YoteShin Drive is below this article. Scroll down to view.

Snapdragon 8+ GEN 1 capacity to better Dimensity 9000+

Author: Anonymous Published on: 12 Aug 2022

Antutu has announced the list of the best tales of the most capabilities in September. Most of these are the phones with Qualcomm Snapdragon 8+ Gen 1 chipset. Surprisingly, the Asus Rog Phone 6D, with the MediaTk Dimensity 9000+, has a number 1 in the SD8 + G1 phones. ASUS ROG Phone 6d seized a 1,123,036 points with 1,123,036 points and all the other phones install Snapdragon 8+ Gen 1. The OnPLUS ACE is located in two numbers and 1,111,200 points. The IQoo 10 Pro is 1,111,200 pts and 3 points. Black Shark 7S Pro, Lenovo Legion Y70 and Iqoo 10 are # 4. There are 5 and 6 places, and 1,088,074; It has 1,086,381 and 1,081,766 points. Under the phones, Moto X30 Pro, Xiaomi 12s Pro, and Xiaomi Mix Fold 2 and Xiaomi Mix FOLD 2. 1,067,913 It is 1,068,766 and 1,054,035 points. Antiutu also announced the list of your phones with Dimensia 8100 max and Oppo Reno 8 Pro + 5G's top 3 sets on the list. Ref: Gizmochina

YoteShin Drive

Sign in using google and save to your drive

The.Handmaiden.2016.1080p.Bluray {CM}.mp4

1.53 GB 1080p video/mp4 8707 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
The Devil All the Time
7.2

ရောဘတ် ပတ်တီဆန် နဲ့ တွမ် ဟော်လန်တို့ရဲ့ နက်ဖလစ် ရုပ်ရှင်အသစ်ရပါပြီ။ လက်ရှိမှာတော့ IMDb 7.9 ရထားပါတယ်။ တကယ်ကို ထိုက်ထိုက်တန်တန်ရတာပါပဲ။ နောက်ခံစကားပြောလေးနဲ့ ဂန္ဓဝင်ရုပ်ရှင်ဟောင်းတွေရဲ့ အငွေ့အသက်လေးတွေနဲ့ ဖန်တီးထားတာပါပဲ။ မူရင်း ခေတ်ဟောင်း ဝတ္ထုကို မဖတ်ဖူးပေမယ့် ရုပ်ရှင်ကို ကြည့်လိုက်တာနဲ့တင်အတော်ကို ကောင်းမယ့် ဝတ္ထုဆိုတာ သိလိုက်ပါတယ်။ အရမ်းကောင်းပေမယ့် လူတိုင်းတော့ ကြည့်လို့အဆင်ပြေမယ်မထင်ပါဘူး။ ဘာသာရေးအစွန်းရောက်မှုတွေ၊ ဘာသာရေးအမြတ်ထုတ်တာတွေ၊ စိတ္တဇလူသတ်သမားတွေနဲ့ ချိတ်ဆက်ပြီး ဇာတ်ကို ဖွဲ့စည်းထားတဲ့အပြင် သွေးသံရဲရဲ သတ်ဖြတ်ခန်းတွေလည်း ပါတော့ ကြောက်စရာတွေ မကြိုက်တတ်တဲ့သူတွေတော့ အတွက်တော့ မကောင်းပါဘူး။ ကျွန်တော်ကတော့ အတော်ကိုကြိုက်ပါတယ်။ ကြည့်ပြီးပြီးချင်း ဘာသာပြန်ပြီး တင်ပေးထားလိုက်ပါပြီ။ အကြိုက်တူတဲ့သူတွေ သဘောကျကြမှာပါ။ File Size : 1 Gb / 400 mb Quality : webrip 1080p/720p/480p Format…mp4 Duration…2hr 18min Genre :   Crime, Drama, Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by Littleneo Encoded by Littleneo

Action • Adventure • Drama • Thriller
7.2 2020 138 mins
The Devil All the Time
The Majestic
6.9

The Majestic (2001) ~ IMDb – 6.9/10, Rotten Tomatoes – 42% ~ ဒီရုပ်ရှင်နဲ့ ပတ်သက်ရင် ပြောစရာတွေများပါလိမ့်မယ်။ ဝေဖန်သံဆူသလောက် ချီးမွမ်းသံညံခဲ့တဲ့ရုပ်ရှင်ပါ။ The Shawshank Redemption, The Green Mile နဲ့ The Mist တို့ရဲ့ ပဲ့ကိုင်ရှင် ဒါရိုက်တာကြီး Frank Darabont လက်ရာကို အသည်းစွဲခဲ့ဖူးတဲ့လူတွေကတော့ “ဆရာကြီး ခင်ဗျားဒီတစ်ခါ နည်းနည်းလက်ချော်သလိုပဲနော်” လို့ ပြောချင်ကြမှာပေါ့။ အနုပညာလက်ရာအားဖြင့်ဆိုတာထက် အပေါ်ကလို Box Office မှာ ဝင်ငွေအရကော အနုပညာအရပါ အောင်မြင်ခဲ့တဲ့ကားတွေကိုရိုက်ခဲ့တဲ့ ဒါရိုက်တာကြီးက Jim Carrey ကို မင်းသားတင်ရိုက်တာတောင် ဝင်ငွေအရ 49 သန်းလောက် ရှုံးခဲ့လို့ပါတဲ့လေ။ ရုပ်ရှင်ကားတစ်ကားကို ဝေဖန်ဖို့ Box Office လေးတစ်ခုတည်းကိုပဲ ကြည့်လို့မရမှန်း အနည်းနဲ့အများတော့လက်ခံကြမှာပါ။ လူတွေရဲ့အမြင်နဲ့ရပ်တည်ချက်တွေကိုတော့ ဘယ်သူကမှ မထိန်းချုပ်နိုင်ဘဲကိုး။ ဒီရုပ်ရှင်ထဲမှာ ဒီအကြောင်းလေးလည်းပါလာပါသေးတယ်။ ရုပ်ရှင်အကြောင်းကတော့ ရုပ်ရှင်အကြောင်းပဲ။ ဒီရုပ်ရှင်အတွက် အမေရိကန်နိုင်ငံရဲ့ ၂၀ ရာစုအလယ် ရုပ်ရှင်လောကအခြေအနေလေးတစ်ခုကို အရင်ပြောပြချင်ပါတယ်။ ဒုတိယကမ္ဘာစစ်အပြီး အမေရိကန်နိုင်ငံမှာ Red Channel ဆိုတဲ့ အဖွဲ့အစည်းတစ်ခုရှိခဲ့တယ်။ သူတို့ရဲ့တာဝန်ကတော့ ရေဒီယိုနဲ့ တီဗီလောကမှာ ကွန်မြူနစ်နဲ့ လက်ဝဲဝါဒ လွှမ်းမိုးမှုမရှိစေရေးပေါ့။ သူတို့က အဲဒီလိုအယူအဆရှိတဲ့အနုပညာရှင်တွေကို နာမည်ပျက်စာရင်းသွင်းတယ်။ အဲဒီလိုအသွင်းခံရတဲ့လူတွေက အနုပညာလုပ်ခွင့်မရှိတော့ဘူး။ ရပ်တည်ခွင့်တောင်ရဖို့ ခပ်ရှားရှားပဲ။ အဆိုးဆုံးအနေနဲ့ဆိုရင်ထောင်ပါကျကြတာရှိတယ်။ အဲဒီလိုတောင် အမေရိကန်မှာ ကွန်မြူနစ်ဆန့်ကျင်ရေးက ကြမ်းခဲ့တာပေါ့။ ရုပ်ရှင်ဘက်ပြန်သွားရမယ်ဆိုရင်… ပီတာ (Jim Carrey) က တက်သစ်စ ဇာတ်ညွှန်းရေးဆရာ။ တစ်နေ့ကျတော့ မထင်မှတ်ဘဲ အစောကပြောခဲ့တဲ့ Red Channel ကနေ ကွန်မြူနစ်ပါလို့ စွပ်စွဲတာခံရပါလေရော။ အကြောင်းကတော့ ကောလိပ်တုန်းက လက်ဝဲကလပ်တစ်ခုရဲ့ အစည်းအဝေးတက်ခဲ့လို့တဲ့ (ဘာကြောင့်တက်ခဲ့တာလဲဆိုတာတော့ ရုပ်ရှင်ထဲမှာပဲကြည့်လိုက်ပါတော့)။ အဲဒါကြောင့် သူကစိတ်ညစ်ပြီး မူးမူးရူးရူးနဲ့ ကားမောင်းတုန်း မြစ်ထဲကျသွားတယ်။ သူလည်းအတိတ်မေ့ပြီး လော်ဆန်ဆိုတဲ့ မြို့ငယ်လေးတစ်ခုမှာကမ်းတင်သွားခဲ့တယ်။ လူ့လောကဆိုတာ တိုက်ဆိုင်မှုအက်တမ်တွေနဲ့ဖွဲ့စည်းထားတဲ့ ဒြပ်ထုတစ်ခုပဲ။ ဒီလိုတိုက်ဆိုင်မှုတွေကပဲ ကျွန်တော်တို့ကို ဘဝလမ်းမကြီးပေါ် မောင်းနှင်ပေးတာ။ တိုက်ဆိုင်စွာနဲ့ ပီတာကလည်း သူနဲ့ရုပ်ချင်းချွတ်စွပ်တူတဲ့ လုခ်ဆိုတဲ့ လူတစ်ယောက်နေထိုင်ခဲ့တဲ့ မြို့လေးကိုရောက်သွားတယ်။ ထပ်တိုက်ဆိုင်လိုက်ပုံများ သူကပါအတိတ်မေ့နေလေတော့ မြို့ခံတွေကလည်း သူ့ကို လုခ် လို့ထင်ကြတာပေါ့။ လုခ်ကလည်း ပျောက်ဆုံးသွားတာ ဆယ်စုနှစ်တစ်ခုရှိပြီဆိုတော့ အတိတ်မေ့သွားတာဖြစ်နိုင်ကောင်းပါရဲ့။ ဒီလိုနဲ့ သူဟာ မသက်ဆိုင်တဲ့ထီးနန်းကို အပိုင်စားရတဲ့အိမ်ရှေ့စံတစ်ပါးဖြစ်လာတယ်။ The Majestic ဆိုတာ အဲဒီမြို့လေးရဲ့ ရုပ်ရှင်ရုံတစ်ခုပေါ့။ ဒီရုပ်ရှင်ကိုစကြည့်လိုက်တာနဲ့ အဲဒါကိုခန့်မှန်းမိပြီးသားဖြစ်မယ်ထင်လို့ ကြိုပြောလိုက်တာပါ။ ဒါပေမဲ့ ဇာတ်လမ်းဟာ Majestic မှာ မတည်ဘူး။ တစ်ချိန်က ခမ်းနားဖူးတဲ့နန်းတော်ဟာ အခုတော့ ခြေကုန်လက်ပမ်းကျလို့။ ပီတာက မြို့ခံတွေဝတ်ပေးတဲ့ လုခ်ဝတ်ရုံကိုဆင်မြန်းရင်း ပုလ္လင်ထက်မှာ စံမြန်းတယ်။ ဒါပေမဲ့ မထိုက်သူဟာ မျက်ရည်တွေနဲ့ ဒူးထောက်ရတတ်စမြဲပဲမဟုတ်လား။ ထိုက်သူ မထိုက်သူဆိုတာကို ကံကပဲဆုံးဖြတ်တယ်။ ကံဟာ ကမ္မ အလုပ်။ အဆုံးသတ်တော့ ကိုယ်နဲ့ပဲဆိုင်တာပေါ့။ ဒီလိုနဲ့ ပီတာဟာ စုန်ချည်ဆန်ချည်နဲ့ ဘယ်ကမ်းမှာ သောင်တင်မလဲဆိုတာကို ရသပေါင်းစုံနဲ့ကြည့်ရှုရမှာပါ။ Cast တွေကလည်း ပစ်ရက်စရာမရှိတဲ့အပြင် ဒါရိုက်တာကလည်း ကျွန်တော်တို့နဲ့ မစိမ်းတဲ့သူဆိုတော့ ရင်းနှီးနေသလို ခံစားချက်လေးတစ်ခုရပါလိမ့်မယ်။ ထူးထူးဆန်းဆန်းဆုအနေနဲ့ Location နဲ့ပတ်သက်တဲ့ဆုလေးတစ်ခုလည်း ရထားတာကြောင့် ကြည့်ဖြစ်ခဲ့ရင် ရုပ်ရှင်ရိုက်ကွက်တွေအပြင် ရှုခင်းလေးတွေကိုပါ ခံစားကြည့်ဖို့အကြံပေးချင်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Min Thant Bo မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.5GB, 1.2GB Quality – 1080p, 720p IMDb Rating – 6.9/10 Format – mp4 Duration – 2H 4Min Genre – Comedy, Drama, Fantasy Subtitle – Myanmar Subtitle (Hardsub) Translated by Min Thant Bo Encoded by Y

Drama • Mystery • Thriller
6.9 2001 152 mins
The Majestic
Papa
5.9

အဆင့်မြင့် တိုက်တွေ ကားတွေနဲ့ 5G အထိ တိုးတက်နေတဲ့ တရုတ်ပြည်မှာ အားနည်းချက်က ဘာလဲဆိုရင် လူတွေပင်ပန်းတာပါပဲ… ဘယ်လောက်တောင် ပင်ပန်းလဲဆို ၃ နှစ်အရွယ် ကလေးက အစ ၂၄ နာရီအပြည့် လေ့လာမှု အပြည့်နဲ့ ကျောင်းကောင်းမှာ ဝင်ခွင့်အောင်အောင် ကြိုးစားနေရတာပေါ့ ဒီလိုကြိုးစားနေတဲ့ထဲ တရုတ်ရိုးရာ ချေးချွတ် ရေချိုးကန်လေးပိုင်ရှင် လေတလီတို့ သားအဖလည်း ပါတာပေါ့… မိတဆိုးလေး လေရှောင်မိအပေါ် လေတလီတစ်ယောက် မျှော်လင့်ထားတာ ၂ ချက်ပဲရှိတယ်… တစ်ခုက ပျော်ရွှင်စွာ ဘဝကို ဖြတ်သန်းဖို့… နောက်တစ်ခုကတော့ ဆုံးသွားတဲ့ သူ့အမေလိုပဲ ပညာရေးမှာ ထူးချွန်စေချင်တာပေါ့… ဒီလိုနဲ့ လေတလီတစ်ယောက် ရှောင်မိကို နာမည်ကြီး ကိုယ်ပိုင် မူလတန်းကျောင်း ထားဖို့ စွန့်စားခန်း တစ်ခုပြီး တစ်ခု စမ်းသပ်ပြီးနောက်မှာတော့ ရှောင်မိကို ကျောင်းကောင်ထားပေးဖြစ်မှာလား… လေတလီပဲ လက်လျှော့လိုက်မှာလား… ပိုကောင်းတဲ့ ရွေးချယ်မှုပေါ်လာမှာလား… ဇာတ်ကားလေးကြည့်ရင် အဖြေတစ်ခုနဲ့ ခံစားချက်တစ်ဖုံရလာမှာမို့ မိဘကိုချစ်တဲ့သားသမီးတို့ သားသမီးကို ချစ်တဲ့ မိဘတို့ ကြည့်သင့်တဲ့ ဇာတ်ကားလေးမို့ CM က ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်

5.9 2023
Papa
Minacious

ဖုန်းမှတစ်ဆင့် လုပ်ဆောင်ရတဲ့ အများဝန်ဆောင်မှု လုပ်ငန်းတွေဟာ ပင်ပန်းတဲ့ အလုပ်အမျိုးအစား တစ်မျိုးပါ။ တစ်ခါတစ်ရံ ဖုန်းခေါ်သူနဲ့ ဝန်ထမ်းကြားမှာ စကားအချေအတင်များပြီး အကြမ်းဖက်မှုအထိ ဖြစ်နိုင်တယ်ဆိုရင်ရော ယုံကြည်နိုင်ပါ့မလား။ အစ်ဇဘယ်လာ ရောဘတ်ဆန်ဟာ Regal Union Bank ရဲ့ အများဝန်ဆောင်မှုဌာနမှာ လုပ်ဆောင်နေသူတစ်ဦးပါ။ တနေ့မှာတော့ သူမဟာ ဦးလေးဖြစ်သူတစ်ယောက်အိမ်မှာ တစ်ပတ်တာ အိမ်စောင့်ပေးရမှာ ဖြစ်လို့ အိမ်တည်ရှိရာ လူသူအလှမ်းဝေးတဲ့ နေရာတစ်ခုကို သွားရောက်ခဲ့ပါတယ်။ သူမက အိမ်မှတစ်ဆင့် အလုပ်လုပ်နေသူဖြစ်ကာ ညဆိုင်းဖြစ်တဲ့အတွက် သူမအတွက်တော့ အဆင်ပြေနေပါတယ်။ ဒါပေမဲ့ တညမှာတော့ သူမဟာလည်း ဖုန်းခေါ်သူဆိုဖောက်သည် တစ်ယောက်နဲ့ အချေအတင် စကားများကာ ​အသက်အန္တရယ်အထိပါ ခြိမ်းခြောက်ခံရပါတော့တယ်။ ထိုသူဟာ ခြိမ်းခြောက်ရုံသက်သက်ပဲလား အမှန်တကယ်လား ဆိုတာကိုတော့ ရင်ခုန်စိတ်လှုပ်ရှားစွာ ဆက်လက်ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်။ File size…(1.1 GB)/(544 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:32:00 Genre…Thriller, Horror Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Vio La

Drama
0 2022
Minacious
The Curious Case of Benjamin Button

အချိန်တွေသာ နောက်ပြန်လည်သွားခဲ့ရင် အဲဒီဖြစ်စဉ်ရဲ့နောက်ဆက်တွဲတွေက လူတွေရဲ့ဘဝကို ဘယ်လိုအကျိုးသက်ရောက်မှု‌တွေရှိစေမလဲ။ နာရီလက်တံတွေ ဆန့်ကျင်ဘက်လည်ပတ်ကုန်မလား။ အနောက်အရပ်က နေထွက်ပြီး အရှေ့အရပ်မှာ နေဝင်သွားမလား။ ကမ္ဘာကြီး ပြောင်းပြန်လည်သွားမလား။ လူသားတွေရဲ့ဘ‌ဝတွေ ကမောက်ကမဖြစ်ကုန်မလား။ အသက်‌တွေကြီးရာကနေ တဖြည်းဖြည်းငယ်ကုန်မလား။ အချိန်ရဲ့ရက်စက်မှုတွေကို ဘယ်လိုလူမျိုးကမှ အနိုင်မယူနိုင်၊ ‌မကျော်လွှားနိုင်။ ဇာတ်လမ်းအကျဉ်း- ဘန်ဂျမင်ဘက်တွန်ဆိုတဲ့ကောင်လေးဟာ အသက် ၈၀ အရွယ်အဘိုးကြီးတစ်ယောက်ရဲ့ခန္ဓာကိုယ် ရုပ်ပိုင်းဆိုင်ရာ အခြေအနေတွေနဲ့အတူ မွေးဖွားလာတယ်။ သူ့အမေကလည်း သူ့ကိုမီးဖွားပြီးချိန်မှာပဲ ဆုံးပါးသွားခဲ့တယ်။ ဒါနဲ့ သူ့အဖေ သောမတ်ဘက်တွန်က ဒီလို အဘိုးကြီးခန္ဓာကိုယ်နဲ့ကောင်လေးကို မကောင်းဆိုးဝါးအထင်နဲ့ ဘိုးဘွားဂေဟာမှာ သွားပစ်ထားခဲ့တယ်။ အဲဒီဂေဟာက အမျိုးသမီးက ကလေးကိုတွေ့သွားပြီး မွေးစားဖို့ဆုံးဖြတ်လိုက်တယ်။ ဒါပေမဲ့ ဒီကောင်လေးကို ဘယ်သူကမှ ကြာကြာခံမယ်လို့မထင်ကြဘူး။ ဒါပေမဲ့ ဘန်ဂျမင်ဟာ အချိန်တွေတရွေ့ရွေ့ကုန်ဆုံးလာတာနဲ့အမျှ အသက်ကြီးရာကနေ တဖြည်းဖြည်းချင်း နုပျိုလာခဲ့တယ်။ ဒီဇာတ်ကားဟာ ဟောင်းပေမဲ့ ရွှေလို့ပြောလို့ရတဲ့ဇာတ်ကားတစ်ကားဖြစ်တယ်။ ဇာတ်လမ်းဟာ အချိန်အားဖြင့် ၃ နာရီနီးပါးကြာမြင့်ပြီး ဝတ္ထုရှည်တစ်ပုဒ်ကို အေးအေးဆေးဆေးထိုင်ဖတ်နေရသလို ခံစားချက်မျိုးပေးမယ့် Masterpiece ရုပ်ရှင်တစ်ပုဒ်ဖြစ်ပါတယ်။ တချို့ဇာတ်ကားတွေလို တစ်ခါကြည့်ပြီးတာနဲ့မေ့မေ့ပျောက်ပျောက်ဖြစ်သွားမယ့်ဇာတ်လမ်းမျိုးမဟုတ်ဘဲ ဇာတ်လမ်းထဲကို စီးမြောဝင်သွားပြီး ရုပ်ရှင်ပြီးတဲ့အခါ အတွေးပေါင်းများစွာနဲ့ ရင်ထဲမှာတသသကျန်ခဲ့မယ့် ရုပ်ရှင်လို့ပြောလို့ရတယ်။ လူတိုင်း ဘဝမှာ တစ်ခါတော့ကြည့်ဖူးသင့်တဲ့ရုပ်ရှင်ဖြစ်တာကြောင့် ခံစားကြည့်ရှုလိုက်ကြပါဦး။ File size…(2.3 GB)/(1.2 GB) Quality….Webrip 1080p / 720p Format…mp4 Duration….02:46:00 Genre…Drama, Fantasy, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Vader

Drama
0 2008
The Curious Case of Benjamin Button
Drunk, Driving, and 17
5.9

၁၇ နှစ်အရွယ် ကင်မ်ဘာလေဆမ်းမားက ပညာရေးထူးချွန်ပြီး အဘက်ဘက်မှာ တာဝန်ကျေတဲ့ ဆယ်ကျော်သက်အရွယ်မိန်းကလေးတစ်ယောက်ပါ။ တနေ့တော့ ကင့်မ်ချစ်သူဒန်က စတန်းဖို့တက္ကသိုလ်မှာ ထက်ဝက်ပညာသင်ဆုနဲ့ရွေးချယ်ခံရတဲ့အတွက် သူ့အိမ်မှာအောင်ပွဲခံပါတီလေးတစ်ခု လုပ်ဖို့ဖြစ်လာခဲ့ပါတယ်။ အရက်ဆိုဘီယာအရသာတောင်မကြိုက်တဲ့ကင်မ်က ပါတီပွဲမှာ ဒန်နဲ့တခြားမိန်းကလေးနမ်းတာမြင်သွားတော့ စိတ်လွတ်လွတ်နဲ့ မူးအောင်သောက်ပြီး ကားမောင်းပြန်ခဲ့ရာကနေ ကားမတော်တဆမှုဖြစ်ခဲ့ပါတယ်။ ဒီကားမတော်တဆမှုကြောင့် ကင့်မ်ရဲ့ဘဝလမ်းကြောင်းတစ်ခုလုံး ပြောင်းလဲခဲ့ရပါတယ်။ ဒီအခြေအနေကို ကင်မ်ဘယ်လိုရင်ဆိုင်မလဲ၊ အမှားတစ်ခုလေးကနေ ဘယ်လောက်ကြီးမာတဲ့နောက်ဆက်တွဲတွေဖြစ်လာနိုင်လဲ၊ ဒီကိစ္စရပ်တခုလုံးက ဘယ်သူတွေအပေါ်တာဝန်ရှိနေလဲဆိုတာကို စိတ်ဝင်တစားကြည့်ရှုရမှာဖြစ်ပါတယ်။ File size…(1.5 GB)/(700 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:28:00 Genre…Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Tina

5.9 2023
Drunk, Driving, and 17
Dial M for Murder
8.2

နာမည်ကြီး film director ကြီး Sir Alfred Hitchcock ရဲ့ လက်ရာကောင်းတွေထဲ တစ်ခုဖြစ်တဲ့ 1954ခုနှစ်ထွက် crime/thriller ရုပ်ရှင်ကားကောင်း တစ်ကားနဲ့ မိတ်ဆက်ပေးပါရစေ။ မင်းသမီး Grace Kelly ပါဝင်ပြီး Ray Milland, John Williams, Robert Cummings တို့လည်း ပါဝင်ထားပါတယ်။ ဇာတ်လမ်း အကျဥ်းကတော့ Tony Wendice တစ်ယောက် သူ့မိန်းမ Margot Wendiceက အမေရိကန် စာရေးဆရာ တစ်ယောက်နဲ့ ဖောက်ပြန်နေတာကို သိသွားပြီး မိန်းမကို သတ်ဖို့အတွက် ကောလိပ်အတူတက်ခဲ့တဲ့ မိတ်ဆွေဟောင်းတစ်ယောက်ကို ဆက်သွယ်ပြီး ခြိမ်းခြောက်ခဲ့ပါတယ်။ ဒါပေမဲ့ သူ အကွက်ချ စီစဥ်ထားသလို ဖြစ်မလာခဲ့ပါဘူး။ Tony Wendice နဲ့ သူ့မိန်းမ Margot ဟာ သူတို့ နှစ်ယောက်ထဲက တစ်ယောက်ယောက်က မတော်တဆမှုကြောင့် ဆုံးပါးသွားခဲ့ရင် တစ်ယောက်ကို တစ်ယောက် လက်ကျန်စည်းစိမ်တွေ ချန်ခဲ့ပေးဖို့ သေတမ်းစာရေးထားခဲ့ပါတယ်။ Tony က ဒီငွေတွေကို မက်လို့လည်း သူ့မိန်းမကို သတ်ပြီး ငွေယူဖို့ တစ်ချက်ခုတ် နှစ်ချက်ပြတ် ကြံရွယ်ခဲ့တာပါ။ Thriller ကောင်းကောင်းကြိုက်မယ့်သူတွေ အကြိုက်တွေ့လောက်မယ့် ခေတ်ဟောင်းကားကောင်း တသ်ခုဖြစ်ပါတယ်။ File size…(1.9 GB)/(950 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:45:00 Genre… Crime, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Leonie

8.2 1954 105 mins
Dial M for Murder
Spooks: The Greater Good MI 5
6.2

Spooks: The Greater Good သို့မဟုတ် တစ်ချို့နိုင်ငံတွေမှာ MI-5 အဖြစ်မိတ်ဆက်ခဲ့တဲ့ဒီဇာတ်ကားဟာ နာမည်ကျော်ဗြိတိန်စပိုင်ဇာတ်လမ်းတွဲတစ်ခုဖြစ်တဲ့ Spooks ရဲ့နောက်ဆက်တွဲဖြစ်ပြီး Jon Snow လို့ လူသိများတဲ့ GOT မင်းသား Kit Harington ခေါင်းဆောင်ပါဝင်ထားပါတယ်။ MI5 ရဲ့အကြမ်းဖက်တိုက်ဖျက်ရေး ဌာနအကြီးအကဲ ဟယ်ရီဟာ အမေရိကန်ကအလိုရှိနေတဲ့ အကြမ်းဖက်သမား Adem Qasim ကို ယာဉ်တန်းအစောင့်အရှောက်နဲ့လွှဲပြောင်းဖို့ပို့ဆောင်နေချိန်မှာ တိုက်ခိုက်မှုခံခဲ့ရပြီး Adem Qasim လွတ်မြောက်သွားခဲ့ပါတယ်။ ဒီဖြစ်ရပ်ကိုစုံစမ်းရင်းနဲ့ အဲ့ဒီကိစ္စမှာ MI5 ထဲကအကြီးတန်းတွေကိုယ်တိုင်ပါဝင်ပတ်သက်နေပြီး သူတို့အဖွဲ့အစည်းကို အမေရိကန်ဘက်ကသိမ်းယူနိုင်ဖို့ပူးပေါင်းကြံစည်ခဲ့ကြတယ်ဆိုတာ သိလိုက်ရတဲ့နောက် နောက်ဆက်တွဲဖြစ်ရပ်တွေကို Suspense အပြည့်နဲ့ရှုစားကြရမှာပါ။ File size_(1.9GB)/(980MB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_01:41:00 Genre_Action, Drama, Thriller Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by alias

6.2 2015 104 mins
Spooks: The Greater Good MI 5
Abbé Pierre – A Century of Devotion
6.6

IMDb 6.6/10 ရရှိထားတဲ့ Biography/Drama/History/War ပြင်သစ် ဇာတ်ကားလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ အိုဟီ ဂူဝက်စ် တစ်ဖြစ်လဲ အာဘစ်ပီယာက “ဆင်းရဲမွဲတေခြင်းနဲ့ စစ်ဖြစ်နေတဲ့သူ၊ အသံမဲ့လူသားတွေအတွက် အသံဖြစ်ပေးခဲ့သူ၊ ဆင်းရဲမွဲတေမှုကိုတိုက်ဖျက်ဖို့ နည်းလမ်းမျိုးစုံနဲ့ အစွမ်းကုန် ကြိုးစားနေတဲ့သူ” အဖြစ် သမိုင်းမှတ်တမ်းဝင်ခဲ့ပြီး သူ့ကိုဂုဏ်ပြုတဲ့အနေနဲ့ ဒီဇာတ်ကားကို ရိုက်ကူးခဲ့တာဖြစ်ပါတယ်။ ကတ်သလစ် ဘုန်းတော်ကြီးဖြစ်သူ အိုဟီ ဂူဝက်စ်က မေတ္တာတရားကြီးမားပြီး ဘဝရဲ့ရပ်တည်ချက်ကို အမြဲရှာဖွေနေသူပါ။ ကံမကောင်းအကြောင်းမလှစွာနဲ့ ဒုတိယကမ္ဘာစစ်အတွင်း စစ်ထဲဝင်ခဲ့ရပေမဲ့ ဘုန်းတော်ကြီးတစ်ဦးအဖြစ် သူ့ရဲ့ရပ်တည်ချက်ကို မစွန့်ပစ်ဘဲ အတတ်နိုင်ဆုံး ထိန်းသိမ်းထားခဲ့သူလည်း ဖြစ်ပါတယ်။ တော်လှန်ရေးကာလအတွင်း သရုပ်မှန်ကို ဖုံးကွယ်နေထိုင်ဖို့ရည်ရွယ်ချက်နဲ့ အာဘစ် ပီယာဆိုတဲ့ အမည်သစ်တစ်ခုနဲ့ လျှို့ဝှက်လုပ်ဆောင်ခဲ့ပါတယ်။ (အာဘစ်ဆိုတာက ပြင်သစ်လို ဘုန်းတော်ကြီးတွေကိုခေါ်တာမို့ ဘုန်းတော်ကြီး ပီယာဖြစ်ခဲ့တယ်လို့ ဆိုရမှာပေါ့လေ။) ဒုတိယကမ္ဘာစစ်အပြီး ကာလမှာတော့ ပြင်သစ်မှာ ငတ်မွတ်ခေါင်းပါးမှု၊ အိုးမဲ့အိမ်မဲ့တွေများပြားလာမှုတွေနဲ့ ရင်ဆိုင်ခဲ့ရပြီး သေကြေပျက်စီးမှုတွေရှိလာခဲ့ချိန်မှာတော့ အာဘစ်ပီယာတစ်ယောက် အိမ်ခြေရာမဲ့တွေအတွက် ရွတ်ရွတ်ချွံချွံ တိုက်ပွဲဝင်ခဲ့ပါတော့တယ်။ အိုးမဲ့အိမ်မဲ့တွေအတွက် အေမာရုဆိုတဲ့ နားခိုရာကိုဖွင့်လှစ်ပြီး အားလုံးကို နွေးထွေးစွာ ကြိုဆိုခဲ့တာပါ။ သူက နောက်ခံတောင့်တင်းပြီး လူချမ်းသာအသိုင်းအဝိုင်းကမို့ အစပိုင်းမှာတော့ သူ့မိသားစုဝင်တွေရဲ့ အင်အားနဲ့ တောင့်ခံနိုင်ခဲ့ပေမဲ့ အချိန်ကာလကြာလာတော့ သူရဲ့ အေမာရုနားခိုရာမှာ လူတွေများလာပြီး ပတ်ဝန်းကျင်က တိုင်ကြားမှုတွေ၊ ထောက်ပံ့ငွေမလုံလောက်တာတွေနဲ့ ရင်ဆိုင်ခဲ့ရပါတော့တယ်။ အာဘစ်ရဲ့ ဘဝတစ်လျှောက် ကြုံတွေ့ခဲ့ရတဲ့ လောကဓံက ဒါတင်မကသေးပါဘူး။ ဆောင်းရာသီမှာ အိုးမဲ့အိမ်မဲ့လူတွေက နေစရာမရှိ၊ စားစရာမဲ့စွာနဲ့ လမ်းဘေးမှာအေးခဲပြီး သေနေတာကို မျက်ဝါးထင်ထင်တွေ့မြင်ခဲ့ရပြီး ယူကြုံးမရဖြစ်ခဲ့ရတာမျိုးလည်း ရှိပါသေးတယ်။ မေတ္တာတရားကြီးမားပြီး လူသားအားလုံးကို ကူညီချင်သူ အာဘစ်တစ်ယောက် အားလုံးကို ကယ်ဆယ်ကူညီခဲ့ပေမဲ့ လူသားဆိုတဲ့အမျိုးက တကယ်ရော ကယ်ဆယ်ပေးတဲ့အတိုင်း ကျေးဇူးသိတတ်စွာနဲ့ တုံ့ပြန်ကူညီပေးတတ်သူလား၊ သူနိမ့်ကျလာတဲ့အခါ လူသားရဲ့သဘာဝက ဘယ်လိုတွေ ထွက်ပေါ်လာမှာလဲ၊ အာဘစ်ရဲ့ဆန္ဒအတိုင်း တကယ်ပဲ ဆင်းရဲမွဲတေမှုနဲ့ စစ်ပွဲကရော အဆုံးသတ်နိုင်ပါ့မလားဆိုတာကိုတော့ သူ့ဘဝရဲ့ အနိမ့်၊ အမြင့်၊ အတက်၊ အကျ အစုံစုံကို ဇာတ်ကားထဲမှာ ဗဟုသုတရဖွယ်၊ သံဝေဂယူဖွယ် ရှုစားကြည့်လိုက်ကြပါဦးနော်။ (ဒီဇာတ်ကားရဲ့ အညွှန်းနဲ့ ဘာသာပြန်က Emily ပါ။) File size…(1.8 GB)/(915 Mb) Quality….Webrip 1080p / 720p Format… mp4 Duration…. 02:17:00 Genre… Biography, Drama, History, War Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Emily

6.6 2023 138 mins
Abbé Pierre – A Century of Devotion
The Three Stooges
5.1

The Three Stooges ကိုတော့မသိတဲ့လူမရှိလောက်ပါဘူး။ ဒီကားလေးကတော့ တော်တော်လေးကိုရယ်ရပြီး ဘဝအမောတွေကို ခဏလောက်ဖျေဖြောက်ပေးနိုင်တဲ့ ရုပ်ရှင်တစ်ကားလည်းဖြစ်ပါတယ်။ ဇာတ်ညွှန်း မိဘမဲ့ဂေဟာကို ကလေးသုံးယောက်ရောက်လာခဲ့တယ်။ သူတို့ ၃ ယောက်ကတော့ မိုး၊ လယ်ရီနဲ့ကာလီ။ ငယ်ဘဝကတည်းက ဗရုတ်ကျတဲ့ ၃ ယောက်ဆိုတော့ ဘယ်သူကမှ သူတို့ကို မမွေးစားခဲ့ဘူး။ ဒါပေမယ့် မိုး တစ်ယောက်ကတော့ ထူးထူးခြားခြားမွေးစားခံလိုက်ရတယ်။ ဒါပေမယ့် အလုပ်မဖြစ်ခဲ့ပါဘူး။ ဒီလိုနဲ့သူတို့လည်း အသက်ကြီးလာခဲ့တယ်။ သို့ပေသော်ငြား ကလေးတွေနဲ့ပဲနေခဲ့တာဖြစ်တာမလို့ သူတို့ရဲ့စိတ်က ကလေးစိတ်ပဲရှိပါသေးတယ်။ ဒီလိုနဲ့ မိဘမဲ့ဂေဟာကို အကြွေးနဲ့ပိတ်သိမ်းရမယ်ဆိုပြီး ဖြစ်လာပါတော့တယ်။ ဒီလိုနဲ့ ငယ်ငယ်ကကြီးပြင်းလာတဲ့ အိမ်ဖြစ်သလို သူငယ်ချင်းတွေရှိနေတဲ့ နေရာလေးကို ကယ်တင်ဖို့ မိုး၊ လယ်ရီနဲ့ကာလီတို့ဟာ လိုတဲ့ ငွေ ဒေါ်လာ ၈၃၀,၀၀၀ ကိုရှာဖို့ မြို့တက်လာခဲ့ပါတယ် မလွဲရမနေနိုင် မိုး တို့သုံးယောက် ဘယ်လိုများ လိုတဲ့ပိုက်ဆံကိုရှာမှာလဲ။ ဘာတွေလွဲချော်မလဲ။ ဘယ်လိုတွေရယ်ရမလဲ ဆိုတာကို ခံစားကြည့်လိုက်ကြပါ။ File Size : 1.9 GB, 1.2 GB Quality : WEB-DL 1080p / 720p Running Time : 1hr 32min Format : Mp4 Genre : Comedy, Family Subtitle : Myanmar Subtitle (Hard Sub) Translated by : Lucifer Maximoff Encode by : Thit San Khant

5.1 2012
The Three Stooges
Conjuring the Cult
5.4

Conjuring the Cult (2024) IMDb Rating (5.4) တစ်ရက်မှာ ဖခင်ဖြစ်သူ ဒေးဗစ်ဟာ ရုံးကနေပြန်လာတဲ့အချိန် အိမ်မှာ သူ့သမီးသေဆုံးတာကို တွေ့လိုက်ရပါတယ်။ ဒီလိုနဲ့ပဲ သမီးဖြစ်သူက သူ့ကြောင့် ဆုံးသွားရတာကို သိတဲ့ မာရှာ့မိဘဟာ အိမ်ထောင်ကွဲဖို့ဖြစ်လာပါတယ်။ ဒီလိုနဲ့အဖေဖြစ်တဲ့ ဒေးဗစ်ဟာ သမီးကိုစွဲလမ်းစိတ်ကြီးစွာနဲ့ စိတ်ကျရောဂါဖြစ်ပြီး တစ်နေ့တာလုပ်ငန်းတွေကိုပါ မလုပ်ဆောင်နိုင်လောက် ဘဝကြီးလုံးပါးပါးနေရပါတယ်။ တစ်နေ့မှာတော့ စိတ်ကျန်းမာရေးအထောက်အကူပြုစကားဝိုင်းတစ်ခုမှာ ဒေးဗစ်ဟာ ဆင်တူသလားဝတ်ထားတဲ့ စုန်းမပုံစံလူငယ်အမျိုးသမီးတစ်သိုက်ကနေ သူ့ကိုကမ်းလှမ်းလာတာကို ရခဲ့ပါတယ်။ သမီးဖြစ်သူကို အငမ်းမရပြန်တွေ့ချင်တဲ့ ဒေးဗစ်ဟာ အစပိုင်းမှာတော့ ငြင်းဆန်ခဲ့ပေမယ့် မလွန်ဆန်နိုင်တဲ့တစ်ဆုံးမှာတော့ ဘာတွေ ဘယ်လိုလုပ်မိသွားမလဲဆိုတာကို ဒီဇာတ်ကားထဲမှာ ရင်တလှုပ်လှုပ်ရှစားရမှာပဲဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Mark ဖြစ်ပါတယ်။) File size…(640 MB) / (400 MB) Quality….WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre….Horror Duration….01:34:07 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Mark

Action • Drama • War
5.4 2024 93 mins
Conjuring the Cult
Neela Nira Sooriyan (aka) Blue Sunshine
6.5

Neela Nira Sooriyan (aka) Blue Sunshine (2024) “ဖြစ်တည်မှု” သူများဝေဖန်မှာကိုဂရုမစိုက်ဘဲ ကိုယ့်ဖြစ်တည်မှုကိုလက်ခံပြီး ကိုယ့်ဘ၀ကိုယ်ရွေးချယ်ရဲတာလည်း လူတိုင်းမှာမရှိတဲ့ သတ္တိတစ်မျိုးပါပဲ။ အခုခေတ်မှာ အဲဒီလိုမျိုး အရှိအတိုင်းလက်ခံလာကြပြီဖြစ်တဲ့ LGBT ဖြစ်တည်မှုဟာ မထူးဆန်းတော့ပေမဲ့ အိန္ဒိယလို အစဉ်အလာကြီးပြီး ရှေးရိုးစွဲလူကြီးတွေများတဲ့နိုင်ငံမှာတော့ လုံး၀ကိုမလွယ်ကူတဲ့ကိစ္စပါ။ ဒီဇာတ်လမ်းကတော့ အမျိုးသမီးဘ၀ကိုပြောင်းလဲခံယူချင်တဲ့ ကျောင်းဆရာလေးတစ်ယောက်နဲ့ သူတို့ရဲ့ရှေးရိုးစွဲအသိုင်းအဝိုင်းအကြောင်းကို ရိုက်ကူးတင်ဆက်ထားတာ ဖြစ်ပါတယ်။ အာရာဗင်ဟာ မြို့ငယ်လေးတစ်မြို့က ရှေးရိုးစွဲအသိုင်းအဝိုင်းမှာ ကြီးပြင်းလာရတဲ့ ကျောင်းဆရာလေးတစ်ယောက်ပါ။ ယောက်ျားလေးတစ်ယောက်အဖြစ် မွေးဖွားလာရပေမဲ့ အာရာဗင်အဖြစ်ချင်ဆုံးဆန္ဒကတော့ အမျိုးသမီးတစ်ယောက်ရဲ့ဘ၀ပါပဲ။ အဲဒီလိုမိန်းကလေးဘ၀ကိုပြောင်းလဲဖို့အတွက် ဟော်မုန်းဆေးတွေသောက်နေပြီး ဘ ာနူးဆိုတဲ့ မိန်းကလေးနာမည်တစ်ခုကိုလည်း သူ့ကိုယ်သူပေးထားပါသေးတယ်။ တစ်နေ့တော့ သူတို့အိမ်မှာ ငွေကြေးအကျပ်အတည်းကြောင့် ဖခင်ဖြစ်သူက ပိုက်ဆံသွားချေးရင်း သူဌေးတစ်ယောက်ရဲ့သမီးနဲ့အာရာဗင်ကို ပေးစားဖို့ အကြောင်းဖန်လာပါတယ်။ အဲဒီမှာပဲ အာရာဗင်တစ်ယောက် သူ့အိပ်မက်ဖြစ်တဲ့ အမျိုးသမီးဘ၀ကို အမြန်ပြောင်းလဲရဖို့ ဖြစ်လာပါတော့တယ်။ ဒီလိုနဲ့ အာရာဗင်တစ်ယောက် ကျောင်းဆရာလေးအဖြစ်ကနေ ဆရာမအသွင်ပြောင်းလဲပြီး ဆာရီနဲ့ကျောင်းတက်လာတဲ့အခါ….။ LGBT ဖြစ်တည်မှု ဒါမှမဟုတ် လူတစ်ယောက်ရဲ့ သူ့ဘ၀သူရွေးချယ်ခွင့်ကို လက်မခံပေးတဲ့ အသိုင်းအဝိုင်းမျိုးမှာ အာရာဗင် တစ်ဖြစ်လဲ ဘာနူးတစ်ယောက် ဘယ်လိုအခက်အခဲတွေ ရင်ဆိုင်ရမလဲ၊ သူ့မိဘတွေနဲ့ ကျောင်းက ဘယ်လိုတုံ့ပြန်လာမလဲဆိုတာ စိတ်၀င်တစားကြည့်ကြရမှာ ဖြစ်ပါတယ်။ (ဒီဇာတ်လမ်းအတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ Cym~KKKZ~V~ZweYan~ToMo ပါ။)

Drama
6.5 2024
Neela Nira Sooriyan (aka) Blue Sunshine
Tremors
7.2

“ပြည့်စုံခြင်း”လို့ အဓိပ္ပါယ်ရတဲ့ ‘Perfection’ဆိုတဲ့တောင်ကြားမြို့သေးသေးလေးမှာ အားလ်နဲ့ဗဲလ်လင်တိုင်းတို့နှစ်ယောက်ဟာ လူတိုင်းက အားထားရတဲ့ ဘက်စုံရတွေပေါ့။ ပိုပြီးတိတိကျကျပြောရရင် အကုန်လုံးက အားထားရတဲ့ တောက်တိုမယ်ရတွေ၊ ပြည့်စုံခြင်းမြို့သေးသေးလေးမှာတော့ ပျော်မနေကြတဲ့ သူတွေ။ ဒီလိုနဲ့ တစ်ရက် သူတို့လုပ်စရာရှိတာသွားလုပ်ကြရင်း ငွေရတွင်းတစ်တွင်းကို မတော်တဆ သွားထိမိကြပါကော။ ဒါ့အတွက်ကြောင့်နဲပဲသူတို့တွေ အဲ့ဒီနေရာကနေ ငွေထုတ်ပိုက်ပြီး ထွက်သွားဖို့ ဆုံးဖြတ်လိုက်ကြပါတော့တယ်။ ကံကောင်းတာလား ကံဆိုးတာလားတော့မသိ… အားလ်တို့နှစ်ယောက် ထွက်သွားတဲ့နေ့ရောက်ခါမှ တွေ့လေရာနေရာတိုင်းမှာ အသိတွေ သေဆုံးနေတာကို ထူးထူးဆန်းဆန်းပဲ တောက်လောက် ကြုံလာရတော့တယ်။ သူတို့ လမ်းမှာဆုံခဲ့တဲ့ ရွန်ဒါဆိုတဲ့ မြေငလျင်ဗေဒကျောင်းသူလေးကလည်းဒီနေရာတဝိုက်မှာ ထူးဆန်းတဲ့​ မြေငလျင်တိုင်းတာမှုတွေကိုခဏခဏ မှတ်တမ်းတိုင်းတာမိထားကြောင်းကိုလည်း ပြောထားလေရဲ့။ ဆိုတော့ ဒီလူတွေ အကြောင်းအရင်းမသိဘဲသေဆုံးနေကြရတာက ရွန်ဒါပြောတဲ့မြေတုန်ခါမှုတွေနဲ့များ သက်ဆိုင်နေသလား။ ဒီမေးခွန်းရဲ့အဖြေကိုတော့ CMက တင်ဆက်ပေးလိုက်တဲ့ (၁၉၉၀)ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Horror/Comedy ဇာတ်ကား “Tremors”မှာ ရင်တထိတ်ထိတ်နဲ့ ကြည့်ရှုခံစားနိုင်မှာပဲ ဖြစ်ပါတယ်။ File size… 5.5 GB / 1.63 GB Quality… BluRay 1080p / 720p Format… mp4 Audio… AAC Duration…. 1h 36m Genre ….. Comedy/Monster Horror Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated… by Doros

Action • Comedy • Fantasy
7.2 1990 96 mins
Tremors
My Tutor Friend 2
6.5

My Tutor Friend 2 (2007) ***************************** ဒီတစ်ခါမှာတော့ အချစ်ဟာသဇာတ်လမ်းလေးတွေကို ပေါ့ပေါ့ပါးပါး ကြည့်ရတာ သဘောကျတဲ့ ပရိသတ်ကြီးအတွက်် My Tutor Friend 2 ဆိုတဲ့ ရုပ်ရှင်လေးကို မိတ်ဆက်ပေးလိုက်ပါတယ်။ ၂၀၀၃ ခုနှစ်က ထုတ်လွှင့်ခဲ့တဲ့ My Tutor Friend ရုပ်ရှင်ရဲ့ နောက်ဆက်တွဲအနေနဲ့ ကြော်ငြာခဲ့ပေမဲ့ ဇာတ်ကောင်နဲ့ ဇာတ်လမ်းအကြောင်းအရာအားလုံးဟာ ကွဲပြားနေပြီး ကျောရိုးဇာတ်လမ်းသာ တူညီတာကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။ ဇာတ်လမ်းအညွှန်း **************** ဂျွန်ကို ဆိုတဲ့ကောင်မလေးဟာ ဂျပန်ကနေ ကိုရီးယားကို ဘာသာစကားလေ့လာဖို့ exchange ကျောင်းသူအနေနဲ့ ရောက်လာခဲ့ပါတယ်။ ကိုရီးယားရောက်ရောက်ချင်း ရင်းနှီးဖော်ရွေပြီး ဟင်းချက်ကောင်းလွန်းတဲ့ တည်းခိုရိပ်သာပိုင်ရှင်က သေချာပြင်ဆင်ထားတဲ့ အခန်းတစ်ခန်းပေးပြီး နေခွင့်ပေးထားပါတယ်။ ဒါပေမဲ့ ဒီအခန်းပိုင်ရှင်က သူနဲ့လုံးဝ အဆင်မပြေ မနှစ်မြို့စရာကောင်းတဲ့ ဂျုံးမန်ရဲ့ အခန်းမှန်း သိသွားတဲ့အခါမှာ နေရာပြောင်းဖို့ စီစဉ်ပါတော့တယ်။ တည်းခိုရိပ်သာပိုင်ရှင်က ဂျွန်ကိုကို မပြောင်းသွားဖို့ တောင်းဆိုရင်း သူ့သားဖြစ်တဲ့ ဂျုံးမန်ကိုပါ ဂျွန်ကိုအတွက် ကိုရီးယားစာသင်ပေးဖို့ စေခိုင်းလိုက်ပါတော့တယ်။ ဒီလိုနဲ့ မျက်နှာမြင်လိုက်တာနဲ့ မတည့်ကြတဲ့ ဂျွန်ကိုနဲ့ ဂျုံးမန်တို့ နှစ်ယောက်ကြား ဘယ်လို ပြဿနာတွေ ဖြစ်ကြပြီး ဘယ်လိုအလွဲတွေ ကြုံရမလဲဆိုတာကို ဟာသလေးနှောပြီး ကြည့်ရှုခံစားသွားရမှာပဲဖြစ်ပါတယ်။ Cast တွေအနေနဲ့ကတော့ VIP , Celebrity စတဲ့ ဇာတ်ကားတွေကနေ လူသိများခဲ့တဲ့ မင်းသမီး Lee Chung Ah နဲ့ My Man is Cupid, Bridal Mask စတဲ့ဇာတ်လမ်းတွဲတွေမှာ ပါခဲ့တဲ့ မင်းသား Park Ki Woong က အဓိကဇာတ်ကောင်အနေနဲ့ ပါဝင်သရုပ်ဆောင်ထားပါတယ်။ (အညွှန်းကို Nyein Sandi မှ ရေးသားထားပါတယ်) File size…1.86 GB/ 899 MB Quality… WEB-DL 1080p/ 720p Format…mp4 Duration…. 2h 7m Genre ….. Comedy, Drama, Romance Subtitle….Myanmar Subtitle (Hard Sub) Translated by Nyein Sandi Encoded by AHtet

6.5 2007 125 mins
My Tutor Friend 2