YoteShin Drive is below this article. Scroll down to view.

The Redmi Pad will be announced on October 4

Author: Anonymous Published on: 12 Aug 2022

Xiaomi will announce a 12T series with the 200MP camera on October 4, and the company has now confirmed that the new tablet is called the Redmi Pad. 𝑻𝒉𝒆 𝑹𝒊𝒈𝒉𝒕 𝑹𝒊𝒈𝒉𝒕 𝑪𝒉𝒐𝒊𝒄𝒆 𝑪𝒉𝒐𝒊𝒄𝒆 𝑪𝒉𝒐𝒊𝒄𝒆 𝑪𝒉𝒐𝒊𝒄𝒆 for entertainment, gaming, e-learning, and browsing is here. 🤩the #redmipad is launching on the 4th of October, 12 pm! Stay tuned: https://t.co/3wa6eqk0um Tell us in Comments Below What You Would Use #redmipad! pic.twitter.com/z5sgr48szy & mdash; Redmi India (@redmiindia) September 29, 2022 The Redmi Pad is the entertainment, Games, Gain for e-learning and browsing and the company will produce green. The 8MP camera will be equipped on the back. The brown model will be released under the photo displayed on Xiaomi's official website. Xiaomi has not said anything to the specs of the Redmi Pad, but it will be included in HELO G99 Soc, Android 12-based MIUI to select 4GB of RAM and 128GB storage. The Redmi Pad will feature a 10.61-inch 90hz LCD 2000 & # 215; The 8,000 pixel battery and 18w Charging. The 22.5W adapter will be included in the container. The tablet will also include Dolby ATMOS Certificate Specifices and will feature an 8MP camera on the east. Graphite Gray, Moonlight Silver and Mint Green colors will be made. This is the specs of the WiFi model, which is different in the 11.2-inch display. 7,800mAh batteries are reported. It is not yet known whether the model will be announced on the 4th of this month. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

THE MAID 2020 1080P WEB-DL {CM}.mp4

1.09 GB 1080p video/mp4 2392 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Green Street Hooligans: Underground
5.5

ဒီတစ်ခါ ပရိတ်သတ်ကြီးအတွက် 2013မှာထွက်ရှိခဲ့တဲ့ Green Street 3 ဆိုတဲ့ အက်ရှင်ကားကောင်းလေး တင်ဆက်ပေးလိုက်ပါတယ်။ ဒီထဲမှာ ဘောလုံးပွဲကြည့်ရတာကို အရမ်းသဘောကျပြီး ကိုယ်ကြိုက်တဲ့ ဘောလုံးအသင်းကို အရူးအမူး အားပေးတဲ့သူတွေလည်း ရှိမယ်ထင်ပါတယ်။ ဒီဇာတ်ကားထဲမှာတော့ ဒီလို အားပေးရာကနေ တစ်ဆင့်တက်သွားတဲ့ football hooligansခေါ် ဘောလုံး လူရမ်းကားတွေ အကြောင်း ကြည့်ရမှာပါ။ သူတို့ဟာ ပြိုင်ဘက်အသင်းက လူရမ်းကားတွေနဲ့ ကိုယ်ထိလက်ရောက် ရန်ဖြစ်ကြ သောင်းကျန်းကြတာမျိုး တွေပါ လုပ်လေ့ရှိပြီး မကျေနပ်တာရှိရင် အုပ်စုလိုက် ချိန်းထိုးကြတာမျိုး လုပ်တဲ့အထိ ကြမ်းတမ်းကြပါတယ်။ Never Back Downဟာ တတိယမြောက် Green Streetဇာတ်ကားဖြစ်ပါတယ်။ ဒီဇာတ်လမ်းထဲမှာတော့ ညီဖြစ်သူ ဂျိုဝီရဲ့ ပဟေဠိဆန်ဆန် သေဆုံးသွားမှုကြောင့် အကိုဖြစ်သူ ဒန်နီတစ်ယောက် သူဦးဆောင်ခဲ့တဲ့ ဝက်စ်ဟမ်း အမာခံ ပရိတ်သတ်အဖွဲ့ ဂရင်းစထွိကို ပြန်ရောက်လာရကနေ ဇာတ်လမ်းစပါတယ်။ သူပြန်ရောက်လာချိန်မှာတော့ ဒီရန်ပွဲတွေဟာ အရင်ကလို လမ်းဘေးမှာ ဖြစ်ချင်တိုင်းဖြစ်ကြတဲ့ ပွဲမျိူးတွေမဟုတ်တော့ပါဘူး။ ရန်ပွဲတွေဟာ စည်းစနစ်တကျနဲ့ လူတွေရှေ့မှာ ထိုးသတ်ကြရတဲ့ လျှို့ဝှက်ပွဲတွေ ဖြစ်သွားကြပါပြီ။ ဒါကိုတွေ့လိုက်ရတဲ့ ဒန်နီတစ်ယောက် ဂရင်းစထွိအဖွဲ့ကို ထိပ်ဆုံးပြန်ရောက်အောင် ဘယ်လိုများ ဦးဆောင်မလဲ၊ သူ့ညီဖြစ်သူ ဂျိုဝီကို သတ်သွားသူကိုရော ဘယ်လိုလိုက်ရှာ မလဲဆိုတာ ကြည့်ရှုရမှာပါ။ ဒီလို လူမိုက်တွေထဲမှာမှ အန္တရာယ်များတဲ့သူတွေပါ ပါဝင်လာချိန်မှာတော့ ဒန်နီတစ်ယောက် ဘယ်လိုရင်ဆိုင်မလဲဆိုတာ စိတ်ဝင်တစား ကြည့်ရှုရမှာပါ။ File size…1.31 GB/ 539.7 MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 33m Genre ..... Action , Crime , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Swam Yi

Adventure • Comedy • Science Fiction
5.5 2013 90 mins
Green Street Hooligans: Underground
Organ Trail
6.8

Drama/Thriller/Western IMDb – 5.3/10 ဒီဇာတ်လမ်းရဲ့ ပိုစတာကိုမြင်လိုက်တာနဲ့ သွေးသံတရဲရဲနဲ့ ကြောက်ဖို့ကောင်းတဲ့ခံစားချက်ဝင်မိမှာပါ ဒါပေမဲ့ ဒီဇာတ်ကားက သာမန် horror movie တွေလိုမျိုးမဟုတ်ဘဲနဲ့ ပရိတ်သတ်ကြီးကို ဇာတ်လမ်းအစကနေ အဆုံးအထိ ဇာတ်ရှိန်တဖြည်းဖြည်းတက်သွားပြီး စိတ်ဝင်စားအောင် ဖမ်းစားသွားနိုင်တဲ့ thriller ဆန်ဆန် ဇာတ်ကားကောင်းတစ်ခုပါ။ အကြမ်းဖက်မှုတွေ လက်တုံ့ပြန်မှုတွေကို အနောက်ပိုင်းစတိုင် horror ဆန်ဆန်ရိုက်ကူးထားပြီးတော့ ဒီဇာတ်လမ်းကိုတော့ ၁၈၀၀ ပြည့်နှစ်တွေတုန်းက အော်ရီဂွန်ချိုင့်ဝှမ်းနဲ့ မစ်ဆူရီမြစ်ကို ဆက်သွယ်ပေးတဲ့ လှည်းလမ်းကြောင်းဖြစ်တဲ့ Orgeon Trail ကိုအခြေတည်ပြီး ဒါရိုက်တာက နာမည်ပေးခဲ့တာပါ။ ဇာတ်လမ်းရဲ့အကျဉ်းချုပ်ကတော့... အက်ဘီ‌ဂေးလ်တို့မိသားစုလေးယောက် မုန်တိုင်းဒဏ်ကိုဖြတ်ကျော်ပြီး Orgeon Trail ကိုဖြတ်သွားတော့မယ်အချိန်မှာ သူတို့မိသားစုအတွက် ကံဆိုးမိုးမှောင်ကျတဲ့ဖြစ်ရပ်ကြီးတစ်ခုကို ကြုံတွေ့ခဲ့ရပါတယ်။ အဲဒါကတော့ အက်ဘီဂေးလ်ရဲ့အဖေက သူ့အစ်ကိုနဲ့ အမဲလိုက်ထွက်နေရင်း ဒဏ်ရာရအမျိုးသမီးတစ်ယောက်ကို ကယ်ဆယ်ခဲ့တာပါ။သူ့အဖေတို့ ဒဏ်ရာရာအမျိုးသမီးကို ကယ်ဆယ်ပေးပြီး သူတို့ယာယီစခန်းအထိ ခေါ်လာခဲ့တဲ့အချိန်မှာတော့ အက်ဘီဂေးလ်တို့ဆီကို ဘယ်လိုဒုက္ခမျိုးတွေယူဆောင်လာမှာလဲ...အက်ဘီဂေးလ်တို့ ထွက်ပြေးလွတ်မြောက်နိုင်ပါ့မလားဆိုတာကို ဒီဇာတ်လမ်းလေးမှာ ကြည့်ရှူခံစားရမှာပါ File size…(1.7 GB)/(1 GB)/(510 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:52:00 Genre...Western, Horror Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Shwe Yee

Action
6.8 2023 112 mins
Organ Trail
The Texas Chain Saw Massacre
7.3

~ IMDb - 7.4/10, Rotten Tomatoes - 89% ~ သိကြတယ်မလား... ကျွန်တော်တို့ငယ်ငယ်က ကြည့်ခဲ့ရတဲ့ လူသတ်ကားတွေ သရဲကားတွေ။ ဟိုအရင် ကလေးဘဝကတော့ စောင်ထဲမှာ ဖင်ဗူးတောင်းထောင်ပြီး တီဗီဖန်သားပြင်ကို ခိုးခိုးကြည့်ရတာမျိုးပေါ့ဗျာ။ ပြီးရင် နောက်ဖေးသွားကြတဲ့အခါ မောင်နှမတွေ အတန်းလိုက်ကြီး။ အဲဒီအချိန်ဆို သိပ်စည်းလုံးတာ။ ရန်ဖြစ်ထားရင်တောင် အဲဒီအချိန်ဆို ပြန်တည့်ကြရော။ သရဲဆိုတာ တကယ်မရှိဘူးကွလို့ ပြောတဲ့လူကြီး‌တွေက‌တောင် ကျွန်တော်တို့ကို နောက်ဖေးလိုက်ပို့သလိုလိုနဲ့ ဟိုကြည့်ဒီကြည့်လုပ် အိမ်သာလုတက်ကြတာမျိုး။ ကဲဗျာ ငယ်ငယ်က အရောင်စုံခဲ့တဲ့ ပျော်စရာလေးတွေ ပြန်ခံစားမယ်ဆိုပြီး ရှေးရှေး Horror ကားတွေကို ပြန်ခံစားကြည့်တယ်။ ငယ်ငယ်က နားမလည်ဘဲ ကြည့်ခဲ့ရပေမဲ့ အခုတော့ ငါကိုယ်တိုင် ဘာသာပြန်နိုင်နေပြီ။ ကျန်တဲ့သူတွေ အေးဆေးသက်သာကြည့်နိုင်အောင် လုပ်ပေးမယ်ဆိုပြီး ဂရုထဲမှာတောင်းထားတဲ့ကားလေးကို ဖောင်ဒါကြီးရဲ့ လမ်းညွှန်ချက်နဲ့အညီ လုပ်ပေးခဲ့ပါတယ်။ သောက်ကျိုးနည်း ကောင်းလိုက်တာဗျာ။ သိတယ်မလား။ အဲဒီခေတ် Horror တွေရဲ့ စတိုင်တွေ။ လူသတ်သမားရဲ့ ကိုယ်အလေးချိန်က ပေါင် (၃၀၀) နီးပါးလောက်ရှိမယ်။ လေးလုံးခြောက်ဖက်ကြီး။ ရှေ့ကပြေးတဲ့ လေဒီမမက (၁၂၅) ပေါင်လောက်လေး။ ဒါကို လွတ်အောင်မပြေးနိုင်ဘူး။ သောက်ကောင်မက ခြေတောက်ကို ထူးခတ်ပြီး သံတုံးဆွဲထားသလိုပြေးတာလေ။ ဒီကြားထဲ ခေါက်ဆွဲစားတဲ့ တူလောက်ပဲတုတ်တဲ့ သစ်ကိုင်းခြောက်ကို ခလုတ်တိုက်ပြီး လဲသေးတာဗျာ။ ပြန်ထရင် စခရင်တိုင်းမ် လေးမိနစ်လောက်ကြာတယ်။ ပြေးရင်လည်း အိမ်ထဲကိုဝင်ပြေးတာ။ အိမ်ထဲကနေပြီး နောက်ကလိုက်လာတဲ့ကောင်ကို တူတူရေ ဝါး လုပ်ချင်လို့လားမသိပါဘူး။ ပြီးရင် စားပွဲကိုပတ်ပြေး၊ အခန်းတောင့်ကိုကပ်။ နောက်တော့သေပါလေရော။ အားရလိုက်တာဆိုတာများ။ အေးတာပဲ။ အကူအညီသွားခေါ်မယ်ဆိုရင်လည်း လက်မခံ။ တစ်ယောက်တည်းသွားမယ်လုပ်။ ကိုယ်နဲ့ပါလာတဲ့သူကို လူသတ်သမားကသတ်နေရင် ဘေးကနေ ခြေကားယား လက်ကားယားကြီးလုပ်ပြီး အသေထိုင်အော်နေတာ။ ဘေးနားရှိတဲ့ဟာ တခုခုနဲ့ ကောက်ရိုက်ရင်တောင် လူသတ်သမား ချီးထွက်လောက်တယ်။ အခုက ပြေးလည်းမပြေး၊ ကူလည်းမကူ၊ ဘေးကထိုင်အော်တာ အာသီးတောင် လှမ်းမြင်ရတယ်။ ကဲ ကဲ အခုတင်ဆက်ပေးမယ့်ကားကတော့ The Taxes Chainsaw Massacre ပါတဲ့။ ကျွန်တော်တို့ရဲ့ စက်လွှသမား လူသတ်ကားတွေရဲ့ ပထမဆုံး အစပြုရာ ဇာတ်ကားပေါ့။ ဒီဇာတ်ကား‌ကြောင့်ပဲ သားရေမျက်နှာနဲ့ စက်လွှလူသတ်သမားကြီးဆိုတဲ့ ဇာတ်ရုပ်ပေါ်လာတာပေါ့။ အပေါ်က ကျွန်တော် အသည်းပေါက်လို့ရေးထားတာတွေဖတ်ပြီး အချဉ်တော့ မထင်နဲ့ဗျ။ ဇာတ်ကားရဲ့ သမိုင်းကြောင်းက တော်တော်စိတ်ဝင်စားဖို့ကောင်းတယ်။ ဖြစ်ရပ်မှန်ကို အခြေခံပြီး ရိုက်ကူးထားတဲ့ ဇာတ်လမ်းပါ။ တကယ်တော့ ဖြစ်ရပ်မှန်ကို အခြေခံတယ်ဆိုတာက ရုပ်ရှင်ရုံကို လူဝင်များအောင် ဆွတဲ့သဘောပါ။ ဖြစ်ရပ်မှန်ကို အလေးထားလွန်းလို့တော့မဟုတ်ဘူး။ ပြီးတော့ ဒီဇာတ်ကားထွက်တဲ့အချိန်က ဗီယက်နမ်စစ်ပွဲနဲ့ပတ်သက်ပြီး အန်ကယ်ဆမ်တို့ဆီမှာ ဆူပွက်နေလို့ လူတွေကို ရုပ်ရှင်ရုံထဲ မောင်းသွင်းလိုက်တာပါ။ နိုင်ငံရေးအာရုံလွှဲတဲ့ ဇာတ်ကားပေါ့နော်။ သူတို့ အောင်မြင်ပါတယ်။ ကြိတ်ကြိတ်တိုး အားပေးကြတယ်။ နိုင်ငံတော်တော်များများကတော့ ပြသခွင့်ပိတ်ခဲ့တယ်ဗျ။ သတ်ခန်း ဖြတ်ခန်းတွေ ကြမ်းတမ်းလွန်းလို့တဲ့။ အဲဒီခေတ်ကမလို့ ကြမ်းတယ်ထင်ရတာပါ။ ဒီဘက်‌‌ခေတ် ကားတွေနဲ့စာလိုက်ရင်တော့ ရင်တုန်ရုံလောက်ပါပဲ။ ဇာတ်ကားအတွက် ရထားတဲ့ ဘက်ဂျက်က သိပ်နည်းလွန်းတော့ ရက်နည်းနည်းနဲ့ တနေကုန် တညလုံး ရိုက်ခဲ့တဲ့ကားပါပဲ။ ဝင်ငွေကတော့ သောက်သောက်လဲပဲဗျို့။ ဒေါ်လာ ရှစ်သိန်းနဲ့ လုပ်စားလိုက်တာ သန်း (၃၀) ကျော် ပြန်ရတယ်နော်။ ဒီဘက်ခေတ်ဆိုရင် သန်း (၁၅၀) ကျော်ပဲ။ ဇာတ်လမ်းအကျဉ်းကိုတော့ မညွှန်းတော့ပါဘူး။ ဇာတ်ကားအစမှာတင် သူတို့ကိုယ်တိုင် စာတန်းထိုးပေးတာပါတယ်။ ကဲ ပြောနေတာကြာပါတယ်ဗျာ။ ကိုယ်တိုင်ပဲ ကြည့်ရှုခံစားလိုက်ပါတော့။ (ဒီဇာတ်ကားနဲ့အညွှန်းကို Arr Khun Winchester မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.13GB, 690MB Quality - 1080p, 720p IMDb Rating - 7.4/10 Format - mp4 Duration - 1H 23Min Genre - Horror Subtitle - Myanmar Subtitle (Hardsub) Translated by Arr Khun Winchester Encoded by Y

Action • Comedy
7.3 1974 83 mins
The Texas Chain Saw Massacre
Adipurush
4.9

Adipurush (2023) ============ ဝေဖန်သံတွေညံခဲ့ပြီး 2023ရဲ့ ဒုတိယ၀င်ငွေအများဆုံးရုပ်ရှင်အဖြစ် ရပ်တည်နေတဲ့ ရာမာယဏရုပ်ရှင်ဇာတ်ကားကြည်တောက်ရှင်းထွက်လာပါပြီ။အရင်ဦးဆုံးတောင်းပန်လိုတာက နာမည်နဲ့အသုံးအနှုန်းတွေပါပဲ။ ကျွန်တော်တို့မြန်မာတွေနားနဲ့မစိမ်းတဲ့ ရာမ၊လက္ခဏ၊သီတာ၊ရာ၀ဏ ဒီလိုနာမည်တွေပဲခေါ်ဝေါ်သုံးစွဲထားလို့ပါ။ ကျွန်တော်တို့ဘာသာပြန်အဖွဲ့သုံးနှုန်းခဲ့တဲ့ နာမည်တွေ နာမ်စားတွေကြောင့် ဘာသာဝင်တဦးတယောက်ချင်းစီကို စော်ကားမိသလိုဖြစ်သွားရင် ကျွန်တော်တို့အဖွဲ့ကနေ အနူးအညွတ်တောင်းပန်ပါကြောင်း ဦးစွာပြောကြားပါရစေ။ ဒဿဂီရိဟာ အချစ်ရှုံးတာမဟုတ်ပါဘူး။အငြိုး အာဃာတတွေနဲ့ အချစ်ရူးခဲ့လို့ ကိုယ့်ပြည်ကိုယ်ပြန်ဖျက်မိတဲ့မင်းတစ်ပါးဖြစ်ခဲ့တာပါ။ အရင်အတိတ်ကံကြောင့် ကျိန်စာမိထားပြီး အမျိုးသမီးတစ်ဦးကို အလိုမတူပဲထိကပါးရိကပါးမလုပ်ရဲတာကြောင့် သီတာအပေါ်မှာ ဘာမှကိုယ်ထိလက်ရောက်မကျူးလွန်ရဲခဲ့တဲ့သူတစ်ဦးသပ်သပ်ပါပဲ။ ဇာတ်လမ်းကတော့ အားလုံးသိပြီးသား ရာမမင်းက သီတာဒေဝီကို လင်္ကာပြည်ကနေ ကယ်တင်တဲ့အကြောင်းဖြစ်ပေမဲ့ ဇာတ်လမ်းကို ချဉ်းကပ်တဲ့ပုံစံက အရင်ကရှိခဲ့ဖူးပြီးသား adaptation တွေနဲ့ ပုံစံကွဲထွက်နေပါတယ်။ ဒီရုပ်ရှင်ရဲ့ဇာတ်လိုက်သရုပ်ဆောင် ပရာဘာ့စ်ဟာ ရာမဇာတ်ကောင်နဲ့ မလိုက်ဖက်ဘူးလို့ ဝေဖန်ခံခဲ့ရပေမယ့် သီတာဒေဝီနေရာမှာသရုပ်ဆောင်တဲ့ ကရီသီးဆန်နွန်ကတော့ မင်းသမီးနေရာကနေ ကောင်းခြင်းငါးဖြာနဲ့ ပြည့်စုံစွာ ကျက်သရေရှိလှပနေပါတယ်။ ဒီရုပ်ရှင်ဟာဆိုရင် ထင်သလောက်မအောင်မြင်ခဲ့ပေမဲ့ နှစ်ပေါင်းထောင်ချီသက်တမ်းရှိတဲ့ ဂန္တဝင်လင်္ကာရှည်ကြီးကို တမူဆန်းသစ်ရိုက်ကူးထားတာမလို့ အိန္ဒိယရုပ်ရှင်ပရိသတ်တွေအတွက် ဝေဖန်ဖို့ပဲဖြစ်ဖြစ် တစ်ခေါက်လောက်တော့ ကြည့်ဖူးသင့်တဲ့ရုပ်ရှင်ပဲဖြစ်ပါတယ်။ (အညွှန်းနှင့်ဘာသာပြန်ကတော့ CM Bollowood Team မှဖြစ်ပါတယ်) File size…1.33GB Quality…720p WEB DL  Format…mp4 Duration….2h 59m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by  CM Bollowood Team

Drama • Science Fiction
4.9 2023 179 mins
Adipurush
Monster Hunter
6.6

Milla Jovovich နဲ့ Tony Jaa တို့ရဲ့ ရုပ်ရှင်အသစ်ထွက်လာပါပြီ။ ဗိုလ်ကြီး အာတီမစ်ဟာ သူ့ရဲ့ အထူးတပ်ဖွဲ့နဲ့အတူ စစ်ဆင်ရေး ထွက်ရင်း မုန်တိုင်းတစ်ခုကြားထဲကို ရောက်သွားခဲ့ပါတယ်။ မုန်တိုင်းထဲကနေ အပြင်ထွက်လာချိန်မှာတော့ မတူတဲ့ ကမ္ဘာသစ်တစ်ခုထဲကိုရောက်နေပြီး အဖျက်စွမ်းအားကြီးလှသလို အချိန်မရွေးလူသားတွေကို အရေခွံဆုတ်နိုင်တဲ့ ထူးဆန်းသတ္တဝါကြီးတွေနဲ့ ရင်ဆိုင်ရပါတော့တယ်။ ရင်ဆိုင်ရင်းနဲ့ ကမ္ဘာသစ်ထဲက လူသားမိတ်ဆွေသစ်တွေရဲ့ အကူအညီကိုယူပြီး မူလကမ္ဘာကိုပါ ပြန်ဖို့ အစွမ်းကုန်ကြိုးစားပါတော့တယ်... နင်းကန်လန်းတဲ့ အကြမ်းစားအက်ရှင်ခန်းတွေမြင်ရမှာဖြစ်သလို သတ္တဝါဆန်းတွေရဲ့စူပါ ပါဝါတွေကိုလည်း စိတ်လှုပ်ရှားရင်ခုန်စွာနဲ့ ကြည့်ရမှာြဖစ်ပါတယ်.... ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Littleneoပဲဖြစ်ပါတယ်..... File Size : (1GB) and (469 MB) Quality : WEB-DL 720p Format…mp4 Duration…01:43:00 Genre :  Action, Adventure, Fantasy Subtitle : Myanmar Subtitle (Hard Sub) Translated by Littleneo Encoded by Phyo Pyae

Crime • Drama • Mystery
6.6 2020 104 mins
Monster Hunter
Snake Eyes: G.I. Joe Origins
6.5

G.I.Joeထဲက နင်ဂျာအမဲ​ရောင် စကား​ပြောတဲ့ရုပ်ရှင်ထွက်လာပါပြီ ဒီရုပ်ရှင်က Snake Eyesနဲ့ သူရဲ့​သွေး​သောက်ညီအစ်ကို၊ ပြိုင်ဘက် Storm Shadow တို့ရဲ့ မူလအစကို တင်ဆက်ထားတာပဲဖြစ်ပါတယ်။ ခေါင်း​​​ဆောင်မင်းသားနှစ်​​ယောက်က Crazy Rich Asians ထဲက Henry Golding နဲ့ ကြမ်း​ပေ့ရမ်း​ပေ့ဆိုတဲ့ "Warriors" စီးရီးထဲက မင်းသား Andrew Koji ပါ ငယ်စဉ်ကတည်းက ဖခင်ဖြစ်သူကို အမည်မသိလူတစ်စု သတ်ဖြတ်သွားတာ​ကြောင့် ကလဲ့စား​ချေလိုစိတ်နဲ့ကြီးပြင်းလာ ခဲ့တဲ့ Snake Eyesတစ်​​ယောက် Arashik​age မျိုးနွယ်စုရဲ့ ဆက်ခံသူဖြစ်လာမယ့် ​"တော်မီ"ကို မျိုးနွယ်စုသစ္စာ​ဖောက် "ကန်တာ"နဲ့ လူမိုက်တစ်သိုက်လက်ထဲက ကယ်တင်ဖို့အ​ရေးနဲ့ ကြုံလာရပါတယ် သူကယ်တင်​ပေးခဲ့တဲ့"တော်မီ"က​နေတဆင့် Arashikage မျိုးနွယ်ရဲ့ သိုင်းပညာကျင့်စဉ်တွေကို လက်ဆင့်ကမ်းသင်ကြားရင်း အ​ဖေကိုသတ်သွားတဲ့တရားခံကိုလက်စားပြန်​ချေနိုင်မလား၊ Snake Eyesဆိုတဲ့နာမည်ကိုဘယ်လိုရလာမှာလဲ၊ သစ္စာ​ဖောက် "ကန်တာ"ရဲ့အကြံအစည်က​ရော ဘာဖြစ်မလဲ၊ JOEအဖွဲ့နဲ့ Cobraက​ရော ဒီဇာတ်ကားထဲမှာ ဘယ်လိုအခန်းကဏ္ဍက ပါဝင်လာမလဲ ...... စသဖြင့် ​​ရှေ့မှာထွက်ပြီးသား G.I.Joe နှစ်ကားရဲ့ Spin off အဖြစ် ဇာတ်လမ်းဆက်​ပေးသွားမှာဖြစ်ပါတယ် Digital releaseအ​နေနဲ့ အခုမှထွက်လာတာဖြစ်လို့ CM fan ​တွေအတွက် ရတာနဲ့ အမြန်ဆုံးတင်ဆက်​ပေးလိုက်ပါတယ် (ဘာသာပြန်ထားတာကတော့ Jim X & Ma Phi တို့ပဲ ဖြစ်ကြပါတယ်) File Size : (2.0 GB) , (1.3 GB) and (480 MB) Quality : AMZN WEB-DL (1080p 5.1,720p,480p) Running Time : 2hr 01min Format : Mp4 Genre : Action,Adventure,Fantasy,Sci-Fi,Thriller Subtitle : Myanmar Subtitle (Hard Sub) Source : 1080p.AMZN.WEB-DL.DDP5.1.H264-CMRG Translated by Jim X & Ma Phi Encoded by Thanhtike Zaw

Action & Adventure • Mystery • Sci-Fi & Fantasy
6.5 2021 121 mins
Snake Eyes: G.I. Joe Origins
[18+] Erotic Ghost Story III
5.6

Erotic Ghost Story ဆိုရင် မသိသူမရှိလောက်ပါဘူး။ လူသား နဲ့ ၀ိညာဥ်ကြားက အချစ်ကို အမျိုးမျိုးအဖုံဖုံ ရိုက်ကူးကြတဲ့ ဇာတ်လမ်းလေးပေါ့။ တတိယမြောက် ထွက်ရှိထားတဲ့ ဒီဇာတ်ကားမှာဆိုရင်လည်း ‌မူမပျက်ဘဲ လူသား ကောင်လေးနဲ့ ၀ိညာဥ်မလေးတို့ ချစ်ကြိုးကို ရိုက်ကူးထားတဲ့ ဇာတ်လမ်းလေး ဖြစ်ပါတယ်။ လေလွင့်သိုင်းသမား ချူ ဟာ ခရီးသွားရင်း ဘုန်းကြီးကျောင်းပျက်တစ်ခုမှာ ၀င်တည်းဖြစ်ပါတယ်။ ချူ နဲ့အတူ သူ့ကို လိုက်ကြိုက်နေတဲ့ စီစီ ဆိုတဲ့ကောင်မလေးလည်း ပါလာခဲ့တယ်။ အဲဒီကျောင်းပျက်ကြီးမှာ သူတို့က ထူးထူးဆန်းဆန်း ဘုန်းကြီးတစ်ပါးနဲ့ဆုံခဲ့တယ်။ အဲဒီ ဘုန်းကြီးကတော့ မီးစာကိုယ်တော်လို့ အမည်ရတဲ့ ကိုယ်တော်တစ်ပါးပါ။ ကျောင်းပျက်ကြီးထဲမှာ ပန်းချီကားတစ်ချပ်ရှိပြီး အဲဒီပန်းချီကားထဲက မိန်းမပျိုလေးကို ချူက မြင်မြင်ချင်း စွဲလန်းသွားခဲ့တယ်။ အဲဒါနဲ့ ချူတစ်ယောက် မီးစာကိုယ်တော်ကို အပူကပ်ပြီး မိန်းမပျိုနောက်ကိုလိုက်ဖို့ တစ်ဖက်လောကကို ၀င်သွားပါတော့တယ်။ ဒါပေမယ့် တစ်ဖက်လောကမှာတော့ ချူမမြင်နိုင်တဲ့အန္တရာယ်တွေရှိနေပြီး မိစ္ဆာပေါင်းစုံရှိနေတဲ့ ငရဲဘုံဖြစ်နေတဲ့အခါမှာ ဘယ်လိုတွေ ဖြစ်လာဦးမလဲဆိုတာ ကြည့်ရှုရမှာ ဖြစ်ပါတယ်။ (Dark Side Production မှ တင်ဆက်သည်။) Dark Side Production Facebook Page ခနခနပျက်နေတာကြောင့် Telegram https://t.me/Darksideproductionmm မှာ Join ထားပေးကြပါ။ File Size : (4.6 GB) & (870 MB) Quality : BluRay 1080p & 720p Running Time : 01:32:41 Format : mp4 Subtitle : Myanmar Subtitle (Hard Sub) Translated by CkCk Encoded by RGB

Adventure • Drama • History
5.6 1992
[18+] Erotic Ghost Story III
The Elderly
5.3

The Elderly (2022) ~ IMDb – 5.3/10, Rotten Tomatoes – 100% ~ ဒီကားလေးကတော့ 2022 ခုနှစ်ထွက် စပိန် ဟော်ရာ ဖန်တ‌စီကားလေးဖြစ်ပါတယ်။ Award တစ်ခုလည်းရထားပြီး Nomination လေးခုလည်း ၀င်ထားပါသေးတယ်။ ဇာတ်လမ်းအစမှာ ရိုဆာဆိုတဲ့အဖွားအိုတစ်ယောက်က ၀ရန်တာပေါ်က ခုန်ချသတ်သေသွားပြီး ခင်ပွန်းသည်ဖြစ်သူ မန်နျူရယ်တစ်ယောက်သာ‌ကျန်ခဲ့လို့ သားဖြစ်သူက ‌အိမ်ပေါ်ခေါ်တင်စောင့်ရှောက်ထားပါတယ်။ ဒါပေမဲ့ မန်နျူရယ်က စိတ်ကျရောဂါကိုခံစားနေရပြီး ထင်ယောင်ထင်မှားတွေဖြစ် အသံတွေကြားနေရတယ်လို့ပြောပြီး ပုံမှန်မဟုတ်တဲ့အပြုအမူတွေကို စတင်လုပ်လာတော့ နဂိုမကြည်ဖြူရင်းစွဲရှိသူချွေးမဖြစ်သူက ပိုမုန်းလာပါတယ်။ အဲဒီနောက်ပိုင်းကဖြစ်ရပ်တွေကို စိတ်၀င်တစားကြည့်ရှုရမှာပါ။ ဒီကားလေးက သာမန်ဟော်ရာကားတစ်ကားထက်ကိုပိုပါတယ်။ လက်ရှိကာလဖြစ်ရပ်တချို့တွေကို ထင်ထင်ရှားရှားကို မီးမောင်းထိုးပြနေပြီး တချို့ Scene တွေက တကယ်ကိုစိတ်ညစ်ညူးစရာကောင်းလောက်အောင် ကြောက်စရာမွန်းကျပ်စရာကောင်းပါတယ်။ IMDb မှာ 5.3/10 ပဲ ရထားပေမယ့် ခရမ်းချဉ်သီးကတော့ 100% အပြည့်ရထားလို့ ကြည့်ရှုသူတွေအတွက် အရွေးမမှားလောက်တဲ့ဇာတ်ကားလေးပါပဲ။ အားလုံးပဲ ကြည့်ရှုခံစားလိုက်ကြပါဦး။ (ဒီဇာတ်ကားနဲ့အညွှန်းကို Soe Thiri Swe မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.8GB, 770MB Quality – 1080p, 720p IMDb Rating – 5.3/10 Format – mp4 Duration – 1H 35Min Genre – Horror Subtitle – Myanmar Subtitle (Hardsub) Translated by Soe Thiri Swe Encoded by Y

5.3 2022
The Elderly
Glisten and the Merry Mission

Glisten and the Merry Mission (2023) ============================ IMDb Rating – 6.5/10 CM ပရိသတ်ကြီးအတွက် Christmas ရာသီရဲ့ latest animation ကားလေးကို တင်ဆက်ပေးလိုက်ပါပြီ။ ချစ်ခြင်းမေတ္တာနဲ့ ပတ်သက်တဲ့ ခံယူချက်တွေ၊ ယုံကြည်သက်ဝင်မှုတွေကပဲ အဖြေရှာပေးသွားပြီး ဘဝအမောတွေကို ပြေစေမဲ့ ဇာတ်လမ်းကောင်းလေးပေါ့။ ကဲ ဇာတ်လမ်းလေးကတော့ ဒီလိုပါ။ ခရစ်စမတ်နေ့မှာ ဆန်တာကြီးကနေ ကလေးတွေကို လက်ဆောင်ပေး နိုင်ဖို့အတွက် အရုပ်လေးတွေကို ဖန်တီးပေးရတဲ့ နတ်သူငယ်လေးတွေ နေထိုင်တဲ့ ရွာလေးတစ်ရွာရှိပါတယ်။ မာဇီပန်ကတော့ အဲဒီရွာမှာ နေထိုင် တဲ့ နတ်သူငယ်မလေးတစ်ယောက်ပါ။ မာဇီပန်ရဲ့ အမေဖြစ်သူကတော့ အရုပ်ထုပ်လုပ်ရေးအလုပ်ရုံရဲ့ လက်ထောက်မန်နေဂျာတစ်ယောက်ဖြစ်ပြီး သမားရိုးကျအတိုင်း သွားနေတဲ့ အလုပ်ရုံကြောင့် အရုပ်တွေ လုံ‌လုံလောက် လောက် မထုတ်နိုင်မှာကို အမြဲစိုးရိမ်နေတတ်ပါတယ်။ တစ်ရက်မှာတော့ စက်ချို့ယွင်းမှုကြောင့် အရုပ်စာရင်းတွေ အဆမတန် တက်လာခဲ့ပြီး မာဇီပန့်အမေပြောခဲ့တဲ့အတိုင်း နတ်သူငယ်တို့ ဒုက္ခလှလှနဲ့ တွေ့လာကြတာပေါ့။ ဆိုတော့ ဒီပြဿနာကို ဖြေရှင်းဖို့အတွက် သူတို့တွေ စစ်ဆင်ရေးတစ်ခုကို ဆွဲလိုက်ကြပါတယ်။ အဲဒီစစ်ဆင်ရေးရဲ့ နာမည်ကတော့ “Merry Mission” ပါတဲ့။ ဇာတ်လမ်းဇာတ်အိမ်ကောင်းကောင်းနဲ့ ပွဲထွက်လာတာမို့ ကလေးလူကြီးမရွေး နှစ်သက်ကြမဲ့ ဇာတ်လမ်းလေး ဖြစ်လာဦးမှာပါ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ May Thet Khine Soe ဖြစ်ပါတယ်) File Size……….(1.5 GB) / (500 MB) Quality…………WEB-DL 1080p / 720p Duration………1Hr 20Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Animation, Adventure, Family Translator…….May Thet Khine Soe Encoder……….SWM

0 2023 78 mins
Glisten and the Merry Mission
The Scent of Green Papaya
7.3

၁၉၅၀ ခုနှစ်ဝန်းကျင် Saigon မြို့က မိသားစုကြီးတခုမှာ မူးအိ ဆိုတဲ့ ၁၀နှစ်အရွယ် ကလေးမလေးတယောက်ဟာ အိမ်ကနေထွက်လာပြီး အလုပ်လာလုပ်ပါတယ် သူ အလုပ်လုပ်ရတဲ့ မိသားစုကြီးရဲ့ ပြဿနာအရှုပ်အထွေးတွေကြား သူ့တာဝန်ဖြစ်တဲ့ အစေခံအလုပ်ကို တစိုက်မတ်မတ်လုပ်ရင်း အရွယ်ရောက်ကြီးပျင်းလာတဲ့အချိန် တနေ့မှာတော့ သူ ငယ်ငယ်ကတည်းက ကြိတ်သဘောကျခဲ့ရတဲ့သူရဲ့အိမ်မှာ အစေခံအဖြစ် အလုပ်သွားလုပ်ရပါတော့တယ် ဇာတ်လမ်းလေးက ရှုပ်ရှုပ်ထွေးထွေးဇာတ်ကွက်ရယ်လို့ တခုမှ မပါဘဲနဲ့ မူးအိရဲ့ ကလေးဘဝအတွေးအခေါ်ကနေ ကြီးပျင်း ရင့်ကျက်လာတဲ့အချိန် ပြောင်းလဲလာတဲ့စိတ်ထားကို ပုံဖော်ထားရုံတင်ပါပဲ အဲဒီခေတ်က ဗီယက်နမ်မိန်းကလေးတယောက်ရဲ့ ဘဝပုံစံပေါ့ ၁နာရီနဲ့ မိနစ်၄၀ လောက်ကြာတဲ့ ဇာတ်ကားဖြစ်ပေမဲ့လို့ ဒိုင်ယာလော့ဂ်များများစားစားမပါဘဲ ရိုက်ကွက်တွေရယ် တီးလုံးနောက်ခံလေးရယ်နဲ့ ဇာတ်လမ်းကိုသွားထားတာပါ ဒီရုပ်ရှင်ကို Vietnam Film ဆိုပြီး အထင်မသေးလိုက်ပါနဲ့ Cinematography ကောင်းတဲ့အပြင် Musical theme ရော သရုပ်ဆောင်ပိုင်းရောကောင်းပါတယ် IMBD 7.3, rotten tomatoes 100% ထိရထားတဲ့ ဗီယက်နမ်ရုပ်ရှင်ပါ ဒါရိုက်တာက Haruki Murakami ရဲ့ Norwegian Wood ကို ရိုက်ကူးခဲ့တဲ့ Tran Anh Hung ပါပဲ သူ့ရဲ့ ၉၀ခုနှစ်တွေတုန်းက အတော်ပေါက်ခဲ့တဲ့ အနုပညာလက်ရာပေါ့ သူဟာ ဒီရုပ်ရှင်နဲ့ ဆုတွေအများကြီးရခဲ့သလို ဒီရုပ်ရှင်ကိုယ်တိုင်လည်း ကိန်းရုပ်ရှင်ပွဲတော်မှာ Golden Camera, Award of the Youth, Cèsar Awards မှာ Best First Work ဆုတွေ ရခဲ့သလို Academy Awards ကပေးတဲ့ Best Foreign Film ဆုမှာ nominee ဝင်ခဲ့တဲ့ ပထမဆုံးဗီယက်နမ်ရုပ်ရှင်ပါ ဒါကြောင့်မို့ ဒီရုပ်ရှင်ကို မြည်းစမ်းကြည့်ကြဖို့ အကြံပြုချင်ပါတယ်ဗျာ File size… 1.5 GB / 658 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 44m Genre ….. Drama/Romance Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Fio

Documentary
7.3 1993
The Scent of Green Papaya
Visher
5

ညဖက်စောင်ခြုံမီးပိတ် Horror ကားကြည့်‌ချင်သူတွေအတွက် Paranormal Activity လို Vibe မျိုးရစေမဲ့ Visher ဆိုတဲ့ Horror ဇာတ်ကားအသစ်တစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။ Production အကြီးကြီးတွေ နာမည်ကြီးမင်းသားမင်းသမီး တွေနဲ့တော့မဟုတ်ပေမဲ့ ကြည့်ရင်းနဲ့ကျောချမ်းစေမဲ့ခံစားချက်တွေ ဘယ်အချိန်မှာကင်မရာရှေ့မှာ Jumpscare ကောက်ပေါ်လာမလဲ ဆိုတာတွေကိုရင်တထိတ်ထိတ်နဲ့ကြည့်ရှုရတဲ့ခံစားချက်မျိုးတွေတော့ ပေးစွမ်းနိုင်မှာပါ။ အွန်လိုင်းကျားဖြန့်လိမ်လည်မှုတို့ ဖုန်းဆက်လိမ်လည်တာတို့က ဘယ်နိုင်ငံမှာမဆိုရှိကြတဲ့တရားမဝင်လုပ်ငန်းတွေပါပဲ။အမေရိကန် နိုင်ငံလို ဥပဒေစိုးမိုးတဲ့နိုင်ငံကြီးတွေမှာတောင်ဒါမျိုးတွေက မှိုလိုပေါက်နေတာပါ။ အခုဇာတ်ကားရဲ့အစမှာလည်း ကျားဖြန့်လုပ်ငန်းလုပ်ကိုင်တဲ့ ဖုန်းခေါ်ဆိုသူ တစ်ယောက်က သူ့သားကောင်တွေကို တစ်ယောက်ပြီးတစ်ယောက်လိုက်လိမ်နေတာကိုတွေ့ရမှာပါ။ သူ့ရဲ့လိမ်လည်မှုတွေကရုသ်ဆိုတဲ့ ကောင်မလေးနဲ့တွေ့မှပဲ ရုတ်တရက်ရပ်တန့်သွားခဲ့ပါတယ်။ ဘယ်လိုဖြစ်ရတာလဲဆိုတော့ သူ့အလုပ်ထုံးစံအတိုင်းရုသ်ကို လိမ်ဖို့ဖုန်းဆက်အချက်အလက်တွေတောင်းပြီး ရုသ်ရဲ့ကင်မရာတွေ ထဲဝင်ခွင့်ရသွားတဲ့အချိန်မှာသူ့ကိုတွေ့ပြီး ကြွေဆင်းသွားခဲ့လို့ ပါပဲ။သူကလည်းမိန်းမလိုချင်နေတဲ့သူဆိုတော့ ရုသ်နဲ့သူ့ပုံကို တောင်တွဲပြီး မင်္ဂလာဆောင်ဓာတ်ပုံကောက်လုပ်လိုက်ပါသေးတယ်။ ဒါပေမယ့် သူမသိခဲ့တာကတော့ရုသ်ကို ဆက်သွယ်ခဲ့တဲ့အဲ့ဒီညမှာ သူရောရုသ်အတွက်ပါ အလွန်ကြောက်မက်ဖွယ်ရာကောင်းတဲ့ သဘာ၀လွန်ဖြစ်ရပ်တွေနဲ့ ကြုံတွေ့ရမယ်ဆိုတာပါပဲ။ဒီတော့ သူတို့နှစ်ယောက်ဘယ်လိုအရာတွေကို ကြုံတွေ့ရမလဲ အဲ့ဒီတစ်ညတာ ကရော ဘယ်လိုမထင်မှတ်ထားတဲ့လှည့်ကွက်တွေနဲ့ အဆုံးသတ် သွားမယ်ဆိုတာကိုကြည့်ရှုရမဲ့ Horror ဇာတ်ကားတစ်ကားပဲ ဖြစ်ပါတယ်။ File size…976MB / 379MB Quality…WEB-DL 1080p / 720p Format…mp4 Duration….1h 5m Genre ….. Horror Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay

5 2024 65 mins
Visher
Fake Big Brother
5.8

CM ရဲ့ တရုတ်ကားဖန်တွေအတွက် ဒီနေ့မှာတော့ ပညာပေး ဇာတ်လမ်းလေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်… ဒီဇာတ်လမ်းလေးမှာ စွန်းရှောင်ဟောက်ဆိုတဲ့ ကောင်လေးအကြောင်းနဲ့ မာထျန်းလျန်ဆိုတဲ့ သက်လတ်ပိုင်း အကြောင်း ကိုပြောပြဖို့လိုမယ်… မာထျန်းလျန်ကတော့ သက်လတ်ပိုင်း… အကင်ဆိုင်ဖွင့်နေသူပေါ့… သူက တစ်နေ့လုပ်မှ တစ်နေ့စားနေရပေမယ့်လည်း တစ်ဖက်မှာ ငွေတိုးချေးလုပ်ငန်းနဲ့ ငွေရှာရလွယ်ကူနေတဲ့ ဝမ်ဟွေ့ဆိုတဲ့ သူ့သူငယ်ချင်းကရဲ့ အားပေးအားမြှောက်မှုကြောင့်… အကြွေးလိုက်သိမ်းသူဖြစ်လာခဲ့တယ်… ဘဝပေးအခြေအနေကြောင့် ငွေရဖို့အတွက် ဘာမဆိုလုပ်ချင်တဲ့သူမျိုးဖြစ်လာတယ်…. ကဲ စွန်းရှောင်ဟောက်ကတော့ မိတစ်ဆိုးလေးမို့ အဖေအလိုလိုက်တာ ခံထားရသူပေါ့… ရုတ်တရက်ကြီး သူ့အဖေသွေးတိုးပြီး ဆေးရုံတက်လိုက်ရချိန်မှာ သူ့ကောင်းကင်ကြီး ပြိုကျလာခဲ့တယ်… ဘဝဆိုတာကို စာတွေ့ကလွဲပြီးမသိတဲ့ ၁၉-၂၀ အရွယ်ကောင်လေးက ဒ ယ်လီလိုက်ပို့ပြီး တစ်နေ့ထက် တစ်နေ့ ပိုပိုမြင့်တက်လာတဲ့ အတိုးတွေနဲ့ အကြွေးကို ဆပ်ဖို့ ရုန်းကန်နေရတယ်… ဒီကလေးနဲ့ မာထျန်းလျန်တို့ ဘယ်လို ပတ်သက်မှုရှိတာလဲ… ဘယ်လို သက်ဆိုင်ပြီး မာထျန်းလျန်ကြောင့် ရှောင်ဟောက်ဘဝဘယ်လိုပြောင်းလဲသွားမှာလဲ… ငွေတိုးချေးတယ်ဆိုတာ အခြေခံလူတန်းစားတွေဘဝကို ဘယ်လို နင်းမြိုသွားတယ်ဆိုတာကို ဒီကားလေးကပြောပြသွားမှာမို့ အတူကြည့်လိုက်ကြရအောင်နော်…

5.8 2024
Fake Big Brother
Love on the Danube: Love Song

ဆာရာနဲ့ ဂျူလီယာတို့ သားအမိဟာ အားလပ်ရက်မှာ အချိန်အတူတူ ကုန်ဆုံးချင်တဲ့အတွက် အပျော်စီးသဘ်ောခရီးစဉ်မှာ လိုက်ပါလာခဲ့ပါတယ်။ တစ်ဖက်မှာလည်း ဂျက်တို့ သားအဖဟာလည်း အချင်းချင်း ပိုရင်းနှီးလာအောင် သဘ်ောခရီးစဉ်မှာ လိုက်ပါလာခဲ့ပါတယ်။ ဒီလိုနဲ့ ဆာရာနဲ့ ဂျက်တို့ သင်္ဘောပေါ်မှာ အမှတ်မထင် ဆုံတွေ့မိပြီး ရင်းနှီးသွားရာက မိဘတွေအကြောင်း စကားစပ်မိပြီး ဆာရာ့အမေနဲ့ ဂျက်ရဲ့အဖေတို့ဟာ အိမ်ထောင်ဖက်တွေ ဆုံးသွားလို့ စိတ်ဒဏ်ရာရနေတဲ့အကြောင်း ပြောဖြစ်ကြပြီး သူတို့ မိဘတွေကို အောင်သွယ်ပေးဖို့ ကြိုးစားပါတော့တယ်။ ဒါပေမဲ့ သူတို့ထင်ထားသလို သူတို့မိဘတွေက ချစ်ကျွမ်းဝင်သွားမလား၊ စီစဉ်တဲ့သူနှစ်ယောက်ကပဲ ချစ်ကျွမ်းဝင်သွားမလားဆိုတာကို ကြည်နူးဖွယ်ကြည်ရှုရမဲ့ Romance Comedy ဇာတ်လမ်းကောင်းလေးပဲဖြစ်ပါတယ်။ File size…(1.7 GB)/(829 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:48:00 Genre… TV Movie , Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Matteo

0 2024
Love on the Danube: Love Song
Duresori: The Voice of East
7.3

Duresori: The Voice of East (2012) ********************************* ဒီကားလေးကတော့ ဒူရယ်ဆိုရီလို့ခေါ်တဲ့ အထက်တန်းကျောင်းသားတွေပါဝင်တဲ့ သံစုံကျူးအဖွဲ့ပေါ်ပေါက်လာပုံကို ရိုက်ကူးထားတဲ့ ဇာတ်လမ်းလေးဖြစ်ပါတယ်။ ဆယ်ကီနဲ့အာရမ်ဟာ ရိုးရာတေးဂီတကို ချစ်မြတ်နိုးပြီး ငယ်စဉ်ကတည်းကပဲ ရိုးရာဂီတကိုသီဆိုလာကြတဲ့ ငယ်သူငယ်ချင်းတွေ ဖြစ်ကြပါတယ် .. နာမည်ကြီး ရိုးရာတေးသီဆိုသူအဘွားကြောင့် ဘယ်နေရာရောက်ရောက် ကိုယ့်အရည်အချင်းထက် အဘွားကြောင့်အသိမှတ်ပြုခံရသလိုဖြစ်နေတဲ့ ဆယ်ကီ .. ရိုးရာဂီတမှာ ပါရမီပါပေမဲ့ မိဘမဲ့ဖြစ်ကာ အဒေါ်ဖြစ်သူက မရှိတဲ့ကြားကထောက်ပံ့နေရတဲ့အတွက် ကြိုးစားနေရတဲ့ အာရမ် .. ကျောင်းခေါ်ချိန် မပြည့်တဲ့ကလေးတွေစုပြီး ပွဲတစ်ခုမှာ သံစုံကျူးအဖွဲ့အ‌နေနဲ့ ဖျော်ဖြေဖို့ဖြစ်လာတဲ့အခါ .. ရိုးရာဂီတသီဆိုနေကြ ကလေးတွေ အမျိုးအစားမတူတဲ့ဂီတကို သီဆိုနိုင်အောင် ဆရာကဘယ်လိုလေ့ကျင့်ပေးသွားမှာလဲ။ တေးဂီတတွေနဲ့အတူ အထက်တန်းကျောင်း ဆယ်ကျော်သက်အရွယ်ဘဝကို ပြန်လည်ခံစားရမယ့် လူငယ်ဇာတ်ကားလေးမို့ ကြည့်ရှုခံစားကြည့်ပါဦးနော် .. (အညွှန်းကို Shwe Pyae မှ ရေးသားထားပါတယ်) File size…2.07GB / 832MB Quality… WEB-DL 1080p/ 720p Format…mp4 Duration….1 hr. 48 min. Genre ….. Music, Youth, Drama Subtitle….Myanmar Subtitle (Hard Sub) Translated by Shwe Pyae Encoded by AHtet

7.3 2012 110 mins
Duresori: The Voice of East
The Mystery Of Lop Nur
5.9

ဒီတစ်ခါCMကနေတင်ဆက်ပေးမှာကတော့ Chinese Fantasy ကားလေးတစ်ကားပဲဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ရတနာသိုက်တူးသမားတစ်စုက ထူးဆန်းတဲ့မြေအောက်နန်းတော်တစ်ခုကိုဆင်းပြီး သိုက်တူးဖို့ကြိုးစားကြပါတယ်။ ထူးဆန်းတဲ့သတ္တဝါကြီးတွေတိုက်ခိုက်ခံကြရတယ်။ ထူးဆန်းတာကတော့အသက်ရှင်ကျန်သူတွေက အဲဒီအဖြစ်အပျက်တွေကိုမေ့သွားတာပါပဲ။ Lop Nur နယ်တစ်ဝိုက်မှာထူးဆန်းတဲ့ ဖြစ်ရပ်တွေမကြာခဏဖြစ်ပွားနေပါတယ်။ ရုတ်တရက် ရွှယ်ရှောင်းဆိုတဲ့မိန်းကလေးကလဲ ထူးဆန်းစွာပေါ်လာပါတယ်။ ရှီချူချီက ထူးဆန်းဖြစ်ရပ်တွေကိုစုံစမ်းဖို့ ချီကျီအဖွဲ့ကို တည်ထောင်စုံစမ်းဖို့ကြိုးစားတဲ့အခါမှာ သဘာဝလွန်ဖြစ်ရပ်တွေကြောင့်မဟုတ်ပဲ ဂြိုလ်သားတွေရဲ့လုပ်ရပ်ကြောင့်ဖြစ်ရတယ်ဆိုတာသိလိုက်ရပါတော့တယ်။ Lop Nur ရဲ့ထူးဆန်းဖြစ်ရပ်တွေရဲ့ အဖြေကဘာလဲဆိုတာတော့ အဆုံးထိအောင်ကြည့်ရှုအားပေးကြပါဦး။ ဒီဇာတ်ကားလေးမှာ ဂြိုလ်သားယဉ်ကျေးမှု၊ ခေတ်လွန်နည်းပညာစတဲ့ အကြောင်းအရာတွေ ပြချင်တာတွေများတော့ စဉ်းစားစရာတွေလဲများပါတယ်။ Sci- fiတွေရဲ့ထုံးစံအတိုင်းရှင်းလင်းအောင်မဖြေရှင်းပြနိုင်တာတွေလဲရှိပါတယ်။ အနောက်တိုင်းသိပ္ပံကားတွေကိုမယှဉ်နိုင်ပေမယ့် မတူတဲ့ရသတစ်ခုကိုတော့ရရှိစေမှာပါ။

Drama
5.9 2022
The Mystery Of Lop Nur