YoteShin Drive is below this article. Scroll down to view.

YouTube testing a feature to view 4K video to premium

Author: Anonymous Published on: 12 Aug 2022

Google is now experimenting with new features in YouTube, one of the most commonly used video streaming platform, the most commonly used video streaming platform. But most of the test features are testing youTube premium using the monthly amount of money. In the past few weeks, Google was trying to add a lot of advertisements before the start of the video from YouTube. Now, there is only one feature to prioritize people who buy more premium. This is a need for premium if you want to view YouTube videos with 4K resolution. Therefore, if you are free using YouTube, you will be able to view 4K, but only 2K or 1440p. Currently, some users are experimenting with this kind of users, and it is not known whether Google will actually act later. Ref & # 8211; Neowin

YoteShin Drive

Sign in using google and save to your drive

The Legend of Shen Li E15 1080p WEB-DL CM.mp4

623.8 MB N/A video/mp4 313 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Cirkus
5.2

အခုတစ်ခါတင်ဆက်ပေးမယ့်ကားလေးကတော့ ဘောလီဝုဒ်ဟာသကားကောင်းလေးပဲဖြစ်ပါတယ်။ ဒီဇာတ်ကားထဲမှာ မင်းသားချော ရန်ဗီးဆင်းက Dual Role နေရာကနေသရုပ်ဆောင်ထားပြီး မင်းသမီး ပူးဂျာဟစ်ဂဒေ..ဂျက်ကလင်းဖာနန်ဒက်ဇ်တို့အပြင် ဟာသသရုပ်ဆောင်ကြီးတွေဖြစ်ကြတဲ့ ဂျွန်နီလီဗာ..ဆန်ဂျေးမစ်ရှရားစသဖြင့် သရုပ်ဆောင်ပေါင်းများစွာလည်း ပါဝင်အားဖြည့်ထားသလို မင်းသမီးချောလေး ဒီပီကားပါဒူကွန်ကလည်း Cameo အနေနဲ့ ပါဝင်ပေးထားပါတယ်နော်။ ဆရာဝန်တစ်ယောက်ရဲ့စူးစမ်းချင်စိတ်ကြောင့် ဖြစ်ပေါ်လာတဲ့ စမ်းသပ်ချက်တစ်ခုပေါ်မူတည်ပြီး အလွဲကြီးလွဲခဲ့ရတဲ့ဇာတ်ကြောင်းလေးပေါ့ဗျာ။ အငှားကိုယ်ဝန်ဆောင်ခြင်းတွေ ခေတ်မစားသေးခင်ကာလ ဒီကိစ္စကို လူတွေလက်မခံနိုင်ကြတဲ့အခါ...။ ပြုစုပျိုးထောင်ပေးတဲ့ မိသားစုတူရင် ဒီညီအစ်ကိုမောင်နှမတွေဟာ ကိုယ့်သွေးသားမဟုတ်လည်း သွေးသားရင်းခြာလို့ မေတ္တာထားကြမယ်။ ကူညီရိုင်းပင်ကြမယ်ဆိုတာကို ဒီဆရာဝန်ဟာ လောကကြီးကို ချပြချင်ခဲ့ပါတယ်။ ဒီလိုနဲ့ အမြွှာနှစ်တွဲကို တစ်ယောက်ဆီလွဲထည့်ပြီး မိသားစုနှစ်စုကို တစ်တွဲစီမွေးစားဖို့ပေးလိုက်ပါတော့တယ်။ တစ်ရက်တော့ ရုပ်တူပြီး လူချင်းလွဲနေတဲ့ ဒီအမြွှာနှစ်တွဲဟာ တစ်မြို့တည်းမှာ အတူဆုံကြတဲ့အခါမှာတော့ ဖြစ်ပျက်သမျှအလုံးစုံဟာ စတင်ပြီး လွဲလာပါတော့တယ်။ အလွဲလွဲအချော်ချော်နဲ့ ဘယ်လိုတွေ ပါးစပ်မပိတ်တမ်း ရယ်ရမလဲဆိုတာကိုတော့ ဇာတ်ကားထဲမှာပဲ ဆက်လက်ရှုစားကြည့်ပါတော့နော်။ File size…2.69GB / 1.25GB Quality…1080p WEB DL / 720p Format…mp4 Duration….2h 19m Subtitle….Myanmar Subtitle(Hard Sub) Encoder….YK Translated by Taylor~Khin Khin~ Nyein Aye ~BpL~Yunni

Comedy • Mystery • Sci-Fi & Fantasy
5.2 2022 140 mins
Cirkus
20th Century Girl
8.3

ဒီတစ်ခါ CM ကနေတင်ဆက်ပေးမယ့်ဇာတ်ကားသစ်‌လေးကတော့ လူကြီးလူငယ်အကြိုက်တွေ့စေမယ့် ပေါ့ပေါ့းပါးပါး Drama အမျိုးအစားရုပ်ရှင်လေးပဲဖြစ်ပါတယ်။ ဇာတ်လိုက်မင်းသမီးအနေနဲ့ Kim Yoo Jung , Han Hyo Joo တို့လိုနာမည်ကြီးတွေပါနေလို့ ဇာတ်ညွှန်းဇာတ်အိမ်မကောင်းမှာကိုတော့ ပူစရာလုံးဝမလိုပါဘူးနော်။ လူငယ်ပီပီ မကြာခဏစိတ်ကစားတတ်လေ့ရှိတဲ့ နှလုံးရောဂါသည်ဖြစ်သူသူငယ်ချင်းက ကြိတ်ကြိုက်ရတဲ့ကောင်လေးတစ်ယောက်တွေ့သွားလို့ အမေရိကမှာခွဲစိတ်မှုသွားခံယူဖို့မလုပ်တော့ဘဲ ပေကပ်နေတဲ့အခါ Na Bora တစ်ယောက် အကြံအဖန်တစ်ခုလုပ်ရပါတော့တယ်။ သူငယ်ချင်းရဲ့ crush ကလည်း တိုက်ဆိုင်ချင်တော့ သူတို့နှစ်ယောက်နဲ့တစ်ကျောင်းတည်း အတန်းတူကောင်လေးဖြစ်နေခဲ့..... . သူငယ်ချင်းခွဲစိတ်ရရင်ပြီးရောဆိုတဲ့ Na Bora ကတော့ ဆရာမကြီးအထာနဲ့ ၁၉၉၉ ခုနှစ်မှာတောင် Email account တွေဘာတွေ ခက်ခက်ခဲခဲကောက်ဖွင့်ပေးပြီး crush စိတ်ငယ်ထိပ်ရောက်နေတဲ့ bff ကို ကတိတစ်ခုပေးပါတော့တယ်။အဲ့ဒီနောက်မှာတော့ အလွဲမျိုးစုံနဲ့ဘာတွေဆက်ဖြစ်မလဲဆိုတာကိုတော့... File Size : (2.21GB) (787MBB) & Quality : WEB-DL 1080P5.1CH,720p Format…mp4 Duration…01:59:00 Genre : Drama , Romance Subtitle : Myanmar Subtitle (Hard Sub) Translated by Hnin Wut Yi, Hae Areum & Hay Thar Oo Encoded by Phyo Pyae

Comedy
8.3 2022 119 mins
20th Century Girl
Orphan
7

ဒီတစ်ခေါက်တော့ IMDb 7 ရထားပြီး စိတ်လှုပ်ရှားဖွယ်..ခြောက်ခြားဖွယ်..ကားတစ်ကားနဲ့မိတ်ဆက်ပေးလိုက်ပါတယ်... ဂျွန်နဲ့ကိတ်ဆိုတဲ့မိသားစုမှာ ကလေးနှစ်ယောက်ရှိပါတယ်..ကိတ်ရဲ့ တတိယမြောက်ကိုယ်ဝန်လွယ်ထားရတဲ့အချိန်မှာ. ကလေးပျက်ကျသွားခဲ့လို့..သူတို့ဇနီးမောင်နှံနှစ်ယောက်လုံးမှာအကြီးအကျယ်ခံစားခဲ့ရပါတယ်...ဒါကြောင့်မို့ဒီဝေဒနာကိုကုစားဖို့.. လင်မယားနှစ်ယောက်အတူတိုင်ပင်ပြီး.ကလေးတစ်ယောက်ကိုမွေးစားဖို့ဆုံးဖြတ်ခဲ့ကြပါတယ်..ဒီလိုနဲ့ မိဘမဲ့ကလေးဂေဟာကိုရောက်တော့ အရွယ်နဲ့မလိုက်အောင်ကိုရင့်ကျက်ပြီး ထူးထူးဆန်းဆန်းစကားတွေပြောတဲ့စကားပြောကောင်းလှတဲ့အက်စတာ ဆိုတဲ့ကလေးငယ်ကိုသဘောကျသွားပြီး မွေးစားဖို့ခေါ်လာပါတော့တယ်အက်စကာရောက်လာတာကို သမီးအငယ်ကအဆင်ပြေမယ့် သားကတော့သိပ်သဘောကျပုံမရပါဘူး...အစပိုင်းမှာအဆင်ပြေပေမယ့် နောက်ပိုင်းမှာ ကိတ်နဲ့ပါအဆင်မပြေဖြစ်လာပါတယ်..တစ်အိမ်လုံးနဲ့အဆင်ပြေပေမယ့် ကိတ်ရဲ့ယောက်ကျားဂျွန်နဲ့တော့ အက်စတာ ဟာအမြဲတမ်းအဆင်ပြေပါတယ်..ဒီလိုနဲ့တဖြေးဖြေး အက်စတာကို တိတ်ဟာ တဖြေးဖြေးသံသယဝင်စရာတွေများလာပါတယ်.အက်စတာရဲ့ နောက်ကြောင်းကိုစုံစမ်းသိရှိပြီး သိလိုက်ရတဲ့အချိန်မှာတော့........... ================================================== ..... File size…(3.81GB) - (1.1GB) Quality…. 1080P Bluray Format… mp4 Duration….02:03:05 Subtitle….Myanmar Subtitle (Hardsub) Translated by ... Ei Pyae Encoder…. LK ~ Thit San Khant

Comedy • Drama • Fantasy • Romance • TV Movie
7 2009 122 mins
Orphan
Color of Night
5.8

Erotic ကားပေမဲ့ ဒီရုပ်ရှင်ကို ရိုက်တဲ့သူက Richard Rush ပါ။ ၁၉၈၀တုန်းက The Stunt Man ကားနဲ့ အော်စကာမှာ ဒါရိုက်တာဆုတွေ ဇာတ်ညွှန်းဆုတွေ ဝင်ခဲ့တဲ့ဘဲပေါ့။ သရုပ်ဆောင်တွေက‌တော့ ဘရုစ်ဝီလီစ်နဲ့ မာစတာပိစ်ကားတွေ အပေါသားရှိတဲ့ ပြင်သစ်မှာ "The Lover"လို့ခေါ်တဲ့ ခုဂန္ထဝင်ဖြစ်နေလောက်တဲ့ ပြင်သစ်အချစ်ကားကို ဟောင်ကောင်ရုပ်ရှင်လောကရဲ့ ဘစ်တိုနီလို့ခေါ်တဲ့ တိုနီလျောင်ခဖိုင်နဲ့ တွဲဖက်သရုပ်ဆာင်ဖူးတဲ့ အလှလေးပါပဲ။ သူပျိုမျစ်တုန်းက အဲဒီကာလမှာ နာမည်ကြီးအောင်မြင်နေတဲ့ ဘရုစ်ဝီလီစ်နဲ့ ရိုက်ထားတဲ့ကားဆိုတော့ ကြည့်ကို ကြည့်သင့်တဲ့ကားပါပဲ။ လူနာတစ်ယောက်ကို ကုသနေရင်းတန်းလန်းမှာ တုန်လှုပ်စရာပုံစံနဲ့ ဆုံးရှုံးလိုက်ရတဲ့ စိတ်ဝေဒနာအတိုင်ပင်ခံ ဘေးလ်ကာပါတစ်ယောက် သူကိုယ်တိုင်ရလိုက်တဲ့ စိတ်ဝေဒနာကို ကုစားဖို့ စိတ်ကုဆရာဝန်ပဲဖြစ်တဲ့ သူ့သူငယ်ချင်းဘော့ဘ်မိုးရ် နေထိုင်ရာ လော့စ်အိန်ဂျလိစ်မြို့ကို ထွက်လာခဲ့တယ်။ မိုးရ်ကုသပေးနေတဲ့ တစ်မျိုးစီမတူကွဲပြားကြတဲ့ ဝေဒနာရှင်ငါးယောက်ပါ တိုင်ပင်ဆွေးနွေးဝိုင်းမှာ အတူပါဝင်ရင်းနဲ့ နာလန်ထူဖို့ ဘေးလ်ကြိုးစားနေချိန်မှာပဲ သူ့မိတ်ဆွေဘော့ဘ်မိုးရ် ရက်ရက်စက်စက် အသတ်ခံလိုက်ရတဲ့အဖြစ်နဲ့ ကြုံလိုက်ရတယ်။ လက်သည်တရားခံက မိုးရ်ကုသနေတဲ့အဖွဲ့ထဲက တစ်ယောက်ယောက်ဖြစ်မယ်လို့ ရဲအဖွဲ့က သံသယရှိနေပေမဲ့ ဒီအဖွဲ့ဝင်ဝေဒနာရှင်တွေကိုယ်တိုင် ပစ်မှတ်ထားခံရသလိုမျိုး ဖြစ်လာချိန်မှာ ဘေးလ်ရဲ့ဘဝထဲကို ရင်ဖိုစရာ လျှို့ဝှက်ဆန်းကြယ်တဲ့ ကောင်မလေးတစ်ယောက် ဝင်လာခဲ့တယ်။ ဘေးတစ်ယောက် ဒီကောင်မလေးကို တဖြည်းဖြည်းငြိတွယ်လာချိန်မှာ သူတို့အဖွဲ့ကြုံနေရတဲ့ အဖြစ်ဆိုးတွေဟာ ဒီမိန်းကလေးနဲ့ တိုက်ရိုက်ဆက်စပ်မှု ရှိနေတယ်ဆိုတာကို ဘေးလ်မြင်လာရပေမဲ့ တကယ့်အဖြစ်မှန်က သူထင်ထားတာထက် ပိုရှုပ်ထွေးနေမှန်း ဘေးလ်ကာပါ သိလိုက်ရချိန်မှာတော့... ထူးထူးခြားခြားပဲ ဒါရိုက်တာ နဲ့ Cast ကောင်းတွေသုံး ရိုက်ခဲ့ပေမဲ့ ဒီရုပ်ရှင်ဟာ ၁၉၉၄ရဲ့ အဆိုးရွားအစုတ်ပြတ်ဆုံး ရုပ်ရှင်ဆုကို ရခဲ့တာမို့ ထူးခြားလို့ ကြည့်သင့်တဲ့ကားပါပဲ။ ကားကတော့ အစုတ်ပြတ်ဆုံးကားပေမဲ့ ဒီရုပ်ရှင်ထဲက အခန်းတွေကတော့ The Best Sex Scenes in Film History ဆိုပြီးပါ ထောပနာပြုခံခဲ့ရတဲ့အထိ ပြောင်မြောက်ခဲ့ပါတယ်။ ဒီလောက်ဆို လုံလောက်ပြီမလား... (ဒီဇာတ်ကားနဲ့အညွှန်းကို Costanza မှ ပြန်ဆို ရေးသားထားပါတယ်) Size - 2.2GB, 1.1GB Quality - 1080p, 720p IMDb Rating - 5.2/10 Format - mp4 Duration - 2H 1Min Genre - Drama, Mystery, Romance Subtitle - Myanmar Subtitle (Hardsub) Translated by Costanza Encoded by Y

Thriller
5.8 1994 121 mins
Color of Night
Weird: The Al Yankovic Story
6.7

ဒီ movie genre ကတော့တော်တော်ထူးခြားတယ်ပြောရမယ်။ Biography ကိုမှ ဟာသပြုထားသရော်ထားတဲ့ Biography Parody အမျိုးအစားပါ။ ဒီတော့ဘယ်သူ့ Biography လဲမေးရင် တစ်ခေတ်တစ်ခါက parody songs တွေရဲ့ဘုရင်ကြီး Weird Al ရဲ့Biography ပါပဲ ဒီဟာသပြုအထုပ္ပတ္တိကို Weird Al ကိုယ်တိုင်ပူးတွဲရေးသားထားပြီး သရုပ်ဆောင်တာကလဲထူးထူးခြားခြားဇာတ်လမ်းတွေသရုပ်ဆောင်နေကျ အားလုံးအချစ်တော်ဟယ်ရီပေါ်တာမင်းသားဆိုတော့ တကယ့်ကြည့်ကောင်းတဲ့ဇာတ်လမ်းပါပဲ။ အဆိုကျော်ကြီးတစ်ယောက်ရဲ့ အထုပ္ပတ္တိကိုကြည့်ရမယ့်အပြင် ဟာသပြုထားတော့သာမန်အထုပ္ပတ္တိဇာတ်လမ်းတွေလိုပျင်းစရာလဲမကောင်းတော့ဘူးပေါ့။ ဒါက Weird Al ဘဝဖြစ်ရပ်မှန်နဲ့ဇာတ်လမ်းပြန်ဖန်တီးထားတယ်ဆိုတော့ ဒါကြည့်ပြီးရင်တော့ဘယ်အချက်တွေကများအမှန်လဲဆိုပြီး သိချင်စိတ်နဲ့ အားလုံး ဂူဂဲလ်ရောက်သွားကြမှာသေချာတယ်ဗျာ။ ဒီဇာတ်လမ်းမှာ ပေါ့ပ်ကွင်းမက်ဒေါနားနဲ့အချစ်ဇာတ်လမ်းပါပါသေးတာမို့ Weird Al ပြောတာက လက်ရှိသူ့နာမည်နဲ့ပတ်သက်ပြီး ဂူဂဲမှာအရှာဖွေဆုံးက သူနဲ့မက်ဒေါနားတကယ်ပတ်သက်ခဲ့သလားဆိုတာပါပဲဆိုတော့ အမြန်ကြည့်ပြီး ဂူဂဲလ်မှာအမြန်သာပြေးရှာလိုက်ကြပါတော့။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Rashida ပဲ ဖြစ်ပါတယ်။ Genre..... Biography, Comedy, Music Quality…. 1080p | 720p | 480p File size… 1.6GB | 863MB | 465MB Format… mp4 Duration…. 1h 48min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Rashida Encoder ..... August

Adventure
6.7 2022 108 mins
Weird: The Al Yankovic Story
Master of Maoshan
5

ယင်ရှောင်ရီဟာ အမေဖြစ်သူဖွင့်ထားတဲ့ စားသောက်ဆိုင်လေးမှာ ဝိုင်းလုပ်ဝိုင်းကူပေးရတဲ့ လူငယ်လေးတစ်ယောက်ပေါ့၊ ခမျာမှာ စားသောက်ဆိုင်အလုပ် လုပ်ရတယ်ဆိုပေမယ့် သူ့စိတ်ထဲမှာတော့ အင်မတန်ကြီးကျယ်တဲ့ ဆန္ဒတစ်ခုတော့ ရှိနေသဗျ၊ အဲဒါကတော့ မောရှန်းကျောင်းတော်လို့ခေါ်တဲ့ အဆင့်အတန်းမြင့်တဲ့ သိုင်းပညာသင်တန်းကျောင်းမှာ ပညာသင်ပြီး နဂါးကိုးကောင် သခင်ဆိုတဲ့ ကျောင်းရဲ့အမြင့်ဆုံးဂုဏ်ပုဒ်ကြီးနဲ့ ဝင့်ကြွားချင်သူပေါ့၊ ဖြစ်ချင်တော့ မောရှန်းရဲ့ ကျောင်းတော်က ရန်စလို့ ပြောရမယ့် ရန်သူတော်ကြီးတစ်ယောက်ဟာ အောက်လမ်း မှော်အစွမ်းတွေနဲ့ တိုက်ခိုက်လာမယ့်ဘေးနဲ့ ကြုံတွေ့လာရတဲ့အခါ ကျောင်းတော်ကြီးအနေနဲ့ နဂါးကိုးကောင်သခင်ဘွဲ့ကို လက်ဆင့်ကမ်းရယူမယ့် သိုင်း ပညာရှင်အကျော်အမော်ကို ရှာခဲ့ပါတယ်၊ ကံစီမံရာပဲ ဆိုရမလား၊ ကံကောင်းချင်တယ်ပဲ ပြောရမလား... ယင်ရှောင်ရီတစ်ယောက် မရွယ်ဘဲစော်ကဲမင်းဖြစ်ဆိုသလို သိုင်းပညာနဲ့ပတ်သတ်ရင် ဗလာနတ္ထိ ဘာမှမသိရာမှ ထိုဂုဏ်ပုဒ်ကိုရသွားတဲ့အခါ... ကွန်ဖူးအကြောင်းတစ်လုံးနကန်းမသိတဲ့ ရှောင်ရီအနေနဲ့ သူ့အပေါ်အမြင်မကြည်တဲ့ သိုင်းဆရာနဲ့ သိုင်းညီအစ်ကိုတွေကြား ဘယ်လိုကြိုးစားပြရင်း နဂါးကိုးကောင်သခင်ဘွဲ့နဲ့ သူထိုက်တန်ကြောင်း ပြမလဲ၊ မောရှန်းကျောင်းရဲ့ ရန်သူတော်ကြီးကို ဘယ်လိုချေမှုန်းမလဲ ဆိုတာကို ပေါ့ပေါ့ပါးပါးကြည့်ရှူရမှာပါ၊ ငယ်ငယ်က သိပ်ကိုကြိုက်ခဲ့ရတဲ့ Animationကားတစ်ကားကိုပါ မြင်ယောင်စေမိမှာပါ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Jim X ပါ ) File Size__(1.5GB) / (700MB) Quality__WebDL_1080p, 720p IMDb Rating__5.6/10 Format__mp4 Duration__01:20:00 Type__Action, Adventure, Fantasy Subtitle__Myanmar Subtitle (Hardsub) Translated by Jim X Encoded by Naing Aung Latt

Action • Thriller
5 2021
Master of Maoshan
Indemnity
6.7

အလုပ်အပေါ်သစ္စာရှိသူ တာဝန်သိမီးသတ်တပ်မှူး သီယိုဟာ အကြီးစား မီးလောင်မှုတစ်ခုမှာ သူ့ရဲ့ ခေါင်းမာတဲ့ ဆုံးဖြတ်ချက်ကြောင့် သူငယ်ချင်းနှစ်ယောက်ကို ဆုံးရှုံးလိုက်ရတဲ့အတွက် စိတ်ဒဏ်ရာခံစားနေရသူဖြစ်ပါတယ်။ အစိုးရဝန်ထမ်းတွေအတွက် အခမဲ့ကုသပေးနေတဲ့ စိတ်ဒဏ်ရာ ရောဂါကုဆေးခန်းတစ်ခုမှာ ကုသမှုခံယူပေမယ့် စိတ်ဒဏ်ရာကသက်သာမလာတဲ့အပြင် .. တစ်နေ့မနက်မှာတော့ မိန်းမဖြစ်သူကို မိမိဘေးမှာ လဲလျောင်းသေဆုံးနေတာတွေ့လိုက်ရပြီး အဓိက သံသယရှိသူအဖြစ် သတ်မှတ်ခံလိုက်ရပါတယ်။ သူသွားသမျှနောက်ကို အဖွဲ့အစည်းတစ်ခုကနေလိုက်နေပြီး သီယိုနဲ့တွေ့ခဲ့သမျှလူတွေဟာလည်း အသတ်ခံရတဲ့အတွက် တစ်နေ့တည်းမှာတင် အစုလိုက်အပြုံလိုက်သတ်သူ အန္တရာယ်ရှိဝရမ်းပြေးဖြစ်သွားရပြန်ပါတယ်။ ဒါတွေအားလုံးရဲ့နောက်ကွယ်မှာလည်း အစိုးရထိပ်တန်းခေါင်းဆောင်တွေရဲ့ လူမျိုးရေးခွဲခြားမှုနှင့်အတူ နိုင်ငံရေးလှည့်ကွက်အကြီးစားကြီးတစ်ခုပါဝင်နေပါတယ်။ အဲဒီတော့... နိုင်ငံတော်ကိုကာကွယ်ရမယ့် အကြီးအကဲတွေကိုယ်တိုင် မိမိတစ်ဦးတည်းရဲ့ အာဏာနောက်ကို လိုက်တဲ့အခါမှာ နိုင်ငံသားတွေအပေါ် လူမဆန်တဲ့ ပြစ်မှုတွေကျူးလွန်လာနိုင်လားဆိုတာကို စိတ်ဝင်စားစွာကြည့်ရှုရမယ့် မှုခင်းဇာတ်ကားကောင်းတစ်ခုဖြစ်ပါတယ် (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ Hnin Wut Yi ပါ။) File Size          :  (2.4GB), (900MB) & (409MB) Quality            : 1080p WEBRip AC3 5.1CH, 720p WEBRip & 480p Format            : mp4, mkv Duration         : 2hr & 4mins Genre              : Action, Thriller Translated by  Hnin Wut Yi Encoded by Kinnov

Comedy • Romance
6.7 2022 124 mins
Indemnity
At Middleton
6.1

လူငယ်တို့ရဲ့ချစ်ခြင်းမဟုတ်တဲ့ အိမ်ထောင်ရှိလူကြီးနှစ်ယောက်ရဲ့ တနေ့တာကာလအတွင်းကြုံတွေ့ခဲ့ရတဲ့ အချစ်တွေကို ရိုက်ပြထားတဲ့ အချစ်ဟာသဇာတ်မြူးကားလေးကိုတင်ဆက်ပေးလိုက်ပါတယ်။ Conjuring Universe မှာ Lorraine Warren အဖြစ်သရုပ်ဆောင်ခဲ့တဲ့ မင်းသမီး Vera Farmiga နဲ့ မင်းသားကြီး Andy Garcia တို့က အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ အီဒစ် မာတင် (Vera Farmiga) ဟာ ကလေးအသုံးအဆောင်ပရိဘောဂတွေရောင်းတဲ့အမျိုးသမီးတယောက်ဖြစ်ပြီး သူ့ရဲ့သမီး အော်ဒရေ မာတင် ကောလိပ်တက်ဖို့အတွက် မစ်ဒဲတန်ကောလိပ်ကို သူ့သမီးနဲ့အတူ လာရောက်လေ့လာသူပါ။ ဂျော့ ဟာ့မန်း (Andy Garcia) ကတော့ နှလုံးခွဲစိတ်ပါရဂူတယောက်ဖြစ်ပြီး မစ်ဒဲတန်မှာ ကောလိပ်တက်ဖို့စိတ်မပါတဲ့ သူ့သားဖြစ်သူ ကွန်ရတ် ဟာ့မန်းနဲ့အတူ ကျောင်းကိုလာလေ့လာသူပါ။ ဒီလိုနဲ့ သူတို့နှစ်ဖွဲ့လုံး မစ်ဒဲတန်ကောလိပ်လေ့လာရေးခရီးစဉ်မှာဆုံမိကြပြီး ခေါင်းမာတတ်တဲ့မိဘတွေရဲ့သဘာဝအရ သူတို့သားသမီးတွေကို အရှက်ခွဲမိသလိုဖြစ်သွားခဲ့ပါတယ်။ ဒါကြောင့် အီဒစ်နဲ့ ဂျော့တို့ နှစ်ယောက်သား အဖွဲ့ထဲကနေလစ်ထွက်လာခဲ့ပြီး ဘာကိုမှတာဝန်ယူစရာမလိုတဲ့ လူငယ်တွေအဖြစ် ကျောင်းဝန်းထဲမှာ လျောက်သွားကြပြီး ပေါက်ကရတွေလုပ်ကြရင်း နေ့တဝက်ထဲမှာတင် ချစ်မိသွားကြပုံကို ရယ်ရယ်မောမောနဲ့ ကြည့်ရှုလိုက်ကြပါဦးဗျ။

Drama
6.1 2013 101 mins
At Middleton
Road To High & Low
6.4

High & Low ဂျပန်ရုပ်ရှင်နဲ့ စီးရီးတွေဆိုတာကတော့ Gangster လူမိုက်တွေ ဂိုဏ်းတွေ အုပ်လိုက်ချကြတာတွေ ကြိုက်တဲ့လူတွေအတွက်တော့ ရှယ်ပါပဲ။ သူကတော့ စီးရီးကို Season 1 & 2 ရှိထားပြီး ရုပ်ရှင်ဆိုလည်း ၆ ကားထိ ထွက်ရှိရတဲ့ထိ အောင်မြင်မှုရထားပါတယ်။ (၆ ကားလုံးလည်း တင်ဆက်ပေးမှာပါ)။ High & Low ကြည့်ဖို့ အတွက် အကျဉ်းချုံး ဒါလေးကို ရှင်းပြထားချင်ပါတယ်။ ပထမဆုံး SWORD ဆိုပြီး နယ်မြေကြီးတစ်ခု ရှိပါတယ်၊ ဒီနယ်မြေထဲမှာ လူမိုက်ဂိုဏ်း ၅ ဂိုဏ်းက အချင်းချင်း သိပ်မတည့်ကြပဲ ကိုယ်စီအုပ်ချုပ်လျက်ရှိပါတယ်။ 1. ဆန်းနိုးလူမိုက်ဂိုဏ်း (SWORD ထဲက S) ဒီရုပ်ရှင်ရဲ့ဇာတ်ဆောင်လို့ပြောရမယ့် မင်းသားတို့ရဲ့အဖွဲ့ပါ ခေါင်းဆောင်ကော်ဘရာနဲ့အတူ ယာမာတိုတို့က ဖွဲ့စည်းထားတာပါ။ 2. ဝှိုက်ရတ်စကဲလ်ဂိုဏ်း- အဖြူရောင်လူပေလူတေများ (SWORD ထဲက W) ယောက်ျားသားတွေရဲ့နှိပ်စက်ရမ်းကားတဲ့ဒဏ်ကိုခံရတဲ့ မိန်းကလေးတွေကို ကာကွယ်ဖို့ဆိုပြီး ကလပ်ထောင် ဖွဲ့စည်းထားတဲ့ဂိုဏ်းပါ၊ ခေါင်းဆောင်ကတော့ ရော့ကီဖြစ်ပါတယ်။ 3. အိုယာအထက်တန်းကျောင်းဂိုဏ်း (SWORD ထဲက O) အချိန်ပိုင်းကျောင်းသား၊ အချိန်ပြည့်ကျောင်းသားတွေနဲ့ ဖိုက်ကလပ်လုပ်ပြီး ဖွဲ့စည်းထားတဲ့ဂိုဏ်းပါ၊ ခေါင်းဆောင်ကတော့ မူရာယာမဖြစ်ပါတယ်။ 4. ရူဒီဘွိုင်းစ်ဂိုဏ်း – လူရိုင်းလေးများ (SWORD ထဲက R) မိဘကစွန့်ပစ်ထားသူတွေ၊ ခိုလှုံရာမဲ့သူတွေ လာစုဝေးကြတဲ့ အမည်မရှိဆိုတဲ့ ဥပဒေမဲ့မြို့လေးကို စောင့်ရှောက်ပေးနေတဲ့ဂိုဏ်းဖြစ်ပါတယ်၊ ခေါင်းဆောင်ကတော့ စမုတ်ကီဖြစ်ပါတယ်။ 5. ဒါရူးမားဂိုဏ်း (SWORD ထဲက D) SWORD နယ်မြေရဲ့ ပွဲတော်တွေကို ထိန်းချုပ်ကိုင်တွယ်ထားတဲ့ ဂိုဏ်းပါ၊ ခေါင်းဆောင်ကတော့ ဟျူဂါဖြစ်ပါတယ်။ တစ်ဖက်မှာ ဒီ SWORD တွေကို ကြည့်မရဖြစ်နေပြီး အဲဒီနယ်မြေကို အသစ်ပြန်တည်ဆောက်မယ့်စီမံကိန်းတွေကို လုပ်ချင်နေတဲ့ ငွေကြေးဓနရှင် ခူရူးယုအဖွဲ့ လူမိုက်ဂိုဏ်းအကြီးစားကြီး ရှိပါတယ်။ ဒီဇာတ်လမ်းလေးရဲ့အကြောင်းကတော့ ကော်ဘရာ၊ ယာမာတိုနဲ့ နိုဘိုရုဆိုပြီး ကလေးဘဝကတည်းက သူငယ်ချင်းသုံးယောက်ရှိကြပါတယ်။ သူတို့ထဲကမှ နိုဘိုရုကတော့ အားနည်းသူတွေကို ကာကွယ်ဖို့ဆိုပြီး ရှေ့နေဖြစ်ချင်တဲ့လူတစ်ယောက်ပါ (ကျန်တဲ့နှစ်ယောက်က လေးစားအားကျရတဲ့ စတားတစ်ယောက်ပေါ့)။ အသက်တွေကြီးလာတော့ ကော်ဘရာနဲ့ ယာမာတိုက မူဂန်ဂိုဏ်းမှာ လူမိုက်တွေဖြစ်နေတာပေါ့၊ နိုဘိုရုကလည်း သူ့အိပ်မက်ဖြစ်တဲ့ ရှေ့နေဖြစ်ဖို့ ကြိုးစားကျောင်းတက်နေရင်းပေါ့။ ဒါပေမဲ့ ကြမ္မာဆိုးတစ်ခုကြောင့် နိုဘိုရု ထောင်ကျသွားပါတော့တယ် အဲဒီမှာ သူတို့ ၃ ယောက်လည်း ကွဲခဲ့ရပါတယ်။ အဲဒါပြီးတော့ အချိန်ကြာလာတဲ့အခါ ကော်ဘရာနဲ့ ယာမာတိုက ဆန်းနိုးဂိုဏ်းကို တည်ထောင်ထားပြီး ပြဿနာလေးတွေ ဖြေရှင်းနေရင်း ရှင်သန်နေကြပါတယ်။ တစ်နေ့မှာတော့ သူတို့ရဲ့ SWORD ၅ ဂိုဏ်းလုံးကို ခူရူးယုအဖွဲ့ခွဲဖြစ်တဲ့ အဲအိမုရမိသားစုဆိုတဲ့ ဂိုဏ်းကြီးက သူတို့အဖွဲ့အစည်းထဲ လာပေါင်းဖို့ လာစည်းရုံးပါတယ်၊ လက်မခံရင်လည်း ချေမှုန်းခံရမယ်ဆိုပြီး ချိန်းခြောက်ပါတယ်။ ဒါပေမဲ့ ဖြစ်ချင်တော့ အဲဒီလိုလာပြောတဲ့လူဟာ သူတို့လေးစားအားကျခဲ့ရတဲ့ ငယ်သူငယ်ချင်းနိုဘိုရုတစ်ယောက် ဖြစ်နေပြီး ဘာကြောင့် ဒီလိုဖြစ်ရတာလဲ ဘာဆက်ဖြစ်ကြမလဲ ဆိုတာကို ကြည့်ရှုရမှာပါ။ ကြားထဲမှာလည်း ဂိုဏ်းအချင်းချင်းကြားက ပြဿနာတွေ အရှုပ်တော်ပုံတွေနဲ့အတူ လှည့်ကွက်တွေနဲ့ ခပ်မိုက်မိုက်အက်ရှင်တွေကို ခံစားရမှာပါ။ ဇာတ်ကားကလည်း ၆ ကားလုံး တင်ဆက်ပေးသွားမှာဆိုတော့ လူမိုက်တွေ အုပ်လိုက်ဖိုက်တင်းချကြတဲ့ ပရိသတ်တွေအဖို့ အကြိုက်တွေ့မှာသေချာပါတယ်၊ မိန်းကလေးပရိတ်သတ်တွေအတွက်လည်း ဂျပန်လူမိုက်အဆင်လေးတွေဖြစ်လို့ ငမ်းရဖို့သာ ပြင်ထားပါ။ File size…1.51GB / 768.3MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 35m Genre ….. Action , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Thit San Khant Translated by Thura Aung

6.4 2016
Road To High & Low
The Saint
6.2

The Saint (1997) မိတ်ဆွေသည် ငယ်စဉ်က ဆရာကြီး ရွှေဥဒေါင်း၏ စာများကို ဖတ်ရှူခဲ့ ကြိုက်နှစ်သက်ခဲ့သည့် ပရိသတ်တစ်ယောက်ဖြစ်သည်ဆိုငြားအံ့။ ယခု တင်ဆက်လတ္တံ့သော ဓာတ်ရှင်သည် မိတ်ဆွေဖတ်ခဲ့ဖူးလောက်သည့် ဆရာကြီး ရွှေဥဒေါင်း၏ ဇာတ်ကောင်တစ်ကောင်နှင့် သက်ဆိုင်နေပေသည်။ ဟုတ်ပါ၏။ “သူတော်စိန်” သည် The Saint ပင် ဖြစ်လေသည်။ “The Saint” ခေါ် ဆိုင်မွန်တမ်ပလာသည် အင်္ဂလိပ်စာရေးဆရာကြီး Leslie Charteris ၏ ဇာတ်ကောင်တစ်ကောင်ဖြစ်၏။ 1928 ခုနှစ်တွင် အစပြုခဲ့သော The Saint သည် နှစ်ပေါင်း 95 နှစ်ပင် ကြာညောင်းခဲ့ပြီဖြစ်ရာ ဤဇာတ်ကောင်ကို အသုံးချ၍ ရာနှင့်ချီသော ရုပ်ရှင်၊ ကာတွန်း၊ တီဗီစီးရီးမျိုးစုံလည်း ထွက်ဖူးခဲ့လေပြီ။ ဂျိမ်းစ်ဘွန်းမင်းသားကြီးတစ်ဦးဖြစ်သော ဆာရော်ဂျာမိုးရ်သည်လည်း The Saint‌ ခေါ် ဆိုင်မွန်တမ်ပလာအဖြစ် အတွဲခြောက်ခုနှင့် အပိုင်းပေါင်း ၁၁၈ပိုင်းပါသည့် တီဗီစီးရီးရှည်ကြီးတွင် သရုပ်ဆောင်ခဲ့ဖူး၏။ အခြားသော The Saint စီးရီးများသည်ပင် ဆာရော်ဂျာမိုးရ်၏ အရှိန်အဝါအောက်တွင် မှေးမှိန်ခဲ့ရ‌လေသည်။ ယခုခေတ်ကာလတွင် ဂန္ထဝင်မင်းသားကြီးတစ်ဦးအဖြစ် သမုတ်ခံထားရသော ဗယ်လ်ခေးမားသည်လည်း ဤ The Saint ဇာတ်ကောင်နေရာကို လွယ်လွယ်နှင့်ရခဲ့သည်မဟုတ်ပေ။ ဆာရော်ဂျာမိုးရ်သည် ၎င်းကဲ့သို့ ဂျိမ်းစ်ဘွန်းဖြစ်ခဲ့သည့် ပီးယာ့စ်‌ဘရော့စ်နန်ကို သရုပ်ဆောင်စေချင်ခဲ့သည့်အပြင် ပါရာမောင့်ကုမ္ပဏီသည်လည်း ထိုခေတ်က နာမည်ကျော်သရုပ်ဆောင်များဖြစ်နေသည့် ဟျုဂရန့်၊ မယ်ဂစ်ဆွန်၊ အာနိုးရှဝါဇင်နက်ဂါ၊ ဂျော့ဂ်ကလူနီ၊ ကယ်ဗင်ကော်စနာ၊ ဂျော်နီဒပ်နှင့် ဒန်နီယယ်ဒေးလူးဝစ် ကဲ့သို့သော ပုဂ္ဂိုလ်များကို ဦးစွာကမ်းလှမ်းခဲ့ခြင်းဖြစ်လေ၏။ သို့သော် ၁၉၉၅ ၏ Batman Forever အလွန်တွင် ဘရုစ်ဝိန်း (ဝါ) လင်းနို့လူသားဇာတ်ကောင်နေရာ၌ ဆက်လက်သရုပ်မဆောင်တော့လိုသော ဗယ်လ်ခေးမားသည် The Saint နေရာအတွက် အရွေးခံခဲ့ရလေ၏။ The Saint သည် စောရတစ်ဦးဖြစ်သော်ငြား သူတော်စင်တို့၏ အမည်နာမမျိုးစုံကို ထည်လဲအသုံးချ၏။ ဂျွန်ရော့စီ၊ မာတင်ဒီပိုရက်၊ ဘရူနိုဟော်တန်ဖရော့၊ သောမတ်မိုး၊ နီကိုလက်အိုဝင်၊ လူးဝစ်ဂွမ်နယ်လာ၊ ပီတာဒေမီယံ၊ ချားလ်ဘိုရိုမီရို စသည့် သူတော်စင်နာမည်တို့ကို လိုအပ်သည့်နေရာတို့တွင် လိုအပ်သလို သုံး၏။ ရုပ်ပြောင်းရုပ်လွှဲအရာတွင်လည်း တစ်ဖက်ကမ်းခတ်ကျွမ်းကျင်၏။ ပစ္စည်းကိရိယာအဆန်းတို့ကိုလည်း သူကိုယ်တိုင်ထွင်ပြီး သုံးတတ်သေး၏။ သူ၏ အလုပ်ရှင်သည် မည်သူမည်ဝါဖြစ်‌ကြောင်းကိုလည်း စိုးစဉ်းမျှ ဂရုမစိုက်။ အပ်သည့်အလုပ်နှင့်ထိုက်တန်သော ငွေကြေးအသပြာရလျှင် အင်မတိအင်မတန် လုံခြုံပါဘိဆိုသည့်အရာကိုပင် ရအောင် ခိုးပေးနိုင်ပေသော‌ စောရတစ်ဦးဖြစ်‌လေ၏။ ထိုသို့ မိမိကျွမ်းကျင်လိမ္မာရာနယ်ပယ်၌ ဆရာတစ်ဆူဖြစ်သော၊ မိမိအလုပ်ကိုယ်မိမိ တိတိကျကျ သွေးအေးအေးဖြင့် မည်သူ့ကိုမျှ ဂရုမစိုက်ဘဲ လုပ်တတ်သော The Saint ၏ သံမဏိနှလုံးစိုင်သည် သိပ္ပံပညာရှင်မလေးတစ်ယောက်၏နှုတ်ခမ်းပါးများဝယ် အရည်ပျော်ကျခဲ့ရလေသည်။ အချုပ်ဆိုရသော်… The Saint သည် ရဲရင့်၏။ The Saint သည် ဖျတ်လတ်၏။ The Saint သည် စွန့်စား၏။ ထို The Saint ၏ စိတ်ဝင်စားစရာ… အသည်းထိတ်စရာ… အံ့ဩဘနန်းဖြစ်စရာ… လှုပ်ရှားမှုများကား… P.S – အဆုံးစာကြောင်းများအတွက် ဆရာကြီးရွှေဥဒေါင်း၏ သူတော်စိန်စာအုပ် ကျောဘက်မျက်နှာဖုံးမှ စာများကို ယူသုံးထားပါသည်။ (ဤဓာတ်ရှင်အား 666 မှ ပြန်ဆိုပေးထားပါသည်) Size – 2.5GB, 1.05GB Quality – 1080p, 720p IMDb Rating – 6.2/10 Format – mp4 Duration – 1H 56Min Genre – Action, Adventure, Romance Subtitle – Myanmar Subtitle (Hardsub) Translated by 666 Encoded by Y

6.2 1997
The Saint
Kadhalikka Neramillai
6.7

Kadhalikka Neramillai 2025 (ပျောက်ဆုံးနေသောအချစ် ) ယိုဂီဘာဘူပါဝင်သရုပ်ဆောင်ထားတဲ့ ဒရာမာဇာတ်ကားအသစ်လေး ထွက်ရှိလို့လာပါပြီ။ ဒရာမာဆိုပေမဲ့ ယိုဂီဘာဘူရဲ့ ထုံးစံအတိုင်းပဲ ဟာသလေးတွေနှောပြီး ကြည့်ရှုရမဲ့ ဇာတ်ကားကောင်းလေးတစ်ပုဒ်ဖြစ်ပါတယ်။ ရှရီယာဆိုတဲ့ကောင်မလေးဟာ ကလေးအရမ်းလိုချင်နေတဲ့သူဖြစ်ပြီးတော့ သူ့ကောင်လေးနဲ့ မင်္ဂလာဆောင်ပြီးတာနဲ့ တန်းပြီးတော့ ကလေးယူဖို့အတွက် ဆုံးဖြတ်ထားတဲ့သူတစ်ယောက်ပေါ့။ ဒါပေမဲ့လည်း အသက်အရွယ်ကြောင့်ရော သူ့ရောဂါအခြေအနေကြောင့်ပါ သူဟာ IVF (ခန္ဓာကိုယ်ပြင်ပတွင် သန္ဓေတည်စေခြင်း) ပြုလုပ်ဖို့အတွက် ဒေါက်တာက အကြံပြုတဲ့အတိုင်းပဲ IVFနည်းနဲ့ ကလေးယူဖို့ ကြိုးစားနေသူတစ်ယောက်ပါ။ ဆစ်ဒ်ဆိုတဲ့ကောင်လေးကတော့ ဒီလောကကြီးက လူသားတွေဟာ ကမ္ဘာဂြိုဟ်ကြီးအတွက် ဝန်ထုပ်ဝန်ပိုးဖြစ်တယ်လို့ ထင်နေပြီး ကလေးမလိုချင်တဲ့သူတစ်ယောက်ပေါ့။ သူဟာလည်း ချစ်ရသူရှိပေမဲ့ ချစ်သူရဲ့ ဆန္ဒအတိုင်း စေ့စပ်ဖို့ စီစဉ်လိုက်ပေမဲ့ လက်ထပ်တာတွေ ကလေးယူတာမျိုးတွေကို မလုပ်ချင်သူတစ်ယောက်ပါ။ ဆစ်ဒ်မှာ ငယ်ငယ်လေးကတည်းက ဆိုးတူကောင်းဖက်ပေါင်းဖက်လာခဲ့တဲ့ သူငယ်ချင်းနှစ်ယောက်ရှိပါတယ်၊ ဂိုဒါနဲ့ စီသူလို့ ခေါ်ပါတယ်။ စီသူဟာ ဂေးတစ်ယောက်ဖြစ်ပြီး ကလေးမွေးချင်နေရာကနေ သုက်ပိုးကို အေးခဲထားဖို့အတွက် အကြံပေါ်လာခဲ့ပါတော့တယ်။ ဒီမှာပဲ ငယ်ငယ်လေးကတည်းက ဘာမဆို အတူတူလုပ်ခဲ့ကြတဲ့သူငယ်ချင်းတွေပီပီ စီသူဟာ သူသုက်ပိုးအေးခဲမဲ့ကိစ္စကို ဂိုဒါနဲ့ ဆစ်ဒ်ကိုပါ အပါခေါ်ပါတော့တယ်။ ဒီလိုနဲ့ ကလေးမလိုချင်တဲ့ ဆစ်ဒ်ရဲ့ အေးခဲထားတဲ့ သုက်ပိုးကနေ မျိုးပွားလာမှာလား …….. ရှရီယာတစ်ယောက်ရော IVF ကုထုံးနဲ့အတူ သူလိုချင်တဲ့ ကလေးလေး ရရှိလာမှာလား … ရှရီယာနဲ့ ဆစ်ဒ်တို့ကရော ဘယ်လို ဆက်စပ်မှုတွေ ရှိနေလဲ …. ဆိုတာကို ကြည့်ရှုရမဲ့ ဇာတ်ကားလေးဖြစ်ပါတယ်။ (အညွှန်းနဲ့ ဘာသာပြန်ကတော့ ToMo~ ZweYan ~ V ~ Star တို့ဖြစ်ပါတယ်)

Comedy
6.7 2025 143 mins
Kadhalikka Neramillai
In His Chart
6.9

In His Chart (or) God’s Medical Records (2011) ********************************************** စာရေးဆရာ Sosuke Natsukawa ရေးသားထားတဲ့ ဝတ္ထုကို မန်ဂါအနေနဲ့ပါ ထွက်ရှိထားပြီး ဇာတ်ကားအနေနဲ့ပါ ရိုက်ကူးပုံဖော်ထားတဲ့ ဆေးလောက ဒရာမာ ဇာတ်ကားလေးဖြစ်ပါတယ်။ အိချိတို ကူရီဟာရဆိုတဲ့ ကောင်လေးဟာ စိတ်ခံစားချက်အရမ်းကို နုနယ်လွန်းတဲ့သူလေးပါ။ ဒီလိုကောင်လေးက ဆေးကျောင်းကို တက်ခွင့်ရခဲ့ပြီး ကျောင်းတက်နေစဉ်အတွင်းမှာလည်း အကောင်လေးတွေနဲ့ လက်တွေ့ဆင်းရမဲ့နေဆိုရင်ငို၊ လူနာတစ်ယောက်ယောက်ဆုံးရင်လည်း လူနာရှင်တွေကို ကြည့်ပြီးငို၊ ကုသလို့မရနိုင်တဲ့ရောဂါမျိုးဖြစ်တဲ့လူနာမျိုးနဲ့ တွေ့ရပြီဆိုရင်လည်း လူနာကို သနားလို့ငိုခဲ့ပါတယ်။ ဒီလိုတွေ ငိုခဲ့လွန်းလို့လည်း ကျောင်းမှာ အငိုသန်လေးဆိုပြီး နာမည်တောင်တွင်ခဲ့ပါတယ်။ ဒီလိုအငိုသန်လေးက ဒေါက်တာကြီးဖြစ်လာပြီး လူနာတွေကို ကိုယ်တိုင် ကုသခွင့်ရတဲ့အချိန်မှာတော့ သူ ဘယ်လို စိတ်ခံစားချက်တွေထားပြီး လူနာတွေကို ကုသပေးမလဲ …… လူနာတွေနဲ့ သူ့ကြားက ဆက်ဆံရေးမှာရော ဘယ်လိုတွေ ဖြစ်လာမလဲ….. ဆိုတာကို ဆရာဝန်ကားပီပီ စိတ်ဝင်စားဖွယ် ကြည့်ရှုရမှာဖြစ်ပါတယ် ။ (အညွှန်းကို Char Ou မှ ရေးသားထားပါတယ်) File size…2.1GB / 778MB Quality… WEB-DL 1080p/ 720p Format…mp4 Duration….2h 09m Genre ….. Life, Drama, Medical Subtitle….Myanmar Subtitle (Hard Sub) Translated by Char Ou Encoded by AHtet

Action • Thriller
6.9 2011 128 mins
In His Chart
The Secret Tide of the Chivalrous Courage and Medical Heart
5.7

တရုတ်ကွန်ဖူး ရုပ်ရှင်တွေကို ကြိုက်နှစ်သက်တဲ့ CM ရဲ့ ပရိသတ်တွေအတွက် စိတ်လှုပ်ရှားစရာအပြည့် ခံစားရမဲ့ ရုပ်ရှင်ကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့- ဖန်းကျားမင်ဟာ ခန်းမြို့မှာ ဆေးပညာအတော်ဆုံး တရုတ်တိုင်းရင်း သမားတော်တစ်ယောက် ဖြစ်ပါတယ်။ အမြဲတမ်း လူနာတွေကို အခမဲ့ဆေးကုသပေးတတ်တဲ့အတွက် ဆေးဖိုးဝါးခအတွက် အလှူခံဖို့ မြို့မျက်နှာဖုံးဖြစ်သူ ရှေးဟောင်းပစ္စည်း အရောင်းအဝယ်လုပ်တဲ့ သူဌေးရှန်ရဲ့မွေးနေ့ကို သွားခဲ့ပါတယ်။ သူဌေးရှန်ရဲ့ မွေးနေ့မှာ သူ့ရဲ့ ရှေ့ဟောင်းပစ္စည်းဆိုင် ဓားပြတိုက်ခံလိုက်ရပြီး ဓ ားပြတိုက်သူက သွမ့်ထျန်းလုံလို့ ပြောခဲ့ပါတယ်။ သွမ့်ထျန်းလုံဟာ ငွေသန္တာကျောက်ဆိုတဲ့ ရှေးဟောင်းရတနာတစ်ခုကိုပဲ အဓိက ရှာခဲ့တာဖြစ်ပြီး တစ်ဖက်မှာလည်း ဂျပန်လူမျိုးတွေက သူဌေးရှန်ဆီကနေ ငွေသန္တာကျောက်ကို တန်ဖိုးကြီးကြီး ပေးဝယ်လိုကြောင်း ကမ်းလှမ်းလာခဲ့ပါတယ်။ အဲဒီ ငွေသန္တာကျောက်ကို ဘာဖြစ်လို့ လူအများက လိုချင်နေကြသလဲ…… ငွေသန္တာကျောက်ရဲ့ နောက်ကွယ်က လျှို့ဝှက်ချက်က ဘာဖြစ်မလဲ…… ဖန်းကျားမင်ကရော ဒီကိစ္စတွေထဲကို ဘယ်လို ဝင်ပါမိသွားသလဲ…… ဆိုတာကို ဆက်လက်ကြည့်ရှုလိုက်ရအောင်နော်။

5.7 2025
The Secret Tide of the Chivalrous Courage and Medical Heart
Maranamass
6.6

Maranamass (2025) ငှက်ပျောသီးပဟေဠိ IMDb 7.7/10 အက်ရှင်အကြမ်းအရမ်း ပရိသတ်တို့အတွက် ဟာသလေး ရောနှော ပါဝင်တဲ့ မလေယာလမ်စကားပြော ဒရမ်မာလေးတစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ် မြို့တစ်မြို့မှာ ကွင်းဆက်လူသတ်မှုတွေ ကြုံတွေ့နေရပါတယ် ဒီလူသတ်မှု‌တွေမှာ တူညီတဲ့ ထူးခြားမှုလေးတွေရှိနေလေရဲ့ အဲဒါကတော့ အသတ်ခံရသူတွေဟာ အသက်အရွယ်ကြီးနေပြီဖြစ်တဲ့ ယောက်ျားကြီးတွေဖြစ်နေတာရယ် နောက်တစ်ချက်ကတော့ လူသတ်သမားက အသတ်ခံရသူ‌ရဲ့ပါးစပ်ထဲ ငှက်ပျောသီးထည့်ခဲ့တာပါ ရဲတွေအနေနဲ့လည်း သံသယရှိသူတွေကို ဖမ်းဆီးလိုက် မေးမြန်းလိုက် လုပ်နေပေမဲ့ လူမှားဖမ်းမိ‌နေဆဲဖြစ်ပြီး အမှုကိုအစရှာမရ ဖြစ်နေတုန်းပါပဲ သတင်းမီဒီယာတွေအနေနဲ့လည်း ဒီအမှုကိုပဲ အလေးပေးဖော်ပြလို့ ဟိုးလေးတကျော်ကျော် ဖြစ်နေပါပြီ ဒီအမှုကို တာဝန်ယူထားရတဲ့ ရဲအရာရှိဆိုရင် စိတ်ပညာရှင်ဆီသွားလို့ ကွင်းဆက်လူသတ်သမားရဲ့ စိတ်နေစိတ်ထားကို လေ့လာရတဲ့အထိပါပဲ ဒီအချိန်မှာ မထင်မှတ်တဲ့ဖြစ်ရပ်တစ်ခု ပေါ်ပေါက်လာပါတယ် နောက်ထပ်အမှုမှာ လူသတ်သမား ပစ်မှတ်ထားသူက အဘိုးကြီးတစ်ယောက် မဟုတ်နေဘဲ မိန်းကလေးတစ်ယောက်ဖြစ်နေတာပါ အဲဒီမိန်းကလေးနဲ့အတူ ညဘက်သွားဘက်စ်ကားပေါ်မှာ သူ့ချစ်သူရယ် အခြားသူတွေရယ်လည်း ပါနေပါတယ် အဲဒီတော့ ကွင်းဆက်လူသတ်သမားကို ရဲတွေကဘယ်လိုဖမ်းဆီးမိမလဲ၊ သူသတ်နေရတဲ့ အကြောင်းရင်းနောက်ကွယ်က ဘာဖြစ်မလဲ၊ ပစ်မှတ်ပြောင်းသွားရ‌တာကရော ဘာကြောင့်လဲ၊ ဒါတွေကိုသိရအောင် ဇာတ်လမ်းလေးကို ကြည့်ရှူခံစားရင်း အ‌ဖြေထုတ်ကြည့်ကြရအောင်ပါ ( အညွှန်းနဲ့ ဘာသာပြန်တွေကတော့ CM Bollywood Team ပဲဖြစ်ပါတယ် )

Comedy
6.6 2025 139 mins
Maranamass