါတယ်။ အာရွန်ဆိုတဲ့ ကောင်လေးတစ်ယောက်၊ အိမ်ကနေ နှင်ချခံလိုက်ရတဲ့အတွက် အိမ်အငှားလိုက်ရှာရင်းကနေ သူကြိုက်နေတဲ့ကောင်မလေး ဒီဗယာတို့အိမ်မှာ တိုက်တိုက်ဆိုင်ဆိုင်အိမ်ငှားလိုအပ်နေတာကိုတွေ့သွားပါတော့တယ်။ ဒါပေမဲ့လည်း ဒီအိမ်မှာ လူပျိုတစ်ယောက်တည်းကို မငှားဘူးလို့ဆိုလာတာကြောင့် ဇာတိမြေက မိခင်ဖြစ်သူ မကြာခင် လိုက်လာမှာပါလို့ လိမ်ပြီး ငှားနေလိုက်ပါတော့တယ်။ ဒီလိုနဲ့ အာရွန်နဲ့ ဒီဗယာတို့ရဲ့ အချစ်ခရီးလမ်းလေး စတင်ခဲ့ပါတယ်။ ဒါပေမဲ့လည်း အချိန်နည်းနည်းကြာတဲ့အထိ မွေးရပ်မြေက မိခင်ဆိုသူ ရောက်မလာတဲ့အခါမှာတော့ လိမ်ထားတာတွေ ပေါ်ကုန်ပြီး အိမ်ကနေ ဆင်းပေးရပါတော့တယ်။ ဒီလိုနဲ့ နောက်ထပ် အိမ်ငှားလိုက်ရှာရင်း တိုင်ပတ်ပြန်ပါတော့တယ်။ ခက်ခက်ခဲခဲနဲ့ အိမ်ငှားရှာတွေ့ပြန်တော့လည်း အခန်းဖော်နဲ့အတူ ငှားနေရမယ့်အခန်းဖြစ်နေပြန်ပါတယ်။ သို့ပေမဲ့လည်း အသက်အရွယ်မကွာတဲ့အတွက် မြန်မြန်ပဲ ရင်းနှီးမှုရရှိခဲ့ပါတော့တယ်။ ဒီလိုနဲ့ အာရွန်နဲ့ ဒီဗယာတို့ရဲ့ အချစ်ဇာတ်လမ်းက ဘယ်လို ဆက်ဖြစ်လာမလဲ ….. အာရွန်တစ်ယောက် ရာဇဝတ်မှုတွေနဲ့ ဘယ်လို ဆက်စပ်မိသွားမှာလဲ ……. အာရွန်ရဲ့ အခန်းဖော်ကရော လူကောင်းပဲလား ….. ကလေးတွေကို ဆေးခတ်လိုက်တဲ့ ကောင်မလေးကရော ဘယ်သူလဲ ….. ဆိုတာတွေကို ကြည့်ရှုရမယ့် မှုခင်းဇာတ်လမ်းကောင်းလေးတစ်ပုဒ်ဖြစ်ပါတယ်။ (အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team ပဲဖြစ်ပါတယ်)

Science Fiction • Comedy • Romance
5.8 2023 133 mins
Kannai Nambathe
[18+] The Pursuit of Lust 3
5

The Pursuit of Lust 3 (2025) “The Pursuit of Lust” ဟာနာမည်အတိုင်းပဲ ရမ္မက်နွံမှာနစ်ကျွံကြတဲ့ လူသားတွေအကြောင်း၊သူတို့ကို ဒီလိုဖြစ်လာအောင်တွန်းပို့ခဲ့တဲ့အခြေအနေတွေ၊ သူတို့ရဲ့မွန်းကျပ်မှု စိတ္တဇတွေ ကို ပတ်ဝန်းကျင်မှာမြင်နေကျ ကြားနေကျ ဖြစ်စဉ်တွေအတိုင်းရိုက်ပြထားတဲ့ ဇာတ်ကားတွေဖြစ်ပါတယ်။ ရှားရှားပါးပါးမြင်ရခဲ့တဲ့ မွန်ဂိုလီယာနိုင်ငံထုတ်ကားဖြစ်ပြီး Vivamax ကဖြန့်ပေးထားတာပါ။အလုပ်ကိုဦးစားပေးလွန်းပြီး ဇနီးသည်ကိုလှည့်မကြည့်နိုင်တဲ့ ခင်ပွန်းသည်၊ အိမ်မှာတစ်ယောက်တည်းအထီးကျန်နေပြီး၊ ဥပေက္ခာတွေနဲ့နေသားကျနေတဲ့ အိမ်ထောင်ရှင်မတစ်ယောက်၊ နီးစပ်ရာမှာထွက်ပေါက်ရှာမိတဲ့အဖြစ်တွေကိုနောက်ခံအခြေအနေအမျိုးမျိုးတွေနဲ့တွေ့မြင်ရမှာဖြစ်ပါတယ်။ခံစားကြည့်ကြပါဦး။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Alias ဖြစ်ပါတယ်။) File size… ( 410 MB) / ( 220 MB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Drama Duration….00:36:41 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Alias

Family • Adventure • Comedy • Drama
5 2025
[18+] The Pursuit of Lust 3
K-19: The Widowmaker
6.7

K-19: The Widowmaker (2002) IMDb Rating (6.7) ဒိတ်ဒိတ်ကြဲမင်းသားကြီးတွေဖြစ်တဲ့ Harrison Ford နဲ့ Liam Neeson တို့ ဦးဆောင်ပါဝင်ထားတဲ့ ဖြစ်ရပ်မှန်ရုပ်ရှင်ကားကြီးဖြစ်ပါတယ်။ ၁၉၆၁ မှာ ဆိုဗီယက်ယူနီယံဟာ အမေရိကန်နဲ့ဉရောပကို စစ်အင်အားပြဖို့နဲ့ အာတိတ်သမုဒ္ဒရာထဲ ဒုံးကျည်စမ်းသပ်ဖို့ဆိုပြီး K-19 ဆိုတဲ့ နျူကလီးယားရေငုပ်သင်္ဘောတစင်းကို ရေချလိုက်ပါတယ်။ ဒါပေမယ့် သင်္ဘောက အဆင်သင့်မဖြစ်သေးဘဲ ပြဿနာတွေ အများကြီးနဲ့ အစောတလျင်စမ်းသပ်စေခဲ့တာဖြစ်ပါတယ်။ K-19 ကို ကပ္ပတိန် ဗော့စထရီကော့ဖ် (Harrison Ford) နဲ့ ဒုကပ္ပတိန် ပိုလီနင် (Liam Neeson) တို့ ဦးစီးဖို့ တာဝန်ပေးခြင်းခံရပါတယ်။ သင်္ဘောဟာ အဆင်သင့်မဖြစ်သေးတာနဲ့အညီ ရေလယ်ကောင်မှာ နျူကလီးယား ဓာတ်ပေါင်းဖိုယိုစိမ့်မှုဖြစ်ပြီး အခန့်မသင့်လို့ ပေါက်ကွဲခဲ့ရင် ကမ္ဘာ့စစ်ပွဲတောင် ဖြစ်သွားနိုင်တဲ့အနေအထားဖြစ်လာပါတော့တယ်။ ဒီလိုအချိန်အခါမှာ ဓာတ်ရောင်ခြည်အကာအကွယ်ဝတ်စုံမရှိတဲ့ကြားက ကပ္ပတိန်နဲ့ သင်္ဘောသားရဲဘော်ရဲဘက်တွေ နျူကလီးယားယိုစိမ့်မှုကြီးကို ဘယ်လို စွန့်စားပြီး ပြင်ဆင်ကြမလဲ ခက်ခဲကြမ်းတမ်းတဲ့ ဆုံးဖြတ်ချက်တွေကို ဗော့စထရီကော့ဖ်နဲ့ ပိုလီနင်တို့ ဘယ်လို စွန့်လွှတ်စွန့်စား ဆုံးဖြတ်သွားကြမလဲဆိုတာ….။ K-19 ဖြစ်ရပ်မှန်ကို ဆိုဗီယက်ဖက်က လုံးဝဖုံးကွယ်ထားခဲ့တာမလို့ အဲ့ဒီတုန်းက ကမ္ဘာကြီးအနေနဲ့ ဒီအကြောင်းတွေကို မသိခဲ့ကြရဘဲ ဆိုဗီယက်ယူနီယံပြိုကွဲတော့မှသာ အံ့ဩဘနန်း သိခဲ့ကြရတာဖြစ်ပါတယ်။

Drama • Comedy
6.7 2002 138 mins
K-19: The Widowmaker
Pangolin: Kulu’s Journey
7.5

“Pangolin: Kulu’s Journey” (2025) IMDb (7.6/10) ====================================================================== Pangolin: Kulu’s Journey ဇာတ်ကားလေးက အော့စကာဆုရ ဒါရိုက်တာ Pippa Ehrlich ရိုက်ကူးခဲ့တဲ့ သဘာဝမှတ်တမ်းရုပ်ရှင်ဇာတ်ကား‌လေးပဲ ဖြစ်ပါတယ်။ Pippa Ehrlich က My Octopus Teacher ဇာတ်ကားနဲ့ အကောင်းဆုံး မှတ်တမ်းရုပ်ရှင်အကယ်ဒမီဆုရရှိထားသူပါ။ အခု ၂၀၂၅မှာ ထွက်ရှိခဲ့တဲ့ သူမရဲ့ Pangolin: Kulu’s Journey ရုပ်ရှင်ကားကလည်း သဘာဝမှတ်တမ်းရုပ်ရှင်ကားဖြစ်ပြီး IMDb 7.6 အထိရရှိထားတာကြောင့် လက်မလွှတ်သင့်တဲ့ ကားကောင်းလေးတစ်ကားပါ။ ဒိုင်နိုဆောခေတ်ကတည်းက တည်ရှိခဲ့တဲ့ ရှားပါးသင်းခွေချပ်တွေမှာ သူတို့ရဲ့ကြေးခွံနဲ့ အသားက ဆေးဖက်ဝင်တာကြောင့် တရားမဝင်ရောင်းဝယ်မှုတွေမြင့်မားလာခဲ့ပြီး လက်ရှိမှာ မျိုးတုန်းတော့မယ့် ရှားပါးမျိုးစိတ်တွေဖြစ်နေပါတယ်။ ဇာတ်လမ်းလေးကတော့ တရားမဝင်ရောင်းဝယ်တဲ့ သူတွေလက်ထဲမှာရှိနေတဲ့ သင်းခွေချပ်ပေါက်လေးကို တောရိုင်းတိရစ္ဆာန်ကာကွယ်ရေးအဖွဲ့က ကယ်တင်ခဲ့ပြီး တောရိုင်းထဲပြန်မလွှတ်ခင် စေတနာ့ဝန်ထမ်းလေး ဂဲရက်က သင်ခွေချပ် လေးကို ကျန်းမာသန်စွမ်းလာအောင် ဖခင်သကဲ့သို့ ကိုယ်နဲ့မကွာ စောင့်ရှောက်ပေးခဲ့ပုံကို စိတ်ဝင်စားဖွယ် ရိုက်ပြထားတာပဲ ဖြစ်ပါတယ်။ တိရစ္ဆာန်လေးတွေမှာလည်း လူလိုပဲ ထိတ်လန့်လွန်ပြီး ထရာမာရသွားတဲ့ အခိုက်အတန့်လေးတွေ ရှိတတ်တာကြောင့် မှောင်ခိုသမားတွေလက်ထဲမှာ ထရာမာရသွားတဲ့ သင်းခွေချပ်လေးကို စိတ်ပိုင်းဆိုင်ရာပြန်လည်ကျန်းမာအောင် လုပ်ပေးခဲ့ပုံကလည်း ပညာယူစရာ ကောင်းလှပါတယ်။ တောင်အာဖရိကမှာ ရိုက်ကူးထားတာကြောင့် ရှုခင်းတွေလှပတာကိုလည်း ဝေဖန်ရေးသမားတွေက ချီးကျူးထားကြပါသေးတယ်။ ဇာတ်ကားက မှတ်တမ်းရုပ်ရှင်ဖြစ်တာကြောင့် ဒါတွေအားလုံးကတော့ ဖြစ်ရပ်မှန်တွေပဲဖြစ်ပါတယ်။ တောရိုင်းတိရစ္ဆာန်တွေရဲ့ စိတ်ဝင်စားဖို့ကောင်းတဲ့ အချက်တွေ၊ လူတွေကြောင့် တိရစ္ဆာန်လေးတွေ ကြုံတွေ့နေရတဲ့ဒုက္ခတွေ၊ ဂဲရက်လို နှလုံးသားလှတဲ့စေတနာ့ဝန်ထမ်းလေးတွေကြောင့် ကိုယ်၊ စိတ်ဒဏ်ရာရနေတဲ့ တိရစ္ဆာန်လေးတွေ ပြန်လည်ကောင်းမွန်လာခဲ့ပုံနှင့် သဘာဝပတ်ဝန်းကျင်နှင့် တောရိုင်းတိရစ္ဆာန်တွေကို ကာကွယ်ပေးဖို့ ဘာကြောင့်လိုအပ်နေလဲဆိုတာတွေကို ကျကျနနဖန်တီးရိုက်ကူးထားတဲ့ မှတ်တမ်းရုပ်ရှင်လေးကြည့်ရင်း လေ့လာလိုက်ကြရအောင်။ File size…2.5 GB / 1.2 GB Quality…WEB DL 1080p HEVC / 720p Format…mkv/mp4 Duration….1h 28min Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Mahaw

Western
7.5 2025 90 mins
Pangolin: Kulu’s Journey
The Killing Fields
7.8

The Killing Fields (1984) IMDb Rating (7.8) / Rotten Tomatoes (93%) ဒီဇာတ်ကားလေးကတော့ 1984 ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ သတင်းထောက် Sydney Schanberg ရဲ့ ကမ္ဘောဒီးယားနိုင်ငံမှာ ကြုံတွေ့ခဲ့ရတဲ့ စစ်ပွဲတွေအကြောင်း ဖြစ်ရပ်မှန်ကို ပြန်လည်ရိုက်ကူးထားတဲ့ ဇာတ်ကားလေးဖြစ်ပါတယ်။ IMDb rating 7.8 အထိရရှိထားပြီး 1985 Oscar ဆုပေးပွဲမှာလည်း ဆု သုံးဆုအထိရရှိခဲ့သလို ဆုတွေအများကြီး ပတ်သိမ်းခဲ့တဲ့ ဇာတ်ကားဆိုလည်း မမှားပါဘူး။ မင်းသားကြီး Sam Waterston နဲ့အတူ ကမ္ဘောဒီးယား သရုပ်ဆောင် Dr Haing S. Ngor တို့ အဓိက ပါဝင်ထားပြီးတော့ ဒါရိုက်တာ Roland Joffé ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း 1970 ပြည့်နှစ်အလွန်ကာလများအတွင်း ကမ္ဘောဒီးယား ပြည်တွင်းစစ်ကာလတွင် The NewYork Times သတင်းထောက်ဖြစ်သူ Sydney Schanberg ဟာ ဒေသခံ သတင်းထောက်ဖြစ်သူ Dith Pran နဲ့အတူ စစ်ပွဲ၏ ကြောက်မက်ဖွယ်ရာများ ကြေကွဲဖွယ်ရာ များကို သတင်းယူနေခဲ့ပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် 1975 ခုနှစ် အရောက်မှာတော့ အမေရိကန်တပ်ဖွဲ့များ ဆုတ်ခွါခဲ့ရတဲ့အခါ Dith Pran က မိသားစုကို လုံခြုံရာကို ပို့ပြီးတော့ Schanberg နဲ့ အတူ ကျန်နေခဲ့ပါတယ်။ သို့သော် ခမာနီတပ်တွေ ဖနွမ်းပင်မြို့ထဲကို ဝင်ရောက်လာတဲ့အခါ Schanberg မှာ ထွက်ခွါခွင့်ရသော်လည်း Dith Pran ဟာ ခမာနီများထံမှာ ဖမ်းဆီးခံခဲ့ရပါတယ်။ Schanberg လည်း အမေရိကန်ကို ပြန်ရောက်ပြီးတဲ့နောက်မှာ Dith Pran ကို မနားမနေ ရှာဖွေခဲ့ရင်း နောက်ဆုံးမှာ သူတို့မိတ်ဆွေနှစ်ယောက် တစ်ယောက်ကိုတစ်ယောက်ပြန်တွေ့သွားမလားဆိုတာ စောင့်ကြည့်ရမယ့် ဇာတ်လမ်းကောင်းလေးဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Nay ဖြစ်ပါတယ်။) File size… (3.2 GB) / (1.5 GB) Quality…. Blu-Ray 1080p HEVC / 720p Format…. mkv/mp4 Genre…. Biography, Drama, History, War Duration…. 02:22:15 Subtitle…. Myanmar Subtitle (Hardsub) Encoder…. Benjamin Translated by Nay

7.8 1984 142 mins
The Killing Fields