YoteShin Drive is below this article. Scroll down to view.

5G connectivity in India

Author: Anonymous Published on: 12 Aug 2022

Indian Prime Minister Nandra Mosman announced that it has provided 5G communication at the 6th Indian Mobile Congress in New Delhi. The 5G network is first available in 22 cities, and includes Ahmedabad, Hydeabad, Gandigai, Gurugrah, Gurugrah, Jamnagar, Kolkata, Siliguri and Varanasi. PM @narendamodi launches 5G Services in India 🔹5g Technology Will Provide Seamless Coverage, High Data Rate, Low Low Low Lenncy, and Highly Reliable Communications. 🔹it Will Increase Efficiency and Network Efficiency and Network Efficiency. & mdash; Ministry of Information and Broadcasting (@mib_india) October 1, 2022 5G Services Reliance Joio, Reliance Joi, Reliance Jo, and Reliance Jo. Airtel and Vodafone-IDA will be provided in India. Airtel's users are now using 5G networks in some cities. India Mobile Congress 2022: & quot; Service Providers Will Roll Out 5g by 2024 & AMP; 75% Indian Citizens Will AVAIL 5G Services. & Quot; Shri Devusinh Chauhan, Hon'ble Minister of State for Communications, Government of India Register Now: https://t.co/rk0e6c4OJ#MC2022 # IMC5GLAUNCH & mdash; India Mobile Congress (@Exploreimc) October 1, 2022 Airtel's 5G connection is available in Bengaluru, Chennai, Hyderabad, Hyderabad, Kolkata, Mumba, Mumba, Siliguri and Varanasi will be provided by the country in March 2024. Reliance Jobs will provide 5G connection in Chennai, Delkata and Mumbai by Diwali, and in December 2023 in December 2013 in December 2013 VI has not yet been told that the 5G network will be provided. The BSNL will provide 5G network on August 15 next year. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

The.Fight.Machine.2022.1080p.(CM).mp4

1.63 GB N/A video/mp4 212 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
BlackBerry
7.3

BlackBerry (2023) ဘလက်ဘယ်ရီဖုန်းလို့ပြောလိုက်ရင် ဘာကိုမှတ်မိကြမလဲ။ လူကြီးနဲ့လူလတ်ပိုင်းတွေက သူတို့တစ်ချိန်တစ်ခါကသုံးခဲ့တဲ့ဖုန်းကို မှတ်မိပြီး လူငယ်တွေအတွက်ကတော့ အပြောင်းအလဲကို အမှီမလိုက်နိုင်လို့ ကျရှုံးခဲ့ရတဲ့သမိုင်းသင်ခန်းစာအဖြစ် သိကြမယ်လို့ထင်တယ်။ ဘလက်ဘယ်ရီက အိုင်ဖုန်းထက်အရင် ပထမဆုံး စမတ်ဖုန်းဖြစ်ခဲ့ပေမယ့် အိုင်ဖုန်းက touchscreen နဲ့ဝင်မိတ်ဆက်လာတဲ့အခါမှာ Keypad ကနေ အမှီလိုက်မပြောင်းလဲနိုင်လို့ အိုင်ဖုန်းကဖြုတ်ချတာကို ခံလိုက်ရတဲ့ကုမ္ပဏီပေါ့။ ဒီဇာတ်လမ်းကတော့ Biography သက်သက်မဟုတ်ပဲ ဒရာမာပြုထားတာတော့ အဖြစ်အပျက်အကြောင်းအရာအားလုံးက အမှန်ရယ်တော့မဟုတ်ပါဘူး။ ဒါပေမဲ့ဒီဇာတ်လမ်းကို ကြည့်အပြီးမှာ ဘလက်ဘယ်ရီရဲ့အောင်မြင်ခန်း ကျရှုံးခန်းတွေကို ကောင်းကောင်းကြီးသဘောပေါက်သွားမှာပါ။ ဇာတ်လမ်းသွားအတွက်လဲ တကယ့်အရေးကြီးဖြစ်ရပ်တွေကို သေချာရွေးချယ်တင်ဆက်ထားတာကြောင့် တော်တော်ကိုကြည့်ရတာလွယ်ကူအဆင်ချောပါတယ်။ ဒီလိုနည်းပညာဆိုင်ရာ ဇာတ်ကားတွေမှာ ဘာပြသနာရှိလဲဆိုရင် ရှုပ်ထွေးတဲ့အသုံးအနှုန်းတွေ လေးလံတဲ့အဖြစ်အပျက်သမိုင်းတွေကြောင့် ဝီကီပီးဒီးရားစာမျက်နှာဖတ်နေရသလိုဖြစ်ပြီး သက်ဆိုင်ရာနယ်ပယ်ကလူပဲနားလည်ပြီး သာမန်လူတွေကနားမလည်နိုင်ကြတာပါ။ ဒီ Blackberry မှာတော့ နည်းပညာအသုံးအနှုန်းတွေကို အရိုးရှင်းဆုံးဖြစ်အောင် အလွယ်ကူဆုံးဝေါဟာရတွေသာ သုံးထားပြီး ဇာတ်လမ်းသွားကလဲ သွက်သေးတာမို့ အချိန်နှစ်နာရီလောက်ပေးပြီး သမိုင်းသင်ခန်းစာကောင်းတစ်ခုရမယ့်အခွင့်အရေးပါပဲ။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Rashida ပဲ ဖြစ်ပါတယ်။ Genre..... Biography, Comedy, Drama Quality…. 1080p | 720p | 480p File size… 1.42Gb | 743MB | 371MB Format… mp4 Duration…. 2h Subtitle…. Myanmar Subtitle (Hardsub) Translator ..... Rashida Encoder ..... Aaron

Drama
7.3 2023 119 mins
BlackBerry
Charles Enterprises

Charles Enterprises (2023) IMDb 6.7 ဟိုးရှေးရှေးတုန်းက ကုန်းမြေ၈ခုဆုံတဲ့ နယ်မြေတစ်ခုရှိခဲ့တယ်တဲ့ တစ်နေ့တော့ အဲဒီကို သူခိုးနှစ်ကောင်ရောက်လာပြီး ဘုရားကျောင်းထဲက ရတနာပစ္စည်းတွေခိုး ..ရောင်းချပြီး ပျော်ပျော်ကြီးပေါပေါလျှံလျှံနေနေရသတဲ့ တစ်နေ့တော့ အတားအဆီးမှန်သမျှဖယ်ရှားပေးပါတယ်ဆိုတဲ့ မဟာပိန္နဲရဲ့ ဆင်းတုကို မျက်စိကျသွားလေရဲ့ သူတို့ခိုးယူလာပေမဲ့ ဘယ်ဆိုင်ကမှ ဒီဆင်းတုကိုမဝယ်ရဲကြတော့ သူခိုး၂ယောက် ဆင်းတုကိုနေရာမှန်ပြန်ထားဖို့ကိစ္စနဲ့ ရန်ဖြစ်ပါလေရော ဒီလိုနဲ့တစ်ယောက်က အုန်းပင်အမြင့်ကြီးပေါ်မှာ ဘယ်သူမှမမြင်အောင်သွားဖွက်ထားခဲ့လေသတဲ့ ဆယ်စုနှစ်တွေအထိ ဘယ်သူမှမမြင်..သတိမထားမိဘဲ နေဒဏ်မုန်တိုင်းဒဏ်ကို ကြံ့ကြံ့ခံခဲ့ရတဲ့ ဆင်းတုက တစ်နေ့တော့ သူ့ဘုရားကျောင်းကိုပြန်ဖို့ လမ်းစရှာတွေ့ခဲ့လေတယ်... ဆိုတဲ့ဇာတ်လမ်းနဲ့အစချီပြီး မဟာပိန္နဲဆင်းတုကို ခိုးမဲ့ ဇာတ်ကားတစ်ကားပါ ဒီဇာတ်လမ်းထဲမှာ ဆင်းတုတွေလိုက်စုတဲ့ ပါဗသမ်ဆိုတဲ့ အမျိုးသမီးတစ်ယောက်ရှိတယ် ကြိုက်တာတွေ့ရင် အိမ်အထိလိုက်ဝယ်တတ်တဲ့လူတစ်ယောက်..သူကြိုက်တဲ့ဆင်းတုက မိသားစုဘုရားကျောင်းထဲက မဟာပိန္နဲဆင်းတုဖြစ်နေတော့ ပိုက်ဆံဘယ်လောက်ပေးပေးမရောင်းဘူးဆိုတဲ့အဖွဲ့ရယ် လိုချင်တာမရရင် အိမ်မပြန်တတ်တဲ့ပါဗသမ်ရယ်တို့ ဘယ်လိုနှစ်ပါးသွားကြမလဲဆိုတာ ဆက်လက်ကြည့်ရှုလိုက်ပါရှင် ( ဇာတ်လမ်းအညွှန်းကိုတော့ Yunniမှ ရေးသားပေးထားပြီး ဘာသာပြန်တွေကတော့ Yunni~Thaik San~BpL~Aditi~Moonနဲ့ Zwe Yanတို့ပဲ ဖြစ်ပါတယ် ) File size…2.37GB / 1.07GB Quality…1080p WEB DL  / 720p Format…mp4 Duration….2h 10mins Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by  Yunni~Thaik San~BpL~Aditi~Moon~ Zwe Yan

Comedy • Romance
0 2023 132 mins
Charles Enterprises
Unspoken Stories: The Legend of Herring
3

ဒီတစ်ခေါက်မှာတော့ VFX ကောင်းကောင်းနဲ့ မိန်းကလေးချောချောလေးတွေပါတဲ့ တရုတ်မှော်ကားတစ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ် အရမ်းဆိုးသွမ်းလွန်းတဲ့ နဂါးနီကို ဖမ်းဖို့ ပု၀ူဂိုဏ်းရဲ့ဂိုဏ်းချုပ်ဆရာကြီးဟာ ကိုယ့်ကိုကိုယ် စတေးပြီး နှစ်တစ်ရာလောက် နဂါးနီကို လှောင်ထားခဲ့ပါတယ်။ နှစ်တစ်ရာလုံး အဲ့ဒီနေရာကို ဘယ်သူမှ ရှာလို့မတွေ့ပေမယ့် နှစ်တစ်ရာပြည့်တဲ့အချိန်မှာတော့ မိစ္ဆာအဖြစ်ကနေ နဂါးဖြစ်ချင်တဲ့ မချောလေးရယ် ပု၀ူဂိုဏ်းက မိစ္ဆာနှိမ်နင်းတဲ့ဆရာရယ် ပေါင်းပြီး နဂါးနီရှိတဲ့နေရာကို ရှာဖို့ အကြောင်းဖန်လာပါတော့တယ်... သူတို့နှစ်ဦး နဂါးနီဖမ်းထားတဲ့နေရာကိုရှာတွေ့မလား ဘယ်လိုအကြောင်းအရာတွေပေါ်ထွက်လာဦးမလဲဆိုတာတော့ ရုပ်ရှင်ထဲမှာစီးမျောခံစားလိုက်ပါဦး Quality : WEB-DL 1080p , 480p Format : mp4 Genres : Fantasy , Action Runtime : 1h 17 min Subtitle : Myanmar Subtitle ( Hardsub ) Translated by Lwin Htoo Aung Encoded by LK

Comedy • Horror
3 2022 77 mins
Unspoken Stories: The Legend of Herring
Justin Bieber's Believe
7.2

ယနေ့ကျရောက်တဲ့ March လ ၁ရက်နေ့ဟာ Justin Drew Bieber ရဲ့ မွေးနေ့ဖြစ်ပါတယ်။ အသက် ၂၈နှစ်ပြည့်သွားပြီဖြစ်တဲ့ Justin ဟာ မိန်းမတောင်ရသွားပြီဖြစ်လို့ Baby သီချင်းကို သီဆိုနေခဲ့တဲ့ ဆယ်ကျော်သက်ကလေးလေး မဟုတ်တော့ပါဘူး။ ဒါပေမဲ့လည်း သူ့ကိုမြင်တိုင်း nostalgic ဖြစ်ပြီး သူ့သီချင်းတွေကို ရရမရရ ဝါးချပြီးအော်ဆိုနေခဲ့တဲ့ ကိုယ့်ကိုယ်ကို ပြန်အမှတ်ရမိပါတယ်။ မနှစ်ကတည်းက ဒီကားလေးကို တင်ပေးမယ်ပြောထားပေမဲ့ နောက်ကျလက်စနဲ့ သူ့မွေးနေ့ရောက်မှ တင်တော့မယ်လို့ စိတ်ကူးမိတာနဲ့ အခုမှ တင်ဖြစ်သွားတာပါ။ ကျွန်တော် ကလေးဘဝတုန်းက ဒီ Documentary ကိုကြည့်ဖူးပေမဲ့ ပြောစကားတွေကိုရော သီချင်းတွေကိုရော ဘာဆိုဘာမှ နားမလည်ခဲ့ပါဘူး။ ဒါပေမဲ့လည်း Justin ကို အတော်ရူးသွပ်ခဲ့သူမို့ အခေါက်ခေါက်အခါခါ ပြန်ကြည့်ခဲ့ပါတယ်။ ဒါကြောင့် အခုလို ဘာသာပြန်တင်ဆက်ခွင့်ရတဲ့အတွက် Belieber တစ်ယောက်အနေနဲ့ အရမ်းဂုဏ်ယူမိပါတယ်။ ဒီ Documentary လေးဟာ လွန်ခဲ့တဲ့ဆယ်နှစ်က Believe Album ထွက်ရှိပြီး Tour လုပ်နေတဲ့အချိန်မှာ ရိုက်ကူးခဲ့တာဖြစ်ပါတယ်။ အောင်မြင်မှုနဲ့ နေသားကျလာတဲ့အချိန်ဖြစ်သလို ဝေဖန်မှုများစွာ ခံရပြီး career ရှေ့ဆက်ဖို့ ရုန်းကန်နေရတဲ့ အချိန်လည်းဖြစ်ပါတယ်။ ပါပါရာဇီနဲ့ရန်ဖြစ်လို့ ပြိုင်ကားမောင်းလို့ စသည်ဖြင့် ပြဿနာမျိုးစုံတက်ပြီး မီဒီယာတွေနဲ့ အတော်လေး အခြေအတင်ဖြစ်ခဲ့တာပါ။ ဒီအကြောင်းတွေကိုလည်း ထည့်သွင်းဖော်ပြထားပြီး အောင်မြင်ပြီးနောက် ပြောင်းလဲသွားတဲ့ သူ့ဘဝအလှည့်အပြောင်းအပြင် Believe Tour မှာ ဖျော်ဖြေခဲ့တဲ့ အမိုက်စား performance တွေကိုပါ ကြည့်ရှုရမှာဖြစ်ပါတယ်။ ဘာပဲပြောပြော ကျွန်တော်တို့ငယ်ဘဝကို အနည်းနဲ့အများ လွှမ်းမိုးမှုရှိခဲ့တဲ့ Justin Bieber ရဲ့ မွေးနေ့ကို ဂုဏ်ပြုတဲ့အနေနဲ့ CM က တင်ဆက်ပေးလိုက်ပါတယ်။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ဆိုရေးသားပေးသူကတော့ Thet Hnin Hsu ဖြစ်ပါတယ်) File size…2GB / 1GB Quality…1080p BluRay AAC5.1CH /  720p Format…mp4 Duration….1h 32m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Thet Hnin Hsu

Action • Adventure
7.2 2013 92 mins
Justin Bieber's Believe
Gifted
8

ဒီကားလေးကို ရုပ်ရှင်ရုံထဲမှာ ထရေလာ မြင်မိကတည်းက စိတ်ဝင်စားနေတာပါ။ မင်းသားက ခရစ်စ် အီဗန်။ ဒါရိုက်တာကလည်း 500 days of summer ထဲက မာ့ခ် ဝဘ် ဆိုတော့ အတော်တော့ကောင်းလိမ့်မယ် တွက်ထားပါတယ်။ အခုထွက်လာတော့ ကြည့်လိုက်တော့လည်း ကျေနပ်စရာပါပဲ။ ကျွန်တော်အရမ်းကြိုက်လို့ ဘာသာပြန်ပြီး တင်ပေးထားပါတယ်။ rating ကတော့ IMDb မှာ 7.6 ပါ။ ဇာတ်လမ်းအကျဉ်းလေး နည်းနည်းပြောပြပါမယ်။ မထင်ထားတာလေးတွေ ပါလို့ spoiler မဖြစ်အောင် လျှော့ပြောပါရစေ။ နယ်မြို့လေးတစ်ခုမှ ဖရန့် နဲ့ မေရီဆိုတဲ့ သားအဖ ၂ ယောက်တည်း အတူနေကြတယ်ဗျာ။ သမီးလေး ၇ နှစ်ပြည့်ချိန်မှာ ကျောင်းကိုလွှတ်တာကနေ စပါတယ်။ သူတို့ ၂ ယောက်ကို သံယောဇဉ်ဖြစ်နေတဲ့ အိမ်နီးချင်းမိန်းမကြီးကတော့ တားပါတယ် ကလေးကို ကျောင်းကိုမလွှတ်ပါနဲ့ပေါ့။ ဘာလို့ပါလိမ့်။ ကျောင်းမှာအဖြေပေါ်လာတာပါပဲ ကလေးက ပါရမီရှင် master brain ဖြစ်နေလို့ပါ။ ကလေးအကြောင်းသိသွားရင် သူတို့ ၂ ယောက်ကို ခွဲမယ့်သူတွေ ပေါ်လာမှာ စိုးရိမ်လို့ တားမိတာပါပဲ။ တကယ်လည်း ကလေးကို ခွဲမယ့်သူ ပေါ်လာပါတယ်၊ အဲဒါကတော့ သူတို့ကို ၇နှစ်လုံး ပစ်ထားခဲ့တဲ့ မေရီရဲ့အဘွားပါပဲ။ တကယ်တော့ မေရီလေးရဲ့ အမေဟာ သချာင်္ဉာဏ်ကြီးရှင်ပါပဲ။ မပြီးဆုံးသေးတဲ့ အလုပ်တစ်ခုကို ထားခဲ့ပြီး သူ့ကိုယ်သူ သတ်သေသွားခဲ့တာပါ။ မေရီအမေ ထားခဲ့တဲ့ ပုစ္ဆာဟာ millennium problems တွေထဲက တစ်ခုပါ။ Millennium problems တွေဆိုတာ ၂၀၀၀ ခုနှစ်တုန်းက Clay သချာင်္တက္ကသိုလ်ကြီးကနေ သက်သေပြပေးဖို့ ထုတ်ခဲ့တဲ့ ပုစ္ဆာ ၇ ပုဒ်ပါ။ အဖြေရှာနိုင်သူဟာ ဒေါ်လာသန်းချီပြီး ဆုရရှိမယ့်အပြင် ဆုတံဆိပ်တွေနဲ့ နိုဘယ်ဆုအထိကို မှန်းနိုင်ပါလိမ့်မယ်။ လက်ရှိ ၂၀၁၇ အထိကို တစ်ပုဒ်ပဲ အဖြေရှာနိုင်သူရှိပါသေးတယ်။ ဒီဇာတ်လမ်းမှာတော့ မေရီလေးကို သူ့အဘွားက ဒီပုစ္ဆာတွေရှင်းနိင်ဖို့နဲ့ သူ့လက်အောက်မှာ ပျိုးထောင်ဖို့ ဖရန့်ဆီကနေ လာခေါ်ပါတယ်။ ဖရန့်ကတော့ သူ့အမေရဲ့ ဖြစ်ခဲ့သလို မေရီ့ကို မဖြစ်စေချင်ဘဲ သာမာန်ကလေးဘဝနဲ့ ကြီးပြင်းစေချင်တာမို့ လုံးဝငြင်းဆန်လိုက်တဲ့အခါ သားအမိနှစ်ယောက် ကလေးလုဖို့အတွက် ရှေ့နေကိုယ်စီနဲ့ တရားရုံးမှာ ရင်ဆိုင်တွေ့ရပါတော့တယ်။ ဖရန့်က ကလေးတက်လမ်းအတွက် မေရီ့ကို လက်လွှတ်နိုင်မလား၊ ဆက်ခေါ်ထားဖို့ ဆုံးဖြတ်မလား။ မေရီကို ပိုင်ဆိုင်တဲ့သူက အနိုင်လား အရှုံးလား၊ လက်လွှတ်ရတဲ့သူက အနိင်လား အရှုံးလား။ မေရီအတွက်ကရော ဘယ်လမ်းက အမှန်လည်း ဘယ်လမ်းကအမှားလည်း။ ပြိုင်ပွဲတစ်ခုဆိုတာ အနိုင်အရှုံး ရိုးရှင်းပေမယ့် မေတ္တာတရားနဲ့ ရောယှက်လာရင်တော့ ဒီမေးခွန်းတွေဟာ အင်မတန်ကို ဖြေရခက်ပါလိမ့်မယ်။ မထင်ထားတဲ့ဟာတွေနဲ့ လှည့်ကွက်တွေကိုတော့ ဇာတ်လမ်းထဲမှာပဲ ဆက်ခံစားကြည့်ပါလို့ ညွှန်းချင်ပါတယ်။ File Size     :   725 MB Duration    :   1 : 36: 54 Quality       :   Bluray rip 720p Translator  :  Littleneo Encoder      :  Littleneo

Comedy • Crime • Drama
8 2017 101 mins
Gifted
American Terror Tales 2
4.2

American Terror Tales 2 (2023) ====================== American Terror Tales 2 ကတော့ သရဲကားကိုမှ တစ္ဆေတွေ ဝင်ပူးတဲ့ သရဲအိမ်၊ လူသတ်တဲ့အရုပ်နဲ့ အကကျောင်းက စုန်းမလေး ဆိုပြီး သုံးပိုင်းခွဲ ပြထားတဲ့ horror ဇာတ်ကားပါ။ ဇာတ်ကားအရှိန်က အရမ်းကြောက်ဖို့မကောင်းပေမဲ့ visual ကတော့ တော်တော်လေး creepy and gross ဖြစ်ပါတယ်။ ပေါ့ပေါ့ပါးပါး horror ဇာတ်လမ်း အတို ကြည့်ချင်တဲ့သူတွေအတွက်တော့ ကြည့်ပျော်ရှုပျော်ဖြစ်စေမယ့် ကားမျိုးပါ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Thwal Htoo Zin ဖြစ်ပါတယ်) File Size……….(1.4 GB) / (310 MB) Quality…………WEB-DL 1080p / 720p Duration……..1Hr 13Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Horror Translator……Thwal Htoo Zin Encoder……….SWM

4.2 2023
American Terror Tales 2
Burning Betrayal

ဒီရုပ်ရှင်ကတော့ 365 Days နဲ့တူပါတယ်။ မင်းသား မင်းသမီးအလန်းတွေကိုရွေး အဖော်အချွတ် အိပ်ရာခန်းတွေကို ဇာတ်လမ်းနဲ့ အံဝင်ခွင်ကျ ဖောဖောသီသီထည့်ထားတဲ့ ရုပ်ရှင်အမျိုးအစားပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ လှည့်ကွက်လေးတွေနဲ့ Crime, Drama အမျိုးအစားပါပဲ။ ဘာဘီဟာ သူ့ရဲ့ချစ်သူ ကိုင်အိုနဲ့လက်ထပ်ဖို့ ပြင်နေပါပြီ။ လက်မထပ်ခင် အပျိုညမှာပဲ သူ့ဆီကို ကိုင်အိုဖောက်ပြန်နေတဲ့ ဓာတ်ပုံတွေရောက်လာလို့ အရမ်းဒေါသထွက်သွားပြီး ပြတ်စဲလိုက်ပါတယ်။ သူ့ အချစ်ဆုံးသူငယ်ချင်း နှစ်ယောက်ဖြစ်တဲ့ ပက်တီ နဲ့ သီရာဂို တို့အကူအညီနဲ့လည်း သူ့ကို လက်စားချေဖို့ ကြိုးစားပါတယ်။ အဲဒီမှာ တရားသူကြီးတစ်ယောက်နဲ့ ထပ်ညှိသွားပါတယ်။ သူ့ရည်းစားကို ရိုးရိုးလက်စားချေဖို့ ကြိုးစားရာကနေ ရာဇဝတ်မှုတွေနဲ့ပါ ဆက်နွယ်လာတဲ့အခါ…. File size…(1.3GB) / (707 MB) Quality….1080p / 720p Format…mp4 Duration….01:39:00 Genre…Romance, Mystery, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Andreson

0 2023
Burning Betrayal
North Face
7.4

North Face ရုပ်ရှင်ဟာ ၂၀၀၈ ခုနှစ်မှာထွက်ရှိခဲ့တဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်းအပေါ်အခြေခံပြီးရိုက်ကူးထားတဲ့ ဂျာမန်ဇာတ်လမ်းတစ်ခုဖြစ်ပါတယ်. ၁၉၃၆ ခုနှစ်မှာ ဥရောပတောင်တန်းတွေထဲက အန္တရာယ်အများဆုံးတောင်တွေထဲက တောင်ကြီးရဲ့ မြောက်ဘက်ခြမ်းကို အခြားနိုင်ငံက တောင်တက်သမားတွေနဲ့ ယှဉ်ပြိုင်တက်ရောက်တဲ့ ဂျာမန်တောင်တက်သမား ၂ ဉီးရဲ့အကြောင်းကို တင်ဆက်ထားတာဖြစ်ပါတယ်. ဂျာမန်သမိုင်းနောက်ခံ ရုပ်ရှင်တစ်ခုဖြစ်ပြီး ဒါရိုက်တာ Phillip Stolzl မှရိုက်ကူးတင်ဆက်ထားပါဖြစ်ပါတယ်. ၂၀၀၉ ခုနှစ် ဂျာမန်ရုပ်ရှင်ဆုပေးပွဲမှာ အကောင်းဆုံး ရုပ်ရှင်ဆု, အကောင်းဆုံး အသံဆုတို့အပြင် ရုပ်ရှင်ဝေဖန်ရေးဆု ၂ ဆုကိုလည်း ရရှိထားတဲ့ ရုပ်ရှင်ကားကောင်းတစ်ကားဖြစ်ပါတယ်. File size…(2.8GB)/(1.4 GB) Quality….Webrip 1080p / 720p Format…mp4 Duration….02:06:00 Genre…Adventure, Biography, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Joe Joe

7.4 2008
North Face
It Be an Evil Moon

ဘတ်ဂျက် အင်ဒီရုပ်ရှင်ပါ။ ဇာတ်လမ်းအကျဉ်းကတော့ ဖရက်ဒီက သိပ္ပံပညာရှင်တစ်ယောက်ပါ။ ဖရက်ဒီက အမေအိုကြီးနဲ့ အတူနေပါတယ်။ ဖရက်ဒီက ဆေးတစ်ခုကိုဖော်နေပါတယ်။ ဆံပင်ကျွတ်တာ သက်သာစေတဲ့ဆေးပါ။ ဖရက်ဒီရဲ့ဆေးဖော်မြူလာဟာ အစပိုင်းမှာတော့ အဆင်ပြေနေပြီး ဆံပင်ကျွတ်တာတွေ တကယ် သက်သာနေခဲ့ပါတယ်။ ဒါပေမဲ့ ဖရက်ဒီမသိလိုက်တာတစ်ခုက ‌ဒီဆေးဖော်မြူလာမှာ ဘေးထွက်ဆိုးကျိုးတစ်ခုရှိနေတာပါ။ ဒီဘေးထွက်ဆိုးကျိုးကတော့ ဆေးကိုအသုံးပြုထားတဲ့သူတွေကို သမန်းဝံပုလွေအဖြစ် ပြောင်းလဲသွားစေတာကို ဖရက်ဒီသိလိုက်ရတဲ့နောက်မှာတော့ ဖရက်ဒီအတွက် သိပ်နောက်ကျသွားခဲ့ပါပြီ။ သမန်းဝံပုလွေဆေးကိုသုံးမိခဲ့တဲ့ ဖရက်ဒီတစ်ယောက် ဘာတွေဆက်ကြုံတွေ့လာရမလဲ၊ ဖရက်ဒီကိုယ်တိုင်ရော သမန်းဝံပုလွေဖြစ်သွားမှာလား၊ ဖရက်ဒီတစ်ယောက် ဘယ်လိုအဆုံးသတ်သွားမလဲဆိုတာ ဆက်လက်ကြည့်ရှုလိုက်ပါဦး။ File size…(1.4 GB)/(626 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:24:00 Genre… Comedy, Horror Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Steven Khant

0 2023
It Be an Evil Moon
Pollock
7

Pollock (2000) ~ IMDb – 7/10, RT – 80%, Meta – 77% ~ ဂျက်ဆင်ပိုးလော့ဆိုတဲ့နာမည်ကို ပန်းချီပညာကို စိတ်ဝင်စားတဲ့သူ တော်တော်များများရင်းနှီးကြမှာပါပဲ။ ပိုးလော့ဟာ အမေရိကန်ပန်းချီရဲ့ ဟန်စစ်စစ်ပေါ်လာအောင် အစပြုခဲ့တဲ့လူ အမေရိကရဲ့ အကောင်းဆုံးပန်းချီဆရာလို့ သမုတ်ခံရတဲ့ ပန်းချီဆရာမျိုးပါ။ Pollock (2000) ကို Ed Harris ကိုယ်တိုင် ပိုးလော့နေရာက သရုပ်ဆောင် ရိုက်ကူးထားတယ်။ ဒီရုပ်ရှင်အစပြုတာကတော့ ဟားရစ်အဖေက ဟားရစ်ကို ပိုးလော့ဘိုင်အိုဂရပ်ဖီစာအုပ်တစ်အုပ်ပေးရာက စတယ်။ ရုပ်ရှင်အဆုံးမှာလည်း ဒီရုပ်ရှင်ဟာ သူ့အဖေနဲ့အမေကို ရည်ညွှန်းတယ်လို့ ဆိုထားတယ်။ ဒီရုပ်ရှင်ကို ဟားရစ်ဟာ စိတ်ရောကိုယ်ပါ အားထည့်ရိုက်ကူးခဲ့ပြီး ဒီထဲက ပန်းချီဆွဲခန်းတွေ ပန်းချီတွေကိုလည်း ဟားရစ်ကိုယ်တိုင်ပဲ ဆွဲခဲ့တယ်။ ဟားရစ်ဟာ ပိုးလော့ရုပ်ရှင်နဲ့ အော်စကာမှာ အကောင်းဆုံးသရုပ်ဆောင်ဆု ဆန်ခါတင်ဝင်ခဲ့ပြီး သူ့မိန်းမနေရာက သရုပ်ဆောင်ခဲ့တဲ့ Marcia Gay Harden ကတော့ အော်စကာဆုရသွားခဲ့ပါတယ်။ တခြားသရုပ်ဆောင်တွေအနေနဲ့တော့ ဗယ်ခေးမားက ဒီကူးနင်းနေရာက သရုပ်ဆောင်ထားပြီး ဂျနီဖာကွန်နယ်လီက ပိုးလော့နဲ့အတူတူသေဆုံးခဲ့တဲ့ သူနဲ့ဖြစ်နေတဲ့ မိန်းကလေးနေရာက သရုပ်ဆောင်ထားတယ်။ ပိုးလော့ဟာ အမေရိကန်စတိုင်ပန်းချီလို့ဆိုကြတဲ့ Abstract Expressionism ခေါ် ဒြပ်မဲ့ဝေဒနာပန်းချီ ပေါ်ဦးစက ပန်းချီဆရာတစ်ယောက်။ အဲဒီမတိုင်ခင်မှာ အမေရိကန်မှာ ပန်းချီပညာတော့ရှိပေမဲ့ အမေရိကန်ဟန်စစ်စစ်လို့ပြောလို့ရတဲ့ ဟန်တော့မရှိခဲ့ဘူးလို့ ဆိုတယ်။ ဒြပ်မဲ့ဝေဒနာပန်းချီကတော့ အမေရိကန်ဟန်စစ်စစ်အဖြစ် ကမ္ပညည်းတင်နိုင်ခဲ့တယ်။ အဲဒီထဲကမှ ပိုးလော့ကို အမေရိကန်ပန်းချီသမိုင်းရဲ့ သူ့ဟန်စစ်စစ်အရှိဆုံးလူအဖြစ် ဝေဖန်ရေးသမားတွေက သမုတ်ခဲ့ကြတယ်။ ဒြပ်မဲ့ဝေဒနာပန်းချီဟာ ဖြစ်တည်မှုပဓာနဝါဒဆန်တယ်လို့ ခိုင်းနှိုင်းပြောကြသလို တကယ်တမ်း ဖြစ်တည်မှုပဓာနဝါဒီလို့ ဆိုသင့်တဲ့ အမေရိကန်မော်ဒန်ပန်းချီဆရာဟာ ပိုးလော့တစ်ယောက်တည်းရှိတယ်လို့လည်း ဆိုခဲ့ကြတယ်။ ပိုးလော့ဟာ သူတို့ခေတ်ပန်းချီဆရာတွေဟာ ပန်းချီရဲ့တင်ပြချင်တဲ့အကြောင်းအရာကို ရှေးကလို ပြင်ပအရာတွေကနေ ရှာစရာမလိုတော့ဘဲ အတွင်းထဲကနေပဲ ရှာကြတယ်လို့ဆိုခဲ့သလို သူကိုယ်တိုင်လည်း မသိစိတ်ကို သူ့ပန်းချီတွေရဲ့ ရင်းမြစ်လို့ ပြောခဲ့ဖူးတယ်။ ပြောရရင် ပိုးလော့ပန်းချီတွေဟာ တာကော့စကီးရုပ်ရှင်တွေလိုပဲ Flow of Consciousness ကို သုံးထားတယ်။ ပိုးလော့ရဲ့ ပန်းချီဆွဲနည်းတွေမှာ အင်ဒီးယန်းတွေရဲ့သဲပန်းချီကနေ သန္ဓေတည်လာတဲ့ အစက်ချဆွဲနည်းတွေ၊ အရှေ့တိုင်းလက်ရေးလှစာလုံးရေးပညာရဲ့ စာရွက်ကိုကြမ်းပေါ်ချပြီး စုတ်တံကို ကင်းဗတ်စ်ပေါ် ဖြတ်စီးရုံလောက်သာ စီးပြီး ဆွဲနည်းတွေပါသလို သူ့ပန်းချီအတွေးအခေါ်မှာလည်း ဟိန္ဒူတွေးခေါ်ပညာရှင် ခရစ်စနားမူရတီးရဲ့ “ကိုယ့်ကိုယ်ကိုယ်ချစ်မိရင် အမှန်တရားနဲ့လည်း ချစ်မိသွားလိမ့်မယ်”ဆိုတဲ့ အယူကလည်း စီးဝင်နေခဲ့တယ်။ ဆန်းတော့လည်း မဆန်းပါဘူး ဘာမှအသစ်မရှိဘူးမို့လား။ မူရာကာမိစာအုပ်တစ်အုပ်ထဲက စကားတစ်ခွန်းလိုပဲ “ဂီတမှာ ဘာမှအသစ်မရှိဘူး၊ ရှိပြီးသားကီးနုတ်တွေကို စုစည်းပြီး လှပတဲ့သံစဉ်တစ်ခုဖြစ်အောင် ဖွဲ့စည်းရတာပဲ” တဲ့။ ပိုးလော့ဟာလည်း ရှိပြီးသားအရာတွေကိုယူပြီး လှပတဲ့အနုပညာအသစ်တစ်ခုအဖြစ် ပြန်မွေးဖွားပေးခဲ့တဲ့သူပါပဲ။ ဒီရုပ်ရှင်မှာတော့ ဒြပ်မဲ့ဝေဒနာပန်းချီဟန်ကို အုတ်မြစ်တည်စေခဲ့တဲ့ ဂျွန်ဂရေဟမ်၊ အက်ရှလေဂေါ်ကီတို့အပေါ် ပိုးလော့အမြင်တွေကိုလည်း ပြောထားသလို ပိုးလော့နဲ့ အောင်မြင်တဲ့ကာလခြင်းသိပ်မကွာတဲ့ ခေတ်ပြိုင်လို့ဆိုရမယ့် ဝီလျံဒီကူးနင်းတို့အပြင် တခြားနာမည်ကြီးဝေဖန်ရေးသမားတွေ အနုပညာသမားတွေကိုလည်း ထည့်သွင်းထားတယ်။ ပိုးလော့အကြောင်း‌ ဘိုင်အိုဆိုတော့ ဒီလူတွေကို မထည့်လို့လည်းမဖြစ်လောက်ဘူးကိုး။‌ သူတို့က ဒီမှာ အရိပ်လောက်ပါတာဆိုတော့ ပိုသေချာသိချင်ရင်တော့ အောင်ခင်မြင့်ရဲ့ မော်ဒန်အမေရိကန်ပန်းချီနဲ့ တွဲဖက်ပြီးကြည့်တာ ပိုအဆင်ပြေပါလိမ့်မယ်။ နောက် ပိုးလော့ရဲ့ ပန်းချီအမြင်တွေ မော်ဒန်ပန်းချီအပေါ် သူ့အမြင်တွေလည်း အင်တာဗျူးတွေမှာ ပြောခဲ့တာကို ထည့်သွင်းဖော်ပြထားတယ်။ ပိုးလော့ရဲ့အတက်အကျတွေကိုလည်း ဖော်ပြထားတယ်။ ပိုးလော့ဟာ သူ့ပန်းချီတွေကို တစ်သိန်းလောက်တန်လာမယ်လို့ ထင်ခဲ့ပေမဲ့ ၂၀၁၆မှာတော့ သူ့ပန်းချီတွေဟာ သန်း၂၀၀အထိ ဈေးပေါက်နေပါပြီ။ ပိုးလော့ပန်းချီဟန်တွေကို ကျွန်တော်တို့ တော်တော်များများမြင်ဖူးကြပါတယ်။ ကလေးဆွဲခိုင်းတောင် ရတယ်လို့ ပြောတဲ့လူတွေလည်းရှိသလို ဆေးတွေပက်ချထားရင်တောင် ဖြစ်တယ်လို့ ပြောတဲ့လူတွေလည်း ရှိခဲ့တယ်။ ဘာတွေဆွဲမှန်းမသိကြတဲ့လူတွေလည်းရှိတယ်။ ဒါနဲ့ပတ်သက်ပြီး ပိုးလော့ပြောထားတာကတော့… “ပန်းချီကားကြည့်ကြတဲ့လူတွေသာ ပန်းချီကိုပဲ ကြည့်လိုက်ရင် ပန်းချီကားကို ခံစားဖို့ ဘာပြဿနာမှရှိမှာမဟုတ်ဘူး။ ပန်းခင်းကြီးကို ကြည့်သလိုကြည့်လိုက်ရုံပါပဲ။ ဘာအဓိပ္ပာယ်နဲ့ဆွဲထားသလဲသိဖို့ ခေါင်းခဲနေစရာမလိုပါဘူး”တဲ့။ ကိုးကား – “မော်ဒန်အမေရိကန်ပန်းချီ” အောင်ခင်မြင့် (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.35GB, 985MB Quality – 1080p, 720p IMDb Rating – 7/10 Format – mp4 Duration – 2H 2Min Genre – Biography, Drama Subtitle – Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

Crime • Drama • Thriller
7 2000 132 mins
Pollock
Cold in July
6.7

မိသားစုကိုချစ်မြတ်နိုးတဲ့ Richard Dane က ညနက်သန်းခေါင် သူ့အိမ်ထဲကို ကျူးကျော်ပြီးဝင်လာတဲ့ Freddy Russell ဆိုတဲ့သူကို မတော်တဆသတ်မိသွားတဲ့အခါ၊ ထင်မှတ်မထားတဲ့အဖြစ်ကြောင့် Freddy အဖေ ထောင်ထွက် လူမိုက်ကြီးက Richard Dane တို့မိသားစုကို လက်စားချေဖို့ ကြံစည်လာတဲ့အခါ… Richard တယောက် ကြံရာမရဖြစ်ပြီး ရဲတပ်ဖွဲ့ကို အကူအညီတောင်းပါတော့တယ်။ ဒါပေမဲ့ Freddy အဖေကို ရဲတွေက လူမသိသူမသိလုပ်ကြံဖို့ ကြိုးစားတဲ့အခါ ဒီနောက်ကွယ် မှာတော့ FBI ရဲ့ ဘယ်လိုပူးပေါင်းကြံစည်မှုတွေ၊ လှည့်ကွက်တွေရှိနေတာလဲ။ Richard Dane တယောက် ဘယ်လိုလှည့်စားခံခဲ့ရတာလဲ။ Richard က Freddy အဖေကိုကယ်ထုတ်ပြီး သူတို့နှစ်ယောက်ပူးပေါင်းလိုက်ကြတဲ့အခါ Freddy အစစ်ကို ရှာပုံတော်ဖွင့်ကြမှာဖြစ်ပါတယ်။ ဒီဇာတ်လမ်းက အစပိုင်းမှာ ရိုးရိုးရှင်းရှင်းစတင်ထားတယ်ဆိုပေမဲ့ နောက်ပိုင်းမှာတော့ အထူးစုံထောက်ကြီး Johnson ကပါ ပူးပေါင်းပါဝင်လာတဲ့အခါ ရာဇဝတ်မှုအရှုပ်တော်ပုံကြီးကို တဆင့်ပြီးတဆင့် ဖော်ထုတ် သွားကြမှာဖြစ်ပါတယ်။ အချိန်ပေးပြီး ကြည့်ရကျိုးနပ်စေမယ့် မှုခင်းစုံထောက်ဇာတ်ကားကောင်းဖြစ်လို့ အသည်းတအေးအေး ကြည့်ရှုကြရမှာဖြစ်ပါတယ်။ File size…1.38GB / 656MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 49m Genre …..Crime , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by AICOG

Thriller • Drama
6.7 2014 109 mins
Cold in July
The Water Flows to the Sea
6.3

၂၀၂၃ ဇွန်လ ၉ ရက်ကထွက်ရှိထားတဲ့ဂျပန် Romance ရုပ်ရှင်ဟာ မမနဲ့မောင်လေးကြားက အချစ်ဇာတ်လမ်းဖြစ်ပြီး Mizu wa Umi ni Mukatte Nagareru ဆိုတဲ့ Manga စီးရီးကို အခြေခံရိုက်ကူးထားတာဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း **************** နာအိုတာဆုဆိုတဲ့အထက်တန်းကျောင်းသားလေးဟာ အိမ်ကနေကျောင်းတက်ရမှာဝေးတာကြောင့် ဦးလေး အိမ်မှာလာနေဖို့ဖြစ်လာခဲ့ပါတယ်။ မိုးသည်းတဲ့နေ့မှာ ဦးလေးအိမ်နဲ့အနီးဆုံးဘူတာကိုရောက်ရှိလာတဲ့နာအိုတာဆုကို အရွယ်ရောက်ပြီးအမျိုးသမီးဆာကာကီကလာကြိုရာကနေ ဇာတ်လမ်းကိုစတင်ထားပါတယ်။ နာအိုတာဆုရဲ့ဦးလေးဟာ တကယ်တော့ မျှဝေနေထိုင်ကြရတဲ့အိမ်မှာနေတာဖြစ်တဲ့ အတွက် နာအိုတာဆုဟာ တခြားလူတွေနဲ့ပါအတူနေရဖို့ ဖြစ်လာပါတယ်။ ဆာကာကီက အသက် ၂၆ နှစ်အရွယ် အမျိုးသမီးဖြစ်ပြီး နာအိုတာဆုရဲ့ဦးလေးရှီဂီမီချီကတော့ ကာတွန်းရေးဆရာတစ်ယောက်ဖြစ်အောင်ကြိုးစားဖို့ မိဘတွေ မသိအောင်ပုံမှန်အလုပ်ကနေထွက်ထားသူဖြစ်ပါတယ်။ သူတို့နဲ့အတူတခြားနေထိုင်သူတွေဖြစ်တဲ့နာရူဆဲက ကမ္ဘာပတ် နေတဲ့တက္ကသိုလ်ပါမောက္ခတစ်ဦးဖြစ်ပြီး အီဇူမီယာကတော့ အမျိုးသမီးအဝတ်အစားတွေနဲ့ဗေဒင်ဟောသူတစ်ဦးပါ။ သူတို့တွေနဲ့အတူနေထိုင်ကြရင်း နာအိုတာဆုဟာ ဆာကာကီကို ချစ်သွားခဲ့ပေမယ့် သူတို့နှစ်ဦးချစ်ကြိုက်လို့မရတဲ့ အတိတ်က အကြောင်းအရာတွေပြန်လည်ပေါ်ပေါက်လာတဲ့အခါမှာတော့ နာအိုတာဆုနဲ့ဆာကာကီတို့ရဲ့အချစ်က ရှေ့ဆက်နိုင်ဦးမှာလား ဆိုတာစောင့်ကြည့်ရမှာပဲဖြစ်ပါတယ်။ File size…2.53GB / 1.05GB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….2h 3m Genre ….. Drama , Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by JULY

6.3 2023
The Water Flows to the Sea
Kill Command
5.8

၂၀၁၆ ကထွက်ရှိထားတဲ့ဗြိတိန်သိပ္ပံစိတ်ကူးယဉ်ရုပ်ရှင် Kill Command ကတော့ မရိန်းစစ်သားတွေနဲ့ AI စက်ရုပ်တွေကြမ်းကြမ်းတမ်းတမ်းချကြမယ့် အက်ရှင်ကား တစ်ကားဖြစ်ပါတယ်။ Mission: Impossible ရုပ်ရှင်တွေထဲက မင်းသမီးချော Vanessa Kirby က အဓိကဇာတ်ကောင်တစ်ခု ဖြစ်တဲ့ Cyborg မလေး Mills အဖြစ် ပါဝင်သရုပ်ဆောင် ပေးထားပါတယ်။ နည်းပညာအရမ်းတိုးတက်နေတဲ့ခေတ်ကာလ တစ်ခုကို အခြေခံထားပြီး Harbinger Corporation အတွက် အလုပ်လုပ်တဲ့ Cyborg မလေး Millsဟာ လူသူကင်းမဲ့တဲ့ ကျွန်းတစ်ခုမှာတည်ရှိတဲ့ Harbinger I လေ့ကျင့်ရေးကွင်းမှာ တိုက်ခိုက်ရေး AI စနစ်တစ်ခုက တစ်စုံတစ်ခုလွှဲမှားနေမှန်း ရိပ်စားမိနေခဲ့ပါတယ်။ အဲဒီအချိန်မှာပဲ Mills ဟာ ကပ္ပတိန် Bukes ခေါင်းဆောင်တဲ့ Reaper I မရိန်းအဖွဲ့အတူ Harbinger I ကို သွားရောက်ရဖို့ ဖြစ်လာခဲ့ပါတယ်။ ကပ္ပတိန် Bukes နဲ့အဖွဲ့က သာမန်စစ်ရေး လေ့ကျင့်မှုတစ်ခုလို့ပဲထင်ပြီး ခပ်ပေါ့ပေါ့ပဲလာခဲ့ကြပေမယ့် တပ်ဖွဲ့ဝင်တချို့သေဆုံးသွားပြီးတဲ့နောက်မှာမှ ကျွန်းပေါ်က စနစ်ချွတ်ယွင်းနေတဲ့ AI တိုက်ခိုက်ရေးစနစ်နဲ့ အသေအကြေ ရင်ဆိုင်တိုက်ခိုက်ရမှာကိုသိရှိလာခဲ့ရပါတယ်။ Mills နဲ့ကပ္ပတိန် Bukes တို့အဖွဲ့ဟာ နည်းပညာအဆင့်မြင့်ပြီး သူတို့ကိုသားကောင်တွေလိုသဘောထားအမဲလိုက်မယ့် ခေတ်လွန်စက်ရုပ်ကြီးတွေလက်က ဘယ်လိုလွတ်အောင်ပြေးမလဲ ဆိုတာ ဆက်လက်ကြည့်ရှု့ရမှာပဲဖြစ်ပါတယ်။ File size…1.48GB / 696MB Quality…Blu-Ray 1080p / 720p Format…mp4 Duration….1h 39m Genre ….. Action , Horror , Sci-Fi Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by JULY

5.8 2016 99 mins
Kill Command
Ghost Game

အခုတင်ဆက်ပေးမယ့်ဇာတ်ကားလေးကတော့ 2024 ခုနှစ်ထွက် horror/thriller ဇာတ်ကားလေးဖြစ်ပါတယ် လူငယ်သဘာဝ စိတ်လှုပ်ရှားပြီး စွန့်စားစရာကိစ္စတွေကိုကြိုက်နှစ်သက်ကြတဲ့ စုံတွဲနှစ်ယောက်ရဲ့ဇာတ်လမ်းလေးဖြစ်ပါတယ် အဖွဲ့တွေဖွဲ့ ဖွဲ့ပြီးအုပ်စုလိုက် သူများအိမ်ထဲကိုခိုးဝင်ပြီး ကင်မရာရိုက်ကြ ပြီးရင် internet ပေါ်တင်ပြီးတော့ တကယ့်အပြင်ဖက်ဘဝမှာ ရလာတဲ့stress တွေကို ဒီလိုနည်းနဲ့ဖြေကြတာမျိုးပါ အဲဒီလိုကစားနည်းကို Ghost game လို့ခေါ်ပါတယ် အဲဒီထဲမှာလော်ရာနဲ့သူ့ကောင်လေးကလည်း စွန့်စားပြီး Halton house ဆိုတဲ့သရဲခြောက်တာကြမ်းပါတယ်ဆိုတဲ့အိမ်ကို ခိုးဝင်မိသွားရင်း သရဲပဲပြန်ခြောက်ခံရမလား သူတို့အိမ်ထဲခိုးဝင်တာကို အိမ်ရှင်တွေပဲမိသွားလားဆိုတာဘယ်လိုတွေဆက်ဖြစ်မလဲဆိုတာ ဇာတ်ကားလေးကို အပန်းဖြေကြည့်ကြဖို့ တင်ဆက်ပေးလိုက်ပါတယ် File size…(1.1 GB)/(470 Mb) Quality….Webrip 1080p / 720p Format… mp4 Duration…. 01:26:00 Genre… Horror, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by CM.Min Htike

Action
0 2024 86 mins
Ghost Game