YoteShin Drive is below this article. Scroll down to view.

Oppo Reno9 Series will include 4,500mAh battery and Universal Fast Charging

Author: Anonymous Published on: 12 Aug 2022

The Oppo Reno9 series will be announced in November and the information of these smartphones is leaked. China writes the Qualcomm Snapdragon 7 Series in the OppDo Reno9 Series in the Oppo Reno9 Series in the Oppo Reno9 Series. This is the same as Oppo Reno8 Series. Oppo will be one of the Chinese smartphone makers who use the new UFCS (Universal Fast Charging Specification). This charge can support up to 40W. The Reno9 Series will feature a 4,500mAh battery with UFCS support. Other smartphone makers supporting the UFCs are Huawei, Vivo, Xiaomi, and the West includes Angbao Electronics, Lihui Technology, Rockchip and Silicon Power. The Reno9 Series will be everything's every color. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

The.Invitation.2015 .BLU-RAY.720P(CM).mp4

458.82 MB N/A video/mp4 121 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
...ing
6.8

အင်္ဂလိပ်ဝေါဟာရ "Present" ဟာ မြန်မာလို "လက်ရှိ" လို့ ဘာသာပြန်လို့ ရသလို "လက်ဆောင်" လို့လည်း ဘာသာပြန်လို့ရပါတယ် ကိုယ့်ရဲ့"လက်ရှိ"အချိန်ဟာ ကိုယ်လုပ်ချင်တာတွေ လုပ်ဖို့အတွက် ဘဝကို ပျော်ရွှင်ခံစားဖို့အတွက် ကိုယ်ပိုင်ဆိုင်ထားတဲ့ အကောင်းဆုံး "လက်ဆောင်" ပါပဲ အဲ့ဒါကြောင့် "Present is Present❤" "လက်ရှိက လက်ဆောင်" လို့ ပြောကြပါတယ် ဒီဇာတ်ကားလေးမှာလည်း သမီးဖြစ်သူ ဘဝကို အဓိပ္ပါယ်မဲ့ ဆွဲဆန့် ရှင်သန်နေရမယ့်အစား လက်ကျန်အချိန်လေးမှာ ဘဝအရသာကို ပျော်ရွှင်ခံစားခွင့်ရအောင် ဖန်တီးပေးခဲ့တဲ့ မိခင်တစ်ယောက်ရဲ့ ချစ်ခြင်းမေတ္တာကို အသည်းနင့်ဖွယ် တွေ့မြင်ခံစားရမှာပါ ကိုရီးယားတွေဟာ melodrama အချစ်ဇာတ်လမ်းတွေကို ရိုက်ကူး တင်ပြရာမှာ ထိပ်တန်းမှာ ရှိနေတာ အားလုံးအသိပါ နေမကောင်းဖြစ်နေတဲ့ ကောင်မလေးနဲ့ ကောင်လေးရဲ့ အချစ်ဇာတ်လမ်း တွေကိုလည်း မရေနိုင်အောင် ရိုက်ကူးခဲ့ ရိုက်ကူးနေကြဆဲပါ ဒါပေမယ့် ဒီ "...ing" ရုပ်ရှင်လေးလိုမျိုး ငြိမ့်ငြိမ့်လေးနဲ့ ရင်ထဲနင့်နေအောင် ခံစားရစေတဲ့ ဇာတ်ကားတွေကတော့ ရှားပါတယ် အားလုံးရဲ့ အချစ်ဦး Kim Rae Won နဲ့ မမလှလှ Lim Su Jeong တို့ကလည်း ဓာတုဗေဒမိမိ ပါဝင် သရုပ်ဆောင်ထားပါတယ် ဒီ Old but gold (အိုင့်အတွက်တော့ old but diamond ပါ) ရုပ်ရှင်ကားကောင်းလေးကို ကြည့်ဖြစ်အောင် ကြည့်ကြပါလို့ တိုက်တွန်းရင်း... File size…1.89GB / 536MB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 44m Genre ..... Drama , Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Phoebe

Drama • Horror • Thriller
6.8 2003 104 mins
...ing
Lost

အခုတစ်ခါမှာတော့ ဘောလီဝုဒ်မင်းသမီးချောလေး ယာမီဂေါ်သမ်ဦးဆောင်ပါဝင်ထားတဲ့ ဟင်ဒီဇာတ်ကားကောင်းလေးတစ်ကားနဲ့ မိတ်ဆက်ပေးပါ့မယ်။ ဒီဇာတ်လေးဟာ ၁၃ကြိမ်မြောက်ကျင်းပတဲ့ ၂၀၂၂ခုနှစ်ရဲ့ ချီကာဂိုတောင်အာရှရုပ်ရှင်ပွဲတော်မှာ တရားဝင်ရွေးချယ်ခံခဲ့ရတဲ့ ကားလေးပဲဖြစ်ပါတယ်။ ဇာတ်လမ်းလေးကလည်း သိပ်ကို စိတ်ဝင်စားဖို့ကောင်းပါတယ်။ သတင်းထောက်မလေးတစ်ယောက်က ကောင်လေးတစ်ယောက်ပျောက်ဆုံးမှုကို အခြေခံပြီး သတင်းယူနေရင်းနဲ့မှ လျှို့ဝှက်ပူးပေါင်းကြံစည်မှုကြီးတစ်ခုလုံးဟာ မီးခိုးကြွက်လျှောက်ပေါ်သလို ထွက်လာခဲ့တာပါပဲ။ ဒီအမှုမှာလည်း ငွေများတရားနိုင်သဘောတရားနဲ့ အစိုးရအရာရှိတွေရဲ့ လာဘ်စားမှုတွေကို ကွက်ကွက်ကွင်းကွင်းရိုက်ပြထားလို့ ကြည့်သင့်တဲ့ကားလေးဆိုလည်း မမှားပါဘူးနော်။ File size…1.57GB / 746MB Quality…1080p True WEB DL / 720p Format…mp4 Duration….2h 4mins Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Thaik San ~ Taylor ~ Yunni ~ BpL

Adventure • Drama • Science Fiction
null 2023 124 mins
Lost
Babylon
7.5

La La Land ဒါရိုက်တာ Damien Chazelle ရဲ့ Feature Film အသစ်ပါ။ Brad Pitt, Margot Robbie, Tobey Maguire တို့လို နာမည်ကျော် cast တွေကိုသုံးထားသလို Diego Calva လို နာမည်မရှိသေးတဲ့ မင်းသားကိုပါ တွဲဖက်သုံးပေးထားပါတယ်။ လာမယ့်အော်စကာအတွက် Best Original Score, Best Production Design နဲ့ Best Costume Design ဆုတို့အတွက် ၃နေရာ ဆန်ခါတင် ဝင်ထားပါတယ်။ ဇာတ်လမ်းကတော့ ၁၉၂၀နှောင်းပိုင်းက ဟောလိဝုဒ်ရဲ့ အသံတိတ်ရုပ်ရှင်တွေကနေ အသံထွက်ရုပ်ရှင်တွေဆီ အကူးအပြောင်းကာလမှာ ဟောလိဝုဒ်ရဲ့ ရွှေခေတ်တုန်းဆီမှာ ဇာတ်အိမ်တည်ထားပါတယ်။ အကြောင်းအရာကတော့ အဲဒီဟောလိဝုဒ်ရွှေခေတ်တုန်းက အသံတိတ်ကနေ အသံထွက်အကူးအပြောင်းမှာရော လောကကြီးရဲ့တခြားဖြစ်မြဲ အကူးအပြောင်းတွေမှာပါ အောင်မြင်ခဲ့ ကျရှုံးခဲ့ကြတဲ့ ရုပ်ရှင်လောကသားတွေ သရုပ်ဆောင်တွေ သူတို့အိပ်မက်တွေအကြောင်းပါ။ ဇာတ်ကတော့ ဘတ်ဂျက်နိုင်နိုင်နဲ့ ဟောလိဝုဒ်ရွှေခေတ်တစ်ခါကို Epic Film တစ်ကားလို ခင်းကျင်းထားတယ်။ ဒါပေမဲ့ သူ့ ဟောလိဝုဒ်ရွှေခေတ်ကို ပြပုံက တာရန်တီနိုရဲ့ Once Upon A Time In Hollywood ပုံစံမျိုးသွားတယ်။ နည်းနည်းတောင် ပိုဂကြောင်နိုင်မလားပဲ။ ဒါပေမဲ့ တစ်ချိန်တည်းမှာပဲ သူ့ရဲ့ဒရာမာတွေမှာ လွှမ်းမိုးမှုကြီးတဲ့ အထင်ကရရုပ်ရှင် Citizen Kane ဆန်ဆန် အငွေ့အသက်မျိုး ပြန်လွှမ်းထားတယ်။ ပြောရရင် ဒီကားက ကြောင်လည်းကြောင်တယ် ဒရာမာလည်းအားကောင်းတယ်။ ဘရက်ပစ်ကတော့ ဘရက်ပစ်နဲ့တူအောင်ပဲ သရုပ်ဆောင်သွားသလို မားဂေါ့ကလည်း မားဂေါ့နဲ့ပဲ တူအောင် သရုပ်ဆောင်သွားတယ်။ ကျွန်တော်တို့မြင်နေကျ သူတို့ပုံစံတွေပဲ အများကြီး ထူးကဲသွားခြင်းမျိုးတော့ မရှိဘူး။ ဒါပေမဲ့လည်း အရင်လိုပဲ ကြည့်တော့ကောင်းဆဲပါပဲ။ မားဂေါ့ဟာလည်း ဆက်စီကျကျနဲ့ လှဆဲပါပဲ။ ထူးတာက Tobey Maguire... ဒီထဲကလို ဇာတ်ရုပ်မျိုး သိသလောက် သူသရုပ်မဆောင်ဖူးဘူး။ သူ့ကို ဒီကားရဲ့ မထင်မှတ်ထားဆုံးနေရာမှာ တွေ့လိုက်ရတယ်လို့တောင်ပြောရမယ်။ နောက် ဒီကားရဲ့ တကယ့်မင်းသားလို့ပြောရမယ့် Diego Calva, သူလည်း သူ့ဇာတ်ရုပ်နဲ့လိုက်ဖက်တယ်ပြောရမှာပဲ။ စတားတွေကြား စတားမဟုတ်ပေမဲ့ ရင်ဘောင်တန်းနေနိုင်တဲ့ဘဲပေါ့။ Jean Smart လို ဝါရင့် မင်းသမီးကြီးလည်း အဆစ်ပါသေးတယ်။ Epic Film ပီသစွာပဲ ခမ်းခမ်းနားနား ပုံဖော်သွားတာကြောင့်ရော အပုပ်အစပ်တွေရောနေတဲ့ ဟောလိဝုဒ်ရဲ့လှပတဲ့ရွှေခေတ်ကို ပုံဖော်ထားတာကြောင့်ရော ဒီရုပ်ရှင်ဟာ ခမ်းနားတယ်။ ရုပ်ရှင်သမိုင်းရဲ့ နာမည်အကြီးဆုံး ကားမှန်သမျှနီးပါးကို Homage ပေးသွားတယ်။ ကူးဘရစ် အင်ဂမာဘာ့ခ်မန်း ချာလီချက်ပလင် Singing in the Rain, The Wizard of Oz, A Trip to the Moon, ဘူတာရုံမှာ ရထားဆိုက်တဲ့ ပထမဆုံးရုပ်ရှင် စစသဖြင့် အစုံပါပဲ။ ဒါပေမဲ့ ဒီဇာတ်အိမ်ကာလကတော့ ဒီရုပ်ရှင်တွေထဲကအများစုထက်ရှေးကျပါတယ်။ ရုပ်ရှင်ရဲ့ပြောင်းလဲမှု အဆင့်ဆင့်ကို ပြသွားခဲ့တယ်လို့ ပြောလည်းရတာပါပဲ။ ဇာတ်ကောင်တွေဟာ တကယ့်လူတွေမဟုတ်ပေမဲ့ တကယ်ရှိခဲ့တဲ့လူတွေကနေပဲ အခြေခံပြီး ဖန်တီးထားတာပါ။ ဘရက်ပစ်ရဲ့ဇာတ်ကောင်ဆို John Gilbert လို့ခေါ်တဲ့ အဲဒီခေတ်ကာလက မင်းသားကြီးကိုပဲ အခြေခံပြီး တည်ဆောက်ထားတာဖြစ်သလို တကယ့်သမိုင်းထဲမှာပဲ အခြေတည်ပြီး ဖန်တီးထားတဲ့ ဇာတ်အိမ်လည်းဟုတ်တယ်။ မားဂေါ့နေရာမှာ အစက အမ်မာစတုန်းကို မင်းသမီးကြီး Clara Bow ကို အခြေခံထားတဲ့ ဇာတ်ကောင်နဲ့ထည့်ဖို့လုပ်ထားပေမဲ့ မားဂေါ့နဲ့ လူစားလဲလိုက်တဲ့အခါမှာတော့ ဒီဇာတ်ကောင်ဟာ ဖစ်ရှင်ဇာတ်ကောင်ဘက်ကိုပဲ ပိုရောက်သွားခဲ့ပါတယ်။ ဒါပေမဲ့လည်း နယ်လီဇာတ်ကောင်ကတော့ Clara Bow ကို အခြေခံထားတဲ့ဇာတ်ကောင်ပါပဲ။ ဒီဇာတ်ဟာ ၃နာရီလောက် တမေ့တမောကြည့်ရမယ့် ဇာတ်ပေမဲ့ လေးကန်ခြင်းအလျဉ်းမရှိဘဲ သွက်သွက်လက်လက်နဲ့ကို တင်ဆက်သွားပါတယ်။ ဆိုတော့ နာမည်ကြီးသရုပ်ဆောင်တွေနဲ့ ရယ်လည်းရယ်ရ၊ ဒရာမာတွေလည်း ခံစားရ၊ မိသားစုနဲ့လည်း အတူမကြည့်ရမယ့် ဟောလိဝုဒ်ရဲ့ ရွှေခေတ်အကြောင်း နောက်ထပ်ကားကောင်းတစ်ကား ထွက်လာတယ်လို့ ဆိုလို့ရပါတယ်။ (ဒီဇာတ်ကားကို Pyi Ti Nyein, Thiha Yan Naing နဲ့ X တို့မှ ပြန်ဆို‌ပေးထားကြပါတယ်) Size - 2.7GB, 1.3GB, 810MB Quality - 1080p, 720p, 480p IMDb Rating - 7.6/10 Format - mp4 Duration - 3H 9Min Genre - Comedy, Drama, History Subtitle - Myanmar Subtitle (Hardsub) Translated by Pyi Ti Nyein, Thiha Yan Naing and X Encoded by Y

Adventure • Animation • Comedy • Family • Fantasy
7.5 2022 189 mins
Babylon
For Jojo
3.9

2022 မှာ Netflix ကနေ အသစ်ထွက်ရှိလာတဲ့ ဂျာမန်ဒရာမာ လူငယ် အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပါ။ ယိုယို နဲ့ ပေါလ်လာ တို့က ငယ်ငယ်တည်းက ဘယ်သူမှခွဲမရအောင်ကို အရမ်းချစ်ကြတဲ့ သူငယ်ချင်းနှစ်ယောက်ပေါ့။ အရွယ်ရောက်လာတဲ့ အခါ မှာလည်း တစ်အိမ်တည်းနေတဲ့ ဆိုးတူကောင်းဖက်တွေ ဖြစ်လာပါတယ်။ တစ်နေ့မှာတော့ ယိုယိုတစ်ယောက် ဒန်နီရယ်ဆိုတဲ့ ကောင်လေးတစ်ယောက်ကို တကယ်ကြီးချစ်မိသွားပြီး လက်ထပ်ဖို့ထိ စီစဉ်လာပါတော့တယ်။ အဲဒီအချိန်မှာ ယိုယို့ကို ဆုံးရှုံးမခံနိုင်တဲ့ ပေါလ်လာက သူတို့ မင်္ဂလာပွဲ မပျက်ပျက်အောင် ဖျက်ဆီးဖို့လိုက်လံကြံစည်တာပေါ့။ ပေါလ်လာက ဒန်နီရယ့်ရဲ့ နောက်ကြောင်းတွေ လိုက်စုံစမ်းပြီး ယိုယို့အတွက်မသင့်တော်ကြောင်း သိလာရတဲ့အခါမှာ ယိုယို့ကို ဒီအကြောင်းတွေ သိလာအောင် ပြောပြဖို့ ကြိုးစားပါတော့တယ်။ အချစ်ရဆုံးသူငယ်ချင်းဖြစ်သူ ပေါလ်လာနဲ့ ကိုယ်လက်ထပ်ချင်တဲ့ တစ်ဦးတည်းသော ယောက်ျားလေးဖြစ်တဲ့ ဒန်နီရယ် နဲ့ကြား ယိုယို့ရဲ့ ဗျာများရပုံတွေအပြင် အဆုံးသတ်မှာ ယိုယို ဘယ်သူ့ကိုရွေးချယ်မလဲဆိုတာကို စိတ်ဝင်တစား ကြည့်ရှု့ရမယ့် ဇာတ်လမ်း ကောင်းလေးတစ်ပုဒ်ပဲ ဖြစ်ပါတယ်။ ဒီကားလေးမှာတော့ ‌ယိုယို အဖြစ် Nina Gummich၊ ပေါလ်လာ အဖြစ် Caro Cult နဲ့ ဒန်နီရယ် အဖြစ် Steven Sowah တို့က ပါဝင်သရုပ်ဆောင်ထားပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ May Thet Khine Soe ဖြစ်ပါတယ်) File Size..........(2.83 GB) / (919 MB) / (544 MB) Quality............WEB-DL 1080p / 720p / 480p Duration.........1Hr 36mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Drama Translator.......May Thet Khine Soe Encoder..........SWM

Drama
3.9 2022 97 mins
For Jojo
Onoda: 10,000 Nights in the Jungle
7.1

IMDb - 7.3/10 Rotten Tomatoes - 100% 4 Wins and 19 Nominations ၂၀၁၄ဇန်နဝါရီမှာ The Gurdianသတင်းစာမှာ " ဆယ်စုနှစ်သုံးခုကြာအညံ့မခံခဲ့သော ဂျပန်စစ်သား ဟိရိုး အိုနိုဒ သေဆုံးခြင်း" ဆိုတဲ့ ခေါင်းစဉ်နဲ့ သတင်းတစ်ပုဒ်ပါခဲ့ပါတယ်။ ဒီရုပ်ရှင်ဟာ အိုနိုဒအကြောင်းကို ပြင်သစ်ဒါရိုက်တာ Arthur Harariက ရိုက်ထားတဲ့ ဘိုင်အိုဂရပ်ဖီရုပ်ရှင်ပါ။ အနောက်ဥရောပမှာ အစပြုခဲ့တဲ့ ဒုတိယကမ္ဘာစစ်ဟာ ၁၉၄၁ခုနှစ် ဒီဇင်ဘာ ၇ မှာ ဂျပန်က ပုလဲဆိပ်ကမ်းကို စစ်မကြေညာဘဲ ဗုံးကြဲရာကစလို့ အရှေ့တိုင်းကိုကူးစက်ခဲ့ပါတယ်။ ပစိဖိတ်သမုဒ္ဒရာတစ်ခုလုံးလည်း ဂျပန်နဲ့ အင်္ဂလိပ်တို့ရဲ့ စစ်တလင်းဖြစ်ခဲ့ပါတယ်။ စစ်ရေးအတွက်ကြိုပြင်ထားခဲ့တဲ့ ဂျပန်တွေဟာ အသာစီးရပြီး ပစိဖိတ်သမုဒ္ဒရာထဲက ကျွန်းတွေကို သိမ်းနိုင်ခဲ့ပါတယ်။ ၁၉၄၂နှစ်ဝက်လောက်မှာ ဖိလစ်ပိုင်ကျွန်းစုတွေကို ဂျပန်က သိမ်းထားနိုင်ခဲ့ပါပြီ။ ဒုတိယကမ္ဘာစစ်ပြီးခါနီး ဂျပန်အရေးစနိမ့်လာတဲ့ ၁၉၄၅နှစ်ဦးလောက်မှာ လက်ဖတင်နင်အိုနိုဒဟာ ဖိလစ်ပိုင်က ကျွန်းတွေကို အမေရိကန်လက်ထဲမကျအောင် ကာကွယ်ဖို့ ရောက်လာခဲ့တယ်။ မလာခင်မှာ သူစစ်ရေးလျှို့ဝှက်သင်တန်းတစ်ခုတက်ခဲ့ပြီး အဲဒီသင်တန်းက အိုနိုဒတို့ကို အတတ်နိုင်ဆုံးရှင်ကျန်နေနိုင်အောင်နေပြီး ဆက်တိုက်နေဖို့ကို အဓိကထားသင်ပေးခဲ့တယ်။ ဖိလစ်ပိုင်ကို ရောက်ရောက်ချင်းကတည်းက အကြီးအကျယ်အရေးနိမ့်ပေမဲ့ အိုနိုဒတို့ဟာ ဖိလစ်ပိုင်တောထဲမှာနေရင်း ပင်မတပ် အင်အားပြန်စုစည်းနိုင်ပြီး လာတိုက်မယ့်အချိန်ကို စောင့်နေခဲ့ကြတယ်။ "အိုနိုဒ"တို့လို့ ဆိုပေမဲ့ တကယ်တမ်း လေးယောက်ပဲကျန်တာပါ။ မသေစာ စားရင်း အားမလျှော့ဘဲ စောင့်နေကြသူတွေပါပဲ။ သို့ပေမဲ့ အဲဒီနှစ်ဩဂုတ်လအစမှာ နာဂစခိနဲ့ ဟိရိုရှိမတို့ အနုမြူဗုံးကြဲခံရပြီးနောက် တိုကျိုကနေ ဖိလစ်ပိုင်က ဂျပန်တပ်တွေကို အညံ့ခံလိုက်ဖို့ အမိန့်ပေးပြီးခဲ့ပါပြီ။ ဒါကို အိုနိုဒါတို့က မသိခဲ့ပါဘူး။ တောထဲမှာပဲ ဆက်ကြံ့ကြံ့ခံနေနေခဲ့ကြတယ်။ ဒီရုပ်ရှင်ဟာ ၁၉၄၅မှာ ဂျပန်စစ်ရှုံးခဲ့ပေမဲ့ စစ်ရှုံးတာကိုမသိဘဲ စစ်ဖြစ်နေသေးတယ်ထင်ပြီး ဖိလစ်ပိုင်ကတောထဲမှာ ၁၉၇၄အထိ ၂၉နှစ်လုံး ဂျပန်ပြန်အသာစီးရမယ့်အချိန်ကိုစောင့်ရင်း ကုန်လွန်ခဲ့တဲ့ လက်ဖတင်နင်အိုနိုဒ ဖိလစ်ပိုင်ကို စစသွားကတည်းကနေ နောက်၂၉နှစ်အကြာ ဂျပန်ကို သူပြနလာတဲ့အထိ သူဖြတ်သန်းခဲ့ရတဲ့ဘဝအကြောင်းရိုက်ပြထားပါ။ အိုနိုဒဟာ သူ့အမိမြေကို ချစ်တဲ့စိတ်နဲ့ မျှော်လင့်ရင်း ရက်ပေါင်းတစ်သောင်းလုံး ဖိလစ်ပိုင်တောထဲမှာနေရင်း အသက်ဆက်ခဲ့ပါတယ်။ ၁၉၇၄မှာမှ အညံ့ခံခဲ့ပြီး ၂၀၁၄ဇန်န၀ါရီမှာသေဆုံးခဲ့ပါတယ်။ လက်ဖတင်နင် ဟိရိုးအိုနိုဒ အညံ့ခံလိုက်တဲ့အချိန်မှာမှပဲ ဂျပန်စစ်ရှုံးပြီး စစ်ကြီးပြီးသွားခဲ့သလို ခံစားခဲ့ရတယ်လို့ တစ်ချို့ကဆိုကြပါတယ်။ Onoda: 10,000 Nights in the Jungle ကို ကိန်းရုပ်ရှင်ပွဲတော်မှာ စပြခဲ့ပြီး ယူကေက ရုပ်ရှင်ရုံတွေမှာတော့ ဒီနှစ်ဧပြီလမှရုံတင်မှာပါ။ ခရမ်းချဉ်သီး တစ်ရာအပြည့်ရထားပြီး တငွေ့ငွေ့နဲ့တဖြည်းဖြည်းချင်း အရသာရှိစေမယ့် ရုပ်ရှင်မျိုုးလို့ ဝေဖန်ရေးသမားအချို့ကဆိုပါတယ်။ Ref - Wikipedia and The Guardian အညွှန်း နဲ့ ဘာသာပြန်ကတော့ WiRa Aung ပဲ ဖြစ်ပါတယ်။ Genre.....Drama, Adventure, War Quality….WEB-DL 1080p and 720p and 480P File size…2.36GB and 1.19GB and 334MB Format…mp4 Duration….2h 53min Subtitle….Myanmar Subtitle (Hardsub) Translator ..... WiRa Aung Encoder ..... August

Action • Comedy • Crime • Thriller
7.1 2021 167 mins
Onoda: 10,000 Nights in the Jungle
Drive All Night
6

Drive All Night (2022) မရဏတရား… လူတွေက သေမှာကို ကြောက်ကြတယ်။ ဘာလို့လဲ။ သေပြီးနောက် တမလွန်မှာ ဘာဖြစ်မယ် မသိကြလို့… အခုလက်ရှိပိုင်ဆိုင်ထားတဲ့ ဘဝလေးကို တွယ်တာနေကြလို့ပါပဲ။ တကယ်တော့ လူတွေက သေမှာကို မကြောက်ပါဘူး လက်ရှိ ပိုင်ဆိုင်ထားတဲ့ ဘဝလေးကို ဆုံးရှုံးရမှာကို ကြောက်ကြတာပါ။ ရွေးချယ်မှု… ဘဝမှာ ရွေးချယ်မှုက အရမ်းအရေးပါပါတယ်။ နေမလား… သွားမလား… ထိုင်နေမလား… ထနေမလား… ဒါလုပ်မလား… ဟိုဟာလုပ်မလား… လက်လွှတ်ရမယ့် တန်ဖိုးက ကြီးလေ ဆုံးဖြတ်ရခက်လေပါပဲ။ တစ်ခါတလေမှာ ကျွန်တော်တို့တွေ ဆုံးရှုံးရမှာကို ကြောက်လို့ ဆုံးဖြတ်ချက်အမှားတွေ လုပ်မိတတ်ကြတယ်။ တစ်ခါတလေမှာတော့ အကြောက်တရားနဲ့ ဆုံးဖြတ်လိုက်တာက မှန်နိုင်ပါတယ်။ ဒါပေမဲ့ ဆုံးဖြတ်ချက် မှန်မမှန်ဆိုတာက ရွေးထားတဲ့ လမ်းဆုံးကို ရောက်မှ သိနိုင်မှာမလား။ ကစားပွဲ… ကစားပွဲတစ်ခုကို အနိုင်ရဖို့ ကျွမ်းကျင်မှု၊ ကစားပွဲကို နားလည်သဘောပေါက်မှု၊ ဖြတ်ထိုးဉာဏ်၊ ဗျူဟာ၊ ဆုံးဖြတ်ချက်မှန်ကန်မှုတွေ လိုအပ်ပါတယ်။ ခံစားချက်ကရော ကစားပွဲမှာ အရေးပါပါသလား။ ခံစားချက်တွေကို ထိန်းချုပ်နိုင်တဲ့သူက နိုင်တယ်လို့ပြောကြပါတယ်။ ကျွန်တော်ကတော့ ခံစားချက်တွေကို ပဲ့ကိုင်နိုင်တဲ့သူကမှ နိုင်ချေပိုများတယ်လို့ ထင်မိပါတယ်။ အခွင့်အရေး… တံခါးတွေက သော့ခတ်မထားပါဘူး၊ ခင်ဗျား ဖွင့်လိုက်ဖို့ပဲလိုတာပါ။ ၂၀၂၂ ထွက် Drama ဇာတ်ကားလေးပါ။ ဇာတ်လမ်းအကျဉ်းကတော့ တက္ကစီသမားတစ်ယောက်က ထူးဆန်းတဲ့ မိန်းကလေးတစ်ယောက်ကို မော်တယ်တစ်ခုကနေ တင်လာတယ်။ အဲဒီမိန်းကလေးက Arcade ဂိမ်းတွေနဲ့ ပတ်သက်ပြီး အထူးကျွမ်းကျင်တယ်။ အဲဒီမိန်းကလေးကို မာဖီးယားလိုလို လူတစ်ယောက်နဲ့ အဲဒီလူငှားထားတဲ့ Arcade ဂိမ်းဝါသနာအိုး ကြေးစားတစ်ယောက်က အဲဒီကောင်မလေးကို ဖမ်းဖို့ ကြိုးစားနေကြတယ်။ မိန်းကလေးနဲ့ တက္ကစီသမားတို့ရဲ့ ကားပတ်မောင်းတဲ့ တစ်ညတာ ဇာတ်လမ်းလေးပါ။ ဇာတ်လမ်းကတော့ ဘာမှမထူးခြားပေမဲ့ ဇာတ်ကွက်တွေနဲ့ ဒိုင်ယာလော့တွေက ဘဝနဲ့ပတ်သက်လို့ တွေးစရာတွေ အများကြီးရသွားနိုင်ပါတယ်။အေးအေးဆေးဆေး ထိုင်တွေးဖို့ ကောင်းတဲ့ ဇာတ်ကားလေးပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို 666 မှ ပြန်ဆိုရေးသားထားပါတယ်) Size – 710MB, 330MB Quality – 1080p, 720p IMDb Rating – 6/10 Format – mp4 Duration – 1H 34Min Genre – Drama Subtitle – Myanmar Subtitle (Hardsub) Translated by 666 Encoded by Y

Action • Adventure • Science Fiction
6 2022
Drive All Night
Lost and Found
7.2

Lost and Found (1996) ~ IMDb – 7.2/10, Rotten Tomatoes – 76% ~ နေလာရင်းဘဝမှာ မကြာမကြာဆိုသလို တစ်စုံတရာတော့ ပျောက်ရှနေကျပါပဲ။ ခဏခဏသေးသေးမွှားမွှားလေးတွေကနေ ရံဖန်ရံခါ ကြီးကြီးမားမားတွေ အထိ ပျောက်ရှနေတတ်တယ်။ တစ်ရံတစ်ခါမှာတော့ အကြီးဆုံးဆိုတဲ့အရာတွေအထိပေါ့။ ဆိုးဆိုးရွားရွားဆို လက်ထဲကိုင်ထားတဲ့ အင်္ကျီကို ဘယ်နားကျလို့ ကျခဲ့မှန်းမသိတဲ့ အဖြစ်မျိုးအထိ မကြာမကြာရှိခဲ့ဖူးတယ်။ သတိလက်လွတ်ဖြစ်စေ အထားအသိုမှားသည်ဖြစ်စေ အရေးအကြီးဆုံးဆိုတဲ့ အရာတွေကို ကျွန်တော်တို့ ပျောက်ရှဖူးခဲ့မှာပဲ။ မက်စက်တွယ်တာတဲ့ တစ်စုံတရာကို ပျောက်ရှဆုံးရှုံးတယ်ဆိုတာ ဘာနဲ့မှမတူတဲ့ ဝေဒနာပေါ့။ ပြန်ရှာလို့မတွေ့နိုင်တဲ့အရာဆိုတာ မရှိဘူးတဲ့။ ပိုက်ဆံအိတ် အခိုးခံရတယ် ဆိုပါစို့။ အချင်းတစ်ကီလိုမီတာဝန်းကျင်က အမှိုက်ပုံးတစ်ပုံးပုံးထဲ အဲဒီပိုက်ဆံအိတ်ကို ပြန်တွေ့မှာပဲတဲ့။ ဒီစကားမှန်ရဲ့လားတော့ ကျွန်တော်မသိဘူးပေါ့။ ရုပ်ရှင်ထဲက Takeshi ကတော့ ပျောက်ဆုံးပစ္စည်းရှာဖွေရေးလုပ်ငန်း ထောင်ထားတယ်။ သတိလက်လွတ်နဲ့ ခါးပိုက်နှိုက်ခံရသည်ဖြစ်စေ၊ ကိုယ်တိုင်က အထားအသိုမှားသည်ဖြစ်စေ၊ ဘာမဆိုကို ပြန်ရှာပေးတဲ့ အလုပ်ပေါ့။ ပိုက်ဆံအိတ်၊ ဖုန်း၊ ဈေးသည်ရဲ့အလေး၊ အိမ်မွေးတိရိစ္ဆာန်ကနေ သရဲအထိ သူတို့မရှာပေးတာ ဘာဆိုဘာမှမရှိဘူး။ တစ်ခါတလေကျ လူတစ်ယောက်ပေါ့။ ကံဆိုးရင်တော့ တောဘဲရိုင်းတွေကနေ သေပြီးသားလူအထိ ရှာပေးရတတ်တယ်။ ပြန်ရှာလို့မတွေ့နိုင်တဲ့အရာဆိုတာမရှိဘူးဆိုတဲ့ ဆောင်ပုဒ်နဲ့ ပျောက်တာမှန်ရင် ရှာပေးတဲ့ သူတို့ဟာ သွေးကင်ဆာဖြစ်နေတဲ့ ကောင်မလေးတစ်ယောက်ရဲ့ ပျောက်နေတဲ့ မျှော်လင့်ချက်ကို ရှာပေးဖို့ အကြောင်းဖန်လာခဲ့တယ်။ အဝေးဆီက ဥဩဆွဲသွားတဲ့ ရထားသံနောက်မှာ တွဲလျောင်းပါသွားတဲ့ မျှော်လင့်ချက်တွေ၊ မှောင်ရီလု သိဟ်ရာသီညနေခင်းရဲ့ မြေသင်းနံ့တွေ၊ အင်္ဂတေတွေ ကွာကျနေတဲ့ လမ်းဘေးအုတ်ခုံကလေးပေါ်က နေ့တွေ၊ ကမ္ဘာအစွန်းတစ်ဖက်ဆီ မျှော်ရီရင်း တငွေ့ငွေ့ကုန်လွန်ခဲ့ဖူးတဲ့ အနီးအနားမေတ္တာတွေ၊ မှောင်ချိန်မတိုင်ခင် လင်းတဲ့နေ့တွေ…၊ ဘယ်တစ်ခုက ပိုပြန်ရှာတွေ့ဖို့ခက်လဲ။ အစကတည်းမပိုင်ခဲ့တဲ့အရာလား အထားအသိုမှားခဲ့တဲ့အရာလား။ သူ့အချစ်ဟာ အစကတည်းက ကျွန်တော်မပိုင်ခဲ့တဲ့ အရာလား၊ သတိလက်လွတ်ဖြစ်ခဲ့ခြင်းလား။ ပြန်ရှာလို့မတွေ့နိုင်တဲ့ တစ်စုံတရာတွေ ပျောက်ဆုံးသွားတဲ့အခါ ဘယ်လိုအလင်းနဲ့ ဖာထေးမလဲ။ မှော်ပညာဆိုတာကို ယုံလား။ ဒီကမ္ဘာကြီးရဲ့ ဟိုးဖက်အလွန်မှာ ဘာမဆိုဖြစ်နိုင်တဲ့တစ်နေရာ ရှိချင်ရှိမပေါ့။ နားထင်မှာ သေနတ်တေ့လျက်သားသူအတွက် ဖားမိုးတွေရွာကျလာသလိုမျိုး “Desus Ex Machina”, မျှော်လင့်ချက်ကျန်ဖို့သက်သက် ရိုးရိုးလေး ယုံကြည်ထားတဲ့ “Desus Ex Machina”, မှော်ဆန်တဲ့ ဖြစ်ရပ်တွေ ဒီကမ္ဘာမှာ မရှိပါဘူးလို့ ဘယ်သူတွေပြောလဲ။ တကယ်တမ်း ချစ်တတ်ခဲ့ရင် အခိုက်အတန့်တိုင်း မှော်ဆန်ခဲ့မှာပဲ။ မပိုင်မဆိုင်ရတော့ရင်တောင် ပြန်ယူဆောင်မသွားနိုင်တော့တဲ့ ဟိုးတုန်းက ညနေခင်းတွေဟာ ဒီဘဝအတွက် ရတုအဆက်ဆက် မှော်ဆန်နေလိမ့်ဦးမယ်။ ကြားဖူးတယ်… ဘယ်သူမဆို တစ်ဦးတစ်ယောက်ရဲ့ ဒဏ်ရာတွေ ကုစားပေးနိုင်တဲ့ မှော်ဆရာတွေ ဖြစ်နိုင်သလို ဘဝရဲ့အခိုက်အတန့်တိုင်း ဘဝရဲ့အပိုင်းအစတိုင်းက မှော်ဆန်နိုင်သတဲ့။ “ဟေး ဂျွန် အချစ်ကိုမနိုင်မချင်း သယ်ဆောင်လာတဲ့ တမျှော်တခေါ်အနမ်းရဲ့ ဟိုးအတွင်းဘက်မှာ အိမ်ဆီပြန်ခေါ်မယ့်လမ်း ပါသကွဲ့။ အဲဒီမြေ ငါနမ်းလိုက်ပါရစေတော့…” – မောင်သိန်းဇော် — — — — — — (Lost and Found ဟာ ဒီဘက်က ဟောင်ကောင်ပရိသတ်တွေ ပြောတာသိပ်မတွေ့ရပေမဲ့ အာရှရုပ်ရှင်ပရိသတ်တွေကြားတော့ တော်တော်လေး ဘောင်ဝင်တဲ့ ဟောင်ကောင်ကားပါ။ ကျွန်တော်တို့လို နှောင်းပိုင်းလူတွေ ဒီကားကို ကြည့်ဖြစ်ကြရင် ဝေါင်ကာဝေးကားတွေနဲ့ ကျွန်တော်တို့ကိုဖမ်းစားခဲ့ပြီး ဟောင်ကောင်ကားကောင်း မနည်းရိုက်ခဲ့တဲ့ Takeshi Kaneshiro ကြောင့်လို့ပြောရင် မမှားပါဘူး။ Takeshi Kaneshiro ကြောင့် ဒီရုပ်ရှင်ကို ကြည့်ဖြစ်ခဲ့တယ်ဆိုပေမဲ့ Lost and Found ဟာ Takeshi Kaneshiro ရဲ့ Solo ကားတွေထဲ အကောင်းဆုံးကားလို့ပြောလို့ရတဲ့အထိ လှတဲ့ ရုပ်ရှင်ပါပဲ။ ဟောင်ကောင်ဂိတစ်ချို့ရဲ့ အကြိုက်ဆုံး ဟောင်ကောင်ရုပ်ရှင်ငါးဆယ်ထဲ ထက်ဝက်လောက်မှာ နေရာယူနေတတ်ပြီး ရိုမန့်ဒရာမာကြိုက်တဲ့လူတွေဆို တစ်ခါကြည့်ပြီးတာနဲ့ နောက်တစ်ခါပြန်ကြည့်ချင်စိတ်ပေါ်စေမယ့်အထိ ဆွဲဆောင်မှုရှိတဲ့ ရုပ်ရှင်ပါပဲ။ မင်းသမီးကလည်း Faye Wong နဲ့ တော်တော်လေးဆင်သလို သူ့အလှကလည်း ဒီကားကို ပိုတောက်ပစေခဲ့တဲ့ တစ်ချက်လို့ပြောရင်မမှားပါဘူး။ သီချင်းတွေကလည်း ကားနဲ့အတော်လေးပနံသင့်တဲ့ ရိုမန့်ကားတွေမှာ ပါသင့်ပါထိုက်တဲ့ အချက်တွေ အကုန်ပါနေတဲ့ တော်တော်ကောင်းတဲ့ ရုပ်ရှင်ပါ) [ဝတ္တုတွေထဲမှာ ဇာတ်လိုက်မင်းသား သို့ မင်းသမီး ကြုံနေရတဲ့ အခက်အခဲပြဿနာတစ်ခုကို အလွယ်တကူ ဖြေရှင်းတဲ့နည်းရှိပါတယ်။ ဝေဖန်ရေးဝေါဟာရအနေနဲ့ Deus Ex Machina လို့ ခေါ်တယ်။ နတ် သို့မဟုတ် နတ်ဘုရားတစ်ပါးပါးက ဝင်ကယ်လိုက်တာမျိုးပါပဲ။ ဂရိရှေးဟောင်းပြဇာတ်တွေက အစပြုတယ်။ သဘောက ဒီလို။ မင်းသား သို့ မင်းသမီးဟာ အခက်အခဲ ဒုက္ခနဲ့ရင်ဆိုင်နေရတယ်။ အဲ့ဒါကို သဘာဝကျကျ နည်းမှန်လမ်းမှန်နဲ့ ဖြေရှင်းဖို့မကြိုးစားဘဲ နတ်လိုလို သိကြားလိုလို တန်ခိုးရှင်တွေက ဝင်ဖြေရှင်းလိုက်လို့ ပြေလည်ပြီး ဇာတ်သိမ်းသွားတယ်။ အဲ့ဒီလို ဝင်ဖြေရှင်းပေးလိုက်တာကို ဘာမှသွားပြောလို့မရဘူး။ သဘာဝမကျဘူးလို့ ပြောလို့မရဘူး။ မဖြစ်နိုင်ဘူးလို့လည်း ပြောလို့မရဘူး။ – ဇော်ဇော်အောင်၏ ဝေဝေရီရီမှ ] (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.1GB, 1.02GB Quality – 1080p, 720p IMDb Rating – 7.2/10 Format – mp4 Duration – 1H 49Min Genre – Drama, Romance Subtitle – Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

Crime • Thriller
7.2 1996
Lost and Found
Baantjer het begin
6.8

Baantjer het begin (2019) ================== IMDb Rating – 6.8/10 ဒီရုပ်ရှင်ကတော့ ၁၉၈၀ ခုနှစ် နယ်သာလန်ဘုရင်မကြီး ဘီယက်ထရစ်နန်းတက်ပွဲမတိုင်ခင်ရက်ပိုင်းအနည်းငယ် အချိန်ကို ဇာတ်အိမ်တည်ထားပါတယ်။ ဒီကားရဲ့ အဓိကဇာတ်လိုက်ကျော်ကတော့ ယူရီယန်နယ် ကော့ဆိုတဲ့ ကျေးလက်ဒေသကနေမှ အမ်စတာဒမ်ကိုပြောင်း ရွှေ့လာခဲ့တဲ့ စုံထောက်လေးပေါ့။ သူနဲ့အတူတူတွဲလုပ်ရတဲ့ စုံထောက်ကတော့ တိုနီမွန်တိုင်းဆိုတဲ့ အမ်စတာဖွားငလည် စုံထောက်တစ်ယောက်။ ယူရီယန်တစ်ယောက် ရောက်ရောက် ချင်းမှာတင်ကိုပဲ ကံဆိုးချင်တော့ လူဆိုးလိုက်ဖမ်းရာကနေ လူသေအလောင်းတစ်လောင်းကိုရှာတွေ့သွားခဲ့ပြီး၊ အဲဒီလူသေ အလောင်းကနေမှ နန်းတက်ပွဲကိုဝင်တိုက်ခိုက်နိုင်မယ့် သဲလွန် စတွေကိုသိသွားခဲ့ရပါတယ်။ ဒီတော့ နန်းတက်ပွဲကို တိုက်ခိုက်ဖို့ကြံစည်နေကြတာ ဘယ်သူ တွေလဲ၊ ယူရီယန်နဲ့ တိုနီတို့နှစ်ယောက် အချိန်မီတားဆီးနိုင်ကြ မလား၊ တခြားသူတို့မသိကြသေးတာတွေ ဘာတွေရှိနေနိုင်သ လဲဆိုတာကိုတော့ ဒီ Baantjer het begin (2019) ကားထဲမှာ ဆက်လက်ရှုစားကြည့်လိုက်ပါဦး။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Fiona Gillen ဖြစ်ပါတယ်) File Size……….(1.87 GB) / (680 MB) / (364 MB) Quality…………WEB-RIP 1080p / 720p / 480p Duration………1Hr 53Mins Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Action, Crime, Drama Translator…….Fiona Gillen Encoder……….SWM

Comedy • Drama • Fantasy • Romance
6.8 2019
Baantjer het begin
Cake
6.4

IMDb 6.4 ရရှိထားပြီး ဆု ၅ ခုပိုင်ဆိုင်ခဲ့တဲ့ Friends series ထဲက Rachel Green ကာရိုက်တာကို သရုပ်ဆောင်ခဲ့တဲ့ မင်းသမီးကြီး Jennifer Aniston ရဲ့ ၂၀၁၄ ခုနှစ်ထွက် ဒရာမာရုပ်ရှင်ကောင်းလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒီဒရာမာလေးက စိတ်ကျန်းမာရေးနဲ့ပတ်သက်ပြီး ဇာတ်အိမ်တည်ရိုက်ကူးထားတာပါ။ ဇာတ်လမ်းအစမှာတော့ ကလယ်ရာဘန်းနက်က သူမရဲ့ နာတာရှည်အရိုးနာကျင်မှုကို ကုသဖို့အတွက် ကူညီရေးအဖွဲ့တစ်ခုဆီကိုသွားနေပါတယ်။ ဒီအဖွဲ့ထဲမှာ သူမရဲ့အသိမိတ်ဆွေဖြစ်တဲ့ နီနာဆိုတဲ့အမျိုးသမီးဟာ ရုတ်တရက်မိမိကိုယ်ကိုအဆုံးစီရင်သွားခဲ့ပါတယ်။ နီနာဟာ ရှင်းပြလို့မရတဲ့နည်းလမ်းတစ်ခုနဲ့ ကလယ်ရာရဲ့စိတ်ထဲကိုရောက်ရှိလာခဲ့ပြီး ကလယ်ရာဟာ မိတ်ဆွေဖြစ်တဲ့နီနာကို ခဏခဏမြင်တွေ့ စကားပြောဆက်ဆံရပါများလာ‌တဲ့နောက်မှာတော့ နီနာရဲ့နောက်ကြောင်းကိုစုံစမ်းဖို့ဆုံးဖြတ်လိုက်ပါတော့တယ်။ ဒီရုပ်ရှင်ရဲ့ သရုပ်ဆောင်ပိုင်းကတော့ မင်းသမီးနာမည်ကြားရုံနဲ့တင် ပြောစရာလိုမယ်မထင်ပါဘူး။ Jennifer Aniston ရဲ့အက်တင်ပိုင်းက တော်တော်လေးကိုကောင်းတယ်ဆိုရပါမယ်။ ဇာတ်အိမ်ကလည်း ဒရာမာတွေထုံးစံအတိုင်း အရမ်းအကောင်းကြီးမဟုတ်‌တောင် ညံ့တဲ့အထဲ‌တော့ လုံး၀မပါပါဘူး။ အထူးသဖြင့် စိတ်ပိုင်းဆိုင်ရာပြဿနာတစုံတရာရှိနေသူတို့ရဲ့ ပြုမူပြောဆိုပုံတွေ၊ သူတို့ကို ပတ်၀န်းကျင်က ဘယ်လိုဆက်ဆံပြီး ဖေးမကူညီပေးသင့်တယ်ဆိုတာလေးတွေကိုလည်း ကြည့်ရှုရမှာဖြစ်ပြီး healing ဖြစ်စေမယ့်ဒရာမာကားကောင်းလေးဖြစ်တာမလို့ သေချာပေါက်ကြည့်ရှုခံစားလိုက်ကြဖို့ အကြံပေးလိုက်ပါတယ်။ File size…(1.6 GB)/(690 Mb) Quality….Blu-Ray 1080p / 720p Format…mp4 Duration….01:42:00 Genre…Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Steven Khant

6.4 2014 102 mins
Cake
In His Chart
6.9

In His Chart (or) God’s Medical Records (2011) ********************************************** စာရေးဆရာ Sosuke Natsukawa ရေးသားထားတဲ့ ဝတ္ထုကို မန်ဂါအနေနဲ့ပါ ထွက်ရှိထားပြီး ဇာတ်ကားအနေနဲ့ပါ ရိုက်ကူးပုံဖော်ထားတဲ့ ဆေးလောက ဒရာမာ ဇာတ်ကားလေးဖြစ်ပါတယ်။ အိချိတို ကူရီဟာရဆိုတဲ့ ကောင်လေးဟာ စိတ်ခံစားချက်အရမ်းကို နုနယ်လွန်းတဲ့သူလေးပါ။ ဒီလိုကောင်လေးက ဆေးကျောင်းကို တက်ခွင့်ရခဲ့ပြီး ကျောင်းတက်နေစဉ်အတွင်းမှာလည်း အကောင်လေးတွေနဲ့ လက်တွေ့ဆင်းရမဲ့နေဆိုရင်ငို၊ လူနာတစ်ယောက်ယောက်ဆုံးရင်လည်း လူနာရှင်တွေကို ကြည့်ပြီးငို၊ ကုသလို့မရနိုင်တဲ့ရောဂါမျိုးဖြစ်တဲ့လူနာမျိုးနဲ့ တွေ့ရပြီဆိုရင်လည်း လူနာကို သနားလို့ငိုခဲ့ပါတယ်။ ဒီလိုတွေ ငိုခဲ့လွန်းလို့လည်း ကျောင်းမှာ အငိုသန်လေးဆိုပြီး နာမည်တောင်တွင်ခဲ့ပါတယ်။ ဒီလိုအငိုသန်လေးက ဒေါက်တာကြီးဖြစ်လာပြီး လူနာတွေကို ကိုယ်တိုင် ကုသခွင့်ရတဲ့အချိန်မှာတော့ သူ ဘယ်လို စိတ်ခံစားချက်တွေထားပြီး လူနာတွေကို ကုသပေးမလဲ …… လူနာတွေနဲ့ သူ့ကြားက ဆက်ဆံရေးမှာရော ဘယ်လိုတွေ ဖြစ်လာမလဲ….. ဆိုတာကို ဆရာဝန်ကားပီပီ စိတ်ဝင်စားဖွယ် ကြည့်ရှုရမှာဖြစ်ပါတယ် ။ (အညွှန်းကို Char Ou မှ ရေးသားထားပါတယ်) File size…2.1GB / 778MB Quality… WEB-DL 1080p/ 720p Format…mp4 Duration….2h 09m Genre ….. Life, Drama, Medical Subtitle….Myanmar Subtitle (Hard Sub) Translated by Char Ou Encoded by AHtet

Action • Thriller
6.9 2011 128 mins
In His Chart
Ride Your Wave
6.8

Ride Your Wave (2019) ———————– IMDB – 6.8/10, MyAnimeList – 7.6/10 “ဘာတွေပဲ ဖြစ်လာပါစေ ကိုယ်မင်းနားမှာ အမြဲတမ်း ထာဝရ အတူရှိနေပါမယ်နော်…” – Minato, ငယ်စဉ်ကတည်းက ပင်လယ်ပြင်ကြီးကို ချစ်မြတ်နိုးပြီး ရေလွှာလှိုင်းစီးရတာကြိုက်လွန်းလို့ တက္ကသိုလ်တက်ဖို့တောင် ပင်လယ်နံဘေးနားက Chiba မြို့လေးကို ပြောင်းလာတဲ့ တက္ကသိုလ်ကျောင်းသူလေး Hinako။ တစ်ခုခု ဘေးအန္တရာယ်တွေ ဖြစ်လာတိုင်း လူတိုင်းရဲ့အသက်ကို ကိုယ်ကျိုးမကြည့်ပဲ အပြေးအလွှားကယ်တတ်သူ Chiba မြို့ခံ မီးသတ်ဗိုလ်လေး Minato။ သူတို့နှစ်ယောက်ဟာ မြို့က လူရမ်းကားတစ်စုရဲ့ မဆင်မခြင် မီးပန်းဖောက်လွှတ်မှုကြောင့် Hinako နေထိုင်ရာတိုက် မီးလောင်ရာကနေ Minato လာကယ်ရင်း ဆုံစည်းခဲ့ကာ အချစ်စစ်တစ်ခု ပေါက်ဖွားလာခဲ့ပါတော့တယ်။ ဒီလိုနဲ့ ချစ်သူနှစ်ဦးသား ရေလွှာလှိုင်းလေးစီးလိုက် ကော်ဖီဆိုင်ထိုင်လိုက်နဲ့ ဘေးလူတွေကို မမှုပဲ အချစ်လေဟုန်မှာ စုန်ဆန်မျောပါနေတုန်း မထင်မှတ်ထားတဲ့ ကြမ္မာဆိုးတစ်ခုက ရက်ရက်စက်စက် ဝင်ရောက်လာတဲ့အခါမှာတော့….. ဆရာသမား Makoto Shinkai ရဲ့လက်ရာတွေဖြစ်တဲ့ Your Name တို့ Weathering With You တို့တွေကို နှစ်သက်သဘောကျတယ်ဆို ကြည့်သင့်တဲ့ Romance Anime ရုပ်ရှင်ကားကောင်းလေးပါ။ ဒီ ဒါရိုက်တာ Masaaki Yuasa ရဲ့ လက်ရာက Your Name တို့လောက် ရင်သပ်ရှုမောဖွယ် မဖြစ်ပေမဲ့လည်း သူ့ ဇာတ်လမ်း ဇာတ်အိမ် ဇာတ်ကောင်လေးတွေက ဂျပန်ရိုးရာအတိုင်း သာမန်အချစ်ကားကို ထူးခြားတဲ့နည်းလမ်းလေးနဲ့ ဆွဲခေါ်ထားတာကြောင့် သေချာပေါက် စွဲငြိစေဦးမှာ အမှန်ပဲ။ ကိုယ်တွေဆိုလည်း ဘယ်နှခါပြန်ကြည့်ကြည့် ဇာတ်ဝင်ခန်းတချို့မှာတော့ မျက်ရည်ဝဲနေရတုန်းပါ။ ဇာတ်လမ်းလေးက သူ့ Act အလိုက် ချစ်ကြည်နူးလိုက်၊ ပူဆွေးလိုက်နဲ့ မျက်ရည်မခိုင်တဲ့လူဆိုရင်တော့ တစ်သျှူးလေး ဆောင်ထားကြပေါ့နော်…။ ကဲ ကြည့်ဖူးတဲ့လူတွေလည်း ပြန်နွှေးလိုက်ရင်း မကြည့်ရတဲ့လူတွေကို ကြည့်ဖြစ်အောင် ကြည့်လိုက်ပါဦးလို့ လက်တို့ပေးချင်ပါတယ်ဗျာ…။ (အညွန်းနဲ့ ဘာသာပြန်ကတော့ Thura Aung ဖြစ်ပါတယ်) File size… 1.4 GB / 670 MB Quality… Blu-ray 1080p / 720p Format… mp4 Duration…. 1h 35m Genre ….. Animation, Romance, Fantasy Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated… by Thura Aung

6.8 2019 94 mins
Ride Your Wave