YoteShin Drive is below this article. Scroll down to view.

YouTube testing a feature to view 4K video to premium

Author: Anonymous Published on: 12 Aug 2022

Google is now experimenting with new features in YouTube, one of the most commonly used video streaming platform, the most commonly used video streaming platform. But most of the test features are testing youTube premium using the monthly amount of money. In the past few weeks, Google was trying to add a lot of advertisements before the start of the video from YouTube. Now, there is only one feature to prioritize people who buy more premium. This is a need for premium if you want to view YouTube videos with 4K resolution. Therefore, if you are free using YouTube, you will be able to view 4K, but only 2K or 1440p. Currently, some users are experimenting with this kind of users, and it is not known whether Google will actually act later. Ref & # 8211; Neowin

YoteShin Drive

Sign in using google and save to your drive

The Journey of Chongzi E28 CM.mp4

330.63 MB N/A video/mp4 250 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Miracle in Cell No. 7
8.8

Miracle in Cell No. 7 ဆိုတာနဲ့ မြန်မာနိုင်ငံမှာ လူသိများတဲ့ ပတ်ရှင်ဟေးရဲ့ ဇာတ်ကားဆိုတာသိကြမှာပေါ့။ ဒီဇာတ်ကားက နာမည်ကြားတာနဲ့တင် လူတွေအားလုံးသိကြတဲ့အထိ အောင်မြင်မှုရခဲ့သလို Remake တွေပါ ထပ်ထပ်ရိုက်ရတဲ့အထိ၊ Remake တွေကပါ ဆုတွေကိုသိမ်းပိုက်နိုင်တဲ့အထိ လူတွေရဲ့ရင်ထဲကို အကြိမ်ကြိမ်အခါခါ တိုးဝင်နိုင်တဲ့ ဇာတ်ကားလေးပါ။ အခု Miracle in Cell No. 7 ကတော့ ကိုရီးယားကားမဟုတ်၊ တူရကီ remake မဟုတ်တဲ့ အင်ဒို remake ပါ။ ဒီအင်ဒိုကားမှာတော့ Vino G. Bastian က ဖခင်ဖြစ်သူ ဒိုဒိုရိုဂျာ့ခ်အနေနဲ့ မူရင်းကိုရီးယားဇာတ်ထက် မလျော့စေဘဲ ပိုင်ပိုင်နိုင်နိုင်သရုပ်ဆောင်ထားပြီး Maya Awards, Festival Film Indonesia တို့မှာလည်း ဆန်ကာတင်စာရင်းဝင် ၊ဆုတွေရခဲ့တာလည်း ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကို ပြောရမယ်ဆိုရင် ဉာဏ်ရည်မမှီတဲ့ သာမန်ပူဖောင်းလည်ရောင်းသူ ဒိုဒိုရိုဂျာ့ခ်ဟာ သမီးဖြစ်သူ ကာသီကာနဲ့အတူ အဖေတစ်ခု သမီးတစ်ခု နေထိုင်ကြတာပါ။ တစ်နေ့မှာ နိုင်ငံရေးသမားတစ်ယောက်ရဲ့ သမီးဖြစ်သူသေဆုံးမှုထဲ ဒိုဒိုတစ်ယောက် ဝင်ပတ်သက်မိရာကနေ မုဒိမ်းမှုနဲ့ လူသတ်မှုပါအဆစ်ရကုန်ပြီး ထောင်ထဲ‌တန်းရောက်ကာ ‌သမီးဖြစ်သူနဲ့ မတွေ့ရတော့တာပါပဲ။ ကိုယ့်သမီးသေသွားတဲ့အတွက် မဲမဲမြင် ထောင်ထဲထည့်ချင်တဲ့ နိုင်ငံရေးသမား၊ မတရားစွပ်စွဲခံရပြီး သမီးနဲ့ရှင်ကွဲကွဲရတဲ့ ဉာဏ်ရည်မမှီတဲ့ လက်လုပ်လက်စားလေး ဒိုဒို၊ သမီးဆုံးရှုံးလိုက်ရတဲ့ ခံစားချက်ကို ကိုယ်ချင်းစာပြီး ဒိုဒိုကိုကူညီပေးတဲ့ ထောင်ပိုင်တို့ရဲ့ မတူညီတဲ့ ခံစားချက်တွေနဲ့ ဖခင်သုံးမျိုးသုံးစားကို မြင်တွေ့ရမယ့်အပြင် ထောင်သားတွေရဲ့ဒိုဒို့အ‌ပေါ်ထားတဲ့ အကြင်နာတရားကိုကြည့်ပြီး ကိုယ်ပါ သူတို့နဲ့အတူ ဝိုင်းကူချင်စိတ်ပေါက်သွားစေမယ့် ဇာတ်ကားလေးပါ။ မူရင်းဇာတ်လမ်းသွားကိုမှ အင်ဒိုနီးရှား အငွေ့အသက်တွေနဲ့ဆိုတော့ remake လို့တောင် မခံစားရစေမယ့် ဇာတ်လမ်းမျိုးပါပဲ။ ဒီကားဟာ အရင်ကားတွေလိုမျိုးပဲ ရင်ထဲနင့်စေမယ့်ဇာတ်ကားမျိုးဖြစ်တာကြောင့် တစ်ရှူးလိပ်လေးဆောင်ရင်းကြည့်ဖို့တော့ အကြံပြုချင်ပါတယ်။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Xing Egg ပဲ ဖြစ်ပါတယ်။ Genre..... Comedy, Drama, Family Quality…. 1080p | 720p | 480p File size… 2.2GB | 1GB | 515MB Format… mp4 Duration…. 2h 25min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Xing Egg Encoder ..... Aaron

Thriller
8.8 2022 145 mins
Miracle in Cell No. 7
End Call
3.8

အကယ်၍ သင်သာ ဖုန်းတစ်ကောလ် ခေါ်ရုံနဲ့ လိုချင်တဲ့ တောင်းဆုတစ်ခု ပြည့်မယ်ဆိုရင် ဘယ်လိုလုပ်မလဲ...‌ခေါ်လိုက်မှာလား... ဒီဇာတ်ကားလေးမှာတော့ အထက်တန်းကျောင်းသူတွေအကြား ပျံ့နှံ့နေတဲ့ ကောလဟာလလေး တစ်ခုရှိနေပါတယ်... အဲ့ဒါကတော့ နတ်ဆိုးတစ်ပါးဆီ ဖုန်းဆက်ပြီး လိုချင်တဲ့ ဆုလေးတောင်းမယ် အပြန်အလှန်အနေနဲ့ ဖုန်းခေါ်တဲ့ ကြာချိန်ကို ကိုယ့်အသက်ထဲက ဖဲ့ပေးမယ်ဆိုတာပါပဲ... ကြားရတဲ့အတိုင်းဆို သိပ်ကို လွယ်ကူရိုးရှင်းလွန်းပါတယ်... နတ်ဆိုးဆိုတဲ့အမျိုးက ဒီလောက်နဲ့တင် အလဲအလှယ်လုပ်မယ်တဲ့လား… ဆုတောင်းသူတွေကို နတ်ဆိုးက ဘယ်လိုတွေ ချုပ်ကိုင်သွားမလဲ... ဘယ်အတိုင်းအတာထိ ခံစားစံစားကြရမလဲဆိုတာကို ကြည့်ရှုရမှာပဲ ဖြစ်ပါတယ် ။ (ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Tun Aung Kyaw ပါ ) File Size__(2GB) / (850MB) Quality__WebDL_1080p, 720p IMDb Rating__5.1/10 Format__mp4 Duration__01:34:00 Type__Horror Subtitle__Myanmar Subtitle (Hardsub) Translated by Tun Aung Kyaw Encoded by Naing Aung Latt

Action • Drama • Thriller
3.8 2008 94 mins
End Call
The Invisible Woman
5.9

Charles Dickens (ချားလ်စ် ဒစ်ကန်စ်)ဆိုတာနဲ့ အင်္ဂလန် ဗစ်တိုးရီးယားခေတ်ရဲ့ဂန္တ၀င်စာရေးဆရာကြီးကိုမြင်မိကြမှာပါပဲ။ သူ့ရဲ့၀တ္ထု ပြဇာတ်တွေ ဇာတ်ကောင်တွေဟာအသက်၀င်လွန်း လှပလွန်းလို့ကိုပဲအင်္ဂလိပ်စာ‌ပေလောကမှာယခုချိန်ထိ ချီးကျုးခံနေရဆဲပါ။ ဒါကတော့ ချားလ်စ်ရဲ့ဘ၀ထဲကိုဝင်ရောက်လာခဲ့တဲ့ အယ်လန် တာနန်ဆိုတဲ့ တက်သစ်စပြဇာတ်မင်းသမီးလေးတယောက်နဲ့သူ့ရဲ့အကြောင်းပေါ့ လှလည်းလှ သူ့ရဲ့ကမ္ဘာကြီးပေါ်အမြင်ကိုလည်းမြင်တာသာမက သူ့အပေါ်ကိုလည်းသူမတူ‌အောင်မြင်နိုင်သလို သူ့ရဲ့စာအုပ်တွေကိုလည်း ချစ်တဲ့ဒီကောင်မလေးကိုမှသူကချစ်မိသွားပြီ။ မပျော်ရွှင်ရတဲ့အိမ်ထောင်ရှိပြီး သားချားလ်စ်အတွက်ကတော့ ဒီကောင်မလေးနဲ့ပေါင်းစပ်ရဖို့ဆိုတာ သူ့ရဲ့၀တ္ထုတွေထဲကလိုမျိုးပဲ အတားအဆီးတွေ အစဉ်အလာတွေ ပတ်၀န်းကျင်ကအနှောင့်အယှက်တွေပေါများလွန်းလှပါတယ်။ ချားလ်စ်က်ုလည်းတစစနဲ့ချစ်မိသွားတဲ့အယ်လန် တဖြစ်လဲ နယ်လီကလည်း ဒီလိုလူမျိုးကိုမှချစ်မိသွားပြီ။ သူတို့နှစ်ယောက်ရဲ့အချစ်ဇာတ်လမ်းတပုဒ် ဟာဘာတွေဆက်ဖြစ်လာမှာလဲ။ ၀တ္ထုတွေထဲကလိုပဲ အပြင်မှာရော အချစ်ဆိုတာကသိမ်မွေ့နူးညံ့နေမှာလား ခက်ခဲကြမ်းတမ်းနေရမှာလား။ သူတို့နှစ်ယောက်ရဲ့အချစ်ခရီးလမ်းဟာအဆုံးမှာဘယ်လိုနိဂုံးချုပ်မလဲ ဆိုတာကိုဒီ classical အချစ်ဒရာမာကား‌လေးမှာခံစားကြည့်ရှုပေးကြပါဦးခင်ဗျာ။ File size…1.11GB / 413MB Quality…WEB-DL 1080p / 720p Format…mp4 Duration….1h 51m Genre ..... Biography , Drama , History Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Brackman

Comedy • Drama • Fantasy
5.9 2013 111 mins
The Invisible Woman
Ladder 49
6.4

IMDb - 6.5 RT - 41% မီးသတ်သမားတွေဆိုတာ အမေ့ခံ ပုဂ္ဂိုလ်တွေလို့ပဲ ပြောရမလားပဲ။ ကိုယ့်အသက်ကို ပဓာနမထားပဲ ကယ်တင်မှုတွေလုပ်ပေးပေမဲ့ ဆုတံဆိပ်အချို့က လွှဲလို့ ဘာမှရခဲ့တာမဟုတ်ပါဘူး။ အဲ့ဒီလိုလေးတွေနဲ့ပဲ ချွေးသိပ်ခဲ့ကြရတာပါ။ အဲ့လို‌အမေ့ခံသူရဲကောင်းတွေဖြစ်တဲ့ မီးသတ်သမား‌တွေအကြောင်းကို ရိုက်ကူးထားတဲ့ ရုပ်ရှင်များစွာရှိပါတယ်။ အဲ့ဒီထဲမှာမှမင်းသား Joaquin Phoenix ရဲ့ ၂၀၀၄ က ရိုက်ကူးခဲ့တဲ့ Ladder 49 ဆိုတဲ့ ရုပ်ရှင်ကို တင်ဆက်ပေးချင်ပါတယ်။ ဗာတီမောမြို့က ဂျက်မော်ရစ်စင် အမည်ရတဲ့ မီးသတ်သမားရဲ့ဘဝကို အခြေတည်ထားပြီး မီးသတ်သမားတွေရဲ့ ဘ‌ဝတွေ လူမှုပြဿနာတွေ သူရဲကောင်းဆန်မှုတွေ ရိုက်ကူးပြထားတဲ့ ရုပ်ရှင်ဖြစ်ပါတယ်။ ဝင်ငွေပိုင်းအရ အောင်မြင်တဲ့ ဇာတ်ကားတစ်ကားဖြစ်ခဲ့ပြီ ကမ္ဘာ့တစ်ဝန်းမှာ သန်းတစ်ရာကျော်ပြန်လည်ရရှိခဲ့ပါတယ်။ File size…(1.77GB)/(1.01GB)/(597MB) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:55:00 Genre...Action /Drama /Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by....SPK

Comedy • Fantasy • Science Fiction
6.4 2004 115 mins
Ladder 49
Kumanthong
5.1

သစ်ပင်တစ်ပင်အောက်မှာ ကောင်လေးရယ် သူ့အမေရယ် ရပ်နေကြတယ်။ မြွေတစ်ကောင်က အဲဒီနားရောက်လာပြီး ကောင်လေးအမေကိုပေါက်ဖို့လုပ်တဲ့အချိန်မှာ ကောင်လေးက အစားအပေါက်ခံလိုက်တယ်။ ကောင်လေးသေသွားပေမဲ့ နတ်ဆရာအဖြစ်ရွေးချယ်ခံရပြီး အသက်ပြန်ဝင်လာခဲ့တယ်။ ဒါပေမဲ့ သူ့အမေကတော့ သူ့သားအတွက် ဖြေမဆည်နိုင်ဖြစ်ပြီး သတ်သေသွားခဲ့တယ်။ သူ့အမေကို ပြန်ရဖို့ ကောင်လေးဟာ နတ်နဲ့အပေးအယူလုပ်ပြီး ... ရှားရှားပါးပါးကြည့်ရခဲတဲ့ ဗီယက်နမ်ရုပ်ရှင်ပါ။ Genreကလည်း Horror / Thrillerပါ။ ဗီယက်နမ်ရဲ့ ပထမဆုံးကွင်းဆက်လူသတ်သမားအကြောင်း ဖြစ်ရပ်မှန်ကို အခြေတည်ပြီး ဒါရိုက်တာ ဉာဏ်ကွန့်မြူးထားတဲ့ ရုပ်ရှင်လည်း ဟုတ်ပါတယ်။ ရှေးနတ်အယူအဆတွေ ယာဇ်ပူဇော်တာတွေနဲ့ ကွင်းဆက်လူသတ်တာကို ချိတ်ဆက်ပြီး ပုံဖော်သွားပြီး ဇာတ်အိမ်ကိုလည်း စိတ်ဝင်စားစရာကောင်းအောင် ပြထားပါတယ်။ နတ်ဆရာတွေ ဆေးကုပုံဘာညာကလည်း တွတ်ပီစာအုပ်တွေ ထဲက အတိုင်းပါပဲ။ ဗီယက်နမ်ဟန်ကို မြင်ရမှာပါ။ စုန်းလည်းဆန်သလိုလိုဖြစ်ပေမဲ့ နတ်ကားပါပဲ။ စပွိုင်လာဖြစ်မှာစိုးလို့ ဇာတ်လမ်းတော့ အများကြီးမပြောတော့ပါဘူး။ ဇာတ်လမ်းသက်သက်ချည်းလည်း ကြည့်ကောင်းသလို Thriller အငွေ့ လွှမ်းထားတဲ့ ဇာတ်ဝင်ခန်းတွေလည်း မိုက်ပါတယ် ။ ( ဘာသာပြန်ပြီး အညွှန်း‌ရေးသားထားသူကတော့ WiRa Aung ပါ ) File Size__(1.8GB) / (900MB) Quality__1080p, 720p IMDb Rating__5.6/10 Format__mp4 Duration__01:43:00 Type__Horror, Thriller Subtitle__Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Naing Aung Latt

Mystery • Thriller
5.1 2019 100 mins
Kumanthong
Yoga Class
5

Yoga Class (2009) ============= Horror ကြိုက်သူတွေအတွက် Yoga ဆိုတဲ့ Korea Movie လေးကို တင်ဆက်ပေးလိုက်ပါတယ်။ ရုံတင်ပြသခဲ့တုန်းကလည်း လူကြည့်အများဆုံး ဇာတ်ကား ၁၀ ကားစာရင်းမှာ ၂ပတ်ကြာ နေရာယူနိုင်ခဲ့ပါတယ်။ ဇာတ်လမ်းအကျဥ်း ဟျိုဂျောင်းဟာ ဟုမ်းရှော့ပင်း show တစ်ခုရဲ့ တင်ဆက်သူတစ်ယောက်ဖြစ် ပါတယ်။ တစ်ရက် ဟျိုဂျောင်းရဲ့နေရာကို အသက်ငယ်ငယ်ချောချောကောင် မလေးတစ်ယောက်က လုယူသွားခဲ့တာပေါ့။ ဟျိုဂျောင်းလည်း သူ့ကိုယ်သူ ယုံကြည်မှုမရှိဖြစ်သွားပြီး သူမသူငယ်ချင်းလမ်းညွှန်ပေးတဲ့ ယောဂသင်တန်း ကျောင်းကို သွားခဲ့တယ်။ သင်တန်းကျောင်းမှာ ၇ ရက်တာ အပြင်းအထန်လေ့ကျင့်မှုအတွက် စာရင်းသွင်း ခဲ့ပါတယ်။ ဟျိုဂျောင်းနဲ့ အတူ နောက်ထပ် မိန်းကလေး ၄ ယောက်လည်း ဒီလေ့ ကျင့်မှုမှာပါဝင်ခဲ့ပြီး၊ ဒီ ၅ ယောက်ထဲက အဆုံးအထိ အောင်မြင်အောင်လုပ်နိုင်တဲ့ တစ်ယောက်ကသာ ကွန်ဒါလီနီလို့ခေါ်တဲ့ ထာဝရလှပမှုရဲ့ လျှို့ဝှက်ချက်ကို သိရှိရမှာ ဖြစ်ပါတယ်။ နောက်ဆုံးမှာ ကွန်ဒါလီနီရဲ့ လျှို့ဝှက်ချက်ကို ဘယ်သူသိသွားမှာလဲ ဘာတွေဆက်ဖြစ်မှာလဲဆိုတာ Yoga Class (2009) မှာ ကြည့်ရှုနိုင်ပါပြီ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားတင်ဆက်ပေးသူကတော့ Hay Thar ဖြစ်ပါတယ်။) File Size……….(1.25 GB) / (509 MB) Quality…………WebRip 1080p / 720p Duration………1Hr 37mins Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Fantasy, Horror, Mystery Translator…….Hay Thar Encoder……….SWM

Action
5 2009
Yoga Class
A Wedding to Remember
6.1

A Wedding To Remember (2021) ======================= IMDb Rating – 6.1/10 အချစ်ဆိုသည်မှာ အံ့ဩမှုများနဲ့ ဆန်းကြယ်သောအရာတဲ့။ မြင်မြင်ချင်း ချစ်မိတာက အချစ်စစ်လား၊ ရယူဖန်တီးထားတာကရော အချစ်လား၊ လုပ်ယူမထားဘဲ သဘာဝဆန်ဆန်လေး ချစ်ကြိုက်မိသွား ကြတာကမှ အချစ်စစ်လား။ လူတိုင်းက အချစ်ကို ခံယူချက်အမျိုးမျိုးနဲ့ အဓိပ္ပာယ်အမျိုးမျိုး ဖွင့်ဆို တတ်ကြပါတယ်။ ဒီဇာတ်ကားလေးကတော့ အချစ်ရဲ့ ချိုချဉ်ငံစပ်သဘော တရားတွေ အားလုံး မြင်တွေ့ရနိုင်မယ့် ဇာတ်ကားလေးတစ်ကားပါပဲ။ ကံကြမ္မာက ဖန်တီးပေးတဲ့ လက်တွဲဖော်ကိုပဲ လိုချင်ကြတဲ့ ဘရိုင်ယန် နဲ့ အိုလစ်ဗီယာ တို့ရဲ့ ဇာတ်လမ်းလေးပေါ့။ စတွေ့ကတည်းက ပဋိပက္ခတွေ အပြည့်နဲ့ လူနှစ်ယောက်က မင်္ဂလာဆောင်တစ်ခုမှာ သတို့သားအရံနဲ့ သတို့သမီးအရံအဖြစ် ပြန်လည်ဆုံစည်းလာကြတဲ့အခါ ဘာတွေ ဆက်ဖြစ် လာနိုင်မလဲ။ သူတို့ယုံကြည်ထားတဲ့ အချစ်ကရော လက်တွေ့ဘဝမှာ တကယ် ဖြစ်နိုင်ပါ့မလား ဆိုတာကိုတော့ ဆက်လက်ကြည့်ရှုပေးပါလို့ပဲ တိုက်တွန်းပါရစေ။ ဘရိုင်ယန် အဖြစ် မင်းသား Greyston Holt နဲ့ အိုလစ်ဗီယာအဖြစ် မင်းသမီး Christina Rosato တို့က ပါဝင်သရုပ်ဆောင်ထားပြီး IMDb 6.1 ရရှိထားတဲ့ အချစ်ဇာတ်လမ်းလေးတစ်ပုဒ် ဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ May Thet Khine Soe ဖြစ်ပါတယ်) File Size……….(1.64 GB) / (837 MB) / (516 MB) Quality…………WebRip 1080p / 720p / 480p Duration………1Hr 25mins Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Comedy, Romance Translator…….May Thet Khine Soe Encoder……….SWM

Action • Adventure • Science Fiction • Thriller
6.1 2021
A Wedding to Remember
Amerikatsi
7.2

Amerikatsi (2023) ~ IMDb – 7.2/10, Rotten Tomatoes – 88% ~ Amerikatsi ဟာ သူ့ Tagline နဲ့ တော်တော်လိုက်ဖက်တဲ့ ရုပ်ရှင်တစ်ကားလို့ပြောရမယ်။ ပြောရရင် ဒီဇာတ်ကားတစ်ခုလုံးရဲ့ Point of View ဟာ “Freedom is a state of mind.” ဆိုတဲ့ သူ့ Tagline ပဲ။ ၁၈၉၀ကနေ ၁၉၁၉အထိ အာမေးနီးယားနိုင်ငံသားတွေ ၃ကြိမ်တိတိ အစုအပြုံလိုက်အသတ်ခံရဖူးတယ်။ အဲဒီလိုအခြေအနေတွေမှာ နိုင်ငံကနေထွက်ပြေးပြီး အမေရိကန်ကို ဝင်ရောက်ခိုလှုံခဲ့တဲ့ အာမေးနီးယန်းတွေ ရှိခဲ့တယ်။ ဒီဇာတ်လမ်းရဲ့ အဓိကဇာတ်ကောင်ကတော့ ၁၉၁၅မှာစခဲ့တဲ့ Armenian Genocide ကာလမှာ ကလေးပေါက်စလေးဘဝနဲ့ အမေရိကန်ကိုထွက်ပြေးခိုလှုံခဲ့တဲ့သူပေါ့။ သူ့နာမည်က ချာလီဘတ်ချင်ရန်။ နှစ်တွေတော်တော်ကြာပြီး လူကြီးဖြစ်လာတဲ့အချိန် သူ့ဇစ်မြစ်နိုင်ငံ ဇာတိမြေ အာမေးနီးယားနိုင်ငံအကြောင်းသိချင်သလို အာမေးနီးယားနိုင်ငံသားတွေကိုလည်း တွေ့ချင်တယ်ဆိုတဲ့ စိတ်နဲ့ အမေရိကန်နိုင်ငံသားအဖြစ်ကိုစွန့်လွှတ်ပြီး ဆိုဗီယက်သမဂ္ဂနိုင်ငံရဲ့တစ်စိတ်တစ်ပိုင်းဖြစ်နေတဲ့ ဆိုဗီယက်အာမေးနီးယားကို ပြန်ရောက်လာခဲ့တယ်။ ဒါပေမဲ့ အာမေးနီးယားနိုင်ငံစစ်စစ်မဟုတ်ဘဲ ဆိုဗီယက်အောက်က အာမေးနီးယားဆိုတော့ တကယ်တမ်းအာဏာကို ကိုင်ထားတာက ရုရှတွေ။ သူတို့က အာမေးနီးယားတွေကို ရွံစရာကောင်တွေလို့ပဲမြင်ပြီး ဖိနှိပ်ကြတယ်။ ချာလီဟာ ဒီလို အာမေးနီးယားကို ပြန်ရောက်လာခဲ့တယ်။ ကံကောင်းချင်တော့ ရာထူးကြီးကြီးထဲက လူတစ်ယောက်ရဲ့ မိန်းမတစ်ယောက်ရဲ့ ကလေးကို ကယ်ပေးလိုက်ရင်း အဲဒီမိန်းမနဲ့ သိကျွမ်းသွားရာက ချာလီ အဆင်ပြေဖို့ လမ်းစလေး ပွင့်မလိုဖြစ်လာတယ်။ ဒါပေမဲ့ တကယ်တမ်း အဲဒီရာထူးကြီးကြီးလူကမှ သူ့ကို အန္တရာယ်ပေးမယ့်သူဖြစ်နေပြီး နက်ကတိုင်တပ်တဲ့အမှုနဲ့ ထောင်ထဲထည့်ပစ်ပြီး ထောင်ဒဏ်၁၀နှစ်နဲ့ ဆိုက်ဘေးရီးယားကို အလုပ်ကြမ်းနဲ့နယ်နှင်ဖို့အထိပါ သူ့တပည့်တွေကို ခိုင်းခဲ့တယ်။ ဒါပေမဲ့ ငလျင်လှုပ်ပြီး ထောင်ရော တစ်မြို့လုံးရော ပျက်စီးသွားတဲ့နောက် မြို့ပေါ်မှာပဲ ထောင်သားတွေကို ပျက်စီးသွားတာတွေကို ပြင်ဖို့ဆင်ဖို့ အလုပ်ကြမ်းတွေ ခိုင်းဖို့အကြောင်းဖန်လာခဲ့တယ်။ အဲဒီထောင်ကလည်း တော်တော်ကြမ်းတယ်။ အလုပ်ကြမ်းလည်း ဆက်တိုက်ခိုင်းနေရင်းကို သောကြာနေ့ဆို ပလိန်းကြီး ထောင်သားတွေကို တစ်ယောက်ချင်းစီ အခန်းထဲခေါ်ပြီး ထောင်စောင့်တစ်ယောက်ကို အသေရိုက်ခိုင်းတဲ့ အဓိပ္ပာယ်မရှိတဲ့လုပ်ရပ်မျိုးအထိပါ လုပ်တယ်။ ဒီလိုနဲ့ မတရားခံပြီးနေနေရင်း သူ့ကို တိုက်ပိတ်ထားတဲ့ ထောင်ခန်းပြတင်းပေါက်ကနေ အာမေးနီးယားသား ထောင်စောင့်တစ်ဖြစ်လဲ ပန်းချီဆရာဟောင်းလင်မယားနေတဲ့ တိုက်ခန်းကို သူနေ့တိုင်းကြည့်နေခဲ့တယ်။ အဲဒီလိုကြည့်ပြီးနေရတာကိုက သူ့ဘဝအဓိပ္ပာယ်လို ဖြစ်လာခဲ့တယ်။ ဒီမတရားမှုကြီးကို သူစိတ်မပျက်ခဲ့သလို လက်လည်းမလျှော့ခဲ့ဘူး။ ဟိုးဘက်ခြမ်းက မီးလင်းနေတဲ့ တိုက်ခန်းလေးမှာ လှုပ်နေရှားနေတာတွေကို ကြည့်ရင်း ပျော်ပျော်ကြီး သူနေလာခဲ့တယ်။ ပြတင်းပေါက်က သူမြင်နေရတဲ့အရာဟာ သူသိချင်ခဲ့တဲ့ သူ ဒီနိုင်ငံကိုရောက်လာခဲ့တဲ့အကြောင်းရင်းဖြစ်တဲ့ အာမေးနီးယားနိုင်ငံသားတွေရဲ့ ဘဝဆိုတာကို သူကောင်းကောင်းကြီး နားလည်ခဲ့တယ်။ ပြတင်းပေါက်က သူမြင်နေရတဲ့လူရဲ့ဘဝကိုကပဲ ဆိုဗီယက်တွေ ဖိနှိပ်ခံထားရတဲ့ အားမေးနီးယားတွေရဲ့ အခြေအနေကို ထပ်ဟပ်နေခဲ့တယ်။ ဘာတွေဆက်ဖြစ်မလဲဆိုတာထက် ဒီဇာတ်က ဘာအကြောင်းလဲဆိုတာက ပိုအဓိကကျလိမ့်မယ်။ ဆက်ဖြစ်တာတွေကတော့ ဆန်းတယ်လို့ပြောလည်းရတယ် မဆန်းဘူးလို့ ပြောလည်းရတယ်။ ဘာလို့ဆို ဆက်ဖြစ်တာတွေက ဒီလိုကားမျိုးတွေမှာ ကျွန်တော်တို့ မလွဲမသွေမြင်ရမယ့် အခြေအနေတွေပဲ… အဲဒါတွေတော့ မဆန်းဘူး။ ဆန်းတာက ချာလီ့ တုံ့ပြန်ပုံပဲ။ သူ့မျက်နှာမှာရော သူ့လုပ်ရပ်တွေမှာရောပေါ်နေတဲ့ သူ့နှလုံးသားဟာ ပကတိရှင်းလင်းနေတယ်။ မကျေနပ်ချက်‌တွေ မတွေ့ရဘူး။ ဘယ်လောက်ရှင်းလင်းနေသလဲဆို မျှော်လင့်ချက်ထားတာကိုတောင် မမြင်ရဘူး။ လွတ်လပ်ခြင်းဆိုတာ စိတ်ရဲ့အခြေအနေသက်သက်ပဲဆိုတဲ့ Tagline နဲ့ လုံးဝအံဝင်ခွင်ကျဖြစ်နေတယ်။ အဓိကဇာတ်ကောင် ချာလီနေရာက သရုပ်ဆောင်တဲ့သူလည်းဖြစ် ဒါရိုက်တာလည်းဖြစ် ဇာတ်ညွှန်းဆရာလည်းဖြစ် တည်းဖြတ်သမားလည်းဖြစ်တဲ့ Michael A. Goorjian ဟာ တော်တော်တော့မခေပါဘူး။ Amerikatsi ဟာ ဒီနှစ်အော်စကာမှာ အာမေးနီးယန်းကိုယ်စားပြုရုပ်ရှင်ဖြစ်ခဲ့သလို Shortlist ၁၅ကားထဲလည်း ဝင်ထားပါတယ်။ ဆန်ခါတင်ထဲဝင်ရင်တော့ အော်စကာဆန်ခါတင်ပထမဆုံးဝင်တဲ့ အာမေးနီးယားရုပ်ရှင်ဖြစ်လာပါလိမ့်မယ်။ မသေတော့မသေချာပါဘူး။ ဒီ၁၅ကားမှာ ဂန္ထဝင်ဒါရိုက်တာကြီးတွေရဲ့ကားတွေပါ ပါနေသလို ကားကောင်းတွေလည်းတော်တော်များနေတယ်။ ဘာပဲဖြစ်ဖြစ် ဒီရုပ်ရှင်က ရုပ်ရှင်ကောင်းတစ်ကားဆိုတဲ့ အချက်ကတော့ ငြင်းမရပါဘူး။ ဒီရုပ်ရှင်ဟာ တစ်ခါတလေကျ ကျွန်တော်တို့ခေါင်းထဲရှိနေဖို့ လိုအပ်တဲ့ အကြောင်းအရာတစ်ခုကိုပြထားတဲ့ ရုပ်ရှင်ပါပဲ။ ဒီရုပ်ရှင်ဟာ အဆိုးဆုံးအခြေအနေမှာတောင် မယိမ်းယိုင်ခဲ့တဲ့ နှလုံးသားတစ်ခုအကြောင်းပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.3GB, 940MB Quality – 1080p, 720p IMDb Rating – 7.2/10 Format – mp4 Duration – 2H 1Min Genre – Drama Subtitle – Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

Drama • History • War
7.2 2023
Amerikatsi
Wind Chill

Wind Chill (2007) ============== မင်းသမီးကြီး Emily Blunt ရဲ့ငယ်ဘ၀က Horror ဇာတ်ကားကောင်းတစ်ကားပါ။ Emily Blunt ကိုနုပျိုလန်းဆန်းနေတဲ့ ဆယ်ကျော်သက်ကျောင်းသူလေးအဖြစ်မြင် တွေ့ရမှာဖြစ်ပါတယ်။ ပင်ဆယ်ဗေးနီးယားတက္ကသိုလ်ကျောင်းသူလေးတစ်ဦးဟာ ခရစ်စမတ်ကျောင်းပိတ် ရက် အိမ်အပြန်မှာ ကျောင်းသားတစ်ဦးနဲ့ Rideshare အဖြစ်ကားကြုံလိုက်ခဲ့ပါတယ်။ အရင်ကသတိမထားမိခဲ့ပဲ ကျောင်းရဲ့ကြေညာဘုတ်က သူနေတဲ့မြို့ကိုပြန်မှာဖြစ်လို့ လမ်းကြုံလိုက်မယ့်သူတွေ လိုက်လို့ရကြောင်းစာကပ်ထားရာကတစ်ဆင့်သိခဲ့ရတဲ့ အဲ့ဒီကျောင်းသားဟာ သူ့အကြောင်းအတော်များများကိုသိနေပုံရပါတယ်။ အတူတူခရီးဆက်လာရာကနေ တစ်နေရာမှာတော့ အဝေးပြေးလမ်းကနေ တောလမ်း တစ်ခုကိုဆင်းချသွားတဲ့ အချိန်မှာ ကောင်မလေးကထိတ်လန့်စပြုလာပြီး ကောင်လေး ကို မေးခွန်းထုတ်ခဲ့ပေမယ့်ဒီလမ်းက အမြန်ရောက်ဖို့ဖြတ်လမ်းလို့ပဲပြောပါတယ်။ ဒါပေ မယ့်လည်း နှစ်ဘက်လုံးတောအုပ်ကြီးတွေပဲရှိတဲ့နေရာတစ်ခုမှာ ရှေ့ကလာတဲ့ ကားတစ် စီးကိုရှောင်ရာကနေလမ်းဘေးနှင်းပုံနဲ့ဝင်တိုက်မိပြီးကားပျက်သွားချိန်မှာတော့ သူတို့ နှစ်ယောက်အတွက် အိမ်မက်ဆိုးတွေစတင်ဖို့ဖြစ်လာပါတော့တယ်။ အဲ့ဒီလမ်းဟာ မတော်တဆမှုတွေအမျိုးမျိုးဖြစ်လေ့ရှိပြီး လူသေဆုံးမှုတွေအမြဲရှိတတ်တဲ့ နေရာတစ်ခုပါ။အဲ့ဒီအဖြစ်အပျက်တွေက မကျွတ်မလွတ်သေးတဲ့ဝိဉာဉ်တွေ၊ မကြာခင် လာတော့မယ့်နှင်းမုန်တိုင်း၊ အနားမှာရှိနေတဲ့ ကိုယ်နဲ့မရင်းနှီးပေမယ့် ကိုယ့်အကြောင်းတွေ အကုန်သိနေတဲ့ သူစိမ်းတစ်ယောက် အစရှိတာတွေကို ကောင်မလေးတစ်ယောက် ဘယ်လို ရင်ဆိုင်ဖြတ်ကျော်မလဲ၊ ဇာတ်လမ်းထဲမှာဆက်ပြီးရှုစားကြပါ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Alias ဖြစ်ပါတယ်) File Size……….(1.4 GB) / (521 MB) Quality…………BLU-RAY 1080p / 720p Duration………1Hr 31Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Adventure, Drama, Horror Translator…….Alias Encoder……….SWM

0 2007
Wind Chill
Crew
6.4

Crew (2024) “မဒီသုံးဖော်” IMDb – 6.4/10 တဘူး၊ ကရီးနား၊ ကရီတီးဆိုတဲ့ အသီးသီးတောက်ပခဲ့ကြပြီး တောက်ပနေတုန်းဖြစ်တဲ့ အိန္ဒိယရဲ့စတားမင်းသမီး သုံးယောက်တွဲထားတဲ့ရုပ်ရှင်ကို တင်ဆက်ပေးလိုက်ပါတယ်။ The Great Indian Kapil Showရဲ့ အစီအစဉ်မှူး ကာပီလ်နဲ့ နာမည်ကျော်ပန်ချာပီအဆိုတော်သရုပ်ဆောင် ဒေလ်ဂျိဒိုဆန်တို့လည်း ပါဝင်အားဖြည့်ထားပါသေးတယ်။ ရုံတင်ငွေ ၁၅၆ ကုဋေရထားပြီး ပေါ့ပေါးပါးပါး ကြည့်ရမယ့် ရွှေခိုးသယ်တဲ့ ဟာသရုပ်ရှင်လေးပါ။ အိပ်မက်ကိုယ်စီနဲ့ လေယာဥ်မယ်သုံးယောက်၊ ဝါသနာအလုပ်ကို လုပ်နေရပေမယ့် လေကြောင်းလိုင်းက လစာမပေးတော့တာ ခြောက်လကြာသွားတယ်။ လေကြောင်းလိုင်း ဒေဝါလီခံလိုက်ရတာ သိလိုက်ရတော့ စည်းမျဥ်းတွေကို စွန့်ပယ်ပြီး ဖြတ်လမ်းလိုက်ဖို့ လေဒီသုံးယောက်သား ရွေးချယ်လိုက်ရတဲ့အခါမှာ ရွှေခိုးသယ်နေကျ သူတို့ HR ဆရာကြီးရဲ့ လျှို့ဝှက်ချက်ကို အသုံးချပြီး သူတို့သုံးယောက်ကို တာဝန်ပေးဖို့ အပေးအယူလုပ်ကာ ဘယ်သို့ဘယ်ပုံ ဆက်ပြီး စွန့်စားခန်းထွက်ကြပုံကို … ဒီရုပ်ရှင်ထဲမှာ ကြည့်ရှုခံစားကြရမှာပါ။ (ဒီရုပ်ရှင်အတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပါ။)

6.4 2024 124 mins
Crew
Once Upon a Time in China III
7.3

ဒီဇာတ်လမ်းအဆက်လေးမှာတော့ ဝမ်ဖေးဟုန်ဟာ ဒေါ်လေးရီနဲ့အတူ အဖေဖြစ်သူရဲ့ ဆေးဝါးလုပ်ငန်းကိုလည်း ကြည့်ရင်း အဖေနဲ့လည်း တွေ့ချင်တဲ့အတွက် ကန်တုံကို ပြန်ခဲ့ပါတယ်။ သူပြန်ရောက်တဲ့အခါမှာတော့ ရုရှားတွေက တရုတ်ပြည်ကို ရောက်ရှိနေပြီး ဘုရင်မကြီးက တရုတ်ပြည်ဟာ တိုင်းတပါသားတွေကို မလိုအပ်ကြောင်းနှင့် စစ်အင်အားကို တစ်ဖက်လှည်နဲ့ ပြသချင်တဲ့အတွက် ခြင်္သေ့ဘုရင်ပြိုင်ပွဲကို ကျင်းပဖို့ စေခိုင်းထားပါတယ်။ ရုရှားသံတမန်တွေကလည်း အကြံအစည်နဲ့လာတာဖြစ်ပြီး တစ်ဖက်မှာလည်း တိုင်ပေဆီလုပ်ငန်းပိုင်ရှင်တဖြစ်လည်း တိုင်ပေဂိုဏ်းခေါင်းဆောင်ဖြစ်သူ ကျူထန်ပါးက တခြားအဖွဲ့အစည်းတွေ ခြင်္သေ့ဘုရင် ပြိုင်ပွဲမှာ ဝင်မပြိုင်နိုင်အောင် အစွမ်းကုန်ဖျက်လိုဖျက်ဆီး လုပ်နေပါတော့တယ်။ ဒီတော့ ရုရှားနှင့် တိုင်ပေဂိုဏ်းကြားထဲမှာ ဘယ်လိုဆက်နွယ်မှုတွေရှိနေလဲ၊ ရုရှားတွေရဲ့ အကြံအစည်ကရော ဘယ်လောက်တောင် အန္တရာယ်များလဲဆိုတာကို ဝမ်ဖေးဟုန်တစ်ယောက် မိသားစု တပည့်တပန်းတွေနဲ့အတူ ရှာဖွေ ဖော်ထုတ် တားဆီးသွားမှာကို စိတ်ဝင်စားဖွယ်ကြည့်ရှုရမှာဖြစ်ပါတယ်။ File size…(3.2 GB)/(1.5 GB) Quality….Blu-Ray 1080p / 720p Format…mp4 Duration….01:53:00 Genre… Action, Adventure, Biography Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Matteo

7.3 1993 112 mins
Once Upon a Time in China III
The Ward John Carpenter’s The Ward
5.6

The Ward (2010) John Carpenter’s The Ward မင်းသမီး Amber Heard အဓိကပါဝင်ထားပြီး Sydney Sweeney နဲ့ အခြားမင်းသမီးတွေ အရံအဖြစ်ပါဝင်ထားတဲ့ ဒီရုပ်ရှင်ကားက Psychological Horror အမျိုးအစားဇာတ်ကားပါ။ ဇာတ်လမ်းကတော့…. Kristen ဆိုတဲ့ ခပ်ဆိုးဆိုးကောင်မလေးတစ်ယောက်ဟာ ယာအိမ်တစ်လုံးကို မီးရှို့ပစ်ခဲ့ပါတယ်… ဒီမီးရှို့မှုနဲ့ သူဟာ ဖမ်းဆီးခံခဲ့ရပြီး စိတ်ကျန်းမာရေးဆေးရုံတစ်ခုမှာ ထိန်းသိမ်းခြင်းခံခဲ့ရပါတယ်… Kristen ဟာ ဆေးရုံမှာ နေထိုင်ချိန်အတွင်း Dr. Geral Stringer, Emily, Sarah, Zoey, Iris ဆိုတဲ့ မိန်းကလေးတွေနဲ့ ရင်းနှီးခဲ့ပါတယ်… ဆေးရုံတိုင်းလိုလို နာနာဘဝ မကောင်းဆိုးဝါးဆိုတာ ရှိစမြဲပါ… ဒီလိုပဲ Kristen တစ်ယောက်လဲ ရေချိုးရင်း သရဲမ တစ်ကောင်နဲ့ ပတ်ပင်းတိုးခဲ့ပါတယ်… Kristen သရဲမကို မြင်ပြီးနောက်မှာတော့ သူ့သူငယ်ချင်း Iris ဟာလဲ သရဲမကို တွေ့ခဲ့ပြီး အသက်နှုတ်ယူခံခဲ့ရပါတယ်… Iris ပျောက်ဆုံးသတင်းကို ကြားပြီးနောက်မှာတော့ မိန်းကလေးတွေဟာ Iris ကို ရှာဖွေခဲ့ကြပါတယ်… ကံဆိုးချင်တော့ Sarah, Emily တစ်ယောက်ပြီး တစ်ယောက် သေဆုံးခဲ့ကြပါတယ်…. Kristen ကတော့ ကံကောင်းထောက်မပြီး လွတ်မြောက်ခဲ့ပါတယ်… သူဟာ ကျန်ရှိနေတဲ့ သူငယ်ချင်း Zoey ကို ကယ်တင်ဖို့ ကြိုးစားခဲ့ပါတယ်… သို့ပေမဲ့ Zoey ဟာလဲ သရဲမ ဖမ်းဆီးခြင်းခံခဲ့ရပါတယ်… Kristen တစ်ယောက်ကြံရာမရဖြစ်ပြီး သူ့အသိ Dr.Geral Stringer ဆီကို အပြေးအလွှားသွားခဲ့ပါတယ်… Dr. ဆီရောက်တဲ့အချိန်မှာတော့ သူ သရဲမ အကြောင်းကို သိခဲ့ပါတယ်… သရဲမ နာမည်က Alice ဖြစ်ပြီး Kristen သူ့အကြောင်းကို အလုံးစုံသိလိုက်ရချိန်မှာတော့…. Kristen တစ်ယောက် Zoey ကိုကယ်ပြီး လွတ်မြောက်နိုင်မလား… သရဲမ Alice က ဘာလို့ လိုက်သတ်နေတာလဲ…စတဲ့အကြောင်းအရာတွေကို စိတ္တဇဆန်ဆန် ရိုက်ကူးထားပါတယ်… သဲထိတ်ရင်ဖိုဇာတ်လမ်း ကြိုက်နှစ်သက်တဲ့ ပရိတ်သတ်တွေအတွက်တော့ လက်လွတ်မခံသင့်တဲ့ Horror တစ်ကားပါပဲ။

5.6 2010
The Ward John Carpenter’s The Ward
Youngblood
6.2

ဟော်ကီကစားတာကို အပြင်းအထန် ကြိုက်နှစ်သက်ပြီး ဘဝကို ဟော်ကီကစားပြီးရှင်သန်ချင်တဲ့ ယန်းဘလတ်ဆိုတဲ့ ဆယ်ကျော်သက်အရွယ်လူငယ်‌လေးတယောက် ဟော်ကီအသင်းကြီးမှာ ချေစွမ်းပြဖို ဖိတ်ခေါ်ခံလိုက်ရတဲ့ အချိန်မှာတော့ အဲ့အခွင့်အ‌ရေးကို အမိအရဖမ်းပြီး သူထွက်သွားခဲ့ပါတယ် အသင်းကြီးရောက်တဲ့အချိန် သူထင်ထားတဲ့ ဟော်ကီကစားတာနဲ တကယ့်လက်တွေ့ကစားတာနဲ့ ကွဲလွဲနေတာကို သိလိုက်ရတဲ့ အချိန် ယန်းဘလတ်ဘယ်လိုတုံပြန်မလဲ နိုင်ငံကျော် ဟော်ကီကစားသမားပဲ ဖြစ်လာမလား ဒါမိုမဟုတ် လက်လျော့ပြီးအိမ်ပြန်လာမှာလားဆိုတာကို စောင့်ကြည့်ရမယ့် အားကစားကြိုက်သူတွေအတွက် သဘောကျချင်စရာ ဇာတ်ကားတစ်ကားပါ File size…(2.6 GB)/(1.6 GB) Quality….Blu-Ray 1080p / 720p Format… mp4 Duration…. 01:55:00 Genre… Drama, Romance, Sport Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Dar Dar

Drama • Romance
6.2 1986
Youngblood
A Prince in Paradise A Royal in Paradise
6.4

A Prince in Paradise (2023) A Royal in Paradise (IMDb rating 6.4) ရထားပြီး ဒါရိုက်တာ Andrian Powers က စီစဥ်ရိုက်ကူးထားပါတယ်။ အိုလီဗီယာဆိုတဲ့စာရေးဆရာမတစ်ယောက်ဟာ သူနှစ်ရှည်ကြာတွဲလာခဲ့တဲ့ ရည်းစားနဲ့ပြတ်သွားပါတယ်။ သူ့ရည်းစားက အလုပ်ကိစ္စကြောင့် အချိန်မပေးနိုင်ဘူးဆိုတဲ့အကြောင်းပြချက်နဲ့ သူ့ကို ထားသွားတာပါ။ အချစ်ဇာတ်လမ်းတွေ သီကုံးရေးဖွဲ့တတ်တဲ့ အိုလီဗီယာဟာ ကိုယ်တိုင်အသဲကွဲရတဲ့အခါမှာတော့ ဝတ္ထုဆက်ရေးဖို့ အခက်တွေ့ပါတော့တယ်။ ဒီလိုနဲ့ စွန့်စားခန်းတွေ ထပ်ရှာဖို့အတွက် အပူပိုင်းဇုန်ဆီကို ခရီးထွက်လာရပါတော့တယ်။ ခရီးက သူ့ကို အရင်တုန်းကလို သူစာတွေပြန်ရေးနိုင်စေပါ့မလား။ ဒီ A Royal In Paradise 2023 ဟာ drama ကားဖြစ်ပါတယ်။ အေးအေးဆေးဆေးနဲ့ ကြည်နူးဖို့ကောင်းပြီး ဇာတ်မြူးတဲ့ ရုပ်ရှင်ကားပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Thy Santa ဖြစ်ပါတယ်။) File size…(2 GB) / (950 MB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Comedy, Romance Duration….01:30:54 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Thy Santa

6.4 2023
A Prince in Paradise A Royal in Paradise