YoteShin Drive is below this article. Scroll down to view.

Snapdragon 8+ GEN 1 capacity to better Dimensity 9000+

Author: Anonymous Published on: 12 Aug 2022

Antutu has announced the list of the best tales of the most capabilities in September. Most of these are the phones with Qualcomm Snapdragon 8+ Gen 1 chipset. Surprisingly, the Asus Rog Phone 6D, with the MediaTk Dimensity 9000+, has a number 1 in the SD8 + G1 phones. ASUS ROG Phone 6d seized a 1,123,036 points with 1,123,036 points and all the other phones install Snapdragon 8+ Gen 1. The OnPLUS ACE is located in two numbers and 1,111,200 points. The IQoo 10 Pro is 1,111,200 pts and 3 points. Black Shark 7S Pro, Lenovo Legion Y70 and Iqoo 10 are # 4. There are 5 and 6 places, and 1,088,074; It has 1,086,381 and 1,081,766 points. Under the phones, Moto X30 Pro, Xiaomi 12s Pro, and Xiaomi Mix Fold 2 and Xiaomi Mix FOLD 2. 1,067,913 It is 1,068,766 and 1,054,035 points. Antiutu also announced the list of your phones with Dimensia 8100 max and Oppo Reno 8 Pro + 5G's top 3 sets on the list. Ref: Gizmochina

YoteShin Drive

Sign in using google and save to your drive

The.Mallorca.Files.S03E04.1080p.WEB DL .YK(CM).mp4

1.23 GB N/A video/mp4 28 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Uncle Boonmee Who Can Recall His Past Lives
6.7

ရုပ်ရှင်ဆုပေးပွဲတွေထဲ အော်စကာထက်တောင် ရုပ်ရှင်ပရိသတ်တွေ အလေးထားရတဲ့ ဆုပေးပွဲကြီးဖြစ်တဲ့ ကိန်းရုပ်ရှင် ဆုပေးပွဲရဲ့ အမြင့်ဆုံးဆုဖြစ်တဲ့ Palme d'Or ဆုကို ရထားတဲ့ ရှားရှားပါးပါး ထိုင်းရုပ်ရှင်ပါ။ သူ့အရင် ကိန်းမှာ Palme d'Orရထားတဲ့ အာရှကားဆိုလို့ ဂျပန်ကား၃ကားနဲ့ Farewell My Concubine ဆိုတဲ့ တရုတ်ကားပဲရှိခဲ့ပါတယ်။ သူ့နောက်မှာတော့ Parasite နဲ့ Shoplifters ပဲရှိပါတယ်။ ဒီလိုဆုမျိုးကို ထိုင်းရုပ်ရှင်တစ်ကားက ရတာ ဆန်းတော့ဆန်းပါတယ်။ တခြားကားမရှိလို့ ရတာလား ဆိုရအောင်လည်း Abbas Kiarostami လို ဆရာ့ဆရာကြီးရဲ့ Certified Copy, လီချန်းဒုံလို ဆရာ့ဆရာကြီးရဲ့ Poetry , Alejandro Iñárritu ရဲ့ Biutiful တို့လည်း ဆန်ခါတင်ဝင်ခဲ့သလို Blue Valentine လည်း အဲဒီပွဲကိုရောက်ခဲ့ပါတယ်။ ပြင်သစ်နယူးဝေ့ရဲ့ ပိုင်အိုးနီးယားတစ်ယောက်ဖြစ်တဲ့ Jean-Luc Godard ရဲ့ Socialism တောင်ပါပါသေးတယ်။ အဲဒီလိုကားတွေကို ကျော်ပြီး ရသွားခဲ့တဲ့ ထိုင်းရုပ်ရှင်ပါပဲ။ ဒီရုပ်ရှင်ရဲ့ ဒါရိုက်တာ Apichatpong Weerasethakul ဟာ Memoria, Tropical Malady နဲ့ Cemetery of Splendor တို့လို တန်းတစ်ခုရှိတဲ့ ရုပ်ရှင်တွေကိုလည်း ရိုက်ခဲ့တဲ့သူလည်း ဟုတ်ပါတယ်။ ဒီရုပ်ရှင်က နာမည်ကတော့ ဆန်းတယ်မလား။ ဒါကိုမှ ပိုစတာကို ထပ်ကြည့်လိုက်ရင်လည်း တစ်မျိုးကြီးပဲမလား။ သေချာတာကတော့ အထဲကရုပ်ရှင်ကတော့ ဒီထက်ပိုဆန်းကြယ်ပါတယ်။ ကျောက်ကပ်ပျက်စီးပြီး သေတော့မယ့် လူတစ်ယောက်ရဲ့ နောက်ဆုံးအချိန်တွေမှာ သေသွားတဲ့ သူ့မိန်းမနဲ့ ပျောက်သွားပြီး လူဝံဖြစ်သွားတဲ့ သူ့သား ပြန်ရောက်လာတာကနေ ဇာတ်လမ်းကို အစပျိုးထားပြီး နောက်ပိုင်းတွေက တော်တော်လည်းဆန်းသလို ဉာဏ်မမီနိုင်အောင်လဲ တော်တော်ဖြစ်ရတဲ့ ရုပ်ရှင်ပါပဲ။ သူ့ပြကွက်တွေက ဆန်းလည်းဆန်းပါတယ်။ ဥပမာဆို တစ်ခန်းမှာ ကောင်လေးတစ်ယောက်နဲ့ မိန်းမကြီးတစ်ယောက် တီဗီထိုင်ကြည့်နေကြတယ်။ ကောင်လေးက အပြင်ထွက်ပြီး တစ်ခုခုသွားစားမယ်ပြောတယ်။ ကောင်လေးနဲ့ မိန်းမကြီးက အပြင်ထွက်ပြီး မုန့်သွားစားကြတယ်။ သို့ပေမဲ့ ကောင်လေးနဲ့ အဲဒီမိန်းမကြီးက အဲဒီအခန်းထဲမှာပဲ တီဗီထိုင်ကြည့်နေကြတယ်။ ဘာကိုပြချင်တာလဲတော့ ဉာဏ်မီသလို ခံယူကြပေါ့။ ရုပ်ရှင်ဆိုတာ နားလည်ဖို့တော့ မလိုဘူးမလား။ ဒီလိုတင် ဆန်းတာလားဆိုတော့ မဟုတ်သေးဘူး။ ၁၈ပလပ်ဆန်ဆန် ဆန်းတာတွေလည်းပါသေးတယ်။ မိန်းမတစ်ယောက်က ရေထဲဆင်းတယ်။ ငါးခူတစ်ကောင်... သာမန်ငါးခူတော့ ဟုတ်ပုံမရပါဘူး။ အဲဒီငါးခူက မိန်းမပေါင်ကြားထဲ တိုးဝင်တယ်။ ခေါင်းပဲတိုးဝင်သလား အဝတင်ပဲ ပတ်တိုးနေသလားတော့ မမြင်ရဘူးပေါ့။ ဒီလို ခပ်ဆန်းဆန်းတွေ နားမလည်နိုင်လောက်အောင်ပြသွားတဲ့ ရုပ်ရှင်မှာ ကျွန်တော့်အကြိုက်ဆုံးအခန်းပြောရရင်တော့ နောက်ဆုံးအခန်းပါပဲ။ ဘာလို့လဲမသိ နောက်ဆုံးအခန်းရယ် တော်တော်နားစွဲတဲ့ အပိတ်သီချင်းသံရယ်ဟာ ကျွန်တော့်အတွက်တော့ အတော်ကြည့်လို့ကောင်းခဲ့တယ်။ ဘာဖြစ်ဖြစ် Palme d'Or ရထားတဲ့ ဘေးချင်းကပ်နိုင်ငံက ဉာဏ်မီရခက်တဲ့ ရုပ်ရှင်ကားကို ထိုင်ကြည့်ပြီး ဆွေးနွေးလိုက်ကြပါဦး။ ကျွန်တော်တော့ ဉာဏ်မမီတာမို့ ဒီလောက်ပဲ ညွှန်းချင်ပါတယ်။ ကြည့်သင့်တဲ့ ရုပ်ရှင်ပါပဲ။ ဘာမှနားမလည်လိုက်ပေမဲ့ တစ်ချို့အခန်းတွေကြောင့် ဒီတိုင်းကြည့်ရတာတင် တော်တော်တန်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.5GB, 750MB Quality - 1080p, 720p IMDb Rating - 6.7/10 Format - mp4 Duration - 1H 54Min Genre - Drama, Fantasy Subtitle - Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

Drama
6.7 2010 114 mins
Uncle Boonmee Who Can Recall His Past Lives
Folk Stories: The Tricksters
3.5

တစ္ဆေပွဲတော် ညတစ်ည မသန့်ရှင်းတဲ့ အရာတွေ လူတွေကြားထဲကို ဝင်ရောက်ပျော်မြူးသည့်အချိန်...? ချန်ရှိူ့ မြို့တော်ကြီးမှာ ထူးဆန်း ထိတ်လန့်ဖွယ်ကောင်းတဲ့ အရာတွေဖြစ်ပေါ်လာခဲ့ပါတယ် ။ ရွှီထျန်းယို့လိုခေါ်တဲ့ ဆင်းရဲသားကောင်လေးဟာ တစ္ဆေပွဲတော်ညမှာ အစာရှာဖို့ အပြင်ထွက်ရင်း ကစားပွဲတစ်ခုကို ထူးထူးဆန်းဆန်း ကစားနေကြတဲ့ လူတစ်စုနဲ့ တွေ့ရှိခဲ့ပါတယ် ။ စူးစမ်းလိုစိတ်အပြည့်ရှိတဲ့ ရွှီထျန်းယို့ဟာလဲ သူတို့နဲ့ အတူတူ ဝင်ရောက်ကစားခဲ့ပြီး အဲဲဒီလူတစ်စုဟာ သရဲတွေ ဖြစ်နေတဲ့ အကြောင်း သိရှိသွားတဲ့အခါ....? အိမ်ကို အမြန်ပြန်လာခဲ့ပေမယ့် သူရဲ့ တစ်ဦးတည်းသော မိခင်ကြီးဟာ ထူးဆန်းစွာနဲ့ သေဆုံးနေခဲ့ပါတော့တယ် ။ အဲဒီ ထူးဆန်းတဲ့ ဖြစ်စဥ် ဖြစ်ပြီးချိန်မှ စတင်ပြီး မြို့တော်အတွင်း ထူးဆန်း ကြောက်မက်ဖွယ်ကောင်းတဲ့ အရာတွေကြုံလာကာ မြို့တော်ဝန်ကတော်ပါ အသက်ဆုံးရှုံးရတဲ့အထိ ဖြစ်လာခဲ့ပါတော့တယ် ။ ဒီလိုနဲ့ပဲ ရွှီထျန်းယို့ကနေ စတင်ခဲ့တဲ့ ထူးဆန်းဖွယ်ရာ အမှုကို သူတို့တွေ ဘယ်လိုမျိုး စုံစမ်းရှာဖွေမလဲ? ဆိုတာ စိတ်လှုပ်ရှားစွာနဲ့ ကြည့်ရှုလိုက်ရအောင်ပါ ။ [Reviewed By Chit Mya Mya Hmwe] Quality : WEB-DL 1080p , 480p Format : mp4 Genres : Thriller , Horror Runtime : 1h 52 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Encoded by LK

Action & Adventure • Drama • War & Politics
3.5 2023 76 mins
Folk Stories: The Tricksters
Irresistible
6.1

Irresistible (2020) မှာ ဝင်စတန်လို့ခေါ်တဲ့ မြို့ငယ်ကလေးကို နိုင်ငံရေးပါတီကြီးတွေရဲ့ အာရုံစိုက်မှု ခံရတဲ့ခါ ဖြစ်လာတဲ့အရာတွေကို ဟာသဆန်ဆန်ရိုက်ကူးပြထားပါတယ်။ ဒီမိုကရက်တစ် ပါတီတင် ဂယ်ရီက အငြိမ်းစားယူသွားပြီဖြစ်တဲ့ ဗိုလ်မှူးကြီးတ်၏ယောက်က အလုပ်သမားတွေဘက်ကနေ ရပ်တည်ပြီး ပြောဆိုတဲ့ ဗီဒီယိုကို အင်တာနက်မှာ တွေ့သွားပြီး သူတို့ပါတီ ပြန်လည်အနိုင်ရဖို့ သော့ချက်ကို တွေ့ပြီလို့ ယုံကြည်သွားပါတယ်။ ဒါပေမယ့် ရီပါ့ပလစ်ကန် ပါတီဘက်က သူနဲ့ယှဉ်ပြိုင်ဖို့ အတော်ဆုံးဖြစ်တဲ့ ရို့စ်ဆိုတဲ့ အမျိုးသမီးကို လွှတ်ပေးလိုက်တဲ့အခါ သူတို့နှစ်ယောက်ရဲ့ ယှဉ်ပြိုင်မှုတွေ ပြင်းထန်လာပြီး နောက်ဆုံးမှာ ဘယ်ပါတီက အနိုင်ရသွားမလဲ... Irresistible (2020) ဟာ အမေရိကန်ရဲ့ နိုင်ငံရေးကို သရော်ပြီး ရိုက်ကူးထားတဲ့ ဇာတ်ကားကောင်းလေးတစ်ကားပါ File Size : 732 Mb and 300mb Quality : webrip 720p/480p Format…mp4 Duration…1hr 41min Genre :   Comedy, Drama  Subtitle : Myanmar Subtitle (Hard Sub) Translated by Htet Wai Lwin, T Lone Encoded by Littleneo

Action & Adventure • Animation • Drama • Sci-Fi & Fantasy
6.1 2020 101 mins
Irresistible
House Party
4.4

House Party ရုပ်ရှင်ကားကို ၂၀၂၃ခုနှစ် ဇန်နဝါရီလမှာ ထုတ်လွှင့်ပြသခဲ့တာဖြစ်ပါတယ်။ ယခင် ၁၉၉၀ နဲ့ ၁၉၉၁ ခုနှစ်ကပြသခဲ့တဲ့ House Party 1 နဲ့ 2 ကိုreboot ပြန်လည်ရိုက်ကူးထားတဲ့ Comedy Drama ဟာသဒရမ်မာ ရုပ်ရှင်ကားတစ်ကားဖြစ်ပါတယ်။ ကယ်ဗင်နဲ့ ဒါ့မွန်ဆိုတာက အယ်လ်အေမြို့မှာနေတဲ့ သန့်ရှင်းရေးအလုပ်သမားတွေဖြစ်ပါတယ်။ တစ်ဖက်မှာလည်း သူတို့ကအိမ်ပါတီပွဲစီစဥ်တဲ့သူတွေ ဖြစ်နေ​ပြန်ပါတယ်။ တစ်နေ့မှာ သူတို့အလုပ်လုပ်နေရင်း အလုပ်လည်းပြုတ် ပိုက်ဆံစိုက်ထားတဲ့ ပါတီပွဲကနေလည်း အနှင်ထုတ်ခံလိုက်ရပါတော့တယ်။ ပိုက်ဆံလိုနေတဲ့တစ်ချိန်တည်းမှာပဲ ကံဆိုးမိုးမှောင်ကျတာမလို့ ကြံမိကြံရာလုပ်ဖို့ ရည်ရွယ်တဲ့အခါမှာတော့ သူတို့သန့်ရှင်းရေးလုပ်နေဆဲ အိမ်ကြီးဟာ ဘတ်စကတ်ဘော ကစားသမား လီဘရွန်ဂျိမ်းစ်ရဲ့အိမ်ကြီးဖြစ်နေပြီးတော့ အိမ်ရှင်ကလည်း ခရီးထွက်သွားပါတယ်။ ဆိုတော့ကာ လူမရှိတဲ့အိမ်မှာ သူတို့ပါတီပွဲပေးပြီး ငွေရှာဖို့လုပ်ပါတော့တယ်။ သူတို့ ပိုက်ဆံကို ဖြောင့်ဖြောင့်တန်းတန်းရှာနိုင်လေမလား ဘာပြဿနာတွေတက်ကြမလဲ ဘယ်လိုတွေရော ဖြေရှင်းကြမလဲဆိုတာကို ကြည့်ရှု့ရမယ့် ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ ဇာတ်ကားတစ်ကားလုံးမှာ အဆဲစကားလုံးတွေကို ဖောဖောသီသီသုံးထားတဲ့အပြင် မူးယစ်ဆေးသုံးတဲ့ပြကွက်တွေ တစ်ချက်တစ်ချက် သွေးထွက်သံယို​ပြကွက်တွေပါဝင်လို့ Rated R သတ်မှတ်ထားတာကြောင့် တစ်ချိန်လုံးဆဲတာတွေကြားနေရမှာပါ။ ရှေ့ကမှီငြမ်းထားတဲ့ ဇာတ်ကားလိုမျိုး ယခုကားမှာလည်း နာမည်ကြီး Celebrityတွေ အဆိုတော်တွေ ကစားသမားတွေ cameo အနေနဲ့ အများအပြားပါဝင်ထားပါသေးတယ်။ အဲဒါကြောင့် စိတ်ပေါ့ပေါ့ပါးပါးနဲ့ ရယ်စရာမောစရာ ကြည့်ချင်တယ်ဆိုရင်တော့ လောလောလတ်လတ် ထွက်ရှိထားတဲ့ House Party ရုပ်ရှင်ကားကို ကြည့်ရှု့ကြည့်ဖို့ အကြံပြုလိုပါတယ် File size…(2.62GB) / (1.11GB) /794MB Quality…. Web 1080P / 720p / 480p Format…mp4 Duration….01:25:00 Genre… Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Wallace

4.4 2023
House Party
The Princess and the Bodyguard
6.7

The Princess and the Bodyguard(2022) ************************************ ဒီတခါ ညွှန်းပေးချင်တဲ့ ကားလေးကတော့ တော်ဝင်မင်းသမီး‌လေးနဲ့ သက်တော်စောင့်လေးတို့ရဲ့ကားပါ.. အယ်လက်စီယာဆိုတဲ့ တော်ဝင်မင်းသမီးလေးက ငယ်ငယ်ကတည်းက သာမန်ဘဝလေးနဲ့နေထိုင်လာခဲ့တာပါ။ဒါပေမယ့် တစ်နေ့မှာတော့ သူမရဲ့ ၃၅နှစ်ပြည့်မွေးနေ့မှာ သူမရဲ့ မိဘတွေက ထီးနန်းဆက်ခံဖို့ကို အကြံပေးကြပါတော့တယ်…. သာမန်ဘဝလေးမှာ ပျော်နေပြီဖြစ်တဲ့ မင်းသမီးလေးအတွက် ခက်ခဲတဲ့ စိန်ခေါ်မှုတစ်ရပ်လို့ဆိုရမှာပါ.. ဒါ့အပြင် ထီးနန်းပြည့်စုံဖို့ တော်ဝင်အိမ်ထောင်လည်းပြုရပေဦးမည်.. ဒါတွေကိုရှေ့ဆက်ဖို့ သူမဟာ သူမရဲ့ သက်တော်စောင့်ဆီကနေ အကြံယူရင်း ဆက်လျှောက်ရပါတယ်..အဲ့ဒီနောက်မှာတော့… File Size :(1.8GB)(805 MB) and (224MB) Quality : Blu-Ray 1080P,720p Format…mp4 Duration…01:29:00 Genre :Comedy, Romance, Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Eric Encoded by Phyo Pyae

6.7 2022
The Princess and the Bodyguard
The Devil on Trial
5.6

The Devil on Trial (2023) မကောင်းဆိုးရွားကခိုင်းလို့ သတ်မိတာပါဆိုတဲ့ လူသတ်မှုကို သိကြတယ်မလား။ The Conjuring 3 ကြည့်ဖူးရင်တော့ သိမှာ အသေအချာပဲပေါ့။ ကြည့်ဖူးတယ်ဆိုရင်တော့ ဒီ Documentary လေးကို ကြည့်ဖြစ်အောင်ကြည့်သင့်ပါတယ်။ ၁၉၈၁ ခုနှစ်မှာပေါ့။ အာနီဂျွန်ဆင်ဆိုတဲ့ လူငယ်လေးတစ်ယောက်က သူ့ရဲ့ အိမ်ရှင်၊ အလုပ်ရှင် အယ်လန်ဘိုနိုဆိုတဲ့သူကို ဓားနဲ့ လေးချက်ထိုးပြီး သတ်လိုက်တယ်။ တရားရုံးရောက်တော့ သူတို့ဖက်က လျှောက်လှဲချက်က မကောင်းဆိုးရွားအပူးခံရလို့ လုပ်မိတာပါ၊ ဒီကိစ္စအကြောင်း ဘာမှမမှတ်မိပါဘူးလို့ ပြောပါတယ်။ အမေရိကန်တစ်နိုင်ငံလုံး ဟိုးလေးတကျော်ဖြစ်သွားတဲ့ အမှုပါ။ Ed နဲ့ Lorraine Warren တို့ရဲ့ လူသိရှင်ကြား နာမည်အကြီးဆုံး အမှုတစ်ခုလည်း ဖြစ်ခဲ့ပါတယ်။ အမှုက ဒီအတိုင်းဆိုရင် ရိုးရိုးရှင်းရှင်း လူသတ်မှုဖြစ်ပေမဲ့ မကောင်းဆိုးရွားပူးကပ်တာတွေ ပါလာတော့ စိတ်ဝင်စားစရာဖြစ်သွားတာပေါ့။ ဒီ Documentary က အဲဒီအမှုကို ကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့ တရားခံ အာနီဂျွန်ဆင်နဲ့အတူ သူ့ရဲ့လက်တွဲဖော် ဒက်ဘီဂလာဇဲနဲ့ ဂလာဇဲမိသားစုဝင်တွေကို မေးမြန်းရိုက်ကူး မှတ်တမ်းတင်ထားတာဖြစ်ပါတယ်။ အဆုံးမှာတော့ ဟင်ကနဲ ဟာကနဲဖြစ်သွားစေမယ့် အချက်တစ်ခုကို သိလာရပါလိမ့်မယ်။ မကောင်းဆိုးရွားကပဲ ခိုင်းတာလား ဒါမှမဟုတ်… (ဒီဇာတ်ကားနဲ့အညွှန်းကို 666 မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.65GB, 720MB Quality – 1080p, 720p IMDb Rating – 5.6/10 Format – mp4 Duration – 1H 21Min Genre – Documentary, Crime, Horror Subtitle – Myanmar Subtitle (Hardsub) Translated by 666 Encoded by Y

5.6 2023 81 mins
The Devil on Trial
Candy Cane Lane

Coming to America, The Nutty Professor, Shrek, Daddy Care အစရှိတဲ့ ရုပ်ရှင်ပေါင်းများစွာနဲ့ လူသိများတဲ့ အမေရိကန်ဟာသ သရုပ်ဆောင် Eddie Murphyရဲ့ အသစ်ဆတ်ဆတ် Christmas ရုပ်ရှင်လေးကို တင်ဆက်ပေးချင်ပါတယ်။ Gravity Falls, Goosebumps, Good Burger 2 အစရှိတဲ့ ရုပ်ရှင်ကောင်းတွေထဲက comedian Jillian Bellကနေ အကောင်းဆုံး ဗီလန်သရုပ်ဆောင်အနေနဲ့ပါဝင်ထားပါတယ်။ အေးချမ်းလှတဲ့ ဒီဇင်ဘာ ခရစ္စမတ် ပိတ်ရက်လေးမှာ မိသားစုနဲ့ အတူကြည့်ရှု့သင့်တဲ့ ရုပ်ရှင်လေးဖြစ်ပါတယ်။ ဇာတ်လမ်းအကျဥ်းကတော့ – ခရစ္စတိုဖာလို့ခေါ်တဲ့ ခရစ်က ခရစ္စမတ်ကို အလွန်နှစ်သက်ပြီး သစ်သားတွေနဲ့ ကိုယ်တိုင် လက်နဲ့ထုလုပ်ပုံဖော်ရတာကို ကြိုက်နှစ်သက်သူ ဝါသနာရှင်တစ်ဦးပါ။ ဒါပေမယ့် ကံမကောင်းစွာနဲ့ပဲ သူလုပ်ကိုင်နေတဲ့ ကုမ္ပဏီရဲ့အခြေနေကြောင့် အလုပ်ဖြုတ်ခံလိုက်ရပါတော့တယ်။ အလုပ်ပြုတ်လို့ ဘူနေတဲ့အချိန်မှာ ခရစ်ရဲ့မြို့မှာ ကန်ဒီကိန်းလိမ်းလို့ ခေါ်တဲ့ အိမ်အလှပြိုင်ပွဲကို ကျင်းပဖို့ဖြစ်လာပါတော့တယ်။ ဒါပေမယ့် ဒီနှစ်မှာတော့ ထူးခြားစွာနဲ့ပဲ ပြိုင်ပွဲမှာ ဝင်ရောက်ယှဥ်ပြိုင်သူတွေထဲက အနိုင်ရရှိသူကတော့ ဒေါ်လာ ၁သိန်း ရရှိမှာဖြစ်ပါတယ်။ အဲဒီလိုနဲ့ ခရစ်လည်း ဒေါ်လာ ၁သိန်း ရရှိရေးအတွက် ကြိုးပမ်းပါတော့တယ်။ ဒါပေမယ့် အနိုင်ရရှိဖို့လုပ်ရာကနေ မကောင်းတဲ့ နတ်သူငယ် တစ်ယောက်နဲ့ အပေးယူ လုပ်မိပါတော့တယ်။ ထိုအပေးယူကို မလုပ်နိုင်ခဲ့ရင် ခရစ်တစ်ယောက် ကျိန်စာမိပြီး Legoအရုပ်လေးတွေလို အရုပ်အဖြစ်နဲ့ပဲ တစ်သက်လုံး နေသွားရတော့မှာပါ။ ခရစ်တစ်ယောက် အရုပ်အဖြစ် အပြောင်းမခံရအောင် နတ်သူငယ် ပက်ပါ ​ခိုင်းသလို လက်စွပ်တွေကို ရှာရပါတော့တယ်။ ခရစ်တစ်ယောက် အပေးယူအတိုင်း လက်စွပ်တွေကို ရှာနိုင်သွားမလား …. ဒါမှမဟုတ် Legoအရုပ်အဖြစ်ပဲ ပြောင်းသွားမလား ….. ခရစ္စမတ်ရဲ့ အမှန်တကယ် အနှစ်သာရကိုရော ရှာဖွေတွေ့ရှိသွားမလားဆိုတာကို ကြည့်ရှု့ရမှာဖြစ်ပါတယ်။ ဇာတ်လမ်းက ကြည့်ရှု့လို့ကောင်းပြီး ခရစ္စမတ်ကာလနဲ့လည်း ကိုက်ညီတဲ့အတွက်ကြောင့် မိသားစုနဲ့ပဲအဖြစ် တစ်ယောက်တည်းပဲဖြစ်ဖြစ် ချစ်ရသူလေးနဲ့ပဲအဖြစ်ဖြစ် ကြည့်ရှု့ဖို့ သင့်တော်ကြောင်း တိုက်တွန်းလိုက်ပါတယ်။ အညွှန်းနဲ့ဘာသာပြန်သူက Minn Khant Kyi Win ဖြစ်ပါတယ်။ File size…(1.1 GB) Quality…. 720p Format…mp4 Duration….02:00:00 Genre…Comedy, Fantasy, Family Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Min Khant Kyi Win

Action • Drama
0 2023
Candy Cane Lane
Just One Time
5.6

Just One Time [2021] (IMDb 5.7/10) Just One Time ဆိုတဲ့ စပိန်ဇာတ်ကားလေးကတော့ အိမ်ထောင်ရေးပြဿနာအကြောင်းကို ရိုက်ပြထားတာပါ… ဇာတ်လမ်းကတော့ ပါဘလိုက ဇနီးသည် အီဗာကို ကိုယ်ထိလက်ရောက်စော်ကားခဲ့တဲ့အတွက်ကြောင့် ဥပဒေအရ လူမှုဖူလုံရေးစင်တာမှာ ကုထုံးခံယူရတာကနေ စတင်ခဲ့ပါတယ်… ပါဘလိုဟာ ဒေါသကြီးတတ်သော်ငြား တခါမှာ ရှူးရှူးဒိုင်းဒိုင်းသောင်းကျန်းတတ်သူ မဟုတ်ခဲ့တာမို့ သူဟာ သူမှန်ကန်ကြောင်း အကျိုးအကြောင်းဆီလျော်ကြောင်းသာ လက်ခံထားခဲ့ပါတယ်… ကုထုံးပညာရှင် လော်ရာက ပါဘလိုနဲ့ အီဗာတို့ကို တလှည့်စီ တွေ့ဆုံပြောဆိုရင်းက သူတို့ ကနဦးက ထွက်ဆိုချက်တွေနဲ့ ကွဲလွဲပြီး ပိုမိုရှုပ်ထွေးလာပါတော့တယ်… ဒီအချိန်မှာပဲ လော်ရာဟာ အနှောက်အယှက်တစ်ခုနဲ့ စတင်ကြုံတွေ့လာရပါတော့တယ်… စပိန်နိုင်ငံမှာ လင်လုပ်သူက ဇနီးသည်ကို ရိုက်နှက်ခြင်းဟာ ပုံမှန်ပဲလို့ ထင်မြင်ယူဆကြတာဟာ နှစ်ပေါင်းများစွာပါ… ဇာတ်လမ်းအရ မကြာသေးခင်ကမှ ဥပဒေတွေ ချမှတ်လိုက်ကြတာမို့… ဒီလို အိမ်တွင်းအကြမ်းဖက်မှုတွေကို လိုက်လံဖြေရှင်းပေးရတဲ့ လော်ရာတို့လို လူမှုဖူလုံဝန်ထမ်းတွေဟာ ယောက်ျားတွေရဲ့ ပစ်မှတ်ထားအန္တရာယ်ပြုခြင်းကိုလည်း ခံရပါတယ်… ဒီလိုမျိုး အန္တရာယ်တစ်ဖက် ပါဘလိုတို့အရေးတစ်ဖက်မှာ ဘာတွေဘယ်လို ဆက်ဖြစ်သွားမလဲ… အကြမ်းဖက်မှုမှာ မှန်ကန်တဲ့အကျိုးအကြောင်းပြချက်ဆိုတာ မရှိဘူးဆိုတဲ့ လော်ရာတစ်ယောက် သူ့အပေါ်ကျရောက်လာတဲ့ အန္တရာယ်ကို ဘယ်လိုဖြေရှင်းသွားမလဲ ရှုစားရမှာပဲ ဖြစ်ပါတယ် အညွှန်း နဲ့ ဘာသာပြန်ကတော့ Tun Aung Kyaw ပဲ ဖြစ်ပါတယ်။ Genre….. Drama Quality…. 1080p | 720p File size… 918MB | 482MB Format… mp4 Duration…. 1h 20min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Tun Aung Kyaw Encoder ….. Aaron

Drama
5.6 2021
Just One Time
Oru Yamandan Premakadha
5.1

Oru Mandan Premakadha (2019) “မီးတောက်ငယ်လေးတစ်ခု” ဒီတစ်ခေါက်‌တင်ဆက်ပေးချင်တဲ့ ဇာတ်ကားလေးကတော့ IMDb rating မှာ 5.1 ရရှိထားတဲ့ ဇာတ်ကားလေးပဲဖြစ်ပါတယ် ဒီဇာတ်ကားလေးဟာဆိုရင်တော့ဖြင့် B.C Noufal ရိုက်ကူးထားပြီး 2019 မှာ ထွက်ရှိခဲ့တဲ့ မလေယာလမ်စကားပြော အချစ်ဟာသဇာတ်ကားလေးပဲ ဖြစ်ပါတယ်။ ဒီဇာတ်ကားလေးမှာတော့ မင်းသား Dulquer Salmaan ဟာ ချမ်းသာတဲ့ မိသားစုကနေ မွေးဖွားလာပြီး သူငယ်ချင်းတွေနဲ့အတူ ဘဝကို ပျော်ရွှင်စွာ ဖြတ်သန်းနေတဲ့ လူငယ်လေး လာလူအနေနဲ့ သရုပ်ဆောင်ထားပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့ လာလူဟာ ဆေးသုတ်သမားတစ်ယောက်အနေနဲ့ အသက်မွေးဝမ်းကြောင်းပြုရင်း သူ့ရဲ့ သူငယ်ချင်းတွေနဲ့ အတူတူ ပျော်စရာတွေ မကောင်းမှုတွေ တူတူလုပ်လိုက်နဲ့ တစ်ရက်တစ်ရက် အချိန်ကုန်ဆုံးလေ့ ရှိပါတယ်။ လာလူဟာ လူငယ်သဘာဝ ပျော်တတ်ပါးတတ်ပေမဲ့ မိသားစုနဲ့ ပတ်သက်ရင်တော့ အလေးထားတတ်သလို ဖခင်ဖြစ်သူရဲ့ ဆန္ဒတွေကိုလည်း အလေးထားပါတယ်တဲ့။ တစ်နေ့မှာတော့ သတင်းစာတစ်ခုကနေ ပျောက်ဆုံးနေတဲ့ အမျိုးသမီးလေး တစ်ယောက်ကို မြင်ပြီး ချစ်မိသွားပါ‌ေတာ့တယ်။ ဘယ်ကမှန်းမသိ ဘယ်လိုလူမှန်းမသိတဲ့ မိန်းကလေးဖြစ်သူ ဒီယာကို ချစ်မိသွားတဲ့အခါ စိန်ခေါ်မှုပေါင်းများစွာကို ရင်ဆိုင်ရင်း သူ့ရဲ့ ဘဝ အလှည့်အပြောင်း ဖြစ်သွားချိန်မှာတော့….. ဘာတွေ ဆက်ဖြစ်မလဲဆိုတာ ဆက်လက်ရှုစားအားပေးကြပါဦးရှင် အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team ပဲဖြစ်ပါတယ်

5.1 2019
Oru Yamandan Premakadha
Sixty Six
6.7

ဒီကားလေးကတော့ ၂၀၀၆ခုနှစ်ကထွက်ခဲ့တဲ့ Comedy/ Sport အမျိုးအစား ဗြိတိန်ကားလေးဖြစ်ပါတယ်။ ဘာနီဘယ်ရွန်ဆိုတဲ့ ဂျူးလူမျိုးကောင်လေးက ကျောင်းမှာလည်းလူရာမ၀င် အိမ်မှာလည်း မိဘတွေကပါ ကမ်းခြေမှာမေ့ပြီး ထားခဲ့ခံရတဲ့အထိ အမေ့ပျောက်ခံလူတန်းစားလေးပါ။ ဒါပေမဲ့ ဂျူးဘာသာရေးထုံးစံအရ ဘားမစ်ဇ်ဘက်ဆိုတဲ့ (၁၃)နှစ်ပြည့်အရွယ်ရောက်ပွဲ ကျင်းပရတော့မှာဖြစ်ပါတယ်။ အဲဒီနေ့ကျရင် ပါတီပွဲအကြီးကြီးပေးပြီး လူတွေသူ့ကိုဂရုစိုက်လာကြမယ် အာရုံစိုက်လာကြမယ်ဆိုပြီး ကလေးအတွေးနဲ့ အပျော်ကြီးပျော်နေပါတယ်။ ဒါပေမဲ့ သူ့ရဲ့ပွဲကျင်းပမယ့်နေ့က (8)ကြိမ်မြောက် ကမ္ဘာ့ဖလားဖိုင်နယ်ပွဲဖြစ်နေတဲ့အခါမှာ ဘာနီတစ်ယောက် စိတ်ဓါတ်တွေကျပြီး အင်္ဂလန်အသင်း ဖိုင်နယ်မရောက်ဖို့ ဆုတောင်းပါတော့တယ်။ တစ်ကားလုံးက ပေါ့ပေါ့ပါးပါးနဲ့ရယ်မောနေရတဲ့အတွက် အပန်းဖြေကြည့်ချင်တဲ့သူတွေအတွက် ရွေးသင့်တဲ့ကားကောင်းလေးပါပဲ။ File size…(1.7 GB)/(970 Mb) Quality….Webrip 1080p / 720p Format… mp4 Duration…. 01:33:00 Genre… Biography, Comedy, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Soe Thiri Swe

Romance • Drama
6.7 2006 93 mins
Sixty Six
Untamed Heart
6.8

Untamed Heart (1993) IMDb Rating (6.8) Spider-Man ရဲ့ ခပ်ဟော့ဟော့ Aunt May အဖြစ် လူသိများတဲ့ မင်းသမီး Marisa Tomei တယောက် ငယ်ငယ်ကတည်းက ဘယ်လောက်ထိလန်းပြီး ချစ်ဖို့ကောင်းတယ်ဆိုတာ ဒီကားမှာ ကွက်ကွက်ကွင်းကွင်းမြင်ရမှာပါ…မင်းသားကြီး Christian Slater နဲ့တွဲဖက်ထားပြီး တကယ်ကိုမိုက်တဲ့ အချစ်ဇာတ်ကားလေးပါပဲ။ “ချစ်တယ်ဆိုတာ ဦးနှောက်နဲ့ စိတ်ဝိညာဉ်ကိုသုံးပြီး ချစ်ရတာပါ၊ တကယ်နှလုံးသားနဲ့ ချစ်ရတာမဟုတ်ဘူး၊ အဲ့တာယုံတမ်းစကား သပ်သပ်ပဲ” “ဒါဆို မင်းမရှိရင် ဘာလို့ အဲ့နေရာက အရမ်းနာကျင်ရတာလဲ” – အရိုင်းဆန်သောနှလုံးသား (1993) ကယ်ရိုလိုင်းက စားသောက်ဆိုင်မှာ ညနက်တဲ့အထိ အချိန်ပိုင်း စားပွဲထိုးရတဲ့ ကောင်မလေးတစ်ယောက်ဖြစ်ပြီး အချစ်ရေးလည်း ကံခေသူလေးပါ။ အက်ဒမ်ကတော့ ငယ်ငယ်လေးကတည်းက မိဘတွေမရှိကြတော့လို့ မိဘမဲ့ဂေဟာမှာပဲ ကြီးပျင်းခဲ့ရသူပေါ့။ ဒါ့အပြင် ကျန်းမာရေးလည်းချူချာတာမို့ ဂေဟာမှာရှိတဲ့ သီလရှင်တွေက ခက်ခက်ခဲခဲ စောင့်ရှောက်ခဲ့ကြရတာပါ။ ဒီလိုနဲ့ သူလည်း အသက်ကြီးလာတဲ့အခါ ကယ်ရိုလိုင်း စားပွဲထိုးလုပ်တဲ့ဆိုင်မှာ အလုပ်ဝင်လုပ်ရင်း ၂ယောက်သား ဆုံမိပါတော့တယ်။ သွက်လက်ပေမယ့် အချစ်ရေးကံခေသူ ကယ်ရိုလိုင်းနဲ့ အေးစက်ပြီး လူတွေနဲ့စကားမပြောတတ်သူ အက်ဒမ်တို့ အလုပ်မှာရင်းနှီးလာကြပါတယ်။ တစ်ညမှာ ကယ်ရိုလိုင်းအိမ်ပြန်ချိန် လိုက်နှောင့်ယှက်တဲ့လူတွေရန်ကနေ ကာကွယ်ပေးခဲ့တာကြောင့်လည်း သူတို့၂ဦး ပိုမိုနီးကပ်လာပြန်ပါတယ်။ ဒီလိုနဲ့ သူတို့ ၂ယောက်ကြား ဘယ်လိုပတ်သတ်မှုတွေထပ်ဖြစ်လာမလဲဆိုတာကို ဆက်လက်ကြည့်ရှုရမှာပါ။ romanceကားကောင်းကောင်း ကြည့်ချင်နေသူတွေအတွက်တော့ လုံးဝအကြိုက်တွေ့စေမယ့် ဇာတ်ကားလေးပါပဲဗျ။ မင်းသမီး Marisa Tomeiရဲ့ ငယ်ရွယ်ချိန်က အလှအပတွေကိုလည်း တစ်ဝကြီးမြင်ရမယ့် ဇာတ်ကားဖြစ်ပါတယ်။ (ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို Spencer Potato မှ တင်ဆက်ထားပါတယ်။)

6.8 1993 102 mins
Untamed Heart
Home Sweet Loan
8.1

Home Sweet Loan (2024) IMDb Rating (8.1) ဒီဇာတ်လမ်းကတော့အင်ဒိုနီရှားနိုင်ငံက လူလတ်တန်းစားအလုပ်သမားတွေရဲ့ လက်တွေ့ကျတဲ့ ငွေကြေးအခက်အခဲနဲ့ မိသားစုပြဿနာတွေကို မီးမောင်းထိုးပြထားပါတယ်။ ကိုယ်ပိုင်စိတ်ကူးအိပ်မက်တွေနဲ့ မိသားစုအပေါ်ထားရတဲ့ တာဝန်ဝတ္တရားတွေကြား လွန်ဆွဲရင်း မိသားစု၊ သူငယ်ချင်းဆက်ဆံရေးနဲ့ ကိုယ့်အိပ်မက်အတွက်ရုန်းကန်မှုတွေကို ရင်ထဲထိအောင်ရိုက်ကူးထားပါတယ်။ Plot summary: တစ်ပဲခြောက်ပြားလစာလေးနဲ့ မော်ဒယ်လုပ်နေရတဲ့ Kaluna မှာ အိပ်မက်တစ်ခုရှိတယ်။ အဲဒါကတော့ တစ်နေ့ကျရင် သူ့ကိုယ်ပိုင်အိမ်လေးတစ်ခုဝယ်နိုင်ရမယ်ဆိုတာပါပဲ။ ဒါပေမယ့် သူအခုနေနေတဲ့မိဘအိမ်က သူမောင်နှမတွေရဲ့မိသားစုက အတော်လေးကျပ်တည်းနေပြီး အိမ်ကို Kaluna ကပဲ အကုန်ထောက်ပံ့ကာ အိမ်ဖော်တစ်ယောက်လိုနေနေရတယ်။ လူဦးရေများတဲ့အိမ်မှာနေနေရတဲ့ Kal က သူ့ကိုယ်ပိုင်လွယ်လွယ်လပ်လပ် သီးသန့်နေရာလေးကို အရမ်းလိုချင်ပြီး ကိုယ်ပိုင်အိမ်ဝယ်ဖို့ပိုက်ဆံစုနေပေမယ့် မိသားစုရဲ့ငွေကြေးအခက်အခဲတွေကြားမှာ သူ့အိပ်မက်တွေကိုစွန့်လွှတ်ပြီး မိသားစုကိုပဲဦးစားပေးရမလား၊ တစ်ခါလောက်တစ်ကိုယ်ကောင်းဆန်ပြီး ကိုယ်ပိုင်အိပ်မက်တွေနောက်ပဲလိုက်မလား… ဆိုတာကို ဒီဇာတ်လမ်းထဲမှာ ဆက်လက်ကြည့်ရှုလို့ရပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Thwal Htoo Zin ဖြစ်ပါတယ်။) File size…(2.3 GB) / (890 MB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Comedy,Drama,Family Duration….01:52:16 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by Thwal Htoo Zin

Drama
8.1 2024 112 mins
Home Sweet Loan
Beatdown
4.5

Beatdown (2010) IMDb Rating (4.5) / Rotten Tomatoes (29%) ဘရန်ဒန်က Street fight တွေထိုးတဲ့ ဖိုက်တာတစ်ယောက်။ သူ့အကိုနဲ့အတူ Street fight တွေလိုက်ထိုးတယ်။ သူ့အကိုကတော့ အလောင်းကစားသမား မြင်းပွဲတွေလောင်းရတာကြိုက်တဲ့သူ။ သူတို့ညီအကိုနှစ်ယောက်တည်းနေရပြီး ဂန်းစတားတစ်ယောက်ဆီက ပိုက်ဆံချေးထားတာတွေရှိတယ်။ သူ့အကိုကလည်း မြင်းပွဲလောင်းဖို့ အဲဒီဂန်းစတားဆီမှာ ပိုက်ဆံတွေချေးထားတယ်။ တစ်ညမှာ သူ့အကိုက အသတ်ခံလိုက်ရတယ်။ သူ့အကိုအသတ်ခံလိုက်ရတဲ့အချိန် ဂန်းစတားဆီမှာက အကြွေး ဒေါ်လာ ၆၀၀၀၀ ရှိနေပြီ။ ဂန်းစတားက အကြွေးပြန်ဆပ်ဖို အချိန်တစ်ပတ်ပေးတော့ ညီဖြစ်သူ သူ့အဖေရှိတဲ့တောမြို့လေးကိုရှောင်လာတယ်။ အဲဒီမှာအလုပ်လုပ်ရင်း လုပ်ဖော်ကိုင်ဖက်တစ်ယောက်နဲ့ Street fight တွေမှာ ပိုက်ဆံရှာကြတာကိုကြည့်ရမှာဖြစ်ပါတယ်။ Fight scene မြိုင်မြိုင်ဆိုင်ဆိုင်လေးနဲ့မို့ ဘွိင်ကာတို့လို Vibe မျိုးကြိုက်သူတွေအတွက်ကတော့ မပျင်းရမှာအသေအချာပါပဲ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ linmyat hein ဖြစ်ပါတယ်။) File size…(1.7 GB) / (950 MB) Quality….Blu-Ray 1080p / 720p Format…. mp4 Genre….Action,Adventure,Thriller Duration….01:30:27 Subtitle….Myanmar Subtitle (Hardsub) Encoder….Thit San Khant Translated by linmyat hein

Action • Drama
4.5 2010 89 mins
Beatdown
Mokshapatam
5.7

Mokshapatam (2025) “အိတ်တစ်လုံးဇာတ်လမ်း” မဆလာပရိတ်သတ်တို့အတွက် တေလဂူးသည်းထိပ်ရင်ဖို ဇာတ်လမ်းလေးကို တင်ဆက်ပေးလိုက်ပါတယ် ဂါယာထရီဆိုတဲ့ လူလတ်တန်းစား ကလေးအမေတစ်ယောက်ဟာ ဟိုတယ်ဝန်ထမ်းဖြစ်ပြီး ပိုအဆင်ပြေတဲ့ဘဝကို တောင့်တနေသူပါ သူတို့ အနှစ်နှစ်အလလ စုထားတဲ့ပိုက်ဆံက သူ့ယောကျာ်းသူငယ်ချင်းလက်ချက်ကြောင့် ဆုံးသွားတဲ့အတွက်လည်း ယောကျာ်းလုပ်သူကို စိတ်ပျက်လျက်ရှိပါတယ် ကံကောင်းချင်တော့ ဟိုတယ်ခန်းထဲမှာ တည်းခိုသူတစ်ယောက် မတော်တဆကျန်ခဲ့တဲ့ အိတ်တစ်လုံးကိုဖွင့်လိုက်ရာမှာ မမျှော်လင့်ထားတာကို တွေ့လိုက်ရပါတော့တယ် တစ်ဖက်မှာလည်း လူဆိုးတစ်သိုက်က အဲဒီအိတ်နဲ့ ပတ်သက်နေလေတော့ ဘာတွေဆက်ဖြစ်ကြမလဲ မဆလာပရိသတ်တို့ကပဲ ခံစားကြည့်ရှုလိုက်ကြပါဦး အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team မှ ဖြစ်ပါတယ်

Drama • Thriller • Western
5.7 2025 134 mins
Mokshapatam
The Pickup
6.7

The Pickup ကတော့ ၂၀၂၅ ခုနှစ်မှာ ထွက်ရှိလာတဲ့ အမေရိကန်လုယက်မှုဟာသဇာတ်ကားဖြစ်ပြီး Tim Story ကဒါရိုက်တာလုပ်ကာ Eddie Murphy ၊ Pete Davidson နဲ့ Keke Palmer တို့က ပါဝင်သရုပ်ဆောင်ထားပါတယ်။ Russell (Eddie Murphy) က အနားယူဖို့အချိန်နီးနေပြီဖြစ်တဲ့လုံခြုံရေးကားမောင်းသမားတစ်ဦးဖြစ်ပြီး သူ့ဇနီး Natalie (Eva Longoria) နဲ့ အိမ်ထောင်သက် ၂၅ နှစ်ပြည့်အထိမ်းအမှတ်အတွက် အချိန်မီအိမ်ပြန်ဖို့ပဲ စိတ်အားထက်သန်နေခဲ့ပါတယ်။ ဒါပေမဲ့ ရဲဖြစ်ဖို့ကြိုးစားရင်း ကျရှုံးနေတဲ့ Travis (Pete Davidson) နဲ့တွဲလုပ်ရတဲ့အခါ အခက်အခဲတွေစတင်ဖြစ်ပေါ်လာပါတော့တယ်။ တစ်နေ့မှာ သူတို့ရဲ့ငွေသယ်ယာဉ်ကို Zoe (Keke Palmer) ဦးဆောင်တဲ့လုယက်သူတွေက ဝင်ရောက်တိုက်ခိုက်ပြီး သူတို့ကို Atlantic City မှာရှိတဲ့ ကာစီနိုတစ်ခုက ဒေါ်လာသန်း ၆၀ ခိုးယူရာမှာပါဝင်ဖို့ အတင်းအကျပ်စေခိုင်းခဲ့ပါတယ်။ Zoe ရဲ့ရည်ရွယ်ချက်ကတော့ သူ့အဖေကိုကာစီနိုက မတရားဆက်ဆံခဲ့တာကို လက်တုံ့ပြန်ဖို့ပဲဖြစ်ပါတယ်။ Russell တစ်ယောက် ဇနီးနဲ့နှစ်ပတ်လည်အတွက် အိမ်ပြန်နိုင်မှာလား၊ Travis ကရော သူ့အိပ်မက်ဖြစ်တဲ့ရဲဖြစ်လာနိုင်မလား၊ Zoe ကတော့ လက်စားချေနိုင်မှာလားဆိုတာ ကြည့်ရှုရမှာဖြစ်ပါတယ်။ File Size… (1.66GB) / (982MB) Quality… WEB-DL 1080p HEVC /720p Format…mkv / mp4 Duration…1h 34m Genre ….Comdey , Action Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by JULY

Thriller • Mystery
6.7 2025 94 mins
The Pickup