YoteShin Drive is below this article. Scroll down to view.

In many countries, you have to work on Windows 11

Author: Anonymous Published on: 12 Aug 2022

Microsoft has confirmed that it has expanded its Android apps to run Android apps in 21 countries. Since the end of Tuesday, Windows 11 users can download Windows 11 users and enable Android app support. This update is available for download Android apps. Microsoft recommends at least 8GB RAM (16GB RAM); SSD (Solid-State Drive); Intel Core i3 8th Gen and above. It is said that there must be Virtual Machine Platforms. To enable Android app Support on your Windows computer, go to the Microsoft Store and download Amazon AppStore. Installing Windows Subsystem For Android and open the Amazon App Store and log in to Amazon account. Then you will find Android apps. The Amazon App Store has no current app, but it can block your favorite apps. WSA for Windows 11, WSA for Windows 11, andorra, Gibraltar, Gibraltar, Gibraltar, Guino, Iransey, Iraches, Liechten, United Kingdom, United Kingdom, United States, United States, United States, United States, United States, It has been released for Vatican City / Holy See. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

The Knight And The Princess.2020.WEB-DL.480P.PP.mp4

346.78 MB N/A video/mp4 444 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Shooting Stars
7.5

Shooting Stars (2023) ================ Genre – Biography, Drama, Sports IMDb Rating – 6.5/10 ဘတ်စကတ်ဘော အားကစားလောကမှာဆို မိုက်ကယ်ဂျော်ဒန်တို့ခေတ်ပြီးရင် ခု လဘရွန်းဂျိန်းစ်ဆိုတာကို ကြားဖူးကြမယ်ထင်ပါတယ်။ NBA ချန်ပီယံ ၄ ခါ ဖြစ်ထားတယ်၊ NBA သမိုင်းတလျှောက် အမှတ်အများဆုံးသွင်းယူသူ၊ နောက် ပြီး အိုလံပစ် ရွှေတံဆိပ်ဆုရှင်လည်း ဖြစ်ပါတယ်။ ဒီ သမိုင်းနောက်ခံ အားကစား ဒရမ်မာ ရုပ်ရှင်လေးက သူကိုယ်တိုင်ရေးတဲ့ အထ္တုပတ္တိကို ပြန်လည် အသက် သွင်းထားတာပဲ ဖြစ်ပါတယ်။ သူ့ရဲ့အကြောင်းဆိုပေမဲ့လည်း သူတစ်ယောက် တည်းကို ကွက်ပြီး Hightlight လုပ်ပြတာမျိုး မရှိပဲ သူတို့ အထက်တန်းကျောင်း ဘဝတုန်းက ပြည်နယ်ချန်ပီယံဖြစ်ခဲ့ရပုံတွေနဲ့ သူငယ်ချင်းတွေအကြောင်းကို တစ်ယောက်စီ သေချာလည်း ပြသပေးထားတာမျိုး ဖြစ်ပါတယ်။ ရုပ်ရှင်ရဲ့အကြောင်းအရာလေးကတော့ လဘရွန်းဂျိန်းစ်ရယ် ဒရူးဆိုတဲ့ လူကောင် အညှပ်ကလေးရယ် ရှရန်ဆိုတဲ့ဝတုတ်လေးရယ် ဝီလီဆိုတဲ့ ရင့်ကျက်တဲ့ကောင် လေးရယ်က အသက် ၁၀ နှစ်ကတည်းက Shooting Stars ဆိုတဲ့ အဖွဲ့အောက် မှာ ဘတ်စကတ်ဘော ကစားခဲ့ကြတာပါ။ နည်းပြကတော့ ဒရူးရဲ့ အဖေပေါ့။ ဒီလိုနဲ့ အထက်တန်းကျောင်းတက်ရမယ့်အချိန်ရောက်တော့ ဒရူးအဖေက ဘတ် စကတ်ဘော သေချာကစားနိုင်မယ့် ကျောင်းတစ်ကျောင်းကို သေချာရွေးချယ်ပေး ခဲ့တယ်။ ဒါပေမဲ့ အဲဒီကျောင်းက နည်းပြက ဒရူးကို လူကောင်သေးလို့ အတူတူ ပေးကစားလို့ မဖြစ်ဘူး၊ ဂျူနီယာအသင်းပဲ ရမယ်ဆိုတော့ ဒရူးတစ်ယောက် လိုက်ရှာတဲ့အချိန် လူဖြူတွေများတဲ့ စိန့်ဗီကျောင်းမှာ ပြဿနာတွေနဲ့ ရောက်လာ တဲ့ နည်းပြသစ် ဒန်ဘရော့နဲ့ ဆုံမိပြီး သူတို့တစ်ဖွဲ့လုံး ဘယ်လိုတွေ တိုးတက်ပြောင်း လဲလာပြီး အထက်တန်းကျောင်းချန်ပီယံ ဘယ်လိုရလာမလဲဆိုတာတွေ စိတ်ဝင် စားဖွယ် ကြည့်ရမှာပါ။ လဘရွန်းဂျိန်းရဲ့ နာမည်ကျော်ကြားလာပြီး ဖိအားတွေ ကြုံရပုံတွေ ဒရူးရဲ့ လူကောင် သေးပေမဲ့ အပြောမခံပဲ ပြန်လုပ်ပြခဲ့တာတွေ ဝတုတ်လေးရှရန်ရဲ့ အကောင်းမြင် တတ်ပုံတွေ ဝီလီရဲ့ အားပေးမှုတွေနဲ့ သူငယ်ချင်းတွေကြားက သံယောဇဉ်ကို အား ကစားနဲ့ ဖော်ကျူးထားတဲ့ Biography ရုပ်ရှင်လေးပါ။ Stranger Thing က Lucas လေးက ဒရူးအဖြစ် သရုပ်ဆောင်ထားတာကိုလည်း တွေ့ပါတယ်။ ဘတ်စကတ် ဘောနဲ့ ပတ်သက်တဲ့အသုံးအနှုန်းများကို တတ်နိုင်သလောက် ကြိုးစားပြန်ထားတဲ့ အတွက် အမှားပါခဲ့ရင် ခွင့်လွှတ်ပေးကြပါလို့ ပြောချင်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Thura Aung ဖြစ်ပါတယ်) File Size..........(1.82 GB) / (775 MB) / (459 MB) Quality............WEB-RIP 1080p / 720p / 480p Duration.........1Hr 50Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Biography, Drama, Sport Translator.......Thura Aung Encoder..........Zin Phyo Aung

Action • Comedy • Science Fiction
7.5 2023 116 mins
Shooting Stars
Home Coming
6.6

ဒီနေ့မှာဆိုရင်တော့ Channel Myanmar က ပရိသတ်ကြီးကို ၂၀၂၂ ခုနှစ် စက်တင်ဘာလ ၃၀ ရက်နေ့က ရုံတင်ခဲ့ပြီး ရုံဝင်ငွေ ၁.၅ ဘီလီယံကျော်ရရှိခဲ့တဲ့《Home Coming》 ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားလေးနဲ့ မိတ်ဆက်ပေးပါရစေ Numedia နိုင်ငံစစ်ပွဲဖြစ်စဥ် အချိန်ကာလ , သံရုံးမှာ လူအင်အားမမျှသောကြောင့် စစ်ပွဲအတွင်းက တရုတ် ပြည်သူတွေကိုသာ ကယ်ဆယ်ဖို့ စီစဥ်ထားပေမဲ့လဲ အဆင်မပြေခဲ့ပါဘူး တစ်ဆက်ထဲမှာပဲ အဲဒီနေ့ကမှ ဇာတိမြေကို ပြန်ဖို့စိတ်ကူးထားတဲ့ သံတမန်ဝန်ကြီးချုပ်ဟောင်း ဇုံးတဝေ နဲ့ နိုင်ငံရေးဌာနမှ လူသစ်တစ်ဦးဖြစ်တဲ့ ချန်လန် တို့ဟာ အန္တရာယ်ကြားထဲကနေပြီးတော့ တာဝန်တွေကို သက်စွန့်ဆံဖျား လုပ်ကိုင်ပေးခဲ့ကြပြီး မိမိတို့ အိမ်ပြန်မည့် အခွင့်အရေးကို လက်လွှတ်ကာ စစ်ပွဲအတွင်းက ပြည်သူများ ဘေးလွတ်ရာကို ရွှေ့ပြောင်းပေးဖို့အတွက် နေရစ်ခဲ့ကြပါတယ် အဲဒီနောက်မှာတော့ တာဝန်တွေကို ကြိုးစားလုပ်ကိုင်ရင်း တာဝန်ပြီးဆုံးသွားပြီလို့ ထင်နေပေမဲ့ နောက်ထပ် စစ်ပွဲအတွင်းမှာ ပိတ်မိနေတဲ့ တစ်ပြည်ထဲသား လူတစ်စု ရှိနေသေးတယ်ဆိုတာ သိလိုက်ရတဲ့အခါမှာတော့ ပိုင်ဟွ ဆိုသူရဲ့ ဦးဆောင်လမ်းပြမှုနဲ့ အတူတူ နယ်စပ်ရွှေ့ပြောင်းရေး စခန်းကို သွားရောက်ခဲ့ကြပါတော့တယ် အရေးပေါ်ဖြစ်နေတဲ့ အခြေအနေအောက်မှာ နှစ်ယောက်သားဟာ အိမ်ပြန်ဖို့ အခွင့်အရေးကို ထပ်မံစွန့်လွှတ်ခဲ့ကြပြီးတော့ စစ်ပွဲအတွင်းထပ်မံခြေချခဲ့ပြန်ပါတော့တယ် အဲဒီနောက်မှာတော့ ------------ ဒီဇာတ်ကားလေးဟာဆိုရင် ရုံဝင်ငွေ ၁.၅ ဘီလီယံ​ကျော်ရရှိခဲ့သည့်အပြင် နာမည်ကြီး သရုပ်ဆောင်များဖြစ်ကြတဲ့ ကျန်းယိ ဝမ်ကျွင့်ခိုင်(TFBOYS အဖွဲ့ခေါင်းဆောင်) နဲ့ ယင်းထောင်တို့က အဓိက ပါဝင်သရုပ်ဆောင်ထားတဲ့ ကားလေးဖြစ်တာမို့ လုံးဝကို လက်မလွှတ်သင့်တဲ့ကားလေးပဲဖြစ်ပါတယ်နော် [Reviewed By Chit Mya Mya Hmwe] Quality : WEB-DL 1080p , 480p Format : mp4 Genres : Action , Drama , Thriller Runtime : 1h 17 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Encoded by LK

Animation • Science Fiction • Thriller
6.6 2022 137 mins
Home Coming
Kiss of Death
5.6

ဒီဇာတ်ကားကတော့ ပရိတ်သတ်အချစ်တော် မာသာဖာသာကြီး Samuel L.Jackson နဲ့ မင်းသားကြီး Nicolas Cage တို့ အပြင်မင်းသားကြီး David Caruso, Stanley Tucci နဲ့ မင်းသမီး Helen Hunt, Kathryn Erbe တို့ပါဝင်သရုပ်ဆောင်ထားတဲ့ မှုခင်းစုံထောက်ဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်။ ဒုစရိုက်လောကကနေအနားယူပြီး မိသားစုနဲ့ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းနေတဲ့ ဂျင်မီကင်မာတင်ကို ဝမ်းကွဲညီအစ်ကိုဖြစ်သူက ဒုစရိုက်မှုတစ်ခုနဲ့ပတ်သတ်ပြီး ကူညီပေးဖို့အကူအညီလာတောင်းတဲ့အခါ ပရဟိတစိတ်ဓာတ်ပိုင်ရှင် ကင်မာတင်အနေနဲ့ မနေနိုင်မထိုင်နိုင်လိုက်ကူညီပေးမိပါတယ်။ ကူညီရင်းနဲ့ပဲ အလွဲလွဲအချော်ချော်တွေဖြစ်ကာ ကင်မာတင်အနေနဲ့ထောင်နန်းစံသွားရပါတော့တယ်။ ထောင်ကထွက်ပြီးရင် ကောင်းကောင်းမွန်မွန်နေထိုင်နိုင်ဖို့အတွက် ကင်မာတင်အနေနဲ့ လူဆိုးခေါင်းဆောင်းတစ်ယောက်ကို စုံစမ်းထောက်လှမ်းပေးဖို့ ရဲတွေနဲ့အပေးအယူတွေလုပ်တဲ့အခါ... ငွေကြေးဥစ္စာနဲ့ အာဏာပါဝါက ဥပဒေအရေးမှာပါဝင်ပတ်သတ်နေပုံ... ရာထူးအာဏာအတွက် ဥပဒေကိုဘယ်လို လက်တစ်လုံးခြားကစားနေသလဲဆိုတာကို ခံစားကြည့်ရှုရမယ့် ဇာတ်ကားကောင်းတစ်ကားပဲဖြစ်ပါတယ် File Size :(2.1GB) (980 MB) and (268 MB) Quality : Blu-Ray1080p, 720p Format…mp4 Duration…01:41:00 Genre : Crime, Drama , Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by APP Encoded by Phyo Pyae

Drama
5.6 1995 101 mins
Kiss of Death
Blue Miracle
7.4

IMDB 6.6/10 Based on True Story Bisbee's Black & Blue ပြိုင်ပွဲဆိုတာ Super Bowl ပွဲလောက်ကြီးမားတဲ့ ကမ္ဘာ့ငါးဖမ်းပြိုင်ပွဲကြီးပါ ။ Blue Merlin လို့ခေါ်တဲ့ မာလင်ငါးပြာကြီးတွေကို ပင်လယ်ထွက်ပြီး တံငါတွေ အဖွဲ့လိုက် ဒေါ်လာ ၁ သန်းဆုကြေးအဖြစ်ဖမ်းယူ ယှဉ်ပြိုင်ရတဲ့ ပြိုင်ပွဲပေါ့။ ဒီပြိုင်ပွဲကို ထပ်မံယှဉ်ပြိုင်ဖို့ စိတ်အားထက်သန်သူဟာ ချန်ပီယံ ၂ ကြိမ်ဆုရဖူးတဲ့ ချန်ပီယံဟောင်း ကပ္ပတိန် ဝိတ်မာလိုပါ ။ ဒါပေမယ့် သူဟာ နာမည်ကြီးထမင်းငတ်ဖြစ်ပြီး ချန်ပီယံ ၂ ကြိမ်ရခဲ့ပေမယ့် အရှုံးတွေနဲ့ဆက် တိုက်ရင်ဆိုင်ပြီး မိသားစုကစွန့်ပစ်သွားတာကြောင့် လှေပေါ်မှာပဲ လေလွင့်နေတဲ့ ဂွစာအဘိုးကြီးပေါ့။ ဒါကြောင့် လာမယ့်ပြိုင်ပွဲမှာ ချန်ပီယံဆုကို ပြန်သိမ်းပိုက်ပြီး သူ့မိသားစုဆီ ပြန်သွားဖို့ တေးထားပါတယ်။ တစ်ဖက်မှာလည်း ကာဆိုဟိုဂါလို့ခေါ်တဲ့ မိဘမဲ့ဂေဟာက အိုမာတို့ဇနီးမောင်နှံဟာ ဘဏ်ကြွေး ဒေါ်လာ ၁ သိန်းကျော်တင်ပြီး ဂေဟာကိုပိတ်သိမ်းပြီး မိဘမဲ့ကလေးတွေ အကုန်လုံး လမ်းပေါ်ရောက်မယ့်အခြေအနေဖြစ်နေပါပြီ။ ပြိုင်ပွဲသတင်းကို ကြားမိတဲ့ အိုမာနဲ့ကပ္ပတိန် ဝိတ်တို့ဟာ တိုက်တိုက်ဆိုင်ဆိုင် သွားဆုံပြီး အသင်းတစ်ခုထဲဖွဲ့ကာ သူတို့ရဲ့ ရည်မှန်းချက် ကိုယ်စီအတွက် ချန်ပီယံဆုကို စိန်ခေါ်ယှဉ်ပြိုင်တာကို ကြည့်ရမှာဖြစ်ပါတယ်။ ဖြစ်ရပ်မှန်ကို အခြေခံထားပြီး ၂၀၁၄ Bisee ငါးဖမ်းပြိုင်ပွဲမှာ ကမ္ဘာ့အကြီးဆုံးမာလင်ငါးပြာကြီးကို ဖမ်းမိခဲ့တဲ့ မက္ကဆီကို ကာဆိုဟိုဂါမိဘမဲ့အသင်းကို အခြေခံရိုက်ကူးထားတဲ့ ဇာတ်ကားကောင်းလေးဖြစ်ပါတယ်။ (ဒီကားမှာ မင်းသားကြီးနှစ်ယောက်ဖြစ်တဲ့ Dennis Quaid နဲ့ Jimmy Gonzale တို့က အဓိကသရုပ်ဆောင်ထားပါတယ်။) (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Thiha Yan Naing ဖြစ်ပါတယ်) File Size - (2.11 GB) / (966 MB) / (638 MB) Quality – WebDL 1080p / 720p/480p Duration - 1h 35mins Subtitle – Myanmar Hardsub Format – MP4 Genre : Adventure, Biography, Drama Translator – Thiha Yan Naing Encoder – SWM

Action • Drama • Thriller
7.4 2021 95 mins
Blue Miracle
Marisol
5.6

Marisol (2023) ============ တစ်ရက်မှ ကျောင်းမပျက်တဲ့မာရီဆို။ Grade A တွေချည်းရတဲ့ မာရီဆို။ အပျော်အပါးမက်တဲ့ ဆယ်ကျော်သက်အရွယ်ဆိုပေမဲ့ ပါတီမတက် အပျော် အပါးမမက်ဘဲ မနက်ခင်းအလုပ်သွား နေ့လယ်ကျောင်းတက် ညကို စာကျက် ပြီး သူတက်ချင်တဲ့တက္ကသိုလ်ကို ဝင်ခွင့်ရဖို့ ကြိုးစားနေတဲ့မာရီဆို။ သူလိုချင်တဲ့ Scholarship ရတဲ့နေ့မှာ မာရီဆိုတစ်ယောက် သူငယ်ချင်းရဲ့ အဆွယ် ကောင်းမှုကြောင့် ပါတီတစ်ခုတက်လိုက်ရာကနေ ဘဝတစ်ခုလုံး ဗြောင်းဆန်ကုန် ပါတယ်။ ထင်မှတ်မထားတဲ့ အမှန်တရားတွေ အကြောက်တရားတွေအောက်မှာ ထွက်ပြေးရင်း တိမ်းရှောင်ရင်း မာရီဆို့ဘဝ ဘယ်လိုဖြစ်သွားမလဲ။ မတော်တဆ လေးတစ်ခုက မာရီဆို့အနားကလူတွေကိုပါ ဘယ်လိုသက်ရောက်မှုရှိမလဲ။ တရား မဝင်နေထိုင်သူတွေဘဝကို ရိုက်ကူးတင်ဆက်ထားတဲ့ ကားလေးဖြစ်ပါတယ်။ ကြည့် ရှုခံစားလိုက်ကြပါဦး။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ EL ဖြစ်ပါတယ်) File Size……….(3.21 GB) / (550 MB) Quality…………WEB-DL 1080p / 720p Duration………1Hr 31Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Drama Translator……EL Encoder……….SWM

Romance • Drama
5.6 2023
Marisol
Bhimaa
6.4

Bhimaa (2024) ဒီတစ်ခါ CM ဘောလီးဝုဒ်ပရိသတ်ကြီးအတွက် တီလဂူလ်အက်ရှင်ကားကောင်းလေးတစ်ခုကို တင်ဆက်ပေးချင်ပါတယ် တောင်ပိုင်းကားတွေထုံးစံ အိုဗာလေးတော့ပါပေမယ့် အက်ရှင်ခန်းတွေကတော့ အားရစရာတွေမို့ ပရိသတ်ကြီးတို့ အကြိုက်တွေ့ကြမှာပါပဲ မဟာသျှီဝကိုးကွယ်တဲ့သူတွေမှာ ယုံကြည်ချက်တစ်ခုရှိပါတယ်တဲ့ သူ့ကျောင်းတော်မှာ သေဆုံးသူတစ်ယောက်အတွက် လာဆုတောင်းတဲ့အခါ အဲ့လူရဲ့နောက်ဆုံးဆန္ဒကို ဖြည့်ဆည်းဖို့အတွက် သူ့ဆွေမျိုးထဲက လူတစ်ယောက်ကို ဝင်ပူးခွင့်ပေးပါတယ်တဲ့ ဒီဇာတ်ကားထဲမှာလည်း နယ်မြို့မှာ ရာဇဝတ်မှုတွေကြီးစိုးနေတဲ့ ဂိုဏ်းကြီးတစ်ခုလုံးကို ရဲအရာရှိလေးတစ်ယောက်က သွားပြီး လူကုန်ကူးမှုကို တားဆီးတဲ့အခါမှာ ဂိုဏ်းခေါင်းဆောင်က အဲ့ရဲအရာရှိကို သတ်ပြီးတော့ လက်စဖျောက်လိုက်ရာကစပါတယ် သူ့ရဲ့မပြီးပြတ်သေးတဲ့တာဝန်တွေကို လူဝင်စားပူးကပ်သလို သူ့ညီက ဆက်လက်ဆောင်ရွက်ပြီး ဂိုဏ်းခေါင်းဆောင်ကြီးနဲ့ ထိပ်တိုက်ရင်ဆိုင်လာတဲ့အခါမှာတော့….. အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ကပဲဖြစ်ပါတယ်

6.4 2024
Bhimaa
The Last Frenzy
5.7

CMကနေဒီတစ်ခါမှာတော့ ဟာသကားလေးတစ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ် ဇာတ်လမ်းလေးကိုပြောပြရမယ်ဆိုရင် ကပ်စေးနည်းခြင်းအမွေကို ဆက်ခံလာတဲ့ ကျာယိုဝေ တစ်ယောက် သန်းချီလှဲလျောင်းခြင်းအစီစဉ်ကို အကောင်ထည်ဖော်ဖို့အတွက် မစားရက်မသောက်ရက်နဲ့ ငွေတွေစုနေခဲ့တာပါ ဒါပေမယ့် တစ်ရက်မှာ မူးလဲပြီးဆေးရုံရောက်သွားချိန်မှာ သိလိုက်ရတာတော့ ဦးနှောက်အကျိတ်ရောဂါနောက်ဆုံးအဆင့်ဖြစ်နေပြီး အကျိတ်ရဲ့ကြီးထွားနှုန်းက အရမ်းမြန်နေပြီး ၁၀ရက်ပဲ အသက်ရှင်နိုင်တော့မယ်လို့ ဆရာဝန်က သတ်မှတ်ပေးလိုက်ပါတယ် အဲ့လိုနဲ့ ကျာယိုဝေတစ်ယောက် သူ့မှာစုထားတဲ့ငွေတွေအပြင် အိမ်ခန်းကိုပါရောင်းပြီးတော့ သူ့ငယ်သူငယ်ချင်းတွေကိုပြန်ခေါ်ပြီး ပိုက်ဆံဖြုန်းတဲ့အစီစဉ်ကို စတင်ပါတော့တယ် ၁၀ရက်ပြည့်တဲ့ညမှာ ကျာယိုဝေတစ်ယောက် မူးလဲအော့အန်ပြီး ဆေးရုံရောက်သွားတဲ့နောက်ပိုင်းမှာ ဘာတွေဆက်ဖြစ်လာမှာလဲ တကယ်သေသွားမှာလားဆိုတာကို ဟာသ‌အနှောလေးနဲ့ကြည့်ရမှာမို့လို့ ပေါ့ပေါ့ပါးပါးအပန်းဖြေချင်တဲ့သူတွေ‌အနေနဲ့ ကြည့်ရှုသင့်တဲ့ကားလေးဖြစ်လို့ CM ကနေဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်နော်

5.7 2024
The Last Frenzy
Till Death Do Us Part
7

Till Death Do Us Part 2024 ( ‌ပြစ်ဒဏ်) Imdb 7.6 အိမ်တွင်းအကြမ်းဖက်မှုပုံစံများ survival များပါဝင်လို သတိပေးချက်ထုတ်ပြန်ထားတဲ့ဇာတ်ကားတစ်ကားပါ မိန်းမတစ်ယောက်က အိမ်ထောင်ပြုပြီဆို လင်ယောကျာ်းလက်အောက်ခံ လင်ယောကျာ်းဘာခိုင်းခိုင်း ဘာလုပ်လုပ် နာခံရမယ်ဆိုတဲ့ ရှေးရိုးစွဲသဘောထားတွေကနေ မလွတ်ထွက်နိုင်သေးတဲ့ရီနာတာဆိုတဲ့ မိန်းကလေးတစ်‌ယောက်ရှိတယ် သေခြင်းကသာခွဲနိုင်တယ်လို ကတိသစ္စာဆို ယူခဲ့ကြပေမဲ့ ကြာကြာပေါင်းမှအကြောင်းသိလာခဲ့ရတဲ့ ရီနာတာလေးမှာတော့ ဒဏ်ရာအနာတရတွေနဲ့ပေါ့ ယောကျာ်းကိုကြောက်ရတော့ ယောကျာ်းဖြစ်သူအလုပ်သွားတာနဲ့ ဘယ်သူနဲ့မှမဆက်သွယ်ဘဲ အိမ်တံခါးပိတ်ပြီး အိမ်ထဲမှာပဲအချိန်တွေကိုကုန်လွန်ခဲ့ရတယ် ဒီလိုနဲ့တစ်နေ့ဖုန်းတစ်လုံးဝင်လာခဲ့ပါတယ် ယောကျာ်းအလုပ်လုပ်တဲ့ရုံးကပါ အလုပ်မလာဖုန်းလည်းမကိုင်လို နေမကောင်းဘူးလားဆိုတဲ့အကြောင်းလှမ်းမေးကြတာပါ အချိန်ပိုနေ့တိုင်းဆင်းလို နောက်ကျမှပြန်ပြန်လာတဲ့ ယောကျာ်းဖြစ်သူက အလုပ်မလာဘူးဆိုတော့ ရီနာတာစုံစမ်းရမဲ့ကိစ္စတစ်ခုဖြစ်လာခဲ့ပါတယ် ချောင်ပိတ်ခံရတဲ့ကြောင်က ကျားဖြစ်လာတတ်သလို ရီနာတာတစ်ယောက်ဘာတွေများပြောင်းလဲသွားမလဲဆိုတာကို ဆက်လက်ကြည့်ရှုလိုက်ပါဦး ( အညွှန်းနဲ့ ဘာသာပြန်တွေကတော့ Yunni ~ Alex ~ ToMo ~ V တိုပဲဖြစ်ပါတယ် )

7 2024 108 mins
Till Death Do Us Part
Nanban Oruvan Vantha Piragu
8.8

Nanban Oruvan Vandhaa Poragu(2024) ငယ်ဘဝမိတ်သင်္ဂဟ IMDb – 8.8 /10 ဘဝမှာ အိပ်မက်နောက်လိုက်ရင်း နေရာတစ်ခုရရောက်ပြီဆို ပြန်သတိရတတ်တာကတော့ ကျွန်တော်တို့ရဲ့ဇာတိမြေ၊ အဲဒီနေရာမှာရှိခဲ့တဲ့ ငယ်ဘဝနဲ့ ငယ်ဘဝမှာ မဖြစ်မနေပါကိုပါတဲ့ ဆိုးဖော်ဆိုးဖက် ငယ်ပေါင်းမိတ်ဆွေတွေပါပဲ။ အခုဒီရုပ်ရှင်လေးထဲမှာလည်း အာနန်တစ်ယောက် သူ့ရဲ့ဇာတိကိုပြန်ဖို့ လေယာဉ်စီးရင်း လေယာဉ်ပေါ်မှာ ဦးလေးတစ်ယောက်နဲ့ စကားလက်ဆုံကျရာကစလို့ ငယ်ဘဝရဲ့ အမှတ်တရတွေကို ပြန်ပြောတာလေးနဲ့ အစပျိုးထားပါတယ်။ ဘဝမှာ အောင်မြင်မှုတစ်ခုတော့ ရထားပြီဖြစ်ပေမဲ့ ပျော်ရွှင်မှုတွေ နွေးထွေးမှုတွေ လစ်လပ်နေတဲ့အာနန်တစ်ယောက် ငယ်ဘဝရဲ့ အမှတ်တရ ၈ ခုအကြောင်းကို ဇာတ်ကြောင်းပြန်ပြောပြရင်း သူ့လက်ရှိဘဝမှာ သူပျော်နေရဲ့လား။ ပျော်ရွှင်မှုဆိုတာဘာလဲဆိုတဲ့ မေးခွန်းတွေရဲ့အဖြေကိုတွေ့သွားမလားဆိုတာ ရှုစားရမှာပါ။ အခုလက်ရှိမှာ အကြောင်းအမျိုးမျိုးကြောင့် မိသားစု မိတ်ဆွေတွေနဲ့ ကွဲကွာနေကြသူတွေများရှိခဲ့ရင်လည်း ငယ်ဘဝကို ပြန်အမှတ်ရစေမယ့် ဇာတ်လမ်းကောင်းလေးဖြစ်လို့ ကြည့်ရှုခံစားနိုင်ဖို့ တင်ဆက်ပေးလိုက်ရပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team မှပဲဖြစ်ပါတယ်)

8.8 2024 135 mins
Nanban Oruvan Vantha Piragu
A Different Man
7.1

Avengers အဖွဲ့ထဲက Winter Soldier နဲ့သိခဲ့တဲ့ မင်းသား Sebastian Stan ရဲ့ Thriller ကားကောင်းတစ်ကားပါ Sebastian Stan ကို အဗန်ဂျာကားတွေနောက်ပိုင်း ပိုကောင်းတဲ့ ဇာတ်ရုပ်မျိုးစုံနဲ့ သရုပ်ဆောင်လာတာကို မြင်တွေ့နေရပြီး ဒီကားကလည်း ချီးကျူးရမယ့် သူ့ရဲ့ဇာတ်ရုပ်တွေထဲကတစ်ခုပါ… ငယ်ငယ်ထဲက ရုပ်ပိုင်းဆိုင်ရာ ပျက်စီးနေပြီး… လူ့ပတ်ဝန်းကျင်က ဟားတိုက်ရယ်မောစရာအဖြစ်ကြီးပြင်းလာတဲ့ အက်ဝက်လန်မြူရယ်ဆိုတဲ့ သရုပ်ဆောင်တစ်ယောက်အဖြစ် Sebastian Stan ကပါဝင်ထားပါတယ်… သူ့ကို ဟာသဇာတ်ကောင်တွေ.. ပြဇာတ်တွေ ကြော်ငြာတွေမှာ လူစိတ်ဝင်စားမှုခံရအောင် ထည်သုံးရုံသပ်သပ်ပဲ..ဒါပေမယ့် အက်ဝက်ကလည်း ဒီဘဝကိုသဘောမကျပေမယ့်.. အသက်မွေးဝမ်းကြောင်းတစ်ခုအဖြစ် ရပ်တည်နေပြီး တစ်ဖက်မှာလည်း သူဝါသနာပါတဲ့ ပြဇာတ်ရေးတဲ့အလုပ်ကိုလုပ်ပါတယ်… တစ်နေ့သူ့တိုက်ခန်းဘေးကို အင်ဂရစ်ဆိုတဲ့ မိန်းမလှလေး ပြောင်းလာပြီး…သဘောကျမိရာကနေ သူ့ရဲ့ဆိုးရွားလှတဲ့ ရုပ်ရည်ကိုပြောင်းလဲဖို့ ကြိုးစားပါတော့တယ်… ဒီအတွက် အက်ဝက်တို့လို ချို့ယွင်းချက်ရှိတဲ့လူတွေအတွက် စမ်းသပ်ဆဲဆေးဝါးတွေထုတ်နေတဲ့ သိပ္ပံပညာရှင်တစ်ယောက်ဆီကို သွားပြီး သူ့ဘဝကိုပြောင်းလဲပါတော့တယ်…ဒါပေမယ့် ခဏတွေ သာယာမှုအတွက်နဲ့ နောက်ပိုင်းဖြစ်လာမယ့်အရာတွေက ဘာတွေလဲ ဆိုတာကို စိတ်ဝင်စားစွာစောင့်ကြည့်ရမှာဖြစ်ပါတယ်… (အညွန်းနဲ့ဘာသာပြန်ကိုတော့ Thiha Yan Naing ကရေးသားထားပါတယ်) File size… (14.1GB) / (3.33GB ) / (0.98GB) Quality… WEB-DL 4K HEVC 1080p / 720p Format…mkv / mp4 Duration….1h 52m Genre …..Comedy , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Thiha Yan Naing

Thriller • Horror
7.1 2024 112 mins
A Different Man
Mana Man

Mana Man (2024) ****************** Friend Zone ထဲက မင်းသား Nine Naphat Siangsomboonရဲ့ ဇာတ်ကားအသစ်ထွက်ရှိလို့လာပါပြီ… နောက်ထပ် Main role အနေနဲ့ Oat Pramote Pathan ကလည်း ပါဝင်ထားတာဖြစ်လို့ ကြည့်လို့ကောင်းမဲ့… ဇာတ်ကားတစ်ကားဆိုတာတော့ အသေအချာပါပဲ။ ဒီကားလေးကတော့ ပေါ့ပေါ့ပါးပါးလေးနဲ့ ရယ်ရမယ့်… ဟာသအက်ရှင်ကားလေးဖြစ်ပါတယ်။ မာနဆိုတဲ့ကောင်လေးဟာ အလုပ်ရယ်လို့ အတည်တကျမရှိဘဲ… တွေ့သမျှ အချိန်ပိုင်းအလုပ်ပေါင်းစုံပတ်လုပ်ပြီးတော့ ပိုက်ဆံရှာနေရတဲ့သူတစ်ယောက်ပါ။ မာနမှာ အမေနဲ့ ညီမလေးလည်းရှိပါတယ်။ ညီမဖြစ်သူမာနီကတော့ ကျောင်းတက်နေတုန်းအရွယ်ဖြစ်ပြီး အမေကတော့ စားသောက်ဆိုင်လေးဖွင့်ထားပေမယ့်… လက်ရာမကောင်းလို့ ဖောက်သည်မရှိ အကြွေးပတ်လည်ဝိုင်းနေသူပေါ့။ ဒီလိုမိသားစုအတွက် ကြိုးစားရုန်းကန်ရင်း… ရသမျှအချိန်ပိုင်းအလုပ်တွေကို သူငယ်ချင်းတွေနဲ့အတူတူလုပ်ရင်းနဲ့ သူလုပ်သမျှအလုပ်တိုင်းဟာ အဖျက်တွေဝင်လာပါတော့တယ်။ ဒီလိုဖြစ်ရတာကလည်း ငယ်စဉ်အခါတုန်းကကိစ္စလေးတစ်ခုကို ရန်ငြိုးထားနေတဲ့ ပွတ်ခ်ဆိုတဲ့သူကြောင့်ပဲဖြစ်ပါတယ်။ ငယ်ငယ်က ရန်ငြိုးကို မကျေနိုင်တဲ့ ပွတ်ခ်တစ်ယောက် မာန ဘာပဲလုပ်လုပ် လိုက်ပြီးဖျက်နေရတာကိုပဲ ကျေနပ်နေပြီး လိုက်နှောင့်ယှက်နေပါတော့တယ်။ ဒီလိုနဲ့ အကြွေးပတ်လည်ဝိုင်းနေတဲ့ ကိစ္စကို ရှင်းလင်းနိုင်ဖို့ ရသမျှအလုပ်ရှာလုပ်ရင်း ပိုက်ဆံရှာနေတဲ့ မာနနဲ့… မာန လုပ်သမျှ အလုပ်တိုင်းကို လိုက်နှောင့်ယှက်ပြီးဖျက်စီးနေတဲ့ ပွတ်ခ်တို့ ဘယ်လိုတွေ ရှေ့ဆက်ဖြစ်ကြဦးမလဲဆိုတာ… ရယ်ရင်းမောရင်းကြည့်ရှုရမယ့် ဇာတ်ကားကောင်းလေးဖြစ်ပါတယ်။ File Size : 1.82GB / 773MB Quality : WEB-DL 1080p / 720p Duration : 1 hr. 45 min. Genre : Action, Comedy Subtitle : Myanmar Subtitle (Hard Sub) Translated by Kim, Char Ou & Mary Encoded by Heather Oo

0 2024 105 mins
Mana Man
American Pie Presents: Band Camp
5

American Pie Presents ဇာတ်ကားတွေကတော့ နာမည်ကျော် American Pie မူလဇာတ်လမ်းရဲ့ Spin-off ဇာတ်ကားတွေဖြစ်ပါတယ်။ – American Pie Presents: Band Camp (2005) – American Pie Presents: The Naked Mile (2006) – American Pie Presents: Beta House (2007) – American Pie Presents: The Book of Love (2009) – American Pie Presents: Girls’ Rules (2020) ဒီ American Pie Presents ဇာတ်ကားတွေကတော့ မူလဇာတ်ကြောင်းနဲ့ဆက်စပ်မှုနည်းပါးသွားပြီး မူလဇာတ်လမ်းထဲက Jim ရဲ့ အဖေဖြစ်သူ လက်ဗင်စတိန်းနဲ့ Stifler ရဲ့ အမျိုးတွေလောက်သာ ပါလာပြီး တစ်ကားကို ဇာတ်လမ်းတစ်ခုစီဖြစ်ပါတယ်။ +++++++++++++++ American Pie Presents: Band Camp (2005) Band Camp ဆိုတာကတော့ အရင်ခေတ်က သံစုံတီးဝိုင်းအဖွဲ့တွေကို အားလပ်ရက်မှာ စခန်းသွင်းလေ့ကျင့်ပြီး ပြိုင်ပွဲကျင်းပတဲ့အကြောင်းကို ဇာတ်အိမ်တည်ရိုက်ကူးထားတာဖြစ်ပါတယ်။ မက်စတစ်ဖလာဆိုတဲ့ ကောင်လေးဟာ ဟောလိဝုဒ်မှာနာမည်ကြီး လူကြီးဇာတ်ကားတည်းဖြတ်ပြီး နာမည်ကြီးသွားတဲ့ ဇာတ်လိုက်ကျော် စတိဗ်စတစ်ဖလာရဲ့ ညီလေးဖြစ်ပါတယ်။ မက်က သူ့အစ်ကိုကို ဘယ်လောက်အားကျသလဲဆိုရင် သူ့အစ်ကိုလုပ်ခဲ့တဲ့ကိစ္စတွေမှန်သမျှကို လိုက်လုပ်ပြီး သူ့အစ်ကိုရဲ့အသိအမှတ်ပြုတာကိုခံချင်တဲ့အထိပါပဲ။ ဆိုးသည်ဖြစ်စေ မိုက်သည်ဖြစ်စေ ညစ်ညမ်းသည်ဖြစ်စေ၊ မကောင်းတဲ့အရာမှန်သမျှကို လိုက်လုပ်တဲ့အတွက် အိမ်ကနေ သူ့ကိုလက်မခံဘဲ သီးသန့်ခွဲနေရတဲ့အထိဖြစ်သွားပါတယ်။ မက်က အိမ်မှာတင်မကဘဲ ကျောင်းမှာလည်း သူ့အစ်ကိုလို နာမည်ဆိုးနဲ့ဟိုးလေးတစ်ကျော်ကျော်ဖြစ်တဲ့သူပါ။ ဒီလိုနဲ့ ကျောင်းရဲ့စည်းကမ်းထိန်းသိမ်းရေးမှူးကနေ သူ့ကိုကျောင်းပိတ်ရက်မှာ ကျောင်းကသံစုံတီးဝိုင်းအဖွဲတွေနဲ့အတူတူ စခန်းသွင့်လေ့ကျင့်ခိုင်းရင်းနဲ့ ဇာတ်ကြောင်းလေးက ဖန်လာပါတော့တယ်။ မက်တစ်ယောက် တီးဝိုင်းစခန်းကိုရောက်ပြီးနောက် သူ့ရဲ့အကျင့်ဆိုးတွေပျောက်သွားမလား၊ လူတစ်ယောက်ကို ပတ်ဝန်းကျင်တစ်ခုကနေ မတူညီတဲ့နောက်ပတ်ဝန်းကျင်တစ်ခုကို ဆွဲထည့်လိုက်တဲ့အခါ အကျင့်စရိုက်တွေ အနည်းနဲ့အများ ဘယ်လိုပြောင်းလဲသွားလဲဆိုတာကို ဒီဇာတ်လမ်းထဲမှာ ဟာသဆန်ဆန် ရသအပြည့်နဲ့ခံစားရမှာပဲဖြစ်ပါတယ်။ ဘာဆင်ဆာမှမဖြတ်ထားတဲ့ Unrated Version ကို တင်ဆက်ထားပြီး CM အနေနဲ့ မြန်မာစာတန်းထိုးကိုလဲ ယခင်ကထက်ပိုမိုကောင်းမွန်အောင် ပြင်ဆင်ပေးထားပါတယ်။ (American Pie ဇာတ်ကားတွေက အဖော်အချွတ်ခန်းတွေနဲ့ အပြောအဆိုတချို့ကြောင့် R-Rated အဆင့်ဖြစ်ပြီး မိသားစုနဲ့ကြည့်လို့မရပါဘူး။)

Family • Comedy • Mystery • Animation
5 2005 94 mins
American Pie Presents: Band Camp
Bila Esok Ibu Tiada
5.7

Bila Esok Ibu Tiada (2024) “တစ်နေ့နေ့ အမေမရှိတော့တဲ့အခါ…” ဒီတစ်ခါ‌တော့ မိဘရှိသူတိုင်း သားသမီးရှိသူတိုင်း ကြည့်သင့်တဲ့ မိသားစု-ဒရာမာ အင်ဒိုနီးရှားဇာတ်လမ်းလေးတစ်ပုဒ် တင်ဆက်ပေးပါရစေ။ ‘ခလုတ်ထိမှအမိတ’ ဆိုသလိုပဲ လူတော်တော်များများက အရေးမကြုံရင် မိဘကိုမေ့နေတတ်ကြပါတယ်။ ရှိနေတုန်း တန်ဖိုးထားဖို့ မေ့လျော့နေတတ်ကြပါတယ်။ အခုဇာတ်လမ်းလေးကလည်း မိဘနဲ့သားသမီးတွေကြားမှာ ဖြစ်တတ်တဲ့အဲဒီသဘာ၀ကို ရိုးရိုးလေးရိုက်ကူးပြသထားတာပါ…။ ရာမီဟာ ချစ်ခင်ပွန်းရယ် သားသမီးလေးယောက်ရယ်နဲ့ ပျော်စရာမိသားစုဘ၀လေးကို ပိုင်ဆိုင်ထားသူပါ။ ဒါပေမဲ့ လောကဓံရဲ့မမြဲခြင်းတရားက သူတို့ရဲ့မိသားစုဘ၀လေးကို ရိုက်ခတ်သွားခဲ့ပါတယ်။ တစ်နေ့တော့ ခင်ပွန်းသည်ရုတ်တရက်ကွယ်လွန်ပြီး ရာမီ့ကိုခွဲခွာသွားပါတယ်။ အရွယ်ရောက်နေတဲ့ သားသမီးတွေကလည်း အလုပ်အသီးသီးနဲ့ ရာမီ့ကို ထပ်မံခွဲခွာသွားခဲ့ပြန်ပါတယ်။ ဒီလိုနဲ့ အမေ့မွေးနေ့ကိုတောင်မေ့နေကြတဲ့ သားသမီးလေးယောက်နဲ့ အထီးကျန်နေတဲ့ ရာမီတို့ ဘယ်လိုရှေ့ဆက်စခန်းသွားကြမလဲ၊ ဘယ်လိုမိသားစုပြဿနာတွေ ကြုံတွေ့ရဦးမလဲဆိုတာ ကြည့်ကြရမှာ ဖြစ်ပါတယ်။ ဒီဇာတ်လမ်းလေးထဲကအတိုင်း အသက်အရွယ်ရလာတဲ့ မိအိုဖအိုတွေရဲ့အထီးကျန်မှုကို ကိုယ်တိုင်မိဘနေရာရောက်သွားရင်ဆိုတဲ့ ကိုယ်ချင်းစာနာစိတ်နဲ့ ခံစားနားလည်ပေးရင်း ကြည့်ရှုခံစားလိုက်ကြပါဦး။ (ဒီဇာတ်လမ်းအတွက် အညွှန်းနဲ့ဘာသာပြန်တွေကတော့ Cym~Alex~KKKZ~ToMo~Yunni တို့ ဖြစ်ပါတယ်။)

Thriller • Crime
5.7 2024 104 mins
Bila Esok Ibu Tiada
Ha Ha Ha
6.7

Ha Ha Ha (2010) ***************** နာမည်ကြီး သရုပ်ဆောင်များစွာပါဝင်တဲ့ ဒီကားလေးကတော့ ဒါရိုက်တာ ဟုန်းဆန်ဆူး ကိုယ်တိုင်ရေးပြီး ကိုယ်တိုင်ရိုက်ကူးထားတဲ့ ဟာသ ဒရာမာအမျိုးအစားလေးပဲဖြစ်ပါတယ်။ ဇာတ်လမ်းထဲမှာတော့ ရုပ်ရှင်ဒါရိုက်တာတစ်ယောက်ဖြစ်တဲ့ ဂျိုမွန်းဂယောင်းက ကိုရီးယားကနေထွက်ခွာပြီး ကနေဒါမှာ သွားနေဖို့ အကြောင်းဖန်လာတယ်။ သူမသွားခင်မှာ သူ့သူငယ်ချင်းဖြစ်တဲ့ ရုပ်ရှင်ဝေဖန်ရေးသမား ဘန်ဂျောင်ရှစ်နဲ့ အရက်အတူသောက်ရင်း သူတို့ ထုံးယောင်းကို သွားခဲ့ဖူးတဲ့အကြောင်းတွေကို ပြန်ပြီး စားမြုံ့ပြန်ပြောကြတယ်။ ဒါပေမဲ့ တစ်ယောက်အကြောင်း တစ်ယောက်ပြောကြတဲ့အခါ ပျော်စရာကောင်းခဲ့တဲ့အမှတ်တရတွေပဲ ပြောရမယ်လို့ သတ်မှတ်ထားခဲ့ကြတယ်။ ဒီလိုနဲ့ ပျော်ပျော်ရွှင်ရွှင် အတိတ်ကအကြောင်းတွေ အချင်းချင်းဖလှယ်ကြရင်းနဲ့ တိုက်ဆိုင်စွာပဲ သူတို့နှစ်ဦး သွားခဲ့တဲ့နေရာတွေလည်း တူနေသလို သူတို့နဲ့ ဆုံခဲ့တဲ့သူတွေဟာလည်း တူနေကြတာပါပဲ။ သူတို့သူငယ်ချင်းနှစ်ယောက် ဘယ်လိုလူတွေနဲ့ ဆုံခဲ့ကြလဲ … ဘယ်လိုစိတ်ဝင်စားစရာကောင်းတဲ့ကိစ္စမျိုးတွေ ကြုံခဲ့ကြလဲ .. ဆိုတာကို ဒါရိုက်တာဟုန်းဆန်ဆူးက မြင်နေကျမဟုတ်ဘဲ ကွဲထွက်နေတဲ့ ဖန်တီးမှုပုံစံတစ်မျိုးနဲ့ ရိုက်ကူးတင်ဆက်ထားတာဖြစ်တဲ့အတွက် ရုပ်ရှင်ချစ်သူတွေ ကြည့်ရှုသင့်တဲ့ ဇာတ်ကားကောင်းတစ်ကားပါပဲနော်။ (အညွှန်းကို M မှ ရေးသားထားပါတယ်) File size…1.76GB / 816MB Quality… WEB-DL 1080p/ 720p Format…mp4 Duration….1h 56m Genre ….. Comedy, Romance, Drama Subtitle….Myanmar Subtitle (Hard Sub) Translated by M Encoded by AHtet

Crime • History • Thriller
6.7 2010 116 mins
Ha Ha Ha
Monkey Trouble
5.3

ဒီဇာတ်ကားလေးကတော့ မိသားစုနဲ့အတူတူ ကြည့်လို့ရတဲ့ ချစ်စရာ တိရစ္ဆာန်ဇာတ်ကား‌လေးပဲ ဖြစ်ပါတယ်။ ဒီထဲကအဓိကဇာတ်ကောင်က တခြားမဟုတ်ဘဲ မျောက်ကလေးတစ်ကောင်ပဲ ဖြစ်ပါတယ်။ အီဗာဆိုတဲ့ ကောင်မလေးကအိမ်ကလည်းမနိုင် အိမ်ကိုလည်းမပိုင်တဲ့ ဂျစ်ကန်ကန်နဲ့ကလေးမလေးတစ်ယောက်ပေါ့။ သူ့ခမျာ အိမ်မွေးခွေးတစ်ကောင်လောက် မွေးချင်‌ပေမဲ့ ပထွေးဖြစ်သူ တွမ်က တိရစ္ဆာန်အမွေးနဲ့ ဓါတ်မတည့်လို့ မွေးခွင့်မရဘဲ ဖြစ်နေတာပါ။ အဲဒီအချိန် သူ့ဆီကို ဆိုက်ဆိုက်မြိုက်မြိုက်ကြီးရောက်လာတာက ဒေါ့ဂျာရယ်လို့ ဖြစ်လာမယ့် မျောက်ကလေးတစ်ကောင်ပါ။အဲဒီမျောက်ကလေးက လမ်းဘေး ဖျော်ဖြေသူတစ်ယောက်က မွေးထားတာဖြစ်ပြီး ပရိသတ် တွေဆီကနေ မျောက်ပြဆန်တောင်းလုပ်ရင်း ပိုက်ဆံတွေ လက်ဝတ်ရတနာတွေ အလစ်သုတ်တတ်အောင် လေ့ကျင့်ပေးထားတဲ့ စောရမျောက်လေး ဖြစ်နေတာပါ။ နဂိုထဲကတိရစ္ဆာန်မွေးချင်နေတဲ့ အီဗာဆီကို အဲဒီမျောက်ကလေးရောက်သွားတော့ အိမ်ကလူတွေမသိအောင် မွေးထားရင်းမျောက်လေးရဲ့ မကောင်းတဲ့အကျင့်ကို သိသွားတဲ့အခါသူရှာ‌‌ထားတဲ့ပြဿနာတွေကို အိမ်ကမသိအောင် ရှင်းရင်းအီဗာတစ်ယောက် ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌ဗျာများရပုံတွေကို ဟာသလေးနှောပြီးရိုက်ကူးထားတဲ့ ပေါ့ပေါ့ပါးပါးဇာတ်ကားလေးတစ်ကားပဲဖြစ်ပါတယ်။ File size… 3.18 GB / 1.3 GB Quality… WEB-DL 1080p / 720p Format… mp4 Audio… AAC Duration…. 1h 36m Genre ….. Comedy/Family Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated… by Thaung Htike Zaw

Action • Crime • Drama
5.3 1994 96 mins
Monkey Trouble