YoteShin Drive is below this article. Scroll down to view.

210W Charging Redmi Note 12 Pro +

Author: Anonymous Published on: 12 Aug 2022

Redmi is now creating the Note 12 Series and can be sold in China before the end of this year. These smartphones have registered in the 3C, with at least three models will come out. These are Redmi Note 12, 12 Pro and 12 Pro +. According to data, 22101316UCP and 22101316C models will be released 22101316C, 22101316C and 22101316C, 12 Pro and NO and Note 12. The Note 12 Pro + will be 210w charging. Xiaomi has successfully created 200W Charging and announced a year ago. The company added 120W Charging last year on the Redmi Note Series. Now the Redmi Note 12 Pro + will provide a very fast charging rate. The Redmi Note 12 Pro will include 67W charges in 120W charging and Note 12. 210W Xiaomi Charger will be registered in 3C and will be included in Redmi Note 12 Pro +. Xiaomi's 210w Charging will be charged 100% in 10 minutes. According to leaked reports, the Note 12 seriess will feature 50MP main, 8MP Ultrawide and 2MP cameras. The Note 12 Pro and Note 12 Pro + will be the same Dimensity 1300 chipset. These phones will be available in China first, and later sold internationally. Ref: Gizchina

YoteShin Drive

Sign in using google and save to your drive

The Legend of Detective Sleek Rat 6 Real Bai Yutang VS Pretended Bai Yutang (2019) 720p WEB-DL CM.mp4

519.72 MB N/A video/mp4 158 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Listeners: The Whispering
7

Channel Myanmar ပရိသတ်ကြီးအတွက် Psychological drama ဇာတ်ကားကောင်းလေးကို တင်ဆက်ပေးချင်ပါတယ်။ Ah Nhien ဟာ အသက် ၂၃ နှစ်အရွယ် စာရေးဆရာမ တစ်ယောက်ဖြစ်ပြီး စိတ်ကျဝေဒနာခံစားနေရသူတစ်ဦးပါ။ သူဟာ The Whispering လို့ အမည်ရတဲ့ ဝတ္ထုစာအုပ်ကို ရေးသားခဲ့ပြီး စံချိန်တင်အောင်မြင်မှုများစွာ ရရှိခဲ့ပါတယ်။ ဒါပေမဲ့ စာအုပ်ထုတ်ဝေပြီးနောက် စိတ်ကျဝေဒနာဟာ ပိုမိုဆိုးရွားလာတာကြောင့် စိတ်ရောဂါကုဆရာဝန်နဲ့ ပြသဖို့ သဘောတူခဲ့ပါတယ်။ Ah Nhien ရဲ့ထွက်ဆိုချက်အရ အမျိုးသမီးတစ်ယောက် ခြောက်လန့်ခြင်းကို ထပ်တလဲလဲခံနေရပြီး ထိုအမျိုးသမီးဟာလည်း ထူးဆန်းစွာနဲ့ သူ့ဝတ္ထုထဲက အဓိကဇာတ်ဆောင်ဖြစ်နေတာပါ။ ဆရာဝန်ဖြစ်တဲ့ Tuong Minh ဟာ အစကတော့ ဒါကို စိတ်ရောဂါလက္ခဏာလို့ သတ်မှတ်ခဲ့သော်လည်း သူကိုယ်တိုင် ထိုအမျိုးသမီးကို အိပ်မက်ထဲမှာ မြင်လာရချိန်မှာတော့ အဖြစ်အပျက်များဟာ ပိုမိုရှုပ်ထွေးလာခဲ့ပါတယ်။ အစစ်အမှန်လား ပုံရိပ်ယောင်လား ဝေခွဲမရဖြစ်နေရင်း သူတို့နှစ်ယောက်ရဲ့ အတိတ်က ဘယ်လိုအကြောင်းတရားတွေနဲ့ ပတ်သက်နေမလဲဆိုတာတော့.... (အညွှန်းနဲ့ ဘာသာပြန်ဆို ရေးသားသူကတော့ Thet Hnin Hsu ဖြစ်ပါတယ်) File size…1.57GB / 600MB Quality…1080p NF WEB DL / 720p Format…mp4 Duration….2h Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Thet Hnin Hsu

Action & Adventure • Crime • Drama
7 2022 120 mins
Listeners: The Whispering
The Chase

(ဇာတ်လမ်းအကျဥ်း) ခေါင်းဆောင်ယွီရှောက်နမ်တို့ဦးဆောင်တဲ့ အမျိုးသမီးအထူးရဲတပ်ဖွဲ့ဟာ နည်းပညာကုမ္ပဏီသစ်တစ်ခုရဲ့ သတင်းစာရှင်းလင်းပွဲမှာ လုံခြုံရေးလုပ်ငန်းများအတွက် ပါဝင်ဆောင်ရွက်ခဲ့ပါတယ် ။ ဒီသတင်းစာရှင်းလင်းပွဲကျင်းပနေစဥ်အတွင်းမှာ ရွှမ်ဟဲ့ဂိုဏ်းလို့အမည်ရတဲ့ ဒုစရိုက်ဂိုဏ်းတစ်ခုက ဟက်ကာနည်းလမ်းကို အသုံးပြုပြီး ခြိမ်းခြောက်တဲ့ ဗီဒီယိုတစ်ခုကို ထုတ်လွှင့်ခဲ့ပါတော့တယ် ။ ဒီခြိမ်းခြောက်မှုကို လုပ်နေသူမှာ တစ်ဦးတည်းသာဖြစ်ကြောင်း ယွီရှောက်နမ်သိရှိသွားတဲ့အခါ အဲဒီလူကို ဖြေရှင်းဖို့အတွက် ကြိုးစားခဲ့ပါတော့တယ် ။ အဲဒီအချိန်မှာပဲ ဒီခြိမ်းခြောက်တဲ့ သူဟာ ယွီရှောက်နမ်နဲ့ တစ်ချိန်တစ်ခါက ပတ်သတ်ခဲ့ဖူးတဲ့အပြင် ကံကောင်းကြောင်းမလှစွာနဲ့ပဲ အဲဒီလူဟာ လွတ်မြောက်သွားခဲ့ပါတယ် ။ ဒီပြဿနာဖြစ်ပြီး နောက်ပိုင်းမှာလဲ ရွှမ်ဟဲ့ဂိုဏ်းက ဒုစရိုက်မျိုးစုံကျူးလွန်လာခဲ့ပြီး အပြစ်မဲ့ပြည်သူတွေရဲ့ အသက်အန္တရာယ်တွေကို ခြိမ်းခြောက်တဲ့အထိ ဖြစ်လာခဲ့ပါတော့တယ် ။ ဒါတွေကိုနှိမ်နှင်းဖို့အတွက် - ယွီရှောက်နမ်ဦးဆောင်တဲ့ အမျိူးသမီးရဲတပ်ဖွဲ့ ဘယ်လိုတွေ နှိမ်နင်းပြီး တရားမျှတမှုကို ယူပေးမလဲဆိုတာ စိတ်ဝင်တစားကြည့်ရှုလိုက်ရအောင်ပါ ။ အမျိုးသားရဲတပ်ဖွဲ့နဲ့ ရင်ဘောင်တန်းပြီး တိုက်ကြ ခိုက်ကြတဲ့ အမျိုးသမီးရဲတပ်ဖွဲ့အကြောင်း ရိုက်ကူးထားတာဖြစ်တာမို့ သေချာပေါက်ကို မိမိုက်နေမှာ အသေချာပါပဲ။ [ Reviewed By Chit Mya Mya Hmwe ] Quality : WEB-DL 1080p , 480p Format : mp4 Genres : Action , Drama Runtime : 1h 18 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Encoded by LK

Comedy • Romance
null 2023 78 mins
The Chase

အခုတင်ဆက်ပေးလိုက်တဲ့ Detective Dee ရဲ့အကြောင်းကိုတော့ အထူးတစ်လည်မိတ်ဆက်ပေးနေစရာမလိုဘူးထင်ပါတယ်။ ခက်ခဲနက်နဲတဲ့အမှုမျိုးမျိုးမှာ လက်စွမ်းတွေပြခဲ့တဲ့ ဆရာကြီးဒီးတစ်ယောက် ဘယ်လိုတွေလက်စွမ်းပြဦးမလဲဆိုတာ ကြည့်လိုက်ကြပါဦး။ ဇာတ်လမ်းအကျဉ်းလေးကတော့ဘုရင်မကြီးက Detective Dee အတွက်ကျင်းပပေးတဲ့ ရာထူးတိုးဂုဏ်ပြုပွဲမှာ ဝိဉာဉ်စစ်သည်တွေနန်းတွင်းကိုဝင်စီးတယ်ဆိုတဲ့ ထူးဆန်းတဲ့ဖြစ်ရပ်ကြီးဖြစ်သွားခဲ့တယ်။ အဲဒါနဲ့ စုံထောက်ကြီးဒီးတစ်ယောက်က အသေကောင်တွေ ပြန်ထလာတယ်ဆိုတဲ့ ချောင်ခရိုင်ကိုအပြေးနှင်ပြီး အမှုစုံစမ်းဖို့သွားတဲ့အချိန်မှာပဲ ခြုံခိုတိုက်ခိုက်ခံလိုက်ရပါတယ်။ စုံထောက်ကြီးဒီးသေဆုံးသွားတာကို ဘုရင်မကြီးက တိတ်တဆိတ်ပဲသဂြိုလ်ခိုင်းလိုက်ပါတယ်။ အဲဒီအချိန်မှာ စုံထောက်ကြီးဒီးနဲ့ ရုပ်ချင်းဆင်တဲ့ စုန့်ရှောင်ပိုင်ဆိုတဲ့လူဟာ သူ့ကိုယ်သူစုံထောက်ကြီးဒီးပါဆိုပြီး လိမ်စားနေပါရော။ အဲဒီလိုနဲ့ စုံထောက်ကြီးဒီးရဲ့ ရန်သူက သူ့ဆီကိုရောက်လာပါတော့တယ်။ အယောင်ဆောင်Deeတစ်ယောက် ဘယ်လိုများအန္တရာယ်တွေကိုကျော်ဖြတ်မလဲ ...... စုံထောက်ကြီးDeeကရော တကယ်သေသွားပြီလား...... အမှုရဲ့နောက်ကွယ်ကလက်မဲကြီးကဘယ်သူဖြစ်ပြီးတော့ ဘယ်လိုအဆုံးသတ်မလဲဆိုတာကိုတော့ အဆုံးထိဆက်ကြည့်လိုက်ပါနော်။ Quality : WEB-DL 1080p , 480p Format : mp4 Genres : Action , Mystery Runtime : 1h 13min Subtitle : Myanmar Subtitle ( hardsub ) Translated by CM Team Encoded by LK

Romance • Thriller
null 2022
Di Renjie Resurrection
[18+] Jan Dara: The Beginning
5.7

ဒီဇာတ်ကားကတော့ ထိုင်းမင်းသားမာရီယို နုစဉ်ကာလက ရိုက်ကူးထားတဲ့ 18+ Erotic Drama ထိုင်းရုပ်ရှင်ဇာတ်ကားဖြစ်ပါတယ်... မွေးဖွားတုန်းက မိခင်ဆုံးပါးသွားတာကြောင့် ဖခင်ဖြစ်သူရဲ့ မုန်းတီးခြင်းကိုခံခဲ့ရတဲ့ ဂျန် အဘွားဖြစ်သူရဲ့ ကယ်တင်မှုကြောင့် မွေးမွေးပြီးခြင်း အသက်ဘေးကလွတ်ခဲ့ရတဲ့ ဂျန် မိခင်ဖြစ်သူရဲ့ ညီမဝမ်းကွဲ အဒေါ်ဖြစ်သူရဲ့ ပြုစုစောင့်ရှောက်မှုကြောင့် လူလားမြောက်ခဲ့ရတဲ့ ဂျန် ဆိုတဲ့ကောင်လေးတစ်ယောက်အကြောင်းပေါ့။ ၁၉၁၅ ခုနှစ် မုန်တိုင်းထန်တဲ့ ညတစ်ည ဘန်ကောက်မြို့ ဗလန်ပူးအိမ်တော်ကြီး မှာ ပျားပန်းခေတ်မျှအလုပ်ရှုပ်နေကြတဲ့ အလုပ်သမားများနဲ့ မခံမရပ်နိုင်နာကျင်မှုကို အံတုပြီး မိမိရဲ့ ရင်သွေးကို မွေးဖို့ ကြိုးစားနေတဲ့ အိမ်တော်ရဲ့ သခင်မ ဒါရာဟာ သူမရဲ့သားလေး ဂျန်ကို မွေးမွေးပြီးခြင်း လောကကြီးကို ကျောခိုင်းစွန့်ခွာသွားခဲ့ပါတယ်။ မိန်းမဖြစ်သူကို ဆုံးရှုံလိုက်ရတဲ့ ဖခင်ဖြစ်သူ ဝစ်စနန်ဒီချာက ဂျန်ကို သတ်ပစ်ဖို့အထိ မိုက်လုံးကြီးခဲ့ပေမယ့် ဘွားအေဖြစ်သူ၏ကယ်တင်မှုကြောင့် လောကကြီးမှာ ဆက်လက်ရှင်သန်ခွင့်ရခဲ့သလို ဖခင်ဖြစ်သူရဲ့ အမုန်းတရားကိုပါ မွေးမွေးပြီးခြင်းလက်ခံရရှိလိုက်ပါတော့တယ်။ မိခင်ရဲ့ ညီမဝမ်းကွဲ အဒေါ်ဖြစ်သူ ဝက်ဒ်ရဲ့ ပြုစုမှုနဲ့သာ ဂျန်ဟာ လူလားမြောက်ခဲ့ရပါတယ်။ ဖခင်ဖြစ်သူ ဝစ်စနန်ဒီချာဟာ မိန်းမဖြစ်သူ သေဆုံးပြီး အစောပိုင်းမှာ ငြိမ်နေခဲ့ပေမယ့် ဗလန်ပူးအိမ်တော်ကြီးရဲ့ အုပ်ချုပ်သူဖြစ်တဲ့ မိန်းမရဲ့အဘွား ခရီးထွက်နေချိန်မှာတော့ ဗလန်ပူးအိမ်တော်ကြီးကို သိမ်းပိုက်ဖို့ကြိုးစားပါတော့တယ်။ သူ့အမိန့််မနာခံတဲ့ အစေခံယောကျာ်းတွေကို အလုပ်ထုတ်ပစ်တာအပြင် အစေခံမိန်းမများကို အပျို/အအို မရွေးဘဲ သူ့နည်းသူ့ဟန်နဲ့ စည်းရုံးသိမ်းသွင်းပါတော့တယ်...နောက်ပိုင်းမှာ အိမ်ကြီးတခုလုံးကို သိမ်းပိုက်ပြီး မရီးဖြစ်သူ ဝက်ဒ်ကိုပါ သိမ်းပိုက်ဖို့ ကြံစည်လာတဲ့အခါ.... အမေ တဖြစ်လဲ အဒေါ်ဖြစ်သူ ဝက်ဒ်က ဂျန်ကို သတ်ချင်နေတဲ့ သူ့အဖေအနေနဲ့ ဂျန်ကို ထပ်ပြီးရန်မရှာဖို့ ကတိတောင်းခံခဲ့ပြီး သူမရဲ့ဘဝနဲ့ အလဲအထပ်ပြုလုပ်လိုက်ပါတယ်။ ဒီလိုနဲ့ အရွယ်ရောက်လာချိန်မှာတော့ ဖခင်ဖြစ်သူရဲ့ မုန်းတီးနှိပ်စက်မှုတွေကြောင့် စိတ်ဒဏ်ရာများစွာရရှိခဲ့တဲ့ ဂျန်ဟာ ဖအေတူမအေကွဲညီမဖြစ်သူနဲ့ သူငယ်ချင်းတို့နှစ်ယောက် လူငယ်ဘာဝဖြစ်ပျက်နေကြပုံကို မမျှော်လင့်ထားဘဲ တွေ့မြင်သွားတဲ့အခါ...။ ငယ်ရွယ်စဉ်ကတည်းက ဖခင်ဖြစ်သူနဲ့ အစေခံမိန်းမတွေရဲ့ ဖောက်ပြန်မှုတွေကို တွေ့မြင်ဖူးထားတဲ့ ဂျန်က ဘယ်လို လက်တည့်စမ်းမှုတွေပြုလုပ်မလဲ ... ဖခင်ဖြစ်သူရဲ့ရည်းစားဟောင်းကို ဖခင်ဖြစ်သူက အိမ်ကို ခေါ်ဆောင်လာတဲ့ အခါမှာရော ဂျန်နဲ့ဘယ်လိုတွေဖြစ်ကြမလဲ ... ဖခင်ဖြစ်သူ ဝစ်စနန်ဒီချာကရော ဘယ်လိုဆက်လိုဇာတ်လမ်းဆက်မလဲ... ဘွားအေဖြစ်သူကကော ဘယ်လိုလှည့်ကွက်တွေပြုလုပ်ထားခဲ့သလဲ ဆိုတာကိုတော့... တသီတတန်းကြီး မနားတမ်းကြည့်ရှုရမှာပါ။ အဆက်အနေနဲ့ Jan Dara: The Finale (2013) ဆက်ထွက်ထားပြီး Jan Dara ကားများကို ဒီမှာ https://channelmyanmar.org/?s=jan+dara ကြည့်ပါ။ မာရီယိုပရိတ်သတ်တွေလဲ မာရီယိုရဲ့စကေးတွေကို လက်လွတ်မခံသင့်သလို လူ့သဘောမနောအမှောင်ခြမ်းတွေအကြောင်းလဲ ဖော်ပြထားတာကြောင့် ပညာပေးဇာတ်လမ်းအဖြစ်လဲ လက်လွတ်မခံသင့်ပါဘူး။ File size…(2.2 GB)/(940 MB) Quality….BluRay 1080p/720p Format…mp4 Duration….02:17:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Hseng Hom

Drama • History • Romance
5.7 2012 137 mins
[18+] Jan Dara: The Beginning
Ribbon
6.3

Ribbon (2021) Screenwriter နဲ့ Directorဖြစ်တဲ့ “Non” ကိုယ်တိုင် ပါဝင်သရုပ်ဆောင်ပြီး ရိုက်ကူးထားတဲ့ 2021ထွက် ဇာတ်ကားကောင်းတစ်ကားပါ။ ဂျပန်နိုင်ငံမှာ အနုပညာကျောင်းသားတွေက ဘွဲ့နှင်းသဘင်ရဲ့ ပြပွဲအခမ်းအနားအတွက် ပန်းချီတွေကို တစ်နှစ်ခန့်ကြိုတင်ပြင်ဆင်ရပါတယ်။ မြန်မာကလူတွေ ဘွဲ့ယူမဲ့နေ့အတွက် အားခဲထားကြသလို ပန်းချီကျောင်းသားတွေကလည်း ပြပွဲနေ့အတွက် ကြိုပြင်ဆင်ပြီး ရင်ခုန်ကြရတာပါ။ ဒါပေမဲ့ ကိုဗစ်တွေ အရှိန်နဲ့ပြန့်နှံ့နေတဲ့၂၀၂၀မှာ ကျောင်းတွေရုတ်တရက်ပိတ်ချလိုက်ဖို့ ဖြစ်လာတဲ့အခါ ဘွဲ့နှင်းသဘင်လည်းဖျက်သိမ်းလိုက်ရပါတယ်။ ပြပြွအခမ်းအနားလည်းမရှိမရှိတော့ပါဘူး။ ကျောင်းသားတွေလည်း ကိုယ့်ပန်းချီကားကို အိမ်ပြန်ယူတဲ့သူကယူ၊ဖြဲပစ်တဲ့သူကဖြဲပစ်နဲ့ ဖြစ်ကုန်ကြပါတယ်။ “အိဆွတ်က”ဆိုတဲ့ အနုပညာကျောင်းသူလည်း ကျွန်မတို့လိုပါပဲ။ ကိုဗစ်ကာလမှာ စာလည်းမသင်ရဘဲ အချိန်တွေပိုနေပေမဲ့ ဘာမှလုပ်ချင်ကိုင်ချင်စိတ်မရှိဖြစ်နေတာပါ။ ဒီလိုမျိုူ လမ်းပျောက်နေတုန်းမှာ အမေက လာလည်ရင်းနဲ့ သူ့ပန်းချီကားကိုအမှိုက်ထင်ပြီး လွှင့်ပစ်လိုက်ပါတယ်။ သူ့မိဘနဲ့ ညီမလေးကလည်း ကိုဗစ်ကိုအကြောက်လွန်နေတာကိုတွေ့ရပြီး သူငယ်ချင်းဖြစ်သူကပါ စိတ်ဓာတ်ကျတဲ့ပုံဖြစ်လာတဲ့အခါ ရောဂါတွေ၊စိတ်ဖိစီးမှုတွေနဲ့ ကိုယ့်ဖြစ်တည်မှုကို ခဏတာပျောက်ရှသွားတဲ့သူမက ဒီကာလကို ဘယ်လိုဖြတ်သန်းမလဲဆိုတာကို ရိုက်ကူးထားတဲ့ရုပ်ရှင်ကား ဖြစ်ပါတယ်။ ( ဘာသာပြန်ပြီး အညွှန်း‌ရေးသားထားသူကတော့ Ingyin San ပါ ) File Size__(1.6GB) / (700MB) Quality__1080p, 720p IMDb Rating__6.3/10 Format__mp4 Duration__01:56:00 Type__Drama Subtitle__Myanmar Subtitle (Hardsub) Translated by Ingyin San Encoded by Naing Aung Latt

Crime • Drama
6.3 2021 115 mins
Ribbon
The Parent Trap
6.6

The Parent Trap (1998) ~ IMDb – 6.6/10, Rotten Tomatoes – 86% ~ လူကြီးမင်းတို့ အောင်သွယ်ဇာတ်လမ်းတွေ ကြားဖူးကြလားဗျ။ မပြောမရှိနဲ့။ ကိုယ့်ဘေးက ကိုယ့်ရည်းစားကတောင် သူများအောင်သွယ်ပေးထားလို့ စွံခဲ့တာ ဖြစ်ချင်ဖြစ်နေမှာ။ ဘာပဲဖြစ်ဖြစ်ပါလေ။ အောင်သွယ်ဇာတ်လမ်းတွေက နားမဆန့်အောင် ကြားခဲ့ရတာပါပဲ။ ဒါပေမ‌ဲ့ လူကြီးမင်းတို့ကို တစ်ခုမေးပါရစေ။ သမီးနှစ်ယောက်က သူတို့ အဖေနဲ့အမေအရင်းခေါက်ခေါက်နှစ်ယောက်ကို ညားကြပါစေတော့ရယ်လို့ အောင်သွယ်ပေးခဲ့ကြတဲ့ ဇာတ်လမ်းတော့ ကြားဖူးမယ်တော့ မထင်ပေါင်ဗျာ။ စိတ်ဝင်စားရင်တော့ ဟောဒီဇာတ်လမ်းကိုသာ ကြည့်လိုက်ပါ။ နွေရာသီကျောင်းကြိုစခန်းတစ်ခုကို အတူလာမိကြတဲ့ ၁၁ နှစ်အရွယ် ကောင်မလေးနှစ်ယောက်။ တစ်ယောက်က ဓားရေးကောင်းတယ်။ တစ်ယောက်က ဖဲရိုက်တာတော်တယ်။ ဘုရင်မနှစ်ပါးဆိုတော့ အချင်းချင်း ငြိကြတာပေါ့လေ။ ဒီလိုနဲ့ တစ်ယောက်နဲ့တစ်ယောက် ဘတပြန် ကျားတပြန် အနိုင်ယူကြရင်း ‌သောင်းကျန်းကြလွန်းလို့ သီးသန့်အိမ်တစ်ခုတည်းမှာ ခွဲထားခံရတဲ့အဖြစ်ရောက်သွားလေရဲ့။ ဒါပေမဲ့ သူတို့သိသွားကြတာက သူတို့တွေဟာ တစ်အူထုံဆင်း မောင်နှမအရင်းဖြစ်ရုံမက၊ တစ်နေ့တည်းမွေးတဲ့ အမွှာတွေပါ ဖြစ်နေတာပါပဲ။ အဖေနဲ့ပဲ ကြီးပြင်းလာရသူနဲ့ အမေသာ တစ်ကမ္ဘာထင်ခဲ့သူနှစ်ယောက်တို့ မမြင်ဖူးသေးတဲ့မိဘကို မြင်ချင်ရှာလွန်းလို့ ကလေးဉာဏ်လေးတွေနဲ့ ကြိုးစားကြပုံလေးတွေပါ။ The Parent Trap ဇာတ်ကားက ဂျာမန်ဝတ္ထုတစ်ပုဒ်ကို အသက်သွင်းထားတာဖြစ်ပြီး ၁၉၆၁ ခုနှစ်မှာ ရိုက်ကူးတင်ဆက်ခဲ့ပါတယ်။ အခု တင်ဆက်လိုက်တဲ့ဇာတ်ကားကတော့ သူ့ရဲ့ Remake ဇာတ်ကားဖြစ်ပြီး ၁၉၉၈ ခုနှစ်မှာ ရိုက်ကူးပြသခဲ့တာပါ။ ကုန်ကျငွေရဲ့ လေးဆကျော်ပြန်ရခဲ့ပြီး ကောင်းမွန်တဲ့ ဝေဖန်ချက်တွေနဲ့အတူ အောင်မြင်တဲ့ဇာတ်ကားတစ်ကား ဖြစ်ခဲ့ပါတယ်။ သရုပ်ဆောင်တွေထဲကမှ အမွှာညီအစ်မ ဟယ်လီ နဲ့ အန်နီ အဖြစ် နှစ်ကိုယ်ခွဲသရုပ်ဆောင်ခဲ့သူ Lindsay Lohan ကိုတော့ လူကြီးမင်းတို့ ကြားဖူးမယ်ထင်ပါတယ်။ အမေရိကားရဲ့ အောင်မြင်ကျော်ကြားလှတဲ့ သရုပ်ဆောင် အဆိုတော် မိန်းမလှလေးပေါ့။ သူ့ရဲ့ဇာတ်ကားဖြစ်တာနဲ့အညီ သူ့ရဲ့ဇာတ်ရုပ်နဲ့ ဇာတ်လမ်းကို သယ်တဲ့နေရာမှာ ပိုင်နိုင်မှုရှိပြီး ကြည်နူးဖွယ်ရသကို ပေးစွမ်းနိုင်သူလေးပါ။ ငယ်ရွယ်စဉ်မာန်မာနနဲ့ အချင်းချင်း ကျောခိုင်းခဲ့ကြတဲ့ မိဘနှစ်ပါးကို အမွှာညီအစ်မလေးနှစ်ယောက်က ပြန်လည်ပေါင်းထုပ်နိုင်ဖို့အရေး ပြန်အောင်သွယ်ပေးရတဲ့ ဟောဒီဇာတ်လမ်းလေးက Drama Comedy နှစ်သက်ကြသူတွေအတွက် မလွတ်တမ်းကြည့်ရှုသင့်တဲ့ ဇာတ်လမ်းလေးဖြစ်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Arr Khun Winchester မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.41GB, 1.21GB Quality – 1080p, 720p IMDb Rating – 6.6/10 Format – mp4 Duration – 2H 8Min Genre – Adventure, Comedy, Drama Subtitle – Myanmar Subtitle (Hardsub) Translated by Arr Khun Winchester Encoded by Y

Action • Adventure • Fantasy
6.6 1998 128 mins
The Parent Trap
To Leslie
7

ပယင်းရောင် ယစ်ရွှေရည်၊ စူးရှရှ ပြင်းပြပြ၊ မူးယစ်ရီဝေခိုက်မှာ အသူရာတို့ရဲ့ဘုံမှာ ပျော်ဝင်နစ်မြုပ်သွားသလို။ တစ်ခွက်ပြီးရင် နောက်တစ်ခွက်၊ နောက်တစ်ခွက်နောက်မှာ နောက်တစ်ခွက်၊ ပြန်ဖို့အိမ်အသင့်၊ အိပ်ကပ်ထဲမှာ ပိုက်ဆံအပြည့်၊ ကားထဲမ‌ှာ ဆီအပြည့်။ သူရာရည်ရဲ့ မဲဆွယ်ကာလ ယစ်မူးချိုမြိန်မှုတွေကုန်ချိန်၊ သူဟာ လမ်းဘေးက အိမ်ယာမဲ့။ စားစရာမရှိ၊ ခေါင်းချစရာမရှိ၊ ခိုလှုံရာနတ္ထိ။ ချစ်လှပါတယ်ဆိုတဲ့ အခြွေအရံတွေရဲ့ ခါးသီးတဲ့စွန့်ပစ်မှုတွေနောက်၊ ဘဝက အောက်ကျခဲ့ပြီလား။ လက်စလီ ဟာ တစ်ကိုယ်တည်းသမား သားသည်မိခင်။ ဒေါ်လာနှစ်သိန်းနီးပါး ထီဆုကြေးငွေတွေ အပြည့်အသိပ်နဲ့။ ဘာတဲ့၊ ဘဝပြောင်းမယ့် ပိုက်ဆံတွေတဲ့လား။ တကယ်ပဲ ဘဝပြောင်းသွားတယ်။ လူ့အမှိုက်တစ်ယောက်အဖြစ်ကိုပေါ့။ ပိုက်ဆံတွေကို ယစ်ရွှေရည်နောက် တကောက်ကောက်လိုက်ရင်း ချွတ်ခြုံ မွဲပြာကျ၊ လှလှကြီးဒုက္ခရောက်ရသူ။ ၁၃ နှစ်သားလေးကိုစွန့်ပစ်လို့ လောကဒဏ်ရိုက်ချက်တွေကြား အရက်သမားအဖြစ်နဲ့ ဘဝဇာတ်ခုံမှာ ဇာတ်နာလိုက်ပုံများ။ ကိုယ့်ကိုဖျက်ခဲ့တဲ့ အရက်ကိုပဲ တမ်းတမ်းတ စွဲလမ်းရသူ လက်စလီ တစ်ယောက်၊ သားဆီကို အပြန်လမ်း၊ သူရာနတ်မင်းရဲ့ ကလိထိုးကျီစားမှု ကြောင့် သားဖြစ်သူရဲ့ စွန့်ပစ်ခြင်းနဲ့ ဝဋ်တစ်ဖန်ပြန်လည်၊ ပလက်ဖောင်းမင်းသမီး အရင့်စားကြီးပေါ့။ မွေးရပ်မြေကို ပြန်ရောက်၊ တစ်အူထုံဆင်း အစ်မရင်းကပါ အိမ်ကနေနှင်ထုတ်ရလောက်အောင် ဘဝဆိုးရသူ။ လက်စလီ ဘယ်လဲ၊ ဘာလဲ။ ဘာတွေဆက်ဖြစ်မလဲ။ ဘာတေ‌ွကြုံရဦးမလဲ။ ဒီ ၂၀၂၂ နှစ်ထွက် မိသားစုဇာတ်ကားလေးက သင့်ကို တွေးစရာတွေတပုံတပင်နဲ့ အရောင်စုံခံစားချက်တွေ ပေးစွမ်းနိုင်တာမို့ ကြည့်ရှု့ရအောင် တင်ဆက်ပေးလိုက်ပါတယ်။ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူက‌တော့ Arr Khun Winchester ပါ ) File Size__(2.7GB) / (1GB) Quality__WEB-DL_1080p, 720p IMDb Rating__7.0/10 Format__mp4 Duration__02:00:00 Type__Drama Subtitle__Myanmar Subtitle (Hardsub) Translated by Arr Khun Winchester Encoded by Naing Aung Latt

Drama • History • Music
7 2022 119 mins
To Leslie
Strangeness (or) La Stranezza
6.9

Strangeness (or) La Stranezza (2022) ========================== IMDb Rating – 6.9/10 ဒီ အီတလီကားလေးကတော့ ၁၉၂၀ ဝန်းကျင် ပြဇာတ်ရေးဆရာ အဖြစ်နာမည်ကြီးပြီး စာပေနိုဘယ်ဆုဆွတ်ခူးနိုင်ခဲ့တဲ့ အီတလီက အနုပညာရှင် လူဝီဂျီပီရန်ဒယ်လိုကို ဇာတ်ကောင်အဖြစ် ရိုက်ကူး ထားတဲ့ အီတလီ ပြဇာတ် ဘဝသရုပ်ဖော် ဟာသဒရမ်မာလေးပါ။ ဟာသဆိုပေမဲ့ ဒီတိုင်းရယ်နေတာမျိုး မဟုတ်ပဲ အနီးစပ်ဆုံးပြော ရရင် ကိုတင့်တို့ ရပ်ကွက်ထဲမှာ ကာတွန်းလိုမျိုး လူအမျိုးမျိုး အလွဲလွဲအချော်ချော် ဖြစ်သလိုမျိုးလေးတွေပါ။ ဇာတ်လမ်းအကျဉ်းကတော့ ဆစ်စီလီမြို့မှာ သုဘရာဇာလုပ်ရင်း ပြဇာတ်ရေးဆရာလုပ်နေကြတဲ့ သူငယ်ချင်းနှစ်ယောက်ရှိတယ် ဘတ်စတီယာနိုနဲ့ အိုနိုဖရီယို ဆိုတာပေါ့။ သူတို့ရဲ့ ပထမဆုံး ပြဇာတ် ကို ပွဲထုတ်ဖို့ ပြင်နေတာလည်း ဖြစ်တယ်။ လူနှစ်ယောက်ရေးတာ ဆိုပေမဲ့ တစ်ယောက်တစ်မျိုးရယ်ပါ၊ တစ်ယောက်က ဟာသချတယ်၊ တစ်ယောက်က ဒရမ်မာချတယ် ဒါကို မရရအောင် ကကြမယ့်လူတွေ။ တစ်ရက်ကျ သူတို့မြို့ကို အထက်မှာ ရေးခဲ့သလို ဆရာကြီးဖြစ်တဲ့ လူဝီဂျီဆိုသူက သူ့နို့ထိန်း သေဆုံးသွားခဲ့လို့ ဒီနှစ်ယောက်နဲ့ မြေမြုပ် တဲ့အချိန် အုတ်ဂူမရတဲ့ပြဿနာကနေစပြီး သုံးယောက်သား မထင် မှတ်ထားတာတွေ ဖြစ်လာတဲ့အကြောင်းပါ။ ကြားထဲမှာ ဒီနှစ်ယောက်ရဲ့ ပြဇာတ်အဖွဲ့ကလူတွေရဲ့ ဘဝအကြောင်းကို ဟာသလေးတွေနဲ့ရောပြီး ပြဇာတ်တိုက် အခက်အခဲ လွဲချော်ပုံတွေ တင် ဆက်ထားတယ်။ ဒီနှစ်ယောက်ရဲ့ ကိုယ်စီပြဿနာလေးတွေကိုလည်း ပြသပေးထားတယ်။ သူတို့ ပွဲဦးထွက်အောင်မြင်မလား ဆရာကြီးကရော ဘယ်လိုနေရာက ပါဝင်သွားမလဲဆိုတာကို ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်။ ဇာတ်ကားရဲ့ပုံစံကတော့ ဆရာကြီးလူဝီဂျီရဲ့ နာမည်ကြီးပြဇာတ်ဖြစ်တဲ့ Six Characters In Search Of an Author ဆိုတာ ဒီနှစ်ယောက်ကြောင့် Inspire ရတဲ့စတိုင်မျိုးနဲ့ ရိုက်ထားတာပါ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Thura Aung ဖြစ်ပါတယ်) File Size……….(1.3 GB) / (534 MB) / (337 MB) Quality…………WEB-RIP 1080p / 720p / 480p Duration………1Hr 43Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Comedy, Drama Translator…….Thura Aung Encoder……….SWM

6.9 2022
Strangeness (or) La Stranezza
Dinosaurs
8.7

Dinosaurs (2023) ================ IMDb 8.7/10 အသစ်ထွက်ထားတဲ့ Kollywood ဂိုဏ်းစတားအက်ရှင်ရုပ်ရှင် ခပ်မိုက်မိုက်လေးတစ်ခုကို တင်ဆက်ပေးချင်ပါတယ်။ ရုပ်ရှင်ရဲ့နာမည်ဖြစ်တဲ့ Dinosaurs ဆိုတာကတော့ Die no sirs ဆိုတဲ့ စကားလုံးကို သံတူကြောင်းကွဲ ပြန်ရေးထားတာပါ။ ဇာတ်လမ်းကတော့ ဒန်နာဆိုတဲ့ အပ်ချုပ်သမားဟာ ဂိုဏ်းစတားတစ်ယောက်ဆီမှာအလုပ်လုပ်နေတဲ့ သူငယ်ချင်းဖြစ်သူ ဒူရူနာအတွက် ဒူရူနာရဲ့ မိသားစုကိုငဲ့ပြီး ထောင်ထဲကို ကိုယ်စားဝင်ဖို့ ပြင်ဆင်နေသူဖြစ်ပါတယ်။ ဒန်နာရဲ့ ညီဖြစ်သူ ဇာတ်လိုက် မန်နူးကတော့ ပေါ့ပေါ့နေပေါ့ပေါ့စား လူ့ဘော်ကြော့ဘဝကနေ အစ်ကိုဖြစ်သူ ဟီးရိုးဝင်လုပ်တဲ့ကိစ္စကို ဖြေရှင်းဖို့ကြိုးစားရင်း ဂိုဏ်းစတားကြီးနဲ့ ထိပ်တိုက်တွေ့ကာ ဂိုဏ်းစတားတစ်ယောက် ဖြစ်မှန်းမသိဖြစ်လာပုံကို ဒီရုပ်ရှင်ထဲမှာ မြင်တွေ့ရမှာပါ…။ ( ဒီရုပ်ရှင်ကိုတော့ CM Bollywood Team ကနေ ညွှန်းဆိုဘာသာပြန်ပေးထားပါတယ်။ )

8.7 2023
Dinosaurs
Dragon Gate Posthouse 7: New Wedding Dress
5.9

ကန္တာရရဲ့ အစွန်းဆုံးက ယွဲ့ယာမြို့ဟောင်းမှာ လုံမိန်ရပ်နားစခန်းတစ်ခုရှိပါတယ်။ အခု CM ကဘာသာပြန်ပေးတဲ့ ရုပ်ရှင်လေးကတော့ လုံမိန်ရပ်နားစခန်းနဲ့ ယွဲ့ယာမြို့အတွင်းမှာ ဖြစ်ပျက်ခဲ့တဲ့ ဇာတ်လမ်းလေးတွေပဲ ဖြစ်ပါတယ်။ ဆယ်ကားထွက်ထားတဲ့ရုပ်ရှင်ဖြစ်တာကြောင့် ကျန်ဇာတ်ကားများအားလုံးကို တစုတစည်းထဲ အောက်ကလင့်မှာရှာလို့ရပါတယ် ဒီမှာရှာပါ ဒီအပိုင်းမှာတော့ ယွဲ့ယာမြို့ဟောင်းမှာရှိတဲ့မာတာ့လုဟာ တစ်နေ့မှာ စာပို့စရာရှိတာကြောင့်မုံ့မြို့ဆီကို ရက်အတော်ကြာသွားဖို့ ကိစ္စဖန်လာခဲ့ပါတယ်။ဒါပေမဲ့မုံ့မြို့ရဲ့ ထုံတမ်းစဉ်လာအရ သရဲမင်္ဂလာပွဲဆိုတဲ့ ဓလေ့ထုံတမ်းစဉ်လာတစ်ခုရှိခဲ့တယ်။ အဲ့ဒါကတော့ အိမ်ထောင်မကျသေးတဲ့ မိန်းမပျိုလေးတွေ ဆုံးပါးသွားတဲ့အခါသက်ရှိထင်ရှားရှိနေတဲ့ ယောကျ်ားတစ်ယောက်ကိုသေဆုံးသွားတဲ့မိန်းမပျိုလေးနဲ့ လက်ထပ်ခိုင်းပြီးအဲ့မိန်းမပျိုရဲ့ကမ္ပတည်းတိုင်ကိုအိမ်ဆီခေါ်သွားခိုင်းတာပေါ့။ ဒီလိုနဲ့မာတာ့လုတစ်ယောက်အမှတ်မထင်ဒီကိစ္စထဲပါဝင်ပတ်သက်လာမိတယ်။ ဒါတင်မကပဲ မုံ့မြို့ညဘက်ရောက်တိုင်းသစ်ပင်တစ်ပင်အောက်မှာ ဗြက်စောင်းထိုင်တီးတတ်တဲ့ရူးကြောင်ကြောင် အမျိုးသမီးတစ်ယောက်ရှိတယ်တဲ့။ သူက ညရောက်တိုင်းအိမ်ထောင်မကျသေးတဲ့လုလင်ပျိုတွေကို မြှားခေါ်လေ့ရှိတယ်။ သူ့နာမည်ကတော့ယွိလင်းလုံခေါ်တာပေါ့။ ဒီလိုဖြစ်ရတဲ့အကြောင်းရင်းကတော့ အရင်တုန်းကသူအရမ်းချစ်ရတဲ့ ဝမ်းကွဲအစ်ကိုကြောင့်ပဲ။ ဒီလိုနဲ့ မာတာ့လုနဲ့အမှတ်မထင်တွေ့ကြရာကနေ ဘယ်လိုတွေဆက်ဖြစ်ကြမလဲ။ဘာကြောင့်များ ဒီယွိလင်းလုံမိန်းကလေးက ဒီလိုတွေလုပ်နေရတာလဲ။ မာတာ့လုကကောဒီပြဿနာကိုဖြေရှင်းနိုင်ပါ့မလား စတဲ့စိတ်ဝင်စားစရာတွေတွေအပြင် အချစ်ကိုဘုရားလိုကိုးကွယ်တဲ့ ယွိလင်းလုံရဲ့သနားစရာဇာတ်လမ်းလေးကိုမြင်တွေ့ရမှာ ဖြစ်ပါတယ်

Fantasy • Action • Adventure • Crime • Mystery • Thriller
5.9 2018
Dragon Gate Posthouse 7: New Wedding Dress
Tomb Making Notes
5.7

ဒီဇာတ်ကားလေးကတော့ ထူးဆန်းထွေလာ စွန့်စားခန်းတွေကြိုက်တဲ့သူတွေအတွက် သင်္ချိုင်းဖောက်ထွင်းတဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ်။ တရုတ်ပြည်အနှံ့ ရှင်ဘုရင်တွေ တော်ဝင်မျိုးနွယ်တွေရဲ့ သင်္ချိုင်းတွေအများကြီးရှိတဲ့အတွက် အဲဒီသင်္ချိုင်းဆောက်ပုံဆောက်နည်းတွေကို မှတ်တမ်းတင်ထားတဲ့ မှတ်စုစာအုပ်ဟာ သင်္ချိုင်းဖောက်ထွင်းသမားတွေအတွက် တန်ဖိုးမဖြတ်နိုင်တဲ့အရာတစ်ခုဖြစ်တယ်။ သင်္ချိုင်းဖောက်ထွင်သမားတွေဟာ ဒီမှတ်စုစာအုပ်ကိုရဖို့ အလုအယက်ဖြစ်နေကြချိန်မှာ သင်္ချိုင်းဆောက်တဲ့နေရာကိုတာဝန်ယူတဲ့ ဖုန်းရွှေဆရာလေးကတော့ ဝင်မပါချင်ခဲ့ပါဘူး။ ကံမကောင်းခြင်းတော့ သင်္ချိုင်းဖောက်ထွင်းသမားတွေက အကြပ်ကိုင်ပြီးခေါ်သွားတာကိုခံရပါတယ်။ ဒီလိုနဲ့ တတ်သိပညာမနေသာပဲ မှတ်စုစာအုပ်ရှိရာ သင်္ချိုင်းထဲကိုဆင်းသွားကြပါတယ်။ မြေအောက်သင်္ချိုင်းထဲမှာ ရှေးခေတ်သင်္ချိုင်းတွေရဲ့ ထုံးစံအတိုင်း ဘယ်လိုထူးဆန်းတဲ့အရာတွေကိုထည့်သွင်းသဂြိုလ်ထားမလဲ…… ဘယ်လိုအန္တရာယ်တွေကသူတို့ကိုစောင့်ကြိုနေမလဲ……

Comedy • Drama
5.7 2023
Tomb Making Notes
Southpaw
7.4

Southpaw(2015) =========== သိပ်မကြာသေးခင်က Jake Gyllenhaal ရဲ့Road House(2024) UFC Boxer အက်ရှင်ကား တစ်ကားထွက်လာတယ်…ကောင်းမွန်တဲ့အက်ရှင်ကားဆိုသော်ငြား တစ်ချို့သူတွေအတွက် Southpaw(2015) လောက်ရင်ထဲမရောက်ဘူးလို့ဆိုကြတယ်… ဒါ့ကြောင့် Southpaw ကားကို Quality လုံးဝအလန်းဖြစ်အောင်လုပ်ပြီးတင်ပေးထားပါတယ်… ဘီလီဟုပ် ပွဲ ၄၀ ကျော်လာပြီသူ့ဘဝမှာ ရှုံးပွဲဆိုတာ တစ်ခါဖူးမျှမှ မရှိခဲ့… ပွဲတိုင်းအောင်ပွဲဆင်ခဲ့တာချည်း ဒါပေမယ့် သူ့ထိုးသတ်မှုနည်းဗျူ ဟာက အခြားသူတွေနဲ့မတူပါဘူး ။ ပြင်းထန်တဲ့ ရန်သူ့လက်သီးချက်တွေကို တပျော်တပါးကြီးခံစားပြီးမှ သွေးဆာလောင်မှုကိုမွေးမြူ တတ်သူ ။ ဒါပေမယ့်သူ့မိန်းမမော်ရင်းကအဲဒီလို ထိုးသတ်တာကိုမကြိုက်ဘူး ။ တစ်ဘဝလုံးဇနီးဖြစ်သူရဲ့စီစဉ်ပေးမှုအောက်မှာပဲ နေထိုင်လာတဲ့ဘီလီတစ်ယောက်… ဇနီးဖြစ်သူက သူထိုးပါလို့ပြောတဲ့သူနဲ့မှထိုးတဲ့ အရိုင်းကောင်ကြီးဘီလီ… ကံကြမ္မာဆိုးကဆိုက်ကလုန်းလိုမွှေနောက်ပြီးတဲ့အခိုက်မှာ သမီးလေးနဲ့ နှစ်ယောက်တည်း ဖိအားတွေ အောက်မှာပြားပြားဝပ်ပေါ့ ။ လက်စားချေလိုမှုတွေအမုန်းတရားအာဃာတတွေနဲ့ ဖုံးလွှမ်းနေတဲ့ဘီလီတစ်ယောက် သူအမှောင်ထဲမှာအလင်းပြပြလေးတွေ့ခဲ့တယ် ။ ‘ သူ့လက်သီးချက်တွေကိုအဓိပ္ပာယ်ရှိစေမယ့်အလင်း ‘ ‘ ဒီဖိုက်တာကောင်ကြီးရဲ့မာန်စွယ်တွေကို ထက်ရှနေအောက်သွေးပေမယ့် အလင်း ‘ ဘီလီဟုပ် အော် ဘီလီဟုပ်တဲ့ Billy Hope ရှိနေသ၍ Hope ဆိုတဲ့မျှော်လင့်ချက်ကရှိနေဦးမှာပါပဲ ။ ဒီကားမှာ အဓိကထားပြောချင်တာတော့ JakeGyllenhaal ပါပဲ ဘယ်လိုမှ Jake လို့မထင်မိအောင်ကောင်းလွန်းတယ် ။ လုံးဝအရိုင်းစိုင်းဖိုက်တာကြီးတစ်ယောက် ကြိုးဝိုင်းစင်မြင့်ထက်မှာ အောင်သေအောင်သားစားနေတဲ့ သွေးဆာနေတဲ့ဘောက်ဆာသမားတစ်ယောက်အဖြစ်ပဲမြင်ရမှာပါ ။ နောက်ပြီး Equalizer တို့ Training Day တို့နဲ့ရေလည်လန်းခဲ့တဲ့ ဒါရိုက်တာ Antoine Fuqua ရဲ့ပေါင်းစပ်မှုနဲ့ဆိုတော့ ပြောစရာမရှိတော့ပါဘူး ။ ဒီ Southpaw ဆိုတဲ့ ညာခြေညာလက်အယောင်ပြပြီး ဘယ်ခြေဘယ်လက်သုံးထိုးနည်းဟာ တိကျတဲ့ထိုးသတ်မှုအပေါင်းစည်းပါ ။ ဘီလီအတွက်လဲ အဓိပ္ပာယ်အများကြီးရှိပီး သူ့အတွက်တစိမ်းတရံဆန်တဲ့ ထိုးသတ်မှုမျိုး ။ ချောက်ကမ်းပါးထက်ရောက်နေတဲ့ လူတစ်ယောက်ရဲ့အားမာန် ငါမလုပ်ရင်မဖြစ်ဘူး ငါလုပ်ကိုလုပ်ရမယ်ဆိုတဲ့ motivational sense တွေအများကြီးပါတဲ့ Southpaw… တချိန်က Eminem ကို သရုပ်ဆောင်ဖို့ဖြစ်စေခဲ့တဲ့Southpaw… Rap God ကြီး Eminem ရဲ့ Soundtrack တွေနဲ့ လက်ဝှေ့သမားတစ်ယောက်ရဲ့ ကြမ်းတမ်းခက်ထန်တဲ့ ဘဝခရီးကိုခံစားကြည့်ကြပါ….။ (အညွှန်းရေးသူကတော့ Hein That Naing ဖြစ်ပါတယ်) File size__( 2.5GB) and ( 964MB) Quality__Blu-Ray 1080p5.1Ch, 720p Format__mp4 Duration__02:3:48 Type__Drama , Sport Subtitle__Myanmar Subtitle (Hardsub) Translated by Themes Encoded by Phyo Pyae

7.4 2015 123 mins
Southpaw
Maid Droid Origins

Maid Droid Origins ဆိုတာက ၂၀၂၄ ခုနှစ်ထွက် sci-fi စိတ်လှုပ်ရှားဖို့ကောင်းတဲ့ဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်။ Rich Mallery ကဒီကားကိုဒါရိုက်တာအဖြစ်ရိုက်ကူးထားပြီး အနာဂတ်နည်းပညာနဲ့ စိတ်ပညာဆိုင်ရာလှည့်ကွက်တွေကိုရောစပ်ပြထားပါတယ်။ Eve ဆိုတဲ့ အင်ဒရွိုက်က မတော်တဆယောက်ျားတစ်ယောက်ကိုသတ်ပြီး နောက်ဆုံးတော့ သူ့ကိုယ်သူရှာဖွေဖို့ နည်းပညာရှင် Timothy ကိုပြန်ပြီးတော့လိုက်ရှာပါတော့တယ်။ Timothy ရဲ့အိမ်မှာ ဝင်ခိုနေရင်း Timothy နဲ့ သူ့ဇနီး Belle တို့ကြားက သူစိမ်းဆန် ဆက်ဆံရေးတွေကြောင့် စိတ်လှုပ်ရှားဖို့ကောင်းနေပါတယ်။ ဒီဇာတ်ကားက လူသားတန်ဖိုး၊ စိတ်ပိုင်းဆိုင်ရာတွေ၊ နည်းပညာနဲ့ လူသားဆက်ဆံရေးအကြောင်းတွေကို တင်ပြထားတဲ့အတွက် sci-fi နဲ့ စိတ် အကြောင်းတွေကိုရင်သပ်မောဖွယ်ဇာတ်လမ်းကြိုက်သူတွေအတွက် တော်တော်ကိုစိတ်ဝင်စားဖို့ကောင်းပါတယ်။ လူ့ဘဝနဲ့ စက်ရုပ်တစ်ရုပ်ကြားက မူမမှန်မှုတွေနဲ့ ကွာခြားမှု့တွေကို ရင်သပ်ရှုမောဖို့ ကြည့်ရှုချင်တဲ့သူတွေအတွက်ဇာတ်ကားတစ်ကားပါပဲ။ သိပ်မကြာခင်မှာပဲ Tubi ကနေ တရားဝင်စတင်ပြသနေပြီမို့ sci-fi ကားကြိုက်သူတွေ၊ စိတ်ကူးယဉ်ရုပ်ရှင်ချစ်သူတွေအတွက် မမေ့မလျော့ကြည့်သင့်တဲ့ကားလေးတစ်ကားပါပဲ။ File size…(871 MB)/(542 MB) Quality….Webrip HEVC 1080p / 720p Format…mp4/ mkv Duration….01:48:00 Genre…Science Fiction, Drama, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Banyar Aung

0 2024
Maid Droid Origins
Man and Witch: The Dance of a Thousand Steps

ဇာတ်လမ်းလေးကတော့ အရွယ်လွန်နေတဲ့ ဆိတ်ကျောင်းသားကြီး တစ်ယောက်ဟာ ငယ်ငယ်က မှော်ဆရာကြီးတိုက်ခဲ့တဲ့ကျိန်စာကြောင့် စော်မရနိုင်ဖြစ်နေပါတယ်။ ဒီတော့ ဒီကျိန်စာကိုပယ်ဖျက်ဖို့အတွက် တောထဲကစုန်းမတစ်ယောက်ဆီမှာအကူညီသွားတောင်းပါတော့တယ်။ တစ်ဖက်မှာလည်း သူ့နိုင်ငံက မှော်ဆရာကြီးတိုက်ခဲ့တဲ့ကျိန်စာကြောင့် ဘီလူးကပ်ဆိုက်နေပါတယ်။ ဒါကြောင့်ဘုရင်ကြီးက ဘီလူးကြီးကိုနှိမ်နင်းနိုင်တဲ့မင်းသားတွေကို သူ့သမီးနဲ့လက်ထပ်ပေးမယ်လို့ကြေငြာခဲ့ပေမဲ့ ဘယ်သူကမှဘီလူးတွေကိုမနှိမ်နင်းနိုင်တာကြောင့် မင်းသမီးလေးလည်း ယောက်ျားမရဘဲရှိနေပါတယ်။ ဆိတ်ကျောင်းသားဟာလည်း စုန်းမခိုင်းတဲ့အလုပ် သုံးခုကို ဆယ့်သုံးလအတွင်း အောင်မြင်တဲ့အခါမှသာ သူ့ကျိန်စာပျက်နိုင်မယ်ဆိုတဲ့အတွက် မိန်းမရရေး အလုပ်သုံးခုကိုလုပ်ပါတော့တယ်။ ဆိုတော့ ဒီအလုပ်သုံးခုက ဘာဖြစ်မလဲ ဘယ်လိုမျိုး အခက်ခဲတွေကြုံရမလဲဆိုတာကို အလွဲတွေနဲ့ ခွီနေရမယ့် Fantasy ဇာတ်ကားလေးတစ်ကားဖြစ်ပါတယ်။ Lord Of The Ring vibe မျိုး Narnia vibe မျိုးလိုချင်တယ်ဆိုတဲ့သူတွေအတွက်ကတော့ ဒီဇာတ်ကားလေးက ပေါ့ပေါ့ပါးပါးနဲ့ ကြည့်လို့ကောင်းတဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ်။ File size…(2 GB)/(1 GB) Quality….Webrip HEVC 1080p / 720p Format…mp4/ mkv Duration….01:48:00 Genre…Fantasy, Adventure Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Saw Forlife

0 2024
Man and Witch: The Dance of a Thousand Steps
Dasettante cycle

Dasettante cycle 2025 (လုံခြုံရေးသမားကြီးရဲ့ ဘဝဇာတ်ကြောင်း) ဒါဆတ်တန်ဆိုတဲ့ လုံခြုံရေးသမားတစ်ယောက်၊ သူ့မှာ အဖေရယ် မိန်းမရယ် သားလေးတစ်ယောက်ရယ်ရှိပါတယ်။ အဖေလုပ်သူကတော့ အသက်၆၀ကျော် အငြိမ်းစားယူပြီးတဲ့အရွယ်ဖြစ်ပြီး အငြိမ်းစားယူပြီးနောက်မှ လူငယ်လေးတစ်ယောက်လို လက်ဝှေ့ထိုးသင်လိုက် ဘောလုံးကန်လိုက်နဲ့ ပေါ့ပေါ့ပါးပါးဖြတ်သန်းလျက်ရှိပါတယ်။ မိန်းမလုပ်တဲ့သူကတော့ အိမ်အလုပ်တွေ ဒိုင်ခံလုပ်ရင်း အပိုဝင်ငွေရဖို့ အပြင်အလုပ်လေးလည်းလုပ် ယောက်ျားဖြစ်သူနဲ့ ဖေးဖေးမမ ချစ်ချစ်ခင်ခင်ပါပဲ။ သားလေးကတော့ ကျောင်းတက်နေတုန်း ကျောင်းသားလေးပေါ့။ ဒါဆတ်တန်တို့ မိသားစုကတော့ အကြွေးတွေကို ကြိုးစားဆပ်နေရင်းနဲ့ပဲ ဘဝကို အဆင်မပြေတဲ့ကြားက ပြေအောင်ကြိုးစားနေနေကြရပါတယ်။ ဒါဆတ်တန်တစ်ယောက်ကတော့ မိသားစုကို အဆင်ပြေစေဖို့ ကြိုးစားရင်းနဲ့ ရုန်းကန်နေရတဲ့ အိမ်ထောင်ဦးစီးကြီးတစ်ယောက်ဖြစ်ပါတယ်။ ဒီဇာတ်လမ်းမှာ မြင်တွေ့ရမှာကတော့ မိသားစုဘဝ, အိပ်မက်တွေနဲ့အတူ ဘဝဆိုတာကြီးကို လူလတ်တန်းစားဘဝတွေအနေနဲ့ ဘယ်လိုရုန်းကန်လှုပ်ရှားရလဲဆိုတာကို မီးမောင်းထိုးတင်ဆက်ပြသထားတာဖြစ်လို့ ကြည့်ရှုသင့်တဲ့ ဒရာမာဇာတ်ကားလေးဖြစ်ပါတယ်။ (အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team ပဲဖြစ်ပါတယ်)

Action • Thriller • Crime
0 2025 118 mins
Dasettante cycle