YoteShin Drive is below this article. Scroll down to view.

Oppo Reno9 Series will include 4,500mAh battery and Universal Fast Charging

Author: Anonymous Published on: 12 Aug 2022

The Oppo Reno9 series will be announced in November and the information of these smartphones is leaked. China writes the Qualcomm Snapdragon 7 Series in the OppDo Reno9 Series in the Oppo Reno9 Series in the Oppo Reno9 Series. This is the same as Oppo Reno8 Series. Oppo will be one of the Chinese smartphone makers who use the new UFCS (Universal Fast Charging Specification). This charge can support up to 40W. The Reno9 Series will feature a 4,500mAh battery with UFCS support. Other smartphone makers supporting the UFCs are Huawei, Vivo, Xiaomi, and the West includes Angbao Electronics, Lihui Technology, Rockchip and Silicon Power. The Reno9 Series will be everything's every color. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

The Mask Of Zorro [1998] (MM Sub).mp4

1.01 GB N/A video/mp4 1713 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Feast
6.2

ကြမ်းပေ့ရမ်းပေ့ သွေးထွက်စုတ်ပြတ်တဲ့ကားမှ ကြိုက်ပါတယ်ဆိုတဲ့ သူတွေအတွက် Feastဆိုတဲ့ဇာတ်ကားကို တင်ဆက်ပေးလိုက်ပါပြီ။ ဇာတ်လမ်းတစ်ခုလုံး နီဗားဒါးမှာရှိတဲ့ အရက်ဆိုင်တစ်ခုအတွင်းမှာတင် ဖြစ်ပျက်သွားတာပါ။ အရက်လာသောက်သူတွေဟာ သာမာန်နေ့တွေလိုပဲ သောက်စားပျော်ပါးနေကြရင်းနဲ့ ဟီးရိုးဆိုတဲ့လူတစ်ယောက် ရောက်လာပြီး အပြင်မှာမကောင်းဆိုးဝါးတွေ ရှိနေပြီလို့ လာပြောပြခဲ့ပါတယ်။ မကောင်းဆိုးဝါးတွေဟာ လျှင်မြန်ရုံတင်မက ရွံစရာကောင်းပြီး အင်မတန်ကို ဆာလောင်နေကြတာပါ။ ဒီလိုမကောင်းဆိုးဝါးတွေက အရက်ဆိုင်ဆီ မဖိတ်ခေါ် ပဲရောက်လာတဲ့အခါ အရက်ဆိုင်ထဲကလူတွေက ခုခံဖို့နဲ့လွတ်မြောက်ဖို့ အတွက် အတူတကွ ကြိုးပမ်းကြပါတော့တယ်။ အကောင်းဆုံးဒါရိုက်တာဆုရထားတဲ့ဇာတ်ကားပီပီ အဖြစ်အပျက်တွေဟာ မထင်ရင်မထင်သလိုထထဖြစ်တာကြောင့် သာမာန်horrorဇာတ်ကားတွေနဲ့ အရသာချင်းမတူတဲ့အတွက် သွေးထွက်သံယိုမှကြိုက်သူတွေ ကြည့်သင့်တဲ့ ဇာတ်ကားလေးတစ်ကားဖြစ်ပါတယ်။ R rated ဇာတ်ကားဖြစ်ပြီး သွေးထွက်သံယိုအခန်းတွေ အင်မတန်များတာကြောင့် ကလေးငယ်များနဲ့ အကြောက်လွန်တတ်သူတွေ မကြည့်သင့်ပါဘူးနော်။ (ဘာသာပြန်နဲ့ အညွှန်းကတော့ Jaka ပဲ  ဖြစ်ပါတယ်) File size…1.88GB / 528MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 35m Genre ..... Action , Comedy , Horror Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Jaka

Family • Music
6.2 2005 95 mins
Feast
Gundala
6.3

ဒီကားလေးကတော့ စူပါဟီးရိုးဖန်တွေအတွက် 2019 တုန်းက ထွက်ရှိထားတဲ့ အင်ဒိုနီးရှားစူပါဟီးရိုးဇာတ်ကားလေးပါ။ BumiLangit စတူဒီယိုကနေထုတ်လုပ်တာဖြစ်ပြီး BumiLangit Cinematic Universe(BCU) ရဲ့ ပွဲဦးထွက် စူပါဟီးရိုးကားလည်းဖြစ်ပါတယ်။ ဒီနှစ်ပိုင်းအတွင်းမှာ BCU ကနေ နောပ်ထပ် Sequals တွေထပ်ထွက်ဖို့ရှိပါသေးတယ်။ ဇာတ်လမ်းအကျဉ်းကတော့.... ဆောက်လုပ်ရေးကုမ္ပဏီကြီးတစ်ခုဟာ အောက်ခြေဝန်ထမ်းတွေကို အလုပ်တွေဖိခိုင်း၊ အချိန်ပိုတွေလုပ်ခိုင်းပြီး လစာတွေကိုကျတော့မစို့မပို့သာပေးပြီး အချိန်အကြာကြီးခေါင်းပုံဖြတ်နေခဲ့ပါတယ်။ အဲဒီလို အမြတ်ကြီးစားခေါင်းပုံဖြတ်တဲ့ ဆောက်လုပ်ရေးကုမ္ပရဲ့အထက်လူကြီးတွေကို သည်းမခံနိုင်တော့တဲ့အဆုံး တစ်နေ့မှာတော့အလုပ်သမားတွေဟာစုဖွဲ့ပြီး ဆန္ဒပြဖို့လုပ်ပါတော့တယ်။ အဲဒီဆန္ဒပြတဲ့အုပ်စုထဲမှာ ဆန်ချာကာဆိုတဲ့ကောင်လေးတစ်ယောက်ရဲ့ အဖေလည်းပါပါတယ်။ ဆန်ချာကာ ဆိုတာကတော့ မွေးကတည်းက ထူးခြားတဲ့စွမ်းအားနဲ့မွေးဖွားလာတဲ့ကလေးလေးပါ။ သူဟာ မိုးကြိုးတွေကနေခွန်အားတွေပြန်ယူနိုင်ပြီး ရန်သူတွေကိုလည်း လျှပ်စီးတွေနဲ့ ပစ်နိုင်တဲ့အစွမ်းရှိပါတယ်။ ပြီးတော့ သူ့စွမ်းအားတွေထုတ်နေတုန်းမှာဆိုရင် သူ့လက်ထဲကိုင်ထားတဲ့အရာဝတ္တုနဲ့ အမျိုးအစားတူတဲ့ပစ္စည်းတွေဟာ ကွဲကြေပျက်စီးနိုင်ပါတယ်။ ဒါပေမယ့် ဆန်ချာကာလေးဟာ သူ့မှာစွမ်းအားရှိနေတာကို မသိရှာပါဘူး။ ဆန်ချာကာရဲ့အဖေတို့ဟာ ဆန္ဒပြရင်းမတော်တဆဖြစ်ပြီး ငွေနဲ့မက်လုံးအပေးခံထားရတဲ့ တခြားစက်ရုံဝန်ထမ်းတစ်ယောက်ရဲ့လက်ချက်နဲ့ သေသွားခဲ့ရပါတယ်။ အဖေမရှိတော့တဲ့နောက်ပိုင်းမှာ ငွေကြေးအခက်အခဲကြောင့် ဆန်ချာကာအမေဖြစ်သူဟာ တစ်နေ့မှာ အပြင်ထွက်အလုပ်ရှာရင်းအပြီးတိုင်ပျောက်သွားခဲ့ပါတယ်။ မိဘမဲ့ဖြစ်သွားတဲ့ဆန်ချာကာလေးဟာ အိမ်ကနေထွက်၊ ကြုံရာလိုက်တောင်းရမ်းရင်း တခြားကလေးတွေလိုက်ရိုက်တာခံခဲ့ရပါတယ်။ ဆန်ချာကာကို နောက်ထပ်မိဘမဲ့လေးတစ်ယောက်က ကယ်တင်ခဲ့ပြီး နောက်နောင်ကိုယ့်ကိုယ်ကိုကာကွယ်နိုင်အောင် သိုင်းတွေလည်း သင်ပေးခဲ့လိုက်ပါတယ်။ ဒီလိုနဲ့ သိုင်းလည်းတတ် ၊ ကိုယ်ကိုယ်၌ကမသိသေးတဲ့အစွမ်းတွေကိုလည်း ပိုင်ဆိုင်ထားတဲ့ ဆန်ချာကာလေးဟာ နောက်ထပ်ဆယ်နှစ်လောက်ကြာတဲ့အခါမှာတော့.... ဒီဇာတ်ကားလေးဟာ comic ကိုအသက်ပြန်သွင်းထားတဲ့ BumiLangit Cinematic Universe ရဲ့ ပွဲဦးထွက်ဇာတ်ကားဖြစ်တာကြောင့် Gundala စတင်ဖြစ်လာပုံတွေ၊ Hero အသစ်တွေနဲ့ သူတို့ရဲ့ ဗီလိန်တွေကို မိတ်ဆက်တဲ့ ကနဦးဇာတ်ကားအနေနဲ့ပဲရှိပါသေးတယ်။ ဒါပေမယ့် ထင်ရက်စရာမရှိတာက ဇာတ်လမ်းကို အတတ်နိုင်ဆုံးဇာတ်အိမ်ကောင်းကောင်းဖွဲ့ပြီး ဗီလိန်နဲ့ ဟီးရိုးတွေကိုမိတ်ဆက်ပေးသွားတာပါပဲ။ စူပါဟီးရိုးကားသာဆိုပေမယ့် အချိတ်အဆက်မိတဲ့ အက်ရှင်ခန်းလေးတွေကလည် း The Raid ဇာတ်ကားထက်မလျော့တဲ့ ခံစားမှုမျိုးကိုပေးစွမ်းတာမို့ အားရစရာကောင်းလှပါတယ်။ IMDB Rating ကလည်း 7/10 တောင်မှဆိုတော့ ကြည့်ဖြစ်အောင်ကြည့်ဖို့ တိုက်တွန်းချင်ပါတယ်။ ဇာတ်ကားအညွှန်းနဲ့ ဘာသာပြန်ကတော့ ကျွန်တော် သဲသွေး (နေရဲနီ)ပဲဖြစ်ပါတယ်။ File Size : (900 MB)  Quality : WEB-DL 720p Running Time : 2hr 03min Format : Mp4 Genre : Action, Adventure, Drama Subtitle : Myanmar Subtitle (Hard Sub) Source : 1080p WEB-DL AAC x264-NonDRM Translated by Nay Yell N Encoded by Thanhtike Zaw

Romance
6.3 2019 123 mins
Gundala
Dreamin’ Wild
6.7

Dreamin’ Wild (2022) ~ IMDb – 6.7/10, Rotten Tomatoes – 90% ~ ကိုယ်ဘာဖြစ်ချင်တာလဲကိုယ်သိဖို့နဲ့ ကိုယ်ဖြစ်ချင်တဲ့လူမျိုး ဖြစ်လာအောင်လုပ်ဖို့က မလွယ်ဆုံးအရာတွေ ဖြစ်ကောင်းဖြစ်လိမ့်မယ်။ ကံကောင်းတဲ့ တချို့ကျတော့လည်း စောစောစီးစီးပဲ သူတို့ ဘာဖြစ်ချင်လဲ သူတို့သိသွားကြတယ်။ သူ့နောက်ဆက်တွဲကံဆိုးခြင်းကတော့ မြင်ဖူးသလောက်ဆို အဲဒီလိုစောစောစီးစီးသိသွားကြတာတွေမှာ မလွယ်ကူတာတွေတော့ တော်တော်များတယ်။ ဒီရုပ်ရှင်ထဲက ကောင်လေးတွေလိုပေါ့။ ၁၅ ၁၆လောက်မှာတင် သူတို့ဘာဖြစ်ချင်လဲ သူတို့ကောင်းကောင်းသိခဲ့ကြတယ်။ အဆိုတော်ကြီးတွေ ဒရမ်မာကြီးတွေ ဖြစ်ချင်ခဲ့ကြတယ်။ သူတို့ထဲကတစ်ယောက်ဆို ၁၅နှစ်မှာတင် တူရိယာပေါင်းစုံတီးနိုင်တဲ့အထိ ပါရမီပါခဲ့တယ်။ ဒီနေရာမှာ မိသားစုရဲ့သက်ရောက်မှုက ပါလာပြီ။ စိတ်ကူးယဉ်ဆန်တဲ့ အိပ်မက်တွေကို အားမပေးကြတဲ့ မိဘတွေကတော့ သဘာဝအတိုင်းပဲ ပိုများလိမ့်မယ်။ ဒီလိုနဲ့ပဲ ရပ်တန့်သွားတဲ့ အိပ်မက်တွေရှိခဲ့လိမ့်မယ်။ သူတို့လည်း မှားတော့ မှားမနေဘူး။ ဘာလို့ဆို ဒီရုပ်ရှင်ထဲက ကောင်လေးတွေရဲ့မိဘတွေဟာ သူတို့ကလေးတွေရဲ့အိပ်မက်အတွက် လယ်ဧက၁၇၀၀လောက်ကနေ ၆၅ဧကလောက်ပဲ ကျန်တော့တဲ့အထိ ပံ့ပိုးပေးခဲ့ ယုံကြည်ပေးခဲ့ကြတယ်။ သူတို့စကားအတိုင်းဆို ဘဝမှာ ကိုယ့်မိသားစုကိုမှ မယုံရင် ဘာကိုယုံဦးမလဲပေါ့။ ဒါပေမဲ့ ဒီလိုအိပ်မက်တွေဟာ အားလုံးသိတဲ့အတိုင်း မဖြစ်မြောက်ခဲ့တာတွေက ပိုများတယ်။ သူတို့တစ်ဘဝလုံးရင်းပြီး ထုတ်လိုက်တဲ့ သီချင်းအယ်လ်ဘမ်ကလေးမှာ အားပေးသူမရှိခဲ့ဘူး။ ဒီလိုနဲ့ ကောင်လေးတွေ ညီအစ်ကို၂ယောက်ထဲက တစ်ယောက်က ထပ်ကြိုးစားတယ်။ နှစ်ယောက်စလုံးလုပ်လို့မဖြစ်တော့ သူ့အစ်ကိုက လက်လျှော့ပြီး လယ်လုပ်ရင်း သူ့ညီကို အားပေးခဲ့တယ်။ ဒါလည်း မအောင်မြင်ခဲ့ပါဘူး။ ဘဝတွေ မပြေလည်တစ်လှည့် ပြေလည်တစ်လှည့် ပြန်လည်ပတ်ကြတယ်။ ကြာလာတော့ ကောင်လေးဟာ မအောင်မြင်ခဲ့တဲ့ အိပ်မက်တွေကို မေ့လျော့ထားခဲ့တယ်။ သူဖြစ်ချင်တာနဲ့ ခပ်ဆင်ဆင်ဘဝမျိုးမှာတော့ သူနေနေခဲ့တယ်။ ဒီလိုပါပဲ။ နှစ်တွေကြာလာခဲ့တယ်။ တစ်ခုသောနေ့မှာ ကောင်လေးဟာ သူငယ်ငယ်က သီချင်းသွင်းပြီး ပြန်နားထောင်တတ်တဲ့ ကွင်းပြင်ကလေးမှာ သူ့သီချင်းတွေကို သူပြန်လာနားထောင်နေခဲ့တယ်။ ဟိုးတုန်းကလို စိတ်ရှိတိုင်း ဖန်တီးနိုင်တဲ့ လွတ်လပ်မှုမျိုး သူ့မှာမရှိတော့ဘူး။ သူ့အဖေ သူ့အတွက် ဆုံးရှုံးခဲ့ရတာတွေအတွက် သူတောင်းပန်တော့ သူ့အဖေပြန်ပြောတာက… “ငါက တော်တော်အအိပ်မက်တာ… ငါအိပ်ပျော်သွားရင် နှိုးလို့ကိုမရဘူး။ တစ်ညမှာ ငါနိုးလာတော့ ငါလုံးဝပြန်အိပ်လို့မရခဲ့ဘူး။ ဒီတော့ ငါ့အိပ်ယာထဲက ထပြီး ဆင်ဝင်အောက် လမ်းထွက်လျှောက်တယ်။ အဲဒီမှာ သီချင်းသံကြားလိုက်ရတယ်။ သီချင်းသံက ဒီလောက်အဝေးကြီးအထိ ရောက်လာနိုင်မယ်လို့ ငါမထင်ခဲ့ဘူးလေ။ ဒါပေမဲ့… အဲဒီသီချင်းက မင်းသီချင်းဆိုတာ ငါသိခဲ့တယ်။ သီချင်းသံတိတ်သွားတဲ့အထိ တစ်ညလုံး ငါဆင်ဝင်အောက်မှာ ရပ်နားထောင်နေခဲ့တယ်။ အဲဒီနောက်ပိုင်း နောက်ညတွေလည်း ငါညတိုင်းထပြီး သီချင်းနားထောင်ခဲ့တယ်။ မင်းသီချင်းတွေနားထောင်ဖို့ဆို ငါ အဲဒီဆင်ဝင်အောက်မှာ တစ်သက်လုံးတောင် ရပ်နေနိုင်တယ်ကွာ။ ငါဒီမြေတွေ ဒီလယ်တွေအားလုံးကို အဲဒီသီချင်းသံကို ကြားရဖို့သက်သက်နဲ့ ငါအကုန်ပေးရဲတယ်။ မင်းသီချင်းသံကို ကြားရဖို့ပေါ့။ မင်းက ငါ့သားပါ။ အဖေတို့ မင်းအတွက် ဘယ်လောက်ပဲ ခက်ခဲခဲ့ ခက်ခဲခဲ့ အဖေလုံးဝနောင်တမရဖူးဘူး။” တဲ့။ အောင်မြင်ခဲ့တဲ့ အဆိုတော်တွေ တီးဝိုင်းတွေအကြောင်း ဇာတ်လမ်းတွေ ခင်ဗျားတို့ မနည်းမနော ကြည့်ဖူးပါလိမ့်မယ်။ သူတို့ရဲ့အားထုတ်မှုကို လေးစားရသလို သူတို့ရဲ့အောင်မြင်မှုကိုလည်း အားရခဲ့ဖူးမှာပဲ။ Manchester by the Sea နဲ့ အော်စကာရခဲ့တဲ့အပြင် Gone Baby Gone နဲ့ A Ghost Story တို့မှာ သရုပ်ဆောင်ခဲ့ဖူးတဲ့ Casey Affleck နဲ့ (500) Days of Summer နဲ့ အားလုံးအချစ်တော်ခံခဲ့ရတဲ့မင်းသမီး Zooey Deschanel တို့ သရုပ်ဆောင်ထားတဲ့ ဒီဇာတ်လမ်းဟာ တကယ်လည်းရှိခဲ့တဲ့ ၁၉၇၀ဝန်းကျင်က ဂီတသမားနှစ်ယောက်ဖြစ်တဲ့ Donnie & Joe Emerson ညီအစ်ကိုအကြောင်းကို အခြေတည်ရိုက်ကူးထားတာပါ။ သူတို့ဟာ ၁၉၇၀မှာ ဂီတကို စတင်ခဲ့ပေမဲ့ ဇာတ်လမ်းပါအတိုင်း ၂၁ရာစုရောက်မှပဲ မျိုးဆက်သစ်ပရိသတ်တွေ ပြန်လည်တူးဖော်အားပေးတာကိုခံခဲ့ရတဲ့ ခေတ်ကိုကျော်ဖြတ်နိုင်ခဲ့တဲ့ ဂီတသမားတွေပါပဲ။ သူတို့ရဲ့အစောပိုင်းကာလတွေမှာ အောင်မြင်ခြင်းတွေတော့ ရှိမနေပါဘူး။ တစ်ယောက်အတွက် ဘယ်လောက်ပဲ ဆုံးရှုံးခဲ့ ဆုံးရှုံးခဲ့ တစ်ယောက်မှာ နောင်တမရှိခဲ့တဲ့လူတွေရဲ့ ယုံကြည်ခြင်းတွေကိုတော့ တွေ့ရလိမ့်မယ်။ ဘယ်တော့မှ မအောင်မြင်ခဲ့တဲ့ မိုးတိမ်လို သားတွေကို ဘယ်တော့မှ မစွန့်ပစ်ခဲ့တဲ့ ကောင်းကင်ကို တွေ့ရလိမ့်မယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.25GB, 930MB Quality – 1080p, 720p IMDb Rating – 6.7/10 Format – mp4 Duration – 1H 51Min Genre – Biography, Drama, Music Subtitle – Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

6.7 2022 110 mins
Dreamin’ Wild
A Heidelberg Holiday
6.9

ခရစ္စမတ် ရောက်ခါနီးပြီဆိုတော့ ခရစ္စမတ်လို သေချာပေါက် ခံစားစေရမယ့် IMDb 6.9အထိ ရရှိထားတဲ့ ရုပ်ရှင်လေးကို တင်ဆက်ပေးချင်ပါတယ်။ A Christmas Spectacularနဲ့ Broadway Risingတို့လို့ Christmas ရုပ်ရှင်တွေကို သရုပ်ဆောင်ရာမှာ ပိုင်နိုင်လှတဲ့ မင်းသမီး Ginna Claire Masonက All you need နဲ့ The Cruise Doctorလိုမျိုး ရုပ်ရှင်ကောင်းတွေထဲက မင်းသား Frédéric Brossierနဲ့ အတူ လိုက်ဖက်စွာ ပွဲထွက်လာပါတယ်။ ဂျာမနီနိုင်ငံက ဟိုက်ဒယ်လ်ဘာ့ဂ်ဆိုတဲ့ မြို့လေးက ခရစ္စမတ်ရောက်တိုင်း စျေးပွဲတော် ကျင်းပလေ့ရှိပါတယ်။ အဲဒီစျေးပွဲတော်က ခရစ္စမတ်ကာလရဲ့ ပြရုပ်တစ်ခုလို အင်မတန်မှ ​ကျော်ကြားပါတယ်။ ဒါပေမယ့် အဲဒီ ခရစ္စမတ် စျေးပွဲတော်က တော်ရုံနဲ့ ဝင်ခွင့် မရပါဘူး။ ဟိုက်ဒယ်လ်ဘာ့ဂ်မြို့ကို အစွဲပြုပြီး နာမည်ပေးထားတဲ့ ဟိုင်ဒီ ဟိုက်ဒယ်လ်ဘာ့ဂ်လို့ခေါ်တဲ့ ကောင်မလေးက အမေရိကန်-ဂျာမနီသူလေးပါ။ သူက Snow balls ဖန်လုံးလေးတွေကို ဒီဇိုင်းဖော်တဲ့ အနုပညာသည်လေးပါ။ ဟိုင်ဒီက ဟိုက်ဒယ်လ်ဘာ့ဂ်က စျေးကွက်ထဲကို ဝင်ခွင့်ရဖို့ နှစ်တိုင်း ကြိုးစားနေပေမယ့် အငြင်းခံနေရသူပဲ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီနှစ်တော့ ကံကောင်းစွာနဲ့ပဲ ဟိုင်ဒီတစ်ယောက် ဟိုက်ဒယ်လ်ဘာ့ဂ် စျေးထဲ ဝင်ခွင့်ရသွားပါတော့တယ်။ အနီးကပ်မှ ဝင်ခွင့်ရတော့ ပစ္စည်းပို့ဖို့ နေဖို့ထိုင်ဖို့ အကုန်လုံးကို ကမောက်ကမနဲ့ အဆင်ပြေသလို စီစဥ်ရပါတော့တယ်။ အကုန်လုံးကို စီစဉ်ပြီး အခက်ခဲတွေကြားကနေ ဟိုက်ဒယ်လ်ဘာ့ဂ်ကို ရောက်သွားတဲ့အခါမှာတော့ လူးကတ်စ်နဲ့ တွေ့ဆုံဖို့ ကံကြမ္မာဖန်လာပါတော့တယ်။ ဟိုက်ဒယ်လ်ဘာ့ဂ်မြို့မှာ လူးကတ်စ်နဲ့အတူတူ ကြုံတွေလာရတဲ့ အခက်ခဲတွေကို ဖြေရှင်းကြပုံတွေ၊ ဟိုက်ဒယ်လ်ဘာ့ဂ်မြို့ရဲ့ ခရစ္စမတ်ကာလ အလှတရားတွေ၊ အေးချမ်းလှတဲ့ ဆောင်းရာသီမှာ နွေးထွေးလှတဲ့ အချစ်ဓာတ်လေးကို ခံစားရစေမယ့် ရုပ်ရှင်လေး ဖြစ်ပါတယ်။ ဒီရုပ်ရှင်ကိုကြည့်မယ်ဆိုရင် သင့်ရဲ့ဘေးနားမှာ ချောကလက်ပူပူလေးတစ်ခွက်နဲ့ လက်မှာ ကိုင်ထားစရာ ရည်းစားရဲ့လက်ကလေး၊ မှီစရာ ရည်းစားရဲ့ ရင်ခွင်လေး ရှိနေရင်တော့ ရုပ်ရှင်ကို အပြည့်ဝခံစားနိုင်မှာဖြစ်ပါတယ်။ ရည်းစား မရှိတဲ့လူတွေကတော့ ဖက်လုံးလေးပိုက်ရင်းနဲ့ ဟိုက်ဒယ်လ်ဘာ့ဂ်မြို့က အလှတရားတွေနဲ့ ချစ်ခြင်းမေတ္တာရယ်ကို အတူတူ အားကျလိုက်ရအောင်လို့ ပြောရင်း နိဂုန်းချုပ်အပ်ပါတယ်။ အညွှန်းနဲ့ဘာသာပြန်သူက Minn Khant Kyi Win ဖြစ်ပါတယ်။ File size…(1.7 GB)/(1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:28:00 Genre…Family, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Minn Khant Kyi Win

6.9 2023 84 mins
A Heidelberg Holiday
One More Shot
5.5

အသတ်အပုတ်ကောင်းတဲ့ ဖိုက်တာမင်းသားကြီး Scott Adkinsအဓိက သရုပ်ဆောင်ထားတဲ့ကားမို့ အက်ရှင်ခန်းတွေကတော့ အများကြီးကြည့် ရတော့မှာပါ…။ ဒီရုပ်ရှင်ဟာ 2021ထွက် one shotရဲ့ sequelပါ…။ ဇာတ်လမ်းအကျဥ်းကတော့ ဝါရှင်တန်ဒီစီတစ်မြို့လုံးကို ရေဒီယို ဓာတ်သတ္တိကြွဗုံးဖောက်ခွဲဖို့ အကြမ်းဖက်သမားက ဗုံးပို့ထားပါတယ်…။ ဒီအကြမ်းဖက်သမားကိုလည်း ရှေ့ဇာတ်ကားမှာ ဖမ်းဆီးရမိ၊ခေါ်ဆောင်လာပြီးသားပါ…။ ဗုံးကဘယ်နားမှာလဲဆိုတာကို စစ်မေးဖို့ပဲကြံပါတယ်…။ ဒါပေမဲ့ ပြဿနာက လုံခြုံရေးတွေအထပ်ထပ်ရှိနေတဲ့ကြားက ဒီအကြမ်းဖက်သမားကို ပြန်လာဖမ်းတဲ့ကြေးစားလက်နက်ကိုင် အဖွဲ့တစ်ခုထပ်ပေါ်လာပြန်ပါတယ်…။ ပစ်ခတ်မှုတွေကြား နိုင်ငံ့မြို့တော်ကြီးတစ်ခုလုံး မီးမြိုက်ခံရမယ့်အရေးကို ဘယ်လိုကာကွယ်မလဲ… အကြမ်းဖက်သမားတွေရဲ့ရည်ရွယ်ချက်အစစ်ကရောဘာဖြစ်မလဲဆိုတာကို တစ်ဝကြီးခံစားရမယ့်ဇာတ်ကားပါပဲ….။ File size…2.14 GB/ 1.01 GB Quality…WEB-Rip 1080p 5.1 CH/ 720p Format…mp4 Duration….1h 43m Genre ….. Action , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Themes

5.5 2024 102 mins
One More Shot
Lucky Hearts
5.6

ဒီနေ့တော့ Lucky hearts ဆိုတဲ့ ပေါ့ပေါ့ပါးပါး Romance Comedy ကားလေးနဲ့မိတ်တက်ပေးပါရစေ စိတ်ပြေလက်ပျောက် ရယ်မောရစေမယ့်အချစ်ဟာသဇာတ်မြူးလေးပါပဲ ဇာတ်လမ်းအညွှန်းကတော့ သဘာဝအလှကုန်တွေဖန်တီးတဲ့နေရာမှာ ပါရမီပါတဲ့ ရိုစီအန်း။ သူ့ကြောင့် အနီးနားကလူတွေကံကောင်းတတ်ကြလို့ lucky charmလေးလို့ခေါ်ကြပေမယ့် သူ့မှာတော့ အချစ်ရေးကျိန်စာသင့်နေသလို အလွဲလွဲအချော်ချော်ဖြစ်နေကျပါ။ Lucky clover ဆိုတဲ့သူ့ကိုယ်ပိုင် မိတ်ကပ်ကုမ္ပဏီလေး ဆက်လည်ပတ်ဖို့ ရင်းနှီးမြှုပ်နှံသူရှာရင်းနဲ့ ဆိုင်မွန် ဆိုတဲ့ လူချောလေးနဲ့ဆုံမိရာမှ ရိုစီအန်းရဲ့ အမြဲတမ်းဆိုးနေတတ်တဲ့ အချစ်ရေးကံတစ်ပတ်ပြန်လည်လာမလားဆိုတာကတော့ ဆက်လက်ကြည့်ရှုအားပေးလိုက်ကြပါဦး။ File size…(1.7 GB)/(870 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:29:00 Genre… Comedy, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by P Andrew

5.6 2023
Lucky Hearts
Once Upon a Time in China II
7.3

ဒီတစ်ခေါက် ဇာတ်လမ်းလေးမှာတော့ ဗြိတိန်နဲ့ ဥရောပနိုင်ငံတွေက တရုတ်ပြည်နဲ့ နိုင်ငံရေးရာ ဆက်ဆံချင်ပြီး ခေတ်စနစ်နဲ့အညီ တိုးတက်စေချင်တဲ့အတွက် တရုတ်ကို ရောက်လာကြပြီး တရုတ်အာဏာပိုင်တွေကလည်း အသာတကြည်လက်ခံဆွေးနွေးကြပါတယ်။ လက်မခံနိုင်တာကတော့ ဗုဒ္ဓလမ်းစဉ်လို့ နာမည်ခံပြီး နတ်ဘုရားတွေ မှော်လမ်းစဉ်တွေ ကျင့်ကြံမှုတွေနဲ့ လူတွေကို အယုံသွင်းထားတဲ့ ကြာပန်းဖြူဂိုဏ်းဖြစ်ပြီး ဒီဂိုဏ်းဟာ လူပေါင်းများစွာကို ဂိုဏ်းထဲကို အကြောင်းအမျိုးမျိုးနဲ့ ဆွဲဆောင်သွပ်သွင်းပြီး နိုင်ငံခြားသားတွေကို တိုင်းပြည်ကို ဖျက်ဆီးမဲ့ နတ်ဆိုးအနွယ်ဝင်တွေလို့ အယုံသွင်းကာ သုတ်သင်သတ်ဖြတ်ကြပါတော့တယ်။ ဒီအချိန်မှာ မတရားမှုကို လက်သင့်မခံနိုင်တဲ့ ဖြောင့်မတ်မှန်ကန်တဲ့ ကျွန်တော်တို့ ကွန်ဖူးပညာရှင် ဝမ်ဖေးဟုန်က ဒီအစွန်းရောက်ဂိုဏ်းရဲ့ လူမဆန်တဲ့သတ်ဖြတ်မှုတွေကို ဘယ်လိုတားဆီးမလဲ သူတို့သွပ်သွင်းထားတဲ့ အယူမှားတွေကို ဘယ်လိုဖြေဖျောက်မလဲဆိုတာကို စိတ်ဝင်စားဖွယ်ကြည့်ရှုရမှာဖြစ်ပါတယ်။ ဒီကားထဲမှာတော့ ဂျက်လီအပြင် အိုင်ပီမန်းဆရာကြီး ဒွန်နီယန် ပါ ပါဝင်အားဖြည့်ပေးထားပါတယ်….. File size…(2.3 GB)/(1.2 GB) Quality….Blu-Ray 1080p / 720p Format…mp4 Duration….01:53:00 Genre… Action, Adventure, Biography Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Matteo

7.3 1992
Once Upon a Time in China II
Ithuvare

Ithuvare 2024 အနိုင်အရှုံး Imdb 8.4 သဘာဝပတ်ဝန်းကျင်ကောင်းမှ စားဝတ်နေရေးတွေ အဆင်ပြေပြီး ကျန်းမာရေးကောင်းကောင်းနဲ့ ကျရာတာဝန်ကိုထမ်းဆောင်နိုင်မှာမဟုတ်ပါလား သတိမထားမိတတ်ပေမဲ့ သ‌ဘာဝပတ်ဝန်းကျင်ကြီးကျန်းမာဖို့ကအရေးအကြီးဆုံးပါပဲ လေထုညစ်ညမ်းတာ ကမ္ဘာကြီးပူနွေးလာတာတွေကြောင့် ပျက်စီးဆုံးရှုံးမှုတွေ ဖြစ်ကြရတာပဲမဟုတ်လား စွန့်ပစ်အမှိုက်မီးရှို့စက်ရုံကနေထွက်လာတဲ့အနံ့ဆိုးတွေကြောင့် ပြည်သူတွေမှာအလူးအလဲခံစားနေကြရတယ် မိုင်အတော်ကွာဝေးတဲ့အိမ်တွေ ရုံးတွေမှာတောင် မက်စ်ချွတ်ရင်မနေနိုင်လောက်တဲ့အထိ ပြတင်းပေါက်တွေအကုန် တံခါးမကြီးတွေပိတ်ထားရင်တောင် ဒီအနံ့ဆိုးကပျံ့နှံ့နေဆဲပါပဲ ညစ်ညမ်းလေရှုရှိုက်မိရင်း ချောင်းဆိုးနာတာရှည်လို့ ဆေးခန်းပြေးကြရသူတွေလည်း များလာခဲ့တယ် အဝေးကလူတွေတောင် ဒီလိုအခြေအနေဆိုတော့ စက်ရုံနားနေတဲ့လူတွေဘဝက ဆိုးဝါးနေတာပေါ့ ဒီတော့ပြောင်းတဲ့လူကပြောင်း ရွှေ့တဲ့လူကရွှေ့နဲ့ စွန့်ခွာသူအရေအတွက်ကပိုများလာခဲ့တယ် ဒီလိုဖြစ်ရပ်မျိုး လွန်ခဲ့တဲ့၃နှစ်ကကြုံဖူးလို့ဆန္ဒပြခဲ့ကြပေမဲ့ မအောင်မြင်ခဲ့တာလည်းရှိခဲ့ဖူးတာကိုး ပြောင်းတဲ့လူများလာတော့ ရွာသူကြီးကမနေနိုင်တော့လို့ အကုန်အစည်းအဝေးခေါ်ပြီး ဒီတစ်ခါတော့အင်တိုက်အားတိုက် ဆန္ဒပြဖို့ဆုံးဖြတ်ကြပါတော့တယ် ဒီတစ်ခါရော တရားရုံးထိတက်ပြီးအောင်မြင်နိုင်မလား ကိုယ့်ဌာနေကိုမစွန့်ခွာဘဲအဆင်ပြေနိုင်ကြမလားဆိုတာကိုတော့… ( အညွှန်းကို Yunni ကရေးသား‌ထားပြီးဘာသာပြန်တွေကတော့ Yunni ~ BpL ~ ToMo ~ Alex ~ KKKZ တို့ပဲဖြစ်ပါတယ် )

0 2024
Ithuvare
With Love and a Major Organ
6.9

IMDb 6.9 ဒီတစ်ခါမှာဆိုရင် သိမ်သိမ်မွေ့မွေ့လေး ခံစားရမယ့် စိတ်ကူးယဥ် အချစ်ဇာတ်လမ်းလေးကို တင်ဆက်ပေးလိုက်ပါတယ် လူသားတွေရဲ့ ‘နှလုံးသား’ ကို အရာဝတ္ထုတွေနဲ့ ဖွဲ့ဆည်းထားတဲ့ စိတ်ကူးယဥ်ကမ္ဘာတစ်ခုမှာ ဇာတ်လမ်းတည်ထားပြီး အန်နာဘယ်ရဲ့ နှလုံးသားကတော့ မီးအိမ်လေးတစ်ခုပါ လူသားတွေက စိတ်ခံစားချက်တွေကို နည်းအမျိုးမျိုးနဲ့ ထိန်းချုပ်ပြီး ရှင်သန်ဖို့ကြိုးစားကြပြီး စက်ရုပ်ဆန်ဆန် နေထိုင်လာကြပါတယ် LifeZapp ဆိုတဲ့ အက်ပလီကေးရှင်းကို လူကြိုက်များကြပြီး ရွေးချယ်မှုတိုင်းကို မိမိဘက်က စဥ်းစားစရာမလိုဘဲ app က သူ့ဘာသာသူ ရွေးချယ်ပေးတဲ့ app ပါ အန်နာဘယ်ကတော့ အားလုံးနဲ့တစ်ယောက် ဆန့်ကျင်ဘက်ဖြစ်နေပြီး… စိတ်ခံစားချက်တွေကို တန်ဖိုးထားတတ်တဲ့ ပန်းချီဆရာမလေးပါ တစ်နေ့မှာ သူဟာ ဂျော့ဂျ်ဆိုတဲ့ ယောကျာ်းတစ်ယောက်ကို ချစ်မိသွားခဲ့ပေမယ့် ခံစားချက်အေးစက်တဲ့ ဂျော့ဂျ်အပါအဝင် အန်နာ့သူငယ်ချင်းတွေကြောင့် ဖြည်မဆည်နိုင်တဲ့ အခါမှာ …. ဘယ်လိုအဆုံးစွန်လုပ်ရပ်တွေ လုပ်မိမှာလဲ ဇာတ်အလှည့်အပြောင်းတချို့နဲ့ စိတ်ဝင်စားစရာ အချစ်ဇာတ်လမ်းလေးကို ညွှန်းပေးလိုက်ပါတယ် File size…(1.2 GB)/(530 Mb) Quality….Webrip 1080p / 720p Format… mp4 Duration…. 01:31:00 Genre… Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Sike Tan

6.9 2023 91 mins
With Love and a Major Organ
[18+] Bigayan

Vivamax ရဲ့ခြေလှမ်းသစ်တစ်ခုဖြစ်တဲ့ LGBT themed ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ ဟာဗေးနဲ့ကန့်ဟာ လိင်ပျော်ပါးပွဲကြီးတစ်ခုမှာ ဆုံခဲ့တဲ့ အတူနေချစ်သူဖြစ်ပြီး သက်တမ်း ခုနှစ်နှစ်ကျော်ခဲ့ပါပြီ။ သူတို့နှစ်ယောက်စတွေ့ခဲ့တာ orgy တစ်ခုမှာဖြစ်တဲ့အပြင် စပြီးမပတ်သက်ခင်ကတည်းက Open relationship နဲ့သွားမယ်လို့တိုင်ပင်ထားတဲ့အတွက်သူတို့ဆက်ဆံရေးက အဆင်ပြေနေခဲ့ပါတယ်။ လက်ရှိအချိန်မှာတော့ ဟာဗေး ဘက်က မိသားစုဘ၀တစ်ခုလိုချင်တဲ့ဆန္ဒတွေ ပြင်းပြနေခဲ့ပြီး ကန့် ကို close relationship အဖြစ်နှစ်ဦးတည်း သီးသန့်နေကြဖို့တောင်းဆိုချိန်မှာတော့ သူတို့နှစ်ယောက်ဆက်ဆံရေးမှာ အဖုအထစ်ဖြစ်စပြုလာပါတော့တယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Alias ဖြစ်ပါတယ်။) File size…(450 MB) / (210 MB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Drama, Romance Duration….00:44:02 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Alias

Science Fiction • Drama • Thriller
0 2024 43 mins
[18+] Bigayan
45 Years
7.1

45 Years (2015) IMDb Rating (7.1) / Rotten Tomatoes (97%) Andrew Haighရဲ့ပုံစံအတိုင်း လူ၂ယောက်ရဲ့ Relationshipကို အဖြစ်အပျက်နည်းနည်း အချိန်ကာလတိုတိုကိုပြပြီး အဲဒီကာလတိုတိုမှာ ဟိုးအဆက်ဆက်ကတည်းက သူတို့ရဲ့ ခံစားချက်တွေရဲ့ သက်ရောက်မှုကို ပြထားတဲ့ ရုပ်ရှင်ပါပဲ။ အဓိကဇာတ်ကောင်က အိမ်ထောင်သက်၄၅နှစ်ပြည့် နှစ်ပတ်လည်ကို ကျင်းပတော့မယ့် ၇၀ နား ၇၀ကျော်က စုံတွဲတစ်တွဲပဲ။ ပြောရရင် အငြိမ်းစားယူပြီးသား အဘိုးကြီးအဘွားကြီး၂ယောက်ပေါ့။ ၄၅နှစ်ပြည့် နှစ်ပတ်လည်နေ့နားနီးတဲ့အချိန်မှာ သူတို့ဘဝထဲကို ဘဝဟောင်းက တစ်ပတ်ပြန်လည်လာခဲ့တယ်။ အဘိုးကြီးရဲ့ မေ့ထားသလား မေ့ချင်ယောင်ဆောင်ထားသလား မေ့မေ့ပျောက်ပျောက်ပဲဖြစ်နေခဲ့သလားမသိတဲ့ အတိတ်က လူတစ်ယောက်ရဲ့ သတင်းရောက်လာတယ်။ လွန်ခဲ့တဲ့အနှစ်၅၀လောက်က ရေခဲမြစ်ထဲပြုတ်ကျပြီး ဆုံးသွားတဲ့ သူ့ရည်းစားဟောင်းရဲ့ အလောင်းကို ရှာတွေ့ပါပြီဆိုတဲ့ သတင်းပေါ့။ ဟိုဘက်က အတည်ပြုဖို့ အဘိုးကြီးကို လာပေးဖို့ အကြောင်းကြားတယ်။ ဒါက ဇာတ်ရဲ့ပင်မကျောရိုးပါပဲ။ အဲဒီပင်မကျောရိုးကို ပြန်ယှက်ထားတာက အသက်၇၀နားနီးနေတဲ့အဘွားကြီးရဲ့ သူ့ယောက်ျားကို ဝန်တိုစိတ်တွေနဲ့ အသက်၇၀ကျော်အဘိုးကြီးရဲ့ ဘဝဟောင်းမှာ ကျန်နေတဲ့ အလွမ်းတွေပါပဲ။ ဒီ၂ခုက အားပြိုင်တယ်လို့တောင် ပြောမရလောက်ဘူး။ ပျော့ပျော့လေး တွန်းနေဆွဲနေတာလို့ပြောရမယ်။ သူတို့အသက်ရဲ့လက်ကျန်အင်အားနဲ့ပေါ့။ ဒီဘာမှမပါတဲ့ဇာတ်ရဲ့အသက်ကလည်း အပျော့စားအားပြိုင်မှုလေးတွေနဲ့ နောက်ဆုံးရလဒ်တွေပဲ။ ရွေးချယ်မှုတွေ အချစ်တွေ ခင်ဗျားဖွင့်ချင်သလို ဖွင့်လို့ရတယ်။ ဘယ်လိုပဲဖွင့်ဖွင့် သူ့အခြေအနေကြီးက မတရားဘဝမြောက်လွန်းနေတယ်။ အဘိုးကြီးက အဲဒီအတိတ်ကို သွားကြည့်ချင်ခဲ့တယ်။ ဒါကိုလည်း အဘွားကြီးကသိတယ်။ ဘယ်လိုသိဆို မိန်းမတွေရဲ့အလိုလိုသိစိတ်နဲ့သိတယ်။ ယောက်ျားတွေမှာလည်း ဒီလို အလိုလိုသိစိတ်ရှိတတ်ပေမဲ့ သူတို့ကိုတော့ မမီဘူးကိုး။ ခေတ်အဆက်ဆက် လူနေမှုမှာကိုက မိန်းမတွေဟာ စတင်သူမဟုတ်ခဲ့ဘူး။ ယောက်ျားတွေကတော့ သူတို့လိုချင်တာကို ထုတ်ပြထုတ်ပြောပြီး ယူဖို့ကြိုးစားခွင့်ရှိခဲ့ပေမဲ့ မိန်းမတွေကတော့ များသောအားဖြင့် သူတို့လိုချင်တာကိုရဖို့ လမ်းကြောင်းပေးရတာ အခြေအနေအချိန်အခါ စိတ်ကိုအကဲခတ်တာတွေက ဒီဘက်ခေတ်အထိတောင် သုံးနေရသေးတာပဲ။ ဒီတော့ သူချစ်လို့ယူထားတဲ့ နှစ်ပေါင်းများစွာပေါင်းလာတဲ့ ယောက်ျားကို သူပိုအကဲခတ်လို့ရ ပိုရိပ်မိတယ်။ လေ့ကျင့်လာသလိုဖြစ်သွားလို့ ကျွမ်းကျင်အဆင့်ဖြစ်နေပြီကိုး။ ဒီတော့ အဘိုးကြီးဘယ်ခြေလှမ်း လှမ်းလှမ်းအဘွားကြီးက သိတယ်။ သိတော့ စကားနဲ့ဖြစ်စေ သက်သေနဲ့ဖြစ်စေ မကြီးပေမဲ့ ထိခတ်တဲ့ပြဿနာလေးတွေကလာတယ်။ အဘွားကြီးက အကုန်သိနေတော့ အဘိုးကြီးမှာ ဘယ်လိုမှမလှိမ့်တပတ်လည်းလုပ်မရ အကြောင်းပြချက်လည်းပေးမရဘူး။ ဒီတော့ နောက်ဆုံးရွေးချယ်မှုပေါ့။ ခင်ဗျားတို့ ကျွန်တော်တို့ယုံကြည်တဲ့ အချစ်ဆိုတဲ့အရာတော့ တကယ်ရှိမရှိတော့ မသိဘူး။ သေချာတာကတော့ ခံစားချက်တွေကတော့ တကယ်ရှိတယ်။ ကျွန်တော့်မိတ်ဆွေတစ်ယောက်ကတော့ အချစ်ဆိုတဲ့ ဘော်ဒီကြီးတစ်ခုလုံးကို မသေချာပေမဲ့ အဲဒီဘော်ဒီကြီးကို ဖွဲ့စည်းထားတဲ့ ခံစားချက်ဆိုတဲ့ အစိတ်အပိုင်းလေးတွေကိုတော့ သေချာတယ်လို့ ပြောဖူးတယ်။ ဒါလည်းဟုတ်တာပါပဲ။ ကျွန်တော်သိပ်မသေချာတာက ခံစားချက်ဆိုတာက ဘော်ဒီကြီးဖြစ်ပြီး အချစ်က အဲဒီထဲက အစိတ်အပိုင်းဖြစ်နေမလားဆိုတာကိုပဲ။ အချစ်ထဲမှာပဲ ခံစားချက်ရှိရှိ ခံစားချက်ထဲမှာပဲ အချစ်ရှိရှိ ဘာနေနေ လိုရင်းကတော့ အတူတူပါပဲ။ ဒါတွေဟာ တစ်ဦးဆိုင်တစ်ဦးပိုင်ဆိုတာရဲ့ သဘောကိုကျော်ပြီး ရွေ့လျောတတ်တယ်။ အဲဒီရွေ့လျောမှုကို ရွေ့လျောမှုအတိုင်း အမြဲလိုက်ရွေ့လျောနေကြတာမျိုးတော့ မဟုတ်ဘူးပေါ့။ အတွေ့အကြုံနဲ့ ကံတရားကို မူတည်ပြီး တစ်ယောက်နဲ့တစ်ယောက်ကွဲပေမဲ့ လူအများစုမှာတော့ ပြန်ထိန်းကျောင်းသွားတဲ့ အရာတွေတော့ ရှိလာတတ်တယ်။ အရင်းအနှီးသိပ်ကြီးတဲ့အရာတွေရောပေါ့။ ဒီတော့ အဘိုးကြီးရဲ့ ခံစားချက်က အတိတ်ကိုရွေ့လျောနေတာကို ကျွန်တော်တို့မြင်နေရပေမဲ့ အဆုံးသတ်မှာ အဘိုးကြီးဟာ ထိန်းကျောင်းမှုအတိုင်းပဲ ရွေးချယ်ခဲ့တယ်။ ဒါရွေးချယ်တာလည်း ဟုတ်ချင်မှဟုတ်ပါမယ်။ သူပြောသလို ဘဝမှာ ရွေးချယ်စရာတွေအများကြီးနဲ့လာခဲ့ကြပေမဲ့ ကြာလာလေ ရွေးချယ်မှုတွေက သုံးလို့ကုန်လာလေဖြစ်ပြီး ဒါဟာရွေးချယ်ရမယ့်အပိုင်းမဟုတ်တော့လို့လည်း ဖြစ်နိုင်တယ်။ အဘိုးကြီးဟာ သူ့ခံစားချက်ရဲ့လမ်းကြောင်းကိုလိုက်ရင် ပေးရမယ့် အရင်းအနှီးသိပ်ကြီးလို့လည်းဖြစ်နိုင်တယ်။ အဘိုးကြီးဟာ သူတကယ်ရွေးသင့်တယ်လို့ ထင်ရတဲ့အရာကိုပဲ ရွေးမှန်းမသိ ရွေးသွားခဲ့တယ်။ ဒါကို အဘွားကြီးကလည်း သိခဲ့ပါတယ်။ ဇာတ်လမ်းအဆုံးသတ်က အဘွားကြီးရဲ့မျက်နှာဟာ သူ့အလိုလိုသိစိတ်ရဲ့အဖြေလို့ပြောလို့ရတယ်။ ဒီဘာမှမပါတဲ့ ရုပ်ရှင်ဟာ ကျွန်တော်တို့ဘာသာတောင် ဝန်ခံဖို့ခက်တဲ့ အချစ်နဲ့ ရွေးချယ်မှုရဲ့ တကယ့်သဘာဝအမှန်ကို ကောင်းကောင်းကြီး ပုံဖော်သွားနိုင်ခဲ့တယ်လို့ ကျွန်တော်တော့မြင်တယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ WiRa Aung ဖြစ်ပါတယ်။) File size…(2.6 GB) / (890 MB) Quality….Blu-Ray 1080p HEVC / 720p Format…. mkv/mp4 Genre….Drama,Romance Duration….01:35:27 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by WiRa Aung

7.1 2015 95 mins
45 Years
The Baby-Sitters Club
5.7

The Baby-Sitters Club(1995) Imdb 5.7 ရရှိထားပြီး The Baby Sitters Club စာအုပ် Series ကို မှီငြမ်းရိုက်ကူးထာတာဖြစ်ပါတယ်။ 2020 နဲ့ 1990 မှာ ဒီနာမည်နဲ့ပဲ Series တွေ ထွက်ထားတာရှိပါတယ်။ ဇာတ်လမ်းအကျဥ်းကတော့ ခရက်စတီဟာ Baby-Sitters Club ရဲ့ Founder ဖြစ်ပြီး သူ့သူငယ်ချင်း ၆ယောက်နဲ့အတူ ကျောင်းအားချိန်မှာ ကလေးထိန်းတဲ့ ဝန်ဆောင်မှုတွေ လုပ်ကြပါတယ်။ သူတို့ကျောင်းပိတ်တော့ တစ်ယောက်နဲ့တစ်ယောက် မခွဲချင်ဘူး၊ တစ်နေရာတည်းမှာပဲအတူလုပ်ကြမယ်ဆိုပြီး ကလေးတွေအတွက် Camp တစ်ခုဖွင့်ဖို့ အကြံရလာကြပါတယ်။Campဖွင့်တစ်လျှောက်မှာ သူတို့ရင်ဆိုင်ရတဲ့ ကမောက်ကမပြဿနာတွေ၊မိသားစုပြဿနာတွေ၊ ဆယ်ကျော်သက်အချစ်ဦးကိစ္စတွေကို ဒီဇာတ်ကားထဲမှာ တွေ့မြင်ရမှာဖြစ်ပါတယ်။ သူတို့ သူငယ်ချင်း ၇ယောက်ရဲ့ တစ်ယောက်နဲ့တစ်ယောက် ဖေးမတာတွေ၊ သူငယ်ချင်းအစစ်တွေရဲ့ ရသကိုလည်းဟာသလေးနှောရင်း ခံစားရဦးမှာဖြစ်ပါတယ်။ ဒီဇာတ်ကားကနေ သူငယ်ချင်းတွေရဲ့ချစ်ခြင်းမေတ္တာတွေ သူတို့ရဲ့ပြဿနာဖြေရှင်းပုံတွေကို ခံစားရမယ့်အပြင် ကလေးငယ်တွေရဲ့ အပြုအမူတွေကအပြစ်ကင်းစင်တဲ့အပြုအမူအပြောအဆိုတွေက ရီလည်းရီရ ချစ်စရာလည်းကောင်းတာမို့ဒီဇာတ်လမ်းကတော့ ပေါ့ပေါ့ပါးပါးနဲ့ ကြည့်လို့ကောင်းတဲ့ ဇာတ်ကားတစ်ကားပါပဲ။ File size… 2.21 GB / 1.36 GB Quality… Web Rip 1080p / 720p Format… mp4 Audio… AAC Duration…. 1h 34m Genre ….. Comedy/Family/Drama Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated… by Kaung Sett Moe

TV Movie • Thriller
5.7 1995 94 mins
The Baby-Sitters Club
Black Dog

ဇာတ်လမ်းအကျဉ်း ထရက်ကားမောင်းသူတစ်ယောက်ဖြစ်တဲ့ ဂျက်ခရူးစ်ဟာ ယာဉ်တိုက်မှုတစ်ခုကြောင့် ထောင်ကျခဲ့ရပြီး ယာဉ်မောင်းလိုင်စင်အသိမ်းခံခဲ့ရပါတယ်။ ထောင်ကထွက်ပြီး သ‌င်္ဘောကျင်းတစ်ခုမှာ အလုပ်လုပ်ရင်း တရားမဝင်ပစ္စည်းတွေ သယ်ပေးဖို့ ဒရိုက်ဘာအနေနဲ့ကမ်းလှမ်းခံခဲ့ရပါတယ်။ ဂျက်ဟာ မလုပ်ဖို့ ငြင်းဆန်ခဲ့ပေမယ့် သူ့မိသားစုတင်နေတဲ့ အကြွေးတွေမပေးနိုင်ရင် အိမ်အသိမ်းခံရမှာမို့ မိသားစုအရေးအတွက် အလုပ်ကိုလက်ခံလိုက်ရပါတော့တယ်။ ဒီလိုနဲ့ ပစ္စည်းတွေကို အတ္တလန်တာမြို့ကနေ နယူးဂျာစီကို သယ်လာခဲ့ချိန်မှာတော့ သူ မထင်ထားတဲ့ သစ္စာဖောက်မှုတွေကြုံရပါတော့တယ်။ ထိုအချိန်မှာ FBI ကလည်း ထောက်လှမ်းရေးရှိတာမို့ ဂျက်အနေနဲ့ ဒီအခက်အခဲတွေကြား ဘယ်လိုဖြတ်ကျော်နိုင်မလဲဆိုတာကို ကြည့်ရှုရမှာပဲဖြစ်ပါတယ်။ File size…(1.8 GB)/(985 MB) Quality….Webrip HEVC 1080p / 720p Format…mp4/ mkv Duration….01:48:00 Genre…Action Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Aung Myint Myat

0 1998
Black Dog
Henry Johnson
5.6

Henry Johnson (2025) Transformers ရုပ်ရှင် ပထမဆုံးသုံးကားက ပင်တိုင်ဇာတ်ကောင် Shia LaBeouf ရဲ့ ရုပ်ရှင်သစ်ကို တင်ဆက်ပေးလိုက်ပါတယ်။ ဟင်နရီဂျွန်ဆန်ဆိုတဲ့ ဇာတ်ကောင်၊ သူ့ကုမ္ပဏီပိုင်ရှင်သူဌေး၊ ထောင်ထဲက အခန်းဖော်၊ ထောင်စောင့်။ ဒီလေးယောက်စကားပြောနေရင်းနဲ့ပဲ ဇာတ်လမ်းကို ပုံဖော်သွားခဲ့တာပါ။ ဟင်နရီက ထောင်ထဲကသူငယ်ချင်းဖြစ်သူ လွတ်ငြိမ်းချမ်းသာခွင့်ရဖို့အရေး သူ့သူဌေးဆီကနေ အလုပ်ကမ်းလှမ်းပေးဖို့တောင်းဆိုရာက သူကိုယ်တိုင် ဂျေးအောင်းလိုက်ရတယ်။ ဒီမှာပဲ ထောင်ထဲကအခန်းဖော်ဆီက စနစ်ကြီးနဲ့ မိန်းမတွေဆိုတာ ဘယ်လောက်မယုံကြည်ရကြောင်း ဩဝါဒအကြီးကြီးတွေမှာ မှိုင်းမိပြီး ဦးနှောက်ဆေးခံလိုက်ရတာကနေစလို့ ဘယ်လိုဆက်ဖြစ်မလဲဆိုတာ ခံစားကြည့်ရှုကြပါဦး။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Pyae Phyo ဖြစ်ပါတယ်။) File size… (1.2 GB) / (500 MB) Quality…. WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre…. Crime Drama Duration…. 01:25:39 Subtitle…. Myanmar Subtitle (Hardsub) Encoder…. Benjamin Translated by Pyae Phyo

Adventure • Fantasy • Animation • Science Fiction • Family
5.6 2025 85 mins
Henry Johnson