YoteShin Drive is below this article. Scroll down to view.

Oppo Reno9 Series will include 4,500mAh battery and Universal Fast Charging

Author: Anonymous Published on: 12 Aug 2022

The Oppo Reno9 series will be announced in November and the information of these smartphones is leaked. China writes the Qualcomm Snapdragon 7 Series in the OppDo Reno9 Series in the Oppo Reno9 Series in the Oppo Reno9 Series. This is the same as Oppo Reno8 Series. Oppo will be one of the Chinese smartphone makers who use the new UFCS (Universal Fast Charging Specification). This charge can support up to 40W. The Reno9 Series will feature a 4,500mAh battery with UFCS support. Other smartphone makers supporting the UFCs are Huawei, Vivo, Xiaomi, and the West includes Angbao Electronics, Lihui Technology, Rockchip and Silicon Power. The Reno9 Series will be everything's every color. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

The.Light.In.Your.Eyes.2019.S01EP12..NF.WEB-DL720P(CM).mp4

508.86 MB 720p video/mp4 48 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
The Raven
6.3

The raven 2012 ကွင်းဆက်လူသတ်သမား စုံထောက်ဇာတ်လမ်းမျိုးကိုမှ ၁၈၀၀ ပြည့်နှစ်ကာလကို အခြေခံထားပြီး ခမ်းခမ်းနားနားရိုက်ကူးထားတဲ့ဇာတ်ကားလေးပါ။ မင်းသားတွေကလဲ 2012 ကမ္ဘာပျက်ဇာတ်ကားထဲက john cusack နဲ့ Dracula untold မင်းသား luke evans တို့ပါဝင်ထားပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ကဗျာဆရာ၊ စာရေးဆရာ အက်ဒ်ဂါအလန်ပိုး ရဲ့ ပရိသတ်တဦးဖြစ်သူ လူသတ်သမားက ပိုးရဲ့ စိတ်ကူးယဉ်လူသတ်ဇာတ်လမ်းတွေကို အခြေခံပြီး လူသတ်မှုတွေစတင်ကျူးလွန်ခဲ့ပြီး ပိုးရဲ့ချစ်သူကိုပြန်ပေးဆွဲကာ သူမရှိရာနေရာကိုလာဖို့ လူတယောက်သတ်ပြီးတိုင်း သဲလွန်စတွေချန်ထားပေးတာတွေကနေတဆင့် လူသတ်သမားကိုဖော်ထုတ်နိုင်မလား ပိုးရဲ့ချစ်သူကိုရော အချိန်မီကယ်တင်နိုင်မလားဆိုတာကို စိတ်ဝင်တစားကြည့်ရှုရမှာဖြစ်ပါတယ်။ ဇာတ်လမ်းကစိတ်ကူးယဉ်ဇာတ်လမ်းဆိုပေမယ့် အက်ဒ်ဂါအလန်ပိုးရဲ့ ကဗျာတွေ ပုံပြင်ဇာတ်လမ်းတွေကတော့ ပိုးရဲ့စာအုပ်တွေထဲကယူသုံးထားတာတွေဖြစ်ပါတယ်။ File size…  1.1 GB /  489 MB Quality… Blu-Ray 1080p / 720p Format… mp4 Duration…. 1h 51m Genre ..... Thriller , Mystery Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Chit Min Thu

Drama • History • Romance
6.3 2012 111 mins
The Raven
On the Road
5.6

ဇာတ်လမ်းလေးက အမေရိကန်စာရေးဆရာ Jack Kerouac ရဲ့ “ On the Road” ဆိုတဲ့ အထင်ကရစာအုပ်ကို အခြေခံပြီး ရိုက်ကူးထားပါတယ် ။ စာအုပ်ထဲမှာ ဆိုရင် Jack က ဆယ် အဖြစ်နဲ့ သူ့သူငယ်ချင်း စာရေးဆရာ Allen Ginsberg ကို ကာလို အဖြစ်နဲ့ တခြားသူငယ်ချင်းတွေနဲ့ ခရီးတွေ သွားဖြစ်ကြတဲ့အကြောင်း ၊ ကြုံရဆုံရ လူ့ဘဝအကြောင်းတွေကို ရေးသားထားပါတယ်။ ဒါကို ဒါရိုက်တာ Walter Salles က သူ့ရဲ့ ရုပ်ရှင်ရုပ်ရှင်ပိတ်ကားထက်မှာ ပညာသားပါပါ အနုပညာပညာဆန်ဆန် ရိုက်ကူးပြသထားပါတယ်။ လူငယ်စာရေးဆရာ ဆယ် ပါရာဒိုက် ဟာ သူ့အဖေသေဆုံးပြီးနောက် စာရေးဖို့ စိတ်ကူးဉာဏ်တွေ ပျောက်ဆုံးနေတဲ့အချိန်…ဒင်း နဲ့ တွေ့ဆုံပြီး စိတ်တူကိုယ်တူ သူငယ်ချင်းတွေ ဖြစ်သွားကြပါတယ်။ ဒင်း က ဆေးသုံးတယ် မိန်းမလိုက်စားတယ် အရှုပ်ထုပ်တွေ လုပ်တတ်တဲ့ သူပါ။ ဆယ် တစ်ယောက် ဒင်းနဲ့ အတူ အမေရိကတစ်ခွင်က လမ်းမတွေပေါ်မှာ ခရီးသွားကြရင်း…ပျော်စရာတွေ ရှာဖွေကြရင်း…လူအမျိုးမျို း စိတ်အထွေထွေနဲ့ တွေ့ကြုံကြရင်း… ဘဝအကြောင်းတွေ ဒင်းဘဝနဲ့ ပတ်သတ်တာတွေ ဆယ်ရဲ့ မှတ်စုစာအုပ်လေးထဲကနေ “On The Road” ဆိုတဲ့ စာအုပ်တစ်အုပ်အနေနဲ့ ဘယ်လို ရုပ်လုံးပေါ် လာမလဲဆိုတာကို ကြည့်ရှုရမှာ ဖြစ်ပါတယ်။ (18+ ဇာတ်ဝင်ခန်းတွေ စကားပြောတွေ ပါဝင်တာကြောင့် မိဘတွေနဲ့အတူ ကြည့်ရှုရန် မသင့်တော်ပါ) File size…2.92GB / 990MB Quality…WEB-DL 1080p / 720p Format…mp4 Duration….2h 4m Genre ..... Adventure  , Drama , Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Orika

Crime • Drama • Mystery • Thriller
5.6 2012 137 mins
On the Road
Kingsman: The Golden Circle
7

ဒီဇာတ်ကားဟာ 2014 က ထွက်ခဲ့တဲ့ Kingsman: The Secret Service ရဲ့ အဆက်ဖြစ်ပါတယ်။ အက်စီဟာ Kingsman ရဲ့ အေးဂျင့်တစ်ယောက်ဖြစ်ပြီး သူ့ရဲ့ဆရာဖြစ်သူ ဟယ်ရီဟာ့ဒ် သေဆုံးသွားပြီးတဲ့နောက် ဂဲလာဟဒ်နာမည်နဲ့ပဲဆက်လက်တာဝန်ထမ်းဆောင်နေခဲ့ပါတယ်။ တစ်ရက်မှာတော့ လက်တဖက်ပြတ် ချာလီရဲ့ လုပ်ကြံမှုကနေ သီသီလေး လွတ်မြောက်ခဲ့ပေမယ့် အက်စီနဲ့ မာလင်ကလွဲရင် ကျန်တဲ့ Kingsman Agents အားလုံး လုပ်ကြံခံလိုက်ရပါတယ်။ အဲ့လိုနဲ့ အက်စီနဲ့ မာလင်တို့ Statesman ဆိုတဲ့အဖွဲ့အစည်းနဲ့ ချိတ်ဆက်မိပြီး သေပြီလို့ ယူဆထားခဲ့တဲ့ ဟယ်ရီဟာ့ဒ်နဲ့ ပြန်လည်တွေ့ဆုံခဲ့ပါတယ်။ ဒါပေမယ့် ဟယ်ရီက အတိတ်မေ့နေပြီး Kingsman နဲ့ပတ်သက်သမျှ ဘာမှမသိတော့တဲ့အခါ သူ့ကို ပြန်ပြီး မှတ်ဉာဏ်ပေါ်လာအောင် နည်းမျိုးစုံကြိုးစားကြရင်း The Golden Circle ဆိုတဲ့ မူးယစ် အကြမ်းဖက်အဖွဲ့ရဲ့ လူသန်းပေါင်းများစွာသေစေနိုင်မယ့် အစီအစဉ်ကို ရပ်တန့်နိုင်ဖို့ကြိုးစားကြရပါတော့တယ်။ဒီဇာတ်ကားဟာ 2014 ကထွက်ခဲ့တဲ့ Kingsman: The Secret Service ထက် မြုပ်ကွက်တွေပိုများပြီး Action Scene တွေကလဲ ကြည့်ရှူသူအကြိုက်တွေ့စေမှာသေချာပါတယ်။ ဟာသလေးတွေရယ်၊ John Denver ရဲ့ ကမ႓ာကျော် Take Me Home, Country Road သီချင်းရယ်နဲ့အတူ ဟယ်ရီမှတ်ဉာဏ်ဘယ်လိုပြန်ပေါ်အောင်လုပ်မလဲ၊ Kingsman အဖွဲ့မှ ာ ဘယ်သူတွေထပ်ပြီး အနစ်နာခံရမလဲ၊ Statesman အဖွဲ့မှာရော ဘယ်လိုမြုပ်ကွက်တွေ ရှိနေလဲဆိုတာသိနိုင်ဖို့ 2017 ထွက် Action ကားတွေထဲကအကောင်းဆုံးတစ်ကားအပါအဝင်ဖြစ်တဲ့ Kingsman: The Golden Circle ကို ခုပဲ Download လုပ်ပြီးကြည့်ရှူလိုက်ပါ။

Drama • History • War
7 2017 141 mins
Kingsman: The Golden Circle
Poupelle of Chimney Town
6.4

Poupelle of Chimney Town (2020) ========================= IMDb Rating – 6.4/10 Chimney Town (မီးခိုးခေါင်းတိုင်မြို့) ဆိုတဲ့ မီးခိုးတွေနဲ့အမြဲပိတ်နေပြီး အပြင်လောကကြီးနဲ့ လုံးဝအဆက်အသွယ်ပြတ်နေတဲ့မြို့လေးက လုဘိချိ ဆိုတဲ့‌ကောင်လေး နဲ့ အမှိုက်လူသား ဖြစ်တဲ့ ပိုပဲ့လုတို့ရဲ့ စွန့်စားခန်းကို ငိုလိုက် ရယ်မောလိုက်နဲ့ ရသစုံလင်စွာ ကြည့်ရမှာဖြစ်တယ်။ လုဘိချိရဲ့ အဖေဖြစ်သူ ဘရူနို က ကောင်းကင်မှာကြယ်တွေရှိကြောင်း လူတွေကြားထဲမှာပြောလေ့ရှိတယ်။ အဲ့မြို့ကလူတွေက‌တော့ “ဟာ ဒီကောင် င‌ပေါကြီး” ဘာညာနဲ့ သူပြောကိုမယုံကြဘူး မြို့တစ်ခုလုံးက မီးခိုးခေါင်းတိုင်တွေကထွက်တဲ့ မီးခိုးတွေနဲ့ပိတ်နေတာကိုး ဒါပေမယ့် သူ့သားကတော့ ကြယ်တွေကို အရမ်းကြည့်ဖူးချင်နေတာ အဲတာနဲ့ တစ်နှစ်လောက် ကြာသွားပြီး ဟောလိုးဝင်းနေ့မှာ တစ်ကိုယ်လုံးအမှိုက်တွေနဲ့ဖွဲ့စည်းထားတဲ့ အမှိုက် လူသား တစ်ယောက် မြို့ထဲကိုရောက်လာခဲ့တယ်။ အဲ့နေ့ကလည်း ဟောလိုးဝင်းဆိုတော့ အားလုံးက သူ့ကို လူလို့ပဲထင်ပြီး ဝတ်စုံဘယ်လောက်မိုက်ကြောင်း ချီးကျူးကြတာပေါ့ နောက်မှ လူမဟုတ်မှန်းသိသွားကြတော့ သက်ဆိုင်ရာတွေက လိုက်ဖမ်းလို့ ထွက်ပြေးရင်း လုဘိချိ နဲ့တွေ့ပြီး သူတို့ရဲ့စွန့်စားခန်းလေး စတင်လာခဲ့ပါတယ်။ ဒီ ဇာတ်ကားလေးက နာမည်ကြီးရုပ်ပြကာတွန်းစာအုပ်ဖြစ်တဲ့ “Poupelle of Chimney Town” ကို anime အဖြစ် ပုံဖော်ထားတဲ့ကားလေးဖြစ်ပြီး ဇာတ်လမ်းရော animation ကရော ကောင်းတဲ့ထဲပါတာမို့လို့ ကြည့်ရှူဖို့အတွက် recommend ပေးပါတယ်ဗျာ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Khant Sett Naing ဖြစ်ပါတယ်) File Size……….(1.6 GB) / (850 MB) / (550 MB) Quality…………BluRay 1080p / 720p / 480p Duration………1Hr 40mins Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Animation, Family, Fantasy Translator…….Khant Sett Naing Encoder……….SWM

Comedy • Drama • Western
6.4 2021
Poupelle of Chimney Town
Steve-O: Guilty as Charged
6.2

Steve-O: Guilty as Charged (2016) ======================== IMDb Rating – 6.2/10 လူတစ်ယောက်ရဲ့အကျင့်ကိုဖျောက်ဖို့ ဆိုတာ ဘေးကနေ မလုပ်နဲ့လို့ ပြောနေတာထက် ကိုယ်တိုင်အသိ၀င်ပြီးမှသာ ပြောင်းလဲလို့ရတာကို သိကြမှာပါ။ စတိဗ်-အိုရဲ့ ဒီ TV special မှာလည်း အဲဒီအချက်ကို အထင်းသားမြင်ရပါတယ်။ ပေါက်ကရစတန့်လုပ်ထားတဲ့ ဟာသဗီဒီယိုတွေ၊ YouTube ဟာသ ဗီဒီယိုအကြည့်များတဲ့သူတွေကတော့ စတိဗ်-အိုကို သေချာပေါက် သိကြမှာပါ။ သူဟာ reality comedy series Jackass နဲ့ Jackass ရုပ်ရှင်တွေနဲ့ လူသိများတဲ့ နာမည်ကျော် အမေရိကန်ဟာသဖျော်ဖြေ ရေးသမား၊ စတန့်သရုပ်ဆောင်နဲ့ YouTuber တစ်ယောက် ဖြစ်ပါတယ်။ ၂၀၁၆ ခုနှစ်က ထွက်ရှိထားတဲ့ ဒီ TV special မှာတော့ စတိဗ်-အိုရဲ့ ဘ၀ဖြစ်စဉ်နဲ့ အပြောင်းအလဲတွေကို ရယ်ရွှင်ဖွယ်ရှုမြင်နားဆင်ကြရမှာပါ။ ငယ်စဉ်ကတည်းက ပြဿနာအိုး‌၊ ဆေးသမားဖြစ်ခဲ့ပြီး တက္ကသိုလ်က ထုတ်ခံရတဲ့အထိ ဆိုးသွမ်းခဲ့သူပါ။ ဟာသဖျော်ဖြေရေးသမား၊ စတန့် သရုပ်ဆောင်အဖြစ် လုပ်ကိုင်နေတဲ့ ကာလအတွင်း သူပေါက်ကရလုပ် ခဲ့တဲ့ အဖြစ်တွေ၊ သူ့ရဲ့ဆေးစွဲပြဿနာ၊ sex addict ပြဿနာတွေကို ဘယ်လိုရင်ဆိုင်ကျော်လွှားခဲ့လဲ၊ ပုထုဇဉ်လူသားပီပီ မကောင်းမှုမှာ ဘယ်လိုတွေမွေ့လျော်ခဲ့လဲဆိုတာတွေကို ဟာသနှောပြီး တင်ဆက် ထားပါတယ်။ တစ်ယောက်တည်း စင်ပေါ်တက်ပြောနေလို့ ပျင်းရမယ်တော့ မထင်ပါနဲ့၊ သူ့ရဲ့ တဲ့တိုးဆန်တဲ့ ဟာသစကားလုံးတွေ အမူအရာတွေကြားမှာ တခွီးခွီး ရယ်မောရင်း လိုက်မျောပါသွားမှာ သေချာပါတယ်။ သူဟာ သူများတွေလို ဘယ်နှစ်ယောက်ပေါင်းပြီး လောင်းကျော်တာမျိုးမဟုတ်ပါဘူး၊ သူတစ် ယောက်တည်းနဲ့ကို လောင်းကျော်နေသူပါ။ အဲဒါကြောင့် သူ့ရဲ့ဒီရုပ်ရှင်ဟာ ခဏတာရယ်မောရဖို့ အချိန်ပေးကြည့်ဖို့တန်ပါတယ်။ (18+ ဟာသတွေ တစ်ပြုံကြီးပါတာမို့ မိသားစုအတူမကြည့်သင့်ဘူးဆိုတာ တော့ ကြိုတင်သတိပေးပါရစေ။) (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ C’mon ဖြစ်ပါတယ်) File Size……….(1.06 GB) / (403 MB) Quality…………WEB-RIP 1080p / 720p Duration………50Mins Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Comedy Translator…….C’mon Encoder……….Zin Phyo Aung

Horror • Mystery • Thriller
6.2 2016
Steve-O: Guilty as Charged
Margarita with a Straw
7.2

Margarita with a Straw (2014) =============================== imdb 7.2 / 3.9k Margaritaလေးတခွက်ကို ပိုက်လုံးလေးနဲ့ စုပ်ပြီး သောက်တတ်တဲ့ မသန်စွမ်းမိန်းမပျိုလေးရဲ့ ဆယ်ကျော်သက်အရွယ် ဘဝဖြတ်သန်းတဲ့ပုံစံကို ဟာသရော ဒရာမာရော ရသနှစ်မျိုးကို အလှည့်ကျရောစပ်ပြီး ပျော်တလှည့်ဝမ်းနည်းတလှည့်ကြည့်ရှုသွားရမယ့် ဇာတ်လမ်းလေးတပုဒ်ကို တင်ဆက်ပေးချင်ပါတယ် လိုင်လာဆိုတဲ့ မိန်းကလေးဟာ ငယ်စဉ်ကတည်းမသန်စွမ်း မိန်းကလေးတစ်ယောက်ဖြစ်ပြီး မိဘနှစ်ဦးရဲ့အရိပ်တကြည့်ကြည့်နဲ့ ဂရုစိုက်ဖူးဖူးမှုတ်ခြင်းခံထားရပြီး အနုပညာပိုင်းကိုလဲ ဝါသနာပါလှသူလေးပဲဖြစ်ပါတယ် အရွယ်ရောက်ပြီး သူမ ဆယ်ကျော်သက်အရွယ်ရောက်လာချိန်မှာတော့ တခြာားရွယ်တူတွေလို အချစ်ကို စမ်းသပ်ရူးမိုက်ချင်သူလေးတဦးဖြစ်လာပါတော့တယ်… သူမဟာ တခြားသာမန်လူတွေလိုပဲ အချစ်ကိုခံစားရူးသွပ်နိုင်မှာလား ဒါမှမဟုတ် အချစ်ရေးမှာပဲ ကံခေမှာလားဆိုတာကို ပျော်ရွှင်စရာအခိုက်တန့်လေးတွေ ဝမ်းနည်းစရာအခိုက်တန့်လေးတွေနဲ့အတူ စီးမြောခံစားကြည့်ရှုသွားရမှာပဲဖြစ်ပါတယ်

Thriller • Science Fiction • Mystery
7.2 2014
Margarita with a Straw
Front of the Class
8.1

Front of the Class (2008) “Hichki” ဆိုတဲ့ ဘောလိဝုဒ် ဇာတ်ကားတစ်ကားကို လူကြီးမင်းတို့ မှတ်မိကြမှာပါ။ အကြောဆွဲရောဂါရှိပြီး လည်ပင်းတဆတ်ဆတ်၊ အသံပေါင်းစုံ ထွက်နေတဲ့ ဆရာမလေးတစ်ယောက်က လူဆိုးတွေစုဝေးတဲ့ အတန်းတစ်တန်းကို ဘယ်လိုထိန်းကျောင်း သင်ကြားသွားတယ်ဆိုတာပေါ့။ အခုတင်ဆက်မယ့် ဇာတ်ကားကတော့ ဟောလိဝုဒ် ဇာတ်ကားဖြစ်ပြီး အကြောဆွဲရောဂါရှိတဲ့ ကလေးလေးတစ်ယောက်အကြောင်းပါပဲ။ သူများနဲ့မတူ ထူးဆန်းနေပြီး စိတ်အနှောင့်အယှက်ဖြစ်စရာအသံဗလံတွေထွက်နေတဲ့ ကလေးငယ်ဟာ မိဘအတွက်၊ ဆရာတွေအတွက်၊ အတန်းဖော်တွေအတွက် စိတ်ပျက်စရာ ဒုက္ခအိုးလေးဖြစ်နေခဲ့ပါတယ်။ ဒီကောင်လေးကို မိဘက ဆူငေါက်၊ ဆရာတွေက အပြစ်ပေး၊ အတန်းဖော်ချင်းက အနိုင်ကျင့်ကြတယ်။ အချိန်မရွေး ခွေးဟောင်သံလိုလို အသံဗလံတွေ ထွက်နေလေ့ရှိတဲ့သူ့ကို စိတ်ပျက်ကြ၊ ဒေါသဖြစ်ကြ၊ ရွံရှာကြ။ ဒီကလေးက လောကငရဲမှာ လူလားမြောက်ခဲ့ရတဲ့သူ။ ဒီအချိန်မှာ သူ့ကိုနားလည်ပြီး၊ သူ့အခက်အခဲ၊ သူ့သိမ်ငယ်မှုကို အများသိအောင် ပညာသားပါပါ ကြေညာမောင်းခတ်နိုင်တဲ့သူ၊ သူ့ရဲ့ကျေးဇူးရှင် ကျောင်းအုပ်ကြီးကို လေးစားအားကျလွန်းလို့ သူ့ဘဝရည်မှန်းချက်ကို ဆရာတစ်ယောက်ဖြစ်လာစေရေး ပန်းတိုင်သတ်မှတ်ခဲ့တယ်။ သာမန်လူတွေအတွက်တောင် မလွယ်ရေးချမလွယ်တဲ့ ဆရာအလုပ်ကို ဒီအကြောဆွဲရောဂါသည်လေး ဘယ်လိုရအောင်လုပ်မလဲ။ သူ့ကလေးတွေနဲ့ ဘယ်လိုနှစ်ပါးသွားမလဲဆိုတဲ့ ရသမျိုးစုံ ဇာတ်ကွက်လေးတွေကို ကြည့်ရှုရမယ့် ဇာတ်ကားတစ်ကားပါပဲ။ မူရင်းစာရေးဆရာ ဘရက်ဒ် ကိုဟန် ရေးခဲ့တဲ့ Front of the Class နာမည်ကိုပဲ တိုက်ရိုက်ပြန်ယူပြီး ဇာတ်ကောင်နာမည်ကလည်း ဘရက်ဒ် ကိုဟန် ပါပဲ။ “ကျွန်တော်မတွေ့ခဲ့ဖူးတဲ့ဆရာတစ်ယောက် ကျွန်တော်ဖြစ်ရမယ်” ဆိုတဲ့စာသားကို ကျွန်တော် သိပ်သဘောကျတာပေါ့။ ဒီဇာတ်ကားက Rating 8.1 ကို ထိုက်ထိုက်တန်တန်ရထားတယ်လို့ ဆိုချင်ပါတယ်။ မင်းသားကြီး James Wolk ရဲ့ လက်ဖျားခါလောက်စရာ သရုပ်ဆောင်ချက်က ဒီဇာတ်ကားကို အဓိက သယ်သွားတာပါ။ သူ့ရဲ့အကြောဆွဲရောဂါကို သူကနာမည်ပေးထားတယ်။ “ထာဝရအဖော်မွန်”တဲ့။ ခြောက်ပေလေးပေ မြေကြီးထဲရောက်တဲ့အထိ အပါခေါ်သွားရမယ့် ရောဂါပေါ့။ ဒီရောဂါက သူ့ကို အနိုင်မယူစေဖို့အရေး၊ ဒီရောဂါက သူ့အိပ်မက်တွေ မတားဆီးနိုင်စေရေး၊ သူကျော်ဖြတ်ခဲ့ရတဲ့ နာရီ တစ်နာရီချင်းစီကို ကျွန်တော်တို့ ကိုယ်ချင်းစာကြည့်လိုက်ရအောင်လားဗျာ။ အညျွန်း နဲ့ ဘာသာပြန်ကတော့ Arr Khun Winchester ပဲ ဖြစ်ပါတယ်။ Genre….. Biography, Drama Quality…. 1080p | 720p | 480p File size… 2.9GB | 1.1GB | 537MB Format… mp4 Duration…. 1h 35min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Arr Khun Winchester Encoder ….. Aaron

8.1 2008 95 mins
Front of the Class
Double Blind

Double Blind ဆိုတာက သုတေသနလုပ်ရာမှာ စမ်းသပ်တဲ့သူရော စမ်းသပ်ခံရတဲ့သူပါ စမ်းသပ်မှုမပြီးမချင်း သိရှိခြင်းမရှိဘဲ စမ်းသပ်တာကိုခေါ်တာပါ…. ဒီကားလေးထဲမှာတော့ ဘလက်ခ်ဝုဒ်ဆိုတဲ့ ဆေးကုမ္ပဏီက စမ်းသပ်မှုတစ်ခုလုပ်ဖို့အတွက် ကျန်းမာတဲ့သူတွေကို အခကြေးငွေပေးပြီး ခေါ်ယူခဲ့တော့ စုစုပေါင်း ၈ယောက် စမ်းသပ်ခံခဲ့ပါတယ်…..အဲဒီထဲမှာ ပတ်ပြီးစမ်းသပ်ခံနေတဲ့သူတွေရော ပိုက်ဆံလိုလို့လာတဲ့သူတွေရော အဲဒီ ဘလက်ခ်ဝုဒ် ကုမ္ပဏီမှာပဲ အလုပ်သင်ဆင်းချင်လို့ မျက်နှာရအောင်လာတဲ့ ဆေးကျောင်းသားရော ပါလာခဲ့ပါတယ်…… ဒီလိုနဲ့ ၅ရက်တာ စမ်းသပ်ရမဲ့ စမ်းသပ်မှုမှာ စမ်းသပ်ခံတွေက နည်းနည်းလေး မသင်္ကာလည်းဖြစ်လာရော ကုမ္ပဏီအနေနဲ့ ဘယ်လို ထပ်ဆွယ်မလဲ……သူတို့က ဘာကို စမ်းသပ်မှာလဲ……စမ်းသပ်ချက် အောင်မြင်ရင်ရော ဘယ်လိုအကျိုးပြုနိုင်တဲ့ ဆေးဝါးမျိုး ထုတ်လုပ်နိုင်မှာလဲဆိုတာကိုတော့ ဆက်လက်ကြည့်ရှုလိုက်ကြပါဦးလို့……. File size…(1.1 GB)/(549 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:30:00 Genre…Horror, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr.Anderson Translated by Garfield

Comedy • Drama
0 2023
Double Blind
Good Morning
7.8

အိုဇုဟာ စစ်ကြိုခေတ်မှာ ရုပ်ရှင်စရိုက်ခဲ့တဲ့ ဒါရိုက်တာပေမဲ့ သူ့လက်ရာတွေကတော့ လက်ရှိသက္ကရာဇ်အထိ ထင်ကျန်နေတုန်းပဲ။ ဒီလိုထင်ကျန်နေတဲ့သူတွေ ဂျပန်မှာတင် နည်းတော့ မနည်းပါဘူး။ ဒါပေမဲ့ မတူတာက အိုဇုဟာ သူများတွေလို ဆန်းပြားတဲ့ဇာတ်တွေ အကြောင်းအရာအစဖော်ပေးလိုက်တာနဲ့ အားလုံးစိတ်ဝင်စားလာမယ့် ဇာတ်တွေကို ရိုက်ခဲ့တာမဟုတ်ဘဲ ရိုးရိုးရှင်းရှင်း မိသားစုတွေကြားက အဖြစ်အပျက်တွေကို ရိုးရိုးရှင်းရှင်းလေးပဲ ပုံဖော်ရင်းကို ဒီလိုမှတ်ကျောက်တင်နိုင်ခဲ့တာပါပဲ။ တခြား အဲဒီခေတ်တွေကနေ အခုခေတ်အထိ ထင်ရှားဆဲ ဒါရိုက်တာတွေလည်း ဒါမျိုးတွေ ရံဖန်ရံခါတော့ ရိုက်တတ်ကြပေမဲ့ အိုဇုလို ဒီလိုအကြောင်းအရာတွေချည်း သန့်သန့် ရိုက်နေတဲ့လူတော့ ကျွန်တော်သိသလောက်မရှိဘူး။ ဒီလိုမျိုးခပ်ဆင်ဆင် အပုသုံးကားကိုရိုက်ခဲ့တဲ့ ဆတ္တရာဂျစ်ရေးလို ဂုရုကြီးမှာတောင်မှပဲ ဒီလိုကားမျိုးသက်သက်ရိုက်ခဲ့တာတော့ မဟုတ်ဘူး။ အိုဇုကတော့ တစ်စိုက်တမတ်ပဲ ဒါမျိုးတွေချည်းပဲ ရိုက်ခဲ့တယ်။ ဒါပေမဲ့လည်း ဒါမျိုးတွေ တစ်ကားပြီး တစ်ကား ကျွန်တော်တို့ကြည့်နေရပေမဲ့ ဘယ်တော့မှလည်း ငြီးငွေ့သွားချင်စရာမကောင်းနေဘူး။ အိုဇုရဲ့ ထူးခြားတဲ့ဟန်က တတမိဖျာရိုက်ချက်ရယ် မြုပ်ကွက်ချန်တဲ့ ရိုက်ချက်ရယ်လို့ ပြောရမယ်။ တတမိဖျာရိုက်ချက်ကတော့ ဇာတ်ကောင်တွေကို ကျွန်တော်တို့က သူ့ရှေ့က တတမိဖျာပေါ်ထိုင်ရင်း မြင်နေရသလိုဖြစ်နေတဲ့ အပြမျိုးပေါ့။ မြုပ်ကွက်ချန်တဲ့ ရိုက်ချက်ကတော့ အိုဇုဟာ သူ့ဇာတ်လမ်းရဲ့ အရေးအပါဆုံး အချိုးအကွေ့ကို လုပ်ပေးနိုင်တဲ့ဇာတ်ဝင်ခန်းကို လုံးဝမပြဘဲ ပရိသတ်ကို သူ့ဘာသာပုံဖော်နိုင်အောင် စကားအရိပ်အမြွက်နဲ့ပဲ ပြတာမျိုးပဲ။ နောက်ပိုင်းဒါရိုက်တာတွေလည်း ဒီအကွက်ကို တော်တော်တော့ သုံးခဲ့ကြတယ်။ အိုဇုနဲ့အဆင်ဆုံးပုံစံကိုတော့ Korredaရိုက်ခဲ့တဲ့ Still Walkingမှာ တွေ့နိုင်တယ်။ အိုဇုဟာ သူ့သက်တမ်းတစ်လျှောက်မှာ နှောင်းလူတွေ ပြောစမှတ်ပြုရမယ့် ကားပေါင်းများစွာ ချန်ခဲ့တယ်။ တိုကျိုစတိုရီဆိုရင် သမိုင်းတစ်လျှောက် အကောင်းဆုံးရုပ်ရှင်တွေထဲ နံပါတ်သုံးချိတ်ခဲ့သလို အကောင်းဆုံးဂျပန်ရုပ်ရှင်အဖြစ်လည်း မှတ်ကျောက်တင်နိုင်ခဲ့တယ်။ ဒုတိယကတော့ အကီရာကူရိုဆာဝါရဲ့ ဆဲဗင်းဆာမူရိုင်းပါပဲ။ နာမည်ကျော် The Criterion Collectionကလည်း သူ့ကားပေါင်းများစွာကို ပြန်ထုတ်ပေးခဲ့တယ်။ Good Morningကတော့ အဲဒီကားတွေထဲက တစ်ကားပေါ့။ Good Morningဟာ အိုဇု ၁၉၃၂တုန်းက ရိုက်ခဲ့ဖူးတဲ့ အသံတိတ်ရုပ်ရှင် I Was Born, Butကို သူကိုယ်တိုင် ပြန်ရိုက်ထားတဲ့ရုပ်ရှင်ပါပဲ။ အရောင်နဲ့ရိုက်တဲ့ သူ့ရဲ့ ဒုတိယကားဆိုလည်း ဟုတ်တယ်။ ဇာတ်ကတော့ အဓိကအားဖြင်တော့ မီနိုရုနဲ့ အစ်ဆုမိဆိုတဲ့ ကလေးနှစ်ယောက်နဲ့ သူ့မိသားစုကို တည်ထားတယ်။နောက် သူ့ဘေးက အဝိုင်းအဝန်းထဲက သူ့အိမ်နီးချင်းတွေတစ်ဖြစ်လည်း သူတို့သူငယ်ချင်းတွေ သူတို့သူငယ်ချင်းတွေရဲ့မိသားစုတွေကိုလည်း ပေါ်လွင်အောင် ပုံဖော်ပြထားတယ်။ သူတို့ ငယ်ဘဝကို သေချာပုံဖော်ပြဖို့ဆို သူတို့အိမ်နီးချင်းတွေ သူငယ်ချင်းတွေကို မပါမဖြစ်လိုသကိုး။ နောက် အဲဒီကလေးနှစ်ယောက်ရဲ့ ကလေးဆန်ဆန် အတွေးအခေါ်တွေ လုပ်ရပ်တွေ စိတ်ကူးစိတ်သန်းတွေ, အဲဒီအရာတွေကို သူတို့မိဘတွေ ကိုင်တွယ်ဖြေရှင်းရပုံတွေကိုပြထားတယ်။ ဇာတ်ကတော့ ဒီလိုရိုးရိုးလေးပဲ။ ဒါပေမဲ့လည်း ဒီလောက်အချိန်တိုလေးအတွင်းမှာ ၃၀လောက်ရှိမယ့် ခုနလူတွေအားလုံးရဲ့ စရိုက်တွေ ဘဝတွေကို ကောင်းကောင်းအသက်သွင်းနိုင်ခဲ့တယ်။ ဒီဇာတ်ဟာ ဘာမှတော့ ပေးနိုင်မယ့် ဇာတ်မဟုတ်ပါဘူး။ ဒါပေမဲ့ ရယ်အားထက်ငိုအားသန်အဖြစ်တွေ နွေးထွေးမှုတွေတော့ မြင်ရလိမ့်မယ်။ Korreda ရဲ့ I Wish လို Reply 1988လို အခက်အခဲတွေကြားက နွေးထွေးခြင်းတွေကို မြင်ရမယ့်ဇာတ်ပါပဲ။ ဒီထက်ရှင်းရှင်းလင်းလင်းပြောရရင် အိုဇုဆန်တဲ့ အိုဇုရုပ်ရှင်တစ်ကားပါပဲ။ ဒါတော့မပြောလည်းသိမှာပါ။ အိုဇုမဆန်တဲ့ အိုဇုရုပ်ရှင်ဆိုတာမှ မရှိခဲ့ဘူးကိုး။ File size… 1.7 GB / 1.2 GB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 34m Genre ….. Comedy/Drama Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by WiRa Aung

7.8 1959
Good Morning
Torino Criminale Blood Revenge
7.7

Torino Criminale Blood Revenge (2023) ============================ အီတလီ မာဖီးယားမူးယစ်မှောင်ခိုဇာတ်လမ်းတွေ ကြိုက်တတ်တဲ့လူတွေအတွက် Torino Criminale Blood Revenge ဆိုတဲ့ကားလေးနဲ့မိတ်ဆက်ပေးပါရစေ။ တူရင်မြို့က ယဲအားလယ် မူးယစ်မှောင်ခိုဂိုဏ်းကို ညီကိုနှစ်ယောက်ဖြစ်တဲ့ ဆဗာတိုနဲ့ ဗီတိုတို့ကဦးဆောင်ပါတယ်။ ဆဗာတိုဟာ ကာတာနဲ့စ်အဖွဲ့မှာ နေရာရအောင် ဘိရစ်ထရစ်ဆိုတဲ့ အိမ်ထောင်ရှိအမျိုးသမီးတစ်ယောက်နဲ့ အတူအကောက်ကြံ ကြိုးစားနေပါတယ်။ တစ်နေ့မှာ ဆဗာတိုရဲ့အစ်ကိုဗီတိုတစ်ယောက် အသတ်ခံလိုက်ရကနေ စပြီး သူတို့ဂိုဏ်းတွေကြားမှာ ကိစ္စတွေပိုရှုပ်ထွေးလာပါတော့ တယ်။ ကြားထဲမှာလည်း သူတို့ဂိုဏ်းတွေကို အမိဖမ်းဖို့ကြိုးစားနေတဲ့ ရဲအုပ်ကြီးတော့စကိုကလည်း ရှိနေပြန်ပါတယ်။ ဆိုတော့ သူတို့ဂိုဏ်းတွေကြား ဘာတွေဆက်ဖြစ်မလဲ ဘယ်သူက ဘယ်သူ့ကို ဘယ်လိုလက်စားချေမလဲဆိုတဲ့ အသေးစိတ်ကတော့ ဇာတ်လမ်းလေးကိုပဲ ဆက်ကြည့်ရင်းအဖြေရှာဖို့ပြောချင် ပါတယ်။ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူက‌တော့ W ပါ ) File size_(1.4GB)/(700MB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_01:30:00 Genre_Crime , Drama Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by W

7.7 2023
Torino Criminale Blood Revenge
Crazy Alien
6.2

တရုတ်မှာတောင်5ပတ်မြောက်ရုံတင်နေဆဲဇာတ်ကားဖြစ်ပြီး ဝင်ငွေအားဖြင့်လည်း ၂ ရက်အတွင်းမှာ 100 Milions ရရှိထားတဲ့ နောက်ဆုံးထွက်ဇာတ်ကားအသစ်ပဲဖြစ်ပါတယ်..ကြားထဲမှာလည်း အပတ်စဉ်တိုင်းမှာ China Box Office ရဲ့ Top 10 ဝင်ငွေအကောင်းဆုံး ကားအဖြစ် 5 ပတ်ပတ်တိတိရပ်တည်နေဆဲဖြစ်ပါတယ် ဇာတ်လမ်းအညွှန်းလေးကိုတင်ဆက်ပေးလိုက်ပါမယ် တရုတ်ပြည်ရဲ့မျောက်လေ့ကျင့်ပေးသူတစ်ယောက်ဆီကို တခြားဂြိုလ်ပေါ်က ဂြိုလ်သားတစ်ကောင်ဟာ သူတို့ရဲ့ DNA Ball ကို လူသားတွေနဲ့ လဲလှယ်ရာကနေ မှားယွင်းမှုဖြစ်ပြီး ကမ္ဘာပေါ်ကိုပြုတ်ကျလာခဲ့တယ်..ဖြစ်ချင်တော့ သူဟာ မျောက်ကလေးနဲ့ပေါင်းစပ်သွားတယ်..ဒါကို မျောက်လေ့ကျင့်ပေးသူက ဂြိုလ်သားကိုမျောက်တစ်ကောင်လိုကျင့်ပေးနေပါတော့တယ် ဒီလိုနဲ့ဂြိုလ်သားလေးဟာ သူ့စွမ်းအားတွေပြန်ရလာတဲ့အချိန်မှာတော့ ဘာတွေဘယ်လိုဆက်ဖြစ်ကြမလဲ

6.2 2019 116 mins
Crazy Alien
[18+] The Diary of a Teenage Girl
6.8

မီနီဆို တဲ့ ကာတွန်းရေးဆွဲသူအဖြစ်ဆန္ဒပြင်းပြတဲ့ ၁၅ နှစ်အရွယ်ကောင်မလေးက ဆန့်ကျင်ဘက်လိင်ကို စိတ်ဝင်စားမှုရှိလာတဲ့ အချိန် သူမ အမေရဲ့ ရည်းစားဖြစ်သူနဲ့ပက်သက်မိတဲ့အချိန်မှာတော့ …….. ဒီဇာတ်ကားကတော့ ကာတွန်းရေးဆွဲသူလည်းဖြစ် တဲ့ စာရေးဆရာမ Phoebe Gloeckner ရဲ့ ၂၀၀၂ ခုနှစ်မှာထွက်ရှိခဲ့တဲ့ စာအုပ်ကိုပြန်လည်ရိုက်ကူးထားတာဖြစ်ပါတယ်၊ ကဗျာရော ကာတွန်းရော နှစ်မျိုးစပ်ထားလို့ ထင်ရှားတဲ့စာအုပ်တအုပ်ဖြစ်ပါတယ်။ အချိန်က ၁၉၇၆ ခုနှစ် ဆန်ဖရန်စစ္စကို ကယ်လဖိုးနီးယားမှာနေထိုင်တဲ့ ၁၅ နှစ်အရွယ် မီနီ ဆိုတဲ့ကောင်မလေးက သူ့ အပျိုစင်ဘဝကို သူမအမေရဲ့ရည်းစားဆီမှာဆုံးရှုံးလိုက်တဲ့ အချိန်မှာတော့ သူမကိုယ်တိုင် ခံစားချက်တွေ, အတွေ့အကြုံတွေ/ ဆယ်ကျော်သက်ကောင်မလေး တယောက်ရဲ့ စိတ်အတက်အကျ တွေ တိတ်ခွေဒိုင်ယာရီ နဲ့ အသံသွင်းပြောပြထားတာကို တင်ဆက်ပြသထားပါတယ် ….. File size…(1.5 GB)/(650 Mb) Quality….Blu-Ray 1080p / 720p Format…mp4 Duration….01:42:00 Genre… Comedy, Drama, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Dar Dar

Comedy • Action
6.8 2015 103 mins
[18+] The Diary of a Teenage Girl
American Meltdown
5.5

အိုလီဗီယာဆိုတဲ့ အမျိုးသမီးလေးက အိမ်တွင်းအပြင်အဆင် ဒီဇိုင်နာအဖြစ်နဲ့ ဘဝကို ရိုးရှင်းစွာဖြတ်သန်းနေသူဖြစ်ပါတယ်။ တစ်ရက်မှာတော့ သူ အလုပ်လုပ်နတဲ့ ကုမ္ပဏီရဲ့ ပေါ်လစီ အရ သုံးလ လောက် အလုပ်နားရဖို့ဖြစ်လာတဲ့အခါမှာ အိမ်ငှားရမ်းခတွေ ပေးဖို့အတွက် အခက်အခဲဖြစ်လာပါတော့တယ်။ တစ်ပူပေါ်နှစ်ပူဆင့် ဆိုသလို သူ့အိမ်ကလည်း ဖောက်ထွင်း ခံလိုက်ရတာမို့ အိုလီဗီယာတစ်ယောက် ခေါင်းဆင်နင်းခံနေရပါပြီ။ အဲဒီအချိန်မှာပဲ မာရီ ဆိုတဲ့ ဗင်ကားတစ်စီးနဲ့ နိုင်ငံအနှံ့ပတ်နေတဲ့ ခါးပိုက်နှိုက်မလေး တစ်ယောက်နဲ့ ဆုံမိပါတော့တယ်။ ဒီဇာတ်ကားလေးမှာတော့ နိုင်ငံကြီးတွေက ကော်ပိုရိတ်ကြီးတွေရဲ့ စီးပွားရေးအမြတ်ထုတ်မှုတွေ၊ သာမန်လူတန်းစားတွေ ကြုံ‌တွေ့ ကြရတဲ့ ခက်ခဲမှုတွေကို မီးမောင်းထိုးတင်ဆက်ထားပြီးတော့ အိုလီဗီယာတို့ ဒီအခက်အခဲတွေကို ဘယ်လိုဖြေရှင်းမလဲဆိုတာ စိတ်ဝင်တစားကြည့်ရှုကြရမှာပါ။ File size… (847MB) / (408MB) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 48m Genre ….. Comedy , Crime Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Wil

5.5 2024 82 mins
American Meltdown