YoteShin Drive is below this article. Scroll down to view.

Tesla can sell 370,000 electric vehicles in 3

Author: Anonymous Published on: 12 Aug 2022

Tesla is the world's largest electric car company. Recently, Tesla has increased the production of automobiles. Shanghai It has improved because of the upgrade to the factories in Berlin and the Texas. The company's car manufacturer has been recorded in the record in July 3 in September. In addition, car sales have come up. Observers say Tesla sells between 350,000 to 370,000 cars in 350,000. If this is true, it is record sales for the company. Tesla also has a record sales in January 1 of January this year. In 2022, Tesla sold more than 3,100,000 vehicles sold over 31,000 vehicles. Tesla usually goes up at the end of the year. The same year is also reported that Tesla said that Tesla said that it would go up to 3. Tesla will be income in the record of record 3 in District 3. Now, the 3-time disclosure of Tesla must be monitored. Ref: Gizchina

YoteShin Drive

Sign in using google and save to your drive

The Killing Jar (2010) Blu-ray 1080p (CM).mp4

1.98 GB N/A video/mp4 58 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Raise the Red Lantern
8

~ IMDb - 8.1/10, Rotten Tomatoes - 97% ~ Raise the Red Lantern ဟာ ကျန်းရိမူရိုက်ခဲ့ဖူးတဲ့ မာစတာပိစ်ကားပေါင်းများစွာထဲက တစ်ကားပါပဲ။ ကျန်းရိမူဟာ To Live, Hero, House of Flying Daggers, The Flowers of War, Under the Hawthorn Tree နဲ့ Shadow အပါအဝင် တခြားမာစတာပိစ်ကားများစွာကို ရိုက်ခဲ့တဲ့သူဖြစ်ပြီး ပါဖက်ရှင်နစ်တော်တော်ဆန်တဲ့ စီနီမာတိုဂရပ်ဖီနဲ့ ‌အရောင်တွေလှိုင်လှိုင်သုံးပြီး အစောပိုင်းကားတစ်ချို့မှာ ရှေးတရုတ်ပြည် လူနေမှုဘဝကို ထင်ဟပ်တဲ့ ဇာတ်အိမ်တွေ သုံးပြီး ရိုက်‌လေ့ရှိတဲ့သူပါ။ ပြည်မရုပ်ရှင်ရဲ့ ငါးဆက်မြောက်မျိုးဆက် ဒါရိုက်တာတွေထဲက တစ်ယောက်ဖြစ်ပြီး ဒီမျိုးဆက်မှာ ပြည်မရုပ်ရှင်တွေကို ပြည်ပအထိပေါက်မြောက်အောင် လုပ်နိုင်ခဲ့တဲ့ ဒါရိုက်တာတွေထဲက တစ်ယောက်လည်း ဟုတ်ပါတယ်။ Raise the Red Lantern ကတော့ ၁၉၂၀ဝန်းကျင်က တရုတ်သခင်ကြီးတွေရဲ့ မောင်းမထားတတ်တဲ့ ဓလေ့နဲ့ မောင်းမတွေရဲ့ဘဝကို ဇာတ်အိမ်တည်ထားတဲ့ ရုပ်ရှင်ဖြစ်ပြီး ဂေါင်လီရဲ့ဇာတ်ကောင် စွန်းလိန်ဆိုတဲ့ ၁၉နှစ်အရွယ် တက္ကသိုလ်ကျောင်းသူလေး လူကုံထံ သခင်ကြီးတစ်ပါးအိမ်မှာ မောင်းမဖြစ်လာတဲ့ ဘဝကို ရိုက်ပြထားပါတယ်။ အစအဆုံးကို အဲဒီအိမ်တော်လို့ခေါ်တဲ့နေရာအိုကြီးထဲ မောင်းမလေးယောက် ဂလယ်ရိုက်နေတာတွေကိုပဲ ပြသွားသလိုလိုဖြစ်နေတော့ ပြောရရင် ဒီဇာတ်က ကိုရီးယားမိသားစုဒရာမာကားလို ဇာတ်အိမ်မျိုးပါပဲ။ မတူတာက ဘာလဲဆို ဒီဇာတ်က ဂေါင်လီဇာတ်ကောင်ရဲ့ ၁၉နှစ်ကနေ ၂၀အရွယ်အကျော်ထိ တစ်နှစ်ကာလကို ရိုက်ပြထားတယ်။ အဲဒီတစ်နှစ်ကလည်း လူတစ်ယောက်ရဲ့ တစ်ဘဝလုံးဖြစ်သွားနိုင်တဲ့ အကြောင်းလို့ ပြောလည်းမမှားဘူး။ ရှေးရိုးစွဲကြီးတဲ့အိမ်တော်ကြီးမှာ သခင်ကြီးအသုံးတော်ခံရမယ့် မောင်းမရဲ့ အိမ်တော်ခွဲမှာ မီးပုံးနီတွေ ချိတ်ဆွဲပေးကြတယ်။ လိင်မဆက်ဆံခင် စွမ်းဆောင်နိုင်အောင် မောင်းမကို အနှိပ်သည်က ခြေထောက်နှိပ်ပေးတယ်။ နောက်နေ့ကျလည်း ဟင်းလျာစာရင်းကို မီးပုံးနီ ချိတ်ဆွဲခံရတဲ့အိမ်တော်က မောင်းမက စိတ်ကြိုက်စီမံခွင့်ရတယ်။ ကျန်တဲ့မောင်းမတွေကတော့ ဒီအခွင့်အရေးတွေ တစ်ခုမှမရဘူးပေါ့။ ဒီတော့ မောင်းမအချင်းချင်း အားပြိုင်တာတို့ ကောက်ကျစ်တာတို့ ချောက်ချတာတို့ နည်းလမ်းပေါင်းစုံသုံးပြီး သခင်ကြီးနဲ့ အိပ်ရဖို့ တစ်ယောက်ကိုတစ်ယောက် အလဲထိုးဖို့ အသာရဖို့ ကျောဖို့ ကြိုးစားကြတယ်။ ၁၉နှစ်အရွယ် ကောင်မလေးဟာ ရန်သူလို့ထင်တဲ့သူက မိတ်ဆွေဖြစ်နေ၊ မိတ်ဆွေလို့ထင်တဲ့သူက ရန်သူဖြစ်နေ၊ သူတို့လှည့်ကွက်တွေ ကိုယ့်လှည့်ကွက်တွေကြား တစ်နှစ်တည်းနဲ့ တစ်ဘဝလုံးစာအိုမင်းသွားခဲ့တဲ့ အကြောင်းဆိုလည်း မမှားပါဘူး။ ထူးတာက ဘာလို့လဲမသိ ဒီဇာတ်လမ်းမှာ တခြားဇာတ်ကောင်တွေအားလုံးကိုထင်ထင်ရှားရှား ပြသွားပေမဲ့ သခင်ကြီးဆိုတဲ့ ဇာတ်ကောင်ကိုတော့ သေချာမြင်ရတဲ့အနေအထားကို မပြသွားပါဘူး။ မီးပုံးနီဟာ စည်းမျဉ်းတွေနဲ့ အဲဒီစည်းမျဉ်းတွေရဲ့ ထိန်းချုပ်ကန့်သတ်မှုအောက်ကနေ လူတွေ လွယ်လွယ်နဲ့ မလွတ်မြောက်နိုင်အောင် တားမြစ်ထားတဲ့အာဏာကို နိမိတ်ပုံပြုတယ်လို့ ဆိုပါတယ်။ ကျန်းရိမူဟာ ကားတစ်လျှောက်လုံး သေသပ်လှပနေတဲ့ စီနီမာတိုဂရပ်ဖီတွေနဲ့ တရုတ်ရှေးလူနေမှုစနစ်ကို ပုံဖော်ထားခဲ့တာပါပဲ။ ဒီရုပ်ရှင်ဟာ ထုံးစံအတိုင်း တရုတ်ပြည်မမှာ အဘန်းခံခဲ့ရပြီး အနောက်နိုင်ငံတွေက ဝေဖန်ရေးဆရာတွေတော့ အကြိုက်တွေ့ခဲ့ကြပြီး အော်စကာ ဆန်ကာတင်စာရင်းထဲတောင် ပါခဲ့ပါတယ်။ ဘာမှတော့ ဆန်းဆန်းပြားပြားမပါပေမဲ့ ဒီမဆန်းမပြားတွေကိုပဲ အလှဆုံးဖြစ်အောင် ရိုက်ပြသွားနိုင်တာလည်း ကျန်းရိမူပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size - 2.1GB, 990MB Quality - 1080p, 720p IMDb Rating - 8.1/10 Format - mp4 Duration - 2H 5Min Genre - Drama, History, Romance Subtitle - Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

Comedy
8 1991 125 mins
Raise the Red Lantern
Pacto de Fuga
7.5

~ IMDb - 7/10, Rotten Tomatoes - 89% ~ ၂၀၂၀ခုနှစ်ရဲ့ နှစ်ဆန်းပိုင်းမှာထွက်ရှိခဲ့ပြီး ချီလီနိုင်ငံမှာ ရိုက်ကူးပြသခဲ့တဲ့ စပိန်စကားပြော ရုပ်ရှင်ကားဖြစ်ပါတယ်။ ဖြစ်ရပ်မှန်ကို အခြေခံပြီး ရိုက်ကူးထားတာလည်း ဖြစ်ပါတယ်။ ဇာတ်လမ်းကို မိတ်မဆက်ခင်မှာ ဇာတ်အိမ်တည်ရာ ချီလီနိုင်ငံရဲ့ နောက်ခံသမိုင်းကို နည်းနည်းပြောမှ ဖြစ်ပါလိမ့်မယ်။ ၁၉၇၃ ခုနှစ်၊ တောင်အမေရိကတိုက်၊ ချီလီနိုင်ငံမှာ ပြည်သူတွေက ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားတဲ့ လက်ဝဲယိမ်းဆိုရှယ်လစ်အစိုးရကို ဗိုလ်ချုပ်ကြီး ဩဂတ်စတို ပီနိုရှေး ဆိုသူက ဖြုတ်ချပြီး စစ်အာဏာသိမ်းလိုက်ပါတယ်။ မှတ်တမ်းတွေအရတော့ အဲဒီအာဏာသိမ်းမှုကို အမေရိကန်အစိုးရက ကျောထောက်နောက်ခံပြုပေးခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီကာလတုန်းကတော့ အမေရိကန်ဟာ ကွန်မြူနစ်ဝါဒမပြန့်ပွားရင်ပြီးစတမ်းဆိုတဲ့ သဘောထားနဲ့ လက်ဝဲယိမ်းသူမှန်သမျှ ဖြုတ်ချဖို့အားပေးနေခဲ့တဲ့ စစ်အေးကာလ ဖြစ်ပါတယ်။ လက်ဝဲသမားတွေမဟုတ်ရင်ပြီးရော။ မင်းတို့ဘာသာ စစ်ဖိနပ်နဲ့ ဘယ်သူ့တက်နင်းနင်းပေါ့လေ။ ပီနိုရှေးစစ်အစိုးရဟာ ၁၉၇၃ ကနေ ၁၉၉၀ အထိ အုပ်ချုပ်သွားခဲ့တယ်လို့ သိရပါတယ်။ ပီနိုရှေးဟာ အာဏာရှင်တို့ရဲ့ textbook အတိုင်း သဘောထားကွဲလွဲသူမှန်သမျှကို ကျကျနန နှိပ်ကွပ်ပါတယ်။ စစ်ထောက်လှမ်းရေးဆိုတဲ့ လက်စောင်းထက်လှတဲ့ အဖွဲ့အားကိုးနဲ့ပေါ့။ သူက သူ့အစိုးရမူဝါဒကို National Reconstruction ဆိုတဲ့ စကားလုံးနဲ့ သရုပ်ဖော်ပါတယ်။ "နိုင်ငံတော် ပြန်လည်တည်ဆောက်ရေး" ပေါ့လေ။ မခံမရပ်နိုင်တဲ့ တော်လှန်ရေးသမားလေးတွေက သူ့ကို လုပ်ကြံဖို့ ကြိုးစားခဲ့ပါတယ်။ ဒါပေမဲ့ ကံမကောင်းစွာဘဲ မအောင်မြင်လိုက်ပါဘူး။ သူ့ကိုလုပ်ကြံရာမှာ မအောင်မြင်ဘဲ အဖမ်းခံလိုက်ကြရတဲ့ တော်လှန်ရေးတပ်ဦးအဖွဲ့က တရားခံတွေကို ထောင်တစ်ခုထဲမှာ သာမန်အကျဉ်းသားတွေနဲ့မရောဘဲ သီးခြားအဆောင်တွေနဲ့ ချုပ်နှောင်ထားပါတယ်။ အဲဒီအကျဉ်းသားအများစုကို စစ်ခုံရုံးက သေဒဏ်ပေးပြီးသားပါ။ တရားဥပဒေစိုးမိုးတယ်ဆိုတဲ့ ဟန်ပြသဘောနဲ့ နိုင်ငံတော်တရားရုံးချုပ်ဆိုတဲ့ အရပ်ဘက်တရားရုံးက စစ်ဆေးနေဆဲဖြစ်ပေမယ့် သေဒဏ်ကျမယ်ဆိုတာ အကျဉ်းသားတွေက သိပြီးသားပါ။ အဲဒီအချိန်မှာပဲ ဒီဇာတ်လမ်း စတင်ပေါက်ဖွားလာခဲ့တာ ဖြစ်ပါတယ်။ ဘယ်တော့မှအရှုံးမပေးလိုတဲ့ နိုင်ငံရေးအကျဉ်းသားတစ်စုဟာ အဲဒီထောင်ကနေ ဥမင်လိုဏ်ခေါင်းတူးပြီး ‌ထွက်ပြေးကြဖို့ စစ်ဆင်ရေးတစ်ခုလိုသတ်မှတ်ပြီး အကောင်အထည်ဖော်ကြပါတော့တယ်။ သူတို့နေကြရတဲ့အကျဉ်းခန်းကနေ ထောင်အပြင်ရောက်တဲ့အထိ မီတာ ၆၀ (ပေ ၂၀၀နီးပါး) ရှိတဲ့ လိုဏ်ခေါင်းကို ဘယ်လိုဖောက်ကြမှာလဲ။ ဘာနဲ့ဖောက်မှာလဲ။ ဘယ်လောက်ကြာမှာလဲ။ လိုဏ်ခေါင်းတူးရင်းထွက်လာတဲ့ မြေစာတွေကို ဘယ်သူမှမမြင်အောင် ဘယ်နားမှာ သွားပစ်ကြရမှာလဲ။ စိတ်မထင်ရင်မထင်သလို ဝုန်းဒိုင်းကြဲအောင် တလာစီ (ရှာဖွေစစ်ဆေးရေးဝင်) တတ်ကြတဲ့ ထောင်မှူးနဲ့အစောင့်တွေ မမြင်အောင် လိုဏ်ခေါင်းဝင်ပေါက်ကို ဘယ်လိုဖုံးကြဝှက်ကြရမှာလဲ။ တွေးကြည့်ရတာနဲ့တင် မောချင်စရာကြီးပါ။ အဲဒါ သူတို့ဖြတ်ကျော်ရမယ့်အခက်အခဲတွေထဲက အမြည်းသဘောလောက်ပဲ ရှိပါသေးတယ်။ ထောင်အာဏာပိုင်တွေက မွေးထားတဲ့ ဒလန်တွေမရိပ်မိအောင် ကြိုးစားနေရတာလည်း တမှောင့် ပေါ့။ လိုဏ်ခေါင်းပေါက်သွားလို့ ထောင်အပြင်ရောက်ပါပြီတဲ့။ သူတို့ ဘယ်ကိုဆက်ပြေးကြမှာလဲ။ ဘယ်လောက်ကြာအောင် ပြေးနိုင်မှာလဲ။ ဒီဇာတ်ကားဟာ Hollywood က ထုတ်လုပ်တဲ့ကား မဟုတ်လို့ The Shawshank Redemption တို့ Escape from Alcatraz တို့လို မပေါက်ခဲ့ပေမယ့် အဲဒီကားတွေလိုပဲ ကြည့်ရတာ ရင်တထိတ်ထိတ်နဲ့ဖြစ်ရမယ့် thriller အရသာအပြင် ရဲဘော်ရဲဘက်တွေရဲ့ ညီအစ်ကိုဆက်ဆံရေးမျိုး၊ အင်ဂျင်နီယာပညာရပ်လို ကိုယ်တတ်ထားတဲ့ပညာကို လက်တွေ့ဘဝအတွက် အကျိုးရှိရှိအသုံးချသွားပုံကို တင်ပြတဲ့ ပညာပေးပြကွက်တွေ၊ ကိုယ်ကျိုးအတ္တနဲ့ တော်လှန်ရေး ဘယ်အရာကို ဦးစားပေးမလဲဆိုတဲ့မေးခွန်းမျိုးတွေ အများကြီး တွေ့ရနိုင်ပါတယ်လေ။ ဒီတော့ ဒီကားက အဲဒီလို ရသမျိုးစုံကိုပါ ပေးစွမ်းနိုင်မယ့် ဇာတ်ကားကောင်းတစ်ခု ဖြစ်ပါကြောင်း ညွှန်းဆိုချင်ပါတယ် ခင်ဗျာ။ (ဒီဇာတ်ကားနဲ့အညွှန်းကို Thaman Myint မှ ပြန်ဆိုရေးသားထားပါတယ်) Size - 2GB, 1.1GB Quality - 1080p, 720p IMDb Rating - 7/10 Format - mp4 Duration - 2H 15Min Genre - Drama, Thriller Subtitle - Myanmar Subtitle (Hardsub) Translated by Thaman Myint Encoded by Y

7.5 2020 138 mins
Pacto de Fuga
I Care a Lot
6.6

ဇာတ်လမ်းနာမည်အတိုင်း မာလာဂရေဆန်ဟာ အိုမင်းမစွမ်းဖြစ်နေတဲ့ သက်ကြီးရွယ်အိုတွေကိုစောင့်ရှောက်ပေးတဲ့ အဖွဲ့အစည်းတစ်ခုကိုဦးဆောင်နေတဲ့ အမျိုးသမီးတစ်ဦးပါ ဒါပေမယ့် ကောင်းသောစောင့်ရှောက်ခြင်းမျိုးလားဆိုတော့ သူ့ကောင်းစားရေးအတွက် ချမ်းသာတဲ့အဘိုးအဘွားတွေကို အသုံးချနေတဲ့စောင့်ရှောက်ခြင်းမျိုးပါ မာလာဟာ ဒေါက်တာကယ်ရင်အေမို့စ်ဆိုတဲ့ ဆရာဝန်နဲ့ပေါင်းကြံပြီး လူနာတွေထဲက သူဌေးအဘိုးကြီး အဘွားကြီးတွေကို ကျန်းမာရေးချို့တဲ့လို့ ကိုယ့်ကိုယ့်ကိုမစောင့်ရှောက်နိုင်တော့ပါဘူးဆိုပြီး တရားရုံးကိုအကူအညီတောင်း၊ တရားရုံးကနေမှ မာလာ့ကိုတရားဝင်အုပ်ထိန်းသူအဖြစ် တာဝန်ခန့်အပ်ပြီး လူနာတွေကို သက်ကြီးရွယ်အိုစောင့်ရှောက်ရေးဂေဟာမှာ သွားထားထားတာပါ အဲဒီစောင့်ရှောက်ရေးဂေဟာဆိုတာကလည်း အကျယ်ချုပ်ချထားတာနဲ့မခြားပါဘူး မာလာနဲ့ပေါင်းကြံထားတဲ့အဖွဲ့အစည်းတွေပေါ့ အပြင်လောကနဲ့အဆက်အသွယ်လုံးဝဖြတ်ထားပြီး မိသားစုဝင်တွေနဲ့ပါ လုံးဝပေးမတွေ့တာပါ အဲဒီလို သက်ကြီးရွယ်အိုတွေကို ဂေဟာမှာသွားထားပြီး မာလာကတော့ သူတို့ရဲ့အိမ်တွေ၊ ကားတွေ၊ ပိုင်ဆိုင်မှုတွေကို လေလံတင်ပြီးရောင်းစားနေတာပေါ့ အကြောင်းပြချက်ကတော့ သူတို့မိသားစုဝင်တွေက အဘိုးအဘွားတွေကိုပစ်ထားတဲ့အတွက် စောင့်ရှောက်ရေးဂေဟာကိုပေးရမယ့်စရိတ်စကတွေပေးဖို့ ဒီလိုပစ္စည်းတွေကိုထုခွဲရောင်းချပြီး စီမံရပါတယ်ပေါ့ ဒီလိုနဲ့တစ်နေ့ ဒေါက်တာကယ်ရင်အေမို့စ်ချိတ်ပေးတဲ့ မိသားစုလည်းမရှိ ငွေလည်းလျှံတဲ့အပျိုကြီး ဂျနီဖာပီတာဆန်တစ်ယောက် မာလာတို့လက်ထဲရောက်လာတဲ့အခါ.... မာလာတို့အကြိုက်ပဲပေါ့နော် အမွေစားအမွေခံသားသမီးလည်းမရှိ၊ မိသားစုဝင်လည်းတစ်ယောက်မှမရှိတော့ အဘွားကြီးကို ဂေဟာမှာလှောင်ပိတ်ထားပြီး အဘွားကြီးအိမ်တွေ၊ ပိုင်ဆိုင်မှုတွေကိုရောင်း၊ ဘဏ်ထဲကမီးခံသေတ္တာတွေကို စိတ်ကြိုက်ခြယ်လှယ်တော့တာပေါ့ ဒါပေမယ့် အဘွားကြီးပြောတဲ့စကားတစ်ခွန်းက "မင်းလုပ်ခဲ့မိသမျှထဲမှာ ငါကအကြီးမားဆုံးအမှားဖြစ်လိမ့်မယ်" ဆိုတော့ ကျိကျိတက်ချမ်းသာတဲ့ အဘွားကြီးက မာလာတို့ရဲ့တကယ့်ငွေထုပ်ကြီးဖြစ်မလား ဘယ်လိုတွေဖြစ်လာမလဲဆိုတာတော့ ဇာတ်လမ်းထဲမှာပဲ ဆက်လက်ကြည့်ရှုပေးကြပါဦး File size… 2.4GB and 1.8GB Quality…. 1080p HEVC 5.1CH and 720p Format…mp4 Duration…. 1hr 58min Subtitle….Myanmar Subtitle (Hardsub) Translator ..... MTA, Yoon Sandi Aung Encoder ..... August

Comedy • Drama
6.6 2021 119 mins
I Care a Lot
Hitman's Wife's Bodyguard
6.7

မြေနိုးကြီးရဲ့သက်တော်စောင့် ဇာတ်လမ်း အဆက် ထွက်လာပါပြီ။ ၂၀၁၇ က အပိုင်း ၁ လေးကို ကြည့်ထားရင် ပိုကောင်းပါတယ်။ တင်ပေးထားပါတယ်။ ဒီအပိုင်းမှာတော့ ကင်ကိတ်ကြီးက ထောင်ကထွက်ပြေးပြီး မိန်းမနဲ့အကြည်ဆိုက်နေချိန်၊ သက်တော်စောင့် လိုင်စင် မရှိတော့တဲ့ ဘရိုက်စ်က တိုင်ပတ်နေပါတယ်။ ဒါနဲ့ စိတ်ပြေလက်ပျောက် အနားယူဖို့ ထွက်လာချိန်မှာပဲ ကင်ကိတ်ကြီးကိုမာဖီးယားတွေဖမ်းထားတယ်ဆိုပြီး သူ့မိန်းမ ဆိုညာက လာခေါ်တဲ့အချိန်မှာ လူသတ်သမား၊ သက်တော်စောင့်၊ လူလိမ်မ သုံးယောက်တွဲပြီး ပေါက်ကရတွေလုပ်ရင်းနဲ့ ကမ္ဘာကြီးကို ကယ်တင်ရမယ့် လမ်းစပေါ် ရောက်သွားပြန်ပါတယ်..... အညွှန်း နဲ့ ဘာသာပြန်ကတော့ Mr.Anderson ပဲ ဖြစ်ပါတယ်။ File size… 1.49 GB and 862 MB Quality….WEB-DL 1080p and 720p Format…mp4 Duration….1h 40min Subtitle….Myanmar Subtitle (Hardsub) Translator ..... Mr.Anderson Encoder ..... August

Crime • Drama
6.7 2021 117 mins
Hitman's Wife's Bodyguard
Perpetrator

ဘဝတစ်လျောက်လုံး ဖခင်နှင့်ကြီးပြင်းလာရတဲ့ ဂျွန်နီဆိုတဲ့ ကျောင်းသူလေးတစ်ဦးဟာ ၁၈နှစ်ပြည့် မွေးနေ့မတိုင်ခင်မှာပဲ ဖခင်၏စေလွှတ်မှုကြောင့် အဒေါ်တော်စပ်သူရဲ့ အိမ်ကိုပြောင်း၍နေထိုင်ရပါတော့တယ်။ ကျောင်းသစ် အိမ်သစ်နှင့် နေသားကျဖို့ကြိုးစားနေချိန်မှာပဲ ဂျွန်နီတို့ကျောင်းမှ ကျောင်းသူလေးများတစ်ယောက်ပြီးတစ်ယောက် စတင်ပျောက်ဆုံးလာပါတော့တယ်။ ဂျွန်နီတစ်ယောက်ဟာဆိုရင်လည်း ခန္ဓာကိုယ်မှာ မူမမှန်တဲ့ပြောင်းလဲမှုတွေကို တစ်စတစ်စ စတင်ခံစားလာရပါတော့တယ်။ ကျောင်းသူလေးတွေ ဘာကြောင့်ပျောက်ဆုံးနေတာလဲ၊ ဂျွန်နီဆိုတဲ့ ကျောင်းသူလေးရဲ့ သရုပ်မှန်ကရော ဘာတွေဖြစ်နေမလဲဆိုတာကို ကြည့်ရှုရမယ့် သည်းထိပ်ရင်ဖိုဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်။ File size…(1.4 GB)/(706 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:40:00 Genre…Horror Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Eunice

0 2023
Perpetrator
Ready or Not 2

မြို့ပြမှာ နေထိုင်နေတဲ့ စုံတွဲတွေရဲ့ မတူညီတဲ့အဆင့်အသီးသီးမှာ ဖြစ်ပျက်လေ့ရှိတဲ့ အဖြစ်အပျက်လေးတွေကို ရိုက်ပြထားတာ ဖြစ်ပါတယ်။ အားကျားနဲ့ ခယ်ရီးတို့ရဲ့ ဘဝဟာ အားကျားရဲ့ အမေကြောင့် စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။ မင်္ဂလာပွဲအတွက်ပြင်ဆင်ဖို့၊ အိမ်ဝယ်ဖို့၊ အလုပ်ကိစ္စတွေကြောင့် အရင်က ပျော်စရာဘဝကြီးက တဖြည်းဖြည်းနဲ့ တာဝန်တွေ ဝတ္တရားတွေနဲ့ ပြည့်နှက်လာခဲ့ပါတယ်။ ဟွေးရှုံကလည်း အိမ်ထောင်ရှင်ကောင်းတစ်ယောက်ဖြစ်ဖို့ ကြိုးစားနေပေမယ့် သူ့ဇနီးဖြစ်သူ ဂျင်းနီကတော့ သူ့အပေါ် စိတ်ဝင်စားမှုတွေ လျော့နည်းလာပြီး အပြောင်းအလဲတွေရှိနေပါတယ်။ အားကျန့်နဲ့ ဂျက်ဆီကာကတော့ မိုးနတ်မင်းရဲ့ ဆုလာဘ် (ကိုယ်ဝန်)ကို လက်ခံရရှိခဲ့ပါတယ်။ အပြည့်အဝ ကာကွယ်ခဲ့ပေမယ့်လည်း 0.01% ဖြစ်နိုင်ချေက သူတို့ဆီကို ရောက်လာပြီး မပြင်ဆင်ရသေးခင် မိဘဖြစ်လာဖို့ ဖြစ်ခဲ့ရပါတယ်။ သူတို့တစ်တွေ ကိုယ်စီအခက်အခဲကို ဘယ်လို ကျော်ဖြတ်ကြမလဲ…… သူတို့ ၆ ယောက်ရဲ့ ဘဝလမ်းကြောင်းကရော ဘယ်လို အပြောင်းအလဲတွေရှိနေမလဲ…… ဆိုတာကို ရုပ်ရှင်နဲ့အတူ လိုက်ပါ ခံစားကြည့်ရှုလိုက်ရအောင်နော်။

Drama • Thriller • Crime
0 2023
Ready or Not 2
Devil’s Horns
5

သရဲကားကောင်းကောင်းလေးတွေမှ ကြည့်ချင်သူတွေအတွက် အင်ဒိုသရဲကား ကောင်းကောင်းလေးတစ်ကားကို ထပ်မံ တင်ဆက်ပေးလိုက်ပါတယ်။ အင်ဒိုနီးရှားသည်းထိပ်ရင်ဖိုသရဲကားတွေကလည်း အခု နောက်ပိုင်းမှာ ထိုင်းသရဲကားတွေနီးနီးလိုက်မှီလာတာကို တွေ့ရမှာပါ။ယဉ်ကျေးမှုရိုးရာတွေကလည်း ခပ်ဆင်ဆင် ဖြစ်တဲ့အတွက် ဘာသာစကားသာ မကွာခြားဘူးဆိုရင် ထိုင်းသရဲကားလို့တောင် ထင်မိမှာအမှန်ပါပဲ။အခု တင်ဆက် ပေးမဲ့ဇာတ်ကားလေးရဲ့နာမည်ကတော့ Tanduk Setan (Devil’s Horn) ဖြစ်ပြီး ကျေးလက်ဒေသဖက်မှာ ကြုံတွေ့ ရတတ်တဲ့ အဖြစ်အပျက်တွေအကြောင်းကို သည်းထိပ်ရင်ဖို စရာကောင်းအောင်ရိုက်ကူးထားတာပဲဖြစ်ပါတယ်။ ရွာတစ်ရွာမှာ ဆူမီရာဆိုတဲ့ အမျိုးသမီးတစ်ယောက်က မီးဖွားခါနီးပြီဖြစ်တဲ့အတွက် ယောက်ျားဖြစ်သူရော အမေ ဖြစ်သူရော တစ်အိမ်လုံးအလုပ်တွေရှုပ်ယှက်ခတ်နေပါ တော့တယ်။သားဖွားဆရာမရယ် ရွာထဲကအမျိုးတွေထဲက ကလေးလာကြည့်တဲ့သူတွေရယ် ယောက်ျားဖြစ်သူဂျာရာရဲ့ သူငယ်ချင်းတွေနဲ့ ဝင်လိုက်ထွက်လိုက်ဖြစ်နေခဲ့ပြီး ရိုးရိုး ရှင်းရှင်းညလေးတစ်ညဖြစ်ခဲ့ပါတယ်။ဒါပေမယ့် မနေ့က မနက်ကတည်းက ဗိုက်အောင့်နေပြီး နောက်ရက်မိုးလင်းတဲ့ အချိန်အထိ ကလေးမမွေးနိုင်သေးတဲ့အခါမှာတော့ ဆေးရုံကို တန်းပြေးရပါတော့တယ်။ကားက နှစ်ယောက်တည်းစီးလို့ ရတဲ့ကား ဖြစ်နေတဲ့အတွက် ဂျာရာနဲ့ဆူမီရာတို့နှစ်ယောက်တည်း မြို့မှာ ဆေးရုံပြဖို့ထွက်လာခဲ့ကြပါတော့တယ်။မြို့ကိုသွားတဲ့ လမ်းမှာ ထူးဆန်းမှုတွေအများကြီးကြုံတွေ့ခဲ့ရပြီး နောက်ဆုံး ရောက်သွားခဲ့ပေမဲ့ ရောက်သွားတဲ့ဆေးရုံကြီးကကြောက်မက် ဖွယ်ရာဆေးရုံကြီးဖြစ်နေတဲ့အခါမှာ ဘာတွေဆက်ဖြစ်ကြမယ် ဆိုတာကိုသည်းထိပ်ရင်ဖိုစွာနဲ့ ကြည့်ရှုရမဲ့ဇာတ်ကားတစ်ကားပဲ ဖြစ်ပါတယ်။ File size…778MB / 360MB Quality…NF WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 21m Genre ….. Drama , Horror Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay

5 2024
Devil’s Horns
Coco Farm
6.9

ချစ်စရာ ကနေဒါ-ပြင်သစ် ကျေးလက်ရုပ်ရှင်လေးကို တင်ဆက်ပေးလိုက်ပါတယ် ၁၂ နှစ်အရွယ်ကောင်လေး မက်စ်တို့သားအဖက မွန်ထရီရယ်မြို့ကြီးကနေ ငွေကြေးအခက်အခဲကြောင့် နယ်မြို့လေးကို ပြောင်းခဲ့ရပါတယ် စွန့်ဦးထီထွင်လိုစိတ်ရှိသူ မက်စ်က နယ်မှာ ဘာမှလုပ်စရာမရှိဘဲ အကြံအိုက်နေချိန်မှာ သူ့ဝမ်းကွဲအစ်ကို ချားစ်တို့အိမ်မှာ ကျွေးတဲ့ ကြက်ဥကို အရသာတွေ့သွားပါတယ် အလုံးအရင်းနဲ့ မွေးမြူရေးလုပ်ငန်းစုကြီးတွေရဲ့ ကြက်ဥနဲ့ အရသာကွာခြားချက်ကို အဖြေရှာပြီး တစ်နိုင်တစ်ပိုင် ကြက်မွေးမြူရေးလုပ်ငန်းကို မက်စ်၊ ချားစ်၊ youtuber ကောင်မလေးနဲ့ အလုပ်မရှိတဲ့ ဘီယာဗိုက် ဦးလေးကြီးတို့နဲ့ စထောင်လိုက်တယ် စထောင်ဖို့ကလည်း ပိုက်ဆံတွေ လိုက်ချေးထားရပြီး ရောင်းချဖို့ကျတော့လည်း ကြက်ဥလုပ်ငန်းအကြီးစားတွေကို မယှဥ်သာတာတွေ တခြားတခြားသော အခက်အခဲပေါင်းစုံတို့ကို ဘယ်လို ဝိုင်းဝန်းအဖြေရှာကြမလဲ ဆိုတာကတော့ …. File size…(1.2 GB)/(580 Mb) Quality….Webrip 1080p / 720p Format… mp4 Duration…. 01:27:00 Genre… Family Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Sike Tan

Drama • Romance • Crime
6.9 2023 87 mins
Coco Farm
Something Good Coming
6.8

Something Good Coming (2023) IMDb Rating (6.8) မတူညီတဲ့ပြဿနာတွေကိုယ်စီရှိနေကြတဲ့ စတိုးဆိုင်ဝန်ထမ်းနှစ်ဦး မတော်တဆဆုံတွေ့ခဲ့ကြပြီး ချစ်ကြိုက်ခဲ့တဲ့ အကြောင်းအရာလေးကို ရိုက်ကူးထားတဲ့ ရိုးရှင်းတဲ့ Comedy, Drama, Romance ကားလေးပါ။ ပုံမှန်အချစ်ကားတွေနဲ့ မတူညီတဲ့အချက်က ရိုးရှင်းတဲ့ပုံစံလေးဖြစ်ပေမဲ့ ပုရိတ်သတ်ရဲ့ ရင်ကို ထိစေတဲ့ တစ်ကယ့်ကိုလေးနက်တဲ့ စိတ်ခံစားချက်တွေ ရရှိသွားစေနိုင်တဲ့ အကြောင်းအရာလေးတွေ ပါဝင်နေတယ်။ နှစ်ဦးကြားနွေးထွေးမှုလေးတွေ ကို့ရို့ကားယားဆက်နွယ်မှုလေးတွေနဲ့ မထင်မှတ်ထားတဲ့ ဇာတ်ကွက်အလှည့်အပြောင်းလေးတွေနဲ့ ကြည့်ရှုသူ ပရိတ်သတ်ရင်ထိစေမယ့် ဇာတ်ကားကောင်းတစ်ကားဖြစ်တာမို့ လက်မလွှတ်တမ်းကြည့်ကြဖို့ တိုက်တွန်းချင်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Su Mon ဖြစ်ပါတယ်။) File size…(1.7 GB) / (830 MB) Quality….WEB-Rip 1080p HEVC /0720p Format…. mkv/mp4 Genre….Comedy, Drama, Romance Duration….01:40:49 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Su Mon

Drama
6.8 2023
Something Good Coming
Kadha Innuvare
7.3

Kadha Innuvare (2024) “အချစ်နောက်လိုက်ခြင်း” ရိုးရိုးစင်းစင်း မလေယာလမ် ဇာတ်လမ်းတစ်ပုဒ်ကို ပရိသတ်တို့ ရင်အေးစေဖို့ တင်ဆက်လိုက်ပါတယ် ဒီဇာတ်လမ်းမှာဆိုရင် မတူညီတဲ့ အချစ်ဇာတ်လမ်းလေးပုဒ်ကို စတိုင်တစ်မျိုးနဲ့ တင်ဆက်ထားတာကို ကြည့်ရမှာပါ ရာမာချန်ဒရန်က သက်လတ်ပိုင်း ရုံးလုလင်တစ်ယောက်ဖြစ်ပြီး တစ်သက်လုံးလူပျိုလုပ်လာခဲ့ပြီးမှ ရုံးကိုအသစ်ရောက်လာတဲ့ အထက်အရာရှိအမျိုးသမီးကို ချစ်မိသွားတဲ့လူ ဂျိုးဆပ်ဆိုတာက နိုင်ငံရေးသမားတစ်ယောက်ရဲ့ တပည့်ဖြစ်သူ၊ အကြမ်းနည်းသုံးပြီး ပြဿနာတစ်ခုကို ဖြေရှင်းရင်း ဆတ်ဆတ်ကြဲရန်တွေ့တတ်တဲ့ ကျောင်းသူတစ်ယောက်နဲ့ ငြိသွားခဲ့တယ် နောက်ပြီး ဆင်းရဲတဲ့ကျောင်းသားလေးတစ်ယောက်က သူ့ထက်သာတဲ့ ကျောင်းသူကောင်မလေးရဲ့ အချစ်ကို ရဖို့ကြိုးစားပုံနဲ့ အရက်ဆိုင်မှာအလုပ်လုပ်ပြီး ရွှေကြာမလေးတစ်ယောက်ကိုမှ သဘောကျသွားတဲ့ ရိုးသားတဲ့ဖိုးသခွားလေးတို့ရဲ့ အချစ်ဇာတ်လမ်းလေးပုဒ်ကို ခံစားကြည့်ရှုပေးပါဦး အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team မှ ဖြစ်ပါတယ်

7.3 2024 129 mins
Kadha Innuvare
[18+] Boy Kaldag

Boy Kaldag (2024) အားလပ်ရက် ရာသီအတွက်အထူးထွက်လာတဲ့ Vivamax ရဲ့ဇာတ်လမ်းအသားပေးဇာတ်ကားသစ်ဖြစ်ပါတယ်။ မင်းသမီးဇာတ်တွေမှာ အရံအပို့နေရာကပါလေ့ရှိတဲ့ Benz Sangalang ကိုခေါင်းဆောင်မင်းသားနေရာကပွဲထုတ်ထားတာပါ။ ဒတ်စ်ဟာ သူမတူအောင်ကြီးမားတဲ့ ယောက်ျားအင်္ဂါကြီးကိုပိုင်ဆိုင်ပြီး အဲ့ဒီအင်္ဂါကြီးကြောင့်ပဲ တစ်သက်လုံးဒုက္ခရောက်ခဲ့ရတဲ့အတွက် ကျိန်စာသင့်နေတယ်လို့ ယူဆမိလာတဲ့အထိဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အဲ့ဒီအင်္ဂါကြီးနဲ့ထိတွေ့ဆက်ဆံဖူးသူမှန်သမျှဟာ ရက်ပိုင်းအတွင်းသေဆုံးလေ့ရှိတဲ့အတွက်ကြောင့်ပါပဲ။ တစ်နေ့တော့ဘွဲ့ရပြီးစ အလုပ်လက်မဲ့ဖြစ်နေတဲ့ သူတို့သူငယ်ချင်းသုံးယောက်ဟာ တစ်တော့ရဲ့ လော်အသားပေးထရန်းတစ်ခုကို ဝင်ဂျွိုင်းပြီးတင်လိုက်ရာကနေ သူ့ရဲ့ ဧရာမလော်ကြီးကြောင့်နေ့ချင်းညချင်းနာမည်ကြီးသွားပါတော့တယ်။ အဲ့ဒီချိန်မှာ Sssshhh! ဆိုတဲ့ adult talk show က Host ဖြစ်သူ Salome Salvi ကဧည့်သည်အဖြစ်ဖိတ်ခေါ်ခဲ့ပြီး သူ့ကိုအင်တာဗျူးရင်း သူ့ဘ၀ဇာတ်ကြောင်းကိုပရိ သတ်တွေနဲ့မိတ်ဆက်ပေးခဲ့ရာကနေ သူကျောင်းတုန်းကတည်းကကြိတ်ကြွေခဲ့တဲ့ ခရပ်ရှ်လေးနဲ့ပြန်ဆုံခဲ့တဲ့နောက်မှာတော့..။ Dark Comedy အမျိုးအစားဖြစ်ပြီး အကြောင်းအရာကိုက အခွီအနှောက်ဖြစ်တဲ့အတွက် တကားလုံး သဘာ၀ကျကျနဲ့ရယ်နေရတာပါ။ ဒါ့အပြင်ပိုအားရစရာကောင်းတာကတော့ Angeli Khang တို့ Azi Acosta တို့လို Vivamax ရဲ့ဂန္ဓဝင်မမကြီးတွေအပြင် ဖန်သားပြင်ထက်မှာ မတွေ့ရတာ ကြာနေတဲ့ တစ်ခြားသော vivamax မင်းသမီးတွေအများကြီးကပါ cameo ပါဝင်ထားပါသေးတယ်။ ရှုစားကြည့်ပါဦး။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Alias ဖြစ်ပါတယ်။) File size…(2.1 GB) / (890 MB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Drama Duration….01:38:12 Subtitle….Myanmar Subtitle (Hardsub) Encoder….Alvar Translated by Alias

Drama • Romance • War
0 2024 95 mins
[18+] Boy Kaldag
Unbreakable
7.3

Unbreakable (2000) IMDb Rating (7.3) / Rotten Tomatoes (70%) Mr.glassဆိုတဲ့လူကိုကြားဖူးကြလားဗျ မကြားဖူးသေးရင်တော့2019 ဇန်နဝါရီလရဲ့ပထမအပတ်မှာရုံတင်တော့မယ့် Glass ကိုသွားကြည့်ရင် အဆင်ပြေလှမှာမဟုတ်ပါဘူး။ Mr.glassဆိုတာ Osteogenesis Imperfecta လို့ခေါ်တဲ့ အရိုးကြေမွလွယ်ရောဂါဖြစ်နေတဲ့လူမမာလေးပါ။ ငယ်ငယ်ထဲကဆေးရုံမှာပဲကြီးပျင်းလာတာဖြစ်ပြီး သူ့အမေ ယူယူလာပေးတဲ့ ကာတွန်းစာအုပ်တွေနဲ့သာကြီးပျင်းလာတဲ့ကလေးလေးတစ်ယောက်ပါ။ ခန္ဓာကိုယ်ကိုသိပ်မသုံးနိုင်တဲ့သူ့ရဲ့ ဦးနှောက်ဟာအစွန်းတစ်ဖက်ရောက်တဲ့အထိစွမ်းဆောင်ရည်ရှိနေပါတယ်။ သူအဲ့ဦးနှောက်ကိုပြန်အသုံးချဖို့တော့ကာတွန်းစာအုပ်တွေကလွဲပြီးမရှိခဲ့ပါဘူး။ ကလေးဘဝကလုပ်ဆောင်နိုင်စွမ်းတွေဟာအသက်ရလာတာနဲ့အတူပိုပိုပြီးတိုးလာခဲ့ပါတယ်။ သူ့ကိုယ်သူဘယ်သူလဲဆိုတာလည်းအရမ်းရှာချင်ခဲ့ပါတယ်။ အရွယ်ရောက်လာတာနဲ့အမျှသူ့ကိုယ်သူရှာတဲ့ကိစ္စကလည်းပိုပြီးတွင်ကျယ်လာခဲ့ပါတယ်။ ကာတွန်းစာအုပ်တွေထဲကလိုပဲ သူ့ရဲ့အစွန်းတစ်ဖက်ကိုသူရှာခဲ့ပါတယ်။ Dunnလို့ခေါ်တဲ့လူအာဂဟာ အယောက်၁၃၁ယောက်ကိုသေသွားစေတဲ့ ရထားမတော်တဆမှုမှာခြစ်ရာမထင်ပဲကျန်ခဲ့ပါတယ်။ အိမ်ထောင်ရေးအဆင်မပြေတဲ့ပုံမှန်အခြေခံလူတန်းစား Dunn ဟာ အဲ့အဖြစ်အပျက်တွေဖြစ်ပြီးသိပ်မကြာခင်မှာပဲ လူထူးဆန်းတစ်ယောက်နဲ့မဖြစ်မနေရင်ဆိုင်ရပါတော့တယ်။ အဲ့လူကတော့ Mr.glassဖြစ်ပြီး Dunn ရဲ့ဘဝတစ်ခုလုံးကိုပြောင်းသွားစေမယ့်comic factsတွေနဲ့ သွေးအေးတဲ့လူသတ်မှုတွေကိုအရသာရှိရှိကြည့်ရမှာပဲဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Lin Kyaw Swar Aung ဖြစ်ပါတယ်။) File size…(6.5 GB) / (1.5 GB) / (630 MB) Quality….Blu-Ray 4K HEVC /1080p HEVC /720p Format…. mkv/mp4 Genre….Drama,Mystery,Thriller Duration….01:47:39 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by Lin Kyaw Swar Aung

Comedy
7.3 2000 106 mins
Unbreakable
Clear Cut
4.8

Clear Cut(2024) ဒီဇာတ်ကားလေးကတော့ 2024 ခုနှစ်ကထွက်ရှိထားတဲ့ Action , thriller ဇာတ်လမ်းလေးပဲ ဖြစ်ပါတယ်။ မင်းသား Clive Standen , Alec Baldwin , Stephan Dorff တို့အဓိက ပါဝင်သရုပ်ဆောင်ထားပြီးတော့ဒါရိုက်တာကတော့ Brian Skiba ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း သစ်ထုတ်လုပ်သမား နှစ်ယောက် တောထဲကို သစ်ပင်ခုတ်ဖို့လာရင်းနဲ့ တောအုပ်အလယ်မှာ မူးယစ်ဆေးချက်တဲ့ နေရာတစ်ခုကိုရှာတွေ့ခဲ့ပါတယ်။ မူးယစ်ဆေးအရောင်းအဝယ်သမားများရဲ့ လျှို့ဝှက်ချက်ကို သိရှိသွားတဲ့အလျောက် သူတို့ဟာ မူးရစ်ဆေးသမားတွေရဲ့ ရန်ကနေလွတ်မြောက်အောင် လုပ်ဖို့ဖြစ်လာပါတယ်။ Thriller ဆန်ဆန်ကြည့်ရမယ့် ဇာတ်လမ်းလေးဖြစ်ပြီးတော့ မြှုပ်ကွက်တွေလဲ ပါတာမလို့ ကြည့်ရှုသင့်တဲ့ ဇာတ်ကားလေးတစ်ကားဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Nay ဖြစ်ပါတယ်။) File size…(1.9 GB) / (1.1 GB) Quality….WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre….Action, Thriller Duration….01:28:54 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Nay

Drama
4.8 2024 88 mins
Clear Cut
Spy and Butterfly
5.6

ကူမင်တန်ပါတီဝင်ဖြစ်တဲ့ ချန်ဆရာဝန်ဆိုတဲ့လက်အောက်မှာတပည့်သုံးယောက်ရှိတာပေါ့။ တစ်ယောက်ကတော့ တူမဖြစ်သူချန်ယိ၊နောက်နှစ်ယောက်ကတော့ ဟွလုံကျစ်နဲ့ လီယောင်းတို့တွေဖြစ်ကြတယ်။ဟွလုံကျစ်က တပည့်ထဲမှာ အတော်ဆုံးဖြစ်ပြီး သူကကွန်မြူနစ်ပါတီဝင်ကိုချန်ဆရာဝန်လက်အောက်မှာ သရုပ်မှန်ဖုံးကွယ်နေရင်းနဲ့ ဂျပန်တွေရဲ့ရှန့်ဟိုင်ကိုဖျက်ဆီးပစ်မယ့် ထျန်းကျောက်စီမံကိန်းကို ဖျက်ဆီးဖို့ကြိုးစားအကောင်အထည်ဖော်နေကြတာပေါ့။ ဒီလိုနဲ့တနေ့မှာတော့ သူတို့ပေါင်းနေကျစခန်းကိုဂျပန်တွေသိသွားပြီးလာတိုက်ခိုက်တဲ့အချိန်မှာ ပြင်းပြင်းထန်ထန်အသေအကျေပျက်စီးသွားရာကနေစပြီး အဖွဲ့အစည်းထဲမှာသူလျှိုရှိနေကြောင်းသံသယဝင်ပြီး သူလျှိုကိုပါစုံစမ်းတဲ့အပြင် ထျန်းကျောက်စီမံကိန်းကိုပါ ဖျက်စီးဖို့ နည်းလမ်းရှာကြပါတော့တယ်။ဒီလိုနဲ့ တဖြည်းဖြည်းတစစသိလာရတဲ့အခါမှာ ဘာတွေဘယ်လိုဆက်ဖြစ်ကြမလဲ။ကွန်မြူနစ်နဲ့ကူမင်တန်ပါတီတို့ကြားက ပဋိပက္ခတွေအပြင် ဂျပန်တွေရဲ့ရက်စက်ပုံပါတပါတည်း တွေ့မြင်ရမှာမို့လို့ ဒီဇာတ်ကားလေးကိုစောင့်မျှော်ကြည့်ရူလိုက်ရအောင်

5.6 2025
Spy and Butterfly
Chaurya Paatam
7.6

Chaurya Paatham 2025 (ရုပ်ရှင်ရိုက်ဖို့ ဘဏ်ကိုဓားပြတိုက်ရာဝယ်) တေလ်ဂူဘာသာနဲ့ ရိုက်ကူးပုံဖော်ထားတဲ့ ရယ်စရာအဖြစ်အပျက်လေးတွေပါဝင်ပြီး ရာဇဝတ်မှုအကြောင်း ရိုက်ကူးတင်ဆက်ထားတဲ့ ဟာသကားလေးဖြစ်ပါတယ်။ ဗီဒန့်ဆိုတဲ့ကောင်လေးဟာ ရုပ်ရှင်ဒါရိုက်တာဖြစ်ဖို့အတွက် ကြိုးစားရုန်းကန်နေရသူတစ်ယောက်ပါ။ အိပ်မက်တွေဟာ ဈေးကြီးတယ်ဆိုတဲ့အတိုင်းပဲ ငွေကြေးမပြည့်စုံတဲ့သူ့အတွက် ရုပ်ရှင်ဒါရိုက်တာဖြစ်ဖို့ လက်ရှိဒါရိုက်တာကြီးတွေဆီမှာ ကပ်ပြီး ပညာသင်ရင်း ကြိုးစားနေခဲ့ရပါတယ်။ ဒါပေမဲ့လည်း သူ့ဇာတ်ညွှန်းကို ဘယ်ထုတ်လုပ်သူကမှ မကြိုက်ဘဲ ဇာတ်ညွှန်းပြဖို့သွားလိုက်တိုင်း မင်းဇာတ်ညွှန်းကို ဇာတ်ကားဖြစ်အောင်လုပ်ဖို့အတွက်ဆိုရင် ဘဏ်ကိုဓားပြတိုက်မှပဲ ရိုက်နိုင်မှာဆိုတဲ့စကားကို ကြားဖန်များလာတဲ့အခါမှာတော့ သူဟာ လူတစ်စုကို စုလိုက်ပြီး အိန္ဒိယမှာရှိတဲ့ အအေးချမ်းဆုံးသော ရွာလေးတစ်ရွာကိုသွားပြီး မှတ်တမ်းရုပ်ရှင်ရိုက်ဖို့ သွားပါတော့တယ်။ ဒီလိုမှတ်တမ်းရုပ်ရှင်ရိုက်ရတဲ့ နောက်ကွယ်မှာတော့ ရှေ့က ကြားဖန်များလာတဲ့စကားကို အကောင်အထည်ဖော်ဖို့ဖြစ်ပါတယ်။ ဟုတ်ပါတယ် မှတ်တမ်းရုပ်ရှင်ရိုက်ချင်ယောင်ဆောင်ပြီး ဘဏ်ကို ဓားပြတိုက်ဖို့ဖြစ်ပါတယ်။ ဗီဒန့်တစ်ယောက် အေးချမ်းတဲ့ရွာလေးမှာ မှတ်တမ်းရုပ်ရှင်ရိုက်ချင်ယောင်ဆောင်ပြီး ဘဏ်ကို ဓ ားပြတိုက်ဖို့ စီစဉ်တဲ့အခါမှာ ဘယ်လို ဘယ်ပုံ ရယ်စရာအဖြစ်အပျက်တွေနဲ့ ဘာတွေဖြစ်လာမလဲဆိုတာကို ဆက်လက်ကြည့်ရှုပေးကြပါဦး။ (အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team ဖြစ်ပါတယ်) File size… 1.8 GB / 900 MB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….2h 9min Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team

Animation • Action • Adventure • Science Fiction
7.6 2025 124 mins
Chaurya Paatam