YoteShin Drive is below this article. Scroll down to view.

Oppo Reno9 Series will include 4,500mAh battery and Universal Fast Charging

Author: Anonymous Published on: 12 Aug 2022

The Oppo Reno9 series will be announced in November and the information of these smartphones is leaked. China writes the Qualcomm Snapdragon 7 Series in the OppDo Reno9 Series in the Oppo Reno9 Series in the Oppo Reno9 Series. This is the same as Oppo Reno8 Series. Oppo will be one of the Chinese smartphone makers who use the new UFCS (Universal Fast Charging Specification). This charge can support up to 40W. The Reno9 Series will feature a 4,500mAh battery with UFCS support. Other smartphone makers supporting the UFCs are Huawei, Vivo, Xiaomi, and the West includes Angbao Electronics, Lihui Technology, Rockchip and Silicon Power. The Reno9 Series will be everything's every color. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

The.Flash.2023.720p.WEB.DL.DD5.1[CM].mp4

1.63 GB 720p video/mp4 15591 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
The First Time
7

ဆယ်ကျော်‌သက်ကျောင်းသားအချစ်ဇာတ်မြူးကားလေးတွေကို ကြိုက်တတ်တဲ့သူတွေအတွက် (၂၀၁၂) ထွက် The First Time ဆိုတဲ့ ကျောင်းသားကား‌လေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ပါတီပွဲတစ်ပွဲမှာ ထူးဆန်းစွာတွေ့ဆုံကြရင်း ပေါက်ဖွားလာတဲ့ခံစားချက်တွေကြားက ဒေးဗစ်ဆိုတဲ့စီနီယာအထက်တန်းကျောင်းသားလေးနဲ့ အော်ဘရီဆိုတဲ့ ဂျူနီယာအထက်တန်းကျောင်းသူလေးတို့ရဲ့ အချစ်ဇာတ်လမ်းကို ပုံဖော်ရိုက်ကူးထားတာဖြစ်ပါတယ်။ လူတစ်ယောက်ဟာ တခြားလူတစ်ယောက်ကိုချစ်သွားဖို့အတွက် အချိန် (၂) စက္ကန့်ပဲလိုပါတယ်လို့ ဖတ်ဖူးပါတယ်။ ဒေးဗစ်နဲ့အော်ဘရီကြားမှာ ပေါက်ဖွားလာတဲ့သံယောဇဉ်ကြိုးဟာလည်း အချိန်တိုတွင်းနှစ်ယောက်သားကို ချည်နှောင်လိုက်တာပဲဖြစ်ပါတယ်။ ပေါ့ပေါ့ပါးပါးဇာတ်မြူးကားလေးပဲဖြစ်တာမို့ ထူးထူးခြားခြားဇာတ်လမ်းအတက်အကျတွေ သိပ်မပါဘဲ ခပ်အေးအေးလေးပဲသွားမဲ့ ဇာတ်လမ်းသွားမျိုးဖြစ်ပါတယ်။ ဒီလိုပြောလို့ ပျင်းစရာကြီးနေမှာပါလို့ ထင်ကြမဲ့ပရိသတ်ကြီးအတွက်လည်း IMDB rating က 6.8 ထိရရှိထားတဲ့ သေချာပေါက်ကြည့်ရကျိုးနပ်စေမဲ့ ဇာတ်ကားတစ်ကားဖြစ်ကြောင်း ပြောပြရစေခင်ဗျာ။ အဓိကဇာတ်ဆောင်တွေအနေနဲ့ ဒေးဗစ်အဖြစ် မင်းသား Dylan O'Brien က ပါဝင်သရုပ်ဆောင်ထားပြီး The Maze Runner, Teen Wolf စတဲ့ရုပ်ရှင်ဇာတ်လမ်းတွေမှာ မြင်တွေ့ဖူးထားသူမို့ မျက်နှာသစ်မင်းသားတစ်လက်တော့ မဟုတ်ပါဘူး။ အော်ဘရီနေရာကသရုပ်ဆောင်ထားတဲ့ မင်းသမီး Britt Robertson ကလည်း စာရေးဆရာကြီး Nicholas Sparks ရဲ့ Movie adaptation ဖြစ်တဲ့ The Longest Ride, Tomorrowland စတဲ့ movie တွေမှာ အဓိကဇာတ်ဆောင်အဖြစ် ပါဝင်ဖူးသူမို့ ဒီဇာတ်ကားက နာမည်ရမင်းသား၊ မင်းသမီးတွေနဲ့ မြိုင်မြိုင်ဆိုင်ဆိုင်ရိုက်ကူးတင်ဆက်ထားတဲ့ rating ကောင်းကောင်း‌ဇာတ်ကားကောင်းတစ်ကားပါလို့ ပြောပါရစေခင်ဗျာ။ File size…(1.6 GB)/(850 MB)/(500 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:35:00 Genre...Drama, Comedy, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Mariposa

Reality
7 2012 95 mins
The First Time
Cosmopolis
5.7

IMDb 5.1 3 wins 14 nominations ဒီကားထဲမှာတော့ မင်းသားကြီး Robert Pattinson ကအသက်၂၈နှစ်အရွယ်ဘီလျံနာတစ်ယောက်အဖြစ် ပါ၀င်သရုပ်ဆောင်ထားပါတယ်။ မနက်ခင်းတစ်ခုမှာ ဘီလျံနာတစ်ယောက်ဖြစ်တဲ့ အဲရစ်ပက်ကာက ငယ်ဘ၀ကတည်းကညှပ်ခဲ့တဲ့ ဆံပင်ညှပ်ဆရာဆီမှာ ဆံပင်ညှပ်ဖို့ လီမိုဇိမ်ခံကားကြီးကိုစီးပြီး မန်ဟက်တန်မြို့ထဲကိုရောက်လာပါတယ်။ ဒါပေမယ့် ကံမကောင်းစွာနဲ့ အဲဒီတစ်ရက်အတွင်းမှာပဲ မန်ဟက်တန်မြို့ထဲမှာ သမ္မတယာဉ်ကြောင်းရော၊ နာမည်ကြီးရပ်အဆိုတော်တစ်ယောက်ရဲ့စျာပနရော၊ မင်းမဲ့ဝါဒီတွေရဲ့ဆန္ဒပြပွဲပါဖြစ်နေပါတယ်။ ယွမ်ဈေးဟာလည်းအဆမတန်ထိုးကျနေပြီး တစ်ရက်အတွင်းမှာ အဲရစ်ပက်ကာဟာ သန်း‌ပေါင်းများစွာ‌သော ရင်းနှီးမြုပ်နှံမှုတွေကိုဆုံးရှုံးရတော့မှာပါ။ ဒီကားက အက်ရှင်ခန်းတွေမပါဘဲ တစ်ကားလုံး စကားပြောခန်းတွေချည်းပါပဲ။ အဲရစ်ပက်ကာရဲ့ဇနီး ၊လုပ်ဖော်ကိုင်ဖက်၊ ဆံပင်ညှပ်ဆရာ အစရှိတဲ့ တစ်ရက်တာအတွင်း အဲရစ်ပက်ကာနဲ့ပြောဆိုဆက်ဆံရတဲ့လူတွေရဲ့ စကားပြောခန်းက‌နေ သူတို့ရဲ့ အမြင်တွေ၊ တွေးခေါ်မှုတွေ၊ နိုင်ငံရေး၊ စီးပွား‌ရေးစကားဝိုင်းတွေကို တစ်ခန်းချင်းရိုက်ပြထားတာပါ။ (Sex sceneအချို့ပါ၀င်တာဖြစ်လို့ မိသားစုနဲ့ကြည့်ရှုဖို့မသင့်ပါဘူး) File size…(1.7 GB)/(790 MB)/(430 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:49:00 Genre...Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Steven Khant

Drama • Thriller • Western
5.7 2012 109 mins
Cosmopolis
Zombiepura
6.6

ဇွန်ဘီကားကို ပေါ့ပေါ့ပါးပါးကြည့်ချင်တယ်ဆိုရင် ရွေးချယ်သင့်တဲ့ကားအမျိုးအစားပါပဲ။ ဘာပြီးရင်ဘာဖြစ်မလဲဆိုပြီး တစ်ဆက်တည်းကြည့်ဖြစ်သွားမယ့်ကားမျိုးပါ...။ စစ်တပ်စခန်းတစ်ခုမှာ ဇွန်ဘီဗိုင်းရပ်စပြန့်လာတယ် အမြဲရေသာခိုတတ်တဲ့စစ်သား၊ စည်းကမ်းကြီးတဲ့အထက်အရာရှိ၊ စစ်ကန်တင်းကကောင်မလေး စတဲ့ အဓိကဇာတ်ဆောင်တွေက ဇွန်ဘီကပ်ဘေးကနေလွတ်မြောက်အောင် ကြိုးစားကြတယ်။ ဗီလိန်လည်းပါပါတယ်...ကြုံလာတဲ့အခက်အခဲတစ်ခုကိုကျော်ဖြတ်ဖို့ ကြိုးစားရမှာ တစ်ဦးတည်းတစ်ကိုယ်ကောင်းဆန်ဆန်ကျော်ဖြတ်နိုင်ဖို့ ကြိုးစားခြင်းထက်စာရင် စုပေါင်းကြိုးစားခြင်းကပဲအမြဲတမ်းအောင်နိုင်သွားတယ်ဆိုတဲ့ messageကို ရစေပါတယ် ။ setting, acting, zombie make up အကုန်အဆင်ပြေပါတယ်။ genreကတော့ comedyနဲ့horrorပေါင်းထားတာပါ။ အနောက်တိုင်းဇွန်ဘီကားတွေနဲ့ယှဥ်ရင်တော့ ပေါ့သလိုဖြစ်ပေမယ့် စင်္ကာပူculture, တရုတ်cultureနဲ့မစိမ်းတဲ့သူတွေ ဒါမှမဟုတ် သူတို့တွေရဲ့cultureတွေ ဘာသာစကားလေယူလေသိမ်းတွေကို သိချင်တဲ့သူတွေအတွက် အပျင်းလည်းပြေ cultureဗဟုသုတလည်းရတဲ့ ကားမျိုးပါပဲ။ ဒီကားမှာ အများဆုံးကြားဖြစ်မှာကတော့ "Even your mother can do better than you." ပါပဲ ဟုတ်ပါတယ်..Uncle Rogerရဲ့လေယူလေသိမ်းနဲ့ပါပဲ။ ဒီကားကို Singaporean Director Jacen Tan ရိုက်ကူးထားပါတယ်..။ File size…(1.87GB)  / (`948MB) / (466.97MB) Quality…. Web 1080P / 720p / 480p Format…mp4 Duration….01:26:00 Genre... Comedy / Horror Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Su Eaindra Zaw

Thriller
6.6 2018 85 mins
Zombiepura
Cyborgs
7.7

2014 တုန်းက ရုရှားတွေရဲ့ကျူးကျော်စစ်ကို ယူကရိန်းတွေခုခံခဲ့ကြတဲ့ တိုက်ပွဲတွေထဲကတစ်ခုကို အခြေခံရိုက်ကူးထားတဲ့ဇာတ်ကားပါ။ ကိုယ်နှစ်သက်တဲ့လူတစ်ယောက်ကိုပိုင်ဆိုင်ဖို့ဆိုရင် အဲ့ဒီလူရဲ့ အဓိကနေရာဖြစ်တဲ့ နှလုံးသား အလယ်ဗဟိုတည့်တည့် ချိန်ရွယ်ပစ်ခပ်သိမ်းပိုက်ဖို့လိုပါတယ်... ဒီလိုပဲ စစ်ပွဲတစ်ပွဲမှာဆိုလည်း အောင်မြင်ရေးသော့ချက်ဖြစ်တဲ့ အဓိက အချက်အချာမြေကို သိမ်းပိုက်ဖို့ ကြိုးစားကြပါတယ်... ယူကရိန်းနိုင်ငံကDonetskလေဆိပ်ကိုရုရှားတွေလာရောက်တိုက်ခိုက်နေကြတယ်.... အဲ့လေဆိပ်ကိုဘာလို့တိုက်ရလဲဆိုတော့ အထက်ကပြောခဲ့သလို အချက်အချာမြေနေရာဖြစ်နေလို့ပါပဲ... ဒီလေဆိပ်ကျသွားရင် ယူကရိန်းကျသွားတာနဲ့တူတူပဲဖြစ်နေလို့ပါ... ဒါ့ကြောင့် ယူကရိန်းတို့ ဒီလေဆိပ်မကျသွားဖို့အရေးကို စစ်သည်အပေါင်းတို့ဟာ တတ်စွမ်းသမျှ အတတ်နိုင်ဆုံးခုခံဖို့ကြိုးစားကြပါတယ်... ဒီစစ်သည်တွေ အောင်မြင်ပါ့မလား... အသက်ပေါင်းများစွာ ဘယ်လောင်တောင်ပေးဆပ်လိုက်ကြရလဲ.... သူရဲကောင်းတွေဟာ ဘယ်သူများဖြစ်မလဲ.... စစ်ကားကောင်းကြိုက်သူတို့ လက်မလွှတ်သင့်ပါကြောင်း ညွှန်းဆိုပါရစေ... ဒီကားကတော့ ယူကရိန်းစစ်ကားတစ်ကားဖြစ်ပြီးပြီးတော့ အောင်မြင်မှုတွေလည်းရသလို IMDb မှာဆိုလည်း 8.3တောင်ရထားလေတော့ ထွေထွေထူးထူးတော့ပြောစရာလိုမယ်မထင်ပါဘူး...ခံစားကြည့်လိုက်ဦးဗျို့... File Size : (1.1 GB)/(850 MB) / (332MB) Quality : Blu-Ray 1080p HEVC/720p/480p Format…mp4 Duration…01:52:00 Genre : Action, Drama, War Subtitle : Myanmar Subtitle (Hard Sub) Translated by Zwel Zan Aung Encoded by Phyo Pyae

Comedy
7.7 2017 112 mins
Cyborgs
Sicario: Day of the Soldado
6.9

Genre – Action, Crime, Thriller IMDB – 7.0/10 ၂၀၁၅ ခုနှစ်က ထွက်ခဲ့တဲ့ ပထမဆုံး Sicario ကားကို ကြည့်ဖူးပြီး ကြိုက်တယ်ဆိုရင်တော့ ဒီကားကလည်း ရွှေပေါ့ဗျာ။ ပထမကား Rating 7.6 ကို မမှီပေမဲ့ ကြည့်ရတာ လုံးဝ အရသာ မလျော့သွားပါဘူး။ ဒါတောင် ဒါရိုက်တာက ပထမကားက Denis Villeneuve မဟုတ်တော့ပဲ Stefano Sollima ပြောင်းသွားတာပါ ဒါပေမဲ့ ဒီ အငွေ့အသက်အတိုင်းပါပဲ။ သရုပ်ဆောင်တွေကလည်း ရှေ့ကားထဲက ဘဲကြီးနှစ်ပွေ Josh Brolin နဲ့ Benecio Del Toro တို့ပဲ ပြန်ပါဝင်ထားပါတယ်၊ Emily Blunt ရဲ့ ဇာတ်ကောင်ကတော့ ဒီဇာတ်လမ်းအတွက် မလိုအပ်တော့လို့ ဖြုတ်ထားခဲ့ပါတယ်တဲ့။ ဇာတ်လမ်းအကြောင်းပြောရမယ်ဆို ရှေ့ကားရဲ့အဖြစ်အပျက်တွေ ဖြစ်ပြီး နှစ်နည်းနည်းမှာ တည်ဆောက်ထားတဲ့ပုံပါပဲ။ အစိုးရရဲ့ လူသိမခံချင်တဲ့ ပြဿနာတွေ ဒိုင်ခံဖြေရှင်းတဲ့ မက်တစ်ယောက်လည်း အာဖရိကကို ရောက်နေပါပြီ။ အာလေဟန်ဒရိုကလည်း ပထမကားထဲမှာ လုပ်စရာရှိတာလုပ်ပြီးတော့ ကိုလမ်ဘီယာမှာ သွားအနားယူနေပါပြီ။ အဲဒီမှာပဲ အမေရိကန်နိုင်ငံမှာ အသေခံဗုံးခွဲပြီး အကြမ်းဖက် တိုက်ခိုက် တာတွေ ပြုလုပ်လာပါတော့တယ်။ ဒီတိုက်ခိုက်ရေးသမားတွေကို အမေရိကန်ထဲ မှောင်ခိုသွင်းပေးတာက မက်ဆီကန်မူးယစ်ဂိုဏ်းတွေ ဖြစ်နေတော့ အစိုးရအနေနဲ့ လက်မည်းကြီးလုပ်ပြီး နောက်ကွယ်ကနေ ဖြေရှင်းချင်တော့ကျ မက်ကို လှမ်းခေါ်ရပါတော့တယ်။ ဒီမှာ အမေရိကန် အနေနဲ့ ဒီဂိုဏ်းတွေကို အကြမ်းဖက်စာရင်းသွင်းပြီး ချေမှုန်းချင် တော့ကျ သူများနိုင်ငံထဲ ဖြစ်တဲ့အတွက် သူ့ခြံထဲက ကြက်အချင်းချင်း ပြန်ခွပ်ခိုင်းတဲ့အကွက် ဂိုဏ်းချင်းရန်တိုက်ပေးပြီး စစ်ဖြစ်အောင် ဖန်တီးပေးဖို့ မက်တို့ တာဝန်ကျလာပါတော့တယ်။ ဒီမှာတင် မက်ကလည်း သူ့လူဟောင်း အာလေဟန်ဒရိုကို ပြန်ခေါ် တပ်ဖွဲ့တစ်ခု ဖန်တီးပြီး ဂိုဏ်းခေါင်းဆောင်ရဲ့ သမီးဖြစ်သူကို ပြိုင်ဖက်ဂိုဏ်းက ပြန်ပေးဆွဲသယောင်နဲ့ အယောင်ဆောင်လုပ်ပြီး စစ်ပွဲ ဖန်တီးဖို့ ကြိုးစားချိန်မှာတော့ အောင်မြင်သွားမလား ဘာတွေဆက်ဖြစ်မလဲ စသဖြင့် သည်းထိတ်ရင်ဖိုစွာနဲ့ Sicario ထုံးစံအတိုင်း ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်။ သွေးအေးအေးနဲ့ စည်းလွတ်ဝါးလွတ် ကြမ်းတတ်တဲ့ မက်တစ်ယောက်နဲ့ လုပ်ရည်ကိုင်ရည်အလန်းစားနဲ့ သောက်ရမ်းကြမ်းတဲ့ Sicario ကြီး အာလေဟန်ဒရိုတို့ကို ပြန်ခံစားရမှာပဲ ဖြစ်ပါတယ်။ File size…5.60 GB / 1.95 GB / 747 MB Quality… Blu-Ray 4K HEVC /  1080p / 720p Format…mp4 Duration….2h 2m Genre ..... Action , Crime , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Thura Aung

6.9 2018 122 mins
Sicario: Day of the Soldado
The Night Before
6.3

The Night Before (2015) ================= IMDb Rating – 6.3/10 ဟာသရုပ်ရှင်ကောင်းများနဲ့ Chill ချင်ကြတဲ့ ရုပ်ရှင်ပရိသတ်များ အတွက် ၂၀၁၅ ခုနှစ်က ထွက်ရှိထားတဲ့ ခရစ္စမတ်ကာလကို အခြေ တည်ထားတဲ့ ဟာသရုပ်ရှင်ကောင်း တစ်ခု တင်ဆက်ပေးလိုက်ပါတယ်။ Rotten Tomatoes 69%, IMDb Rating 6.3/10 ရရှိထားပါတယ်။ Hangover လိုမျိုး ဟာသရုပ်ရှင်ကြိုက်တယ်ဆိုရင်တော့ လက်လွတ် မခံဖို့ အကြံပေးချင်ပါတယ်။ (Warning: ညစ်ညမ်းဟာသတစ်ချို့ ပါဝင်တာမို့ မိသားစုနဲ့အတူ မကြည့်ရှု့ သင့်တဲ့ ဇာတ်ဝင်ခန်းတချို့ ပါဝင်ပါတယ်) ခရစ်၊ အီသန်နဲ့ အိုင်ဆက်တို့ဟာ အရမ်းကို ခင်မင်ကြတဲ့ သူငယ်ချင်း သုံးယောက်ပါ။ အီသန်ဟာ ငယ်ရွယ်စဉ်မှာပဲ မိဘနှစ်ပါးလုံးကို ခရစ္စမတ် ကာလမှာ ဆုံးရှုံးလိုက်ရပါတယ်။ ဒါနဲ့ပဲ ခရစ်နဲ့ အိုင်ဆက်တို့လည်း အီသန့်ကို အတတ်နိုင်ဆုံး ကူညီပေးဖို့အတွက် ခရစ္စမတ်နေ့မှာ အတူတူ ရှိနေပေးကြ ပါတယ်။ ဒီလိုနဲ့ပဲ သူတို့သုံးယောက်အတွက် ခရစ္စမတ်ဓလေ့လေး တစ်ခု ဖြစ်လာပါတယ်။ တစ်ခုသော ခရစ္စမတ်မှာတော့ Nutcracker ball ဆိုတဲ့ အရမ်းမိုက်တဲ့ ပါတီတစ်ခုအကြောင်းကို အီသန် သိလိုက်ရပါတယ်။ သူတို့ သုံးယောက်လုံးလည်း အရမ်းသွားချင်ကြပေမယ့် နေရာကို ရှာမတွေ့ခဲ့ပါဘူး။ နှစ်တိုင်းခရစ္စမတ်အချိန်မှာ အဲပါတီကိုလိုက်ရှာပေမယ့် ဘယ်လိုမှမတွေ့လို့ လက်လျှော့ခဲ့ရပါတယ်။ ဒီလိုနဲ့ပဲ နှစ်တွေကြာညောင်းလာပြီး သူငယ်ချင်းသုံးယောက် ကိုယ့်လမ်းကိုယ် လျှောက်ရင်း ခရစ္စမတ်ကို အတူမဆင်နွှဲဖြစ်ကြတော့ပါဘူး။ အီသန်လည်း သူတို့သူငယ်ချင်းသုံးယောက်အနေနဲ့ ဒီနှစ်ခရစ္စမတ်ကိုတော့ နောက်ဆုံးအနေနဲ့ ဆင်နွှဲဖို့လုပ်ပါတော့တယ်။ ခရစ္စမတ်အကြိုညမှာ သူငယ်ချင်းသုံးယောက် ဘယ်လိုတွေ ကဲကြမလဲ၊ ဘယ်လိုအလွဲတွေ ဖြစ်နေကြမလဲဆိုတာကိုတော့ ရုပ်ရှင်ထဲမှာ ဆက်လက်ခံစားလိုက်ပါတော့။ နာမည်ကြီး မင်းသားတွေဖြစ်တဲ့ Seth Rogen, Joseph Gordon-Levitt နဲ့ Anthony Mackie တို့ သုံးယောက်ရဲ့ အတိုင်အဖောက်ညီညီ သရုပ်ဆောင် ချက်တွေကြောင့် ကြည့်ရှု့လို့‌ကောင်းသလို။ ဟာသတွေဟာလည်း အရမ်းကို ရယ်ရတာမို့ ဘာသာပြန်ရင်းနဲ့ကို ပါးစပ်မစိရပါဘူး။ မထင်ထားတဲ့ နာမည်ကြီး တွေလည်း Cameo ပါဝင်ခဲ့ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ဘာသာပြန်ရေးသားပေးသူကတော့ Leonard Lin ဖြစ်ပါတယ်) File Size……….(1.85 GB) / (778 MB) / (443 MB) Quality…………BluRay 1080p / 720p / 480p Duration………1Hr 41mins Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Comedy, Fantasy Translator…….Leonard Lin Encoder……….SWM

Action • Adventure • Horror • Thriller
6.3 2015 101 mins
The Night Before
Echelon Conspiracy

၂၀၁၃ မှာ အက်ဒဝပ်စနိုးဒင်က အမေရိကန်​အမျိုးသား​လုံခြုံရေး​အေဂျင်စီ​ (NSA)​ရဲ့ လျှို့ဝှက်​ဖိုင်​တွေနဲ့ သူလျှို​အရှုပ်တော်ပုံတွေ လူ့အခွင့်အရေးနဲ့မညီတဲ့ ထောက်​လှမ်း​မှုတွေအကြောင်းကိုဖွင့်ချခဲ့ပြီး တစ်ကမ္ဘာလုံးကို အုတ်​အော်​သောင်း​တင်း​ဖြစ်စေခဲ့ပါတယ်။ ဒီဇာတ်ကားက စနိုး​ဒင်အဖြစ်အပျက်မတိုင်မီ ၂၀၀၉ မှာထွက်ရှိခဲ့တဲ့ Action /Thriller အမျိုး​အစားဖြစ်​ပြီး​ နောက်​လေးနှစ်အကြာမှာ စနိုး​ဒင်ဖွင့်ချခဲ့တဲ့ NSA ရဲ့​ထောက်လှမ်း​မှုတွေနဲ့ဆင်တူတဲ့အကြောင်းအရာတွေကို စိတ်ကူး​ယဥ်ဖော်ပြထားတာတွေ့ရပါတယ်။ ဇာတ်လမ်း​အကျဥ်း​ကတော့​ မက်စ်ပီတာဆန်က ကွန်​ပျူ​တာအင်ဂျင်နီယာတစ်ဦးဖြစ်ပြီး ဘန်ကောက်​မှာ အလုပ်​ကိစ္စ​နဲ့ ခေတ္တ​နေထိုင်​စဥ်မှာ အမည်မသိတစ်စုံတစ်ယောက်က ပေးပို့လိုက်တဲ့ဆဲလ်ဖုန်းတစ်လုံးရရှိခဲ့ပါတယ်။ မကြာခင်​ အဲဒီဖုန်းကို message ဝင်လာပြီး ညနေ ပီတာဆန် စီးမဲ့လေယာဥ်ကိုမစီးဖို့ပြောပါတယ်။ နောက်​နေ့မှာ အဲဒီလေယာဥ်ပျက်ကျသွားတာကို မက်စ်သိလိုက်ရတဲ့အချိန်မှာ နောက်​ထပ် message ဝင်လာပါတယ်။ စတော့ရှယ်​ယာဝယ်ဖို့တိုက်တွန်းတာဖြစ်ပြီး ဝယ်ခိုင်းတဲ့ရှယ်ယာတန်ဖိုးက မကြာ​ခင် 300% ကျော်​အထိ​ထိုးတက်သွားပါတယ်။ ထို့နောက်​မှာပြောသမျှအကုန်မှန်နေတဲ့ ဒီထူးဆန်းတဲ့ message တွေက သူ့ကို​ ချက်​နိုင်ငံ​ ပရဂ်မြို့ကိုသွားပြီး လောင်း​ကစားလုပ်ဖို့ညွှန်ကြားပါတော့တယ်။ ဒီလို​နဲ့ မက်စ်​တစ်ယောက်​ အမည်မသိသူတစ်ဥိီးရဲ့ ညွှန်ကြား​ချက်​အတိုင်းလိုက်နာပြီး ပရဂ်ကိုရောက်ရှိချိန်မှာတော့ သူတစ်ခါမှမကြုံဖူး မပတ်သက်ဖူးတဲ့ လူတွေနဲ့တွေ့ကြုံရပြီး ရှုပ်ထွေး​တဲ့ပြဿနာတစ်ခုရဲ့အလယ်ကို ရောက်​နေမှန်းသိလိုက်ရပါတော့တယ်။ Message တွေပို့နေတာ ဘယ်သူလဲ​ ဘာကြောင့်​အရာ​အားလုံး​ကို​သိနေတာလဲ ဘာအကြံနဲ့ပို့နေတာလဲဆိုတာကို မက်​စ်​တစ်ယောက်​အဖြေရှာ​ရတော့မှာ​ဖြစ်ပါတယ်။ ဇာတ်​လမ်းက အက်​ရှင် Thriller​ နဲ့ Sci-fi​ အမျိုးအစားလို့ပြောလို့ရပြီး ဇာတ်​အိမ်​သွက်သွက်နဲ့ ကြည့်ပျော်တဲ့ဇာတ်ကားဖြစ်ပါတယ်။ အက်ရှင်ဆိုပေမဲ့ ပစ်ခတ်​ခန်း သိပ်မပါဘဲ စုံထောက်​ဖက်ကိုအားပြုထားတယ်လို့ဆိုနိုင်ပါမယ်။ Action​ Thriller​ ပရိတ်သတ်​တွေ အကြိုက်တွေ့နိုင်တဲ့ဇာတ်ကား​မျိုး​ပါ။ File size…(1.9 GB)/(966 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:45:00 Genre…Action, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by wolfemhein

0 2009
Echelon Conspiracy
Gas Kuy
5

Gas Kuy 2021 CM အာရှပရိသတ်ကြီးအတွက် ဒီတစ်ခါတော့ အားလုံးနဲ့မစိမ်းလှတဲ့ ဇာတ်လမ်းတစ်ခုကို တင်ဆက်ပေးချင်ပါတယ် ဘော်ဒါတစ်ယောက်မင်္ဂလာဆောင်ခါနီးမှာ အားလုံးစုကဲကြတဲ့ Hangover ဇာတ်လမ်းလေးကို အားလုံးကြည့်ဖူးမယ်ထင်ပါတယ် ဒီကားလေးကတော့ ဇာတ်လမ်းကျောရိုးက အဲ့လိုပုံစံဆိုပေမယ့် မင်္ဂလာဆောင်ခါနီး အာရွန်က ဘော်ဒါတွေနဲ့ခရီးအတူထွက်ဖို့ စီစဉ်တာကလွဲရင် ကျန်တဲ့ဇာတ်လမ်းဇာတ်အိမ်တွေကတော့ အာရှစတိုင်တမူကွဲပြားပြီးတော့ မိသားစုတွေ ကိုယ့်ဘော်ဒါတွေ မောင်နှမတွေနဲ့ တူတူကြည့်ပြီး ခွီလို့ရမယ့် ဘဝအမောပြေဇာတ်လမ်းလေးလို့ပြောပြချင်ပါတယ် အာရှကားတွေရဲ့ထုံးစံအတိုင်း ရီလဲရီရသလို ရင်ကိုထိစေတဲ့ဒိုင်ယာလော့တွေ ကိုယ့်ဘဝနဲ့တိုက်ဆိုင်တဲ့အကြောင်းအရာလေးတွေ ပါတတ်တာမို့ ပရိသတ်ကြီးတို့ပဲ ကြည့်ရှုခံစားရင်းနဲ့ အပန်းပြေကြည့်ရှုနိုင်ဖို့ တင်ဆက်ပေးလိုက်ပါတယ် (အညွှန်းနဲ့ဘာသာပြန်ကတော့ Sai Thurein Lynn ဖြစ်ပါတယ်) Genre….. Action, Comedy, Drama Quality…. 1080p WEB-DL | 720p WEB-DL File size…1.24GB| 647MB Format… mp4 Duration…. 1h 22min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Sai Thurein Lynn Encoder ….. Aaron

5 2021
Gas Kuy
Pushing Hands
7.2

Pushing Hands ( 1991 ) ====================== Pushing Handsဟာ အန်းလီရဲ့ ပွဲဦးထွက်ရုပ်ရှင်ဖြစ်သလို “Father Knows Best” trilogyထဲက ပထမဆုံးကားလည်းဟုတ်တယ်။ ဒီtrilogyက ရိုးရာမပျက်သေးတဲ့ မျိုးဆက်က အဖေတွေရယ် ပြောင်းလဲတဲ့ကမ္ဘာကြီးက ကလေးတွေရယ်ကြားက ပဋိပက္ခတွေကို ပြထားတဲ့ရုပ်ရှင်တွေပေါ့။ ဒီtrilogyမှာ ဒီကားအပြင် The Wedding Banquet (1993) နဲ့ Eat Drink Man Woman (1994)လည်း ပါတယ်။ ဒီသုံးကားလုံးဟာ မတူတဲ့ဇာတ်တွေပေမဲ့ သူတို့အဖေနေရာက သရုပ်ဆောင်တဲ့ သူကတော့ ထိုင်ဝမ်မင်းသားကြီး Sihung Lungတစ်ယောက်တည်းပဲ။ အန်းလီဟာ ဒုတိယ ထိုင်ဝမ်နယူးဝေ့ရဲ့ ထင်ရှားတဲ့ ဒါရိုက်တာတွေထဲ ပါနေတာလည်း ဒီသုံးကားကြောင့်ပဲလို့ ပြောရမယ်။ ဒီသုံးကားနောက်ပိုင်းမှာ အန်းလီဟာ ဟောလိဝုဒ်မှာပဲ ရုပ်ရှင်အရိုက်များခဲ့တယ်။ ပြောရရင် နောက်ပိုင်း Crouching Tiger, Hidden Dragonတို့ Lust, Cautionတို့လို ကားမျိုးတွေကို သူပြန်ရိုက်ခဲ့သေးပေမဲ့ ဒီ Trilogyလို ထိုင်ဝမ်အရသာစစ်စစ် ပေးနိုင်တဲ့ ရုပ်ရှင်တွေတော့ သူအခုထိ လုံးဝထပ်မရိုက်ခဲ့ဘူး။ ဒါပေမဲ့လည်း ဒီသုံးကားဟာာ ထိုင်ဝမ်စီနီမာက အန်းလီရဲ့ နေရာတစ်နေရာကို အခုထိ မှတ်ကျောက်တင်ပေးနိုင်တုန်းပါပဲ။ တရုတ်ယဉ်ကျေးမှုကိုလည်းပြသလို အနောက်ပိုင်းယဉ်ကျေးမှုကိုလက်ခံလာပုံကိုလည်း ပြထားတဲ့ “Father Knows Best” trilogy သုံးကားဟာ သူ့နာမည်အတိုင်း ဖခင်တွေရဲ့ ဇာတ်ကြောင်းတွေဆိုလည်းဟုတ်တယ်။ အသက်၂၅နှစ်မှာ ထိုင်ဝမ်ကနေ အမေရိကန်ကိုသွားခဲ့တဲ့ အန်းလီရဲ့ အတွေ့အကြုံတွေ အမြင်တွေအပေါ် အခြေခံထားတယ်ဆိုလည်းဟုတ်တယ်။ သူ့လိုလူတွေအကြောင်းဆိုလည်း ဟုတ်တယ်။ ဇာတ်ကတော့ အမေရိကမှာ အလုပ်လုပ်ရင်း အမေရိကန်သူနဲ့ အိမ်ထောင်ကျနေတဲ့ သားဖြစ်သူဆီ သွားနေတဲ့ ထိုက်ကျိသိုင်းဆရာတရုတ်အဘိုးကြီးတစ်ယောက်နဲ့ မိန်းမနဲ့အဖေရဲ့ ပဋိပက္ခတွေကြား ဗျာများရတဲ့ သားတစ်ယောက်အကြောင်းပဲ။ အဘိုးကြီးက အမေရိကကို လာနေတာ တစ်လပဲရှိသေးပေမဲ့ ဘာသာစကားလည်းမတူတော့ စကားလည်းပြောမရသလို ယဉ်ကျေးမှုမတူတော့ တစ်ယောက်လုပ်ရပ်တွေဟာ တစ်ယောက်အမြင်မှာ ထောင့်မကျိုးဖြစ်နေတော့ သူ့ချွေးမနဲ့ သူက မတည့်အတူနေဆိုသလိုဖြစ်နေတယ်။ အိမ်ကလည်း ကျဉ်းတော့ သူ့ချွေးမရဲ့အလုပ်ခန်းထဲ သူဝင်နေရတော့ အခြေအနေက ပိုဆိုးသွားတယ်။ သူ့မြေးကို သူချစ်သလို သူ့အမေကလည်း သူ့သားကိုချစ်တော့ နှစ်ယောက်ရဲ့ မတူညီတဲ့ပျိုးထောင်ချင်ပုံတွေကလည်း ပြဿနာဖြစ်လာတယ်။ ဒီလိုနဲ့ ပြဿနာက တစ်စတစ်စကြီးလာတဲ့အခါ သားဖြစ်သူက ဘယ်ဘက်ကိုရွေးပြီး ဘာတွေဆက်လုပ်မလဲ။ အဖိုးကြီးကပဲ အလျှော့ပေးမလား ချွေးမကပဲ အလျှော့ပေးမလား ကြည့်ရမယ့်ဇာတ်ပါပဲ။ ဇာတ်ကတော့ ရိုးရိုးလေးပါပဲ။ ဒါပေမဲ့ ကျွန်တော်တို့ကြုံနေမြင်နေရတာတွေနဲ့ ခပ်ဆင်ဆင်ဖြစ်နေတဲ့ဇာတ်ဆိုတော့ ကြည့်ရတာအရသာရှိသလို အဖိုးကြီးရဲ့ ထိုက်ကျိသိုင်းတစ်ဖက်ကမ်းခတ်ကျွမ်းခြင်းကလည်း ဒီဇာတ်လမ်းရဲ့ အဆင်တန်ဆာတစ်ခုအဖြစ် ပိုကြည့်လှစေခဲ့တယ်။ Pushing Hands ( 1991 )ဟာ နေ့သစ်တွေမှာ နေ့ဟောင်းတွေကို မမေ့ဖို့ အကြောင်းလို့ ပြောလည်းရမယ် ထင်တယ်။ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ WiRa Aung ပါ ) File size_(1.1GB) Quality_Blu-Ray 720p Format_mp4 Duration_0::00 Genre_Comedy, Drama Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by WiRa Aung

7.2 1991
Pushing Hands
Nobel Son
6.1

ဒိဇာတ်လမ်းကတော့ Harry Potter ဇာတ်လမ်းမှာ Severerus Snape ဖြစ်တဲ့ မင်းသားကြီး Alan Rickman ပါဝင်တဲ့ အသေခွီနေရမဲ့ ဇာတ်ကားကောင်းတစ်ပုဒ်ပဲဖြစ်ပါတယ်။ ဘဝင်လေဟပ်ပြီး ကျောင်းသူတွေနဲ့အိပ်၊ မိန်းမပွေ၊ ​အကျင့်စာရိတ္တမကောင်းတဲ့ Eli လို့ခေါ်တဲ့ သိပ္ပံပညာရှင်ကြီးက ရုတ်တရက် နိုဘယ်လ်ဆုကြီးရလာတော့ သူ့မြင့်ပြီးသားမာနက မိုးပေါ်ထောင်တက်သွားတော့တယ်။ နိုဘယ်လ်ဆုကို ဆွီဒင်နိုင်ငံမှာသွားယူဖို့ သူ့မိန်းမနဲ့သားကို ခေါ်သွားပေမဲ့ တစ်ဦးတည်းသော သားတော် Barkley က အပြာကဗျာရေးတဲ့ စော်လေးနဲ့အိပ်နေလို့ လေယာဥ်မမီဘဲ နောက်ကျသွားတယ်။ သူ့အမေနဲ့အဖေဆီ လေယာဥ်ကိုအမြန်လိုက်ဖို့ အိမ်ပြန်ရောက်တော့ ပြန်ပေးဆွဲပါခံလိုက်ရတယ်။ အနန္တဂိုဏ်းဝင်ဖခင်ကြီး Eli ကလည်း သူ့သားပြန်ပေးဆွဲရတဲ့အကြောင်း ပြန်ပေးဆွဲသမားကဖုန်းဆက်ခြိမ်းခြောက်တော့ လိလိ့လားလားတွေလာပြောနေတယ်ဆိုပြီး ​မယုံဘဲ သူ့သားကို ဆွီဒင်အမြန်လိုက်လာခဲ့ဖို့ပြောတယ်။ အဲဒီမှာ ပြန်ပေးဆွဲသမားလည်း Berkeley လက်မကို ဖြတ်ပြီး သူ့မိဘတွေဆီကို ပို့မယ်ကြံ​၊ သူ့သား Berkeley လည်း စိတ်ခြောက်ခြားပြီး ဘယ်လိုတွေဆက်ဖြစ်မလဲဆိုတာတော့ ဒီဇာတ်လမ်းမှာ ဆက်လက်ကြည့်ရှုလိုက်ပါ။ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော Thwal Htoo Zin ပါ ) File size_(2GB)/( 990MB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_01:50:00 Genre_Comedy, Crime, Drama Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by Thwal Htoo Zin

6.1 2007 110 mins
Nobel Son
Horizon: An American Saga – Chapter 1

ဒီဇာတ်ကားလေးကတော့ ဒါရိုက်တာ Kevin Costner က ပြောင်မြောက်စွာ ရိုက်ကူးတင်ဆက်ထားတဲ့ ဂန္ဓဝင်အနောက်တိုင်းရုပ်ရှင်ဇာတ်ကားဖြစ်ပြီးတော့ An American Saga Trilogy ရဲ့ ပထမဆုံးဇာတ်ကားဖြစ်ကာ နောက်ထပ် Sequel နှစ်ကားလာဖို့ ရှိပါသေးတယ်။ ဇာတ်လမ်းလေးကတော့ အမေရိကန်လူမျိုးတွေဟာ အမေရိကတိုက်ကြီးရဲ့ မိုးကုပ်စက်ဝိုင်းလို့ ခေါ်ဝေါ်သမုတ်တဲ့ အနောက်ဖက်အရပ်ရဲ့ ဆွဲဆောင်ညို့ယူမှုကို ခံရပြီး အမေရိကန်နိုင်ငံရဲ့နယ်နိမိတ်ကို တိုးချဲ့တိုင်းတာသတ်မှတ်ဖို့ တရွေ့ရွေ့ ခြေဆန့်ခရီးဆက်လာတဲ့အချိန်မှာ ယနေ့ခေတ်အခေါ် ဟစ်ပီတွေ တဖြစ်လည်း ဒေသခံတိုင်းရင်းသားလူမျိုးရင်းမျိုးနွယ်စုတွေဖြစ်တဲ့ အပါချီမျိုးနွယ်စုနဲ့ တခြားမျိုးနွယ်စုခွဲတွေအတွက်ကတော့ သူတို့ပိုင်ဆိုင်တဲ့မြေကို တစတစ ဖဲ့ပေးနေရတာဖြစ်တဲ့အတွက် သူတို့ကြားထဲမှာ တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့အကြောင်းနဲ့ စတင်ထားပါတယ်။ ယဉ်ကျေးမှုနှင့် နည်းပညာတိုးတက်မှုတို့ အချိုးကျကျပေါင်းစပ်ကာ ဂီတ အနုပညာ ဖက်ရှင် ဖျော်ဖြေရေးတွေ ထွန်းကားလာပြီးတော့ ရွှေခေတ်လို့ တင်စားကြတဲ့ ၉၀ ရာစုပြည့်နှစ်တွေ မရောက်ရှိလာခင် ခေတ်အချိုးအကွေ့ရဲ့ ကနဦးအစောပိုင်းကာလကို မတူညီကွဲပြားတဲ့ ဇာတ်ကောင်တွေ ရှုထောင့်တွေနဲ့ အဘက်ဘက်ကနေ ထဲထဲဝင်ဝင် အစပျိုး ရိုက်ကူးတင်ဆက်ထားပါတယ်။ Box Office မှာ ၃၂ သန်းနီးပါး ရရှိခဲ့ပြီး IMDb Rating 6.9/10 နှင့် Rotten Tomatoes မှာ Audience Score 70% ရရှိထားကာ ဒီနေ့ခေတ် အမေရိကန်နိုင်ငံဆိုတာ ဖြစ်လာဖို့ ဘယ်ကနေ စတင်ခဲ့တယ်ဆိုတာကို စိတ်ကူးယဉ်ဇာတ်အိမ်တွေနဲ့ လက်တွေ့သမိုင်းကြောင်းတို့ကို ရောပြွန်းတင်ဆက်ထားတဲ့ ဇာတ်လမ်းကောင်းလေးဖြစ်လို့ မဖြစ်မနေ ကြည့်ရှုသင့်တဲ့ဇာတ်ကားဆိုလည်း မမှားပါဘူး။ File size…(4.7 GB)/(2.2 GB) Quality….Webrip 1080p / 720p Format…mp4 Duration….03:01:00 Genre… Western, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Matteo

Action • Crime • Drama • Thriller
0 2024
Horizon: An American Saga – Chapter 1
Thalavan
7.4

Thalavan (2024) “ခေါင်းဆောင်” IMDb – 7.4/10 အိန္ဒိယရုပ်ရှင်ချစ်ပရိသတ်တို့ သဘောတွေ့စေမဲ့ မလေယာလမ်းမှုခင်းရုပ်ရှင်တစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ မလေယာလမ်းမင်းသားတွေဖြစ်တဲ့ အာဆစ်ဖ်နဲ့ ဘီဂျူးတို့ အပြိုင်ကြဲထားတဲ့ ပရိသတ်အကြိုက်တွေ့ခဲ့တဲ့ရုပ်ရှင်ကားကြီးပေါ့။ ဇာတ်လမ်းအစ တီဗီချန်နယ်တစ်ခုမှာ အောင်မြင်တဲ့အပိုင်းတွဲအဖြစ်နဲ့ ထုတ်လွှင့်နေပြီး ဖြစ်ရပ်မှန်မှုခင်းတွေကို ပြန်ပြောပြနေတဲ့ အငြိမ်းစားရဲအရာရှိ အူဒယာဘဟာနူး။ သူ မပြောချင်တဲ့ အမှုတွဲတစ်ခုကို ချန်နယ်ကတာဝန်ရှိသူတစ်ယောက်တိုက်တွန်းချက်အရ ငါးပိုင်းမြောက်မှာ ထုတ်ပြောဖို့လုပ်ပါတယ်။ ဒီအမှုတွဲမှာအဓိကပါဝင်နေတာက ရဲအရာရှိနှစ်ယောက်။ အထက်အောက်ရာထူးမတူညီကြတဲ့ ရဲအရာရှိနှစ်ယောက်ကြားက အားပြိုင်မှု။ သူတို့နှစ်ယောက် အဓိကပါဝင်ထားတဲ့အမှုမှာ ဇာတ်ကြောင်းပြောပြနေတဲ့ ရဲအရာရှိလည်းပါဝင်နေပြီး မထင်မှတ်စရာအလှည့်အပြောင်းတွေနဲ့ ဖုံးကွယ်ထားတဲ့အမှန်တရားတွေ ပေါ်လာတဲ့အခါမှာတော့…။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamပဲဖြစ်ပါတယ်)

7.4 2024
Thalavan
Kamen Rider Kabuto: God Speed Love
6.6

ကျွန်တော်တို့ ငယ်ငယ်တုန်းက နှံကောင်ပါဝါရိန်းဂျားဆိုပြီးတော့ ခေါ်ကြတဲ့ Kamen Rider ပါဝါရိန်းဂျားကားလေးပါ။ ဒီဇာတ်ကားက series နဲ့တော့ မတူတဲ့ Alternate timeline တစ်ခုမှာတည်ထားတာပါ။ ဒီဇာတ်လမ်းမှာကတော့ ဥက္ကာခဲကြီးတစ်ခုကကမ္ဘာကို ဝင်တိုက်ပြီးတော့ ပင်လယ်ထဲက ရေတွေအကုန်ခမ်းသွားပါတယ်။ ဒီ ဥက္ကာခဲကြီးနဲ့အတူ Worms ပိုးကောင်တွေ ပါလာပြီး လူသားတွေကို တိုက်ခိုက်ပါတယ်။ ဒီအန္တရာယ်ကို ကာကွယ်ဖို့ ZECT အဖွဲ့ကိုတည်ထောင်ပြီး Kamen Rider တွေက ပိုးကောင်တွေကို တိုက်ခိုက်ပါတော့တယ်။ ဒါပေမဲ့ ဒီအဖွဲံ့ကနေပဲ သဘောထားမတိုက်ဆိုင်ပဲ Neo-ZECT ဆိုပြီးကွဲထွက်လာတဲ့ အဖွဲ့က မူရင်း ZECT ကို တိုက်ခိုက်ပါတော့တယ်။ ဒီဇာတ်လမ်းမှာ Series မှာမပါတဲ့ Hercus နဲ့ Ketaros ဆိုတဲ့ Rider နှစ်ယောက်အသစ်ပါပါတယ်။ တကယ်တည်းဇာတ်လမ်းက ပိုးကောင်တွေ ကျူးကျော်တာထက် ပိုကြီးတာကို Neo-ZECT ကသိသွားတဲ့အခါ ဘယ်သူက ကမ္ဘာကြီးကို သစ္စာဖောက်တာလဲ ဘယ်သူက လူဆိုးလဲဆိုတာကို စိတ်လှုပ်ရှားစရာကြည့်ရှူရမှာပါ။ File Size : 1.5 GB, 774 MB Quality : WEB-DL 1080p / 720p Running Time : 1hr 6min Format : Mp4 Genre : Action, Adventure, Drama, Sci-fi Subtitle : Myanmar Subtitle (Hard Sub) Translated by : Nikobaby Encode by : Thit San Khant

6.6 2006 66 mins
Kamen Rider Kabuto: God Speed Love
Emakku Thozhil Romance
6

Emakku Thozhil Romance (2024)”ချစ်လိပ်ပြာ” ==================================== Por Thorzhil တို့ Blue Star တို့လို ရုပ်ရှင်ကောင်းတွေရိုက်ကူးခဲ့တဲ့ မင်းသား အာရွှတ်ခ်ဆယ်လ်ဗန်ရဲ့ တမီလ်စကားပြော ဟာသရုပ်ရှင်လေးကို တင်ဆက်ပေးချင်ပါတယ်။ ဒီရုပ်ရှင်ထဲမှာ ဘရတ်ပစ်နဲ့ အိန်ဂျလီနာဂျိုလီတို့လည်း cameo ပါဝင်ထားပါသေးတယ်။ ဇာတ်လမ်းကတော့.. အူမာဆိုတဲ့ လက်ထောက်ဒါရိုက်တာလေးဟာ တမီလ်ရုပ်ရှင်လောကမှာ နာမည်ရစပြုနေတဲ့ ဒါရိုက်တာအလောင်းလျာတစ်ယောက်ပါ။ သူကူညီရိုက်ကူးခဲ့တဲ့ရုပ်ရှင်ကားတချို့ဆိုရင် ပရိသတ်တွေက ခုံတွေရိုက်ချိုးပစ်ပေါက်ကြတဲ့ထိ အားပေးကြပါတယ်။ အဲဒီလို အောင်မြင်မှုတွေရနေတဲ့ အူမာဟာ ကိုယ်တိုင်ဒါရိုက်တာဖြစ်မှ မိန်းမယူမယ်လို့လည်း သံဒိဌာန်ချထားပါသေးတယ်။ ဒါပေမဲ့ လီယိုဆိုတဲ့ မိန်းမလှလေးတစ်ယောက် အူမာ့ဘဝထဲဝင်လာတဲ့အချိန်မှာတော့ အဲဒီသံဒိဌာန်တွေ ပျောက်ဆုံးပြီး အဖြစ်အပျက်မျိုးစုံ ကြုံတွေ့ရပုံတွေကို ဒီရုပ်ရှင်ထဲမှာ မြင်တွေ့ကြရမှာပါ…။ (ဒီရုပ်ရှင်အတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပါ။)

6 2024
Emakku Thozhil Romance
The Killing Fields
7.8

The Killing Fields (1984) IMDb Rating (7.8) / Rotten Tomatoes (93%) ဒီဇာတ်ကားလေးကတော့ 1984 ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ သတင်းထောက် Sydney Schanberg ရဲ့ ကမ္ဘောဒီးယားနိုင်ငံမှာ ကြုံတွေ့ခဲ့ရတဲ့ စစ်ပွဲတွေအကြောင်း ဖြစ်ရပ်မှန်ကို ပြန်လည်ရိုက်ကူးထားတဲ့ ဇာတ်ကားလေးဖြစ်ပါတယ်။ IMDb rating 7.8 အထိရရှိထားပြီး 1985 Oscar ဆုပေးပွဲမှာလည်း ဆု သုံးဆုအထိရရှိခဲ့သလို ဆုတွေအများကြီး ပတ်သိမ်းခဲ့တဲ့ ဇာတ်ကားဆိုလည်း မမှားပါဘူး။ မင်းသားကြီး Sam Waterston နဲ့အတူ ကမ္ဘောဒီးယား သရုပ်ဆောင် Dr Haing S. Ngor တို့ အဓိက ပါဝင်ထားပြီးတော့ ဒါရိုက်တာ Roland Joffé ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း 1970 ပြည့်နှစ်အလွန်ကာလများအတွင်း ကမ္ဘောဒီးယား ပြည်တွင်းစစ်ကာလတွင် The NewYork Times သတင်းထောက်ဖြစ်သူ Sydney Schanberg ဟာ ဒေသခံ သတင်းထောက်ဖြစ်သူ Dith Pran နဲ့အတူ စစ်ပွဲ၏ ကြောက်မက်ဖွယ်ရာများ ကြေကွဲဖွယ်ရာ များကို သတင်းယူနေခဲ့ပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် 1975 ခုနှစ် အရောက်မှာတော့ အမေရိကန်တပ်ဖွဲ့များ ဆုတ်ခွါခဲ့ရတဲ့အခါ Dith Pran က မိသားစုကို လုံခြုံရာကို ပို့ပြီးတော့ Schanberg နဲ့ အတူ ကျန်နေခဲ့ပါတယ်။ သို့သော် ခမာနီတပ်တွေ ဖနွမ်းပင်မြို့ထဲကို ဝင်ရောက်လာတဲ့အခါ Schanberg မှာ ထွက်ခွါခွင့်ရသော်လည်း Dith Pran ဟာ ခမာနီများထံမှာ ဖမ်းဆီးခံခဲ့ရပါတယ်။ Schanberg လည်း အမေရိကန်ကို ပြန်ရောက်ပြီးတဲ့နောက်မှာ Dith Pran ကို မနားမနေ ရှာဖွေခဲ့ရင်း နောက်ဆုံးမှာ သူတို့မိတ်ဆွေနှစ်ယောက် တစ်ယောက်ကိုတစ်ယောက်ပြန်တွေ့သွားမလားဆိုတာ စောင့်ကြည့်ရမယ့် ဇာတ်လမ်းကောင်းလေးဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Nay ဖြစ်ပါတယ်။) File size… (3.2 GB) / (1.5 GB) Quality…. Blu-Ray 1080p HEVC / 720p Format…. mkv/mp4 Genre…. Biography, Drama, History, War Duration…. 02:22:15 Subtitle…. Myanmar Subtitle (Hardsub) Encoder…. Benjamin Translated by Nay

7.8 1984 142 mins
The Killing Fields