YoteShin Drive is below this article. Scroll down to view.

In many countries, you have to work on Windows 11

Author: Anonymous Published on: 12 Aug 2022

Microsoft has confirmed that it has expanded its Android apps to run Android apps in 21 countries. Since the end of Tuesday, Windows 11 users can download Windows 11 users and enable Android app support. This update is available for download Android apps. Microsoft recommends at least 8GB RAM (16GB RAM); SSD (Solid-State Drive); Intel Core i3 8th Gen and above. It is said that there must be Virtual Machine Platforms. To enable Android app Support on your Windows computer, go to the Microsoft Store and download Amazon AppStore. Installing Windows Subsystem For Android and open the Amazon App Store and log in to Amazon account. Then you will find Android apps. The Amazon App Store has no current app, but it can block your favorite apps. WSA for Windows 11, WSA for Windows 11, andorra, Gibraltar, Gibraltar, Gibraltar, Guino, Iransey, Iraches, Liechten, United Kingdom, United Kingdom, United States, United States, United States, United States, United States, It has been released for Vatican City / Holy See. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

The Ingenious One E31 CM.mp4

289.61 MB N/A video/mp4 245 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
The Contractor
6.4

နာမည်ကျော်မင်းသား ခရစ်စ်ပိုင်းရဲ့ အက်ရှင်ရုပ်ရှင်အသစ်ထွက်လာပါပြီ။ ဒူးဒဏ်ရာကြောင့် ဆေးတွေသုံးလို့ အထူးတပ်ဖွဲ့ကနေ အနားယူလိုက်ရတဲ့ အတော်ဆုံး စစ်သားတစ်ယောက်အနေနဲ့ သရုပ်ဆောင်ထားပါတယ်။ တပ်ကထွက်လာပြီး အလုပ်မရှိအကိုင်မရှိ အကြွေးတွေနစ်နေချိန်မှာ ကြေးစားစစ်သားအလုပ် လုံခြုံရေးအလုပ်တွေကို လိုက်လျှောက်ရင်း ငွေအများကြီးရမယ့် အလုပ်တစ်ခု တွေ့သွားခဲ့ပါတယ်။ အဲဒါကတော့ နိုင်ငံတော်လုံခြုံရေးကို ကာကွယ်ဖို့ ဘာလင်က သိပ္ပံပညာရှင်တစ်ယောက်တီထွင်နေတဲ့ ဇီဝလက်နက်တစ်ခုကို သွားဖျက်ဆီးဖို့ ကန်ထရိုက် တာဝန်တစ်ခုပါပဲ။ စာရင်းမဝင် လျို့ဝှက်စစ်ဆင်ရေးတစ်ခုပေါ့။ အဲဒီစစ်ဆင်ရေးကိုအတူသွားကြရင် လွယ်မလိုနဲ့ခက်ပြီး မထင်မှတ်ထားတာတွေ ဖြစ်လာတဲ့အခါ ..... အညွှန်း နဲ့ ဘာသာပြန်ကတော့ Mr.Anderson ပဲ ဖြစ်ပါတယ်။ Genre.....Action, Thriller Quality….WEB-DL 1080p and 720p File size…1.83GB and 759MB and Format…mp4 Duration….1h 43min Subtitle….Myanmar Subtitle (Hardsub) Translator ..... Mr.Anderson Encoder ..... August

Horror
6.4 2022 103 mins
The Contractor
Acharya
4.5

၂၀၂၂ မှာ အသစ်စက်စက် ထွက်ရှိထားပြီး နာမည်ကြီး မင်းသားချော ဘိုင်ရာဘာ ပါဝင် သရုပ်ဆောင်ထားတဲ့ Acharya ဆိုတဲ့ တလဲဂူး action drama ရုပ်ရှင်ဇာတ်ကားအသစ်စက်စက်လေးကို တင်ဆက်ပေးလိုက်ပါရစေ။ ဒီဇာတ်ကားလေးဟာ ၂၀၁၉ ထဲက ထွက်ရှိဖို့ ကြေငြာထားခဲ့ပေမယ့် ကိုဗစ်ရောဂါကြောင့်မလို့ ၂၀၂၂ ဧပရယ်လမှ ထွက်ရှိလာတဲ့ ဇာတ်ကားလေးတစ်ကားလဲဖြစ်ပါတယ် ။ လွန်ခဲ့သော နှစ်ပေါင်း၈၀၀ ဝန်းကျင်ထဲက ဓမ္မစသာလီနဲ့ ပမ်မာဂတ်တမ် တို့ဟာ ဂျီဟာဗာရာရဲ့ မြစ်တစ်ဖက်တစ်ချက်ဆီမှာ တည်ရှိနေပြီး ဆစ်ဟာဗာနမ် တောအုပ်ကြီး ဝိုင်းရံထားတဲ့ ဘာသာရေးကိုင်းရှိုင်းပြီး ဓမ္မကို လက်ကိုင်ထားထားတဲ့ မြို့တွေ ဖြစ်ခဲ့ကြတယ်။ သူတို့ဟာ မယ်တော် ဂတ်တာမာကို အရမ်း ယုံကြည်သက်ဝင် ကိုးကွယ်ကြတဲ့ သူတွေပါ ။ ဒီလိုမျိုး ဓမ္မတရားကိုသာ စွဲကိုင်ပြီး အေးချမ်းစွာ တည်ရှိနေကြတဲ့မြို့လေးကို စီးပွားရေးသမားတစ်ဦးဖြစ်တဲ့ ဘာဆာဗာ ရောက်လာပြီး ဓမ္မစသာလီ နဲ့ ပမ်ဒါဂတ်တမ်ကို မိုင်းတွင်းတွေ တူးဖော်ချင်နေတဲ့ ရာသော့လက်ထဲကို ထည့်ဖို့ ယုတ်မာတဲ့ နည်းလမ်းမျိုးစုံနဲ့ ကြိုးစားပါတော့တယ်။ ဘာဆာဗာ ဓမ္မစသာလီကို အုပ်စိုးပြီးချိန်မှာတော့ တစ်ချိန်က ဓမ္မစသာလီရဲ့ ဂုဏ်ကျက်သရေတွေ ပျောက်ဆုံးသွားခဲ့ပြီး မြို့နှစ်မြို့ကြားမှာ ပဋိပက္ခတွေဖြစ်လာပါတော့တယ်။ အာချာရာဆိုတဲ့သူကတော့ လက်သမားယောင်ဆောင်ပြီး ဓမ္မစသာလီမြို့ကို ရောက်လာကာ ဘာဆာဗာ ရွာသားတွေအပေါ် ကျူးလွန်တဲ့ ဒုစရိုက်တွေကို တိတ်တဆိတ် ဖယ်ရှားသုတ်သင်နေတဲ့ သူပါ ။ ဓမ္မနဲ့ အဓမ္မယှဉ်ပြိုင်လာတဲ့အချိန်မှာ ဓမ္မက အနိုင်ရမှာလား အဓမ္မက ကြီးစိုးသွားမှာလား အာချာရာကရော ဘာအကြောင်းကြောင့် သူနဲ့ ဘာမှမသက်ဆိုင်တဲ့ ဓမ္မစသာလီ နဲ့ ပမ်ဒါဂတ်တမ် ရွာသားတွေကို ကူညီပေးနေရတာလဲ ဒီအကြောင်းရင်းရဲ့ နောက်ကွယ်မှာ ဘာတွေရှိနေမလဲ....ဆိုတာကို အမိုက်စား ဖိုက်တင်ခန်းတွေနဲ့ ဆက်ပြီး ကြည့်ရှုအားပေးကြပါဦးနော် File size…3.54GB /1.8GB Quality…  1080pHD RIP AAC5.1CH / 720p HDRIP Format…mp4 Duration….2h 35m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Poe ~ GuGu ~ Honeyey

Horror • Western
4.5 2022 152 mins
Acharya
Sawah
5.5

Sawah (2019) ========== မိတ်​ဆွေတို့​ ကိုယ်လုပ်ချင်တဲ့အရာထက် လုပ်သင့်တဲ့အရာကို​ ရွေးချယ်ခဲ့ကြဖူးလား ဘယ်အရာကိုပဲဖြစ်ဖြစ် ကိုယ်လုပ်ချင် တာလုပ်ရမှ ​ကျေနပ်ကြတဲ့သူ​တွေရှိသလို အ​​ခြေအ​နေအချိန် အခါကိုလိုက်ပြီး အလိုက်တသိဖြစ်သင့်တာကို​ရွေးချယ်သွား ကြတဲ့သူ​တွေလည်း ဒုနဲ့​​ဒေးပါပဲ။ ဘယ်အရာကိုပဲလုပ်လုပ် တာ ဝန်ယူမှုတာဝန်ခံမှုဆိုတာ ရှိသင့်ပါတယ်။ ကိုယ်လိုချင်တဲ့အရာ ကို အရယူနိုင်ဖို့ မဆုတ်မနစ်ကြိုးစားကြရမှာပါ။ မလုပ်နိုင်ဘူး၊ မလုပ်ချင်ဘူးဆိုတာ ဆင်​ခြေတစ်ခုပါပဲ ဒါက ခင်ဗျား မလိုချင် တဲ့အရာဖြစ်​နေလို့ပါ။ ​ အောင်မြင်မှုကို ဆာ​လောင်တဲ့ စကာရတ်ဖ်က ပြည်တွင်း DJ ပြိုင်ပွဲမှာ အနိုင်ရပြီး ဘရပ်ဆဲလ်မှာလုပ်တဲ့ DJ World Champion မှာယှဥ်ပြိုင်ဖို့ အ​​ရွေးခံလိုက်ရပါတယ်။ ဖြစ်ချင်​တော့ သူတို့ တိုင်းပြည်မှာ ဆန္ဒပြုမှု၊သပိတ်​မှောက်မှုနဲ့ရုန်းရင်းဆန်ခတ်မှု​တွေ ဖြစ်​နေတဲ့ကာလပါ စကာရတ်ဖ်က တိုင်းပြည်ကအ​ခြေအ​​နေကို မငဲ့ဘဲ ပြည်ပထွက်ပြီး​အောင်မြင်မှုကို အရယူချင်​နေတာပါ။ ချစ်သူ ကလည်း ဒီလိုအ​ခြေအ​နေ​တွေမှာ အတူမသွားနိုင်တာ​ကြောင့် စကာရတ်ဖ်တစ်​ယောက် ဘယ်လ်ဂျီယံကို တစ်ကိုယ်​တော်ခရီး သွားထွက်လာခဲ့တယ်။ ကံဆိုးစွာနဲ့ ခရီးစဥ်မှာ ရဲဖမ်းခံလိုက်ရ တယ်။ သူ​အဖမ်းခံလိုက်ရတဲ့​နေရာကလည်း လူဇင်ဘတ်မှာ ဖြစ်​ နေတယ် သွားချင်တာ တစ်​နေရာ၊ ​​ရောက်သွားတာ တစ်​နေရာ ဖြစ်​နေ​တော့ စကာရတ်ဖ် ဘာ​တွေဆက်လုပ်မလဲဆိုတာ ကိုယ် တိုင်ပဲကြည့်ရှုလိုက်ကြပါဦး။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ ZWT ဖြစ်ပါတယ်) File Size……….(1.36 GB) / (605 MB) / (345 MB) Quality…………BLU-RAY 1080p / 720p / 480p Duration………1Hr 26Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Comedy, Drama, Thriller Translator…….ZWT Encoder……….SWM

Horror
5.5 2019
Sawah
Amar Es Madurar / To Love Is To Grow

Amar Es Madurar / To Love is to Grow (2023) ဘဝမှာ အိပ်မက်တွေကိုအကောင်ထည်ဖော်နိုင်တဲ့သူအလွန်နည်းပါတယ်။ တချို့ဆို မိန်းမရပြီးတာနဲ့ ကိုယ့်အိပ်မက်တွေက အလိုလိုစွန့်လွှတ်ပြီးသားဖြစ်သွားကြတယ်။ War and peace စာအုပ်ထဲက စာသားလေးလိုပဲ ရောင်းရင်း မိန်းမယူမယ်ဆို ကိုယ့်အိပ်မက်တွေအကောင်ထည်ဖော်ပြီးတဲ့အချိန် ဒါမှမဟုတ် မိန်းမတွေကိုလုံးဝစိတ်ကုန်သွားတဲ့အချိန်မှ မိန်းမယူပါတဲ့။ ဒါပေမဲ့ ဒီဇာတ်လမ်းလေးမှာတော့ အဲ့လိုရည်ရွယ်ချက်နှစ်ခုလုံး အကောင်ထည်ဖော်နိုင်ခဲ့တဲ့ အာဂ ယောကျာ်းတစ်ယောက်အကြောင်းပါ။ ဂျုအန်ဟာ ဖက်ရှင်မော်ဒယ် အလန်းလေးတစ်ယောက်နဲ့ ကြိုက်ပေမဲ့ ဘာမှစောက်ဖြစ်မရှိတဲ့သူပါ ပြောရရင်စော်ကပြန်အမ်းထားတဲ့ကောင်ပေါ့။ ဒါပေမဲ့ သူ့မှာအိပ်မက်တစ်ခုတော့ရှိတယ် သူ့အိပ်မက်ကတော့ ဘောလုံးပါပဲ ကန်ဖို့တော့မဟုတ်ဘူး ဘောလံုးနဲ့ပတ်သက်တာ အကုန်လုပ်ချင်နေတဲ့သူပါ။ ဒါပေမဲ့ စော်ကအမ်းလဲထားရသေး သဝန်လဲတိုခံရတော့ ကြာတော့သိပ်မကြည်တော့တာနဲ့ လမ်းခွဲသွားပါရော။ ဒါပေမဲ့ အချစ်ကြီးသူတို့ထုံးနှလုံးမှုပြီး စော်ပြန်ပြီးအထင်ကြီးခံရဖို့ အိပ်မက်တွေနောက်လိုက်ရင်း ဘာတွေပေးဆပ်ရမလဲ။ သူ့စော်ကော ပြန်ရဦးမှာလားဆိုပြီး ပေါ့ပေါ့ပါးပါးနဲ့ ကြည့်ရမဲ့ ကိုလံဘီယာက Romance comedy ကားလေးပါ။ ကြည့်ရှုအားပေးကြပါဦး အညွှန်း နဲ့ ဘာသာပြန်ကတော့ K.Hein ပဲ ဖြစ်ပါတယ်. Genre….. Comedy, Romance Quality…. 1080p | 720p File size… 1.3GB | 691MB Format… mp4 Duration…. 1h 38min Subtitle…. Myanmar Subtitle (Hardsub) Translator ….. K.Hein Encoder ….. Aaron

0 2023
Amar Es Madurar / To Love Is To Grow
Walid
5.3

Walid (2023) မလေးရှားနိုင်ငံ အတွင်းမှာ ဖြစ်ပျက်နေတယ့် လူကုန်ကူးမှုတွေနဲ့ ကလေးများအပေါ် အမြတ်ထုတ်မှုတွေကို အခြေခံရိုက်ကူးထားသော ဘဝပေးဇာတ်ကားလေးဖြစ်ပါတယ်။ ကျူးကျော်နေထိုင်နေရတယ့် ကလေးများကို စာသင်ပေးရင်းနဲ့ Walid တစ်ယောက် Aisha ဆိုတဲ့ ကလေးမလေးနဲ့ တွေ့ပြီး ဘယ်လိုအခက်အခဲတွေ ရင်ဆိုင် ကြုံတွေ့ရမလဲ ဆိုတာ စိတ်ဝင်စားမှုအပြည့်နဲ့ ရင်ခုန်စွာကြည့်ရှုရမယ့် ပညာပေး အက်ရှင်ကားလေးဖြစ်ပါတယ်။ ဇတ်လမ်းအကျဥ်း – Walid တစ်ယောက် ကလေးတွေအပေါ် အမြတ်ထုတ်သူတွေကို နိုင်ငံတော်နဲ့အတူတူ ဘယ်လိုပညာပေးပြီး ဖမ်းဆီးခံရတဲ့ ကလေးတွေကို လူကုန်ကူးသူတွေလက်က ဘယ်လို ကယ်တင်မလဲဆိုတာ စိတ်လှုပ်ရှားစွာ ကြည့်ရှုရမယ့် ကလေးငယ်များအတွက် ဘဝသင်ခန်းစာများစွာပါဝင်တဲ့ ဇာတ်ကားလေးဖြစ်ပါတယ်။ မလေးရှားနဲ့ ထိုင်းနယ်စပ်ကြားမှာ ဖြစ်ပျက်နေတယ့် ခေတ်ပျက်မှုတွေကို မြင်တွေ့ရပြီး မိမိကလေးများအတွက်ရော မိမိတို့အတွက်ပါ နားလည်မှတ်သားဖွယ် ဘဝ အတွေ့အကြုံများကို Walid ဆိုတဲ့ ကျောင်းဆရာလေးနဲ့ Aisha သော ကလေးမလေး နေရာကနေ ရသနှစ်မျိုးနဲ့ ခံစားကြည့်ရှုရမယ့် ရသစုံ ပညာပေး အက်ရှင် ဇာတ်ကားလေးဘဲဖြစ်ပါတယ်။ အညွှန်းနဲ့ဘာသာပြန်ထားတာကတော့ Robin ပဲ ဖြစ်ပါတယ် Genre….. Action, Thriller Quality…. 1080p | 720p File size… 2.5GB | 1.3GB Format… mp4 Duration…. 1h 58min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Robin Encoder ….. Aaron

Horror • Fantasy • War
5.3 2023 118 mins
Walid
Detective Chinatown 3
5.4

Detective Chinatown ဟာ Rating မြင့်တဲ့ စုံထောက် အက်ရှင် စွန့်စားခန်း ဟာသ အမျိုးအစား တရုတ်ဇာတ်ကားတွေဖြစ်ပြီး ၃ ကားထွက်ရှိထားပါတယ်။ ၃ ကားလုံး အဓိကသရုပ်ဆောင်တွေ တူညီပြီးတော့ အချိတ်အဆက်မိမိနဲ့ရယ်ရပါတယ်… ၃ကားလုံးကို CM မှာ တင်ဆက်ထားပြီး ဒီမှာ https://www.channelmyanmar.to/?s=detective+chinatown ဒေါင်းလို့ရပါတယ်။ ++++++++++ Detective Chinatown 3 ( 2021 ) အညွှန်း ********************************** စုံထောက်ဇာတ်ကားကိုမှ ကြည့်ချင်ပါတယ်ဆိုတဲ့လူတွေအတွက် ဟာသနှောစုံထောက်ကားလေး လာပါပြီနော် Detective Chinatown 3ဇာတ်ကားလေးဟာဆိုရင် အရင်က 1 2 ဆိုပြီးတော့ နှစ်ကားထွက်ဖူးတာကြောင့် ကြည့်ပြီးသားလူတွေကတော့ ဒီကားလေးထဲမှာ တူဝရီးနှစ်ယောက် ဘယ်လိုတွေ ဗရုတ်ကျပြီး ပဟေဠိဆန်ဆန် လူသတ်မှုတွေကို စုံစမ်းကြသလဲဆိုတာ သိပြီးသားဖြစ်မှာပါ အခု 3 မှာရော နှစ်ယောက်သား ဂျပန်ကိုသွားပြီး ဘယ်လိုအလွဲတွေနဲ့ ပဟေဠိဆန်တဲ့လူသတ်မှုကို ဖြေရှင်းကြမလဲ ထိုင်းစုံထောက် ဂျပန်စုံထောက်တွေနဲ့ အားလုံးဆုံမိသွားတဲ့အပြင် မာဖီးယားတွေနဲ့ အမှုက ပတ်သတ်နေတဲ့အခါ တူဝရီးနှစ်ယောက် ဟာသတွေ တစ်ပုံကြီးနဲ့ အမှုကို ဘယ်လိုဖြေရှင်းသွားမလဲဆိုတာ ကြည့်ရှုကြရမှာပါ ရှေ့နှစ်ကားမကြည့်ဖူးသေးတဲ့လူတွေအတွက်လည်း ဒီကားလေးက 1 2 နဲ့ အမှုအသွားအလာ အဆက်အစပ်မရှိတဲ့အတွက်ကြောင့်မို့လို့ ဟာသ သဲထိတ်ရင်ဖိုကြိုက်နှစ်သက်တဲ့ ပရိတ်သတ်တွေအနေနဲ့ လက်လွှတ်မခံသင့်တဲ့ ဇာတ်ကားလေးပါနော် Quality : HEVC 1080p 5.1,BLU-RAY720P Format : mp4 During : 2h 6min Subtitle : Myanmar Sub ( Hardsub ) Translated By Yamin Ei Encoded By Phyo Pyae

5.4 2021
Detective Chinatown 3
Rode College
6.9

Rode College (2024)”ရိုဒီကောလိပ်” ============================ ပန်ချာပီစကားပြော အက်ရှင်ရုပ်ရှင်ကောင်းတစ်ခုကို ချန်နယ်မြန်မာပရိသတ်တွေအတွက် တင်ဆက်ပေးချင်ပါတယ်။ ရိုဒီကောလိပ်ဆိုတာကတော့ ပန်ဂျပ်ပြည်နယ်ရဲ့ အဝေးပြေးကားလမ်းမဘေးမှာရှိတဲ့ သက်တမ်းရင့် ကောလိပ်ကြီးတစ်ခုပဲဖြစ်ပါတယ်။ အဲဒီကောလိပ်မှာ တက်ရောက်နေတဲ့ ကျောင်းသားတွေဟာ အကောင်ကြီးကြီး နိင်ငံရေးသမားတွေရဲ့ ကာဗာရှိတဲ့ မိုက်ရိုင်းဆိုးသွမ်းကျောင်းသားတွေပါ။ ကောလိပ်နားက လမ်းမပေါ်က ဖြတ်သွားဖြတ်လာ ခရီးသွားကားတွေကို ကြုံရာအုတ်ခဲနဲ့ ဘလိုင်းကြီးပေါက်ပြီး အုတ်စုလိုက်ဝိုင်းရိုက် ဆဲဆိုတဲ့ထိ မိုက်ရိုင်း ဆိုးသွမ်းကြသူတွေပါ။ ဒီလို အကျင့်ပျက်ခြစားမှုတွေနဲ့ပြည့်နေတဲ့ ကျောင်းကြီးထဲကို ကျောင်းသားသစ်တစ်ယောက် ရောက်လာချိန်ကစပြီး ပြောင်းလဲမှုတွ တဖြည်းဖြည်းဖြစ်လာပုံကို ဒီရုပ်ရှင်ထဲမှာ တွေ့ကြရမှာပဲဖြစ်ပါတယ်…။ (ဒီရုပ်ရှင်အတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပါ။)

Action • Crime • Comedy
6.9 2024 168 mins
Rode College
Vaazhai
7.5

Vaazhai (2024)”လေဟုန်ခွင်းငှက်ငယ်” =============================== ဖြစ်ရပ်မှန်တွေအပေါ်မှာ အခြေခံရိုက်ကူးထားတဲ့ IMDb 8.5/10 ရ တမီလ် ကျေးလက် ကလေးရုပ်ရှင်လေးတစ်ခုကို ပရိသတ်တွေအတွက်တင်ဆက်ပေးချင်ပါတယ်။ ဒီရုပ်ရှင်ကိုတော့ တမီလ်ရွာလေးတစ်ရွာမှာ ဇာတ်အိမ်တည်ထားပါ။ အဲဒီရွာက ကလေးတွေဟာ ကျောင်းပိတ်ရက်တွေမှာ အနားမရဘဲ ပိုက်ဆံရမယ့်အလုပ်တွေ လုပ်ကြရပါတယ်။ ပျောက်ဆုံးသွားသောနိဗ္ဗာန်ဘုံသီချင်းထဲကလို အရွယ်ရောက်လာရင်တောင် ပြန်တမ်းတစရာ ငယ်ဘဝနိဗ္ဗာန်ဘုံမရှိတဲ့ကလေးတွေပေါ့။ အဲဒီထဲမှာ စီဒါဗာနန်ဆိုတဲ့ ငှက်ပျောခိုင်ထမ်းရတဲ့ကောင်လေးလည်းပါပါတယ်။ ကျောင်းစာကတစ်ဖက် အလုပ်ကတစ်ဖက်နဲ့ နားချိန်ဆိုတာချိုနဲ့လားလို့ မေးနေရတဲ့ဘဝမှာ စီဒါဗာနန်ဆိုတဲ့ကောင်လေး အရွယ်နဲ့မမျှထဲဝန်တွေထမ်းရပုံတွေ၊ ပြောင်းလဲပစ်သင့်တဲ့ စနစ်တွေ၊ ကျေးလက်ရဲ့ အငွေ့အသက်တွေကို ဒီရုပ်ရှင်ထဲမှာ လှလှပပလေး ပုံဖော်ပြထားပါတယ်…။ (ဒီရုပ်ရှင်အတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပါ။)

7.5 2024 134 mins
Vaazhai
Dust in the Wind
7.6

Dust in the Wind (1986) ~ IMDb – 7.6/10, Rotten Tomatoes – 100% ~ Dust in the Wind ဟာ နာမည်ကျော်ထိုင်ဝမ်နယူးဝေ့ဒါရိုက်တာတွေထဲကတစ်ယောက်ဖြစ်တဲ့ Hou Hsiao-Hsien နဲ့ ဇာတ်ညွှန်းဆရာ Wu Nien-Jen တို့ တွဲလုပ်ထားတဲ့ Hou and Wu’s Collaborations Trilogy ထဲက ပထမဆုံးကားပါပဲ။ ထိုင်ဝမ်နယူးဝေ့တွေမှာ အတွေ့ရများတဲ့အတိုင်း တိုးတက်မလာခင် တိုးတက်လာဆဲ ထိုင်ဝမ်ရဲ့ ခေတ်အခြေအနေကို ဇာတ်ကောင်တွေရဲ့ ဖြတ်သန်းကြပုံကို ရိုက်ပြထားတယ်။ Dust in the Wind ထဲက အခြေအနေတွေဟာ Hou တို့တွေ ဖြတ်သန်းခဲ့ရတဲ့ အခြေအနေတွေဖြစ်ပြီး ၁၉၇၀ ထိုင်ဝမ်ရဲ့ မြို့ပြရယ်လို့ တိုးတက်မှုတွေများပြားလာတဲ့ ကာလမှာဇာတ်အိမ်တည်ထားတယ်။ အဲဒီကာလမှာ နယ်မြို့ရွာလေးတွေက လူငယ်တွေဟာ တိုင်ပေမှာ အလုပ်လုပ်ရင်း ကျောင်းဆက်တက်သူတက်ကြတယ်။ အလုပ်ချည်းလုပ်သူက လုပ်ကြတယ်။ အိမ်ကို ငွေတွေပြန်ပို့ကြတယ်။ မြို့ပေါ်ကနေ စစ်မှုထမ်းဝင်သူတွေကလည်း ဝင်ကြတယ်။ ဒီလိုအချိန်မှာ လူငယ်တွေ ကြုံတွေ့ရတဲ့ လုပ်ငန်းခွင်အနိုင်ကျင့်မှုတွေကိုလည်း ပုံဖော်ထားသလို ကောင်းတဲ့အလုပ်ရှင်တွေကိုလည်း ပုံဖော်ထားတယ်။ ပြောရရင် Dust in the Wind ဟာ ခေတ်တစ်ခုရဲ့လူငယ်တွေဘဝကို ပုံဖော်ထားတဲ့ ရုပ်ရှင်သက်သက်ပဲ။ နယူးဝေ့ရုပ်ရှင်စာရင်းတော့ဝင်ပေမဲ့ ထိုင်ဝမ်နယူးဝေ့ဒိုကူမန်ထရီထဲ Hou ပြောဖူးသလိုပဲ အသစ်ဘာမှမရှိပါဘူး။ အရာတိုင်းက ရိုက်ပြပြီးသားချည်းပဲ။ ကိုယ့်ရှေ့ကခေတ်ရဲ့ အခြေအနေကို ရိုက်ပြထားတဲ့ရုပ်ရှင်တစ်ကားပါပဲ။ Hou ဟာ Ozu ရဲ့ လွှမ်းမိုးမှုအတန်ရှိတယ်ဆိုတဲ့အတိုင်း Hou ကတော့ အိုဇုရဲ့ ပတ်ဝန်းကျင်က ငြိမ်သက်တဲ့အခြေအနေတွေထဲက အရွေ့သေးသေးလေးတွေကို ရိုက်ပြတဲ့ဘက်အလေးသာပြီး Ozu ရဲ့ လွှမ်းမိုးမှုတော်တော်များတယ်လို့ ကျွန်တော်မြင်တဲ့ Kore-eda ကတော့ နောက်ပိုင်းမှာ အိုဇုရဲ့ ထိပ်လေးပဲ ရေပေါ်ပေါ်နေတဲ့ ရေခဲတုံးကြီးရဲ့ ရေမြုပ်နေတဲ့အောက်ပိုင်းဆန်တဲ့ မပြထားတဲ့ဇာတ်ဝင်ခန်းတွေရဲ့အရေးပါပုံကိုပြတဲ့ဘက် ပိုအလေးသာနေတယ်။ ဒီဇာတ်လမ်းမှာ ကောင်လေးနဲ့ကောင်မလေး သိပ်ချစ်ကြတယ်လို့ မပြောလည်း ကျွန်တော်တို့သိခဲ့ရတယ်။ တစ်နေ့မှာ ခေတ်ကြောင့်ပဲ ကောင်လေးနဲ့ကောင်မလေး တစ်သက်လုံးဝေးသွားကြတယ်။ တစ်ခုခုတော့ ဟုတ်ချင်ဟုတ်ပါလိမ့်မယ်။ ဒါပေမဲ့လည်း ဘာမှမဟုတ်သလိုပါပဲ။ သက်ငြိမ်နေတယ်။ ကျွန်တော်တို့ဘဝတွေရဲ့ သက်ငြိမ်မှုတွေလိုလို… (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2GB, 890MB Quality – BluRay 1080p, 720p IMDb Rating – 7.6/10 Format – mp4 Duration – 1H 49Min Genre – Drama, Romance Subtitle – Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

7.6 1986 109 mins
Dust in the Wind
Shutter Island
8.2

Shutter Island (2010) IMDb Rating (8.1) / Rotten Tomatoes (69 %) Shutter Island က ဒါရိုက်တာ Martin Scorsese အကောင်းဆုံးကားတွေထဲက တစ်ကားပါ။ Shutter Island လို့ခေါ်တဲ့ကျွန်းတစ်ကျွန်းက အရူးဆေးရုံကို Teddy ( Leonardo ) နဲ့ Chuck ( Mark Ruffalo ) အရာရှိ ၂ ယောက် ရောက်လာတယ်။ သူတို့အလုပ်က Rachel Solando လို့ခေါ်တဲ့ လူနာပျောက်သွားတဲ့အမှုကို လာစစ်ဆေးဖို့။ အဲဒီအရုးဆေးရုံ တစ်နည်းအားဖြင့် စိတ်ဝေဒနာရှင်အပြင်းစားတွေကို ကုတဲ့ဆေးရုံမှာ Dr. John Cawley စိတ်ရောဂါအထူးကု ဆရာ၀န်ခေါင်းဆောင်။ သူ့အထက်မှာ ဆေးရုံအုပ်နဲ့ ဘုတ်အဖွဲ့ပဲ ရှိတော့တယ်။ မာရှယ်အရာရှိဖြစ်တဲ့ Teddy ( Leo ) က ပျောက်သွားတဲ့လူနာ Rachel Solando ကို ရှာဖွေဖို့ Chuck က သူ့လက်ထောက်အဖြစ် အနီးကပ်လိုက်ပါ ကူညီပေးရတယ်။ Spoiler Alert* ဒီကားဟာ Plot Twist နဲ့ ကြည့်တဲ့သူကို ရှုတ်ထွေးသွားစေတယ်။ သေချာမကြည့်ရင် နားလည်မှာမဟုတ်ဘူး။ ဒီကားမှာ Teddy ( Leo ) က ရူးနေတာပါ။ သူရူးသွားတဲ့အကြောင်းရင်းလည်း ရှိတယ်။ အဲဒီရူးသွားတဲ့အကြောင်းကိုပဲ Plot Twist လုပ်ထားတာဖြစ်ပါတယ်။ Teddy ရူးနေတဲ့အကြောင်းကို သူ မီးပြတိုက်သွားပြီး Dr. John Cawley နဲ့ တွေ့သွားချိန်မှာ အားလုံးရှင်းရှင်း လင်းလင်း ပြောပြသွားပြီးပါပြီ။ ဇတ်ကားက အဲမှာတင် ရှင်းနေပြီးပါပြီ။ Teddy ( Leo ) ဘာကြောင့်ရူးသွားလဲ။ Teddy ( Leo ) ရဲ့ နာမည်အရင်းက Andrew Laeddis ပါ။ သူ့မှာ Dolores Chanal လို့ခေါ်တဲ့ မိန်းမနဲ့ သားသမီး ၃ ယောက်ရှိတယ်။ သူ မရူးခင်ကတည်းက သူ့မိန်းမ Dolores Chanal က စိတ်ဖောက်ပြီးအရင်ရူးနေတာပါ။ ရူးသွားတဲ့ သူ့မိန်းမဟာ တစ်နေ့မှာ သူ့တို့အိမ်၀င်းထဲက ကန်ထဲမှာ သူ့သားသမီး ၃ ယောက်လုံးကို ရေနစ်သတ်လိုက်ပါတယ်။ သူပြန်လာချိန်မှာ သူ့ကလေးတွေ ရေထဲနစ်သေနေတာတွေ့ပြီး ဒေါသနဲ့ သူ့မိန်းမကိုပါ ပစ်သတ်လိုက်တယ်။ သူကိုယ်တိုင်လည်း စိတ်အကြီးအကျယ်ထိခိုက်၊ စ်ိတ်ဒဏ်ရာရ Trauma ဖြစ်ပြီး ရူးသွားပါတယ်။ သူ့နာမည်ရင်းနဲ့ သူ့မိန်းမ၊ သူ့သားသမီး အားလုံးကိုလည်း မေ့သွားပါတယ်။ တစ်ခါတခါတော့သတိရတတ်ပါတယ်။ သူရူးတာက အများနဲ့မတူ အန္တရာယ်ရှိတဲ့အတွက် Shutter ကျွန်းပေါ်က Ashecliffe လို့ခေါ်တဲ့ အရူးဆေးရုံ၊ စိတ္တဇဆေးရုံကို ပို့ခံရတာပါ။ ဒါပေမယ့် သူ့ကို ဒီအတိုင်းတန်းပို့လို့မရပါဘူး။ ဇတ်လမ်းတစ်ခုထွင်ပြီး သူ့ကိုယ်သူ ဘယ်သူဆိုတာ သိလာအောင် ပြန်ရှာခိုင်းတာပါ။ သူ့အတွက် ဆရာ၀န်တွေ ထွင်လိုက်တဲ့လုပ်ဇတ်(ဇတ်လမ်း) ကိုလည်း ကြည့်ပါဦး။ ဆေးရုံက ပျောက်သွားတဲ့လူနာရဲ့ နာမည်က Rachel Solando တဲ့ Rachel ဆိုတာ သူ့သမီးရဲ့ နာမည် ဖြစ်နေတယ်။ Leonardo ရဲ့ စိတ်ကူးယဉ်ကမ္ဘာ Leonardo ဟာ သူ့ရဲ့ စိတ်ကူးယဉ်ကမ္ဘာ Fantasy World မှာ အသက်ရှင်နေတာပါ။ ဒါကို ဆ၇ာ၀န်တွေက သူပြန်အမှတ်ရလာအောင် Reality လက်တွေ့ကမ္ဘာထဲရောက်လာအောင် ကူညီပေးနေတာပါ။ စိတ်ကူးယဉ်ကမ္ဘာထဲကလူတွေနဲ့ စကားပြောမယ် လက်တွေ့ဘ၀ကလူတွေနဲ့လည်း ပေါင်းမယ်ဆိုတဲ့ စ်ိတ်ဝေဒနာရှင်တစ်မျိုးပါ။ ကြုံလို့ ပြောရရင် ပြီးခဲ့တဲ့ သူစိမ်းအိမ် ဇတ်ကားကြည့်နေုတုန်းက လူသတ်မိသားစု ဖြစ်ပျက်နေပုံကို ကြည့်ပြီး ချက်ချင်းသွားသတိရတာ Shutter Island နဲ့ A Beautiful Mind ဇတ်ကားကပါ။ မရှိတာ ( စိတ်ကူးကမ္ဘာ )ကို အရှိ ( reality ) ဆိုပြီး ယုံကြည်နေတဲ့ psycho character ချင်း အတူတူပါပဲ။ ဇတ်ကားအကြောင်း ပြန်ဆက်မယ်။ Leo ရဲ့ စိတ်ကူးယဉ်ကမ္ဘာထဲမှာ သူ့ကိုယ်သူ Teddy Daniels အဖြစ် ခံယူထားပြီး သူန့ တတွဲတွဲ သွားလာနေတဲ့ ( သူ့ကို အနီးကပ်စောင့်ကြည့်ဖို့ထားတဲ့ ) ဆရာ၀န် Sheehan ကိုတော့ Chuck အဖြစ်ပဲ သိထားတယ်။ သူ့မိန်းမဟာ သူ့အိမ်မက်မှာဖြစ်စေ၊ သူ့စိတ်ကူးကမ္ဘာမှာ ဖြစ်စေ တစ်ခါတရံပေါ်လာတတ်ပြီး သူ့မိန်းမနာမည် ဘယ်သူဆိုတော့ မေ့နေတယ်။ သူ့စိတ်ကူးမ္ဘာမှာ သူ့မိန်းမက အသတ်ခံရတယ်လို့ ပုံဖော်ထားပြီး သတ်လိုက်တဲ့သူက Andrew Laeddis ( သူမဟုတ်ဘူး တစ်ခြားတစ်ယောက် ) လို့ မှတ်ယူထားပြန်တယ်။ သူ့စိတ်ကူးမှာ သူ့မိန်းမကို မီးတောက်လောင်နေတဲ့ ပုံစံနဲ့ တွေ့တွေ့နေရတာက သူ့မိန်းမ Dolores Chanal က သူတို့နေအိမ်ကို စိတ်ဖောက်ပြီး မီးရှို့ခဲ့တဲ့အတွက်ကြောင့်ပါ။ ဒီအကြောင်းကို မီးပြတိုက်မှာ Chuck က ပြောသွားပါတယ်။ ဇတ်အိမ်အရ ဆက်စပ်၊ ဆီလျော်မှုလည်း ရှိပါတယ်။ Teddy ( Leo ) ရူးနေကြောင်း အခန်းတော်တော်များမှာ သတိထားကြည့်ရင် သိနိုင်ပါတယ်။ ဆရာ၀န် John Cawley နဲ့ ပထမဆုံး တွေ့တော့ ပျောက်သွားတဲ့ Rachel Solando အကြောင်းရှင်းပြချိန်မှာ Teddy က သူ့စိတ်ကူးထဲ ပုံဖော်ပြီး ခေါင်းကိုက်သွားလို့ အက်စ်ပရင် တောင်းပါတယ်။ နောက်ဒါရိုက်တာက အရိပ်အမွက်တစ်ခု ထပ်ပြပါတယ်။ Solando အခန်းထဲရှာတော့ “The law of 4; who is 67? ဆိုတဲ့စာတွေ့တယ်။ ဆေးရုံမှာ စိတ္တဇ လူနာ ၆၆ ယောက်ရှိတယ်။ Who is 67? တဲ့။ ၆၇ ယောက်မြောက်လူနာက သူ့ကိုယ်သူ Andrew Laeddis လို့မသိဘဲ Teddy ထင်နေတဲ့ Leo ကိုယ်တိုင်ပါပဲ။ သူရူးနေကြောင်း ပိုသိသာတာက မီးပြတိုက်မှာ Dr. John Cawley ကို သေနတ်နဲ့ ပစ်လိုက်တဲ့အခန်းပါ။ သူကတော့ သူ့စ်ိတ်ကူးနဲ့ သေနတ်အစစ်ထင်ပြီး ပစ်လိုက်တာ သွေးတွေတောင်ထွက်သွားတယ်။ တကယ်တမ်းက သေနတ်က ကလေးကစားစရာ သေနတ်ဖြစ်နေတာ သိသွားမှ Reality ကို ပြန်ရောက်လာတယ်။ နောက်ပြီး မီးပြတိုက်မသွားခင် ကားအနီကို မီးရှို့လိုက်တာလည်း သူရူးနေတယ်ဆိုတာကို ဖော်ပြနေတာပဲ။ မီးပြတိုက်မှာ ဟိုဒေါက်တာ John Cawley က စိတ်မရှည်တော့ဘဲ Leo ကို White Board က နာမည်တွေသေချာကြည့်လို့ပြောပြီး သေချာရှင်းပြလိုက်တော့မှ သူ့စိတ်ဖောက်နေတာ နားလည်သွားတော့တယ်။ ဒါပေမယ့် သိပ်မကြာဘူး။ နောက်နေ့ရောက်တော့ ဒုံရင်းပြန်ဆိုက်သွားတာပဲ။ ဘာလို့အဲလိုပြောရတာလဲဆိုရင် Leo က ဒေါက်တာ Sheehan ကို chuck လို့ခေါ်လိုက်တာကြောင့် ဒေါက်တာ Sheehan က အခြေအနေ မထူးဘူးဆိုတဲ့အထာနဲ့ ခေါင်းခါပြပါတယ်။ဒါပေမယ် နောက်ဆုံး Leo ပြောသွားတဲ့ စကားတစ်ခွန်းကြောင့် ဒေါက်တာ Sheehan ရော ကြည့်နေတဲ့ပရိတ်သတ်ရော ခေါင်းစားသွားပါတယ်။ သူပြောသွားတာက “Which would be worse to live as a monster or to die as a good man.” စိတ်တ္တဇလူသတ်ကောင် မကောင်းဆိုးဝါလို အသက်ရှင်နေတာနဲ့ လူကောင်းတစ်ယောက်လို သေသွားတာ ဘယ်ဟာက ပိုဆိုးမလဲ။ တဲ့။ သူဆက်ရူးနေတာဆိုရင် သူ့ကို Lobotomized လုပ်တော့မှာပါ။ သူ့ကို ၂ နှစ်တာ အချိန်ပေးပြီး အနီးကပ်စောင့်ကြည့်ပြီးခဲ့ပြီးပြီလေ။ IMDb 8.1 , Rotten Tomatoes 68% Metacritic 63% Mind Fuck Level 6/10 ( Cinemanto ) Written by TMA #Shutter_island #Mind_Blowing_movie #Cinemanto (ရုပ်ရှင်အညွှန်းကို Cinemanto FB Page မှ ကူးယူဖော်ပြပါသည်။)

Crime • Drama • Thriller
8.2 2010 138 mins
Shutter Island
What Planet Are You From?

IMDb 5.6/10 RT – 41% R-rated ဇာတ်လမ်းကတော့ အဆင့်မြင့်နည်းပညာကို ပိုင်ဆိုင်ထားတဲ့ လူတူဂြိုလ်တစ်ခုမှာ စတင်ပါတယ်။ ဂြိုလ်သားတွေက ‌ယောက်ျားတွေချည်းဖြစ်သလို ခံစားချက်လည်းမရှိ၊ ဖွားဖက်တော်လည်း သေးကျုံ့ပျောက်ကွယ်ကုန်လို့ ပုံတူပွားပြီးတော့ပဲ မျိုးပွားကြပါတယ်။ ဂြိုလ်ရဲ့ခေါင်းဆောင်ကြီး (Ben Kingsley)က (ထုံးစံအတိုင်း) ကမ္ဘာကြီးကို အတွင်းလူ‌တွေထည့်ပြီး သိမ်းပိုက်ဖို့ စီစဉ်ထားပါတယ်။ ဒါကြောင့် အကောင်းဆုံးလက်ရွေးစင်တစ်ယောက်ဖြစ်တဲ့ ဟာရိုးလ် (Garry Shandling) အမည်ခံ ဂြိုလ်သားတစ်ယောက်ကို စက်သံမြည်တဲ့ လိင်တန်ဆာတပ်ပြီး ကမ္ဘာမြေပေါ်လွှတ်လိုက်ပါတယ်။ သူ့ရဲ့တာဝန်ကတော့ လူသားအမျိုးသမီးတစ်ယောက်ကို ကိုယ်ဝန်ရအောင်လုပ်ပြီး ကလေးကို ဂြိုလ်ပေါ် ပြန်ခေါ်လာဖို့ပါ။ သူဟာ ဖီးနစ်မြို့ကို ဘဏ်လုပ်ငန်းရှင်အဖြစ် ရောက်လာပြီးတော့ မိန်းမတွေကို လိုက်နူးပါတော့တယ်။ စိတ်ခံစားမှုကလည်း မရှိသလို တစ်ဖက်သားကိုလည်း စာနာတတ်မှုမရှိတဲ့အတွက် သူ့ရဲ့တာဝန်က ထင်သလောက်မလွယ်ဘဲ အခက်တွေ့နေရပါတယ်။ ဒါပေမယ့် လက်ထပ်ပြီးမှ လိင်ဆက်ဆံပါမယ်ဆိုတဲ့ ဆူဆန် (Annette Bening)ဆိုတဲ့အမျိုးသမီးတစ်ယောက်နဲ့ ဆုံရပြီး (လိင်ဆက်ဆံရဖို့အတွက်) လက်ထပ်ခဲ့ပါတယ်။ တစ်ဖက်မှာလည်း ဟာရိုးလ်ကို ဂြိုလ်သားလို့ သံသယရှိနေတဲ့ လေကြောင်းအရာရှိ ရိုလန် (John Goodman)ကလည်း တကောက်ကောက်လိုက်နေပါတယ်။ ဆူ‌ဆန်က ကိုယ်ဝန်ဆောင်၊ ကလေးမွေးနိုင်မှာလား၊ ပြီးတော့ ဟာရိုးလ် (နဲ့ ကလေး) သူ့ဂြိုလ်ကို ပြန်ကြမှာလား၊ ဒါမှမဟုတ် ဟာရိုးလ်က ခံစားချက်တွေကို ရှာဖွေတွေ့ရှိပြီး ဂရုစိုက်တတ်လာမှာလား။ ၂၀၀၀ပြည့်နှစ်ဝန်းကျင် ဂြိုလ်သားဇာတ်ကားတွေမှာလိုပဲ ET ရဲ့ အငွေ့အသက် မကင်းရာ မကင်းကြောင်းတွေ မြင်ရမှာပါ။ အကောင်းဆုံးဇာတ်ကား ဇကာတင်တစ်ကြိမ် ဝင်ဖူးတဲ့ ဒီဇာတ်ကားရဲ့ ဒါရိုက်တာကတော့ Mike Nichols ဖြစ်ပါတယ်။ အညွှန်းနှင့်ဘာသာပြန် TLone ဖြစ်ပါတယ်။ File size… (2.1 GB) / (1.1 GB) Quality….HEVC / 1080p HEVC / 720p Format…. mkv/mp4 Duration….01:48:00 Genre… Comedy, Romance , Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Thompson

Fantasy • Action • Adventure • Drama
0 2000
What Planet Are You From?
Nonnas
7

ဇာတ်ကားနာမည်ကို မြင်ပြီး ကိုရီးယားက နူနားတွေလို့ မထင်လိုက်ပါနဲ့ဦး။ Nonnaဆိုတာ အီတလီလို အဘွားလို့ ခေါ်တာပါ။ ဂျိုးဟာ ငယ်စဉ်ကတည်း အမေနဲ့ အဘွားတို့နဲ့ ကြီးပြင်း လာခဲ့ရပြီး အမေနဲ့ အဘွားတို့ ချက်ကျွေးတဲ့ အီတလီ ဟင်းလျာတွေဟာ သူ့ရဲ့ soul food တွေဖြစ်ခဲ့ပါတယ်။ ဒီလိုနဲ့ အသက်တွေကြီးလာပြီး ဂျိုးရဲ့အမေဆုံးသွားချိန်မှာ ဂျိုးဟာ အမေ့ရဲ့ အသက်အာမခံပိုက်ဆံတွေကို အရင်းပြုပြီး အီတလီစားသောက်ဆိုင်တစ်ခု ဖွင့်ဖို့ကြိုးစားခဲ့ပါတယ်။ သူဖွင့်ချင်တာ သာမန်စားသောက်ဆိုင်မျိုးမဟုတ်ဘဲ အီတလီအဘွားတွေကိုယ်တိုင်ချက်ပြုတ်ပေးတဲ့ မိသားစု ဆန်ဆန်စားသောက်ဆိုင်လေးတစ်ခုပါ။ သူ့ရဲ့ရည်ရွယ်ချက်က အကြောင်းအမျိုးမျိုး‌ကြောင့် ချစ်ရတဲ့ မိသားစုဝင်‌တွေအနားမှာမရှိကြတော့တဲ့ သူတွေအတွက် မိသားစုအရသာ၊ အမေ့လက်ရာ၊ အဘွားလက်ရာကို ပေးစွမ်းနိုင်မဲ့ စားသောက်ဆိုင် တစ်ခုဖြစ်စေဖို့ပါပဲ။ ဒီလိုနဲ့ နီးစပ်ရာ အီတလီ အဘွားတွေနဲ့အတူ အန်နိုတက် ကာမာရီယာဆိုတဲ့ စားသောက်ဆိုင်လေးကို စတင်ဖွင့်လှစ် ခဲ့ပုံအကြောင်းရိုက်ကူးထားတာပါ။ ဒီရုပ်ရှင်က ဖြစ်ရပ်မှန်အပေါ် အခြေတည်ရိုက်ကူးထားတာ ဖြစ်ပြီး နှလုံးသားကိုပါ နွေးထွေးတဲ့ ခံစားချက်လေးတစ်ခု ပေးစွမ်းနိုင်တာမလို့ တစ်ခါလောက်တော့ ကြည့်သင့်တဲ့ ဇာတ်ကားဖြစ်တယ်လို့ ညွှန်းလိုက်ချင်ပါတယ်။ ဒီရုပ်ရှင်လေးကိုကြည့်ပြီးရင်တော့ အမေ့လက်ရာ အဘွားလက်ရာ အစားအစာတွေကို တောင့်တမိမှာ အသေအချာပါပဲ။ File size… (1.18GB) / ( 730 MB) Quality… WEB-DL 1080p HEVC /720p Format…mkv / mp4 Duration….1h 51m Genre …..Comedy Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Muse

7 2025 112 mins
Nonnas
Brokedown Palace

“Brokedown Palace (1999)”ဇာတ်ကားက…..တကယ်တမ်းခံစားလို့ကောင်းတဲ့ကားတစ်ကားပါ။ ကြည့်ရင်းနဲ့ စိတ်ထဲမှာ တစ်ခုသိသွားတာက… လူချင်း၊သူငယ်ချင်း အချင်းချင်း “ယုံကြည်မှု” ဆိုတာ နောက်ဆုံး အကျဉ်းထောင် ထဲအထိပါသယ်သွားလို့ရတယ်ဆိုတာပဲ။ ဒီဇာတ်ကားကို ကြည့်ရင်းနဲ့ ကိုယ့်ကိုယ်ကိုမေးမိတယ်— “မင်းဆိုမင်းရဲ့အချစ်ဆုံးသူငယ်ချင်းအတွက် တကယ်စတေးခံနိုင်လား”ပေါ့….. အားလုံးသိကြတဲ့အတိုင်း ဘဝမှာသူငယ်ချင်းတွေကြား နားလည်မှုတွေ ချစ်ခင်မှုတွေနဲ့ တည်ဆောက်ထားတာ တစ်ခါတစ်ရံ အဲ့ဒီယုံကြည်​မှုတွေကို လောကဓံက စမ်းသပ်လေ့ရှိပါတယ်။ ကုန်ကုန်ပြောရရင် ကြည့်နေရင်း ဇာတ်ကားထဲမှာ စီးမျောခံစားရင်း ထပ်ပေါင်းစဥ်းစားစရာတွေလဲ အများကြီးပါပါတယ်။ — ဇာတ်လမ်းအကျဉ်း — အဲလစ်နဲ့ ဒါလိန်းတို့ သူငယ်ချင်းနှစ်ယောက်က ငယ်ငယ်ကတည်းက အရမ်းချစ်ကြတဲ့ သူငယ်ချင်းတွေပါ။ ဒါလိန်းက အဝေးမှာတက္ကသိုလ်သွား တက်ရတော့မှာမို့ သူငယ်ချင်းနှစ်ယောက် မခွဲခွာခင် ခရီးအတူတူထွက်ဖို့ စီစဥ်ခဲ့ကြတယ်။ Hawaii ကိုသွားမယ်လို့ အိမ်ကိုလိမ်ပြောပြီး ထိုင်းနိုင်ငံရောက်သွားတဲ့ သူငယ်ချင်းနှစ်ယောက် အဲ့မှာ Nick Parks ဆိုတဲ့သူတစ်ယောက်နဲ့ ရင်းနှီးသွားကြတော့…. ဒီလိုနဲ့ ရင်းနှီးလာကြရင်း Nick Parks က ဟောင်ကောင်ကိုအပျော် ခေါ်သွားပေးချင်တယ်ဆိုပြီး အဲလစ်နဲ့ ဒါလိန်းကို ကမ်းလှမ်းလာပါတယ်။ နောက်တော့ လေဆိပ်မှာ မူးယစ်ဆေးတွေ ခိုးသယ်တဲ့အမှုနဲ့ သူငယ်ချင်းနှစ်ယောက် အဖမ်းခံလိုက်ရတဲ့အခါမှာ……. File size… (1.4 GB) / (778 MB) Quality….HEVC / 1080p HEVC / 720p Format…. mkv/mp4 Duration….01:48:00 Genre…Drama, Thriller, Mystery Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Karmt

Drama • Horror
0 1999
Brokedown Palace