IMDb - 7.4/10_____Rotten - 94%
အမေရိ ကန်စိတ်ကူးယဉ်သိပ္ပံဇာတ်ကား ဖြစ်တဲ့ War for the Planet of the Apes ဆိုတဲ့ ဇာတ်ကားလေးအ ကြောင်း ပြောပြပါရစေ။ ရုပ်ရှင် ဝေဖန်ရေးသမားတွေရဲ့ ချီးကျူး တဲ့ သုံးသပ်ချက်တွေ ရထားတဲ့ ဒါရိုက်တာမက်ရိဗ်စ်ရဲ့လက်ရာ ဇာတ်ကားလေးကို ၂၀ ရာစုမြေ ခွေးရုပ်ရှင် ထုတ်လုပ်ရေးကနေ ဖြန့်ချိထားတာပါ။
ဒီတစ်ခါ ဇာတ်လမ်းကတော့ နာမည်ကြည့်လိုက်တာနဲ့ စစ်ပွဲလို့ သုံးထားတဲ့အတွက် လူသားတစ် ယောက်လို အိုင်ကျူမြင့်တဲ့ ချင် ပန်ဇီမျောက်ဝံဆီဇာခေါင်းဆောင် တဲ့ မျောက်ဝံတပ်သား အဖွဲ့နဲ့ မျောက်ဝံတွေကို သုတ်သင်ဖြိုခွဲ မယ့် လက်နက်ကိုင်တပ်ဖွဲ့တို့ရဲ့ တိုက်ပွဲကိုအဓိကဇာတ်အိမ်တည် ထားတာပါ။
မျောက်ဝံစစ်တပ်ကို ဖြိုခွင်း ဖို့အတွက် အယ်လ်ဖာ-အိုမီဂါလို့ ခေါ်တဲ့ လက်နက်ကိုင်တပ်ဖွဲ့ကို အကြင်နာမဲ့ရက်စက်တဲ့ ကာနယ် ကဦးဆောင်တာဖြစ်ပြီး ဆီဇာရဲ့ ဇနီးနဲ့ သားအကြီးဆုံးကို သတ် ဖြတ်ပစ်ခဲ့ပါတယ်။ ဒီလိုနဲ့ မိသား စုနဲ့ မျောက်ဝံ မျိုးနွယ်စုကို ကာ ကွယ်ချင်တဲ့ဆီဇာနဲ့ မျောက်ဝံတွေ ကို မုန်းတီးပြီးအမျိုးဖြုတ်သုတ် သင်ချင်တဲ့ လက်နက်ကိုင်အဖွဲ့ အကြားမှာ တိုက်ပွဲတွေအကြီးအ ကျယ်ဖြစ်ပါတော့တယ်။
မျောက်ဝံအဖွဲ့မှာ သစ္စာ ဖောက်သူတွေ ရှိတဲ့အတွက် နောက်ဆုံးမှာ ဆီဇာ အဖမ်းခံခဲ့ရပြီး ရက်စက်တဲ့ကာနယ်က အစာဖြတ်၊ ရေဖြတ်နဲ့ ညှဉ်းပန်းဒုက္ခပေးခဲ့ပေ မယ့်လည်း ကူညီမယ့်သူပေါ် လာ တဲ့အတွက် ဆီဇာတစ်ဖန်ပြန် လွတ်မြောက်ခဲ့ပါတယ်။ ဒီလိုနဲ့ နောက်ဆုံးမှာ ဆီဇာနဲ့ ကာနယ် ထိပ်တိုက် တွေ့ကြတဲ့အခါမှာ တော့ အနာဂတ်ကမ္ဘာမှာ ကျန်ရှိ မယ့် လူသားမျိုးနွယ်စုနဲ့ မျောက်ဝံ မျိုးနွယ်စုတို့ရဲ့ ကံကြမ္မာအတွက် ဘယ်လို အလှည့်အပြောင်းတွေ ဖြစ်လာမလဲဆိုတာ ရှုစားရမှာပါ။
၂၀၁၁ တုန်းက ထွက်ခဲ့တဲ့ Rise of the Planet of the Apes နဲ့ ၂၀၁၄ တုန်းကထွက်ခဲ့တဲ့ Dawn of the Planet of the Apes ဇာတ်ကားတွေရဲ့ အဆက် ဖြစ် ထွက်ရှိထားတာမို့ အရင် ဇာတ်ကားတွေက ပရိသတ်တွေနဲ့ ရင်းနှီးပြီးသားဖြစ်တာမို့ ဇာတ် လမ်းကောင်း၊ မကောင်းကတော့ ပြောဖို့တောင်လိုမယ် မထင်ပါ ဘူး။ ပါဝင်သရုပ်ဆောင်ထားသူ တွေကတော့ အန်ဒီဆာကစ်၊ စတိဗ်ဇန်၊ ကာရင်ကိုနိုဗယ်၊ ဝူဒီ ဟာရယ်ဆင်၊ အမီရာမစ်လာ၊ ဂက်ဘရီရယ်ချာဗာရီရာစသူတွေ ပဲ ဖြစ်ပါတယ်။
(ဇာတ်လမ်းအညွှန်းကိုတော့ 7daily Website မှကူးယူဖော်ပြထားပြီး ဘာသာပြန်သူက ခင်ပြည့်စုံကျော်ပါ)
File Size : (0.99 GB)
Quality : WEB-DL 720p
Running Time : 2hr 20min
Format : Mp4
Genre :Action, Adventure, Drama
Subtitle : Myanmar Subtitle (Hard Sub)
Translated by Khin Pyae Sone Kyaw
Encode by Thanhtike Zaw
Comedy
7.2
2017
140 mins