YoteShin Drive is below this article. Scroll down to view.

YouTube testing a feature to view 4K video to premium

Author: Anonymous Published on: 12 Aug 2022

Google is now experimenting with new features in YouTube, one of the most commonly used video streaming platform, the most commonly used video streaming platform. But most of the test features are testing youTube premium using the monthly amount of money. In the past few weeks, Google was trying to add a lot of advertisements before the start of the video from YouTube. Now, there is only one feature to prioritize people who buy more premium. This is a need for premium if you want to view YouTube videos with 4K resolution. Therefore, if you are free using YouTube, you will be able to view 4K, but only 2K or 1440p. Currently, some users are experimenting with this kind of users, and it is not known whether Google will actually act later. Ref & # 8211; Neowin

YoteShin Drive

Sign in using google and save to your drive

The.King.of.Tears.Lee.Bang.Won.2021.EP21(720p).mp4

377.67 MB N/A video/mp4 1001 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Sissy
6.2

Rotten Tomatoes - 96% IMDb Rating - 6.2/10 ဒီတစ်ခေါက် တင်ဆက်ပေးချင်တာကတော့ rotten Tomatoesမှာ rating 92%အထိ ရရှိထားတဲ့ Horror/ Mystery ဇာတ်‌လမ်းကောင်း လေးတစ်ခုပါ။ အားလုံးပဲ သိကြတဲ့အတိုင်း Psycho Killer ထဲမှာ အဆိုးဆုံးတွေက ကိုယ့်ကိုယ်ကိုယ် psycho ဖြစ်နေမှန်းမသိ ကိုယ်လုပ်တာ မှန်တဲ့ဆိုတဲ့ psycho တွေပါ။ ဒီဇာတ်ကားထဲမှာလည်း Sissy ကအဲဒီလိုကောင်မလေး ပေါ့။ ဒါပေမဲ့လည်း ဘယ်လောက်ပဲ Psycho ဆန်ဆန် သူတို့ကိုသွားမထိရင် Psycho တွေကလည်း အေးဆေးပါပဲ။ ဇာတ်လမ်းရဲ့အကျဉ်းချုပ်ကတော့ Sissy နဲ့ Amber တို့ဟာ တစ်ယောက်နဲ့ တစ်ယောက် ဘယ်တော့မှ မခွဲဘူး အတူတူ အသက်ကြီးပြင်းသွားကြမယ်လို့ ကတိပေးထားကြတဲ့ သူငယ်ချင်း ကောင်းတွေ ဖြစ်ခဲ့ကြပါတယ်။ Alex ဆိုတဲ့ကောင်မလေး ပရိတ်သတ်ရှေ့ကို မပေါ်ထွက်လာခင်အချိန်အထိပေါ့။ လူတွေနဲ့ ပေါင်းသင်းဆက်ဆံလို့ အဆင်‌ မပြေတဲ့ Sissy တစ်ယောက် Amma နဲ့ Sissyတို့ရဲ့ ငယ်ဘဝပုံရိပ်တွေ အမှတ် တရတွေကြားထဲကနေ ရုံးမထွက်နိုင်ခဲ့ပါဘူး။ ဒါ့အပြင် ပြဿနာတစ်ခုဖြစ်ပြီး ဝေးကွာခဲ့တာကြောင့် ၁၀စုနှစ်တစ်ခုကြာအောင် ပြန်မတွေ့ဖြစ်တော့ပါဘူး။ တစ်နေ့မှာတော့ Sissy ဈေးဝယ်ရင်း Amma နဲ့ ပြန်ဆုံတွေ့တဲ့အခါမှာ Ammaတစ်ယောက် ချစ်ရမဲ့သူကိုတွေ့ပြီး စေ့စပ်ပါတီပွဲ လုပ်မှာဖြစ်တာကြောင့် Sissyကိုလာဖို့ ဖိတ်ခဲ့ပါတယ်။ နောက်ပိုင်း သူတို့နှစ်ယောက် အရင်လိုပြန်ရင်းနှီးသွားကြမှာလား၊ ငယ်ငယ်က ဖြစ်ခဲ့တဲ့ ပြဿနာကို မေ့ပျောက် သွားနိုင်မလား၊ ဘာတွေဆက်ဖြစ်လာဦးမှာလဲ စတာတွေကို Horror/ Mystery ဆန်ဆန် ရိုက်ကူးတင်ဆက်ထားပါတယ်။ ကြည့်ရှုခံစားပေးကြပါဦး။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ June ဖြစ်ပါတယ်) File Size..........(1.81 GB) / (700 MB) / (480 MB) Quality............WebRip 1080p / 720p / 480p Duration.........1Hr 42mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Comedy, Drama, Horror Translator.......June Encoder..........SWM

Fantasy • Horror
6.2 2022 102 mins
Sissy
Defense Bomb Crisis

Defense Bomb Crisisဆိုတဲ့ actionကားလေးကတော့ ၂နိုင်ငံငြိမ်းချမ်းရေးဖို့ ဆွေးနွေးမဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို အကြမ်းဖက်သမားတွေ ဝင်ရောက်နှောက်ယှက်တဲ့ ဇာတ်ကားလေးဖြစ်ပါတယ် ကျွန်တော်တို့ရဲ့ မင်းသား ဖူဖန်းက ဗုံးဖြိုခွဲရေး ဗုံးကာကွယ်ရေးတပ်ဖွဲ့ကပါ ဒီတစ်ခါ အကြမ်းသမားရန်ကနေ အထက်လူကြီးတွေကိုကာကွယ်ဖို့ ဖူဖန်းကတာဝန်ယူလုပ်ဆောင်ပေးရတာဖြစ်ပါတယ် ခူဇ နဲ့ လန်ဖဆိုတဲ့လူသတ်သမားမောင်နှမ ၂ယောက်လည်း တစ်ယောက်ကလူကောင်း တစ်ယောက်ကလူဆိုးအဖြစ် အဖွဲ့အစည်း ၂ခုခွဲပြီးတိုက်ခိုက်‌နေရတာဖြစ်ပါတယ် အရှေ့မှာလည်းပေါက်ကွဲမှု ၂ကြိမ်ဖြစ်ထားပြီးတဲ့အတွက် ငြိမ်ချမ်းရေးဆွေးနွေးပွဲကိုမလုပ်ပဲ ရပ်တန့်ဖို့ပြောနေတဲ့ အစိုးရအရာရှိကတစ်ဖက်ဆွေးနွေးပွဲကိုဖြစ်မြောက်အောင်မြင်အောင်လုပ်မဲ့ အရာရှိကတစ်ဖက်နဲ့ ဖူဖန်းကကြားမှာရောက်သ‌လိုဖြစ်နေပြန်တယ် နောက်ဆုံးအကြိမ် အကြမ်းဖက်သမားတွေရဲ့ ခြိမ်းခြောက်မှုအရ ပေါက်ကွဲမှုထပ်မဖြစ်ပွားအောင် ဖူဖန်းက ဗုံးတပ်ဖွဲ့ဝင်ထဲဝင်ရောက်ပြီး ဆွေးနွေးပွဲကိုဆက်လုပ်ကျင်းပဖို့တာဝန်ထမ်းဆောင်ခဲ့ပါ အကြမ်းဖက်သမားရဲ့ခေါင်းဆောင်ကဘယ်သူဖြစ်မလဲ စစ်ပွဲ တိုက်ပွဲကြားက အကျိုးအမြတ်ထုတ်ချင်တဲ့ အထက်လူကြီးတွေရဲ့ အကျင့်စရိုက်ကိုလည်း ဒီဇာတ်ကားလေးမှာတွေ့ရမှာဖြစ်ပါတယ် ဗုံးဖျူးကြိုးညှပ်ဖို့ စဉ်းစားပြီး actionချကွက်ကောင်းကောင်းလေးကြည့်ချင်ရင်တော့ ဒီဇာတ်ကားလေးကိုကြည့်ရှုဖို့ recommendပေးချင်ပါတယ် Quality : WEB-DL 1080p , 480p Format : mp4 Duration : 1h 10 min Genres : Drama , Crime Subtitle : Myanmar Subtitle ( Hardsub ) Translated by Yunn Encoded by LK

Crime • Drama • Thriller
0 2021 70 mins
Defense Bomb Crisis
One Hundred and One Dalmatians
7.3

One Hundred and One Dalmatians (1961) ~ IMDb – 7.3/10, Rotten Tomatoes – 98% ~ ပထမဆုံးပြောချင်တာကတော့ Animated Movies တွေကို ရှေးခေတ်က ဖန်တီးတဲ့နေရာမှာ အသုံးပြုခဲ့တဲ့ နည်းလမ်းတွေပေါ့ဗျာ။ ဓာတုဆေးရည်တွေသုံးပြီး အရောင်ခြယ်ပုံတွေ မိတ္တူဆွဲခဲ့ကြတုန်းက အရောင်စိုစိုပြောင်ပြောင်တွေ ရခဲ့တဲ့ခေတ်အပြီးမှာတော့ မင်ခြောက်ကိုသုံးပြီး မိတ္တူဆွဲ Cell ထဲထည့်တဲ့ခေတ်ကို ရောက်လာပါတယ်။ မနှင်းဖြူနဲ့ လူပုလေးတွေ၊ အခုတင်ဆက်မယ့် ဒယ်မေးရှင်း တစ်ရာ့တစ်ကောင် တို့ကစလို့ နှောင်းပိုင်း Animated Movies တွေအထိ ဆင့်ကဲတိုးတက်သုံးစွဲလာတဲ့ နည်းလမ်းတစ်ခုပါ။ မင်ခြောက်ဖြစ်တဲ့အတွက် အရောင်တွေက သဘာဝနဲ့နီးစပ်ပြီး မိတ္တူဆွဲပြီးတာနဲ့ Cell တွေထဲ တစ်ခါတည်းထည့်လို့ Computerized Animation လုပ်လို့လည်း ရသပေါ့လေ။ ဒါပေမဲ့ 101 Dalmatians မှာတော့ Computer ရဲ့ Artificial Intelligence က ဆက်ဆွဲပေးတဲ့ 3D Sensor Automatic Drawing တွေ မပါလို့ တစ်ပုံချင်းဆီကို အသေးစိတ် ဆွဲပေးခဲ့ရပါတယ်။ ဒါ့ကြောင့်မလို့ 101 Dalmatians မှာ ပုံပေါင်း တစ်သိန်းတစ်သောင်းကျော် လက်နဲ့ရေးဆွဲခဲ့ရတာပေါ့ဗျာ။ မျက်လုံးထဲ မြင်အောင်ပြောရရင် ခွေးကလေးက လမ်းလျောက်လာရင်း လမ်းတစ်ဖက်ကို လှည့်ကြည့်လိုက်တဲ့ Cut လေး ဆွဲကြမယ်ဆိုပါတော့။ 3D Sensor နဲ့ ဖတ်ပြီး ဆက်လက်ဆွဲနိုင်ဖို့ မူလ အသေးစိတ်ကျကျပုံ ဆယ်ဂဏန်းလောက် ဆွဲပေးနိုင်ရင် Computer ကနေ အလိုအလျောက် ဆက်ဆွဲပေးပြီး Animated လုပ်ပေးပါတယ်။ လူမပန်းတော့ပါဘူး။ ဒါပေမဲ့ ဒီဇာတ်ကားလုပ်ခဲ့တဲ့နှစ်ကတော့ ပုံတိုင်းကို အသေးစိတ် ရှုတောင့်ပေါင်းစုံကနေ ရေးဆွဲပေးရလို့ လက်ဝင်ပြီး ပင်ပန်းရတာပေါ့။ စာအုပ်တောင့်လေးမှာ ပုံတွေဆွဲပြီး စာရွက်တွေ တဖျပ်ဖျပ်လှန်လိုက်ရင် လှုပ်ရှားလာတဲ့ အခြေခံသဘောတရားပါပဲ။ ဒီဇာတ်ကားမှာ ဒယ်မေးရှင်းတွေရဲ့ ဝိသေသဖြစ်တဲ့ အနက်ရောင် အစက်အပြောက်လေးတွေ သိကြမှာပါ။ ရေးဆွဲသူတွေဟာ ပွန်ဂို အတွက် အစက် ၇၂ စက်၊ ပါဒီတာ အတွက် အစက် ၇၈ စက်၊ ကလေးတစ်ကောင်ချင်းစီအတွက် ၃၂ စက်၊ စုစုပေါင်း ၃၃၁၈ စက် ရှိပါတယ်။ ဒါ့ကြောင့်မလို့ တစ်ရာ့တစ်ကောင်လုံးကို ပြိုင်တူပြတဲ့အခန်းတွေကို မြှောက်ကြည့်လိုက်ရင် အစက်ပေါင်း ၆၄၆၉၉၅၂ စက် ဆွဲခဲ့ရပါတယ်တဲ့။ လူကြီးမင်းကသာ ရေးထားတဲ့ ဂဏန်းတွဲကို ကျော်သွားတာပါ။ တကယ်ရေခဲ့တဲ့သူကတော့ အတည်ကြီး ရေသွားတာဗျ။ အဲဒီအစက်တွေဆွဲဖို့သက်သက်အတွက် အနုပညာအသင်းတစ်ခု ဖွဲ့ခဲ့ရသတဲ့။ ဖြစ်ရပ်မှန်ဇာတ်လမ်းကို အခြေခံထားပြီး ကားထဲက ခွေးဟောင်သံတွေအားလုံးဟာ လူတွေတုပပြီး ဟောင်ထားတဲ့ လူဟောင်သံတွေပါနော်။ သုတ်ဆေး ၉၅၇၉ ပေါင် သုံးစွဲခဲ့ပြီး ဘောလုံးကွင်း ၁၅ ခုကို ဆေးသုတ်ပစ်လို့ရတဲ့ ပမာဏဗျ။ Cruella ကို ဒစ်စနေး က မင်းသမီးတစ်ယောက် နမူနာကြည့်ပြီး ဆွဲထားသတဲ့။ ဘယ်သူလဲ သိချင်ကြလား။ ဒယ်မေးရှင်းအစစ်တွေမှာ အဖြူဆွတ်ဆွတ်ဖြစ်ပေမဲ့လို့ ကာတွန်းထဲမှာတော့ ကာလာသီအိုရီအရ မီးခိုးရောင်ဖျော့ထားရပါတယ်။ ဇာတ်လမ်းကတော့ အားလုံးနီးပါးကြည့်ဖူးကြတဲ့ ‌ဒယ်မေးရှင်းခွေး တစ်ရာ့တစ်ကောင်ဇာတ်ကားအတိုင်းပါ။ Live Action ပြန်ရိုက်ထားပြီး CM မှာလည်း တင်ဆက်ခဲ့ပါတယ်။ ဒါပေမဲ့ မူရင်း Animated ဇာတ်ကားမရှိတာကြောင့် ပြန်လည်တင်ဆက်ပေးလိုက်တာပါ။ ဒယ်မေးရှင်းခွေးအမျိုးအစားဖြစ်တဲ့ ပွန်ဂိုတစ်ကောင် သခင့်အတွက်ဇနီးလောင်းရှာပေးရင်း ကိုယ်တိုင်လည်း ဇနီးချောလေးတစ်ယောက်ရတာကနေ စတဲ့ ဇာတ်လမ်းဖြစ်ပါတယ်။ ပွန်ဂိုနဲ့ သူ့ချစ်ဇနီးလေးတို့က ခွေးပေါက်လေး ၁၅ ကောင်မွေးခဲ့ပါတယ်။ အဲဒါကို ဒယ်မေးရှင်း ခွေးသား‌မွေးအင်္ကျီ ချုပ်ဝတ်ချင်တဲ့ သခင်မရဲ့ သူငယ်ချင်း Cruella က ခွေးပေါက်လေးတွေကို လာဝယ်ပါတော့တယ်။ မရောင်းဘူးပြောပြီး မောင်းထုတ်ခံလိုက်ရတဲ့ Cruella က လူမိုက်ငှားပြီး ခွေးလေးတွေကို ခိုးပါတော့တယ်။ ဒီဇာတ်ကားက ခွေးလေးတွေကို ဇာတ်ဆောင်တင်ရိုက်ရလို့ လူတွေကို ညံ့ဖျင်းသူတွေအဖြစ် သိသိသာသာ ဇောင်းပေးထားရပါတယ်။ သခင်လုပ်သူကလည်း ဘာမှမလုပ်တတ်မကိုင်တတ်၊ သီချင်းရေးဆရာဘဝနဲ့ ငွေမရှာနိုင်သူကြီးပါ။ သခင်မကလည်း ခင်ပွန်းကိုပဲမှီခိုပြီး စားဝတ်နေရေးကို ပင်ပန်းစွာ စီမံနေရသူပေါ့။ စီးပွားရေးညံ့ဖျင်းတာထားပါလေ။ ခွေးပေါက်လေးတွေ ပျောက်တဲ့အချိန်မှာ ရဲကိုတိုင်ပြီး အိမ်မှာငုတ်တုတ်ထိုင်စောင့်နေရလောက်အောင်ကို ညံ့ဖျင်းကြသူတွေပါ။ ဒါတင်မက ခွေးလေးတွေကို ပွန်ဂိုတို့လင်မယားနှစ်ယောက် အခက်ခဲတွေကျော်ဖြတ်ပြီး သွားကယ်ရတဲ့အခါမှာတောင် သူတို့ခွေးတွေ အိမ်ကထွက်ပြေးသွားတယ်လို့ ထင်ကြသူတွေပါ။ အံ့ပါရဲ့လေ။ သူတို့အလိုသာဆို ခွေးပေါက်လေး ၁၅ ကောင်ရယ်၊ အခြားနေရာက ဖမ်းလာတဲ့ ခွေးပေါက်လေး ၈၄ ကောင်ရယ်ပါ သားမွေးအင်္ကျီဖြစ်ရဖို့ရှိပါတယ်။ ဒီလိုနဲ့ ခွေးလေးတွေကိုကယ်ဖို့ ခရီးကြမ်းထွက်ခဲ့ရတဲ့ ဒယ်မေးရှင်းလင်မယားရယ်၊ သူတို့ရဲ့ တစ်ရာ့တစ်ကောင်အိမ်အပြန်ခရီးရယ်ကို အရင်အချိန်တွေ ပြန်သတိရရင်း ကြည့်ရှုနိုင်မှာဖြစ်လို့ လက်လွတ်မခံဖို့ အကြံပေးလိုပါတယ်နော်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Arr Khun Winchester မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.85GB, 740MB Quality – 1080p, 720p IMDb Rating – 7.3/10 Format – mp4 Duration – 1H 19Min Genre – Animation, Adventure, Comedy Subtitle – Myanmar Subtitle (Hardsub) Translated by Arr Khun Winchester Encoded by Y

Action • Thriller • Mystery
7.3 1961 79 mins
One Hundred and One Dalmatians
Die Tomorrow
7.1

Die Tomorrow (2017) အကယ်၍များ မနက်ဖြန်မှာ သေဆုံးရမယ်ဆိုရင် နောက်ဆုံးအနေနဲ့ အလုပ်ချင်ဆုံးအရာက ဘာများဖြစ်မလဲ။ လူတိုင်းဆီမှာ မသေခင် လုပ်သွားချင်တဲ့ အရာလေးတစ်ခုတော့ ရှိစမြဲပါပဲ။ မွေးဖွားပြီးရင် သေဆုံးရမယ်ဆိုတာကို လက်သင့်ခံနိုင်ကြပြီးသား လူသားတွေက သေဖို့ကို မကြောက်ကြပါဘဲ မသေခင် လုပ်သွားချင်တဲ့ အရာလေးတွေ မပြီးမြောက်သွားမှာကိုသာ စိုးရိမ်တတ်ကြတာပါ။ ဒီအကြောင်းအရာတွေကပဲ Indie ဇာတ်လမ်းတွေရဲ့ ဆရာတစ်ဆူဖြစ်တဲ့ ထိုင်းနာမည်ကြီး ဒါရိုက်တာ၊ Heart Attack, Mary Is Happy , Mary Is Happy နဲ့ Happy Old Year စတဲ့ နာမည်ကြီး ဇာတ်လမ်းတွေရဲ့ ပဲ့ကိုင်ရှင် Nawaphon Thamrongrattanarit အတွက် ဖန်တီးချင်စရာ ဇာတ်လမ်းကောင်းလေးတစ်ပုဒ်ဖြစ်လာတော့တာပါ။ Die Tomorrow က ဇာတ်လမ်းတိုတွေကို စုစည်းထားတဲ့ ဇာတ်ကားတစ်ပုဒ်လို …၊ သေခြင်းတရားအကြောင်းတွေကို တင်ဆက်နေတဲ့ မှတ်တမ်းရုပ်ရှင်တစ်ကားလို….၊ မဆက်စပ်ဘူးဆိုပေမယ့် နီးစပ်နေတဲ့ အကြောင်းအရာတစ်ခုလို…၊ မခံစားတတ်ရင် အီလည်လည်ဖြစ်နေမှာပေမယ့် ခံစားတတ်သူတွေကျပြန်တော့လည်း ရင်ထဲနင့်ခနဲနေအောင်ကို ခံစားရစေပြန်ပါတယ်။ လူတွေက သေသွားတဲ့သူတွေကိုတော့ စိတ်မဝင်စားတတ်ကြပေမယ့် မသေခင် သူတို့ ဘာလုပ်သွားကြသလဲဆိုတာကိုတော့ သိချင်တတ်ကြပါတယ်။ လက်စွမ်းထက်တဲ့သူက ရိုက်ထားတဲ့ ဇာတ်ကားလည်းဖြစ်သလို IMDb Rating 7.1 တောင် ရထားတဲ့ဇာတ်ကားမို့ အနည်းနဲ့အများတော့ စိတ်ကျေနပ်မှု ရစေမှာတော့ အသေအချာပါပဲ။ မိုးရာသီမှာ စောင်ပုံလေးထဲကွေးပြီး chill နိုင်ဖို့အတွက် CM ကနေတင်ဆက်ပေးလိုက်ပါတယ်။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Hazel ပဲ ဖြစ်ပါတယ်။ Genre….. Drama Quality…. 1080p | 720p File size… 629MB | 291MB Format… mp4 Duration…. 1h 15min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Hazel Encoder ….. Aaron

7.1 2017 75 mins
Die Tomorrow
Rucker the Trucker
4

Rucker the Trucker (2022) =================== ဒီတစ်ခါ ထရပ်ကားလေးနဲ့ပုံဆွဲရအောင်… ဘာပုံလဲဆိုတော့… လူပုံပါ ဘယ်သူ့ပုံလဲဆိုတော့… ချစ်လှစွာသောဇနီးပုံလေးပေါ့ ထရပ်ကားမောင်းရတာကို အရမ်းသဘောကျလွန်းလို့ လမ်းမပေါ်မှာပဲ နေ့ရက်တွေကုန်ဆုံးခဲ့တဲ့ ရပ်ကာ ကတော့ သူ့မိန်းမကိုအရမ်းချစ်ပါသ တဲ့။ ချစ်လွန်းလို့ မိန်းမရဲ့ရုပ်ပုံလွှာကို မြေပုံပေါ်မှာအစက်လေးတွေချပြီး ရုပ်ပုံပေါ်အောင်လုပ်ကာ သူ့အချစ်ကိုသက်သေပြချင်နေပါတယ်။ သူ့ရဲ့ ရည်ရွယ်ချက်ကတော့ သူ့ကိုစွန့်ခွာခဲ့တဲ့ ဇနီးဟောင်းဒါလိန်းကို သူ့ဆီပြန် လာစေချင်တာပါ။ သူ့ရဲ့မဟာဖန်တီးမှုကို မှတ်တမ်းရုပ်ရှင်အဖြစ်ရိုက်ကူးပြီး လိုက်ကူညီပေး နေတာ မက်ဂီလို့ခေါ်တဲ့အပျော်တမ်းဓါတ်ပုံဆရာတစ်ယောက်။ ပြီးတော့ ထရပ်ကားမောင်းဆရာတွေရဲ့ဘဝကိုလည်း စိတ်ဝင်စားတာကြောင့် အင် တာဗျူးတွေလုပ်ပြီး ရပ်ကာနဲ့အတူ မြေပုံပေါ်မှာပုံရိပ်ထင်အောင် ကြိုးစား ပေးနေတဲ့သူပေါ့။ ဒါပေမဲ့ ရပ်ကာက မြေပုံပေါ်က အစက်လေးတွေနေရာ ကို ဘယ်လိုရွေးချယ်ခဲရ့လဲ၊ မက်ဂီကရော သူစိမ်းတစ်ယောက်ရဲ့ဖန်တီးမှုမှာ ဘာလို့ကူညီပေးခဲ့တာလဲ၊ ရပ်ကာရဲ့ဇနီးဟောင်း ဒါလိန်းကရော ဘယ်လောက် ထိ အရေးပါလဲဆိုတဲ့မေးခွန်းတွေအတွက်တော့… ကြာပါတယ်ဗျာ…. ရုပ် ရှင်ကိုဆက်ကြည့်လိုက်ပါ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Jo Jo Va ဖြစ်ပါတယ်) File Size……….(1.66 GB) / (712 MB) Quality…………WEB-DL 1080p / 720p Duration………1Hr 36Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Drama, Horror, Thriller Translator……Jo Jo Va Encoder……….SWM

4 2022
Rucker the Trucker
Frankenstein’s Army
5.4

Frankenstein’s Army (2013) IMDb – 5.4/10 2013 မှာထွက်ရှိထားပြီး ကြည့်ရှုသူ Viewer ​တွေကြား ရွံစရာ​​ ​ကြောက်စရာ မနှစ်မြို့စရာ​​ကောင်းတယ်ဆိုတဲ့ Review ​တွေရထားတဲ့ Frankenstein’s Army ဆိုတဲ့ကား​လေးနဲ့ မိတ်ဆက်​ပေးလိုက်ပါတယ်ဗျ ဇာတ်လမ်းအညွှန်း ဒုတိယကမ္ဘာစစ်ပြီးခါနီးကာလ ရုရှားစစ်သား​တွေ ဂျာမနီရွာ​လေးတစ်​ရွာမှာရှိတဲ့ လျို့ဝှက်ဓါတ်ခွဲခန်းထဲ မျှား​ခေါ်ခံလိုက်ရပြီး သိပ္ပံပညာရှင် ဗစ်တာဖရက်ကန်စတိုင်းတစ်​ယောက်တီထွင်ထားတဲ့ လူ့တစ်ပိုင်းသံတစ်ပိုင်း​တွေနဲ့ ရင်ဆိုင်ဖို့ဖြစ်လာပါ​တော့တယ် ဒါ​ပေမယ့် ဒီလျို့ဝှက်ဓါတ်ခွဲခန်းကိုဘယ်သူကမျှား​​ခေါ်ခဲ့တာလဲ ဒီဟာ​တွေရဲ့​နောက်ကွယ်မှာ ဘာရည်ရွယ်ချက်​တွေရှိလဲဆိုတာ​တွေကိုဘယ်သူမှ မသိခဲ့ရပါဘူး သိပ္ပံပညာရှင် ဗစ်တာဖရက်ကန်စတိုင်းဟာလည်း သူ့အဖိုး အ​ဖေ​တွေရဲ့ နည်း​တွေက​နေ ​​သွေဖယ်ပြီး ဘာရည်ရွယ်ချက်​ကြောင့် ဒီလို လူတစ်ပိုင်းသံတစ်ပိုင်းအရာ​တွေကို တီထွင်​​နေရလဲဆိုတာ​တွေကို ရိုက်ကူးပြသထားတဲ့ သည်းထိတ်ရင်ဖိုကား​ကောင်း​လေးပဲဖြစ်ပါတယ် ။ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ DB ပဲ ဖြစ်ပါတယ် ) File size_(1.8GB)/(950MB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_01:24:00 Genre_Horror , Sci-Fi Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by DB

5.4 2013
Frankenstein’s Army
Ae Watan Mere Watan
7.5

Ae Watan Mere Watan (2024)( Do or Die) IMDb 7.3/10 ဒီကားက 1942 ခုနှစ် ဒုတိ‌ယကမ္ဘာစစ်အတွင်းမှာ ဗြိတိသျှနယ်ချဲ့တွေ အိန္ဒိယကိုသိမ်းပိုက်လိုက်တဲ့အချိန် မျိုးချစ်ပုဂ္ဂိုလ်တွေရဲ့ အိန္ဒိယလွတ်လပ်ရေးအတွက် မဆုတ်မနစ် အနစ်နာခံကြိုးစားပုံတွေကို ပုံဖော်ရိုက်ကူးတင်ဆက်ထားတာပဲဖြစ်ပါတယ်။ “ကြီးမားတဲ့အောင်မြင်မှုက သေးသေးလေးကနေပဲ စတင်တယ်” တစ်ခုကိုလိုချင်ရင် တစ်ခုပေးဆပ်တတ်ရတာမို့ လွတ်လပ်ရေးလိုချင်လို့ အသက်ပေးခဲ့ရသူတွေဒုနဲ့ဒေးဖြစ်နေတဲ့ အင်္ဂလိပ်တွေအုပ်စိုးနေတဲ့ ဗြိတိသျှအင်ပါယာတစ်ခေတ်မှာပေါ့။ အူရှာက အိန္ဒိယဘက်တော်သားဖြစ်ပြီး တစ်အိမ်တည်းနေတဲ့ သူ့အဖေကတော့ အင်္ဂလိပ်ဘက်တော်သားပါ။ တရားသူကြီးလည်းဖြစ် အင်္ဂလိပ်တွေက ကားအကောင်းစားကြီးလည်း ချီးမြှင့်ထားတော့ တစ်ဖက်စွန်းရောက်ဖြစ်ပြီး အိန္ဒိယသားတွေရဲ့ လှုပ်ရှားသူတွေဆို ရွံမုန်းနေသူတစ်ယောက်ပေါ့။ သတင်းမှန်ပြန်ကြားဖို့နဲ့ ပြည်သူတွေ စိတ်အားထက်သန်လာပြီး တိုင်းပြည်ကို ဖိနှိပ်နေတဲ့ အင်္ဂလိပ်နယ်ချဲ့တွေကို တော်လှန်ဖို့ အူရှာတို့အဖွဲ့ ကွန်ကရက်ရေဒီယိုဆိုတဲ့ ရေဒီယိုအသံလှိုင်းတစ်ခု ထုတ်လွှင့်ဖို့ ကြိုးစားပါတော့တယ်။ ဒီလိုအခက်အခဲတွေကြားက ဉာဏ်အရမ်းပြေးတဲ့ အူရှာလေးတစ်ယောက် အိန္ဒိယလွတ်လပ်ရေးအတွက် ရွပ်ရွပ်ချွံချွံကြိုးပမ်းပုံတွေ အိန္ဒိယနိုင်ငံသားတွေရဲ့ အနစ်နာခံပုံတွေကို ကြည့်ရှုရမှာပဲဖြစ်ပါတယ်။ (အညွှန်းနဲ့ ဘာသာပြန်တွေကတော့ Yunni ~ V ~ ToMo ~ Alex ~ KKKZ ပဲဖြစ်ပါတယ်)

7.5 2024
Ae Watan Mere Watan
French Kiss
6.6

When Harry meets Sally, You’ve got mail, Sleepless in Seattle လိုမျိုး 90s romantic movies တွေရဲ့ ပင်တိုင်စံ မင်းသမီးကြီး တစ်ယောက်ဖြစ်တဲ့ Meg Ryan ရဲ့ romance ကားကောင်းလေး တစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ကိတ်ဆိုတာက ဘ၀မှာ ဘာမှ မစွန့်စားရဲ သာမန်ရိုးကျလိုပဲ နေတတ်လွန်းတဲ့သူပေါ့။ သူ့ရဲ့ စေ့စပ်ထားသူဖြစ်တဲ့ ချာလီနဲ့ အတူတူ အိမ်လေး တစ်လုံး၀ယ် အခြေချဖို့ပဲ မျှော်လင့်ထားပြီး အချစ်မြို့တော် ပါရီမြို့ကို ချာလီနဲ့အတူတူ လေယာဉ်စီးလိုက်ခဲ့ဖို့ကိုတောင် မဝံ့ရဲတဲ့သူ‌‌လေးပါ။ ဒီလိုမျိုးကိုမှ ပါရီကို ထွက်သွားတဲ့ ချာလီတစ်ယောက်က ပြင်သစ်သူ တစ်ယောက်နဲ့ ငြိပြီး လမ်းခွဲဖို့တွေ ပြောလာတဲ့အခါမှာတော့ ကိတ်တစ်ယောက် ဘာကိုမှမကြောက်နိုင်တော့ပဲ ချာလီ့ကို ရှာဖို့ ပြင်သစ်ကို ထွက်လာရပါတော့တယ်။ ကိတ်ရဲ့ ပြင်သစ်တခွင် ချာလီ ရှာပုံတော်ခရီးမှာ ပါလာတဲ့သူကတော့ “လု”လည်းမဟုတ် “လယု”လည်းမဟုတ်တဲ့ “လျုခ်” တက်ဆီယာဆိုတဲ့ ပြင်သစ်သား သူခိုးတစ်ယောက်ပေါ့။ ကိတ်ကို အသုံးချပြီး ပြင်သစ်နိုင်ငံထဲ ပစ္စည်းခိုးသွင်းခဲ့တာကနေပဲ သူမရဲ့ ရှာပုံတော်ခရီးကို လိုက်ကူညီပေးဖို့ ဖြစ်လာပါတော့တယ်။ ဒီလိုနဲ့ပဲ စလာတည်းက ဘုနဲ့ဘောက် တကျက်ကျက် စကားများနေရတဲ့ သူတို့ နှစ်ယောက်ရဲ့ ရည်းစားပျောက်ရှာပုံတော်ခရီးမှာ ချာလီကိုရော ရှာတွေ့ကြပါ့မလား။ ကိတ်နဲ့ လျုခ်တို့ကြားမှာ တဖြည်းဖြည်းနဲ့ ပေါက်ဖွားလာတဲ့ အချစ်မေတ္တာလေးတွေကရော သူတို့နှစ်ယောက်ရဲ့ အချစ်ခရီးအတွက် လမ်းစတစ်ခု ဖြစ်လာပါ့မလား။ ဒီခရီးကြီးရဲ့အဆုံးမှာရော သူတို့တွေရဲ့ အချစ်ဇာတ်လမ်းလေး တစ်ပုဒ်က ဘယ်လိုပြီးဆုံးသွားမလဲ ဆိုတာကို ကြည့်ရှုခံစားပေးကြပါဦးခင်ဗျ။ File size… 2.1 GB / 972 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 51m Genre ….. Comedy/Drama Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Brackman

Thriller
6.6 1995
French Kiss
Brotherhood
6

ဆမ်ဟာ အလွတ်တမ်း အလုပ်တွေကြိုးစားလုပ်ပြီး မိသားစုကို ရှာဖွေကျွေးမွေးနေတဲ့ အိမ်ထောင်ဦးစီး တစ်ယောက်ပါ။ သူအလုပ်တွေအများကြီးလုပ်နေတာ‌ကြောင့် ကလေးတွေကို အချိန်မပေးနိုင်တဲ့အတွက် မိန်းမနဲ့လည်း ကတောက်ကဆလေးတွေခဏခဏဖြစ်လေ့ရှိပါတယ်။ တစ်ဖက်မှာလည်း ဆမ်ရဲ့ အမေနဲ့ ညီတစ်ယောက်လည်း ရှိပါသေးတယ်။ တစ်နေ့မှာ ဆမ်ရဲ့ညီကို လူတစ်စုက သေနတ်နဲ့ပစ်သွားကြလို သေကံမရောက်ပေမဲ့ ဆေးရုံတက်လိုက်ရပါတယ်။ ဒါကိုမသင်္ကာတဲ့ ဆမ်တစ်ယောက် လိုက်စုံစမ်းကြည့်တဲ့အခါမှာ သူအရင်က ပတ်သတ်ခဲ့ဖူးတဲ့ လူတစ်ယောက်ရဲ့ လက်ချက်ဖြစ်ပြီး ဆမ်ကိုလက်စားချေချင်လို ဒီလိုတွေ လုပ်နေတယ်ဆိုတာကို သိလိုက်ရပါတော့တယ်။ လက်စားချေတာ ရိုးရိုးတန်းတန်းမဟုတ်ဘဲ ဆမ်ရဲ့ မိသားစုဝင်တွေအထိပါ သတ်ပစ်မယ်လို ခြိမ်းခြောက် လာတဲ့အခါ ဆမ်တစ်ယောက်ဘယ်လိုရင်ဆိုင်သွားမှာလဲ ဆိုတာကို စိတ်ဝင်စားဖွယ်ကြည့်ရှုရမဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ်။ File size…1.40GB / 675MB Quality…Blu-Ray 1080p / 720p Format…mp4 Duration….1h 44m Genre ….. Thriller , Crime , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Muse

6 2016
Brotherhood
Magic Magic
5

Magic Magic (2013) IMDb: 5.0/10 Rotten Tomatoes: 68% Magic Magic ဟာ ၂၀၁၃ ခုနှစ်ထွက်ကြည့်ပျော်ရှုပျော်ရှိတဲ့ ရုပ်ရှင်တစ်ခုဖြစ်ပါတယ်။ အရမ်းကြီးလည်းမကောင်းသလို အရမ်းကြီးလည်းမဆိုးပါဘူး။ ဇာတ်ညွှန်း အလီစီယာ ဟာ ဆာရာရဲ့ ညီမဝမ်းကွဲဖြစ်ပါတယ်။ ဆာရာ ဟာ သူ(မ)သူငယ်ချင်းတွေနဲ့ ချီလီတောင်ပိုင်းဘက်ကိုအလည်အပတ်ထွက်ဖို့ လုပ်ခဲ့ပါတယ်။ အဲလိုမျိုးထွက်တာကို အလီစီယာကိုပါခေါ်သွားခဲ့ပါတယ်။ ဒါပေမယ့်လည်း ဆာရာ ဟာ ကိစ္စတစ်ခုကြောင့် ခရီးတစ်ဝက်မှာနောက်ပြန်လှည့်ပြီး နောက်နေ့မှလိုက်လာခဲ့မယ်လို့ပြောခဲ့ပါတယ်။ အဲဒါကြောင့် အလီစီယာဟာတစ်ယောက်တည်း အရင်ပါသွားခဲ့ပါတယ်။ စစချင်းမှာ အလီစီယာကနည်းနည်းထူးဆန်းနေခဲ့ပါတယ်။ ဒါကိုဘယ်သူမှမသိခဲ့ပါဘူး။ ဒါပေမယ့်လည်း ကြာလာလေလေ အလီစီယာက ထူးဆန်းလေလေဖြစ်လာခဲ့ပါတယ်။ ဘာတွေဆက်ဖြစ်မှာလည်းဆိုတာကိုတော့ကြည့်လိုက်ကြပါ။ File size… 1.4 GB / 737 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 37m Genre ….. Drama/Thriller Subtitle…. Myanmar Subtitle (Hard Sub) Encoder…. LegoHeart Translated by Lucifer Maximoff

Drama • Comedy
5 2013
Magic Magic
Valentine’s Town
5.8

ဆက်ဆံရေးတစ်ခုမှာ အချစ်တစ်ခုတည်းရှိရုံနဲ့ မလုံလောက်ပဲ နားလည်မှု လေးစားမှုတွေပါလိုအပ်ပါတယ်။ဆက်ဆံရေးတစ်ခုကို ရေရှည်တည်မြဲစေချင်ရင် ကိုယ်က ကိုယ်နဲ့ကိုက်ညီတဲ့ လက်တွဲ ဖော်ကို ရှာဖွေနေမယ်ဆိုရင် အရေးအကြီးဆုံးအချက်တစ်ခုက ရိုးသားမှု ရှိရမယ်ဆိုတာကိုပြောပြထားတဲ့ Valentines Town ဆိုတဲ့ ကားလေးက2024မှာထွက်ရှိထားတဲ့ကားလေးဖြစ်ပါတယ်။ အချစ်တွေ ရိုင်းပင်းကူညီမှုတွေ နားလည်မှုတွေနဲ့ ပြည့်နက်နေတဲ့ ရိုးသားကြိုးစားတဲ့ Arrow Heart ဆိုတဲ့မြို့လေး ကို စီးပွားရေး အကျိုးမြတ်ထုတ်ချင်တဲ့ ကုမ္ပဏီ လက်ကနေ ကယ်တင်ဖို့ မလီဆာ ဆိုတဲ့ကောင်မလေးတစ်ယောက်က သူတတ်နိုင်သလောက် ကြိုးစားပါတော့တယ်။ မလီဆာက ကိုက်ညီတဲ့လက်တွဲဖော်တွေကိုရှာပေးပြီး ဆွေးနွေးမှုတွေကို လုပ်ပေးတဲ့ စီးပွားရေးတစ်ခုကိုလုပ်နေသူပါ။တစ်နေ့မှာ မြို့ကို အကျိုးမြတ်ထုတ်ချင်တဲ့ ကုမ္ပဏီကို အလုပ်လုပ်ပေးနေတဲ့ မလီဆာရဲ့ အထက်တန်းဘဝတုန်းကချစ်သူဟာ မြို့ကိုထောက်လှမ်းမှုတွေ ပြုလုပ်ဖို့ ရောက်လာပါတော့တယ်။ သူတို့နှစ်ယောက်ကြားက အမှတ်တရတွေဟာ သူတို့ကိုဘယ်လို ပြောင်းလဲသွားစေမလဲ… လျှို့ဝှက်ချက်တွေကိုရော ဖော်ထုတ်သွားနိုင်မလား… အတိတ်က အချစ် ပြန်ရောက်လာတဲ့အခါမှာ အမှတ်တရတွေနဲ့ ပျော်တဲ့အချိန်ကိုပဲသတိရမိမလား…. နာကြင်မှုတွေနဲ့မကောင်းတဲ့အချိန်တွေကိုပဲ ပြန်ခံစားမိမလား…. ဒီကားလေးက ပေါ့ပေါ့ ပါးပါးနဲ့ 528မေတ္တာ 1500မေတ္တာတွေအပြင် ကိုယ့်မြို့ကို ချစ်တဲ့အချစ်တွေ သူငယ်ချင်းတွေ နဲ့ မြို့သူမြို့သား အသိုင်းအဝိုင်း ကိုချစ်တဲ့အချစ်တွေကိုပါ ကြည်နူးဖွယ်ဖော်ပြထားတဲ့ ကားလေးဖြစ်ပါတယ်။ ဒီကားကိုကြည့်လိုက်တာနဲ့ ဘဝမှာ လက်တွဲဖော်ကိုရှာတဲ့အခါ ဘယ်လိုရှာရမလဲ ဘယ်လိုရိုးသားပွင့်လင်းရမလဲ ဆိုတာကို တစ်မျိုးမျိုးနဲ့တော့ အတွေးဝင်မဲ့ ကားလေးဖြစ်တာမိုလို့ ကြည့်သင့်တဲ့ ကားလေးတစ်ကားဖြစ်ပါတယ်။ File size… (1.23GB ) / (708MB) Quality…WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 42m Genre …..Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Koo Luu Moo

5.8 2024 85 mins
Valentine’s Town
A House On Fire

ယခုအခါတင်ဆက်ပေးလိုက်တာကတော့ ၂၀၂၄ ခုနှစ်ထွက် စပိန်ဒရာမာဇာတ်လမ်းလေးပဲဖြစ်ပါတယ်… ဇာတ်လမ်းကတော့ မွန်ဆယ်ဆိုတဲ့အမျိုးသမီးဟာ ကွဲကွာသွားခဲ့တာကြာပြီဖြစ်တဲ့ ခင်ပွန်းဟောင်း ကာလိုစ့်…သမီးဖြစ်သူ ဂျူလီယာ…သားဖြစ်သူ‌ ဒေးဗစ် တို့နဲ့အတူ ကမ်း‌ခြေကသူမပိုင်တဲ့အိမ်မှာ မိသားစုပြန်ဆုံစည်းဖို့ကြိုးစားတဲ့အကြောင်းကိုရိုက်ကူးထားတာပါ မွန်ဆယ်ကသူမရဲ့အမေကိုရိပ်သာပို့ဖို့ ပိုက်ဆံလိုလို့ ကမ်းခြေကအိမ်ကိုရောင်းဖို့အတွက် ပစ္စည်းတွေသိမ်းရင်းနဲ့ မိသားစုပြန်စုံစည်းဖို့စီစဉ်ခဲ့တာပါ… မိသားစုပြန်စုံစည်းတဲ့အခါမှာတော့ ပျော်စရာတွေအပြင် မိသားစုအကြားအချင်းပွားစရာတွေဖြစ်လာတဲ့အခါမှာတော့…. ဒီရုပ်ရှင်ကားလေးဟာ စပိန်မိသားစုတစ်ခုအကြား ချစ်ခြင်းမေတ္တာနဲ့အဆင်မပြေမှုတွေကို လှပသောကာရိုက်တာများဖြင့်ပုံဖော်ထားပြီး အဓိကအားဖြင့် မိခင်တစ်ယောက်ရဲ့ အချစ်ကြီးပုံနဲ့ ပေးဆပ်မှုတို့ကို တင်ဆက်ပြထားတဲ့ဇာတ်ကားကောင်းလေးတစ်ပုဒ်ဖြစ်ပါတယ်…ခံစားကြည့်ကြပါခင်ဗျာ… File size…(1.5 GB)/(964 MB) Quality….Webrip HEVC 1080p / 720p Format…mp4/ mkv Duration….01:48:00 Genre…Comedy, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by AKM

0 2024
A House On Fire
Brother Brat
7.8

Brother (1997) IMDb Rating (7.8) / Rotten Tomatoes (100%) 1997 မှာထွက်ရှိခဲ့တဲ့ Brother ဆိုတဲ့ ရုရှားရုပ်ရှင်ကားလေးကတော့ ဒါရိုက်တာ Aleksei Balabanov ရဲ့ လက်ရာဖြစ်ပြီး၊ ရုရှားနိုင်ငံရဲ့ ခေတ်ပျက်ကြီးထဲမှာ Danila ဆိုတဲ့ စစ်ပြန်လူငယ်လေးတစ်ယောက် လူဆိုးဂိုဏ်းတွေကြားထဲ ရောက်သွားရတဲ့အကြောင်း ရိုက်ကူးထားတာပါ။ သူ့အမေတိုက်တွန်းလို့ St. Petersburg မြို့မှာရှိတဲ့ သူ့အစ်ကိုဆီကိုသွားရင်း အစ်ကိုဖြစ်သူက လူမိုက်ဖြစ်နေတာကို သိလိုက်ရပြီး ကူညီရင်းနဲ့ သူပါ အမှောင်လောကထဲ ရောက်မှန်းမသိရောက်သွားပါတယ်။ ဒီကားမှာ သရုပ်ဆောင်တွေကလည်း တော်ကြသလို၊ ရုရှားရော့ခ်သီချင်းတွေကလည်း ဇာတ်ရှိန်ကို မြှင့်ပေးထားပါတယ်။ ၁၉၉၀ ခုနှစ်များက ရုရှားနိုင်ငံရဲ့ အခြေအနေဆိုးတွေကိုလည်း မြင်တွေ့ရမှာဖြစ်လို့ လက်မလွှတ်တမ်း ကြည့်ရှုသင့်တဲ့ ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။ IMDB rating ကလည်း မြင့်တဲ့အတွက် တကယ့်ကို ကောင်းမွန်တဲ့ ဇာတ်ကားတစ်ကားဖြစ်တယ်ဆိုတာ အာမခံနိုင်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Ivy Noe ဖြစ်ပါတယ်။) File size… (1.9 GB) / (870 MB) Quality….WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre….Crime, Drama, Thriller Duration….01:35:53 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Ivy Noe

7.8 1997 96 mins
Brother Brat