YoteShin Drive is below this article. Scroll down to view.

YouTube testing a feature to view 4K video to premium

Author: Anonymous Published on: 12 Aug 2022

Google is now experimenting with new features in YouTube, one of the most commonly used video streaming platform, the most commonly used video streaming platform. But most of the test features are testing youTube premium using the monthly amount of money. In the past few weeks, Google was trying to add a lot of advertisements before the start of the video from YouTube. Now, there is only one feature to prioritize people who buy more premium. This is a need for premium if you want to view YouTube videos with 4K resolution. Therefore, if you are free using YouTube, you will be able to view 4K, but only 2K or 1440p. Currently, some users are experimenting with this kind of users, and it is not known whether Google will actually act later. Ref & # 8211; Neowin

YoteShin Drive

Sign in using google and save to your drive

The.I.Inside.2004.1080p.(CM).mp4

2.13 GB N/A video/mp4 60 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Where the Wild Things Are
6.5

ကလေးဘဝဆိုတာ ၊ လူ့ဘဝရဲ့ နိဗ္ဗာန်ဘုံတဲ့။ ပြီးတော့ ကလေးဘဝဆိုတာ အပူပင်ကင်းတယ်လို့လဲ ပြောကြတယ်။ ဒါပေမယ့် အဲဒါ တကယ်ရော ဟုတ်ရဲ့လား။ ဒီယူဆချက်‌တွေဟာ broken familyတွေ၊ family issue တွေများတဲ့ မိသားစုတွေမှာ ကြီးပြင်းခဲ့ရတဲ့ ကလေးတွေ အတွက်တော့ မှန်မယ် မထင်ပါဘူး။ မိသားစုတစ်စု ပြိုကွဲသွားတဲ့အခါ ထိလွယ်ရှလွယ်တဲ့ ကလေးလေးတွေဟာ ပိုပြီးတော့ ထိခိုက်ခံစားကြရပါတယ်။ ကလေးသဘာဝ စိတ်ခံစားချက်တွေကို ထုတ်မပြောပြတတ်ကြပေမယ့်၊ အတွင်းစိတ်မှာ‌တော့ စိတ်ဒဏ်ရာတွေ ရနေတတ်ပါတယ်။ ဒီဇာတ်ကားမှာတော့ broken familyတစ်ခုက မက်စ်ဆိုတဲ့ ဆယ်နှစ်သားအရွယ် ကောင်လေးတစ်ယောက်ရဲ့ စိတ်ခံစားချက်တွေကို အပီပြင်ဆုံး အထိမိဆုံးနဲ့ အနုပညာမြောက်အောင် ပညာသားပါပါ ပုံဖော်ရိုက်ကူးထားပါတယ်။ မြင်နေကျ မဲပြာပုဆိုး family drama အကွက်တွေ တစ်ကွက်မှမပါပဲနဲ့ ဒီဇာတ်ကားလေးက သင့်ကို မျက်ရည်ဝဲအောင် လုပ်ပြပါလိမ့်မယ်။ ပြီးတော့ ဒီဇာတ်ကားရဲ့ ဇာတ်လမ်း တင်ဆက်ပုံကလဲ တခြား ရုပ်ရှင် အများစုနဲ့မတူပဲ ထူးခြား ကွဲထွက်ပြီး ကြည့်ပြီးတာနဲ့ တစ်သက်မမေ့မယ့် ကားမျိုးဖြစ်တာမို့ ကျွန်တော်ကတော့ highly recommendပါ။ မင်းသားကြီး Tom Hanksကိုယ်တိုင် producerအနေနဲ့ပါဝင်ပြီး ဒေါ်လာ သန်း100 အကုန်ကျခံ ရိုက်ကူးထားပါတယ်။ ဒါရိုက်တာကလဲ ဒီလို တမူထူးခြားတဲ့ ကားတွေကို ရိုက်တတ်တဲ့ Spike Jonzeပါ။ သူ့ကိုတော့ Her(2013) ကားနဲ့ အများစု သိကြမှာပါ။ ငွေကြေးအရ အမြတ်သိပ်မထွက်ခဲ့ပေမယ့် အနုပညာပိုင်းအရ အတော်လေး အောင်မြင်ခဲ့ပြီး ၂၀၀၉ခုနှစ်ရဲ့ အကောင်းဆုံ း ရုပ်ရှင်တွေစာရင်းတွေမှာ အမြဲ top 10က ပါလေ့ရှိတဲ့ ရုပ်ရှင်ပါ။ ကလေးဖတ် ရုပ်ပြစာအုပ်ကို အခြေခံပြီး ရိုက်ထားတာဖြစ်ပေမယ့် ၊ ကလေး လူကြီးမရွေး ကြည့်လို့ အဆင်ပြေပါတယ်။ တကယ်လို့သာ သင်ဟာ broken family တစ်ခုမှာ ကြီးပြင်းခဲ့တဲ့ကလေး ဒါမှမဟုတ် ကိုယ်တိုင်က အိမ်ထောင်ရေး အဆင်မပြေတဲ့ မိဘမျိုး ဖြစ်နေခဲ့ရင်တော့ ဒီဇာတ်ကားလေးကို သေသေချာချာ အချိန်ယူပြီး အနည်းဆုံး နှစ်ခေါက်လောက် ကြည့်ဖို့ အကြံပြုလိုက်ပါတယ်။ ဒီဇာတ်ကားရဲ့ အညွှန်းနဲ့ ဘာသာပြန်ဆိုပေးထားတာကတော့ Kaung Khant Winဖြစ်ပါတယ်။ File size…1.57GB /750MB Quality…1080pBluRay AAC5.1CH / 720p Format…mp4 Duration….1h 41m Subtitle….Myanmar Subtitle (hard sub) Encoder….YK Translated by Kaung Khant Win

Thriller
6.5 2009 101 mins
Where the Wild Things Are
Honey Boy
7.1

IMBD-7.4 ရရှိထားတဲ့ကားလေးပါ ၁၂ နှစ်အရွယ် ကလေးတစ်ယောက်ဟာ တီဗီစတား တစ်ယောက်အဖြစ်အောင်မြင်ကျော်ကြားပြီးနောက် ရိုင်းစိုင်းကြမ်းတမ်းတဲ့ အရက်ဂျိုးအဖေက ပြန်လာပြီးတော့ ကလေးရဲ့အထိန်းတော်အဖြစ်နဲ့ အတူတူနေထိုင်ကြတဲ့အကြောင်း အဖေနဲ့ သားကြားက ဆက်ဆံရေးအခြေအနေကို ရိုက်ကူးတင်ဆက်ထားတာပါ ကလေးသရုပ်ဆောင်ကောင်းသလို တစ်ကားလုံးကြည့်ရင်း နဲ့ဆွဲခေါ်သွားတဲ့ ကားလေးပါ ဒါ့အပြင် nomination များစွာ ပေးထားခြင်းခံထားရပါတယ် လက်တွေ့ဘဝဆန်ဆန် အကောင်းဆုံးပုံဖော်ရိုက်ကူး ထားတာဖြစ်လို့ ကြည့်ရှုလိုက်ကြပါဦး File Size : ( 882 MB , 324 MB ) Quality : WEB-DL 720p Running Time : 1 hr 34 min Format : Mp4 Genre : Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Kaung Thant Win Htet Encoded by Moe Myint Lwin

Romance
7.1 2019 94 mins
Honey Boy
Ghost Blowing Lantern: Return of the South China Sea
5.9

Adventureကိုကြိုက်နှစ်တဲ့ပရိတ်သတ်တွေအတွက် ဇာတ်လမ်းကောင်းလေးနဲ့မိတ်ဆက်ပေးချင်ပါတယ် မင်းသားကတော့ ဆုတံဆိပ်တွေအများကြီးရထားတဲ့ Pan YueMing နဲ့ X Sister နဲ့ပွဲထွက်ထားတဲ့ နာမည်ကြီးမင်းသမီး Zhang YuQiနဲ့ဆိုတော့ ဇာတ်လမ်းကတော့အလွန်ကိုကောင်းလွန်းပါတယ် ရှေးဟာင်းပစ္စည်းတွေကိုရှာဖွေရတာကြိုက်တဲ့ မောကျင်းအဖွဲ့ ဝင် ဟူပါးယီးတို့အဖွဲ့က ကောင်းချင်းအုတ်ဂူမှာအရဲစွန့်ပြီးနောက် အဖွဲ့ကွဲသွားကြတယ် အမေရိကန်ပါမောက္ခချိန်က နန်းဟိုင်းရဲ့သန္တာကျောက်တန်းမှ ချင်ဝမ်အရိုးမှန်ကိုရှာဖွေဖို့အတွက် မောကျင်းအဖွဲ့ ဟူပါးယီးတို့ကိုဖိတ်ခေါ်ခဲ့တယ် ကောင်းချင်းအုတ်ဂူမှာကျိန်စာမိခံရတဲ့ဟူပါးယီးက သွားဖို့ငြင်းဆိုခဲ့ပေမဲ့ အဖွဲ့ဝင်တွေကြောင့် လိုက်ပါခဲ့ပြန်တယ် နန်းဟိုင်းပင်လယ်ကိုသွားတဲ့အချိန်မှာ နှင်းမိုးလေးတွေကျပြီးတော့ ထူးဆန်းတဲ့အရာတွေ အဖြစ်အပျက်တွေ တစ်ခုပြီးတစ်ခုပေါ်လာခဲ့တယ် မောကျင်းတို့အဖွဲ့က ဒီအခက်အခဲတွေကိုကျော်ဖြတ်နိုင်မလား? ရတနာပစ္စည်းကိုဆယ်ယူနိုင်မလား? အဲ့နေရာမှာပဲသေဆုံးကြမလားဆိုတာကို ရင်ခုန်စိတ်လှုပ်ရှားစွာကြည့်ရှုရမှာဖြစ်ပါတယ်

Action • Thriller
5.9 2022
Ghost Blowing Lantern: Return of the South China Sea
Candy Land
5.3

Candy Land (2022) ============== “Candy Land” ဆိုလို့ ဇာတ်ကားက အချိုလေးတွေမပါ,ပါဘူး။ 18+ Thriller ကားကောင်းတစ်ကားဖြစ်ပါတယ်။ ထုံးစံအတိုင်း 18+မို့ ဆယ့်ရှစ်ယောက်စုကြည့်ကြပါ။ ကလေးသူငယ်တွေကိုမပြပါနဲ့။ Candy Land ဆိုတာ အဝေးပြေးယာဉ်ရပ်နားစခန်းတစ်ခုမှာ ကျက် စားနေတဲ့ sex worker ကောင်မလေးတစ်စုရဲ့ နာမည်ပြောင်ပါ။ ရပ်ထားတဲ့ထရပ်ကားတွေ၊ စားသောက်ဆိုင်အိမ်သာတွေနဲ့ သူတို့ရဲ့ အခန်းငယ်တွေက သူတို့ကျက်စားရာနယ်မြေတွေပါပဲ။ တစ်နေ့တော့ ရယ်မ်မီဆိုတဲ့ အင်နိုးစန့်ကောင်မလေးက သူတို့အဖွဲ့နဲ့ အကြောင်းပါလာပါတော့တယ်။ အဲ့အချိန်မှာ တိုက်တိုက်ဆိုင်ဆိုင် ယာဉ်ရပ်နားစခန်းအိမ်သာထဲ လူသတ်မှုဖြစ်သွားခဲ့တာပေါ့။ အဲ့နောက် လူသတ်မှုတွေ ဆက်တိုက်ဖြစ်လာပြီး ဆယ့်ရှစ်ယောက်စုကြည့်ရမယ့် အခန်းတွေရော၊ သွေးသံရဲရဲအခန်းတွေရော စုံလို့လာပါတော့တယ်။ လူသတ်မှုနောက်ကွယ်ကအကြောင်းအရင်းတွေ၊ လူသတ်ပုံသတ်နည်း တွေကို ကြည့်ရှုခံစားလိုက်ကြပါဦး။ (ဒီဇာတ်လမ်းရဲ့အညွှန်းကို Ngwe Zin မှရေးသားပေးပြီး၊ ဘာသာပြန် ရေးသားပေးသူများကတော့ Ngwe Zin, Fiona Gillen ဖြစ်ပါတယ်) File Size……….(2.14 GB) / (578 MB) / (332 MB) Quality…………WEB-DL 1080p / 720p / 480p Duration………1Hr 33mins Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Horror, Thriller Translator…….Ngwe Zin, Fiona Gillen Encoder……….SWM

5.3 2022
Candy Land
The Night Beyond the Tricornered Window
5

The night beyond the tricornered window စာအုပ်ဆိုင် တစ်ဆိုင်ရဲ့ စာရေးလေး “မိကဒို”မှာ ထူးခြားတဲ့စွမ်းရည်တစ်ခုရှိပါတယ်။ အဲဒါကတော့ သူငယ်ငယ်တည်းက သရဲတွေကို အချိန်တိုင်းမြင်နေရတာဖြစ်ပြီး ဒီကနေ ရှောင်လွှဲလို့မရသလို မမြင်ရတော့အောင်လည်း လုပ်လို့မရပါဘူး။ တစ်နေ့မှာတော့ “ဟိရခဝါ”လို့ခေါ်တဲ့ ပယောဂနှင်ဆရာက မိကဒိုကို ရှာတွေ့ခဲ့တဲ့နောက်မှာတော့ အခြေအနေက ပြောင်းလဲသွားခဲ့ပါတယ်။ ဟိရခဝါက မိကဒိုကို သူ့ရဲ့လက်ထောက်အဖြစ်ခန့်ပြီးတော့ သရဲမြင်တဲ့အစွမ်း အကူအညီနဲ့ ဖြေရှင်းရခက်တဲ့ မှုခင်းတွေကို ရှာဖွေဖော်ထုတ်ကြပါတယ်။ ဒီလိုနဲ့ သူတို့လိုက်နေရတဲ့အမှုတွေက “ဟိအူရ”လို့ခေါ်တဲ့ အထက်တန်းကျောင်းသူရဲ့ နှုတ်ထွက်စကားတွေနဲ့ သက်ဆိုင်နေမှန်းသိလိုက်ရတဲ့အခါ ဖြေရှင်းဖို့ ကြိုးစားကြပါတယ်။ ၂၀၁၃ကနေ ၂၀၂၀အထိထုတ်ဝေခဲ့တဲ့ Yaoi mangaကို adaptionလုပ်ထားပြီး စိတ်ဝင်စားစရာကောင်းတဲ့ ဇာတ်လမ်းကျောရိုးနဲ့ Japanese BL ကားကောင်းတစ်ကားကို ကြည့်ရှုရမှာပါ။ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Ingyin San ပါ ) File Size__(1.4GB) / (700MB) Quality__WEB-DL_1080p, 720p IMDb Rating__5.0/10 Format__mp4 Duration__01:45:00 Type__Mystery, Thriller Subtitle__Myanmar Subtitle (Hardsub) Translated by Ingyin San Encoded by Naing Aung Latt

5 2021 102 mins
The Night Beyond the Tricornered Window
Sniper: G.R.I.T. – Global Response & Intelligence Team

ယူကီ လို့ခေါ်တဲ့ ဂျပန်မလေးဟာ ဂရစ်ဆိုတဲ့ အဖွဲ့အစည်းရဲ့ အေးဂျင့်တစ်ယောက်ဖြစ်ပါတယ် သူ့ကို မယ်လ်တာ အစိုးရ‌ဆီက အာဏာသိမ်းပြီး နိုင်ငံကိုအုပ်ချူပ်နေ‌တဲ့ လူတစ်စုကို သတ်ဖြတ်ဖို့ အမိန့်ပေးလိုက်ပါတယ်။ နောက် ၆လကြာတဲ့အထိ ယူကီဟာ သူ့ရဲ့ မစ်ရှင်ကိုလုပ်နေရင်း အဆက်အသွယ်ပြတ်ကာ ပျောက်ဆုံးနေပါတော့တယ် တစ်ရက်မှာတော့ သူတို့ရဲ့ ဂရစ်အဖွဲ့အစည်းဆီကို ယူကီဟာ အရေးပေါ်အကူအညီတောင်းခံခဲ့ပါတယ် အဲ့ဒီအချိန်မှာ ဂရစ်အဖွဲ့ဟာ ဘရန်ဒန်နဲ့ ဇီးရိုးလို့ခေါ်တဲ့ အေးဂျင့်နှစ်ယောက်ကို ယူကီကို ကယ်ဖို့နဲ့ ယူကီရဲ့ မစ်ရှင်ကို အဆုံးသတ်အောင်လုပ်ပေးဖို့ ထပ်မံစေလွှတ်လိုက်ပါတယ်။ ဘရန်ဒန် နဲ့ ဇီးရိုးတို့ရဲ့ Pro ဆန်ဆန် မစ်ရှင်လုပ်ဆောင်ချက်တွေကို ကြည့်ရှုရမှာဖြစ်ပြီး တကားလုံးမှာ Action ခန်းတွေအပြည့်ပါတဲ့အတွက် Action ကြိုက်သူတွေ သဘောကျစေမှာပါ။ File size…(2 GB)/(1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:33:00 Genre…Action Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Ban

0 2023 92 mins
Sniper: G.R.I.T. – Global Response & Intelligence Team
Dragon Gate Posthouse 9: Unexpected Romance
5.8

ကန္တာရရဲ့ အစွန်းဆုံးက ယွဲ့ယာမြို့ဟောင်းမှာ လုံမိန်ရပ်နားစခန်းတစ်ခုရှိပါတယ်။ အခု CM ကဘာသာပြန်ပေးတဲ့ ရုပ်ရှင်လေးကတော့ လုံမိန်ရပ်နားစခန်းနဲ့ ယွဲ့ယာမြို့အတွင်းမှာ ဖြစ်ပျက်ခဲ့တဲ့ ဇာတ်လမ်းလေးတွေပဲ ဖြစ်ပါတယ်။ ဆယ်ကားထွက်ထားတဲ့ရုပ်ရှင်ဖြစ်တာကြောင့် ကျန်ဇာတ်ကားများအားလုံးကို တစုတစည်းထဲ အောက်ကလင့်မှာရှာလို့ရပါတယ် ဒီမှာရှာပါ ဒါလေးကတော့ အချစ်အတွက် အချိန်တွေ သေရေးရှင်ရေးတွေကို ကျော်ဖြတ်ခဲ့တဲ့ ဖူးစာတစ်ခုပဲ ဖြစ်ပါတယ်။ မာတာ့လုဟာ စာပေသမားဖန်းကျွင့်ကို ယွဲ့ယာမြို့မှာ စာသင်ကျောင်းဖွင့်နိုင်ရန် ကူညီပေးခဲ့ပါတယ် ဒါပေမဲ့ ၃ လအတွင်း ကျောင်းသား တစ်ယောက်မှ မရှိလို့ ကျောင်းပိတ်လိုက်ရတော့မလို ဖြစ်နေပါတယ်။ ကံကောင်းစွာနဲ့ ကျူးအာဆိုတဲ့ မိန်းကလေးတစ်ယောက်ရဲ့ အကူအညီရခဲ့ပြီးမှ အခက်အခဲကို ကျော်ဖြတ်နိုင်ခဲ့ပါတယ်။ ကျူးအာဟာ အလွန်ဉာဏ်ကောင်းပြီး ဖန်းကျွင့်အပေါ်လည်း အလွန် ဂရုစိုက်သူ ဖြစ်ပါတယ်။ ဖန်းကျွင့်ကတော့ သူ့ကို ပစ်သွားတဲ့ ဇနီးလောင်း ရှန်ယန့်ကိုပဲ ပြန်လာစေချင်နေပါတယ်။ ရှန်ယန့်ဟာ သူ့ရဲ့သူဌေးနှင့် အိမ်ထောင်ပြုနိင်ဖို့အတွက် ဖန်းကျွင့်ကို ရက်စက်စွာ လုပ်ကြံခဲ့ပါတယ်။ ဖန်းကျွင့်ဟာ အသက်အန္တရာယ်နှင့် ကြုံတွေ့ရချိန်မှာ ကျူးအာ ကဘယ်လိုကာကွယ်မလဲ ကျူးအာတစ်ယောက် ဖန်းကျွင့်ရဲ့ မေတ္တာတွေကို လက်ခံရနိုင်မလား…… ကျူးအာရဲ့ သရုပ်မှန်ကရော ဘာဖြစ်နေမလဲ….. ဆိုတာကို ရုပ်ရှင်လေးနဲ့အတူ ခံစားကြည့်ရှုလိုက်ရအောင်နော်။

5.8 2018
Dragon Gate Posthouse 9: Unexpected Romance
Moon Students
5.4

Moon Students (2023) ~ IMDb – 5.4/10, Rotten Tomatoes – 92% ~ သူငယ်ချင်းတစ်စုနဲ့ ဒုက္ခရောက်နေတဲ့ ပါမောက္ခတစ်ဦး Pandemic အတွင်း စိန်ခေါ်မှုတွေနဲ့ စာသင်နှစ်ကို ဖြတ်ကျော်ပြီး သူတို့ရဲ့စစ်မှန်တဲ့အသံတွေကို ရှာဖွေဖို့ ကြိုးစားတဲ့ ဇာတ်လမ်းဖြစ်ပါတယ်။ လူမျိုးရေးခွဲခြားတာတွေ၊ လူမည်းတွေအတွက် Black Lives Matter ကြိုးပမ်းမှုတွေနဲ့ Apollo 11 အာကာသယာဉ် လပေါ်ဆင်းသက်ခဲ့တာတွေကိုပါ ထည့်သွင်းပြီး အဆိုးဆုံးအချိန်တွေမှာတောင် ကိစ္စတွေပြီးအောင်လုပ်နိုင်တာ ကျော်လွှားနိုင်တာကို မက်ဆေ့ပေးထားပါတယ်။ အချိန်အပိုင်းအခြားတွေကို လပြည့် လဆုတ် Moon Phase တွေနဲ့ ယှဉ်ပြထားပါသေးတယ်။ ဇာတ်လမ်းအစမှာ COVID ကြောင့် Lockdown မချခင် အတန်းနောက်ဆုံးရက်မှာ ပါမောက္ခက ကျောင်းသား၂ယောက်ကို Presentation ပေးခိုင်းပါတယ်။ သူတို့၂ယောက်က မပြင်ဆင်ရသေးဘဲ အလွဲတွေဖြစ်တဲ့အတွက် ရုံးခန်းခေါ်ခံရပြီး ပြသာနာတက်ခဲ့ပါတယ်။ ဒီကျောင်းသားတွေရော ဆရာရောက ကိုယ်ချစ်ရတဲ့သူတွေ ကိုယ်စီ ဆုံးရှုံးထားသူတွေပါ။ သူတို့တွေရဲ့ ပူဆွေးမှု ကိုယ့်ကိုကိုယ်အပြစ်တင်မှုတွေကိုပါ ပေါ်လွင်အောင် ထည့်ထားပြီး ဗဟုသုတအစုံ ရသစုံပေးစွမ်းနိုင်တဲ့ ကားတစ်ကားလို့ ဆိုချင်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Shune Lai KK မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.25GB, 885MB Quality – 1080p, 720p IMDb Rating – 5.4/10 Format – mp4 Duration – 1H 49Min Genre – Adventure Subtitle – Myanmar Subtitle (Hardsub) Translated by Shune Lai KK Encoded by Y

5.4 2023
Moon Students
Return

Return (2007) ဒီတစ်ခါမှာတော့ Thriller, Mystery အမျိုးအစား ကိုရီးယားဇာတ်ကားတစ်ကားကို တင်ဆက်ပေးလိုက်ရပါပြီ။ IMDB 6.4/10 ရရှိထားတာမို့ တစ်ခါတော့ကြည့်သင့်တဲ့ ဇာတ်ကားတစ်ကားဖြစ်မှာပါပဲ။ ၁၉၈၀ ခုနှစ် တောင်ကိုရီးယား၊ ဆန်းနော့ဆူဆေးရုံမှာ အသက် ၉ နှစ်အရွယ် ကလေးတစ်ယောက် နှလုံးခွဲစိတ်မှု ရှိခဲ့ပါတယ်။ ခွဲစိတ်မှုက မထူးခြားပေမဲ့ လူနာကလေးက မေ့ဆေးမတိုးတဲ့ ကလေးဖြစ်နေတာပါပဲ။ ခွဲစိတ်မှုတစ်လျှောက်လုံး အသိရှိနေခဲ့တဲ့ကောင်လေးက သူကြုံတွေ့ခဲ့ရတဲ့ နာကျင်မှကို ပြန်ပြောပြခဲ့ပေမဲ့ ဘယ်သူကမှ မယုံခဲ့ကြပါဘူး။ ဒီလိုနဲ့ ၂၅ နှစ်ကြာတဲ့အခါ ဆန်းနော့ဆူဆေးရုံက ဆရာဝန်ဟောင်းတွေနဲ့ အကြီးအကဲဟောင်းတွေ တစ်ယောက်ပြီးတစ်ယောက် မတော်တဆမှုအမျိုးမျိုးနဲ့ သေဆုံးမှုတွေ ဖြစ်လာပါတယ်။ လက်ရှိ ခွဲစိတ်ဆရာဝန် ဒေါက်တာယူဂျယ်အု၊ မေ့ဆေးဆရာဝန် ဂျန်ဆော့ဟို၊ စိတ်ကျန်းမာရေးဆရာဝန် အိုချီဟွမ်နဲ့ ဂန်အုဟွမ်တို့ကြားက ပတ်သက်မှု၊ သူတို့ကြားက တရားခံရှာပွဲကို စိတ်ဝင်စားဖွယ် လိုက်ပါ ခန့်မှန်းကြည့်ရှုရမှာပဲ ဖြစ်ပါတယ်၊ အညွှန်းနဲ့ ဘာသာပြန်ကတော့ Su Myat ဖြစ်ပါတယ်။ Genre….. Drama, Thriller Quality…. 1080p WEB-DL | 720p WEB-DL File size… 1.77GB | 858MB Format… mp4 Duration…. 1h 53min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Su Myat Encoder ….. Aaron

0 2007
Return
There’s Still Tomorrow
7.7

၂၀၂၃ ခုနှစ်ကမှ ထွက်ရှိခဲ့တဲ့ အီတာလျံစကားပြော ရုပ်ရှင်တစ်ခုဖြစ်တဲ့ ဒီရုပ်ရှင်ဟာ အီတလီပြည်တွင်းမှာ အောင်မြင်မှု အကြီးအကျယ်ရရှိခဲ့ပြီး ဝေဖန်သူတွေ အကြိုက်တွေ့ခဲ့တဲ့ ဇာတ်လမ်းဖြစ်ပါတယ်။ ရောမရုပ်ရှင်ပွဲတော်မှာ ဆုသုံးခု ရရှိခဲ့တဲ့အပြင် အီတလီနိုင်ငံမှာ ၂၀၂၃ ခုနှစ်အတွက် ဝင်ငွေအကောင်းဆုံး ရုပ်ရှင်ကားလည်းဖြစ်ပါတယ်။ ရုပ်ရှင်ရဲ့ အီတာလျံခေါင်းစဥ်က C’è ancora domani ဖြစ်ပြီး Period Comedy-Drama အမျိုးအစားပါ။ ဇာတ်အိမ်ကို ဒုတိယကမ္ဘာစစ်အပြီး ကာလမှာတည်ထားပြီး Delia ဆိုတဲ့ အိမ်ရှင်မတစ်ဦးရဲ့ အဲဒီခေတ်ကာလမှာ ကြုံတွေ့ခဲ့ရတဲ့ လူမှုဒုက္ခတွေနဲ့ လူတန်းစားရုန်းကန်မှုတွေကို ပြဆိုထားတာ ဖြစ်ပါတယ်။ Delia ရဲ့ ခင်ပွန်းဖြစ်သူက ဇနီးအပေါ် နှိပ်စက် ချုပ်ချယ်တတ်တဲ့ လူစားမျိုးဖြစ်ပြီး သမီးဖြစ်သူ Marcella နဲ့ သားနှစ်ဦးရှိပါတယ်။ Delia ဟာ အိမ်မှုကိစ္စအားလုံးကို လုပ်ကိုင်ရသလို အပြင်ထွက်ပြီး ငွေလည်းရှာရပါသေးတယ်။ ဒီကြားထဲမှာ ခင်ပွန်းဖြစ်သူရဲ့ မထင်ရင် မထင်သလို ရိုက်နှက်ခြင်းကိုလည်း ခံရပါသေးတယ်။ သမီးဖြစ်သူကို အိမ်ထောင်ချပေးရေး ကိစ္စနဲ့ ဗျာများနေတုန်းတစ်နေ့မှာ မမျှော်လင့်ဘဲ စာတိုက်ကနေ မဲပေးခွင့်လက်မှတ် တစ်စောင် ရလာရာကနေ အစပြုပြီး မိမိရသင့်ရထိုက်တဲ့ အခွင့်အရေးကို အရယူဖို့ စတင်နိုးကြားလာပါတော့တယ်။ ဒါရိုက်တာဖြစ်သူရဲ့ ပထမဆုံးလက်ရာဖြစ်ပြီး ရုပ်ရှင်တစ်ခုလုံးကို Neo-realism ပုံစံနဲ့ အဖြူအမည်းကာလာ ရိုက်ကူးထားပါတယ်။ စစ်ပြီးခေတ် ဖိုဝါဒီကြီးစိုးမှုနဲ့ အမျိုးသမီးအခွင့်အရေးလှုပ်ရှားမှုကို မီးမောင်းထိုးပြထားပြီး အမျိုးသမီးတွေကို ပထမဆုံးအကြိမ် မဲပေးခွင့်ပြုတဲ့ ၁၉၄၆ ခုနှစ်၊ ဇွန်လ ၂ ရက်နေ့ ရွေးကောက်ပွဲ ပုံရိပ်တွေကိုလည်း တွေ့မြင်ရပါတယ်။ ဇာတ်လမ်းကောင်းတစ်ပုဒ် ဖြစ်တဲ့အတွက် ဥရောပရုပ်ရှင်နှစ်သက်သူများ လက်လွတ်မခံသင့်တဲ့ ရုပ်ရှင်တစ်ကား ဖြစ်ပါတယ်။ File size…(2.5 GB)/(1.2 GB) Quality….Webrip 1080p / 720p Format… mp4 Duration…. 01:58:00 Genre… Comedy, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Wolfenheim

7.7 2023
There’s Still Tomorrow
A Wednesday!
8.1

“လူသားစစ်မှန်ခဲ့ရင် ဇီဝန်ခြွေတဲ့ အလုပ်ကို သာယာနေမှာမဟုတ်ဘူး ” ဒါမှမဟုတ် အဲ့ဒီစကားပြောခဲ့တဲ့ဗုဒ္ဓဟူးနေ့လေးတစ်နေ့ °°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°° နိုင်ငံတစ်နိုင်ငံ၏ တရားရေးကို သဘောမကျရင် ကိုယ်တိုင်စီရင်ပစ်ရမည်ဟု ဒီဇာတ်ကားလေးနဲ့ ပြောခဲ့ချင်ပုံရသည်။ ထို့သို့အတိုင်းပင် အိန္ဒိယ၏ ဇာတ်ကားတော်တော်များများသည် တည့်မတ်စေလိုသော သဘောတရားအရင်းခံရင်း တရားရေးမဏ္ဍိုင်ကို ကြုံရင်ကြုံသလို သရော်လိုက်ကြသည်။ ဤကားသည် ထို့သို့အတိုင်းပင်။ ဤဇာတ်ကား၏ အရှိန်သည် အစ၌ပင် စ၍ အဆုံးပြီးမှ ဆုံးလိုက်သည့် ရစ်သမ်ညီသည့် ဇာတ်မျိုးဖြစ်သည်။ IMDB – 8.1 အထိ ရရှိထားပြီး ဝေဖန်ရေး အရလည်း တော်တော်အောင်မြင်ခဲ့သည့် ကားမျိုးဖြစ်သည်။ ဇာတ်လမ်း အကျဉ်းအားဖြင့် ဆိုသော် တစ်နေ့သော ဗုဒ္ဓဟူး နေ့လေးတွင်သာ ဖြစ်ပျက်ခဲ့၏။ ထိုနေ့လေးတွင် ရဲကော်မရှင်နာ ရာဟိုးလ် ထံသို့ အမည်မသိ ဖုန်း တစ်ခု ဝင်လာသည်။ အမည် ကို A ဟု သတ်မှတ်ပါစို့။ A က မြို့၏ နေရာကြီးငါးနေရာတွင် ဗုံးထောင် ခဲ့ကြောင်း ဆိုသည်။ A ၏ ရည်ရွယ်ချက်မှာ နာမည်ကြီး အကြမ်းဖက်သမား လေးဦးအား လွှတ်ပေးရေးဖြစ်သည်။ ပထမ အစတွင် ရာဟိုးလ် က A ကို မယုံကြည်ခဲ့ပေ။ ဖုန်းနှောင့်ယှက်သူ တစ်ဦးအဖြစ်သာ သတ်မှတ်ခဲ့သည်။ သို့သော် ရဲစခန်းအိမ်သာ၌ ထောင်ခဲ့သော ဗုံးတစ်နေရာကို ဖွင့်ပြောလိုက်သောအခါမှ ရာဟိုးလ်ယုံကြည်ခဲ့သည်။ ထို့နောက် နည်းပညာအကူအညီဖြင့် A ၏ တည်နေရာအားစုံစမ်းကြသည်။ A ကား မည်သူနည်း ဟု စုံစမ်းခဲ့ကြသည်။ ရဲမှတ်တမ်းများအရလွတ်မြောက်နေသော အကြမ်းဖက်သမားများ ရှိနေသောကြောင့် ရာဟိုးလ်အနေနဲ့ A သည် အကြမ်းဖက်ခေါင်းဆောင် ဖြစ်မည်ဟု မှတ်ယူခဲ့သည်။ A အနေနဲ့လည်း ကျွမ်းကျင်သင့်တင့်သော နည်းပညာ ရှိနေ၍ Sim card အမျိုးမျိုး တည်နေရာ အမျိုးမျိုး ပြောင်းနိုင်ခဲ့သည်။ အကြမ်းဖက်သမားလေးယောက် ကို တစ်နေရာတည်း တစ်စုတစည်း မရပါက ကျန်ရှိနေသည့် ငါးနာရီအတွင်း ဗုံးဖောက် ခွဲရန် ကြုံးဝါးခဲ့သည်။ ဤသိူ့ဖြင့် ရာဟိုးလ် နှင့် အမည်မသိ ဖုန်းခေါ်သူ တို့ အားပြိုင် ဇာတ်ရှိန်တက်လာချိန်မှာတော့ …………? ဘာတွေ ဆက်ဖြစ်လာမည်နည်း။ A ဟာ မည်သူနည်း။ မည်သို့သော မျက်နှာဖုံးနဲ့ တရားရေး ကဏ္ဍ ဆီ ချဉ်းနင်းလာခဲ့ပါသနည်း။ ဤဇာတ်ကားသည် အလှည့်အပြောင်း နှင့် လူ့စိတ်ကို ဖွင့်ဟလိုက်သည်။ “ငါမှ မဆိုင် “ဟူသော စိတ်ဓာတ်နှင့် နိုင်ငံသားကောင်း မဖြစ်နိုင်ခြင်းကိုလည်း ပြောပြသည်။ အမှန်တရားနှင့် ထိုက်တန်သော ပြစ်ဒဏ် ကိုလည်း ကွက်ကွက် ကွင်းကွင်း ဖော်ပြခဲ့သည်။ ဒီကားဟာ အကောင်းဆုံးဇာတ်လမ်းဆု၊အကောင်းဆုံးဇာတ်ညွှန်းဆုနဲ့အကောင်းဆုံးဇာတ်ပို့ဆုရရှိခဲ့သည်။ သီးချင်တွေနဲ့ကတဲ့အခန်းတစ်ခန်းမှမပါ… အညွှန်းအား ကိုလင်းခယံ facebook page မှကူးယူဖော်ပြသည်….

8.1 2008
A Wednesday!
The Curse of the Necklace
5.5

ကြောက်ဖို့ကောင်းတဲ့ Horror movie ကြည့်ချင်တယ် The Exorcist ရဲ့ Themes လိုမျိုး ကြည့်ချင်တယ် ဆိုတဲ့သူတွေအတွက် Warner Bros. က ရိုက်ကူးထုတ်လုပ်လိုက်တဲ့ The Curse of the necklace ဇာတ်ကားက စိတ်ကျေနပ်မှု ရစေမှာပါ။ ၁၉၆၀ ဝန်းကျင် ခေတ်အနေအထားကို မှီငြမ်းပြီး ရိုက်ကူးထားတဲ့ ဒီဇာတ်ကားမှာ ပါဝင်ထားတဲ့ သရုပ်ဆောင် တွေကလည်း Horror Genre နဲ့ အသားကျပြီးသား သရုပ်ဆောင်တွေမို့ အပိုအလိုမရှိ အံဝင်ခွင်ကျ သရုပ်ဆောင်နိုင်ကြပါတယ်။ (ဖရန့်ခ်- Pet Sematary၊ လော်ရာ – Shevenge ၊ အယ်လင်- M3GAN) ဇာတ်လမ်းကတော့ အိမ်ထောင်ရေး အဆင်မပြေဖြစ်နေတဲ့ မိသားစု တစ်စုမှာ ဖခင်လုပ်သူ ဖရန့်ခ်က ရဲဝန်ထမ်း တစ်ဦးဖြစ်ပြီး မိခင်ဖြစ်သူ လော်ရာက ဆေးရုံမှာ နာ့စ်လုပ်ပါတယ်။ လင်မယား ရန်အကြီးအကျယ် ဖြစ်ပြီးနောက်ပိုင်း ယောကျ်ားက အိမ်မှာမနေတော့ဘဲ ဟိုတယ်တစ်ခုမှာ နေနေရတာပါ။ ဆယ်ကျော်သက်အရွယ် သမီးကြီး ဂျူးဒစ်နဲ့ သမီးအငယ် အယ်လင်ကတော့ မိခင်ဖြစ်သူနဲ့ အတူ အိမ်မှာပဲ နေထိုင်ပါတယ်။ တစ်နေ့တော့ ဖရန့်ခ်က သက်သေခံ ပစ္စည်းအခန်းထဲက အနှစ်သုံးဆယ်ကျော် အမှုပိတ်ပြီးသား လူသတ်မှုတစ်ခုရဲ့ သက်သေခံပစ္စည်းပုံးကို ဖွင့်ကြည့်မိတဲ့ အခါမှာ ရတနာပစ္စည်း လည်ဆွဲလေးကို တွေ့သွားပါတယ်။ ပိတ်ပြီးသား အမှုမို့ ပြဿနာ တက်စရာမရှိလို့ ယူဆပြီး သူ့ရဲ့ ဇနီး လော်ရာကို မျက်နှာလုပ်ဖို့အတွက် အိမ်ကို ယူသွားခဲ့ပါတယ်။ လော်ရာက လက်မခံဘဲ ဒီလည်ဆွဲကို အမှိုက်ပုံးထဲ လွှင့်ပစ်ခဲ့ပေမယ့် သမီးငယ် အယ်လင်က ကောက်ယူထားလိုက်ပါတယ်။ အဲဒီကနေ စပြီး သူတို့အိမ်မှာ ထူးဆန်းတာတွေ မြင်ရကြားရသလို၊ ဂျူးဒစ်မှာ ညတိုင်း အိပ်မက်ဆိုးတွေ မက်နေပါတော့တယ်။ ဒီကျိန်စာသင့် လည်ဆွဲရဲ့ သမိုင်းကြောင်းက ဘယ်လိုတွေ ရှိခဲ့လဲ၊ သူတို့အိမ်လေးမှာ ဘယ်လိုတွေ ဖြစ်လာဦးမလဲဆိုတာ…..။ File size…939MB / 500MB Quality…WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 39m Genre ….. Horror Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Aoi

5.5 2024
The Curse of the Necklace
Luciferina
4.7

Luciferina (2018) ( 18+ ကားမဟုတ်ပေမယ့်လည်း ဇာတ်လမ်းက နတ်ဆိုးဆီက သန္ဓေကိုအခြေခံထားတာဖြစ်တဲ့အတွက် ပွင့်လင်းတဲ့ ချစ်တင်းနှောခန်းတစ်ခုအကြာကြီးပါနေပါတယ်။ မိသားစုနဲ့မကြည့်ခင်ဆုံးဖြတ်နိုင်ဖို့ပါ။) LUCIFERINA ဟာသီလရှင်ကျောင်းမှာ ပညာသင်နေဆဲ ဂျူနီယာသီလရှင်လေးတစ်ယောက်ဖြစ်တဲ့ နက်တလီယာ နဲ့ စပါတယ်။ သူ့မိဘတွေ မတော်တဆမှုဖြစ်ပြီး မိခင်ဖြစ်သူသေဆုံးခဲ့ရသလို ဖခင်ဖြစ်သူအိပ်ယာထဲလဲသွားတယ်ဆိုတာ သိရတဲ့အချိန်မှာတောင် သူဟာအိမ်ကို မပြန်ချင်ခဲ့ပါဘူး။ ဒါပေမယ့် သီလရှင်ဆရာကြီးရဲ့ဒီနေရာဟာ သူ့ပြဿနာတွေ၊ ဒုက္ခတွေဆီက ပုန်းရှောင်နေရမယ့်နေရာမဟုတ်ဘူးဆိုတဲ့စကားကြောင့် သူတမင်စွန့်ခွာခဲ့တဲ့ သူ့အိမ်ကိုပြန်သွားဖြစ်ခဲ့ပါတယ်။ သူ့အိမ်ကိုပြန်ရောက်တဲ့အချိန်မှာ အိပ်ယာထဲ လဲနေတဲ့ဖခင်ကြီးနဲ့အတူ သူ့ညီမ အိန်ဂျလာရဲ့ဆိုးဝါးတဲ့ထိုးနှက်စကားတွေကိုရင်ဆိုင်ရပါတယ်။ သူ့အမေဟာနတ်ဆိုးတစ်ကောင်ပူးကပ်တာခံနေရတဲ့အကြောင်း၊ အခုဖြစ်သွားတဲ့ ကိစ္စဟာလည်း အဲ့ဒါတွေကြောင့်အများကြီးသက်ဆိုင်နေပြီး အဲ့ဒီပဟေဠိတွေကိုအဖြေရှာဖို့အတွက် သူတို့ဟာ ဝေးလံခေါင်ဖျားတဲ့နေရာတစ်ခုက ဘုရားကျောင်းပျက်ကြီးတစ်ခုမှာ အစီအရင်တစ်ခုသွားလုပ်ကြတော့မယ်ဆိုတာသိရပါတယ်။ အဲ့ဒီအစီအရင်ဟာ သူတို့ရဲ့ (မွေးစား) မိဘနှစ်ပါးဖွက်ထားတဲ့ ပဟေဠိတွေကိုအထုပ်ဖြေပြမှာဖြစ်တဲ့အတွက် သူ့ကိုပါလိုက်ခဲ့ပါလို့ခေါ်ဆောင်ချိန်မှာတော့ နက်တလီယာအနေနဲ့ ညီမငယ်ကိုစိတ်မချတဲ့ ဇောသက်သက်နဲ့ကြောက်စရာကောင်းလွန်းလှတဲ့ အတိတ်ပေါင်းစုံနဲ့နေရာစိမ်းတစ်ခုကိုအခြေချမိပါတော့တယ်။ ဒါပေမယ့် အဲ့ဒီနေရာဟာ တကယ်တမ်းတော့ သူ့အတွက် အစိမ်းသက်သက်ဖြစ်မနေခဲ့ဘူးဆိုတာကို သိလိုက်ရတဲ့အချိန်..။ သမားရိုးကျ မိစ္ဆာဖုတ်နှင် ကားတွေကနေကွဲထွက်သွားတဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ အာဂျင်တီးနားကားဖြစ်တဲ့အတွက် ကမ္ဘာကျော်မျက်နှာသိမင်းသားမင်းသမီးတွေ မပါဝင်ပေမယ့် သရုပ်ဆောင်တွေက ကိုယ့်တာဝန်ကိုယ်ကျေသလို ဇာတ်လမ်းရောလှည့်ကွက်တွေရောကောင်းတဲ့ကားဖြစ်တဲ့အတွက် Horror ပရိသတ်တွေလက်လွတ်မခံသင့်တဲ့ကားပါပဲ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Alias ဖြစ်ပါတယ်။) File size…(1.6 GB) / (1 GB) Quality….Blu-Ray 1080p HEVC / 720p Format…. mkv/mp4 Genre….Horror, Mystery Duration….01:55:16 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Alias

4.7 2018
Luciferina
Our Little Secret
5.8

နာမည်ကျော် Mean Girls (2004)ထဲကမင်းသမီး Lindsay Lohan ပါဝင်သရုပ်ဆောင်ထားတဲ့ ခရစ္စမတ် Rom/com ဇာတ်ကားသစ်လေးကို တင်ဆက်ပေးလိုက်ချင်ပါတယ်။ လိုဂန်နဲ့အေဗရီတို့ဟာ ကလေးဘဝကတည်းက အမြဲမခွဲ တတွဲတွဲနဲ့ အရွယ်ရောက်လာတော့လည်း ချစ်သူတွေဖြစ်သွားကြတဲ့ soul mateတွေပါ။ အသက်တွေ ကြီးလာလို့ ဘဝလမ်းကြောင်းကို လျှောက်ရမဲ့ အချိန်မှာ အေဗရီဟာ အိမ်မြို့လေးနဲ့ လိုဂန်ကို ထားခဲ့ပြီး လန်ဒန်မှာ အလုပ်သွားလုပ်ဖို့ဖြစ်လာခဲ့ပါတယ်။ အေဗရီကို မသွားစေချင်တဲ့ လိုဂန်ကတော့ ရရာနည်းလမ်းနဲ့ ဆွဲထားမယ်လို့ ကြံရင်းကနေ အလွဲအချော်လေးတွေဖြစ်ပြီး ချစ်သူနှစ်ဦး လမ်းခွဲပြတ်စဲသွားကြပါတော့တယ်။ ဒီလိုနဲ့ ၁၀နှစ်အကြာ ၂၀၂၄ ခရစ္စမတ်မှာတော့ သူတို့နှစ်ဦးလုံး ကြင်သူကိုယ်စီနဲ့ တစ်ယောက်‌တစ်နေရာစီဖြစ်‌လို့နေကြပါပြီ။ ဒါပေမဲ့ ကံကြမ္မာရဲ့ ဆန်းကြယ်ပုံတွေကြောင့် အေဗရီရဲ့ ကောင်လေးနဲ့ လိုဂန်ရဲ့ကောင်မလေးဟာ မောင်နှမတွေဖြစ်နေပါတယ်။ အဲလိုနဲ့ ခရစ္စမတ်ပိတ်ရက်မှာ ချစ်သူရည်းစား‌‌ရဲ့ အိမ်ကို အလည်လိုက် လာကြတဲ့ အေဗရီနဲ့ လိုဂန်တို့နှစ်ယောက် ပြန်လည်‌ဆုံတွေ့ခဲ့ကြပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် သူတို့ တွဲခဲ့တယ်ဆိုတဲ့ကိစ္စကို လျှို့ဝှက်ထားဖို့ ဖြစ်လာတဲ့အခါ ဘယ်လိုအရှုပ်အထွေးတွေ ဖြစ်လာမလဲဆိုတာကို ဟာသလေးပါးပါးနှောပြီးကြည့်ရှုရမဲ့ ဇာတ်ကားလေးပါပဲ။ ခရစ္စမတ်အတွက် ကြည့်ပြီးသား ကားတွေပဲပြန်မကြည့်ချင်လို့ ရုပ်ရှင်အသစ်လိုက်ရှာနေတဲ့ ပရိတ်သတ်များ အတွက်တော့ ဒီကားလေးက ပေါ့ပေါ့ပါးပါးနဲ့ ကြည့်ပျော်တာမလို့ Christmas watch list ထဲကို ထည့်ထားသင့်တဲ့ ရုပ်ရှင်ဖြစ်ကြောင်း ညွှန်းလိုက်ချင်ပါတယ်။ File size… (1.56GB) / (857MB ) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 41m Genre ….. Comedy , Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Muse

5.8 2024 101 mins
Our Little Secret
The Pelican Brief
6.6

The Pelican Brief (1993) *************************** IMDB Rating ——– 6.6 ဒီရုပ်ရှင်ရဲ့ မူရင်းဝတ္တုဟာ The Firm တို့ A Time To Kill တို့ Rain Makerတို့လို နာမည်ကျော် Legal Thriller တွေပဲရေးခဲ့တဲ့ John Grisham ပါ။ သူရဲ့ ပထမဆုံးဝတ္တု A time to kill ဟာ ၂၀၁၂အထိ စစ်တမ်းအရ ၂၇၅သန်းအထိ ကော်ပီရောင်းရပြီးပါပြီ။ ဒီနောက်ရေးတဲ့ The Firm ဟာ Best Seller စာရင်းဝင်ခဲ့ပြီး သူ့ကို စအောင်မြင်စေခဲ့တဲ့ Legal Thriller လည်း ဖြစ်ပါတယ် ။ အခုတော့ သူရဲ့ နာမည်ကျော်ဝတ္တုတစ်ပုဒ်ကိုပဲ Julia Roberts နဲ့ Denzel Washington တို့လို ထိတ်ထိတ်ကြဲတွေ သရုပ်ဆောင်ထားတဲ့ The Pelican Brief ဆိုတဲ့ ကားနဲ့ ထပ်မိတ်ဆက်ပေးပါရစေ။ ဗဟိုတရားရုံး ဂျူဒီ နှစ်ယောက်ကို Khamelလို့ အမည်တွင်တဲ့ လူလတ်သမားတစ်ယောက်ဟာ လုပ်ကြံသတ်ဖြတ်သွားပါတယ်။ ဒီအဖြစ်အပျက်အပြီး နှစ်နှစ်တာ အကြာမှာ Tulane တက္ကသိုလ်က ရှေ့နေကျောင်းသူ Darby Shaw ဟာ ဒီအဖြစ်အပျက်နဲ့ ပက်သက်ပြီး ဘာလို့ သူတို့ အသတ်ခံရလဲဆိုတာကို သီအိုရီထုတ်ပြီး လျှောက်လဲချက်တစ်ခု ရေးခဲ့ပါတယ်။ ဒီလျှောက်လဲချက်ကို သူမရဲ့ ဥပဒေပါမောက္ခကိုပေးခဲ့ပြီး သူ့ဆရာက Gavin Verheek ဆိုတဲ့ FBI ဒါရိုက်တာ ရဲ့အထူးရှေ့နေတစ်ယောက်ကို မူပွားပေးခဲ့ပါတယ်။ ဒီနောက်မှာ..ပါမောက္ခဟာ ဗုံးခွဲအသတ်ခံခဲ့ရပါတယ်။ Darby ကိုယ်တိုင်လည်း တိုက်ခိုက်မှူ တချို့ကြုံရပြီးတဲ့အခါ သူ မသေအောင်ရှောင်ဖို့ လုပ်ရပါတော့တယ်။ဒီအချိန်မှာပဲ သူ သီအိုရီ ထုတ်ထားတဲ့ လျှောက်လဲချက်ဟာ မမှားလို့ သူ့ကို လုပ်ကြံဖို့ ကြံစည်နေကြောင်း သဘောပေါက်ခဲ့တယ်။ ဒီလိုနဲ့ သူမ ပုန်းကွယ်ပြီး Verheek ဆီက အကူအညီတောင်းခဲ့ရပါသတဲ့..။ တစ်ဖက်မှာ Garciaလို့ သူ့ကိုယ်သူ ခေါ်တဲ့ သတင်းပေးတစ်ယောက်ဟာ သတင်းထောက် Gray Granthamကို လုပ်ကြံမှုတွေနဲ့ ပက်သက်တဲ့ သတင်းပေးပြီး ချက်ချင်း ပျောက်ကွယ်သွားခဲ့တယ်။ ဒီနောက် Darby ဟာ သူ့ လျှောက်လှဲချက်တွေ မှန်ကန်တာတွေ့ရှိခဲ့တဲ့ သတင်းထောက်နဲ့ ဆက်သွယ်ခဲ့ပါတယ်။ Darby ဟာ ထပ်အတိုက်ခိုက်ခံရပြီး လွတ်မြောက်သွားပေမဲ့ သူ့ကွန်ပျူတာ ဖိုင် ဒေတာတွေ အကုန်ပျောက်ကွယ် သွားခဲ့တယ်။ Verheek နဲ့ တွေ့ဆုံဖို့ စီစဉ်တဲ့အခါလည်း Verheek အသတ်ခံခဲ့ရပြီး လူသတ်သမားက အယောင်ဆောင်လာတွေ့ခဲ့ပါတယ်။ ဒါပေမဲ့ ဘယ်ဆီကရောက်လာမှန်းမသိတဲ့ ကျည်တစ်တောင့်က သူ့ အသက်ကို ကယ်တင်သွားခဲ့ပါတယ်။ Grantham နဲ့ Darbyတို့ နယူးယောက်မှာ တွေ့ကြပြီး သူရဲ့ Palican လျှောက်လဲချက်ထဲက ခန့်မှန်းချက်တွေ အကြောင်း Granthamကို ပြောပြခဲ့ပါတယ်။ Granthamကလည်း သတင်းပေးလူအကြောင်းပြောပြရရင်း သတင်းပေးတဲ့လူကို သူကို သူတို့သိပြီးတဲ့အခါ…. သက်သေဘယ်လိုရှာရင်း သူရဲ့ Palican လျှောက်လဲချက်ကို ဘယ်လို သက်သေပြမလဲ ဘယ်လောက်ထိ အဆင့်မြင့်တဲ့ အုပ်ချူပ်ရေးပိုင်းက လူတွေပါပါနေလဲဆိုတာတော့ ကိုယ်တိုင်ပဲ ကြည့်ရှုရင်ခုန်လိုက်ကြပါ….။ ဒီရုပ်ရှင်ရဲ့ မူရင်းဝတ္တုရေးဆရာ John Grishmanဟာ ရှေ့နေလည်းဟုတ်သလို နိုင်ငံရေးသမားတစ်ဖြစ်လဲ စာရေးဆရာလည်း ဟုတ်ပါတယ်။ ဒီတော့ သူ့ရဲ့ Legal Thriller ဝတ္တုတွေဟာ သေသပ်ပြည့်စုံပါတယ်။ သူ့ စာအုပ်ကို ရိုက်ထားတဲ့ Julia Roberts တို့ Danzel Washington တို့လို လူတွေ သရုပ်ဆောင်ထားတဲ့ ဒီကားဟာလည်း Rating မများလှပေမဲ့ ကားကောင်းတစ်ခုမို့လို့ ပြန်လည်တူးဖော် တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအညွှန်းကိုတော့ Wira Aung မှရေးသားပေးပြီး ဘာသာပြန်သူကတော့ Pinky Barbie ပဲဖြစ်ပါတယ်… File size…2.42GB / 865MB Quality… Blu-Ray 1080p/ 720p Format…mp4 Duration….2h 22m Genre ….. Crime, Drama, Mystery Subtitle….Myanmar Subtitle (Hard Sub) Translated by Pinky Barbie Encoded by AHtet

Thriller • Romance • Drama
6.6 1993 141 mins
The Pelican Brief