YoteShin Drive is below this article. Scroll down to view.

Tesla can sell 370,000 electric vehicles in 3

Author: Anonymous Published on: 12 Aug 2022

Tesla is the world's largest electric car company. Recently, Tesla has increased the production of automobiles. Shanghai It has improved because of the upgrade to the factories in Berlin and the Texas. The company's car manufacturer has been recorded in the record in July 3 in September. In addition, car sales have come up. Observers say Tesla sells between 350,000 to 370,000 cars in 350,000. If this is true, it is record sales for the company. Tesla also has a record sales in January 1 of January this year. In 2022, Tesla sold more than 3,100,000 vehicles sold over 31,000 vehicles. Tesla usually goes up at the end of the year. The same year is also reported that Tesla said that Tesla said that it would go up to 3. Tesla will be income in the record of record 3 in District 3. Now, the 3-time disclosure of Tesla must be monitored. Ref: Gizchina

YoteShin Drive

Sign in using google and save to your drive

The Ingenious One E12 CM.mp4

256.37 MB 720p video/mp4 298 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Champions
6.9

IMDb Rating - 6.7/10 Comedey, Drama, Sport ဒီဇာတ်လမ်းလေးကတော့ Basketball ကိုကျောရိုးယူထားပြီး ကြည့်နေတဲ့သူတွေကိုပါ ဟာသဆန်ဆန်နဲ့ စိတ်ကြည်နူးမှုလေး ကို ခံစားစေနိုင်တဲ့ Sportဇာတ်လမ်းလေးကောင်းတစ်ခုပါ။ ဒီဇာတ်ကားမှာတော့ Now You See Me, Vernon, The Hunger Games စတဲ့ရုပ်ရှင်တွေမှာ သရုပ်ဆောင်ထားတဲ့ မင်းသားကြီး Woody Harrelson က နည်းပြ Marcus Marakovich အဖြစ် အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်။ ဇာတ်လမ်းအကျဉ်းချုပ်ကတော့.. Marcus Marakovich ဟာကစားသမားတွေကို လက်ရွေးစင် အသင်းအထိရောက်အောင် လေ့ကျင့်ပေးနိုင်တဲ့ အရည်အချင်း ရှိတဲ့နည်းပြတစ်ယောက်ပါ။ ဒါပေမဲ့ကစားပွဲတွေအတွက် ကစား နည်းပုံစံတွေကိုသာ အာရုံစိုက်လေ့ရှိပြီး အသင်းသားတွေကိုတော့ စိတ်ထဲတောင်မထားတဲ့သူပေါ့။ ဒီလိုလူကတစ်နေ့မှာတော့ အရက် မူးမူးနဲ့ကားမောင်းရင်း ရဲကားတစ်စီးကိုတိုက်မိသွားပါတယ်။ တရားရုံးကသူ့ကို ဉာဏချို့တဲ့နေတဲ့ အသင်းသားတွေကို ရက် ၉၀ ကြာ နည်းပြအဖြစ်လေ့ကျင့်ပေးဖို့ ပြစ်ဒဏ်ချမှတ်လိုက်ပါတယ်။ အသင်းသားတွေကို ဂရုမစိုက်တတ်တဲ့ Marcus တစ်ယောက်က တော့ သေချာဂရုစိုက်ပြီး လေ့ကျင့်သင်ကြားပေးဖို့လိုအပ်တဲ့ အသင်း သားတွေနဲ့ စိတ်ပျက်နေခဲ့ပါတယ်။ ဒါပေမဲ့ တစ်ရက်ထက်တစ်ရက် သူ့အသင်းသားတွေက ထင်ထား တာထက် ပိုပြီးလုပ်နိုင်စွမ်းရှိတာကို သူသတိထားမိလာပါတယ်။ နည်းပြနဲ့အသင်းသားတွေကြားက တစ်ယောက်နဲ့တစ်ယောက် နားလည်မှုယူတဲ့ပုံစံတွေ ..သူတို့တွေ ဘယ်လိုမျိုးကြိုးစား လေ့ကျင့် ယှဉ်ပြိုင်ပြီးအောင်မြင်မှုတွေကို ဘယ်လောက်ထိ ဆွတ်ခူးသွားမလဲ ဆိုတာကို ဒီဇာတ်လမ်းလေးမှာကြည့်ရှူရမှာပါ။ (ဒီဇာတ်လမ်းရဲ့အညွှန်းကို June မှရေးသားပေးပြီး၊ ဘာသာပြန်ရေး သားပေးသူများကတော့ June, EL တို့ဖြစ်ပါတယ်) File Size..........(2.13 GB) / (917 MB) / (527 MB) Quality............WEB-RIP 1080p / 720p / 480p Duration.........2Hr 04Mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Comedy, Drama, Sport Translator.......June, EL Encoder..........Zin Phyo Aung

Action • Crime • Thriller
6.9 2023 124 mins
Champions
The Ultimate Life
7.3

Money is the second god. တဲ့။ တကယ်ပဲ ဘဝမှာ ပိုက်ဆံသာရှိရင် အရာရာပြီးပြည့်စုံရဲ့လား။ သူ့ကြီးပဲလားကွယ့်…ဆားလေးနဲ့ပါဘုရား လို့ အမတ်ကြီးဦးပေါ်ဦး ပြန်ဖြေသလိုပါပဲ၊ ဘဝမှာ ပိုက်ဆံလေးတင် ရှိနေရုံနဲ့ မပြီးပြည့်စုံပါဘူး။ ဘဝအဓိပ္ပာယ်ဖွင့်ဆိုတဲ့နေရာ လူအချင်းချင်း သဘောထားမတူနိုင်ပေမယ့်လည်း သေချာတာကတော့ ငွေကြေးနဲ့တင် ဘဝအဓိပ္ပာယ်ကို တန်ဖိုးပိုင်းဖြတ်လို့မရပါဘူး။ ဒီဇာတ်လမ်းထဲမှာ ဂျေဆန်စတီဗင်ဟာ သူ့အဘိုးဆီကနေ အမွေဆက်ခံပြီးနောက်မှာ တစ်ခြားမိသားစုဝင်တွေရဲ့ မလိုလောဘတိုက်ခိုက်မှုတွေကို ကာကွယ်ဖို့ ကြိုးစားနေရတယ်။ တစ်ဖက်မှာတော့ ဂျေဆန်ဟာ သူ့ချစ်သူနဲ့ ပြဿနာပေါ်လာပါတော့တယ်။ ဒီဘဝပြဿနာကို ဖြေရှင်းနိုင်ဖို့ သူ့အဘိုးရဲ့ နေ့စဉ်မှတ်တမ်းကနေ အကြံပေးမှုရယူဖို့ ဖြစ်လာပါတော့တယ်။ သူ့အဘိုးရဲ့ ဘဝမှတ်တမ်းကနေ ဘယ်လိုသင်ခန်းစာတွေ သင်ယူသွားနိုင်မလဲ ဆိုတာကို ကြည့်ရှုလိုက်ကြပါဦးနော်။ The Ultimate Gift ၊ The Ultimate Life ၊ The Ultimate Legacyဆိုပြီး The Ultimate Trilogy ထွက်ရှိထားတာထဲက The Ultimate Life ကို CM ပရိတ်သတ်တွေအတွက် ဘဝသင်ခန်းစာလေးတွေ ရယူနိုင်ကြဖို့ ရည်ရွယ်ရင်း တင်ဆက်ပေးလိုက်ပါပြီ။ ( ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားသူက Orika ဖြစ်ပါတယ် ) File size…2.06GB / 874.6MB Quality…Blu-Ray 1080p 5.1CH/ 720p Format…mp4 Duration….1h 45m Genre ..... Drama , Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Orika

Comedy • Romance
7.3 2013 105 mins
The Ultimate Life
Gaslight
5.7

Gaslight (2023) IMDb-6.0/10 ဆန်းဆန်းပြားပြားသည်းထိတ်ရင်ဖိုကြိုက်တဲ့သူတွေအတွက် ဆာရာလေးအဓိကပါ၀င်ထားပြီး မင်းသားကြီး Rahul Dev ၊ အမေရိကန်နိုင်ငံဖွား မင်းသားချောလေး Akshay Oberoi ၊ အကောင်းဆုံးအမျိုးသမီးဇာတ်ဆောင်ဆုရ Chitrangda Singh တို့လို ဝါရင့်သရုပ်ဆောင်ကြီးတွေပါ ပါ၀င်ထားတဲ့ကားပါ ဇာတ်လမ်းအညွှန်း နန်းတော်ကြီးကနေ အတော်ကြာထွက်ခွာသွားတဲ့ မင်းသမီးလေးမီရှာဟာ ဖခင်ရဲ့စာတွေကြောင့်ပြန်လာခဲ့ပါတယ် သူနန်းတော်ပြန်ရောက်ချိန်မှာတော့ သူ့ဖင်ဘုရင်ကြီးရှိမနေပါဘူး အဲဒီအစား အိမ်‌မက်ယောင်လို သူ့အဖေရဲ့အရိပ်အယောင်တွေသာ သူမြင်တွေ့နေရပါတယ် ဘယ်သူ့ကိုမေးမေး သူ့အဖေပျောက်နေတယ်ဆိုတာကလွဲ ဘာမှမဖြေကြပါဘူး နန်းတော်ကနေဘုရင်တစ်ပါးလုံးပျောက်နေတာတောင် ဘာမှမသိကြတဲ့အသိုင်းအဝိုင်းကြားမှာ မီရှာတစ်ယောက်တည်းဘယ်လိုအဖြေရှာစုံစမ်းမလဲ ‌သူ့ဘေးမှာရှိနေတဲ့လူတွေကရော ဘာကြောင့်မသိကြတာလဲ နန်းတို့ရဲ့ထုံးစံအတိုင်း မိတ်ဆွေကောင်းဘယ်သူလဲ ဇာတ်သိမ်းခါနီးထိမသိရပဲ လျှို့ဝှက်မှုပေါင်းများစွာနဲ့ကြည့်ရှူရမယ့်ကားဖြစ်ပါတယ် File size…1.4GB / 511MB Quality…1080p WEB DL /720p Format…mp4 Duration…. Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Yunni~BpL~Khin Khin

Drama • History • War
5.7 2023 111 mins
Gaslight
The Grand Budapest Hotel
8.1

IMDb - 8.1/10_____Rotten - 91% Won 4 Oscars. Another 130 wins & 225 nominations. ဒီရုပ်ရှင်အကြောင်းမပြောခင် ဒီရုပ်ရှင်ကားနဲ့ ရခဲ့တဲ့ Award တွေ အရင်ပြောပြပါမယ်... 1. Best Achievement in Costume Design 2. Best Achievement in Makeup and Hair styling 3. Best Achievement in Music Written for Motion Pictures, Original Score 4. Best Achievement in Production Design ဆိုတဲ့ အော်စကာ ဆု လေးဆု ရရှိခဲ့ပြီး တစ်ခြား Award များစွာကိုလဲ ရရှိပိုင်ဆိုင်ထားပါတယ်... ဒီရုပ်ရှင် ကြည့်နေတုန်းမှာ မျက်လုံးကို အနားမပေးပါနဲ့ ဆံပင်ဒီဇိုင်း ဆက်တင်အခန်းအနား မျက်နှာအမူရာတွေကို မလွတ်တန်း လိုက်ကြည့်နေပါ အဖိုးတန်လွန်းပါတယ်... သင်ဟာ ပုံပြင်နားထောင်ရတာ ကြိုက်တယ်ဆိုရင် ပိုသင့်တော်ပါမယ် ဘာလို့ ဆိုတော့ ပုံပြင်ကောင်းတစ်ပုဒ်ကိုနားထောင်နေရတဲ့ အတိုင်း ဇတ်လမ်းကို ပြောပြနေလို့ပါ... ဒီရုပ်ရှင် ရဲ့ အဓိက နေရာကတော့ Grand Budapest ဆိုတဲ့ ပန်းရောင် အဆင်းချယ်ထားတဲ့ ဟိုတယ်ကြီး ဖြစ်ပြီး.... အဓိက ဇတ်ကောင်ကတော့ ဟိုတယ်အုပ်ချူပ်သူ ဂူစ်စတေ့စ် နဲ့ သူ့ရဲ့ တပည့်ကျော်လေး ဧည့်ကြို ဇီးရိုး တို့ပဲ ဖြစ်ပါတယ်... ဒီဇတ်လမ်းကို သင်ကြည့်နေတုန်း ဂူစ်စတေ့စ် နဲ့ ဇီးရိုး ရဲ့ ရာဇဝင်ကို ခန့်မှန်းမိအုံးမှာမဟုတ်ပါဘူး ဇတ်လမ်း ရဲ့ ၃ ပုံ ၂ ပုံ ရောက်ရင် မျက်ရည်သုတ်ရမှာမို့ လက်ကိုင်ပုဝါလေးတော့ ဆောင်ထားပါ.... အစပိုင်း အခန်းတစ်ချို့မှာ 18+ အခန်းတစ်ချို့ ဖြတ်ခနဲ ပါတာကလွဲရင် မိသားစု ကြည့်လို့ အဆင်ပြေတဲ့ ရုပ်ရှင်ကား ဖြစ်ပေမယ့် နားလည်လွယ်ဖို့ ခက်ပါတယ် ပေါတောတော ကားတွေ ကြည့်နေတဲ့ သူတွေ အဖို့ နားမလည်ပေမယ့် စဉ်းစားတက် တွေးတက် တဲ့ သူတွေ အတွက်ကတော့ လက်မလွှတ်နိုင်တဲ့ ရုပ်ရှင်ကားကောင်း တစ်ကား ဖြစ်ကြောင်း အာမခံပါတယ်... ဒီဇတ်လမ်း ရဲ့ အကြောင်းကို နည်းနည်းလေးမှ ရှင်းမပြချင်ပါဘူး ဘာဖြစ်လို့လဲ ဆိုတော့ ပြောပြလိုက်ရင် ကြည့်ရတဲ့ နေရာမှာ အရသာ ပျက်သွားမှာ ဆိုးလို့ပါ အဓိက အချက်ကတော့ ဂူစ်စတေ့စ် နဲ့ ဇီးရိုး တို့ ရဲ့ ကမောက်ကမ စွန့်စားခန်းတွေက ပေါတောတော မဆန်ပဲ ရယ်ရတာရယ် ဆရာတပည့် ၂ ယောက်ရဲ့ သံယောဇဉ် တစ်ခုရယ် အချစ်တွေ ဟာသတွေ သစ္စာရှိမှု နဲ့ အလွမ်းအဆွေး တွေ တစ်နေရာထဲမှာ ခံစားလို့ရမှာ ဖြစ်တဲ့အတွက်ပါ အခုပဲ Channel Myanmar ကနေ တဆင့် ကြည့်ရှုလိုက်ပါတော့.... ဒီရုပ်ရှင်ကားကို ဘာသာပြန်ပေးထားသူကတော့ Archi Thang Gyi ဖြစ်ပါတယ် File size - ( 944 MB ) Quality - BluRay Rip Format - MP4 Duration -1h 40m Subtitle - Myanmar Subtitle Translator - Archi Thang Gyi Encoder - Thit San Khant

Action • Drama
8.1 2014 100 mins
The Grand Budapest Hotel
Countdown
6.3

ဂျက် အဖြစ် Peach Pachara ဘီ အဖြစ် Toey Jarinporn ဖန် အဖြစ် Peak Pattarasaya ဇာတ်လမ်းအကျဉ်း ဖန်၊ဘီနဲ့ ဂျက်တို့က နယူးယောက်က တိုက်ခန်းတစ်ခုမှာ တူတူနေကြတဲ့ သူငယ်ချင်းတွေပါ နှစ်သစ်ကူးညရောက်မယ့်အချိန်မှာ ဂျက်က သူမူးယစ်ဆေးဝယ်နေကျ လူက ဆက်မရောင်းတော့တာမို့ အရောင်းအဝယ်သမားရဲ့ ဖုန်းနံပတ်ကို တောင်းလာခဲ့ပါတယ် ဖုန်းနံပတ်က နောက်ဆုံးဂဏန်းပျောက်နေခဲ့ရာက ၃ ဂဏန်းထည့်ဆက်ကြည့်ရင်း သူတို့သုံးယောက်ဆီ လူတစ်ယောက်က ဆေးတွေနဲ့ ရောက်လာခဲ့ပါတယ် နှစ်ကူးညမှာ ဆေးသုံးကြရင်း လူစိမ်းရဲ့ မူမမှန်မှုတွေကို သတိထားမိရာက ဖုန်းနံပတ်ရဲ့ လိုနေတဲ့ဂဏန်းက ၃ မဟုတ်ဘဲ ၈ ဖြစ်နေတာ သိသွားခဲ့ပါတယ် ရောက်နေတဲ့ လူစိမ်းကရော ဘယ်သူလဲ ဘာအတွက် ရောက်နေတာလဲ ဖန် ဘီ နဲ့ ဂျက်တို့မှာရော ဘာတွေလျှို့ဝှက်ထားတာရှိနေတာလဲ နှစ်ကူးညမှာ ဖုန်းနံပတ်မှားရာက သူတို့ရဲ့ဘဝတွေ ဘာတွေများပြောင်းလဲသွားမလဲဆိုတာ ကြည့်ရှုရအောင် ။ File Size__(1.9GB) / (920MB) Quality__WEB-DL_1080p, 720p IMDb Rating__6.3/10 Format__mp4 Duration__01:30:00 Type__Horror, Mystery, Thriller Subtitle__Myanmar Subtitle (Hardsub) Translated by LiNiLi Encoded by Naing Aung Latt

Action • Crime • Thriller
6.3 2012 86 mins
Countdown
Vanished: Searching for My Sister

ဗမာကားတွေထဲမှာ ရဲမြဝင်းတို့အဖွဲ့က နောက်ဆုံးမှရောက်လာတတ်သလိုမျိုးပဲ ညီမဖြစ်သူရဲ့လူပျောက်မှုကို အိစိအိစိ လိပ် speed နဲ့ကိုင်တွယ်နေတဲ့ မူရိကားစုံထောက်တွေကြောင့် စိတ်မရှည်တော့တဲ့အစ်မဖြစ်သူက ကိုယ်တိုင်ဝင်အမှုလိုက်တဲ့ကားလေး လာပါပြီ။ ဇာတ်လမ်းအကျဉ်းကိုပြောပြရမယ်ဆိုရင်တော့ ကေလာနဲ့ဂျေဒါဟာ အမြွှာညီမနှစ်ယောက်ဖြစ်ပြီး သူတို့ရဲ့ခက်ခဲတဲ့ငယ်ဘဝကြောင့် အစ်မဖြစ်သူဂျေဒါက ကေလာ့ကို အလိုလိုက်သည်းညည်းခံတဲ့သူဖြစ်ပါတယ်။ ဒီလိုနဲ့ညီမဖြစ်သူကေလာက သူ့သမီးလေးကိုလာထားပြီး မပြောမဆိုပျောက်သွားတဲ့အခါမှာတော့ ဂျေဒါခေါင်းမီးတောက်ရပါတော့တယ်။ သူ့ညီမက ကိုယ်ကျင့်တရားပိုင်းမှာ သိပ်ပြီးယုံကြည်ရလောက်တဲ့သူမဟုတ်ပေမဲ့ သမီးဖြစ်သူကိုထားပြီး အကြာကြီးထားမသွားဖူးတာမို့ တစ်ခုခုမှားနေပြီဆိုတာကို ဂျေဒါကသိခဲ့ပါတယ်။ စုံထောက်တွေကလည်း သူ့အမြင်မှာ အရမ်းကိုစိတ်အေးလက်အေးနိုင်နေတာမို့ ဂျေဒါ့အနေနဲ့ သူ့ညီမကိုရှာဖွေဖို့ အမှုထဲကိုကိုယ်တိုင်ဝင်ပါခဲ့ပါတော့တယ်။ ဒီဇာတ်ကားက Thriller အမျိုးအစားပေမဲ့ သိပ်ပြီးခြောက်ခြားစရာမကောင်းဘဲ Detective ဆန်တာမို့ လက်ကိုင်ပြီးကြည့်စရာမရှိတဲ့သူတွေလည်း တစ်ယောက်တည်းကြည့်လို့ရပါတယ်ခင်ဗျာ။ File size…(1.81GB) / (`779MB) / (421MB) Quality…. Web 1080P / 720p / 480p Format…mp4 Duration….01:55:00 Genre… Action / Crime / Horror Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Mariposa

Action • Adventure
0 2022 85 mins
Vanished: Searching for My Sister
Summer Palace
7.1

Summer Palace (2006) ~ IMDb – 7.1/10, Rotten Tomatoes – 72% ~ Directed By “Lou Ye” Summer Palace ဟာ ထူမန်ဆိုတဲ့ တရုတ်နဲ့မြောက်ကိုရီးယားနယ်စပ် နယ်ဘက်ကျေးဘက်က မြို့ကလေးက ယုဟုန်ဆိုတဲ့ ဆယ်ကျော်သက်မကလေးရဲ့ အချစ်နဲ့ဘဝဇာတ်ကြောင်းလို့ ပြောရမလိုလိုပဲ။ ဇာတ်ကို ၁၉၈၀နှောင်းပိုင်းလောက်မှာ စထားတယ်။ အဲဒီကာလမှာ ဒီဇာတ်လမ်းရဲ့ အဓိကဇာတ်ကောင် ယုဟုန်ဟာ ပေချင်ကောလိပ်ဝင်ခွင့်ရပြီး နယ်မြို့လေးကနေ ပေကျင်းကို တက်ဖို့အကြောင်းဖန်လာတယ်။ တရုတ်အစိုးရကို ကြောက်လို့ တကယ်မရှိတဲ့ ကောလိပ်နာမည်သုံးထားတာပေမဲ့ ပေကျင်းတက္ကသိုလ်ကိုပဲ ရည်ညွှန်းတယ်ပြောတယ်။ သူ့ရည်းစားကောင်လေးကတော့ နယ်မှာပဲ ကျန်ရစ်ခဲ့တယ်။ ဆယ်ကျော်သက်တွေ သဘာဝအတိုင်း ပေကျင်းကိုမသွားခင် ကောင်မလေးနဲ့ ကောင်လေး လက်တည့်စမ်းကြတယ်။ Lou Ye ဟာ ရှေ့ကရိုက်ခဲ့တဲ့ကားတွေအတိုင်းပဲ ဝတ်လစ်စားလစ်အခန်းတွေ တော်တော်သုံးထားတယ်။ အထူးသဖြင့် ယောက်ျားလေး ဝတ်လစ်စားလစ်တွေဘက် ပိုပြတယ်။ Lou Ye ရဲ့လိင်မှုခန်းတွေဟာ ပီပြင်သမှုနဲ့ နာမည်ကျော်ပြီးသားဆိုတော့ ထွေထွေထူးထူးတော့ ပြောစရာမလိုပါဘူး။ Summer Palace ရဲ့ လိင်မှုခန်းတွေကတော့ ဒီတိုင်းတင်မဟုတ်ဘဲ နိုင်ငံရေးအခြေအနေတွေကိုပါ ပုံဖော်ထားတယ်လည်း ပြောကြတယ်။ ” နွေညနေခင်းမှာတိုက်တဲ့ လေပြေလို ဆိုင်းမဆင့်ဗုံမဆင့်ဆိုက်ရောက်လာတတ်တဲ့ အရာတစ်ခုရှိတယ်။ အဲဒီအရာက လူကို မိုးမမြင်လေမမြင်ဖြစ်အောင်လုပ်နိုင်ပြီး ပူလောင်ခြင်းတွေနဲ့ ထားခဲ့တတ်တယ်။ အဲဒီအရာက ကိုယ့်နောက်ကို အရိပ်လိုလိုက်နေတတ်ပြီး အဲဒီအရာကို ဘယ်လိုမှ ထိန်းချုပ်လို့မရဘူ။း အဲဒီအရာကို ဘာပါလို့တော့ ကျွန်မတပ်အပ်မသိဘူး။ အဲဒီအရာကို ကျွန်မ အချစ်လို့ပဲ အမည်တပ်ပေးနိုင်တယ် “ ကောင်မလေးက စိတ်ကစားတယ်ပဲပြောရမလား သူ့အချစ်ကိုခံယူပုံကပဲ ထူးခြားတယ်ပဲ ပြောရမလားတော့ မသိဘူး။ တက္ကသိုလ်ရောက်တော့လည်း တခြားကောင်လေးတစ်ယောက်နဲ့တွဲတယ်။ ပထမကောင်လေးနဲ့တုန်းက ငယ်သေးလို့လားမသိ ခံစားချက်သိပ်မများဘူးလို့ထင်ရပေမဲ့ ဒီဒုတိယကောင်လေးနဲ့ကျ ကောင်မလေးဟာ တော်တော်လေး ခံစားတတ်လာသလို ကောင်လေးကြောင့် ခံစားရတာတွေလည်းများလာတယ်။ ဒါကို သူ့ Monologue အရှည်ကြီးတွေနဲ့ ပြသွားတယ်။ ထူးတာက ဒီထဲက မိန်းကလေးဇာတ်ကောင်ဟာ ရုပ်ရှင်ဇာတ်ကောင်တစ်ခုဆိုတာထက် ကျွန်တော်တို့ ကြုံနေမြင်နေရတဲ့ မိန်းကလေးတွေနဲ့ စိတ်နေသဘောထား ဘာညာ တော်တော်တူတယ်။ သူ့ Monologue တွေအရဆိုလည်း ဒီအချက်က ပိုသိသာတယ်။ ဒီအတွက် တွဲဖက်အမျိုးသမီးဇာတ်ညွှန်းဆရာမတွေရဲ့ ကျေးဇူးလည်း မကင်းလောက်ဘူး။ ဒီကားရဲ့ ဇာတ်အိမ်ထက် ဇာတ်ကောင်က ပိုအဓိကကျနေတဲ့အတွက် မြင်နေကြုံနေကျ မိန်းကလေးဇာတ်ကောင်မျိုးကို ပေးနိုင်တာကိုက သူ့အရသာဖြစ်နေလိမ့်မယ်။ နောက်ကောလိပ်တက်နေတဲ့ ဇာတ်ကောင်တွေရဲ့ လူငယ်တို့ဘာသာသဘာဝ ကတောက်ကဆတွေ ဝေးကွာခြင်းတွေကို ဆက်ပြတယ်။ ဒီလိုပြတဲ့နေရာမှာ သူက နိုင်ငံရေးစွတ်လာတယ်။ ၁၉၈၉မှာ ဖြစ်ခဲ့တဲ့ တရုတ်ပြည်ရဲ့ နာမည်ကျော် ထျန်းအန်းမင် အရေးအခင်း ဖြစ်နေတဲ့ကာလနဲ့ ဆက်စပ်ပြသွားတယ်။ ငါတို့နိုင်ငံမှာ ငါတို့ဟာ အကျဉ်းသားတွေပြန်ဖြစ်နေတာကို ကမ္ဘာကသိစေချင်တယ်ဆိုပြီး ပီကင်းတက္ကသိုလ်က ဆရာမတစ်ယောက်က ဒီအရေးအခင်းမှာ ဟောပြောခဲ့သလို လူ ၃၀၀၀လောက်သေခဲ့တဲ့ အရေးအခင်းကြီးပေါ့။ Lou Ye ဟာ အရေးအခင်းနဲ့ လူငယ်တွေရဲ့ ဘဝရဲ့အပြောင်းအလဲတွေကို ယှဉ်တွဲပြသွားခဲ့သလို ဒီရုပ်ရှင်ကို ဝေဖန်ရေးဆရာတွေကတော့ နိုင်ငံရေးနဲ့ ကိုယ်ရေးကိုယ်တာကို အလှပဆုံးရောစပ်ထားတဲ့ ရုပ်ရှင်လို့လည်း ဆိုကြတယ်။ ဒီရုပ်ရှင်ထဲက ကောလိပ်ကျောင်းသားဘဝတွေဟာ ကြည်နူးစရာတစ်ကွက်မှမမြင်မိပေမဲ့ ကောလိပ်ကျောင်းသားဘဝရဲ့ အငွေ့အသက်ကို ရနေတယ်ဆိုတာတော့ ငြင်းမရဘူး။ Zhang Yimou တို့၊ Chen Kaige တို့ မျိုးဆက်အလွန် Jia Zhangke တို့၊ Wang Xiaoshuai တို့၊ Lou Ye တို့ရဲ့ ၆ဆက်မြောက်ထဲ Lou Ye ဟာ ဒီမျိုးဆက်ရဲ့အထင်ရှားဆုံးလူတွေထဲ ပါပါတယ်။ Summer Palace ဟာလည်း သူ့ရဲ့အထင်ရှားဆုံးကားတွေထဲပါတယ်။ ထုံးစံအတိုင်း တရုတ်ပြည်မက ကားပေမဲ့ ကားကောင်းမှန်သမျှ လိုက်ဘန်းပြီး ပေါ်လစီကားပဲ ခွင့်ပြုတတ်တဲ့ တရုတ်ကြီးတို့ဟာ ထျန်းအန်းမင်အရေးအခင်းက Footage တွေကို သုံးထားတဲ့အတွက် ဒီကားကိုဘန်းလိုက်ပြန်တာပါပဲ။ ဒါပေမဲ့လည်း ဒီကားထဲက အချက်အလက်တော်တော်များကတော့ လှီးလွဲသုံးထားတာတွေပါ။ အဲဒီခေတ်မှာ တကယ်မရှိသေးတဲ့ အရာတွေလည်းပါသလို တကယ်မရှိတဲ့နေရာတွေလည်း ပါနေပြန်တာပါပဲ။ ဒါတောင် အပိတ်ခံရပါတယ်။ Lou Ye ဟာ တစ်ကားရိုက်တစ်ကားဆိုသလို အကြောင်းမျိုးစုံပြပြီး တရုတ်အစိုးရ ရိုက်ခွင့်ပိတ်နေရတဲ့ ဘဲပါပဲ။ ဒီကားအပြီးလည်း ငါးနှစ်ထပ်အပိတ်ခံခဲ့ရပါတယ်။ မတတ်နိုင်ခြင်းတွေနဲ့ ကြည့်နေရတဲ့ ကျွန်တော်တို့ခေတ်ထဲ ဖောခြင်းသောခြင်း စီးဆင်းနေတဲ့အရာတွေဟာ ဝေးကွာခြင်းတွေပဲဆိုတော့ တချို့အတွက်တော့ ဒီရုပ်ရှင်ဟာ အနည်းနဲ့အများ တိုက်ဆိုင်နေမှာပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.2GB, 1GB Quality – 1080p, 720p IMDb Rating – 7.1/10 Format – mp4 Duration – 2H 38Min Genre – Drama, Romance Subtitle – Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

7.1 2006 135 mins
Summer Palace
James and the Giant Peach
6.7

James and the Giant Peach (1996) Genre – Animation, Adventure, Family IMDB – 6.7/10 “ဧရာမ မက်မွန်သီးကြီးတစ်လုံးနဲ့ ကောင်လေးတစ်ယောက်မှ ပိုးကောင်လေးတွေနဲ့အတူ နယူးယောက်မြို့သို့ စွန့်စားခန်းထွက်တော်မူခန်း….” Animation စတိုင်ပေါင်းစုံ ရှိတဲ့ထဲမှ Stop-motion စတိုင် ကြိုက်တဲ့လူဆို အရင်ခေတ်က ဒီကားဟောင်းလေးကို ကြည့်သင့်တယ်လို့ ညွန်းပေးလိုက်ပါရစေ။ Stop-motion စတိုင်ဆိုတာ ဘယ်လိုမျိုးလဲ ဥပမာပေးရရင်တော့ Kubo and the Two Strings တို့ Corpse Bride တို့ဆိုရင် သိကြမယ်ထင်ပါတယ်ဗျ။ ဒီ ဒါရိုက်တာ Henry Selick ဆိုရင်လည်း နာမည်ကျော် The Nightmare Before Christmas တို့ Coraline တို့ကို ရိုက်ခဲ့တဲ့လူဖြစ်ပြီး Little Nightmare ဆိုတဲ့ ချစ်စရာတစ်ဖြစ်လဲ ကျောချမ်းစရာ P4 ဂိမ်းလေးကိုလည်း ဖန်တီးပေးထားတဲ့လူတစ်ယောက်ပါ။ ဇာတ်လမ်းကလည်း နာမည်ကျော်ဖြစ်တဲ့ Charlie and the Chocolate Factory တို့ BFG တို့လို ဝတ္ထုတွေကို ရေးသားခဲ့တဲ့ ဗြိတိသျှစာရေးဆရာကြီး Roald Dahl ရဲ့ ဝတ္ထုကိုပဲ မှီငြမ်းထပ်တူပြု ရိုက်ကူးထားတာပါ။ ဘယ်လောက် Fantasy ဆန်မလဲ စဉ်းစားသာ ကြည့်လိုက်ပါတော့။ ဇာတ်လမ်းလေး အကျဉ်းချုပ်ပြောရမယ်ဆို ဂျိမ်းစ်ဆိုတဲ့ကောင်လေးက မိဘဖြစ်သူကို ဆုံးပါးလိုက်ပြီး အင်မတန် နှိပ်စက်တဲ့ အဒေါ်နှစ်ယောက်ရဲ့လက်အောက်မှာ နေနေရတာပေါ့။ မိဘတွေရှိစဉ်က အတူတူမက်ခဲ့တဲ့ အိပ်မက်လေးကတော့ မြို့တော်ကြီး နယူးယောက်ကို အတူတူသွားကြဖို့ပဲ ဖြစ်ပါတယ်။ ဒီလိုနဲ့ ပိုးကောင်တွေကိုမုန်းတဲ့ အဒေါ်တွေနဲ့ နှိပ်စက်ခံပြီး နေနေရချိန်မှာ တစ်ရက်ကျ ထူးဆန်းတဲ့ လူကြီးတစ်ယောက်နဲ့ တွေ့ပြီး ဒီလူကြီးက မိကျောင်းလျှာလို့ ခေါ်တဲ့ ထူးထူးဆန်းဆန်း အစိမ်းရောင်လေးတွေ ပေးသွားခဲ့ပါတယ်။ ဒီအရာလေးတွေကြောင့် အပင်ပေါ်က မက်မွန်သီးတစ်လုံးက နဂိုမူလအရွယ်ကနေ ဧရာမအကြီးကြီး ဖြစ်သွားခဲ့ပါတယ်။ သူ့အဒေါ်တွေက ဒါကြီးကို ပြစားနေတုန်း ဂျိမ်းစ်တစ်ယောက် မက်မွန်သီးထဲရောက်သွားပြီး ပိုးကောင်တွေဖြစ်တဲ့ ပင့်ကူ၊ ကင်းခြေမျှား၊ ဓားခုတ်ကောင်၊ တီကောင်၊ လေဒီဘတ်ဂ်၊ ပိုးစုန်းကြူး စသဖြင့် အဖော်တွေ ရပြီး ဒီလူတွေနဲ့အတူ အဒေါ်တွေလက်ကနေ နယူးယောက်ကို ဘယ်လို စွန့်စွန့်စားစွား ထွက်ပြေးကြရမလဲဆိုတာ ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်။ File size… 1.6 GB / 717 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 19m Genre ….. Animation/Adventure Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Thura Aung

Science Fiction • Fantasy • Horror
6.7 1996
James and the Giant Peach
Georgia Rule

ဒီတစ်ခေါက် တင်ဆက်ပေးမှာကတော့ 2007 က ထွက်ရှိခဲ့တဲ့ Comedy, Drama ရုပ်ရှင်လေးဖြစ်ပါတယ်။ ဆယ်ကျော်သက် ဂျစ်ကန်ကန်ကောင်မလေး Rachel ကို ကောလိပ်မတက်ခင် နွေရာသီမှာ အဘွားနေဖို့ အမေနဲ့ ပထွေးဖြစ်သူက Idaho ကို ပို့လိုက်ပါတယ်။ အဘွားဆိုတာက အမေနဲ့လည်း အဆင်မပြေ Rachel ကိုယ်တိုင်ကလည်း လေးနှစ်သမီးမှာ တစ်ခါပဲ တွေ့ဖူးသူပါ။ စည်းကမ်းတွေများပြီး ထမင်းတောင် အချိန်မှန်စား၊ အိပ်ရင်လည်း အချိန်မှန်အိပ်တတ်သူ အဘွားနဲ့ အဆိုးအသွမ်းလေး ရေချယ်တို့ တစ်မိုးအောက်မှာ အတူနေဖို့ အကြောင်းဖန်လာတဲ့အခါ …. ဆယ်ကျော်သက်ပီပီ အာရုံစိုက်ခံရဖို့ ဘာမဆိုလုပ်တဲ့ Rachel တစ်ယောက် ပစ်ထားခဲ့တဲ့ အမေနဲ့ ပထွေးကို လက်စားချေဖို့ ဘယ်လိုတွေ မွှေဦးမလဲဆိုတာကိုတော့…. နီးလွန်းရင် မမြင်ဘူးဆိုတဲ့အတိုင်း မိသားစု အချင်းချင်း ပေးဆပ်ချစ်နေပေမဲ့ တစ်ယောက်အချစ် တစ်ယောက် မမြင်နိုင်ကြတဲ့ Georgia, Lily , Rachel ဆိုတဲ့ မြေးအဘွား သုံးယောက်ရဲ့ တိတ်တိတ်လေး ဖြည့်ဆည်းပေးတတ်ကြတဲ့ အချစ်ကို သရုပ်ဖော်ထားပါတယ်။ ဒီရုပ်ရှင်မှာ မမ Lindsay Lohan က ခပ်ဆိုးဆိုးဆယ်ကျော်သက်ကောင်မလေး Rachel အဖြစ် သရုပ်ဆောင်ထားပြီး အရက်စွဲပြီး ယောက်ျားအပေါ် ရူးသွပ်နေတဲ့ အမေ Lily အဖြစ် Felicity Huffman စည်းကမ်းကြီးပြီး ဘာသာရေးကိုင်းရှိုင်းတဲ့ အဘွား Georgia အဖြစ် Academy, Oscar ဆုတွေ အများကြီး ရထားတဲ့ ဝါရင့် မင်းသမီးကြီး Jane တို့က ပိုင်ပိုင်နိုင်နိုင် သရုပ်ဆောင်ထားပါတယ်။ ဆယ်ကျော်သက် ကောင်မလေးအနေနဲ့ လုံးဝ မိမိုက်နေတဲ့ မမ Lindsay Lohan ရဲ့ အလှအပတွေ၊ ပါဝင်ထားတဲ့ သရုပ်ဆောင်တွေရဲ့ အပိုအလိုမရှိ သရုပ်ဆောင်ချက်တွေနဲ့ နွေအပူမှာ ရင်အေးစေမယ့် ဒီရုပ်ရှင်လေးကို ခံစားကြည့်လိုက်ကြပါဦးနော် ဘာသာပြန်နဲ့ အညွှန်းကို Juno Saurus ရေးသားထားပါတယ်။ File size… 1.7 GB / 716 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 53m Genre ….. Comedy/Drma Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Juno Saurus

0 2007 113 mins
Georgia Rule
Vanquish
5.5

၂၀၂၁ မှာ ထွက်ရှိခဲ့တဲ့ Vanquish ဇာတ်ကားဟာ နာမည်ကျော်သရုပ်ဆောင် Morgan Freeman အဓိက ပါဝင်သရုပ်ဆောင်ထားတဲ့ Action ကားကောင်းလေး တစ်ကား ဖြစ်ပါတယ် ဇာတ်လမ်းအကျဉ်းလေးပြောရမယ်ဆိုရင် Morgan Freeman သရုပ်ဆောင်ထားတဲ့ ဒေမွန်ဆိုတဲ့ ဇာတ်ကောင်က အကျင့်ပျက် ရဲဗိုလ်ချုပ်ဟောင်း တစ်ယောက်ဖြစ်ပြီး ဒုစရိုက်မှုတွေကို ဦးစီးလုပ်ကိုင်နေသူပါ. တစ်ရက်တော့ သူ့ရဲ့ မကောင်းမှုတွေ သူ့နောက်လိုက်လာတော့မလို ဖြစ်တဲ့အချိန်မှာ သူ့အိမ်က သူ့အတွက် အလုပ်လုပ်ပေးတဲ့ ကောင်မလေးနဲ့သူ့သမီးကို သူ ဘယ်လို အသုံးချမလဲ. အဲ့ကောင်မလေးကရော အတိတ်သမိုင်းတွေ ဘယ်လိုရှိပြီး ဒေမွန်ကို ဘယ်လို ဆက်ဆံမှာလဲ စတာတွေကို တစ်ကားလုံး အပစ်အခတ်တွေ လှည့်ကွက်တွေကြားမှာ ကြည့်ရှုခံစားရမဲ့ အက်ရှင်ကားကောင်းလေးဖြစ်လို့ ကြည့်ဖြစ်အောင်ကြည့်ဖို့ တိုက်တွန်းပါရစေခင်ဗျ.. File size…1.67GB / 672MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 34m Genre …..Action , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Lin Aung

Romance • Drama
5.5 2021 96 mins
Vanquish
Sharmajee Ki Beti
6.5

Sharmajee Ki Beti (2024) “ရှာမာဟူသော အမျိုးသမီးများ” IMDb 6.5 ရထားတဲ့ ဟင်ဒီ ဟာသဇာတ်လမ်းလေးတစ်ပုဒ်ဖြစ်ပြီး အိန္ဒိယနိုင်ငံမှ တင်ဆက်လို့မကုန်နိုင်တဲ့ အမျိုးသမီးတို့ ဗဟိုပြု female empowerment ရုပ်ရှင်လေးပါ ဒီရုပ်ရှင်လေးမှာ မတူတဲ့အရွယ်သုံးပါးက ရှာမာ အမည်ရှိအမျိုးသမီး ၅ ယောက်ရဲ့ ဘဝ၊ အိပ်မက်နဲ့ အခက်အခဲတို့ကို ဟာသလေးနှောပြီး တင်ဆက်ထားပါတယ် ယောကျာ်းက ချမ်းသာပေမယ့် ဂရုစိုက်မခံရတဲ့ အိမ်ရှင်မ အမျိုးသမီး ကီရန်ရှာမာ၊ တစ်ဖက်မှာကျ ဆရာမအလုပ်နဲ့ လုံးပမ်းနေရလို့ သမီးလေးကို အချိန်မပေးနိုင်တဲ့ ဂျိုတီရှာမာ စီနီယာအမကြီးတွေရဲ့ ရင်သားဖွံ့ထွားမှု၊ ကောင်လေးတွေ အာရုံစိုက်ခံရတာတွေကို အားကျလို့ မိမိကိုယ်ကို အားမလိုအားမရဖြစ်နေကြတဲ့ ၁၄ နှစ်အရွယ်ကျောင်းသူလေးနှစ်ယောက် ငယ်ရွယ်နုပျိုပြီး ထက်မြက်တဲ့အပြင် သည်းသည်းလှုပ်ဂရုစိုက်တတ်တဲ့ ချစ်သူကောင်လေးကို ပိုင်ဆိုင်ထားတဲ့ ခရစ်ကတ်မယ်လေး တန်ဗီတို့ရဲ့ … အလှနဲ့ ဘဝ၊ အခက်အခဲ အကျပ်အတည်းတို့ကို ပေါ့ပါးပါးပါးကြည့်ရမယ့် ဇာတ်လမ်းလေးပဲ ဖြစ်ပါတယ်ခင်ဗျာ အညွှန်းနဲ့ ဘာသာပြန်ကတော့ Cyrah ~ ToMo ~ Alex ~ KKKZ တို့ ဖြစ်ပါတယ်

6.5 2024 115 mins
Sharmajee Ki Beti
#ChadGetsTheAxe
5.6

ChadGetsTheAxe(2022) အခုတစ်ခါ CM ပရိသတ်ကြီးကို တင်ဆက်ပေးချင်တဲ့ horror ကားလေးကတော့ အမြင်လဲဆန်းသလို ပေါက်ကရတွေချည်းပါပဲ ရီပဲရီရမှာလိုလို ကြောက်ပဲကြောက်ရမှာလိုလိုနဲ့ပါ ဇာတ်ကားကိုရိုက်ကူးထားပုံကလည်း POV စတိုင်မို့ ကြည့်ရတာ Reality ဆန်နေမှာပါ ခုခေတ်ကြီးမှာ Live လွှင့်တာတွေ Stream လုပ်တာ လူတွေကို prank လိုက်လုပ်ပေါက်ကရတွေလုပ်ပြီး Like တွေ View တွေ သူတောင်းစားလုပ်တာက Social media မှာ အရမ်းခေတ်စားနေတာပါ ခုဇာတ်ကားထဲမှာလည်း ‌follower လိုချင်လို့ သရဲခြောက်တဲ့နေရာတွေမှာ live လွှင့်ပြီး ပေါက်ကရလုပ်ပြတဲ့ celebrity တစ်သိုက် ဟိုကသရဲက စိတ်တိုပြီး တကယ်ထတီးမလား ဒါမှမဟုတ် View လိုချင်လို့ပဲ အင်ထုနေတာလားဆိုတာ ကြည့်ရှုရင်း သရဲမကြောက်ရတဲ့အပြင် like သူတောင်းစားလေးတွေကို တီးပေးတာကို နှစ်ထောင်းအားရကြည့်ရှုရမှာမို့ လက်မလွှတ်ကြဖို့ အကြံပေးလိုက်ပါတယ် အညွှန်းနဲ့ဘာသာပြန်ကတော့ Saii Thurein Lynn ပဲ ဖြစ်ပါတယ် Genre….. Horror, Comedy Quality…. 1080p WEB-DL | 720p WEB-DL File size… 1.66GB | 879MB Format… mp4 Duration…. 1h 23min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Saii Thurein Lynn Encoder ….. Aaron

5.6 2022
#ChadGetsTheAxe
The Man Who Cried
6.1

The Man Who Cried (2000) IMDb Rating (6.1) / Rotten Tomatoes (35%) ဒီရုပ်ရှင်လေးကတော့ ရုရှားကနေထွက်လာတဲ့ ဂျူးမိန်းမငယ်လေးတစ်ယောက်ဖြစ်တဲ့ ဆူဇီအကြောင်း ရိုက်ကူးထားတာပါ။ ဆူဇီတို့မိသားစုဟာ ရွှေ့ပြောင်းဖို့လုပ်ရင်းကနေ သူ့အဖေနဲ့သူနဲ့ လူချင်းကွဲသွားခဲ့ပါတယ်။ တစ်နေ့မှာ အမေရိကန်နိုင်ငံမှာရှိတဲ့ သူ့အဖေကို ပြန်ရှာမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ သီချင်းအဆိုကောင်းတဲ့ ဆူဇီဟာ ပါရီမြို့ပြဇာတ်ရုံတစ်ခုမှာ အကမယ်တစ်ယောက်ဖြစ်လာပါတယ်။ သူမရဲ့အခန်းဖော်ကတော့ သူ့ရုပ်ရည်ကို အသုံးချပြီး ချမ်းသာတဲ့ သူတစ်ယောက်နဲ့ယူဖို့ ကြံရွယ်နေတဲ့ လိုလာပေါ့ လိုလာက ဝင်ငွေကောင်းတဲ့ နာမည်ကြီးတဲ့ အော်ပရာအဆိုတော် ဒန်တေကို ချိန်နေချိန်မှာ ဆူဇီသဘောကျတာကတော့ ဂျစ်ပစီတစ်ယောက်ဖြစ်တဲ့ ဆီဆာပါ ဒန်တေကတော့ ဂျစ်ပစီတွေ ဂျူးတွေကိုမုန်းတဲ့ မူဆိုလီနီကို ထောက်ခံသူပေါ့.. နောက်ဆုံး ဒုတိယကမ္ဘာစစ်ရဲ့အငွေ့အသက်တွေ ပဲရစ်မြို့အထိရောက်ရှိလာချိန်မှာတော့ သူတို့လေးယောက် ဘာဆက်ဖြစ်ကြမှာလဲ.. ဆူဇီတစ်ယောက် သူချစ်တဲ့ ဆီဆာနဲ့ ဇာတ်သိမ်းမှာ ပေါင်းရမှာလား.. သူ့အဖေနဲ့ရော တွေ့ရမလား..လိုလာကရော ဒန်တေကို ပိုင်ဆိုင်နိုင်ပြီး ဘဝမှာ ပျော်ရွှင်ရမှာလား.. အတ္တသမား ဒန်တေရော ဘာဆက်ဖြစ်မလဲ… ရုပ်ရှင်လေးမှာ ဆက်လက်ရှုစားကြည့်နော်.. (အညွှန်းနဲ့ဘာသာပြန်ကတော့ Bunny ဖြစ်ပါတယ်။) File size… (2 GB) / (1.1 GB) Quality….Blu-Ray 1080p HEVC / 720p Format…. mkv/mp4 Genre….Drama, Music, Romance, War Duration….01:40:37 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Bunny

Drama • Thriller • Mystery
6.1 2000 96 mins
The Man Who Cried
Tori Girl!
6.4

Tori Girl! (2017) **************** IMDb….. 6.4 ဘဝမှာ ဆယ်ကျော်သက်ပီပီ ဘာလုပ်ချင်မှန်း ဘာဖြစ်ချင်မှန်းမသိဘဲ အမှတ်မီပြီး ဝင်ခွင့်အောင်လို့ အင်ဂျင်နီယာကျောင်းတက်ဖို့ ဖြစ်လာခဲ့တဲ့ ယူကီနာဆိုတဲ့ကောင်မလေး။ ပထမဆုံးနေ့မှာ ခင်ခဲ့တဲ့ သူငယ်ချင်းမလေးကို အကြောင်းပြုပြီး လေယာဥ်ကို လူသားစွမ်းအင်နဲ့ လည်ပတ်ပျံသန်းနိုင်‌စေဖို့ ကြိုးစားနေကြတဲ့ ငှက်လူသားစမ်းသပ်အသင်းထဲ ဝင်ဖို့ဖြစ်လာတော့တယ်။ ငှက်လူသားအသင်းရဲ့ လေယာဉ်မှူး ကပ္ပတိန် ခဲအိရဲ့ လူကြီးလူကောင်းဆန်တဲ့ အပြုအမူတွေကြောင့် သဘောကျမိပြီး သူ့ရဲ့တွဲဖက်လေယာဉ်မှူးဖြစ်ဖို့ ကြိုးစားရာကနေ မထင်မှတ်ဘဲ ဆာကဘဆိုတဲ့ ခွေးရူးလို့ လူတိုင်းတင်စားရတဲ့ လူဆိုးလေးရဲ့ တွဲဖက်လေယာဉ်မှူးဖြစ်လာတဲ့အခါမှာတော့.. ကြောင်နဲ့ကြွက်လို မတည့်အတူနေနှစ်ယောက် ပူးပေါင်းပြီး လေယာဉ်ကို ဟန်ချက်ညီညီနဲ့ ထိန်းလို့ ပျံသန်းအောင် လုပ်နိုင်ပါ့မလားဆိုတာ…….. (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ဆိုသူကတော့ KIM ပဲ ဖြစ်ပါတယ်။) File Size : 2.42GB/ 1.14GB Quality : Blu-Ray 1080p 5.1 CH/ 720p Format…mp4 Duration…01:38:03 Genre : Comedy, Youth, Sports Subtitle : Myanmar Subtitle (Hard Sub) Translated by KIM Encoded by Tiff

Action • Crime • Thriller
6.4 2017 97 mins
Tori Girl!
Beauty and the Beast
8

Beauty and Beast (1991) IMDB : 8 Rottern Tomatoes : 95% Genre : Family/Fantasy ကိုယ်တွေ ကလေးဘဝတုန်းက ဘုမသိဘမသိနဲ့ ကာတွန်းကားဆိုပြီးတော့ ကြည့်ခဲ့ကြတဲ့ ဇာတ်လမ်းလေးတွေကို အသက်အရွယ်တစ်ခုရောက်လို့ သိတတ်တွေးတတ်တဲ့ အချိန်မှာ ပြန်ကြည့်မိရင် ရတဲ့ ခံစားချက်က ကလေးဘဝတုန်းက ရိုက်ခဲ့တဲ့ ဓာတ်ပုံတွေကို အိမ်ပြန်တဲ့တစ်ရက်မှာ စိမ်ပြေနပြေ အယ်လ်ဘမ်ကို ပြန်ဖွင့်ပြီး ထိုင်ကြည့်ရတဲ့ ခံစားချက်နဲ့တောင် ခပ်ဆင်ဆင်လို့ ပြောလို့ရတယ်။ တချို့သော ကာတွန်းကားလေးတွေက ဆယ်ကျော်သက်မကလို့ နှစ်ဆယ်ကျော်သွားတောင် ကြည့်ရတဲ့ အရသာပြောင်းလဲမသွားတဲ့ ဘယ်တော့ပြန်ကြည့်ကြည့် အဓိပ္ပါယ်ရှိနေမယ့် ဇာတ်ကားလေးတွေလို့တောင် ပြောလို့ရပါတယ်။ အန်နီမေးရှင်းအရုပ်လေးတွေကို မြင်ရင်ပဲ သဘောကျနေတတ်တဲ့ ကလေးလေးတွေကနေစပြီးတော့ အသက်အရွယ်တစ်ခု ရောက်သွားတဲ့အချိန်ထိတောင် ကျွန်တော်တို့ သဘောတကျနဲ့ ပြန်ကြည့်မိမယ့် အယ်လ်ဘမ်လေးထဲက ဇာတ်ကားလေးတွေကို ရွေးကြည့်စမ်းပါလို့ဆိုရင် (၁၉၉၁)တုန်းက ထွက်ခဲ့တဲ့ “Beauty and the Beast” ဆိုတဲ့ ဒစ်စနေးရဲ့ ဇာတ်ကားလေးကလည်း မပါမဖြစ်ပါလောက်ပါတယ်။ “Beauty and the Beast”(1991)ဆိုတဲ့ ဇာတ်ကားလေးမှာတော့ မြတ်နိုးတန်ဖိုးထားခံရတဲ့ ဘဲလ်ဆိုတဲ့ ဇာတ်ကောင်နဲ့ သွင်ပြင်ဆိုးဆိုး သားရဲကောင်ကြီးတို့ကြားက (သေချာလေး ကြည့်ကြည့်မိရင် သတိထားမိရင်) အဓိပ္ပါယ်တွေများစွာရှိတဲ့ အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပေါ့။ စာဂျပိုးလေးလို့ ပြောလို့ရတဲ့ ဘဲလ်ဟာ သူ့မြို့ငယ်လေးမှာတော့ လူတောမတိုးတဲ့ မိန်းကလေးတစ်ယောက်လို၊ ထူးဆန်းပြီး ကြောင်တောင်တောင်လို့ ထင်မြင်ခံရတဲ့ မိန်းကလေးတစ်ယောက်လို သတ်မှတ်ခံရတဲ့ မိန်းကလေးတစ်ယောက်ပေါ့။ နိစ္စဓူဝငြီးငွေ့စရာ (အဲ့ဒီအချိန်တွေတုန်းက) သတ်မှတ်ထားတဲ့ စံဆိုတာတွေနဲ့ မကိုက်လို့ လူဝင်မဆန့်သလိုဖြစ်နေတဲ့ မိန်းမလှလေး ဘဲလ်နဲ့ လူတွေအဝေးမှာ သီးခြားပုန်းအောင်းရှင်သန်နေတဲ့ ကျိန်စာသင့် သားရဲကောင်မင်းသားလေးတို့ရဲ့ ဇာတ်လမ်းလေးကို ငယ်ဘဝတုန်းက ဇာတ်ကားတွေကို ကြည့်ချင်လာလို့ပဲဖြစ်ဖြစ်၊ စိတ်ပြေလက်ပျောက် အန်နီမေးရှင်းကားလေးတွေ ကြည့်ချင်လို့ပဲဖြစ်ဖြစ် ကြည့်ချင်တဲ့ သူတွေအတွက် CMကနေပြီးတော့ ဟောင်းပေမယ့်လည်း ကောင်းနေဆဲဖြစ်တဲ့ “Beauty and the Beast”ကို တင်ဆက်ပေးလိုက်ရပါတယ်။ File size… 5GB / 1.8 GB / 900MB Quality… Web-DL 4K / 1080p / 720p Format… mp4, mkv Audio… AAC Duration…. 1h 27m Genre ….. Family/Musical Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated… by Doros

Thriller
8 1991 84 mins
Beauty and the Beast