YoteShin Drive is below this article. Scroll down to view.

The Redmi Pad will be announced on October 4

Author: Anonymous Published on: 12 Aug 2022

Xiaomi will announce a 12T series with the 200MP camera on October 4, and the company has now confirmed that the new tablet is called the Redmi Pad. 𝑻𝒉𝒆 𝑹𝒊𝒈𝒉𝒕 𝑹𝒊𝒈𝒉𝒕 𝑪𝒉𝒐𝒊𝒄𝒆 𝑪𝒉𝒐𝒊𝒄𝒆 𝑪𝒉𝒐𝒊𝒄𝒆 𝑪𝒉𝒐𝒊𝒄𝒆 for entertainment, gaming, e-learning, and browsing is here. 🤩the #redmipad is launching on the 4th of October, 12 pm! Stay tuned: https://t.co/3wa6eqk0um Tell us in Comments Below What You Would Use #redmipad! pic.twitter.com/z5sgr48szy & mdash; Redmi India (@redmiindia) September 29, 2022 The Redmi Pad is the entertainment, Games, Gain for e-learning and browsing and the company will produce green. The 8MP camera will be equipped on the back. The brown model will be released under the photo displayed on Xiaomi's official website. Xiaomi has not said anything to the specs of the Redmi Pad, but it will be included in HELO G99 Soc, Android 12-based MIUI to select 4GB of RAM and 128GB storage. The Redmi Pad will feature a 10.61-inch 90hz LCD 2000 & # 215; The 8,000 pixel battery and 18w Charging. The 22.5W adapter will be included in the container. The tablet will also include Dolby ATMOS Certificate Specifices and will feature an 8MP camera on the east. Graphite Gray, Moonlight Silver and Mint Green colors will be made. This is the specs of the WiFi model, which is different in the 11.2-inch display. 7,800mAh batteries are reported. It is not yet known whether the model will be announced on the 4th of this month. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

The.Little.Vampire.2000.720p.WEBRip.(CM).mp4

758.93 MB N/A video/mp4 149 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Maya and Her Lover
8

ဒီတစ်ခေါက် ပရိတ်သတ်ကြီးကို drama အမျိုးအစား ဇာတ်လမ်း ကောင်းလေးတစ်ခုနဲ့ တင်ဆက်ပေးချင်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့.. ဘဝအတက်အကျ အပြောင်းအလဲ‌တွေသိပ်မရှိတော့ဘဲ တည်ငြိမ် ရင့်ကျက်‌တဲ့ အသက်အပိုင်းအခြားတစ်ခုကို ရောက်နေပြီဖြစ်တဲ့ အသက် ၃၉ နှစ်အရွယ် မာယာဟာ introvert ဆန်ဆန် သူ့ဘဝကို အေးအေးဆေးဆေး ဖြတ်သန်းရင်း အတည်တကျ မိသားစုဘဝ လေးတစ်ခုကို တည်ထောင်ချင်နေခဲ့ပါတယ်။ ဒီလိုမျိုးဘဝကို တည် တည်ငြိမ်ငြိမ်ပဲ ဖြတ်သန်းချင်နေတဲ့ သူ့ရဲ့ဘဝထဲကို သူ့အသက်ထက် ဝက်ပိုငယ်တဲ့ ကောင်လေးတစ်ယောက်က ဝင်ရောက်လာခဲ့ပါတယ်။ အဲဒီကောင်လေးရဲ့ တွေးခေါ်ပုံတွေ..သူရည်မှန်းထားတဲ့ ပန်းတိုင်တွေ မျှော်လင့်ချက်တွေက မာယာကိုသူ့ရဲ့အတိတ် ငယ်ငယ်တုန်းကပုံရိပ် တွေကို ပြန်အမှတ်ရစေတာကြောင့် အဲဒီကောင်လေးဟာ သူလိုချင်တဲ့ အ‌ခြေတကျဖြစ်တဲ့ တည်ငြိမ်တဲ့ဘဝကို မပေးနိုင်ပေမဲ့ သူအဲဒီကောင် လေးအပေါ်ကို ဂရုစိုက်ပေးချင်စိတ်တွေ ကူညီပေးချင်စိတ်တွေ ပေါက် ဖွားလာခဲ့ပါတယ်။မာယာတစ်ယောက် သူ့ကောင်လေးကို တကယ်ချစ် မိသွားမှာလား.. သူ့ရဲ့ကျန်ရှိတဲ့ဘဝကို အရင်လိုပဲ အချစ်မရှိဘဲ အတိတ် မှာပဲနစ်မြောရင်း ကုန်ဆုံးသွားမလားဆိုတာကိုတော့..ဒီဇာတ်လမ်းလေး ထဲမှာ ကြည့်ရှူရမှာပါ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ June ဖြစ်ပါတယ်) File Size..........(1.17 GB) / (422 MB) Quality............WEB-DL 1080p / 720p Duration.........1Hr 46Mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Comedy, Drama, Romance Translator.......June Encoder..........SWM

Drama • History • War
8 2021 106 mins
Maya and Her Lover
BARDO, False Chronicle of a Handful of Truths
7

ဒီကားက မက္ကဆီကန်ဒါရိုက်တာရိုက်တဲ့ မက္ကဆီကန်ကားစစ်စစ် ဘယ်လောက်စစ်လဲဆို ဒီတစ်ကားလုံး မက္ကဆီကန် လူမျိုးရေး၊ ဘာသာရေး၊ သမိုင်း ဒါတွေနဲ့ပဲ အခြေတည်ထားတယ်။ သို့ပေမဲ့လည်း ဒီကားရဲ့နာမည် Bardo ဆိုတဲ့ စကားလုံးက တကယ်ဆို ဗုဒ္ဓဘာသာကပဲလာတဲ့ စကားလုံး။ ပါဠိလိုဆို antarābhava (အန္တရဘဝ) စုတိနဲ့ ပဋိသန္ဓေအကြားက ဘဝပေါ့။ သေခြင်းရယ် တစ်ဖန်ပြန်လည်မွေးဖွားခြင်းရယ်ကြားက ကြားပိုင်းဘဝအကူးအပြောင်းကာလလို့ ပြောကြတယ်။ ဒါပေမဲ့ သူပြတဲ့ပုံစံကတော့ မူရင်းအယူအဆနဲ့ နည်းနည်းတော့ ကွဲလွဲနေမယ်ထင်ပါတယ်။ ဒီကားကို စစဖွင့်ချင်းမှာတော့ Alejandro က ခင်ဗျားကို တော်တော်လေး အူကြောင်ကြောင်နိုင်သလို စိတ်ကူးယဉ်ဆန်လွန်းတဲ့ ဇာတ်ဝင်ခန်းတွေကို ဟိုကူးဒီကူးနဲ့ ပြနေလိမ့်မယ်။ အဲဒီလိုပြနေတဲ့အခန်းတွေက စိတ်ကူးယဉ်ဆန်လွန်းပေမဲ့လည်း အမှန်တရားတစ်စိတ်တစ်ဒေသ ရှိနေတာကိုလည်း ဘာဇာတ်ကြောင်းမှမဖြည်ဘဲကို အတွေးထဲဝင်လာအောင် ရိုက်ပြထားတယ်။ အရှိတရားနဲ့ အိပ်မက်တွေ စိတ်ကူးတွေဟာ ရောထွေးနေတယ်။ ဘာက ဘာလဲ သူပြသွားတဲ့တစ်ကွက်ချင်းကိုကြည့်ပြီး တရိပ်ရိပ်တော့ သိလာလိမ့်မယ်။ ဒါပေမဲ့လည်း သိပ်တော့ မသည်းကွဲချင်ဘူးပေါ့။ ဘယ်အချိန်ထိလဲဆိုရင် သူသတ်မှတ်ထားတဲ့ အချိန်အထိလို့တော့ ပြောရမှာပဲ။ ဆန်းတာက ဒီကားက တစ်ဖက်ကကြည့်ရင် ဟန်များလွန်းတယ်ထင်ရတဲ့အနေအထားမှာရှိတယ်။ ဒါပေမဲ့ ကြည့်ရင်းနဲ့ သူတို့ ဒိုင်ယာလော့တွေ စကားတွေအရှည်ကြီးထိုင်ပြောနေကြတာတွေကို ကြည့်ရင်း ဟန်များနေသလို ထင်ရတာနဲ့ တစ်ချိန်တည်းမှာပဲ ဖန်တီးသူရဲ့ ရိုးသားမှုက အလိုလိုသိလာလိမ့်မယ်။ အဲဒီလိုရိုးသားမှုဟာ တာကော့စကီးကားတွေနဲ့ မစိမ်းတဲ့လူတွေအတွက် ပိုပြီးထင်သာမြင်သာရှိမယ်လို့တော့ ထင်ရတာပဲ။ ဒီလိုရိုးသားလိုက် ဟန်များသလိုဖြစ်လိုက်ဆိုတဲ့အချက်ကို တစ်နေရာမရောက်ခင်အထိတော့ ဒီလိုပဲမြင်နေဦးမယ်။ တစ်နေရာအရောက်တော့ ကျွန်တော်တော့ ဒီကားဟာ ရိုးသားတဲ့ဘက် ပိုသွားတယ်လို့ပဲ မြင်မိတော့တယ်။ အမြင်တူချင်မှလည်းတူမယ်။ ဒီရုပ်ရှင်ကို ကြိုက်ချင်မှလည်း ကြိုက်လောက်မယ်ပေါ့။ အာမ တော့ ခံလို့မရဘူး။ သူ့ဇာတ်လမ်းက ဒိုကူဖစ်ရှင်ရိုက်တဲ့ ဒါရိုက်တာတစ်ယောက်အကြောင်းပေါ့။ ထူးတာက ဒီကားထဲက ဇာတ်ကောင်က ရိုက်ချင်တာက သူ့အကြောင်းပေါ့။ ပြဿနာက ဒီဘဲက သူ့အကြောင်းသူရိုက်ချင်တယ်ဆိုပေမဲ့ သူ့အကြောင်း သူမရိုက်ဘူး။ ဟိုးမဆီမဆိုင် မက္ကဆီကိုကနေ ရွှေ့ပြောင်းအခြေချတဲ့လူတွေအကြောင်းတွေ၊ ဟိုးရှေးခေတ်ကလူတွေအကြောင်းတွေ၊ မက္ကဆီကိုသမိုင်းက တချို့အဖြစ်အပျက်တွေအကြောင်းတွေ ကောက်ရိုက်တယ်။ ဒါပေမဲ့ သူ့ခံယူချက်က ဒီအကြောင်းအရာတွေက သူနဲ့တူညီတယ်လို့ ခံစားရတာကို သူရိုက်ထားတာဆိုတော့ ဒီအကြောင်းအရာတွေကို ပြခြင်းအားဖြင့် သူ့အကြောင်းပါ ပြပြီးပြီလို့ ဆိုလို့ရတယ်။ ဘာလို့ ဒီလိုပြသလဲဆို လူတစ်ယောက်က ကိုယ့်အကြောင်းကိုယ်ရေးတယ်ဆိုပါစို့... ဒါမှမဟုတ်လည်း ရိုက်တယ်ဆိုပါစို့... ဒါကြီးက အမှန်တရားဖြစ်ကောင်းဖြစ်မယ်။ ဒါပေမဲ့ ပြောပြရလွယ်တဲ့ ပြောပြချင်တဲ့ အမှန်တွေပဲ ဖြစ်ဖို့တော့များမယ်။ ကိုယ့်မကောင်းကြောင်းကိုယ် ရေးနိုင်တယ်ဆိုတာကလည်း ကိုယ်ပြောပြချင်တဲ့ မကောင်းကြောင်းပဲမလား။ သူက သူ့အကြောင်းကို ဒီလိုအပေါ်ယံကြောကို မရိုက်ချင်ဘူး။ လူတစ်ယောက်အကြောင်းဆိုတာက ဘယ်လိုနေလာတယ် ဘယ်လိုရှင်လာတယ်ဆိုတာထက် တစ်ခါတလေ သူ့ဘဝမှာ သူစကားလုံးနဲ့ပြောဖို့ခက်တဲ့ အတွေးခေါ်တွေ ခံစားချက်တို့ ရှိကောင်းရှိမှာပဲ။ မဟုတ်လည်း ဒီတိုင်းကြီးပြောပစ်ရင် သူများအတွက် ဘာမှမဟုတ်တာတွေဖြစ်သွားနိုင်ပြီး သူ့အတွက်တော့ နက်ရှိုင်းနေတဲ့ဟာမျိုးတွေပေါ့။ ဒီတော့ သူက သူ့အကြောင်းကို စကားလုံးနဲ့လည်းမပြောဘူး။ အရုပ်နဲ့လည်း ရိုက်မပြဘူး။ ဘာနဲ့ ဒိုကူမန်ထရီ ရိုက်ပြသလဲဆို သူရဲ့ Handful of Truths တွေကို သမိုင်းထဲက တချို့ဖြစ်ရပ်တွေမှာ သူ့ကိုယ်သူထည့်ပြီးပြတယ်။ ဒီလိုပြတဲ့နေရာမှာ Chronology ကာလစဉ်အတိုင်း မပြဘူး။ ဗြောက်သောက် ပေါ်လာချင်သလိုပေါ်လာလိမ့်မယ်။ ကာလစဉ်လွဲနေတဲ့ Chronicle လိုမျိုး ပြတယ်။ ဒါပေမဲ့ ဒီလိုပြတဲ့နေရာတွေမှာရော အိပ်မက်လိုနေရာတွေမှာရော သူညှပ်ထားတဲ့ စကားလုံးတွေက ဆန်းသလိုလိုရှိပေမဲ့ သူ့အရင်ကားတွေနဲ့ယှဉ်ရင် သူ့အကြောင်းသူပြောနေတယ်လို့ ထင်ရလောက်အောင် ဇာတ်ကောင်မဆန်နေတာမျိုးတွေကို သူ့ကားတွေကို ရင်းနှီးရင် အလိုလို သတိထားမိလောက်တယ်။ တစ်ဝက်ကျော်လောက်မှာ ကိုယ်တိုင်လည်း သတိထားမိလို့ ဒါရိုက်တာရဲ့ဘဝအကြောင်းရှာကြည့်တော့ ဒီထဲက ဇာတ်ကောင်ရဲ့ဘဝအစပိုင်းက သူ့ဘဝအစပိုင်းနဲ့ ချွတ်စွပ်လိုဖြစ်နေတာကို တွေ့ရတယ်။ ဒါပေမဲ့ ဒီရုပ်ရှင်ကတော့ သူ့နာမည်အတိုင်း နောက်ဆုံးအချိန်ကို ဦးတည်တာဆိုတော့ သူ့အကြောင်းလို့တော့ ပြောလို့မရဘူး။ ဒါပေမဲ့လည်း ရုပ်ရှင်ထဲက ဇာတ်ကောင်က သူ့အကြောင်းကို ပြောပြဖို့ ဒဲ့မပြောဘဲ False Chronicle of a Handful of Truths ကိုသုံးထားသလိုမျိုး သူလည်း သုံးထားတာသလိုရှိတဲ့ ခံစားချက်မျိုးတော့ ရနေတာပါပဲ။ ရုပ်ရှင်တော်တော်ကြည့်စရှိနေရင် ဇာတ်ကားတစ်ကားရဲ့ ရိုးသားမှုပမာဏကို အလိုလိုခံစားမိနေမှာပဲ မဟုတ်လား။ တစ်ခုရှိတာက ဒီကားကို ဒီထက်နည်းနည်းအရွယ်လွန်ပြီးတဲ့ အချိန်မှကြည့်ရင် ပိုထိလောက်မယ်ဆိုတဲ့ အသိမျိုးလည်း ရနေပြန်တာပဲ။ ပုဂ္ဂလိက အမြင်အရတော့ ကိုယ့်ကိုယ်ကိုယ် ဒီကားကြည့်ဖို့ နောက်မကျသေးဘူးလို့ ထင်ရင် သိမ်းထားလိုက်ပြီး တော်တော်ကြာမှ နည်းနည်းအရွယ်လွန်မှ ကြည့်တာ ပိုကောင်းမယ်ထင်တာပါပဲ။ ၂ခါပြန်ကြည့်လည်းရပေမဲ့ အရသာတော့ မတူနိုင်ဘူးမလား။ BARDO, False Chronicle of a Handful of Truths ဟာ Alejandro ရဲ့ အရင်ကားတွေလောက် ဝေဖန်ရေးသမားတွေရဲ့ မျက်နှာပန်းမလှခဲ့ပေမဲ့ တော်တော်ကောင်းတဲ့ ကားတစ်ကားဖြစ်နေတုန်းဆိုတာတော့ ငြင်းမရသလို ပုဂ္ဂလိက အမြင်အရတော့ Bardo ဟာ သူ့ကားတွေထဲ အရိုးသားဆုံးလည်းဟုတ်သလို Pretentious အဖြစ်ဆုံးလည်း ဟုတ်တဲ့ကားပါပဲ။ ရှေ့ကကားတွေလောက် အားမရသလို ရှေ့ကကားတွေထက် ပိုသဘောကျမိတဲ့ကားဆိုလည်း မမှားပါဘူး။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.6GB, 811MB Quality - 1080p, 720p IMDb Rating - 7.1/10 Format - mp4 Duration - 2H 39Min Genre - Comedy, Drama Subtitle - Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

Action • Horror • Thriller
7 2022 160 mins
BARDO, False Chronicle of a Handful of Truths
Pirates of the Caribbean: On Stranger Tides
6.5

ဂျက်နဲ့ လူမှားပြီး ဂစ်ဘ်ကို ကြိုးပေးမယ့်အရေးမှာ ဝင်ကယ်ပေးလိုက်ရပြီးတဲ့နောက် တစ်ကိုယ်တည်းကောင်းစားနေတဲ့ ဘာဘိုဆာဆီ ရောက်သွားကြပြန်တယ်။ ဒါပေမယ့် ဂစ်ဘ်ပဲကျန်ခဲ့ပြီး ဂျက်ကတော့ သူ အချစ်ဟောင်း အန်ဂျလီကာကောင်းမှုနဲ့ မုတ်ဆိတ်နက်ဆီရောက်သွားတဲ့နောက် စပိန်တွေက တပန်းသာနေတဲ့ ထာဝရသက်ရှည်ရေပန်းကို ရှာနိုင်ဖို့ စိုင်းပြင်းရပြန်တယ်... File Size : (5.06GB)(3.63GB) and (1.24GB) Quality : Blu-Ray 4K HEVC,1080p 5.1CH,720P Format…mp4 Duration…02:23:00 Genre :  Action, Adventure, Fantasy Subtitle : Myanmar Subtitle (Hard Sub) Encoded by Phyo Pyae

Action • Adventure • Fantasy • Science Fiction • Thriller
6.5 2011 137 mins
Pirates of the Caribbean: On Stranger Tides
Firebreather
7.5

ဒီ animation ဇာတ်ကားကောင်းလေးကို မသိတဲ့သူတော်တော်ရှားမယ်ထင်ပါတယ်။ ကျွန်တော်တို့တွေ ကလေးဘ၀မှာ အသည်းစွဲဖြစ်ခဲ့ရတဲ့ ကာတွန်းကားလေးတစ်ကားဆိုရင်လည်း မှားမယ်မထင်ပါဘူး။ မကြည့်ဖူးသေးတဲ့သူတွေရော ကြည့်ပြီးတဲ့သူတွေပါ ဘာသာပြန်ကောင်းကောင်းလေးနဲ့ သေချာပြန်လည်ခံစားလို့ရအောင်လို့ Channel Myanmar ကနေ ပြန်လည်တင်ဆက်ပေးလိုက်ရပါတယ်။ ဇာတ်လမ်းအကျဉ်းလေးအနေနဲ့ကတော့...... ကမ္ဘာကြီးဟာ ကိုင်ဂျူးလို့ခေါ်တဲ့ ဧရာမသတ္တဝါကြီးတွေနဲ့ လူသားတွေ ရောထွေးနေထိုင်တဲ့ နေရာတစ်ခုဖြစ်လာပါတယ်။ မျိုးနွယ်နှစ်ခုကြား စစ်ပွဲရှည်ကြီး တစ်ခုဖြစ်လာခဲ့ပြီး ဒီစစ်ပွဲကို အဆုံးသတ်ပေးလိုက်တာကတော့ မားဂရက်ဆိုတဲ့ လူသားမျိုးနွယ် မိန်းကလေးတစ်ဦးနဲ့ ကိုင်ဂျူးဘုရင်ကြီး ဘယ်လော့ခ် တို့ရဲ့ ချစ်ကြိုက်မှုပဲ ဖြစ်ပါတယ်။ စစ်ပွဲကြီးရပ်တန့်သွားပြီးနောက် ကိုင်ဂျူးတွေဆိုတာလည်း ဒဏ္ဍာရီသဖွယ် ဖြစ်လာခဲ့ပါတော့တယ်။ ဒါပေမယ့် ဒန်ကန်ဆိုတဲ့ ကိုင်ဂျူးတစ်၀က် လူသားတစ်၀က် ဆယ်ကျော်သက်ကောင်လေးကတော့ ဒဏ္ဍာရီမဟုတ်ခဲ့ပါဘူး။ ကိုင်ဂျူးတစ်ကောင်ရဲ့အစွမ်းတွေနဲ့ လူသားလေး ဒန်ကန်ဆီကို တစ်ရက်မှာ ကိုင်ဂျူးဘုရင် ဘယ်လော့ခ်ကြီးက ဆိုက်ဆိုက်မြိုက်မြိုက် ပြန်လည်ရောက်ရှိလာတဲ့အခါမှာတော့...... (ဇာတ်ကားနဲ့ အညွှန်းကို Chuck Chuck မှ ပြန်ဆိုရေးသားထားပါတယ်) Size - 1.3GB, 608MB Quality - 1080p, 720p IMDb Rating - 6.2/10 Format - mp4 Duration - 1H 10Min Type - Action, Animation, Fantasy Subtitle - Myanmar Subtitle (Hardsub) Translated by Chuck Chuck Encoded by Y

Comedy • Drama • Horror
7.5 2010 70 mins
Firebreather
Dude, Where's My Car?
5.5

အိမ်ကလူကြီးတွေနဲ့ အတူမကြည့်ရမယ့် PG-13 ဟာသကား ကောင်းလေးတစ်ခုတဲ့နော်။ Y2k vibe အပြည့်ရစေမယ့် 2000 ခုနှစ်ရဲ့ ဗန်းစကားတွေ၊ ဖက်ရှင်တွေ၊ အသုံးအဆောင်တွေ၊ ကလပ် ယဉ်ကျေးမှုတွေအားလုံးကတော့ မတွေ့ချင်မှအဆုံးပါပဲ။ ဇာတ်လမ်း အစကနေ အဆုံးအထိ လှိုင်နေအောင်ကြားရမယ့် နာမည်၂ခုကတော့ "ဂျက်စီနဲ့ ချက်စတာ" ဆိုတာပါပဲ။ ၁၀၉/၁၁၀ ပုလင်းတူဘူးဆို့ဘော်ဒါနှစ်ကောင် ဂျက်စီနဲ့ချက်စတာဆို ပြီး မူးလို့ရှူစရာတောင် များများစားစားမရှိ၊ လတ်လျားလတ်လျားလုပ် နိုင်တဲ့နေရာမှာ နာမည်ကြီးကြပါတယ်။ စာကြမ်းပိုးဒီဇိုင်းနဲ့ ဆေးခိုးချ လောက်တဲ့ရုပ်ရည်တွေဆိုတော့လည်း လက်ရှိစော်လေးနှစ်ယောက် ကလွဲလို့ တခြားဘယ်မိန်းကလေးမှ အဖက်လှည့်မလုပ်သည်ပေါ့။ ဒီလိုနဲ့ လူမှန်းသူမှန်းမသိအောင် မူးရူးသွားတဲ့တစ်ညကြောင့် ဂျက်စီနဲ့ချက်စတာ တို့ ကိုယ်တိုင်တောင်မမှတ်မိတဲ့ ပြဿနာတွေကို ပေါက်တန်းစေ့လိုက် ရှင်းရပါတော့တယ်။ ညကလက်ဆော့မိတာတွေ ကြက်ပျောက်ငှက်ပျောက်ဖြစ်နေပေမယ့် မနက်ရောက်တယ်ဆို ကားကပျောက်၊ အလုပ်ကပြုတ်၊ စော်ကပစ်နဲ့ Surprise တွေဆိုတာ ဖြန်းခနဲ ဖြန်းခနဲပေါ့။ ကားထဲမှာ စော်လေးတွေ ကိုပေးဖို့ လက်ဆောင်ပါတယ်ဆိုတာကလွဲလို့ ဘာမှမမှတ်မိပေမယ့်လည်း အလုပ်မရှိအကိုင်မရှိဘဝရောက်ပြီမို့ မထူးဇာတ်ခင်းပြီး ကားရှာပုံတော် ထွက်ကြပါလေရော။ ကားပျောက်အကြောင်း ချောင်းပေါက်အောင်လိုက် စုံစမ်းတဲ့အခါမှာ ကြံရဆုံရမယ့် ဗရုတ်သုတ်ခတွေ၊ ပြေးမလွတ်မယ့်အမှု တွေကို အလှည့်အပြောင်းကောင်းကောင်းနဲ့ ကြည့်ရမှာပဲဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Hnin Wut Yi ဖြစ်ပါတယ်) File Size..........(1.9 GB) / (924 MB) Quality............BLU-RAY 1080p / 720p Duration.........1Hr 23Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Comedy, Mystery, Sci-Fi Translator.......Hnin Wut Yi Encoder..........Zin Phyo Aung

Drama • Romance • Thriller
5.5 2000 83 mins
Dude, Where's My Car?
She’s Dating the Gangster
7

She is Dating the Gangster IMDb 7/10 Romance and Drama “ကျွန်တော်သာ သင်္ဘောတစ်စင်းဆို သူမက ကျွန်တော်ရဲ့ကျောက်စူးလေးပါပဲ” လို့ပြောခဲ့တဲ့ ဒန်နီရယ်နဲ့ သူအရမ်းချစ်ရတဲ့အမျိုးသမီးလေး ကတ်သရင်းတို့ကို လူတိုင်းသိကြမယ်ထင်ပါတယ်။ နာမည်ကျော်ဖိလစ်ပိုင်အနုပညာရှင်စုံတွဲလေးဖြစ်တဲ့ သူတို့အတွဲလေးဟာ ယခုဆိုရင် ရည်းစားသက်တမ်း ၁၀ နှစ်ကျော်ထဲကို ရောက်ရှိနေခဲ့ပြီဖြစ်ကာ အရှေ့တောင်အာရှကလူတိုင်း ချစ်ခင်နှစ်သက်ကြတဲ့ နာမည်ကျော်အနုပညာရှင်စုံတွဲလေးဖြစ်ပါတယ်။ သူတို့စုံတွဲလေးဟာ အလွန်အောင်မြင်တဲ့ စီးရီးနဲ့ရုပ်ရှင်ဇာတ်ကားပေါင်းများစွာကို အတူတူတွဲရိုက်ကူးခဲ့ပြီး သရုပ်ဆောင်ကောင်းသလို အရိုခန်း အငိုခန်းတွေမှာ လိုက်ဖက်လွန်းတာကြောင့် လူကြိုက်များခဲ့ပါတယ်။ ယခုတင်ဆက်ပေးသွားမှာကတော့ ၂၀၁၄ ခုနှစ်မှာထွက်ရှိခဲ့တဲ့ သူတို့နှစ်ယောက်ရဲ့အချစ်ဒရမ်မာဇာတ်ကားလေး She’s Dating the Gangster ပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းကတော့… မိခင်ဆုံးပါးသွားတည်းက ဖခင်ဖြစ်သူကို စိတ်နာနေတဲ့ ကန်းနက်ဆိုတဲ့ကောင်လေးဟာ သူ့မိခင်ရဲ့သေဆုံးမှုဟာ သူ့ဖခင်ရဲ့စနက်မကင်းဘူးလို့ထင်မြင်နေတာလည်းဖြစ်ပါတယ်။ သူ့မိခင်နဲ့ဖခင်တို့ အတိတ်သမိုင်းကြောင်းကို သိချင်လို့ပြန်လည်တူးဖော်ရင်း ဘယ်လိုအခြေအနေမျိုး၊ ဘယ်လိုအကြောင်းအရာမျိုးတွေ သိရှိလာမယ်၊ သူ့အဖေက ဘာလို့ရယ်ရယ်ပြုံးပြုံးမရှိတော့တာလဲဆိုတာရယ်၊ ဘာကြောင့် သူ့အမေဆုံးပါးသွားရတာတွေကို သူ့အဖေကြောင့်လို့ သူထင်နေလဲ၊ သူ့အဖေကရော ဘာတွေမှားခဲ့တာလဲဆိုတာကို ဇာတ်လမ်းဇာတ်ကွက်ကောင်းကောင်းလေးနဲ့ ငြိမ့်ငြိမ့်လေးကြည့်ရှုရမယ့် ဖိလစ်ပိုင်အချစ်ဒရမ်မာဇာတ်လမ်းလေးဖြစ်ပါတယ်။ Tele Link ကနေပဲကြည့်တတ်တယ်ဆိုရင် https://t.me/Myname2021hakak/42 မှာဝင်ကြည့်ပါ။720p HD ကို တင်ပေးထားပါတယ်။ File size…(3.2 GB)/(1.2 GB) Quality…WEB-DL AMZ 1080p / 720p Format…mp4 Duration….01:53:22 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka Naung Translated by San Thu Aung

Action • Drama
7 2014
She’s Dating the Gangster
Fitoor

Charles Dickens ရဲ့ Great Expectations (မြန်မာဘာသာပြန် “မျှော်တလင့်လင့်”)ဝတ္ထုကိုအခြေခံထားတဲ့ အချစ်ရိုမန့်ဒရမ်မာ ဇာတ်လမ်းလေးပါ။ မင်းသား Aditya Roy Kapur နဲ့ မင်းသမီး Katrina Kaif တို့အပြင် Ajay , Tabu စတဲ့နာမည်ကြီးတွေပါ ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဇာတ်လမ်းကတော့… ဆင်းရဲသားအခိုင်းအစေကောင်လေးနဲ့ အိမ်ကြီးရှင်ရွှေမင်းသမီးကောင်မလေးတို့ ချစ်ကြိုးသွယ်ကြချိန်မှာ ထုံးစံအတိုင်း အိမ်ကြီးရှင်မင်းသမီးအမေကြီးက အကွက်တွေရွှေ့ ပြီး သူတို့ရဲ့တွေ့ဆုံခြင်းကိုခွဲလိုက်ပါတယ်။ စစ်မှန်တဲ့ချစ်ခြင်းတရားဆိုတာ စွန့်လွှတ်အနစ်နာခံမှုတွေနဲ့ အချိန်ရဲ့တိုက်စားမှုကို မှတ်ကျောက်တင်ခံနိုင်တယ်ဆိုတဲ့အတိုင်း ဝေးကွာသွားတဲ့ သူတို့နှစ်ယောက် ပေါင်းစုံနိုင်ပါ့မလားဆိုတာ……။ IMDb Rating (5.4) သာ ရရှိထားတဲ့ဇာတ်ကားဖြစ်ပေမယ့် မင်းသမီး ကပ်ထရီနာကဖ် ပရိတ်သတ်တွေတော့ လက်လွတ်မခံသင့်ပါဘူး… ရင်းဂစ် ၅၅ သိန်းထိ ကုန်ကျခံ ပုံသွင်းထားတဲ့ ဆံကေသာအရောင်တောက်တောက်နဲ့ သူမကို တောက်ပလှပစွာခံစားရမှာပါ။ ဇာတ်ကားတစ်ခုလုံးက အလွမ်းတွေချည်း ရွာချထားတဲ့မိုးရာသီတစ်ခုလို အုပ်မှိုင်းမျောလွင့်နေပြီး မင်းသား Aditya Roy Kapur ကလဲ အဲဒီ့ရာသီဉတုနဲ့ တော်တော်လိုက်ဖက်တာကို တွေ့မြင်ရပါမယ်။

0 2016
Fitoor
Holiday Harmony
6.2

ဂေးထရာဗာဆိုတဲ့ သီချင်းတွေသီဆိုရတာ ဝါသနာပါတဲ့ ကောင်မလေးတစ်ယောက်ဟာ တစ်နေ့တော့ နာမည်ကြီးရေဒီယိုစတေရှင် တစ်ခုဖြစ်တဲ့ iHeart Radio မှာ ခရစ်စမတ်အထူးအစီအစဉ် ဖွင့်ပွဲမှာ သီဆိုယှဉ်ပြိုင်ဖို့ အခွင့်အရေးရလာခဲ့တယ်.. ပြည်နယ်တွေကျော်ဖြတ် ကားမောင်းလာရင်း ဟာမိုနီစပရင်းကိုရောက်တဲ့အခါမှာ မျှော်လင့်မထားတာတွေဖြစ်ပျက်ပြီးနောက် သူမရဲ့ ဘတ်ဂျက်အနေအထားနဲ့ ပြဿနာတွေကို ဖြေရှင်းနိုင်ဖို့ ကလေးတွေကို ဂီတသင်ပေးဖို့အကြောင်းဖန် လာပါတော့တယ် ပွဲမှာယှဉ်ပြိုင်ဖို့အတွက် သီချင်းတွေရေးရင်း ဒီနေရာလေးမှာပဲ အချစ်ဆိုတာကို ရှာတွေ့မှာလား သူမဘဝရဲ့ ဦးတည်ရည်မှန်းချက်တွေ ပြည့်ဝလာနိုင်မလား ဆိုတာ … ဒီဇာတ်ကားလေးမှာ လူတစ်ယောက်အတွက် နွေးထွေးမှုရှိတဲ့အိမ်ဆိုတာ ဘာအဓိပ္ပါယ်လဲဆိုတာကို မြင်သာအောင် ရိုက်ကူးတင်ဆင်ထားတာကိုတွေ့ရမှာပါ ခရစ်စမတ်ရာသီက မကြာခင်လာတော့မှာဆိုတော့ ကြည့်သင့်တဲ့ ခရစ်စမတ် အငွေ့အသက်ပါတဲ့ ဇာတ်ကားကောင်းလေးတစ်ကားလို့ပဲ ပြောချင်ပါတယ်။ File size…1.43 GB / 683MB Quality…WEB-DL 1080p 5.1 CH/ 720p Format…mp4 Duration….1h 50m Genre ….. Comedy , Drama , Music Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by AOI

6.2 2022
Holiday Harmony
800
9

800 (2023)”ဝစ်ကတ် ၈၀၀” ====================== IMBb 9/10 Sport drama ကြိုက်တတ်တဲ့ အိန္ဒိယရုပ်ရှင်ပရိသတ်တွေအတွက် 800 ဆိုတဲ့ တမီလ်စကားပြော ဖြစ်ရပ်မှန် Sport, biography ရုပ်ရှင်လေးကို ချန်နယ်မြန်မာကနေ တင်ဆက်ပေးလိုက်ပါတယ်။ ဒီရုပ်ရှင်ဟာဆိုရင် ခရစ်ကတ်သမိုင်းတလျှောက်မှာ Wicket တွေ အမြင့်ဆုံးထိခဲ့တဲ့ သီရိလင်္ကာခရစ်ကတ်သမား မူရာလီရဲ့အကြောင်းကို စိတ်လှုပ်ရှားဖွယ် ပြန်လည်ပုံဖော်ထားတာပဲဖြစ်ပါတယ်။ သမ္မာကျမ်းစာကို စာအုပ်ပေါင်းများစွာနဲ့ကူးယူနေရတဲ့ ပြင်သစ်ဘုန်းတော်ကြီးတွေက ရသေ့စိတ်ဖြေလုပ်ဖို့အတွက် ခရစ်ကတ်ကစားနည်းကို တီထွင်ခဲ့တယ်လို့ တချို့ကပြောကြတယ်။ တချို့ကတော့ အင်္ဂလိပ်သိုးကျောင်းသားတွေက တီထွင်ခဲ့တာတဲ့။ ဘယ်သူကပဲတီထွင်ခဲ့တီထွင်ခဲ့ အင်္ဂလိပ်တွေနဲ့အတူ အိန္ဒိယကိုရောက်လာခဲ့တဲ့ ခရစ်ကတ်ကစားနည်းကို အိန္ဒိယက မူသီယာ မူရာလီသာရန်ဆိုတဲ့ ကလေးငယ်လေးက သဘောကျသွားပြီး အရူးအမူးကစားရင်း အနိမ့်အမြင့် အတက်အကျတွေကြားထဲကနေ ကမ္ဘာ့စံချိန်ချိုးတဲ့ကစားသမားဖြစ်လာခဲ့ပုံကို ခရစ်ကတ်အကြောင်းမသိတဲ့သူတွေတောင်မှ စိတ်ဝင်စား၊ စိတ်လှုပ်ရှားဖွယ်ဖြစ်အောင် ဒီရုပ်ရှင်ထဲမှာ ပုံဖော်ပြထားပါတယ်..။ ( ဒီရုပ်ရှင်အတွက် ဘာသာပြန်ညွှန်းဆိုသူတွေကတော့ CM Bollywood Team ပဲဖြစ်ပါတယ်။ ) ( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >>https://t.me/cmbollywood )

9 2023
800
Wild Strawberries
8.1

Wild Strawberries ( 1957 ) အတိတ်မှာ ငါတို့မေ့ထားခဲ့တဲ့ အပွင့်တစ်ပွင့်ရှိနေလိမ့်မယ်။ တစ်ခါတလေ မသိလိုက်ဘာသာ ငါတို့အတိတ်ထဲမှာ အပွင့်တစ်ပွင့်ပွင့်နေလိမ့်မယ်။ တစ်နည်းပြောင်းပြောရရင် ဆူးကလေးတစ်ချောင်း ရှိကောင်းရှိနေနိုင်တယ်။ ဘဝဟာ ရှုပ်ယှက်လိုက်ပုံများ အပင်ကိုမြင်လို့ အပွင့်ကိုမမြင်နိုင်ခဲ့တဲ့ နေ့တွေ, ငါတို့အတ္တဟာ မြူတွေလိုရစ်သိုင်းလို့ အဲဒီအပွင့်ကို ဖုံးလွှမ်းထားတဲ့နေ့တွေ ရှိကောင်းရှိနေမှာပဲ။ ငါတို့အတွက် မေ့မေ့ပျောက်ပျောက် စကားတစ်ခွန်းက ဆူးတွေရစ်သီလို့ အဲဒီအပင်မှာ ဆိုင်းနေချင်လည်းဆိုင်နေလိမ့်မယ်။ မြင်နိုင်ခြင်းနဲ့ မမြင်နိုင်ခြင်းကြား အချိန်ကာလတစ်ခု ခြားထားတယ်။ မြင်နိုင်ခြင်းနဲ့ မမြင်နိုင်ခြင်းကြား အစွဲတစ်ခု ခြားထားတယ်။ လူတစ်ယောက်နဲ့ တစ်ယောက်ကြား အလင်းနှစ်တွေခြားထားတယ်။ အနေကြာလာရင် မင်းသိမှာပါ။ ဘဝဟာ အခိုင်မာဆုံး စိတ်ဓာတ်တွေကိုတောင် ပြိုလဲစေနိုင်တယ်တဲ့။ ငါတို့ဟာ မျက်ရည်တွေခန်းခြောက်နေတဲ့ မဟာယောက်ျားသားတွေလို့ ငါတို့ကိုယ်ငါတို့ တံဆိပ်ကပ်ကြတယ်။ လိုအပ်ချက်တွေပါပဲလို့ ငါတို့ကိုယ်ငါတို့ နားချကြတယ်။ အလှဆုံးအပြုံးတွေ အဖန်တစ်ရာမကပါဘူး အသက်ရယ်။ စွဲလမ်းတွေသော အငွေ့အသက်တွေ အဖန်တစ်ရာမကပါဘူး အသက်ရယ်။ အလံကို တလူလူလွှင့်လို့ အမှားတွေကြားမှာ အားလုံးကိုယ့်အကြောင်းပဲလို့ ငါတို့ယုံကြည်ဖူးကြတယ်။ တစ်ခုခုအပေါ် အခြေခံပြီးတော့ “ငါ”ဆိုတာကို တည်ဆောက်ကြတယ်။ ငါဟာ လက်တံမရှိတော့တဲ့ နာရီတစ်လုံးပေါ့။ ငါဟာ အပင်ကိုခုတ်လို့ အပွင့်ကိုမမြင်ခဲ့တဲ့ အပြစ်သားပါပဲ။ ကမ္ဘာကြီးက တင်ကြိုခွင့်လွှတ်ပြီးသားတဲ့ ။ ဒါပေမဲ့ အထီးကျန်ခြင်းကိုအမွေလိုပေးလို့ ကမ္ဘာကြီးက ငါ့ကိုပစ်ပယ်။ ဒီဘဝတွေဟာ တစ်ကြိမ်တစ်ခါပဲ ဖြစ်ခဲ့ကြတယ်။ ဒီအဖြစ်တွေဟာ တစ်ကြိမ်တစ်ခါပဲ ရှိခဲ့ကြတယ်။ ဘာမှထပ်ပေးစရာမရှိတော့တဲ့အခါ ကမ္ဘာက ငါတို့ကို နှင်တတ်လား။ ခွေးအဖြူလေးတစ်ကောင် ငါမြင်ဖူးတယ်။ အဲဒီခွေးလေးက ခွေးတစ်ကောင်အနေနဲ့ ရနိုင်တဲ့ အဆုံးစွန်သောအရာကို သွားခဲ့တယ်လို့ ငါထင်ပါတယ်။ သူနာကျင်နေတဲ့အချိန်တစ်ခုမှာ ထပ်တူလိုမျိုး ဖက်ငိုပေးခဲ့တဲ့ မေတ္တာတရားကို သူပိုင်ခဲ့ရတယ်။ သိပ်တော့ မကြာလိုက်ပါဘူး။ ကမ္ဘာကြီးကနေ အဲဒီခွေးကလေး ထွက်သွားခဲ့တယ်။ ကမ္ဘာကြီးမှာ သူဘာမှ ထပ်ရစရာမရှိတော့ပုံပါပဲ။ အကောင်းဘက်ကလှည့်တွေးကြည့်ရင်း ငါလည်း အဲဒီလိုပဲထင်လိုက်တယ်။ ကျွန်တော်တို့ဇာတ်ကောင်ကြီးကတော့ သိပ်များများစားစားမရခဲ့သလို သိပ်များများစားစားလည်း မယူခဲ့ဖူးဘူး။ သက်ဆိုးလို့ပြောရလေမလား… ရှည်တယ်။ သူ့အတိတ်က အပွင့်တွေဟာ သီးချိန်တန်မှာ အခုတော့ စတော်ဘယ်ရီရိုင်းတွေဖြစ်လို့ အဲဒီအသီးကို သူစားရတော့မယ်။ ကဲပါလေ ဘယ်လောက်ထိအတ္တတွေများများ စက်ဝိုင်းပတ်လည်တွေလည်လို့ ငါတို့သမိုင်းမှာ အဲဒီစတော်ဘယ်ရီရိုင်းတွေကို ငါတို့ပြန်လှည့်ကြဖို့ကောင်းတယ်။ ဒါဟာ ပြန်လှည့်မကြည့်ဖြစ်ခဲ့တဲ့ စတော်ဘယ်ရီရိုင်းတစ်ချို့အကြောင်းပါပဲ။ အညွှန်း နဲ့ ဘာသာပြန်ကတော့ WiRa Aung ပဲ ဖြစ်ပါတယ်။ Genre….. Drama Quality…. 1080p WEB-DL | 720p WEB-DL File size… 1.66GB | 1.44GB Format… mp4 Duration…. 1h 31min Subtitle…. Myanmar Subtitle (Hardsub) Translator ….. WiRa Aung Encoder ….. Aaron

8.1 1957
Wild Strawberries
Remember Me
6.3

Remember Me ဆိုတဲ့ဇာတ်ကားကောင်းလေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ် ဒီဇာတ်ကားလေးမှာဆိုရင် သားတစ်ယောက်ကို ဆုံးရှုံးပြီး သားသေတာနဲ့ နောက်ယောက်ျားနောက်လိုက်ပြေးသွားတဲ့ ချွေးမလက်ထဲကို သူ့မြေးမလေး ကျားရိကို မထည့်ပေးခဲ့တဲ့ အဖွားအတွက်… ဘဝကို အဖွားတစ်ခု မြေးမလေးတစ်ခု ကျော်ဖြတ်မယ်လို့ ဆုံးဖြတ်ထားပြီးကာမှ… မြို့ထဲ အင်္ကျီဝယ်ရင်း မြေးမလေးကို ပျောက်သွားခဲ့တယ်… တစ်ခါပျောက်တာ အနှစ် ၂၀ ကြာသွားခဲ့တယ်… ကျားရိကို ပြန်ရှာတွေ့ချိန်မှာ ကျားရိက ဘာကြောင့်လည်းတော့မသိ ခိုးတတ်ဝှက်တတ်တဲ့ ကလေကချေမလေးဖြစ်နေခဲ့တာပေါ့… သူနဲ့ခင်တဲ့ သူငယ်ချင်းဆိုးတွေလက်ထဲက ထွက်ပြေးလာနိုင်ခဲ့ချိန်မှာ အဖွားနဲ့ ပြန်ဆုံခဲ့တယ်… ကျားရိက တကယ် ဖွားဖွားရှာနေတဲ့ကျားရိပဲလား… သူတို့ပြန်ဆုံတော့ ဘာတွေဖြစ်မှာလဲ… ကျားရိတစ်ချိန်က ခင်ခဲ့တဲ့ သူငယ်ချင်းဆိုးတွေကရော ဘာတွေလုပ်ဦးမှာလဲ… နှလုံးသားရှိတဲ့သူတိုင်း ငိုမိမှာမို့ တစ်သျှူးလေးဆောင်ပြီး ဇာတ်ကားလေးကို ကြည့်လိုက်ကြပါတော့

Science Fiction • Horror
6.3 2024
Remember Me
Baduday

ဒီကားလေးကတော့ ကလေးမလေး တစ်ယောက်ရဲ့ ငယ်စဥ် ပထမဆုံး ဖြစ်ပေါ်လာတဲ့ အချစ်ကို ရိုက်ကူးပုံဖော်ပြထားတဲ့ ဇာတ်လမ်းတိုတစ်ပုဒ်ပါ Baduday ဆိုတဲ့ကောင်မလေးက သူ့အဖေ၀ယ်ခိုင်းတဲ့ အိမ်သုံးပစ္စည်းတွေသွား၀ယ်ရင်း လမ်းမှာ ဘော်လီဘောကစားနေတဲ့ ကိုကြီးချောချောလေးကို တွေ့သွားတဲ့နောက် ကြွေသွားတာပေါ့ ဖြစ်ချင်တော့ သူက အသက်မပြည့်သေးတဲ့ ကလေးသာသာပဲရှိသေးတာပါပဲ သူ့အနေနဲ့ ကိုကြီးရဲ့ စိတ်၀င်စားမှု့ရအောင် သူငယ်ချင်းဆီက အကြံတွေနဲ့ ဟာသဆန်ဆန်လုပ်တာတွေကို ကြည့်ရမှာပါ ။ File size_(300MB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_00:30:00 Genre_Drama, Family Subtitle_Myanmar Subtitle (Hardsub) Encoder_a hao

0 2023
Baduday
Kupu-Kupu Kertas
7.2

ရိုမီယို ဂျူးလီးယက်တို့လို စိတ်ကူးယဉ်ဇာတ်လမ်းထက် ပိုရိုတဲ့ ပိုသနားရတဲ့ ပိုကြေကွဲစရာကောင်းတဲ့ ၁၉၆၄ ခုနှစ် တုန်းက အင်ဒိုနီးရှားနိုင်ငံထဲမှာဖြစ်ပျက်ခဲ့တဲ့ ဖြစ်ရပ်မှန်တွေကို ပြန်လည်ကိုးကားပြီး ရိုက်ကူးထားတဲ့ အချစ်ဇာတ်ကားလေး တစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်ကားလေးရဲ့နာမည်ကတော့ Kupu-Kupu Kertas ဖြစ်ပြီး လက်ရှိ IMDb Rating 7.2 အထိတောင်ရရှိထားတဲ့အတွက် ဒရာမာကားကောင်းကောင်းလေးတွေကို ကြိုက်နှစ်သက်တဲ့ သူတွေအတွက် ကြည့်သင့်တဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ်။ ၁၉၆၄ ခုနှစ်မှာ PKI လို့ခေါ်တဲ့ အင်ဒိုနီးရှားကွန်မြူနစ်ပါတီနဲ့ NU ဆိုတဲ့ အစ္စလာမ်အဖွဲ့အစည်းတို့ကြားမှာ လယ်ယာပိုင်ဆိုင် မှုနဲ့ပတ်သတ်ပြီး တင်းမာမှုတွေများစွာဖြစ်နေခဲ့ပါတယ်။ အထူးသဖြင့်ပြဿနာကြီးကတော့ PKI ကလူတွေက သာမန် လယ်သမားတွေရဲ့မြေတွေကို လူမိုက်အဖွဲ့တွေငှားပြီး အတင်း အဓမ္မလိုက်လံသိမ်းပိုက်နေတာပဲဖြစ်ပါတယ်။ မတရားမှုတွေနောက်မှာ တရားမှုကိုရဖို့တော်လှန်တတ်တဲ့ လူတွေအမြဲတမ်းရှိသလို ဒီထဲမှာလည်း မင်းသားဖြစ်သူအီဆန်က ဒီလိုမတရားမှုတွေကိုတော်လှန်ဖို့ NU လက်အောက်မှာ ဖွဲ့စည်းထားတဲ့ အန်ဆော်ဆိုတဲ့ လူငယ်အဖွဲ့ခေါင်းဆောင်ရဲ့ ညီဖြစ်ပါတယ်။ထို့အတူပဲ မင်းသမီးဖြစ်သူ နှင်း ကလည်း အဲ့လိုမတရားမှုတွေကိုဦးဆောင်လုပ်နေတဲ့ခေါင်းဆောင်ကြီးရဲ့ သမီးဖြစ်နေပါတော့တယ်။နှင်းက သူ့အဖေရဲ့လုပ်ရပ်တွေကို သဘောမကျဘဲ စာနာသနားတတ်သူ ကြင်နာတတ်သူဖြစ်တဲ့ အတွက် သူ့အဖေ ထပ်မံယုတ်မာပြီး လယ်ယာတွေကိုသိမ်းပိုက်ဖို့ ကြိုးစားတဲ့အခါမှာ အဲ့ဒီလယ်ကလယ်သမားတွေကို သွားရောက်သတိပေးခဲ့ပါတော့တယ်။အဲ့ဒီမှာတင် နှင်းနဲ့ဆန်တို့ တွေ့ခဲ့ကြပြီး မတူညီတဲ့ဆန့်ကျင်ဖက်နှစ်ဖက်ကြားက အခက်အခဲ တွေကိုဘယ်လိုကျော်ဖြတ်သွားပြီး အချစ်ခရီးကိုလျှောက်လှမ်း သွားကြဦးမလဲဆိုတာကိုရှုစားရမဲ့ ဒရာမာဇာတ်ကားကောင်းလေး တစ်ကားပဲဖြစ်ပါတယ်။ File size… (1.58 GB) / (984 MB) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 53m Genre …..Drama , History , Romance , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay

Drama • Family • Adventure • Crime
7.2 2024 113 mins
Kupu-Kupu Kertas