YoteShin Drive is below this article. Scroll down to view.

Snapdragon 8+ GEN 1 capacity to better Dimensity 9000+

Author: Anonymous Published on: 12 Aug 2022

Antutu has announced the list of the best tales of the most capabilities in September. Most of these are the phones with Qualcomm Snapdragon 8+ Gen 1 chipset. Surprisingly, the Asus Rog Phone 6D, with the MediaTk Dimensity 9000+, has a number 1 in the SD8 + G1 phones. ASUS ROG Phone 6d seized a 1,123,036 points with 1,123,036 points and all the other phones install Snapdragon 8+ Gen 1. The OnPLUS ACE is located in two numbers and 1,111,200 points. The IQoo 10 Pro is 1,111,200 pts and 3 points. Black Shark 7S Pro, Lenovo Legion Y70 and Iqoo 10 are # 4. There are 5 and 6 places, and 1,088,074; It has 1,086,381 and 1,081,766 points. Under the phones, Moto X30 Pro, Xiaomi 12s Pro, and Xiaomi Mix Fold 2 and Xiaomi Mix FOLD 2. 1,067,913 It is 1,068,766 and 1,054,035 points. Antiutu also announced the list of your phones with Dimensia 8100 max and Oppo Reno 8 Pro + 5G's top 3 sets on the list. Ref: Gizmochina

YoteShin Drive

Sign in using google and save to your drive

The.Kidnapping.Day(2023)EP9.WEB-DL.1080P(CM).mp4

717.72 MB N/A video/mp4 143 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Phir Hera Pheri
6.3

ကဲ ဟိုတလောက CM မှာ တင်ပေးသွားတဲ့ ဟာသကားလေး Hera Pheri ကားလေးရဲ့ အဆက်လေးကို ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်...။ ထုံးစံအတိုင်း ဒီကားထဲမှာလည်း မင်းသားကြီး အရှေးကူမား..ဆူနီးရှက်တီး မင်းသမီး ဗီပါရှားဘာဆူးနဲ့ ရီမီဆန်တို့ပါဝင်သရုပ်ဆောင်ထားသလို နာမည်ကျော်ဟာသသရုပ်ဆောင်များ ဖြစ်ကြတဲ့ ဂျွန်နီလီဗာ..ပရေရှ်လာဝလ်တို့လည်း ပါဝင်အားဖြည့်ပေးထားပါတယ်...။ အဓိကဇာတ်ကောင်တွေကတော့ ရာဂျူး..ရှာမ် နဲ့ ဘာဘူရောင်း...။ ပထမကားရဲ့အဆုံးသတ်မှာတုန်းက သူတို့ပိုက်ဆံတွေအများကြီးရသွားပြီး သူဋ္ဌေးတွေဖြစ်သွားကြတယ် ဒီကားမှာလည်း လူ့အလို နတ်မလိုက်နိုင်ဆိုသလို ပိုက်ဆံချမ်းသာသွားသော်ငြားလည်းပဲ လူသားရဲ့ မတော်လောဘက အတောမသတ်နိုင်ဘူးလေ လောဘရဲ့နောက်ကို လိုက်မိရင်းနဲ့ အလိမ်ခံရပြီး သူတို့သုံးယောက်စလုံး ပြန်လည် မွဲပြာကျဆင်းရဲသွားပြန်တယ် နဂိုဗီဇကိုက အချောင်လိုချင် အချောင်ချမ်းသာချင်တော့ ဒီကားမှာလည်း မဟုတ်တဲ့ နည်းလမ်းနဲ့ သူတို့ ချမ်းသာဖို့ ကြိုးစားပါတော့တယ်...။ ကဲ ဆက်လက်ပြီး ဘယ်လိုအခွီလေးတွေနဲ့ မျက်နှာဖြဲနေရမလဲဆိုတာကိုတော့ ဇာတ်ကားထဲမှာပဲ ရှုစားတော်မူလိုက်ကြပါဦးနော်...။ File size…3.66GB / 1.67GB Quality…1080p WEBRIP / 720p Format…mp4 Duration….2h 33min Subtitle…. Myanmar Subtitle (Hard Sub) Encoder….YK Translated by Taylor

Horror
6.3 2006 155 mins
Phir Hera Pheri
[18+] Ang Babaeng Nawawala Sa Sarili
5

အယ်လ်ဘီနာက အောင်မြင်မှုလမ်းကြောင်းပေါ် အခြေချမိနေတဲ့ တက်သစ်စ မော်ဒယ်မလေးတစ်ယောက်ဖြစ်ပြီး ဖက်ရှင်ကုမ္ပဏီကြီးတစ်ခုနဲ့ ချိတ်ဆက်မိထားပါတယ်။ ဖောက်ပြန်တဲ့ရည်းစားဟောင်းကို စွန့်ပစ်ခဲ့သလို အခုချိန်မှာ ဓာတ်ပုံဆရာတစ်ယောက်လေးတစ်ယောက်နဲ့ တွဲခုတ်ဖြစ်နေပြီး ဘဝမှာ ပူပင်စရာမရှိ အရာရာအေးချမ်းတဲ့သူပါ။ တစ်ညမှာတော့... အိမ်မှာရှိတဲ့ စတိုခန်းကိုဝင်ရှာရင်းနဲ့ ဓာတ်ပုံအယ်လ်ဘမ်တစ်ခုနဲ့ဆွဲကြိုးလေးတစ်ကုံးကိုရှာတွေ့အပြီးမှာ သူ့ဘဝ အရာရာ ပြောင်းလဲဖို့ဖြစ်လာပါတော့တယ်။ ဓာတ်ပုံအယ်လ်ဘမ်ထဲကဓာတ်ပုံတွေတိုင်းဟာ အမျိုးသမီးတစ်ယောက်ရဲ့ပုံတွေဖြစ်ပြီး အဲ့ဒီပုံတွေအားလုံးဟာလဲ မျက်နှာနေရာကို ဓားနဲ့ခြစ်ဖျက်ဆီးခံထားရပါတယ်။ သူ အမှတ်တမဲ့နဲ့ အဲ့ဒီဆွဲကြိုးကိုဝတ်လိုက်တဲ့အချိန်ကစလို့ မိန်းမတစ်ယောက်ရဲ့ ပုံရိပ်တွေမြင် အသံတွေကြားယောင်လာပြီး စိတ်လွတ်သွားတဲ့အခါမျိုးမှာ အဲ့ဒီအမျိုးသမီးဟာ သူ့ကိုပူးကပ်ပြီး တွေ့သမျှယောက်ျားတွေကို သွေးဆောင်ဖြားယောင်း လိင်ဆက်ဆံပြီး သတ်ဖြတ်ပစ်တဲ့အထိကြမ်းတမ်းလာပါတော့တယ်။ ဒီအမျိုးသမီးဟာ ဘယ်သူလဲ? သူနဲ့ဘယ်လိုဆက်နွယ်မှုနောက်ကြောင်းတွေရှိခဲ့လို့ သူ့ကိုဒုက္ခပေးချင်ရတာလဲ? ၁၉၈၉ တုန်းက အောင်မြင်ခဲ့တဲ့ ဇာတ်ကားကို ကျောရိုးယူပြန်အသက်သွင်းထားတာဖြစ်ပါတယ်။ Psychological, Horror ပုံစံမျိုးဖြစ်ပြီး Kinsenas, Katapusan မှာအထက်တန်းကျောင်းသူလေးအဖြစ်မြင်ခဲ့ရတဲ့ Ayanna Misola ကို တက်သစ်စ မော်ဒယ်မလေး တစ်ယောက်အဖြစ် ဖွံ့ဖြိုးကြီးထွားလာတဲ့အလှအပတွေကိုလဲတစ်ဝကြီးခံစားကြရမှာပါ။ (ဒီဇာတ်ကားနဲ့အညွှန်းကို ALS မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.2GB, 504MB Quality - 1080p, 720p Format - mp4 Duration - 1H 40Min Genre - Horror, Thriller Subtitle - Myanmar Subtitle (Hardsub) Translated by ALS Encoded by RGB

Comedy • Romance
5 2022 100 mins
[18+] Ang Babaeng Nawawala Sa Sarili
Tales from the Occult
4

ဒီဇာတ်ကားလေးဟာဆိုရင် မတူညီကွဲပြားတဲ့ နေရာဒေသ အချိန်တွေမှာ ဖြစ်ပျက်ခဲ့တဲ့ ထူးဆန်းသော ဇာတ်လမ်း (၃ ) ခုကို ​ကျောရိုးအခြေခံပြီး ဒါရိုက်တာ (၃) ယောက်ကနေ ရိုက်ကူးထားတာပါ ။ ဒီတော့ ဇာတ်ကားတစ်ကားထဲနဲ့ သုံးကားကြည့်ရသလို ခံစားစေရမှာအမှန်ပါပဲ ။ အခုတော့ ဇာတ်လမ်းအကျဥ်းလေးနဲ့ တစ်ချက်မိတ်ဆက်ပေးပါမယ် ။ ❏ မှောင်မဲနေသော ထောင့်စွန်းတစ်နေရာမှ အရိပ်ဆိုး ❏ နာမည်ကြီးအဆိုတော်တစ်ယောက်ဖြစ်တဲ့ ယိုယာ တစ်ယောက် သူမရဲ့ အိမ်ဟောင်းကနေပြီးတော့ အိမ်သစ်ဆီကိုပြောင်းရွှေ့ခဲ့ပါတယ် ။ အိမ်သစ်ကိုပြောင်းရွှေ့ပြီးတဲ့နောက်မှာ ထူးဆန်းတဲ့ ကိစ္စတွေတစ်ခုပြီးပြီးတစ်ခုဖြစ်ပျက်လာပြီးတဲ့နောက် ကိုယ်တိုင်ရဲ့ စိတ်ပိုင်းဆိုင်ရာ ရောဂါလို့ထင်ခဲ့ပေမဲ့ အိမ်မက်ဆိုးများက တစ်ရိပ်ရိပ်ခြောက်လှန့်လို့နေသောအခါ...။လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက အဆောက်အဦးပေါ်ကနေ ခုန်ချသွားတဲ့ အမျိုးသားရဲ့ပုံရိပ်ကို စိတ်ထဲစွဲကျန်နေရစ်ခဲ့တဲ့ ယိုယာတစ်ယောက် သူမကြုံတွေ့ရတဲ့ ထူးဆန်းတဲ့ ကိစ္စတွေဟာ သူမစိတ်ထင်ဖြစ်နေလား ? ဒါမှမဟုတ် သရဲ / သစ္ဆေများလား ? ❏ ရက်စက်လှတဲ့ သေဆုံးမှု ❏ ဖွံ့ဖြိုးတိုးတတ်လာတဲ့ အင်တာနက်ခေတ်ကြီးမှာ အွန်လိုင်း ဆယ်လီတွေ ပေါများလို့နေခဲ့ပါတယ် ။ အဲဒီအထဲကမှ အွန်လိုင်းဆယ်ဆီ LIVE လွှင့်သူ ယန်ဝေချန်ဆိုသူဟာ စူပါမားကတ်တစ်ခုမှာ LIVE လွှင့်နေခဲ့ပါတယ် ။ တစ်ချိန်ထဲမှာပဲ သူ့နည်းတူ LIVE လွှင့်သူတစ်ယောက်နဲ့ တွေ့ဆုံပြီး အဲဒီစူပါ မားကတ်ထဲမှာ ထူးဆန်းတဲ့ ကိစ္စတွေဖြစ်ပေါ်လာခဲ့တဲ့အခါ...။ မှောင်ရိပ်လွှမ်းနေတဲ့ စူပါမားကတ်ကြီးဟာ တကယ်တော့ ရက်စက်ဖွယ် ကြောက်မက်ဖွယ်ကောင်းတဲ့ လျို့ဝှက်ချက်တစ်ခု ရှိနေပါတယ် ။ အဲဒီလျှို့ဝှက်ချက်က ဘာများဖြစ်နေမလဲ ? ❏ လှေကားထစ်မှ စောင့်ဆိုင်းနေသူ ❏ အဆောက်အဦးကြီးတစ်ခုရဲ့ လှေကားထစ်များဆီက ရေကျသံများကြားရပြီး ရေနစ်သေထားသည်ဟု ထင်ရတဲ့ အလောင်းတစ်လောင်းရဲ့ လှုပ်ရှားသံတွေ...။ အဆောက်အဦးကြီးမှာနေထိုင်ကြတဲ့ သူတွေဟာ ဒီကိစ္စကိုဖြေရှင်းဖို့အရေး ကြိုးစားကြရင်း ဒီသေဆုံးသူဟာ အသတ်ခံရမှန်းသိရှိသွားခဲ့ရပါတော့တယ် ။ ဒီတော့ ဒီသေဆုံးသူဟာ သူ့ကို သတ်တဲ့သူကို လိုက်ပြီးလက်စားချေနေတာများလား ? တရားခံ လူသတ်သမားကရော ဘယ်သူ​များဖြစ်နေမလဲ ? ကဲအခုပဲ ဒီဇာတ်လမ်းသုံးခုရဲ့ နောက်ကွယ်က အမှန်တရားတွေကို လှည့်ကွက်ပေါင်းစုံကြားမှာ ကြည့်ရှုအဖြေရှာလိုက်ရအောင်ပါနော် ။ [Reviewed By Chit Mya Mya Hmwe] Quality : WEB-DL 1080p , 480p Format : mp4 Genres : Horror Runtime : 1h 51 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Encoded by LK

Action • Adventure • Crime • Thriller
4 2022 111 mins
Tales from the Occult
Downton Abbey
7.1

ဒီကားလေးကတော့ IMDB 7.7 နဲ့ tomatoes မှာ84%တောင်ရထားတဲ့ harry potterထဲကပရော်ဖက်ဆာကြီး maggie smithပါဝင်ထားတဲ့ကားကောင်းလေးပါ Englandရဲ့ဘုရင်နဲ့ဘုရင်မကနယ်လှည့်သွားလာရင်း ဒေါင်းတွန်ဆိုတဲ့နယ်လေးကိုလာမယ်လို့သတင်းစကားကြားလိုက်တဲ့အချိန်မှာ တစ်နယ်လုံးကလူတွေကဂုဏ်ယူမဆုံးတွေဖြစ်ပြီးဝမ်းသာနေကြတယ် အထူးသဖြင့်လာလည်ရင်းတည်းမယ့် ဒေါင်းတွန်ရဲ့မြို့စားအိမ်ကအလုပ်သမားတွေက ဘုရင်နဲ့ဘုရင်မကိုအနီးကပ်တွေံခွင့်ရပြီး အလုပ်အကျွေးပြုရတော့မယ်လို့တွေးရင်း စိတ်တွေလှူပ်ရှားနေခဲ့ကြတယ် ဒါပေမယ့်သူတို့မျှော်လင့်ထားသလိုမဟုတ်ပဲ ဘုရင်နဲ့ဘုရင်မအတွက်နန်းတော်ကအစေခံ​တွေ အိမ်တော်ထိန်းတွေ စားဖိုမှူးတွေအကုန်လာပြီး သူတို့အိမ်မှာချယ်လှယ်ကြမှာကိုသိလိုက်ရတဲ့အခါမှာ သူတို့တွေဘယ်လိုတုန့်ပြန်မလဲ ဘယ်လိုနည်းလမ်းနဲ့ဘုရင်နဲ့ဘုရင်မကိုဧည့်ခံကြမလဲ အဲဒါအပြင် ဒေါင်းတွန်ကိုအုပ်စိုးနေတဲ့မိသားစုရဲ့ အဖွားကြီးနဲ့မိသားစုထဲကနေခွဲထွက်သွားတဲ့ဘုရင်မနားက အထိန်းတော်နဲ့လည်းအမွေကိစ္စပြဿနာတွေရှိတာကိုဘယ်လိုရှင်းမလဲ မိသားစုထဲမှာလည်းတဟ်ယောက်တစ်မျိုးမရိုးတဲ့ဇာတ်လမ်းလေးတွေကဘာတွေဖြစ်မလဲ ကွန်မြူနစ်ဝါဒီတွေနဲ့ ဘုရင်ကိုလုပ်ကြံမယ့် သူပေါ်လာတဲ့အခါမှာရော ဇာတ်လမ်းကဇာတ်ကောင်တွေများစွာပါဝင်ပြီး တော့မရိုးရအောင်ဟာသတွေပါပါဝင်တဲ့ မိသားစုဟာသဇာတ်လမ်းလေးမို့စိတ်ဝင်တစားကြည့်လို့ကောင်းမယ့် ဇာတ်လမ်းလေးပါ File Size : ( 1 GB , 429 MB ) Quality :  WEB-DL 720p Running Time : 2 hr 02 min Format : Mp4 Genre :  Drama , Romance Subtitle : Myanmar Subtitle (Hard Sub) Translated by Phue Encoded by Moe Myint Lwin

Comedy • Drama
7.1 2019 122 mins
Downton Abbey
Asteroid City
6.7

ဒီကားကတော့ တွမ်ဟန့်နဲ့ စကားလက်ဂျိုဟန်ဆန်တို့ ပါဝင်ထားတဲ့ ရုပ်ရှင်ဆရာကြီး ဝက်စ်အန်ဒါဆန်ရဲ့ ရုပ်ရှင်တစ်ကားပဲဖြစ်ပါတယ်။ Wes Anderson ဟာ ရုပ်ရှင်ငါးကားနဲ့တင် အော်စကာ ဆန်ကာတင် ၇ ခု ရခဲ့ဖူးပါတယ်။ အထူးသဖြင့်တော့ သူ့ရဲ့ ထူးခြားတဲ့ အရေးအသားနဲ့ ရိုက်ချက်အလှအပတွေကြောင့်ပါ။ Isle of Dogs, The Grand Budapest Hotel, Moonrise Kingdom တို့ကိုတော့ အတော်များများသိကြမှာပါ။ ဒီရုပ်ရှင်ကတော့ သူ့ရိုက်သမျှထဲမှာ နာမည်ကျော်သရုပ်ဆောင်အများဆုံးပါပဲ။ Jason Schwartzman, Scarlett Johansson, Tom Hanks, Jeffrey Wright, Tilda Swinton, Bryan Cranston, Edward Norton, Adrien Brody, Steve Carell, Hong Chau, Willem Dafoe စတဲ့ ဒိတ်ဒိတ်ကျဲတွေ စုပြီးပါဝင်ထားပါတယ်။ စကားလက်အနေနဲ့ အရှေ့ပိုင်းဗလာအခန်းကို ရိုက်ရတာ ပြဿနာမရှိပေမဲ့ ဒါရိုက်တာကြီးကတော့ အတော်ရှက်လို့ မျက်နှာပူစရာတွေဖြစ်ခဲ့တယ်လို့ ပြောပါတယ်။ ဒီရုပ်ရှင်မှာ အပိုင်း ၃ ပိုင်းပါဝင်တာကို သိထားရင်တော့ မျက်စိလည် သက်သာပါတယ်။ ပထမအပိုင်းက ပြဇာတ်ဖြစ်ပေါ်လာပုံကို မိတ်ဆက်ပေးနေတဲ့ တင်ဆက်သူအနေနဲ့ ဇာတ်လမ်း၊ ဒုတိယက ပြဇာတ်ရဲ့နောက်ကွယ်က သရုပ်ဆောင်တွေ ပုံရိပ်တွေနဲ့ဇာတ်လမ်း၊ တတိယကတော့ ရုပ်ရှင်ရဲ့အချိန်အများစုကိုနေရာယူထားတဲ့ ပြဇာတ်ဇာတ်လမ်းပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းနဲ့ ရိုက်ချက်တွေက လှပေမဲ့ အဓိပ္ပါယ်ကတော့တစ်ခုမက ထွက်တဲ့ဇာတ်ကားမျိုးမို့ ကိုယ့်အတွေးနဲ့ကိုယ် ကြည့်ရမဲ့ ဇာတ်ကားပါပဲ။ File Size : (1.9GB) and (536MB) Quality : WEB-DL1080P5.1Ch, 720p Format…mp4 Duration…01:45:00 Genre : Romance, Comedy, Drama Subtitle : Myanmar Subtitle (Hard Sub) Translated by  Mr.Anderson Encoded by Phyo Pyae

Action • Crime • Drama
6.7 2023 105 mins
Asteroid City
The Warrior
6.9

ကိုရီးယားနဲ့ တရုတ်တို့ကြား သံတမန်ဆက်ဆံရေးဟာ မင်သံတမန်အဖွဲ့သေသွားချိန်မှစပြီး နှစ်နိုင်ငံကြားဆက်ဆံရေးက ယိုယွင်းခဲ့ရပါတယ်။ မင်ဧကရာဇ်က ဂိုလျောသံတမန်တွေကို သူလျှိုလို့စွပ်စွဲပြီးနယ်နှင်ဒဏ်ပေးပြီး နှင်ထုတ်လိုက်ပါတယ်။ အပြန်လမ်းမှာ သံတမန်စစ်သူကြီးတို့အဖွဲ့ဟာ မွန်ဂိုတပ်သား‌တွေ ပြန်ပေးဆွဲလာတဲ့မင်တိုင်းပြည်ရဲ့ မင်းသမီးလေးကိုမွန်ဂိုတပ်သားတွေ လက်ထဲကနေကယ်တင်ဖို့ဖြစ်လာပါတယ်… မင်းသမီးလေးကို အန္တရာယ်ကင်းကင်းနဲ့ မင်တိုင်းပြည်ကို ပြန်ပို့နိုင်ပါ့မလား မွန်ဂိုတွေက‌ရော မင်းသမီးလေးကို ပြန်ခေါ်သွားနိုင်မလားဆိုတာကို ဆက်လက်ကြည့်ရှုလိုက်ပါဦးနော် ခေါင်းဆောင်စိတ်ဓာတ်နဲ့ အနစ်နာခံမှုတွေကို သေချာလေးရိုက်ပြထားတာမလို့ လုံးဝကို အချိန်ကုန်မှန်းမသိလိုက်ပဲ ကြည့်ရတန်စေမယ့်ကားလေးပါနော်

Comedy • Romance
6.9 2001 155 mins
The Warrior
Girls Trip
6.8

ကောလိပ်မှာအချစ်ဆုံးသူငယ်ချင်းဟောင်းတွေဖြစ်ကြတဲ့ Ryan, Sasha , Lisa နဲ့ Dina တို့တွေဟာကျောင်းပြီးသွားတဲ့အချိန်မှာတော့ တစ်ယောက်တစ်လမ်းဆီခွဲထွက်ပြီး ကိုယ့်ဘဝကိုယ်ရှေ့ဆက်ကြပါတယ် အိမ်ထောင်ကျပြီး ကလေး၂ယောက်အမေဖြစ်သွားတဲ့ လီဆာ အောင်မြင်တဲ့စာရေးဆရာမ တစ်ယောက်ဖြစ်လာတဲ့ ရိုင်ယန် အတင်းပြောတဲ့ Blog တစ်ခုလုပ်ရင်း ငွေကြေးအခက်အခဲဖြစ်နေတဲ့ ဆာရှာ အရင်ကလိုပဲ ကလေးဆန်နေဆဲဖြစ်တဲ့ ဒီနာ တို့ ရိုင်ယန်ရဲ့အလုပ်ကိစ္စတစ်ခုကြောင့် နယူးအော်လန်ကို အတူတူခရီးထွက်ဖို့ အခွင့်အရေးပေါ်လာခဲ့ပါတယ် နယူးအော်လန်ကိုရောက်တဲ့အချိန်မှာပဲ ရိုင်ယန်ရဲ့ယောကျာ်းဖြစ်သူ စတီးဝပ် ဖောက်ပြန်နေတာကိုသိခဲ့ကြတယ် သူတို့သူငယ်ချင်းရိုင်ယန်ကို ဘယ်လိုကူညီကြမလဲ ယောကျာ်းနဲ့ဖောက်ပြန်နေတဲ့ စနိုက်ကြော်မကိုရော ၄ယောက်ပေါင်းပြီး ဘယ်လိုနှိပ်ကွပ်ကြမလဲ နယူးအော်လန်မှာ သူငယ်ချင်း၄ယောက်ဘယ်လိုတွေ သောင်းကျန်းကြမယ်ဆိုတာကို ပရိတ်သတ်ကြီး ဆက်ကြည့်ရမှာပါ ဒီဇာတ်ကားက သူငယ်ချင်းတွေကြားမှာရှိတဲ့ သံယောဇဉ် နဲ့ အချစ် ကို ဖော်ပြတဲ့ဇာတ်ကားဖြစ်ပါတယ် စကားလုံးကြမ်းကြမ်းတွေပါလို့ မိသားစုနဲ့အတူကြည့်ဖို့ မသင့်တော်ပါဘူး BFF တွေနဲ့အတူကြည့်ပါ အူတက်အောင်ရယ်ရပါမယ် ? သူငယ်ချင်းတွေကိုချစ်တဲ့သူတွေအတွက်တော့ ဇာတ်ကားကောင်းတစ်ခုပါ ? (ဘာသာပြန်သူကတော ပြည့်စုံပါ) File Size : (850 MB) and (350 MB) Quality : Bluray 720p Running Time : 2hr 2min Format : Mp4 Genre :Comedy Subtitle : Myanmar Subtitle (Hard Sub) Translated by Pyae Sone Encode by Thanhtike Zaw

Crime • Drama
6.8 2017 122 mins
Girls Trip
My Father Is a Playboy
6.7

My Father Is a Playboy (2022)အညွှန်း ********************************** ‌၂၀၂၂ အောက်တိုဘာ ၃၀ ကမှ ထွက်ရှိထားပြီး “Instructions Not Included” ဆိုတဲ့ Mexican ဇာတ်ညွှန်းအပေါ် မှီငြမ်းထားတာပါ။ နာမည်အတိုင်းပဲ ကွမ်က အရမ်းကိုမှ အရမ်း ပွေရှုပ်တတ်တဲ့သူတစ်ယောက်ပါ စကားလှလှလေးတွေနဲ့ မိန်းကလေးတွေကို သိမ်းပိုက်တတ်သူမျိုး တစ်နေ့တော့ ထုံးစံအတိုင်း မိန်းကလေးတစ်ယောက်နဲ့ ချစ်စကားဖောင်ဖွဲ့နေတုန်း လိုင်ဆိုတဲ့ မိန်းကလေးက သူ့ဆီ ကလေးကြီးထားပြီး ထွက်ပြေးသွားလေရဲ့.. အရင်ရည်းစားဟောင်းလိုလို မိန်းမဟောင်းလိုလို လိုင်ရဲ့ “သူက ရှင့်ကလေး” ဆိုတဲ့စကားတစ်ခွန်းကြောင့် ကွမ်ခမျာ ကလေးကြီးတန်းလန်းနဲ့ ကျန်ခဲ့ပါတော့တယ်။ တစ်ဘဝလုံး မိန်းမမှ မိန်းမပဲလိုက်စားရင်း ကလေးတစ်ယောက်ကောက်ရလိုက်တဲ့ ကွမ်ဟာ သူ့သူငယ်ချင်းမိသားစုအကူအညီနဲ့ ကလေးပိစိလေးကို စောင့်ရှောက်ဖို့ အကြောင်းဖန်လာပါတော့တယ်… အဲ့ဒီနောက်မှာတော့…. File Size :(1.5GB)(759 MB) and (371 MB) Quality : WEB-DL 1080P,720p Format…mp4 Duration…01:28:00 Genre : Comedy , Family, Drama Subtitle : Myanmar Subtitle (Hard Sub) Translated by May Phoo Pone Encoded by Phyo Pyae

Drama
6.7 2022
My Father Is a Playboy
Beasts of the Southern Wild
7.2

Beasts of the Southern Wild (2012) ~ IMDb – 7.2/10, RT – 86%, Meta – 86% ~ ဟာရီကိန်း မုန်တိုင်းကြီး လာတော့မယ်တဲ့… လူဝီစီယားနားမြစ်ဘေးက ‘ရေချိုးကန်’လို့ ခေါ်ကြတဲ့ ကျွန်းလေးတစ်ကျွန်းမှာ လှုပ်လှုပ်ရှားရှား ဖြစ်သွားကြတယ်။ တချို့က ကြောက်လို့ ပြေးကြပြီ။ တချို့ကတော့… “အို… ငါတို့ဒီမြစ်ဘေးမှာ တသက်လုံး နေလာတာ… ဒါငါတို့အိမ်၊ ဒါငါတို့ကျွမ်းကျင်ရာမြေ… ဘာကိုများ မှုနေရဦးမလဲ…” ဟုတ်ပါရဲ့… မြစ်နံဘေးမှာ နေသူတွေအဖို့ မုန်တိုင်းနဲ့အတူ ပါလာမယ့် ရေကိုပဲ အပိုလုပ် ကြောက်နေရဦးမလား… ဝေးသေးတယ်။ အစိုးရက မြောက်ပိုင်းကို ပင်လယ်ရေတက်တာလာကနေ ကာကွယ်ဖို့ တည်ဆောက်ထားတဲ့ ရေကာတာရဲ့နောက်မှာ သူတို့ရဲ့ ‘ရေချိုးကန်’လေး ရှိနေတာ။ ဝင့်ခ်ကတော့ ခေါင်းမာရဲတင်းသူပီပီ ဘာကိုမှ အကြောက်အလန့်မရှိ… ဒါပေမဲ့ သူစိုးရိမ်တာတခုက သူမရှိတော့တဲ့နောက် သူ့သမီးလေး ဟက်ရှ်ပက်ပီ တစ်ယောက်တည်း ဘယ်လိုရှင်သန်မလဲဆိုတာပဲ။ ဟက်ရှ်ပက်ပီကို ယောက်ျားလေးတစ်ယောက်လို၊ တောတွင်းသူတစ်ယောက်လို နေတတ်ထိုင်တတ်စားသောက်တတ်ဖို့၊ ဘယ်သူ့မှ အားကိုးစရာမလိုအောင် သူသင်ပေးတယ်။ မုန်တိုင်းကြီးရောက်လာပါပြီ။ သူ အရှေ့ထွက်ပြီး ဒီမုန်တိုင်းကို ရင်ဆိုင်တယ်။ ကိုယ့်အိမ်ကိုယ်ယာကို ချစ်တတ်သူ မိတ်ဆွေတစ်စုနဲ့ မုန်တိုင်းကြားထဲ ကြံ့ကြံ့ခံနေတယ်။ ရေတွေတက်လာလဲ လှေပေါ်တက်ပြီး မျှောနေကြတယ်။ အဆင်ပြေသလို နေကြတယ်။ ကိုယ့်ဒေသလေးမို့ ဘာနေနေ ပျော်စရာဖြစ်တယ်။ တဖြည်းဖြည်းနဲ့ ရက်ကြာလာတော့ သူတို့ အခက်တွေ့ရပြီ။ စားစရာရှားလာပြီ။ နေထိုင်ဖို့ ခက်ခဲလာပြီ။ အစိုးရက ဒီနယ်မြေကနေ အမြန်စွန့်ခွာကြဖို့ သတိပေးတယ်။ အိမ်ချစ်သူတစ်စုဟာ ဒီနေရာလေးကိုပဲ မက်မက်မောမော ဖက်တွယ်နေကြ… မစွန့်ခွာရက်ကြ… စားစရာ၊ နေစရာပေးပါမယ်… ဒုက္ခသည်စခန်းကို လာပါဆိုတာတောင် မသွားချင်ကြ… ဒေသချစ်စိတ်နဲ့ အခက်အခဲဒုက္ခတွေရဲ့ လွန်ဆွဲပွဲမှာ ဘယ်လိုတွေ ဆက်ဖြစ်လာကြမှာလဲ… သေမယ်ဆိုရင်တောင် ကိုယ့်တဲကုပ်လေးထဲမှာပဲ ခေါင်းချသွားချင်တဲ့ သူတို့… ဟက်ရှ်ပက်ပီတစ်ယောက် လောကကြီးထဲမှာ ဘယ်လိုတွေ ဆက်လက်ရှင်သန်ဖို့ ကြိုးစားမလဲ… ဒါတွေကို Beasts of the Southern Wild ဇာတ်ကားထဲမှာ ကြည့်ရှုခံစားရမှာဖြစ်ပြီး ဒီထဲက ဇာတ်ဆောင်ကလေးတစ်ယောက်ဖြစ်တဲ့ ဟက်ရှ်ပက်ပီနေရာက မင်းသမီးလေး ဝယ်လစ်ဟာ သူမရဲ့ သရုပ်ဆောင်ပီပြင်မှုတွေကြောင့်ပဲ ၉နှစ်အရွယ်နဲ့ အကောင်းဆုံးအမျိုးသမီးဇာတ်ဆောင်ဆု ဆန်ကာတင်ဝင်တဲ့ သမိုင်းတလျှောက် အသက်အငယ်ဆုံး မင်းသမီး ဖြစ်လာခဲ့တာပါ။ (ဒီဇာတ်ကားနဲ့အညွှန်းကို Hnyun Yadanar Myintmo Htun မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.8GB, 810MB Quality – 1080p, 720p IMDb Rating – 7/10 Format – mp4 Duration – 1H 33Min Genre – Adventure, Drama, Fantasy Subtitle – Myanmar Subtitle (Hardsub) Translated by Hnyun Yadanar Myintmo Htun Encoded by Y

7.2 2012
Beasts of the Southern Wild
Café de Flore
7.3

Café De Flore (2011) IMDb – 7.3/10 ဒီတစ်ခေါက် ဇာတ်လမ်းလေးက စော်ပစ်၊ဘဲပစ်၊ ကြူရစ်လန် ကျန်ရစ်လူလေးတွေအတွက် ငါ့အကြောင်းနဲ့တိုက်ဆိုင်လိုက်တာလို့ ထအော်ရမယ့် ဇာတ်လမ်းမျိုးပါ။ ဇာတ်လမ်းကြည့်ပြီးတဲ့အခါ move on လုပ်သွားနိုင်ရင်တော့ ဝမ်းသာစရာပေါ့နော်။ မုအွန်မလုပ်သွားနိုင်ဘူးဆိုရင်လည်း ကြေကွဲလိုက်…. ဇာတ်လမ်းအညွှန်း ၁၉၆၀နှစ်ပိုင်းက ပဲရစ်မြို့မှာ လောရန့်ဆိုတဲ့ ဒေါင်းဆင်ဒရုန်းကလေးလေးနဲ့ သူ့မိခင် ဂျက်ကွာလင်းတို့အဖြစ်က မျှော်လင့်ချက်တွေအပြည့်၊ တစ်ဖက်မှာလည်း ဝမ်းနည်းစရာအပြည့်ပါပဲ။ ၂၁ရာစု မွန်တီရယ်မြို့မှာ နာမည်ကြီးဒီဂျေတစ်ယောက်ဖြစ်တဲ့ အန်တိုနီဟာ ဇနီးဟောင်းနဲ့သမီးလေးနှစ်ယောက်နဲ့ ပြိုကွဲသွားတဲ့မိသားစု၊ တစ်ဖက်မှာလည်း အချစ်သစ်ကို ပိုင်ဆိုင်ထားပါတယ်။ ဒီဇာတ်လမ်းရဲ့ ဆွဲဆောင်မှုရှိတဲ့အချက်ဟာ နေရာမတူတဲ့၊ကွာဟနေတဲ့အချိန်အပိုင်းအခြားက ဒီဇာတ်ကြောင်းတွေကို parallel line တစ်ခုအနေနဲ့ ရိုက်ပြထားတာ ဖြစ်ပါတယ်။ ဂျက်ကွာလင်းဟာ ယောကျ်ားပစ်ထားခံခဲ့ရပြီး တစ်ခုလပ်မိခင်တစ်ယောက်အနေနဲ့ ဒေါင်းဆင်ဒရုန်းလေး လောရန့်ကို စောင့်ရှောက်နေပါတယ်။ သူ့သားလေးအတွက် သူ့ဘဝကို မြှုပ်နှံထားပြီးတော့ သူ့သားလေးဟာ သူ့ဘဝရဲ့မျှော်လင့်ချက်လေးဖြစ်လာပါတယ်။ တစ်နေ့တော့ လောရန့်ဟာ ကျောင်းမှာ သူ့လိုဒေါင်းကလေးမလေး ဗယ်ရိုကို ချစ်မိသွားပါတယ်။ အန်တိုနီနဲ့ ကာရိုးလ်တို့ဟာ ၁၅နှစ်အရွယ်တည်းက တွေ့ဆုံခဲ့ကြပြီး စွယ်တော်ရွက်လေးလို နှစ်လွှာပေါင်းမှတစ်ရွက်လို့ ခံယူခဲ့တဲ့သူတွေပါ။ ယခုလက်ရှိ ကွာရှင်းပြီးတဲ့နောက်မှာ အန်တိုနီဟာ ရို့စ်ဆိုတဲ့ ကောင်မလေးနဲ့ အချစ်ဇာတ်လမ်းခင်းထားတယ်။ တစ်ဖက်မှာ ကာရိုးလ်တစ်ယောက်ကတော့ ကွာရှင်းမှုကို လက်မခံနိုင်သေးဘဲ move on မလုပ်နိုင်သေးတဲ့သူ၊ ဆုံးရှုံးလိုက်ရသူကို လက်မလွှတ်နိုင်သေးဘဲ နာကျင်ခံစားနေရတဲ့သူဖြစ်ပါတယ်။ ကွဲပြားတဲ့ ဇာတ်ကြောင်းနှစ်ခုမှာ တူညီတဲ့အချက်ကတော့ အဆုံးမဲ့တဲ့ချစ်ခြင်းမေတ္တာတွေ၊ စွဲလမ်းစိတ်တွေ၊ ဝမ်းနည်းစရာတွေ ဖြစ်ပါတယ်။ သုံးပွင့်ဆိုင် အချစ်ဇာတ်လမ်းမှာ ပိုချစ်ရတဲ့သူက နာကျင်တဲ့သူလား၊ ကျန်ခဲ့တဲ့သူက ပိုချစ်ရတဲ့သူဖြစ်မလား။ ပိုချစ်ရတဲ့သူက ကိုယ်ပဲဖြစ်ပါစေလို့ ဆုတောင်းရင်း ကိုယ့်ဘဝနဲ့ကိုယ် ရှေ့ဆက်လျှောက်ကြရမလား။ ဇာတ်ဆောင်တွေရဲ့ ခံစားချက်တွေကို ပေါ််လွင်အောင် ရိုက်ပြထားပါတယ်။ ဇာတ်ကြောင်းနှစ်ခုတည်ထားရတဲ့အကြောင်းရင်း plot twist ကိုတော့ ဆက်လက်ကြည့်ရှုပြီးတော့ ခံစားလိုက်ပါ။ နာမည်ကြီးပြင်သစ်ဒါရိုက်တာ Jean-Marc Vallée ရဲ့ လက်ရာမြောက်ဇာတ်လမ်းတွေထဲကတစ်ပုဒ်ဖြစ်ပါတယ်။ IMDb 7.3 ထိတောင် rating ကောင်းကောင်းရထားတာဆိုတော့ ဘယ်လိုဇာတ်လမ်းကောင်းဖြစ်မလဲဆိုတာ ကိုယ်တိုင်ကြည့်ရှုခံစားနိုင်ပါပြီ။ File size… 2.12 GB / 784 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 2 h Genre ….. Drama, Romance Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Orika

7.3 2011
Café de Flore
Pollock
7

Pollock (2000) ~ IMDb – 7/10, RT – 80%, Meta – 77% ~ ဂျက်ဆင်ပိုးလော့ဆိုတဲ့နာမည်ကို ပန်းချီပညာကို စိတ်ဝင်စားတဲ့သူ တော်တော်များများရင်းနှီးကြမှာပါပဲ။ ပိုးလော့ဟာ အမေရိကန်ပန်းချီရဲ့ ဟန်စစ်စစ်ပေါ်လာအောင် အစပြုခဲ့တဲ့လူ အမေရိကရဲ့ အကောင်းဆုံးပန်းချီဆရာလို့ သမုတ်ခံရတဲ့ ပန်းချီဆရာမျိုးပါ။ Pollock (2000) ကို Ed Harris ကိုယ်တိုင် ပိုးလော့နေရာက သရုပ်ဆောင် ရိုက်ကူးထားတယ်။ ဒီရုပ်ရှင်အစပြုတာကတော့ ဟားရစ်အဖေက ဟားရစ်ကို ပိုးလော့ဘိုင်အိုဂရပ်ဖီစာအုပ်တစ်အုပ်ပေးရာက စတယ်။ ရုပ်ရှင်အဆုံးမှာလည်း ဒီရုပ်ရှင်ဟာ သူ့အဖေနဲ့အမေကို ရည်ညွှန်းတယ်လို့ ဆိုထားတယ်။ ဒီရုပ်ရှင်ကို ဟားရစ်ဟာ စိတ်ရောကိုယ်ပါ အားထည့်ရိုက်ကူးခဲ့ပြီး ဒီထဲက ပန်းချီဆွဲခန်းတွေ ပန်းချီတွေကိုလည်း ဟားရစ်ကိုယ်တိုင်ပဲ ဆွဲခဲ့တယ်။ ဟားရစ်ဟာ ပိုးလော့ရုပ်ရှင်နဲ့ အော်စကာမှာ အကောင်းဆုံးသရုပ်ဆောင်ဆု ဆန်ခါတင်ဝင်ခဲ့ပြီး သူ့မိန်းမနေရာက သရုပ်ဆောင်ခဲ့တဲ့ Marcia Gay Harden ကတော့ အော်စကာဆုရသွားခဲ့ပါတယ်။ တခြားသရုပ်ဆောင်တွေအနေနဲ့တော့ ဗယ်ခေးမားက ဒီကူးနင်းနေရာက သရုပ်ဆောင်ထားပြီး ဂျနီဖာကွန်နယ်လီက ပိုးလော့နဲ့အတူတူသေဆုံးခဲ့တဲ့ သူနဲ့ဖြစ်နေတဲ့ မိန်းကလေးနေရာက သရုပ်ဆောင်ထားတယ်။ ပိုးလော့ဟာ အမေရိကန်စတိုင်ပန်းချီလို့ဆိုကြတဲ့ Abstract Expressionism ခေါ် ဒြပ်မဲ့ဝေဒနာပန်းချီ ပေါ်ဦးစက ပန်းချီဆရာတစ်ယောက်။ အဲဒီမတိုင်ခင်မှာ အမေရိကန်မှာ ပန်းချီပညာတော့ရှိပေမဲ့ အမေရိကန်ဟန်စစ်စစ်လို့ပြောလို့ရတဲ့ ဟန်တော့မရှိခဲ့ဘူးလို့ ဆိုတယ်။ ဒြပ်မဲ့ဝေဒနာပန်းချီကတော့ အမေရိကန်ဟန်စစ်စစ်အဖြစ် ကမ္ပညည်းတင်နိုင်ခဲ့တယ်။ အဲဒီထဲကမှ ပိုးလော့ကို အမေရိကန်ပန်းချီသမိုင်းရဲ့ သူ့ဟန်စစ်စစ်အရှိဆုံးလူအဖြစ် ဝေဖန်ရေးသမားတွေက သမုတ်ခဲ့ကြတယ်။ ဒြပ်မဲ့ဝေဒနာပန်းချီဟာ ဖြစ်တည်မှုပဓာနဝါဒဆန်တယ်လို့ ခိုင်းနှိုင်းပြောကြသလို တကယ်တမ်း ဖြစ်တည်မှုပဓာနဝါဒီလို့ ဆိုသင့်တဲ့ အမေရိကန်မော်ဒန်ပန်းချီဆရာဟာ ပိုးလော့တစ်ယောက်တည်းရှိတယ်လို့လည်း ဆိုခဲ့ကြတယ်။ ပိုးလော့ဟာ သူတို့ခေတ်ပန်းချီဆရာတွေဟာ ပန်းချီရဲ့တင်ပြချင်တဲ့အကြောင်းအရာကို ရှေးကလို ပြင်ပအရာတွေကနေ ရှာစရာမလိုတော့ဘဲ အတွင်းထဲကနေပဲ ရှာကြတယ်လို့ဆိုခဲ့သလို သူကိုယ်တိုင်လည်း မသိစိတ်ကို သူ့ပန်းချီတွေရဲ့ ရင်းမြစ်လို့ ပြောခဲ့ဖူးတယ်။ ပြောရရင် ပိုးလော့ပန်းချီတွေဟာ တာကော့စကီးရုပ်ရှင်တွေလိုပဲ Flow of Consciousness ကို သုံးထားတယ်။ ပိုးလော့ရဲ့ ပန်းချီဆွဲနည်းတွေမှာ အင်ဒီးယန်းတွေရဲ့သဲပန်းချီကနေ သန္ဓေတည်လာတဲ့ အစက်ချဆွဲနည်းတွေ၊ အရှေ့တိုင်းလက်ရေးလှစာလုံးရေးပညာရဲ့ စာရွက်ကိုကြမ်းပေါ်ချပြီး စုတ်တံကို ကင်းဗတ်စ်ပေါ် ဖြတ်စီးရုံလောက်သာ စီးပြီး ဆွဲနည်းတွေပါသလို သူ့ပန်းချီအတွေးအခေါ်မှာလည်း ဟိန္ဒူတွေးခေါ်ပညာရှင် ခရစ်စနားမူရတီးရဲ့ “ကိုယ့်ကိုယ်ကိုယ်ချစ်မိရင် အမှန်တရားနဲ့လည်း ချစ်မိသွားလိမ့်မယ်”ဆိုတဲ့ အယူကလည်း စီးဝင်နေခဲ့တယ်။ ဆန်းတော့လည်း မဆန်းပါဘူး ဘာမှအသစ်မရှိဘူးမို့လား။ မူရာကာမိစာအုပ်တစ်အုပ်ထဲက စကားတစ်ခွန်းလိုပဲ “ဂီတမှာ ဘာမှအသစ်မရှိဘူး၊ ရှိပြီးသားကီးနုတ်တွေကို စုစည်းပြီး လှပတဲ့သံစဉ်တစ်ခုဖြစ်အောင် ဖွဲ့စည်းရတာပဲ” တဲ့။ ပိုးလော့ဟာလည်း ရှိပြီးသားအရာတွေကိုယူပြီး လှပတဲ့အနုပညာအသစ်တစ်ခုအဖြစ် ပြန်မွေးဖွားပေးခဲ့တဲ့သူပါပဲ။ ဒီရုပ်ရှင်မှာတော့ ဒြပ်မဲ့ဝေဒနာပန်းချီဟန်ကို အုတ်မြစ်တည်စေခဲ့တဲ့ ဂျွန်ဂရေဟမ်၊ အက်ရှလေဂေါ်ကီတို့အပေါ် ပိုးလော့အမြင်တွေကိုလည်း ပြောထားသလို ပိုးလော့နဲ့ အောင်မြင်တဲ့ကာလခြင်းသိပ်မကွာတဲ့ ခေတ်ပြိုင်လို့ဆိုရမယ့် ဝီလျံဒီကူးနင်းတို့အပြင် တခြားနာမည်ကြီးဝေဖန်ရေးသမားတွေ အနုပညာသမားတွေကိုလည်း ထည့်သွင်းထားတယ်။ ပိုးလော့အကြောင်း‌ ဘိုင်အိုဆိုတော့ ဒီလူတွေကို မထည့်လို့လည်းမဖြစ်လောက်ဘူးကိုး။‌ သူတို့က ဒီမှာ အရိပ်လောက်ပါတာဆိုတော့ ပိုသေချာသိချင်ရင်တော့ အောင်ခင်မြင့်ရဲ့ မော်ဒန်အမေရိကန်ပန်းချီနဲ့ တွဲဖက်ပြီးကြည့်တာ ပိုအဆင်ပြေပါလိမ့်မယ်။ နောက် ပိုးလော့ရဲ့ ပန်းချီအမြင်တွေ မော်ဒန်ပန်းချီအပေါ် သူ့အမြင်တွေလည်း အင်တာဗျူးတွေမှာ ပြောခဲ့တာကို ထည့်သွင်းဖော်ပြထားတယ်။ ပိုးလော့ရဲ့အတက်အကျတွေကိုလည်း ဖော်ပြထားတယ်။ ပိုးလော့ဟာ သူ့ပန်းချီတွေကို တစ်သိန်းလောက်တန်လာမယ်လို့ ထင်ခဲ့ပေမဲ့ ၂၀၁၆မှာတော့ သူ့ပန်းချီတွေဟာ သန်း၂၀၀အထိ ဈေးပေါက်နေပါပြီ။ ပိုးလော့ပန်းချီဟန်တွေကို ကျွန်တော်တို့ တော်တော်များများမြင်ဖူးကြပါတယ်။ ကလေးဆွဲခိုင်းတောင် ရတယ်လို့ ပြောတဲ့လူတွေလည်းရှိသလို ဆေးတွေပက်ချထားရင်တောင် ဖြစ်တယ်လို့ ပြောတဲ့လူတွေလည်း ရှိခဲ့တယ်။ ဘာတွေဆွဲမှန်းမသိကြတဲ့လူတွေလည်းရှိတယ်။ ဒါနဲ့ပတ်သက်ပြီး ပိုးလော့ပြောထားတာကတော့… “ပန်းချီကားကြည့်ကြတဲ့လူတွေသာ ပန်းချီကိုပဲ ကြည့်လိုက်ရင် ပန်းချီကားကို ခံစားဖို့ ဘာပြဿနာမှရှိမှာမဟုတ်ဘူး။ ပန်းခင်းကြီးကို ကြည့်သလိုကြည့်လိုက်ရုံပါပဲ။ ဘာအဓိပ္ပာယ်နဲ့ဆွဲထားသလဲသိဖို့ ခေါင်းခဲနေစရာမလိုပါဘူး”တဲ့။ ကိုးကား – “မော်ဒန်အမေရိကန်ပန်းချီ” အောင်ခင်မြင့် (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.35GB, 985MB Quality – 1080p, 720p IMDb Rating – 7/10 Format – mp4 Duration – 2H 2Min Genre – Biography, Drama Subtitle – Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

Crime • Drama • Thriller
7 2000 132 mins
Pollock
#ChadGetsTheAxe
5.6

ChadGetsTheAxe(2022) အခုတစ်ခါ CM ပရိသတ်ကြီးကို တင်ဆက်ပေးချင်တဲ့ horror ကားလေးကတော့ အမြင်လဲဆန်းသလို ပေါက်ကရတွေချည်းပါပဲ ရီပဲရီရမှာလိုလို ကြောက်ပဲကြောက်ရမှာလိုလိုနဲ့ပါ ဇာတ်ကားကိုရိုက်ကူးထားပုံကလည်း POV စတိုင်မို့ ကြည့်ရတာ Reality ဆန်နေမှာပါ ခုခေတ်ကြီးမှာ Live လွှင့်တာတွေ Stream လုပ်တာ လူတွေကို prank လိုက်လုပ်ပေါက်ကရတွေလုပ်ပြီး Like တွေ View တွေ သူတောင်းစားလုပ်တာက Social media မှာ အရမ်းခေတ်စားနေတာပါ ခုဇာတ်ကားထဲမှာလည်း ‌follower လိုချင်လို့ သရဲခြောက်တဲ့နေရာတွေမှာ live လွှင့်ပြီး ပေါက်ကရလုပ်ပြတဲ့ celebrity တစ်သိုက် ဟိုကသရဲက စိတ်တိုပြီး တကယ်ထတီးမလား ဒါမှမဟုတ် View လိုချင်လို့ပဲ အင်ထုနေတာလားဆိုတာ ကြည့်ရှုရင်း သရဲမကြောက်ရတဲ့အပြင် like သူတောင်းစားလေးတွေကို တီးပေးတာကို နှစ်ထောင်းအားရကြည့်ရှုရမှာမို့ လက်မလွှတ်ကြဖို့ အကြံပေးလိုက်ပါတယ် အညွှန်းနဲ့ဘာသာပြန်ကတော့ Saii Thurein Lynn ပဲ ဖြစ်ပါတယ် Genre….. Horror, Comedy Quality…. 1080p WEB-DL | 720p WEB-DL File size… 1.66GB | 879MB Format… mp4 Duration…. 1h 23min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Saii Thurein Lynn Encoder ….. Aaron

5.6 2022
#ChadGetsTheAxe
Strawberry Shortcake’s Spring Spectacular
6.3

Strawberry Shortcake’s Spring Spectacular က ကလေးတွေနဲ့ မိသားစုများအတွက် ပျော်စရာကောင်းပြီး စိတ်ဝင်စားဖွယ် ကာတွန်းဇာတ်လမ်းဖြစ်ပါတယ်။ ဒီဇာတ်လမ်းကို MGA Entertainment နှင့် Iconix Entertainment တို့က ထုတ်လုပ်ပြီး animation ကို DHX Media (အခု WildBrain) မှ တာဝန်ယူထားတာဖြစ်ပါတယ်….. ဇာတ်လမ်းလေးကတော့ Strawberry Shortcake နဲ့ သူငယ်ချင်းတသိုက် နွေဦးပွဲတော်အတွက် ဘယ်လိုပေါင်းစည်းစုရုံးပြီး ပြင်ဆင်ကြလဲဆိုတာကို ရိုက်ပြတင်ဆက်ပေးထားတာဖြစ်ပါတယ်။ အရောင်အသွေးစုံ animation များ စိတ်ဖိစီးမှုမရှိတာတွေ သီချင်းတွေကတော့ ပိုမိုထူးခြားစေပါတယ် ကလေးများအတွက် အထူးသင့်တော်ပါတယ်။ မိသားစုနှင့်အတူ ပျော်ရွှင်စွာကြည့်ရှုနိုင်ပြီး Strawberry Shortcake ချစ်သူများအတွက် အကြိုက်တွေ့စေမယ့် ဇာတ်လမ်းကောင်းလေးတစ်ခုပါ! File size…(820 Mb)/(450 Mb) Quality….Webrip 1080p / 720p Format… mp4 Duration…. 00:45:00 Genre… Animation Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Banyar Aung

6.3 2023 45 mins
Strawberry Shortcake’s Spring Spectacular
National Lampoon’s Christmas Vacation
7.5

မျှော်လင့်ခြင်းတွေကို ဆောင်ကျဥ်းပေးလာတဲ့ နေ့တစ်နေ့ဖြစ်သလို မျှော်လင့်ထားတာတွေကို ပြည့်ဝစေချင်မိတဲ့ နေ့တစ်နေ့လည်းဖြစ်တဲ့ ခရစ္စမတ်နေ့လေးကို လူတိုင်း မျှော်လင့်မိကြပါတယ်။ လက်ဆောင်တွေ ဖလှယ်ကြတယ်။ ချစ်ရသူတွေနဲ့ အားလပ်ရက်အခိုက်အတန့်ကို ဖြတ်သန်းကြတယ်။ နှစ်တစ်နှစ်တာရဲ့ အကောင်းဆုံးသော အခါသမယဖြစ်တဲ့ ခရစ္စမတ်နေ့။ ခရစ္စမတ်နေ့နဲ့ ပတ်သက်တဲ့ ဇာတ်ကားတွေဟာ ဘယ်တုန်းက ထွက်ခဲ့တဲ့ ဇာတ်ကားနေနေ ဘယ်အချိန်ကြည့်ကြည့် ရိုးမသွားတာမို့ ဒီဇာတ်ကားလေးထဲမှာလည်း ခရစ္စမတ်ရဲ့ အဓိပ္ပာယ်၊ ဒီနေ့လေးကြောင့် နားလည်လာရတဲ့ တန်ဖိုးတွေကို တလွဲဖြစ်လွန်းတဲ့ ဂရစ်ဝေါမိသားစု အဖြစ်အပျက်လေးကနေတဆင့် ကြည့်ရှုနိုင်မှာပဲ ဖြစ်ပါတယ်။ ဒီဇာတ်ကားလေးမှာ မိသားစုကို သိပ်ချစ်တတ်လွန်းသူကြီး ကလာ့ခ်တစ်ယောက် ခရစ္စမတ်အခိုက်အတန့်မှာ ဘာတွေကိုများ မျှော်မှန်းထားပါလိမ့်။ သူတို့မိသားစုရဲ့ ခရစ္စမတ်အခါသမယက စီစဥ်ထားသလို စိတ်ကူးယဥ်ထားသလို ချောချောမွေ့မွေ့နဲ့ ကုန်ဆုံးသွားမှာမဟုတ်တာတော့ သေချာတယ်။ မှန်းချက်နဲ့ နှမ်းထွက် မကိုက်တဲ့ ကလာ့ခ်ဂရစ်ဝေါတို့ ဂရစ်ဝေါမိသားစုရဲ့ ခရစ္စမတ်လေးက ဘယ်လို အဖြစ်အပျက်တွေနဲ့ ဘယ်လို ခံစားချက်တွေကို ယူဆောင်လာပေးမလဲဆိုတာကို (၁၉၈၉)ခုနစ်တုန်းက ထွက်ရှိခဲ့တဲ့ “National Lampoon’s Christmas Vacation” ဆိုတဲ့ ဇာတ်ကားလေးမှာ ကြည့်ရှုခံစားလို့ရပြီပဲ ဖြစ်ပါတယ်။ File size… 1.99 GB / 837 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 37m Genre ….. Comedy/Family Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated… by Doros

Horror
7.5 1989 97 mins
National Lampoon’s Christmas Vacation
Codename: Devil Diabel
5.1

Codename: Devil (2024) Diabel ပိုလန်စစ်မှုထမ်းဟောင်းတစ်ဦးဖြစ်တဲ့ Maks ( မာ့ခ်စ်) က သူ့အဖေဆုံးသွားပြီး အသုဘပွဲကိုတက်ရောက်ဖိုအတွက် ထွက်သွားခဲ့တာ ၂၅ နှစ်ကြာပြီးဖြစ်တဲ့ ဇာတိမြိုကို ပြန်လာခဲ့တယ်။ ဒါပေမဲ့ Maks က သူ့အဖေဆုံးသွားခဲ့ရတဲ့နောက်ကွယ်က မိသားစုရဲ့ မှောင်မိုက်တဲ့လျှိဝှက်ချက်တွေကို သိလာရပြီး အန္တရာယ်များတဲ့ အခြေအနေတစ်ခုထဲ ရောက်နေမှန်း သဘောပေါက်လာတဲ့အခါ.. သူ့ရဲ့ စစ်တုန်းက အတွေ့အကြုံတွေလိုမျိုး နောက်ထပ်ဆိုးရွားတဲ့ အကြမ်းဖက်မှုတွေနဲ့ အစိုးရအကြီးအကဲတွေအချိုရဲ့ ခြစားမှုဒုစရိုက်‌တွေကို ဘယ်လိုအမှုမှန်ဖော် ကယ်တင်သွားမလဲဆိုတာ စိတ်ဝင်စားဖွယ်ကြည့်ရှုရမှာပဲဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Thwal Htoo Zin ဖြစ်ပါတယ်။) File size… (1.4 GB) / (820 MB) Quality…. WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre…. Action Duration…. 01:46:07 Subtitle…. Myanmar Subtitle (Hardsub) Encoder…. Benjamin Translated by Thwal Htoo Zin

5.1 2024 110 mins
Codename: Devil Diabel