YoteShin Drive is below this article. Scroll down to view.

Oppo Reno9 Series will include 4,500mAh battery and Universal Fast Charging

Author: Anonymous Published on: 12 Aug 2022

The Oppo Reno9 series will be announced in November and the information of these smartphones is leaked. China writes the Qualcomm Snapdragon 7 Series in the OppDo Reno9 Series in the Oppo Reno9 Series in the Oppo Reno9 Series. This is the same as Oppo Reno8 Series. Oppo will be one of the Chinese smartphone makers who use the new UFCS (Universal Fast Charging Specification). This charge can support up to 40W. The Reno9 Series will feature a 4,500mAh battery with UFCS support. Other smartphone makers supporting the UFCs are Huawei, Vivo, Xiaomi, and the West includes Angbao Electronics, Lihui Technology, Rockchip and Silicon Power. The Reno9 Series will be everything's every color. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

The Lowdown (2025) S01EP05 WEB-DL,1080p HEVC (MW).mkv

1.16 GB N/A video/x-matroska 1 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Margin Call
6.8

Margin Call ဆိုတာ Trading လောကမှ စကားလုံးဖြစ်ပြီး အဓိပ္ပာယ်ကတော့ မိမိအကောင့်၊ မိမိရဲ့ပိုင်ဆိုင်မှုတန်ဖိုးတွေဟာ သတ်မှတ်တန်ဖိုးအောက်စျေးကျသွားတဲ့အတွက် အကောင့်ပိတ်မသွားအောင် ‌ငွေထပ်ထည့်စိုက်မလား၊ ရှိသမျှပိုင်ဆိုင်မှုတွေရောင်းချမလားကို သတ်မှတ်ပေးတဲ့စည်းမျဥ်းတစ်ခုပါ။ တစ်နည်းပြောရရင် တန်ဖိုးကျသွားလို့ မွဲပြာကျသွားပြီး ဘဝမပျက်ချင်ရင် အကုန်ရောင်းလို့ဆိုလိုချင်တာပါ။ ဒီလိုခေါင်းစဥ်နဲ့ ဇာတ်လမ်းလေးကတော့ 2007-2008 ခုနှစ်လောက်က ဖြစ်ပျက်ခဲ့တဲ့ ကမ္ဘာ့စီးပွားရေးပျက်ကပ်တစ်ခုအတွင်း ဒေဝါလီခံခဲ့တဲ့ ကုမ္ပဏီတစ်ခုကို စိတ်ကူးယဥ်ပြီးပြန်ရိုက်ကူးထားတာပါ။ ဇာတ်လမ်းထဲမှာတော့ စတော့ရှယ်ယာလိုမျိုး၊ အာမခံငွေလက်မှတ်လိုမျိုးတွေကို အရောင်းအဝယ်လုပ်တဲ့ ရင်းနီးမြှုပ်နံမှုကုမ္ပဏီတစ်ခုမှ ဝန်ထမ်းတစ်‌ယောက်ဟာ စီးပွားပျက်ကပ်ဖြစ်လာနိုင်တာကိုကြိုသိခဲ့ပါတယ်။ ဘာလို့လည်းဆိုတော့ ဒီလောကမှာက ယခင်ဖြစ်ခဲ့ဖူးတဲ့ စျေးနှုန်းတန်ဖိုးတွေ၊ အရောင်းအဝယ်မှတ်တမ်းတွေကိုကြည့်ရှုပြီး နောင်ဖြစ်လာနိုင်တာကို အနီးစပ်ဆုံးခန့်မှန်းလို့ရနိုင်လို့ပါပဲ။ ဖြစ်လာမယ်မှန်းလည်းသိပြီဆိုတော့ ဒီပျက်ကပ်ကို ဘယ်လိုရှောင်လွှဲကြမလဲဆိုတာ ကြံကြပြန်ပါတယ်။ ဆုံးဖြတ်ချက်မြန်မြန်ချနိုင်လေ ဆုံးရှုံးနိုင်မှုနည်းလေးပဲဆိုတော့ ညတွင်းချင်းဆုံးဖြတ်အတည်ပြုကြပါတယ်။ ရှုပ်ထွေးလှတဲ့လောကကြီးမှာ သူများထက် ခေါင်းပိုသုံးတဲ့သူ၊ ဉာဏ်နီဉာဏ်နက်များတဲ့သူ၊ လက်တစ်လုံးခြားလူလည်ကျမှ ရှင်ကျန်စမြဲဖြစ်ကြောင်းရိုက်ပြထားတဲ့ စိတ်ဝင်စားစရာ financeကားလေးဖြစ်ပါတယ်။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ Themes ပါ။) File Size          : 1.9GB, 635MB, 346MB Quality            : 1080p Blu-ray AC3 5.1CH, 720p WEB-DL, 480p Format            : mp4 Duration         : 1hr 47mins Genre              : Drama, Thriller Translated by Themes Encoded by Kinnov

Crime • Drama • Thriller
6.8 2011 107 mins
Margin Call
Contorted
3.6

မိသားစု တစ်စုဟာ ဆိတ်ငြိမ်တဲ့ သီးခြားဆန်ဆန် ​နေရာတစ်ခုစီ ​​ရွှေ့​ပြောင်း​နေထိုင်ခဲ့ရာက အိမ်အသစ်ကို ​ရောက်တဲ့ ပထမဆုံး​နေ့မှာတင် အိပ်မက်ဆိုး​တွေ မက်ခဲ့ကြ​တော့တယ်။ အဲ့ဒီလိုက​နေ အမျိုးသမီးဖြစ်သူဟာ ဂို​ဒေါင်ထဲက လာတဲ့ ထူးထူးဆန်းဆန်း အသံ​တွေပါ ကြားပြီး စိတ္တဇဖြစ်လာခဲ့တယ်။ ဒါပေမဲ့ ခင်ပွန်းဖြစ်သူက​တော့ သူမရဲ့ စိုးရိမ်ပူပန်မှု​တွေကို လျစ်လျူရှုဆဲ ... တဖြည်းဖြည်း အိပ်မက်ဆိုး​တွေဟာလည်း ပိုမို ပြင်းထန်လာပြီး အိပ်မက်လား လက်​တွေ့လား ဆိုတာကိုပါ ခွဲခြားသိမြင်နိုင်ဖို့ ခက်ခဲတဲ့ အထိ ဖြစ်သွား​တဲ့အခါမှာ​တော့ ... (ဇာတ်လမ်းအညွှန်းကိုတော့ Song Song က ရေးပေးထားတာပါ။) File Size : 1.4GB, 437MB, 200MB Quality : 1080p WEB-DL, 720p WEB-DL & 480p Format : mp4 Duration : 1hr & 31mins Genre : Horror, Thriller Translated by Estel & Song Song Encoded by Kinnov

Horror • Science Fiction • Thriller
3.6 2022 91 mins
Contorted
Gully Boy
7.4

IMDb...8.4 / Rotten Tomatoes (96%) "ကျွန်တော့်ဘဝနဲ့ ထပ်တူညီဖို့ ကျွန်တော့် အိမ်မက်တွေကိုပြောင်းလဲမှာမဟုတ်ဘူး.... ကျွန်တော့်အိမ်မက်တွေနဲ့ထပ်တူကျဖို့ ကျွန်တော့်ဘဝကိုပြောင်းလဲပစ်မှာ..။" မင်းသားရမ်ဘီဆင်း...မင်းသမီးအာလီယားဘတ်တို့နဲ့ ဒီဇာတ်ကားက ၂၀၁၉ ခုနှစ်ရဲ့ အောင်မြင်မှုတလှေကြီးရခဲ့တဲ့ရုပ်ရှင်ဇာတ်ကားကြီးပါ။ ဇာတ်လမ်းကတော့... အသက် ၂၂ နှစ်အရွယ်မူရတ်ဆိုတဲ့ Rap ဂီတကိုရူးသွပ်တဲ့ မွတ်ဆလင် ကောင်လေးတစ်ယောက်အကြောင်းကို ရိုက်ပြထားတာပါ.... သူ့အဖေဖြစ်သူက ဒါရိုက်ဘာလုပ်ပြီး သူ့ရဲ့ပညာရေးအတွက် ပင်ပန်းဆင်းရဲခံပြီး ငွေကြေးပမာဏအမြောက်အမြားကို ရင်းနှီးမြှုပ်နှံ ပံ့ပိုးပေးခဲ့ပါတယ်..... ဒါပေမဲ့ သူ့အဖေဖြစ်သူက နောက်အိမ်ထောင်ပြုလိုက်တဲ့အခါ သူတို့အိမ်မှာ နေ့စဉ်ငရဲလို ဖြစ်နေပါတော့တယ်..... မူရတ်ဟာ rap ဂီတကို ရူးသွပ်သူပါ ဒီလိုနဲ့ သူ့ရင်ဘတ်ထဲက မုန်တိုင်းတွေကို သီချင်းတွေအဖြစ် ပေါက်ကွဲပစ်လိုက်ပါတော့တယ်... သူတို့ လမ်းထဲမှာ နေထိုင်ကြတဲ့ ဆင်းရဲသားတွေရဲ့ ခံစားချက်တွေကို သူကိုယ်တိုင်ရေးဖွဲ့ထားတဲ့ rap သီချင်းတစ်ပုဒ်ကို YouTube မှာ တင်လိုက်ရာက သူ့အတွက် ဂီတခရီးလမ်းမှာ ဆက်လက်လျှောက်လမ်းဖို့ရာ အခွင့်အလမ်းတစ်ခု ပေါ်လာခဲ့ပါတယ်.... တစ်ဖက်မှာလည်း သူ့မှာ သဝန်တိုတတ်တဲ့ ချစ်သူ တစ်ယောက် ရှိပါတယ် သူကတော့ သူတို့ ၁၃ နှစ်အရွယ်ကတည်းကနေ သစ္စာရှိရှိတွဲလာတဲ့ သူဌေးသမီး ဆရာဝန်မလေးပါ ...သူ ဂီတအလုပ်တွေ လုပ်တဲ့အချိန်မှာ အဆင်ပြေပါ့မလား သူတို့ ၂ ဦး အချစ်ဇာတ်လမ်းကရော ဘယ်လို ဖြစ်သွားမှာလဲ ဇာတ်နာခဲ့တဲ့ မူရတ်တစ်ယောက် အမြဲငိုနေရတဲ့ သူ့အမေဖြစ်သူကိုရော ဆင်းရဲတွင်းက ကယ်တင်နိုင်ရဲ့လားဆိုတာ ဆက်လက်ကြည့်ရှုကြပါ rap သီချင်းမြောက်မြားစွာနဲ့ ဇာတ်လမ်းဇာတ်အိမ်ခိုင်ခိုင် ရိုက်ကူးထားတဲ့ ဂီတကားကောင်းတစ်ခုပါ IMDB rating 8.4 ထိ ရထားတဲ့ ဇာတ်ကားကောင်းလေးဖြစ်တာမို့ လက်မလွတ်တန်း ကြည့်ရှုကြဖို့ ညွှန်းပေးချင်ပါတယ်..... ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ May Tharaphi Lwin နှင့် Aye Mon Kyaw တို့ပဲဖြစ်ပါတယ်... File size…(6 GB) /(2.3 GB) / (1.2 GB) Quality….BluRay 4K HEVC/ 1080p HEVC /720p Format…mp4 Duration….02:34:37 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung,Phyo Pyae Translated by May Tharaphi Lwin & Aye Mon Kyaw

Action • Drama • History
7.4 2019 156 mins
Gully Boy
Licorice Pizza
7

ကဲ ‘Licorice Pizza’ လာပါပြီ။ ဒီရုပ်ရှင်ဟာ ၂၀၂၂ အော်စကာ ဆုပေးပွဲမှာ အကောင်းဆုံးရုပ်ရှင်ဆု၊ အကောင်းဆုံး ဒါရိုက်တာဆု နဲ့ အကောင်းဆုံး ဇာတ်ညွှန်းဆုတို့ဆန်ကာတင်ထားပါပြီ။ ဒီရုပ်ရှင်အကြောင်း မပြောခင် ခေါင်းစဉ်လေးကို အရင်ရှင်းပြရမယ်ထင်ပါတယ်။ ‘Licorice Pizza’ ဆိုတာ ဗန်းစကားပါ။ အနက်ရောင် ဗီနိုင်းသား ဓာတ်ပြားတွေကို ဆိုလိုတာပါ။ Licorice ဆိုတာ သကြားလုံး သကြားချောင်းအနေနဲ့ထုတ်တဲ့ အနက်ရောင် မာမာစေးစေး စားစရာလေးတွေက ယူထားတာပါ။ ပြီးတော့ ဓာတ်ပြားတွေကလည်း ပီဇာ အသေးစားပုံစံဆိုတော့ ‘Licorice Pizza’ ဆိုပြီး နာမည်တွင်လာတာပေါ့။ ဒါရိုက်တာကတော့ ပေါလ် သောမတ် အန်ဒါဆန် ဖြစ်ပါတယ်။ ဒီဇာတ်လမ်းရဲ့ အဓိက ဇာတ်ကောင်နှစ်ယောက်ကတော့ ၁၅ နှစ်အရွယ် သရုပ်ဆောင်ပေါက်စ စီးပွားရေးသမားလေး ဂယ်ရီ ဗယ်လင်တိုင်းနဲ့ သူချစ်မိနေတဲ့ ၂၅ နှစ်အရွယ် မမ အလန်နာ ကိန်းတို့ အကြောင်းပေါ့။ ဒီအော်စကာဆန်ကာတင်ကားကြီးရဲ့ အဓိကသရုပ်ဆောင်နှစ်ယောက်ကတော့ ပထမဆုံးစပြီးရုပ်ရှင်ရိုက်ဖူးတဲ့လူသစ်တွေဖြစ်နေတာ ထူးဆန်းတဲ့အချက်ပါပဲ။ ဒီရုပ်ရှင်လေးကို ဒါရိုက်တာဟာ လွန်ခဲ့တဲ့ နှစ်နှစ်ဆယ်လောက်လောက်ကတည်းက စိတ်ကူးရခဲ့တာပါ။ ဆိုင်လေးတစ်ခုမှာ ဆယ်ကျော်သက်ကောင်လေးတစ်ယောက်က အသက်ကြီးတဲ့ ဝန်ထမ်းကောင်မလေးကို ကြူနေတာကိုတွေ့ပြီး တကယ်လို့သာ ဆယ်ကျော်သက်လေးက ချိန်းတွေ့ဖို့ ခေါ်ကြည့်တာကို မမကြီးက လက်ခံပြီးရောက်လာခဲ့ရင် ဘာဆက်ဖြစ်မလဲဆိုပြီး စိတ်ကူးမိခဲ့တာပါတဲ့။ ပြီးတော့ ဒီဇာတ်ကားမှာ ဘရက်ဒလေကူးပါး ပါတာကိုလည်း လူငယ်လေးတွေကို ကြိုပြောမထားဘဲ ရိုက်ကွင်းမှာ အံ့ဩအောင်လုပ်ခဲ့ပါသေးတယ်။ ဒါ့အပြင် လီယိုနာဒိုရဲ့ ဖခင်ကြီးကိုလည်း ရေမွေ့ရာရောင်းတဲ့ ဘိုးတော်ကြီးအဖြစ် ထည့်သွင်းထားခဲ့ပါသေးတယ်။ ဘရက်ဒလေကူးပါး အင်တာဗြူးတစ်ခုမှာဖြေခဲ့တာက ဒီရုပ်ရှင်မရိုက်ဖြစ်ခင်မှာ သူ သရုပ်ဆောင်ဘဝက အနားယူဖို့တောင်စဉ်းစားနေပြီတဲ့။ သူက ဒါရိုက်တာ ပေါလ်အန်ဒါဆန်ရဲ့ အမာခံပရိသတ်ဖြစ်တာကြောင့် ‘Licorice Pizza’ မှာပါခွင့်ရမယ်ဆိုမှ ဘယ်အခန်းကပဲ ပါရပါရဆိုပြီး ပြန်ရိုက်ကူးဖြစ်ခဲ့တာပါတဲ့။ ဇာတ်လမ်းအမျိုးအစားကတော့ ဟာသ ဒရာမာ ရိုးမန့်စ် ပါပဲ။ ၁၉၇၃ ဝန်းကျင် လူငယ်ဘဝနဲ့ ဖြတ်သန်းရတဲ့ ဘဝအတွေ့အကြုံအစုံကို အခြေခံထားပါတယ်။ သူတို့နှစ်ယောက် သရုပ်ဆောင်လောကမှာ ကြိုးစားကြတာတွေ၊ စီးပွားရေးအသစ်အဆန်းတွေ ကြိုးစားကြတာတွေ၊ နိုင်ငံရေးမှာ ဝင်ပါကြတာတွေ တဖြည်းဖြည်းအရွယ်ရောက်လာကြတာတွေကို ပြသထားပါတယ်။ ရုပ်ရှင်ကောင်းကြိုက်တတ်သူတွေအတွက်တော့ ၂၀၂၁ ရဲ့ အကောင်းဆုံးရုပ်ရှင်ထဲက တစ်ကားကို လက်လွတ်မခံသင့်ပါဘူး။ File size…(2 GB)/(1 GB)/(500 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….02:13:00 Genre...Drama, Comedy, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Mr. Anderson

Horror
7 2021 133 mins
Licorice Pizza
Rough Night
5.7

ဂျက်စ်၊ အဲလစ္စ၊ ဖရန်ကီနဲ့ ဘလဲတို့ သူငယ်ချင်းလေးယောက်က ၂၀၀၆ ကောလိပ် ပထမနှစ်ကတည်းက တွဲခဲ့တဲ့ အခင်ဆုံး သူငယ်ချင်းတွေပါ။ ဆယ်စုနှစ်တစ်ခုကြာအပြီး မှာတော့ ဂျက်စ်က သူ့ချစ်သူပီတာနဲ့ လက်ထပ်ပွဲကျင်းပမှာမို့ သူငယ်ချင်းတွေပြန်ဆုံဖို့ ဖြစ် လာခဲ့ပါတယ်။ သူတို့လေးယောက်ဟာ ဂျက်စ် လက်မထပ်ခင် မီယာမီမှာပါတီလုပ်ရင်းကဲဖို့ အစီအစဉ်တွေဆွဲခဲ့ပြီး ဂျက်စ်ရဲ့ ဩစတြေးလျမှာခင်ခဲ့တဲ့သူငယ်ချင်း ပစ်ပါကိုလည်း အတူပျော်ဖို့ ခေါ်ခဲ့ပါတယ်။ ဗရုတ်ကျလွန်းတဲ့ ဂျက်စ်တို့ အဖွဲ့ဟာ အပြောင်အနောက်သဘောနဲ့ အမျိုးသား အဖော်အချွတ်အကသမားတစ်ယောက် ကို အိမ်မှာဖျော်ဖြေဖို့ ငှားခဲ့ပါတယ်။ အဲဒီလူ အိမ်ရောက်လာပြီးနောက်မှာ နောက်ကြပြောင်ကြရင်း မတော်တဆ ခေါင်းထိ သွားပြီး အဖော်အချွတ်အကသမား သေသွားခဲ့ ပါတယ်။ အိမ်ထဲမှာ လူသေမှုဖြစ်ပြီးတဲ့နောက် ဂျက်စ်တို့တစ်တွေ ဘာလုပ်ရမှန်းမသိဖြစ်ခဲ့ပြီး အပြစ်လွတ်ဖို့နဲ့ အလောင်းဖျောက်ဖျက်ဖို့ နည်းလမ်းမျိုးစုံ စဉ်းစားပါတော့တယ်။ ဘလဲရဲ့ ဦးလေးရှေ့နေကိုဖုန်းဆက်မေးမြန်းတဲ့အခါမှာ လူသေမှုကြောင့် ၁၅ နှစ်လောက်အပြစ်ကျဖွယ်ရှိတယ်လို့ ပြောတဲ့အတွက် အလောင်းကို ပင်လယ်ထဲ သွားပစ်ခဲ့ပါတယ်။ နောက်တော့ ကမ်းခြေမှာ အလောင်းပြန် ပေါ်တဲ့အတွက် နောက်ထပ် အစီအစဉ်တစ်ခု ထပ်ဆွဲခဲ့ရပြန်ပါ တယ်။ လက်လက်ထ၊ ဗရုတ်သုတ် ခအဖွဲ့ဖြစ်တဲ့ ဂျက်စ်တို့တစ်တွေ အလောင်းဖျောက်ပြီးနောက် ဘယ်လိုပြဿနာတွေရင်ဆိုင်ရဦးမှာ လဲ။ သူတို့ငှားခဲ့တဲ့ အဖော်အချွတ် အကသမားရဲ့ နောက်ကွယ်မှာ ဘယ်လိုဇာတ်လမ်းတွေ ရှိနေတာ လဲ။ ဂျက်စ်တစ်ယောက် မင်္ဂလာ ပွဲကို အေးအေးချမ်းချမ်း ကျင်းပ နိုင်ပါ့မလားဆိုတာ ဆက်ကြည့် လိုက်ဦးနော်။ လူငယ်ဇာတ်လမ်းဖြစ်တဲ့အ တွက် အချို့ဇာတ်ဝင်ခန်းတွေ၊ အ ပြောအဆိုတွေက ကြမ်းတယ်လို့ ဝေဖန်မှုတွေရှိထားတဲ့ ဒီဇာတ် ကားမှာ ဂျက်စ်အဖြစ် စကားလက် ဂျိုဟန်ဆန်၊ ပစ်ပါအဖြစ် ကိတ် မက်ကင်နွန်၊ အဲလစ္စအဖြစ် ဂျစ် လီယန်ဘဲလ်၊ ဖရန်ကီအဖြစ် အစ် လာနာဂလေဇာ၊ ဘလဲအဖြစ် ဇိုး ကရာဗစ်၊ ပီတာအဖြစ် ပေါလ်ဒဗ လျူဒေါင်းစ်တို့ ပါဝင်သရုပ်ဆောင် ထားပါတယ်။ (ဇာတ်လမ်းအညွှန်းကိုတော့ (http://7daydaily.com/)မှကူးယူဖော်ပြထားတာဖြစ်ပြီး ဘာသာပြန်သူကတော့ခင်ပြည့်စုံကျော်ပါ) File Size : (700 MB) and (300 MB) Quality : 720pBluray Running Time : 1hr 41minutes Format : Mp4 Genre : Comedy Subtitle : Myanmar Subtitle (Hard Sub) Translated by Khin Pyae Sone Kyaw Encode by Thanhtike Zaw

Crime
5.7 2017 101 mins
Rough Night
Pipa
4.4

Pipa (2022) ========== အတိတ်က နာကျင်မှုတွေကို သိမ်းဆည်းထားရင်း အရင်ကနေခဲ့ဖူးတဲ့ မြို့ငယ်လေးကို သူမသားလေးနဲ့အတူ ပြန်လည်ရောက်ရှိလာတဲ့ ရဲဝန် ထမ်းဟောင်း Manuela Pipa Pelari။ သူမရဲ့အဒေါ် ဖြစ်သူက ဒီမြို့ငယ်လေးကို ပြောင်းလာဖို့ တိုက်တွန်းမှုကြောင့် မြို့ငယ်လေးမှာပဲ လယ်ယာလုပ်ရင်း single mom အဖြစ် သားငယ်လေးနဲ့ အတူ အေးအေးချမ်းချမ်း ဘဝကို ဖြတ်သန်းနေပါတယ်။ တစ်ရက်ကျတော့ သူတို့ရဲ့မြို့မှာ အိန္ဒိယသွေးနှောမိန်းကလေးတစ်ယောက် မီးလောင်ပြီး သေဆုံး သွားပါတယ်။ ရဲတွေကတော့ ဒီအမှုကို မတော်တဆဖြစ်ခဲ့တာလို့ ယူဆပေမယ့် သူမရဲ့ အဒေါ်က သံသယရှိနေပါတယ်။ ဒါကြောင့် သူ့တူမ Pipa ကိုအကူအညီ တောင်းပြီး အမှုမှန်ပေါ်အောင် စုံစမ်းစစ်ဆေးပါတော့တယ်။ အိန္ဒိယသွေးနှော ကောင်မလေး ဘာကြောင့်ဆုံးသွားတာလဲ၊ ရဲတွေက ဘာကြောင့် မတော်မဆ အမှုလို့ ကောက်ချက်ချတာလဲ၊ Pipa ရဲ့ အတိတ်က နာကျင်မှုတွေက ဘာဖြစ်မလဲ ဆိုတာကို ဆက်လက်ကြည့်ရှူပေးပါဦး။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Parris ဖြစ်ပါတယ်)

Crime • Drama • Mystery
4.4 2022
Pipa
Mad Cats
5.3

ဒီဇာတ်လမ်းလေးကတော့ ပေါ့ပေါ့ပါးပါးကြည့်ရှုလို့ရမယ့် ဂျပန်အက်ရှင်ဟာသကားလေးပါ။ ဇာတ်လမ်းအကျဥ်းလေးကတော့… တာကာဆိုသူဟာ ဘဝမှာဘာကိုမှမည်မည်ရရမလုပ်ဆောင်တတ်ဘဲ ဖြစ်ရင်ဖြစ်သလို ဆန်ကုန်မြေလေးတတ်သူပါ…။ ဘာမှသိပ်ထူးထူးခြားခြားမရှိတဲ့သူ့ဘဝထဲကို တစ်နေ့မှာတော့ တိတ်ခွေတစ်ခွေရောက်ရှိလာပါတယ်…။ တိတ်ခွေထဲမှာတော့ အမျိုးသမီးတစ်ယောက်အသံနဲ့ သူ့အစ်ကိုကို ဖမ်းခေါ်ထားကြောင်း၊ ဘယ်နားမှာသွားကယ်ရမည်ဖြစ်ကြောင်း၊ ကယ်ဖို့အတွက်ဘာတွေလုပ်ရမယ်ဆိုကြောင်း စတာတွေပါရှိပါတယ်။ ဒီလိုနဲ့ ဘာမှဖြစ်ဖြစ်မြောက်မြောက်မရှိတဲ့ တာကာဟာ သူ့အစ်ကိုကို ကယ်ဖို့ဆိုပြီး ခရီးကြမ်းထွက်ခဲ့လိုက်ပါတော့တယ်…။ ဘယ်လို အန္တရာယ်တွေကြုံတွေ့ရမလဲ၊ ဘယ်လိုကြောင်တွေနဲ့ရင်ဆိုင် တိုက်ခိုက်ရမလဲဆိုတာတော့ ဇာတ်လမ်းထဲမှာကြည့်ရှုနိုင်ပါပြီ။ File size…1.40 GB / 574 MB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 28m Genre ….. Action Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Themes

5.3 2023
Mad Cats
Crank
7

မင်းသားကြီး Jason Statham ရဲ့အမိုက်စား ခပ်ကြမ်းကြမ်းအက်ရှင်တွေနဲ့ ဒီရုပ်ရှင်က မထင်မှတ်ဘဲ ပေါက်သွားပြီး ပရိတ်သတ်တွေအသည်းစွဲရတဲ့ အက်ရှင်တစ်ကားဖြစ်ခဲ့ပါတယ်။ ဇာတ်လမ်းဇာတ်ကွက်နဲ့ Non-stop အက်ရှင်တွေက တစ်ကားလုံးထိုင်ရာမထဆွဲဆောင်သွားမှာပါ။ ကြေးစားလူသတ်သမားအချင်းချင်း အောက်လမ်းနည်းပေါင်းစုံနဲ့လုပ်ကြံကြတဲ့ ကစားပွဲမှာ အသက်ရှင်ဖို့ အရာအားလုံးကို ဖြတ်ကျော်မယ့် Chev Chelios အဖြစ် Jason Statham ကို အမိုက်စားမြင်တွေ့ရမှာပါ။ Chev Chelios ကို ရန်သူတွေက ဖမ်းမိတဲ့အခါမှာ တခါထဲအပြတ်မရှင်းဘဲ တမြေ့မြေ့နောင်တရစွာ သေဆုံးသွားဖို့ တခါမှမစမ်းဖူးတဲ့ တရုတ်ကဆေးတစ်မျိုးနဲ့ လုပ်ကြံလိုက်ကြပါတယ်….ဒီဆေးက နှလုံးခုန်နှုန်းကို အချိန်မရွေးရပ်တန့်သွားစေနိုင်တာမလို့ Chev Chelios တစ်ယောက်အသက်ရှင်ဖို့လမ်းစမရှိပါဘူး….ဒါပေမယ့် ခေါင်းမာပြီး အဆိပ်ပြင်းတဲ့ Chev Chelios ကတော့ သူ့နှလုံးခုန်နှုန်းကို မရပ်ဖို့ ရရာပစ္စည်းတွေနဲ့ အသက်ဆက်ပြီး ရန်သူတွေတမျိုးလုံးတဆွေလုံးကို အမြစ်ကလှန်ဖို့ မနားတမ်း မမောတမ်း ဖိုက်ပါတော့တယ်။ IMDb (7) ထိရရှိထားတဲ့ Action , Crime , Thriller အမျိုးအစားဇာတ်ကားဖြစ်ပြီး မင်းသမီး Amy Smart မှလဲ ခပ်ဟော့ဟော့ ခပ်ကြမ်းကြမ်းဇာတ်ကောင်အဖြစ် ဇာတ်လမ်းနဲ့အပြိုင် ပါဝင်အားဖြည့်ထားပါတယ်။ Blu-Ray Director’s Cut Version နဲ့မလို့ တကားလုံး ထိုင်ဆဲနေပြီး အသက်ရှင်ဖို့ လူရှေ့သူရှေ့မရှောင် တွေ့ရာဆော်တဲ့အခန်းတွေရော သွေးထွက်သံယိုအခန်းတွေရော ဖောချင်းသောချင်းပါတာမလို့ အသက်အရွယ်ပြည့်မီသူများသာကြည့်ရှုရမယ့်ဇာတ်ကားလဲဖြစ်ပါတယ်။ အောင်မြင်မှုရရှိခဲ့တာကြောင့် Crank 2 အနေနဲ့ Crank: High Voltage (2009) အဆက်ထပ်မံထွက်ရှိခဲ့ပါတယ်။

Animation • Adventure • Family • Fantasy
7 2006 88 mins
Crank
Clash of the Titans
6.9

Clash of the titans – 1981 Genre – Action,Adventure,Family IMDb – 6.9/10 ဂရိနတ်ဘုရားတွေရဲ ဒဏ္ဍာရီကို အခြေခံထားတဲ့ ငယ်ဘဝအောက်မေ့ဖွယ် ဇာတ်ကားတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်. အိုလံပတ်စ်တောင်ပေါ်က နတ်ဘုရားတွေရဲ့ဖခင် ဖြစ်တဲ့ ဇုစ်ဟာ အာဂို့စ်တိုင်းပြည်က အလွန်ချောမောလှပတဲ့ ဘုရင့်သမီးတော် ဒနေးကို အထူးစောင့်ကြပ်ထားတဲ့ကြားက ရွှေရောင်ချိုးရေအသွင်ပြောင်းပြီးတော့ ပေါင်းသင်းခဲ့ပါတယ်။ ကလေးတစ်ယောက်ရလာခဲ့တဲ့ သမီးတော် ဒနေးအပေါ် ဖခင်ဘုရင်ကြီး အက်ကရီးစီးယက်စ်က အမျက်တော်ရှိပြီး ဒနေးနဲ့သားငယ် ပါးစီးယက်စ်ကို ပင်လယ်ထဲကို စွန့်ပစ်ခဲ့ပါတယ်။ ဒါကို သိရှိသွားတဲ့ ဇုစ်နတ်ဘုရားက အာဂို့စ်တိုင်းပြည်ကို ဧရာမတိုက်တန်ကြီး ကရာကန်ကို စေလွှတ်ဖျက်ဆီးစေခဲ့ပြီး ဒနေးနဲ့သားတော်ပါးစီးယက်စ်ကို ဘေးကင်းရာကို လုံလုံခြုံခြုံရောက်ရှိစေရန် ပင်လယ်နတ်ဘုရားပိုဆိုက်ဒန်ကို စေခိုင်းခဲ့ပါတယ်။ ပါးစီးယက်စ်တစ်ယောက် ချောမောခန့်ညားစွာ အရွယ်ရောက်လာခဲ့ပြီး ဇုစ်ရဲ့ဂုဏ်ယူဝံ့ကြွားစရာ ဖြစ်လာခဲ့ပါတယ်။ သူ့သားကာလီးဘော့စ်အပေါ် ပြစ်ဒဏ်ချထားမှုအပေါ် မကျေနပ်တဲ့ နတ်ဘုရားမတက်တစ်က ဇုစ် မျက်နှာသာပေးခြင်းခံရတဲ့ ပါးစီးယက်စ်အပေါ်မနာလိုဖြစ်ပြီး ကျိန်စာသင့်မျှော်လင့်ချက်မဲ့နေတဲ့ ဂျော်ပါမြို့ကို ရောက်ရှိစေခဲ့ပါတယ်။ သူ့ရဲ့မွေးရပ်မြေ အာဂို့စ်ကို ပြန်လည်သိမ်းပိုက်ဖို့ အကြံရှိတဲ့ပါးစီးယက်စ်က သူ့ရဲ့ခရီးစဉ်ကိုဂျော်ပါမြို့ကနေ စတင်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ တက်တစ်စ်နဲ့ မကောင်းဆိုးဝါးသဖွယ် အသွင်ပြောင်းပြီး အပြစ်ပေးခံထားရတဲ့ ကာလီးဘော့စ်တို့ရဲ့ ကြီးစိုးမှုကြောင့် ဂျော်ပါမြို့သားတွေဟာ ကျီးလန့်စာစားဖြစ်နေကြပြီး ကာလီးဘော့စ်နဲ့ ရည်ရွယ်ထားတဲ့ မင်းသမီးအန်ဒရိုမေဒါကလည်း အကျဉ်းစံသတို့သမီးလောင်းဘဝကိုရောက်နေခဲ့ပါတယ်။ အန်ဒရိုမေဒါနဲ့ လက်ဆက်ဖို့ ကြိုးစားသူတိုင်းကလည်း ကာလီးဘော့်စ်ရဲ့ ပဟေဠိပုစ္ဆာကို မဖြေဆိုနိုင်ကြဘဲမီးတင်ရှို့ယစ်ပူဇော်ခံရစမြဲပါ။ အန်ဒရိုမေဒါနဲ့ လက်ဆက်ရင်း တိုင်းပြည်တစ်ခုလုံးကို အုပ်စိုးရမယ့်အခွင့်အရေးကို ပါးစီးယက်စ်ကလည်း ကြိုးစားလာပါတယ်။ စီစဉ်သူ ဇုစ်ကနေတစ်ဆင့် နတ်ဘုရားတွေရဲ့လက်ဆောင်ဖြစ်တဲ့ ကိုယ်ပျောက်ခေါင်းဆောင်း၊ ဓားလွတ်တစ်ချောင်းနဲ့ ဒိုင်းကာတစ်ခုကိုပါ ရရှိလာရင်း အန်ဒရိုမေဒါကို မျက်ဝါးထင်ထင်မြင်တွေ့ရချိန်မှာတော့ သူ့အတွက်ဆို ဘာမဆိုလုပ်ရဲတဲ့သတ္တိတွေ ဝင်လာခဲ့ပါတယ်။ စိမ့်မြေသခင် ကာလီးဘော့စ်ကိုပါ တိုက်ခိုက်အနိုင်ယူပြီး အန်ဒရိုမေဒါရဲ့ ပုစ္ဆာကိုဖြေဆိုကာ တိုင်းပြည်တစ်ခုလုံးပါ အပိုဆောင်းရယူနိုင်ခဲ့ပါတယ်။ ရွှေလက်ဆက်ပွဲမှာ အန်ဒရိုမေဒါရဲ့မိခင်၊ ဂျော်ပါရဲ့ဘုရင်မ ကတ်စီရိုပီအာရဲ့ မဆင်မခြင်ပြောဆိုမှုကြောင့် နတ်ဘုရားမတက်တစ်က သားဖြစ်သူအပေါ် ကျူးလွန်ခဲ့တဲ့အပြစ်နဲ့ သူ့အပေါ်စော်ကားမှုအပေါ် ပြန်လည်ပေးဆပ်ရန် အန်ဒရိုမေဒါရဲ့ အသက်ကို တောင်းဆိုခဲ့ပါတယ်။ ဂျော်ပါမြို့သူမြို့သားအားလုံးကို ကရာကန်ဖျက်ဆီးတိုက်ခိုက်မည့်ဘေးမှ လွတ်လိုပါက အန်ဒရိုမေဒါကို ရက် (၃၀) အတွင်း ကရာကန်အား ယစ်ပူဇော်ဆက်သရန် အမိန့်ပေးခဲ့ပါတယ်။ ပါးစီးယက်စ်ကလည်း ဧရာမတိုက်တန်ကရာကန်ကို အနိုင်ယူနိုင်ဖို့ နည်းလမ်းတွေကို ရဲမက်ဗိုလ်ပါတွေနဲ့အတူ တိုင်ပင်စဉ်းစားကြရင်းနဲ့ပဲ ရှာပုံတော်စွန့်စားခန်းခရီးတစ်ခု ထွက်ရန် ဖန်လာပါတော့တယ်… ၈၀ ခုနှစ်က Special Effects တွေ အခုကာလလောက် မဖွံ့ဖြိုးသေးပေးမယ့် Clash of the titans ဟာ လူတစ်ပိုင်းနတ်ဘုရားတစ်ပိုင်း ပါးစီးယက်စ်ရဲ့ ရဲရင့်မှု၊ နတ်မြင်းပျံ ပက်ဂဆစ်၊ ဇီးကွက်စက်ရုပ်ကလေး ဘူဘို၊ ကြောက်မက်ဖွယ် ဧရာမတိုက်တန်ကရာကန်၊ အန်ဒရိုမေဒါရဲ့ အလှတရား စတဲ့ ရောင်စုံစုတ်ချက်တွေနဲ့ ချယ်မှုန်းထားတဲ့ ဂန္ထဝင်ပန်းချီကားတစ်ချပ်အဖြစ် ရှိနေဆဲပါ။ File size… 3.1 GB / 1.5 GB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 58m Genre ….. Action/Adventure/Family Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Hein Tayza Translated by Sai Sumali

6.9 1981
Clash of the Titans
Jatt & Juliet
7.5

Jatt And Juliet (2012)”ကနေဒါ ဖူးစာ” ============================== နာမည်ကြီး ပန်ချာပီမင်းသား ဒီလ်ဂျစ်ဒိုဆန်ဂျ်ရဲ့ ၂၀၁၂ ခုနှစ်က ထွက်ရှိခဲ့တဲ့ ဟင်ဒီစကားပြော အချစ်ဟာသရုပ်ရှင်လေးကို တင်ဆက်ပေးချင်ပါတယ်။ ဒီရုပ်ရှင်ဟာဆိုရင် သူ့ခေတ် သူ့အခါက အောင်မြင်မှုတွေရရှိခဲ့တဲ့အတွက် နောက်ဆက်တွဲ ရုပ်ရှင် နှစ်ကားထိထွက်ရှိထားပြီး IMDb မှာလည်း 7.5 ထိ ရိတ်တင်းရထားပါသေးတယ်။ ဇာတ်လမ်းကတော့.. ဘိုစာကို နကန်းတစ်လုံးမှမသိဘဲ ကနေဒါကိုသွားပြီး ကနေဒါမှ အဖြူမလေးနဲ့ အိမ်ထောင်ပြုအခြေချချင်နေတဲ့ ဖာတယ်ဆင်းဂ်နဲ့ ဖက်ရှင်ဒီဇိုင်နာဖြစ်ချင်လို့ ကနေဒါကို ကျောင်းလာတက်တဲ့ ပူဂျာဆိုတဲ့ အိမ်ထောင်ပြုခါနီးကောင်မလေး။ သူတို့နှစ်ယောက် ကနေဒါမှာ တွေ့ဆုံကြပြီး အစပိုင်းမှာ တစောင်းစေးနဲ့ မျက်ချေးလို အချင်းချင်း ရန်ဆောင်ခဲ့ကြပေမဲ့ တဖြည်းဖြည်းချင်း ငြိတွယ်လာကြပုံကို ပေါ့ပေါ့ပါးပါးနဲ့ ဟာသနှောပြီး တင်ဆက်ထားတဲ့ရုပ်ရှင်လေးဖြစ်လို့ ချ န်နယ်မြန်မာ Bollywood Team ကနေ ညွှန်းဆို ဘာသာပြန်ပြီး တင်ဆက်ပေးလိုက်ပါတယ်…။

7.5 2012
Jatt & Juliet
The Girl with the Fork
5.9

လူတွေကအတိတ်မှာအပြစ်တွေလုပ်ထားပြီးရင် မသိသလိုဟန်ဆောင် မေ့ပျောက်လိုက်ကြတာများပါတယ်။အဲ့ဒီနည်းနဲ့မှရှေ့ဆက်လို့ရမှာကိုး။ အဲ့လိုမေ့ပျောက်လိုက်တဲ့အခါမှာ ဘာပြဿနာတွေဖြစ်လာလဲဆိုတော့ ကိုယ်ကသာမေ့သွားပေမဲ့ ကိုယ့်အပြစ်ကြောင့်နစ်နာခဲ့တဲ့လူတွေကတော့ မမေ့နိုင်ပဲ အငြိုးဆိုတာထားတတ်လာကြပါတယ်။ကိုယ်ကအဲ့ဒီအရာတွေကို မေ့ပျောက်ပြီးပျော်ပျော်နေလေလေ ခံစားရသူဖက်မှာတော့ပိုဒေါသ ထွက်စရာကောင်းလာလေလေပါပဲ။အဲ့ဒါကြောင့်တစ်ခါတစ်လေမှာတော့ အပြစ်ပြုဖူးတဲ့လူတွေကိုပြန်မှတ်မိလာအောင် သင်ခန်းစာပေးဖို့ လိုအပ်လာပါတယ်။အဲ့ဒီအကြောင်းတွေကိုမြင်သာအောင်ရိုက်ကူးထားတဲ့ IMDb Rating 6.2 အထိရရှိထားတဲ့ The Girl with the Fork ဆိုတဲ့ ဇာတ်ကားလေးကိုတင်ဆက်ပေးလိုက်ပါတယ်။ ဒီဇာတ်ကားလေးထဲမှာဆိုရင် အန်နာနဲ့မိုက်ခ်ဆိုတဲ့လင်မယားနဲ့ စီလီယာနဲ့ ပေါလ်ဆိုတဲ့သားအဖေတွေမှာ လျှို့ဝှက်ထားတဲ့အပြစ်တွေကိုယ်စီ ရှိကြပါတယ်။သူတို့ကတော့အဲ့ဒီအပြစ်တွေကိုမေ့ပျောက်ထားကြပေမဲ့ လျှို့ဝှက်တဲ့အဖွဲ့အစည်းတစ်ခုကသူတို့ဆီကိုဖုန်းတွေနဲ့ဆက်သွယ်လာပြီး သူတို့ရဲ့အတိတ်ကိုပြန်မှတ်မိလာအောင်လုပ်ပေးပုံတွေနဲ့ သူတို့ရဲ့ လျှို့ဝှက်ချက်တွေကိုဖော်ထုတ်သွားမဲ့ပုံတွေကို ရင်ဖိုစိတ်လှုပ်ရှားအောင် ရှင်းရှင်းလင်းလင်းနဲ့ မရှင်းတရှင်းရိုက်ကူးထားတဲ့အတွက် တစ်မျိုးလေး ကြည့်ရှုခံစားရမဲ့သည်းထိပ်ရင်ဖိုဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်။ File size…(373MB) Quality…WEB-DL 1080p HEVC Format…mkv Duration….1h 34m Genre ….Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay

5.9 2024 94 mins
The Girl with the Fork
Keshava Chandra Ramavath (KCR)
7.4

KCR(2024) ယုံကြည်ရာဆီသို့ သန်ဒါဆိုတဲ့ရွာလေးမှာ ကီရှာဗာဆိုတဲ့ ကလေးလေးဟာ သူ့မိသားစုနဲ့အတူ ပျော်ရွှင်နွေးထွေးစွာရှိနေတာပါ။ အဖေရယ်၊ အမေရယ်၊ အဘွားရယ်ဟာ သူ့ကို တစ်ဦးတည်း‌သောသား‌လေးရယ်ဆိုပြီး တုန်နေအောင်အချစ်ခံရသူပေါ့။ တောရွာလေးတွေရဲ့ထုံးစံအတိုင်းသူ့ဖခင်ဟာ ဆိတ်ကျောင်းရင်းအသက်မွေးရသူမို့ ငွေကြေးအရာမှာတော့မတတ်နိုင်ရှာကြပါဘူး။ တစ်နေ့သူ့အမေက ချောင်းအလွန်ဆိုးနေတဲ့အတွက် ဆေးခန်းပြဖို့ရာ သူတို့အဘွားရဲ့နားကပ်ကိုရောင်းရဖို့ဖြစ်လာပါတော့တယ်။ ဒီလိုနဲ့စာမဖတ်တတ်တဲ့သူ့ဖခင်ကို ကီရှာဗာက ဦးဆောင်ခေါ်သွားရင်း လမ်းကဆိုင်းဘုတ်တွေလည်း သူပဲဖတ်ပြလာပါတယ်။ ဘဏ်ကိုရောက်သွားတဲ့အခါမှာတော့ သူ့အဘွားရဲ့နားကပ်ဟာ သူတို့တစ်ခါမှတောင်မမြင်ဖူးတဲ့ပစ္စည်းပါဆိုပြီး အပေါင်မရခဲ့ဘဲ ငွေပဲချေးခဲ့ရပါတော့တယ်။ အပြန်လမ်းမှာ ကီ‌ရှာဗာလေးဟာ ဗိုက်အလွန်ဆာလို့ ဆိုင်ကြီးတစ်ဆိုင်ထဲ သားအဖနှစ်ယောက်ဝင်ထိုင်ရုံရှိသေး ဝတ်စားထားတာနွမ်းနေလို့ပါဆိုပြီး နှင်ထုတ်ခံရပြန်ပါတယ်။ အဲဒီလိုနဲ့ တွန်းလှည်းလေးနဲ့ရောင်းတဲ့မုန့်ကိုသားအဖနှစ်ယောက်စားနေရင်း လမ်းဘေးတစ််နေရာ တီဗွီကနေ သူတို့ဘဝတွေကိုပြောင်းလဲပေးပါမယ်ဆိုတဲ့ KCR အမည်ရှိ လူတစ်ယောက်ရဲ့မိန့်ခွန်းပြောနေသံကို တွေ့မြင်ကြားသိခဲ့ရပါတယ်။ သူတို့ရဲ့ဘဝဟာဘာတွေဖြစ်လို့ပြောင်းလဲချင်နေရပါသလဲဆိုရင်တော့ အိမ်နားကဦးလေးဟာ ဘဏ်ကြွေးတွေမဆပ်နိုင်လို့ စိတ်ဖိအားများကာ သေသွားရတာ၊ လယ်ကွင်းထဲရေလွှတ်ရင်း မြွေကိုက်လို့သေသွားရတာ၊ ကိုယ်ဝန်ဆောင်သည်အမျိုးသမီးတစ်ယောက် ဆေးရုံသွားမယ့်လမ်းမှာ လမ်းဆိုးလွန်းလို့သေသွားရတာ စသည်ဖြင့် အများကြီးပါပဲ။ ကီရှာ‌ဗာလေးဟာ အဲဒီနေ့ကစပြီး KCR ရဲ့မိန့်ခွန်းတွေနားထောင်ပြီး လေးစားအားကျစိတ်အပြည့်နဲ့ ပါးစပ်ကမချ ဖြစ်သွားပါတော့တယ်။ တစ်ဖက်မှာလည်း ကီရှာဗာဟာ သူ့ကိုအချစ်လေးလို့ချစ်စနိုးခေါ်ပြီး အရိပ်တကြည့်ကြည့်နဲ့ဘေးမှာရှိနေပေးတဲ့ မန်ဂျူဆိုတဲ့ကလေးမလေးဆီကလည်းဂရုစိုက်ခံရလေရဲ့။ ကီရှာဗာကရှေ့ဆက် သူတို့ရွာကိုဘယ်လိုပြောင်းလဲဦးဆောင်မှာလဲ သူ့မိသားစုတွေ‌ကရော ဘယ်လိုတားဆီးပိတ်ပင်မလဲ ထောက်ပံ့အားပေးမလဲ မန်ဂျူကရော ဘေးကနေဘယ်လိုပါရမီဖြည့်ပေးမှာလဲ ဆိုတာ ကြည့်ရှူခံစားပေးကြပါဦး။ အညွှန်းနဲ့ ဘာသာပြန်တွေကတော့ CM Bollywood Team ပဲဖြစ်ပါတယ်

History • Drama
7.4 2024 133 mins
Keshava Chandra Ramavath (KCR)
Culprit
5.6

ဒီဇာတ်ကားလေးကတော့ ၂၀၂၅ ခုနှစ်ထွက် Mystery/Thriller အမျိုးအစားဇာတ်ကားကောင်း‌လေးဖြစ်ပြီး IMDb rating 5.6/10 ရရှိထားတာလည်းဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ၂၇ နှစ်တုန်းက Huntsville မြို့ငယ်လေးမှာ ကတ်ထရီနာ ဆိုတဲ့ မိန်းကလေးငယ်လေးတစ်ဦး အဓမ္မပြုကျင့် သတ်ဖြတ် ခံခဲ့ရပါတယ်။ ဒီအမှုအတွက် ကလေးထိန်းဖြစ်သူ အသက် ၁၄ နှစ် အရွယ် ဂျက်ဟဲရစ် ဟာ တရားခံအဖြစ် စွပ်စွဲထောင်ချခံခဲ့ရပါတယ်။ ဆယ်စုနှစ် ၃ ခုနီးပါးအကြာ ထောင်ထဲမှာနေခဲ့ရပြီး နောက်ဆုံး အမှုကို ပြန်လည်စစ်ဆေးချိန်မှာ သက်သေခံပစ္စည်းတွေဟာ မှားယွင်းနေခဲ့ကြောင့် သက်သေထွက်လာတဲ့အတွက် အပြစ်မရှိဘဲ မှားယွင်းဆုံးဖြတ်ခံရတယ်လို့ စီရင်ချက်ချပြီး ပြန်လည်လွတ် မြောက်လာပါတယ်။ ဒါပေမဲ့လည်း နာမည်ဂုဏ်သတင်းဟာ သေသွားခဲ့ပြီ ဖြစ်တာကြောင့် မြို့ဟာ သူ့ကို အရင်လို မကြည်ဖြူ တော့ပါဘူး။ အသတ်ခံလိုက်ရတဲ့ကောင်မလေးရဲ့ မိဘတွေဟာလည်း ဂျက်ဟဲရစ် ကို မကျေနပ်ပဲ သူ သတ်ခဲ့တယ်လို့သာ ယူဆထား တာကြောင့် လှုပ်ရှားမှုတွေ စတင်ပြုလုပ်လာပါတော့တယ်။ ဂျက်ဟာလည်း နာမည်ဂုဏ်သတင်းကို ပြန်လည်အဖတ်ဆည်ဖို့ အတွက် တရားခံအစစ်ကို ရှာဖွေဖို့ စတင်ကြိုးစားခဲ့ပါတော့တယ်။ ဒီလိုနဲ့ပဲ နှစ်ဘက်ထိပ်တိုက်တွေ့ကြချိန်မှာတော့ ဘယ်လို တွေဖြစ်သွားမလဲ….. ဘယ်သူတွေမှားလို့ ဘယ်သူတွေမှန်ကြလဲ … အသည်းတအေးအေးနဲ့ ကြည့်ရှုခံစားလိုက်ကြပါစို့ခင်ဗျာ။ File size… (1.22GB) / (721MB) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 26m Genre …..Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Wil

Drama
5.6 2025 97 mins
Culprit
Teaching Mrs. Tingle

IMDb rating – 5.4 Rotten Tomato -19% Teaching Mrs. Tingle ဆိုတဲ့ကားလေးက ပေါ့ပေါ့ပါးပါး လူငယ် အထက်တန်း‌ ကျောင်းသား ကားလေး တစ်ကားပဲဖြစ်ပါတယ် လိတ်အန်း ဆိုတဲ့ ခပ်အေးအေး အဓိက ဇာတ်ကောင် ကောင်မလေးဟာ စာအရမ်းကြိုးစားပြီ ‌ကျောင်းသားထူးချွန်ဆု ကိုရယူနိုင်ဖို့ကြိုးစားနေသူပါ ၊ ဒီဆုကိုရနိုင်မှ သူဟာ ပညာသင်ထောက်ပံ့ဆုကို ရပြီး ဟားဗက် တက္ကသိုလ်ကို တက်ရောက်နိုင်မှာမလို့ပါ။ ဒါဟာ မွေးရပ်မြို့ကထွက်ပြီး ကျောင်းတက်ဖို့က သူမရဲ့ အိပ်မက်လိုပါပဲ ၊ သူ့အမေကိုလဲ ပြန်ငဲ့ရတဲ့သူမို့ စိတ်ဒါဏ်ရာတွေလဲရှိနေသူပါ ကျောင်းမှာ သူမရဲ့ အခက်အခဲဟာ အကျင့်ယုတ်လွန်းလို့ တစ်ကျောင်းလုံးရဲ့ ချဉ်ဖက် အဖြစ် သတ်မှတ်ခံထားရတဲ့ သမိုင်း ဆရာမ တင်ဂယ်ပါပဲ ၊ တင်ဂယ်က သူ့ကို မုန်းတယ် ၊မနာလိုဘူးပေါ့။ လိတ်အန်းက နောက်ဆုံးစာမေးပွဲမတိုင်ခင် လူချမ်းသာဖြစ်ပြီး အမြဲ အဆင့်တစ် ရနေတဲ့ကောင်မလေးကို ကျော်တက်ပြီး ပညာသင်ဆုကို ရအောင် ‌ကြိုးစားဖို့ တစ်ပတ်ပဲ အချိန်ရပါတော့တယ် အဲ့လိုနဲ့ သမိုင်းဆရာမ တင်ဂယ်ရယ် ၊ လိတ်အန်း ၊သူ့ရဲ့အချစ်ဆုံးသူငယ်ချင်း နဲ့ ကောင်လေး တစ်ယောက်စတဲ့ သူတွေကြားမှာ ပြဿနာတစ်ခုတက်ပြီး အထင်လွဲမှုတွေ ဖြစ်လာပါတယ် အိမ်မက်တွေအတွက်အရာရာပေးဆပ်ထားပြီး အပျက်ဆီး မခံနိုင်တဲ့ လိတ်အန်းလည်း ရွေးချယ်စရာ မရှိတော့ပဲ ဘာဖြစ်ဖြစ်လုပ်မှရတော့မယ့်အခြေနေမှာ လိတ်အန်းနဲ့ သူ့သူငယ်ချင်း တို့တွေ ဘာတွေ ဆက်လုပ်ကြမလဲဆိုတာကို ပေါ့ပေါ့ပါးပါး ခံစားကြည့်ရမယ့် အမျိုးစားလေးပဲဖြစ်ပါတယ် File size…(2.3 GB)/(1 GB) Quality….Webrip HEVC 1080p / 720p Format…mp4/ mkv Duration….01:48:00 Genre…Horror, Thriller, Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Kafka

Family • Fantasy • Adventure • Drama
0 1999
Teaching Mrs. Tingle