YoteShin Drive is below this article. Scroll down to view.

The iPhone 14 Pro is the most popular iPhone 14 Proxide

Author: Anonymous Published on: 12 Aug 2022

Dxomark tests the iPhone 14 Pro camera and won a good point. The total score is 146, and the list of Dxomark's best camera list is 2. Dxomark scored 145 points as the cell camera was the best. Dxomark says the iPhone 14 Pro uses Zero-shutter Lag technology, which is quick and fast in the capture of Skin Tone. Motion to reduce motion blur and the natural Bokeh effect is like DSLR. The iPhone 14 Pro has scored 1 in video capabilities, and the smoothness increases. Stabilization is also good and HDR Recordinging has high contrast. Autofocus is stable and accurate. Apple's Quad-Bayer Image Sir Authorize image quality, and the preview image is accurate. It is a good score for autofocus cams and a speedy ferture. Cells videos are also good and Exposure, Color and Stabilization. When shooting the cell cameras and animations, it has a good dynamic range, exposure and bokeh. Skin Tone accurately and more detailed, and Bokeh is good. The disadvantage is that there are significant noise on photos and videos, and Skin Tone is weak in lowlight. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

The.Last.Kingdom.Seven.Kings.Must.Die.2023.1080p.NF.WEB-DL[CM].mp4

1.55 GB N/A video/mp4 4885 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Bad Guy
6.6

တစ်ခါတလေကျ ကျွန်တော် ကင်ကီဒွပ်ကားတွေ ကြည့်မိရင် ရံဖန်ရံခါဆိုသလိုတော့ ဒီဘဲက လိင်မှုကိုအသားပေးလွန်းတယ်ထင်မိပေမဲ့ ရံဖန်ရံခါဆိုသလိုပဲ ဒီဘဲ ဒီလိုပြတာကိုက လက်တွေ့ကျနေတယ်လို့ ထင်မိတယ်။ မကင်းနိုင်ကြဘူးကိုး။ ကင်ဟာ ဒီရုပ်ရှင်မှာလည်း လူ့အသိုင်းအဝိုင်းအပြင်ဘက်က ဇာတ်ကောင်တစ်ကောင်ကိုပဲ အဓိကထား ပုံဖော်သွားခဲ့တယ်။ သူ့ကားတွေများလွန်းလို့ အကုန်တော့ မကြည့်ဖူးသေးပေမဲ့ ကြည့်ဖူးသမျှထဲ Spring, Summer, Fall, Winter... and Spring နဲ့ 3-Iron ပြီးရင် ဒီကားကို သဘောအကျမိဆုံးပဲ။ ဇာတ်လမ်းက ဆန်းတယ်ပြောရမလား၊ မဆန်းဘူးပြောရမလားပဲ။ ဖာခန်းစောင့်တဲ့ လူဆိုးတစ်ကောင်က မောလ်တစ်ခုရှေ့ ကောလိပ်ကျောင်းသူလေးကို အတင်းနမ်းပစ်တယ်။ ဒီတော့ ကောင်မလေးက ပါးရိုက်ပြီး သူ့မျက်နှာကို တံတွေးနဲ့ထွေးလိုက်တယ်။ ဒီတော့ ဟိုဘဲက မကျေမနပ်ဖြစ်ပြီး ကောင်မလေးကို ပခြုပ်သည်မဘဝရောက်အောင် လုပ်ချလိုက်တယ်။ ပြီးတော့ ပခြုပ်သည်မ ဖြစ်လာတဲ့ကောင်မလေးနဲ့ လူဆိုးကောင်ကြားက အမုန်းသီထားတဲ့ချစ်ခြင်းပါးပါးကို ပုံဖော်ရင်း ပခြုပ်သည်မတွေဘဝကိုပြတယ်။ နောက်အကန့်အသတ်နည်းနည်းလွန်တဲ့ ဇာတ်ဝင်ခန်းတစ်ချို့ပြတယ်။ အိပ်ခန်းတွေ မနည်းမနောနဲ့ သွေးထွက်သံယိုအခန်းတွေကို မနည်းမနောပြသွားပေမဲ့ အချစ်လို့တောင် ပြောရခက်မယ့် အချစ်တစ်ခုကိုလည်း ခပ်ပါးပါးပြသွားတယ်။ ကြည့်ဖူးသလောက် ကင်ကီဒွပ်ကားတွေလိုပဲ မပြောင်းလဲတဲ့အချက်ကတော့က ကင် သီကျူးတဲ့အချစ်ဟာ ထုံးစံအတိုင်း သန့်စင်တဲ့အချစ်ဟုတ်မနေခဲ့ဘူး၊ လိင်စိတ်ကနေ ကူးလာတဲ့ အချစ်ကိုပဲ သီကျူးသွားတယ်။ ကင်ဟာ အနုပညာနောက်ခံလုံးဝမရှိတဲ့သူ။ ကျောင်းတစ်ပိုင်းတစ်စနဲ့ထွက် စက်ရုံတွေမှာအလုပ်လုပ်၊ စစ်ထဲဝင်၊ ဒီလိုဘဝနဲ့နေလာခဲ့တဲ့သူ။ ကင်ဟာ အရိုင်းဆန်သလိုပဲ သူ့ရုပ်ရှင်တွေကလည်း ဘာအကန့်အသတ်မှ မရှိဘဲ အရိုင်းဆန်တယ်။ ဒီရုပ်ရှင်မှာလည်း သူ့ရှေ့ရှေ့က Art House ဒါရိုက်တာတွေလိုပဲ တစ်ခုခုကိုပြချင်တဲ့စိတ်နဲ့ ရိုက်တာမဟုတ်ဘဲ တစ်စုံတရာကိုမေးခွန်းထုတ်ချင်တဲ့ စိတ်နဲ့ ရိုက်တာလို့ ဖြေခဲ့ပါတယ်။ သူပြောတာတော့ လူတွေဟာ မွေးတုန်းက အခွင့်အရေးဘာညာ တန်းတူညီမျှနဲ့ မွေးလာခဲ့ပေမဲ့ ကြီးလာတဲ့နောက် ရုပ်ရည် ငွေစတာတွေနဲ့ ပိုင်းခြားခံကြရတယ်။ ဒီငွေတို့ ရုပ်တို့က အရေးကြီးလို့လား။ ဒီကမ္ဘာနှစ်ခုကို ပေါင်းစည်းပြီး မတူညီတဲ့ အဆင့်အတန်းလို့ ဆိုကြတဲ့အရာနှစ်ခု အဆင်ပြေပြေ အမြင်ကြည်ကြည်ဖြစ်နိုင်ဖို့က မဖြစ်နိုင်ဘူးလားဆိုတဲ့ မေးခွန်းကို မေးချင်ခဲ့တာလို့ဆိုပါတယ်။ ကင်ရဲ့ တခြားသော ရုပ်ရှင်များလိုပဲ ဒီရုပ်ရှင်မှာလည်း အဓိကဇာတ်ကောင်က ဘာစကားမှမပြောလှတဲ့ ဇာတ်ကောင်ပါပဲ။ ဒီအတွက် ကင်က ဒီလိုဖြေပေးခဲ့ပါတယ်... "ကျုပ်ရုပ်ရှင်ထဲက လူတစ်ချို့ တိတ်ဆိတ်နေရတဲ့အကြောင်းရင်းက‌တော့ သူတို့ရင်ထဲ ဒဏ်ရာအကြီးကြီးရှိနေခဲ့လို့ဆိုရမယ်။ လူတွေအပေါ် သူတို့ရဲ့ ယုံကြည်မှု ပျက်ယွင်းသွားခဲ့လို့ပေါ့" တဲ့။ ဒီရုပ်ရှင်ကို ကင်က Semi-abstract လို့ Genre သတ်မှတ်ထားခဲ့ပါတယ်။ ဒီစကားလုံးရဲ့ အဓိပ္ပာယ်ကို ကင်က... "ကျုပ်အတွက်တော့ Semi-abstract ဆိုတာ အရှိတရားကိုတင်ပြတာထက်ပိုတဲ့ တင်ပြပုံမျိုးကို ဆိုလိုတာပေါ့။ အရှိတရားကိုမှ ကိုယ်ပိုင်အမြင်တွေ ခံစားချက်တွေ ပေါင်းထည့်ထားတာမျိုးပေါ့" လို့ ဆိုပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.83GB, 930MB Quality - 1080p, 720p IMDb Rating - 6.6/10 Format - mp4 Duration - 1H 40Min Genre - Drama, Romance Subtitle - Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

Comedy • Music
6.6 2001 100 mins
Bad Guy
Bruce Lee - The Fighter
5.8

CM ပရိသတ်ကြီးတွေအတွက် Old But Gold ဇာတ်ကားလေးတစ်ပုဒ်ဖြစ်တဲ့ Bruce Lee The Fighter ဆိုတဲ့ ဘိုင်ယာဘိုင်မင်းသားပါဝင်ထားတဲ့ ဇာတ်ကားတစ်ပုဒ်ကို တင်ဆက်ပေးလိုက်ပါတယ် ကာသစ်ဟာ သူ့ညီမလေးကို အရမ်းချစ်တဲ့သူဖြစ်ပြီး သူ့ညီမလေးအောင်မြင်ဖို့အတွက် သူ့ရဲ့ဘဝကိုတောင် အနစ်နာခံပြီး မတင်ပေးခဲ့သူပေါ့ သူတို့မောင်နှမနှစ်ယောက်လုံးဟာ ဉာဏ်အရမ်းကောင်းလွန်းပေမယ့် မိသားစုက နှစ်ယောက်စာ ပိုက်ဆံမတတ်နိုင်လို့ အဖေဖြစ်သူက ကာသစ်ကိုပဲ ကျောင်းကောင်းမှာထားပြီး အခွန်မှူးဖြစ်အောင် လုပ်ပေးချင်တာပေါ့ ဒါပေမယ့် ညီမလေးကလည်း အခွန်မှူးဖြစ်ချင်နေတော့ ကာသစ်က သူ့ကိုယ်သူ အရည်အချင်းမရှိတဲ့သူအဖြစ် ဟန်ဆောင်ပြီး သူ့ညီမလေးကိုပဲ အခွင့်အရေးပေးလိုက်ပါတယ် အဲဒီလိုနဲ့ ကြီးလာတော့လည်း မင်းသားနေရာမှာ အစားထိုးသရုပ်ဆောင်ရတဲ့ စတန့်မင်းသားဖြစ်လာခဲ့ပြီး အဖေဖြစ်သူရဲ့ အထင်သေးမှုတွေကိုပဲ အမြဲခံနေခဲ့ရတာပေါ့ ဒါပေမယ့် သူကတော့ သူ့ညီမလေးအောင်မြင်ရင်ပဲ ကျေနပ်နေပြီး ဘဝကို ပျော်ပျော်ပဲဖြတ်သန်းပါတယ် တစ်နေ့ သူ ရဲဝတ်စုံဝတ်ပြီး သရုပ်ဆောင်နေတုန်း ရဲတွေကို အရမ်းကြွေတဲ့ ကောင်မလေးတစ်ယောက်က သူ့ရဲ့ အရည်အချင်းရှိတဲ့ ရဲပုံစံကို မြင်လိုက်ရပြီး သူ့ကိုတကယ့်ရဲထင်သွားကာ သူ့နောက်က တစ်ကောက်ကောက်လိုက်ပါတော့တယ် အဲဒီလိုနဲ့ ကောင်မလေးက လူဆိုးတစ်အုပ်နောက်လိုက်ရင်း ကာသစ်ကို တကယ့်ရဲအမှတ်နဲ့ အမြဲအကူအညီတောင်းလို့ ကူညီရင်းက လူဆိုးတွေက သူ့ကို ပစ်မှတ်ထားလာကြတဲ့အခါ.. ကာသစ်တစ်ယောက် အဲဒီဒုစရိုက်သမားတွေနဲ့ ဘယ်လိုဖြေရှင်းမလဲ သူ့ညီမအတွက်ရော ဘယ်လောက်တောင် အစ်ကိုကောင်းတစ်ယောက် ပီသမလဲဆိုတာ ဒီဇာတ်ကားထဲမှာ စိတ်ဝင်စားဖွယ် ကြည့်ရှုရမှာပဲဖြစ်ပါတယ် File size…3.2GB / 1.7GB Quality…1080p WEBRIP / 720p Format…mp4 Duration….2h 31m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Sora & BpL

Drama • Music
5.8 2015 151 mins
Bruce Lee - The Fighter
Dashcam
5.1

ဇာတ်လမ်းနာမည် အတိုင်းပါပဲ။ ကားရှေ့မှာ တပ်ထားတဲ့ ကင်မရာကတစ်ဆင့် မြင်ရတဲ့ အနေအထားမျိုးနဲ့ ဇာတ်လမ်းကို တင်ပြသွားတာပဲ ဖြစ်ပါတယ်။ ဒီကားကတော့ တခြား Horror ကားတွေနဲ့ မတူဘဲ တစ်ကားလုံးမှာ မင်းသမီးက livestream နေမှာဖြစ်ပြီး Live တစ်ခုကို ကြည့်နေရသလို ကြည့်ရမှာပါ ဇာတ်ကောင်နဲ့အတူ စီးမျောရင်း ကြောက်လန့်မှုကို ခံစားရမယ့် ကားမျိုးပါ။ ဇာတ်လမ်းအကျဉ်းကတော့ ..... အန်နီဟာဒီ covid ကာလ lockdown တွေလုပ်ထားတဲ့အချိန်မှာ ကားမောင်းရင်း livestream လွှင့်ပြီး သီချင်းလက်တန်းရွတ်ဆိုပြတဲ့သူပါ။ တစ်ရက်မှာတော့ အမေရိကန်ကနေပြီးတော့ အင်္ဂလန်မှာရှိတဲ့ သူငယ်ချင်းတစ်ယောက်ဆီအလည်သွားပါတယ် အဲဒီမှာ သူ့သူငယ်ချင်းနဲ့ ပြဿနာတက်ပြီး ကားကိုခိုးသွားရင်းနဲ့ အဖွားကြီးတစ်ယောက်ကို လိုက်ပို့ပေးဖို့ အကူညီတောင်းခံရတော့ သူလည်း လိုက်ပို့ခဲ့ပါတယ်။ ဒါပေမယ့် အဲ့ဒီအဖွားကြီးက သာမန်အဖွားကြီးတစ်ယောက်မဟုတ်နေခဲ့တဲ့အခါမှာတော့ .... ဒီကားကတော့ သာမန် Horror ကားမျိုးနဲ့ မတူဘဲ တစ်ကားလုံးမှာ မင်းသမီးက livestream နေမှာဖြစ်ပြီး Live တစ်ခုကို ကြည့်နေရသလို ကြည့်ရမှာပါ ဇာတ်ကားကို ကြည့်ရင်း အတူတူ ကြောက်လို့ ရမယ့် ရုပ်ရှင်မျိုးပဲ ဖြစ်ပါတယ်။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Kuz ပဲ ဖြစ်ပါတယ်။ Genre..... Horror Quality…. 1080p | 720p | 480p File size… 1.68GB | 857MB | 287MB Format… mp4 Duration…. 1h 17min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Kuz Encoder ..... August

Action • Drama
5.1 2022 80 mins
Dashcam
Boiler Room
7

မင်းသာကြီး Vin Diesel, Giovanni, Ben Affleck တို့ အဓိက ပါဝင်သရုပ်ဆောင်ထားတဲ့ ၂၀၀၀ ခုနှစ်က ဇာတ်လမ်းဟောင်းတစ်ပုဒ်ပါ ဒီဇာတ်လမ်းမှာ လောဘသားတို့ရဲ့ အတောမသတ်နိုင်မှုတွေကို မြင်တွေ့ကြရပါလိမ့်မယ်၊ ပညာရေးမှာ ဘယ်လိုမှ မဖြစ်မြောက်နိုင်မှန်း ကိုယ့်ကိုယ်ကိုယ်သိသွားတဲ့ ဆက်ဟာ ကောလိပ်ထွက်လိုက်ပြီး တရားမဝင်ကာစီနို အလုပ်လုပ်ရင်း ငွေရှာပါတယ် တစ်နေ့မှာ သူ့ကာစီနိုကို လာတဲ့ ပွဲစားတစ်ယောက်နဲ့ ဆုံမိပြီး သူ့လုပ်ငန်းမှာ အလုပ်လုပ်ဖို့ ‘ ဖြစ်လာခဲ့ပါတယ်။ သို့ပေမဲ့ ဒီကုမ္ပဏီဟာ တခြားကုမ္ပဏီတွေလို့ ရိုးသားဖြူစင်နေလှတယ်တော့ မဟုတ်ပါဘူး ။ မရှိတဲ့ စတော့ရှယ်ယာတွေကို လိမ်ရောင်းပြီး ရိုက်စားတဲ့နေရာတစ်ခုပါ။ ဇ,ရှိပြီးသား ဆက်တစ်ယောက် ဒီလိုနေရာကို ရောက်လာချိန်မှာတော့…… File size…(3.13GB) / (1.29GB) / (622MB) Quality…. Web 1080P / 720p / 480P Format…mp4 Duration….01:42:00 Genre…Drama / Crime / Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Act Molemy

Horror • Thriller
7 2000
Boiler Room
Twinkle, Twinkle, Lucky Stars
6.2

ဒီဇာတ်ကားလေးကတော့ တရုတ်ကားတွေမှာ မြင်နေကျ ဂျက်ကီချန်းအပါအဝင် ဒိတ်ဒိတ်ကြဲသရုပ်ဆောင်တွေ အရွယ်ကောင်းတုန်းက ရိုက်ကူးထားတဲ့ အက်ရှင်ဟာသဇာတ်ကားလေးတစ်ပုဒ်ပါ။ ချီချီဝမ်ဆိုတဲ့ ပြဇာတ်သရုပ်ဆောင် ကောင်မလေးရဲ့ မိတ်ဆွေဖြစ်သူဟာ မူးယစ်ဆေးကုန်သွယ်မှုအကြောင်း သတင်းပေးထားတဲ့ စာတစ်စောင်ကို သူမဆီပို့လိုက်ပြီးတဲ့နောက်မှာ အသတ်ခံလိုက်ရပါတယ်။ ဒီအတွက်ကြောင့် ဒီသတင်းပေးထားတဲ့ စာစောင်ကို ရရှိမှ အမှုဆက်လိုက်လို့ရမှာဖြစ်တဲ့ စုံထောက်တွေဖြစ်တဲ့ ဂျက်ကီချန်းတို့ဟာ ချီချီဝမ်ကို အန္တရာယ်ကင်းကင်းနဲ့ စာကို လက်ခံရရှိနိုင်ပြီး သူတို့လည်း အမှုဖြောင့်ဖြောင့်စုံစမ်းလို့ရအောင် အသိဘော်ဒါတွေအိမ်မှာ ချီချီဝမ်ကို ပို့ထားလိုက်ပါတော့ တယ်။ ဒီတော့ ဒီဘော်ဒါတစ်အုပ် မိန်းကလေးချောချောလေး အိမ်ပေါ်ရောက်လာတော့ ဘယ်လိုအကြံအဖန်တွေလုပ်ပြီး နှာထကြမလဲ၊ မူးယစ်ဆေးအမှုကိုရော ဒီကောင်တွေက ဘယ်လိုစောက်တလွဲတွေလုပ်ရင်းနဲ့ အမှုကို ကူညီဖော်ထုတ်သွားမလဲဆိုတာ ခွက်ထိုးခွက်လန်ရယ်မောရင်းနဲ့ ကြည့်ရှုရမှာဖြစ်ပါတယ်။ ဂျက်ကီချန်း အရွယ်ကောင်းတုန်းက အချိန်ကို ပြန်မြင်ရမှာကလည်း အမြတ်ပါပဲ။ ဒီဇာတ်ကားက စော်ငြင်းကောင်၊ စောက်ပေါ၊ နှာဘူးဖွန်ကောင်တွေ၊ အတည်ပေါက်နဲ့ နောက်တဲ့ကောင်တွေအပြင် ဇာတ်ကောင်မျိုးစုံပါဝင်တဲ့အတွက် ရှယ်ရယ်ရမှာဖြစ်ပြီး ကြည့်ရတာတန်တဲ့ကားဖြစ်ပါတယ်။ ဒီတော့ if you need a good laugh, you better watch it လို့ သာပြောချင်ပါတယ်….. File size…(2 GB)/(1.2 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:45:00 Genre…Action, Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Matteo

Family • Drama
6.2 1985 94 mins
Twinkle, Twinkle, Lucky Stars
Age of Uprising: The Legend of Michael Kohlhaas
6.1

ဒီဇာတ်လမ်းလေးကတော့ ၁၉ရာစုမှာ အမှန်တကယ်ဖြစ်ပျက်ခဲ့တဲ့ မြင်းကုန်သည်ကြီး Hans Kohlhaseအကြောင်းကို မှီငြမ်းထားတာပါ….။ သို့ပေမဲ့ ဇာတ်လမ်းကိုတော့ ၁၆ရာစု မြေရှင်၊ကြွေးရှင်စနစ်ပျက်သုဥ်းခါနီးကာလမှာပဲ ဇာတ်အိမ်တည်ထားပါတယ်…။ အဲ့ခေတ်အခါမှာက မြေရှင်တွေ၊ နယ်စားတွေ ဘုရင်တွေဆိုတာ ဥပဒေအထက်မှာ ရှိသူတွေပါ….။ ဥပဒေကိုလိုရာအသုံးချပြီး အောက်ခြေလူတန်းစားတွေ၊ သူရင်းငှားတွေကို ဆက်ဆံချင်သလိုဆက်ဆံတဲ့ခေတ်ပေါ့….။ ဒီခေတ်ကြီးထဲမှာမှ မြင်းကုန်သည် မိုက်ကယ်ကိုလာဟတ်စ်ဆိုသူဟာ မြင်းရောင်းဖို့ မြို့ကိုအသွား… လမ်းမှာနယ်စားတစ်ယောက်က သူ့နယ်ကို ဖြတ်သန်းမယ်ဆိုရင် ခွင့်ပြုမိန့်လိုကြောင်း တောင်းပါတယ်…။ ခွင့်ပြုမိန့်မရှိတဲ့ မိုက်ကယ်ဟာ လှလှပပ ကျန်းကျန်းမာမာမြင်းနှစ်ကောင်ကို အပေါင်အဖြစ်ထားခဲ့ပြီး ခရီးဆက်သွားပါတယ်….။ ဒါပေမဲ့ အပေါင်ပြန်ရွေးတဲ့အချိန်မှာတော့ သူ့မြင်းတွေဟာ ဒဏ်ရာဗလဗွနဲ့ ပိန်ချုံးချိ့နဲ့နေပါပြီ…. ဒီအတွက် မကျေနပ်တဲ့ မြင်းကုန်သည်ကြီးဟာ သူ့အတွက် တရားမျှတမှု ရှာဖွေဖို့အတွက် ခရီးစတင်ခဲ့ပါတယ်….။ တရားမျှတမှုရှာဖွေတဲ့ မြင်းကုန်သည်ကြီး သူ့မြင်းနှစ်ကောင်အတွက်နဲ့ မြေရှင်ကြွေးရှင်တွေကို ဘယ်လိုစစ်ခင်းမလဲဆိုတာ ဇာတ်လမ်းထဲမှာကြည့်ရှုနိုင်ပါပြီ…။ File size…1.96GB / 949MB Quality…Blu-Ray 1080p 5.1 CH/ 720p Format…mp4 Duration….2h 2m Genre ….. Drama , History Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Themes

Romance • Action • Comedy
6.1 2013 122 mins
Age of Uprising: The Legend of Michael Kohlhaas
Neon Cactus

Neon Cactusက neo-noir styleနဲ့ indie ရုပ်ရှင်ကားဖြစ်ပါတယ်။ 50s တုန်းကလိုမျိုး retro ပုံစံမျိုး ရိုက်ထားပါတယ်။ ဇာတ်လမ်းကတော့ Stanley Cooper ဆိုသူက သော့ဆိုင်တစ်ခုကို လည်ပတ်လုပ်ကိုင်နေတဲ့သူပါ။ ထုံပေပေနဲ့ဆိုပေမယ့် စိတ်ထားက ရိုးသားဖြောင့်စင်းပါတယ်။ သူ့မိန်းမဖြစ်သူ Maureenကတော့ သူ့ကိုမချစ်ပါဘူး။ သူ့ရဲ့ သေသွားတဲ့အရင်ယောကျ်ား JR ဆိုတဲ့သူကိုပဲ တမ်းတမ်းစွဲဖြစ်နေပြီး Stanley နဲ့ တစ်ချိန်လုံး နှိုင်းယှဥ်နေခဲ့ပါတယ်။ မသာယာတဲ့ သူတို့ နှစ်ယောက်ရဲ့ အိမ်ထောင်ရေးထဲကို မြို့ခံဖြစ်တဲ့ Johnny Rocket ဆိုတဲ့ ဒုစရိုက်အလုပ်နဲ့ ချမ်းသာနေတဲ့ သူဌေးကြီး ရောက်လာပါတယ်။ Johnny ဘက်က Stanley နဲ့ မိတ်ဆွေဖြစ်အောင် ချဥ်းကပ်လာခဲ့ပါတယ်။ တစ်နေ့မှာ မိန်းမဖြစ်သူက အကြိမ်ကြိမ် သူ့ကိုမတော်တဆမှုနဲ့ သေအောင် ကြံစည်နေကြောင်း သိလိုက်ရတဲ့အခါမှာ Stanley တစ်ယောက် Johnny Rocketဆီ ရောက်သွားခဲ့ပြီး မိန်းမကို သတ်ပေးဖို့ အကူအညီတောင်းခဲ့ပါတယ်။ အဲ့နောက်မှာ ဆက်ဖြစ်သမျှကတော့ ရုပ်ရှင်ထဲကအတိုင်းပါပဲ။ File size…(1.8 GB)/(800 MB) Quality….Webrip 1080p / 720p Format…mp4 Duration….02:08:00 Genre…Crime Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Leonie

Horror
0 2022
Neon Cactus
Fashion
6.9

Fashion (2008) “အိပ်မက်များဆီသို့…” IMDb – 6.9/10 ဘောလိ၀ုဒ်ရဲ့ ဘုရင်မတွေထဲက နှစ်ပါးဖြစ်တဲ့ ပရီရန်ကာနဲ့ ကန်ဂနားတို့ အပြိုင်ကြဲထားကြတဲ့ဇာတ်ကားဟောင်းလေးကို တင်ဆက်ပေးလိုက်ပါတယ်။ ၂၀၀၈ခုနှစ်ဆိုတဲ့ ခေတ်ကာလတစ်ခုမှာ ရူပီး သန်းတစ်ရာ့ရှစ်ဆယ် အကုန်ကျခံရိုက်ကူးထားပြီး သန်းခြောက်ရာကျော် ပြန်လည်ရရှိခဲ့တဲ့အပြင် အဓိကဇာတ်ကောင်နေရာမှာဆို မင်းသားတွေကိုပဲ နှစ်သက်လက်ခံကြတဲ့ခေတ်တစ်ခုမှာ မင်းသမီးတွေအနေနဲ့ အဓိကဇာတ်ကောင်နေရာကနေတင်ဆက်ထားပြီး လူကြိုက်များအောင်မြင်ခဲ့တဲ့ ရုပ်ရှင်ကားတကားလည်းဖြစ်ပါတယ်။ အဲဒါအပြင်ကို နိုင်ငံတကာအိန္ဒိယရုပ်ရှင်ထူးချွန်ဆုပေးပွဲမှာလည်း ဒီရုပ်ရှင်နဲ့ပဲ ပရီရန်ကာရော ကန်ဂနားပါ ထူးချွန်ဆုတွေအသီးသီး သိမ်းပိုက်နိုင်ခဲ့ပါတယ်။ မြို့သေးသေးလေးက အိပ်မက်အကြီးကြီးနဲ့ ကောင်မလေးတစ်ယောက်။ ကမ္ဘာကျော်မော်ဒယ်လ်တစ်ယောက်ဖြစ်ချင်တဲ့ အိပ်မက်နဲ့အတူ မွမ်ဘိုင်းမြို့တော်ကြီးကိုရောက်လာပါတော့တယ်။ အပြိုင်အဆိုင် အတိုက်အခိုက်တွေများလှတဲ့ မော်ဒယ်လ်လောကကြီးထဲမှာ အိပ်မက်အကြီးကြီးအတွက် ပေးဆပ်မှုအကြီးကြီးရှိတတ်တယ်ဆိုတာ သိသွားပြီးချိန်မှာတော့ သူဖြစ်ချင်တဲ့အိပ်မက်အတိုင်း အကောင်အထည်ဖော်နိုင်မှာလား၊ ပတ်ဝန်းကျင်နဲ့လိုက် အရောင်တွေပြောင်းသွားပြီး ဘ၀ပဲပျက်သွားမလားဆိုတာ ဖက်ရှင်ဒီဇိုင်းဆန်းတွေနဲ့အတူ ကမ္ဘာကျော်မော်ဒယ်လ်ဖြစ်ချင်တဲ့ မင်းသမီးတွေရဲ့အလှကို ငေးမောခံစားကြပါဦးစို့။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamပဲဖြစ်ပါတယ်) ( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >>https://t.me/cmbollywood )

6.9 2008 167 mins
Fashion
Snowed In for Christmas
6.2

Snowed In for Christmas (2021) ======================== IMDb rating – 6.2/10 ပရိတ်သတ်ကြီးအတွက် အခုတစ်ခေါက်တင်ဆက်ပေးမှာကတော့ ဒီနှစ်ခရစ်စမတ်မှာ ကြည့်ရှူနှုန်း 613 အထိတက်လာတဲ့ ခရစ်စမတ် ဇာတ်လမ်းလေးပဲဖြစ်ပါတယ်။ ဇာတ်လမ်းရဲ့အကျဉ်းချုပ်ကတော့ – ကေလီ ကန်နင်းဟမ်မိသားစုက သမီးလေးနှစ်ယောက်ဖြစ်တဲ့ လီလီနဲ့ ရိုစီကို ထိန်းပေးနေတဲ့ကလေးထိန်းတစ်ယောက်ပါ။ ခရစ်စမတ်ကျရင် သူ့မိဘတွေရှိတဲ့အိုဟိုင်အိုကိုပြန်ပြီး အနားယူနေပေမဲ့ ဒီနှစ်မှာတော့ လီလီနဲ့ရိုစီရဲ့မိဘတွေက နှင်းမုန်တိုင်းကြောင့် နယူးယော့ခ်မှာပိတ်မိနေ တာနဲ့ သူ့မိဘတွေရှိတဲ့အိုဟိုင်အိုကို မပြန်ရဘဲ လီလီနဲ့ရိုစီရယ် တခြား နယ်တစ်နယ်ကရောက်လာတဲ့ အောင်မြင်တဲ့လုပ်ငန်းရှင်ဖြစ်တဲ့ သူ့ဦး လေးရယ်နဲ့ပိတ်မိနေပါတော့တယ်။ ဒီဇာတ်လမ်းလေးမှာတော့ ခရစ်စမတ်မှာ မိသားစုတွေအတူတူခရစ်စ မတ်ကိုဖြတ်သန်းကြပုံနဲ့ ကေလီနဲ့အီသန်တို့ဘယ်လိုချစ်မိသွားကြမလဲ ဆိုတဲ့ အချစ်ဇာတ်လမ်းလေးကိုပါ ခရစ်စမတ် vibe အပြည့်နဲ့ကြည့်ရ မယ့်ဇာတ်လမ်းလေးပဲဖြစ်ပါတယ်။ကြည့်ရှူပေးကြပါဦး။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ June ဖြစ်ပါတယ်) File Size……….(1.69 GB) / (558 MB) Quality…………WEB-DL 1080p / 720p Duration………1Hr 26Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Romance Translator…….June Encoder……….SWM

6.2 2021
Snowed In for Christmas
Two Blue Hearts aka Dua Hati Biru
7.8

Two Blue Hearts (2024) Original title: Dua Hati Biru Genre – Drama, Family 2019 ခုနှစ်တုန်းက ထွက်ရှိခဲ့တဲ့ အင်ဒိုနီးရှား လူငယ်ပညာပေး ဒရမ်မာကားကောင်းလေး ဖြစ်တဲ့ (Two Blue Stripes) နဲ့ တိုက်ရိုက်ချိတ်ဆက်ထားတဲ့ ရုပ်ရှင်သစ်လေး ဖြစ်ပါတယ်။ ဒါကြောင့် CM မှာလည်း ဒီရှေ့ကကားလေးကို တင်ပေးထားတဲ့အတွက် အရင်သွားကြည့်ပြီးမှ ဒီကားလေးကို ခံစားမယ်ဆိုရင်တော့ ပိုပြီးတော့ ပြည့်စုံပါလိမ့်မယ်ဗျ။ ဒီတော့ ပထမကားလေးမှာ ဘီမာနဲ့ ဒါရာတို့ အထက်တန်းကျောင်းသားဘဝမှာတင် လူငယ်သဘာဝကျူးလွန်ပြီး ကိုယ်ဝန်ရခဲ့တာ နောက်ဆုံးကလေးမွေးပြီး ဒါရာတစ်ယောက် ကိုရီးယားကို ထွက်သွားတယ်၊ ဘီမာတစ်ယောက်လည်း မိဘ နှစ်ပါးနဲ့အတူ ဒီသားလေးကို မိန်းမ ကိုရီးယားသွားတုန်း ပြုစုပျိုးထောင်မယ်ဆိုပြီး ပြီးသွားခဲ့ပါတယ်။ အခု ဒီဇာတ်ကားလေးမှာတော့ သူတို့သားလေးက ၄ နှစ် ရှိနေပါပြီ။ ဒါရာတစ်ယောက်လည်း ကိုရီးယားကနေ ပြန်ရောက်လာခဲ့ပါပြီ။ ခက်တာ ကလေးက ဖုန်းထဲမှာတော့ သူ့အမေကို သိပေမဲ့လည်း အပြင်မှာ တကယ်တမ်းကျ လက်မခံသေးပဲ သူ့အမေ မဟုတ်ဘူးဆိုပြီး ဂျစ်တိုက်နေတာပေါ့။ နောက်ပြီး အဘိုး အဘွားတွေ အလိုလိုက်ထားပေးတာကြောင့် ကလေးက ဒီလို နည်းနည်းဆိုးနေရတယ်ဆိုပြီး မိခင်တာဝန်ကို မတူညီတဲ့ နည်းလမ်းတွေနဲ့ ချည်းကပ်ချင်လာတဲ့ ဒါရာတစ်ယောက် သားလေးဖြစ်သူနဲ့ ဘယ်လိုတွေ ရင်းနှီးမှုရအောင် ပြန်ယူမလဲ။ ဘီမာတစ်ယောက်လည်း ရရာအလုပ်လေးနဲ့ မိဘနှစ်ပါးကိုရော သားဖြစ်သူရောအတွက် ကြိုးစားရုန်းကန်နေရာကနေ ဒါရာပြန်ရောက်လာတော့ ဘယ်လိုမျိုး တစ်အိုးတစ်အိမ် မိသားစုလေးကို ထူထောင်ကြမလဲ ချမ်းသာတဲ့ ဒါရာတို့ မိသားစုဖက်ကနေ ဘယ်လိုတွေ ပြန်ဝင်ပါလာပြီးတော့ ဘယ်လို အခက်အခဲတွေ ကြုံပြီး ကျော်လွှားကြဦးမလဲဆိုတာကို ကြည့်ရမယ့် အင်ဒိုနီးရှား မိသားစုဒရမ်မာကောင်းလေးပဲ ဖြစ်ပါတယ်။ (အညွန်းနဲ့ ဘာသာပြန်ကတော့ CM Team ဖြစ်ပါတယ်)

7.8 2024 106 mins
Two Blue Hearts aka Dua Hati Biru
Nobody Nose
5.9

ရဲအရာရှိတစ်ယောက်ဟာ သူ့ကြောင့် သူလျှိုမလေးသေသွားတဲ့အခါ စိတ်ဒဏ်ရာတွေဖြစ်ကျန်ခဲ့ပြီး ထင်ယောင်ထင်မှားတွေမြင်လာတယ်။ အဲဒီလိုနဲ့ရဲဌာနကနေနှုတ်ထွက်လိုက်ရတယ်။ သူ့အခြေနေက ဆေးပုံမှန်မသောက်ရင် ပိုဆိုးလာနိုင်တယ်လို့ပြောကြပေမယ့် သူကတော့ ခေါင်းမာမာနဲ့ ငါအရူးဆိုတာ လူတိုင်းသိနေပြီပဲ မသောက်လဲဘာမှမဖြစ်ဘူးဆိုပြီးတော့ ပေတေပြီးနေနေတုန်းပဲ။ ရဲမဟုတ်တော့ပေမယ့် ဒီအမှုကိုဆက်စုံစမ်းတာတော့မရပ်ခဲ့ဘူး။ (၄)နှစ်ကြာသွားတဲ့အခါ အမှုဟာသဲလွန်စအသစ်ပြန်ရလာခဲ့တယ်။ သူကတကယ်ပဲ ထင်ယောင်ထင်မှားတွေမြင်နေပြီးတော့ အသုံးမကျတဲ့သူတစ်ယောက်ဖြစ်သွားပြီလား….. ဒီတစ်ခါရော နောက်ကွယ်ကတကယ်ချုပ်ကိုင်နေတဲ့ အဓိကတရားခံကိုအမိဖမ်းနိုင်မလား……

5.9 2018
Nobody Nose
Crosspoint
6

Crosspoint (2024) ***************** ၁၉၉၀ ခုနှစ်တွေက ပျိုတိုင်းကြိုက်တဲ့နှင်းဆီဖြစ်ခဲ့တဲ့ ဖိလစ်ပိုင် အဆိုတော်-မင်းသား မန်နွယ် ဟီဒါဂို… ခေတ်ရေစီးကြောင်းအလျောက် နာမည်ကျော်ကြားမှု လျော့ပါးလာခဲ့ပြီး လက်ရှိရေပန်းစားတဲ့ အနုပညာရှင်တွေနဲ့ အစားထိုးခံလာရတဲ့သူဟာ မကြာခင် မီးဖွားတော့မဲ့ ဇနီးသည်အတွက် ငွေကြေးပိုင်ဆိုင်ရာမှာ အကြပ်ရိုက်နေတော့တယ်… အိမ်ထောင်ဦးစီးတစ်ယောက်အနေနဲ့ မန်နွယ်ဟာ ဒီလိုအခြေအနေအမျိုးမျိုးကြောင့် အဆုံးမှာ ဂျပန်နိုင်ငံက ကလပ်ပိုင်ရှင်မိတ်ဆွေနဲ့ ချိတ်ဆက်ပြီး တရားမဝင်အလုပ်သွားလုပ်ဖို့ ဆုံးဖြတ်လိုက်တော့တယ်… ဝန်ထမ်းတွေကို လစာမပေးနိုင်၊ သမီးဖြစ်သူကိုလည်း မထောက်ပံ့ပေးနိုင်တဲ့ စီးပွားပျက်ခါနီး လုပ်ငန်းရှင် ရှီဂယ်ရူ ယာမာဂူချီ… အကြွေးရှင်ပေါင်းများစွာကို ရင်ဆိုင်နေရပြီး သစ္စာအရှိဆုံးဝန်ထမ်းတွေကပါ အလုပ်ထွက်ကုန်တဲ့အတွက် မွဲပြာကျလုနီးနီးဖြစ်နေတဲ့ ယာမာဂူချီရဲ့ တစ်ခုတည်းသောပိုင်ဆိုင်မှုဟာ သူ့သမီးလေးပါပဲ…သူဟာ သမီးဖြစ်သူရဲ့ ရှေ့ရေးအတွက် ထောက်ပံ့နိုင်စွမ်းမရှိလို့ သူ့ကိုယ်သူ အားမလိုအားမရဖြစ်ပြီး အရက်ဆိုင်မှာပဲ အချိန်ကုန်နေရင်း တစ်နေ့မှာ ရဲတွေ ဆုကြေးထုတ်ပြီး အပူတပြင်းရှာဖွေနေတဲ့ ကွင်းဆက်လူသတ်သမားတစ်ယောက်အကြောင်း သိလိုက်ရတော့တယ်…အဘက်ဘက်က ငွေကြေးပိုင်းဆိုင်ရာ ချွတ်ခြုံကျနေတဲ့ မန်နွယ်နဲ့ ရှီဂယ်ရူဟာ ကံကြမ္မာအလှည့်အပြောင်းကြောင့် ဆုံစည်းမိကြပြီး ဆုကြေးငွေအတွက် အရမ်းကိုအန္တရာယ်များလှတဲ့ ကွင်းဆက်လူသတ်သမားကို ဖမ်းကြဖို့ ဆုံးဖြတ်လိုက်တဲ့အခါမှာတော့… ဇာတ်လမ်းအညွှန်းကို Esther မှ ရေးသားပေးထားပါတယ် File Size : 1.41GB / 533MB Quality : WEB-DL 1080p / 720p Genres : Action / Thriller Duration : 1h 40m Subtitle : Myanmar Subtitle (Hard Sub) Translated by Esther & Mary Encoded by Heather Oo

Drama • Crime • Thriller
6 2024 101 mins
Crosspoint
Mukden Funeral Shop
6.2

“ဒီလောကကြီးမှာ သရဲ တစ္ဆေဆိုတာမရှိပါဘူးလူတွေရဲ့ စိတ်နှလုံးထဲမှာ ကြောက်စိတ်ကိန်းအောင်း နေလို့သာ သရဲ တစ္ဆေနဲ့ပတ်သတ်တဲ့ လှည့်စားမှုပေါင်းများစွာက ပေါ်ပေါက်လာရခြင်းဖြစ်ပါတယ် ”တရုတ်ပြည်သူ့သမ္မတနိုင်ငံပေါက်ပေါက်လာချိန် အချိန်ကာလ / တရုတ်ရိုးရာ တစ္ဆေပွဲတော်နေ့တစ်နေ့ …..ထိုက်ဖျင် တရားရုံးရဲ့ မှောင်ပျပျ ပြဇာတ်ရုံတစ်ခုမှာ “ယင်းတောင်ရဲ့ နတ်ဆိုးအရှင်” ပြဇာတ်ကို ကပြလို့နေခဲ့ပါတယ် တစ်ဆက်ထဲမှာပဲ အဲဒီနေ့က စစ်ဆေးရေးမှူးချုပ် ဖန်းကျန့်ရူ ရဲ့ မွေးနေ့နဲ့ တိုက်ဆိုင်လို့နေခဲ့ပါတယ် ဖန်းကျန့်ရူရဲ့ သားဖြစ်သူဟာ ပြဇာတ်ရုံကို ရုတ်ရုတ်သဲသဲဖြစ်သွားစေဖို့ လူလွှတ်လိုက်ပြီးတော့ ဖခင်ဖြစ်သူရဲ့ မွေးနေ့ကို ဂုဏ်ပြုဖို့ ပြဇာတ်ရုံကို သိမ်းပိုက်လိုက်ပါတော့တယ် လူတွေအားလုံး ပျော်ရွှင်မှုရဲ့ အငွေ့အသက်တွေကြားမှာ နစ်မြောနေချိန်အတွင်း ……မီးတောက်များစွာနဲ့ လောင်ကျွမ်းနေတဲ့ လူတစ်ယောက်က စင်မြင့်ထက်ကနေပြီး ပြုတ်ကျလာခဲ့ပါတော့တယ် အဲ့ဒီမြင်ကွင်းက တစ္ဆေပွဲတော်နေ့ရက်မှာမှ နတ်ဆိုးအရှင်ကို မီးရှို့ခံရတဲ့မြင်ကွင်းနဲ့ သွားတူလို့နေပါတယ် သိကြတဲ့အတိုင်း လူသားတွေဆိုတာ တစ်ခုခုဆိုရင် အယူသည်းကြတဲ့ အထဲမှာပါလေ့ရှိပါတယ် စင်အောက်က စက္ကူရုပ်တွေနဲ့ အထိန်းအမှတ်ကျောက်တိုင်တွေအားလုံးက မီးကျွမ်းလောင်သွားခဲ့တာမို့ နတ်ဆိုးအရှင် ဒေါသထွက်သွားပြီ ဆိုတဲ့ ကောလဟာလတွေကတစ်ဟုန်ထိုးဆိုသလို ပျံ့နှံ့လို့သွားပါတော့တယ် ဖန်းကျင့်ရူဟာလဲ ဒေါသပုန်ထပြီး ဒီကိစ္စကို စတင်စုံစမ်းခဲ့ပါတယ် ဖုန့်ထျန်း စျာပနပစ္စည်းအရောင်းဆိုင်က ဆိုင်ပိုင်ရှင်ဖြစ်သူ ရွှီစစ်ကျို ဟာလဲ ဖိအားပေးခံရကာ ဒီအမှုကိစ္စမှာ ပါဝင်လာခဲ့ပါတော့တယ် အမှုကိစ္စကဟာ တစ်ဖြည်းဖြည်း နက်နဲလာသည်နှင့်အမျှ ဇာတ်လမ်းရဲ့ ဇာတ်ဆောင်ဖြစ်သူ ရွှီစစ်ကျို ဟာလည်း အဖြစ်ဆိုးတစ်ခုကို မျက်မြင်ကိုယ်တွေ ကြုံတွေ့လာရတဲ့အခါ….? ❏ ဘာတွေဆက်ဖြစ်ကြမလဲ ❏ ဒီကိစ္စရဲ့ နောက်ကွယ်မှာရှိတဲ့ အဖြေကိုရော သူတို့တွေရှာတွေ့နိုင်ကြမလားဆိုတာ အသည်းတထိတ်ထိတ်ရင်တဖိုဖို ကြည့်ရှုရမဲ့ ဇာတ်ကားကောင်းလေးတစ်ကားပဲဖြစ်လို့ Horror Movie ကိုကြိုက်နှစ်သက်တဲ့ သူတွေအနေနဲ့ကတော့ လုံးဝကို အကြိုက်တွေ့စေမှာ အသေချာပါပဲ

Drama • Family • Comedy
6.2 2022
Mukden Funeral Shop
The Wedding Banquet
6.7

The Wedding Banquet (2025) **************************** IMDb… 6.7 The wedding banquet ကတော့ 1993 ခုနှစ်မှာထွက်ရှိခဲ့တဲ့ The wedding Banquet ဆိုတဲ့ ဇာတ်လမ်းကို remake ရိုက်ကူးထားတဲ့ အမေရိကန် LGBT ရိုမန့်တစ်ဟာသဇာတ်လမ်းလေးဖြစ်ပြီး ပေါ့ပေါ့ပါးပါးကြည့်လို့ရမယ့် လူငယ်ကားလေးပဲဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း အိန်ဂျယ်လာက သူ့ရဲ့ကောင်မလေးဖြစ်သူ လီရဲ့ မိသားစုအိမ်မှာ လီနဲ့အတူတူ နေနေတယ်.. အိန်ဂျယ်လာနဲ့ လီတို့အတွဲက ဖန်ပြွန်သန္ဓေသားထည့်ဖို့ ကြိုးစားခဲ့ကြပေမဲ့ နှစ်ကြိမ်တိုင်တိုင် ကျရှုံးပြီး ကလေးမရသေးတဲ့ အခြေအနေမှာဖြစ်နေတယ်.. အိန်ဂျယ်လာရဲ့ အခင်ဆုံးသူငယ်ချင်းဖြစ်သူ ခရစ်ဟာလည်း လီတို့ရဲ့အိမ် စတိုခန်းမှာ သူ့ရဲ့ကောင်လေးဖြစ်သူ မင်နဲ့ အတူတူနေနေကြတယ်.. မင်ကတော့ ကိုရီးယားကနေ လာခဲ့တဲ့ အနုပညာကျောင်းသားတစ်ယောက်ဖြစ်ပြီး သူ့ရဲ့ဗီဇာဟာ သက်တမ်းကုန်လွန်ခါနီးဖြစ်နေတာကြောင့် ခရစ်ကို လက်ထပ်ဖို့တောင်းဆိုခဲ့ပေမဲ့ ဂေးဖြစ်ကြောင်း မိသားစုကိုအသိမပေးသေးတဲ့ မင်နဲ့ ခရစ်ဟာ လက်မထပ်ချင်သေးဘူး ဖြစ်နေခဲ့တယ်.. အဲဒီလိုနဲ့ သူငယ်ချင်းနှစ်ယောက်ဖြစ်တဲ့ အိန်ဂျယ်လာနဲ့ ခရစ်တို့ဟာ သူတို့အတွဲ၂တွဲလုံးအတွက် အဆင်ပြေစေနိုင်မယ့် နည်းလမ်းကိုကြံစည်ခဲ့ကြတယ်.. အိန်ဂျယ်လာကတော့ မင်ရဲ့ဗီဇာအတွက် မင်နဲ့လက်ထပ်လိုက်မှာဖြစ်ပြီး မင်ကတော့ ဖန်ပြွန်သန္ဓေသားအတွက် စရိတ်ကိုထောက်ပံ့ပေးဖို့ပဲပေါ့.. အဲဒီလိုနဲ့လက်ထပ်ဖို့ ဖြစ်လာခဲ့ကြတဲ့အခါ အိန်ဂျယ်လာနဲ့ မင်တို့ရဲ့ မိသားစုဝင်တွေကို ဘယ်လိုအယုံသွင်းပြီး သူတို့တွေ လက်ထပ်ဖို့ကို စီစဉ်သွားကြမှာလဲ… အိန်ဂျယ်လာနဲ့ လီတို့ရဲ့ ဖန်ပြွန်သန္ဓေသားထည့်သွင်းမှုကရော ဘယ်လိုတွေဆက်ဖြစ်သွားမလဲ… သူတို့လက်တွဲဖော်တွေ အချင်းချင်းကြားမှာရော ဘယ်လိုကိစ္စတွေကြုံတွေ့လာမလဲဆိုတာကို ဟာသလေးတွေနဲ့ စိတ်အပန်းဖြေရင်း ကြည့်ရှုလိုက်ကြပါဦးနော်။ (ဇာတ်လမ်းအညွှန်းကိုတော့ Vanessa မှ ရေးသားထားပေးပါတယ်။) File Size : 1.37GB/ 670MB Quality : WEB-DL 1080p 5.1CH/ 720p Format…mp4 Duration…01:43:48 Genre : Comedy, Romance, Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Thinn, Lai Laii, Hazelle & Vanessa Encoded by Tiff

Drama • Romance
6.7 2025 103 mins
The Wedding Banquet
My Oxford Year
6.2

My Oxford Year (2025) IMDb Rating (6.2) ဒီဇာတ်ကားလေးကတော့ 2025 ခုနှစ်ထဲမှာပဲ ထွက်ရှိလာတဲ့ Romance Drama ဇာတ်လမ်းလေးပဲ ဖြစ်ပါတယ်။ ဒါရိုက်တာ Iain Morris ရိုက်ကူးထားပြီး မင်းသမီး Sofia Carson နဲ့ မင်းသား Corey Mylchreest တို့ အဓိကပါဝင် သရုပ်ဆောင်ထားပါတယ်။ ဇာတ်လမ်းအကျဉ်း ရည်မှန်းချက်ကြီးတဲ့ အမျိုးသမီးငယ်လေး အန်နာ ဟာ ကလေးဘဝအိပ်မက်ကို အကောင်ထည်ဖော်ရန်အတွက် အမေရိကန်ကနေ အင်္ဂလန်မှာရှိတဲ့ အောက်စဖို့ဒ် တက္ကသိုလ်ကို ရောက်လာခဲ့ပါတယ်။ အန်နာ ဟာ သူ့ရဲ့ဘဝကို စီစဉ်ထားတဲ့အတိုင်းပဲ ပြည့်ပြည့်စုံစုံဖြတ်သန်းနေပြီး အောက်စဖို့ဒ်ကို ရောက်ရှိလာချိန်မှာလည်း သူဟာ အမေရိကန်ကောလိပ်တစ်ခုမှာ ဘွဲ့ရထားပြီး အလုပ်လည်းရထားပြီးဖြစ်ပါတယ်။ သူ့ရဲ့ တစ်နှစ်တာ အိပ်မက်ကို အကောင်အထည်ဖော်ဖို့ အောက်စဖို့ဒ်ကို ရောက်ရှိလာချိန်မှာတော့ ဂျိမ်းစ် ဒေဗင်ပို့တ် ဆ်ုတဲ့ ထက်မြက်တဲ့ကောင်လေးတစ်ယောက်နဲ့တွေ့ပြီး သူ့ရဲ့ဘဝအပေါ်ထားတဲ့အမြင်တွေပြောင်းလဲသွားပါတော့တယ်။ အန်နာ ရဲ့ အိပ်မက်လေးအကောင်အထည်ပေါ်သွားမလား ဘဝကသူစီစဉ်ထားသလိုပဲ ဖြစ်သွားမလားဆိုတာ စိတ်ဝင်စားဖွယ် စောင့်ကြည့်ရမယ့် ဇာတ်လမ်းလေးဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Nay ဖြစ်ပါတယ်။) File size… (6.1 GB) / (2 GB) / (960 MB) Quality…. WEB-DL 4K HEVC / 1080p HEVC / 720p Format…. mkv/mp4 Genre…. Comedy, Drama, Romance Duration…. 01:54:12 Subtitle…. Myanmar Subtitle (Hardsub) Encoder…. Benjamin Translated by Nay

Romance • Comedy
6.2 2025 113 mins
My Oxford Year