YoteShin Drive is below this article. Scroll down to view.

In many countries, you have to work on Windows 11

Author: Anonymous Published on: 12 Aug 2022

Microsoft has confirmed that it has expanded its Android apps to run Android apps in 21 countries. Since the end of Tuesday, Windows 11 users can download Windows 11 users and enable Android app support. This update is available for download Android apps. Microsoft recommends at least 8GB RAM (16GB RAM); SSD (Solid-State Drive); Intel Core i3 8th Gen and above. It is said that there must be Virtual Machine Platforms. To enable Android app Support on your Windows computer, go to the Microsoft Store and download Amazon AppStore. Installing Windows Subsystem For Android and open the Amazon App Store and log in to Amazon account. Then you will find Android apps. The Amazon App Store has no current app, but it can block your favorite apps. WSA for Windows 11, WSA for Windows 11, andorra, Gibraltar, Gibraltar, Gibraltar, Guino, Iransey, Iraches, Liechten, United Kingdom, United Kingdom, United States, United States, United States, United States, United States, It has been released for Vatican City / Holy See. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

The.Girl.on.a.Bulldozer.2022.480p.WEB-DL.CM.mp4

285.26 MB N/A video/mp4 518 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Homejack
6

ဇာတ်လမ်းအစ Jack the Ripper လို့ခေါ်တဲ့ ကွင်းဆက်လူသတ်သမားတစ်ယောက်က အမျိုးသမီးတွေရဲ့ အိမ်ထဲဝင်ပြီး ဓားနဲ့လိုက်သတ်တာပါ... ထိုသတင်းကို တီဗီမှာ ကြော်ငြာနေတုန်း နာဆုကိုရဲ့ ယောက်ျားက အလုပ်နဲ့ခရီးထွက်သွားပါတယ် သူ့ယောကျ်ားခရီးသွားတာနဲ့ တစ်ပြိုင်နက် သူ့ချစ်သူရောက်လာပြီး မြန်မြန်ချစ်တင်းနှောပါတော့တယ်.... ညရောက်တော့ ပစ္စည်းပို့သမားဟန်ဆောင်ပြီး ကွင်းဆက်လူသတ်သမားက နာဆုကို့အိမ်ကို ရောက်လာတဲ့နောက်... နာဆုကိုရဲ့ ဆန္ဒတွေကို လူသတ်သမားက ဘယ်လိုအားပါးတရ ဖြည့်ဆည်းပေးမလဲဆိုတာကို ကြည့်ရှု့ ရမှာပါ နာဆုကိုရယ် သူ့ချစ်သူနဲ့ လူသတ်သမားတို့ရဲ့ သုံးယောက်ပေါင်းလောင်းကျော်အကွက်လည်း ပါတာမို့ ကီမုချိတို့အတွက် တင်ဆက်ပေးလိုက်ပါတယ် ။ File Size__(800MB) Quality__DVDRip IMDb Rating__3/10 Format__mp4 Duration__01:10:00 Type__Adult, Crime Subtitle__Myanmar Subtitle (Hardsub) Translated by Parris Encoded by Dark Devil

Action & Adventure • Drama • Sci-Fi & Fantasy
6 2016 73 mins
Homejack
Lesson in Murder
6.3

Lesson in Murder (2022) ~ IMDb – 6.3/10, MyDramaList – 7.7/10 ~ ဂျပန်တွေဟာ မှုခင်း Thriller ကားတွေကို အသက်သွင်းတဲ့နေရာမှာ အာရှရဲ့ ဆရာတစ်ဆူလို့ ဆိုလို့ရပါတယ်။ မနှစ်က အော်စကာရခဲ့တဲ့ ဂျပန်ကားရဲ့ ဒါရိုက်တာ ရူဆုခဲဟမဂုချိရဲ့ဆရာအရင်း Kiyoshi Kurosawa ရဲ့ မှုခင်းကားတွေဆိုလည်း မာစတာပိစ်လို့ဆိုလို့ရတဲ့အထိ တန်းမြင့်သလို ကူရိုဆာဝါလို လူကိုယ်တိုင်ရိုက်ခဲ့တဲ့ Crime ကားတွေလည်းရှိခဲ့ပါတယ်။ Takeshi Kitano, Sion Sono, Takashi Miike, Tetsuya Nakashima, Shunji Iwai နဲ့ Hirokazu Kore-eda တို့လို လူတွေရိုက်ခဲ့တဲ့ မှုခင်းကားတွေလည်းရှိပြီး ရိုက်သမျှအကုန်ကောင်းတဲ့ ဘဲတွေရိုက်ထားတဲ့ မာစတာပိစ်တွေလည်း မနည်းပါဘူး။ ဒီတစ်ခါရုပ်ရှင်ကတော့ အပေါ်ကဒါရိုက်တာတွေရိုက်သလို မာစတာပိစ် မဟုတ်ရင်တောင် တော်တော်လေးမိုက်တဲ့ ဂျပန် မှုခင်းကားပါပဲ။ စိတ္တဇ ကွင်းဆက်လူသတ်သမားတစ်ယောက် အကြောင်းကို ရိုက်ပြထားတာဖြစ်ပြီး စိတ္တဇလူသတ်သမားတစ်ယောက်ရဲ့ ဖြစ်တည်လာပုံ တွေးပုံခေါ်ပုံ ထောင်ထဲရောက်သွားပြီးတာတောင် သားကောင်တွေကို ကြိုးကိုင်ထားနိုင်ပုံတွေကို ကောင်းကောင်းကြီးကို တဝတပြဲကြည့်ရမှာဖြစ်သလို ဇာတ်ကလည်း လှလှပပနဲ့ကို မထင်ထားတဲ့အရာတွေအပြည့်နဲ့ တည်ဆောက်ထားပါတယ်။ ရပ်ကွက်လေးတစ်ခုထဲက မုန့်တိုက်ဖွင့်ထားတဲ့ လူတစ်ယောက်ရှိတယ်။ သူက သဘောကောင်းပြီး လူတိုင်းနဲ့ အပေါက်အလမ်းတည့်တယ်။ စာကြိုးစားတဲ့ ကျောင်းသားလေးတွေဆိုလည်း မုန့်တွေအလကားပေးတတ်တယ်။ ဒါပေမဲ့ တစ်နေ့မှာ သိလိုက်ရတာက ဒီလူဟာ ကွင်းဆက်လူသတ်သမားဖြစ်နေပြီး လူ၃၀နီးပါးကို သတ်ထားတဲ့လူဆိုတာပါပဲ။ သူဟာ ၁၇ ၁၈ကြား အထက်တန်းကျောင်းသူ ကျောင်းသားတွေကို သတ်ရတာ သဘောကျသူဖြစ်ပြီး စာကြိုးစားတဲ့ ဆံပင်အနက်ရောင်ရှိတဲ့လူတွေကိုပဲရွေးသတ်တာပါ။ သူတို့နဲ့အရင်ခင်အောင်လုပ်ပြီး သူတို့မထင်ထားတဲ့အချိန်ကျမှ တွေးတောင်တွေးလို့မရတဲ့ သတ်နည်းတွေနဲ့ သတ်တဲ့လူပါ။ သူ့ကိုမိသွားပြီနောက် ထောင်ထဲကနေ ကောလိပ်ကျောင်းသားလေးတစ်ယောက်ဆီ သူ့ကိုလာတွေ့ဖို့ သူစာပို့ခဲ့ပါတယ်။ ကျောင်းသားလေးရောက်လာတဲ့အခါမှတော့ သူက သူ့အမှုတွေအကြောင်းပြောပြရင်း သူ့ကိုဆွဲချက်တင်ထားတဲ့အမှုတွေထဲ သူမသတ်ခဲ့တဲ့လူသတ်မှုတစ်ခုရှိကြောင်းနဲ့ အဲဒီအမှုကိုဖော်ပေးဖို့ အကြောင်းပြောပါတော့တယ်။ ကျောင်းသားလေးဟာ ဒီလူ့အမှုတွေကို ပြန်တူးဖော်ရင်း ဘာတွေ တွေ့ရှိလာမလဲဆိုတာကိုတော့… (ဒီဇာတ်ကားနဲ့အညွှန်းကို W မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.6GB, 650MB Quality – 1080p, 720p IMDb Rating – 6.3/10 Format – mp4 Duration – 2H 8Min Genre – Mystery Subtitle – Myanmar Subtitle (Hardsub) Translated by W Encoded by Y

6.3 2022 128 mins
Lesson in Murder
The Last Subway
5.8

သဲထိတ်ရင်ဖို ဟော်ရာကြိုက်သူတွေအတွက် အဆုံးမဲ့နောက်ဆုံးရထားဆိုတဲ့ ဇာတ်ကားလေးကိုတင်ဆက်ပေးလိုက်ပါ။ တစ်နေ့မှာ ကာတွန်းရေဆရာကောင်လေးတစ်ယောက်က ညကြီးမိုးချုပ် နောက်ဆုံးရထားကိုမဖြစ်မနေစီးပြန်အိမ်ပြန်ရပါတယ်။ တစ်ချိန်ထဲမှာပဲ ဒီရထားပေါ်ကို မတူညီတဲ့အလုပ်အကိုင်တွေနဲ့ အကျင့်စရိုက်တွေရှိတဲ့ ခရီးသည်(၆)ယောက်ပါတက်လာပါတယ်။ ဒီရထားကြီးစထွက်ခွာပြီး မကြာခင်မှာပဲ ထိတ်လန့်စရာဖြစ်ရပ်နဲ့ကြုံတွေ့ခဲ့ပါတယ်။ သူတို့တွေဟာ ဒီရထားတွဲပေါ်မှာပဲ တဝဲလည်လည်ဖြစ်နေတာကိုတွေ့လိုက်ရတယ်။ ရထားပေါ်ကဆင်းလဲ နဂိုဘူတာ တခြားဘက်ကပြန်တက်ရင်လဲ ဒီရထားတွဲပဲဆိုတော့ ဘာတွေဖြစ်နေတာလဲ…… ဒီဒုက္ခကလွတ်မြောက်ချင်ရင် နည်းလမ်းတစ်မျိုးပဲရှိလိမ့်မယ်….. အဲဒါကဘာများလဲ အချိန်ကြာလာတဲ့အမျှ ခရီးသည်အချင်းချင်း သံသယတွေပိုများလာပြီး မြေအောက်ရထားရဲ့လျှို့ဝှက်ချက်တွေဟာ တစ်ခုချင်းပေါ်လာပါတော့တယ်….. သွေးလွှမ်းတဲ့ဖြစ်ရပ်တွေကလဲ တဖြည်းဖြည်းစတင်လာပါတော့တယ်……

Comedy • Family
5.8 2017
The Last Subway
Fireworks
7.2

Fireworks (2023) အကယ်၍ တစ်စုံတစ်ယောက်ဟာ သတ်သေဖို့လုပ်ရာကနေ ဒုတိယအကြိမ် အခွင့်အရေးရခဲ့မယ်ဆိုရင် သူတို့စိတ်ပြောင်းနိုင်သလား။ ဒီ Fireworksဆိုတဲ့ဇာတ်ကားလေးကလည် းဒီမေးခွန်းကိုမေးထားတာပါ။ ဂျပန်ရုပ်ရှင် 3ft Ball And Soul (2017) ကို မှီငြမ်းရိုက်ကူးထားတဲ့အင်ဒိုဇာတ်ကားလေးပါ။ သာမန်ဆိုရင်တော့ ပထမပိုင်းလောက်မှာ ဇာတ်အေးပေမယ့် စနောက်ကိုစောင့်ကြည့်ရကျိုးနပ်ပါတယ်။ ညစ်ညမ်းတာတွေ ၊အကြမ်းဖက်တာတွေ မပါလို့ မိသားစုနှင့်ကြည့်ဖို့ သင့်လျော်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့ တစ်ခါမှမတွေ့ဖူးတဲ့ လူလေးယောက် ဆိုကှယ်မီဒီယာမှာတွေ့ပြီး ဘဝနဲ့ကိုယ်ရေးကိုယ်တာပြဿနာတွေကို မျှော်လင့်ချက်မဲ့ပြီး မဖြေရှင်းနိုင်လို့ သတ်သေကြပါတယ်။ ဒါပေမဲ့ အစီအစဉ်က ထင်ထားသလို မဖြစ်တဲ့အခါမှာတော့ ဘာဖြစ်မလဲဆိုတာ ဘာလုပ်ကြမလဲဆိုတာ… ပရိသတ်ကြီးစောင့်မျှော်ကြည့်ရှုခံစားလိုက်ပါဦးခင်ဗျာ။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Pyae Phyo Min ပဲ ဖြစ်ပါတယ်။ Genre….. Drama, Sci-fi, Thriller Quality…. 1080p | 720p File size… 984MB | 497MB Format… mp4 Duration…. 1h 44min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Pyae Phyo Min Encoder ….. Aaron

7.2 2023
Fireworks
Coyote’s Deadly Action
5.9

CM ကနေဒီတစ်ခါတင်ဆက်ပေးချင်တဲ့ရုပ်ရှင်လေးကတော့ တရုတ်ပြည်မကြီးမှာ တချိန်တခါက ဖြစ်ပွားခဲ့တဲ့ဂျပန်စစ်အကြောင်းကိုအခြေခံရိုက်ကူးထားတဲ့ ဇာတ်ကားလေးတစ်ပုဒ်ကို တင်ဆက်ပေးပါရစေ။ ဇာတ်လမ်းကတော့ (၁၉၄၃) ခုနှစ်ဂျပန်နဲ့တရုတ်စစ်ဖြစ်နေတာကို ဇာတ်အိမ်တည်ထားပြီးတော့လက်နက်ထုတ်ရမှာအရေးပါအရာရောက်တဲ့ အဖြိုက်နက်သတ္တုတစ်မျိုးကကွန်မြူနစ်ပါတီအဖွဲ့ဝင် ဝမ်ဟွာဦးဆောင် ဖွက်ထားပြီးချန်းလန်ကွန်မန်ဒိုတပ်ဖွဲ့ကနေလိုက်လံကာကွယ်ပေးနေတာပေါ့။ ဂျပန်ဘက်ကလည်းအဲ့အဖြိုက်နက်ဖွက်ထားတဲ့နေရာကို သိရဖို့အတွက်ဝမ်ဟွာကိုဖမ်းဆီးကာ မေးမြန်းဖော်ထုတ်ခဲ့ပေမဲ့ ဘာအဖြေမှမရခဲ့ပဲဝမ်ဟွာကတော့ အသက်စတေးသွားခဲ့ရပါတယ်။ ဒီလိုနဲ့ဝမ်ဟွာဖွဲ့စည်းထားတဲ့ တပ်ဖွဲ့သစ် (၄) တည်နေရာနဲ့အဆက်သွယ်လုပ်ဖို့ရန်အတွက် ချန်းလန်ကွန်မန်ဒိုအဖွဲ့နဲ့ အိုးယန်ပင်း, လုယန်တို့က ပူးပေါင်းရှာဖွေကြတဲ့အခါမှာတော့ဘယ်လိုတွေဆက်ဖြစ်လာကြမလဲ။ ရူပ်ထွေးလှတဲ့ နိုင်ငံရေးအခြေအနေကြားမှာ ဘယ်လိုတွေပတ်သက်ဆက်နွယ်နေကြမလဲ။ သူတို့ရှာနေတဲ့ အဖြိုက်နက်တည်နေရာကိုကော ရှာတွေ့ကြမှာလား။အစရှိတဲ့ စိတ်လှုပ်ရှားစရာ ဇာတ်လမ်းကွက်တွေနဲ့ မေးခွန်းတွေကိုဒီဇာတ်လမ်းလေးထဲမှာ ကြည့်ရှုရမှာပဲဖြစ်ပါတယ်

Thriller • Action • Mystery
5.9 2023
Coyote’s Deadly Action
[18+] Bedspacer
8.2

Bedspacer (2023) ဂျဲနက်စ်ဆိုတဲ့ကောင်မလေးဟာ တစ်ချိန်က ရာဇဝတ်မှုနောက်ခံရှိခဲ့ပြီး ကျောင်းကိုပြောင်းလာတဲ့ ကျောင်းသူသစ်ဖြစ်ပါတယ်။ သူလာတက်တဲ့ကျောင်းက သူဌေးသားသူဌေးသမီးတွေအတက်များပြီး အရက်၊ မူးယစ်ဆေးနဲ့ လိင်ကိစ္စတွေဟာ အထူးအဆန်းမဟုတ်သလို အရာရာကို ငွေလမ်းခင်းလို့ရတဲ့နေရာပါ။ ရောက်ရောက်ချင်းညမှာပဲ သူ့အဆောင်က ကောင်မလေးနှစ်ယောက် ချစ်တင်းနှောတာကိုချောင်းကြည့်သလိုဖြစ်သွားတဲ့အတွက် ရန်ငြိုးဖွဲ့ခံလိုက်ရပြီး နောက်နေ့ကျ သူကျူးလွန်ခဲ့တဲ့ရာဇဝတ်မှုက ဗီဒီယိုနဲ့ အရှက်ခွဲခံခဲ့ရပါတယ်။ အဲဒီမှာသူ့ကိုကယ်တင်ပေးခဲ့တဲ့ လက်စီ ဆိုတဲ့ မိန်းကလေးကို အားကိုးမိ၊ တွယ်တာမိရာကနေ ပုံမှန်ထက် လွန်ကဲသွားတဲ့အခါမှာတော့…။ မမြင်ရတာကြာပြီဖြစ်တဲ့ Christine Bermas ရဲ့တကျော့ပြန်ဇာတ်ကားဖြစ်ပါတယ်။ အားရစရာကောင်းကြပါလိမ့်မယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Alias မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.3GB, 970MB Quality – 1080p, 720p IMDb Rating – 8.2/10 Format – mp4 Duration – 1H 30Min Genre – Drama, Thriller Subtitle – Myanmar Subtitle (Hardsub) Translated by Alias Encoded by RGB

Science Fiction • Action • Adventure
8.2 2023
[18+] Bedspacer
Robot Dreams
7.6

Robot Dreams (2023) ~ IMDb – 7.6/10, RT – 100%, Meta – 81% ~ Robot Dreams ကို A24 လိုမျိုး ထုတ်သမျှ သျှမ်းသျှမ်းတောက်အောင်မြင်နေတဲ့ Neon ကနေ ထုတ်ထားတယ်။ လက်ရှိအရတော့ A24 ထက် လက်စောင်းထက်နေတယ်ပြောရမယ်။ Animated Tragicomedy လို့ Genre တပ်ထားပေမဲ့ ဒီရုပ်ရှင်မှာ ကျွန်တော့်အနေနဲ့တော့ Comedy ဆိုတဲ့အပိုင်းကို ဘယ်မှာမှမတွေ့ခဲ့ဘဲ Tragic ဆိုတဲ့ တစ်ပိုင်းနဲ့ပဲ အသတ်ခံလိုက်ရတယ်။ Robot Dreams ဟာ အစကနေ အဆုံးထိ စကားတစ်ခွန်းမှကိုမပြောဘဲကို အပြသက်သက်နဲ့သတ်နိုင်တဲ့ ထူးထူးခြားခြား အန်နီမေးရှင်းကားလို့ဆိုရမယ်။ လက်ရှိအော်စကာမှာ အန်နီမေးရှင်းဆု ဆန်ခါတင် ဝင်ထားတာမို့ ကြည့်ကိုကြည့်မယ်ဆိုရင် ဒီတိုင်းသာ ဆက်ဖတ်မနေဘဲ ဒီတိုင်းသာ ကြည့်လိုက်ပါ။ တော်တော်ကောင်းပါတယ်။ ဘာမှမသိဘဲ ကြည့်ရတာတွေက အမြဲ ပိုအရသာရှိတာပဲမို့လား။ အဖော်စုံနေတဲ့လူတွေကိုကြည့်ရင်း ပိုအထီးကျန်လာတဲ့ ခွေးတစ်ကောင်ကနေ ဒီဇာတ်လမ်းစတယ်။ တိုက်တိုက်ဆိုင်ဆိုင် တီဗီကြော်ငြာမှာ ရိုဘော့အဖော်ဝယ်လို့ရတဲ့အကြောင်းတက်လာတယ်။ ရိုဘော့ မှာလိုက်ပြီး နောက်နေ့မှာပဲ ခွေးဆီ ရိုဘော့လာပို့တယ်။ ဒီလိုနဲ့ ခွေးက ဈေးသွားအတူတူ ရုပ်ရှင်ကြည့်အတူတူ မုန့်စားထွက်အတူတူ ပန်းခြံသွားအတူတူ စားအတူ လာအတူ သွားအတူ ရိုဘော့ အဖော်တစ်ကောင် ရသွားတယ်။ တစ်ခုသော အားလပ်ရက်မှာ ခွေးနဲ့ ရိုဘော့ ကမ်းခြေကို အပန်းဖြေခရီးထွက်လာကြတယ်။ ရေပေါ်ရေအောက် ပျော်လို့ပါးလို့ပေါ့။ ကံဆိုးချင်တော့ ရိုဘော့က သံနဲ့လုပ်ထားတဲ့အရာဆိုတော့လည်း ရေတွေအစိုများပြီး သံချေးကိုက်ပြီး လှုပ်မရတော့ဘဲ သဲသောင်မှာ လှဲနေလိုက်ရတယ်။ ခွေးကတော့ နောက်တစ်နေ့မနက်မှ လာပြန်ကယ်မယ်ဆိုပြီး ကမ်းခြေကနေ ထွက်သွားခဲ့တယ်။ နောက်နေ့မနက် သူလာတော့ ကမ်းခြေဟာ တစ်ရာသီစာ ပိတ်သွားခဲ့ပြီ။ သူလည်းတတ်နိုင်သလောက် ကြိုးစားဝင်ပေမဲ့ ဝင်မရသလို ရိုဘော့ကလည်း သဲသောင်ပေါ် လှုပ်မရရှိနေတုန်းပဲ။ သူတတ်နိုင်တာဆိုလို့ ရာသီကုန်လို့ ကမ်းခြေပြန်ဖွင့်တာကို စောင့်လိုက်ဖို့ပဲ ရှိတော့တယ်။ ဒီနောက်ပိုင်း ကျွန်တော်တို့ကို ရုပ်ရှင်ဟာ ရိုဘော့မရှိတော့တဲ့ ခွေးရဲ့လစ်ဟာခြင်းနဲ့ သဲသောင်ပေါ်မှာ နည်းနည်းမှ မလှုပ်နိုင်ဘဲ အန္တရာယ်ပေါင်းစုံကို ခါးစည်းခံနေရတဲ့ ရိုဘော့တစ်ယောက် အိမ်ကိုပြန်နိုင်ဖို့ ခွေးဆီပြန်နိုင်ဖို့ မက်ခဲ့တဲ့အိပ်မက်တွေကို ဆက်ပြတယ်။ လှုပ်မရနိုင်တဲ့သူ့ကို ဖျက်ဆီးသွားကြသူတွေလည်းရှိခဲ့တယ်။ မျှော်လင့်ချက်ပေးတဲ့အရာတွေလည်းရှိခဲ့တယ်။ နှင်းတွေကျလိုက် နေတွေသာလိုက် အရာရာ တရွေ့ရွေ့ပြောင်းသွားပေမဲ့ ရိုဘော့လုပ်နိုင်တဲ့တစ်ခုတည်းသောအရာက အိမ်အပြန်ကို အိပ်မက်မက်နေဖို့ပဲရှိခဲ့တယ်။ ရိုဘော့က ကမ်းခြေမှာ အိပ်မက်တွေ တစ်ခုပြီးတစ်ခုမက်နေတုန်း ခွေးရဲ့ဘဝမှာလည်း လစ်ဟာမှုတစ်ခုကို မေ့ပျောက်နေအောင် ရှင်သန်နေရင်း သူ့ဘဝထဲ တစ်ခုပြီးတစ်ခု ဝင်လာလိုက်ရင်း ထွက်သွားကြရင်းရှိနေခဲ့တယ်။ အင်္ဂါမစုံတော့တဲ့ ရိုဘော့တစ်ကောင်ကတော့ တစ်ခုသော သဲသောင်ပေါ်မှာပဲ နေ့ပေါင်းများစွာ ကြာရှည်အိပ်မက်နေလျက်ပေါ့။ ~~~ Spoiler Alert ~~~ နွေဦးပေါက်ကို ရောက်လာတဲ့အခါ ရိုဘော့ကို မျောက်တစ်ကောင်က သဲတွေကြားက တူးထုတ်ပြီး သံတိုသံစအဖြစ်နဲ့ အဟောင်းဆိုင်မှာ သွားရောင်းပစ်ခဲ့တယ်။ ခွေးရောက်လာတဲ့အချိန်မှာတော့ အခါနှောင်းသွားပြီး ရိုဘော့ရဲ့ ခြေထောက်တစ်ဘက်ကိုပဲ တွေ့ရတော့တယ်။ ခွေးဟာ ရိုဘော့အနံ့ကိုခံပြီး သဲသောင်ကို နက်သည်ထက်နက်အောင် တူးပြီး ရိုဘော့ကိုရှာပေမဲ့ ရိုဘော့ကို မတွေ့ရတော့ဘူး။ တစ်နေ့မှာ ကြောင်တစ်ကောင်က အဟောင်းဆိုင်ကနေ တစ်စစီဖြစ်နေတဲ့ ရိုဘော့ကို ဝယ်သွားပြီး အစအဆုံးပြန်ဆင်ခဲ့တယ်။ အဲဒီအချိန်မှာ ခွေးကလည်း နောက်ထပ်ရိုဘော့တစ်ကောင် ဝယ်ခဲ့လိုက်ပြီ။ ဒီလိုနဲ့ ကြောင်နဲ့ ရိုဘော့နဲ့ ပျော်ရွှင်စွာရှင်သန်နေတဲ့အချိန် ခွေးနဲ့ ရိုဘော့အသစ်ကလည်း ပျော်ရွှင်စွာ ရှင်သန်နေခဲ့တယ်။ ခွေးဟာ နောက်ထပ်ရိုဘော့ကို ကမ်းခြေကိုတောင် ခေါ်သွားလိုက်ပါသေးတယ်။ ဒီတစ်ခါတော့ ခွေးဟာ အရင်တစ်ခါအမှားမျိုး မလုပ်တော့ဘူး။ ရိုဘော့အသစ်ကို စက်ဆီတွေ အရင်ဖြန်းပေးခဲ့တယ်။ ဒီလိုနဲ့ တစ်နေ့မှာ ရိုဘော့ဟာ အိမ်ပြတင်းပေါက်ကနေ လှမ်းကြည့်ရင်း‌ ခွေးနဲ့ရိုဘော့အသစ်ကို မြင်လိုက်တယ်။ ခွေးနောက် သူပြေးလိုက်သွားပြီး သူတို့တွေ ပြန်လည်ပေါင်းစည်းသွားကြတယ်။ ဒါလည်း ရိုဘော့ရဲ့ နောက်ထပ်အိပ်မက်တစ်ခုပါပဲ။ တကယ့်အရှိတရားမှာတော့ ရိုဘော့ဟာ ခွေးကို တိုက်ပေါ်က လှမ်းကြည့်ရင်း သူတို့ကြိုက်ခဲ့တဲ့ သီချင်းတစ်ပုဒ်ဖွင့်ခဲ့တယ်။ ရိုဘော့က တိုက်ပေါ်ကနေတဲ့အချိန် ခွေးက သီချင်းသံကို ကြားပြီးအောက်မှာ ကနေခဲ့တယ်။ သူတို့အတူတူမကခဲ့ပါဘူး။ ဒါပေမဲ့ အတူတူကခဲ့တယ်။ ခွေးဟာ ရိုဘော့ကို လှမ်းကြည့်လိုက်တဲ့အချိန်မှာပဲ ရိုဘော့ဟာ နံရံနောက်မှာ ပုန်းလိုက်တယ်။ ဘာလို့လဲတော့ ကျွန်တော်တို့သိနိုင်ပါတယ်။ တစ်ချိန်တည်းမှာပဲ ဘာလို့လဲ ကျွန်တော်တို့မသိနိုင်ဘူး။ ဒီလိုနဲ့ သူတို့နှစ်ယောက် ပြန်မဆုံခဲ့ကြပါဘူး။ ဒါပေမဲ့ ပြန်ဆုံခဲ့တယ်။ ရုပ်ရှင်အပြီးမှာ ကျွန်တော်သတိရမိတာက “တိမ်ဦးလေပြေ မောင့်ကိုစေ” သီချင်းက စာသားတစ်ကြောင်းပဲ။ အဆုံးသတ်ကို ကျွန်တော်တစ်ခေါက်ပြီး တစ်ခေါက်ပြန်ကြည့်မိခဲ့တယ်။ ကြည့်လိုက်တိုင်းလည်း ဒီစာသားကို ကျွန်တော်ပို သတိရလာမိတာပါပဲ။ ” တို့ကမ္ဘာလေး ကျဉ်းကျဉ်းလေးမို့ အချင်းချင်းတွေ့နိုင်ပါသေး မျှော်လင့်ချက်သံသရာမှာလေ… “ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.75GB, 805MB Quality – 1080p, 720p IMDb Rating – 7.6/10 Format – mp4 Duration – 1H 42Min Genre – Animation, Drama, Music Subtitle – Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

7.6 2023
Robot Dreams
The Book of Clarence
5.7

ပိတ်ရက်လည်းနီးပြီဆိုတော့ အခွီဓာတ်လေးလည်းပါရမယ် ပေါကားကြီးလည်း မကြိုက်ဘူးဆိုသူတွေအတွက် Biblical comedyလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ သမ္မာကျမ်းစာက အသုံးအနှုန်းတွေများတဲ့ကားလေးဆိုတော့ အမှားပါခဲ့ရင် မေတ္တာရှေ့ထား သည်းခံပေးကြဖို့ တောင်းဆိုရင်းနဲ့ပဲ ဇာတ်လမ်းလေးကို ဆက်လိုက်ရအောင်ပါ။ ကလဲရန့်စ်ဆိုတာ ရွာထဲကပြဿနာအိုးငမွှေထိုး သူခိုး ကြမ်းပိုး တစ်ယောက်၊ ညိုကီတို့တောင် တချီတချီထထလုပ်ချင်တဲ့ ဝိစိုက်ရောင်းတဲ့အလုပ်ကို အကောင်အထည်ဖော်ထားတဲ့သူပေါ့။ မကောင်းတာမှန်သမျှ အကုန်လုပ်တဲ့သူဟာ ခရစ်တော်ကို မယုံကြည်တဲ့ ဘာသာမဲ့ အပယ်ခံလည်း ဖြစ်‌နေပါသေးသတဲ့။ ဒီလိုနဲ့တစ်နေ့မှာ ကံလေးများတက်မလားဆိုပြီး မယ်ရီဆိုတဲ့ စော်လေးနဲ့ ရထားပြိုင်မောင်းရာက ချော်တောငေါ့ပြီးရှုံး၊ ငွေတိုးချေးစားတဲ့ ဂျေဒဒိုင်ယာဆိုတဲ့ ရက်စက်တဲ့နေရာမှာ နှစ်ယောက်မရှိတဲ့ဘဲကြီးဆီမှာ အကြွေးတင်သွားပါတော့တယ်။ ရက် ၃၀ အတွင်းအကြွေးမဆပ်ရင် လည်ကုပ်နားဝဲနေတဲ့ ဂျေဒဒိုင်ယာရဲ့ဓားကိုလည်းကြောက်ရ၊ တသက်လုံး ရုန်းကန်ခဲ့ရတဲ့ အမေ့ကိုလည်း အိမ်ကောင်းကောင်းနဲ့ထားချင်၊ နှလုံးသားထဲက ချစ်ဦးသူဖြစ်တဲ့ ဂျေဒဒိုင်ယာရဲ့ညီမလေး ဗာရီယာနဲ့လည်း အကြောင်းပါချင်တဲ့ ကလဲရန့်စ်တစ်ယောက် သူငယ်ချင်းတစ်စုနဲ့ ဘူရှိန်းဘိန်းရှူရင်းနဲ့ အတွေးပေါက်သွားပါသတဲ့။ ဒါကတော့ သူ့ကိုယ်သူ ယေရှုရဲ့ ၁၃ ယောက်မြောက် တမန်တော်မေရှိယအဖြစ် ခံယူပြီးတော့ လှူစာကမ်းစာတွေကို တစ်ဝစားလို့ အကြွေးပါဆပ်ပြီး လူချမ်းသာလုပ်မယ်ဆိုတဲ့ ဘုရားစူးအတွေးလေးပါပဲ။ ဘာသာမဲ့မှသည် ဘုရားသခင်ရဲ့တမန်‌တော်လုပ်မယ့် ရွှေဉာဏ်တော်နဲ့ သူ့ရဲ့အတွေးကို အကောင်အထည်ဖော်ဖို့ ခရီးထွက်လာတဲ့ ကလဲရန့်စ် တစ်ယောက် ဘာတွေဘယ်လိုဆက်ဖြစ်မလဲဆိုတာ အားလုံးအတူ ရှုစားလိုက်ရအောင်ပါ…. File size…2.73 GB / 1.11 GB Quality…WEB-DL 1080p 5.1 CH/ 720p Format…mp4 Duration….2h 9m Genre ….. Adventure , Comedy , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by TD

5.7 2023 129 mins
The Book of Clarence
Piano no mori [The Piano Forest]
7.1

Piano no mori [The Piano Forest] (2007) ============================== IMDb Rating – 7.1/10 CM ပရိတ်သတ်ကြီးတို့ကို (2007)ခုနှစ်ကထွက်ရှိခဲ့တဲ့ IMDb rating 7.1 /10 Anime လေးတစ်ကားကို တင်ဆက်ပေးချင်ပါတယ်။ စန္ဒရားသံကိုသဘောကျတဲ့ သူတွေ၊ တီးရတာဝါသနာသူတွေ သဘောကျနှစ်သက်လောက်မဲ့ကားလေးပါ။ ဒီAnime ထဲမှာ တူညီတဲ့နယ်ပယ်တစ်ခုတည်းက ပုံစံမတူတဲ့ ကောင်လေးနှစ် ယောက်ကို ယှဉ်ပြီးပြထားပါတယ်။ “အကောင်းဆုံးပြိုင်ဘက်”တွေဟာ “အကောင်း ဆုံးမိတ်ဆွေ”တွေဆိုတဲ့ ခံစားချက်မျိုး ရရှိပါလိမ့်မယ်။ အိချိနိုဆဲခိုင်နဲ့ အာမမိယရှုဟေတို့ဟာ စရိုက်ချင်းရော၊ ကြီးပြင်းတဲ့ပတ်ဝန်းကျင် ရော၊ အနေအထားချင်းရော မတူညီတဲ့သူတွေပါ။ ရှုဟေက အဘွားကျန်းမာရေး ကြောင့် တိုကျိုမြို့ကြီးကနေ နယ်မြို့လေးကို ခဏကျောင်းပြောင်းလာတဲ့ ဆွေကြီး မျိုးကြီးစန္ဒရားပညာရှင်မျိုးရိုးမိသားစုက ဗိုင်းကောင်းကျောက်ဖိ သားယောက်ျား လေးဖြစ်ပြီး၊ ခိုင်ကတော့ ကျောင်းမှာလည်းဂျစ်ကန်ကန်၊ ပြောစကားနားမထောင် ဘဲ လွတ်လွတ်လပ်လပ်နေတတ်တဲ့ နယ်ခံလေးပါ။ သူတို့နှစ်ယောက်လုံးမှာ တူညီ တာတစ်ခုက “စန္ဒရားတီး”တော်ကြတာပါပဲ။ ဒါပေမဲ့ ရှုဟေက မိဘတွေရဲ့ခိုင်းစေမှုကြောင့် အိမ်မှာ ငယ်ငယ်ကတည်းက ဆရာနဲ့ သေချာလေ့ကျင့်ခဲ့တာဖြစ်ပြီး ခိုင်ကတော့ ဘယ်သူမှအသံထွက်အောင်မတီးနိုင်တဲ့ တောထဲက စွန့်ပစ်စန္ဒရားကြီးကို ၃နှစ်သားကတည်းက ကလိရင်း အပျော်တမ်းတီး တဲ့သူပါ။ ဒီလိုအခြေအနေမျိုး ကျွန်တော်တို့ပတ်ဝန်းကျင်မှာလည်း ရင်းနှီးပါလိမ့်မယ်။ မိဘခိုင်းလို့ လုပ်တာနဲ့ တကယ်ဝါသနာပါလို့လုပ်တဲ့ လူငယ်တွေလိုပေါ့။ ဒါပေမဲ့ ကြာ လာရင် ကိုယ်ကျွမ်းကျင်သွားတဲ့နယ်ပယ်မှာ “ပျော်မွေ့”တတ်လာတာမျိုးလည်း ရှိ သေးတယ်ကိုး။ တစ်နေ့ကျ ၅၆ကြိမ်မြောက်ဂျပန်နိုင်ငံလုံးဆိုင်ရာကျောင်းပေါင်းစုံ စန္ဒရားပြိုင်ပွဲကို အကြောင်းအမျိုးမျိုးကြောင့် နှစ်ယောက်လုံးဝင်ပြိုင်ဖို့ဖြစ်လာရင်း သူတို့ရဲ့သူငယ်ချင်းဆက်ဆံရေးမှာ “ပြိုင်ဘက်”ဆိုတဲ့စကားလုံးလေးလည်းဖြည့်စွက် လာတဲ့အခါ….။ အကြောင်းပြချက်ရော၊ ပင်ကိုစရိုက်ရော မတူကြတဲ့ သူတို့နှစ်ယောက်ရဲ့စန္ဒရားပညာ ရှင်လမ်း ဘယ်လိုဖြစ်သွားလဲဆိုတဲ့ ဇာတ်သိမ်းကို ကျွန်တော်လည်းမသိပါဘူး။ Piano Forest ဟာ ခိုင်နဲ့ ရှုဟေတို့ လူကြီးဖြစ်ချိန်ထိပါတဲ့ Series ရှိပြီးသားပါ။ ဒါပေမဲ့ ကျွန် တော့်အတွက် Movie ရဲ့အဆုံးသတ်က လုံလောက်သွားပြီမို့ အကြည့်ရပ်ထားပါတယ်။ ခိုင်နဲ့ ရှုဟေတို့နှစ်ယောက်ဆီကနေ အများကြီးသင်ယူလိုက်ရတာပါပဲ။ ရှုဟေကို စည်းစနစ်ကျမှုနဲ့ ခိုင်းနှိုင်းရင် ခိုင့်ကို အထိန်းအကွပ်မဲ့မှုနဲ့ ခိုင်းနှိုင်းရပါလိမ့်မယ်။ ရှုဟေက ပိရိသေသပ်ပြည့်စုံသူလို့‌ဆိုရရင် ခိုင်က တီထွင်ဆန်းသစ်တတ်တဲ့သူလို့ဆိုရမှာပါ။ နှစ်ယောက်လုံးက “ကြိုးစားမှုပါရမီရှင်”တွေပါပဲ။ ဒီ movie ထဲမှာ ခိုင်နဲ့ ရှုဟေတို့ သူငယ် ချင်းပြိုင်ဘက်နှစ်ယောက် စတင်သိကျွမ်းပုံကစလို့ တစ်ယောက်ဆီကတစ်ယောက်သင်ယူ ရင်း၊ ကိုယ့်ကိုယ်ကိုယ်ပိုနားလည်လာရင်း၊ အိပ်မက်ပန်းတိုင်တစ်ခုကို မတူညီတဲ့လူသားနှစ် ယောက် ခံယူချက်ကိုယ်စီနဲ့ ကိုယ်ပိုင်ဟန်အတိုင်းလျှောက်လှမ်းဖို့အစပြုပုံကိုကြည့်ရှုရမှာ ဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Ngwe Zin ဖြစ်ပါတယ်) File Size……….(1.0 GB) / (527 MB) Quality…………BLU-RAY 1080p / 720p Duration………1Hr 41Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Anime, Animation, Drama, Family, Translator…….Ngwe Zin Encoder……….SWM

7.1 2007 101 mins
Piano no mori [The Piano Forest]
White Snake: Afloat
6.8

CM ပရိသတ်တွေ မေးမေးနေတဲ့ မြွေဖြူမလေး အတွဲ ၃ ရောက်လာပါပြီ… ပထမတွဲမှာ ဆုံတွေ့ခဲ့တဲ့ ယုံကျိုးက မြွေဖမ်းသမားလေး အားရွှမ်းကတော့ ရှောင်ပိုင်အတွက် အသက်စတေးခဲ့တယ်… ဒုတိယတွဲမှာ သူ့မမ မြွေဖြူမလေးကို ရှာပုံတော်ထွက်တဲ့ ရှောင်ချင်းနဲ့ ရှောင်ပိုင် ပြန်ဆုံစည်းခဲ့တယ်… ဒီတတိယတွဲမှာ မဆုံးသေးတဲ့ အားရွှမ်းရှာပုံတော်ကို မြွေဖြူမလေးက ဆက်ဖွင့်ခဲ့ပါတယ်… ကျောက်စိမ်းဆံထိုးလေးရဲ့ လမ်းပြမှုကြောင့် စေတနာသမားတော်လေး ရွှီရှန်းနဲ့ ဆုံတွေ့ခဲ့ပြီး… မြင်လျှင်မြင်ချင်း လွန်ခဲ့တဲ့ နှစ် ၅၀၀ က အားရွှမ်းဆိုတာကို သိခဲ့တယ်… ဖူးစာလူးလာ ဒူးကာမရဆိုသလို မြင်မြင်ချင်းပဲ ချစ်မိတယ် ဖြစ်သွားတဲ့ ရွှီရှန်းဟာဆိုရင် သူ့ပိုင်မိန်းကလေးကို ဇနီးမယားဖြစ်လက်ထပ်ယူဖို့ ခဲအိုနဲ့ မိတ်ဆက်ပေးပြီး အကြင်လင်မယားဖြစ်သွားခဲ့တယ်… နောက်တော့ အားလုံးသိတဲ့အတိုင်း ရွာထဲ ပလိပ်ရောဂါတွေ စဖြစ်လာပြီး ရွှီသမားတော်က ဆေးဖော် ဆေးရှာ ဆေးကုနဲ့ အလုပ်များသလို ပါရမီဖြည့်ဖက် မြွေဖြူမလေးလည်း တတ်စွမ်းတဲ့ဖက်က ကူခဲ့ပါတယ်… နောက်တော့ … ဖာဟိုင်နဲ့ တွေ့ရမှာပေါ့… ဘယ်လိုတွေ့မလဲ… ရွှီရှန်းကရော မူရင်းဝတ္ထုထဲကလိုမျိုး မြွေဖြူမလေးကို ရိုက်သတ်မှာလား… ဇာတ်လမ်းတွေထဲကလိုမျိုး ကာကွယ်မှာလား… ဖာဟိုင်ကရော ရှောင်ချင်းနဲ့ မေတ္တာမျှမှာလား… ဒါမှမဟုတ် ထန်စန်းကိုယ်တော်လိုမျိုး မေတ္တာရှေ့ထား မိစ္ဆာတိုင်းကိုသနားပြီး လွှတ်ပေးတတ်တဲ့ မေတ္တာရှင်ဖြစ်မှာလား… အတူတူကြည့်ပြီး မျှဝေကြတာပေါ့

Horror • Thriller
6.8 2024
White Snake: Afloat
Crossing
7.5

IMDb – 7.5/10 “ပျောက်သောသူရှာလျှင်တွေ့” တဲ့…စကားအရလွယ်ပေမယ့် လက်တွေ့မှာတော့မလွယ်ကူလှပါဘူး… အထူးသဖြင့် ကိုယ်ရှာနေတဲ့လူက အခြားနိုင်ငံတစ်ခုကိုရောက်သွားပြီး ဘာအဆက်အသွယ်မှလည်းမရှိခဲ့ရင်ပေါ့ ဒီ Crossing ဆိုတဲ့ဇာတ်ကားလေးမှာတော့ အငြိမ်းစားကျောင်းဆရာမ လီယာဆိုသူဟာ ပျောက်ဆုံး‌နေတာကြာပြီဖြစ်တဲ့ သူမရဲ့တူမ တက်ခ်လာ ကိုလိုက်ရှာဖို့ အစ္စတန်ဘူလ်ကိုခရီးထွက်လာခဲ့ပါတယ်…ခရီးစဉ်မှာမအေတူဖအေကွဲအကိုနဲ့အတူနေထိုင်ရတဲ့ မိဘမဲ့ အီချီဆိုတဲ့လူငယ်လေးက သူမကိုလိုက်လံကူညီပေးခဲ့ပါတယ်…အီချီကလည်း သူ့ရဲ့အမေကအစ္စတန်ဘူလ်အလုပ်လုပ်နေလို့လိုက်ရှာရင်းနဲ့ပါ… ဒီ‌ဇာတ်ကားရဲ့နောက်ထပ်အဓိက‌ဇာတ်ကောင်ကတော့ အစ္စတန်ဘူလ်မှာနေထိုင်တဲ့ အီဗရင်လို့ခေါ်တဲ့ လိင်ပြောင်းအမျိုးသမီးပဲဖြစ်ပါတယ်….သူမကရှေ့နေတစ်ဦးဖြစ်ပြီးတော့ သူမရဲ့ပတ်ဝန်းကျင်မှာရှိတဲ့လိင်ပြောင်းအမျိုးသမီးတွေအတွက် မတရားမှုတွေ၊မမျှတမှုတွေကိုတိုက်ခိုက်ရင်း သူမရဲ့ဖြစ်တည်မှုကိုလက်မခံတဲ့လူ့အဖွဲ့အစည်းမှာ ကြံ့ကြံ့ခံမှုကိုပြသနေသူပဲဖြစ်ပါတယ်…. ဒီလိုနဲ့ တက်ခ်လာကိုလိုက်ရှာနေကြတဲ့လီယာနဲ့အီချီတို့ဟာ အီဗရင်နဲ့တွေ့ဆုံခဲ့ပြီး အီဗရင်ကပါကူညီလိုက်ရှာပေးခဲ့ပါတယ်…. ဒီဇာတ်ကားမှာ လိင်ပြောင်းအမျိုးသမီးတွေရဲ့အခွင့်အရေးတွေ၊ ယဉ်ကျေးမှုတွေနဲ့ ကိုယ့်ကိုယ်ကိုရှာဖွေမှုကို ဖွင့်လှစ်ပြသထားပါတယ်…. File size…(1.7 GB)/(890 Mb) Quality….Webrip 1080p / 720p Format… mp4 Duration…. 01:46:00 Genre… Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Akm

Crime • Drama • Mystery
7.5 2024
Crossing
Bring It On
6.2

Bring It On (2000) IMDb Rating (6.2) / Rotten Tomatoes (65%) ဒီဇာတ်ကားလေးကတော့ ၂၀၀၀ ပြည့်​နှစ်ကျော်​တွေ​က trend တစ်ခု​လိုမျိုး အများ​အပြား​ ထွက်ရှိ​ခဲ့တဲ့​ အမေရိကန်​ Teen/Comedy ရုပ်ရှင်​ကား​တွေထဲက ဇာတ်​ကားကောင်း​လေး​တစ်ကား ဖြစ်​ပါတယ်​။ Toby Mcguire ရဲ့ Spider-Man ရုပ်ရှင်တွေမှာ MJ အဖြစ် သရုပ်ဆောင်​ခဲ့တဲ့ မင်း​သမီး​က ဒီ​ဇာတ်​ကား​မှာ အဓိက​ဇာတ်​ကောင်​ Torrence အဖြစ်​ ပါဝင်​ထားပါတယ်​။ 90s born တွေ​အနေနဲ့​ ၂၀၀၀ ခုနှစ်​က ထွက်ရှိ​ခဲ့တဲ့​ ဒီ​ဇာတ်ကား​လေးကို ကြည့်​ရင်း​ လွမ်း​ဆွတ်​ဖွယ်​ ခံစားချက်​တစ်​ခုကို​ ရရှိ​မယ်​လို့​ ထင်ပါတယ်။ ဇာတ်လမ်း​အကျဥ်း​ကတော့ Torrence ဟာ အထက်​တန်း​ကျောင်း​ ကိုယ်​စား​ပြု​ နာမည်​ကျော်​ Cheerleader အသင်းတစ်ခု​ရဲ့ အဖွဲ့​ဝင်​တစ်​ဦး​ဖြစ်​ပါတယ်။ အသင်း​ရဲ့ ကပ္ပတိန်​ဖြစ်​သူ Big Red က ကောလိပ်​တက်ရမှာ ဖြစ်​တဲ့အတွက်​ လစ်လပ်​သွား​တဲ့ ကပ္ပတိန်​နေရာကို​ ရွေးကောက်ကြရမှာ Torrence တစ်ယောက်​ အရွေးခံရပါတော့တယ်။ ကပ္ပတိန်​အဖြစ်​ တာဝန်​ယူ​တဲ့နေ့မှာပဲ အသင်း​သူတစ်ယောက်​ လေ့ကျင့်​ရင်း​နဲ့ ဒဏ်ရာရ​သွား​လို့​ Missy လို့​ခေါ်​တဲ့ ဂျွမ်း​ဘား အလွန်​ကျွမ်းကျင်​သူ ကျောင်း​သူသစ်နဲ့ လူစားထိုးလိုက်ရပါတယ်။ ဒီလို​နဲ့ နိုင်ငံ​လုံး​ဆိုင်ရာ​ Cheerleader ပြိုင်ပွဲ​အတွက်​ လေ့ကျင့်​ပြင်ဆင်​နေရင်း​နဲ့ Torrence တစ်ယောက်​ သူတို့​အသင်း​ အသုံးပြု​တဲ့ ကကွက်တွေက East Compton က Clovers အသင်း​ရဲ့ ကကွက်တွေနဲ့ တူညီ​နေကြောင်း​ သိလိုက်ရ​ပါတော့​တယ်​။ အကြောင်း​ကတော့​ ကပ္ပတိန်​ဟောင်း​ဖြစ်သူ​ Big Red​ က Clovers အသင်း​ရဲ့ ဖျော်ဖြေ​ပွဲတွေကို ဗီဒီယို​ရိုက်ကူး​ပြီး က​ကွက်​တွေကို ခိုး​ယူခဲ့လို့ဖြစ်ပါတယ်။ ဒီကကွက်တွေကြောင့် Torrence​ တို့​အသင်း​ဟာ နိုင်ငံ​လုံး​ဆိုင်ရာ​ ပြိုင်ပွဲ​တွေ​မှာ ချန်ပီယံ​ဖြစ်​ခဲ့တာပါ။ ဒီနှစ်​မှာ​တော့ ကလို​ဗာ​အသင်း​ကလည်း ဝင်​ပြိုင်​မှာဖြစ်ပြီး Torrence​ တို့​အသင်း​ကို ချေမှုန်း​မယ်လို့ ကြိမ်းဝါးပါတော့တယ်။ ဒီလိုနဲ့​ ကပ္ပတိန်​အသစ်​စက်​စက် Torrence​ တစ်ယောက်​ က​ကွက်​အသစ်​တွေ​ ဖန်တီး​ဖို့ ကြိုးစား​ရပါတော့တယ်။ Torrence​ အနေနဲ့​ ဒီပြဿနာကို ဖြေရှင်း​နိုင်​ပါ့မလား၊ စည်း​လုံး​မှု​ပြို​ကွဲ​နေတဲ့ အသင်း​ကို စည်း​ရုံး​ပြီး ဖိုင်​နယ်​ကို အရောက်ပို့နိုင်ပါ့မလားဆိုတာကို ဟာသ​နှော​ပြီး​ ကြည့်​ရှု​ရမှာ ဖြစ်ပါတယ်​။ အမေရိကန်​အထက်​တန်း​ကျောင်း​သားဘဝ၊ အချစ်​ရေး​နဲ့ လူမှုရေး​ ရုန်းကန်​မှုတွေကို ပေါ့ပါ့ပါးပါး တင်​ဆက်​ထား​တဲ့​ ကြည့်​ပျော်သော ဇာတ်လမ်း​ကောင်း​လေး​တစ်ပုဒ်​ဖြစ်​ပါတယ်​။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Wolfenheim ဖြစ်ပါတယ်။) File size…(3.2 GB) / (1.5 GB) Quality….Blu-Ray 1080p HEVC /720p Format…. mkv/mp4 Genre….Comedy Duration….01:39:58 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by Wolfenheim

Drama • Thriller
6.2 2000 98 mins
Bring It On
Er Long Lake Monster
6

တရုတ်ပြည်တုံးပေနယ်က အာ့လုံရေကန်မှာရေမကောင်းဆိုးဝါးမိစ္ဆာရှိတယ်ဆိုပြီးတော့ ဂျပန်ခေတ်ကတည်းကယုံကြည်ခဲ့ကြတယ်။ လက်ရှိခေတ်ကိုရောက်လာတော့ ဒဏ္ဍာရီတစ်ခုသာဖြစ်လာခဲ့ပါတယ်။ တစ်နေ့မှာတော့စုံတွဲတစ်တွဲဟာကန်ရေပြင်ပေါ်မှာလှေစီးနေတုန်း ရေအောက်ကထူးဆန်းတဲ့အရာတစ်ခုကသူတို့လှေကိုဆွဲခေါ်သွားခဲ့ပါတယ်။ ဒီလိုနဲ့ရေမကောင်းဆိုးဝါးဟာပြန်လည်ထွက်ပေါ်လာပြီဆိုပြီးတော့ အင်တာနက်ပေါ်မှာပြန့်သွားပြီး ခရီးသွားတွေအများကြီးရောက်လာပြီး အာ့လုံရေကန်ကိုလည်ပတ်ကြပါတယ်။ ခရီးသွားတွေများလာတော့ အာ့လုံကန်ရွာလေးရဲ့စီးပွားရေးဟာတိုးတက်လာခဲ့တယ်။ အဲဒီအချိန်မှာပဲ ဒီရေမကောင်းဆိုးဝါးကိုစွဲလမ်းနေတဲ့ဂျပန်သူဌေးကြီးတစ်ယောက်ဟာ အာ့လုံရွာနယ်မြေကိုအပိုင်သိမ်းပြီးတော့စက်ရုံဆောက်ဖို့ကြံစည်နေပါတယ်။ ယွီဟွမ်းဆိုတဲ့အာ့လုံရွာသားတစ်ယောက်ဟာ သူ့တပည့်ကျော်(၃)ရောက်နဲ့အတူ ဂျပန်ကြီးရဲ့အကြံအစည်ကိုတားဖို့ကြိုးစားတဲ့ဟာသဇာတ်လမ်းလေးပဲဖြစ်ပါတယ်။

Horror • Thriller
6 2025
Er Long Lake Monster
Woochi: The Demon Slayer
6.8

Woochi: The Demon Slayer (2009) ******************************* စိတ်ပြေလက်ပျောက် ရယ်မောချင်တဲ့ ပရိသတ်ကြီးတို့အတွက် 2009 ခုနှစ်ကထွက်ရှိခဲ့တဲ့ ဂျိုဆွန်းခေတ်က မှော်ဆရာဂျောင်ဝူချီအကြောင်းကို ရိုက်ကူးထားတဲ့ ကားကောင်းလေး တစ်ကားကို တင်ဆက်ပေးလိုက်ရပါတယ်။ Cast တွေအနေနဲ့ကတော့ A-List Actor တစ်ယောက်ဖြစ်တဲ့ မင်းသား Gang Dong-Won ၊ မင်းသမီး Lim Soo-Jung၊ မင်းသားကြီး Kim Yun-Seok ၊ Kim Yun-Seok တို့အပြင် ပရိသတ်ကြီးတို့ မစိမ်းတဲ့ ဝါရင့်သရုပ်ဆောင်ကြီးများပါ မြိုင်မြိုင်ဆိုင်ဆိုင် ပါဝင်ထားကြပါတယ်။ ဇာတ်လမ်းအညွှန်း ************* ကောင်းကင်ဘုံမှာ စွမ်းအားကြီးနတ်ဘုရားရဲ့ပလွေဟာ ကျိုးသွားပြီး မှင်စာတွေရဲ့လက်ထဲ ရောက်သွားပြီးနောက် လူ့လောကကြီးထဲ အရှုပ်အထွေးတွေ ဖြစ်လာပါတော့တယ်။ ဒါကြောင့်ပဲ နတ်ဘုရားသုံးပါးဟာ လူ့ပြည်ဆင်းလာပြီး အရှေ့ဘက်ကျောင်းတော်ကဆရာကြီးနဲ့ ဆရာဟွာဒမ်းဆိုတဲ့ အကူအညီပေးနိုင်မဲ့နှစ်ယောက်ကို ကျိုးသွားတဲ့ ပလွေ ပြန်ရှာပြီး မှင်စာတွေကိုဖမ်းပေးဖို့ တောင်းဆိုခဲ့ပါတယ်။ ဒီအချိန်မှာပဲ အရှေ့ဘက်ကျောင်းတော်က ဆရာကြီးရဲ့ တပည့်ဖြစ်တဲ့ ဂျောင်ဝူချီဆိုသူဟာ စည်းမျဥ်းစည်းကမ်းမလိုက်နာဘဲ လုပ်ချင်းတိုင်းလုပ်တတ်ပေမဲ့ ခက်ခဲနေတတ်တဲ့လူတွေကို ကူညီရင်းနဲ့ အတော်ဆုံးမှော်ဆရာတစ်ယောက် ဖြစ်ဖို့ ကြိုးစားနေသူပါ။ ဒီလိုနဲ့ပဲ တစ်နေ့မှာတော့ ဂျောင်ဝူချီက ဆရာဖြစ်သူကို သတ်တယ်လို့ နတ်ဘုရားသုံးပါးက အထင်လွဲသွားခဲ့ပြီးနောက် ဂျောင်ဝူချီနဲ့ သူ့ရဲ့ခွေး ချိုရန်းအီတို့ကို ပန်းချီကားထဲမှာ ချုပ်နှောင်ထားလိုက်ပါတော့တယ်။ နှစ်ပေါင်း ၅၀၀ ကြာပြီးနောက် .. မှင်စာတွေပြန်လည်သောင်းကျန်းနေတဲ့ မျက်မှောက်ခေတ်မှာ ဂျိုဆွန်းခေတ်က မှော်ဆရာဖြစ်တဲ့ ဂျောင်ဝူချီနဲ့ သူ့ရဲ့ခွေး ချိုရန်းအီတို့ဟာ ပန်းချီကားထဲကနေ ပြန်လွတ်လာတဲ့အခါမှာတော့…. ဇာတ်အိမ်ဆန်းဆန်းလေးကိုမှ ရယ်မောရင်းကြည့်ရှုရမဲ့ ဒီဇာတ်ကားလေးကိုတော့ CM ကနေ ကွာလတီအမိုက်စားနဲ့ ပြန်လည်တင်ဆက်ပေးထားပြီဖြစ်လို့ ကြည့်ရှုခံစားလိုက်ပါဦးနော်… (အညွှန်းကို Su Sandi မှ ရေးသားထားပါတယ်) File size…1.73GB / 838MB Quality… BluRay 1080p/ 720p Format…mp4 Duration….2h 00m Genre ….. Action, Adventure, Comedy, Fantasy Subtitle….Myanmar Subtitle (Hard Sub) Translated by Su Sandi Encoded by AHtet

Romance • Science Fiction • Thriller
6.8 2009 136 mins
Woochi: The Demon Slayer
Padakkalam
5.6

Padakkalam (2025) “လေးယောက်ပေါင်း လောင်းကျော်” သဘာ၀လွန်ကိစ္စတွေကို စိတ်၀င်စားတတ်တဲ့သူတွေအတွက် ဟာသနှောထားတဲ့ မလေယာလမ်စကားပြော လျှို့ဝှက်ဆန်းကြယ်ဇာတ်လမ်းတစ်ပုဒ်နဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဇာတ်လမ်းအစပိုင်းမှာတော့ ဒဏ္ဍာရီလာမှော်၀င်ပစ္စည်းတစ်ခုအကြောင်း ပြောပြတာနဲ့ အစပျိုးထားပါတယ်။ တကယ့်ဇာတ်လမ်းကတော့ ကောလိပ်ကျောင်းသားလေးယောက်နဲ့ ထူးဆန်းတဲ့ဆရာတစ်ယောက်အကြောင်းဖြစ်ပါတယ်။ ဇာတ်လမ်းစတာက ကောလိပ်ကျောင်းတစ်ခုမှာ သပိတ်မှောက်နေကြတဲ့အချိန်ပါ။ ဌာနမှူးဆရာကို မကျေနပ်လို့ ရာထူးကပယ်ရှားပေးဖို့ ကျောင်းသားတွေ ဆန္ဒပြကြတာပါ။ ကျောင်းသားတွေ ဌာနမှူးအသစ်တင်ချင်သူကတော့ အသစ်ပြောင်းလာတဲ့ ဆရာရန်ဂျစ်ပါ။ အဲဒီမှာ သူများလိုလည်း ဆန္ဒမပြဘဲ သူတို့ကိစ္စနဲ့သူတို့ တိုင်ပတ်ပြီး လတ်လျားလတ်လျားလုပ်နေတဲ့ ကျောင်းသားလေးယောက်ရှိပါတယ်။ တစ်ခါတော့ သူတို့ထဲကတစ်ယောက်က ဆရာရန်ဂျစ် မှော်လိုလို‌စုန်းလိုလို ထူးထူးဆန်းဆန်းလုပ်နေတာကို မထင်မှတ်ဘဲ တွေ့သွားခဲ့ပါတယ်။ အဲဒီလိုနဲ့ သူတို့လေးယောက်သား အဲဒီကိစ္စကိုအဖြေရှာဖို့ ဆရာရန်ဂျစ်နောက်ကို လိုက်စုံစမ်းကြရင်း အလွဲလွဲအချော်ချော်တွေ ဖြစ်ကုန်ပါတော့တယ်။ နောက်ဆုံးမှာ‌ သူတို့လေးယောက် ဆရာရန်ဂျစ်ရဲ့အမှန်တရားကို သိသွားကြမလား၊ ဆရာရန်ဂျစ်ကရော ဘယ်လိုလူဖြစ်နေမလဲ၊ ဘယ်လိုထူးဆန်းတာတွေ ကြုံရမလဲဆိုတာ ဆက်လက်အဖြေရှာပြီး ကြည့်ရှုလိုက်ကြပါဦး…။ (ဒီဇာတ်လမ်းအတွက် အညွှန်းနဲ့ဘာသာပြန်တွေကတော့ CM Bollywood Team ဖြစ်ပါတယ်။)

5.6 2025 123 mins
Padakkalam