YoteShin Drive is below this article. Scroll down to view.

YouTube testing a feature to view 4K video to premium

Author: Anonymous Published on: 12 Aug 2022

Google is now experimenting with new features in YouTube, one of the most commonly used video streaming platform, the most commonly used video streaming platform. But most of the test features are testing youTube premium using the monthly amount of money. In the past few weeks, Google was trying to add a lot of advertisements before the start of the video from YouTube. Now, there is only one feature to prioritize people who buy more premium. This is a need for premium if you want to view YouTube videos with 4K resolution. Therefore, if you are free using YouTube, you will be able to view 4K, but only 2K or 1440p. Currently, some users are experimenting with this kind of users, and it is not known whether Google will actually act later. Ref & # 8211; Neowin

YoteShin Drive

Sign in using google and save to your drive

The Inventor (2023) WEB-Rip,720p(CM).mp4

717.09 MB N/A video/mp4 312 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Naanum Rowdydhaan
6.4

နာမည်ကြီးတောင်ပိုင်းမင်းသားဗီဂျေးစည်သူပတီ နဲ့မင်းသမီးချောလေး Nayanthara ပါဝင်သရုပ်ဆောင်ထားပြီး အချစ်စစ်နဲ့သာဆို အရာရာကျော်‌ဖြတ်နိုင်ကြောင်း ရိုက်ကူးတင်ဆက်ထားတဲ့ဇာတ်ကားကောင်းတစ်ကားပဲဖြစ်ပါတယ် ဇာတ်လမ်းအညွှန်း... ကာဒမ်ဘရီ (Nayanthara) ရဲ့အဖေကရဲတစ်ယောက်ပါ မပတ်သက်သင့်တဲ့ လူမိုက်ကိုသွားရန်စမိရာက ဇနီးဖြစ်သူပါဆုံးရှုံးလိုက်ရပြီး သမီးဖြစ်သူ ကာဒမ်ဘရီကပါ နားမကြားဘဝရောက်သွားခဲ့ပါတယ် ဒီကလဲ့စားသွေးကြွေးကိုပြန်ဆပ်မယ်ဆိုပြီး အိမ်ကထွက်သွားတဲ့ဖခင် ရက်အတော်ကြာထိပြန်ရောက်မလာလို့ ကာဒမ်ဘရီတစ်ယောက်ရှာဖွေခန်းဖွင့်တော့ အမှတ်မထင် ဗရုတ်ကောင်ပန်ဒီနဲ့‌သွားဆုံမိပါလေရော မြင်မြင်ချင်းသဘောကျသွားတဲ့ ပန်ဒီက ဒီသနားစရာကောင်မလေးရဲ့ဖခင်ဖြစ်သူကို လိုက်ရှာပေးဖို့ဆုံးဖြတ်လိုက်ပါတော့တယ် ဒါပေမယ့် ထင်မှတ်မထားတဲ့ ကိစ္စကတော့ သူ့အဖေက သေဆုံးသွားပြီဆိုတာပါပဲ ဒီလိုနဲ့ သူတို့နှစ်ယောက်ပေါင်းပြီး ဒီကလဲ့စားချေမယ့်ခရီးလမ်းကြောင်းကိုဘယ်လိုရှေ့ဆက်သွားမလဲ ပန်ဒီကရောသူလိုချင်နေတဲ့အချစ်ကိုရနိုင်မလားဆိုတာတော့ ဆက်လက်ကြည့်ရှူလိုက်ကြပါရှင် File size…2.87GB / 1.33GB Quality…1080p True WEB DL / 720p Format…mp4 Duration….2h 19m Subtitle….Myanmar Subtitle(Hard Sub) Encoder….YK Translated by Yunni

Action • Adventure • Comedy
6.4 2015 140 mins
Naanum Rowdydhaan
Girl in the Box
6.7

၁၉၇၇ခုနှစ် ​မေလမှာ ကိုလင်းဆိုတဲ့ မိန်းက​လေးတစ်​ယောက်ဟာ ကယ်လီဖိုးနီးယားက သူငယ်ချင်းတစ်​​​​ယောက်ရဲ့ ​မွေး​နေ့ကိုလာရင်း ကမ်မရွန်းနဲ့ ဂျန်နစ်ဆိုသူတို့ရဲ့ကားကို လမ်းကြုံလိုက်စီးခဲ့ပါတယ်။ ဒီလိုလမ်းကြုံစီးခဲ့တာက သူ့ဘဝရဲ့အဆိုးရွားဆုံးဆုံးဖြတ်ချက်မှန်း ကိုလင်းတစ်​ယောက် ကြိုသိခဲ့လျှင် အ​ခြေအ​နေက တစ်မျိုးတစ်ဖုံ​ ပြောင်းသွားနိုင်​ပေမယ့် သူသိတဲ့အချိန်မှာ အခါ​နှောင်းသွားခဲ့ပါပြီ။ ဒီလိုနဲ့ပဲ လူများ​​အော့နှလုံးနာစရာ နှ​မြောတသဖြစ်စရာ ဖြစ်ရပ်မှန် ကိစ္စဆိုးတစ်ခု ဖြစ်ပွားခဲ့ပါ​​တော့တယ်။ ကင်မရွန်းနဲ့ ဂျန်နစ်က လင်မယား၂​ယောက်ဖြစ်ပြီး လင်ဖြစ်သူက BDSMစွဲလမ်းသူ Dominaceတစ်​ယောက် ဖြစ်​ပေမယ့် မယားက submission typeဖြစ်မ​နေတာ​​ကြောင့် လင်မယား၂​ယောက်ဟာ ကားတစ်စီးနဲ့ပတ်ရင်း လမ်းကြုံလိုက်စီးတဲ့မိန်းမငယ်​​​လေးတွေကို ပြန်​ပေးဆွဲပြီး လိင်ကျွန်ပြုလုပ်ရင်း လက်လွန်သွားရင် အ​လောင်း မကျန်​အောင် လက်စ​ဖျောက်တဲ့သူ​တွေပါ။ ကံဆိုးတဲ့ ကိုလင်းဟာ သူတို့နဲ့ပါ တည့်တည့်တိုးခဲ့ရပါတယ်။ ကိုလင်းဟာ သူတို့၂​ယောက်ရဲ့လိင်ကျွန်အဖြစ် ၇နှစ်နေခဲ့ရသလို သူတို့လင်မယားရဲ့ က​လေးကိုပါ ထိန်း​ပေးရင်း အိမ်​​ဖော်သာသာ ​နေခဲ့ရပါတယ်။ ညဘက်အိပ်ရင် လင်မယား၂​ယောက်ရဲ့ ကုတင် ​အောက်ထဲမှာ ဖွဲ့ထားတဲ့ လူတစ်ကိုယ်စာ ​သေတ္တာခန်း​လေးထဲမှာ ဝင်အိပ်ရပြီး စိတ်မထင်သလို ကင်မရွန်းရဲ့ နှိပ်စက်မှုဒဏ်ကိုပါ ခံခဲ့ရပါတယ်။ ဒီလိုမျိုးဘဝကို ရောက်​နေ​ပေမယ့် ထွက်မ​ပြေးရဲ​အောင် သူမဟာ လိင်လုပ်သားကုမ္ပဏီရဲ့ တရားဝင်ကျွန်ဖြစ်​ကြောင်း၊ ထွက်​ပြေးရင် မိသားစုပါအသက်အန္တရာယ်ရှိ​​ကြောင်း လိမ်​ပြောထားတာ​ကြောင့် ကိုလင်းခမျာ ၇နှစ်တာလုံးလုံး ကြီးစွာ​သောဒုက္ခကို ပြေးမရပြုမရ ခံစားခဲ့ရပုံကို ဖြစ်ရပ်မှန်အတိုင်း ရိုက်ကူးထားတာပဲ ဖြစ်ပါတယ်။ သတိ​ပေးလိုတာက အ​ဖော်အပြကြမ်းတဲ့ ကားမျိုးမဟုတ်​ပေမယ့် Sensitiveဖြစ်တတ်သူ​တွေအတွက် သင့်​တော်တဲ့ဇာတ်ကား​တော့ မဟုတ်ပါဘူး။ ဖြစ်ရပ်မှန်မှုခင်း စိတ်ဝင်စားသူ​တွေအတွက်​​တော့ စိတ်ဝင်စားစရာကောင်းသလို သင်ခန်းစာယူလို့လည်းကောင်းမယ့် ဇာတ်ကားပါ။ အညွှန်း နဲ့ ဘာသာပြန်ကတော့ JimX ပဲ ဖြစ်ပါတယ်။ Genre..... Crime, Drama Quality…. 1080p | 720p | 480p File size… 1.3GB | 566MB | 276MB Format… mp4 Duration…. 1h 47min Subtitle…. Myanmar Subtitle (Hardsub) Translator ..... JimX Encoder ..... August

Drama
6.7 2016 87 mins
Girl in the Box
Luzifer
5.3

~ Rotten Tomatoes - 100% ~ Horror ရုပ်ရှင်ပေမဲ့ ကနေဒါက ရုပ်ရှင်ပွဲတော်တွေမှာ Best Picture ရထားပါတယ်။ Horror ဆိုပေမဲ့ အကြမ်းပတမ်းတွေ မပြဘဲ သိမ်သိမ်မွေ့မွေ့နဲ့ စိတ်ညစ်အောင် ရိုက်ပြထားတဲ့ ရုပ်ရှင်ပါ။ ဂျာမန်စကားပြောရုပ်ရှင်ဖြစ်ပြီး Rotten Tomatoes 100% ရထားတဲ့ Art House ဆန်ဆန် ရုပ်ရှင်လို့ပြောလည်း မမှားပါဘူး။ ဖြစ်ရပ်မှန်ကို အခြေတည်ရိုက်ကူးထားတဲ့ ရုပ်ရှင်ဖြစ်ပြီး ဘာသာရေးတွေ နတ်ဆိုးတွေနဲ့ ဆိုက်ကိုဆန်ဆန် ပုံဖော်ထားပါတယ်။ အသက်ကြီးလာပေမဲ့ ကလေးစိတ်ပဲရှိသေးတဲ့ သားကို ကာကွယ်ပေးချင်လို့ လူမနီးသူမနီးတောကြီးထဲ သွားနေတဲ့အမေနဲ့ သူ့သားကြားက စိတ္တဇဆန်ဆန်ဖြစ်ရပ်တွေကို စိတ်ညစ်စရာကောင်းအောင် ရိုက်ပြထားတဲ့ ရုပ်ရှင်ပါ။ Metaphor တွေ တပုံတပင်သုံးထားတဲ့ ဥရောပ Art Houseရုပ်ရှင်တွေကို မြည်းစမ်းကြည့်ချင်တဲ့သူတွေ ကြည့်သင့်တဲ့ ရုပ်ရှင်ဖြစ်ပြီး Actor တွေရော Actress တွေရော ရုပ်ရှင်ပွဲတော်တွေမှာ ဆုရထားပါတယ်။ တလောကထွက်ခဲ့တဲ့ You Won't Be Aloneဆိုတဲ့ Art House ဆန်ဆန် စုန်းကားနဲ့ ပြသပုံတောင်နီးစပ်ပါတယ်။ အရသာတော့မတူဘူးပေါ့။ ဒီရုပ်ရှင်က ဘုရားသခင်ကို ယုံကြည်ပြီး နတ်ဆိုးဆိုတာ ဘာလဲအဖြေရှာတဲ့ ရုပ်ရှင်နဲ့ပိုတူပါတယ်။ ရှားရှားပါးပါး Horror ရုပ်ရှင်ကို RT 100% ရထားပြီး ဆုတွေအများကြီးရထားတဲ့ ရုပ်ရှင်လည်းဟုတ်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို W မှ ပြန်ဆိုရေးသားထားပါတယ်) Size - 1.31GB, 571MB Quality - 1080p, 720p IMDb Rating - 5.6/10 Format - mp4 Duration - 1H 43Min Genre - Drama, Horror Subtitle - Myanmar Subtitle (Hardsub) Translated by W Encoded by Y

Comedy
5.3 2022 103 mins
Luzifer
Selina’s Gold

(18+) Selina’s Gold (2022) CM ပရိတ်သတ်ကြီးနဲ့ မစိမ်းတဲ့ ဖိလစ်ပိုင်က မင်းသမီးလေးရဲ့ အသစ်ထွက်ရှိထားတဲ့ ကားလေးဖြစ်ပါတယ်။ ဇာတ်လမ်းလေးက တော်တော်လေးကို ဇာတ်အိမ်နာအောင်တည်ထားတာပါ။ အင်ဒိုချိုင်းနားကျွန်းဆွယ် အမေရိကန်နှင့် ဂျပန်တို့ရဲ့ ဒုတိယကမ္ဘာစစ်ကာလမှာ အခြေတည်ထားပြီး အရာရာဟာ ပျက်စီးနေတဲ့ကာလမှာ ဘဝတွေဟာဘယ်လောက် ပျက်စီးနေပြီလဲဆိုတာ အချိန်ကာလလေးနဲ့ လိုက်ပြီးဇာတ်လမ်းဆင်ထားတာလေးကတော်တော်လေး သဘောကျစရာပါ။ စစ်ပွဲကာလ လူတွေဟာ ဘဝတွေပျက်တယ် ကိုယ်ကျင့်တရားတွေပျက်ကြတယ် သိက္ခာတရား ဆိုတာ ဗိုက်ဆာနေချိန်မှာ မြောင်းထဲရောက်ကုန်ကြတယ် ဒီလိုအဘက်ဘက်ကပျက်စီးယိုယွင်းနေတဲ့ ခေတ်ပျက်ကြီးမှာ ဆယ်လီနာဆိုတဲ့ ကလေးမတစ်ယောက် အသက် ၁၇ နှစ်ပြည့်ပြီး လှလှပပလေး ဖူးပွင့်လာခဲ့တယ်။ သို့ပေမဲ့ ကံတရားရဲ့ ရက်စက်မှုတွေက ဒီလိုနုနုနယ်နယ် ကလေးမကို အရက်သမား ဖခင်ကြီးဆီမှာနေစေခဲ့တယ်။ နောက်ဆုံးတော့ ဖခင်ကြီးက သူ့ရဲ့ အကြွေးတွေကိုဆပ်ဖို့ ရွာကငွေတိုးချေးစားတဲ့ သူဆီမှာ ဆယ်လီနာလေးကို ရောင်းစားခဲ့တယ်။ တီအာဂိုဆိုတဲ့ ငွေတိုချေးတဲ့သူဟာလဲ သူ့ရဲ့ယုံကြည်ချက်တွေမှာ သူ့ရဲ့အာဏာရှင်စိတ်ဓာတ် ဩဇာပေးချင်တဲ့စိတ်တွေကို ဆယ်လီနာလေးအပေါ်ပုံချခဲ့ရာ ငယ်ငယ်ရွယ်ရွယ်ကလေးမတစ်ယောက် လောကကြီးကို ဘယ်လိုရင်ဆိုင်ပြမလဲ မိန်းမတို့ရဲ့ မာယာကိုဘယ်လိုထုတ်ပြမလဲ ဆိုတာကို လှည့်ကွက်မျိုးစုံနဲ့ ဇာတ်အိမ်ခိုင်ခိုင်လေးနဲ့ကြည့်ရှုရမှာပဲဖြစ်ပါတယ်။ *** ကုတင်ပေါ်ကအခန်းများ စကားလုံးကြမ်းကြမ်းများ ပေါပေါသီသီပါဝင်သဖြင့် မိသားစုနှင့် အတူကြည့်ရှုလို့မရတဲ့ ၁၈+ အမျိုးအစား ဒရာမာကားလေးဖြစ်ပါတယ်။ *** အညွှန်း နဲ့ ဘာသာပြန်ကတော့ K.Hein ပဲ ဖြစ်ပါတယ်။ Genre….. Drama Quality…. 1080p | 720p | 480p File size… 1.8GB | 842MB | 375MB Format… mp4 Duration….1h 20min Subtitle…. Myanmar Subtitle (Hardsub) Translator ….. K.Hein Encoder …..Blank

Action • Horror • Science Fiction • Thriller
0 2022
Selina’s Gold
Fantasy Football
5.6

စိတ်ကူးယဉ်ရုပ်ရှင်ဆန်းဆန်းကောင်းကောင်းလေးတစ်ကားပါ။ ဘော်ဘီကိုးလ်မန်းဟာတစ်ချိန်က ဆုရနာမည်ကျော်ဘောလုံးသမားဖြစ်ခဲ့ပေမယ့် အခုချိန်မှာလူငယ်နောက်ပေါက်တစ်ယောက်ရဲ့ ကျော်တက်မှုကြောင့်ခံပြင်းနေရပါတယ်။ အဲ့ဒီလူငယ်ကစားသမားရဲ့အိမ်ပါတီကအပြန် ပါလာတဲ့လက်ဆောင်ကိစ္စ သမီးငယ်နဲ့ စကားများကြရာက နှစ်ယောက်လုံးမိုးကြိုးပစ်ခံလိုက်ရပါတယ်။ နောက်တစ်နေ့မှာတော့ ဘောလုံးဂိမ်းမှာကျွမ်းကျင်အဆင့်သူ့သမီးငယ်ဟာ ဂိမ်းခလုတ်ကတစ်ဆင့်ကွင်းထဲက သူ့ရဲ့လှုပ်ရှားမှုတွေကို ထိန်းချုပ်နိုင်ကြောင်းအမှတ်မထင်တွေ့ရှိပြီးသွားတဲ့နောက်မှာတော့.. ဘော်ဘီ့အနေနဲ့မကြေပွဲတွေအကြိမ်ကြိမ်နွှဲရင်းအရင်လိုအောင်မြင်မှုမျိုးတွေ ပြန်လည်ရရှိလာပါတော့တယ်။ ဒါပေမယ့်လဲ တစ်ဖက်က သမီးငယ်ဖြစ်သူ ကာလီကတော့ အောင်မြင်လာတဲ့သူ့အဖေရဲ့ အရှိန်နဲ့ ကိုယ်ပိုင်ဘဝတစ်ခုလုံး ပျောက်ဆုံးလာတယ်လို့ခံစားမိတဲ့နောက် ကတောက်ကဆဖြစ်ပြီး သူ့နောက်ကွယ်ကနေ ဗီဒီယိုဂိမ်းမကစားပေးနိုင်တော့ဘူးလို့ ဆုံးဖြတ်လိုက်တဲ့အချိန်မှာတော့ ဘော်ဘီ သိပ်လိုချင်ခဲ့တဲ့ အောင်မြင်မှုကနေလွဲချော်သွားတော့မလား? ဒီလိုမရိုးဖြောင့်တဲ့နည်းနဲ့ရတဲ့အောင်မြင်မှုတွေကို သူဘယ်ချိန်ထိဆက်လိုချင်နေဦးမလဲ? သူ့ဘဝရဲ့ တကယ်တမ်းဦးစားပေးတွေက ဘာလဲ ဆိုတာတွေကို ဆုံးဖြတ်ရွေးချယ်ဖို့ဖြစ်လာပါတော့တယ်။ အားကစားနောက်ခံ စိတ်ကူးယဉ် မိသားစု ဇာတ်ကားလေးတစ်ကားဖြစ်ပြီး သွက်လက်မြူးကြွတဲ့ဇာတ်အိမ်၊ နောက်ခံသီချင်း အမိုက်စားတွေနဲ့အတူ ကြည်နူးနွေးထွေးမှုအပြည့်နဲ့ခံစားရမယ့်ကားကောင်းတစ်ကားဖြစ်ပါတယ်။ File size…(1.7GB) / (1.25GB) / (679MB) Quality…. Web 1080P / 720p / 480p Format…mp4 Duration….01:23:00 Genre… Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Alias

Action • Comedy • Crime • Mystery
5.6 2022 98 mins
Fantasy Football
Chevalier
6.6

Chevalier (2022) ============= IMDb Rating – 6.6/10 ဒီဇာတ်လမ်းက တေးရေးဆရာ Chevalier de Saint-Georges ဖြစ်တဲ့ Joseph Bologne အကြောင်းကို အခြေခံပြီး ရိုက်ကူးထား တာပါ။ ပြင်သစ် သစ်တောပိုင်ရှင် သခင် Bologneနဲ့ သူ့ရဲ့ အာဖရိကန် ကျွန်တို့ကနေ မွေးဖွားခဲ့တဲ့ Joseph က ကပြားလူမဲကလေးပါ။ အဲဒီခေတ်က လူမဲတွေကို ကျွန်အဖြစ်နဲ့ သတ်မှတ်ထားကြတာမို့ Joseph ကိုလည်း သူ့ရဲ့အသားအရေနဲ့ ပတ်သက်ပြီး ကလေး တွေက အနိုင်ကျင့်ကြတယ်။ ဒါပေမဲ့ တယောထိုးရာမှာ တစ်ဖက် ကမ်းခတ်အောင်ကျွမ်းပြီး ဓားထိုး၊ ဘာသာစကား စတဲ့ ကျန်တဲ့ ပညာရပ်တွေလည်း အရမ်းကျွမ်းကျင်တာမို့ Joseph က မကြာ ခင်မှာပဲ ပြင်သစ်အထက်တန်းလွှာ တစ်ဦးအဖြစ် ကျော်ကြား လာခဲ့ပါတယ်။ Josephက ပြင်သစ်ဘုရင်မ Marie Antoinette နဲ့လည်း သူငယ်ချင်း ဖြစ်ပေမဲ့ နောက်ပိုင်းမှာတော့ အထက်တန်းလွှာ ခင်ပွန်းသည်ဇနီး Marie Josephine နဲ့ ဖောက်ပြန်တာ၊ ပဲရစ်သံစုံတီးဝိုင်း ခေါင်းဆောင်နေရာကို ပြိုင်ကြတာနဲ့ ဘုရင်မနဲ့လည်း အခင်အမင်ပြတ်သွားတယ်။ နောက်ပိုင်း မှာ လူမျိုးရေးခွဲခြားတဲ့ အတားအဆီးတွေ၊ ပြင်သစ် လူ့အဖွဲ့ အစည်း တော်လှန်ရေးတွေကြောင့် အထက်တန်းလွှာ ကပြား ဖြစ်တဲ့ Joseph က ဘယ်ဘက်ကို သစ္စာစောင့်သိမလဲဆို တာကို ​ဒီဇာတ်လမ်းမှာ ဆက်ပြီးကြည့်ရှုရမှာ ဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Thwal Htoo Zin ဖြစ်ပါတယ်) File Size……….(1.5 GB) / (638 MB) / (384 MB) Quality…………WEB-DL 1080p / 720p / 480p Duration………1Hr 48Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Biography, Drama, History Translator…….Thwal Htoo Zin Encoder……….SWM

Drama • Comedy
6.6 2022 104 mins
Chevalier
[18+] Sanctuary
6.5

Sanctuary (2022) ~ IMDb – 6.5/10, Rotten Tomatoes – 90% ~ ဘဝရဲ့အဓိပ္ပာယ်ကဘာလဲ၊ ငါတို့ဒီကိုဘာကြောင့်ရောက်လာရသလဲ၊ ငါတို့ကကော ဘယ်လိုလူတွေလဲ၊ ငါဆိုတဲ့လူအစစ်အမှန်က ဘယ်သူလဲ ဆိုတဲ့မေးခွန်းတွေဟာ စိတ္တဗေဒပညာရှင်တွေတင်မက သာမန်လူတွေပါ ကိုယ့်ကိုယ်ကိုယ်ပြန်ထုတ်မိနေကျ မေးခွန်းတွေပါ။ အနုပညာဆိုတာ လူတွေရဲ့ အတွေးတွေကို အသက်ဝင်လာအောင် မှော်သွင်းပေးတဲ့ မှော်တောင်ဝှေးတစ်ခုဖြစ်ပြီး အနုပညာရှင်ဆိုတဲ့ မှော်ဆရာတွေရဲ့ ပဉ္စလက်နဲ့ပေါင်းလိုက်တဲ့အခါ ခေတ်ကိုအံတုနိုင်တဲ့ မှော်ဝင်အနုပညာတွေဖြစ်လာပါတယ်။ ဒီလို အနုပညာကတဆင့် နက်ရှိုင်းတဲ့အတွေးတွေအထိခေါ်သွားနိုင်တဲ့ ရုပ်ရှင်အမျိုးအစားတွေထဲ Psychological Thriller ရုပ်ရှင်တွေက ထိပ်ဆုံးတန်းကနေ အမြဲပါဝင်နေကျပါ။ Taxi Driver ကစလို့ Donnie Darko, The Machinist နဲ့ American Psycho တို့လိုရုပ်ရှင်တွေ အထိ ဒီလိုရုပ်ရှင်တွေက လူတွေရဲ့ မွန်းကြပ်တဲ့ဘဝလူနေမှုပုံစံနဲ့ ဟန်ဆောင်မျက်နှာဖုံးတွေကြားဘဝကို တနည်းနည်းနဲ့ ဆွဲခွာချပစ်ဖို့ ကြိုးပမ်းချက်တွေလို့ပြောရင်မှားမယ်မထင်ပါဘူး။ အခု Sanctuary ရုပ်ရှင်ဟာ ဟယ်လ်ဆိုတဲ့ သူဌေးသားလေးရဲ့ ဟန်ဆောင်မျက်နှာဖုံးတစ်ခုကို ရေဗက္ကာဆိုတဲ့ ဒိတ်ဂဲလ်လေးတစ်ယောက်က ခွာချပစ်ဖို့ကြိုးစားခဲ့ပုံကို‌ပြထားတာပါ။ ဟယ်လ်မှာက လိင်စိတ်တစ်မျိုးရှိတယ်။ ဆူနေဆဲနေဟောက်နေတာမျိုးမှ စိတ်ထတာမျိုးပေါ့။ ရေဗက္ကာကလည်း အဲဒီအပိုင်းမှာ ဒေါက်တာဘွဲ့ပါပေးရလောက်အောင်ကိုကျွမ်းတယ်။ အစပိုင်းမှာ ဟယ်လ်အနေနဲ့ ဇာတ်ညွှန်းပေးပြီး သူ့ဇာတ်ကြောင်းအတိုင်း ရေဗက္ကာကိုပြောစေ လုပ်စေချင်ခဲ့တာပေါ့။ ဒါပေမဲ့ ဇာတ်လမ်းကိုသွေဖည်ရမယ်ဆိုပြီးပါ ထည့်ထားတယ်။ အဲဒီတော့ တချို့ဇာတ်ကွက်တွေက သရုပ်ဆောင်နေသလား အတည်ပြောနေကြလား မသဲမကွဲဖြစ်သွားတာမျိုးတွေပါနေပါတယ်။ ဇာတ်ညွှန်းကနေ လက်တွေ့ဘဝကို ယိမ်းသွားသလိုပေါ့။ ဟယ်လ်က လူကြောက်တတ်တယ်၊ သူ့ကိုယ်သူမုန်းတယ်၊ သူ့အဖေလိုဖြစ်ချင်စိတ်ကလည်း ရှိနေသေးတယ်။ အဲဒါတွေကို သူ့ရဲ့ Sexual Fantasy ကနေတဆင့် ရေဗက္ကာက ဘယ်လိုပြုပြင်ပေးသွားမလဲဆိုတာကို ဟိုတယ်ခန်းလေးတစ်ခုတည်းကနေ ရိုက်ပြသွားတာပါ။ ဒီဇာတ်လမ်းမှာ အဓိကသဘောကျမိတာက ဇာတ်ညွှန်းရယ် ဒိုင်ယာလော့ခ်တွေရယ် Margaret Qualley ရဲ့ သရုပ်ဆောင်ချက်တွေရယ်ပါ။ ရေဗက္ကာနေရာမှာ သရုပ်ဆောင်တဲ့ Margaret Qualley က သူ့ဇာတ်ရုပ်ကို အပီအပြင်သရုပ်ဆောင်ထားနိုင်ပါတယ်။ Once Upon A Time in Hollywood ထဲမှာ ဘာမှအဖက်မလုပ်တတ်တဲ့ သွေးအေးအေးဇာတ်ကောင်မျိုးကို သရုပ်ဆောင်ခဲ့တဲ့အတွက် ဒီဇာတ်ရုပ်နဲ့လည်းလိုက်ဖက်မယ်လို့ ဒါရိုက်တာ Zachery Wigon က ကြိုသိခဲ့ပုံပါပဲ။ Sex Scenes အနည်းငယ်ပါဝင်ပြီး ရှင်းရှင်းဘွင်းဘွင်းမဟုတ်ပေမဲ့ အသက်မပြည့်သူများကြည့်ရှုဖို့မသင့်တော်ပါဘူး။ Dark Joke တွေကိုလည်း ပေါတောတောမဟုတ်တဲ့ပုံမျိုးနဲ့ သုံးထားပါတယ်။ Psychological Thriller ကြိုက်နှစ်သက်တဲ့ပရိသတ်ဖြစ်စေ မဖြစ်စေ စိတ်ဝင်စားစရာကောင်းတဲ့ ရုပ်ရှင်တစ်ခုပါ။ (ဒီဇာတ်ကားနဲ့အညွှန်းကို Min Thant Bo မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.05GB, 830MB Quality – 1080p, 720p IMDb Rating – 6.5/10 Format – mp4 Duration – 1H 36Min Genre – Drama, Thriller Subtitle – Myanmar Subtitle (Hardsub) Translated by Min Thant Bo Encoded by Y

6.5 2022
[18+] Sanctuary
UFO
4.8

UFO (2022) ========= ဒီဇာတ်ကားလေးကတော့ ဒါရိုက်တာ Onur Bilgetay ရိုက်ကူးထားတဲ့ တူရကီအချစ်ဇာတ်ကားလေးပဲဖြစ်ပါတယ်။ ဆိုင်ကယ်စီးချန်ပီယံဖြစ် ချင်တဲ့ အက်‌ဆဲ ဆိုတဲ့ကောင်လေးနဲ့ UFO တွေကတစ်နေ့နေ့မှာသူ့ကို လာခေါ်မယ်ဆိုပြီး ယုံကြည်နေတဲ့ ‌ဒန်းနိဇ် ဆိုတဲ့ကောင်မလေးတို့ နှစ် ယောက်ရဲ့ အချစ်ဇာတ်လမ်းလေးပဲဖြစ်ပါတယ်။ အက်ဆဲ ဟာစရိုက် ကျကျပတ်၀န်းကျင်မှာကြီးပြင်းလာသူဖြစ်ပြီး ဒန်းနိဇ် ကတော့ပိုက်ဆံ ရှိတဲ့အသိုင်းအဝိုင်းကသူတစ်ယောက်ပါ။ စစ်မှုထမ်းဘ၀ကနေလွတ်လွတ်ပြီးချင်း အက်ဆဲ ဟာဆိုင်ကယ်ပြိုင် နေရင်းမထင်မှတ်ဘဲ ဒန်းနိဇ် ကိုပထမဆုံးတွေ့လိုက်ရပါတယ်။ ဘ၀မတူတဲ့ သူတို့နှစ်ယောက်ဟာ ရေစက်မကုန်သေးဘဲ ပါတီပွဲ တစ်ခုမှာပြန်တွေ့တဲ့အခါတော့ လူငယ်သဘာ၀အီစီကလီလုပ်ရင်း ချစ်ကြိုက်မိလာပါတော့တယ်။ နောက်ပိုင်းမှာ ဒန်းနိဇ် ဟာ အက်ဆဲ ရဲ့ချန်ပီယံဖြစ်ချင်တဲ့ ဆန္ဒကိုဘယ်လိုဖြည့်‌ဆည်းပေးသွားမလဲနဲ့ အက်ဆဲ ကလည်းဂီတကျောင်းတက်ချင်တဲ့ ဒန်းနိဇ် ရဲ့ပါရမီကိုဘယ် လိုဖြည့်ဆည်းပေးသွားမလဲဆိုတာကို စိတ်၀င်စားဖွယ်ကြည့်ရှုရမှာ ပဲဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Theo Kat ဖြစ်ပါတယ်) File Size……….(1.8 GB) / (805 MB) Quality…………WEB-DL 1080p / 720p Duration………1Hr 49Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Drama Translator……Theo Kat Encoder……….SWM

4.8 2022
UFO
An Unfinished Life
7

An Unfinished Life (2005) ~ IMDb – 7/10, Rotten Tomatoes – 52% ~ ကျေးလက်အငွေ့အသက်တွေနဲ့ မိသားစုဆန်ဆန်ဇာတ်လမ်းမျိုးကြည့်ချင်နေတယ်ဆိုရင် An Unfinished Life ကို ကြည့်ပါ။ Pop Icon တစ်ဦးဖြစ်တဲ့ J Lo အဓိကပါဝင်ထားပြီး ရသတွေ တပုံကြီးပေးတဲ့ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။ ဘဝရဲ့ အငြိုးတရားတွေ၊ ဝမ်းနည်းပူဆွေးမှုတွေကို ဖယ်ရှားပြီး ငြိမ်းချမ်းတဲ့စိတ်အခြေအနေရောက်ဖို့ လက်လွှတ်သင့်တာ လက်လွှတ်ရမယ်ဆိုတဲ့အကြောင်းကို ပုံဖော်ထားပါတယ်။ အိုင်နာ ဆိုတဲ့ ကောင်းဘွိုင်အဖိုးကြီးဟာ သူ့သားသေဆုံးမှုကြောင့် ချွေးမဖြစ်သူကို ရန်လိုနေပြီး ချွေးမဖြစ်သူ ဂျင်း ကတော့ သမီးတစ်ယောက်ပိုက်လို့ နောက်ရည်းစားတိုက်ခန်းမှာနေပါတယ်။ ရည်းစားဖြစ်သူက ကိုယ်ထိလက်ရောက် ညှင်းပန်းတာတွေလုပ်လာတဲ့နောက် မခံနိုင်တဲ့အဆုံး သူ့ကိုမုန်းနေတဲ့ အိုင်နာဆီ မြေးမျက်နှာနဲ့ပြန်သွားရပါတော့တယ်။ သမီးလေးကို ပြုစုရင်း နေရာသစ်မှာ အခြေချဖို့ကြိုးစားနေတဲ့ ဂျင်းကို သူ့ရည်းစားကတော့ လက်မလွှတ်ဘဲ လိုက်ချောင်းနေဆဲပါ။ ဂျင်းကို ပြန်တွေ့ပြီးဘာတွေဆက်ဖြစ်မလဲ… ဂျင်းနဲ့ အိုင်နာတို့ ဆက်ဆံရေးကရော ဘာတွေဆက်ဖြစ်မလဲ… ဆိုတာကတော့ ကိုယ်တိုင်ပဲကြည့်ရှုလိုက်ပါတော့ခင်ဗျာ။ (ဒီဇာတ်ကားနဲ့အညွှန်းကို Shein Waiyan မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.9GB, 850MB Quality – 1080p, 720p IMDb Rating – 7/10 Format – mp4 Duration – 1H 48Min Genre – Drama, Family, Romance Subtitle – Myanmar Subtitle (Hardsub) Translated by Shein Waiyan Encoded by Y

7 2005 108 mins
An Unfinished Life
The Settlers
7

The Settlers (2023) Western, Crime အမျိုးစားရုပ်ရှင်တွေကို ကြိုက်နှစ်သက်သူတွေအတွက် IMDb rating – 7.1, Rotten Tomatoes – 93% ရရှိထားတဲ့ ရုပ်ရှင်ကောင်းတစ်ကား တင်ဆက်ပေးလိုက်ပါတယ်။ ရုပ်ရှင်ပြပွဲတွေမှာလည်း ဆုတွေရခဲ့တဲ့အပြင်၊ ၉၆ ကြိမ်မြောက် Academy Awards ပွဲမှာလည်း ချီလီနိုင်ငံကတင်သွင်းတဲ့ အကောင်းဆုံး နိုင်ငံတကာရုပ်ရှင်အဖြစ် ရွေးချယ်ခြင်းခံခဲ့ရပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ၁၈၉၃ ခုနှစ်၊ ချီလီနိုင်ငံနဲ့ အာဂျင်တီးနား ၂ နိုင်ငံကြား နယ်နိမိတ်ကို ပိုင်းခြားသတ်မှတ်ချိန်မှာ စပိန်သူဌေးတစ်ယောက်ဖြစ်တဲ့ ဟိုဆေးမန်နမ်ဒက်ဟာ နိုင်ငံတော်ကနေ သူ့ကို အုပ်ချုပ်ခိုင်းထားတဲ့ နယ်နိမိတ် အကျယ်အဝန်းကို သိဖို့နဲ့ ပြန်တောင်းဖို့အတွက် ဗြိတိသျှစစ်သားဟောင်း မက်ကလန်နမ်၊ ချီလီနိုင်ငံသား ဆယ်ဂွန်ဒို၊ အမေရိကန်လူမျိုး ဘေလ်တို့ကို လွှတ်လိုက်ပါတယ်။ ထိုခေတ်က အသစ်အခြေချ နေထိုင်သူတွေနဲ့ ဒေသခံ အင်ဒီးယန်းလူမျိုးတွေကြားမှာ မကျေနပ်မှုတွေ၊ ခွဲခြားခံရမှုတွေ၊ ပြဿနာတွေ အလွန်ကိုများပြားနေတဲ့အချိန်ပါ။ ဒီလိုနဲ့ မြင်းကိုယ်စီနဲ့ထွက်လာကြတဲ့ သူတို့သုံးယောက်နဲ့ ဒေသခံ အိုနာ လူမျိုးကြား ပြဿနာတွေတက်ပြီးတော့ သွေးစွန်းတဲ့ကိစ္စတွေ ဖြစ်လာခဲ့ချိန်မှာတော့…..။ အများကြီးမညွှန်းတော့ဘဲ ကျန်တာကို ဇာတ်လမ်းမှာ ဆက်ပြီး ကြည့်ရှုကြပါတော့။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Leonard Lin ပဲ ဖြစ်ပါတယ်။ Genre….. Crime, Drama, History Quality…. 1080p | 720p File size… 1.6GB | 927MB Format… mp4 Duration…. 1h 41min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Leonard Lin Encoder ….. Aaron

Western • Thriller • Action
7 2023
The Settlers
The Edge of the Blade
6.6

ဒီဇာတ်ကားဟာ ပြင်သစ်နိုင်ငံသမိုင်းကို နောက်ခံထားပြီး (၁၈၈၀) ခုနှစ်များအချိန်ကို ဇာတ်အိမ်တည်ထားပါတယ်။ ပဲရစ်မြို့မှာ စီးချင်းထိုးပွဲတွေကို ဥပဒေပုဒ်မ တွေထုတ်ပြီး တားမြစ်ထားတာတောင် လူကြိုက်များနေတုန်းပါပဲ။ သြဇာတိက္ကမနဲ့ ပြည့်စုံတဲ့ ဓားဆရာ ကလီးမွန့်လာကက်ဇ်ဟာ ဘဝတစ်ဆစ်ချိုး ပြောင်းလဲသွားမယ့် ကြမ်းတမ်းမှုတွေနဲ့ ကြုံတွေ့နေရချိန် မာရီရို့စ် အက်စတီဆိုတဲ့ အမျိုးသမီးအခွင့်အရေး လှုပ်ရှားသူ အမျိုးသမီးကို စီးချင်းထိုးအနုပညာ လောကနဲ့ ထိတွေ့စေလိုက်ပါတယ်။ တစ်ယောက်စီရဲ့ ဂုဏ်သိက္ခာကို ကာကွယ်ဖို့ ကြုံလာတဲ့အခါ သူတို့ ဘယ်လောက်အထိ ခရီးဆက်နိုင်မလဲဆိုတာ စောင့်ကြည့်ရမှာပါ။ ဒီဇာတ်ကားထဲက မာရီရို့စ် အက်စတီ ဒီဗက်ဆယ် ဆိုတာ (၁၈၄၆-၁၉၁၅) အထိ ပြင်သစ်သမိုင်းမှာ အမှန်တကယ်ရှိခဲ့တဲ့ အမျိုးသမီး အခွင့်အရေးတန်းတူရရှိရေး လှုပ်ရှားမှုမှာ တက်ကြွပါဝင်ခဲ့တဲ့ ပြင်သစ်လူမျိုး အမျိုးသမီးဖြစ်ပါတယ်။ (၁၉၉၆)ခုနှစ်က နာမည်ကြီးဇာတ်ကား The Crow: City of Angels မှာ Ashe Corven ဇာတ်ကောင်နဲ့ ပွဲထွက်ခဲ့တဲ့ ဆွစ်ဇာလန်လူမျိုး သရုပ်ဆောင်နဲ့ ဒါရိုက်တာ ဗင်းဆင့်ပီရက်ဇ်ရဲ့ လက်ရာဖြစ်ပါတယ်။ သူကိုယ်တိုင် ပါဝင်သရုပ်ဆောင်ထားပြီး (၂၀၁၇)ခုနှစ် ကက်ဘရိုး ရုပ်ရှင်ပွဲတော်ရဲ့ Swann d’Or for Female Revelation ဆုရှင် ဒိုရီယာ တီလာက သမိုင်းဝင် အက်စတီနေရာက သရုပ်ဆောင်ထားပါတယ်။ File size…(2 GB)/(920 Mb) Quality….Blu-Ray 1080p / 720p Format…mp4 Duration….01:41:00 Genre…Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Boomer

6.6 2023
The Edge of the Blade
Only the River Flows
6.7

ဒီရုပ်ရှင်က ယုဟွာရဲ့ Mistakes by the Riverဆိုတဲ့ ဝတ္တုတိုကို ဝေရှုကျန်က ပြန်ရိုက်ထားတာ။ ၁၉၉၀ခုနှစ်တွေတုန်းက ကျန်းရိမူက ဒီဝတ္တုတိုကို ပြန်ရိုက်ချင်ခဲ့တယ်။ ယုဟွာစကားအရတော့ ကျန်းရိမူတို့က အချိန်တော်တော်ယူပြီး ဇာတ်ညွှန်းရေးကြည့်ခဲ့ကြပေမဲ့ ဘယ်လိုရိုက်ရမလဲ တွေးမရခဲ့ကြဘူးတဲ့။ ဒီအချိန်မှာ ယုဟွာက ကျန်းရိမူကို တခြားဇာတ်လမ်းတစ်ပုဒ် အစားပေးလိုက်တယ်။ အဲဒီဇာတ်လမ်းက To Live။ ကျန်းရိမူ ရိုက်ဖို့တွေးမရခဲ့တာက ဆန်းလည်းမဆန်းဘူး။ ဒီဇာတ်ရဲ့ အသွားအလာအရ ကျန်းရိမူဟန်နဲ့တော့ ပြေမယ်မထင်ဘူး။ နောက် ဒီဇာတ်က ခိရိုရှိကူရိုဆာဝါရဲ့ Cure (1997) အငွေ့အသက်ရနေတယ်။ Cureနဲ့ ဆင်တယ်ပြောရင်ပိုမှန်တယ်။ ဇာတ်ရှိန်အမြင့်ဆုံးအပိုင်းပါ သွားဆင်တယ်။ ဒါပေမဲ့ ဝတ္တုတိုနဲ့ အဲဒီဇာတ်အပိတ်က နည်းနည်းမှမတူဘူး။ Cureနဲ့ပဲ သွားတူနေတယ်။ ဇာတ်လမ်းအမျိုးအစားက neo-noir art film လည်းဟုတ် Psychological Thrillerလည်း ဟုတ်နေတော့ ဒီလိုင်းရဲ့ ဂုရုဖြစ်တဲ့ ခိရိုရှိအငွေ့မကင်းဘူးတာလည်း မဆန်းလောက်ဘူး။ ပုဂ္ဂလိက အမြင်အရတော့ ကျန်းရိမူမရိုက်နိုင်ခဲ့တဲ့ကားကို ဝေရှုကျန်က ပြန်ရိုက်နိုင်ခဲ့ပေမဲ့ ဒါကလည်း သူ့ရှေ့ခေတ်အဆက်ဆက်ရဲ့ကျေးဇူးနဲ့တော့ မကင်းလောက်ဘူး။ ဆိုပေမဲ့လည်း ဒီလိုကားကို ပိုင်နိုင်အောင် ရိုက်နိုင်ခဲ့တဲ့ ဝေရှုကျန်ကလည်း နောက်ကားသစ်တွေကို စောင့်မျှော်ရမယ့် ပြည်မရုပ်ရှင်ရဲ့ မျိုးဆက်သစ်တစ်ယောက်ဆိုတာတော့ သေချာတယ်။ ဒီရုပ်ရှင်က သူ့တတိယကားဖြစ်သလို ကိန်းမှာ ပွဲဦးထွက်ပြခဲ့တဲ့ ကားလည်းဟုတ်တယ်။ ဆုရွေးချယ်ဖို့လည်း ဆန်ခါတင်ဝင်ခဲ့တယ်။ ဇာတ်ကိုက ၁၉၉၀ဝန်းကျင်မှာ တည်ထားတယ်။ အဓိကဇာတ်ကောင်က ရဲစခန်းက အင်စပက်တာမော်စီ။ ဒီဇာတ်လမ်းတစ်ခုလုံးရဲ့အခရာကသူပဲ။ ဝတ္တုအရမော်စီရဲ့ စိတ်အခြေအနေကို ရုပ်ရှင်မှာ တင်ပြဖို့က တော်တော်ခက်ခဲတယ်။ ဒါကို ဝေရှုကျန်က သူ့စိတ်အခြေအနေကို တင်ပြဖို့ သုံးခြမ်းခွဲလိုက်တယ်။ သူ့မိန်းမနဲ့ သူ့ကြားကအခြေအနေ, စခန်းကအခြေအနေ, နောက်တစ်ချက်က သူ့ရဲ့ထင်ယောင်ထင်မှားတွေ။ နောက် သူ့အခြေအနေကို ပိုတင်ပြနိုင်ဖို့ပဲ ဝတ္တုမှာ ကိုယ်ဝန်မရှိခဲ့တဲ့ သူ့မိန်းမကို ကိုယ်ဝန်လွယ်ခိုင်းပြီး အဲဒါကိုလည်းပြဿနာတစ်ခုအဖြစ်ထည့်သွင်းခဲ့တယ်။ ပြောရရင် ရုပ်ရှင်မှာ အပိုထပ်ဖြည့်ထားတာတွေက မော်စီရဲ့ စိတ်အခြေအနေကို ထင်ဟပ်နိုင်အောင် ဖြည့်ထားတာပဲ။ နောက် သူတို့မြို့ကလေးမှာ လူသတ်မှုတစ်ခုဖြစ်လာတယ်။ အဲဒီအမှုကို မော်စီက ဦးဆောင်ပြီးစုံစမ်းရတယ်။ ဒါကိုရိုက်ပြတဲ့ပုံက ခက်ခက်ခဲခဲမပါဘဲ လက်တွေ့ကျကျပဲရိုက်ပြသွားတယ်။ သဲလွန်စတစ်ခုနောက်လိုက်လိုက် အဲဒီသဲလွန်စကပျောက်လိုက် နောက်သဲလွန်စတစ်ခုနောက်လိုက်နဲ့ ခနော်နီခနော်နဲ့သွားနေရတဲ့ စုံစမ်းရေးပေါ့။ အစပေါ်လိုက်ပျောက်လိုက်ဖြစ်နေတဲ့ ဒီအမှုကိုလိုက်ရင်း ဒီအမှုက သူ့စိတ်အခြေအနေကိုပါ ဘယ်လိုရိုက်ခတ်သွားလဲ ဆက်ပြသွားတယ်။ တစ်ခုရှိတာ မော်စီနေရာမှာ သရုပ်ဆောင်တဲ့ မင်းသား Yilong Zhu က အခက်အခဲဆုံး အပိုင်းက သူ့ကာရိုက်တာက ဘယ်လိုပုံစံမျိုးဖြစ်နေရမလဲ အဖြေရှာရတဲ့အပိုင်းပဲတဲ့။ သူဘယ်လိုမှ အဖြေရှာမရခဲ့ဘူး။ နောက်ဆုံး ယုဟွာရဲ့ ဓာတ်ပုံတစ်ပုံကို သူမြင်မှပဲ အဖြေရသွားခဲ့တယ်။ ယုဟွာက အဲဒီဓာတ်ပုံထဲမှာ ဆံပင်ရှည်ကြီးနဲ့ မုတ်ဆိတ်ငုတ်တိုတွေနဲ့ နှင်းတွေကြားရပ်နေတယ်။ အဲဒီပုံစံကို ကြည့်ပြီး သူ့ကာရိုက်တာကို သူဖန်တီးခဲ့တယ်။ ဒီကာရိုက်တာနဲ့လိုက်အောင် ဝိတ်တက်အောင်လုပ်ပြီး ဇာတ်ကားရိုက်ခဲ့တဲ့ ၄၅ရက်အတွင်း ကာရိုက်တာရဲ့ စိတ်ကျသွားတဲ့ပုံစံအတိုင်း ၅၅ပေါင်ပြန်ကျအောင် ထပ်လုပ်ခဲ့တဲ့အထိ Yilong Zhuဟာ မော်စီကာရိုက်တာကို သေချာစိတ်နှစ်ထားခဲ့ပါတယ်။ Only the River Flowsဟာ အနုပညာအရအောင်မြင်ခဲ့သလို ရုံဝင်ငွေအရလည်းအောင်မြင်ခဲ့ပါတယ်။ ပြည်မရဲ့ highest-grossing independent films စာရင်းမှာ ဝင်ခဲ့ပါတယ်။ ကိန်းမှာပြခဲ့တဲ့ ရုပ်ရှင်တွေထဲက အကောင်းဆုံးရုပ်ရှင်တွေဆိုပြီး ၆ကားစာရင်းလုပ်ထားတဲ့ စာရင်းတစ်ခုမှာ The Zone of Interest (2023)တို့ Anatomy of a Fall (2023)တို့နဲ့အတူတူ စာရင်းသွင်းခံခဲ့ရတဲ့ ရုပ်ရှင်လည်းဟုတ်တယ်။ File size… 2 GB / 788 MB Quality… Web-DL 1080p / 720p Format… mp4 Duration…. 1h 41m Genre ….. Crime/Drama Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by WiRa Aung

6.7 2023 102 mins
Only the River Flows
Nanu Ki Jaanu
5.4

Nanu Ki Jaanu 2018 လူကြမ်းကြီးရဲ့နှလုံးသား IMDb -5.4/10 အိမ်ငှားလုပ်ပြီး အိမ်တွေကို မတရားသဖြင့် ဈေးနှိမ်ပြီးတော့ အပိုင်သိမ်းတတ်တဲ့ လူမိုက်ကြီး နာနူတစ်ယောက် တစ်နေ့ အိမ်တစ်အိမ်ကိုသိမ်းဖို့ လမ်းမှာသွားနေရင်း လမ်းပေါ်မှာ လူတွေစုရုံးစုရုံးလုပ်နေတာ တွေ့လိုက်ရပါတယ်။ ထုံးစံအတိုင်းပဲ ဝင်စပ်စုကြည့်တော့ သွေးအိုင်ထဲမှာ လဲနေတဲ့ကောင်မလေးတစ်‌ယောက်ကို မြင်လိုက်ရတာပေါ့။ ဘေးမှာရပ်နေတဲ့ လူတစ်အုပ်ကတော့ရဲအမှုအခင်းထဲပါမှာကြောက်ပြီး ကူညီပေးဖို့ လက်တွန့်နေကြပေမဲ့ ကောင်မလေးကိုကရုဏာသက်သွားတဲ့ နာနူကတော့ ကောင်မလေးကို ပွေ့ချီပြီး ဆေးရုံပို့ဖို့လုပ်ပါတယ်။ ဒါပေမဲ့ ကံကြမ္မာက ကျီစယ်ချင်တော့ နာနူရဲ့ကားပေါ်က အားပေးမှုတွေနဲ့ ဂရုစိုက်ပေးမှုကြောင့် ဆေးရုံတော့ရောက်သွားရှာပေမဲ့ ရောက်ရောက်ချင်းပဲ အသက်ထွက်သွားတဲ့အခါ…. လူတွေက သေခါနီးနောက်ဆုံးမှာမြင်ရတဲ့အရာကို စွဲကျန်တတ်ကြသလိုပဲ သေသွားတဲ့ဆစ်ဒီလေးကလည်း သေခါနီးမှာ ဂရုတစိုက်ကူညီပေးခဲ့တဲ့ နာနူကိုမှ စိတ်စွဲသွားတဲ့အခါမှတော့…… (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team မှပဲဖြစ်ပါတယ်)

5.4 2018 133 mins
Nanu Ki Jaanu
(2024)
6.9

1995 (2024) IMDb Rating (6.9) 1995 ခုနှစ်ဆိုတဲ့ခုနှစ်က တချို့သောသူတွေအတွက် အမှတ်တရတွေ အောင်မြင်မှုတွေ ကျရှုံးမှုတွေ ဝမ်းနည်းစရာတွေ ဝမ်းသာစရာတွေရှိခဲ့ဖူးတဲ့ နှစ်တစ်နှစ်ဖြစ်နိုင်သလို အဲ့ဒီအချိန်ကာလမှာမမွေးဖွားသေးတဲ့လူတွေလည်းအများကြီးရှိပါတယ်။ ဒါပေမယ့် ရီကာဒိုထရိုဂျီဆိုတဲ့ ကနေဒါ ရုပ်ရှင်ရိုက်ကူးသူတစ်ယောက်အတွက်ကတော့ အဲ့ဒီခုနှစ်က အထက်မှာပြောခဲ့သမျှအရာတွေအားလုံးဖြစ်ခဲ့ပြီး သူ့ဘ၀တစ်ဆစ်ချိုးခဲ့တဲ့ခုနှစ်ဖြစ်ခဲ့ပါတယ်။ အဲ့ဒီအကြောင်းကိုပဲ သူကိုယ်တိုင် ဒါရိုက်တာလုပ် သူကိုယ်တိုင်ဇာတ်ညွှန်းရေးပြီး 1995 ဆိုတဲ့နာမည်နဲ့ပဲ Documentary ပုံစံမျိုးပေမဲ့ လုံး၀ကွဲထွက်နေပြီး စိတ်ဝင်စားစရာကောင်းတဲ့ဇာတ်လမ်းအသွားအလာမျိုးနဲ့တင်ဆက်ပေးခဲ့ပါတယ်။ IMDb မှာလည်း လက်ရှိ Rating 6.9 အထိရရှိထားပြီး သူကိုယ်တိုင်ကလည်းအရည်အချင်းရှိတဲ့ရိုက်ရှင်ရိုက်ကူးရေးသမားတစ်ယောက်ဖြစ်တဲ့အတွက် ကြည့်လို့ကောင်းပြီး ကိုယ့်ဘ၀အတွက် စိတ်ခွန်အားတက်ကြွစရာတစ်ခုခုကိုပေးစွမ်းနိုင်မယ်ဆိုတာကတော့အမှန်ပါပဲ။ ရီကာဒိုထရိုဂျီက ငယ်ငယ်လေးကတည်းက အနုပညာကိုဝါသနာပါခဲ့ပေမဲ့ အနှောင့်အယှက်တွေများပြီး ဝင်ရောက်ဖို့ဆိုတာကလည်းခက်ခဲတဲ့လောကတစ်ခုဖြစ်နေတဲ့အတွက် အသက် ၂၀ ကျော်အထိ သူလိုချင်တဲ့ဘ၀ကိုမရရှိနိုင်ဘဲ သာမန်လူတွေထဲကသာမန်လူတစ်ယောက်အဖြစ် သာမန်အလုပ်လေးပဲလုပ်ပြီး နေခဲ့ရပါတယ်။ ဒါပေမယ့် ပတ္တမြားမှန်ရင်နွံမနစ်ဘူးဆိုတဲ့အတိုင်း အဲ့ဒီခေတ်အခါက ရုပ်ရှင်ရိုက်ကူးသူတွေရဲ့အိပ်မက်လိုဖြစ်နေတဲ့ နာမည်ကြီး The Race ဆိုတဲ့ ရှိုးပွဲကနေ သူ့ကိုအင်တာဗျူးလာဖြေဖို့ဆက်သွယ်လာပါတော့တယ်။ အဲ့ဒီအချိန်မှာတင် ရီကာဒိုရဲ့ဘ၀က စတင်တစ်ဆစ်ချိုးပြောင်းလဲသွားပြီး သူချစ်တဲ့အလုပ်ကို အောင်မြင်အောင်လုပ်နိုင်ဖို့ ဘယ်လိုတွေကြိုးစားခဲ့ရတယ် ဘယ်လိုအခက်အခဲတွေကြုံတွေ့ခဲ့ရတယ်ဆိုတာကို စိတ်ဝင်စားစရာကောင်းကောင်းနဲ့ရှုစားရမဲ့ဇာတ်ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Saw Lay ဖြစ်ပါတယ်။) File size…(1.6 GB) / (760 MB) Quality….WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre….Comedy Duration….01:59:39 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by Saw Lay

6.9 1995 120 mins
(2024)