Herstory (2018) ***************** IMDb….. 6.8 ဒီရုပ်ရှင်ဇာတ်ကားကတော့ ဒုတိယကမ္ဘာစစ်အတွင်း ဂျပန်စစ်သားတွေကြောင့် လိင်ကျွန်ဖြစ်ခဲ့ရတဲ့ နစ်နာသူ ကိုရီးယားအမျိုးသမီး ၁၀ဦးဟာ ဂျပန်တရားရုံးအထိသွားပြီး ဂျပန်အစိုးရကို တရားစွဲခဲ့တဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်းကို အခြေခံ ရိုက်ကူးထားတာဖြစ်ပြီး 2018 Eleven Best Films of the Year, Best Actress Award နဲ့ Best Supporting Actress Award အပါအဝင် ဆုပေါင်းများစွာ ရရှိထားတဲ့ ဇာတ်လမ်းလည်း ဖြစ်ပါသေးတယ်။ Castတွေအဖြစ်လည်း တကယ့် မင်းသမီးကြီးတွေဖြစ်ကြတဲ့ Kim Hee Ae, Kim Hae Sook, Ye Soo Jung, Moon Sook, Lee Yong Nyeo နဲ့ မင်းသား Kim Jun Han တို့အပြင် ဝါရင့်သရုပ်ဆောင်ကောင်းများစွာလည်း ပါဝင်ထားပါသေးတယ်။ ဇာတ်လမ်းကတော့ မွန်းဂျောင်ဆု (Kim Hee Ae) ဟာ ဘူဆန်မှာ ခရီးသွားအေဂျင်စီတစ်ခု ပိုင်ဆိုင်ထားပြီး အရည်အချင်းရှိတဲ့ စီးပွားရေးလုပ်ငန်းရှင် အမျိုးသမီးတစ်ဦးဖြစ်ပါတယ်။ ဘယ်ဂျောင်ဂီ (Kim Hae Sook) ကတော့ မွန်းဂျောင်ဆုရဲ့အိမ်မှာ အိမ်အကူအဖြစ် ၁၆နှစ်ကြာလုပ်လာခဲ့တဲ့သူပါ။ တစ်နေ့မှာတော့ အရင်က လိင်ကျွန်အမျိုးသမီးဖြစ်ခဲ့ဖူးတဲ့ အဘွားတစ်ယောက်ဟာ သူမရဲ့ ကြောက်စရာအတွေ့အကြုံတွေကို ရုပ်သံလိုင်းကနေတစ်ဆင့် ထုတ်ဖော်ပြောပြလိုက်တဲ့အချိန်မှာပဲ အိမ်အကူ အဘွားဘယ်ဂျောင်ဂီဟာ ရုတ်တရက် အလုပ်ထွက်ပြီး ပျောက်သွားပါတယ်။ အဲဒါကြောင့် မွန်းဂျောင်ဆုက အိမ်အကူအဘွားကို လိုက်ရှာရာကနေ ပြန်တွေ့တဲ့အချိန်မှာ သိလိုက်ရတာကတော့ အဘွားကလည်း လိင်ကျွန်အမျိုးသမီး ဖြစ်ခဲ့ဖူးတယ်ဆိုတာပါပဲ။ ဒါကြောင့် မွန်းဂျောင်ဆုဟာ သူ့ရဲ့ စီးပွားရေးကို ဘေးချိတ်ထားပြီး ဂျပန်စစ်သားတွေကြောင့် နစ်နာခဲ့ရတဲ့ အဘွားတွေကို လိုက်ရှာပြီး အကူအညီပေးအပ်ရေးစင်တာကို ဖွင့်လှစ်ခဲ့ပါတော့တယ်။ ဒါ့အပြင် နစ်နာသူ အဘွားတွေရဲ့ စိတ်ကို ကုသပေးနိုင်တဲ့အရာက ဂျပန်အစိုးရရဲ့ တရားဝင်တောင်းပန်စာနဲ့ လျော်ကြေးငွေဆိုတာကို သိလိုက်ရတဲ့အချိန်မှာပဲ ရှေ့နေတွေနဲ့တိုင်ပင်ပြီး တရားစွဲဖို့ကိုလည်း ပြင်ဆင်ပါတော့တယ်။ တရားခွင်ပေါင်းများစွာကိုဖြတ်ကျော်ပြီးနောက် မွန်းဂျောင်ဆုဟာ အဘွားတွေအတွက် တရားမျှတမှုနဲ့ စိတ်အေးချမ်းမှုကို ရှာဖွေပေးသွားနိုင်ပါ့မလားဆိုတာကိုတော့ ဇာတ်လမ်းလေးထဲမှာပဲ ကြည့်ရှုလိုက်ကြပါဦးနော်။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ဆိုသူကတော့ Toe Toe Aung ပဲ ဖြစ်ပါတယ်။) File Size : 1.47GB/ 700MB Quality : Blu-Ray 1080p 5.1 CH/ 720p Format…mp4 Duration…02:01:09 Genre : Law, Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Toe Toe Aung Encoded by Tiff
Adventure • Action • Science Fiction • Thriller
6.8
2018
121 mins