YoteShin Drive is below this article. Scroll down to view.

Oppo Reno9 Series will include 4,500mAh battery and Universal Fast Charging

Author: Anonymous Published on: 12 Aug 2022

The Oppo Reno9 series will be announced in November and the information of these smartphones is leaked. China writes the Qualcomm Snapdragon 7 Series in the OppDo Reno9 Series in the Oppo Reno9 Series in the Oppo Reno9 Series. This is the same as Oppo Reno8 Series. Oppo will be one of the Chinese smartphone makers who use the new UFCS (Universal Fast Charging Specification). This charge can support up to 40W. The Reno9 Series will feature a 4,500mAh battery with UFCS support. Other smartphone makers supporting the UFCs are Huawei, Vivo, Xiaomi, and the West includes Angbao Electronics, Lihui Technology, Rockchip and Silicon Power. The Reno9 Series will be everything's every color. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

The.Kind.Wife.2015.WEB-DL.1080P(DS).mp4

1.2 GB N/A video/mp4 1376 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Royalteen
5.8

လူဆိုတာ ဘဝမှာ တစ်ကြိမ်တစ်ခါတော့မှားတတ်ကြတာပါပဲ အဲဒီအမှားကို ပြန်ပြင်နိုင်ဖို့ကသာ အရေးကြီးတာပါ အဲဒီအမှားရဲ့နွံထဲမှာပဲ နစ်မြှုပ်နေမယ်ဆိုရင်တော့ လူ့ဘဝကြီးက ဘာမှကို အဓိပ္ပါယ်ရှိမှာမဟုတ်တော့ပါဘူး ဒီတစ်ခါတော့ နော်ဝေနိုင်ငံရဲ့ အိမ်ရှေ့မင်းသားလေးနဲ့ အညတရ ကောင်မလေးတစ်ယောက်အကြောင်းရိုက်ပြထားတဲ့ လူငယ်ဆန်ဆန်ကားလေးတစ်ကားကိုတင်ဆက် ပေးလိုက်ပါတယ် တခြားမြို့ကနေ ကျောင်းပြောင်းလာပြီး တော်ဝင်အမျိုးအနွယ်တွေတက်တဲ့ ကျောင်းမှာလာတက်တဲ့ လန်နင် ဆိုတဲ့ ကောင်မလေးကို အိမ်ရှေ့မင်းသားလေးက သဘောခွေ့သွားပြီး နှစ်ယောက်သားပျော်ရွှင်နေခဲ့ကြရတာပါ အဲဒီအချိန်မှာပဲ မထင်မှတ်ထားတဲ့ဖြစ်ရပ်ဆိုးကြီးနဲ့ ကြုံရပါတော့တယ် အိမ်ရှေ့မင်းသားလေးရဲ့ ညီမကလည်း ကောင်မလေးကိုမကြည် ကောင်မလေးကလည်း တကယ့်အမှားကြီးတစ်ခုကို ကျူးလွန်မိခဲ့တာဆိုတော့ အိမ်ရှေ့မင်းသားလေးနဲ့ ဘာတွေဆက်ဖြစ်ကြမလဲ ကောင်မလေးကရောဘယ်လောက်ဆိုးဝါးတဲ့ အမှားကိုကျူးလွန်ခဲ့မိလို့ အိမ်ရှေ့မင်းသားလေးရဲ့ အစ်မကလုံးဝ ခါးခါးသီးသီးဖြစ်နေရတာလဲ လူတွေအသုံးပြုနေတဲ့ လူမှုကွန်ယက်ရဲ့ ရိုက်ခတ်မှုကဘယ်လောက်ထိ ပြင်းထန်နိုင်လဲဆိုတာကို လူငယ်တွေ့နဲ့ ပေါ့ပေါ့ပါးပါးလေး ကြည့်ကောင်းအောင်ရိုက်ပြထားတဲ့ ဇာတ်လမ်းကောင်းလေး တစ်ကားမို့ အမြန်ဆုံးသာ ကြည့်လိုက်ကြပါတော့ဗျာ...... File size…(2.18GB)/(1.17B)/(592MB) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:44:00 Genre...Drama / Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Garfield

Comedy • Drama • Family
5.8 2022 107 mins
Royalteen
Species
5.9

Species ရုပ်ရှင်ကားတွေဟာ သိပ်ညွှန်းရမယ့်ဇာတ်ကားတွေမဟုတ်ပါဘူး။ ဂြိုလ်သား DNA ဇာတ်ကားမျိုးဆိုရင် Species ဇာတ်ကားတွေက ဟိုးအရင်ခေတ်ကတည်းက လူတိုင်းရင်ထဲရောက်ရှိပြီးသားရုပ်ရှင်တွေဖြစ်ပါတယ်။ Species နာမည်နဲ့ ရုပ်ရှင် (၄)ကားထွက်ရှိခဲ့ဖူးပြီး (၄) ကားလုံးကို https://channelmyanmar.org/?s=species မှာကြည့်လို့ရပါတယ်။ ကြာခဲ့ပြီဖြစ်ပေမယ့် ယနေ့ခေတ်ထိတိုင်အောင် computer effect တွေ ကြည့်လို့ကောင်းနေဆဲရုပ်ရှင်ကားတွေဖြစ်ပြီး ဂြိုဟ်သားရုပ်ရှင်ကားတွေဖြစ်တဲ့ Splice တို့ Alien တို့လိုပဲ ထိတ်လန့်သည်းဖို သိပ္ပံအက်ရှင် Action,Horror,Sci-Fi အမျိုးအစား ဇာတ်ကားများလည်းဖြစ်ပါတယ်။ Species (1995) ဇာတ်လမ်းအကျဉ်း.... ကမ္ဘာ့အပြင်က ရရှိလာတဲ့ ကမ္ဘာဂြိုဟ်က မဟုတ်တဲ့ ဒီအန်အေကို ကမ္ဘာမြေကလူသားဒီအန်အေနဲ့ပေါင်းစပ်ပြီး ထူးဆန်းတဲ့သက်ရှိတစ်မျိုးဖန်တီးရာကနေ ဇာတ်လမ်းစတာပါပဲ။ ဒီဂြိုလ်သားတစ်ပိုင်းလူသားတစ်ပိုင်း သတ္တဝါမျိုးက ဘယ်လိုအကျင့်စရိုက်တွေနဲ့ ဘာတွေဆာလောင်လဲဆိုတာနဲ့ လူသားတွေရဲ့ အလိုရမ္မက်လောဘကြီးမှုတွေကြောင့် ဘာတွေဆက်ဖြစ်လာမလဲဆိုတာ အသည်းတယားယားကြည့်ရှုရမယ့်ဇာတ်ကားဖြစ်ပါတယ်။ အဖော်အချွတ်ခန်းတွေများတာကြောင့် ငယ်ငယ်တုန်းက အောက်စက်ခေတ်မှာ လူကြီးတွေမသိအောင် ခိုးကြည့်ရ မီးပျက်သွားရင် အောက်စက်ဖွင့်ပြီး အခွေပြန်ထုတ်နေကျဇာတ်ကားမလို့ အသက်မပြည့်သူ ကလေးသူငယ်များနှင့်၊ မိသားစုနှင့်အတူ မကြည့်သင့်သော ရုပ်ရှင်ကားလဲဖြစ်ပါတယ်။ File size…(4.4 GB)/(1.4 GB)/(930 MB) Quality….BluRay 4K HEVC/1080p HEVC/720p Format…mkv/mp4 Duration….01:48:20 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka Naung Translated by San Thu Aung

Action • Adventure • Science Fiction
5.9 1995 108 mins
Species
My Perfect Roommate
5

My Perfect Roommate (2022) Drama တွေတိုင်းမှာ အားလုံးနဲ့ရင်းနှီးပြီးသား သရုပ်ဆောင်ရှယ်ကောင်းတဲ့ ဖွားဖွား Na Moon Hee ရဲ့ ရုပ်ရှင်အသစ်စက်စက်လေးလာပါပြီ။ ဒီဇာတ်လမ်းလေးကတော့ တောင်ကိုရီးယားမှာတကယ်ရှိတဲ့ room sharing ဆိုတဲ့အစီအစဉ်လေးကို အခြေတည်ရိုက်ကူးထားတာပါ။ ဆိုးလ်မြို့မှာနေစရာရှာနေတဲ့ကျောင်းသားလူငယ်တွေကို တစ်ယောက်တည်းနေတဲ့ သက်ကြီးရွယ်အိုဘိုးဘွားတွေရဲ့အိမ်တွေမှာ အခန်းငှါးပေးတဲ့အစီအစဉ်ပါ။ Room Sharing အစီအစဉ်ကြောင့်ပဲ ဇီဇာကြောင်လွန်းပြီး ကပ်သီးကပ်ဖဲ့နိုင်လွန်းတဲ့ အဖွားတစ်ယောက်ရဲ့အိမ်မှာမှ သွားငှါးနေမိလို့ အိမ်မှာတောင်အိမ်သာမတက်နိုင်တဲ့ ဘဝကိုရောက်နေရတဲ့ ကျောင်းသားလေးဟန်ဂျီအုံးနဲ့ တစ်လောကလုံးကိုဘုနဲ့ဘောက်လုပ်နေတဲ့ အိမ်ပိုင်ရှင်အဖွားတို့ရဲ့ မတည့်အတူကနေ ဖြူစင်တဲ့ ၅၂၈ သံယောစဉ်တွေ ရစ်ပတ်လာတဲ့ဇာတ်လမ်းလေးပါ။ ဝါရင့်မင်းသမီးကြီး Na Moon Hee ရဲ့ထိမိတဲ့အိုက်တင်တွေနဲ့ My Roommate Is A Gumiho, Melancholia အစရှိတဲ့ ဇာတ်လမ်းတွဲတွေမှာ တွေ့ဖူးနေတဲ့ မင်းသားသစ်လေး Choi Woo Sung ရဲ့မခေလှတဲ့သရုပ်ဆောင်ချက်တွေကြောင့် ရယ်လိုက်၊ ငိုလိုက် ရသမျိုးစုံခံစားရမှာသေချာပါတယ်။ လူတိုင်းရဲ့ဘဝမှာ ဘယ်တော့မှမပြည့်နိုင်တဲ့ ကွက်လပ်တွေရှိစမြဲပါ။ ဒီဇာတ်လမ်းကတော့ သွေးမတော်သားမစပ်တဲ့ ဂျီအုံးနဲ့ အဖွားတို့ မတည့်အတူနေကြရင်း ဘဝရဲ့လစ်ဟာနေတဲ့ ကွက်လပ်တွေကို အပြန်အလှန်ဖြည့်ဆည်းကြပုံကို ကြည်နူးဖွယ်၊ မျက်ရည်ဝဲဖွယ် ဖန်တီးရိုက်ကူးထားတာပါ။ ရယ်မောစရာတွေနဲ့အတူ ကြည့်ပြီးရင် ရင်ထဲနွေးပြီးကျန်ခဲ့မယ့်ခံစားချက်ကိုပါပေးနိုင်မယ့်ရုပ်ရှင်ကားလေးမို့ ကြည့်ကြဖို့တိုက်တွန်းချင်ပါတယ်။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Lao Qui ပဲ ဖြစ်ပါတယ်။ Genre…..Drama Quality…. 1080p | 720p | 480p File size…1.27GB | 515MB | 237MB Format… mp4 Duration….1h 31min Subtitle…. Myanmar Subtitle (Hardsub) Translator …..Lao Qui Encoder …..August

Crime • Mystery • Thriller
5 2022 91 mins
My Perfect Roommate
Naan Kadavul Illai

Naan Kadavul Illai 2023 (သို့) တစ်ကျော့ပြန်ကလဲ့စား ကြမ်းကြမ်းရမ်းရမ်း တမီလ်ကားတွေကြိုက်တဲ့ စီအမ်ပရိသတ်ကြီးအတွက် Leoမင်းသားကြီးဗီဂျေးရဲ့အဖေ ဒါရိုက်တာ SAC ရိုက်ကူးပုံဖော်ပြီး တမီလ်မင်းသားကြီး Samuthirakani ပါဝင်ထားတဲ့ အက်ရှင်ကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ IMDb 8.6ရထားပြီး critic review ကောင်းတွေလည်းပိုင်ဆိုင်ထားတာဆိုတော့ revenge dramaကြိုက်သူတွေ လက်မလွတ်သင့်တဲ့ရုပ်ရှင်ကားတစ်ကားပါပဲ။ ဗီရာပန် ၅ နှစ်တာကာလအတွင်း လူသတ်မှု ၉ မှုကို လက်မရွံ့တမ်းကျူးလွန်ခဲ့တဲ့ နာမည်ကြားရုံနဲ့ လူတကာကြောက်ရတဲ့ ကွင်းဆက်လူသတ်သမားတစ်ယောက်၊ နိုင်ငံရေးအဆက်အသွယ်တွေလည်းရှိတော့ တော်ရုံလူမထိရဲတဲ့အပြင် သက်သေတောင်လာမထွက်ရဲကြတဲ့အထိ ဩဇာညောင်းတဲ့ ရာဇဝင်ထဲကလူမိုက်ကြီးပေါ့။ ဒါပေမဲ့ တောင်တစ်လုံးထက် နောက်တောင်တစ်လုံးက ပိုမြင့်နေတတ်တယ်ဆိုတဲ့အတိုင်း ရာဇဝင်လူဆိုးကြီး ဗီရာပန်ကို လက်ရဖမ်းဆီး သက်သေအခိုင်အလုံနဲ့ ရုံးတင်ပြီး တစ်သက်တစ်ကျွန်းကျအောင် လုပ်နိုင်တဲ့ အင်စပက်တာကြီးဆန်သိုရန် ဖြစ်ချင်တော့ဗီရာပန်တစ်ယောက် ထောင်ဖောက်ပြေးပြီးတော့ သူ့ကိုထောင်ဒဏ်တစ်သက်တစ်ကျွန်းကျအောင်လုပ်ခဲ့တဲ့ တရားသူကြီးတွေ‌ ရှေ့နေတွေနဲ့အတူ အဓိကရန်သူတော်ကြီးဆန်သိုရန်ကို တစ်ချိန်ကကြုံးဝါးခဲ့တဲ့အတိုင်း ချွန်းဖွင့်ပြီး လက်စားချေဖို့ပြန်လာတဲ့အခါမှာတော့…. လယ်ပြင်မှာကျားနဲ့ဆင်တို့တွေ့ကြသလို သူသေကိုယ်သေတိုက်ခိုက်ကြမယ့် ဆန်သိုရန်နဲ့ဗီရာပန်တို့ ဘာဆက်ဖြစ်ကြမလဲ။ အရှင့်ဆီကို စာရေးပြီးပို့ရင် ဆုတောင်းတွေပြည့်တယ်လို့ ကြားသိလိုက်ရချိန်မှာ အူမာဆိုတဲ့ကလေးမလေးတစ်ယောက် အရှင့်ဆီကို သူ့ရဲ့မိသားစုကိုကယ်တင်ဖို့ စာရေးပို့တာကို အရှင့်ကိုယ်စား ဆုတောင်းတွေဖြည့်ပေးနေတဲ့ ကြင်နာတတ်တဲ့စီးပွားရေးလုပ်ငန်းရှင်ကြီးကရော ဘယ်လိုကူညီသွားမလဲဆိုတာ အားလုံးအတူ ကြည့်ရှုရအောင်ပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Thaik San ~ BpL ~ V ~ Alex ~ Yunniတို့ပဲဖြစ်ပါတယ်) ( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >>https://t.me/cmbollywood )

Romance
0 2023 138 mins
Naan Kadavul Illai
Humanist Vampire Seeking Consenting Suicidal Person
7.2

Humanist Vampire Seeking Consenting Suicidal Person (2023) ~ IMDb – 7.2/10, Rotten Tomatoes – 82% ~ “ရိုးရှင်းခြင်း၌ အလှတရားရှိ၏” တဲ့။ အိုင်ဒီယာလည်းမဆန်းဘူး။ တင်ပြပုံလည်းမဆန်းဘူး။ ဆန်းတာက ဒီလိုတင်ပြသွားလို့ လှသွားတဲ့အချက်ပဲ။ တခြားကားတွေမှာဆိုရင်တော့ ဒါက သိပ်မဆန်းဘူး။ ဒီမှာဆန်းတာက ဇာတ်က အိုင်ဒီယာမဆန်းပေမဲ့ ဆန်းဆန်းပဲတင်ပြကြတတ်ကြတဲ့ဇာတ်မျိုး။ ဒါကို ရိုးရိုးလေးပြသွားတော့ ဆန်းသွားတယ်။ ဇာတ်က Vampire ဇာတ်။ ဒါမဲ့ Vampire ဇာတ်လို့ မထင်ရအောင် ရိုးရှင်းတယ်။ ဗင်ပိုင်းယားမလေးရဲ့မွေးနေ့မှာ သူ့မိသားစုဝင်တွေက သူ့ကို သွေးသောက်စရာလူတစ်ယောက်ရှာလာပေးတယ်။ ပထမဆုံးသွေးသောက်ဖို့ပေါ့။ ဒါပေမဲ့ ကောင်မလေးက သနားတတ်လွန်းတော့ မသောက်ရက်သလို သူ့အစွယ်ကလည်း ထွက်မလာဘူး။ ဒီတော့ ဗင်ပိုင်းယားဆရာဝန်တွေဆီ သွားပြတယ်။ စိတ်ရောဂါဖြစ်မယ်လို့ ထင်ကြေးပေးလိုက်ကြတယ်။ ဒီနောက် သူ့ကို‌ လူ့သွေးသောက်တတ်အောင် သင်ပေးဖို့ သူ့အစ်မဝမ်းကွဲဆီ ပို့ထားလိုက်ကြတယ်။ ဒီကားရဲ့ နာမည်ကို ကားနဲ့ဆီလျော်ပြီး နားလည်လွယ်အောင်‌ ပြောရရင် “သတ်သေချင်သူများအား မေတ္တာဖြင့် သတ်ဖြတ်ပေးမည့် လူသားဆန်သူ ဗင်ပိုင်းယားမလေး”တဲ့။ ဆိုတော့ ဘာတွေဆက်ဖြစ်မလဲ ရိပ်ဖမ်းသံဖမ်းတော့ သိလောက်ရောပေါ့။ Humanist Vampire Seeking Consenting Suicidal Person ဟာ ရိုးရိုးလေးနဲ့ ဇာတ်ဝင်ခန်းတွေက ကြည့်လို့ကောင်းနေတဲ့ ရုပ်ရှင်မျိုးပေါ့။ အားလုံးနဲ့ အံကိုက်ဖြစ်ပါလိမ့်မယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2GB, 855MB Quality – 1080p, 720p IMDb Rating – 7.2/10 Format – mp4 Duration – 1H 30Min Genre – Comedy, Drama, Fantasy Subtitle – Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

7.2 2023 91 mins
Humanist Vampire Seeking Consenting Suicidal Person
[18+] EKS
6.5

Vivamax ရဲ့နောက်ပေါက်တွေထဲမှာမှမခေလှတဲ့ မင်းသမီးချောလေး Yen Durano ရဲ့ဇာတ်ကားသစ်ဖြစ်ပါတယ်။ anthology ပုံစံနဲ့သွားထားတာဖြစ်ပြီး ဇာတ်လမ်းငယ်သုံးခုပါဝင်ပါတယ်။ Eksperto,Ekspresibo နဲ့ Eksperimento ဆိုတဲ့ segment သုံးခုပါ။ ပထမဆုံးအပိုင်းမှာတော့ ပျောက်ချင်းမလှပျောက်သွားတဲ့ချစ်သူကို လမ်းဘေးမှာလေလွင့်ပန်းချီဆရာအဖြစ် ရှာဖွေနေခဲ့တဲ့ ပန်းချီဆရာလေးတစ်ယောက်ရဲ့ဇာတ်လမ်းကိုတွေ့မြင်ရမှာဖြစ်ပါတယ်။ ဒုတိယအပိုင်းမှာတော့ အောင်မြင်တဲ့ sexy vlogger ကောင်မလေးတစ်ယောက်၊ငယ်ဘ၀ထဲကတွဲလာတဲ့ ရည်းစားမကျ သူငယ်ချင်းမကတဲ့ကောင်လေးတို့ကြားကအယူအဆကွဲပြားပွတ်တိုက်မှုတွေကနေဖြစ်ပေါ်လာတဲ့ ပြဿနာတွေကိုရှုစားရမှာပါ။ တတိယနဲ့နောက်ဆုံးအပိုင်းကတော့ installation art ဖန်တီးရှင်ဖိလစ်ပိုင်သူလေးနဲ့သူ့အကြောင်း documentry ရိုက်ဖို့လာတဲ့ ဂျပန်ကပြားကောင်မလေးတို့ကြားက အချစ်ဇာတ်လမ်းပါ။ အပိုင်းအားလုံးမှာ Yen Durano ကဦးဆောင်ပါဝင်ထားတာဖြစ်ပါတယ်။ကျေနပ်ကြမှာပါ။ ( အညွှန်းရေးသားထားသူကတော့ alias ပါ ) File size_( 2.2GB)/( 980MB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_02:01:00 Genre_Adult, Drama Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by alias

6.5 2024
[18+] EKS
Dune: Part Two
8.8

Dune: Part Two (2024) ထွက်ရှိလာပါပြီ… အညွှန်းကိုတော့ part 1က ဟာကိုပဲ စပွိုင်လာရှောင်တဲ့အနေနဲ့ထည့်ပေးထားပါတယ်… သာမန် Sci- fic​တွေထက် အပုံကြီးကျယ်ပြန့်တဲ့ Frank Herbertရဲ့ Duneစာအုပ်​တွဲ​တွေကို မှီငြမ်းရိုက်ကူးထားတဲ့ ဇာတ်လမ်း၊ ​Timotheé Chalamet, Zendaya, Oscar Issac, တို့အပါအဝင် ကောင်း​ပေ့ဆိုတဲ့ Cast​တွေ၊ Legendary soundtrack ​တွေပဲ တီးခတ်တဲ့ Hans Zimmer၊ ​ ပြောင်​မြောက်လွန်းတဲ့ VFXနဲ့ CGI​တွေရဲ့ ​​ပေါင်းစပ်မှုအပြီးမှာ DUNE 2021ဇာတ်ကားဟာ ပရိတ်သတ်​တွေ အ​​မျှော်လင့်ဆုံး ဇာတ်ကားဆိုရင်လည်း မမှားနိုင်ပါဘူး။ အနာဂတ်နှစ်​ပေါင်း၂၀၀၀၀​ကျော်မှာ အ​ခြေပြုထားတဲ့ ​ ခေတ်လွန် Dune Universeထဲမှာ Known Universeကို အုပ်ချုပ်​နေတဲ့ Emperorဆိုတာရှိပြီး သူတို့ရဲ့လက်​အောက် မှာ​တော့ Houses​တွေက နယ်​မြေအသီးသီးကို အုပ်ချုပ်ပါတယ်။ ဒီဇာတ်လမ်းရဲ့ အဓီကအ​ကြောင်းရင်းက​တော့ House​ Harkonnen​တွေ နှစ်​ပေါင်း၈၀ကြာ​​​အောင် အုပ်ချုပ်လာတဲ့ Planet Dune တဖြစ်လဲ Planet Arrakisကို Emperorရဲ့ အထက်အမိန့်အရ House Atreides​တွေကို ​ပြောင်းလဲ အုပ်ချုပ်​စေခြင်းကစပါတယ်။ ဒါ​ပေမဲ့ Harkonnen​တွေဟာ Arrakis ဂြိုလ်​​ပေါ်ကရတဲ့ Spiceဆိုတဲ့အရာ​ကြောင့် ဂြိုလ်ကိုလွယ်လွယ်လက်လွှတ်မခံနိုင်ပါဘူး၊ Spiceဆိုတာဟာ Dune universeတစ်ခုလုံးမှာ အဖိုး အတန်ဆုံးအရာပါ၊ Spiceကိုစားသုံးရင် စိတ်အာရုံနိုးကြားကာ အသိဉာဏ်ပညာတိုးပွားလာခြင်း၊ သက်ရှည်ကျန်းမာ​စေခြင်းစတဲ့ စွမ်းအား​တွေရရှိမှာဖြစ်ပြီး သူ့ကိုလည်း Arrakisဂြိုလ်တစ်ခုထဲ မှာပဲ တူး​ဖော်နိုင်မှာပါ၊ တူး​ဖော်ခွင့်ရှိတဲ့ Houseဟာလည်း Emperorထက်​တောင် ပိုပြီးချမ်းသာသွားမှာပါ။ ဒါ​ကြောင့်မလို့ နိုင်ငံ​ရေးအရ​ရော၊ စီးပွား​ရေးအရပါ အချက်အချာ ဖြစ်​နေတဲ့ Duneဂြိုလ်ကို လွှဲ​ပြောင်းယူလိုက်ရတဲ့ House Atreides အ​နေနဲ့ House Harkonnenရဲ့ ဒုက္ခ​ပေးလာမှု​ရော၊ Emperorနဲ့ တခြားHouse​တွေရဲ့ ရန်စလာမှုကိုပါ ဘယ်လိုကြံ့ကြံ့ခိုင်ရမလဲ၊ House Atreidesရဲ့ သား​​​​တော်… အိမ်​တော်ရဲ့အနာဂတ် The Oneအဖြစ် တင်စားခံရတဲ့ Paulက​ရော Atreides​တွေကို ဘယ်​​လောက်ထိ ​ ခေါင်း​ဆောင်​ပေးသွားမလဲ…… Dune: Part Two (2024) ********************** ဇာတ်လမ်းအကျဉ်း Dune ဒုတိယမြောက်ရုပ်ရှင်မှာတော့ အေထရီးဒီး အိမ်တော်ကျဆုံးပြီး ပေါလ်အေထရီးဒီးတို့သားအမိ ဖရေးမန်းတွေနဲ့ပူးပေါင်းမိသွားတာကနေ စပါတယ်။ ဖရေးမန်းတွေထဲက ဘာသာရေးယုံကြည်သူတွေအလိုအရ အေထရီးဒီးရဲ့ မိခင်က မယ်တော်ကြီးဖြစ်လာပြီး ပေါလ်အေထရီးဒီးကလည်း သူ့ကို လီဆန် အာ-ဂါရစ်ဆိုတဲ့ ကယ်တင်ရှင်ပရောဟိတ်လို့ ယုံကြည်နေကြသူတွေနဲ့ မယုံကြည်ကြသူတွေကို စည်းရုံးပြီး ဟာကွန်နင်အိမ်တော်နဲ့ အင်ပါယာကို ဖြုတ်ချဖို့ ကြိုးစားပါတော့တယ်။ ပထမ ရုပ်ရှင်က ဇာတ်လမ်းအပျိုးမို့ နိုင်ငံရေးနဲ့တိုက်ပွဲအသေးစားတွေပဲ ပါပေမယ့် ဒီရုပ်ရှင်မှာတော့ အဆုံးအဖြတ်တိုက်ပွဲကြီးတွေ ဖြစ်လာပြီး နောက်ရုပ်ရှင်အတွက် ပိုကြီးတဲ့တိုက်ပွဲတွေကိုလည်း အစပျိုးသွားပါပြီ။ ကြည့်လိုက်ကြပါဦး….. File size… (7.3 GB)/ (1.77 GB) / (928MB) Quality…WEB-DL 4K HEVC/1080p / 720p Format…mp4 Duration….2h 46m Genre ….. Action , Adventure , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai , Ka Naung Translated by Mr. Andreson

Drama
8.8 2024
Dune: Part Two
Katak: The Brave Beluga
6.1

ခတဒ်ဆိုတဲ့ဝေလငါးလေးဟာ အဘွားပြောပြတဲ့ဘယ်သူမှမယုံကြည်‌တဲ့အဘိုးရဲ့ပုံပြင်တွေကို ယုံကြည်သဘောကျတဲ့သူပေါ့။ အဘွားရဲ့နောက်ဆုံးအချိန်လေးမှာ သူ့အဘိုးနဲ့ပြန်ဆုံစည်း‌စေချင်တဲ့ဆန္ဒရှိလို့ မြစ်ထဲနေရာကနေ အဘိုးရှိရာသမုဒ္ဒရာဘက်ကိုခရီးဆက်ခဲ့တယ်။ အခြားဝေလငါးတွေနဲ့မတူပဲ ဖွံဖြိုးဖို့နောက်ကျနေတဲ့ခတဒ် မြစ်ထဲမှာပဲ နေဖူးတဲ့ ခတဒ် သမုဒ္ဒရာထဲမှာဘယ်လိုခရီးဆက်မလဲ ဘယ်လိုအခက်အခဲတွေနဲ့တွေ့မလဲ အဘိုးကိုရောတွေ့ခွင့်ရ‌သွားလားဆိုတာ စိတ်ဝင်စားဖွယ် ကြည့်ရှူနိုင်ပါတယ်။ ဒီကားလေးကြည့်ပြီး စိတ်ခွန်အားတွေရရှိမယ်လို့မျှော်လင့်ပါတယ်။ File size…(1.2 GB)/(620 Mb) Quality….WEB-DL 1080p / 720p Format…mp4 Duration….01:22:00 Genre… Animation, Adventure, Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Inzali

6.1 2023
Katak: The Brave Beluga
Black Myth: Wukong
9.3

Black Myth : Wukong short animation video …………………………………………………………………. အခုရက်ပိုင်းအတွင်း အသစ်ထွက်လာတဲ့ ဝူခုန်းဂိမ်းဟာ အတော်ကိုဟော့နေပါတယ်။ ဂိမ်းရုပ်ထွက်ကောင်းမွန်တာကြောင့် လူကြိုက်များတာလည်းပါသလို ဆော့လို့လည်းကောင်းပြီး ဇာတ်လမ်းကလည်း ဆန်းသစ်ထားတာမလို့ လူအများစိတ်ဝင်စားမှုကိုရနေတာပါ။ အခုတင်ဆက်ပေးတဲ့ ဇာတ်လမ်းတိုကာတွန်းအပိုင်းလေးတွေကတော့ ရှင်းရှင်းပြောရရင် ဂိမ်းဆော့နေရင်း တခန်းပြီးတခါပြသတဲ့ဇာတ်လမ်းတိုလေးတွေပါ။ ဂိမ်းကိုကိုယ်တိုင်ဆော့ချင်တယ်။ spoilမမိချင်ရင်တော့ မကြည့်တာက ပိုကောင်းပါမယ်။ ဒါပေမဲ့ ဒီအပိုင်းတိုလေးတွေဟာ ဂိမ်းဇာတ်လမ်းနဲ့တိုက်ရိုက်ဆက်စပ်နေတာထက်စာရင် မိစ္ဆာတစ်ကောင်ချင်းစီရဲ့ဇာတ်လမ်းတိုလေး‌တွေဗျ။ animation style ကလည်း တပိုင်းကိုတပုံစံနဲ့ပါ။ တပိုင်းမှာဆိုရင် stop motionပုံစံတောင်ပါပါသေးတယ်။ ဂိမ်းဆော့ဖြစ်မှာမဟုတ်ဘူးဆိုတဲ့လူများကတော့ ကိုယ်တိုင်ပဲဆက်ကြည့်လိုက်ပါ။ အပိုင်း၆ပိုင်းရှိတဲ့ထဲမှာ အပိုင်း၃ဇာတ်လမ်းက တော်တော်ကိုမိုက်ပါတယ်။ ကျန်တဲ့အပိုင်းတွေမှာလည်း ဝူခုန်းတို့ကျမ်းစာပင့်ခရီးမှာ ပထမဆုံးရင်ဆိုင်ခဲ့တဲ့ ထန်ဆန်းကိုယ်တော်ရဲ့ရွှေသင်္ကန်းကိုခိုးသွားတဲ့ ဝက်ဝံမိစ္ဆာနံဘုန်းကြီး၊ မြေခွေးမိစ္ဆာမလေးနဲ့စာသင်သားတို့ အချစ်ဇာတ်လမ်း၊ မြစ်စောင့်နတ်မိစ္ဆာဇာတ်လမ်း၊ ကျူးပါ့ကျဲရဲ့အချစ်ဇာတ်လမ်းနဲ့ စီးရီးမှာမပါခဲ့တဲ့ သူ့မိန်းမ ပင့်ကူမိစ္ဆာမတို့အကြောင်း၊ နွားသိုးမိစ္ဆာ(မြဝတီဗားရှင်းမှာတော့ ကျွဲမိစ္ဆာလို့ဘာသာပြန်သွားခဲ့တာလိုပဲ)နဲ့ဝူခုန်းကြားက ဆက်ဆံရေးတို့ပါပါတယ်။ နောက်ဆုံးအပိုင်းပိုကတော့ ဂိမ်းနဲ့သွားဆက်နေတော့ ဂိမ်းဆော့မှပဲ သိမှာပါ။ ဂိမ်းမဆော့ဖြစ်လည်းသိအောင် အောက်မှာ နည်းနည်းspoilပေးပါမယ်။ Spoiler alert ဂိမ်းအစမှာတော့ ဝူခုန်းတို့အဖွဲ့ ကျမ်းစာပင့်ပြီးနောက် ဝူခုန်းကိုဗုဒ္ဓက အောင်နိုင်ခြင်းဗုဒ္ဓဘွဲ့ချီးမြှင့်ပေမဲ့ ဝူခုန်းက ဗုဒ္ဓတို့နဲ့အတူမနေပဲ သူ့ရဲ့နောက်လိုက်မျောက်တွေရှိရာ ပန်းပေါင်းစုံရေတံခွန်ကိုပြန်သွားပါတယ်။ ဗုဒ္ဓတစ်ပါးအနေနဲ့မနေတဲ့ဝူခုန်းကိုကြောက်တာကြောင့် နတ်တွေဟာ မျောက်တွေဆီရောက်လာပြီး တိုက်ခိုက်သတ်ဖြတ်ပါတော့တယ်။ အဲ့ဒါနဲ့ဝူခုန်းလည်း နတ်ပြည်ကိုနောက်တခါပြန်တက်ကာ နတ်တွေကိုတီးဖို့လုပ်သော်လည်း ခေါင်းစွပ်ကွင်းက တိုက်ပွဲအတွင်းနှောက်ယှက်တာကြောင့် မျက်လုံးသုံးလုံး အာလိန်ရှန်းနတ်ရဲ့ သတ်ဖြတ်တာကိုခံလိုက်ရာကနေ Black Myth : Wukongဆိုတဲ့ ဇာတ်လမ်းအစပြုပါတော့တယ်။ IGN 8/10 Metacritic 81% Steam 10/10 File size… 667 MB / 348 MB Quality… Web-DL 1080p / 720p Format… mp4 Duration…. 30 m Genre ….. Action/Animation Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Dr.Nyan

9.3 2024
Black Myth: Wukong
My Nanny Stole My Life
5.8

မော်လီကတော့ သမီးလေးမွေးဖွားပြီးတာ သိပ်မကြာသေးတဲ့ မေမေအသစ်ကလေး တစ်ယောက်ပါ။ သူ့ခမြာ မီးဖွားပြီးစ မိခင်တွေခံစားရတတ်တဲ့ စိုးရိမ်ပူပန်တာတွေလည်း ခံစားနေရပြီး သမီးလေးကို အမျိုးသမီးတစ်ယောက်က ခိုးယူသွားတယ်ဆိုတဲ့ အိပ်မက်ဆိုးကြီးက ခဏခဏနှိပ်စက်နေလို ကလေးထိန်းခေါ် ဖိုကိုလည်း စိုးရိမ်နေပြန်ပါတယ်။ မော်လီရဲ့ အမျိုးသား ဖြစ်သူ နိုအာ ကတော့ ဆရာဝန်နဲ့ပြပြီး ကုသစေပါတယ်။ ဆရာဝန်ရဲ့အကြံပြုချက်နဲ့ မေမေအသစ် ကလေးတွေရှိတဲ့ အွန်လိုင်းအဖွဲမှာ အဖွဲဝင်ကြည့်ရာကနေ မေမေတစ်ယောက်က သူတိုဆီမှာ လုပ်ဖူးတဲ့ နစ်ကီ ဆိုတဲ့ ကလေးထိန်ကို ညွှန်းပေးပါတယ်။ ဒါနဲ့ နစ်ကီကို တွေ့ကြည့်ပြီး လင်မယား နှစ်ယောက်လုံး သဘောကျသွားလို ငှားလိုက်ရာကနေ ဇာတ်လမ်းစတော့တာပါပဲ။ ဒီလို ငှားပြီးတဲ့နောက် မော်လီရဲ့ စိုးရိမ်ကြောင့်ကြစိတ်တွေက ပိုဆိုး၊ မရှိတာတွေရှိတယ်ထင်ပြီး စိတ်ကယောင်ချောက်ချားတွေ ဖြစ်တော့တာပါပဲ။ နစ်ကီရဲ့ အပြုအမူတွေက သံသယ ဖြစ်ဖို ကောင်းတယ်၊ သူ့ကိုစိတ်ထင်ယောင်ထင်မှားတွေဖြစ်အောင်လုပ်ပြီး ကလေးခိုးဖိုပါကြံနေတယ်လို ခံစားရပေမယ့် သူ့ဘက်မှာဘယ်သူ မှမရှိ၊ အရင်းနှီးဆုံး သူငယ်ချင်း လင်ဆေးကလည်း သူ့ကို နားမလည်နိုင်၊ အားလုံးက သူ့ကိုစိတ်ရောဂါသည်လိုပဲ သတ်မှတ် လာတဲ့နောက် တစ်အိမ်တည်း အတူရှိနေရတဲ့ ကလေးထိန်းရဲ့ လက်ကနေ သမီးကလေးကို မော်လီ တစ်ယောက် ဘယ်လို ကာကွယ်မလဲ၊ အကုန်လုံးထင်နေသလို သူစိတ်ရောဂါ ဖြစ်နေတာလား၊ ဒီလိုတွေဖြစ်အောင် လုပ်နေတဲ့ တရားခံ အစစ်ကကော ဘယ်သူလဲဆိုတာကို ရင်တမမနဲ့ ကြည့်ရှု ခံစားရမှာဖြစ်ပါတယ်။ File size… (1.34GB) / (660MB ) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 28m Genre ….. Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Mona

Action • Crime • Drama • Thriller
5.8 2024 87 mins
My Nanny Stole My Life
Madagascar
6.9

ဒီတစ်ခါတော့ 2005 ခုနှစ်က ထွက်ခဲ့တဲ့ Madagascar ဆိုတဲ့ အမေရိကန် ကာတွန်းကားလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ် Adventure comedy အမျိုးအစား ကာတွန်းကားလေးပါ မာတီဆိုတဲ့ မြင်းကျားလေးရယ်အဲလက်စ်ဆိုတဲ့ ခြင်္သေ့ရယ် မယ်လ်မန်းဆိုတဲ့ သစ်ကုလားအုတ်ရယ် ဂလော်ရီရာဆိုတဲ့ ရေမြင်းမလေးရယ် သူတို့ ၄ ကောင်က အဓိက ဇာတ်ဆောင်အဖြစ် ပါဝင်ထားပါတယ် သူတို့ လေးကောင်ဟာ နယူးယော့ခ်တိရစ္ဆာန်ရုံက တိရစ္ဆာန်လေးတွေပါ တိရစ္ဆာန်ရုံထဲမှာပဲ သူတို့ ဘဝကို နှစ်မြှုပ်ထားရင်း သာယာပျော်ရွှင်နေကြတဲ့ အချစ်ဆုံး သူငယ်ချင်း ၄ ယောက်ပေါ့ တစ်နေ့မှာ တိရစ္ဆာန်ရုံက ပင်ဂွင်း ၄ ကောင်က အန္တာတိကတိုက်ကို ထွက်ပြေးဖို့ ကြိုးစားနေကြတာကို မြင်းကျားလေးမာတီ တွေ့လိုက်ရာကငါတို့လည်း အရိုင်းတောထဲမှာ တောရိုင်းသတ္တဝါတွေနဲ့ သွားနေရင် ပျော်စရာကောင်းမယ်လို့ သူအတွေးရသွားပါတော့တယ် သူ့မွေးနေ့မှာ ကျန်တဲ့ သူငယ်ချင်း ၃ ယောက်က မွေးနေ့လုပ်ပေးပြီး လက်ဆောင်တွေ ပေးကြပေမဲ့ သူမပျော်တော့ပါဘူး အကျိုးအကြောင်းမေးမှ သူရှင်းပြလိုက်တော့ အကုန် အံ့သြပြီး မဖြစ်နိုင်တဲ့အကြောင်း ပြောကြပါတယ် မာတီကတော့ စိတ်ဓာတ်ကျပြီး သူတို့ အိပ်သွားတဲ့အချိန်မှာ တစ်ယောက်တည်း ထွက်သွားဖို့ ဆုံးဖြတ်လိုက်ပါတယ် သူထွက်သွားတာကိုတရေးနိုး အပေါ့သွားတဲ့ မယ်လ်မန်းက သိသွားပြီး အဲလက်စ်နဲ့ ဂလော်ရီရာကို ပြောပြလိုက်ပါတယ် ဒီလိုနဲ့ သူတို့တွေ မာတီ့နောက်ကို လိုက်ရင်းလူတွေ မိသွားတဲ့အခါ တိရစ္ဆာန်ရုံပြောင်းခံရပါတော့တယ် အဲမှာ သူတို့အချင်းချင်း သူ့ကြောင့် ငါ့ကြောင့် စကားများရန်ဖြစ်ရင်း လမ်းမှာ သင်္ဘောပေါ်က ပြုတ်ကျပြီး လူသူမရှိတဲ့ ကျွန်းတစ်ကျွန်းကို ရောက်သွားပါတော့တယ် အဲကျွန်းမှာ သူတို့ ဘာတွေနဲ့ ရင်ဆိုင်ရမှာလဲ သူတို့သူငယ်ချင်း ၄ ယောက်ရော အရင်လို ချစ်ချစ်ခင်ခင်နဲ့ ရှိပါတော့မလား ကြုံလာတဲ့အခက်အခဲတွေကိုရောရင်ဆိုင်ဖြေရှင်းနိုင်ပါ့မလား သူတို့အိမ်ဖြစ်တဲ့ နယူးယော့ခ်ကိုရော ပြန်နိုင်ပါ့မလားဆိုတာတော့ ဇာတ်လမ်းလေးကို ဆက်လက်ကြည့်ရှုခံစားလိုက်ကြပါ IMDB rating 6.9 ထိရထားတဲ့ ကာတွန်းလေးမို့ ကာတွန်းချစ်ပရိသတ်တွေ လက်မလွတ်သင့်တဲ့ဇာတ်ကားကောင်းလေးပါ ပျော်ပျော်ရွှင်ရွှင်ဇာတ်ဝင်ခန်းလေးတွေနဲ့ အတူ ရယ်စရာဟာသလေးတွေရော နှောထားလို့ ကြည့်နေရင်း မပျင်းရမယ့် ဇာတ်ကားလေးပါလို့ ညွှန်းပေးပါရစေ

Comedy
6.9 2005 86 mins
Madagascar
Bridge to Terabithia
7.2

Bridge to Terabithia (2007) IMDb Rating (7.2)/ Rotten Tomatoes (85%) နင့်နေအောင် ခံစားကြရတဲ့ ဒီရုပ်ရှင်ကားက စာရေးဆရာမ Katherine Paterson ရဲ့ အအောင်မြင်ဆုံးဝတ္ထုတွေထဲက တစ်ပုဒ်ဖြစ်ပြီး Walt Disney က ရုပ်ရှင်အဖြစ်ရိုက်ကူးခဲ့ပါတယ်… ရိုက်ကူးစရိတ် Budget $17 million သာ ကုန်ကျခဲ့ပေမယ့် Box office $137.6 million ထိပြန်လည်ရရှိခဲ့ပြီး Rating တွေလဲ ကောင်းမွန်ခဲ့တာမလို့ အဖက်ဖက်ကပြည့်စုံတဲ့ Drama,Family,Fantasy ကားလေးဖြစ်ခဲ့ပါတယ်။ ဇာတ်လမ်းလေးကတော့… ဂျက်စ်အရွန်း (Josh Hutcherson)ဆိုတဲ့ ၁၀ နှစ်သားအရွယ်ကောင်လေးဟာ ဆင်းရဲသားမိသားစုမှ ပေါက်ဖွားလာတာနဲ့အညီ ကျောင်းမှာရော အိမ်မှာပါ အနိုင်ကျင့်ခံရတဲ့ အထီးကျန်ကောင်လေးတစ်ယောက်ဖြစ်ပါတယ်။ အဲ့ဒီကောင်လေးရဲ့ ဘဝထဲကို လက်စလီဘာ့ခ် (AnnaSophia Robb) ဆိုတဲ့ ဘေးအိမ်က ကောင်မလေးတယောက် ဝင်ရောက်လာတာကနေစလို့ လုံးဝပြောင်းလဲသွားပါတော့တယ်…. ဂျက်စ်က ပုံဆွဲဝါသနာပါပြီး လက်စလီက စိတ်ကူးယဉ်တတ်တဲ့ ကောင်မလေးဖြစ်တော့ သူတို့နှစ်ယောက်ဟာ လက်ရှိကမ္ဘာကနေရုန်းထွက်ပြီး “တီရာဘီသီးယား” (Terabithia) ဆိုတဲ့ စိတ်ကူးယဉ်နိုင်ငံတစ်ခုကို ဖန်တီးလိုက်ကြပါတယ်… သူတို့နှစ်ယောက်ဟာ အဲ့ဒီ Terabithia မှာ ဘုရင်တွေ စွမ်းအင်တွေ သတ္တဝါကြီးတွေ ထူးဆန်းတဲ့အရာတွေကို ဖန်တီးပြီးတော့ စွန့်စားခန်းတွေထွက်ကြပါတော့တယ်။ ဒီလိုစိတ်ကူးယဉ်ပျော်ရွှင်နေကြတဲ့ သူတို့နှစ်ဦးကြားမှာ အလွန်စိတ်ထိခိုက်ဖွယ်အဖြစ်အပျက်တစ်ခုဝင်လာတဲ့အခါမှာတော့………။ Terabithia ဆိုတာ ကလေးတွေရဲ့စိတ်ကူးထဲကနေရာလို့ ပြသထားပေမယ့် တကယ်တော့ လက်တွေ့ဘဝရဲ့စိန်ခေါ်မှုတွေ(ကျောင်းတွင်းအနိုင်ကျင့်ခံရခြင်း၊ မိသားစုပြဿနာများ) စတဲ့အရာတွေကို ညွှန်းဆိုထားတာ တွေ့ရမှာပါ။ ဒီရုပ်ရှင်ကားက စိတ်ကူးယဉ်ခြင်းရဲ့ အရေးပါမှု၊ မိတ်ဆွေစစ်စစ်တန်ဖိုး၊ ကိုယ်ပိုင်ယုံကြည်မှု၊ ကိုယ်ပိုင်ဖန်တီးနိုင်စွမ်း၊ ခံစားချက်တွေကိုရင်ဖွင့်ရဲမှုနဲ့ ဆုံးရှုံးခြင်းတွေကိုရင်ဆိုင်နိုင်မှု စသည်ဖြင့် အဖက်ဖက်ကနေ သင်ကြားပြသသွားခဲ့တဲ့ ကလေးရော လူကြီးပါမကျန် ကြည့်ရှုသင့်တဲ့ ရုပ်ရှင်ကားကြီးဖြစ်ပါတယ်။

Animation • Family • Fantasy
7.2 2007 96 mins
Bridge to Terabithia
Kemba
6.3

Kemba (2024) ဒီဇာတ်လမ်းက Kemba Smith ရဲ့ တကယ့်ဖြစ်ရမှန်ဇာတ်လမ်းကို အခြေခံပြီးတော့ အမေရိကန်ရဲ့ တရားစီရင်ရေးစနစ်အတွင်း လူမျိုးရေးနဲ့ လူမှုရေးမညီမျှမှုတွေကို ထောက်ပြထားတဲ့ ဒရမ်မာဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်။ Kemba ဆိုတဲ့ မိကောင်းဖခင် အမျိုးသမီးလေးက မှောင်ခို မူးယစ်ဆေးဝါးရောင်းဝယ်သမားဖြစ်တဲ့ Khalif နဲ့ ချစ်ကြိုက်မိပြီး သူ့ရဲ့ဘဝတစ်ခုလုံး ပျက်စီးသွားခဲ့ရတယ်။ Khalif ရဲ့ အကြမ်းဖက်မှု‌၊ စိတ်ဒဏ်ရာတွေပေးပြီး လှည့်စားခံရပေမဲ့ အချစ်ဆိုတဲ့ မိုက်မဲမှုအောက်မှာ Kemba မယုံထွက်နိုင်ဘဲ ဆက်နေဖိုအတွက် ဆုံးဖြတ်ချက်အမှားတွေလုပ်မိလာတယ်။ အကျိုးဆက်အနေနဲ့ Khalif အပစ်ခံရပြီး သေဆုံးသွားတာကြောင့် Kemba တစ်ယောက် သူ မကျူးလွန်ခဲ့တဲ့ Khalif ရဲ့ပြစ်မှုတွေအတွက် ထောင်ဒဏ် 24 နှစ်ခွဲ ပြစ်ဒဏ်ချမှတ်ခံခဲ့ရပါတယ်။ တရားမျှတမှုမရှိတဲ့ “အနိမ့်ဆုံးအပြစ်ဒဏ် သက်မှတ်မှု” ကတိကိုချိုးဖောက်ခဲ့တဲ့ အမေရိကန်အစိုးရရဲ့ လူမျိုးရေးဘက်လိုက်တဲ့ ဥပဒေစနစ်ကြီးကို Kemba တင်မကဘဲ Kemba ရဲ့ မိဘတွေ၊ NAACP Legal Defense Fund အဖွဲအစည်းက လူတွေနဲ့ Kemba လွတ်ငြိမ်းခွင့်ရဖို အားပေးထောက်ခံကြတဲ့ ပြည်သူပေါင်းများစွာရဲ့ ကြိုးစားမှုတွေနဲ့ သမ္မတ Clinton ဆီက Kemba ရဲ့ လွတ်ငြိမ်းခွင့်ကို ဘယ်လိုတိုက်ပွဲဝင်ကြမလဲဆိုတာကတော့ ဒီဇာတ်လမ်းထဲမှာ ဆက်လက်ကြည့်ရှုလိုရပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Thwal Htoo Zin ဖြစ်ပါတယ်။) File size… (1.5 GB) / (750 MB) Quality…. WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre…. Drama Duration…. 01:48:40 Subtitle…. Myanmar Subtitle (Hardsub) Encoder…. Benjamin Translated by Thwal Htoo Zin

Romance • Comedy • Drama
6.3 2024 118 mins
Kemba
Defiance
7.2

၁၉၄၁ခုနှစ် ဒုတိယ ကမ္ဘာစစ်အတွင်းမှာ ဟစ်တလာဟာ ဘီလိုရုရှားနိုင်ငံကို သိမ်းပိုက်ခဲ့ပါတယ် ။ သူ့ရဲ့ အညိုးအတေးတွေကြောင့် ထုံးစံအတိုင်း နိုင်ငံတွင်းက ဂျူးလူမျိုးတွေမှန်သမျှကို တစ်ဖြည်းဖြည်းချင်းလူမျိုးတုန်းသတ်ဖြတ်လာတဲ့အခါမှာတော့….. တူဗီယာတို့ ညီအကိုတွေဟာ နာဇီတွေဝင်ရောက်မလာခင်ကတည်းက ပြစ်မှု့တစ်ခုကြောင့် တောထဲမှာထွက်ပြေးတိမ်းရှောင်နေရပါတယ်။ အချိန်အကြာကြီးနေခဲ့တာကြောင့် တောကိုလည်း ကျွမ်းကျင်နေကြပါပြီ။ စစ်ကြီးစဖြစ်တော့ အခြားသူတွေကလည်း သူတို့လို တောထဲကို ထွက်ပြေးတိမ်းရှောင်ကြပါတယ်။ တူရာတူရာတွေ စုမိကြရင်း နောက်ဆုံး ရွာတစ်ရွာတည်နိုင်လောက်တဲ့အထိများပြားလာတဲ့အခါမှာတော့ သူတို့ဟာ သူပုန်လိုလို တော်လှန်ရေးသမားတွေလိုလို ဖြစ်လာကြပါတော့တယ်။ ဒီကားဟာ ဖြစ်ရပ်မှန်ဝတ္တုဖြစ်တဲ့ Defiance : The Bielski Partisans ဆိုတဲ့ Nechama Tec ရဲ့ဝတ္တု့ကို ပြန်လည်အသက်သွင်းထားတာပါ။ သရုပ်ဆောင်တွေကတော့ ဂျိမ်းစ်ဘွန်းမင်းသားကြီးဖြစ်တဲ့ Daniel Craig နဲ့ Wolverine အကိုအဖြစ် သရုပ်ဆောင်ဖူးတဲ့ Liev Schreiber တို့က ပါဝင် သရုပ်ဆောင် ထားကြပါ။ File size…(3 GB)/(1.9 GB) Quality….Br-Rip 1080p / 720p Format… mp4 Duration…. 02:17:00 Genre… Action, Drama, History, Thriller, War Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Kiwi

Crime • Comedy • Action
7.2 2008 137 mins
Defiance