YoteShin Drive is below this article. Scroll down to view.

210W Charging Redmi Note 12 Pro +

Author: Anonymous Published on: 12 Aug 2022

Redmi is now creating the Note 12 Series and can be sold in China before the end of this year. These smartphones have registered in the 3C, with at least three models will come out. These are Redmi Note 12, 12 Pro and 12 Pro +. According to data, 22101316UCP and 22101316C models will be released 22101316C, 22101316C and 22101316C, 12 Pro and NO and Note 12. The Note 12 Pro + will be 210w charging. Xiaomi has successfully created 200W Charging and announced a year ago. The company added 120W Charging last year on the Redmi Note Series. Now the Redmi Note 12 Pro + will provide a very fast charging rate. The Redmi Note 12 Pro will include 67W charges in 120W charging and Note 12. 210W Xiaomi Charger will be registered in 3C and will be included in Redmi Note 12 Pro +. Xiaomi's 210w Charging will be charged 100% in 10 minutes. According to leaked reports, the Note 12 seriess will feature 50MP main, 8MP Ultrawide and 2MP cameras. The Note 12 Pro and Note 12 Pro + will be the same Dimensity 1300 chipset. These phones will be available in China first, and later sold internationally. Ref: Gizchina

YoteShin Drive

Sign in using google and save to your drive

The.Legend.of.Bruce.Lee.S01E23.Episode.23.1080p.(CM).mp4

1.43 GB 1080p video/mp4 41 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
The Banshees of Inisherin
7.5

ဒီရုပ်ရှင်ကတော့ အတော်ကိုပြောင်မြောက်တဲ့ Dark Comedy အမျိုးအစားပါ။ Martin McDonagh ကိုယ်တိုင်ရေးသားရိုက်ကူးထားတာပါပဲ။ Martin McDonagh ဆိုတာ In Bruges, Seven Psychopaths, Three Billboards Outside Ebbing, Missouri တို့တို့ နာမည်ကြီးရုပ်ရှင်တွေကို ရေးသားပေးခဲ့တဲ့သူပါပဲ။ ဒီရုပ်ရှင်ဟာ တကယ်တော့ အိုင်းရစ်ပြည်တွင်းစစ်ကို သရော်တဲ့ သဘောလည်းပါပါတယ်။ အိုင်းရစ်ပြည်တွင်းစစ်အကြောင်း ပြောရမယ်ဆိုရင်တော့ ၁၉၁၉ ကနေ ၁၉၂၁ အတွင်း အိုင်းရစ် ရီပက်ဘလစ်ကန်တပ်မတော်နဲ့ ဗြိတိသျှတို့ တိုက်ခိုက်ခဲ့ကြတဲ့ အိုင်ယာလန်လွတ်လပ်ရေးစစ်ပွဲကနေ အစပြုခဲ့တာပါပဲ။ အိုင်ယာလန်တွေဟာ 1801 ခုနှစ်ကတည်းဆုံးရှုံးခဲ့တဲ့ လွတ်လပ်ရေးအတွက်ဗြိတိန်နဲ့တိုက်ခိုက်ရင်း ၁၉၂၁ မှာ စစ်ပွဲရပ်စဲဖို့အတွက် အင်ဂလို-အိုင်ယာလန် ငြိမ်းချမ်းရေးစာချုပ်ကို ချုပ်ဆိုဖို့ အကြောင်းဖန်လာပါတယ်။ ဒီစာချုပ်အရ အိုင်ယာလန်ဟာ တစ်နှစ်အတွင်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ လွတ်လပ်တဲ့နိုင်ငံဖြစ်လာမှာပေမဲ့ ဗြတိသျှအင်ပါယာထဲမှာ အကျုံးဝင်ကြောင်း သဘောတူညီချက်စာချုပ်ပါပဲ။ အဆိုပါစာချုပ်ကို လက်ခံတဲ့အဖွဲ့နဲ့ လက်မခံတဲ့အဖွဲ့ နှစ်ဖွဲ့ကွဲပြီး အိုင်ယာလန်ပြည်တွင်းစစ်ကြီးဖြစ်လာခဲ့တာပါ။ အဆုံးမှာတော့ စာချုပ်ကိုလက်ခံတဲ့အဖွဲ့က အနိုင်ရပြီး ပြည်တွင်းစစ်ပြီးဆုံးခဲ့တာပါ။ ဇာတ်လမ်းကတော့ ရိုးရှင်းပါတယ် ကွမ်ဆိုတဲ့သူနဲ့ ပက်ဒရစ်ဆိုတဲ့သူဟာ အင်နီရှဲရင်ဆိုတဲ့ ကျွန်းကလေးပေါ်က ရွာလေးတစ်ခုမှာ အတူနေထိုင်ကြတဲ့ သူငယ်ချင်းနှစ်ယောက် ဖြစ်ပါတယ်။ တစ်နေ့မှာတော့ ကွမ်ဟာ ရုတ်တရက်ကြီး ပေါ့ဒရစ်ကို အပေါင်းအသင်းမလုပ်ချင်တော့ဘူးဆိုပြီးအဆက်အသွယ်ဖြတ်သွားပါတယ်။ ဘာကြောင့်မှန်းလည်းမသိတဲ့ ပေါ့ဒရစ်က ကွမ်နဲ့စာရှင်းရှင်းဖို့ ကြိုးစားရင်း ပြဿနာတွေပိုပိုရှုပ်လာပါတယ်။ တစ်ယောက်နဲ့တစ်ယောက်လည်း အရမ်းကို မုန်းတီးလာပေမဲ့ အပြင်လူနဲ့ အရေးကြုံရင်လည်း ကူညီတတ်ကြသလို တစ်ယောက်ရဲ့ တိရစ္ဆာန်လေးတွေကိုလည်း တစ်ယောက်က ချစ်ကြပါသေးတယ်။ ဒါပေမဲ့ နောက်ဆုံးမှာတော့ အမုန်းတရားတွေကြောင့် ဘယ်လိုပျက်စီးရလဲဆိုတာကို Dark Comedyတွေရဲ့ ထုံးစံအတိုင်း ရယ်ရခက် ငိုရခက်နဲ့ ရိုက်ကူးပြသသွားတာပါပဲ။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Mr.Anderson ပဲ ဖြစ်ပါတယ်။ Genre..... Comedy, Drama Quality…. 1080p | 720p | 480p File size… 1.3GB | 710MB | 312MB Format… mp4 Duration…. 1h 56min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Mr.Anderson Encoder ..... August

Action • Crime
7.5 2022 114 mins
The Banshees of Inisherin
(18+) Madame Bamboo
3

ဆောင်ကြာမြိုင်ဇာတ်လမ်းလို့ပြောရမှာပေါ့ ကုန်းဘောင်ခေတ် ဆောင်ကြာမြိုင်ဇာတ်လမ်းတော့မဟုတ်ဘူး စိနပြည်ဆောင်ကြာမြိုင်ဇာတ်လမ်းပါ sex and zen တို့လို တရုတ်ကားတွေ ကြိုက်တဲ့သူတွေအတွက်ကတော့ ဒီဇာတ်ကားက တရုတ်တွေရဲ့ထုံးစံအတိုင်း ကွက်ကွက်ကွင်းကွင်း မုန့်တီဟင်းနှယ် ချပြထားတာကြည့်ရမှာပါ ဆောင်ကြာမြိုင်ကိုရောင်းစားခံရတဲ့ ကောင်မလေးတွေ သူတို့ဘဝဇာတ်ကြောင်းတွေ ပြန်ပြောင်းပြောပြတာကို ကြည့်ရှုရင်း တရုတ်ပြည်ရဲ့ ရှေးခတ်မိန်းမတွေကို ပိုးစိုးပက်စက်နှိမ့်ချထားတဲ့ အကြောင်းတွေကို ထုံးစံအတိုင်း မျက်စိပသာဒဖြစ်ဖွယ်လေးနဲ့ နှလုံးသွင်းရှုစားကြတာပေါ့ဗျာ File size…2.1GB / 1GB Quality…1080p HQ WEB DL /720p Format…mp4 Duration….2h 12m Subtitle….Myanmar Subtitle (Hard Sub) Encoder….X Cross Translated by Andrew Mason

3 1991 106 mins
(18+) Madame Bamboo
City of the Rising Sun
6.9

ဒီကားလေးကတော့ 1999ထွက် ကိုရီးယားကားလေးဖြစ်ပြီးတော့ ဘ၀အပေါ်မှာမြင်တဲ့အမြင်ချင်း ဆန့်ကျင်ဘက်ဖြစ်နေပေမယ့် သူငယ်ချင်းကောင်းတွေဖြစ်ခဲ့ကြတဲ့ လူငယ်လေးနှစ်ယောက်ရဲ့ဘ၀ဇာတ်‌ကြောင်းကို ရိုက်ကူးပြထားပါတယ်။ မင်းသားကြီးJung Woo Sungနဲ့ Lee Jung Jaeကပါ၀င် သရုပ်ဆောင်ထားပါတယ်။ အမြဲလူတစ်ကာအပေါ်မှာ လှည့်ပတ်လိမ်လည်နေရင်း ကြီးပွားချမ်းသာဖို့အရေးကိုပဲ ကြံစည်နေတဲ့ ဟုန်ဂီ၊ ပြိုင်ပွဲတွေမှာ အရူံးနဲ့ရင်ဆိုင်ခဲ့ရပေမယ့် အားမလျှော့ဘဲ ချန်ပီယံဖြစ်ဖို့ ကြိုးစားနေတဲ့ ဒိုချော၊ အဲဒီလိုသူတို့နှစ်ယောက်က အလုပ်တစ်ခုတည်းမှာ အတူတူလုပ်ရဖို့ ဖြစ်လာခဲ့ပါတယ်၊ သူများအပေါ်မှာ ဖျံကျတတ်တဲ့ဟုန်ဂီရဲ့အကျင့်တွေကို ဒိုချောကလည်း သဘောမကျသလို ဟုန်ဂီကလည်း ချန်ပီယံဖြစ်ဖို့အရေးကိုပဲ အာရုံစိုက်နေတဲ့ ဒိုချောက သူ့အမြင်မှာ လှောင်စရာဖြစ်နေတာပါ။ ဒီလိုမျိုးမတူညီ‌ကြပေမယ့် တစ်ယောက်ကိုတစ်ယောက်ကူညီရင်းနဲ့ပဲ သူငယ်ချင်းကောင်းတွေဖြစ်သွားကြပါတယ်၊ ဒီသူငယ်ချင်းနှစ်ယောက်ရဲ့ဘ၀အပေါ်ခံယူချက်တွေ သူတို့‌ရဲ့ဘ၀ကို ကိုယ့်ရဲ့နည်းလမ်းအတိုင်း အကောင်းဆုံးကြိုးစားဖြတ်သန်းနေပုံတွေကို ရိုးရိုးရှင်းရှင်းနဲ့ပဲရင်ထဲရောက်အောင် ရိုက်ကူးပြထားတာမို့ အေးအေးဆေးဆေး အနားယူရင်းကြည့်ရှူခံစားဖို့အတွက် အချိန်ပေးရကျိုးနပ်မယ့် ကားလေးဖြစ်မှာပါ။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Aye Phyo ပဲ ဖြစ်ပါတယ်။ Genre..... Drama Quality…. 1080p | 720p | 480p File size… 2.1GB | 1GB | 529MB Format… mp4 Duration…. 1h 48min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Aye Phyo Encoder ..... August

Action • Crime • Drama • Thriller
6.9 1999 108 mins
City of the Rising Sun
Kuntilanak 3
4.6

Kuntilanak 3 (2022) Kuntilanakဆိုတာ Hinduဘာသာဒဏ္ဍာရီထဲက အငြိုးကြီးတဲ့ ဝိညာဉ်ကိုဝါးမြိုတတ်တဲ့ တစ္ဆေတစ်ကောင်ရဲ့အသွင်ရှိတဲ့ နတ်ဆိုးတစ္ဆေကြီးပေါ့။ Kuntilanakအကြောင်း ရိုက်ကူးထားတဲ့ ရုပ်ရှင်တွေလည်း ပုံပြင်တွေ ဝတ္ထုတွေ အမျိုးမျိုးရှိပါတယ်။ တချို့ကျတော့လည်း အဖြူရောင်သရဲအနေနဲ့ တချို့ကျတော့လည်း သွေးစုပ်ဖုတ်ကောင်အနေနဲ့ ပုံဖော်ထားကြပါတယ်။ ဒီKuntilanak 3 ထဲမှာတော့ လက်ခံသူရှာဖွေနေတဲ့ မကောင်းဆိုးဝါးအနေနဲ့မြင်တွေ့ရမှာပါ။ ဒင်ဒါဟာ သူများနဲ့မတူညီတဲ့အစွမ်းတွေကို ပိုင်ဆိုင်ထားတဲ့ကလေးတစ်ယောက်ပါ။ အမေဂျီးကားကိုသွားရင် စူပါဟီးရိုးအဖွဲ့တို့ဘာတို့ ရောက်ရင်ရောက်နိုင်ပေမဲ့ အင်ဒိုနီးရှားသူလေးဒင်ဒါ‌ကတော့ လူထူးလူဆန်းဆိုပြီး ကျောင်းမှာ အပယ်ခံဖြစ်နေသူပါ။ အမြဲ အနိုင်ကျင့်ခံ အပယ်ခံဘဝမှာ အထီးကျန်နေရသူဆိုလည်း မမှားပါဘူး။ ဒီလိုနဲ့ တစ်နေ့မှာ သူ့ရဲ့မောင်နှမတွေကိုပါ စိတ်စွမ်းအားနဲ့ ထိခိုက်အောင်လုပ်မိချိန်မှာတော့ ဒင်ဒါတစ်ယောက် အားလုံးဝိုင်းပြောနေသလို သူ့ကိုယ်သူ မကောင်းဆိုးဝါးတစ်ကောင် လူတွေရဲ့အန္တရာယ်တစ်ခုလို မြင်လာတာကြောင့် မာသာဟက်တီဆိုတဲ့ စိတ်စွမ်းအားရှင်တွေကို လေ့ကျင့်သင်ကြားပေးနေတဲ့ ထူးဆန်းတဲ့ကျောင်းတော်ကြီးကိုသွားဖို့ ဆုံးဖြတ်လိုက်ပါတော့တယ်။ မာသာဟက်တီကျောင်းတော်ကို တည်ထောင်ခဲ့တဲ့ မဟာကူစနူမရှိတော့သလို သူ့ရဲ့ဇနီးဖြစ်သူအီရန်ဆုခ်မာကလည်း အိပ်ရာထဲလဲနေတဲ့အကြောင်းပြချက်နဲ့ ဘယ်သူ့ကိုမှ အတွေ့မခံပေမဲ့ ဆရာတွေကောင်းမှု ကျောင်းတော်ကြီးကတော့ စည်ကားနေဆဲပါပဲ။ ဒင်ဒါတစ်ယောက်လည်း ကိုယ်နဲ့တူတဲ့ကလေးတွေမြင်ရလို့ အထီးကျန်မှုတွေပပျောက်လို့ သူငယ်ချင်းသစ်တွေရလို့ ပျော်ရွှင်နေတာပေါ့။ ဒါပေမဲ့.... ကျန်နေခဲ့တဲ့ ဒင်ဒါရဲ့မောင်နှမတွေက မာသာဟက်တီကျောင်းတော်အကြောင်း စပ်စုရင်းနဲ့ ကျောင်းသားတွေ တစ်စတစ်စပျောက်ဆုံးနေကြောင်းနဲ့ ကျောင်းသားတစ်ယောက်က ကျောင်းမှာ Kuntilanakကို တွေ့ခဲ့တယ်ဆိုတဲ့သတင်းကို မြင်လိုက်ရပြီး ဒင်ဒါနောက်လိုက်သွားချိန်မှာတော့.... မာသာဟက်တီကျောင်းတော်ကြီးရဲ့ ပဟေဠိတွေကို ဒင်ဒါတို့မောင်နှမ ၃ ယောက် ဘယ်လိုဖြေရှင်းကြမလဲဆိုတာ အားလုံးအတူ ကြည့်ရှုလိုက်ရအောင်ပါ အညွှန်း နဲ့ ဘာသာပြန်ကတော့ Mary Christ ပဲ ဖြစ်ပါတယ်။

Adventure • Animation • Family
4.6 2022 105 mins
Kuntilanak 3
The Price We Pay
5.1

The Price We Pay (2022) “အဖိုးအခတော့ ပေးရလိမ့်မယ်” ဒီစကားဟာ လောကနိယာမအရ ဘယ်နေရာမှာမဆို အကျုံးဝင်တဲ့ စကားဖြစ်ပါတယ်။ ကိုယ်ဘာပဲလုပ်လုပ် တန်ပြန်သက်ရောက်မှုရဲ့ အကျိုးရလဒ်ကို လူသားတိုင်း ခံစားကြရမှာပါ။ ဒီဇာတ်ကားလေးကလည်း ဒီသဘောကို သရုပ်ဖော်ထားတဲ့ Horror ကားလေးပါ။ ဇာတ်လမ်းအကျဉ်း … ဂရေ့စ် တစ်ယောက် အကြွေးတွေမဆပ်နိုင်လို့ ရှိတာလေးထုချေပြီး အကြွေးဆပ်ဖို့ အပေါင်ဆိုင်ကို ရောက်‌နေချိန်မှာ ဓါးပြတိုက်မှုနဲ့ ကြုံရပြီး ဓားစာခံအဖြစ် အဖမ်းခံလိုက်ရပါတယ်။ ဒီလိုနဲ့ ဓားပြသုံးယောက်နဲ့အတူ သူမ‌ စီးလာတဲ့ကားဟာ လယ်တော တစ်ခုအနီးမှာ ပျက်သွားတဲ့အခါ … ညကြီးမင်းကြီးဆိုတော့ အနီးအနားလူနေအိမ်တစ်ခုကို ရအောင်ရှာပြီး အကူအညီတောင်းဖို့ ကြိုးစားကြရပါတယ်။ သို့ပေမဲ့ … အဲ့ဒီအိမ်က ဘယ်သူတွေနေတာလဲ? ဘာတွေလုပ်ကြတာလဲ? ဆိုတာကိုတော့ ဇာတ်လမ်းလေးထဲ ဆက်ပြီး ကြည့်ရှုအဖြေရှာလိုက်ကြစို့နော်။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ Themes ပါ။) File Size : 1.2GB, 452MB, 232MB Quality : 1080p WEB-DL AC3 5.1CH, 720p WEB-DL, 480p Format : mp4 Duration : 1hr 26mins Genre : Action, Thriller, Horror Translated by Themes Encoded by Kinnov

Action • Drama • Science Fiction • Thriller
5.1 2022 85 mins
The Price We Pay
About Us But Not About Us
6

ပွင့်လင်းရာသီမြန်မာပြည်ဖြစ်လာပြီဆိုတော့လည်း မီယမ်မာကြီးမှာလည်း LGBTQ နဲ့ပတ်သက်လို့ အရင်ကထက် ပိုပွင့်လင်းလာတဲ့အခြေအနေမှာရှိပါတယ်။ ဒါပေမဲ့လည်း လုံးဝကြီးပွင့်လင်းတာလည်း မဟုတ်သေးပြန်တော့ လွဲမှားနေတဲ့ Myths လေးတွေတော့ ရှိပါသေးတယ်။ ဒီဖိလစ်ပိုင်ကားလေးကို အကြိုက်ဆုံးအချက်ကိုပြောရမယ်ဆိုရင်တော့ LGBTQs are just humansဆိုတဲ့အချက်ကို ချပြထားတာကိုပါပဲ။ Privilege လူတန်းစားလည်းမဟုတ်သလို နှိမ်ချစရာလည်းမဟုတ်တဲ့ သာမန်လူလိုပဲ ဆိုးကွက် ကောင်းကွက်တွေအကုန်ရှိနေနိုင်တယ်ဆိုတဲ့ Human natureကိုချပြထားတဲ့ရုပ်ရှင်လေးပေါ့။ ဖိလစ်ပိုင်ဒရာမာတွေ ကြိုက်နှစ်သက်တဲ့လူတွေဆိုရင်တော့ ဒီကားလေးကို ကြည့်ဖို့တိုက်တွန်းလိုက်ပါတယ်။ ဇာတ်လမ်းလေးကိုတော့ ကိုဗစ်ရောဂါ ထကြွသောင်းကျန်းနေတဲ့ကာလမှာ အခြေတည်ထားပြီးတော့ တက္ကသိုလ်က အင်္ဂလိပ်ဘာသာပရော်ဖက်ဆာဖြစ်တဲ့ အဲရစ်က သူ့ရဲ့တပည့်ဖြစ်တဲ့ လန်းစီလော့နဲ့ လာတွေ့တာကနေ အစပျိုးထားပါတယ်။ ဆရာကတော့ သိပ်လှတဲ့သက်တန့်ကြီး ကွေးနေပေမဲ့ တပည့်ဖြစ်တဲ့လန့်စ်ကတော့ ရေရေရာရာမသိတဲ့ မကွေးတကွေးလေးပေါ့။ ဒါပေမဲ့ ဆရာဖြစ်သူအဲရစ်ရဲ့ အထူးအထူးသော အလေးပေးမှု ဂရုစိုက်မှုတွေကြောင့် ပတ်ဝန်းကျင်ကပြောစရာဖြစ်နေတာပေါ့။ အဲရစ်ဘက်ကကြည့်တော့လည်း ပထွေးကရိုက်နှက်ခံရလို့ ခိုကိုးရာမဲ့တပည့်ကို ဂရုစိုက်ပေးတာဖြစ်ပြီး ပတ်ဝန်းကျင်ကကြည့်တော့လည်း ၁၇ နှစ်တာတွဲခဲ့တဲ့ချစ်သူ နာမည်ကျော်စာရေးဆရာမားကပ်စ်က ကိုယ့်ကိုယ်ကိုယ်သတ်သေသွားရတာ လန့်စ်နဲ့အဲရစ်ကြားက ကရုဏာပိုလွန်းတဲ့ဆက်ဆံရေးကြောင့်လား သို့လော သို့လောပေါ့။ ဒီလိုနဲ့ ထွေရာလေးပါးစကားဝိုင်းလေးကနေ အရှိန်တက်လာတဲ့ သူတို့ ၂ ယောက်ရဲ့ စကားဝိုင်းလေးကနေ ကြက်သွန်ဥအခွံခွာသလို တစ်စတစ်စ ပုံရိပ်ထင်လာတဲ့ မားကပ်စ် အဲရစ်နဲ့လန့်စ် ဒီ ၃ ယောက်ရဲ့ ၃ ပွင့်ဆိုင်ဇာတ်လမ်း၊ ကိုယ်စီမထင်ထားတဲ့ လျှို့ဝှက်ချက်တွေနဲ့အတူ မားကပ်စ်ရဲ့ကိုယ့်ကိုယ်ကိုယ်သတ်သေမှုနောက်က အဖြစ်အပျက်တွေက တစ်လွှာချင်းပေါ်တဲ့အခါ…. လန့်စ်နဲ့အဲရစ်က တကယ်ပဲဆရာနဲ့တပည့်ဆက်ဆံရေးထက်မပိုဘူးလား။ မားကပ်စ်ရဲ့အဆုံးစီရင်မှုကရော လန့်စ်ရဲ့ပယောဂတွေ တကယ်ပဲပါဝင်နေခဲ့တာလား။ ရုပ်ရှင်နာမည်ဖြစ်တဲ့ ငါတို့အကြောင်းမဟုတ်တဲ့ငါတို့အကြောင်းဆိုတာကရော ဘာကိုရည်ညွှန်းချင်တာလဲဆိုတာကို ရုပ်ရှင်လေးကိုကြည့်ရှုခံစားရင်းနဲ့ပဲ ကိုယ်တိုင်အဖြေရှာနိုင်ဖို့ တင်ဆက်ပေးလိုက်ရပါတယ်။ Elijah Canlasရဲ့ စိတ်ဝင်စားမှုမြင့်တက်နေတဲ့ ရုပ်ရှင်လေးဆိုတော့ Worth watching ဖြစ်မဖြစ်ကိုတော့ ကိုယ်တိုင်ပဲအကဲဖြတ်လိုက်ကြရအောင်ပါ။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Mary Christ ပဲ ဖြစ်ပါတယ်။ Genre….. Drama Quality…. 1080p | 720p File size… 723MB | 377MB Format… mp4 Duration…. 1h 31min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Mary Christ Encoder ….. Aaron

6 2023
About Us But Not About Us
Flying Scrap Car
5.7

ဒီတစ်ခါမှာ CM ပရိသတ်တွေအတွက် ဟာသအမောပြေဇာတ်လမ်းလေးတစ်ပုဒ်ဖြစ်တဲ့ Flying Scrap Car ကားလေးကိုတင်ဆက်ပေးလိုက်ချင်ပါတယ်။ ဇာတ်လမ်းလေးကတော့ ဖျောင်ယီရွာဆိုတာကတော့ ပြိုင်ကားပြိုင်ပွဲတွေကျင်းပတဲ့ ပြိုင်ပွဲကွင်းနေရာဖြစ်တာပေါ့။ ဒီရွာလေးရဲ့ထူးခြားချက်ကတော့ အသုံးမဝင်တဲ့ပစ္စည်းတွေကို ပြန်လည်အသုံးပြုတဲ့ ပြိုင်ကားသဖွယ်လုပ်ပြီး ပြိုင်ပွဲယှဉ်ပြိုင်ကြတာပေါ့။ အဲ့လိုပစ္စည်းတွေကို ပြန်တပ်ဆင်ပြုပြင်တဲ့စက်ရုံကို ပိုင်ဆိုင်ထားတဲ့ ဖန်းရှန့်ကတော့ အကြွေးတွေ ပတ်လည်ဝိုင်းနေပြီး ပျော်ပျော်နေတတ်တဲ့လူဖြစ်ပြီး ရိုးသားဖြူစင်တဲ့လူတစ်ယောက်ဖြစ်တယ်။ သူနဲ့ဆရာတူအစ်ကိုတော် မာထာ့ဆွေကတော့ သူ့ဆရာနဲ့ပြိုင်ပြီးအနိုင်ရရှိသွားတဲ့လူဆိုပေမဲ့ ဖျောင်ယီရွာရဲ့ ပြိုင်ဘက် ဂလိုဘယ်လုပ်ငန်းစုကုမ္ပဏီဆီ သစ္စာတော်ခံခဲ့တာကြောင့် တရွာလုံးက သူ့ကိုသစ္စာဖောက်အဖြစ်မုန်းတီးနေကြတာပေါ့။ ဒီလိုနဲ့တနေ့မှာ တကမ္ဘာလုံး ပြိုင်ကားပြိုင်ပွဲရဲ့ ပြိုင်ပွဲခွဲကျင်းပဖို့ကွင်းနေရာစကားတင်စာရင်းမှာ ဖျောင်ယီရွာနဲ့ ဂလိုဘယ်ကုမ္ပဏီနှစ်ခုက ထိပ်တန်းအကြိတ်အနယ်ယှဉ်ပြိုင်ကြတာပေါ့။ ကဲဒီတော့ ပြိုင်ဘက်ဂလိုဘယ်ကုမ္ပဏီနဲ့ ဖျောင်ယီရွာတို့ယှဉ်ပြိုင်မှုကြား ဘယ်သူအနိုင်ရရှိမလဲ။ နောက်ဆုံးမှာ ဘယ်သူကိုရွေးချယ်သွားမလဲဆိုတဲ့ စိတ်ဝင်စားစရာကောင်းတဲ့ ယှဉ်ပြိုင်မှုတွေကို ဟာသအရောအနှောလေးနှင့် တင်ဆက်ထားတာဖြစ်တာကြောင့် အမောပြေဟာသဇာတ်လေးတစ်ပုဒ်ကောင်းကို လက်မလွတ်တမ်းကြည့်ရူလိုက်ရအောင်

5.7 2024
Flying Scrap Car
The Wonderful Story of Henry Sugar and Three More

နာမည်ကြီး ဒါရိုက်တာ Wes Anderson ရိုက်ကူးထားတဲ့ ဇာတ်လမ်းတို လေးပုဒ်ပါဝင်တဲ့ ရုပ်ရှင်ကားလေးပါ ကလေးပုံပြင်စာရေးဆရာ Roald Dahl ရဲ့ ဝတ္ထုတွေကို ပြန်အသက်သွင်းထားတာ ဖြစ်ပြီး Wes Anderson ရဲ့တမူထူးတဲ့ တင်ဆက်ဟန်က ပရိသတ်နှစ်ဖွဲ့ကွဲစေမှာပါ တစ်ဖွဲ့က သူ့ရဲ့ ကိုယ်ပိုင်ဟန်ကို သဘောကျမယ့်လူနဲ့ နောက်တစ်ဖွဲ့ကတော့ စတိုင်မလိုင်တွေ များလွန်းတယ်ဆိုပြီး မျက်စိဆံပင်မွှေးစူးမယ့် ပုံစံမျိုးပါ ဒီထဲမှာဆိုရင် – အိန္ဒိယက ကျင့်စဥ်တစ်ခုကို ကျင့်ပြီး ကာစီနိုလောင်းသူ – ငန်းဖြူပုံပြင် – ထူးဆန်းတဲ့ ကြွက်ဖမ်းသမား – ဗိုက်ပေါ်က မြွေဆိုတဲ့ ပုံပြင်လေးပုဒ်ကို တမူထူးခြားစွာ ရသမြောက်အောင် တင်ဆက်ထားတာကို ကြည့်ရှုရမှာ ဖြစ်ပါတယ် File size…(1.4 GB)/(1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:28:00 Genre… Fantasy, Adventure Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Sike Tan

0 2024
The Wonderful Story of Henry Sugar and Three More
Singappenney

Singappenney (2024)”အာဂအမျိုးသမီးလေးများ” နိုင်ငံတကာအမျိုးသမီးများနေ့မှာ ရုံတင်ပြသခဲ့ပြီး အားပေးချီးကျူးမှုတွေရခဲ့တဲ့ တမီလ်ရုပ်ရှင်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ လူတိုင်းမှာ အိပ်မက်ကိုယ်စီရှိကြတယ်။ ကလေးလေးတွေကို သူတို့ရည်မှန်းချက်တွေ မေးကြည့်ကြရင် ဆရာဝန်ကြီးဖြစ်ချင်တယ် အင်ဂျင်နီယာကြီးဖြစ်ချင်တယ် စသဖြင့် လူ့အသိုင်းအဝိုင်းက ဂုဏ်မြင့်ပါတယ်လို့ လက်ခံကြတဲ့အရာတွေကို စိတ်ကူးအိပ်မက်တတ်ကြတယ်။ မိန်းကလေးတစ်ယောက် သူ့ရည်မှန်းချက်ကိုအောင်မြင်ဖို့ဆိုရင်တော့ မိသားစုနဲ့ လူ့အဖွဲ့အစည်းတွေဆီက အခက်အခဲပေါင်း သောင်းခြောက်ထောင်ကို ကျော်ရဖို့ပိုများကြတယ်။ ဒီလိုအခက်အခဲတွေကို ကျော်လွန်ပြီး ရည်မှန်းချက်ထိရောက်တဲ့ အမျိုးသမီးတွေကို “ဆင်ဂါပန်”လို့ခေါ်တယ်။ ဒီရုပ်ရှင်ထဲမှာလည်း အားကစားကိုချစ်မြတ်နိုးတဲ့ အမျိုးသမီးလေးတွေ မိသားစုနဲ့ ပတ်ဝန်းကျင်အသိုင်းအဝိုင်းရဲ့ ဝေဖန်ပြစ်တင်မှု တားဆီးမှုတွေကြားက မိမိတို့အိပ်မက်ဆီကိုတက်လှမ်းဖို့ ကြိုးစားကြတာကို အားတက်ဖွယ် ကြည့်ရှုခံစားကြရမှာပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamပဲဖြစ်ပါတယ်)

0 2024
Singappenney
Bharat Ane Nenu
7.5

Bharat Ane Nenu (2018) IMDb Rating (7.5) / Rotten Tomatoes (88%) ဖခင်ကြီး ကျန်းမာရေးချို့တဲ့နေပြီဆိုတဲ့သတင်းကြောင့် နိုင်ငံခြားမှာ ပညာတော်သင်သွားနေတဲ့လူတစ်ယောက် ကိုယ့်ရပ်ကိုယ့်မြေကို ပြန်လာတယ် ပြန်ရောက်တော့ဖခင်ကြီးရဲ့အသက်ကိုမမှီလိုက်သလိုဇာပနအခမ်းအနားကိုတောင် ကျင်းပခွင့် မရလိုက်ဘူး. . . သို့ပေမယ့် ကောက်ကာငင်ကာဆိုသလို ဝန်ကြီးချုပ်ရာထူးကို ဝင်ရောက်ထမ်းဆောင်ဖို့ ဖြစ်လာတယ် ပညာတတ် လူငယ်လေးဖြစ်တဲ့အပြင်ဖခင်ရဲ့ သွေးအပြည့်ပါတဲ့သူဖြစ်တာကြောင့်အလုပ်ကို ကြိုးစားတယ် မှန်ကန်တဲ့အလုပ်ကို လုပ်တယ်တည်ကြည်တယ် ဖြောင့်မတ်တယ်ရဲ့ဝံ့တယ်. . . ဘယ်သူ့မျက်နှာကိုမှ မထောက်ဘူး ပြည်သူတွေကို ချစ်တဲ့သူဖြစ်တာကြောင့်အောက်ခြေလူတန်းစားတွေနေတဲ့ ကျေးလက်ဒေသတွေအထိ ရှောင်တခင် စစ်ဆေးတတ်တယ် သက်ဆိုင်ရာနယ်မြေက တာဝန်ကျ အစိုးရ အရာရှိတွေကို ပြည်သူ့အကျိုး သယ်ပိုးသူမှန်ရင် မြှောက်စားတယ် လာဘ်စားပြီး တာဝန်မကျေရင် ဖြုတ်ပစ်တယ်. . . အဲ့ဒီလောက်အထိ ရဲရဲတောက်တဲ့ဝန်ကြီးချုပ် ဖြစ်လာတယ်. . . လမ်းပန်းဆက်သွယ်မှု ကောင်းမွန်ရေးလမ်းတံတားပြုပြင်ရေးကျေးလက်ဒေသ စည်ပင်ဖွံဖြိုးရေးစတဲ့ လုပ်ငန်းတွေမှာ နိုင်ငံတော်ဘတ်ဂျက်ကို မျှတအောင် သုံးစွဲပြီး ရန်ပုံငွေတွေ ချပေးကာကိုယ်ထူကိုယ်ထ လုပ်စေတယ် သူက ပြည်သူကို ကိုယ့်အားကိုယ်ကိုးစေချင်တဲ့ ဒီလိုမျိုးစိတ်ဓာတ်ပိုင်ရှင် ဝန်ကြီးချုပ်ပါ။ သူပြောတဲ့စကားက”စစ်မှန်တဲ့ ခေါင်းဆောင်ဆိုတာခေါင်းဆောင်မလိုတဲ့ လူ့အဖွဲ့အစည်းတစ်ရပ် ဖြစ်တည်လာအောင် လမ်းပြပေးတဲ့သူပါ”တဲ့ မည်သို့ပင်ဆိုစေ. . .ပြည်သူ့အချစ်တော် ခံယူပြီးတာဝန်တွေကို ကျေပွန်အောင် လုပ်သည့်တိုင်မနာလိုတဲ့သူတွေကတော့ မနာလိုစမြဲပါပဲ နေရာတကာ အကောင်းနဲ့ အဆိုး ဒွန်တွဲနေတာမို့မြေခွေးတွေကြားကို ရောက်နေတဲ့ယုန်သူငယ်လိုပဲအမဲဖြတ်ဖို့ ချောင်းမြောင်းနေကြသူတွေရှိတယ် သူ့နောက်ကိုကို လိုက်ပြီး သတင်းယူနေတဲ့ ပါပါရာဇီတွေရှိတယ်. . . လူငယ်ပီပီချစ်သူရည်းစားထားမိတာကအစအပြစ်ရှာ အပုပ်ချလိုသူတွေရှိတယ်. . . ဒီနှစ်ပိုင်းထွက်တဲ့တောင်ပိုင်းကားတွေထဲဒီကားကတော့ ကျွန်တော့်အကြိုက်ဆုံး နိုင်ငံရေး အက်ရှင်ကားဖြစ်ပါတယ် အဖြစ်အပျက်တွေကို ရိုက်ပြထားပုံကကိုယ့်နိုင်ငံရဲ့ အခြေအနေနဲ့ အတော်ကြီးကို ဆင်တူနေတယ်. . . တစ်နည်းပြောရရင် သူတို့ရိုက်ပြသွားတဲ့ အစိုးရရဲ့ လစ်ဟာမှုတွေ အကြောင်းလာဘ်စားတတ်တဲ့ အစိုးရဝန်ထမ်းတွေအကြောင်း ဖြစ်လေ့ဖြစ်ထရှိတဲ့လူ့သဘော လူ့မနောတွေအကြောင်း ဒီလို ရိုက်ကူးချက်တွေဟာ ကိုယ့်နိုင်ငံကို လက်ညှိုးထိုးပြနေသလားတောင် ထင်မိစရာပါ. . . ကျေးလက်ဖွံ့ဖြိုးရေးအတွက်ပြည်သူတွေအရေးအတွက်လွှတ်တော်မှာ တစ်ဖက်နဲ့ တစ်ဖက် အပြင်းအထန်ကို အတိုက်အခံလုပ်ပြီးအချေအတင်ဆွေးနွေးကြတာ အားရစရာပါ. . . မြင်နေကျ အိန္ဒိယတောင်ပိုင်းကားတွေလိုဘလိုင်းကြီး ကြမ်းပြ ရမ်းပြမိုက်ကြေးခွဲတာထက် ဒီကားမှာတော့အကြောင်းအကျိုးနဲ့ ပြချင်တဲ့ အချက်တွေကိုရေပက်မဝင်အောင် ပြသွားတာ ဖြစ်ပါကြောင်း. . . မကြည့်ဖြစ်ရင် တစ်ခေတ်နောက်ကျမယ့် ဇာတ်ကားတစ်ကား ဖြစ်ပါကြောင်းညွှန်းဆိုလိုက်ပါရစေ ခင်ဗျား. . . ရုပ်ရှင်ကြာမြင့်ချိန် ၃ နာရီနီးပါးရှိတာမလို့ အေးအေးဆေးဆေး မိသားစုနဲ့ အပန်းဖြေကြည့်ရှုဖို့သင့်တော်ပါတယ်။ (ရုပ်ရှင်အညွှန်းကို MLMC မှ ရေးသားထားပါတယ်။)

7.5 2018 173 mins
Bharat Ane Nenu
My First Film
6

ရုပ်ရှင်တွေဟာ လူတိုင်းနဲ့မစိမ်းတဲ့ အနုပညာတစ်ခုပါ။ ရုပ်ရှင်တွေကနေတစ်ဆင့် ပျော်ရွှင်မှု၊ ဝမ်းနည်းမှု၊ အားရကျေနပ်မှု၊ မွန်းကြပ်မှု စသဖြင့် ရသမျိုးစုံကို ခံစားရနိုင်ပါတယ်။ ဒီလို ကြည့်ရှုသူတွေကို ရသမျိုးစုံပေးနေတဲ့ ရုပ်ရှင်တွေကို ဖန်တီးရတာကရော ထမင်းစားရေသောက်သလိုလွယ်ကူနေမယ်လို့ ထင်မိပါသလား။ အဲလိုထင်နေရင်သိပ်ကိုမှားသွားပါလိမ့်မယ်။ ကိုယ်တွေကြည့်ရတဲ့ ရုပ်ရှင်ဇာတ်ကား ၁ကားစာရဖို့ အတွက် ရုပ်ရှင်ဖန်တီးသူတွေဟာ နှစ်နဲ့လနဲ့ချီအချိန်ပေးကာရိုက်ကူးကြရပါတယ်။ အထူးသဖြင့် အစစအရာရာမှာငွေက အခရာကျတဲ့ ဒီလိုခေတ်ကြီးထဲမှာ ရုပ်ရှင်လောကဟာ တက်သစ်စ လူငယ်ရုပ်ရှင်ဖန်တီးသူတွေအတွက် တိုးပေါက်ဖို့ လုံးဝမလွယ်ကူတဲ့ ရပ်ဝန်းတစ်ခုပါ။ ဒီဇာတ်ကားဟာလည်း ဇာတ်ကားနာမည်ထဲကအတိုင်း ပထမဆုံးရုပ်ရှင်ကို ရိုက်ကူးဖို့ ကြိုးစားနေတဲ့ လူငယ်ဒါရိုက်တာ / filmmaker ဗီတာရဲ့ အကြောင်းပါ။ ဗီတာဟာ သူ့ရဲ့ပထမဆုံး Feature film ကိုရိုက်ကူးဖို့အတွက် ရိုက်ကူးရေးဘတ်ဂျက် မဖြစ်စလောက်လေးလက်ထဲကိုင်ပြီး သူ့ဇာတိမြို့လေးမှာ လူငယ်တစ်စုနဲ့ ကြိုးစားကြပုံကို ဇာတ်အိမ်တည် ထားပါတယ်။ ဒါရိုက်တာဖြစ်တဲ့ ဗီတာတစ်ယောက် မလွယ်ကူတဲ့ လမ်းကိုလျှောက်ရင်း စိတ်ပိုင်းဆိုင်ရာအထပ်ထပ်ပြိုလဲရပုံကို ရိုက်ကူး တင်ဆက်ပြထားတဲ့ ရုပ်ရှင်ကားကောင်းတစ်ခုပါ။ ဇာတ်လမ်းအေးတယ်ထင်ရပေမဲ့ မထင်မှတ်ထားလောက်အောင် အဆုံးထိ ဆွဲခေါ်သွားနိုင်ပြီး လူငယ် filmmaker တွေရဲ့ဘဝကို အများကြီး ထင်ဟပ်စေတဲ့ ရုပ်ရှင်ကားကောင်းတစ်ခုဖြစ်ကြောင်း recommend ပေးလိုက်ပါရစေ။ File size…2.11GB / 998MB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 40m Genre ….. Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Muse

Action • Thriller • Crime
6 2024
My First Film
Spy Girl
5.9

Spy Girl (2004) **************** ဒီဇာတ်ကားလေးကတော့ Train to Busan ထဲကမင်းသား Gong Yoo နဲ့ မင်းသမီး Kim Jung Hwa တို့ ပါဝင်ထားတဲ့ .. မြောက်ကိုရီးယားသူလျှိုကောင်မလေးနဲ့ တောင်ကိုရီးယားကောင်လေးကြားက Romance, Comedy အမျိုးအစား ရုပ်ရှင်ကားကောင်းလေးဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း *************** သင်တန်းကျောင်းတစ်ခုက ကျောင်းသားတွေက ဝက်ဘ်ဆိုက်တစ်ခုထောင်ပြီး မိန်းကလေးပုံတွေအပျော်တင်ပြီးတော့ အလှဆုံးမိန်းကလေးကို အိန်ဂျယ်လို့ သတ်မှတ်ကြပါတယ်။ တစ်နေ့မှာတော့ သင်တန်းကျောင်းနားက ဘာဂါဆိုင်မှာ အသစ်ဝင်လာတဲ့ မိန်းကလေးတစ်ယောက်က အိန်ဂျယ်အသစ်အနေနဲ့ ရုတ်တရက် နာမည်ကြီးလာပါတယ်။ တကယ်တမ်း အဲဒီမိန်းကလေးက မြောက်ကိုရီးယားကရောက်လာတဲ့ သူလျှိုဖြစ်နေတဲ့အခါမှာတော့… သူလျှိုမိန်းကလေးက ဘာအကြောင်းနဲ့ တောင်ပိုင်းကို ရောက်လာရတာလဲ… သင်တန်းကျောင်းက ကျောင်းသားဖြစ်တဲ့ ဂိုဘုံး (Gong Yoo) နဲ့ ဘယ်လိုဇာတ်လမ်းလေးတွေ ဖြစ်သွားမလဲဆိုတာ ပေါ့ပေါ့ပါးပါးနဲ့ ကြည့်ရှုခံစားလိုက်ကြပါဦးနော်။ (ဇာတ်လမ်းအညွှန်းကို Zoronoa မှရေးသားထားပါတယ်) File size…2.18GB / 942MB Quality… WEB-DL 1080p/ 720p Format…mp4 Duration…. 1 hr. 40 min. Genre ….. Comedy, Romance, Crime Subtitle….Myanmar Subtitle (Hard Sub) Translated by Zoronoa Encoded by AHtet

5.9 2004 102 mins
Spy Girl
The Falling Star
5.7

The Falling Star (2024) ဒီတစ်ခါ တင်ဆက်ပေးချင်တာကတော့ ပြင်သစ်စကားပြော Comedy ရုပ်ရှင်ဇာတ်ကားလေးပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းက – ‘ဘိုရိစ်’ဆိုတဲ့ လူတစ်ယောက်က ၈၀ ပြည့်နှစ်နှောင်းပိုင်းမှာ နိုင်ငံရေးတက်ကြွသူတစ်ဦးဖြစ်ခဲ့ပြီး ဗုံးခွဲတိုက်ခိုက်မှုတစ်ခုကြောင့် ဝရမ်းပြေးဖြစ်ကာ နှစ်ပေါင်းများစွာ ပုန်းလျှိုးကွယ်လျှိုးနေရသူတစ်ဦး ဖြစ်ပါတယ်။ သူ့မိတ်ဆွေ ‘တင်မ်’ဆိုတဲ့သူရယ်၊ သူ့ချစ်သူ ‘ကာယိုကို’ဆိုတဲ့အမျိုးသမီးရယ်နဲ့ ‘ဥက္ကာကြယ်’ဆိုတဲ့ ဘားတစ်ခုကို ဖွင့်ပြီး ဇာတ်မြှုပ်နေခြင်း ဖြစ်ပါတယ်။ ဒါပေမဲ့ တစ်နေ့မှာတော့ သူတို့ဘားထဲကို လက်တစ်ဖက်ပြတ် လူတစ်ယောက်က ဝင်လာကာ လက်စားချေတဲ့အနေနဲ့ သူ့ကို သေနတ်နဲ့ပစ်သတ်ဖို့ ကြံပါတော့တယ်။ လက်က တစ်ဖက်ပြတ်နေတဲ့အတွက် ကလဲ့စားချေမှုက မအောင်မြင်လိုက်ပါဘူး။ သူတို့ ၃ ယောက်သား ထွက်ပြေးဖို့ ကြံစည်ကြတဲ့အချိန်မှာပဲ ဘိုရိစ်နဲ့ ရုပ်ချင်း ချွတ်စွတ်တူသူ ‘ဒွန်မ်’ဆိုတဲ့ လူတစ်ယောက်ကို တွေ့လိုက်တဲ့အခါ ဘယ်လိုအလွဲတွေ ဆက်ဖြစ်မလဲဆိုတာ ဆက်လက်ရှုစားကြည့်ပါဦး။ (ရုပ်ရှင်အညွှန်းနဲ့ ဘာသာပြန်ကို Nway Oo K Zaw က တင်ဆက်ထားပါတယ်။) File size…(1.6 GB) / (720 MB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Comedy, Drama, Mystery, Thriller Duration….01:38:58 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Nway Oo K Zaw

5.7 2024 98 mins
The Falling Star
Apsara
6.4

Apsara 2024 (အိပ်မက်မင်းသမီးလေး) ဆစ်ဒူဆိုတဲ့ကောင်လေးဟာ မိန်းမဆုံးပြီးကတည်းက ဘာအလုပ်မှမလုပ်ဘဲ အရက်ပဲသောက်နေတဲ့ အရက်သမားအဖေနဲ့အတူ နေထိုင်ပါတယ်။ ဆစ်ဒူမှာ ထူးခြားချက်တစ်ခုရှိပါတယ်။ အဲဒါကတော့ အိပ်မက်ထဲမှာ နတ်သမီးလေးလိုလှပတဲ့ ကောင်မလေးတစ်ယောက်က ပေါ်ပေါ်လာတာပါပဲ။ ဆစ်ဒူဟာ အဲဒီကောင်မလေးကို စွဲလမ်းနေပါတော့တယ်။ အပြင်မှာတော့ ဆစ်ဒူကို တစ်ဖက်သတ်လိုက်ချစ်နေတဲ့ ရင်ကူဆိုတဲ့ ကောင်မလေးကလည်း ရှိနေပြန်ပါတယ်။ တစ်ဖက်မှာလည်း ရတ်နာ ပူနဲကာတို့ နိုင်ငံရေးမိသားစုရှိနေပြန်ပါတယ်။ ဒီမိသားစုဟာဆိုရင်တော့ ရွေးကောက်ပွဲမှာ အဖေ,ခင်ပွန်းနဲ့ ဇနီးသည်တို့ တစ်လှည့်စီ ဝင်ပြိုင်ရင်း နေရာတစ်နေရာမှာ မိသားစုလိုက် အပိုင်စီးထားသူတွေပါ။ နိုင်ငံရေးလောကဆိုတဲ့အတိုင်းပဲ အရှုပ်အထွေးတွေလည်း ရှိနေတာပေါ့။ ဒီလို အဆက်အစပ်မရှိတဲ့ ရတ်နာပူနဲကာတို့ နိုင်ငံရေးမိသားစုနဲ့ ဆစ်ဒူတို့ ဘယ်လိုတွေ ဆက်နွယ်သွားကြမလဲ … ဆစ်ဒူရဲ့ အိပ်မက်ထဲက နတ်သမီးလေးကရော အပြင်မှာ တကယ်ရှိရဲ့လား … ဆစ်ဒူနဲ့ တွေ့ဆုံခွင့်ရမှာလား… ဆိုတာကိုကြည့်ရှုရမယ့် အချစ်ဒရာမာကားလေးဖြစ်ပါတယ်။ (အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team ပဲဖြစ်ပါတယ်)

6.4 2024
Apsara