YoteShin Drive is below this article. Scroll down to view.

In many countries, you have to work on Windows 11

Author: Anonymous Published on: 12 Aug 2022

Microsoft has confirmed that it has expanded its Android apps to run Android apps in 21 countries. Since the end of Tuesday, Windows 11 users can download Windows 11 users and enable Android app support. This update is available for download Android apps. Microsoft recommends at least 8GB RAM (16GB RAM); SSD (Solid-State Drive); Intel Core i3 8th Gen and above. It is said that there must be Virtual Machine Platforms. To enable Android app Support on your Windows computer, go to the Microsoft Store and download Amazon AppStore. Installing Windows Subsystem For Android and open the Amazon App Store and log in to Amazon account. Then you will find Android apps. The Amazon App Store has no current app, but it can block your favorite apps. WSA for Windows 11, WSA for Windows 11, andorra, Gibraltar, Gibraltar, Gibraltar, Guino, Iransey, Iraches, Liechten, United Kingdom, United Kingdom, United States, United States, United States, United States, United States, It has been released for Vatican City / Holy See. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

The.Last.Bus.S01E10.Episode.10.1080p.NF.WEB-DL.DDP5.1.[CM].mp4

759.92 MB 1080p video/mp4 92 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Original Sin
6.1

မင်းသားကြီး အန်တိုနီယိုဘန်ဒါရက်စ် နဲ့ မင်းသမီး အင်ဂျလီနာဂျိုလီ တို့အဓိကပါဝင်ထားပါတယ်။ Drama, Mystery, Romance အမျိုးအစားဇာတ်ကားဖြစ်ပြီး IMDb Rating (6/10) ရရှိထားပါတယ်။ ဇာတ်လမ်းထဲက စကားပြောခန်းနဲ့ပဲ ဇာတ်ကားကိုမိတ်ဆက်ပေးလိုက်ပါရစေ။ ------------------------------------------ အလန် - "ဗားဂတ် နောက်ဆုံးတော့ အဲဒါက အချစ်လား ..တဏှာ သက်သက်လား .." ဗားဂတ် - "ကွဲပြားမှုရှိလို့လား ..အလန်" အလန် - "ရှိတာပေါ့...ချစ်တယ်ဆိုတာ ပေးပြီးရင်းပေးချင်ဖြစ်နေတာလေ" ဗားဂတ်- "တဏှာကရော ..တဏှာဆိုတာ ဘာလဲ...အလန်" အလန်-  "တဏှာဆိုတာ ယူပြီးရင်းယူချင်နေတာ..အရသာခံစားမယ်... သုံးစွဲမယ်...ယုတ္တိတို့ အကြောင်းပြချက်တို့မရှိဘူး..ဒီတော့မင်းက.. ယူတာလား ..ပေးတာလား .." ဗားဂတ်- "နှစ်ခုစလုံးပဲ...ကျွန်တော် သူ့ကို အရာရာပေးချင်တယ်...သူ့ဆီကလဲ အရာအားလုံးကိုရချင်တယ်" အလန် - "အိုး...မင်းကအရှုံးသမားပဲ။" ----------------------------------------------- ယောင်္ကျားလေးတွေ အချစ်မှာကျရှုံးမိရင် ဘယ်လောက်ထိသနားစရာကောင်းတယ်ဆိုတာ အတော်ထင်ရှားစွာတွေ့ရမှာဖြစ်ပြီး အချစ်ရဲ့ အရှုံးတွေကို ခံစားထိတွေ့ရမယ့်ဇာတ်ကားပါ။ Drama ဇာတ်ကားဖြစ်ပေမယ့် အင်ဂျလီနာဂျိုလီရဲ့ Nude Scene တချို့ကြောင့် အရွယ်ရောက်ပြီးသူများသာကြည့်သင့်ပြီး မိသားစုနဲ့မကြည့်သင့်တဲ့ဇာတ်ကားဖြစ်ပါတယ်။ File size...(1.72GB)(622MB)(421MB) Quality...BR-Rip 1080p/720p/480p Format...mp4 Duration....01:58:25 Subtitle....Myanmar Subtitle (Hardsub) Encoder....San Win Maung

Mystery • Science Fiction
6.1 2001 118 mins
Original Sin
Paradise Highway
6

ဆယ်လီဆိုတဲ့ အမျိုးသမီးဟာ ကုန်ကားကြီးတွေ မောင်းရင်း ဘ၀ဖူလုံရေးအတွက် ငွေရှာတယ်။ သူ့မှာ ဒန်းနစ်ဆိုတဲ့ ထောင်ကျနေတဲ့ မောင်တစ်ယောက်ရှိတယ်။ မဝေးတော့တဲ့ တစ်ရက်နှစ်ရက်မှာ လွတ်တော့မယ့် သူ့ရဲ့မောင်က ထောင်တွင်း မူးယစ်ဆေး ရောင်း၀ယ်ဖို့ သူ့ကို အကူအညီတောင်းတဲ့အခါ ပစ္စည်းရဖို့အရေး ဆယ်လီတစ်ယောက် အပြင်မှာ ထပ်လှုပ်ရှားရတယ်။ ဒီလိုနဲ့ ထောင်ထဲက မောင် ဒုက္ခမရောက်ဖို့အရေး လေလာဆိုတဲ့ ၁၀ နှစ်၀န်းကျင်ကလေးမလေးကို လူကုန်ကူးပေးဖို့ အကြောင်းဖန်လာတယ်။ ဒါပေမဲ့ နယ်စပ်ရောက်တဲ့အချိန်မှာ ကလေးမလေးက တစ်ဖက်လူကို ဆယ်လီ့ကားထဲက သေနတ်နဲ့ ပစ်လိုက်လို့ လူသေမှုတစ်ခု ပြဿနာကပါ ဆယ်လီ့ဘ၀ထဲကို ထပ်တိုး၀င်လာပါတော့တယ်။ ဒီဇာတ်လမ်းမှာ အမှုစုံစမ်းတဲ့ စုံထောက် duo အဖြစ် မင်းသားကြီး Morgan Freeman နဲ့ Cameron တို့ရဲ့ အတွဲညီမှုက တစ်ဖက်၊ ဆယ်လီအဖြစ် သရုပ်ဆောင်တဲ့ မင်းသမီးကြီး Juliette Binoche နဲ့ လေလာအဖြစ် သရုပ်ဆောင်သူ ကလေးသရုပ်ဆောင် Hala Finley တို့ရဲ့ အတွဲညီမှုကတစ်ဖက် စိတ်၀င်စားဖွယ်မြင်တွေ့ရမှာ ဖြစ်ပါတယ် Rating က အရမ်းထောင်တက်မနေပေမယ့် စာရေးသူအနေနဲ့တော့ ဆိုးဆိုးရွားရွားကြီးထဲ မပါဘဲ ကြည့်ပျော်တဲ့ ဇာတ်ကားတစ်ကားလို့ မြင်မိပါတယ်။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Yoon Sandi Aung ပဲ ဖြစ်ပါတယ်။ Genre.....Thriller Quality…. 1080p | 720p | 480p File size…1.5GB | 854MB | 434MB Format… mp4 Duration….1h 55min Subtitle…. Myanmar Subtitle (Hardsub) Translator .....Yoon Sandi Aung Encoder .....August

Drama • Fantasy • Romance
6 2022 115 mins
Paradise Highway
Blizzard of Souls
7.3

The Rifleman လို့လည်း လူသိများတဲ့ ဒီဇာတ်ကားလေးဟာ ပထမ ကမ္ဘာစစ်ကာလက အသက် ၁၆ နှစ်အရွယ် လူငယ်လေးတစ်ယောက်အကြောင်း ဖြစ်ရပ်မှန်ကို အခြေပြုထားတာပါ။ သူရဲကောင်းဖြစ်ချင်တဲ့စိတ်နဲ့ ပထမကမ္ဘာစစ်ကို ဝင်တိုက်ခဲ့ပေမဲ့ စစ်ရဲ့ အနိဌာရုံတွေကို မြင်တွေ့ခဲ့ချိန်၊ ကိုယ့်ရဲ့ မိသားစုဝင်ကိုပါ ဆုံးရှုံးလိုက်ရချိန်မှာတော့ သူ့ရဲ့ ဦးတည်ချက်က သူရဲကောင်းဖြစ်ဖို့မဟုတ်တာ့ဘဲ အမိတိုင်းပြည်မှာ မိသားစုဝင်တွေကို တစ်စုတစည်းတည်း ပြန်ဖြစ်စေဖို့ ကြိုးစားပုံတွေကို ရိုက်ကူးပုံဖော်ထားတာပါ။ ဇာတ်လမ်းအညွှန်းအနေနဲ့ကတော့ ... အချိန်အားဖြင့် 1900 ကျော် ပထမကမ္ဘာစစ်ကြီးဖြစ်ခါနီးအချိန်ပေါ့၊ လာဗီယာဆိုတဲ့ ရုရှားနဲ့ ဂျာမနီနိုင်ငံကြားက နိုင်ငံငယ်လေးတစ်ခုမှာ အာတူ့စ်ဆိုတဲ့ ချာတိတ်လေးတစ်ယောက်ဟာ သူ့မိဘနှစ်ပါးရယ် အစ်ကိုဖြစ်သူရယ်နဲ့ နေထိုင်ပါတယ်။ ပထမကမ္ဘာစစ်ကြီးစဖြစ်တော့ သူ့မိခင်ကို ဂျာမန်စစ်သားတွေက သတ်သွားတယ်။ စစ်ပြန်ဖခင်ဖြစ်သူနဲ့ သူတို့ညီအစ်ကိုနှစ်ဦးလည်း လာဗီယာတပ်ဖွဲ့ထဲဝင်ပြီး စစ်တိုက်ထွက်ကြရတဲ့အချိန်ပေ့ါ။ အဲဒီချိန်မှာ လာဗီယာနိုင်ငံက ရုရှားလက်အောက်ခံအဖြစ်ပဲ ရှိပါသေးတယ်။ ရုရှားအတွက် စစ်တိုက်ပေးရင်း ဆိုဗီယက်ရုရှားဟာ လာဗီယာနိုင်ငံကို တကယ် လွတ်လပ်ရေးပေးမှာမဟုတ်ဘူး ဆိုတာကိုပါ အာတူ့စ်တို့နားလည်လာတဲ့အချိန်မှာတော့ ... ဒီလိုနဲ့ လွတ်လပ်ရေးရဖို့ အရွယ်မရောက်ရှာသေးတဲ့ အာတူ့စ်တစ်ယောက် ဘယ်လိုပါဝင်ပေးဆပ်အနစ်နာခံခဲ့ရလဲ ဆိုတာကို ရင်နင့်ဖွယ် ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ May Myat Thu ပါ) File Size          : 3.2GB, 1.4GB & 657MB Quality            : 1080p WEB-DL, 720p WEB-DL & 480p Format            : mp4 Duration         : 2hr & 3mins Genre              : Action, History, Drama Translated by  May Myat Thu Encoded by Kinnov

Crime • Drama • Horror
7.3 2019 124 mins
Blizzard of Souls
Looop Lapeta
6.1

ဘောလိဝုဒ်ရုပ်ရှင်တွေမှကြိုက်ပါတယ်ဆိုတဲ့ CM ရဲ့ပရိတ်သတ်တွေအတွက် ဒီနေ့မှ အသစ်စက်စက်ထွက်ထားတဲ့ အိန္ဒိယရုပ်ရှင်ကောင်းတစ်ခုကို တင်ဆက်ပေးလိုက်ပါတယ်ဗျာ။ မင်းသမီးကလဲ တာ့ပ်ဆီးပန်းနုဆိုတော့ သရုပ်ဆောင်ပိုင်းမှာလဲ အတော်လေး မိမိုက်နေတာကို မြင်ရဦးမှာပါ ဒီဇာတ်လမ်းက ပုံမှန်တွေ့နေကျ ဟာသဇာတ်လမ်းတွေနဲ့ မတူပဲ အတော်လေးထူးခြားတယ်ဗျ။ ရီရတယ်ဆိုတာထက် ရင်တဖိုဖိုနဲ့ စိတ်လှုပ်ရှားဖို့ကောင်းတယ်ဆိုရင် ပိုမှန်မယ်။ ဆာဗီဆိုတဲ့ အပြေးအားကစားမယ်လေးနဲ့ ဆပ်သ်ရာက အပြန်အလှန်မေတ္တာမျှနေကြတာပေါ့။ သူတို့ရဲ့ တွေ့ဆုံပုံကလည်း တယ်ထူးဆန်းပါတယ်။ အပြေးမယ်လေး ဆာဗီဟာ မတော်တဆမှုကြောင့် သူ့ရဲ့အားကစားမယ်ဘဝကို အဆုံးသတ်ရဖို့ အကြောင်းဖန်လာတဲ့အခါ ဆာဗီတစ်ယောက် စိတ်ဓာတ်ကျပြီး ဆေးရုံခေါင်မိုးပေါ်ကနေ ခုန်ချမလို့လုပ်ခဲ့ပါတယ်။ အဲ့အချိန် ခေါင်မိုးထပ်မှာ ဆေးလိပ်လာသောက်တဲ့ ဆပ်သ်ရာက ဆာဗီကို ကယ်လိုက်ရာကနေ သူတို့နှစ်ဦး ဖူးစာဆုံခဲ့ကြတာပေါ့။ ဒီလိုနဲ့ပဲ နှစ်ဦးသား အလုပ်ကိုယ်စီလုပ်ရင်း အေးချမ်းတဲ့ဘဝလေးကို ဖြတ်သန်းခဲ့ကြပါတယ်။ အဲ့ဒီနေ့ကို မရောက်ခင်အချိန်အထိပေါ့။ ဆာဗီက သူမမှာ ကိုယ်ဝန်ရှိကြောင်း ဆပ်သ်ရာဆီ ဖုန်းဆက်ပြောမဲ့နေ့မှာပဲ ဆပ်သ်ရာတစ်ယောက် ပြဿနာတစ်ခုကို အကြီးအကျယ် ရှာလိုက်ပါတော့တယ်။ အဲ့ဒါကတော့ ဆပ်သ်ရာက သူ့ရဲ့သူဌေး ဗစ်တာဆိုတဲ့ မာဖီးယားဂိုဏ်းချုပ်ရဲ့ ငွေ ၅ မီလီယံကို ဖျောက်လိုက်တာပါပဲ။ ဟော....မာဖီးယားခေါင်းဆောင်ဆီမှာ အသတ်ခံရတော့မယ့် သူ့ကောင်လေးကို ကယ်ဖို့ ဆာဗီခမျာ ပြေးလွှားရတော့တာပေါ့ဗျာ။ ဆပ်သ်ရာမွှေသမျှ အရှုပ်တွေကိုလိုက်ရှင်းရင်း ဘယ်လိုအလွဲလွဲအချော်ချော်တွေဖြစ်မလဲ။ တစ်ချိန်က သူ့အသက်ကို ကယ်တင်ခဲ့တဲ့ ဆပ်သ်ရာကိုရော ဆာဗီက သူ့အလှည့်မှာ ပြန်လည်ကယ်တင်နိုင်ပါ့မလား။ " ဘဝတစ်ခုပြောင်းလဲဖို့ နေ့ရက်လေးတစ်ရက်ပဲလိုတာ ဆာဗီ '' ဆပ်သ်ရာပြောနေကျ ဒီစကားအတိုင်း ဘဝတစ်ခုလုံး ဇောက်ထိုးမိုးမျှော်ပဲဖြစ်သွားမလား။ ရွှေဘုံပေါ်ရောက်ပြီး ကောင်းစားမလားဆိုတာကို မထင်မှတ်ထားတဲ့ လှည့်ကွက်တွေနဲ့ ဒီဇာတ်လမ်းမှာ အပီအပြင် ခံစားကြည့်လိုက်ကြပါဦးခင်ဗျာ။ File size…2.8GB / 1.02Gb / 600MB Quality…1080p AAC 5.1CH / 720p NF WEB DL AAC 2.0CH / 720p HEVC Small Size Format…mp4 Duration….2h 11min Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Shwe Pwint & Shwe Pyae & HM & Haruko

Drama • Fantasy • Horror
6.1 2022 131 mins
Looop Lapeta
The Fall
7.6

နိုင်ငံပေါင်း ၂၈ နိုင်ငံမှာ ၄ နှစ်ကြာအောင် ရိုက်ခဲ့ပြီး ဆက်တင်မသုံးပဲ တကယ့်ရှုခင်းအလှအပ သဘာဝစစ်စစ်တွေနဲ့ Landscape အလန်းစားတွေ သုံးထားတဲ့ စိတ်ကူးယဉ် ဒရမ်မာကားကောင်းလေးပါ။ ရိုက်ထားတဲ့ Cinematography တွေဆိုလည်း ဓာတ်ပုံပညာတတ်စရာ မလိုပဲ မြင်လိုက်တာထက် မှင်သက်ရအောင်ထိ မိုက်တဲ့ ရိုက်ချက်တွေ Landscape အယူအဆတွေ မြင်ရမှာပါ။ ဒါတင်ပဲလား ရိုက်ချက်တွေ ရှုခင်းတွေကတော့ ဟုတ်ပါရဲ့ ဇာတ်လမ်းကျ ကောင်းရဲ့လားဆိုပြီးလည်း စိတ်ပူမနေနဲ့ ဇာတ်လမ်းလေးက ရိုးမလိုနဲ့ တင်ဆက်ပုံဆန်းပြီး IMDB မှာက 7.8 ရထားတယ် လူ ၁ သိန်းကျော်ပေးထားတာ Legit ဖြစ်ချက်ပဲ။ သရုပ်ဆောင်ထားတဲ့မင်းသားကလည်း ခပ်ဖြောင့်ဖြောင့် နဲ့ ဘဲကြီး Lee Pace နာမည်ကြီးဇာတ်ကောင်တွေ ပြောရရင် Gurdian of the Galaxy ပထမကားထဲက ဗီလိန် Ronan တို့ နောက်ပြီး Hobbit ထဲမှာ ပါမန်း Legolas ရဲ့ အဖေနေရာက Thranduil လုပ်ထားတာ ဒီထဲမှာလည်း သရုပ်ဆောင်ထားတာရှယ်၊ သူနဲ့ အပြိုင်ကြမ်းထားတဲ့ကလေးမကလည်း အရမ်းချစ်စရာကောင်းတာ။ ဇာတ်လမ်းအကျဉ်းလေးကတော့ ၁၉၂၀ ခုနှစ် လော့အိန်ဂျလိစ့်က သာသနာပြုဆေးရုံမှာ ရုပ်ရှင်စတန့်သမားတစ်ယောက် စတန့်လုပ်ရာ ကနေ ခြေကျိုးလို့ ဆေးရုံတင်ထားရတယ်။ အဲဒီဆေးရုံမှာလည်း လိမ္မော်သီးခူးရာကနေ လက်ကျိုးလို့ ရောက်လာတဲ့ ချစ်စရာကောင်မ လေးတစ်ယောက်လည်း ရှိတယ်၊ လူအများက ဝိုင်းချစ်ကြပြီး ဆေးရုံပတ်မွှေနေတဲ့ ကောင်မလေးပေါ့လေ။ တစ်ရက်ကျ ကောင်မလေး စာတစ်စောင် ဆော့လိုက်ရာကနေ စတန့်သမားဆီကို ရောက်သွားတော့ ပြန်ယူရင်း နှစ်ယောက်သား ခင်သွားခဲ့တယ်၊ စကားတွေပြောရင်းနဲ့ စတန့်သမားက ကောင်မလေးကို ပုံပြင်တွေ ပြောပြတာပေါ့။ အဲဒီပုံပြင် တွေကို ရှုခင်းအလှတွေနဲ့ ပုံဖော်ထားပြီး အမြင်တစ်မျိုးနဲ့ ပြသထားတယ်။ သူ့ ပုံပြင်လေးကကျတော့ အနယ်နယ်အရပ်ရပ်က လူမျိုးမတူတဲ့ လူ ၅ မျိုးက ကိုယ်စီနာကြည်းချက်ကြောင့် အကျင့်မကောင်းတဲ့ ဘုရင်ခံကြီးကို လက်စားချေဖို့ စွန့်စားခန်းထွက်ကြတဲ့ အကြောင်းပေါ့လေ။ ဒါပေမဲ့ ဒီလို ပုံပြင်တွေပြောပြီး စတန့်သမားက ကလေးမလေးကို ဘာခိုင်းချင်နေတာလဲ နောက်ကွယ်မှာရော ဘာတွေဖြစ်ခဲ့လို့ ဒီရောက်လာတာလဲ၊ ကောင်မလေးရော ဘာဆက်ဖြစ်မလဲဆိုပြီး ပုံပြင်လေးနဲ့အတူ သူတို့ နှစ်ယောက်ကြားက သံယောဇဉ်ကို ကြည့်ရမယ့် အပြင် ပြောနေတဲ့စွန့်စားခန်းအကြောင်းကိုလည်း ကြည့်ရှုရမယ့် ဒရမ်မာ စွန့်စားခန်း ဇာတ်ကားကောင်းလေး ဖြစ်ပါတယ်။ ဇာတ်လမ်း၊ သရုပ်ဆောင်ကောင်းတဲ့အပြင် ရှုခင်းအလှအပတွေကိုလည်း တဝကြီး ခံစားရလို့ တန်စေရမယ်လို့ အာမခံလိုက်ပါတယ်ဗျာ။

Adventure • Animation • Family
7.6 2006 117 mins
The Fall
Ron's Gone Wrong
8

ဒီတစ်ခါမှာတော့ မတွေ့မမြင်ရတာ ကြာပြီဖြစ်သလို Big Hero 6, The Mitchells vs The Machines တို့လိုမျိုး လူသားနဲ့ စက်ရုပ်ရဲ့ ဆက်ဆံရေးကိုအခြေခံထားတဲ့ Animation ဇာတ်ကားတွေဘက်ကို တဖန်ပြန်လှည့်ရအောင်ပါ။ "ခင်ဗျားတို့တွေ အထီးကျန်တယ်လို့ ခံစားရဖူးလား" "ထောင့်စွန်းတစ်နေရာမှာ ရပ်နေရပြီး ကသိကအောက်နဲ့ ဘယ်သူ့ကိုမှ စကားသွားမစရဲဘဲနဲ့လေ" တော်ရုံတန်ရုံ စကားမပြောရဲတဲ့လူတွေ သူငယ်ချင်းရှာဖို့ခက်တဲ့သူတွေအတွက် နည်းပညာဟာ အထောက်အပံ့တစ်ခု ဖြစ်လာပါတယ်။ ဒီလိုနဲ့ နည်းပညာကုမ္ပဏီတစ်ခုဖြစ်တဲ့ bubble ဟာ bubble robot ဆိုတဲ့ စက်ရုပ်လေးတွေကို လူတွေအတွက် "best friend" (အကောင်းဆုံးသူငယ်ချင်း) အဖြစ် ဖန်တီးထုတ်လုပ်လိုက်ပါတယ်။ ဖုန်းတွေ tablet တွေထက် လုပ်ဆောင်နိုင်စွမ်းမြင့်တဲ့ ဒီစက်ရုပ်လေးတွေက ပိုင်ရှင်ရဲ့ ဒေတာအချက်အလက်တွေကို သိမ်းယူပြီးတော့ bubble network ကနေတစ်ဆင့် ဝါသနာတူ အကြိုက်တူ သူငယ်ချင်းတွေကို ရှာဖွေပေးပါတယ်။ သူငယ်ချင်းတွေကို ရှာဖွေပေးတဲ့အပြင် သူကိုယ်တိုင်ကိုက ပိုင်ရှင်အနီးနား ၆ ပေအတွင်းမှာ နေပေး ကူညီပေး စကားပြောပေးတဲ့ သူငယ်ချင်းတစ်ယောက်အဖြစ် ရှိနေတာပေါ့။ ဒီလိုနဲ့ ကလေးတွေကြားမှာ bubble robot တွေ ခေတ်စားလာပြီး မပိုင်ဆိုင်သူကတော့ မရှိသလောက် ဖြစ်လာပါတယ်။ Nonsuch ဆိုတဲ့ မြို့လေးက ကျောင်းသားတွေထဲမှာ ဘာနေးဆိုတဲ့ ကောင်လေးတစ်ယောက်ပဲ bubble robot ကို မပိုင်ဆိုင်တာပါ။ သူကိုယ်တိုင်က လူအေးလေး ဖြစ်တဲ့အပြင် လူတိုင်းက ကိုယ်စီရဲ့ bubble robot တွေနဲ့ပဲ အလုပ်ရှုပ်နေကြတော့ သူ့မှာ သူငယ်ချင်းဆိုတာမရှိပါဘူး။ အဲဒီအပြင် bubble robot မရှိတဲ့အတွက် စနောက်လှောင်ပြောင် ခံရပါသေးတယ်။ တစ်နေ့မှာတော့ ဘာနေးရဲ့မွေးနေ့လေးကို ရောက်ရှိလာပါရော။ ဒီလိုနဲ့ bubble robot ကို လိုချင်နေတဲ့ ဘာနေးတစ်ယောက် လိုချင်တာကို မွေးနေ့လက်ဆောင်အဖြစ် ရသွားပြီးတဲ့နောက် ဘာတွေဆက်ဖြစ်မလဲဆိုတာ အားပေးကြည့်ရှုလိုက်ကြရအောင်နော်။ File size… 1.8Gb / 1.2GB  Quality…1080p BluRay HEVC AA5.1Ch / 720p Blu Ray Format…Mp4 Duration….1h 47m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Team

Drama • Mystery • Sci-Fi & Fantasy
8 2021 107 mins
Ron's Gone Wrong
Kung Fu Zohra
5.2

Kung Fu Zohra (2022) ================ Action/ Drama တကယ့်ကားပဲ‌ဆိုပါတော့ဗျာ။ ကားနာမည်ကိုကြည့်လိုက်တာနဲ့ ကွန်ဖူးကားမှန်းသိကြမယ်ထင်ပါတယ်။ ဒါပေမဲ့ အဲဇိုရာဆိုတဲ့ တစ်ယောက်က မင်းသားမဟုတ်ဘဲ မင်းသမီးဖြစ်နေတာပါပဲ။ ဒီမင်းသမီး ကွန်ဖူးတတ်လာပုံကလည်း တကယ့်ကို အဆန်းကြီးပါ။ အဓိကညွှန်းရမယ်‌ဆိုရင်တော့ ဒရာမာပါတဲ့ကွန်ဖူးကားလေးဆိုတဲ့ အတိုင်း လူ့သရုပ်ကို ပီပြင်နေကြတာပါပဲ။ ပြီးတော့ တ-ရုတ်နိုင်ငံက မဟုတ်ဘဲ ပြင်သစ်နိုင်ငံက ရိုက်ကူးတဲ့ တ-ရုတ်သိုင်းကားပါ။ အခုခေတ်တ-ရုတ်သိုင်းကားတွေကလည်း ပေါနေကြတာများ တာတော့ လူတိုင်းလည်း သိမယ်ထင်ပါတယ်။ ဒီရုပ်ရှင်လေးဟာ ကွန်ဖူးကားကိုမှ အသွင်သဏ္ဍာန်တစ်မျိုးနဲ့ ချဉ်းကပ်တာမို့ တကယ့်ကို ကြည့်ပျော်ရှုပျော်ရှိတာပါ။ ကွန်ဖူကားကောင်းလေးတွေ ငတ်နေတာ လည်း ကြာပြီ၊ ကွန်ဖူးကားလေးတွေကို ဒီနေ့ခတ်မှာ ပြန်ခံစားချင်တယ် ဆိုရင်တော့ ဟောဒီ Kung Fu Zohra ဆိုတဲ့ ရုပ်ရှင်ကားလေးကို ခံစား ရင်ခုန်ပေးကြပါဦးခင်ဗျာ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ San Thu Aung ဖြစ်ပါတယ်)

Comedy
5.2 2022 100 mins
Kung Fu Zohra
[18+] Sanctuary
6.5

Sanctuary (2022) ~ IMDb – 6.5/10, Rotten Tomatoes – 90% ~ ဘဝရဲ့အဓိပ္ပာယ်ကဘာလဲ၊ ငါတို့ဒီကိုဘာကြောင့်ရောက်လာရသလဲ၊ ငါတို့ကကော ဘယ်လိုလူတွေလဲ၊ ငါဆိုတဲ့လူအစစ်အမှန်က ဘယ်သူလဲ ဆိုတဲ့မေးခွန်းတွေဟာ စိတ္တဗေဒပညာရှင်တွေတင်မက သာမန်လူတွေပါ ကိုယ့်ကိုယ်ကိုယ်ပြန်ထုတ်မိနေကျ မေးခွန်းတွေပါ။ အနုပညာဆိုတာ လူတွေရဲ့ အတွေးတွေကို အသက်ဝင်လာအောင် မှော်သွင်းပေးတဲ့ မှော်တောင်ဝှေးတစ်ခုဖြစ်ပြီး အနုပညာရှင်ဆိုတဲ့ မှော်ဆရာတွေရဲ့ ပဉ္စလက်နဲ့ပေါင်းလိုက်တဲ့အခါ ခေတ်ကိုအံတုနိုင်တဲ့ မှော်ဝင်အနုပညာတွေဖြစ်လာပါတယ်။ ဒီလို အနုပညာကတဆင့် နက်ရှိုင်းတဲ့အတွေးတွေအထိခေါ်သွားနိုင်တဲ့ ရုပ်ရှင်အမျိုးအစားတွေထဲ Psychological Thriller ရုပ်ရှင်တွေက ထိပ်ဆုံးတန်းကနေ အမြဲပါဝင်နေကျပါ။ Taxi Driver ကစလို့ Donnie Darko, The Machinist နဲ့ American Psycho တို့လိုရုပ်ရှင်တွေ အထိ ဒီလိုရုပ်ရှင်တွေက လူတွေရဲ့ မွန်းကြပ်တဲ့ဘဝလူနေမှုပုံစံနဲ့ ဟန်ဆောင်မျက်နှာဖုံးတွေကြားဘဝကို တနည်းနည်းနဲ့ ဆွဲခွာချပစ်ဖို့ ကြိုးပမ်းချက်တွေလို့ပြောရင်မှားမယ်မထင်ပါဘူး။ အခု Sanctuary ရုပ်ရှင်ဟာ ဟယ်လ်ဆိုတဲ့ သူဌေးသားလေးရဲ့ ဟန်ဆောင်မျက်နှာဖုံးတစ်ခုကို ရေဗက္ကာဆိုတဲ့ ဒိတ်ဂဲလ်လေးတစ်ယောက်က ခွာချပစ်ဖို့ကြိုးစားခဲ့ပုံကို‌ပြထားတာပါ။ ဟယ်လ်မှာက လိင်စိတ်တစ်မျိုးရှိတယ်။ ဆူနေဆဲနေဟောက်နေတာမျိုးမှ စိတ်ထတာမျိုးပေါ့။ ရေဗက္ကာကလည်း အဲဒီအပိုင်းမှာ ဒေါက်တာဘွဲ့ပါပေးရလောက်အောင်ကိုကျွမ်းတယ်။ အစပိုင်းမှာ ဟယ်လ်အနေနဲ့ ဇာတ်ညွှန်းပေးပြီး သူ့ဇာတ်ကြောင်းအတိုင်း ရေဗက္ကာကိုပြောစေ လုပ်စေချင်ခဲ့တာပေါ့။ ဒါပေမဲ့ ဇာတ်လမ်းကိုသွေဖည်ရမယ်ဆိုပြီးပါ ထည့်ထားတယ်။ အဲဒီတော့ တချို့ဇာတ်ကွက်တွေက သရုပ်ဆောင်နေသလား အတည်ပြောနေကြလား မသဲမကွဲဖြစ်သွားတာမျိုးတွေပါနေပါတယ်။ ဇာတ်ညွှန်းကနေ လက်တွေ့ဘဝကို ယိမ်းသွားသလိုပေါ့။ ဟယ်လ်က လူကြောက်တတ်တယ်၊ သူ့ကိုယ်သူမုန်းတယ်၊ သူ့အဖေလိုဖြစ်ချင်စိတ်ကလည်း ရှိနေသေးတယ်။ အဲဒါတွေကို သူ့ရဲ့ Sexual Fantasy ကနေတဆင့် ရေဗက္ကာက ဘယ်လိုပြုပြင်ပေးသွားမလဲဆိုတာကို ဟိုတယ်ခန်းလေးတစ်ခုတည်းကနေ ရိုက်ပြသွားတာပါ။ ဒီဇာတ်လမ်းမှာ အဓိကသဘောကျမိတာက ဇာတ်ညွှန်းရယ် ဒိုင်ယာလော့ခ်တွေရယ် Margaret Qualley ရဲ့ သရုပ်ဆောင်ချက်တွေရယ်ပါ။ ရေဗက္ကာနေရာမှာ သရုပ်ဆောင်တဲ့ Margaret Qualley က သူ့ဇာတ်ရုပ်ကို အပီအပြင်သရုပ်ဆောင်ထားနိုင်ပါတယ်။ Once Upon A Time in Hollywood ထဲမှာ ဘာမှအဖက်မလုပ်တတ်တဲ့ သွေးအေးအေးဇာတ်ကောင်မျိုးကို သရုပ်ဆောင်ခဲ့တဲ့အတွက် ဒီဇာတ်ရုပ်နဲ့လည်းလိုက်ဖက်မယ်လို့ ဒါရိုက်တာ Zachery Wigon က ကြိုသိခဲ့ပုံပါပဲ။ Sex Scenes အနည်းငယ်ပါဝင်ပြီး ရှင်းရှင်းဘွင်းဘွင်းမဟုတ်ပေမဲ့ အသက်မပြည့်သူများကြည့်ရှုဖို့မသင့်တော်ပါဘူး။ Dark Joke တွေကိုလည်း ပေါတောတောမဟုတ်တဲ့ပုံမျိုးနဲ့ သုံးထားပါတယ်။ Psychological Thriller ကြိုက်နှစ်သက်တဲ့ပရိသတ်ဖြစ်စေ မဖြစ်စေ စိတ်ဝင်စားစရာကောင်းတဲ့ ရုပ်ရှင်တစ်ခုပါ။ (ဒီဇာတ်ကားနဲ့အညွှန်းကို Min Thant Bo မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.05GB, 830MB Quality – 1080p, 720p IMDb Rating – 6.5/10 Format – mp4 Duration – 1H 36Min Genre – Drama, Thriller Subtitle – Myanmar Subtitle (Hardsub) Translated by Min Thant Bo Encoded by Y

6.5 2022
[18+] Sanctuary
Woman at War
7.4

ဇာတ်လမ်းလေးကတော့ သဘာဝပတ်ဝန်းကျင်ကိုထိန်းသိမ်းနိုင်ဖို့အတွက် တစ်ကိုယ်တည်းတိုက်ပွဲဝင်ခဲ့ အမျိုးသမီးတစ်ဦးရဲ့စစ်ပွဲကို သရုပ်ဖော်ထားတဲ့ အိုင်စလန် မူဗီလေးပါပဲ…။ ဇာတ်လမ်းကျောရိုးလေးက အဓိပ္ပာယ်ရှိသလို၊ အိုင်စလန်ရှုခင်းလှလှတွေပါ ရိုက်ကူးပြထားပြီး ဆုတံဆိပ်တွေလည်းအများကြီးရရှိခဲ့တာဇာတ်လမ်းလေးပါ…။ အဲ့ဒီဒေသမှာတော့ သူ့ကို တောင်ပေါ်အမျိုးသမီးလို့သိကြတယ်ဗျ…။ ဘာလို့ဆို သဘာဝပတ်ဝန်းကျင်ကိုထိခိုက်စေတဲ့စက်မှုလုပ်ငန်းတွေ မလည်ပတ်နိုင်အောင် တောင်ပေါ်တက်ပြီး လျှပ်စစ်ဓာတ်အားလိုင်းတွေကို ဖြတ်တောက်ပစ်လို့ပါပဲ…။ သူ့ရဲ့ခံယူချက်ကတော့ ကမ္ဘာတစ်ဝန်းစက်မှုလုပ်ငန်းများတွင်ကျယ်ပြန့်လာခြင်းဟာ ကမ္ဘာကြီးပူနွေးလာအောင်လုပ်တာ… လူသားမျိုးနွယ်အနေနဲ့ကိုယ့်ကိုယ်ကိုသတ်သေတဲ့အမှုဖြစ်ပြီး ဒီမိုကရေစီကလည်း မကယ်တင်နိုင်တဲ့ကိစ္စမျိုးပါတဲ့….။ အသက် ၄၉နှစ်အရွယ်ရှိပြီဖြစ်တဲ့ အမျိုးသမီးကြီးတစ်ဦးက သူချစ်တဲ့ မိခင်သဘာဝကြီးကိုကာကွယ်ဖို့ဘာတွေပေးဆပ်တိုက်ပွဲဝင်ခဲ့သလဲဆိုတာကို အိုင်စလန်ရှုခင်းလှလှတွေကြားမှာ မြင်တွေ့ရမယ့် ဇာတ်လမ်းလေးဖြစ်ပါတယ်…။ File size…1.38GB / 633MB Quality…WEB-DL 1080p 5.1 CH/ 720p Format…mp4 Duration….1h 41m Genre ….. Adventure , Comedy , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Themes

Comedy • Science Fiction
7.4 2018
Woman at War
Chithha
8.6

Chithha (2023) “ဖခင်သောက” IMDb 8.5 ရထားပြီး ရုံတင်ငွေ လေးဆ ပြန်ရရုံသာမက ရုပ်ရှင်ဝေဖန်ရေးဆရာတွေရဲ့ ထောပနာပြုမှုကိုပါ ခံထားရတဲ့ Tamil စကားပြော drama/thriller ကားကောင်းတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ် တမီးလ်မင်းသား Siddharth ပါဝင်ထားပါတယ် ဇာတ်လမ်းအကျဥ်းကတော့ ရာဇဝတ်မှုထူပြောလှတဲ့ အိန္ဒိယက ဆင်ခြေဖုံးမြို့လေးမှာ အီ စ်ဝါရန်ဆိုတဲ့ အစိုးရဝန်ထမ်းနဲ့ သူ့ရဲ့ ရှစ်နှစ်အရွယ် တူမလေး ဆွန်ဒါရီတို့ အတူနေကြပါတယ် အီစ်ဝါရန်မှာ အိမ်ထောင်လည်းမရှိတာမို့ တူမလေးကို တစ်ချိန်လုံး အရိပ်တကြည့်ကြည့်နဲ့ စောင့်ရှောက်နေရသူပါ တစ်နေ့မှာ သူ့ရဲ့ ချစ်လှစွာသော တူမလေးကို နာမည်ဆိုးနဲ့ကျော်ကြားတဲ့ သက်ငယ်မုဒိန်းသမား က ပြန်ပေးဆွဲသွားပါတော့တယ် ဒီကိစ္စကို အီစ်ဝါရန်နဲ့ သူ့ရဲ့ သူငယ်ချင်း ရဲဖြစ်သူ ဗာဒီဗယ်လ်လူတို့ အပူတပြင်း လိုက်ရှာကြပါတော့တယ် တူမလေးအသက်ကို သူတို့ အချိန်မီ ကယ်နိုင်ပါ့မလား… အိန္ဒိယလိုမျိုး အာရှနိုင်ငံအချို့မှာ အဖြစ်အများဆုံးဖြစ်တဲ့ ဒီလို အမှုမျိုးက ဘယ်သူမဆို မကြားချင်မှ အဆုံးပါ ဒီကားမှာလည်း ဒီအမှုမျိုးကို ဇာတ်အိမ်ခိုင်ခိုင်မာမာနဲ့ ထိုင်ခုံအစွန်းက မထချင်ဖြစ်အောင် ပုံဖော်ထားပြီး ဦးလေးဖြစ်သူ အီစ်ဝါရန်ရဲ့ ဖခင်သောက၊ လူ့မိစ္ဆာရဲ့ အဆုံးစွန် ယုတ်ကမ်းမှု၊ လက်စားချေခြင်း စတဲ့ အကြောင်းအရာတွေကို ၂ နာရီခွဲဆိုတဲ့ အချိန်အတွင်းမှာ အပိုအလိုမရှိ ကြည့်ရှုရမှာပါ (အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team က ဖြစ်ပါတယ်) ( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >>https://t.me/cmbollywood )

Drama • Crime • Thriller
8.6 2023
Chithha
The Late Game

ဒါကတော့ ရေခဲပြင်ဟော်ကီအကြောင်းရိုက်ထားတဲ့ ရုပ်ရှင်ပါ။ ရုပ်ရှင်ဆိုတာထက် ရေခဲပြင်ဟော်ကီပွဲကစားပွဲတစ်ခုကို ရိုက်ကူးပြထားတာလို့ပြောရင်တော့ ပိုမှန်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ရေခဲပြင်ဟော်ကီကစားသမားအသစ်တစ်ဦးက မိတ်ဆွေတွေနဲ့ ညသန်းခေါင်မှာ ရေခဲပြင်ဟော်ကီကို ဘီယာတိုက်ကြေး အပျော်ဆော့ကြတဲ့အကြောင်းပါပဲ။ ရေခဲပြင်ဟော်ကီရဲ့ ကစားပုံကစားနည်းတွေ၊ စည်းမျဉ်းတွေ၊ ကစားသမားတွေရဲ့အထာတွေကို မြင်တွေ့ရမယ်။ ကစားသမားအချင်းချင်း trash talk လုပ်တာတွေ၊ လူလဲတုန်း ဟော်ကီကွင်းဘေးမှာ အချင်းချင်းပြောကြတဲ့ စကားဝိုင်းတွေ စသဖြင့် ညသန်းခေါင် ရေခဲပြင်ဟော်ကီပွဲကို စ လယ် ဆုံး ကြည့်ရှုရမှာပါ။ ရေခဲပြင်ဟော်ကီက ဒီနိုင်ငံမှာ အတော်များများ မရင်းနှီးကြတဲ့အားကစားဖြစ်တာကြောင့် အားကစားပရိတ်သတ်တွေ၊ မတူညီတဲ့အားကစားတွေကို စူးစမ်းချင်နေတဲ့သူတွေအဖို့တော့ အပျင်းပြေစေမယ့်ရုပ်ရှင်လေးဖြစ်ပါတယ်။ File size…(1.6 GB)/(920 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:25:00 Genre…Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Steven Khant

0 2024 85 mins
The Late Game
Heat
8.3

HEAT (1995) ****************** IMDb…8.3,,,,Rotten…86 ဒီကားက ၁၉၉၅ခုနှစ်ကထွက်ခဲ့တဲ့တာဆိုတော့ ၂၀၂၀ ခုနှစ်မှာ နေထိုင်တဲ့ခင်ဗျားတို့အမြင်မှာ ရိုးစင်းလွန်းတယ် …ဒီဘက်ခေတ်အမြင်မှာ အဆင့်မရှိလောက်ဘူး ဇာတ်လမ်းကောင်းရင်တောင် ကြည့်ရတာ အံဝင်မယ်မဟုတ်ဘူးလို့ ထင်နေရင်တော့ အဲဒီအမြင်ကိုမြောင်းထဲလွှင့်ပစ်လိုက်ပါလို့ ကျွန်တော်ရဲရဲကြီးပြောလိုက်မယ်…. ဒီကားက ဟီးဟီးဟားဟားကွက်တွေ အော်ဂလီဆန်စရာသတ်ဖြတ်မှုတွေ ခြောက်လှန့်မှုတွေမပါဘူး .. ဒါပေမဲ့ ပြသချိန် ၃နာရီနားပါးကြီးမှာ တစ်ချိန်လုံးခင်ဗျားဟာ စိတ်လှုပ်ရှားနေတယ်…. ဘာလို့ဆို မတူညီတဲ့ဇာတ်ကောင် ၂ယောက်ရဲ့အားပြိုင်မှုကြောင့်ပဲ…. တစ်ယောက်က ရဲ။… သူ့မှတ်တမ်းတစ်လျှောက်လုံးမှာ ဆိုးပါတယ် လိုက်ဖမ်းရခက်ပါတယ်ဆိုတဲ့ လူတွေကိုမှထောင်ထဲထည့်ခဲ့တဲ့သူ. . ရဲဌာန တစ်ခုလုံးကလည်း သူ့ကိုလေးစားရတယ်…..အယ် ဒါပေမဲ့ တစ်နေ့တော့ သူ့နှုတ်ဖျားက ဒီကောင် အရမ်းတော်တယ်ဆိုပြီး ညည်းညူခဲ့ရတဲ့ ဓားပြတစ်ယောက်ပေါ်လာတယ်.. တကယ်တော့ သူပြောတာထက်တောင်ပိုပါတယ်… အဲဒီဓားပြက အကွက်ချတာတော်တယ်… ပတ်ဝန်းကျင်ကိုလေ့လာအကဲဖြတ်ပြီး တစ်ဒင်္ဂအတွင်း အကောင်းဆုံးသော ဆုံးဖြတ်ချက်ကိုချနိုင်တယ်. ….လက်အောက်ငယ်သားတွေကိုကြည့်တယ်…ဒီကားက စစချင်း ၁၀မိနစ်လောက်ကတည်းက ခင်ဗျားတို့အာရုံတွေ ဖမ်းစားလိုက်ပြီ… ဒီကားထဲက အဓိကသရုပ်ဆောင်မင်းသားကြီး (၂)လက်ဖြစ်တဲ့ Al Pacino နဲ့Robert De Niro ကိုတော့ အားလုံးရင်းနှီးပြီးသားဖြစ်မှာပါ… အရံသရုပ်ဆောင်တွေကလည်း ထိပ်တန်းသရုပ်ဆောင်တွေအတော်များတယ်.. ဇာတ်အိမ်ခိုင်သလား ဒိုင်ယာလော့တွေလန်းသလား သရုပ်ဆောင်တွေလန်းသလားဆိုတာကျွန်တော်ပိုမပြောချင်ဘူး. ဒီကားဒေါင်းကြည့်ပြီးတဲ့အချိန် ကျွန်တော်ပြောတာမလွန်ဘူးဆိုတာ ခင်ဗျားတို့သဘောပေါက်သွားလိမ့်မယ်….. File Size…2.11GB/ 900MB Quality…Blu-Ray 1080p/ Blu-Ray 720p Format…mp4 Duration…02:52:00 Genre : Action, Crime, Drama Subtitle…Myanmar Subtitle(Hardsub) Encoder…..Tiff Translated by Oung Xix Ming

Romance • Drama
8.3 1995 170 mins
Heat
Fussclass Dabhade
6.1

Fussclass Dabhade (2025) “ချစ်ခြင်းမေတ္တာအပိုင်းအစများ” မာရသီစကားပြော အိန္ဒိယမိသားစုဒရာမာရုပ်ရှင်လေးကို တင်ဆက်ပေးလိုက်ပါတယ်။ ခုနောက်ပိုင်း မာရသီစကားပြောရုပ်ရှင်တွေ ဆက်တိုက်တင်ဆက်ပေးခဲ့တာမှာ တွေ့ရသလောက် ဇာတ်ကြောင်းက မင်သက်ရလောက်အောင်ထိမဖြစ်တောင် ဇာတ်လမ်းကို အငြိမ့်လေးနဲ့ ခံစားမှုတစ်ခုခုရအောင် ရိုက်ကူးထားတာကို တွေ့ရပါတယ်။ ဒီရုပ်ရှင်မှာဆိုလည်း မိသားစုညီကိုမောင်နှမတွေကြား၊ သူငယ်ချင်းတွေကြား၊ အမျိုးတွေကြားက သံယောဇဉ်အနှောင်အဖွဲလေးတွေနဲ့ အထင်လွဲမှားမှုတွေကို သဘာ၀ကျကျ ဖန်တီးရိုက်ကူးထားပါတယ်။ ဒါဘာဒေမိသားစုက အငယ်ဆုံးသားမင်္ဂလာဆောင်မှာ မောင်နှမတွေ ဆွေမျိုးတွေ ပြန်ဆုံစည်းကြတာကစ သားလတ်ရဲ့ မိသားစုအပေါ်ရှိခဲ့ဖူးတဲ့ စိတ်အစာမကြေမှုလေးတွေ၊ အငယ်ဆုံးကောင်ရဲ့ ဇနီးလောင်းနဲ့ တလွဲဖြစ်ကြတာလေးတွေကို ဟာသတစ်လှည့် အတည်တစ်လှည့်နဲ့ မပျင်းရအောင်ရိုက်ကူးတင်ဆက်ထားတာမို ခံစားကြည့်ရှုကြပါဦး။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM BOLLYWOOD TEAM ဖြစ်ပါတယ်)

Drama
6.1 2025 154 mins
Fussclass Dabhade
Kuladalli Keelyavudo
7.3

kuladalli keelyauvado (2025 ) “မျိုးဆက်အတွက် လမ်းပြပေးသူ” ဒီဇာတ်လမ်းထဲမှာ လူမျိုးစုဆိုင်ရာ အခက်အခဲ၊ လူ့အခွင့်အရေးနဲ့ လူ့အဖွဲအစည်းဆိုင်ရာအခြေအနေတွေကို အဓိကဖော်ပြထားတာဖြစ်ပါတယ် အဓိကဇာတ်ဆောင်ဖြစ်တဲ့ မူတာရာဆာက သူ့မျိုးဆက်နဲ့မိသားစုတွေအတွက် အခက်အခဲတွေကိုကျော်ဖြတ်ပြီး သူ့ကိုယ်တိုင်လည်း ကောင်းမွန်တဲ့ဘဝရောက်အောင် ပြောင်းလဲဖို ကြိုးစားနေတဲ့သူတစ်ယောက်ဖြစ်ပါတယ် လူငယ်တွေအတွက် မျှော်လင့်ချက်တစ်စုံတစ်ရာပေါ်ပေါက်စေပြီး စိတ်ဓာတ်ခွန်အားတက်စေမဲ့ ဇာတ်ကားဖြစ်တဲ့အပြင် မူတာရာဆာ အခက်အခဲတွေကို ဘယ်လိုရင်ဆိုင်ကျော်ဖြတ်ခဲ့လဲ၊ မိသားစုကိုဘယ်လိုအကာအကွယ်ပေးသွားမလဲဆိုတာကို ဒီဇာတ်လမ်းမှာ အပြည့်အဝကြည့်ရှုခံစားပေးကြပါဦး (အညွှန်းနဲ့ဘာသာပြန်ကတော့ CM BollyWood Team မှဖြစ်ပါတယ် )

Comedy • Action
7.3 2025 138 mins
Kuladalli Keelyavudo
Air Doll
6.9

Air Doll (2009) ******************* IMDb… 6.9 ***မိသားစုနဲ့အတူ ကြည့်ရှုလို့မသင့်လျော်တဲ့ ဇာတ်ဝင်ခန်းတချို့ ပါဝင်ပါတယ်*** ကိုးရီးယားမင်းသမီးကြီး Bae Doona ၊ ဂျပန်မင်းသား Arata Iura နဲ့ Itsuji Itao တို့ အဓိက ပါဝင်သရုပ်ဆောင်ထားတဲ့ ဂျပန်ကားဟောင်းလေးကို ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်။ – ဇာတ်လမ်းအကျဉ်း – လူသားတွေရဲ့ အထီးကျန်မှု ပြေပျောက်စေဖို့ ဖန်တီးခံထားရတဲ့ လေထိုးအရုပ်မလေး နိုဇိုမိ (Bae Doona) ဟာဆိုရင် တစ်နေ့မှာ ရုတ်တရက်ကြီး လူသားတွေအတိုင်း ခံစားနိုင်တဲ့ နှလုံးသားလေး ရှိလာပါတော့တယ်။ အိမ်ပြင်ကိုထွက်ပြီး နွေးထွေးတဲ့ အရောင်စုံလောကကြီးအကြောင်း သိလာရတဲ့ နိုဇိုမိဟာ အမှတ်မထင် ဆုံတွေ့မိတဲ့ ဗီဒီယိုအရောင်းဆိုင်က ဝန်ထမ်းလေး ဂျူနိချိ (Arata Iura) ကို ချစ်မိသွားတော့တာပေါ့။ အဲဒီနောက်မှာ နိုဇိုမိနဲ့ ဂျူနိချိတို့ တွဲဖြစ်သွားပြီး နိုဇိုမိလည်း အဲဒီဆိုင်လေးမှာပဲ အလုပ်လုပ်ဖြစ်သွားပါတယ်။ လေထိုးအရုပ်မလေးအတွက် အစစအရာရာ အဆင်ပြေနေခဲ့ပေမဲ့ မမျှော်လင့်ထားတဲ့ အဖြစ်အပျက်တစ်ခု ဖြစ်ပျက်လာတဲ့အခါမှာတော့… ဖြူစင်တဲ့ နှလုံးသားအရင်းခံနဲ့ လေထိုးအရုပ်မလေး နိုဇိုမိရဲ့ ချိုမြိန်ပေမဲ့လည်း ခါးသက်တဲ့ ဘဝဇာတ်ကြောင်းလေးကို ဇာတ်ကားထဲမှာ ဆက်လက်ကြည့်ရှုပေးကြပါဦးနော် (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ဆိုသူကတော့ Hnin Wai Oo ပဲ ဖြစ်ပါတယ်။) File Size… 2.45GB/ 900MB Quality… BluRay 1080p/ 720p Format…mp4 Duration…1h 58m Genre …..Psychological, Life, Drama, Fantasy Subtitle….Myanmar Subtitle (Hard Sub) Encoder….Tiff Translated by Hnin Wai Oo

Comedy • Romance
6.9 2009 112 mins
Air Doll