YoteShin Drive is below this article. Scroll down to view.

Snapdragon 8+ GEN 1 capacity to better Dimensity 9000+

Author: Anonymous Published on: 12 Aug 2022

Antutu has announced the list of the best tales of the most capabilities in September. Most of these are the phones with Qualcomm Snapdragon 8+ Gen 1 chipset. Surprisingly, the Asus Rog Phone 6D, with the MediaTk Dimensity 9000+, has a number 1 in the SD8 + G1 phones. ASUS ROG Phone 6d seized a 1,123,036 points with 1,123,036 points and all the other phones install Snapdragon 8+ Gen 1. The OnPLUS ACE is located in two numbers and 1,111,200 points. The IQoo 10 Pro is 1,111,200 pts and 3 points. Black Shark 7S Pro, Lenovo Legion Y70 and Iqoo 10 are # 4. There are 5 and 6 places, and 1,088,074; It has 1,086,381 and 1,081,766 points. Under the phones, Moto X30 Pro, Xiaomi 12s Pro, and Xiaomi Mix Fold 2 and Xiaomi Mix FOLD 2. 1,067,913 It is 1,068,766 and 1,054,035 points. Antiutu also announced the list of your phones with Dimensia 8100 max and Oppo Reno 8 Pro + 5G's top 3 sets on the list. Ref: Gizmochina

YoteShin Drive

Sign in using google and save to your drive

The Hungry and the Hairy_S01E04_May in Busan I_720p.CM.mp4

488.28 MB 720p video/mp4 266 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
My Dinner with Andre
7.5

~ IMDb - 7.7/10, Rotten Tomatoes - 92% ~ ဒီဇာတ်ကားအကြောင်းပြောမယ်ဆိုရင် ပါတဲ့လူ ၂ ယောက်အကြောင်းက စပြောရပါလိမ့်မယ်။ အမေရိကန် ပြဇာတ်ရေးဆရာ Wallace Shawn နဲ့ ပြင်သစ်-အမေရိကန် ပြဇာတ်ဒါရိုက်တာ Andre Gregory တို့ပေါ့။ ဇာတ်လမ်းထဲမှာလည်း သူတို့နာမည်ရင်းပဲသုံးထားတယ်။ ဒီဇာတ်ကားရိုက်ဖြစ်မယ့်အချိန်တုန်းက Andre ဟာ နှစ်နဲ့ချီခရီးတွေထွက်နေခဲ့လို့ အနုပညာကိစ္စတွေနဲ့ဝေးနေတဲ့အချိန်... အဲဒီမှာသူ့လုပ်ဖော်ကိုင်ဖက်ဟောင်း Wallace Shawn ကိုဆက်သွယ်ပြီး အနုပညာနဲ့ပတ်သက်တဲ့တစ်ခုခုလုပ်ကြဖို့ ပြောခဲ့တယ် (အဲဒီလိုဆက်သွယ်လာတာကို ရုပ်ရှင်ထဲမှာတော့ ညစာစားဖို့ဆက်သွယ်လာခဲ့ကြောင်း ထည့်ရိုက်ထားတယ်) Wallace ကလည်း လက်ခံလိုက်ပေမယ့် ဘာလုပ်ရမှန်းသိခဲ့တာမဟုတ်ဘူး။ သူတစ်ခုသိတာက Andre အနေနဲ့ သူတို့ချင်းမတွေ့ရတဲ့အတောအတွင်းက ဇာတ်ကြောင်းတွေပြန်ပြောပြချင်မယ်ဆိုတာပဲ။ အဲဒါကို တည်ပြီး မိတ်ဆွေနှစ်ယောက် ညစာစားရင်း စကားပြောကြတဲ့ပုံစံမျိုးနဲ့ ရုပ်ရှင်ရိုက်တယ်။ သူတို့နှစ်ယောက်ပဲ ဇာတ်ညွှန်းရေးတယ်။ ဒါရိုက်တာက Louis Malle... 1950 ‌ဝန်းကျင် ပြင်သစ်ရုပ်ရှင်လောက‌အကြောင်းပြောရင် မပြောမဖြစ်ထည့်ပြောရမယ့်၊ ဗင်းနစ်ရုပ်ရှင်ပွဲတော်ရဲ့ ရွှေခြင်္သေ့ဆုကို နှစ်ကြိမ်ရထားတဲ့ ဒါရိုက်တာတစ်ယောက်။ ရိုက်ပုံရိုက်ကွက်တွေက ‌Reality ဆန်တယ်၊ တချိန်တည်းမှာပဲ အနုပညာမြောက်တယ်။ ဒီရုပ်ရှင်က အခုအချိန်ထိ ရုပ်ရှင်လောကမှာလွှမ်းမိုးမှုကြီးနေသေးတာကလည်း သူရိုက်ကူးခဲ့တာကြောင့် တစ်စိတ်တစ်ပိုင်းပါပါလိမ့်မယ်။ ဇာတ်လမ်းအကြောင်းအရာအရဆိုရင် ဒီဇာတ်ကားက ရိုးလည်းရိုး ဆန်းလည်းဆန်း လန်းလည်းလန်း လို့ပြောလို့ရတယ်။ ဇာတ်လမ်းအစမှာတော့ ကိုယ့်ဘဝကိုယ်မကျေမနပ်ဖြစ်နေပြီး ပုံစံခွက်တစ်ခုထဲ ပိတ်မိနေတဲ့ ဝေါလေ့စ် တစ်ယောက် ညစာစားဖို့ အန်ဒရေ ဆီ သွားရာကစထားတယ်။ လမ်းမှာလည်းသူ့ဘဝသူ ငြီးတွားရင်းပေါ့။ စားသောက်ဆိုင်ကို အန်ဒရေရောက်လာတော့ အန်ဒရေက သူပျောက်နေတဲ့အတောအတွင်းအဖြစ်အပျက်တွေကို ရေပက်မဝင်ပြောတော့တာပဲ။ သူ ပိုလန်က တောထဲရောက်သွားပြီး စိတ်လိုလက်ရ စိတ်ထဲရှိတဲ့အတိုင်းလုပ်ခဲ့တဲ့အကြောင်းတွေ... ဆာဟာရထဲသွားပြီး ဘုန်းကြီးတစ်ပါးနဲ့ ပြဇာတ်ရိုက်ဖို့လုပ်ခဲ့ပုံတွေ... စကော့တလန်က ဖင်းန်ဟွန်းဆိုတဲ့အဖွဲ့ဆီသွားခဲ့ပုံတွေ... ဟောလိုးဝင်းမှာအရှင်လတ်လတ် မြေမြုပ်ခံခဲ့ပုံတွေပေါ့။ အဲဒီနေရာတွေကို အန်ဒရေ သွားခဲ့ရတာကလည်း သူ့အနေနဲ့ သူနေထိုင်နေရတဲ့ဘောင်လေးထဲကနေရုန်းထွက်ပြီး တကယ့် လူစစ်စစ်ဖြစ်ဖို့၊ လူလူချင်းအမှန်တကယ်ဆက်နွယ်မိဖို့နဲ့ ပကတိတရားနဲ့ ထိတွေ့ဖို့ အတွက်ဆိုပြီး အကြောင်းပြချက်ပေးတယ်။ လူစစ်စစ်ဖြစ်ဖို့ဘာတွေလိုလဲ... လူတွေဟာ အခုလို စက်ရုပ်ကြီးအတိုင်း ကိုယ်လုပ်နေကျကိစ္စတွေကို လုပ်‌ရင်းပဲ သေဆုံးသွားရမှာလား... ပကတိတရား သဘာဝတရားကြီးနဲ့ထိတွေ့မှုရှိမှ လူစစ်စစ်ဖြစ်နိုင်မယ့်အကြောင်းကိုပြောတယ်။ ဝေါလေ့စ်ကတော့ သူ့အမြင်တွေကို သိပ်သဘောမတူဘူး။ လူတိုင်းဟာ ပကတိတရားနဲ့ထိတွေ့ဖို့ အဲဒီလောက်မလုပ်နိုင်ဘူးလို့သူယုံတယ်။ သူ့အမြင်တွေကို သူ လျှပ်စစ်စောင်လေးကိုကြိုက်ပုံ၊ ကော်ဖီအသင့်ဖြစ်နေတာလေးကို ကျေနပ်ပုံတွေနဲ့ ပြန်ရှင်းပြတယ်။ အဲဒီလို သူတို့ရဲ့ရှုထောင့်ကိုယ်စီကနေ အဲဒီခေတ်နဲ့ အခုခေတ်လူတွေကြုံတွေ့နေရတဲ့ လစ်ဟာမှုကို အဓိပ္ပာယ်ဖွင့် ဖြေရှင်းချက်ထုတ်ဖို့ကြိုးစားကြတာပေါ့။ စကားလေးတွေ‌ပဲပြောပေမဲ့ ကြည့်နေတဲ့သူက ပုံရိပ်တွေတစ်ကွက်ပြီးတစ်ကွက် ကြည့်နေရသလိုခံစားရတယ်။ လူလူချင်း လက်တွေ့ဆက်နွယ်‌မှုပျောက်နေတဲ့အကြောင်း၊ လူတိုင်းဟာ ကိုယ်ပိုင်စိတ်ကူးယဉ်ကမ္ဘာထဲ နေထိုင်နေတဲ့အကြောင်းတွေ ပြောတဲ့အခါ ကိုယ့်အဖြစ်တွေနဲ့ပါ တိုက်ဆိုင်ဆက်စပ်ကြည့်ရင်း ကိုယ့်ရဲ့လောကအပေါ် ရှုမြင်ပုံတွေပါ တစ်မျိုးလေးပြောင်းသွားနိုင်မယ်လို့ယုံပါတယ်။ ဒီထဲမှာ မင်းသားချောချောလေးမပါဘူး။ မင်းသမီးချောချောလေးလည်းမပါဘူး။ ဗီလိန်ကြီးလည်း မပါသလို စားပွဲထိုးတစ်ယောက်ကလွဲလို့ တခြား ဇာတ်ပို့ဇာတ်ရံတွေလည်းမပါဘူး။ ပျင်းစရာကြီးနေမှာပေါ့ လို့ထင်နေပြီဆိုရင်တော့ "သားကြီးမင်းမှားမယ်နော်" လို့ပဲ ပြောချင်ပါတယ်။ ဒီဇာတ်ကားက ကြည့်‌နေရင်း ဪ ဒီလိုပါလားလို့ ဒဲ့ဒိုးသိလာတာမဟုတ်ဘဲ ကိုယ့်စိတ်ထဲကနေ တစ်ခုခုကို နားလည်လာသလို ခံစားချက်မျိုးပေးနိုင်တဲ့ကားမျိုး။ အနုပညာဆိုတာ ဒါပါပဲ... ရုပ်ရှင်တစ်ကားလုံး စကားလေးပြောရင်း ကားချပ်တစ်ခုကိုခြယ်သွားတယ်၊ မယ်လိုဒီ တစ်ပုဒ်ကို စပ်သွားတယ်၊ ပေလိပ်တစ်ခုကိုလှစ်သွားတယ်၊ ပုခုံးပေါ်ကဝန်ထုပ်တွေကို ဘယ်လိုပစ်ချရမလဲ အရိပ်အမြွက်လေးပြသွားတယ်၊ ဖြစ်တည်မှုကို မေးခွန်းထုတ်သွားတယ်၊ မမြဲခြင်းတရားကို မမေ့ဖို့သတိပေးသွားတယ်။ ဒီလိုရသပေါင်းစုံကို ဖန်သားပြင်က ကြည့်နေတဲ့လူတစ်ယောက်ရဲ့ မသိစိတ်ထဲနစ်ဝင်အောင်ရိုက်ပြသွားနိုင်တာကတော့ ဒီရုပ်ရှင်ရဲ့ လေးစားစရာတစ်ခုပဲဖြစ်ပါတယ်။ ရုပ်ရှင်မကောင်းလို့ စွတ်ညွှန်းတာမဟုတ်ပါဘူး။ ကျွန်တော်တောင်နောက်ကျမှကြည့်မိရလေခြင်းလို့ နည်းနည်းတောင်ရင်နာမိပါသေးတယ်။ ဒီရုပ်ရှင်ကောင်းလွန်းလို့ ကြည့်သင့်တဲ့ကားတစ်ကားကို မကြည့်လိုက်ရလေခြင်းဆိုပြီး နောင်တမရစေချင်ရုံပါ။ အချိန်ကလည်း ၂ နာရီမပြည့်ဘူးဆိုတော့ ၂နာရီမပြည့်တဲ့အချိန်အတွင်း ကိုယ့်ဘဝကိုယ် မေးခွန်းထုတ်ကြည့်လိုက်ကြပါစို့ဗျာ။ (ဒီဇာတ်ကားနဲ့အညွှန်းကို Min Thant Bo မှ ပြန်ဆို ရေးသားထားပါတယ်) Size - 2.2GB, 950MB Quality - 1080p, 720p IMDb Rating - 7.7/10 Format - mp4 Duration - 1H 50Min Genre - Comedy, Drama Subtitle - Myanmar Subtitle (Hardsub) Translated by Min Thant Bo Encoded by Y

Action • Comedy
7.5 1981 110 mins
My Dinner with Andre
Last Romance
5.8

ဟောင်ကောင်ဖန်တိုင်း ချစ်ကြတဲ့ မမမက်ဂီချောင်နဲ့ Cherie Chungတို့ အဓိကဇာတ်ကောင်၂ကောင်အဖြစ် တွဲဖက်သရုပ်ဆောင်ထားတဲ့ မင်းသမီးအသားပေး ရုပ်ရှင်ပါပဲ။ ခုနေတော့ မက်ဂီချောင်က နာမည်ပိုကြီးပေမဲ့ ဒီကားထွက်တုန်းကတော့ သူ့မှာ လောက်လောက်လားလား ဘာကားမှမရှိသေးသလို Cherie Chungကလည်း အဲဒီအရင်နှစ်တင် An Autumn's Taleနဲ့ နာမည်ရနေတဲ့ကာလဆိုတော့ သူ့ဇာတ်ကောင်ကိုတော့ နည်းနည်းပိုအသားပေးထားပါတယ်။ ဇာတ်လမ်းကတော့ အသက်၁၇မှာ စသိပြီး အခင်ဆုံးတွေဖြစ်ခဲ့ကြတဲ့ သူငယ်ချင်း၂ယောက် ဆယ်ကျော်သက်ဘဝကနေ သက်လတ်ပိုင်းအထိ ရောက်ရှိလာပုံလို့ ပြောရပါမယ်။ ဟောင်ကောင်လူနေမှုစနစ်ထဲက သူတို့ ဒုက္ခတွေကိုရောပေါ့။ သူတို့၂ယောက်ဟာ ကောင်လေးတစ်ယောက်တည်းကို အတူလိုက်တဲ့အထိခင်ခဲ့ကြတယ်။ Cherie Chungရဲ့ဇာတ်ကောင်ဟာ အဲဒီနောက်သိပ်မကြာခင်မှာပဲ သူ့အဖေကို ဆုံးသွားပြီး တစ်ကောင်ကြွက်ဖြစ်သွားရာက နိုက်ကလပ်မှာ အပျော်မယ်လုပ်ရတဲ့ဘဝကိုရောက်သွားခဲ့တယ်။ မက်ဂီကတော့ သူ့သူငယ်ချင်းကို ချစ်မြဲပါပဲ။ ဒီလိုနဲ့ သူတို့အသက်တွေကြီးလာ ကိုယ်စီဘဝတွေမှာ အောင်မြင်လာရင်း တစ်နေ့ သူတို့အတူကြိုက်ခဲ့တဲ့ ကောင်လေးပြန်ပေါ်လာတဲ့အခါ သူတို့၂ယောက်ရဲ့အချစ်နဲ့ ဒီကောင်လေးပေါ်ချစ်တဲ့အချစ်ကြား လွန်ဆွဲကြတာကို ကြည့်ရမယ့် ဒရာမာကားပါပဲ။ Cherie Chungနဲ့ မက်ဂီချောင်ကို မြင်ရတာနဲ့တင် တန်တဲ့ကားလို့ပြောလည်း မမှားပါဘူး။ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ W ပါ ) File Size__(1.3GB) Quality__720p IMDb Rating__6.4/10 Format__mp4 Duration__01:49:00 Type__Drama, Romance Subtitle__Myanmar Subtitle (Hardsub) Translated by W Encoded by Naing Aung Latt

Drama • TV Movie
5.8 1988 105 mins
Last Romance
The Tai Chi Master
6

ဒီတစ်ခေါက်မှာတော့ သိုင်းလောကရဲ့ နောက်ကြောင်းကို ပြန်သွားပြီး ကျင့်စရာ သိုင်းအသစ်တွေနဲ့ ဝူတန်းဂိုဏ်းချုပ်ကြီး ငယ်ဘ၀ကို ပြန်ရှု့စားလိုက်ရအောင်ဗျာ။ ဇာတ်လမ်းအကျဉ်းကတော့ ..... ဝူတန်းဂိုဏ်းဆိုတာ ဖြစ်မလာသေးခင် ကျန်းကျွင်းပေါင်ဆိုတဲ့ လူငယ်လေးတစ်ယောက်ဟာ ဝူးကျိဂိုဏ်းရဲ့ အားထားရတဲ့ သိုင်းပညာရှင်လေးပေါ့။ သူဟာ သိုင်းလောကမှာ အထက်လမ်းသိုင်းပညာ အောက်လမ်းသိုင်းပညာဆိုတာမရှိ လူ့အကျင့်ပေါ်မှာပဲ သိုင်းပညာဟာ မူတည်တယ်လို့ ခံယူထားတဲ့ လူပျော်တစ်ယောက်ပေါ့။ အောက်လမ်းသိုင်းလောကရဲ့ဘုရင်ကို သိုင်းဂိုဏ်းကြီးတွေပေါင်းပြီး ဝူးကျိ ရဲ့မြေအောက်ခန်းမှာ ဖမ်းထားချိန်မှာ တစုန့်ပြည်ကို "ဒီ" တိုင်းပြည်က ကျူးကျော်လာချိန် သိုင်းလောက အရှုပ်အထွေးတွေကြားမှာ ကျန်းကျွင်းပေါင်တစ်ယောက် လောကဓံကို ဘယ်လိုခံရမယ်။ ဝူတန်းဂိုဏ်းကရော ဘယ်လိုဖြစ်ပေါ်လာတယ် စတဲ့ သိုင်းလောကကြီးအကြောင်း ကို လှလှပပ ရိုက်ကူးထားပြီး အတွင်းအားထက် သိုင်းကွက်ပိုပါတာမို့ သိုင်းလောကသားတွေ စိတ်၀င်စားမယ့် သိုင်းကားတစ်ကားဖြစ်ပါတယ်လို့ ညွှန်းပေးချင်ပါတယ်။ အညွှန်းကိုတော့ Lwin Htoo Aung မှ ရေးသားထားပြီး ဘာသာပြန်တွေကတော့ Lwin Htoo Aung နဲ့ SST ပဲဖြစ်ပါတယ်။ Genre.....Action Quality….WEB-DL 1080p and 720p File size…1.4GB, 877MB, 198MB Format…mp4 Duration….1h 31min Subtitle….Myanmar Subtitle (Hardsub) Translator ..... Lwin Htoo Aung and SST Encoder ..... August

Comedy • Family • Music
6 2022 90 mins
The Tai Chi Master
Birdman or (The Unexpected Virtue of Ignorance)
7.5

ဒီကားက အကယ်ဒမီ မှာရော Golden Globe မှာပါ Nomination အများဆုံးရထားတဲ့ကားဖြစ်ပြီး၊ မင်းသားကြီး Michael Keaton ရဲ့ တကျော့ပြန်လာတဲ့ဇာတ်ကားဖြစ်ပါတယ်။ ကျွန်တော့် Review တွေဖတ်နေကျ ပရိတ်သတ်ကြီးက သတိထားမိမှာပါ။ ကျွန်တော် ဒီကားကလွဲရင် ဘယ်ဇာတ်ကားကိုမှ Rating 10 မပေးဖူးခဲ့ပါဘူး။ ဒီကားကတော့ တကယ့်ကို ပေးသင့်လို့ပေးထားတာဖြစ်ပါတယ်။ ဒီဇာတ်ကားရဲ့ဇာတ်လမ်းကတော့ Interstellar တို့ Inception တို့လိုလည်း မရှုပ်ထွေးပါဘူး၊ The Sixth Sense လိုလည်း Twist တွေမပါပါဘူး။ ဇာတ်အိမ်တည်ထားတာလည်း ရိုးရှင်းပါတယ်။ ဇာတ်လမ်း မှာ မင်းသား Michael Keaton က တစ်ချိန်က Birdman ဆိုတဲ့ Superhero အဖြစ်သရုပ်ဆောင်ကာ နာမည်ကြီးမင်းသား တစ်ဦးဖြစ်ပေမယ့် လက်ရှိအချိန်မှာတော့ နေရာတစ်နေရာ ရဖို့အတွက် သူရဲ့သရုပ်ဆောင် အရည်အသွေးကိုပြနိုင်ဖို့အတွက် ရုန်းကန်နေသူဖြစ်ပါတယ်။ သူက Broadway (New York က ပြဇာတ်ရုံတွေ ရှိတဲ့ လမ်း) ပြဇာတ်တစ်ကို ကိုယ်တိုင်ရေးပြီး ကိုယ်တိုက် သရုပ်ဆောင်၊ ကိုယ်တိုင် တင်ဆက်ပြီး သူရဲ့အနုပညာကို ချပြဖို့ကြိုးစားနေပါတယ်။ ဇာတ်လမ်းကတော့ ရိုးရိုးလေးပေမယ့်၊ သူရဲ့ အခက်အခဲတွေ၊ စိတ်ဒုက္ခတွေကို တင်ဆက်ထားတာဟာ တကယ့် ကို အနုပညာမြောက်ပြီး၊ သရုပ်ဆောင်လည်းတကယ်ကောင်းပါတယ်။ ဇာတ်ကားတစ်ကားလုံး မှာ ဇာတ်ဝင်ခန်း အကူးအပြောင်းက အစ သာမန်ရုပ်ရှင်တွေလို (Fade to black) အမှောင်ချပြီး နောက်တစ်ခန်း ကူးတာမျိုးမဟုတ်ပဲ၊ ဇာတ်ကောင်တွေနောက်ကို လိုက်ပြီး ရိုက်ကူးထား သလို တစ်ခန်းနဲ့တစ်ခန်းကိုလည်း ဆက်ပြီးရိုက်ထားတာကြောင့် ထူးခြားတဲ့ ရသ တစ်မျိုးကို ခံစားရမှာဖြစ်ပါတယ်။ ဇာတ်ကားပြီးသွားတဲ့အခါမှာ မေးခွန်းပေါင်းများစွာ ကျန်နေစေခဲ့မှာဖြစ်ပြီး၊ သို့လော သို့လောနဲ့ အတွေးတသသ ဖြစ်စေမယ့်ဇာတ်လမ်းမျိုးလည်းဖြစ်ပါတယ်။ တစ်ခုပြောချင်တာက မင်းသားရဲ့ အခန်းထဲက ဘုရားစင်းထုတော် ဖြစ်ပြီး၊ စစတွေ့ချင်းမှာ တစ်ခြားကားတွေထဲမှာလိုပဲ အလှဆင်ထားတယ်လို့ထင်ရပေမယ့်၊ သေချာကြည့်ကြည့်တော့မှ စိတ်ပုတီးနဲ့ သောက်တော်ရေခွက်လို့ ယူဆရတဲ့ ရေခွက် လေးလည်းတွေ့ရပါတယ်။ ဇာတ်လမ်းစစချင်းမှာ အတွင်းခံနဲ့တိုင်နေတာကလည်း တရားထိုင်နေတယ်လို့ထင်ရပြီး (ဗုဒ္ဓဘာသာစစ်စစ်မဟုတ်လို့) Birdman က ဗုဒ္ဓဘာသာလားလို့ လည်းထင်စရာဖြစ်ပါတယ်။ အထင်လွှဲမှာစိုးလို့ကြိုတင်ရှင်းပြထားတာဖြစ်ပါတယ်။ ဇာတ်လမ်းဇာတ်အိမ် ကောင်းသလို တင်ဆက်ပုံကလည်း ပညာသား ပါပါတယ်။ မင်းသားကြီး Michael Keaton က သရုပ်ဆောင်ကောင်းသလို၊ Edward Norton ကလည်း ကျရာဇာတ်ရုပ်ကို ပီပြင်အောင် သရုပ်ဆောင်ထားတာတွေ့ရပါတယ်။ ဒီဇာတ်လမ်းမှာ တစ်ချိန်က နာမည်ကြီး Superhero မင်းသားက လက်ရှိ ရုန်းကန်နေရတဲ့အကြောင်းရိုက်ကူးထားသလို၊ သူ့နေရာမှာသရုပ်ဆောင်တဲ့ Michael Keaton ကလည်း တစ်ချိန်က Batman (1989), Batman Returns (1992) တို့မှာ အောင်မြင်ခဲ့ပြီး လက်ရှိအချိန် မှာ ရုန်းကန်နေသူဖြစ်ပါတယ်။ ဒါကြောင့်လည်း ဇာတ်လမ်းက ပိုအသက်ဝင်သွားပြီး၊ Michael ကလည်း ပီပီပြင်ပြင် သရုပ်ဆောင်နိုင်ခဲ့ပါတယ်။ သူတို့နှစ်ယောက်အပြင် Emma Stone (Amazing Spider-Man) ကလည်း သရုပ်ဆောင်ကောင်းကောင်းနဲ့ အားဖြည့်ထားပါသေးတယ်။ ဒီကားက အရမ်းကောင်းတဲ့ ဇာတ်ကားကောင်းတစ်ကားပါ။ ရုပ်ရှင် ကို တကယ် စိတ်ဝင်စားစွာ ကြည့်ချင်တဲ့သူတွေ၊ ရုပ်ရှင်အနုပညာကို မြတ်နိုးတဲ့သူတွေ ကြည့်ကိုကြည့်သင့်တဲ့ ကားဖြစ်ပြီး၊ ရုံမှာသွားကြည့်သင့်ပါတယ်။ အပျင်းပြေကြည့်မယ့်သူတွေ၊ အက်ရှင်ကားတွေပဲ ကြိုက်တဲ့သူတွေ အတွက်ကတော့ ဒီကားက ပျင်းစရာကောင်းတယ်လို့ထင်စရာဖြစ်နေမှာပါ။ #Sololay (အညွှန်းကို ရုပ်ရှင်မိတ်ဆက် Movie Review မှကူးယူဖော်ပြပါသည်။) ဒီဇာတ်ကားက 2015 ခုနှစ်အော်စကာဆုပေးပွဲမှာ..... Best Picture , Best Original Screenplay , Best Director , Best Cinematography ဆု(၄)ဆုဆွတ်ခူးခဲ့တဲ့ဇာတ်ကားပါ။ IMDb(8/10) နဲ့ Rotten Tomatoes (93%) ရရှိထားတာကြောင့် ရုပ်ရှင်ဇာတ်လမ်းကောင်းကောင်းလေးတွေကို နှစ်သက်တဲ့ ပရိတ်သတ်တွေအတွက်တော့ လက်လွတ်မခံသင့်တဲ့ ဇာတ်ကားပါ။ File size...900MB Quality....Blu-Ray Rip 720p Format...mp4 Duration....01:59:17 Subtitle....Myanmar Subtitle (Hardsub) Encoder....Nyeinsaeya Aung

Crime • Drama
7.5 2014 120 mins
Birdman or (The Unexpected Virtue of Ignorance)
Can’t Help Falling in Love
6.9

KathNielလို့ ချစ်စနိုးခေါ်ကြတဲ့ Kathryn Bernardo နဲ့ Daniel Padilla တို့ရဲ့ နောက်ထပ်အချစ်ဇာတ်လမ်းလေးတစ်ပုဒ်… အေးအေးငြိမ့်ငြိမ့် romance တွေကို ကြည့်ရှုတာ သဘောကျနှစ်သက်တဲ့ ပရိသတ်တွေကို ဖိလစ်ပိုင်း romance ကားကောင်းလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ အဲဒီဇာတ်ကားကတော့ Can’t Help Falling in Love ဆိုတဲ့ ဇာတ်ကားလေးပါ။ မချစ်မိဘဲမနေနိုင်ဘူးဆိုတဲ့ ဇာတ်ကားနာမည်လေးအတိုင်းပဲ ဒို့စ်ဆိုတဲ့ကောင်လေးက ဂက်ဘ်ဆိုတဲ့ ကောင်မလေးကို ချစ်မိသွားတဲ့ ဇာတ်လမ်းလေးကို ကြည့်ရှုရမှာ ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းချုပ်ကို ပြောပြရမယ်ဆိုရင် ဂက်ဘ်ဟာ ၆ နှစ်ကျော်တွဲလာတဲ့ ရည်းစားဖြစ်သူနဲ့ မကြာခင်မှာ လက်ထပ်တော့မယ့် မိန်းကလေးပါ။ သူဟာ သူငယ်ချင်းဖြစ်သူရဲ့ မင်္ဂလာပွဲညမှာ အရက်မူးပြီးတော့ ဒို့စ်ဆိုတဲ့ တခြားကောင်လေးတစ်ယောက်နဲ့ လက်ထပ်စာချုပ်မှာ လက်မှတ်ထိုးမိသွားပါတယ်။ အဲဒီအဖြစ်အပျက်ကို မမှတ်မိကြသလို သူတို့မထင်ထားခဲ့တာက အဲဒီလက်ထပ်စာချုပ်က တရားဝင်ဖြစ်နေခဲ့မယ်ဆိုတာကိုပါပဲ။ ရည်းစားဖြစ်သူနဲ့ မင်္ဂလာဆောင်ဖို့ ပြင်ဆင်နေတဲ့အချိန်မှာ လက်ထပ်စာချုပ်က ဂက်ဘ်ဆီကို ရောက်လာခဲ့ပါတယ်။ ဂက်ဘ်ဟာ ဒို့စ်ကို လိုက်ရှာပြီးတော့ ကိစ္စအကြောင်းအစုံကို ပြောပြပြီး ကွာရှင်းဖို့ တောင်းဆိုတော့တာပေါ့။ ဖိလစ်ပိုင်နိုင်ငံမှာ လက်ထပ်ပြီးရင် ကွာရှင်းဖို့က မလွယ်ပါဘူး။ ဂက်ဘ်နဲ့ ဒို့စ်ဟာ ကွာရှင်းခွင့် တောင်းခံနိုင်ဖို့အတွက် သက်သေအဖြစ်တင်နိုင်မယ့် အကြောင်းပြချက်မျိုးစုံကို ဖန်တီးရင်း တဖြည်းဖြည်း နီးစပ်လာခဲ့တော့တာပါပဲ။ နီးစပ်လာရင်းနဲ့ ဘယ်သူက အရင်ချစ်မိသွားမလဲ၊ ဂက်ဘ်ကရော သူ့ရည်းစားကို စွန့်ပစ်နိုင်ပါ့မလား၊ ဂက်ဘ်ရဲ့ ရည်းစားကရော ဒီလက်ထပ်စာချုပ်ကိစ္စကို သိသွားမလား၊ လက်ထပ်ပွဲကရော ဖြစ်နိုင်ပါဦးမလား၊ ဘာတွေဘယ်လိုဆက်ဖြစ်လာဦးမလဲဆိုတာကိုတော့ Can’t Help Falling in Love ဆိုတဲ့ ဒီဇာတ်ကားလေးထဲမှာပဲ ဆက်ပြီးကြည့်ရှုလိုက်ကြပါနော်။ (ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို Elizabeth Khant မှတင်ဆက်ထားပါတယ်။) Tele Link ကနေပဲကြည့်တတ်တယ်ဆိုရင် https://t.me/Myname2021hakak/83 မှာဝင်ကြည့်ပါ။720p HD ကို တင်ပေးထားပါတယ်။ File size…(3.2 GB)/(999 MB) Quality…WEB-DL AMZ (Clean Version) 1080p / 720p Format…mp4 Duration….01:59:47 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka Naung Translated by Elizabeth Khant

6.9 2017
Can’t Help Falling in Love
An Unfinished Life
7

An Unfinished Life (2005) ~ IMDb – 7/10, Rotten Tomatoes – 52% ~ ကျေးလက်အငွေ့အသက်တွေနဲ့ မိသားစုဆန်ဆန်ဇာတ်လမ်းမျိုးကြည့်ချင်နေတယ်ဆိုရင် An Unfinished Life ကို ကြည့်ပါ။ Pop Icon တစ်ဦးဖြစ်တဲ့ J Lo အဓိကပါဝင်ထားပြီး ရသတွေ တပုံကြီးပေးတဲ့ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။ ဘဝရဲ့ အငြိုးတရားတွေ၊ ဝမ်းနည်းပူဆွေးမှုတွေကို ဖယ်ရှားပြီး ငြိမ်းချမ်းတဲ့စိတ်အခြေအနေရောက်ဖို့ လက်လွှတ်သင့်တာ လက်လွှတ်ရမယ်ဆိုတဲ့အကြောင်းကို ပုံဖော်ထားပါတယ်။ အိုင်နာ ဆိုတဲ့ ကောင်းဘွိုင်အဖိုးကြီးဟာ သူ့သားသေဆုံးမှုကြောင့် ချွေးမဖြစ်သူကို ရန်လိုနေပြီး ချွေးမဖြစ်သူ ဂျင်း ကတော့ သမီးတစ်ယောက်ပိုက်လို့ နောက်ရည်းစားတိုက်ခန်းမှာနေပါတယ်။ ရည်းစားဖြစ်သူက ကိုယ်ထိလက်ရောက် ညှင်းပန်းတာတွေလုပ်လာတဲ့နောက် မခံနိုင်တဲ့အဆုံး သူ့ကိုမုန်းနေတဲ့ အိုင်နာဆီ မြေးမျက်နှာနဲ့ပြန်သွားရပါတော့တယ်။ သမီးလေးကို ပြုစုရင်း နေရာသစ်မှာ အခြေချဖို့ကြိုးစားနေတဲ့ ဂျင်းကို သူ့ရည်းစားကတော့ လက်မလွှတ်ဘဲ လိုက်ချောင်းနေဆဲပါ။ ဂျင်းကို ပြန်တွေ့ပြီးဘာတွေဆက်ဖြစ်မလဲ… ဂျင်းနဲ့ အိုင်နာတို့ ဆက်ဆံရေးကရော ဘာတွေဆက်ဖြစ်မလဲ… ဆိုတာကတော့ ကိုယ်တိုင်ပဲကြည့်ရှုလိုက်ပါတော့ခင်ဗျာ။ (ဒီဇာတ်ကားနဲ့အညွှန်းကို Shein Waiyan မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.9GB, 850MB Quality – 1080p, 720p IMDb Rating – 7/10 Format – mp4 Duration – 1H 48Min Genre – Drama, Family, Romance Subtitle – Myanmar Subtitle (Hardsub) Translated by Shein Waiyan Encoded by Y

7 2005 108 mins
An Unfinished Life
Bull Durham
7

အားကစားသမား တစ်​ယောက် နာမည်​ကျော်ဖို့က ဇွဲ လိုတာလား၊ ကံလား ဉာဏ်လား၊ ဝီရိယ လား။ စန်း လား။ ဒါမှမဟုတ် ပါရမီလား။ ကယ်ရိုလိုင်းနား ပြည်နယ် ​မြောက်ပိုင်းက ဒါဟမ်မြို့ ​ဘေ့စ်​​ဘောအသင်းမှာ​တော့ ​Ebby ဆိုတဲ့ ​ရွှေလက်ပိုင်ရှင်​လေးက သူဟာ ဘယ်​လောက်ထိ ဖြစ်​မြောက်နိုင်တယ် ဆိုတာကို သတိမထားမိပဲ ​ရှိ​နေပါတယ်။ ပြာဖုံး​နေတဲ့ ပတ္တမြား​​လေး ကို အ​ရောင်တင်​ပေးဖို့ ​တချိန်တည်းမှာပဲ ​ဘေ့စ်​ဘောကို အလွန် နှစ်သက်တဲ့ Annie ဆိုတဲ့ ဆွဲ​ဆောင်မှုရှိလွန်းတဲ့ အမျိုးသမီး အပြင်၊ အ​တွေ့အကြုံများတဲ့ ​ဘောလုံးရိုက်သမားCrash တစ်​ယောက် ဒါဟမ် အသင်းဆီ​ရောက်လာတဲ့ အခါမှာ​တော့ ဘာ​တွေဆက်ဖြစ်မလဲဆိုတာကို ဒီ၁၉၈၉ ထုတ် ရုပ်ရှင်မှာ ရယ်​မော​ မြူးကြွစရာ ကြည့်ရှုရမှာပါ။ ၈၀​ကျော်ခုနှစ်က ဖက်ရှင်​တွေ၊ သီချင်း​​တွေနဲ့ ​ရင်ခုန်စိတ်လှုပ်ရှားဖွယ်ဘေ့စ်​ဘော ​​လောကကြီးကို ​ဘောင်သွင်းထားတဲ့ ဒီရုပ်ရှင်ဟာ ရုံတင်​ငွေ​ကြေးအရလည်း အလွန်​အောင်မြင်ခဲ့ပါတယ်။ ဒါရိုက်တာ ကလည်း ​ဘေ့စ်​ဘော ကစားသမား​ ဖြစ်ခဲ့တာ​ကြောင့် ​ဇာတ်ကားက ပိုအသက်ဝင်စစ်မှန်ပြီး ​ဝေဖန်သူ​တွေက အားကစားရုပ်ရှင်​တွေထဲ နံပါတ် ၁ ပါလို့ ချီးကျူးသံ​တွေလည်း ကြား​နေရဆဲပါ။ ငယ်ရွယ်တဲ့ Tim Robbinsနဲ့ Kevin Costner တို့ သူတို့ထက် အသက်​ရော၊ ဝါ ပါကြီးရင့်တဲ့ နုပျိုဆဲ မင်းသမီးကြီး Susan Sarandon နဲ့ အတွဲညီညီ သရုပ်​​ဆောင်တာကိုလည်း ​တွေ့မြင်ရမှာပါ။ ​ နောက်ဆုံးမှာ Annie တစ်​ယောက် ဘယ်သူနဲ့ လက်တွဲသွားမလဲ။ Ebby နဲ့ Crash ​ရော သူတို့ ​ရောက်ချင်တဲ့ ပန်းတိုင်ကို ဘယ်လိုသွားကြမလဲ။ အားကစားသမားတစ်​ယောက်ရဲ့ အ​ပြောင်​မြောက်ဆုံး၊ အောင်မြင်နိုင်​ချေအရှိဆုံး အသက်အရွယ်ဟာ ၂၁နှစ် ဖြစ်တယ်လို့ ​ပြောကြပါတယ်။ ဒီထက် အသက်ကြီးသွားပြီး​နောက်မှာ​ အဲ့ဒီကစားသမားရဲ့ ဘဝက ဘယ်လိုမျိုးလဲ ဆိုတာကို ရသ အစုံနဲ့ ကြည့်ရှုရမယ့် IMDB rating 7၊ Rt 97%​ တောင်ရထားတဲ့ ကား​ကောင်းတစ်ကား ပဲ ဖြစ်ပါတယ်။ File size…(2.4 GB)/(1.3 GB) Quality….Blu-Ray 1080p / 720p Format…mp4 Duration….01:48:00 Genre… Comedy, Romance, Sport Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Summer Lin

Drama
7 1988 108 mins
Bull Durham
Pretty Woman
7.1

Pretty Woman (1990) Review | ပြည့်တန်ဆာနဲ့ ဘီလီယံနာကြားက ရိုမီယို ဂျူးလိယက်ဇာတ်လမ်း ပိုက်ဆံသာရှိရင် လူတွေရဲ့အတွေးအမြင်တွေကို လှည့်စားပစ်နိုင်တယ် – ပြည့်တန်ဆာတစ်ယောက်တောင် ပိုက်ဆံရှိရင် လူတိုင်းကို ဘာမှမပြောနိုင်အောင် လုပ်လို့ရတယ်။ ကျွန်တော် ဒီရုပ်ရှင်ကို Facebook page တစ်ခုက အပိုင်းအတိုလေးတစ်ခု ကြည့်မိရင်း စိတ်ဝင်စားသွားပြီး အစအဆုံးရှာကြည့်ဖြစ်ခဲ့တယ်။ ပထမဆုံးပြောချင်တာကတော့ ကြည့်ရတာတော်တော်လေးတန်တယ်။ ကိုယ်တွေးရင် တွေးသလောက် အဓိပ္ပါယ်ရှိတဲ့ရုပ်ရှင်တစ်ခုပါ။ ဇာတ်လမ်းအမြည်းပြောရရင် ဥစ္စာပေါရုပ်ချော ဘီလီယံနာတစ်ယောက်က Edward က ပြည့်တန်ဆာမလေး Vivian နဲ့ ခင်သွားပြီး၊ ဒေါ်လာ ၃၀၀၀ နဲ့ တစ်ပတ်တိတိသူနဲ့ အချိန်ဖြုန်းပေးဖို့ကမ်းလှမ်းတယ်။ Edward က professional ဆန်တဲ့သူတစ်ယောက်ဖြစ်ပြီး Vivian ကို သေချာလေးဂရုစိုက်တယ်။ ကြာလာတော့ သူတို့နှစ်ယောက်ကြားက မေတ္တာဓာတ်က အချစ်အသွင်သို့ ပြောင်းလဲလာခဲ့ပါတယ်။ ဇာတ်လမ်းထဲမှာ သဘောကျဖို့ကောင်းတာက လူတွေရဲ့ ဆက်ဆံပုံတွေပါ။ Vivian ပြည့်တန်ဆာလိုဝတ်စားပြီး shopping ထွက်တဲ့အခါ ဘယ်သူမှသူ့ကို ဝယ်နိုင်တယ်လို့မထင်ကြဘူး။ နောက်ရက် Edward က သူကိုယ်တိုင်လိုက်ဝယ်ပေးပြီး သူပြောခဲ့တဲ့စကားတစ်ခုက “ဆိုင်တွေက customers တွေကို ဘယ်တော့မှ ကောင်းကောင်းမဆက်ဆံဘူး၊ သူတို့ ကောင်းကောင်းဆက်ဆံတာ credit card ပဲရှိတယ်။” ကျွန်တော်ကတော့ ကြည့်ရတာ သဘောကျမိတယ်။ 90s vibe ကိုလည်း ကောင်းကောင်းကြီးခံစားရသလို၊ old money အသိုင်းအဝိုင်းကိုလည်း သေချာမြင်ခဲ့ရတယ်။ Romance/Comedy genre ထဲက တကယ်ကိုကြည့်သင့်တဲ့ ရုပ်ရှင်တစ်ခုပါ။ AnemoiVerse Rating: 4/5 Author: Anemoi (ရုပ်ရှင်အညွှန်းကို AnemoiVerse FB Page မှ ကူးယူဖော်ပြပါသည်။) မင်းသမီး Julia Roberts နဲ့ မင်းသားကြီး Richard Gere တို့ရဲ့ နာမည်ကျော် ရိုမန့်ဒရမ်မာရုပ်ရှင်ကားလေးဖြစ်ပြီး IMDb Rating (7.1) ထိ ရရှိထားပါတယ်။

7.1 1990
Pretty Woman
The Radleys
5.5

အားလုံးပဲ ဗန်ပိုင်းယားဆိုတာ တကယ်ရှိတယ်လို့ ယုံကြပါသလား ။ ဒီနေ့ ဘာသာပြန်တင်ဆက်ပေးလိုက်တဲ့ The Radleys ရုပ်ရှင် ကားထဲမှာတော့ ဗန်ပိုင်းယားဆိုတာ မိသားစုလိုက် မျိုးရိုးလိုက်ပြီး ဖြစ်တဲ့ အခြေအနေတစ်ခုပါတဲ့ ။ တစ်မိသားစုလုံး ဗန်ပိုင်းယားတွေ ဖြစ်နေတဲ့ ရက်ဒလေ မိသားစုဟာ သာမန်နဲ့ တူအောင် အတတ်နိုင်ဆုံး ထိန်းသိမ်းပြီး လူယောင်ဆောင် နေကြတာဖြစ်ပါတယ် ။ ဒီလိုကနေ တစ်ရက်မှာတော့ ကိုယ့်ကိုယ်ကိုယ် ဗန်ပိုင်းယားမှန်း မသိသေးတဲ့ သမီးဖြစ်သူ ကလာရာက ပါတီမှာ တွေ့တဲ့ ကောင်လေးတစ်ယောက်ကို ကိုက်သတ်ပစ်ပါတော့တယ် ။ သမီးဖြစ်သူ အမှုပတ်ပြီး ထောင်နန်းစံရမှာ စိုးရိမ်တဲ့ မိဘနှစ်ပါးကလည်း ဦးလေးဖြစ်သူ ဝီလ်ကို လှမ်းခေါ်ပြီး အလောင်းဖျောက်ဖို့ အကူအညီ တောင်းရပါတယ် ။ ဒါပေမဲ့ ဝီလ် နဲ့ ကလေးတွေရဲ့အမေဖြစ်သူ ဟယ်လင်ရဲ့ ဇာတ်ကြောင်းက ထင်သလောက် မရိုးရှင်းတဲ့အခါ လင်မယားကြားမှာ ဘာတွေဖြစ်လာမလဲ ။ ရက်ဒလေမိသားစုရဲ့ နေထိုင်ပုံနဲ့ အများကြီး ကွာခြားနေတဲ့ ဝီလ်ဟာ ကလေးတွေအတွက် မကောင်းတဲ့ နမူနာတစ်ခု ဖြစ်လာတဲ့အခါ ကလေးတွေ အတုခိုးမှားပြီး ဘာတွေ ဖြစ်လာကြမလဲ ဆိုတာကိုတော့ The Radleys ရုပ်ရှင်မှာ အားလုံး ကြည့်ရှုခံစားရမှာပဲဖြစ်ပါတယ် ။ File size…1.46GB / 773MB Quality…WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 55m Genre ….. Comedy , Horror Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Hazelle

5.5 2024 115 mins
The Radleys
Levels
5.8

ကျွန်တော်တို့ရဲ့ ဇာတ်ကောင်မင်းသား Joe တစ်ယောက် သူ့ရှေ့မှာပဲ သူ့ရဲ့ချစ်သူကို ဘယ်သူမှန်းမသိတဲ့ လူတစ်ယောက်က သေနတ်နဲ့ လာပစ်သတ်သွားတဲ့အခါမှာ သူ့ရဲ့ကမ္ဘာတစ်ခုလုံး ကြေမွသွားပါတော့တယ်။ ဝမ်းနည်းပူဆွေးစိတ်နဲ့ လောကကြီးကို အရှုံးပေးဖို့ ကြိုးစားနေတုန်းမှာပဲ မထင်မှတ်ထားတဲ့ သဲလွန်စတွေကနေ လိုက်လံကြိုးစားရှာဖွေရင်း ကမ္ဘာကြီးက သူထင်ထားသလို ဖြစ်မနေတဲ့အကြောင်း သိလာတဲ့အခါ၊ သူ့ရဲ့ချစ်သူအတွက် ဘာတွေ ကြိုးစားဆောင်ရွက်ပြီး အမှန်တရား တရားမျှတမှုကို ပြန်ရှာပေးနိုင် မလားဆိုတာကို ဒီ Scifi ကားလေးမှာ လုံးဝ မမျှော်လင့်စရာတွေကို ကြုံတွေးရင်း ကြည့်ရှုခံစားရမှာပဲ ဖြစ်ပါတယ်… File size… (913MB ) / (536MB) Quality…WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 33m Genre ….. Action , Sci-Fi , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Lin Aung

5.8 2024
Levels
Rage Tokarev
5

Rage (2014) IMDb Rating (5.0) ပေါလ်မက်ဂွိုင်းယားဟာ ငယ်စဉ်ဘ၀ကနာမည်ကျော်ဂန်းစတားတစ်ယောက်ဖြစ်ခဲ့ဖူးပေမယ့် အတည်တကျမိသားစုဘ၀ထူထောင်တော့မယ်ဆိုတဲ့အချိန်မှာ ရာဇဝတ်မှုအားလုံးကိုစွန့်ပစ်ခဲ့ပြီး တရားဝင်စီးပွားရေးသမားတစ်ယောက်ဘ၀ကိုခံယူခဲ့ပါတယ်။ အခုချိန်မှာတော့ ချစ်စဖွယ်ဆယ်ကျော်သက်သမီးငယ်၊ သဘောကောင်းဖြူစင်တဲ့ဇနီးသည်မိန်းမလှလေးတစ်ယောက်နဲ့ ဂုဏ်သရေရှိလုပ်ငန်းရှင်တစ်ယောက်ဖြစ်နေခဲ့ပါပြီ။ ဒါပေမယ့်လည်း ပေါလ်ရဲ့ဘ၀ကို ကျွမ်းထိုးမှောက်ခုံဖြစ်စေမယ့် ကြမ္မာဆိုးဟာ သမီးငယ်ရဲ့ ၁၆ နှစ်ပြည့်မွေးနေ့ မတိုင်ခင်လေးမှာဖြစ်ပေါ်လာခဲ့ပါတယ်။ အဲ့ဒါကတော့ သူတို့အိမ်မှာ လူကြီးတွေမရှိတဲ့အချိန်လက်နက်ကိုင်လူတစ်စုက ကျူးကျော်ဝင်ရောက်ခဲ့ပြီး သမီးဖြစ်သူ ကေ့တလင်းကိုပြန်ပေးဆွဲဖမ်းခေါ်သွားခဲ့ပြီး မကြာခင်မှာပဲ အသက်မဲ့အလောင်းအဖြစ်ပြန်ရှာတွေ့ခဲ့ရတာပါပဲ။ သူ့နောက်ကြောင်းကိုသိတဲ့ ရဲတပ်ဖွဲ့ကရော သူ့မိတ်ဆွေတွေရော သူကိုယ်တိုင်ကပါ ဒီဖြစ်စဉ်ဟာ သူ့ရဲ့ဂန်းစတားအတိတ်ကအရိပ်တွေနဲ့ ဆက်စပ်နေမယ်လို့ပဲယူဆကြတဲ့အတွက် ပေါလ်အနေနဲ့အခုချိန်မှာငြိမ်းချမ်းနေပြီဖြစ်တဲ့ဘ၀ကိုစွန့်လွှတ်ပြီးမြေအောက်လောကကိုပြန်လည်မြေလှန်ဖို့ဖြစ်လာပါတော့တယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Alias ဖြစ်ပါတယ်။) File size…(1.5 GB) / (800 MB) Quality….Blu-Ray 1080p HEVC / 720p Format…. mkv/mp4 Genre….Action, Crime, Thriller Duration….01:38:57 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Alias

5 2014 98 mins
Rage Tokarev
The Cleaner
7.8

The Cleaner (2023) IMDb Rating (7.8) နာမည်ကျော် Crime drama series တွေဖြစ်တဲ့ The Cleaner တို့ The Cleaning Ladyတို့နဲ့ plotခပ်ဆင်ဆင် ထိုင်းမူဘီလေးတစ်ခု တင်ဆက်ပေးချင်ပါတယ်။ မကြာသေးခင်က ဇာတ်သိမ်းသွားတဲ့ အချစ်ရဆုံးချစ်သူဇာတ်လမ်းတွဲထဲက ဗိုလ်ကလေးခွန်ချတ်နေရာက သရုပ်ဆောင်ခဲ့တဲ့ Mean Phiravichကို main leadအဖြစ်နဲ့ မြင်တွေ့ရမယ့် ဇာတ်ကားကောင်းလေးဖြစ်လို့ အခုပဲ ရှုစားလိုက်ရအောင်ပါ။ သာမန်လူအနေနဲ့တော့ သေခြင်းတရားဆိုတာ မှောင်မိုက်နက်ရှိုင်းပြီး မှန်းဆမရတဲ့အရာဆိုပေမဲ့ အလောင်းဖျောက်တဲ့သူအတွက်တော့ သေခြင်းတရားဆိုတာ ပျောက် ကွယ်သွားတာသက်သက်ပဲတဲ့။ မတရားမှုတွေ လုပ်နေတာကို ရပ်ကြည့်မနေနိုင်တဲ့ သူနာပြုအကူဝေးတစ်ယောက် ဆေးရုံရဲ့ ဆေးဝါးမသမာမှုပရောဂျက်အကြောင်းကို လိုင်းပေါ်တင်လိုက်ရာကနေ လက်ရှိအလုပ်လည်းပြုတ်ပြီး ဆေးလောကရဲ့ဘလက်လစ်တင်တာပါခံလိုက်ရပါတယ်။ ဒီလိုနဲ့ အလုပ်သစ်ရှာနေတုန်းမှာ ကြေးစားတစ်ယောက်က အလောင်းရှင်းလင်းရေးအလုပ်အတွက်ကမ်းလှမ်းလာခဲ့ပြီး သူပထမဆုံးရှင်းရတဲ့အလောင်းကတော့ သူ့ကို အလုပ်ဖြုတ်ခဲ့တဲ့ ဆေးရုံပိုင်ရှင်ရဲ့သားပါပဲ။ ဒါပေမဲ့ လူတွေသိထားကြတဲ့ သာမန်ဘဝကဝေးဆိုတာကတော့ ဘာလာလာပြင်တတ်တဲ့ တောက်တိုမယ်ရ အိမ်တော်ထိန်းဝေးပါပဲ။ ဘာပဲပျက်ပျက် တစ်ရုံးလုံးက လာလာပြင်ခိုင်းနေတဲ့ ခိုင်းဖတ်လေးဝေးဖြစ်နေတာပေါ့။ ဒီလို လာလာအကူအညီတောင်းတဲ့ထဲ ဖိုင်ဆိုတဲ့ကောင်မလေးလည်းအပါအဝင်ပေါ့။ ‌သူ့ရဲ့လက်ရှိအလုပ်နဲ့ အချစ်ရေးဟာ ပြဒါးတစ်လမ်း သံတစ်လမ်းဆိုပေမဲ့ ဝေးတစ်ယောက် ဖိုင်နဲ့အချစ်ခရီးကို ရှေ့ဆက်ဖို့ရွေးချယ်လိုက်ရာကနေ ပြဿနာတွေတက်လာ ချိန်မှာတော့။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Mary Christ ဖြစ်ပါတယ်။) File size…(1.7 GB) / (710 MB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Action,Crime,Drama,Thriller,TV Movie Duration….01:27:48 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by Mary Christ

7.8 2023 87 mins
The Cleaner
A Widow’s Game La viuda negra
6.2

A Widow’s Game (2025) IMDb Rating (6.2) ဒါကတော့ ဖြစ်ရပ်မှန်အပေါ်ကို အခြေခံထားတဲ့ စပိန်မှုခင်းဇာတ်လမ်းလေးဖြစ်ပါတယ်။ အာတူရီဆိုတဲ့သာမန်လူတစ်ယောက်က တစ်ရက်မှာ ကားပေါ်မှာတင်ပဲ ဓားထိုးပြီး သတ်ခံလိုက်ရပါတယ်။ အလုပ်နဲ့အိမ်ပဲသွားလာနေတဲ့ သာမန်လူတစ်ယောက်ကဘာကြောင့်သတ်ခံလိုက်ရလဲဆိုတာက ရဲတွေအတွက်တော့ မေးခွန်းထုတ်စရာဖြစ်နေပါတယ်။ သူက သူ့ထက်ငယ်တဲ့မိန်ကလေးတစ်ယောက်ကို လက်ထပ်ထားပြီး အဲ့ကောင်မလေးက ငယ်ငယ်ရွယ်ရွယ်နဲ့ မုဆိုးမဖြစ်လာပါတော့တယ်။ ဒါပေမဲ့ စုံစမ်းမှုတွေလုပ်ရင်းကနေ ကောင်မလေးက ရှုပ်ပြီး ဖောက်ပြန်နေတယ်ဆိုတာကို သိလာရပါတယ်။ အဲ့လိုနဲ့ပဲ စုံထောက်အေဗာက စုံစမ်းရင်းကနေပဲ ကောင်မလေးရဲ့အရှုပ်တော်ပုံတွေကို သိလာရပြီး ပိုပိုဆိုးနေတာကို သိလာရပါတယ်။ ကောင်မလေးက လက်ထပ်ပွဲမတိုင်ခင်တစ်လလောက်အလိုမှာတင် ဖောက်ပြန်ဖူးတာကြောင့် စုံထောက်တွေက ကောင်မလေးရဲ့အရှုပ်အရှင်းတွေကြောင့် ဖြစ်လာတယ်လို့ ယူဆလာကြပါတယ်။ တကယ်ပဲ ကောင်မလေးက ရှုပ်ပြီး သူ့ယောကျာ်းကို သတ်ပစ်လိုက်တာလား။ ပိုရှုပ်ထွေးတာတွေရှိနေမလား။ ယောကျ်ားကရော မြွေပွေးကို ခါးပှိုက်ပှိုက်ထားမိတာလားဆိုတာကို ကြည့်ရှကြရမှာဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Lwin ဖြစ်ပါတယ်။) File size…(3 GB) / (1 GB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Mystery,Thriller Duration….02:02:22 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by Lwin

Animation • Horror • Action • Science Fiction
6.2 2025 122 mins
A Widow’s Game La viuda negra