YoteShin Drive is below this article. Scroll down to view.

YouTube testing a feature to view 4K video to premium

Author: Anonymous Published on: 12 Aug 2022

Google is now experimenting with new features in YouTube, one of the most commonly used video streaming platform, the most commonly used video streaming platform. But most of the test features are testing youTube premium using the monthly amount of money. In the past few weeks, Google was trying to add a lot of advertisements before the start of the video from YouTube. Now, there is only one feature to prioritize people who buy more premium. This is a need for premium if you want to view YouTube videos with 4K resolution. Therefore, if you are free using YouTube, you will be able to view 4K, but only 2K or 1440p. Currently, some users are experimenting with this kind of users, and it is not known whether Google will actually act later. Ref & # 8211; Neowin

YoteShin Drive

Sign in using google and save to your drive

The.Imperfects.S01E06.720p.NF.WEB-DL.DDP5.1.(CM).mp4

191.4 MB 720p video/mp4 67 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Me Before You
7.9

Datshin Review : Me Before You (2016) Drama, Romance --- Plot --- . အသက် ၂၆ နှစ်အရွယ်ရှိ Louisa Clark ဟာ စားပွဲထိုးအလုပ်ကနေ ပြုတ်သွားပြီး အတူနေ မိဘနဲ့ ညီမသားအမိကို ထောက်ပံ့ဖို့ လိုတဲ့အတွက် အလုပ်သစ်တစ်ခု အသည်းအသန်ရှာရတဲ့အခါမှာ မသန်စွမ်းတစ်ယောက်ကို စောင့်ရှောက်ရမယ့် အလုပ်ကို လက်ခံခဲ့ပါတယ်။ သူစောင့်ရှောက်ရတဲ့သူက လွန်ခဲ့တဲ့ နှစ်နှစ်က မော်တော်ဆိုင်ကယ် မတော်တဆမှုမှာ တစ်ကိုယ်လုံးသေ (လက်ချောင်းတစ်ချောင်းနှစ်ချောင်းနဲ့ ခေါင်းလောက်ပဲ လှုပ်နိုင်တော့တဲ့) Will Traynor ပါ။ Will ဟာ မတော်တဆမှု မတိုင်ခင်က အောင်မြင်နေတဲ့ လူငယ် ဘဏ်လုပ်ငန်းရှင်လဲဖြစ်ပြီး ချမ်းသာတဲ့မိဘက ပေါက်ဖွားလာလို့ ရုပ်လဲချော ပညာလဲတတ် ကျားကျားယားယားလဲရှိနဲ့ အရာအားလုံး ပြည့်စုံနေတဲ့သူ ဖြစ်ခဲ့သူပေါ့။ ကို့ယို့ကားယား ကြောင်တောင်ကျားတား ဝတ်စားတတ်ပြီး ပေါ့ပေါ့ပါးပါးနေတတ်သူ Lou နဲ့ အရာရာကို စိတ်အချဉ်ပေါက်ပြီး တစ်ချိန်လုံးဒေါသထွက် လောကကြီးကို မကောင်းမြင်နေတဲ့ Will တို့နှစ်ယောက်ရဲ့ ကံကြမ္မာဟာ သူတို့ထင်ထားတာထက်ပိုပြီး ယှက်နွယ်လာခဲ့ကြပါတယ်။ . --- Review --- . Jojo Moyes ရဲ့ Best seller ဝတ္တုကို ပြန်ရိုက်ထားတဲ့ ဒီကားကို သေချာပေါက် ကြိုက်မယ့်လူ ၂မျိုးရှိပါလိမ့်မယ်။ ၁) The Fault in Our Stars လို မငိုငိုအောင် လုပ်ထားတဲ့ ဇာတ်လမ်းမျိုး ကြိုက်တဲ့သူတွေရယ် ၂) British accent ကို ကြိုက်ပြီး အင်္ဂလန်တောတောင်ရေမြေသဘာဝအလှကို ကြိုက်တဲ့သူတွေရယ်။ . ဘယ်နေရာကိုမဆို သွားနိုင်လာနိုင်တဲ့အခွင့်အရေးရှိနေပါရက်နဲ့ ဒီမြို့လေးကလွဲရင် ဘယ်ကိုမှ မသွားချင် မသွားဖူးတဲ့ မိန်းကလေးနဲ့ ကမ္ဘာကြီးရဲ့ အလှအပတွေကို ကိုယ်တိုင်မြင်ဖူးခဲ့ပြီးမှ ဘယ်မှ သွားလို့မရပဲ ဘီးတပ်ကုလားထိုင်ပေါ်မှာပဲ အချိန်ကုန်နေရတဲ့ အမျိုးသားတို့ဟာ တစ်ယောက်နဲ့တစ်ယောက် အားကျနေကြရတာပေါ့။ လူတိုင်းက သူ့ဆို ငပေါ ဉာဏ်ထိုင်းလို သဘောထားတဲ့အပေါ် အသားကျနေတဲ့ Lou ကို အမြဲတမ်းထိပ်ဆုံးမှာပဲ နေချင်တဲ့ Will က အားမရဖြစ်၊ ချမ်းသာပြီး အရာအားလုံးပြည့်စုံ (ကျန်းမာရေးကလွဲ)နေရဲ့သားနဲ့ အားလုံးကလဲ ဝိုင်း ဂရုစိုက်နေရဲ့သားနဲ့ ဂျစ်ကန်ကန်ဖြစ်နေရလားဆိုပြီး Lou က သိပ်သည်းမခံချင်။ ဒါပေမယ့် သံယောဇဉ်တွေ အပြန်အလှန်တွယ်ခဲ့ပြီး Lou ရဲ့ အမြင်တွေ တဖြည်းဖြည်း ပြောင်းလဲလာပြီးမှ ဘာကြောင့် သူ့ကို ခြောက်လပဲ ငှားရမ်းရလဲ ဆိုတာရဲ့ အကြောင်းပြချက်ကို သိသွားတဲ့အခါမှာ Lou ဘက်ကကော Will Traynor ရဲ့ စိတ်ကို ပြောင်းလဲနိုင်ပါ့မလားဆိုတာကတော့ ကိုယ်တိုင်ပဲ ကြည့်ကြည့်ပါတော့။ . အင်္ဂလိပ်ကားတို့ ထုံးစံအတိုင်း ရှုခင်းလှလှလေးတွေ မြင်ကွင်းလှလှလေးတွေနဲ့ လှတပတလေး ရိုက်ထားတာပါ။ နောက်တစ်ခုက မင်းသားမင်းသမီးတွေက မြင်ဖူးနေကြမျက်နှာတွေပါပဲ။ Louisa Clark အဖြစ် GOT ရဲ့ အသည်းကျော် နဂါးမေမေ Emilia Clarke ဖြစ်ပြီး Will Traynor အဖြစ် hottie လေး Sam Claflin တို့ပါ။ နောက် Harry Potter ထဲက Neville Longbottom ဖြစ်တဲ့ Matthew Lewis၊ နောက် Doctor Who series ထဲက Doctor’s Companion လေး Clara Oswald ဖြစ်တဲ့ Jenna Coleman တို့လဲ ပါဝင်ပါတယ်။ နဂါးမေမေပါတယ်ဆိုပြီး GOT ထဲကလိုတော့ မထင်ထားကြပါနဲ့ဦး။ Emilia Clarke တို့ ဒီကားထဲမှာ လုံခြုံချက်များ ဘာဆို ဘာမှ မပေါ်ပါဘူး။ . အချစ်ဇာတ်လမ်းလို့ပြောပေမယ့် ဖက်ရမ်းနမ်းရှုံ့အခန်းတွေတောင် မပါမဖြစ်နေရာလောက်လေးပဲ ပါတဲ့အတွက် ကလေးတွေကြည့်လို့ရပါတယ်။ တစ်ခုပဲ… British accent နဲ့ဆိုတော့ သူတို့ပြောတာတွေ ဖမ်းမိဖို့ တော်တော်မလွယ်။ စာတန်းထိုးနဲ့ ကြည့်မှပဲ ဇာတ်ကားအရသာကို ကောင်းကောင်း ဖမ်းမိမယ် ထင်ပါတယ်။ . အစမှာ ပြောခဲ့သလိုပဲ ဝမ်းနည်းလာတာ ဝမ်းနည်းလာတာဆိုတာ မျက်ရည် ဘူးသီးလုံးလောက်ကျရပါတယ်။ သရုပ်ဆောင်ကောင်းလွန်းလို့တော့ မဟုတ်လှဘူး။ မင်းသားကော မင်းသမီးကောက ကားစ ကားဆုံး ရုပ်သေနေသလိုပဲ။ မင်းသားကတော့ ထားပါတော့ သူ့ဇာတ်ကောင်ကိုက တစ်ကိုယ်လုံးသေနေတာဆိုတော့။ ဇာတ်လမ်းကပေးချင်တဲ့ message ကိုက ဝမ်းနည်းစရာကောင်းနေတာဆိုတော့ ဘာပဲဖြစ်ဖြစ် ငိုရမယ်ဆိုသလိုပါပဲ။ ဒီကားပြီးရင်တော့ စဉ်းစားစရာလေးတွေ ကျန်ခဲ့မှာပါ။ အသက်ရှင်နေထိုင်ဖို့ ဘာလိုလဲ။ ဘဝကို ဘယ်လိုနေမလဲဆိုတာ စိတ်ကြိုက်ရွေးချယ်ခွင့်ရှိရင် ဘယ်လိုသေမလဲဆိုကော ရွေးချယ်ခွင့် ရှိပါ့မလား။ စိတ်ဒဏ်ရာပေးခဲ့တဲ့ အတိတ်ရဲ့ အရိပ်ဆိုးတွေကို လက်မြှောက်အရှုံးပေးလိုက်တော့မှာလား။ Will ပြောသလို “Will you let this moment define you?”.. စသဖြင့် စသဖြင့် မေးခွန်းတွေ ကိုယ့်ကိုကိုယ်ပြန်မေးမိမှာပါ။ ဒဿနိကပိုင်းအရ အရမ်းနက်နဲလှတယ် မဆိုနိုင်ပေမယ့် အသက်ရှင်နေရခြင်းကို bite size စဉ်းစားစရာလေးတွေ ပေးမှာပါ။ စာအုပ်ဖတ်ပြီးသားလူတွေကတော့ ဖြစ်နေကြအတိုင်း သိပ် စိတ်တိုင်းကျမယ် မထင်ပါဘူး။ . --- Movie Info --- Director: Thea Sharrock Top-billed Cast: Emilia Clarke, Sam Claflin Runtime: 1 hour 50 min Screenplay: Jojo Moyes, Scott Neustadter, Michael H. Weber Distribution : Warner Bros. Budget : $20 Million Box Office : $157.8 Million --- Ratings --- Datshin: 3.5/5 IMDb: 7.6/10 Rotten Tomatoes: 43% -Jen (ရုပ်ရှင်အညွှန်းကို DatShin Facebook Page မှ ကူးယူဖော်ပြပါသည်။) File size…(3.2 GB)/(1.3 GB)/ (830 MB) Quality….WEB-DL 4K HEVC /1080p HEVC/720p Format…mkv/mp4 Duration….01:50:12 Subtitle….Myanmar Subtitle(Hardsub) Encoder….Ka Naung Translated by ^May^

Action & Adventure • Animation • Comedy • Sci-Fi & Fantasy
7.9 2016 110 mins
Me Before You
The Internship
6.3

Billy McMahon နဲ့ Nick Campbell တို့ဟာ အလွန်တော်တဲ့ အရောင်းသမားတွေ ဖြစ်ကြပါတယ်။ အလုပ်လည်း ကြိုးစားကြသလို သူတို့ဘဝဟာ ခိုင်မာတယ်လို့ မြင်ခဲ့ကြပါတယ်။ ကံကြမ္မာ အလှည့်အပြောင်းမှာတော့ သူတို့ရဲ့ နာရီကုမ္ပဏီဟာ လုပ်ငန်းဖျက်သိမ်းလိုက်တာကို မသိလိုက်ကြပါဘူး။ အသက်ကြီးမှ ခက်ခက်ခဲခဲ အလုပ်လိုက်ရှာကြတဲ့အခါမှာလည်း ခက်ခဲပြီး စိတ်ဓာတ်ဆိုးဝါးတဲ့ အလုပ်ရှင်တွေနဲ့ပဲ တွေ့ရပါတယ်။ နောက်ဆုံး Billy ဟာ အင်တာနက်ကနေတဆင့် အလုပ်ရှာဖို့ ဆုံးဖြတ်လိုက်ပါတယ်။ Google ကို သုံးပြီး အလုပ်ရှာနေတဲ့ Billy ဟာ Google က ခေါ်တဲ့အလုပ်တစ်ခုကို တွေ့ပါတယ်။ အဲဒီအလုပ်ဟာ အမြဲတမ်းအလုပ် မဟုတ်သေးပဲ အလုပ်သင်အနေနဲ့ ခေါ်တာ ဖြစ်ပေမယ့် Bill က စိန်ခေါ်မှုအသစ်တွေ ရင်ဆိုင်ဖို့ တိုက်တွန်းတာကြောင့် Nick လည်း စိတ်ပါသွားခဲ့ပါတယ်။ သူတို့နှစ်ယောက်ကို အွန်လိုင်းကနေ အင်တာဗျူးတဲ့အခါ သက်ဆိုင်ရာနယ်ပယ်မှာ အတွေ့အကြုံလည်း မရှိ၊ အသက်အားဖြင့်လည်း အတော်ကြီးနေပေမယ့် ရှေးရိုးမဆန်ပဲ သွက်လက်တဲ့ အဖြေကြောင့် အလုပ်သင်အဖြစ် ရွေးချယ်ခံရပါတယ်။ သူတို့ Google ကို ရောက်တဲ့အခါမှာတော့ စိတ်ကူးယဉ်သိပ္ပံဝတ္ထုတွေထဲမှာသာ မြင်ဖူးတဲ့ နည်းပညာတွေကို စတင်တွေ့ရှိရပါတော့တယ်။ ဒါ့အပြင် တခြားကုမ္ပဏီတွေလို မဟုတ်ပဲ အစစအရာရာ အလကား အသုံးပြုနိုင်တဲ့အပြင် လုပ်ငန်းခွင်အတွင်း အနားယူချိန်မှာလည်း ပြည့်ပြည့်ဝဝနဲ့ သက်တောင့်သက်သာ အနားယူနိုင်တာကြောင့် သူတို့နှစ်ယောက် သဘောကျသွားကြပါတယ်။ ပြဿနာကတော့ အလုပ်သင်တွေကို အဖွဲ့ခွဲ၊ အဖွဲ့လိုက်ပြိုင်ပွဲ ကျင်းပပြီး အနိုင်ရတဲ့ အဖွဲ့ကသာ Google မှာ အလုပ်ရဖို့ အာမခံမှာ ဖြစ်ပါတယ်။ သူတို့နဲ့ အတူ ပါဝင်ရမယ့် သူတွေဟာ တက္ကသိုလ် ပြီးကာစ လူငယ်တွေ ဖြစ်ပြီး အသက်အရွယ်ကြောင့် သူတို့နဲ့ ဘယ်သူကမှ အဖွဲ့မဖွဲ့ချင်ကြပါဘူး။ နောက်ဆုံး သူတို့အဖွဲ့မှာ ဘယ်သူကမှ မခေါ်ချင်တဲ့လူတွေချည်း ကျန်နေခဲ့ကြပါတယ်။ Nooglers လို့ခေါ်တဲ့ ဒီအလုပ်သင်တွေဟာ အုပ်စုဖွဲ့ပြီး သူတို့ကို ပေးအပ်လာမယ့် တာဝန်ကို စောင့်နေကြရပါတယ်။ သူတို့အဖွဲ့ထဲမှာ Stuart လို့ခေါ်တဲ့ သူ့ဖုန်းကိုပဲ စိတ်ဝင်စားသူ၊ Yo-Yo လို့ခေါ်တဲ့ အိမ်မှာပဲ စာသင်ဖူးပြီး ပြင်ပလောကကို ခုမှ စတင်ထိတွေ့သူ၊ Neha လို့ခေါ်တဲ့ ပေါက်ကရတွေးတတ်တဲ့ ကောင်မလေးတို့ ပါဝင်လာပြီး အဖွဲ့ခေါင်းဆောင်ကတော့ သူ့ရဲ့ စိတ်မလုံခြုံမှုကြောင့် အမြဲတမ်းလိုလို တက်ကြွချင်ယောင်ဆောင်နေတဲ့ Lyle ဆိုတဲ့ Google က ဝန်ထမ်းငယ်လေးပါ။ Mr. Chetty ဟာ ဒီအလုပ်သင်တွေကို အကဲဖြတ်ပေးမယ့်သူဖြစ်ပြီး သူတို့အဖွဲ့တွေရဲ့ လှုပ်ရှားမှုတွေ၊ အားကစားနဲ့ နည်းပညာပိုင်းမှာ ဘယ်လို အကျွမ်းတဝင်ရှိသလဲဆိုတာတွေကို လေ့လာစောင့်ကြည့်နေပါတယ်။ Billy နဲ့ Nick ရဲ့ ရှေ့ခရီးဟာ ဘာတွေ ဖြစ်လာမလဲ။ မတူညီတဲ့ ပတ်ဝန်းကျင်တွေမှာ ကြီးပြင်းလာပြီး လူတွေနဲ့ အဆင်မပြေတဲ့ သူတို့အဖို့ ဘယ်လို အခက်အခဲတွေ ကြုံတွေ့ရမလဲ။ သူတို့ ရင်ဆိုင်ရမယ့် စိန်ခေါ်မှုတွေက ဘာတွေလဲ။ သူတို့ထက် အင်အားကြီးမားသူတွေ၊ ငယ်ရွယ်ထက်မြက်သူတွေကို ဘယ်လို ရင်ဆိုင်ကြမလဲ ဆိုတာကိုတော့ ဆက်လက်ရှုစားကြပါ။ ဒါရိုက်တာ Shawn Levy ရိုက်ကူးပြီး Vince Vaughn နဲ့ Owen Wilson တို့ ခေါင်းဆောင်ပါဝင်ထားတဲ့ The Internship ဇာတ်ကားဟာ Google ကို ကြော်ငြာပေးတဲ့ ဇာတ်ကားတစ်ကား ဖြစ်ပါတယ်။ လူမှုဘဝဟာသတွေနဲ့ Google ရဲ့ လူသစ်စုဆောင်းမှုကို ပေါင်းစပ်ထားပြီး အရောင်းမြှင့်တင်ရေး သဘောမျိုး ရိုက်ကူးထားတာ ဖြစ်ပါတယ်။ Vince Vaughn နဲ့ Owen Wilson တို့ အတူပူးတွဲပါဝင်တဲ့ တတိယမြောက် ဟာသဖာတ်ကားလည်း ဖြစ်ပါတယ်။ IMDb မှာ Rating 6.3 ပေးထားပေမယ့် Rotten Tomatoes မှာတော့ Tomatometer 34% ပဲ ပေးထားပါတယ်။ ပေါ့ပေါ့ပါးပါးနဲ့ ဟာသဇာတ်ကား ကြည့်ချင်သူတွေ၊ ခေတ်သစ် ဟာသအရသာ ခံစားချင်တဲ့သူတွေ၊ ဘဝအတွက် ရည်မှန်းချက် ပျောက်ပြီး စိတ်ညစ်နေသူတွေ ကြည့်သင့်တဲ့ ဇာတ်ကား ဖြစ်ပါတယ်။ ဝေဖန်သူအများစုကတော့ Google ကို အလွန်အမင်း ပုံရိပ်မြှင့်တင်ပေးထားခြင်းနဲ့ ကြော်ငြာဆန်နေခြင်းကို အပြင်းအထန် ဝေဖန်ထားကြပါတယ်။ အလုပ်ခွင်မှာ စိတ်ညစ်နေသူတွေအတွက်တော့ အပန်းဖြေကြည့်ရှုစရာ ဇာတ်ကားတစ်ကား ဖြစ်ပါလိမ့်မယ်။ File size…2.18GB / 970MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 59m Genre ..... Comedy Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Kasashi

Drama • Mystery • Thriller
6.3 2013 119 mins
The Internship
Summerland
7.6

Summerland(2020) ****************** ဒုတိယကမ္ဘာစစ်တုန်းက စစ်ထွက်တိုက်ပေးရတဲ့ဖခင်တွေနဲ့ အစိုးရရုံးမှာအလုပ်လုပ်ပေးရဲ့မိခင်တွေဟာ သားသမီးတွေကို ဂရုစိုက်ဖို့အချိန်လည်း မပေးနိုင်ကြသလို၊ လုံခြုံမှုလည်း ရာနှုန်းပြည့်မပေးနိုင်ကြပါဘူး။ ဒီလိုနဲ့ သူတို့ရဲ့သားသမီးတွေကို စစ်မဖြစ်တဲ့ နယ်ဘက်တွေမှာ လုံလုံခြုံခြုံနေထိုင်၊ ပညာသင်နိုင်ဖို့ဆိုပြီး လူမှုကူညီရေးအသင်းတွေပေါ်လာပါတယ်။ သားသမီးမရှိတဲ့ အဘိုးကြီးအဘွားကြီးတွေ၊ အားလပ်သူတွေက တစ်နိုင်တစ်ပိုင် တာဝန်ယူစောင့်ရှောက်ပေးကြတာပေ့ါ။ အဲ့အထဲမှာမှ လူ့ဂွစာအမျိုးသမီးကြီးတစ်ယောက်က ကောင်ကလေးတစ်ယောက်ကို စောင့်ရှောက်တာဝန်ယူပေးဖို့ဖြစ်လာပါတယ်။ ဒီအမျိုးသမီးကြီးဟာ အိမ်ထောင်လည်းမရှိ၊ တကုပ်ကုပ်နဲ့သာ စာရေးနေတတ်သူဖြစ်ပြီး ဆက်ဆံရေးလည်းမကောင်းလို့ ပတ်ဝန်းကျင်ကပါရှောင်ဖယ်ခံနေရသူပါ။ သူ့ဆီကိုကောင်လေးတစ်ယောက်လာနေရမယ်ဆိုတော့ မြို့ထဲကလူမှန်သမျှက ကောင်လေးကို ဝိုင်းသနားကြပါလေရော။ လူ့ဂွစာအမျိုးသမီးကြီးကလည်း သူချစ်ခဲ့ဖူးတဲ့အမျိုးသမီးကပစ်ထားခဲ့တာကြောင့် အသဲကွဲကာ တစ်ယောက်တည်းနေရတာကိုပဲခုံမင်နေခဲ့သူပါ။ အခုသူ့ဆီကို ကောင်လေးတစ်ယောက်လာနေမယ်ဆိုတော့ လက်မခံချင်ဘဲ ပထုတ်ဖို့သာကြံပါတော့တယ်၊ ဇာတ်လမ်းလေးထဲမှာ lesbianတို့ရဲ့အချစ်၊ လူ့ဂွစာအပျိုကြီးနဲ့ ကောင်ကလေးတို့အကြားက မေတ္တာတရားလေးတွေကို မြင်တွေ့ရမယ့်ကားလေးပဲဖြစ်ပါတယ်။ File Size : (1.7GB) and (610MB) Quality : Blu-Ray1080p5.1Ch, 720p Format…mp4 Duration…01:32:00 Genre : Drama, Romance , War Subtitle : Myanmar Subtitle (Hard Sub) Translated by  Themes Encoded by Phyo Pyae

Horror • Thriller
7.6 2020 100 mins
Summerland
Rise of the Teenage Mutant Ninja Turtles: The Movie
7.3

Rotten tomatoes 78% Metacritic 6.2/10 ဒါကတော့ အားလုံးသိကြတဲ့ TMNT ရဲ့နောက်ဆုံးထွက်လာတဲ့Animation ရုပ်ရှင်ပါ။ 2018 ကထွက်ရှိလာတဲ့ ပြန်ဆန်းသစ်ထားတဲ့ Nickelodeon tv series ရဲ့အဆက်ပါ။ လိပ်နင်ဂျာညီအစ်ကိုလေးဦးတို့ Shredder ကိုနှိမ်နင်းပြီး နှစ်နှစ်အကြာမှာ အနာဂတ်ကပြန်ရောက်လာတဲ့ Casay Jonesနဲ့ပူပေါင်းပြီး အစွမ်းထက်လှတဲ့ ဂြိုလ်သားKrangတွေကို တားဆီးဖို့ကြိုးစားကြပါတယ်။ ဒီ Rise of the Teenage Mutant Ninja Turtles ကတော့ Family dynamicတွေနဲ့တချို့ Character တွေကို ပုံစံတစ်မျိုးနဲ့ပြန်ဖန်တီးထားပါတယ်။ ဥပမာ ဒီVersion မှာLeo ကအကြီးဆုံးမဟုတ်တော့ဘဲ Ralph ကအကြီးဆုံးဖြစ်နေပါတယ်။ ဒါပေမယ့် Animation style ကပေါ့ပေါ့ပါးပါးနဲ့ကြည့်လို့ကောင်းပြီး Action sequence တွေကလည်း တော်တော်မိုက်ပါတယ်။လိပ်နင်ဂျာ ညီအစ်ကိုတွေကြားက ဆက်ဆံရေးကလည်း စိတ်၀င်စားစရာပါပဲ။ File size…1.6GB / 855MB Quality…1080p WEB DL AAC5.1CH / 720p  Format…mp4 Duration….1h 22m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by SP

Action • Crime • Thriller
7.3 2022 86 mins
Rise of the Teenage Mutant Ninja Turtles: The Movie
Burden
10

ဘေ့စ်ဘောကစားသမား ဒေးဗစ်ဟာ ငယ်စဉ်က အိမ်တွင်းအကြမ်းဖက်မှုခံခဲ့ရသူပါ။ သူ့မှာ အေဗာဆိုတဲ့ ငယ်သူငယ်ချင်းမလေး ရှိပါတယ်။ မိခင်ရယ် ညီလေးရယ်နဲ့အတူကြီးပြင်းလာရင်း တစ်နေ့မှာတော့ သူ့ညီမောင်းလာတဲ့ကားက မတော်တဆမှုဖြစ်ပြီး တစ်ဖက်ကားပေါ်ကသူ သေဆုံးသွားခဲ့ပါတယ်။ သေဆုံးသူက တခြားသူမဟုတ်ဘဲ အေဗာရဲ့ အမျိုးသား ဖြစ်နေခဲ့ပါတယ်။ ဒေးဗစ်က သူ့ညီအစား ထောင်ထဲဝင်ပေးလိုက်တော့ သူ့ရဲ့ ဘေ့စ်ဘောကစားသမားဘဝမှာ ကမောက်ကမတွေ ဖြစ်ကုန်ပါတယ်။ ဒီလို အခက်အခဲတွေကြားကနေမှ ဒေးဗစ်တစ်ယောက် သူ့အဖေ သူ့ညီလေးတို့နဲ့ မိသားစုကို ဘယ်လိုမျိုး ပြန်လည်တည်ဆောက်ကြမလဲ? အေဗာနဲ့ရောဘယ်လိုရှေ့ဆက်ကြမလဲ? ဆိုတာ ဆက်လက် ကြည့်ရှုလိုက်ကြရအောင်ပါ။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ Poant ပါ။) File Size :  1.5GB, 547MB, 268MB Quality : 1080p WEB-DL AC3 5.1CH, 720p WEB-DL, 480p Format : mp4 Duration : 1hr & 35mins Genre : Drama, Romance Translated by Poant Encoded by Kinnov

Comedy
10 2022 95 mins
Burden
Aśoka
6.4

IMDb Rating (6.6) / Rotten Tomatoes (100%) သမိုင်းမှတ်တမ်းဝင်ဘုရင်တွေထဲမှာ အောင်ပွဲရပြီးနောက် စစ်ကိုစွန့်ပယ်ခဲ့တဲ့ တစ်ဦးတည်းသော စစ်ဘုရင်ဖြစ်သလို ဗုဒ္ဓသာသနာတော်ကို ပြန့်ပွားအောင် စွမ်းဆောင်နိုင်ခဲ့တဲ့ သီရိဓမ္မာသောကမင်းတဖြစ်လဲ အာသောကမင်းကြီး အကြောင်းကိုရိုက်ကူးထားတဲ့ရုပ်ရှင်ဇာတ်လမ်းကြီးဖြစ်ပါတယ်။ မင်းသားကြီး ရှာရွတ်ခန်းနဲ့ မင်းသမီး ကာရီနာကပူးတို့ အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်။ အချိန်က ခရစ်တော်မပေါ်မီ BC 260 ဝန်းကျင်ကာလတွေဖြစ်ပါတယ်။ အာသောကမင်းဟာ ဗိန္ဓုသာရမင်းနဲ့ ဓမ္မာမိဖုရားတို့ရဲ့သားတော်ဖြစ်ပြီး အိန္ဒိယနိုင်ငံသမိုင်းမှာ ပထမဆုံးသောအင်ပါယာ မောရိယနိုင်ငံတော်ကြီးကိုတည်ထောင်နိုင်ခဲ့တဲ့ စန္ဒဂုတ္တမောရိယ၏ မြေးတော်ဖြစ်ပါတယ်။ဘိုးတော်ရဲ့အင်ပါယာမှာ မသိမ်းပိုက်နိုင်ဘဲ ကျန်ရှိခဲ့တဲ့ အိန္ဒိယနိုင်ငံ အရှေ့ပိုင်းနဲ့ တောင်ပိုင်းတို့ကို သူ့လက်ထက်မှာ ဆက်လက်သိမ်းပိုက်ဖို့ ကြိုးပမ်းအားထုတ်ခဲ့ပါတယ်... တိုက်ပွဲတိုင်းကို အောင်နိုင်ခဲ့ပေမယ့် အိန္ဒိယအရှေ့ဖက်ကမ်းရှိ ကလိင်္ဂတိုင်း(ယခု အိုရစ်ဆာပြည်နယ်)ကိုဝင်ရောက်တိုက်ခိုက်ရာမှာ ကလိင်္ဂကတိုင်းသားတို့က ရဲရဲဝံ့ဝံ့ပြန်လည်ခုခံတာကြောင့် ခက်ခက်ခဲခဲရင်ဆိုင်ခဲ့ရပြီး လူပေါင်းများစွာ သေကြေပျက်ဆီးပြီးမှ အောင်နိုင်ခဲ့ပါတယ်။အရာအားလုံးပျက်စီးဆုံးရှုံးခဲ့ရပါတယ်။ အာသောကမင်းကြီးအနေနဲ့ သူ့ရဲ့အောင်နိုင်မှုတွေဟာ လူသေအလောင်းတွေအပေါ်မှာသာရှိတယ်လို့ ကလိင်္ဂကတိုက်ပွဲမှာ ထိတ်လန့်တကြားမြင်တွေ့သွားတဲ့အခါမှာတော့....ချစ်ခြင်းမေတ္တာနဲ့ လူတွေကိုထွေးပွေ့ဖိုအတွက် စစ်ကိုစွန့်လွှတ်ခဲ့ပါတော့တယ်။ ဒီ့နောက်မှာတော့ သူဟာ ဗုဒ္ဓရဲ့ ဓမ္မဖက်မှာပဲ စိတ်ကိုမြုပ်နှံခဲ့ပြီး လူ့လောကကောင်းကျိုးတွေကို တစိုက်မတ်မတ်ဆောင်ရွက်ခဲ့ပါတယ်.... လူမဆန်တဲ့ တင်းကျပ်လွန်းတဲ့ဥပဒေများကို ဖြေလျှော့ပေးခြင်း..တိရိစ္ဆာန်ဘေးမဲ့ဂေဟာများ ဆောက်လုပ်ပေးခြင်း...လမ်းများဖေါက်ပေးခြင်း.. ဆည်မြောင်းတာတမံများ ဆောက်လုပ်ပေးခြင်း စတဲ့ကောင်းမှုတွေကို တိုင်းသူပြည်သားတို့အတွက် ဆောင်ရွက်ပေးခဲ့ပါတယ်... အထူးခြားဆုံးကတော့ တခြားဘာသာများကိုလည်း လွတ်လပ်စွာကိုးကွယ်ခွင့်ပေးခဲ့ခြင်းဖြစ်ပါတယ်။ နိုင်ငံခြားသို့ ဗုဒ္ဓသာသနာပြုများ စေလွှတ်ခဲ့ပြီး သီဟိုဠ်ကျွန်းမှာဆိုရင် ဗုဒ္ဓသာသနာ အထူးပင် စည်ပင်ဖွံ့ဖြိုးခဲ့ပါတယ်။ ဒါကြောင့်လဲ အသောကမင်းကြီးကို ဗုဒ္ဓမှလွဲလျှင် ဗုဒ္ဓသာသနာကို ကမ္ဘာ့ဘာသာကြီးတစ်ခုဖြစ်အောင် အထိရောက်ဆုံးဆောင်ရွက်နိုင်ခဲ့သူလို့ဆိုကြတာဖြစ်ပါတယ်။ ဒီရုပ်ရှင်ကားက အာသောကမင်းကြီးရဲ့ဘဝဇာတ်ကြောင်းကိုတင်ဆက်ထားတာမျိုးမဟုတ်ဘဲ သူ့ရဲ့လမ်း သူ့ရဲ့ဓမ္မကိုသာ နှောင်းလူတို့လျှောက်လှမ်းဖို့အတွက် ဖော်ပြတင်ဆက်ထားတာဖြစ်ပါတယ်။ အာသောကမင်းကြီးရဲ့ ဓမ္မဆိုတာကတော့ မန္တန်ရွတ်ဖတ်ပူဇော်ခြင်းနဲ့ ဘာသာရေးဓလေ့ထုံးတမ်းများကို လိုက်နာခြင်းမျိုးထက် လူ့လောက..လူ့အဖွဲ့အစည်းကို မြှင့်တင်ပေးခြင်းနဲ့လူ့လောကကောင်းကျိုးကိုသာ ဆောင်ရွက်ခြင်းမျိုးဖြစ်ပါတယ်...ဒီအယူအဆတွေကို နေရာအနှံ့နှံ့က သူ့ရဲ့ကျောက်စာတွေမှာ ဖော်ကျူးထားခဲ့တာဖြစ်ပါတယ်။ ကဲ..အာသောကမင်းကြီးရဲ့ဖြစ်တည်မှုကို ဒီရုပ်ရှင်လေးနဲ့ခံစားကြည့်ကြပါစို့။ File size…(3.9 GB)/(1.6 GB) Quality….BluRay 1080p/720p Format…mp4 Duration….02:55:45 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Taylor

Action • Drama • Thriller
6.4 2001 175 mins
Aśoka
Ala Vaikunthapurramuloo
6.8

ရာမချန်ဒရန်ဆိုတဲ့ လူတစ်ယောက်ဟာ အလုပ်ကြိုးစားပြီး ရိုးသားတဲ့အတွက် အလုပ်ရှင်က သဘောကျပြီ း သူ့သမီးနဲ့ ပေးစားလိုက်တော့ စာရေးဘ၀ကနေ သူဌေးဘ၀ကို ရောက်သွားတယ်။ ဒီကိစ္စကို ရာမာချန်ဒရန်ရဲ့ လုပ်ဖော်ကိုင်ဖက်ဖြစ်တဲ့ ဗာလ်မီကီဆိုသူက မနာလို မရှုစိမ့်ဖြစ်ပြီး အခွင့်အရေး ပေးလာချိန်မှာ မိတ်ဆွေကို မကောင်းကြံဖို့ စီစဉ်တယ်... အခုမှ လူ့လောကထဲကို ရောက်လာတဲ့ ဘာမှမသိရှာသေးတဲ့ ကလေးနှစ်ယောက် လူစားလဲခြင်း ခံလိုက်ရတယ်။ ဒီကိစ္စကို အစအဆုံး သိတဲ့သူဆိုလို့ ဗာလ်မီကီနဲ့ ဆေးရုံက နပ်စ်မတစ်ယောက်သာ ရှိတယ်။ ဒီလိုနဲ့ ရာမချန်ဒရန်ရဲ့ သားအရင်းက ဗာလ်မီကီ့ဆီ ရောက်သွားပြီး ၊ ဗာလ်မီကီ့သားက ရာမချန်ဒရန်တို့အိမ်ကို ရောက်သွားတယ်။ ..... ဒီနောက်ပိုင်း ဘာတွေဆက်ဖြစ်မလဲဆိုတာကိုတော့ ပရိတ်သတ်တွေကိုယ်တိုင် ခံစားဖို့ ချန်ထားလိုက်ပါတော့မယ်။ အစအလယ်အဆုံး အကောင်းဆုံး ဘာသာပြန်ပေးထားသလို ကြည့်ပြီးသားသူတွေအတွက်လည်း သီချင်းလေးတွေကအစ သေချာလေး ဘာသာပြန်ပေးထားတာမို့ ခံစားကြည့်ကြပါဉီး....ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Myint Thu ပဲဖြစ်ပါတယ်.... File Size : (1.25 GB) and (380 MB) Quality : WEB-DL 720p Format…mp4 Duration…02:43:00 Genre : Action , Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Myint Thu Encoded by Phyo Pyae

Comedy • Drama
6.8 2020 165 mins
Ala Vaikunthapurramuloo
Land of the Lost
5.3

Land of the Lost (2009) ဒီဇာတ်ကားကတော့ အားလုံးနဲ့မစိမ်းတဲ့ ဟာသမင်းသားကြီး Will Ferrell ရဲ့ ဇာတ်ကားဟောင်းလေးပဲဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ ဂေါက်သီးသိပ္ပံပညာရှင်လို့ ယူဆခံထားရတဲ့ ဒေါက်တာရစ်ခ်မာရှယ်ဟာ အစပိုင်းမှာတော့ တခြားသူတွေရဲ့ လှောင်စရာတစ်ခုကနေ မပိုခဲ့ပါဘူး။ ဒါပေမဲ့ တစ်နေ့မှာ သူ့ရဲ့ သီအိုရီတွေမှန်ကန်မယ်လို့ ယုံကြည်တဲ့ ကမ်းဘရစ်ခ်ျက ကျောင်းသူတစ်ယောက်ရောက်လာချိန်မှာတော့ သူ့သီအိုရီတွေကိုလက်လျှော့လိုက်တဲ့ ရစ်ခ်မာရှယ်တစ်ယောက် လုပ်ငန်းပြန်စရပါတော့မယ်။ ထင်ထားတဲ့အတိုင်း သူ့သီအိုရီတွေဟာ မှန်ကန်ခဲ့ပြီး အချိန်နဲ့အာကာသဟင်းလင်းပြင်ကိုဖြတ်လို့ တခြားကမ္ဘာဦးလူသား‌တွေ ဒိုင်နိုဆောတွေရှိတဲ့ အချိန်တစ်ခုဆီရောက်သွားပါတော့တယ်။ ဒါပေမဲ့ အချိန်သာမတူမယ် ပြဿနာတွေကတော့တူတူပဲဆိုတဲ့အတိုင်း ပြဿနာတွေတစ်ခုပြီးတစ်ခုလာပါတော့တယ်။ သူတို့တွေ အတိတ်ကနေပြန်လာနိုင်မလား… ရစ်ခ်မာရှယ်ကကော ဟာသကြီးတစ်ခုအဖြစ်ကနေ လွတ်နိုင်ပါ့မလား… ဆိုတာကို ရယ်ရင်းမောရင်း ကြည့်ရှုရမှာပဲဖြစ်ပါတယ်။ ဒီဇာတ်ကားဟာ Adventure/Comedy ကားလေးဖြစ်တာကြောင့် ပေါ့ပေါ့ပါးပါး ဟာသကားတွေကြည့်ချင်သူတွေအတွက် အဆင်ပြေမှာပါ။ (ဒီဇာတ်ကားနဲ့အညွှန်းကို Min Thant Bo မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.9GB, 850MB Quality – 1080p, 720p IMDb Rating – 5.3/10 Format – mp4 Duration – 1H 42Min Genre – Action, Adventure, Comedy Subtitle – Myanmar Subtitle (Hardsub) Translated by Min Thant Bo Encoded by Y

5.3 2009
Land of the Lost
The Mistress

The Mistress (2022) ဒီကားကတော့ ဆိုက်ကိုဆန်ဆန် Horror ကားတစ်ကားဖြစ်ပြီး ဗြုန်းကနဲ ခြောက်လှန့်တာမျိုးတွေမပါဘဲ ငြိမ်ငြိမ်လေးနဲ့ ဇာတ်လမ်းအဆုံးထိ ဆွဲခေါ်သွားမှာပါ။ ပါကားနဲ့ မက်ဒလင်တို့ လက်ထပ်ပြီးကာစ ဇနီးမောင်နှံက အသစ်၀ယ်လိုက်တဲ့ အိမ်ကို ပြောင်းရွှေ့လာပါတယ်။ အိမ်ကြီးက ဗစ်တိုရီးယန်းခေတ်က လက်ရာဖြစ်ပြီး အတွင်းမှာ ရှေးဟောင်းပရိဘောဂတွေပါ ပါပါတယ်။ ပါကားက စာရေးဆရာဖြစ်ပြီး အရင်က သူနဲ့တွဲခဲ့တဲ့ အမျိုးသမီးက Stalker လို တကောက်ကောက်လိုက်နေတဲ့အတွက် ရဲတိုင်ပြီး အိမ်ပြောင်းလာတာပါ။ အိမ်ကြီးထဲမှာ နေရာချရင်း ရှေးဟောင်း Plate Camera တစ်လုံးနဲ့ အမျိုးသမီးတစ်ဦးပုံကို တွေ့လိုက်ရပါတယ်။ အဲဒီအမျိုးသမီးက သူ့ချစ်သူ ဝီလီယံဆီရေးခဲ့တဲ့ လွန်ခဲ့တဲ့ နှစ် ၁၀၀လောက်က စာတွေကိုပါတွေ့သွားပါတယ်။ ပါကားတို့က အဲဒီစာတွေဖတ်ကြရင်း သူ့နာမည် ရေဘက်ကာဆိုတာနဲ့ ချစ်သူ၂ဦးအကြောင်းတွေပါ သိလာပါတယ်။ အဲဒီအချိန်ကစပြီး အိမ်ကြီးမှာ ထူးဆန်းတာတွေ တစ်ခုပြီးတစ်ခု ဖြစ်လာပါတယ်။ ပါကားက ရေဘက်ကာကို ညဘက်တွေမှာ တွေ့တွေ့နေရတဲ့အခါ… ခြောက်လှန့်မှုတွေ စဖြစ်လာတဲ့အခါ… ရေဘက်ကာတို့ရဲ့ ဇာတ်လမ်းအမှန်က ဘာလဲ… ပါကားနဲ့ရော ဘယ်လိုပတ်သက်နေမလဲ… မက်ဒလင်သိထားတဲ့ ပါကားအကြောင်းကရော အမှန်ပဲလား… စတာတွေကို အသည်းတအေးအေးနဲ့ ဆက်အားပေးကြပါဦး။ (ဒီဇာတ်ကားနဲ့အညွှန်းကို Shune Lai KK မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.55GB, 665MB Quality – 1080p, 720p Format – mp4 Duration – 1H 42Min Genre – Horror, Thriller Subtitle – Myanmar Subtitle (Hardsub) Translated by Shune Lai KK Encoded by Y

0 2022 102 mins
The Mistress
The Preacher
5.5

The Preacher (2022) ဘာသာတရားတွေမှာ လူတွေလုပ်နိုင်စွမ်းကိုကျော်လွန်တဲ့ သဘာဝလွန်ဖြစ်ရပ်တွေကို “အံ့ဖွယ်” လို့ တင်စားသုံးနှုန်းလေ့ရှိပါတယ်။ အထူးသဖြင့် ခရစ်ယာန်ဘာသာမှာတော့ “ကောင်းချီး” ဆိုတဲ့စကားလုံးအသုံးအနှုန်းကို ပိုသုံးလေ့ရှိပါတယ်။ ဒီဇာတ်ကားဟာဆိုရင်တော့ ဘုရားပေးတဲ့ကောင်းချီးပိုင်ဆိုင်ထားသူကို ကိုယ်ကျိုးအတွက် အမြတ်ထုတ်ခဲ့တဲ့ ခရစ်ယာန်ဘုန်းကြီးအတုအယောင်အဆောင်အကြောင်း ရိုက်ကူးထားတာပဲဖြစ်ပါတယ်။ ~ဇာတ်လမ်းအကျဉ်း ~ အန်တန်နာစီယိုလို့ခေါ်တဲ့ လူလိမ်တစ်ယောက်ဟာ ခရစ်ယာန်ဘုန်းတော်ကြီးအနေနဲ့ ယောင်ဆောင်ပြီး အလှူငွေတွေလိုက်တောင်းနေသူတစ်ဦးဖြစ်ပါတယ်။ တစ်ဖက်မှာလည်း သမားတော်ဟန်ဆောင်ပြီး သက်ကြီးရွယ်အိုတွေကို လိုက်ပြီးကုပေးသယောင်ယောင် လုပ်တတ်ပါတယ်။ ဒါပေမဲ့ ရှာသမျှပိုက်ဆံကို အကုန်ပြန်ဖြုန်းတဲ့ အန်တန်နာစီယိုဟာ တစ်နေ့ပြီးတစ်နေ့ အကြွေးတွေပိုပိုတိုးလာပါတယ်။ ဒီလိုနဲ့ပဲ သူ့ကိုအကြွေးလာတောင်းသူတွေက အကြမ်းဖက်တဲ့အထိပါလုပ်လာတဲ့အခါ အန်တန်နာစီယိုတစ်ယောက် သူနေထိုင်ရာမြို့ရဲ့ အခြားဒေသတစ်ခုကို ပြောင်းနေရပါတယ်။ မြေပြန့်ဒေသကနေ ကုန်းမြင့်ပိုင်းကိုရောက်သွားတဲ့ အန်တန်နာစီယိုဟာ သူနေထိုင်ရာဒေသအနီးတစ်ဝိုက်မှာ ရောဂါတွေကိုပျောက်ကင်းပေးစေနိုင်တဲ့ ကောင်မလေးတစ်ယောက်အကြောင်းကိုကြားလိုက်ပါတယ်။ အဲဒီကောင်မလေးကို ထိလိုက်ရုံနဲ့တင် ရှိရှိသမျှရောဂါမျိုးစုံပျောက်ကင်းသွားတယ်ဆိုတဲ့ တစ်ဆင့်စကားကို အန်တန်နာစီယိုတစ်ယောက် ကြားလိုက်ရတဲ့အချိန်မှာ အဲဒီကလေးမရဲ့ မိဘကိုစည်းရုံးသိမ်းသွင်းပြီး ကလေးကိုအမြတ်ထုတ်ဖို့ကြိုးစားပါတော့တယ်။ အစပိုင်းမှာတော့ ကလေးမရဲ့အိမ်ထဲမှာပဲ ကုသမှုတွေလုပ်နေနိုင်ခဲ့လို့ စီးပွားဖြစ်ထွန်းဟန်ရှိနေပေမယ့်လည်း “လောဘဟူသည်အဆုံးမရှိ” ဆိုသလို ဒီလိုအခြေအနေနဲ့တင် မရောင့်ရဲမတင်းတိမ်နိုင်ဘဲ ရသမျှပိုက်ဆံအကုန်လုံးကို ရင်းပြီး ကလေးမရဲ့မိဘတွေက ဘုရားကျောင်းတစ်ကျောင်းပါဆောက်ပြီး ကလေးကိုဗန်းပြပြီးအမြတ်ထုတ်ဖို့ ထပ်ပြီးကြိုးစားပါတော့တယ်။ ဒီလိုနဲ့ပဲ အတုအယောင်လိမ်ဆင်ဆရာကြီး အန်တန်နာစီယိုတစ်ယောက် သူ့အပြစ်တွေရဲ့ အကျိုးဆက်ကို ဘယ်လိုပြန်ပြီးခံစားရမလဲ… ဥစ္စာဓနကို တပ်မက်တဲ့ လောဘစိတ်ကြောင့် စုံလုံးကန်းသွားတဲ့ ကလေးမလေးရဲ့မိဘတွေရော ဘယ်လိုအဖြစ်ဆိုးနဲ့ကြုံတွေ့သွားရမလဲ… ဆိုတာကို ဒီဇာတ်ကားထဲမှာ သုတရသပေါင်းများစွာနဲ့ ရှုမြင်ခံစားရမှာပဲဖြစ်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Mark မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.85GB, 805MB Quality – 1080p, 720p IMDb Rating – 5.5/10 Format – mp4 Duration – 1H 36Min Genre – Adventure, Horror, Thriller Subtitle – Myanmar Subtitle (Hardsub) Translated by Mark Encoded by Y

Action • Mystery • Thriller • Horror
5.5 2022
The Preacher
Come Fly with Me
6.8

IMDb Rating 6.8 ရရှိထားတဲ့ ဒရာမာဇာတ်လမ်းကောင်းလေး တစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်ကားလေးရဲ့နာမည်ကတော့ Come Fly With Me ဖြစ်ပြီး Rating ကောင်းကောင်း ဇာတ်ညွှန်းကောင်းကောင်း ဒရာမာကားလေးတွေကို ကြည့်ချင်တဲ့လူတွေအတွက်တော့ အံကိုက်ဖြစ်စေမဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ်။ ဒီဇာတ်ကားလေးကတော့ သမီးတစ်ယောက် အဖေမုဆိုးဖိုပေါလ်နဲ့ သမီးတစ်ယောက် အမေမုဆိုးမအမ်မာတို့ရဲ့ ကြည်နူးစရာ အချစ်ဇာတ်လမ်းလေးကို အခြေခံပြီး ရိုက်ကူးထားတာဖြစ်ပါတယ်။ပေါလ်က သူ့မိန်းမဆုံးပါးသွားပြီး ကတည်းက ကျန်ခဲ့တဲ့တစ်ဦးတည်းသောမိသားစုဝင်ဖြစ်တဲ့ သမီးလေးအဲလစ်ကို သေသေချာချာ ပြုစုပျိုးထောင်လာပေးတဲ့ Single Dad တစ်ယောက်ဖြစ်ပြီး စခန်းချတာတို့ တောင်တက်တာတို့လို အပြင်သွားပစ္စည်းတွေရောင်းတဲ့ ဆိုင်တစ်ဆိုင်ကို ပိုင်ဆိုင်ထားတဲ့ သူတစ်ယောက်ဖြစ်ပါတယ်။အမ်မာကလည်းလူစီ့ရဲ့အမေဖြစ်တဲ့ Single Mom တစ်ယောက်ဖြစ်ပြီး လေတပ်မှာတာဝန်ထမ်းဆောင်တဲ့ ဂျက်လေယာဉ်မောင်းတဲ့ ပိုင်းလော့တစ်ယောက်ဖြစ်ပါတယ်။သူတို့နှစ်ယောက်စတွေ့ ဖြစ်ခဲ့ပုံက သမီးနှစ်ယောက်ဖြစ်တဲ့ လူစီနဲ့အဲလစ်တို့က အကြိုက်ချင်းတူကြပြီး အချစ်ဆုံး သူငယ်ချင်းတွေဖြစ်သွားရာကနေ စပါတယ်။နှစ်ယောက်စလုံးကလည်း အလုပ်ကိုယ်စီ ရှုပ်နေတဲ့လူတွေဆိုတော့ ကလေးတွေကို တစ်ယောက်တစ်လှည့် ထိန်းပေးကြရင်းနဲ့ အိုးချင်းထားအိုးချင်းထိ ကြိုးချင်းထားကြိုးချင်းငြိဆိုသလို သမီးတော်နှစ်ယောက်ရဲ့ မြှောက်ပင့်ပေးမှုတွေနဲ့ တစ်ယောက်နဲ့တစ်ယောက်အပြန် အလှန် စိတ်ဝင်စားခဲ့ကြပါတော့တယ်။ဒါပေမယ့်ကံကြမ္မာဆိုတာက အမြဲတမ်း ချိုမြိန်မနေဘဲ ခါးသီးတဲ့အခိုက်အတန့်တွေနဲ့ ကြုံတွေ့လာရတဲ့အခါမှာတော့ ပေါလ်နဲ့ အမ်မာတို့ အဲ့ဒီအခက်အခဲတွေကို အတူတူကျော်လွှားပြီး ပျော်ရွှင်တဲ့ ဆက်ဆံရေးတစ်ခု မိသားစုတစ်ခုကိုပိုင်ဆိုင်နိုင်သွားမလား ဇာတ်ကားနာမည်အတိုင်း အတူတူပျံသန်းနိုင်ပါ့မလားဆိုတာကို ကြည့်ရမှာပဲဖြစ်ပါတယ်။ File size…1.48GB / 638MB Quality…WEB-DL 1080p 5.1 CH/ 720p Format…mp4 Duration….1h 24m Genre ….. Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay

Action • Crime • Drama • Thriller
6.8 2023 84 mins
Come Fly with Me
Love All Over Your Face / Amor En Toda La Cara

IMDb – 6.7/10 ၂၀၂၄ ခုနှစ်​ကမှ ထွက်​ရှိခဲ့တဲ့​ စပိန်​စကားပြော Comedy ဟာသ​ရုပ်​ရှင်​တစ်​ခု​ဖြစ်​ပါတယ်။ ရုပ်ရှင်​ရဲ့ အင်္ဂလိပ်နာမည်က Love​ All Over Your Face ဖြစ်​ပါတယ်။ ဇာတ်​ကား​ရဲ့ ထူး​ခြား​ချက်​က scene အားလုံး​ကို Video Call, FaceTime နဲ့ Zoom အစရှိတဲ့ ဗီဒီယို​မြင်​ကွင်း​တွေကနေ ပုံဖော်​ထား​ခြင်း​ဖြစ်​ပါတယ်။ ဇာတ်လမ်း​အကျဥ်းကတော့ ဒန်​နီ ဟာ စပိန်​နိုင်​ငံကနေပြီး အမေရိကန်​ပြည်ထောင်​စု​ LA မှာ အလုပ်​လုပ်​နေတဲ့ စပိန်​နိုင်ငံ​သားဖြစ်​ပြီး အန်နာကတော့ မက္ကဆီကို​နိုင်​ငံကနေ LA ကိုလာပြီး သရုပ်​ဆောင်​ဖြစ်​ဖို့​ ကြိုး​စား​နေသူဖြစ်ပါတယ်။ ဒန်​နီနဲ့ အန်နာတို့ တွဲ​ပြီးမကြာခင်မှာ ဒန်​နီ​တစ်​ယောက်​ ဗီဇာသက်တမ်းတိုးဖို့ စပိန်​နိုင်ငံ​ မက်ဒရစ်မြို့ကို ပြန်​သွားခဲ့ရပါတယ်။ ကိစ္စ​ပြီးလို့ LA ပြန်​မယ်လုပ်တုန်းမှာ Covid ရောဂါ​ကပ် စတင်​ဖြစ်​ပွား​လာခဲ့တဲ့အတွက် အမေရိက​ကို ပြည်ဝင်ခွင့်မရဘဲ စပိန်​မှာပဲ နေနေရပါတော့တယ်။ ဒီလို​နဲ့ ဒန်​နီနဲ့ အန်နာ​တို့​ဟာ လူချင်းတွေ့ခွင့်မရဘဲ video call နဲ့သာ ဆက်​သွယ်​နေရာက​နေ​ ဘယ်​လို​အဖြစ်​အပျက်တွေ ကြုံဆုံရမလဲ ဆိုတာ​ကို ကြည့်​ရှုရမှာပါ။ ကိုဗစ်​ကာလကို အခြေခံ​ဇာတ်​အိမ်​တည်​ထားတာ ဖြစ်​တဲ့အတွက်​ ကြည့်​ရှု​ရတာ ရင်း​နှီး​မှုရှိပြီး ဇာတ်​အိမ်​ကလည်း​ ပေါပေါ့ပါးပါးဖြစ်တဲ့အတွက် ကြည့်​ပျော်​တဲ့ဇာတ်ကားလေး ဖြစ်​ပါတယ်။ လိင်​ပိုင်း​ဆိုင်ရာ​ပြကွက်အချို့ ပါဝင်​တဲ့အတွက် အသက်မပြည့်သေးသူများ ကြည့်​ရှုရန် မသင့်တဲ့ အခန်း​တချို့​ရှိပါတယ်။ ကိုဗစ်​ရောဂါ​ဖြစ်​ပွား​နေခဲ့တဲ့ လွန်​ခဲ့တဲ့​ လေး၊ ငါးနှစ် အချိန်​ကာလကို​ ပြန်​ပြောင်း​သတိရ​လိုသူများ မဖြစ်​မနေကြည့်ရှူသင့်တဲ့ ဟာသကားလေးဖြစ်ပါတယ်။ File size…(2 GB)/(1.2 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:39:00 Genre… Comedy, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Wolfenheim

0 2024
Love All Over Your Face / Amor En Toda La Cara
Penalty Loop
6.8

Penalty Loop (2024) IMDb Rating (6.8) CM ချစ်ပရိတ်သတ်တို့အတွက် စိတ်ဝင်စားဖို့ကောင်းပြီး ထူးခြားဆန်းပြားတဲ့ ဇာတ်အိမ်နဲ့ ဂျပန်ဇာတ်ကားကောင်းလေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်… ဇာတ်လမ်းအကျဉ်းလေးကို မိတ်မဆက်ပေးခင်မှာ… တစ်နေ့ ကိုယ်ချစ်ရတဲ့သူ ရုတ်တရက်အသတ်ခံရပြီ… အဲ့ လုပ်ကြံသူကို အကြိမ်ကြိမ်ပြန်သတ်ဖို့ အခွင့်အရေးရမယ်ဆို… ကျေနပ်နိုင်မှာလား… လုပ်ကြံသူကို ကိုယ်တိုင်စီရင်ဖို့ ကြိုးစားမှာလား… ဒီဇာတ်ကားလေးထဲက အီဝါမိုရီကတော့ ဒီအခွင့်အရေးကို လိုချင်ခဲ့သူပါ… ဘာလို့လဲဆိုတော့ သူချစ်ရတဲ့ ချစ်သူမိန်းကလေးက အလုပ်ကို ပျော်ပျော်ရွှင်ရွှင်မနက်က ထွက်သွားပြီး… အိမ်ပြန်လာချိန်မျှော်နေခဲ့ပေမယ့် သူ့ဆီပြန်ရောက်လာခဲ့တာက… သူ့အလောင်းကို အတည်ပြုပေးဖို့ လာခေါ်တဲ့ ရဲတွေဖြစ်နေပါတယ်… ဒါကြောင့်လည်း သူ့ချစ်သူကို သတ်ခဲ့သူကို သိချိန်မှာတော့ VR အစွမ်းအကူအညီနဲ့ လုပ်ကြံသူကို အကြိမ်ကြိမ်သတ်ဖို့ ကြိုးစားမယ်လို့ လက်ခံခဲ့ပါတယ်.. ဒါပေမယ့် ဒီ VR အစွမ်းရဲ့နောက်မှာ မထင်မှတ်တာတွေ ဘာတွေဆက်ဖြစ်လာဦးမလဲဆိုတာ…။ Sci-Fi ဆန်ဆန် ထူးခြားတဲ့ဇာတ်အိမ်နဲ့ နက်နဲသက်ဝင်တဲ့သရုပ်ဆောင်မှုတွေကြောင့် ဒီရုပ်ရှင်က ဝေဖန်သူတချို့ကြား အကြိုက်တွေ့နေတာမလို့ ဂျပန်ဘာသာကနေ တိုက်ရိုက်ဘာသာပြန်တင်ဆက်လိုက်ရပါတယ်။ (ရုပ်ရှင်အညွှန်းနဲ့ ဘာသာပြန်ကို Chu Chu မှ တင်ဆက်ထားပါတယ်။)

6.8 2024
Penalty Loop
1134
6.7

1134 (2024) “ဒုစရိုက်အမှောင်” ပရိသတ်ကြီးအတွက် ခပ်ဆန်းဆန်း တေလဂူး မှုခင်းရုပ်ရှင်လေးတစ်ကားကို တင်ဆက်ပေးချင်ပါတယ် ဇာတ်လမ်းအကျဉ်းကတော့ လေးလအတွင်း ATM စက် ခိုးယူမှုတွေ ဆက်တိုက်ကျူးလွန်နေတဲ့ ထူးဆန်းတဲ့ ဂိုဏ်းတစ်ဂိုဏ်းကို ဖော်ထုတ်ရာမှာ သဲလွန်စတစ်ခုမှမရှိဘဲ ဖြစ်နေပါတယ် ထူးဆန်းတာက ဒီထဲမှ ပါဝင်တဲ့အဖွဲ့ဝင်သုံးယောက်က တစ်ယောက်နဲ့တစ်ယောက် မသိကြဘဲ အတူတူတွဲလုပ်နေမှန်းလည်း မသိသူတွေပါ သူတို့ကို ဘယ်သူက ဘယ်လိုခိုင်းတာလဲ ပါဝင်ကြတဲ့ အဖွဲ့ဝင်တွေကရော ဘယ်သူတွေလဲ နောက်ကွယ်ကအကြောင်းရင်းမှန်ကရော ဘာဖြစ်မလဲဆိုတာ ဒီဇာတ်လမ်းလေးထဲ အဖြေရှာလိုက်ကြပါဦး အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team မှ ဖြစ်ပါတယ်

Romance • Drama
6.7 2024 103 mins
1134
War of the Worlds: Extinction

War of the Worlds: Extinction (2024) ဒီရုပ်ရှင်က ကမ္ဘာဂြိုလ်ပေါ်ကို တခြားဂြိုလ်သားတွေ ကျူးကျော်လာတာမဟုတ်ဘဲ အမ်မီယိုစ်ဆိုတဲ့ဂြိုလ်ကို ကမ္ဘာဂြိုလ်သားတွေ သွားကျူးကျော်တဲ့ရုပ်ရှင်ပေါ့။ ကမ္ဘာကြီးက လေထုညစ်ညမ်းမှုကြောင့် ပျက်စီးတော့မှာမို့ နေလို့ရမဲ့ဂြိုလ်ရှာရင်း ကမ္ဘာဂြိုလ်သားတွေနဲ့ တစ်ပုံစံတည်းတူတဲ့ အမ်မီယိုစ်ဂြိုလ်သားတွေရဲ့ ဂြိုလ်ကို မောင်ပိုင်စီးဖို့ကြိုးစားပါတော့တယ်။ နှစ်ဘက်စလုံး တိုက်ကြခိုက်ကြရင်း အထိနာလာကြချိန် အပစ်အခတ်ရပ်စဲရေးကြေငြာချိန်မှာပဲ အမ်မီယိုစ်ဂြိုလ်သား ဗိုလ်ချုပ်စကာလာရဲ့ သမီးဖြစ်သူ ကမ္ဘာဂြိုလ်ကလက်နက်ကြောင့်သေဆုံးသွားခဲ့ပါတယ်။ ဗိုလ်ချုပ်စကာလာက သမီးဖြစ်သူသေဆုံးရမှုကြောင့် အပစ်အခတ်ရပ်စဲရေးဆိုတာကို ဂရုမစိုက်တော့ဘဲ ကမ္ဘာဂြိုလ်ပေါ်က သက်ရှိမှန်သမျှကို အပြတ်ရှင်းဖို့ ကြိုးစားချိန်မှာတော့…။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Zeoဖြစ်ပါတယ်)

Romance
0 2024 84 mins
War of the Worlds: Extinction