YoteShin Drive is below this article. Scroll down to view.

Oppo Reno9 Series will include 4,500mAh battery and Universal Fast Charging

Author: Anonymous Published on: 12 Aug 2022

The Oppo Reno9 series will be announced in November and the information of these smartphones is leaked. China writes the Qualcomm Snapdragon 7 Series in the OppDo Reno9 Series in the Oppo Reno9 Series in the Oppo Reno9 Series. This is the same as Oppo Reno8 Series. Oppo will be one of the Chinese smartphone makers who use the new UFCS (Universal Fast Charging Specification). This charge can support up to 40W. The Reno9 Series will feature a 4,500mAh battery with UFCS support. Other smartphone makers supporting the UFCs are Huawei, Vivo, Xiaomi, and the West includes Angbao Electronics, Lihui Technology, Rockchip and Silicon Power. The Reno9 Series will be everything's every color. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

The.Lost.Flowers.Of.Alice.Hart.2023.S01EP6.WEB-DL1080p(CM).mp4

695.55 MB N/A video/mp4 39 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Summer Frost
10

၂၀၂၂ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Un hiver en été (Summer Frost) လို့ အမည်ရတဲ့ ပြင်သစ်ရုပ်ရှင်ကားတစ်ခုနဲ့ မိတ်ဆက်ပေးပါရစေ။ ဒီကားကို ဒါရိုက်တာ Laetitia Masson ကိုယ်တိုင်ရေးသားရိုက် ကူးခဲ့ပြီး ဇာတ်လမ်းပုံစံကတော့ Drama ရုပ်ရှင်အမျိုးအစားဖြစ် ပါတယ်။ ဇာတ်လမ်းအကျဥ်းကတော့ ပြင်သစ်နိုင်ငံရဲ့ နွေရာသီတစ်ခုမှာ ရုတ်တရက်အပူချိန်မညီမျှမှုတွေ ဖြစ်ပေါ်ခဲ့ရာကနေ ပြင်းထန်တဲ့ အအေးလှိုင်းဖြတ်ခြင်းကို ခံစားခဲ့ရပါတယ်။ အအေးဓာတ်က (-10C) အထိကျဆင်းသွားခဲ့ပြီး ရေပိုက်လိုင်းထဲကရေတွေပါ ခဲကုန် ကာ လူတွေရော တိရိစ္ဆာန်တွေပါ အစာရေစာပြတ်လပ်မှု၊ အဆုံး စွန်ထိ အေးခဲမှုတွေကြောင့် အသက်သေဆုံးကြတဲ့အထိ ဖြစ်ကုန် ကြပါတယ်။ တဖြည်းဖြည်းပိုအေးလာတာကြောင့် မကြာခင်မှာပဲ ကမ္ဘာပျက်တော့မယ်ဆိုပြီး သတင်းတွေမှာ ကြေညာနေကြပါတယ်။ ပိုက်ဆံသိပ်ချမ်းသာတဲ့ တချို့လူတွေကတော့ အင်္ဂါဂြိုဟ်ပေါ်မှာ သွားနေနိုင်ဖို့အထိ ပြင်ဆင်နေကြပြီး သာမန်လူတွေမှာတော့ စိတ် ဓာတ်ကျကာ မျှော်လင့်ချက်မဲ့နေကြပါတယ်။ ဒီဇာတ်လမ်းထဲက ဇာတ်ကောင်ဆယ်ယောက်ရဲ့ အထီးကျန်ဝမ်း နည်းမှု စိတ်ပျက်မှုတွေကြောင့် ကမ္ဘာမပျက်ခင် မျှော်လင့်ချက်နဲ့ အချစ်ကိုလိုက်ရှာနေကြတဲ့အကြောင်း ရိုက်ပြထားပါတယ်။ ဇာတ် ကောင်တစ်ယောက်ချင်းစီရဲ့ စရိုက်၊ ခံယူချက်နဲ့ မျှော်လင့်ချက်အ သီးသီးကို ရောနှောပြသထားပြီး ဇာတ်ရှိန်အတက်အကျနည်းပြီး ခပ်အေးအေးဇာတ်လမ်းလို့ထင်ရပေမယ့် ဇာတ်လမ်းထဲမှာ ပါးပါး လေးနဲ့ထည့်သွားတဲ့ ဒိုင်ယာလော့ခ်လေးတွေကတော့ စိတ်ဝင်စား ဖို့ကောင်းပါတယ်။ "ငါတို့တွေ မွေးဖွားခွင့်ရဖို့အတွက် ပိုက်ဆံပေးရတယ်၊ အသက်ရှင် နေထိုင်ရေးအတွက် ပိုက်ဆံပေးရတယ်၊ နောက်ဆုံးသေသွားတဲ့ အချိန်ထိ ပိုက်ဆံပေးရတယ်၊ ဒီလိုလည်ပတ်နေတဲ့ကိစ္စကြီးကို ဖျက် သိမ်းပစ်ချင်တယ်"။ ဇာတ်လမ်းတစ်နေရာမှာ တံမျက်စည်းလှဲနေတဲ့ သန့်ရှင်းရေးဝန်ထမ်းအမျိုးသမီးအပေါ် က အမှိုက်ချသွားတဲ့အမျိုး သားကို အမှိုက်ပုံးထဲကိုသေချာပစ်ဖို့ ပြောတဲ့အခါမှာ "ငါတို့အခွန်တွေ ဆောင်ထားတယ် အဲဒီ့အခွန်တွေနဲ့ နင့်ကိုလစာပေးထားရတာ ဒါနင် လုပ်ရမယ့်အလုပ်"ဆိုတဲ့ သဘော မောက်မောက်မာမာပြန်ပြောတယ်။ သန့်ရှင်းရေးအမျိုးသမီးက ဒါပိုက်ဆံကြောင့်မဟုတ်ဘူး ဒါကနိုင်ငံသား တစ်ယောက်ရဲ့ မဖြစ်မနေသိနေရမယ့် ကျင့်ဝတ်ဆိုတာမျိုး ပြန်ပြောရဲ တယ်။ သူတို့နိုင်ငံမှာ သန့်ရှင်းရေးသမားကလည်း ပြန်ဆုံးမလို့ရတာပဲ၊ ယုံကြည်မှုအပြည့်ရှိတယ်။ လူတန်းစားခွဲခြားမှုတွေ၊ လူမျိုးရေးမုန်းတီး မှုတွေရှိတာကို မသိမသာထည့်ရိုက်ထားတယ်။ နောက်ထပ်ဇာတ်ကောင်တစ်ယောက်ကတော့ ကိုယ့်အဖေအပေါ်ဖောက် ပြန်ခဲ့တဲ့အမေကို ကြည့်ရင်း ကြီးပြင်းလာတဲ့ယောက်ျားတစ်ယောက်ဟာ မိန်းမတွေကို မယုံကြည်၊ လေးစားမှုမရှိဘဲ အချစ်ကိုကိုးကွယ်တဲ့မိန်းမ တွေဆို အထင်သေးတတ်တဲ့လူဖြစ်လာခဲ့တယ်။ ပြီးတော့ ကိုယ်လက်ထပ် ထားတဲ့မိန်းမအပေါ် ဂရုမစိုက်ဘဲ ကွဲသွားတဲ့ရည်းစားဟောင်းအပေါ် စိတ် မပြတ်နိုင်တဲ့ ယောက်ျားတစ်ယောက်ကို "နင့်မိန်းမကိုသာ နင်တကယ်ချစ်ပြီး တကယ်ဂရုစိုက်မယ်ဆိုရင် တခြားတစ်ယောက်အကြောင်းကို ဆယ်နှစ်လုံး လုံးသတိရနေမှာမဟုတ်ဘူး။ သူ့ကိုကွာရှင်းလိုက်တာထက် သူနဲ့အတူရှိနေတဲ့ ဆယ်နှစ်တာမှာ တခြားမိန်းမအကြောင်းပဲ သတိရနေတာကမှ သစ္စာဖောက် တာပဲ" ဆိုပြီးပြောထားတဲ့အခန်းဆို တော်တော်လေးရင်ထဲထိစေပါတယ်။ ဒီရုပ်ရှင်ထဲမှာတော့ ကမ္ဘာကြီးအဆုံးမသတ်ခင် လူတွေရဲ့အမျိုးမျိုးသော စိတ် ဆန္ဒတွေ လိုချင်တပ်မက်မှုတွေအကြောင်း ရိုက်ကူးတင်ပြထားပါတယ်။ သူတို့ လိုချင်တဲ့ လိင်စိတ်ဆန္ဒ၊ လုံခြုံမှု၊ မိတ်ဆွေ၊ အချစ်၊ အနုပညာ စတဲ့အရာတွေ အကြောင်းကို စိတ်ဝင်စားစရာကောင်းအောင် ရိုက်ပြထားပါတယ်။ မိတ်ဆွေတို့ လည်း အခုအချိန်မှာ ကမ္ဘာပျက်တော့မယ်ဆိုရင် ကိုယ့်ရဲ့တကယ့်ဆန္ဒကဘာလဲ၊ ကိုယ်ဘာလိုချင်လဲဆိုတာကို စဥ်းစားကြည့်ဖူးပါလား။ ကဲပါ ဒီကားလေးကိုကြည့် လိုက်ကြရအောင် . . . (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ HannaH ဖြစ်ပါတယ်) File Size..........(1.6 GB) / (600 MB) Quality............WEB-RIP 1080p / 720p Duration.........1Hr 52Mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Drama Translator.......HannaH Encoder..........SWM

Action
10 2022 112 mins
Summer Frost
Har Har Mahadev
9

ဒီဇာတ်ကားလေးက အေဒီ ၁၆ရာစု မာရသာအင်ပါယာကြီးကို စတင်တည်ထောင်နေစဉ်ကာလအတွင်း ဘုရင်ချက်သရပတီရှီဗာဂျီနဲ့ သူ့အပေါင်းအပါတွေက နယ်ချဲ့လက်ပါးစေတွေကို တော်လှန်ခဲ့တဲ့ ဖြစ်စဉ်ကို ရုပ်ရှင်ရုံကားအဖြစ် ရိုက်ကူးတင်ဆက်ထားခြင်းပဲ ဖြစ်ပါတယ်။ အတိအကျပြောရရင် ဒီဇာတ်ကားက ၁၆ရာစုနှောင်းပိုင်းမှာဖြစ်ပွားခဲ့တဲ့ ပဝန်းခင့်တိုက်ပွဲအကြောင်းကို အဓိကဇာတ်အိမ်တည်ထားပါတယ်...အဆိုပါတိုက်ပွဲမှာ ဘာဂျီပါရာဘူဒေ့ရှ်ပန်ဒေဦးဆောင်တဲ့ စစ်သည် ၃၀၀ ပါဝင်တဲ့တပ်စုဟာ စစ်သည်ရဲမက် ၁၂၀၀၀ ပါဝင်တဲ့ ဘီဂျာပူရီတပ်တွေကို တိုက်ထုတ်ခဲ့တဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်းကို ရိုက်ကူးထားခြင်းပဲဖြစ်ပါတယ်။ မာရသာအင်ပါယာကြီးဟာ ပြိုကွဲနေခဲ့ပြီး အင်အားကြီးရှင်ဘုရင်ဆူတန်ဟာလည်း ဒီလိုပြိုကွဲနေအောင် အချင်းချင်းသွေးထိုးရန်တိုက်ပေးခဲ့ပြီး နယ်မြေအတွင်း သွေးချောင်းစီးစေခဲ့တယ်...။ ရဲစွမ်းသတ္တိနဲ့ပြည့်စုံတဲ့ မာရသာလူမျိုးတွေဟာ ဆိတ်တွေ ကျွဲတွေအတွက်နဲ့ အချင်းချင်း ရန်ဖြစ်သတ်ဖြတ်နေကြတဲ့အချိန်ပေါ့...။ ဒီအဖြစ်ကို ရင်လေးမိနေတဲ့ ရှီဗာဂျီက နယ်မြေအားလုံးကို စုစည်းပြီး ဘုံရန်သူကို တိုက်ထုတ်ပစ်ဖို့ စွန့်စားပါတော့တယ်...။ အဲ့ဒီလို တစ်နယ်ပြီးတစ်နယ်သိမ်းပိုက်လာရင်း မာဗယ်နယ်မြေ ၁၂ခုလုံးက တုန်လှုပ်ရတဲ့ ဘာဂျီပါရာဘူဒေ့ရှ်ပန်ဒေနဲ့ ထိပ်တိုက်တိုးမိလာတဲ့အခါ...။ ဒီဇာတ်ကားလေးမှာ တိုက်ရေးခိုက်ရေးတွေကို ကောင်းကောင်းမြင်တွေ့ရမှာဖြစ်သလို နိုင်ငံရေးဉာဏ်အားပြိုင်မှုတွေကိုလည်း မြင်တွေ့ရမှာဖြစ်လို့ ကြည့်လိုက်ပါဦးနော်...။ File size…2.3GB  / 1.2GB Quality…1080p Zee5 WEB DL /720p Format…mp4 Duration….2h 41min Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Bpl ~ Taylor ~ Sora ~ HayMan

Mystery • Thriller
9 2022
Har Har Mahadev
Another Way To Make A Living
5

Eric ဟာ ဂျာနယ်လစ်တစ်ယောက်ပါ။ သူဟာ အသေးစား ပြည်တွင်းသတင်းစာလေးတစ်ခုမှာအလုပ်လုပ်ကိုင်သူပါ။ ရုံးမှာလည်း သူနဲ့ သူ့အထက်က Celine နဲ့နှစ်ယောက်သာရှိပါတယ်။ သူဟာ ဒီသာမန်ဘဝလေးမှာမနေချင်ပဲ သူ့ဘဝအတွက် ကြီးမားတဲ့စိန်ခေါ်မှုကြီးတစ်ရပ်ကိုစတင်ဖို့ ကြိုးစားပါတော့တယ်။ ဂိုဏ်းတစ်ခုရဲ့အကြောင်းကိုစာအုပ်တစ်အုပ်ထုတ်ချင်တာပေါ့။ Eric ဟာ ထောင်ထဲထိဝင်ပြီး လူပေါင်းများစွာကို အင်တာဗျူးပါတယ်။ လူများစွာထဲကမှ Moritz ဟာ ထူးခြားသူပါ။ သူနဲ့သူ့ညီမလေးဟာ Gang တစ်ခုရဲ့လက်အောက်ကနေရုန်းထွက်ချင်နေပေမယ့် အခြေအနေမပေးကြလို့ ဒီတိုင်းနေကြရသူတွေပေါ့။ ဒီလိုနဲ့ပဲ ‌Moritz နဲ့ခင်မင်မှုရလာပြီး Moritz က သူလွတ်မယ့်နေ့မှာ လာကြိုခိုင်းပါတယ်။ လာကြိုပြီး သူ့ရဲ့ အပေါင်းအသင်းတွေရှိတဲ့‌ Bar တစ်ခုဆီကိုမောင်းခိုင်းပါတယ်။ အဲဒီကစလို့ Eric ရဲ့ Article ရေးမယ့်ခရီးရှည်ကြီးနဲ့ Moritz တို့မောင်နှမနှစ်ယောက်ရဲ့ ရုန်းထွက်ကြဖို့ကြိုးစားရင်း ရင်ဆိုင်ရမယ့်အရာတွေကို ကြည့်ရမယ့် ဖြူမည်း German ဒရာမာကားလေးပဲဖြစ်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Nyan Hlyan Chit မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.4GB, 630MB Quality - 1080p, 720p Format - mp4 Duration - 1H 5Min Genre - Drama Subtitle - Myanmar Subtitle (Hardsub) Translated by Nyan Hlyan Chit Encoded by Y

Action • Adventure • Mystery • Thriller
5 2022
Another Way To Make A Living
American Girl
6.5

Golden Horse Film Festival နဲ့ Tokyo International Film Festival မှာ ဆု၅ခု ရပြီး စကာတင် ဆု၇ခုအထိအရွေးခံထားရတဲ့ တကယ်ကောင်းမွန်တဲ့ တရုတ်ကားလေး ဖြစ်ပါတယ်။  မိသားစုကားလေးဖြစ်တာမို့ မိခင်နဲ့ အဆင်မပြေတဲ့သူတွေ တစ်ရှူးဆောင်ပြီး ကြည့်ဖို့ သတိပေးချင်ပါတယ်။ ဇာတ်လမ်းအကျဉ်း ... မိခင်ဖြစ်သူ ရင်သားကင်ဆာဖြစ်လို့ LA မှာနေရာကနေ တရုတ်ပြည်ကို ပြန်လာခဲ့ရတဲ့ ၁၃နှစ်အရွယ် ဖန်း‌ဟာ ထိုင်ဝမ်မှာ နေထိုင်မှုပုံစံတွေနဲ့ အသားကျဖို့ ရုန်းကန်နေရတယ်။ ငယ်ငယ်တည်းက ဝေးခဲ့ရတဲ့ ဖခင်နဲ့ တူတူပြန်နေရပေမဲ့ ရောဂါသည် မိခင်နဲ့တော့ ဆက်ဆံရေးတွေ ဆိုးရွားလာခဲ့တယ်။ မိခင်ဖြစ်သူ လီလီဟာလည်း ကင်ဆာရောဂါကြောင့် ကိုယ့်ကိုယ်ကို သေလူလို့ သတ်မှတ်ကာ အဆိုးမြင် ဖန်းကလည်း အမေရိကန်ပဲ ပြန်ချင်ပြီး မိခင်ဖြစ်သူနဲ့ ဘာပြောပြော ကတောက်ကစဖြစ်။ တရုတ်ပြည်မှာ SARS ကူးစက်ရောဂါတွေ စဖြစ်ပြီး သူတို့ မိသားစု၄ယောက် ဘယ်လိုရုန်းကန်ရမလဲဆိုတာကို အဆုံးထိကြည့်လိုက်ရအောင်... (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ Kit ပါ။) File Size          :  1.5GB, 550MB & 259MB Quality            : 1080p WEB-DL, 720p WEB-DL & 480p Format            : mp4 Duration         : 1hr & 41mins Genre              : Drama Translated by  Kit Encoded by Kinnov

Drama • Horror
6.5 2021 101 mins
American Girl
Harakiri
8.6

Harakiri ( 1962 ) =============== ဟာရခိရိက ဘယ်လိုရုပ်ရှင်မျိုးလဲဆိုရင် ကျွန်တော်တော့ ရှက်ဖို့အကောင်းဆုံးရုပ်ရှင်လို့ ဖြေမိမှာပဲ။ Harakiriဟာ ကြည့်ဖူးသမျှ ရုပ်ရှင်တွေထဲ ကျွန်တော့်အတွက် ရှက်ဖို့အကောင်းဆုံးရုပ်ရှင်တစ်ကားဖြစ်ခဲ့တယ်။ ဟာရခိရိဆိုတဲ့ဂျပန်စကားရဲ့ အဓိပ္ပာယ်က ဝမ်းဗိုက်ကိုခွဲတယ်ဆိုတဲ့ အဓိပ္ပာယ်။ ပြောရရင် ဆာမူရိုင်းတွေ ရိုနင်တွေ အခမ်းအနားနဲ့ ဝမ်းဗိုက်ကိုခွဲပြီး သတ်သေခြင်းကို ဆိုလိုတာ။ အဲဒီအခမ်းအနားကိုတော့ Seppukuလို့ခေါ်တယ်။ ဆာမူရိုင်းတွေရဲ့ သိက္ခာကို ဖော်ပြနည်းတစ်မျိုးပေါ့။ ကီနူးရိဗ်ရဲ့ 47 Ronin နောက်ဆုံးခန်းက ဟာရခိရိလုပ်တဲ့အခန်းကို တော်တော်များများရင်းနှီးပြီးသားဖြစ်ကြမှာပဲ။ ဒါပေမဲ့ အမြဲတမ်း ဟာရခိရိက သိက္ခာရှိတဲ့ လုပ်ရပ်တစ်ခုဖြစ်ရဲ့လားဆိုတာကို ဒီဟာရခိရိရုပ်ရှင်က မေးခွန်းထုတ်ပြီး ဒီဟာရခိရိရုပ်ရှင်ကပဲ ဟာရခိရိရဲ့ ဂုဏ်ကို ပြန်အဖတ်ဆည်ပေးသွားတယ်။ ဟာရခိရိဟာ ကျွန်တော်ကြည့်ဖူးတဲ့ ဘယ်ဆာမူရိုင်းကားနဲ့မှ မတူတဲ့တစ်ချက်က ကြည့်နေတဲ့လူကိုပါ ရှက်အောင်လုပ်နိုင်တဲ့အချက်ပါပဲ။ ဒီအချက်အတွက် ဒါရိုက်တာ Masaki Kobayashi ရဲ့ တင်ပြပုံကို ချီးကျူးရမှာပါပဲ။ Masaki Kobayashiဟာ ဟာရခိရိအပြင် Kwaidanတို့ The Human Condition ၃ကားတို့ Samurai Rebellionတို့ကိုလည်း ရိုက်ခဲ့တယ်။ ဟာရခိရိကို တစ်ချို့ ဂျပန်ရုပ်ရှင် ပရိသတ်တွေကတော့ Seven Samuraiထက် ကောင်းတဲ့ ဆာမူရိုင်းကားလို့ပြောကြသလို အကောင်းဆုံးဆာမူရိုင်းရုပ်ရှင်တွေထဲက တစ်ကားလို့တော့ လူတိုင်းပြောကြတယ်။ ပြောကြတာလည်း မလွန်ပါဘူး။ ဇာတ်ကို တငွေ့ငွေ့ချင်း ရုပ်လုံးပေါ်အောင် ပုံဖော်သွားပုံဟာ လှပလွန်းတယ်။ ဇာတ်အိမ်တည်ရာ ၁၆၃၀ခုနှစ်ဟာ အဲဒိုခေတ်လို့ ခေါ်တဲ့ တိုခုဂါဝခေတ်။ ရှိုးဂန်းလို့ခေါ်တဲ့ စစ်နယ်ရှင်တွေ နယ်မြေအသီးသီးကို အုပ်ချုပ်ကြတဲ့ ခေတ်။ ၁၆၀၃မှာ စခဲ့တဲ့ တိုခုဂါဝခေတ်မှာ ရှိုးဂန်းတွေ အိမ်တော်တွေကြား တိုက်ပွဲတွေများခဲ့ပြီး ပြိုလဲသွားတဲ့ အိမ်တော်တွေလည်း မနည်းခဲ့ဘူး။ အခုရုပ်ရှင် ဇာတ်အိမ်တည်ရာ ၁၆၃၀ခုနှစ်မှာတော့ သခင်မဲ့ ငတ်ပြနေတဲ့ ဆာမူရိုင်းတွေ တော်တော်များနေခဲ့ပြီ။ တစ်ချို့လည်း သခင်သေကတည်းက ဟာရခိရိလုပ်ပြီးကြပြီ ။ ဇာတ်ကတောာ့ သခင်သစ်လည်းရှာမရသလို ဆင်းရဲငတ်မွတ်ခေါင်းပါးခြင်းဒဏ်ကို မခံနိုင်တော့လို့ ဟာရခိရိလုပ်ပေးဖို့ အဲဒီနယ်ကို လက်ရှိအုပ်စိုးနေတဲ့ာ အဲယိအိမ်တော်ကို လာပြောတဲ့ ဟန်ရှိရိုဆုဂုမိုဆိုတဲ့ ဆာမူရိုင်းတစ်ယောက်နဲ့စတယ်။ အိမ်တော်အရှင်ဟာ ငတ်လို့ ဟာရခိရိလုပ်ဖို့ တောင်းဆိုလာတဲ့ သူတွေကို တကယ်မသေရဲပဲ ပေးစာကမ်းစာယူပြီး ပြန်သွားချင်လို့ လာတာလို့ မှတ်ယူထားတယ်။ ရှေ့မှာလည်း သာဓကတစ်ခုရှိခဲ့ပြီးပြီကိုး။ ဒီတော့ သူက ဆုဂုမိုကို အိမ်ထဲခေါ်ပြီး လုပ်ဖို့သေချာလားမေးတယ် ဟိုက သေချာတယ်ပြောတော့ ဆန္ဒမစောနဲ့ဦးဆိုပြီး ရှေ့က ဟာရခိရိလုပ်ဖို့ တောင်းဆိုခဲ့ဖူးတဲ့ ဆာမူရိုင်းတစ်ယောက်ရဲ့ ဇာတ်လမ်းကို ပြောပြတယ်။ အဲဒီလူနာမည်က မိုတိုမဲ ချိဂျိဝိ။ တစ်ခုသောနေ့မှာ မိုတိုမဲချိဂျိဝလို့ခေါ်တဲ့ ရိုနင်တစ်ယောက်ဟာ သခင်သစ်လည်းရှာမရသလို ဆင်းရဲငတ်မွတ်ခေါင်းပါးခြင်းဒဏ်ကို မခံနိုင်တော့လို့ ဟာရခိရိလုပ်ခွင့်ပေးဖို့ ခွင့်တောင်းဖို့ အဲယိအိမ်တော်ကို ရောက်လာတယ်။ အကြီးအကဲတွေဟာ ငွေပေးပြီးလွှတ်လိုက်ရင်လည်း နောက်ထပ်လာတဲ့လူတွေနည်းမယ်မထင်ဘူး။ အိမ်တော်လည်း သိက္ခာကျတယ်လို့ ယူဆတယ်။ ဒီတော့ သူတို့ဟာ စစချင်း မိုတိုမဲကို ရေမိုးချိုးပြီး ဝတ်ကောင်းစားလှလဲစေတယ်။ မိုတိုမဲစိတ်ထဲတော့ ဒီလူတွေ သူ့ကိုပေးမသေဘဲ ပေးသင့်ပေးထိုက်တာပေးမယ်လို့ ထင်ခဲ့တယ်။ အိမ်တော်အကြီးအကဲတွေက မိုတိုမဲရဲ့ ဓား၂ချောင်းကို စစ်ကြည့်တော့ ၂ချောင်းလုံးက ဝါးဓားတွေ ဖြစ်နေတယ်။ ဆာမူရိုင်းတစ်ယောက်ဟာ ကိုယ့်ဓားနဲ့ပဲကိုယ် ဟာရခိရိလုပ်ရတာဆိုတော့ ဒီကောင် သတ္တိနည်းပြီး တို့ဟူးလှီးလို့တောင်မပြတ်တဲ့ ဝါးဓားနဲ့ ရောက်ချလာတယ်လို့ သတ်မှတ်လိုက်ကြတယ်။ တော်တော်လည်းအထင်သေးခဲ့ကြတယ်။ သူရဲဘောကြောင်တဲ့ ဆာမူရိုင်းလို့သတ်မှတ်ပြီး စက်ဆုပ်ရွံရှာခဲ့ကြတယ်။ ဒါပေမဲ့လည်း သူ့ဝါးဓားနဲ့ပဲ သူ့ကို ဟာရခိရိလုပ်ခိုင်းခဲ့တယ်။ ဟာရခိရိလုပ်တယ်ဆိုတာ ကိုယ့်ဓားနဲ့ကိုယ်က ဝမ်းကိုပဲ ခွဲပြီး နောက်ကအကူတစ်ယောက်က အသက်ထွက်သက်သာအောင် ခေါင်းကို ခုတ်ဖြတ်ပေးရတယ်ဆိုပေမဲ့ ဝါးဓားနဲ့ သူ့ကိုယ်သူ မချိမဆန့်ထိုးနေရတဲ့ မိုတိုမဲကိုတော့ အဲဒီအိမ်တော်က ဆာမူရိုင်းတွေက မသက်ညှာခဲ့ဘူး။ ခုတ်လိုက်ပါတော့လို့ ပြောနေပေမဲ့ မခုတ်ခဲ့ဘူး။ နောက်ဆုံး မိုတိုမဲဟာ လျှာကိုက်ပြီး သေသွားခဲ့တယ်။ သူ့သတင်းဟာလည်း နှစ်ရက်အတွင်း အဲဒီနယ်တစ်ခွင်လုံးကို ပျံ့သွားခဲ့တယ် ။ သူရဲဘောကြောင်တဲ့ ဝါးဓားဆာမူရိုင်းဆိုပြီး နာမည်တွင်သွားခဲ့တယ်။ အဲယိအိမ်တော်က အကြီးအကဲဟာ ဆုဂုမိုကို ဒီဇာတ်လမ်းပြောပြပြီး တိတ်တိတ်လေး ပြန်သွားလိုက်တော့ ပြောပေမဲ့ ဆုဂိုမိုကတော့ အခမ်းအနားလုပ်ဖို့ကိုပဲ စိုင်းပြင်းနေတယ်။ သူ့ပုံစံကလည်း သေဖို့လာတာပေမဲ့ တည်ငြိမ်အေးဆေးမှု အပြည့်ပဲ။ သူ့ပုံစံကို မြင်ရုံနဲ့ သူ့စိတ်ဆုံးဖြတ်ချက်က ခိုင်မာပြီးသားဆိုတာ ကျွန်တော်တို့မြင်နေရတယ်။ အေးစက်ပြီး ရှိန်ချင်စရာကောင်းတဲ့ ဒီဆုဂုမိုဇာတ်ကောင်ကို သရုပ်ဆောင်ပေးထားတာက Tatsuya Nakadai။ ကူရိုဆာဝါရဲ့ Ranတို့ Yojimboတို့ Sanjuroတို့ နောက် အခုကားကိုရိုက်တဲ့ မာစခိ ခိုဘယရှိ Kwaidanတို့ Human Condition တို့အပါအဝင် တကယ့်ဂန္တဝင်ကာားကြီးတွေချည်းရိုက်ခဲ့တဲ့ ဂန္တဝင်မင်းသားကြီးပဲ။ Ranမှာလည်း သူအိုကြီး ရူးသွားတဲ့ပုံစံဟာ တော်တော်လေး အသက်ဝင်ခဲ့လို အခုလည်း သေရတော့မယ့်အချိန်မှာတောင် အေးစက်ပြီး တည်ငြိမ်နေတဲ့ ဆုဂုမိုဇာတ်ကောင်ဟာ လုံးဝအသက်ဝင်နေခဲ့တယ်။ ဒီတော့ တားမရတဲ့အဆုံး အကြီးအကဲက အခမ်းအနားလုပ်ပေးတယ်။ ဆုဂိုမိုဟာ တည်တည်ငြိမ်ငြိမ် အေးအေးဆေးဆေးနဲ့ပဲ တောင်းဆိုချက်တွေလုပ်ရင်း အဲယိအိမ်တော်အကြီးအကဲရဲ့ ဒေါသကိုဆွရင်း သူ့ဘက်က ပြောပြချင်တဲ့ ဇာတ်လမ်းကို တဖြည်းဖြည်းချင်း ရုပ်လုံးပေါ်အောင် ပြောပြလာတယ်။ မိုတိုမဲချိဂျိဝဆိုတဲ့ ဝါးဓားဆာမူရိုင်းရဲ့ တကယ့် အဖြစ်မှန်ကိုပေါ့။ အမှန်ပြောရရင် စစချင်း မိုတိုမဲချိဂျိဝကို ဒါရိုက်တာပုံဖော်ထားတဲ့ ပုံစံမှာ ကြည့်ရှုသူ ကျွန်တော်ကိုယ်တိုင်လည်း မိုတိုမဲကို တော်တော်အထင်သေးသွားခဲ့တယ်။ ဇာတ်ရဲ့ ရုပ်လုံးပေါ်လာတဲ့အချိန်မှာတော့ မိုတိုမဲကို အထင်သေးခဲ့တဲ့ ကျွန်တော်ရဲ့ အဆုံးဖြတ်စောမှု မသိနားမလည်မှုကို ရှက်လာရတယ်။ ဆုဂုမိုရဲ့ ဇာတ်လမ်းရုပ်လုံးပေါ်လာလေ ဆုဂိုမိုရဲ့ စကားလုံးတွေ ထိရှလာလေလေ ကျွန်တော့်အတွက် ရှက်ဖို့ကောင်းလာလေပဲ။ ဒါရိုက်တာဟာ ကြည့်ရှုသူကို ဒီလိုအခြေအနေရောက်အောင် ကြည့်ရှုသူတွေပါ မိုတိုမဲကို အဆုံးဖြတ်စောမိအောင် ခင်းကျင်းထားပုံရပါတယ်။ တကယ်လည်း အဲယိအိမ်တော်ကလူတွေနဲ့အတူ ကြည့်ရှုသူတွေပါ ရှက်စိတ်ဝင်လာအောင် လုပ်နိုင်ခဲ့တယ်။ ဟာရခိရိဟာ ကျွန်တော် ဘယ်တော့မှ မမေ့မယ့် ရုပ်ရှင်တစ်ကားဖြစ်သွားခဲ့တယ်။ ဘယ်လိုရုပ်ရှင်လဲ မေးလာရင်လည်း သိပ်ကောင်းတဲ့ ဆာမူရိုင်းကား ဘာညာထက် ရှက်ဖို့အကောင်းဆုံးရုပ်ရှင်လို့ပဲ ဖြေမိမှာပဲ။ ဒါကလည်း ပိုမှန်နေတယ်။ ဟာရခိရိဟာ အကောင်းဆုံး ဆာမူရိုင်းရုပ်ရှင်ဆိုတဲ့ ဂုဏ်နဲ့တော့ တကယ်တန်ခဲ့ပါတယ်။ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ WiRa Aung ပါ )

8.6 1962 135 mins
Harakiri
Swing Kids
7.5

Swing Kids (2018) ******************* ဒီတစ်ခါမှာတော့ အဓိကသရုပ်ဆောင်တွေအဖြစ် EXO အဖွဲ့ဝင် D.O, မင်းသမီး Park Hye Soo, ပရိတ်သတ်ရင်းနှီးပြီးသားသရုပ်ဆောင် Oh Jung se တို့အဓိက ပါဝင်ထားပြီး 2018ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ ကိုရီးယား musical ရုပ်ရှင်လေးတစ်ကားကို ပရိတ်သတ်ကြီးတို့အတွက် တင်ဆက်ပေးလိုက်ပါတယ်ရှင် .. ဇာတ်လမ်းအကျဉ်း *************** 1951ခုနှစ်က ဖြစ်ပွားခဲ့တဲ့ ကိုရီးယားစစ်ပွဲအတွင်းမှာ မြောက်ကိုရီးယားနဲ့ တရုတ်အကျဉ်းသားတွေက တောင်ကိုရီးယား ဂိုဂျယ်ကျွန်းရှိ စခန်းကို စေလွှတ်ခံခဲ့ရပါတယ် .. POW စခန်းကတော့ ကွန်မြူနစ်စနစ်ကိုလိုလားတဲ့သူတွေနဲ့ ကွန်မြူနစ်စနစ်ကိုဆန့်ကျင်တဲ့သူတွေအကြားက ပဋိပက္ခလက်အောက်မှာ ရှိနေပါတယ် .. ရိုဂီဆူကတော့ ဂိုဂျယ်POW စခန်းမှာ ထိန်းသိမ်းခံထားရတဲ့ မြောက်ကိုရီးယားစစ်သားတစ်‌ယောက်ပါ… အဲဒီအချိန်မှာပဲ တပ်ကြပ်ကြီးဂျက်ဆင်ဆီကို tap dance ဆိုတဲ့ ဖိနပ်စည်းချက်လိုက်အကကဖို့ အကအဖွဲ့တစ်ခုဖွဲ့ရန် အမိန့်ကျလာပါတယ်… အဲဒါကြောင့် ဂျက်ဆင်က စခန်းမှာ အကအဖွဲ့ဝင်တွေ ရွေးချယ်ဖို့အတွက် လူရွေးပွဲကျင်းပခဲ့ပြီး… နောက်ဆုံးမှာတော့ တရုတ်စစ်သား ရှောင်းဖန် ကွန်မြူနစ်ပါတီဝင်ဟု မတရားစွပ်စွဲခံခဲ့ရတဲ့ ဂန်ဗြောင်ဆမ်း နှင့် မိသားစုကို ထောက်ပံ့ပေးနေတဲ့ ယန်းဖန်းလယ်တို့ သုံးယောက်က အကအဖွဲ့မှာ ပါဖို့ဖြစ်လာပါတော့တယ် … ထိုအချိန်တွင် တပ်ကြပ်ကြီးဂျက်ဆင်က ဂီဆူရဲ့ အကအရည်အချင်းကို သဘောကျပြီးတော့ အကအဖွဲ့ထဲဝင်ဖို့ ကမ်းလှမ်းတဲ့အခါမှာတော့…. စစ်ပွဲအကြားမှာ သူတို့ရဲ့ အိပ်မက်ဖြစ်တဲ့ အကအဖွဲ့လေးကို အကောင်အထည်ဖော်သွားနိုင်မလားဆိုတာကိုတော့ ဒီကားလေးထဲမှာ စောင့်မျှော်ကြည့်ရှူပေးကြပါဦး‌နော် … (အညွှန်းကို May Thet မှ ရေးသားထားပါတယ်) File size…3.31GB / 1.16B Quality… WEB-DL 1080p/ 720p Format…mp4 Duration….2h 00m Genre ….. Music, Drama, Sports, War Subtitle….Myanmar Subtitle (Hard Sub) Translated by May Thet Encoded by AHtet

7.5 2018 133 mins
Swing Kids
MAL·MO·E: The Secret Mission
6.9

MAL·MO·E: The Secret Mission (2019) *********************************** အရင်ဆုံး ဇာတ်ကားထဲက သရုပ်ဆောင်တွေအကြောင်းပြောရရင် ယောကျ်ားလေးပရိသတ်တွေ အရမ်းကြွေတဲ့ The Outlaws ထဲက ဆံရှည်ဘဲကြီးက အဓိကသရုပ်ဆောင်တစ်ဦးအနေနဲ့ပါဝင်ထားပါတယ် ဒီထဲမှာတော့ တာဝန်ယူမှုအပြည့်နဲ့ ထက်မြက်တဲ့ စာပေအဖွဲ့အစည်းကိုယ်စားလှယ်အဖြစ် မြင်တွေ့ရမှာပါ….. တခြားဇာတ်ဆောင်နဲ့ဇာတ်ပို့တွေကလည်း ကျရာဇာတ်ရုပ်ကိုပိုင်နိုင်တဲ့ ခပ်မိုက်မိုက် သရုပ်ဆောင်တွေဖြစ်တာမလို့ ဇာတ်ကောင်အတွက် နောက်ဆံတင်းစရာမလိုဘဲ စိတ်ချလက်ချကြည့်ရှုနိုင်ပါတယ်… ဇာတ်ကားနောက်ခံကတော့ ဂျပန်ကိုလိုနီခေတ်ကို အခြေတည်ပြီးရိုက်ထားတယ် ငါတို့အမိန့်အတိုင်းလိုက်နာရမယ် ဂျပန်ဘာသာစကားကိုပဲသုံးရမယ် မလုပ်ရင်ဖမ်းပြီးထောင်ချမယ် ဒီလိုကျွန်ပြုမှုတွေအောက်မှာ ကိုယ့်နိုင်ငံရဲ့ဘာသာစာပေမပျောက်ကွယ်ဖို့ နည်းမျိုးစုံနဲ့ကြိုးစားပုံကို ကွင်းကွင်းကွက်ကွက်မြင်အောင်ရိုက်ပြထားတယ် .. ဂျပန်ခေတ်ဖိနှိပ်ချုပ်ခြယ်မှုတွေအောက်မှာ ကိုယ့်နိုင်ငံရဲ့ စိတ်ဝိဉာဉ်မပျောက်ကွယ်အောင် တကယ်တမ်းလုပ်ဆောင်ကြတဲ့အခါ ဘယ်လောက်ထိခက်ခဲခဲ့တယ် .. ဘယ်လိုတွေပေးဆပ်ပြီး ဘာသာစာပေကို ဘယ်လိုပုံစံနဲ့ကာကွယ်ခဲ့ရတယ်ဆိုတာတွေ ရင်ထဲထိအောင် ကြည့်နေရင်းနားလည်ပေးနိုင်အောင် ရိုက်ပြထားတဲ့ ဇာတ်ကားကောင်းလေးတစ်ကားဖြစ်တာမလို့ လက်လွှတ်မခံသင့်ကြောင်းပြောချင်ပါတယ် (ကိုရီးယားလူမျိုးတွေ ဂျပန်ကိုလိုနီနဲ့ပတ်သတ်ရင် ဘာကြောင့်ဆတ်ဆတ်ထိမခံဖြစ်ရလဲ ဒီဇာတ်ကားထဲမှာ အသေအချာမြင်နိုင်ပါလိမ့်မယ် ) (ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Phu Nge Nge Thein ပဲဖြစ်ပါတယ်…..) File size…1.77GB / 949MB Quality… WEB-DL 1080p/ 720p Format…mp4 Duration…. 2 hr. 15 min. Genre ….. Historical, Drama Subtitle….Myanmar Subtitle (Hard Sub) Translated by Phu Nge Nge Thein Encoded by AHtet

Comedy • Adventure
6.9 2019
MAL·MO·E: The Secret Mission
Firefox
6.1

Firefox (1982) ******************* Clint Eastwood ဆိုတဲ့ ဒါရိုက်တာလည်းလုပ် မင်းသားလည်းလုပ်တဲ့ ဒီဘိုးတော်ကြီးကို တော်တော်များများသိကြမယ်ထင်ပါရဲ့… ခပ်ဆန်းဆန်း ဇာတ်ကားတွေကြီးပဲ ဖန်တီးတတ်သလို သူ့ကားတွေကြည့်ပြီးတိုင်း အတွေးတွေ ကျန်ခဲ့အောင် လုပ်နိုင်စွမ်းလည်းရှိပါတယ်… ဒီရုပ်ရှင်ဇာတ်ကားက ၁၉၈၂ ခုနှစ်ကဆိုပေမယ့် ခုချိန်ပြန်ကြည့်လည်း သည်းထိတ်ရင်ဖို ခံစားနေရတုန်းမို့ ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်… ဆိုဗီယက် ရုရှားမှာ အသံထက်မြန်အောင်ပျံနိုင်တဲ့အပြင် ရေဒါမှာ မပေါ်ဘဲနဲ့ စိတ်နဲ့ထိန်းချုပ်ပြီး ဒုံးကျဉ်ပစ်လို့ရတဲ့ Firefox ဆိုတဲ့ တိုက်လေယာဉ်ကို ဖန်တီးလိုက်ပါတယ်။ ‌ တိုက်လေ‌ယာဉ်ရဲ့ နည်းပညာက အဆင့်မြင့်လွန်းလို့ ‌ဗြိတိန်‌တွေက စစ်ရေးအရ စိုးရိမ်ပြီး အမေရိကန် တိုက်လေယာဉ်မှူး မစ်ရှယ် ဂန် ကို လေယာဉ်သွားခိုးဖို့ ရုရှားနိုင်ငံထဲ ခိုးသွင်းပါတော့တယ်။ အဲ့ဒီမှာ ဇတ်လမ်းက စတော့တာပဲ… မင်းသားကြီး Clint Eastwood ရဲ့ ပရိတ်သတ်ဆိုရင်တော့ မဖြစ်မနေကြည့်သင့်တဲ့ ကားကောင်းတစ်ကားပဲ ဖြစ်ပါတယ်။ (ဇာတ်လမ်းအညွှန်းကို Htet Wai Lwin မှ ရေးသားထားပါတယ်) File Size : (3.45GB) and (937 MB) Quality : Blu-Ray 1080p, 720p Format…mp4 Duration…02:16:00 Genre : Adventure, Thriller, Action Subtitle : Myanmar Subtitle (Hard Sub) Translated by Htet Wai Lwin Encoded by AHtet

6.1 1982 136 mins
Firefox
Rommel
6.5

Rommel (2012) **************** IMDb – 6.5/10 ဒီဇာတ်လမ်းလေးကတော့ ဂျာမန်စစ်ဗိုလ်ချုပ်ကြီး ရိုးမဲလ် ရဲ့ အကြောင်းကိုရိုက်ကူးထားတဲ့ ဖြစ်ရပ်မှန်ဇာတ်ကားဖြစ်ပါတယ် …သဲကန္တရမြေခွေးကြီးလို့လည်း အတော်များများကြားဖူးကြမယ်ထင်ပါတယ်… ဒီစစ်ကားမှာ တခြားစစ်ကားတွေထက် ပိုကောင်းတဲ့အချက်တွေကတော့ ဗိုလ်ချုပ်ကြီးရိုးမဲလ် အပါအဝင် ဂျာမန်စစ်ခေါင်းဆောင်တွေရဲ့ ဒုတိယကမ္ဘာစစ်မတိုင်ခင်အချိန် ဘယ်လိုစစ်ပြင်ဖို့ဆွေးနွေးကြပုံတွေ စစ်ဖြစ်နေတဲ့အချိန်အတောအတွင်းမှာလဲ တန်ပြန်တိုက်စစ်တွေကို ဘယ်လိုပုံဖော်ကြလဲဆိုတာတွေ အပြန်အလှန်ဆွေးနွေးကြပုံတွေကို အသေးစိတ်ရိုက်ကူးပုံဖော်ထားပါပဲ…. ဗိုလ်ချုပ်ကြီးရိုးမဲဟာ သူ့ရဲ့စစ်ခေါင်းဆောင်ကြီးဟစ်တလာရဲ့အပေါ်မှာ အလွန်သစ္စာစောင့်သိတဲ့ စစ်သားတစ်ဦးဖြစ်ပေမယ့် နောက်ပိုင်းမှာ ဟစ်တလာရဲ့ ဂျူးလူမျိုးတွေအပေါ်လူမဆန်တဲ့လုပ်ရပ်တွေကို သိသွားတဲ့အခါမှာ ဆက်ပြီးတော့ဟစ်တလာအပေါ်မှာ သစ္စာစောင့်သိဦးမှာလား… အဲဒီအချိန်မှာပဲ ဂျာမန်တွေဟာ မဟာမိတ်တို့ရဲ့ပြင်းထန်တဲ့တိုက်စစ်တွေကြောင့် အဘက်ဘက်ကစစ်ရေးရှုံးနိမ့်လို့နေခဲ့တယ်.. ရိုးမဲလ်က ဟစ်တလာကို ငြမ်းချမ်းရေးညှိနှိုင်းဖို့အကြံပြုခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး.. အဲဒီနောက်မှာတော့ ဟစ်တလာရဲ့ခေါင်းဆောင်မှုအပေါ်မှာ သဘောမကျတဲ့ ဂျာမန်စစ်ခေါင်းဆောင်အချို့ဟာ အာဏာသိမ်းဖို့အတွက်တိတ်တဆိတ်ကြံစည်လုပ်ဆောင်လာခဲ့တဲ့အခါမှာတော့… ဗိုလ်ချုပ်ကြီးရိုးမဲလ် ဘယ်လိုဆက်ပြီးလုပ်ဆောင်သွားမလဲဆိုတာကိုတော့ ဇာတ်လမ်းလေးကိုပဲ ဆက်လက်ကြည့်ရှုခံစားလိုက်ကြပါခင်ဗျ.. (အညွှန်းကို Zwel Zan Aung မှ ရေးသားထားပါတယ်) File size…3.2GB / 835MB Quality… BluRay 1080p/ 720p Format…mp4 Duration….2h 00m Genre ….. Action, Drama Subtitle….Myanmar Subtitle (Hard Sub) Translated by Zwel Zan Aung Encoded by AHtet

Action • Comedy
6.5 2012 120 mins
Rommel
The Death of Snow White
5.8

( သွေးထွက်သံယိုတွေ၊ဗိုက်ဖောက်ထုတ်တဲ့ဇာတ်ဝင်ခန်း အများအပြားပါဝင်လို့ ကလေးငယ်တွေကြည့်ရှုဖို့မသင့်တော်ဘူးလို့ ညွှန်းဆိုချင်ပါတယ်။) အသစ်ထွက်ရှိထားတဲ့ စနှိုးဝှိုက်ဇာတ်ကားလေးနဲ့ နည်းနည်းမိတ်ဆက်ပေးချင်ပါတယ်။ ၁၉၃၇ ခုနှစ်ထဲက မိတ်ဆက်လာခဲ့တဲ့စနှိုးဝှိုက်ဆိုတာ ငယ်ငယ်ကတည်းက ရင်းနှီးလာတဲ့ ကလေးတွေအကြိုက်ကာတွန်းဇာတ်ကောင်ဖြစ်တဲ့အပြင် နောက်ပိုင်းနှစ်တွေမှာလည်း Live Action တွေ၊ Animtaionတွေ ပြန်ရိုက်လာပြီး နာမည်ရဇာတ်ကားတွေ အများအပြားပေါ်ပေါက်လာပါတယ်။ အခု အသစ်ထွက်လာတဲ့ ဒီဇာတ်ကားဟာလည်း အရင်ဇာတ်ကားမတူဘဲ တစ်မူထူးခြားနေအောင် ဖန်တီးပြီး ရိုက်ပြထားပါတယ်။ ဇာတ်လမ်းအကျဉ်း +++++++++++ တိုင်းပြည်ရဲ့ဘုရင်မကြီးမှ မွေးဖွားလာတဲ့သမီးတော်လေးစနိုးဝှိုက်ဟာ ပြိုင်ဘက်ကင်းတဲ့အလှအပကြောင့်ကျော်ကြားပါတယ်။ မိခင်ဖြစ်သူဘုရင်မကြီးက သူ့ကိုမွေးပြီးပြီးချင်း သေဆုံးသွားပြီး ဖခင်ဖြစ်သူဘုရင်ကြီးကလည်း စုန်းမရဲ့ပြုစုမှုအောက်မှာ ပြားပြားဝပ်ပြီး စုန်းမကို မိဖုရားအရာ မြှောက်စားပြီးခါမှ နတ်ရွာစံသွားခဲ့ပါတယ်။ ဒီအဖြစ်အပျက်တွေနောက်ကွယ်မှာ ဘယ်လိုလျှို့ဝှက်ချက်တွေရှိလဲဆိုတာ စနှိုးဝှိုက်လေးက မသိရှာပါဘူး။ ဒီလိုနဲ့အချိန်တန် အရွယ်ရောက်လာတော့ မင်းသားတစ်ပါးနဲ့ လူငယ်တွေသဘာဝ ချစ်စိတ်တွေဝင်လာကြတာပေါ့။ အဲဒီမှာ မင်းသားလေးက ပွဲတော်တစ်ခုမှာ ဒိတ်လုပ်ဖို့ ချိန်းလိုက်ရာမှာ ဘယ်လိုကံကြမ္မာဆိုးတွေက စနှိုးဝှိုက်ဆီ ဆိုက်ကပ်လာမလဲဆိုတာ ကလေးအကြိုက်ဇာတ်အိမ်တွေနဲ့မတူဘဲ သွေးသံရဲရဲနဲ့ဇာတ်ကွက်တွေနဲ့ ဇာတ်ရှိန်ကို ဘယ်လောက်ထိဆွဲခေါ်နိုင်မလဲဆိုတာ ကိုယ်တိုင်ကြည့်ရှုလိုက်ကြပါ။ File Size… (1.42 GB) / (770 MB) Quality… WEB-DL 1080p HEVC /720p Format…mkv / mp4 Duration…1h 50m Genre ….. Action , Fantasy , Horror Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by ZWT

5.8 2025 110 mins
The Death of Snow White
X & Y
6.6

X and Y (2025) အာဒံ နှင့် ဧဝ ကမ္ဘာဦးအစ အာဒံနှင့်ဧဝကဆိုသလို ဒီဇာတ်လမ်းထဲက မင်းသားမွေးဖွားလာဖို့အတွက်လည်း သူ့ရဲ့မိဘနှစ်ဦး ပေါင်းစပ်ဖို့လိုအပ်နေပါတယ်ကောင်းကင်ဘုံကနေ ကမ္ဘာပေါ်ကိုဆင်းသက်ဖို့နှစ်ပေါင်းများစွာစောင့်ဆိုင်းနေတဲ့ စိတ်ဝိဉာဉ်တစ်ခုက ကမ္ဘာပေါ်ကို ဆင်းသက်ချင်လို့ ဘုရားသခင်ကိုတောင်းဆိုခဲ့ပါတယ်… ဘုရားသခင်းက ဆုကိုချီးမြှင့်လိုက်ပေမဲ့ စမ်းသပ်ချက်တစ်ခုတော့ရှိပါသေးတယ်.. သုံးညအတွင်းမှာ သူ့မိခင်နှင့်ဖခင်ဖြစ်လာမယ့်သူတို့ကို ပေါင်းစည်းနိုင်အောင်လုပ်ပေးမှသာ မွေးဖွားခွင့်ရမှာဖြစ်ပါတယ်.. အဲလိုနဲ့ စိတ်ဝိဉာဉ်က ကမ္ဘာပေါ်ကလူတစ်ယောက်ရဲ့ခန္ဓာကိုယ်ကိုဝင်ရောက်ပြီး လူ့လောက ခရီးစဉ်ကိုစတင်ခဲ့ပါတယ် လူတွေကြားထဲ ချစ်ခြင်း မုန်းခြင်း ရှုပ်ထွေးမှုတွေကို သူလက်တွေ့မျက်မြင်ခံစားရပါတော့တယ်.. သူ ကမ္ဘာပေါ်က ပြဿနာတွေကိုဘယ်လိုဖြေရှင်းမလဲ… သူ့မိဘနှစ်ပါးကိုရော ပေါင်းစည်းပေးနိုင်ပါ့မလားဆိုတာ ဒီဇာတ်ကားထဲမှာ ကြည့်ရှုခံစားပေးကြပါဦး ( အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ဖြစ်ပါတယ် )

Comedy • Romance • Fantasy • Drama
6.6 2025 108 mins
X & Y
A Carpenter’s Prayer
5.3

A Carpenter’s Prayer (2024) IMDb Rating (5.3) / Rotten Tomatoes (95%) ဒီဇာတ်ကားကတော့ သူ့ရဲ့ ခေါင်းစဉ်အတိုင်း လက်သမားတစ်ယောက်ရဲ့ဆုတောင်းသံကို ဇာတ်အိမ်တည်ပြီးတော့ ရေးထားတာပါ။ အပြင်လောကမှာ တကယ်ဖြစ်ခဲ့တဲ့ဖြစ်ရပ်လေးတစ်ခုကို အခြေခံပြီးရိုက်ကူးထားတာဖြစ်တဲ့အတွက် တကယ်ကို စိတ်နဲ့ထိတွေ့ဖို့ကောင်းလှတဲ့ ဇာတ်လမ်းတစ်ပုဒ်လို့ပြောရင်လည်းမမှားပါဘူး ဇတ်လမ်းအကျဉ်း ဒွိုင်းလ် လို့ခေါ်တဲ့ လက်သစ်သင်းအုပ်ဆရာလေးတစ်ယောက်ဟာ သူ့ရဲ့ နေရာဝန်းကျင်မှာ အချိန်တိုအတွင်းမှာ လူတွေအများကြီးကို ခရစ်ယာန်ဖြစ်သွားအောင် သွန်သင်နိုင်ခဲ့ပြီး လူပေါင်းများစွာကို နှစ်ခြင်းပေးနိုင်ခဲ့တဲ့ သင်းအုပ်ဆရာတစ်ယောက်ဖြစ်လာပါတယ်။ ဒါပေမဲ့ ဖြစ်ချင်တော့ သူတို့နားတစ်ဝိုက်မှာ ဘုရားကျောင်းတွေများပြီး တက်ရောက်တဲ့သူတွေလည်းများလာပါတယ်။ ဒီလိုနဲ့ ဒွိုလ်ဟာ တခြား သင်းအုပ်ဆရာနဲ့ အသင်းလူကြီးတွေဖြစ်ကြတဲ့ ဘက်ဗ်၊ ဟာရိုး ​ဂျော့ဂ်ျတို့နဲ့ ဆွေးနွေးပြီး နေရာသစ်တစ်ခုမှာ ဘုရားကျောင်းဆောင်သစ်တစ်ုခကို ဆောက်လုပ်ဖို့တိုင်ပင်ခဲ့ကြပါတယ်။ ဒါပေမဲ့ ပြဿနာက သူတို့ရဲ့အရင်ဘုရားကျောင်းတွေကို ဖျက်သိမ်းပြီး မြေရောင်းထုတ်ရင်တောင်မှ အဆောက်အအုံသစ်ဆောက်လုပ်ဖို့အတွက် ဒေါ်လာ ၅ သောင်းလိုနေပါသေးတယ်။ မတည်ငွေထပ်ရှာဖို့ အနီးအနားက ရင်းနှီးမြှုပ်နှံမှုပိုင်ရှင် ကန်စထရစ်ကလာဆိုတဲ့သူကို သွားတောင်းဆိုပြန်တော့လည်း အာမခံချက်မရှိတဲ့ စီမံကိန်းမလို့ ပိုက်ဆံမထုတ်ပေးနိုင်ဘူးဆိုပြီးဖြစ်သွားပါတယ်။ ဒီလိုနဲ့ပဲ ရှိရာနဲ့ဆောက်မယ်ဆိုပြီး စဆောက်ဖြစ်တဲ့အခါမှာလည်း လက်သမားဖြစ်သူဟာ မကျန်းမာလို့ ဆောက်ရင်းတန်းလန်း ဆောက်လုပ်ရေးကိုရပ်လိုက်ရပြန်ပါတယ်။ ဒီလိုနဲ့ အမှတ်မထင်ဘဲ သင်းအုပ်ဆရာတို့နေရာ အရပ်ကို တစ်ချိန်က နာမည်ဆိုးနဲ့ ကျော်ကြားခဲ့တဲ့ ဂလန်းဖရန့်ခ်ဆိုတဲ့သူဟာပြန်ရောက်လာခဲ့ပါတယ်။ ပြန်ရောက်လာဆဲမှာပဲ အလုပ်လက်မဲ့ အရက်သမားဖြစ်လို့ သမီးဖြစ်သူက အလုပ်သွားရှာဖို့ပြောရင်း ဒွိုင်းလ်တို့ရဲ့ သင်းအုပ်ဆရာအတွက် အစားထိုးလက်သမားလုပ်ပေးဖို့ ဖြစ်လာခဲ့ပါတယ်။ တစ်ချိန်က ပြစ်မှုလုပ်ခဲ့တဲ့ နာမည်ဆိုးနဲ့ ကျော်ကြားခဲ့ပေမယ့်လည်း ဖရန့်ခ်တစ်ယောက် သင်းအုပ်ဆရာတို့မိသားစုရဲ့ နွေးထွေးမှုနဲ့ ကြုံလာရတဲ့အခါမှာတော့ သူ့ဘဝကြီးဟာ တစ်စပြီးတစ်စ ပြောင်းလဲပြီး ဘုရားနဲ့ပိုပြီးနီးကပ်လာပါတော့တယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Mark ဖြစ်ပါတယ်။) File size… (1.8 GB) / (770 MB) Quality…. WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre…. Drama, Family Duration…. 01:31:42 Subtitle…. Myanmar Subtitle (Hardsub) Encoder…. Benjamin Translated by Mark

Thriller • Mystery
5.3 2024 91 mins
A Carpenter’s Prayer