YoteShin Drive is below this article. Scroll down to view.

The iPhone 14 Pro is the most popular iPhone 14 Proxide

Author: Anonymous Published on: 12 Aug 2022

Dxomark tests the iPhone 14 Pro camera and won a good point. The total score is 146, and the list of Dxomark's best camera list is 2. Dxomark scored 145 points as the cell camera was the best. Dxomark says the iPhone 14 Pro uses Zero-shutter Lag technology, which is quick and fast in the capture of Skin Tone. Motion to reduce motion blur and the natural Bokeh effect is like DSLR. The iPhone 14 Pro has scored 1 in video capabilities, and the smoothness increases. Stabilization is also good and HDR Recordinging has high contrast. Autofocus is stable and accurate. Apple's Quad-Bayer Image Sir Authorize image quality, and the preview image is accurate. It is a good score for autofocus cams and a speedy ferture. Cells videos are also good and Exposure, Color and Stabilization. When shooting the cell cameras and animations, it has a good dynamic range, exposure and bokeh. Skin Tone accurately and more detailed, and Bokeh is good. The disadvantage is that there are significant noise on photos and videos, and Skin Tone is weak in lowlight. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

The Land Of Warriors E36 1080p WEB-DL CM.mp4

723.72 MB N/A video/mp4 41 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
The Return
6.5

IMDb- 5.5 Rotten Tomatoes- 80% ဇာတ်လမ်းအညွှန်း ဒီဇာတ်လမ်းကတော့ မူခက်ဒါ ရာမန်ဆိုတဲ့ အမျိုးသမီးတစ်ယောက်ကို ကျိန်စာတိုက်ဖို့ ဘယ်သူမှန်းမသိရတဲ့အမျိုးသမီးတစ်ဦးက စုန်းကဝေတစ်ယောက်ဆီမှာ အစီအရင်ပြုလုပ်ခိုင်းရာကနေ အစပြုထားပါတယ်။ နောက်နေ့မှာတော့ မူခက်ဒါ ဟာ သေဆုံးသွား ပါတယ်။ မှုခင်းဆေးပညာရှင်တွေက သေဆုံးခြင်းအကြောင်းရင်းဟာ ဦးနှောက်သွေးယိုစိမ့်မှုလို့ ကောက်ချက်ချပေမယ့် သူ့အမေသေဆုံးတာကို မျက်မြင်တွေ့ထားတဲ့ သမီးငယ် အိုင်လာကတော့ သူ့အမေကို ဂျင် သတ်သွားတာလို့ပဲ ပြောနေတာပါ။ အဲ့နောက်ပိုင်းမှာစိတ်ကယောင် ချောက်ချားတွေဖြစ်ပြီး အပြုအမူတွေလည်း ထူးဆန်းလာတဲ့ အိုင်လာကို ဆေးပညာအရလည်း အဖြေရှာကုသလို့မရဖြစ်နေတဲ့အခါ အမ ဖြစ်သူ ဇီရန်က ဘယ်လို အဖြေရှာ ကုသပေးသွားမလဲ။ အမေဖြစ်သူ သေဆုံးသွားရတာက တကယ်ပဲ ဂျင်က သတ်သွားတာလား။ ကျိန်စာအစီအရင်ကြောင့်လား။ကျိန်စာကြောင့်ဆိုရင်ရော ဘယ်သူက ဘာလို့လုပ်ရတာလဲ။ ညီမဖြစ်သူ အိုင်လာကရော ဘာတွေကြုံတွေ့နေရ တာလဲ။ ဇီရန် တစ်ယောက် ဘာတွေဆက်လုပ်မလဲဆိုတာကို အံဩစရာ ဇာတ်လမ်းဇာတ်ကွက်တွေထဲ စီးမြောပြီး ကြည့်ရှုကြရမှာပဲ ဖြစ်ပါတယ်။ ဆက်လက်ကြည့်ရှုလိုက်ကြပါဦးနော်။ Dabbe ဇာတ်လမ်းတွေထဲက ၆ကားမြောက် တူရကီ horror ဇာတ်လမ်းလေးဖြစ်ပါတယ်။ အခန်းမီးကိုပိတ်ပြီး ညအမှောင်ထဲ တစ်ယောက်တည်းကြည့်လိုက်လို့ကတော့ horror ရဲ့ အရသာကို အပြည့်အဝပေးမယ့်ဇာတ်လမ်းဖြစ်တာကြောင့် horror ပရိတ်သတ်တွေအတွက် တကယ် အကြိုက်တွေ့စေမယ့် ဇာတ်ကားလေးဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ ဘာသာပြန်ရေးသားသူက Orika ဖြစ်ပါတယ်။) File size…1.62GB / 746MB Quality…WEB-Rip 1080p / 720p Format…mp4 Duration….2h 40m Genre ..... Horror , Mystery Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Orika

Action • Adventure • Comedy
6.5 2015 92 mins
The Return
AKA
7

တစ်ကိုယ်တည်းတက်တက်ကြမ်းတဲ့ actionကားတွေကိုမှ သဘောကျတဲ့သူတွေအတွက်တော့ ကြည့်သင့်တဲ့ကားကောင်းပါပဲ။ ဇာတ်ကြောင်းကတော့ အထူးတပ်ဖွဲ့ဝင်အဖြစ် လုပ်သက်နှစ် ၂၀ရှိတဲ့ အဒမ်ဟာ ပေးအပ်လာသမျှတာဝန်ကို ကျေပွန်အောင် စွမ်းဆောင်နိုင်သူပါ။ ဒီလိုနဲ့ ပြင်သစ်မှာအကြမ်းဖက်သမားတွေရဲ့တိုက်ခိုက်မှုတွေပေါ်ပေါက်လာတဲ့အခါမှာတော့ အထက်အရာရှိတွေက အဒမ်ကို တာဝန်အသစ်ပေးလိုက်ပါပြီ။ အကြမ်းဖက်သမားတွေနဲ့အဆက်အသွယ်ရှိတဲ့ လူဆိုးဂိုဏ်းထဲ အသွင်ယူဝင်၊ စုံစမ်းထောက်လှမ်းပြီး အကြမ်းဖက်သမားကိုဖမ်းဆီးပေးဖို့ပါတဲ့။ လူဆိုးဂိုဏ်းရဲ့ယုံကြည်မှုကိုရရှိအောင် နေထိုင်နေရင်းမှ....။ အပစ်အခတ် အကြမ်းအရမ်းတွေကောင်းကောင်းကြည့်ရမယ့်အပြင် လူကောင်းလူဆိုးဘယ်လိုခွဲမလဲဆိုတဲ့ plot twistလေးပါတွေ့မြင်ရမယ် action crime  အလန်းကားပါပဲ... File Size :(1.9GB) and (636MB) Quality : WEB-DL1080p5.1Ch, 720p Format…mp4 Duration…02:02:00 Genre :Action, Crime, Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by  Themes Encoded by Phyo Pyae

Comedy • Romance • TV Movie
7 2023 122 mins
AKA
The Cases of Mystery Lane
6.2

ဒီ ‘The Cases of Mystery Lane’ ရုပ်ရှင်လေးကတော့ ၂၀၂၃ အစောပိုင်းမှာတင် ထွက်ရှိခဲ့တဲ့Crime/Thriller/Detective/Murder Mystery အမျိုးအစားပဲ ဖြစ်ပါတယ်။ မှုခင်းဇာတ်လမ်းဆိုပေမယ့်လည်းလေးလေးပင်ပင်ရှိမနေပဲ အားလပ်ချိန်တွေမှာ ပေါ့ပေါ့ပါးပါး ကြည့်လို့ကောင်းတဲ့ TV Movie အမျိုးအစားလေးပဲဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ - Birdie နဲ့ Alden လင်မယားနှစ်ယောက်ဟာ လျှို့ဝှက်ချက်တွေ ကိုယ်စီရှိနေကြပြီး တစ်ယောက်ကိုတစ်ယောက် ပွင့်ပွင့်လင်းလင်းလည်းမရှိကြတဲ့ လင်မယားတွေ ဖြစ်ကြပါတယ်။ Birdie ကတော့ အလုပ်ရှင်အမေဖြစ်သူရဲ့ ဖိအားတွေအောက်မှာ အိမ်ခြံမြေရှေ့နေလုပ်ငန်း လုပ်နေသူဖြစ်ပါတယ်။Alden ကလည်း အလွတ်စုံထောက်ဖြစ်သင်တန်းကို မိန်းမဖြစ်သူမသိအောင် ခိုးတက်နေခဲ့ရာမှ လူသတ်မှုတစ်ခုထဲမှာ ပါဝင်ပတ်သက်မိခဲ့တဲ့အခါမှာတော့… မိန်းမဖြစ်သူ Birdie ကလည်း ထိုလူသတ်မှုနဲ့ မကင်းမရှင်း ဖြစ်နေခဲ့တဲ့အခါမှာရော… ဘာတွေဆက်ဖြစ်ကြမလဲဆိုတာကို ပေါ့ပေါ့ပါးပါး စိတ်ဝင်တစား ကြည့်ရှုခံစားရအောင် တင်ဆက်ပေးထားတဲ့ဇာတ်လမ်းလေးလည်း ဖြစ်ပါတယ်။ File size…(1.5 GB)/(700 MB)/(400 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:24:00 Genre...Drama, Mystery, Romance, Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Keith M

Comedy • Romance
6.2 2023 84 mins
The Cases of Mystery Lane
The Unheard
5.1

Horror ပရိသတ်တွေအတွက် ပူပူနွေးနွေးထွက်ရှိထားတဲ့ The Unheard ရုပ်ရှင်ဇာတ်ကားပဲဖြစ်ပါတယ်။ နားမကြားရတဲ့ခလိုဝီတစ်ယောက် စမ်းသပ်ဆဲ နားကြားကုထုံးတစ်ခုမှာ ဝင်ရောက်အစမ်းသပ်ခံခဲ့ပါတယ်။ ခလိုဝီဟာ သူ့အသက် ၈ နှစ်မှာ သူ့အမေပျောက်သွားပြီးနောက်ပိုင်း ဘာသံမှမကြားနိုင်တော့တာပါ။ နားထိုင်းသွားရင် ပြန်ကောင်းဖို့မဖြစ်နိုင်ပေမယ့် ဒီစမ်းသပ်ချက်က အောင်မြင်ခဲ့ပြီး အသံတွေပြန်ကြားသွားပါတယ်။ ‌ငှက်ကလေးတွေစကားပြောသံ၊ ရေစက်ကျတဲ့အသံ၊ သီချင်းသံတွေအားလုံးကိုပြန်ကြားရတဲ့အခါ တိတ်ဆိတ်ခြင်းနဲ့နေသားကျနေတဲ့ ခလိုဝီ အတိုင်းထက်အလွန် ပျော်ရပါပြီ။ ဒါပေမဲ့ အသံတွေအကြားလွန်ပြီး လူတွေမကြားနိုင်တဲ့အသံတွေကိုကြားရတဲ့အခါမှာတော့ မပျော်နိုင်တော့ပါဘူး။ တကယ့်အပြင်ကအသံတွေလား သူ့စိတ်ထဲကအသံတွေလား ဝေခွဲမရဖြစ်တဲ့အထိ နားထဲမှာအသံတွေဆူညံလာပါတော့တယ်။ ဒီဆူညံသံတွေက တကယ်ရှိရဲ့လား သူပဲစိတ်ထင်နေတာလား ‌အဖြေရှာရင်းနဲ့ သူနေထိုင်တဲ့မြို့မှာလည်း အမျိုးသမီးတွေထူးထူးဆန်းဆန်းပျောက်ဆုံးသွားရတဲ့ အကြောင်းအရင်းကို သိလာတဲ့အခါ ဘာတွေဆက်ဖြစ်မလဲ ကြည့်ရှုရမှာပဲဖြစ်ပါတယ်။ ဒီဇာတ်ကားဟာ တခြား Horror ဇာတ်ကားတွေလို Jump scare တွေ အများကြီးထည့်မသုံးထားဘဲ ရင်တလှပ်လှပ်နဲ့ကြည့်ရမယ့်ကားမျိုးပါ။ တချို့အသံတွေကလည်း နားမကြားတဲ့ခလိုဝီနေရာကနေထည့်သွင်းထားတာကြောင့် အသံပါမှကြောက်စရာကောင်းတာမဟုတ်ဘဲ အသံမပါလည်းကျောချမ်းစရာကောင်းနေပါတယ်။ တစိမ့်စိမ့်ကျောချမ်းရတဲ့ Horror ကားမျိုးကို ကြိုက်တဲ့လူတွေကတော့ စမ်းကြည့်သင့်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Min Thant Bo မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.90GB, 930MB Quality - 1080p, 720p Format - mp4 Duration - 2H 5Min Genre - Drama, Horror, Mystery Subtitle - Myanmar Subtitle (Hardsub) Translated by Min Thant Bo Encoded by Y

Comedy • Drama • Family • Romance
5.1 2023 124 mins
The Unheard
Thor: Ragnarok
7.6

Thor ဇာတ်ကားတွေက ၂၀၁၁ နဲ့ ၂၀၁၃ တုန်းက ဆက် တိုက်ထွက်ရှိခဲ့ပြီး အခုတတိယမြောက်မှာ ဒါရိုက်တာ တိုက်ကာ ဝိတ်တီက ဘယ်လိုဇာတ်အိမ် တည်ထားလဲဆိုတာ စိတ်ဝင်စားစရာပါ။အန်တိုနီဟော့ပ်ကင်းစ်၊ ဘန်နီဒစ်ကန်ဘာဘက်ချ်၊ ကိတ်ဘ လန်ချက်၊ ခရစ္စဟမ်းစ်ဝေါ့သ်၊ ကန်လန်စီဘရောင်းစသူတွေနဲ့ မြိုင်မြိုင်ဆိုင်ဆိုင်ပဲမို့ စိတ်ကူးယဉ် သိပ္ပံ၊ စွန့်စားခန်း၊ ဟာသ၊ အက် ရှင်ရသတွေကို အပြည့်အဝခံစား ရဦးမှာပါ။ဆိုကိုဗီးယားစစ်ပွဲအပြီး ၂ နှစ်အကြာမှာ သော ဟာမီးမိစ္ဆာဆာတာရဲ့ ဖမ်းဆီးတာကိုခံထားရပါ တယ်။ သောရဲ့ ဖခင် အိုဒင်ဟာ အက်စ်ဂါ့တ်မှာ ကြာကြာနေရမှာ မဟုတ်တဲ့အကြောင်းနဲ့ အရာအား လုံးကို သူ့ရဲ့မီးလျှံနဲ့ ဖျက်ဆီးပစ် မယ်လို့ ဆာတာကပြောပေမယ့် သောဟာ ဆာတာကို အနိုင်ယူနိုင် ခဲ့ပါတယ်။ အက်စ်ဂါ့တ်ကို ပြန်ရောက်ခဲ့ တဲ့ သောဟာ မွေးစားညီအစ်ကို လိုကီကို အကူအညီတောင်းပြီး သူ့အဖေကို ရှာတဲ့အခါ ကမ္ဘာမြေပေါ်က နော်ဝေးမှာရှိနေတယ်ဆို တာ သိသွားပြီး လိုက်သွားပေမယ့် သူ့အဖေ အိုဒင်ကတော့ မရှိတော့ပါဘူး။ အိုဒင်ဟာ နှစ်ပေါင်းများစွာကတည်းက အကျဉ်းကျနေတဲ့ သူ့ရဲ့ သမီးဦး ဟီလာကိုပြန်လွှတ်ပေးပြီး နောက်ဆုံးမှာ ဟီလာဟာ အက်စ်ဂါ့တ်ကို ချေမှုန်းမယ့် ရန်သူအဖွဲ့ရဲ့ ဦးဆောင်သူ ဖြစ်လာခဲ့ပါတယ်။ဟီလာဟာ သောရဲ့ လက်စွဲတော်တူကို ဖျက်ဆီးပစ်ခဲ့သလို သောနဲ့ လိုကီကိုလည်း အာကာ သထဲအရောက်ပို့ပြီး အပြတ်ရှင်းဖို့လုပ်ပါတော့တယ်။နောက်တော့ အက်စ်ဂါ့တ် ကို ဟီလာရောက်သွားပြီး အက်စ်ဂါ့တ်က စစ်တပ်တွေကို ဖျက်ဆီး ပြီးတော့ သူနဲ့ ဟိုးအရင်တုန်းက တိုက်ခိုက်ဖူးတဲ့ သေသူကို ပြန်ရှင်အောင်လုပ်ပြီး သူ့လက်အောက်ခံလက်မရွံ့ ဘက်တော်သားအဖြစ် လုပ်စေခဲ့ပါတယ်။အက်စ်ဂါ့တ်ကို စိတ်ကြိုက် ဖျက်ဆီးပစ်ဖို့လုပ်နေတဲ့ ဟီလာ ကို သောတစ်ယောက်တားဆီးနှိမ် နင်းနိုင်မှာလားဆိုတာကို စူပါဟီးရိုးဇာတ်ကားတွေရဲ့ ထုံးစံအတိုင်း အမိုက်စားအထူးပြုလုပ်ချက်တွေနဲ့အတူ ဆက်ကြည့်လိုက်ဦးနော်။ ++++++++++++++++++++++++++++ Marvel Cinematic Universe Intro ======================= Marvel ထုတ်လုပ်ရေးမှ Marvel Cinematic Universe(MCU) ကို လွန်ခဲ့တဲ့ ၁၀ နှစ်က စပြီးတည်ဆောက်ခဲ့ပါတယ်။ ပထမဆုံး ဇာတ်လမ်းဖြစ်တဲ့ Iron Man-1 နဲ့ဖြစ်ပါတယ်။ နောက်ဆုံးအပိတ်ကတော့ Endgame (2019) ဖြစ်ပါတယ်။ Marvel Universe မှာ Infinity Stone လို့ ခေါ်တဲ့ စွမ်းအား အကြီးဆုံး ကျောက်တုံး(၆) လုံးရှိပါတယ်။ အဲဒီကျောက်တုံးတွေဟာ စကြဝဠာအနှံ့မှာ ပြန့်ကျဲနေတယ် ဆိုပါတော့။ ကျောက်တုံးတစ်တုံးချင်းစီမှာ သီးခြားအစွမ်းတွေ ရှိပြီး သာမာန်လူတွေ ကိုင်တွယ်သုံးစွဲဖို့ မဖြစ်နိုင်သလောက်ပါပဲ။ Infinity War ရဲ့ အဓိက ဗီလိန်ဖြစ်တဲ့ Mad titan လို့ခေါ်ကြတဲ့ Thanos က ဒီကျောက်တုံးတွေကို စုစည်းပြီး စကြဝဠာကို သူ့သဘောအတိုင်းဖန်တီးဖို့ကြိုးစားပါလိမ့်မယ်။ ဒါကို Avengers( Captain America, Iron Man, Hulk, Thor, Black Widow, Hawkeye, Vision,Scarlet Witch,Antman,Falcon) တို့နဲ့ Spiderman, Doctor Strange, Black Panther, Guardians of the Galaxy အဖွဲ့တို့ ပူးပေါင်းတားဆီးကြရင်း ဖြစ်လာတဲ့ စစ်ပွဲပါ။ Infinity Stones 6 လုံးရဲ့ တည်နေရာတွေကတော့ ၁. Space Stone aka Tesseract (Blue) (Captain America: the first avenger ဇာတ်ကားမှာ နာဇီတွေဆီက လုယူရတဲ့ ကျောက်တုံးဖြစ်ပြီး Avengers ဇာတ်ကားမှာ လိုကီက ဂြိုလ်သားတွေကို ကမ္ဘာကိုခေါ်ဖို့ ဝင်ပေါက်ဖွင့်တဲ့နေရာမှာ အသုံးပြုခဲ့ပါတယ်၊ လက်ရှိကတော့ Asgard ဂြိုလ်ပေါ်မှာ သိမ်းဆည်းခဲ့ရင်း Thor: Ragnarok ကားအဆုံးမှာ လိုကီ ခိုးယူခဲ့တာကို တွေ့ရမှာပါ) ၂။ Reality Stone aka Aether (Red) ( စကြဝဠာကို Big Bang မတိုင်ခင်အထိတောင် ပြန်ပြောင်းပစ်နိုင်ပါတယ်။ Thor 2: The Dark World မှာ ပါလာခဲ့ပြီး နောက်ဆုံး credit scene မှာ Collector ဆိုသူဆီမှာ သိမ်းဆည်းထားပါတယ်) ၃။ Power Stone (Purple Orb) ( ဂြိုလ်တစ်ခုလုံးကို အသာလေးဖျက်ပစ်လို့ရတဲ့ raw power တွေပါပါတယ်။ Guardian of the Galaxy 1 မှာ ပါဝင်ခဲ့ပြီး Xander က Nova Corps စစ်တပ်လက်ထဲမှာ သိမ်းဆည်းထားပါတယ်။) ၄။ The Time Stone ( The Eye of Agomotto, Green) ( အချိန်ကို လိုသလိုအသုံးချနိုင်ပါတယ်။ Doctor Starnge ဇာတ်လမ်းမှာ ပါဝင်လာပြီး လက်ရှိ ဒေါက်တာ စထ်ရိန့်က စောင့်ရှောက်ထားပါတယ်) ၅။ Mind Stone (Yellow) ( ဉာဏ်ရည်ကို မြှင့်တင်ခြင်းနဲ့ စိတ်ညို့ခြင်းတွေ ပြုလုပ်နိုင်ပါတယ်။ Avengers 1 မှာ ပါဝင်ခဲ့ပြီး လက်ရှိ Vision ရဲ့ နဖူးထဲမှာ မြှပ်ထားတာပါ) ၆။ Soul Stone (Orange) ( သက်ရှိ သက်မဲ့ အခြေအနေတွေကို ထိန်းချုပ်နိုင်ပါတယ်။ Planet Vormir မှာရှိပါတယ်။ ) အဆိုပါ ကျောက်တုံး ၆ တုံးကို သုံးနိုင်ဖို့ Infinity Gauntlet ဆိုတဲ့ လက်အိတ်ကို လိုပါတယ်။ အဲဒီလက်အိတ်ကိုတော့ Thanos ပိုင်ဆိုင်ထားပါတယ်။ ဒီလောက်ဆို Marvel Universe ကိုကြည့်ဖို့ အကြမ်းဖျဉ်းလုံလောက်ပြီ ထင်ပါတယ်။ File size…(3.3 GB)/(1.6 GB)/(1.2 GB) Quality…IMAX 4K HDR HEVC/DS4K 1080p HEVC/720p Format…mkv/mp4 Duration….02:10:27 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Littleneo & Tariq

Drama
7.6 2017 131 mins
Thor: Ragnarok
Slumber Party Massacre
5.6

(1982)ကထွက်ရှိခဲ့တဲ့ အထက်တန်းကျောင်းသူလေးတွေအပန်းဖြေခရီးထွက်ရင်း လွန်ပူတစ်လက်နဲ့လူလိုက်သတ်တဲ့ လူသတ်သမားနဲ့ကြုံခဲ့ရတဲ့ The Slumber Party Massacreကို အသစ်ပြန်လည်ဖန်တီးရိုက်ကူးထားတဲ့ကားပါ။ ဇာတ်လမ်းအကျဉ်းလေးကတော့ လွန်ပူလူသတ်သမားရဲ့လက်ချက်ကနေ တစ်ဦးတည်း သောအသက်ရှင်ကျန်ခဲ့တဲ့သူဖြစ်တဲ့မိခင်အတွက် သမီးဖြစ်သူဒန်နာက ဒီလိုအတိတ်ဆိုးက မိခင်ကိုလွတ်အောင်လုပ်ဖို့စီစဉ်ခဲ့ပါတယ်။ အဲ့ဒါကတော့ မိခင်ကြုံတွေ့ခဲ့ရတဲ့နေရာကို သူငယ်ချင်းတစ်သိုက်နဲ့ခရီးထွက်တာပါပဲ။ သူတို့တွေကအစီအစဉ်ဆွဲပြီးလာခဲ့ပေမယ့် မထင်မှတ်ထားတဲ့အရာတွေနဲ့ကြုံခဲ့ပြီးတော့ အသက်ဘေးတွေနဲ့ရင်ဆိုင်လာခဲ့ရပါတယ်။ ဒီလိုအသက်ဘေးတွေကနေ ဆယ်ကျော်သက်ကောင်မလေးတွေ ဘယ်လိုလွတ်အောင် ရုန်းထွက်မလဲဆိုတာကိုကြည့်ရမယ့် horror ကားလေးပဲဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Chit Tee ဖြစ်ပါတယ်) File Size - (1.52 GB) / (674 MB) / (439 MB) Quality – BluRay 1080p / 720p/480p Duration - 1h 26mins Subtitle – Myanmar Hardsub Format – MP4 Genre : Horror, Thriller Translator – Chit Tee Encoder – SWM

Action • Adventure • Fantasy
5.6 2021 86 mins
Slumber Party Massacre
Divinity
5.9

Divinity (2023) ~ IMDb – 5.9/10, RT – 57%, Meta – 61% ~ ဦးနှောက်ခြောက်စရာမရှိလို့ ကိုယ့်ထမင်းကိုယ်စားပြီး ဦးနှောက်ခြောက်ချင်တဲ့လူတွေအကြိုက်တွေ့စေမယ့်ရုပ်ရှင်ပါ။ လက်တွေ့လူ့သမိုင်းတလျှောက်မှာ မအိုဆေးရှာပုံတော်ဖွင့်ခဲ့ကြတာ တစ်ပုံတပင်ရှိပါတယ်။ ဒီအကြောင်းကိုရုပ်ရှင်တွေ ဝတ္ထုတွေ ရေးခဲ့ကြတာလည်း မနည်းပါဘူး။ ဒီရုပ်ရှင်ကတော့ မအိုဆေးရှာတွေ့သွားပြီး မအိုဆေးသောက်ကြသူတွေရဲ့ကမ္ဘာဖြစ်သွားပုံပါ။ တကယ့်အပြင်မှာ မအိုဆေးဆိုပြီး အရက်သောက်ကြသလိုတော့မဟုတ်ဘူး။ ဒါက မအိုဆေးစစ်စစ်ပေါ့။ ဒါပေမဲ့ ဒီဆေးမှာ ဘေးထွက်ဆိုးကျိုးတစ်ခုရှိတယ်။ အဲဒါကိုလည်း ကြည့်ရင်းနဲ့မှ တွေ့ရပါလိမ့်မယ်။ အဲဒီဆေးရဲ့ ပါဝင်ပစ္စည်းကလည်း သိပ်ကောင်းတဲ့အရာတော့မဟုတ်ဘူး။ ဒါပေမဲ့ လူတွေက မသိဘဲ သောက်သုံးကြတာပေါ့။ တစ်နေ့မှာ ထူးဆန်းတဲ့ ညီအစ်ကို ၂ ယောက်က ကောင်းကင်ပေါ်က ကျလာပြီး အဲဒီဆေးဖန်တီးတဲ့လူကို ဖမ်းချုပ်ပြီး သူ့ရဲ့ဆေးကိုပြန်သွင်းတယ်။ အဲဒီကနေမှ တဖြည်းဖြည်း အထုတ်‌ဖြည်ပြသွားတာပါပဲ။ ထူးခြားတဲ့အချက်ကတော့ ဒီရုပ်ရှင်ကို အဖြူအမည်းနဲ့ရိုက်ထားတယ်။ ကမ္ဘာကြီးက အိပ်မက်ဆိုးကြီးလိုဖြစ်သွားပုံကိုပြချင်တဲ့သဘောပါပဲ။ ဒီရုပ်ရှင်ရဲ့ ဒါရိုက်တာ Eddie Alcazar က ဂိမ်းဒီဇိုင်နာလည်းဖြစ်တာကြောင့် တချို့အခန်းတွေမှာ ဂိမ်းလိုလို ဘာလိုလို ပုံစံလေးတွေတွေ့ရမယ်။ Cast တွေအနေနဲ့လည်း Baby Don’t Hurt Me Meme ထဲက Michael O’Hearn ကလည်းပါဝင်သလို Emily Willis တို့ Bella Thorne တို့လည်း ပါဝင်ပါတယ်။ ပေါကားလို့ထင်ရက်စရာရှိပေမဲ့လည်း ရယ်စရာတစ်ခန်းမှမပါတဲ့အပြင် လျှို့ဝှက်ချက်တွေ၊ သဘောတရားတွေ အပြည့်နဲ့ အဆုံးအထိ ကြည့်လို့အဆင်ပြေတဲ့ ရုပ်ရှင်တစ်ခုပါ။ ဒီရုပ်ရှင်ကို လူ ၁၀ ယောက်က ကြည့်မယ်ဆိုရင် ၁၀ ယောက်လုံးဆီက မတူညီတဲ့ Theory တွေ ထွက်လာနိုင်ချေရှိတဲ့ ရုပ်ရှင်မျိုးပါပဲ။ နက်နဲသလိုလို ရိုးရှင်းသလိုလိုနဲ့ တကယ် ခေါင်းစားချင်စရာရုပ်ရှင်ကြိုက်ရင်တော့ မြည်းစမ်းကြည့်သင့်တဲ့ရုပ်ရှင်တစ်ခုပါ။ (ဒီဇာတ်ကားနဲ့အညွှန်းကို Min Thant Bo မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.65GB, 680MB Quality – 1080p, 720p IMDb Rating – 5.9/10 Format – mp4 Duration – 1H 28Min Genre – Sci-Fi, Thriller Subtitle – Myanmar Subtitle (Hardsub) Translated by Min Thant Bo Encoded by Y

5.9 2023 94 mins
Divinity
The Family Star
5.6

The Family Star (2024) ( ချစ်ခြင်းဖြင့်မုန်းစေ) အသစ်စက်စက် ထွက်ရှိလာပြီး IMDb 5.5/10 ရရှိထားပြီး မင်းသားဗီဂျေးအငယ်နဲ့အတူ အကြည့်တွေစူးရှလှပတဲ့မင်းသမီးလေးမရူနာထာကူးရ်တို့ ပါဝင်သရုပ်ဆောင်ထားတဲ့ ဘောလိဝုဒ်ကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးပါရစေ။ ဒီကားလေးမှာဆိုရင်တော့ ဂိုဗာဒါဟာ ပါလေရာပါတဲ့ ပွကြီးပါ။ အမေ၊ အစ်ကိုတွေ၊ မရီးတွေရဲ့ အရေးမှန်သမျှကို ခေါင်းပေါ်တင်ထားရတဲ့ အိမ်ထောင်ဦးစီးတစ်ယောက်ပါပဲ။ ကိုယ့်အတွက် အိမ်ထောင်ရေးဆိုတာကို မစဉ်းစားနိုင်လောက်အောင် အလုပ်တွေလုပ်၊ အိမ်မှာ လောက်ငှပြည့်စုံဖို့အရေး ငွေကို တစ်ပြားက နှစ်ပြားခွာတဲ့ လူပျိုကြီးပါပေါ့။ အင်ဒူကတော့ ချမ်းသာတဲ့သူဌေးမလေးဖြစ်ပြီး ဂိုဗာဒါနဲ့ အိမ်အငှားကိစ္စတစ်ခုကတဆင့်သိပြီး ကြိုက်သွားကြပါတော့တယ်။ ဒါပေမဲ့ ကံကြမ္မာအလှည့်အပြောင်းက နှစ်ယောက်ကြားဝင်လာတဲ့အခါမှာတော့ အချင်းချင်းအထင်တွေလွဲမုန်းတီးပြီး ကလဲ့စားချေမယ်တွေပါ ဖြစ်ကုန်တော့တာပါပဲ။ ချစ်ခြင်းနဲ့မုန်းတဲ့အမုန်းတရားမှာ ဘာကအနိုင်ရသွားမလဲ။ သူတို့ကြားက နားလည်မှုတွေလွဲခဲ့ရတဲ့ ဖြစ်ရပ်ကရောဘာဖြစ်မလဲ။ ဂိုဗာဒါတစ်ယောက် အိမ်တွင်းရေးအရှုပ်တော်ပုံတွေကနေရော ရုန်းထွက်နိုင်သွားမလား….။ အညွှန်းနဲ့ဘာသာပြန်ကတော့ CM BOLLYWOOD TEAM ကပဲဖြစိပါတယ်ရှင်။

Comedy
5.6 2024
The Family Star
The Package

The Package (2024) ကမ္ဘာကြီးကို ဂရုမစိုက်တဲ့ လူသားတွေကို ကမ္ဘာကြီးက ပြန်လည်ဒုက္ခပေးတဲ့အချိန် ရောက်လာပါပြီ ကမ္ဘာပေါ်မှာရှိရှိသမျှ သက်ရှိတိုင်းက သဘာဝအတိုင်း ဖြစ်ပေါ်လာတဲ့ပိုးမွှားကူးစက်ခံလိုက်ရတဲ့အချိန်မှာ လူသားတွေကလည်း ဇွန်ဘီတွေအဖြစ် ပြောင်းလဲသွားပါ‌‌တော့တယ် အသက်ရှင်ကျန်ရစ်နေသေးတဲ့ လူသားတွေရဲ့ ရိက္ခာအတွက် အားကိုးစရာဆိုလို့ ဗီဇပြောင်းလဲထားတဲ့ အပင်တစ်မျိုးပဲ ရှိတော့တဲ့အခြေအနေ ရောက်လာပါပြီ ကမ္ဘာကြီးကို အရင်ကအတိုင်း ပြန်ဖြစ်အောင်လုပ်နိုင်ဖို့ ကြိုးပမ်းနေကြတာ သိပ္ပံပညာရှင်တွေဆိုပေမယ့် ထိုသိပ္ပံပညာရှင်တွေအပါအဝင် လူသားအားလုံးအတွက် တစ်ခုတည်းသော အားကိုးရာ မျှော်လင့်ချက်က အန္တရာယ်တွေ ရင်ဆိုင်ပြီး သိပ္ပံပညာရှင်တွေဆီ ရိက္ခာတွေ၊ လိုအပ်တဲ့ပါဆယ်တွေ ပို့ဆောင်ပေးနေတဲ့လူတွေပဲ ဖြစ်ပါတယ် သူတို့ကို လူတွေကတော့ ‘RIDER’ လို့ ခေါ်ကြပါတယ် Rider တွေဟာ အခက်အခဲတွေ အန္တရာယ်တွေကြားထဲမှာ ပါဆယ်တွေကို အသက်နဲ့ရင်းပြီး ဘယ်လိုပို့ဆောင်သွားမလဲ၊ နောက်ဆုံးမှာ တကယ်ပဲ ကမ္ဘာကြီးကို ကယ်တင်နိုင်ပါ့မလားဆိုတာ စိတ်လှုပ်ရှားစွာနဲ့ စောင့်ကြည့်ပေးပါဦးနော် အညွှန်းကိုတော့ Noe က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Noe, Shin, Cali တို့ပဲ ဖြစ်ပါတယ်။ Genre….. Action, Thriller Quality…. 1080p | 720p File size… 2.1GB | 1GB Format… mp4 Duration…. 1h 49min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Noe, Shin, Cali Encoder ….. Aaron

History • Drama
0 2024
The Package
Archir Gallery
6

Archier Gallery 2023 (အာချီရဲ့ပြခန်း) ဒီတစ်ခေါက်မှာတော့ အရိုအချိုဒရာမာလေးတွေနဲ့ ရုံးတွင်းအချစ်ဇာတ်လမ်းလေးတစ်ပုဒ်ကို တင်ဆက်ပေးလိုက်ပါတယ်။ ငယ်ငယ်လေးကတည်းက အမေဆုံးသွားလို့ အဖေနဲ့ပဲအတူတူကြီးပြင်းလာခဲ့ရတဲ့ မိတဆိုးလေးအာချီဟာ သူ့အဖေကို အရမ်းချစ်ပြီးတော့ အရမ်းလည်း ဂရုစိုက်ပါတယ်။ အင်ဂျင်နီယာကျောင်းဆင်းဖြစ်တဲ့သူဟာ ဘန်ဂလိုမှာ အလုပ်ရခဲ့ပေမယ့် အဖေနဲ့ဝေးရာမှာဖြစ်နေတဲ့အတွက် အဖေ့ကိုစိတ်မချဘဲ အလုပ်ကနေ ၂ပတ်နဲ့ထွက်ခဲ့ပါတော့တယ်။ အဖေဖြစ်သူဟာလည်း သူ့မိန်းမရဲ့ အမှတ်တရတွေပြည့်နေတဲ့အိမ်ကနေ ဘယ်ကိုမှ မသွားဘူးဆိုတာကိုသိနေတဲ့ အာချီတစ်ယောက်ဟာ သူ့အဖေရှိရာမြို့မှာပဲ ပြန်လာနေထိုင်ရင်း အလုပ်ရှာခဲ့ပါတော့တယ်။ ဒီလိုနဲ့ အလုပ်ရပြီးနောက်မှာ ကောင်မလေးတစ်ယောက်နဲ့ ဆုံတွေ့ခဲ့ရပြီး အဲဒီကောင်မလေးကို မြင်မြင်ချင်းပဲ ချစ်မိသွားပါတော့တယ်။ ဒီလိုနဲ့ သူချစ်မိသွားတဲ့ကောင်မလေးဟာ သူနဲ့တစ်ရုံးတည်းဖြစ်နေတာကို သိလိုက်ပြီးတဲ့နောက်ပိုင်းမှာတော့ ကောင်မလေးကို နည်းအမျိုးမျိုးသုံးပြီးတော့ လိုက်ပါတော့တယ်။ အာချီနဲ့ အဲဒီကောင်မလေးတို့ရဲ့ ရုံးတွင်းအချစ်ဇာတ်လမ်းလေးက ဘယ်လိုတွေ ရိုရမလဲ ……. အဖေတစ်ခု သားတစ်ခုဘဝလေးထဲကိုရော အဲဒီကောင်မလေးက ဘယ်လိုတွေ ဝင်ရောက်လာမလဲ …. အာချီနဲ့ ကောင်မလေးတို့ရဲ့ အချစ်ဇာတ်လမ်းလေးကရော ဇာတ်သိမ်းလေးလှမလား ….. ဆိုတာတွေကို ကြည့်ရှုရမှာပဲဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Yunni ~ Alex ~ ToMo ~ Suri ~ Cyrah တို့ပဲဖြစ်ပါတယ်)

6 2023
Archir Gallery
The Keeper
7.5

The Keeper(2018) IMDb….7.5 ခင်ဗျားတို့ဘဝမှာ အလုပ်တစ်ခု ဒါမှမဟုတ် ဖြစ်တည်မှုတစ်ခုကို ဘယ်လောက်ထိ ရူးသွပ်ဖူးလဲ ဘယ်လောက်ထိ ရူးမိုက်ဖူးလဲ… ကျွန်တော်ပြောတာကို ယုံလိုက်ပါ… ဘယ်လောက်ပဲရူးသွပ်ပါတယ်ပြောပြော ဒီဖြစ်ရပ်မှန်ဇာတ်လမ်းထဲက မန်စီးတီးဂိုးသမားကြီးလောက်တော့ ခင်ဗျား မရူးသွပ်နိုင်ပါဘူး… သူ့နာမည်က ထရော့မန်း…ဂျာမန်လူမျိုး… ဒုတိယကမ္ဘာစစ်အတွင်းမှာ စစ်ထဲဝင်ခဲ့ပြီး အင်္ဂလန်တို့နဲ့ တိုက်ခိုက်ခဲ့သူ… ငယ်စဉ်ကလေးဘဝတုန်းက ဘောလုံးကန်ရင်ဘယ်သူမှမလုပ်ချင်တဲ့ ဂိုးသမားနေရာမှာ ကစားရင်း မန်စီးတီးလိုအသင်းမှာ ပင်တိုင်စံဂိုးသမားဖြစ်လာခဲ့တာ… ဒုတိယကမ္ဘာစစ်အတွင်း စစ်ရှုံးရာကနေ သုံ့ပန်းအဖြစ် ဖမ်းခေါ်သွားခံရပြီး လေ့ကျင့်ရေးစခန်းတစ်ခုမှာ ပုံစံသွင်းခံရရှာတယ်…အဲ့ဒီကနေတဆင့် မြို့တွင်းဘောလုံးအသင်းတစ်ခုရဲ့ နည်းပြက သူ့ကိုသဘောကျလို့ အဲ့ဒီအသင်းမှာ ဂိုးဖမ်းခွင့်ရတယ်…အဲ့တာဟာ မန်စီးတီးဂိုးသမားတစ်ယောက်ဖြစ်လာဖို့အတွက် သူ့ရဲ့ အကောင်းဆုံး ခြေလှမ်းတစ်ခုပေါ့… ဒါပေမဲ့လည်း ထင်သလောက်တော့ မလွယ်ကူခဲ့ပါဘူး…ဂျာမန်လူမျိုးတစ်ယောက်ဖြစ်တဲ့ ထရော့မန်းဟာ အင်္ဂလန်မြေမှာတော့ လွယ်လွယ်မဝင်ဆန့်ခဲ့…အစစအရာရာ အခက်အခဲများစွာကိုကျော်ဖြတ်လို့ ဝါသနာအရင်းခံပြီး ကံကြမ္မာလှည့်ကွက်တွေကို ဘယ်လိုရင်ဆိုင်သွားမလဲဆိုတာကတော့ ဒီဖြစ်ရပ်မှန်ဇာတ်ကားလေးကိုပဲ ကိုယ်တိုင်ကြည့်ရှုလိုက်ကြပါလို့… ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Paing ပဲဖြစ်ပါတယ်… File Size : 2.14GB / 930MB Quality : Blu-Ray 1080p 5.1 CH/ Blu-Ray 720p Format…mp4 Duration…02:00:00 Genre : Biography Drama, Romance Subtitle : Myanmar Subtitle (Hard Sub) Translated by Paing Encoded by Tiff

Horror • Thriller
7.5 2018
The Keeper
Romantic Friction
5.3

Romantic Friction (2024) IMDb Rating (5.3) ဟိုးအရင်တုန်းက အမေရိကန်မှာ အမျိုးသမီးစာရေးဆရာတွေဆို နှိမ်ချတတ်၊ အားမပေးတတ်လို့ ယောက်ျားကလောင်နာမည်သုံးပြီး စာရေးရလေ့ရှိပါတယ်။ အခု ဒီကားလေးမှာတော့ နာမည်ရပြီးသား စာရေးဆရာ မိုက်ကယ်ဟာ အမျိုးသမီးကလောင်နာမည် ရို့စ်လို့ သုံးပြီး စိတ်ကူးယဉ်အချစ်ဝတ္ထုစာအုပ်တစ်အုပ်ကို အလောင်းအစားအနေနဲ့ ရေးခဲ့ပါတယ်။ မထင်မှတ်ဘဲ ပေါက်သွားပြီး အကောင်းဆုံးဝတ္ထုဆုစာရင်းဝင်တဲ့အထိ ဖြစ်သွားတဲ့အခါမှာတော့ စာအုပ်အဖုံးဒီဇိုင်းပညာရှင် လီယာကို ရို့စ် ဟန်ဆောင်ခိုင်းခဲ့ပါတယ်။ ဘဝင်ကိုင်ပြီး အချစ်ဝတ္ထုတွေကို အိမ်သာသုံးစက္ကူသာသာပဲလို့ ဝေဖန်နေကျ မိုက်ကယ် နဲ့ အသည်းကွဲပြီးစ လီယာတို့ ဘယ်ပုံ စခန်းဆက်ကျမယ်ဆိုတာကို ဟာသလေးနှောရင်း ရှုစားကြည့်ပါ။ သရုပ်ဆောင်တွေကတော့ Julie Roy နဲ့ Brandon Santana တို့ပါ။ မင်းသမီးကြီး Kate Twa နဲ့ မင်းသားကြီး Harrison Coe တို့က ဇာတ်ပို့ပေးထားပါတယ်။ Director ကတော့ Wendy Ord ဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ T Lone ဖြစ်ပါတယ်။) File size…(1.7 GB) / (930 GB) Quality….WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre….Comedy, Romance Duration….01:31:44 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by T Lone

Family • Adventure • Animation • Comedy • Mystery
5.3 2024 90 mins
Romantic Friction
Crazxy
5.3

Crazxy(2025) “အတိတ်ရဲ့အရိပ်” IMDb – 7.3/10 ဒီရုံတင်ကားကတော့ ခွဲစိတ်ဆရာဝန်ကြီးဖြစ်တဲ့ ဒေါက်တာအဘီမန်ယူရဲ့ တစ်ကိုယ်တော်ဇာတ်လမ်းပေါ့ ရုံတင်ငွေအနေနဲ့လည်း ၁၅ကုဋေ ပြန်ရထားပါတယ် ဆရာဝန်တစ်ယောက်ဖြစ်ပေမဲ့ သမီးဖြစ်သူ ဉာဏ်ရည်မမီဘဲမွေးဖွားလာမှာမို့ မလိုချင်တဲ့ထိဖြစ်ပြီး ဇနီးဖြစ်သူနဲ့ပါ ကွာရှင်းခဲ့ပါတယ်။ ဒါပေမဲ့ တစ်နေ့မှာတော့ ကားမောင်းနေရင်းက သမီးဖြစ်သူကို ပြန်ပေးဆွဲထားတယ်ဆိုတဲ့ ဖုန်းခေါ်ဆိုမှုတစ်ခုဝင်လာခဲ့တယ်။ သမီးနဲ့ဇနီးပေါ်မှာ သံယောဇဉ်သိပ်မရှိသူမို့ နောက်ပြောင်ပြီးခေါ်ဆိုတယ်လို့ပဲ ထင်ခဲ့တာပေါ့။ အဘီမန်ယူတစ်ယောက် သူ့သမီးကို ပြန်ကယ်ဖို့ရာ ဘယ်လိုတွေရင်ဆိုင်ဖြတ်သန်းရမှာလဲ။ ပိုပြီးထူးခြားတာက ဒီကားမှာ ဒေါက်တာအဘီမန်ယူက တစ်ယောက်တည်းသော ဇာတ်ကောင်ပါ။ သူ့ရဲ့ အတွင်းစိတ်ခံစားချက်တွေ ရုန်းကန်လှုပ်ရှားမှုတွေကို နက်နက်ရှိုင်းရှိုင်း မြင်ရမယ်။ သူ့သမီးကို ပြန်ပေးဆွဲသွားတဲ့လူက ဘယ်သူလဲ၊ သူကရော အချိန်မီကယ်တင်နိုင်မလား၊ ပြန်ပေးသမားနဲ့ သူနဲ့က ဘယ်လိုပတ်သက်မှုတွေရှိနေမလဲ။ ဒီမေးခွန်းတွေရဲ့ အဖြေကို ရှာဖွေရင်းနဲ့ ဒတ်ပူးမင်းသားကြီး ရိုင်ယန်ရေးနိုးရဲ့ Buried (2010)လို ibeမျိုး ခံစားရမလားဆိုတာအားပေးကြည့်ရှုလိုက်ကြပါဦး။ ( အညွှန်းနဲ့ ဘာသာပြန်တွေကတော့ CM Bollywood Team ပဲဖြစ်ပါတယ် )

5.3 2025 94 mins
Crazxy
The Man in the White Van
5.5

၁၉၇၅ ခုနှစ်၊ ဖလော်ရီဒါရဲ့ အေးချမ်းတဲ့ မြို့ငယ်လေးမှာ အန်နီ (Madison Wolfe) ဆိုတဲ့ ဆယ်ကျော်သက် မိန်းကလေးတစ်ယောက်ဟာ သူ့ဘဝရဲ့ ပုံမှန်ရုန်းကန်မှုတွေကြားမှာ ထူးဆန်းတဲ့ အဖြူရောင်ဗင်ကားတစ်စီးက သူ့ကို လိုက်နေတာကို သတိထားမိနေခဲ့တယ်။ ဒီအကြောင်းကို မိဘတွေဖြစ်တဲ့ ဟယ်လင်နဲ့ ရစ်ချတ် (Ali Larter နဲ့ Sean Astin) တို့ကို ပြောပြခဲ့ပေမဲ့ သူ့ရဲ့ ကြောက်ရွံ့မှုတွေကို စိတ်ကူးယဉ်တယ်ဆိုပြီး လျစ်လျူရှုထားတဲ့အခါ အန်နီတစ်ယောက် သူ့ဘာသာသူ ရင်ဆိုင်ရဖို့ ဖြစ်လာတယ်။ ဟော်လိုဝင်းညမှာ ဒီဗင်ကားထဲက လူသတ်သမားနဲ့ရင်ဆိုင်တွေ့တဲ့အခါ… ဖြစ်ရပ်မှန်ကို အခြေခံထားတဲ့ သည်းထိတ်ရင်ဖိုဇာတ်လမ်းဟာ အန်နီရဲ့မိသားစုဆက်ဆံရေးနဲ့ ရှင်သန်ဖို့အတွက် ရုန်းကန်မှုကို အဆုံးထိ စိတ်လှုပ်ရှားစွာ ကြည့်ရှုရမှာပါ။ File Size… (1.33 GB) / ( 769 MB) Quality… WEB-DL 1080p HEVC /720p Format…mkv / mp4 Duration….1h 45m Genre …..Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by ZWT

Adventure • Family • Drama
5.5 2024 105 mins
The Man in the White Van
Silent Hill: Revelation
5

Silent Hill: Revelation (2012) ကတော့ Silent Hill(2006) ရဲ့ နောက်ဆက်တွဲဖြစ်ပြီးတော့ Konami ရဲ့ Silent Hill 3 ဗီဒီယိုဂိမ်းပေါ်မှ ာ အခြေခံပြီး ရိုက်ကူးထားတာပါ။ ဒီဇာတ်ကားမှာတော့ Sharon ဆိတ်ငြိမ်တောင်ကုန်းကနေ ပြန်လွတ်မြောက်လာနိုင်ခဲ့ပေမဲ့Rose ကတော့ ပိတ်မိနေခဲ့ပါတယ်။ Rose က ခင်ပွန်းဖြစ်သူ Christopher ကို Sharon ဘယ်တော့မှ ဆိတ်ငြိမ်တောင်ကုန်းကို ပြန်မလာနိုင်အောင် ကာကွယ်ပေးပါလို့ ကတိတောင်းထားခဲ့ပါတယ်။ တစ်ဖက်ကလည်း Order Of Valtiel ဆိုတဲ့ အဖွဲ့ Sharon ဆိတ်ငြိမ်တောင်ကုန်းကို ပြန်လာအောင် အပြင်းအထန်ကြိုးပမ်းနေကြပါတယ်။ Order အဖွဲ့က သူ့ရဲ့အဖေကို ဖမ်းခေါ်သွားတဲ့အချိန်မှာတော့ Sharon တစ်ယောက် ဆိတ်ငြိမ်တောင်ကုန်း ဆီကိုပြန်သွားခဲ့ပါတယ်။ အဲဒီမှာ ဘာတွေကသူ့ကိုစောင့်ကြိုနေမလဲ။ သူကိုဘာဖြစ်လို့ Order က အရမ်းလိုချင်နေကြတာလဲ။ သူရောက်လာတဲ့အချိန် ဆိတ်ငြိမ်တောင်ကုန်းမှာ ဘာတွေပြောင်းလဲသွားမလဲ။ ကြည့် လိုက်ကြပါဦး။ Translated & Review By d3mon Encoded By Thit San Khant

Drama
5 2012 94 mins
Silent Hill: Revelation