YoteShin Drive is below this article. Scroll down to view.

Oppo Reno9 Series will include 4,500mAh battery and Universal Fast Charging

Author: Anonymous Published on: 12 Aug 2022

The Oppo Reno9 series will be announced in November and the information of these smartphones is leaked. China writes the Qualcomm Snapdragon 7 Series in the OppDo Reno9 Series in the Oppo Reno9 Series in the Oppo Reno9 Series. This is the same as Oppo Reno8 Series. Oppo will be one of the Chinese smartphone makers who use the new UFCS (Universal Fast Charging Specification). This charge can support up to 40W. The Reno9 Series will feature a 4,500mAh battery with UFCS support. Other smartphone makers supporting the UFCs are Huawei, Vivo, Xiaomi, and the West includes Angbao Electronics, Lihui Technology, Rockchip and Silicon Power. The Reno9 Series will be everything's every color. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

The.Legendary.Tazzas.Tap.2022.1080p.WEB-DL.CM.mp4

1.7 GB 1080p video/mp4 1938 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Kids vs. Aliens
5.7

IMDb 5.6 ရထားတဲ့ Horror, Sci-Fi အမျိုးအစားဖြစ်ပြီးတော့ ဇာတ်ကားနာမည်အတိုင်း ကလေးတွေနဲ့ ဂြိုလ်သားတွေ တိုက်ခိုက်ကြတဲ့ကားပါ။ Sam နဲ့ Gary တို့မောင်နှမက နပန်းသတ်တာတို့ တိုက်ခိုက်ရတာတို့ကို ကြိုက်တဲ့သူတွေပါ။ သူတို့မြို့က ပြဿနာရှာတတ်တဲ့ ဆယ်ကျော်သက်အဖွဲ့နဲ့လည်း မတည့်ကြပါဘူး။ ဒါပေမယ့် ဆယ်ကျော်သက်အဖွဲ့ထဲက အဖွဲ့ခေါင်းဆောင် Billy က Sam တို့မိဘတွေခရီးသွားတဲ့အချိန် သူတို့အိမ်မှာ ပါတီလုပ်ခွင့်ရအောင်လို့ Sam ကို ချစ်ချင်ယောင်ဆောင်ပြီး ချဉ်းကပ်လာပါတယ်။ Sam က Billy ကိုကြွေသွားပြီး အိမ်မှာ ပါတီလုပ်ခွင့်ပေးလိုက်ပေမယ့် Gary ကတော့ သူ့အစ်မနဲ့သူ့ကြားဝင်လို့ဆိုပြီး ပြန်လက်စားချေဖို့ ချောင်းနေပါတယ်။ သူတို့အိမ်မှာ ပါတီလုပ်တဲ့ညမှာပဲ Billy ရဲ့ သရုပ်မှန်တွေ ပေါ်လာပြီး ပြဿနာတွေ ဖြစ်နေတဲ့အချိန်မှာ ဂြိုလ်သားတွေက ပါတီကိုရောက်လာပြီး လူတွေကိုတိုက်ခိုက်ပါတော့တယ်။ Billy ကြောင့် အဆင်မပြေဖြစ်ခဲ့ကြတဲ့ Sam နဲ့ Gary တို့မောင်နှမနှစ်ယောက်ရယ် Gary ရဲ့သူငယ်ချင်းတွေရယ် ဂြိုလ်သားတွေကို ဘယ်လိုရင်ဆိုင်တိုက်ခိုက်ကြမလဲဆိုတာ ဇာတ်လမ်းထဲမှာပဲ ဆက်လက်ကြည့်ရှုလိုက်ပါ။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Moh Moh ပဲ ဖြစ်ပါတွယ်။ Genre..... Horror, Sci-fi Quality…. 1080p | 720p | 480p File size… 4GB, | 1.1GB | 516MB Format… mp4 Duration…. 1h 15min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Moh Moh Encoder ..... Aaron

Horror
5.7 2023 75 mins
Kids vs. Aliens
Friendship!
6.3

အချိန်ကာလအားဖြင့် 1990 တစ်ဝိုက် စစ်အေးခေတ်ပြီးခါနီးပေါ့ဗျာ။ New York လေဆိပ်က အမေရိကန်လူဝင်မှုကြီးကြပ်ရေးဌာနကို အူတိအူကြောင်ရုပ်နဲ့ ဂျာမန်နှစ်ကောင်ရောက်ချလာတယ်။သူတို့က GDR လို့ခေါ်တဲ့ အရှေ့ဂျာမနီ(ကွန်မြူနစ်နိုင်ငံ)ကတဲ့။ဘယ်သူမှ မမေးရဘဲ သူတို့ကိုယ်သူတို့ “We are Communists”ဆိုပြီး ဝမ်းသာအားရ မိတ်ဆက်တယ်။ဘာပြောကောင်းမလဲ ၊ပယ်ပယ်နယ်နယ် အစစ်ခံရတော့တာပေါ့။ ဒီဇာတ်ကားက အဲ့ဒီဂျာမန်နှစ်ကောင်ရဲ့ အမေရိကန်ခရီးရှည်ကြီးကို ရိုက်ပြထားတာ။ သူတို့ ဘာကြောင့် အမေရိကားကို ရောက်လာကြတာလဲ။ အူကြောင်ကြောင်နဲ့ ဘယ်လိုမျိုး ပေါက်ကရတွေ လုပ်ကြလဲ။ ဘယ်လိုတွေ ပြဿနာတွေတက်ကြလဲဆိုတာကို (ဒီကောင်တွေတော့ကွာဆိုပြီး) တဟီးဟီးတဟားဟားနဲ့ ကြည့်ရမယ့်ကားမျိုး။ ဒီဇာတ်ကားကို ကြည့်ပြီးရင်တော့ ဇာတ်ကားနာမည် “Friendship” ဆိုတဲ့အတိုင်း သူတို့နှစ်ယောက်ကြားက “ပေဖော်ပေဖက် ခင်မင်မှုမျိုး”ကို ခင်ဗျား ခံစားမိလိမ့်မယ်။ ပြီးရင်တော့ ဘယ်ရောက်ဘယ်ပေါက်မယ်၊ ဘာတွေဆက်ဖြစ်မယ်ဆိုတာကို မှန်းလို့မရတဲ့ Road Trip မျိုး တစ်ခေါက်လောက်ဖြစ်ဖြစ် ထွက်ဖူးချင်လာလိမ့်မယ်။ ငါလည်း ဘဝမှာ ဒါမျိုးတစ်ခေါက်လောက်တော့ ဖြစ်ချင်ရာဖြစ် ပေဖူးချင်လိုက်တာဆိုပြီး တွေးမိလိမ့်မယ်။ အချိန်ပေးရတာနဲ့တန်အောင် ရယ်ရ မောရမယ့် ဇာတ်ကားမျိုးမို့ ကိုယ်တိုင် ကြည့်ရှုခံစား ကြည့်ကြဖို့ တိုက်တွန်းချင်ပါတယ်။ (ဘာသာပြန်နှင့် အညွှန်းကတော့  Damien ပဲ ဖြစ်ပါတယ် ) File size…975MB / 545MB Quality…WEB-DL 720p / 480p Format…mp4 Duration….1h 50m Genre ..... Adventure / Comedy Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Damien

Adventure • Comedy • Romance
6.3 2010 110 mins
Friendship!
The Weather Man
6.1

ကျွန်တော်တို့အားလုံးဟာ ဘဝသင်ခန်းစာတွေကို ပုံစံအမျိုးမျိုးနဲ့ life long learningလုပ်နေရတဲ့ ဘဝကျောင်းတော်ထဲက ကျောင်းသားလေးတွေပေါ့။ တစ်ခါတလေမှာ အလွယ်တကူနားလည်လိုက်တာ ရှိပေမဲ့ တစ်ခါတစ်လေကျ ခက်ခက်ခဲခဲနဲ့ ရင်းနှီးပေးဆပ် မှုတွေများပြီးမှ ရင်ဘတ်ကြီးကိုရင်းနှီးလိုက်ရပြီးမှ သင်ယူလိုက်ရတာတွေလည်း အများကြီးပါပဲ။ လွယ်ကူတယ်ဆိုတာ အရွယ်ရောက်ပြီးသူတစ်ယောက်ရဲ့ ဘဝထဲကို ဝင်မလာဘူးလို့ ဒေ့ဗ်ရဲ့အဖေက ဒေ့ကို အမြဲဆုံးမပါတယ်။ ဒါပေမဲ့ဒေ့ဗ်တစ်ယောက် ဒါကို လက်မခံနိုင်ဘဲ ပြဿနာပေါင်းစုံနဲ့ ဗရုတ်သုတ်ခလူ့ဘဝကြီးကို အကြီးအကျယ်အဆိုးမြင်နေသူတစ်ယောက်ပါ။ အသက်အရွယ်နဲ့ယှဉ်ရင် မရင့်ကျက်နိုင်သေးတဲ့ဒေ့ဗ်ကတော့ ဘဝရဲ့ပြဿနာတွေကို ထိုင်အလိုမကျဖြစ်နေတဲ့ Grumpy kidလိုပါပဲ။(Grumpyဖြစ်မဖြစ်ကတော့ တစ်ကားလုံးကိုလွှတ်ဆဲနေတော့တာ) work lifeကိုကြည့်ရင်လည်း ဒေ့ဗ်စပရစ်ဇ်ရဲ့ဘဝက စာမေးပွဲခန်းထဲက ကျွန်တော်တို့နဲ့မခြားပါဘူး။ စာမေးပွဲခန်းထဲ ထိုင်နေပေမဲ့ စာဆိုတာဒါလားလို့မေးယူရတဲ့အနော်တို့လိုပဲ သူလည်း မိုးလေဝသပညာဆိုတာ ချိုနဲ့လားဆိုသလိုပါပဲ။ ဒီလိုလူက မိုးလေဝသသတင်းကြေညာသူဆိုတော့ကာ သူမှန်းသမျှကတော့ ကတွတ်ပီအမဲလိုက်သလိုပါပဲ___ ပြောင်းပြန်မှတ်ယူမှ စိတ်ချရမှာပါ။ အလုပ်ကအဆင်မပြေတော့ Family Lifeကိုကြည့်တော့လည်း တလွဲ။ ဇနီးဖြစ်သူနိုရင်းနဲ့ကလည်း တကျက်ကျက်ရန်ဖြစ်၊ နေ့တိုင်းဆူပူနေတဲ့မိဘတွေကြောင့် စိတ်ထွက်ပေါက်ရှာ‌တဲ့ ကလေးတွေက ဆေးစွဲတဲ့လူနဲ့ ဆေးလိပ်သောက်တဲ့လူနဲ့ ပြဿနာတွေဒုနဲ့ဒေး။ ဒီကြားထဲမှာမှ အဖေဖြစ်သူရဲ့ သတင်းဆိုးကလည်း သူ့အတွက်တော့ ကံဆိုးမသွားလေရာ မိုးလိုက်လို့ရွာပါပဲ။ Social lifeကတော့ အထွေအထူးပြောစရာ မလိုပါဘူး။ တလွဲချည်းပဲ တီဗီပေါ်တက်တက်ပြောနေတဲ့ဒေ့ဗ်ကို လူတွေကအင်မတန်ချစ်ခင်ကြတော့ အပြင်မှာတွေ့ရင် ကြုံသလို သွားရည်စာနဲ့ပစ်ပေါက်ပြီး ဆွမ်းကြီးလောင်းကြပါတယ်။ ဒီလိုစုတ်ပြတ်နေတဲ့ဒေ့ဗ်ရဲ့ဘဝကို ပြောင်းလဲပေးမယ့် မဟာအခွင့်အရေးဖြစ်တဲ့ သူ့ရဲ့Dream Jobက သူ့ရှေ့မှောက်ကို ရောက်လာတဲ့အခါမှာတော့ သူ့ရဲ့ရွေးချယ်မှုတွေ အရင်လိုပဲ ဝေဝါးနေဦးမှာလား။ ဘဝရဲ့ပြဿနာတွေကိုရော သူဘယ်လို ဖြေရှင်းသွားမလဲဆိုတာ အတူတူကြည့်ရှုလိုက်ရအောင်ပါ။ Family Dramaပီသစွာနဲ့ လက်တွေ့ဘဝကို ဇာတ်အိမ်တည်ပြီး ရိုက်ကူးထားတဲ့ Nicolas Cageရဲ့နာမည်ကျော်ရုပ်ရှင်ကား တစ်ကားဖြစ်သလို လက်တွေ့ဘဝလိုပဲ မထင်မှတ်ထားတာတွေ အလွဲအချော်တွေ အဖုအထစ်တွေရှိလာတဲ့အခါမှာ လူသားတွေ အတွက်လိုအပ်တဲ့ self-acceptance ဆိုတာကို မျက်ဝါးထင်ထင် ရိုက်ကူးပြထားတဲ့ဒရာမာကောင်းတစ်ကားဆိုတာတော့ ငြင်းမရတဲ့ အမှန်တရားပါပဲ။ life lessonက ပြောင်မြောက်သလို ပရိတ်သတ် ရင်ထဲကိုထိသွားစေမဲ့ နောက်ထပ်တစ်ခုကတော့ ဒေ့ဗ်နဲ့ ရောဘတ်တို့ရဲ့ ဖခင်မေတ္တာပါပဲ။ Comedy drama‌ ကောင်းတစ်ခုပီပီ အခွီလေးလည်းပါ Deepသွားမဲ့scene‌‌လေးတွေလည်းပါတာဖြစ်လို့ ဘဝရဲ့အဆင်မပြေမှုတွေကြားက warming vibe‌လေးကို လိုအပ်နေတဲ့ ပရိသတ်တွေအတွက် Healing ဖြစ်စေမယ့် ရုပ်ရှင်ကားအဖြစ် ညွှန်းပေးလိုက်ရပါတယ်။ File size…1.66GB / 642MB Quality…WEB-Rip 1080p 5.1CH / 720p Format…mp4 Duration….1h 42m Genre ..... Comedy , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Jane

Action • Adventure • Comedy • Romance
6.1 2005 101 mins
The Weather Man
Burn Out
6.2

Burn Out (2017) တိုနီဟာ ဆိုင်ကယ်မောင်းပြိုင်ပွဲတွေမှာ အလားအလာရှိတဲ့ ဆိုင်ကယ်မောင်းသမားတစ်ဦးဖြစ်ပေမဲ့ ဘဝကိုတော့ ပင်ပန်းစွာ ရုန်းကန်နေရသူပါ။ အချိန်ပိုင်းအလုပ်လည်းလုပ်ရ၊ ပရော်ဖက်ရှင်နယ် ဆိုင်ကယ်မောင်းပြိုင်သမားတစ်ဦးဖြစ်လာရေးအတွက် လေ့ကျင်းရေးလည်း ဆင်းနေရချိန်မှာ သူ့ရဲ့ အဆက်ဟောင်း၊ သူ့သားရဲ့မိခင်ဖြစ်သူ လေလာဟာ မူးယစ်ဆေးဝါးရောင်းဝယ်တဲ့ အကောင်ကြီးတစ်ကောင်ဆီကို အကြွေးတွေတင်သွားပါတယ်။ လေလာတစ်ယောက် အကြွေးတွေကို ဘယ်နည်းနဲ့မှ ပြန်မဆပ်နိုင်လို့ ဘဝပျက်ရတော့မဲ့ အခြေအနေမရောက်အောင်လို့ တိုနီတစ်ယောက်ဝင်ကူညီရပါတော့တယ်။ မူးယစ်ဆေးဝါးရောင်းဝယ်တဲ့ အလုပ်ထဲကို ပါဝင်ပတ်သတ်မိသွားရတာက တိုနီရဲ့ ဘဝကို ဘယ်လိုတွေ ရိုက်ခတ်သွားမလဲဆိုတာကိုတော့ ဒီ ပြင်သစ်-ဘယ်ဂျီယမ် အက်ရှင်ကားလေးမှာ ကြည့်ရှုလိုက်ကြရအောင်ပါ။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ Moe Lay ပါ။) File Size : 1.5GB, 683MB, 344MB Quality : 1080p WEB-DL AC3 5.1CH, 720p WEB-DL, 480p Format : mp4 Duration : 1hr & 47mins Genre : Action, Crime, Thriller Translated by Moe Lay Encoded by Kinnov

Drama • Western
6.2 2017
Burn Out
The Mosquito Coast
6.6

The Mosquito Coast (1986) ~ IMDb – 6.6/10, Rotten Tomatoes – 74% ~ ဒီဇာတ်ကားထဲက Harrison Ford သရုပ်ဆောင်တဲ့ အယ်လီဖောက်စ် (Allie Fox) ဆိုတဲ့ ဇာတ်ကောင်ကို တီထွင်သူ၊ အလွယ်လမ်း မလိုက်သူ၊ အမေရိကနိုင်ငံကြီးရဲ့ ပုပ်ပွနေတဲ့ စနစ်နဲ့ လူမှုအဖွဲ့အစည်းကြီးကို ရွံရှာမုန်းတီးနေသူ တစ်ယောက် အဖြစ် ပုံဖော်ထားတယ်။ မော်စကီတို ကမ်းရိုးတန်း (Mosquito Coast) ဆိုတာ အယ်လီအတွက်တော့ အထဲမှာ ဟောင်းလောင်းပေါက်ကြီး ဖြစ်နေတဲ့ အမေရိကနိုင်ငံကြီးထဲကနေ သူတို့ ထွက်ပြေးမယ့် သုခဘုံကြီးတစ်ခုပဲ။ အဖေဖြစ်သူ အယ်လီကို ဘုရားလို ကိုးကွယ်ကြတဲ့ သား ၂ယောက်၊ သမီးအမြွှာလေး ၂ယောက်၊ ဇနီးမယားတစ်ယောက်ကတော့ ဘာမှ မတတ်နိုင်ဘဲ မော်စကီတိုကမ်းရိုးတန်းမကလို့ သေတွင်းထဲ ခေါ်သွားလည်း အယ်လီ့နောက်ကို လိုက်နေရမှာပါပဲ။ ဒါ့အပြင် ယောက်ျားရဲ့ စံနှုန်းနဲ့ သားသမီးတွေရဲ့ ဒုက္ခကြားမှာ လွန်ဆွဲနေမယ့် အမေဖြစ်သူ၊ အဖေ့စကား မြေ၀ယ်မကျ နားထောင်ရင်း အဖေ့ကြောင့် ရတဲ့ ဒုက္ခတွေကြားမှာ ဗျာများနေမယ့် အစ်ကိုကြီး ချာလီ (ဂျိုကာ သရုပ်ဆောင်ကြီး Joaquin Phoenix ရဲ့ အစ်ကိုဖြစ်ပြီး ငယ်ငယ်ရွယ်ရွယ်နဲ့ ဆုံးပါးသွားခဲ့ပါတယ်) တို့ကို ကြည့်နေရင်းနဲ့ စိတ်မောလူမော ဖြစ်ရအုံးမှာပါ။ တီထွင်သူကြီး အယ်လီဖောက်စ်နဲ့ သူ့မိသားစုတို့ နဖူးတွေ့ ဒူးတွေ့ ကြုံရမယ့် မော်စကီတို ကမ်းရိုးတန်းဟာ သူတို့မိသားစုလေး အတွက် သုခဘုံဖြစ်မလား ငရဲတွင်းဖြစ်မလားဆိုတဲ့ ဖြစ်အင်ကို ဒီဇာတ်လမ်းမှာ ကြည့်ရှုကြရမှာပါ။ ဇာတ်ကားအပြီးမှာ ကျွန်တော်ကတော့ အယ်လီဖောက်စ်ကို ငါစွဲ အတ္တသမား တစ်ယောက်လို မြင်မိတာပါပဲ။ ဘယ်လို အတွေးအခေါ်တွေ၊ ဘယ်လို Message တွေ ရသွားမလဲ ဆိုတာကတော့ ကြည့်ရှုသူ ကိုယ်တိုင်ပဲ ဆုံးဖြတ်သင့်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Chuck မှ ပြန်ဆို ရေးသားထားပါတယ်) Size – 3GB, 1.2GB Quality – 1080p, 720p IMDb Rating – 6.6/10 Format – mp4 Duration – 1H 57Min Genre – Adventure, Drama, Thriller Subtitle – Myanmar Subtitle (Hardsub) Translated by Chuck Encoded by Y

6.6 1986
The Mosquito Coast
La Vie en Rose
7.6

La Vie En Rose ဆိုတဲ့ ဇာတ်လမ်းလေးကတော့ ပြင်သစ်အဆိုတော် အီဒစ်ပီအပ်ဖ်ရဲ့ ဘဝဇာတ်ကြောင်းကို တင်ဆက်ထားတာ ဖြစ်ပါတယ်။ ဇာတ်ကားရဲ့အမည်ကိုလည်း အီဒစ်ပီအပ်ဖ် ရဲ့ နာမည်ကြီးသီချင်းတစ်ပုဒ်ဖြစ်တဲ့ La Vie En Rose ကိုမှည့်ခေါ်ထားပါတယ်။ အီဒစ်ပီအပ်ဖ်ရဲ့ ငယ်ဘဝအကြောင်းအရာတွေက စပြီး သူသေဆုံးချိန်မတိုင်ခင်နဲ့ ပတ်ဝန်းကျင် အဖြစ်အပျက်တွေထိ ပရိသတ်သိထားတာတွေရော နောက်ကွယ်က အကြောင်းအရာတွေပါ စုံစုံလင်လင် တင်ဆက်ထားတဲ့ အထ္ထုပတ္တိဇာတ်ကားကောင်းလေး ဖြစ်ပါတယ်။ အီဒစ်ပီအပ်ဖ်ဟာ အောင်မြင်မှုကြီးမားသူတွေရဲ့ ထုံးစံအတိုင်း ခက်ခဲကြမ်းတမ်းတဲ့ငယ်ဘဝကို ပိုင်ဆိုင်ခဲ့ရသူ ဖြစ်ပြီး ငယ်ငယ်ကလေးဘဝကတည်းက တာဝန်မယူတတ်တဲ့ အမေဖြစ်သူကြောင့် အဘွားဖြစ်သူ ရဲ့ ဆောင်ကြာမြိုင်မှာ ငယ်ဘဝကို ဖြတ်သန်းခဲ့ရသူ ဖြစ်ပါတယ်။ အီဒစ်လေး ၉ နှစ် အရွယ်ရောက်ချိန်မှာ သူ့အဖေဖြစ်သူ ဆပ်ကပ်ကျွမ်းဘားသမားရဲ့ လမ်းပေါ်က ဖျော်ဖြေပွဲ တစ်ခုမှာ ပရိသတ်တစ်ယောက် တောင်းဆိုမှုကြောင့် “La Marseillaise” ကိုသီဆိုပြခဲ့ပြီး ကမ္ဘာကြီးဆီကို “အီဒစ်ပီအပ်ဖ်” ကို စတင်မိတ်ဆက်ခဲ့ပေးပါတယ်။ နှစ်တွေအများကြီးကြာခဲ့ပြီး ကလပ်ပိုင်ရှင် လူးဝစ်လပ်ပလီး နဲ့ တွေ့ဆုံပြီးချိန်မှာတော့ ကလပ်ရဲ့ ပင်တိုင်အဆိုတော် ဖြစ်လာခဲ့ပါတယ်။ လူးဝစ်လပ်ပလီးကိုယ်တိုင်က သူ့ကို “စာငှက်ကလေး” လို့ အဓိပ္ပါယ်ရတဲ့ ပီအပ်ဖ်ဆိုတဲ့ အမည်ကို တွဲပေးခဲ့လို့ “အီဒစ်ပီအပ်ဖ်” ဆိုတဲ့ အနုပညာနာမည်ကို စရခဲ့ပါတယ်။ ကံကြမ္မာလှည်းဘီးတစ်ပတ်လည်ပြီး လူးဝစ်လပ်ပလီး တစ်ယောက် သေနတ်နဲ့ ပစ်သတ်ခံရခဲ့ပါတယ်။ စုံထောက်တွေအနေနဲ့ မာဖီးယားတွေနဲ့ ပတ်သက်တယ်ဆိုပြီး အီဒစ်ပီအပ်ဖ်ကို သံသယဝင်လာခဲ့ပါတယ်။ ပရိသတ်ရဲ့ လက်မခံခဲ့တဲ့အပြင် အချစ်ဆုံးသူငယ်ချင်းပါ ထိန်းသိမ်းခံလိုက်ပြီးမှာတော့ ကြံရာမရဖြစ်နေတဲ့ အီဒစ်ဟာ ရေးမွန်အက်ဆို နဲ့ တွေ့ဆုံခဲ့ပါတယ်။ သူ့အဆိုတော်ဘဝအတွက်တစ်ဆင့်တက်လာစေမယ့် လက်ဟန် ခြေဟန်နဲ့ ဖျော်ဖြေမှု၊ ပိုပြီးသက်ဝင်ခံစားနိုင်မှု နဲ့ အခြားသင်ခန်းစာတွေကိုပါ လေ့လာခဲ့ရပြီး အောင်မြင်တဲ့ အဆိုတော်ဘဝကို တက်လှမ်းနိုင်ခဲ့ပါတော့တယ်။ ဇာတ်လမ်းအဆုံးသတ်ပိုင်းမှာ အီဒစ်ရဲ့ ကံမကောင်းတဲ့အချစ်ရေး၊ အောင်မြင်မှုဖိစီးလာပုံ နဲ့ ဇရာပိုင်းရောက်လာချိန် စိတ်ခံစားချက်တွေကို လှလှပပ ပုံဖော်သွားနိုင်ပြန်ပါတယ်။ အီဒစ်ပီအပ်ဖ် အဖြစ် သရုပ်ဆောင်ခဲ့သူ Marion Cotillard အနေနဲ့လည်း အကောင်းဆုံးအမျိုးသမီးသရုပ်ဆောင် -အော်စကာဆု၊ BAFTA AWARD၊ ရွှေကမ္ဘာလုံးဆု နဲ့ César Award တွေပါ ဆွတ်ခူးနိုင်ခဲ့သလို ဇာတ်ကားအနေနဲ့လည်း အကောင်းဆုံးမိတ်ကပ်၊ဆံပင်ပညာရှင်အော်စကာဆု၊ ဝတ်စုံဒီဇိုင်း BAFTA AWARD၊ ၊ အကောင်းဆုံးဂီတရုပ်ရှင်ဆု BAFTA AWARDတွေ ရခဲ့တဲ့ ဇာတ်ကားလေးဖြစ်လို့ လက်လွတ်မခံဘဲ ကြည့်ရှုနိုင်ပါရန် တင်ဆက်ပေးလိုက်ပါတယ်။ File size… 2.2 GB / 1.3 GB Quality… BluRay 1080p / 720p Format… mp4 Duration…. 2h 20m Genre ….. Drama/Music Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Sai Sumali

7.6 2007
La Vie en Rose
These Final Hours
6.6

ခင်ဗျားတို့မှာသာ အသက်ရှင်သန်ဖို့အတွက် အချိန်၁၂နာရီ သာကျန်တော့မယ်ဆိုရင် ဘာလုပ်ကြမလဲ ကိုယ်ချစ်ခင်ရသူတွေ အနားမှာပဲ နေမှာလား ဒါမှမဟုတ် ဘဝကိုစိတ်ရှိလက်ရှိပျော်ပျော်ကြီး လုပ်ချင်ရာတွေလုပ်ပြီး ဖြတ်သန်းပစ်လိုက်မလား ဒီဇာတ်ကားက ကမ္ဘာပျက်ခါနီး အချိန်၁၂နာရီအလိုမှာ လူတွေရဲ့ သဘာဝကို ဒါရိုက်တာ Zak Hilditch ရိုက်ကူးပုံဖော်ထားတဲ့ဇာတ်ကားကောင်းလေး တစ်ကားဖြစ်ပါတယ်.. ဒီဇာတ်ကားက ဆန်ခါတင်စာရင်းများစွာ မှာပါဝင်ခဲ့ပြီး လူငယ်အမျိုးသမီးအကောင်းဆုံးဇာတ်ဆောင်ဆု အကောင်းဆုံးအမျိုးသားဇာတ်ဆောင်ဆု အကောင်းဆုံး ဒါရိုက်တာဆု စတဲ့ဆုများစွာကို ဆွတ်ခူးရရှိထားပါတယ် ဒီ These Final Hours ဆိုတဲ့ မင်းသား Nathan Phillips , မင်းသမီးလေး Jessica De Gouwတို့ပါဝင်သရုပ်ဆောင် ထားပြီး rating 6.6/10 အထိရရှိထားတဲ့ ဇာတ်ကားကောင်း တစ်ကားဖြစ်ပါတယ်.. ဒီဇာတ်လမ်းအစမှာ ဂျင်မီတစ်ယောက် ကမ္ဘာပျက်ခါနီး အချိန်မှာ ကိုယ်ဝန်ရှိနေတဲ့ ရည်းစားကိုထားခဲ့ပြီး ရည်းစားအသစ်နဲ့ ပျော်ပါးဖို့ အဆုံးသတ်ပါတီပွဲကျင်းပရာဆီကို ထွက်လာရာလမ်းမှာ မမျှော်လင့်ဘဲ ရို့စ်ဆိုတဲ့ ဖခင်နဲ့ကွဲသွားပြီး ခိုကိုးရာမဲ့နေတဲ့ ဆယ်နစ်သမီးအရွယ် ကလေးမလေးတစ်ယောက်နဲ့ဆုံတွေ့ ခဲ့ပါတယ် ဒီလိုနဲ့ ပါတီပွဲကိုသွားမယ့် ဂျိမ်းစ်တစ်ယောက် ကလေးမလေးကို ဖခင်နဲ့ပြန်လည်တွေ့ဆုံပေးဖိူကြိုးစားရာမှာ ဘာတွေဆက်ဖြစ်လာမလဲ.. ဘယ်လိုတွေ့ကြုံရမလဲ ကလေးမလေးကရာ သူမရဲ့ဖခင်နဲ့ ပြန်လည်စုံစည်းနိုင်ပါ့မလား တဖြည်းဖြည်းကမ္ဘာပျက်ဖို့ အချိန်တွေနီးကပ်လာတာနဲ့အမျှ ဂျိမ်းစ်တစ်ယောက် ဘယ်လိုတွေဆက်ဖြစ်လာမလဲ ပါတီပွဲကိုသွားပြီး ရည်းစားအသစ်နဲ့ပျော်ပါးမလား ဒါမှမဟုတ် ကိုယ်ဝန်သည်ကောင်မလေးဆီကိုပဲ ပြန်ပြေးမလား ဆိုတာ ကြည့်ရှသူပရိတ်သတ်ကြီးကိုယ်တိုင်ပဲ စီးမျောကြည့်ရှုလိုက်ပါဦး ဒီဇာတ်ကားကိုအပြီးထိသေချာလေးကြည့်ပြီးသွားရင်တော့ ခင်ဗျားတို့ရဲ့ရင်ထဲမှာ တစ်ခုခုကိုဆို့နှစ်ပြီး ကျန်ခဲ့မှာအသေချာပါပဲ ဇာတ်ညွှန်းရေးဆရာကိုပဲအပြစ်တင်ရမလား မင်းသားဂျိမ်းစ်ကိုပဲ ခင်ဗျားကသိပ်ရက်စက်တဲ့သူတစ်ယောက်ဆိုပြီး အပြစ်တင်မိ မလားဆိုပြီး ဒွိဟဖြစ်နေမှာ အသေချာပါပဲ.. ဒီဇာတ်ကားကကြည့်ရှုသူပရိတ်သတ်ကြီးကို ထိုင်ရာကနေထမသွားချင်လောက်အောာင် စွဲဆောင်ထားနိုင်မှာ အသေအချာပါပဲ ဇာတ်ကားက Drama, Sci-fic & Thriller အမျိုးအစားဖြစ်ပြီး ရုပ်ရှင်ချစ်ပရိတ်သတ်တွေ မလွတ်စတမ်းကြည့်ရှုသင့်တဲ့ ဇာတ်ကားလေးတစ်ကားဖြစ်ပါတယ်… File size…1.53GB / 833MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 27m Genre …..Drama , Sci-Fi , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Eh Phaw

6.6 2013 87 mins
These Final Hours
It’s for Your Own Good / Es Por Su Bein

ပေါ့ပေါ့ပါးပါး မက္ကဆီကန်/စပိန် ဟာသရုပ်ရှင်လေးကို တင်ဆက်ပေးလိုက်ပါတယ် သက်လတ်ပိုင်းအရွယ် ယောင်းမသုံးယောက် Clara, Matis နဲ့ Nena တို့မှာ တူညီတဲ့အချက်ကတော့ တစ်ဦးတည်းသော သားတစ်ယောက်စီ ကိုယ်စီပိုင်ဆိုင်ကြတာပါပဲ Clara ရဲ့ သားဖြစ်သူဟာ မဟုတ်မခံတဲ့ အမျိုးသမီးဝါဒီ feminist ကောင်မလေးနဲ့ တွဲတာကို အမေဖြစ်သူ Clara က တစ်စက်လေးမှ သဘောမကျပါဘူး Matis ရဲ့ သားဖြစ်သူကလည်း အသက်ပိုကြီးတဲ့ တစ်ခုလပ်မိခင်တစ်ယောက်နဲ့ တွဲနေတာဖြစ်ပြီး Nena ရဲ့ ဆယ်ကျော်သက် သားလေးကတော့ သူ့ရည်းစားကောင်မလေးကို အိမ်ခေါ်ပြီး လူလစ်တိုင်း တဂျိန်းဂျိန်းလုပ်နေတာ ဖြစ်ပါတယ် ဒါကြောင့် အမေသုံးယောက်သား တိုင်ပင်ပြီး သားတွေရဲ့ ကောင်မလေးတွေနဲ့ ဝေးအောင်လို့အစွမ်းကုန်ကြိုးစားကြရာမှာတော့ … File size…(1.8 GB)/(883 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:18:00 Genre… Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Sike Tan

0 2024
It’s for Your Own Good / Es Por Su Bein
Back On The Society
5.8

Back to the Societyဆိုတဲ့ဇာတ်ကားကတော့Jordan Chanအဓိကပါဝင်သရုပ်ဆောင်ထားတဲ့ actionဇာတ်ကားကောင်းလေးတစ်ပုဒ်ဖြစ်ပါတယ်ဇာတ်လမ်းရဲ့အစမှာတော့ ကျန်းရှန်းဟောင်ဆိုတဲ့ တစ်ချိန်ကလူဆိုးဂိုဏ်းရဲ့ခေါင်းဆောင်ကတရားမဝင် ဥပဒေချိူးဖောက်တဲ့ပြစ်မှုတွေကိုကျူးလွန်လို့ ရဲအရာရှိတွေကလာဖမ်းပြီးထောင်ဒဏ်ချမှတ်ခြင်းခံလိုက်ရပါတယ်အဲ့ချိန်မှာပဲ သူ့ရဲ့ဇနီးဖြစ်သူ ကိုယ်ဝန်သည်မိန်းမကစိတ်လှုပ်ရှားမှုကြောင့် ကလေးကိုရက်စောမွေးပြီး ကလေးမွေးဖွားရခက်တဲ့ပြဿနာနဲ့ကြုံတွေကာမိခင်အသက်ဆုံးရှုံးလိုက်ရပါတယ် သမီးလေးမွေးဖွားပြီးနောက် ထိန်းပေးမဲ့လူမရှိလို့ငယ်ငယ်ထဲက မိဘမဲ့ကျောင်းမှာပဲနေခဲ့ရမှ ထောင်ထွက်ကျန်းရှန်းဟောကလည်း သမီးကိုချစ်တဲ့စိတ်နဲ့ သူတစ်ယောက်ထဲ လုပ်ကိုင်ကျွေးမွေးပြီး အရင်တုန်းကလိူရှုပ်ထွေးတဲ့ လောကကြီးထဲကို ပြန်မဝင်တော့ကြောင်း သစ္စာပြုခဲ့ပါတယ် ဒီလိုအေးအေးချမ်းချမ်းနဲ့ နှစ်တွေအများကြီးနေထိုင်လာရာကနေ တစ်ရက်မှာ ကျန်းရှန်းဟော မထင်မှတ်ပဲလူတစ်ယောက်ကိုသတ်မိရာမှပြဿနာကစတင်ဖြစ်ပွားခဲ့တာပါ ထိုပြဿနာကြောင့်လည်း သူ့သမီးဖမ်းခံရပြီးလူကုန်ကူးခံလိုက်ရပါတယ်နောက်ဆုံးမှာ သူ့သမီးကိုဖမ်းတဲ့လူက ဘယ်သူဖြစ်မလဲသူ့သမီးကိုရော အသက်ရှင်လျက်ပြန်ကယ်နိုင်မလားဆိုတာနောက်ဆုံးထိကြည့်ရှုပေးပါဦး

5.8 2021
Back On The Society
Red One
6.8

Red One (2024) IMDb Rating (6.8) ပါဝင်တဲ့ Cast တွေနဲ့တင် သေချာပေါက်ကြည့်ရမယ့် Red One ခရစ်စမတ်ရုပ်ရှင်ကားသစ်ကြီး ထွက်လာပါပြီ။ မင်းသား Dwayne The Rock Johnson, Chris Evan, J.K Simmons Riverdale , Sabrina စီးရီးထဲက မင်းသမီး Kiernan Shipka နာမည်ကြီးတွေအဓိက ပါဝင်ထားပါတယ်။ ခရစ်စမတ်ရိုးရာ..ဆန်တာကလော့စ်တွေကို အယုံကြည်မရှိဘဲ ကြီးပြင်းလာခဲ့တဲ့ ဂျက်ဟာ ကြီးလာတော့ ဟက်ခ်ကာလောကမှာ အက်ဘီအိုင်ကပါ ကမ်းလှမ်းရတဲ့အထိ ဆရာတစ်ဆူဖြစ်လာပေမယ့် သူကတော့ အလွတ်တန်းပဲ သီးသန့်သာလှုပ်ရှားပါတယ်။ တစ်နေ့တော့ သူ့ကို မြောက်ဝင်ရိုးစွန်းက နေရာတစ်ခုကို နိုင်ငံတကာငလျင်စောင့်ကြည့်ရေးစင်တာကနေ လူတစ်စုကဟက်ခ်ခိုင်းပြီး ငွေပေးသွားပါတယ်။ သူဟက်ခ်လိုက်တဲ့နေရာက ဆန်တာကလော့စ်တို့ရှိရာ လျှို့ဝှက်ထားတဲ့ အာတိတ်ဒေသဖြစ်နေပြီး ဆန်တာကလော့စ်လည်း မသမာသူတွေ ပြန်ပေးဆွဲတာခံလိုက်ရပါတယ်။ ဒါပေမယ့် ခရစ်စမတ်အမှီ ဆန်တာရဲ့ကလော့စ်ရဲ့ နတ်သူငယ်စစ်သည်တော် The Rock က ဆန်တာကို ပြန်ကယ်ဖို့အတွက် ဆန်တာကို အယုံကြည်မရှိတဲ့ ဂျက်( Chris Evan ) နဲ့ပေါင်းကာ ခရစ်စမတ်စုန်းမဆီကနေ ဆန်တာကို ပြန်ကယ်တင်ဖို့ ကြိုးစားပါတော့တယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Cyberboy ဖြစ်ပါတယ်။) File size…(4.1 GB) / (1.8 GB) / (1.1 GB) Quality….WEB-DL 4K HEVC / 1080p HEVC / 720p Format…. mkv/mp4 Genre….Action, Adventure, Comedy, Fantasy, Mystery Duration….02:05:06 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka Naung, Benjamin Translated by Cyberboy

6.8 2024 124 mins
Red One
Dominion of Darkness
5.7

Dominion of Darkness (2024) IMDb Rating (5.7) ဖာသာ သောမတ်စ်ဟာ မိခင်နဲ့ညီမဖြစ်သူကို မတော်တဆမှုတစ်ခုမှာဆုံးရှုံးခဲ့ပြီးနောက်၊ သူ့ကိုယ်သူလိပ်ပြာမလုံစိတ် သံသယစိတ်တွေနဲ့ယုံကြည်ချက်ပြိုကွဲနေခဲ့ပြီး အသင်းတော်ကနေနူတ်ထွက်ဖို့ကြံစည်နေတဲ့သူတစ်ယောက်ပါ။ သွားလေသူ သူ့ ညီမဖြစ်တဲ့ဒီယန်ဒရာရဲ့သူငယ်ချင်း ကေလာဆိုတဲ့ကောင်မလေးကတော့ သူ့မိခင်ဖြစ်တဲ့သူတွဲနေတဲ့ လူရှုပ်လူပွေဖြစ်သူ ဒင်းနစ်စ်ကို မျက်မုန်းကျိုးကြည့်မရသလို အဲ့ဒီလူနောက် သူ့အမေ ပါသွားမှာကိုလည်း အစိုးရိမ်ကြီးစိုးရိမ်နေခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ ဆယ်ကျော်သက်ပီပီကြံရာမရစဉ်းစားရင်း သူငယ်ချင်းနောက်တစ်ယောက်ဖြစ်တဲ့ စီလာရဲ့အကြံနဲ့ ဝိဉာဉ်ခေါ်အရုပ်ကိုသုံးပြီး ဖခင်ဖြစ်သူရဲ့ဝိဉာဉ်ကိုခေါ်ယူပြီး အကူအညီတောင်းဖို့ဆုံးဖြတ်ဖြစ်ခဲ့ပါတယ်။ အဲ့ဒီမကြံမကောင်းမစည်ရာအကြံအစည်ကို အကောင်အထည်ဖော်ပြီးပြီးချင်း သူတို့နှစ်ဦးလုံး ထိတ်လန့်ဖွယ်ဖြစ်ရပ်တွေဆက်တိုက်ကြုံခဲ့ပြီးတဲ့နောက်မှာတော့ အသင်းတော်ရဲ့တာဝန်ရှိသူတွေ၊ အပနှင်ဘုန်းတော်ကြီးတွေ အားလုံးပါ ပေါင်းစည်းနှိမ်နင်းရတဲ့ ဆရာမနိုင်မိစ္ဆာတွေနဲ့ရင်ဆိုင်တွေ့ကြုံရတဲ့အဖြစ်တွေကိုသည်းထိတ်ရင်ဖိုခံစားကြရမှာပါ။ သမားရိုးကျအင်ဒိုဟော်ရာတွေထုံးစံဖြစ်တဲ့ အောက်လမ်းတွေ မှော်အတတ်တွေကနေ ခွဲထွက်သွားပြီး နတ်ဆိုးအပနှင်ပုံစံမျိုးကိုမှ ဟော်ရာကျွမ်းကျင်သူတွေဖြစ်တဲ့ အင်ဒိုနီးရှားလက်ရာနဲ့ရှုစားကြရမှာဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Alias ဖြစ်ပါတယ်။) File size… (1.3 GB) / (700 MB) Quality….WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre….Horror Duration….01:35:47 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Alias

Drama • Horror • Thriller
5.7 2024 96 mins
Dominion of Darkness
Arzé
7

Arzé (2024) IMDb Rating (7.0) အလုပ်အကိုင်မရှိ မငြိမ်သက်နေတဲ့ ဗီဇာယူပြီးနိုင်ငံထဲက ပြေးတဲ့လူတွေကပြေး မပြေးနိုင်တဲ့လူတွေက ကျန်နေတဲ့နိုင်ငံကြီးထဲက အဖြစ်သနစ်တွေအကြောင်းပေါ့။ ဒီနိုင်ငံမှာ ပြေးသွားတဲ့လူတွေရဲ့ ကျန်ရစ်သူတွေလည်း တော်တော်များတယ်။ ဒီရုပ်ရှင်ဟာ ကျန်ရစ်ခဲ့သူတွေရဲ့ အခက်အခဲတွေအကြောင်းလို့ပြောလို့ရတယ်။ လင်မရှိတော့သူတွေ အဖေမရှိတော့သူတွေ သူတို့ဘဝကြီးကို မပြေလည်မှုများစွာနိုင်ငံကြီးမှာ ခက်ခက်ခဲခဲဖြတ်သန်းနေရတဲ့အကြောင်းပေါ့။ ဒီရုပ်ရှင်က အဓိကဇာတ်ကောင်က တစ်ပြည်ခြားပြေးသွားတဲ့ ယောက်ျားရဲ့ သားတစ်ယောက်နဲ့ ကျန်ရစ်ခဲ့တဲ့ဇနီးပေါ့။ သူ့သားလေးရယ် အဖမ်းခံလိုက်ရပြီး လင်သေသွားတဲ့အစ်မရယ် သူရယ် ခက်ခက်ခဲခဲရှင်သန်နေကြတယ်။ သူကမုန့်လုပ် သူ့သားလေးက မုန့်ပို့ပေါ့။ ဒီလိုနဲ့ မုန့်ပို့လို့ အဆင်ပြေအောင်ဆိုပြီး ဆိုင်ကယ်လေးတစ်စီး ရှိသမျှအကုန်ပုံအောပြီး ဝယ်လိုက်တယ်။ တစ်ပူပေါ် နှစ်ပူဆင့်ဆိုသလို ကောင်းရောင်းကောင်းဝယ်လုပ်စားရာကနေ မုန့်ပို့တဲ့ ဆိုင်ကယ်လေး အခိုးခံလိုက်ရတယ်။ မငြိမ်သက်နေတဲ့နိုင်ငံဆိုတော့ သူခိုးတွေလည်းပေါ ရဲတွေကလည်း မလိုက်နိုင်။ ဆိုင်ကယ်ပျောက်လိုက်ရှာရင်း ပင်လယ်ဝေတဲ့အကြောင်းပါပဲ။ နီးနီးစပ်စပ်လေးဆိုတော့ ထိထိမိမိဖြစ်မယ့်ပုံပါပဲ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ W ဖြစ်ပါတယ်။) File size…(2.8 GB) / (940 MB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Comedy,Drama Duration….01:32:18 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by W

Comedy • Family
7 2024 93 mins
Arzé
Goodbye Mom
6.7

Goodbye Mom (2009) ************************ IMDb….. 6.7 Goodbye Mom ကတော့ ၂၀၀၉ခုနှစ်မှာထွက်ခဲ့ပြီး အမေနဲ့သမီးကြားက ဆက်ဆံရေးကို ဦးစားပေးရိုက်ကူးထားတဲ့ မိသားစုကိုရီးယားဟာသကားလေး တစ်ကားဖြစ်ပါတယ်။ ၂၀၁၀ ခုနှစ် ရှန်ဟိုင်းနိုင်ငံတကာရုပ်ရှင်ပွဲတော်မှာ Best Director for Asian New Talent ဆုကိုလည်း ဆွတ်ခူးနိုင်ခဲ့တဲ့ ဇာတ်ကားလေးဖြစ်လို့ တစ်ကားလုံးရသအပြည့်နဲ့ကြည့်ရမယ့် ဇာတ်ကားလေးပဲဖြစ်ပါတယ်။ Cast တွေအနေနဲ့ကတော့ သမီးအဖြစ် Good casting, Hello Me တို့ထဲက ဝါရင့်မင်းသမီးကြီး တစ်ယောက်ဖြစ်တဲ့ Choi Kang Hee ရဲ့ ငယ်စဉ်အရွယ်ကို မြင်တွေ့ရမှာဖြစ်ပြီး အမေအဖြစ်အနေနဲ့ကတော့ မင်းသမီးကြီး Kim Young Ae က ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဇာတ်လမ်းအကျဉ်း- အယ်ဂျာ (Choi Kang Hee) ကတော့ စာရေးတဲ့နေရာမှာပါရမီပါပြီး ကျောင်းပညာရေးမှာပါထူးချွန်တဲ့ ကျောင်းသူတစ်ယောက်ဖြစ်တယ်။ ဒါပေမဲ့ လိမ္မာတဲ့စံပြကျောင်းသူပုံစံမျိုးမဟုတ်ဘဲ ဂျစ်ကန်ကန်နဲ့ အမြဲတမ်း ပြဿနာရှာနေတတ်တဲ့ ကောင်မလေးတစ်ယောက်ဖြစ်နေတယ်။ အယ်ဂျာရဲ့ အမေဖြစ်သူ (Kim Young Ae) ကတော့ အယ်ဂျာ ရှာသမျှ ပြဿနာတွေကို နောက်ကနေ လိုက်ရှင်းရင်း ခေါင်းပူနေရသူပေါ့။ ငယ်စဉ်ကတည်းက အမေနဲ့ တကျက်ကျက် စကားများနေရတဲ့ အယ်ဂျာဟာ အရွယ်ရောက်တော့လည်း တစ်ပုံစံတည်းဖြစ်နေပြီး အိမ်ကိုတောင်ပြန်မလာဘဲ တခြားမြို့မှာပဲ တစ်ယောက်တည်း အခြေချရင်းစာရေးဆရာမဖြစ်ချင်တဲ့ အိပ်မက်ကိုလည်း အကောင်အထည်ဖော်ဖို့ ကြိုးစားနေခဲ့တယ်။ ဒါပေမဲ့အမေဖြစ်သူရဲ့ ရောဂါဟောင်းကပြန်ထလာပြီး စောင့်ကြည့်မယ့်သူမရှိဘဲ နေလို့မရတဲ့အခြေအနေဖြစ်လာတဲ့အခါမှာတော့ အယ်ဂျာဟာ အမေကိုပြုစုဖို့ အိမ်ကိုပြန်လာခဲ့ရတော့တယ်။ မတည့်အတူနေ သားအမိနှစ်ယောက် ဘယ်လိုအတူတူနေရင်း ဖြတ်သန်းသွားကြမှာလဲ… အယ်ဂျာကရော ဘယ်လိုပြဿနာတွေဆက်ရှာနေဦးမှာလဲ… အမေကရော ရောဂါနဲ့ဘယ်လိုရင်ဆိုင်သွားမလဲ.. ဆိုတာကိုတော့ Goodbye Mom ဇာတ်ကားလေးထဲမှာ မင်းသမီးကြီးနှစ်ယောက်ရဲ့ Chemistry မိတဲ့ သရုပ်ဆောင်ချက်တွေနဲ့ ခံစားကြည့်လိုက်ပါဦးနော်။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ဆိုသူကတော့ Vanessa ပဲ ဖြစ်ပါတယ်။) File Size : 1.69GB/ 780MB Quality : WEB-DL 1080p/ 720p Format…mp4 Duration…01:51:02 Genre : Life, Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Vanessa Encoded by Tiff

Crime • Drama • Romance
6.7 2009 111 mins
Goodbye Mom
Humanité L’humanité
6.8

Humanité (1999) IMDb Rating (6.8) / Rotten Tomatoes (69%) ရဲအရာရှိ ဖာရွန်ဒီ၀င်းတားဆိုသူတစ်ဦးဟာ ဆယ့်တစ်နှစ်အရွယ်ကလေးငယ်တစ်ဦး မတရားပြုကျင့်၊ ရက်ရက်စက်စက် အသတ်ခံလိုက်ရမှုကို လိုက်ရင်းကနေ လူနေမှုအသိုင်းအဝိုင်းကြားက ပုံမှန်လိုဖြစ်နေတဲ့ အကြမ်းဖက်မှုတွေ၊ ဖြစ်ရိုးဖြစ်စဉ်တွေကို မတူညီတဲ့ ရှု့ထောင့်ကနေ စမြင်တတ်လာတယ်။ ရည်းစားကောင်မလေးရော ဗိုက်ထဲက သူတို့ကလေးကိုပါ ဆုံးရှုံးလိုက်ပြီးနောက်မှာ ပုံမှန်မဟုတ်တော့တဲ့ ဒီ၀င်းတားတစ်‌ယောက် လူသားဆန်မှုဆိုတာက ဒီကမ္ဘာမှာ တကယ်ရောရှိနေလားဆိုတဲ့မေးခွန်းတွေကို အဖြေရှာရင်း ဇာတ်ကိုဖြည်းဖြည်းချင်းဆွဲခေါ်ပေးသွားမှာပါ ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Serenity ဖြစ်ပါတယ်။) File size…(2.1 GB) / (800 MB) Quality….Blu-Ray 1080p HEVC / 720p Format…. mkv/mp4 Genre….Drama,Mystery Duration….02:29:10 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by Serenity

6.8 1999 149 mins
Humanité L’humanité