YoteShin Drive is below this article. Scroll down to view.

Snapdragon 8+ GEN 1 capacity to better Dimensity 9000+

Author: Anonymous Published on: 12 Aug 2022

Antutu has announced the list of the best tales of the most capabilities in September. Most of these are the phones with Qualcomm Snapdragon 8+ Gen 1 chipset. Surprisingly, the Asus Rog Phone 6D, with the MediaTk Dimensity 9000+, has a number 1 in the SD8 + G1 phones. ASUS ROG Phone 6d seized a 1,123,036 points with 1,123,036 points and all the other phones install Snapdragon 8+ Gen 1. The OnPLUS ACE is located in two numbers and 1,111,200 points. The IQoo 10 Pro is 1,111,200 pts and 3 points. Black Shark 7S Pro, Lenovo Legion Y70 and Iqoo 10 are # 4. There are 5 and 6 places, and 1,088,074; It has 1,086,381 and 1,081,766 points. Under the phones, Moto X30 Pro, Xiaomi 12s Pro, and Xiaomi Mix Fold 2 and Xiaomi Mix FOLD 2. 1,067,913 It is 1,068,766 and 1,054,035 points. Antiutu also announced the list of your phones with Dimensia 8100 max and Oppo Reno 8 Pro + 5G's top 3 sets on the list. Ref: Gizmochina

YoteShin Drive

Sign in using google and save to your drive

The.Falcon.and.The.Winter.Soldier.S01E01.New.World.Order.720P[CM].mp4

411.61 MB N/A video/mp4 21320 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
The Weather Man
6.1

ကျွန်တော်တို့အားလုံးဟာ ဘဝသင်ခန်းစာတွေကို ပုံစံအမျိုးမျိုးနဲ့ life long learningလုပ်နေရတဲ့ ဘဝကျောင်းတော်ထဲက ကျောင်းသားလေးတွေပေါ့။ တစ်ခါတလေမှာ အလွယ်တကူနားလည်လိုက်တာ ရှိပေမဲ့ တစ်ခါတစ်လေကျ ခက်ခက်ခဲခဲနဲ့ ရင်းနှီးပေးဆပ် မှုတွေများပြီးမှ ရင်ဘတ်ကြီးကိုရင်းနှီးလိုက်ရပြီးမှ သင်ယူလိုက်ရတာတွေလည်း အများကြီးပါပဲ။ လွယ်ကူတယ်ဆိုတာ အရွယ်ရောက်ပြီးသူတစ်ယောက်ရဲ့ ဘဝထဲကို ဝင်မလာဘူးလို့ ဒေ့ဗ်ရဲ့အဖေက ဒေ့ကို အမြဲဆုံးမပါတယ်။ ဒါပေမဲ့ဒေ့ဗ်တစ်ယောက် ဒါကို လက်မခံနိုင်ဘဲ ပြဿနာပေါင်းစုံနဲ့ ဗရုတ်သုတ်ခလူ့ဘဝကြီးကို အကြီးအကျယ်အဆိုးမြင်နေသူတစ်ယောက်ပါ။ အသက်အရွယ်နဲ့ယှဉ်ရင် မရင့်ကျက်နိုင်သေးတဲ့ဒေ့ဗ်ကတော့ ဘဝရဲ့ပြဿနာတွေကို ထိုင်အလိုမကျဖြစ်နေတဲ့ Grumpy kidလိုပါပဲ။(Grumpyဖြစ်မဖြစ်ကတော့ တစ်ကားလုံးကိုလွှတ်ဆဲနေတော့တာ) work lifeကိုကြည့်ရင်လည်း ဒေ့ဗ်စပရစ်ဇ်ရဲ့ဘဝက စာမေးပွဲခန်းထဲက ကျွန်တော်တို့နဲ့မခြားပါဘူး။ စာမေးပွဲခန်းထဲ ထိုင်နေပေမဲ့ စာဆိုတာဒါလားလို့မေးယူရတဲ့အနော်တို့လိုပဲ သူလည်း မိုးလေဝသပညာဆိုတာ ချိုနဲ့လားဆိုသလိုပါပဲ။ ဒီလိုလူက မိုးလေဝသသတင်းကြေညာသူဆိုတော့ကာ သူမှန်းသမျှကတော့ ကတွတ်ပီအမဲလိုက်သလိုပါပဲ___ ပြောင်းပြန်မှတ်ယူမှ စိတ်ချရမှာပါ။ အလုပ်ကအဆင်မပြေတော့ Family Lifeကိုကြည့်တော့လည်း တလွဲ။ ဇနီးဖြစ်သူနိုရင်းနဲ့ကလည်း တကျက်ကျက်ရန်ဖြစ်၊ နေ့တိုင်းဆူပူနေတဲ့မိဘတွေကြောင့် စိတ်ထွက်ပေါက်ရှာ‌တဲ့ ကလေးတွေက ဆေးစွဲတဲ့လူနဲ့ ဆေးလိပ်သောက်တဲ့လူနဲ့ ပြဿနာတွေဒုနဲ့ဒေး။ ဒီကြားထဲမှာမှ အဖေဖြစ်သူရဲ့ သတင်းဆိုးကလည်း သူ့အတွက်တော့ ကံဆိုးမသွားလေရာ မိုးလိုက်လို့ရွာပါပဲ။ Social lifeကတော့ အထွေအထူးပြောစရာ မလိုပါဘူး။ တလွဲချည်းပဲ တီဗီပေါ်တက်တက်ပြောနေတဲ့ဒေ့ဗ်ကို လူတွေကအင်မတန်ချစ်ခင်ကြတော့ အပြင်မှာတွေ့ရင် ကြုံသလို သွားရည်စာနဲ့ပစ်ပေါက်ပြီး ဆွမ်းကြီးလောင်းကြပါတယ်။ ဒီလိုစုတ်ပြတ်နေတဲ့ဒေ့ဗ်ရဲ့ဘဝကို ပြောင်းလဲပေးမယ့် မဟာအခွင့်အရေးဖြစ်တဲ့ သူ့ရဲ့Dream Jobက သူ့ရှေ့မှောက်ကို ရောက်လာတဲ့အခါမှာတော့ သူ့ရဲ့ရွေးချယ်မှုတွေ အရင်လိုပဲ ဝေဝါးနေဦးမှာလား။ ဘဝရဲ့ပြဿနာတွေကိုရော သူဘယ်လို ဖြေရှင်းသွားမလဲဆိုတာ အတူတူကြည့်ရှုလိုက်ရအောင်ပါ။ Family Dramaပီသစွာနဲ့ လက်တွေ့ဘဝကို ဇာတ်အိမ်တည်ပြီး ရိုက်ကူးထားတဲ့ Nicolas Cageရဲ့နာမည်ကျော်ရုပ်ရှင်ကား တစ်ကားဖြစ်သလို လက်တွေ့ဘဝလိုပဲ မထင်မှတ်ထားတာတွေ အလွဲအချော်တွေ အဖုအထစ်တွေရှိလာတဲ့အခါမှာ လူသားတွေ အတွက်လိုအပ်တဲ့ self-acceptance ဆိုတာကို မျက်ဝါးထင်ထင် ရိုက်ကူးပြထားတဲ့ဒရာမာကောင်းတစ်ကားဆိုတာတော့ ငြင်းမရတဲ့ အမှန်တရားပါပဲ။ life lessonက ပြောင်မြောက်သလို ပရိတ်သတ် ရင်ထဲကိုထိသွားစေမဲ့ နောက်ထပ်တစ်ခုကတော့ ဒေ့ဗ်နဲ့ ရောဘတ်တို့ရဲ့ ဖခင်မေတ္တာပါပဲ။ Comedy drama‌ ကောင်းတစ်ခုပီပီ အခွီလေးလည်းပါ Deepသွားမဲ့scene‌‌လေးတွေလည်းပါတာဖြစ်လို့ ဘဝရဲ့အဆင်မပြေမှုတွေကြားက warming vibe‌လေးကို လိုအပ်နေတဲ့ ပရိသတ်တွေအတွက် Healing ဖြစ်စေမယ့် ရုပ်ရှင်ကားအဖြစ် ညွှန်းပေးလိုက်ရပါတယ်။ File size…1.66GB / 642MB Quality…WEB-Rip 1080p 5.1CH / 720p Format…mp4 Duration….1h 42m Genre ..... Comedy , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Jane

Action • Adventure • Comedy • Romance
6.1 2005 101 mins
The Weather Man
Turner & Hooch
6.3

ဟောင်းပေမဲ့ ကောင်းတယ်ဆိုတာ ဒါမျိုးဗျ..။ အဓိကဇာတ်ကောင်ပါတဲ့ ပိုစတာကို မြင်ပြီးရင်တော့ အထူးတလည် ညွှန်းစရာလိုမယ် မထင်ဘူး..။ Tom Hanks ဆိုတာ ဂန္တဝင်ရယ်လို့ Legendary သရုပ်ဆောင် မင်းသားကြီးတစ်ယောက်ဖြစ်လာပြီးမှ ဟိုးရှေးရှေးတုန်းက ငယ်ရွယ်တဲ့ Tom Hanks ကို ပြန်ကြည့်ရတာလည်း အရသာတစ်မျိုးပဲ..။ လွန်ခဲ့တဲ့ ဆယ်စုနှစ် နှစ်ခုမကတဲ့ အချိန်လောက်တုန်းက ရုပ်ရှင်ဆိုပေမဲ့လည်း အခုနေ ပြန်ကြည့်မိလည်း ဇာတ်ကြောင်းက ကျေနပ်စရာကောင်းသေးတယ်ဗျ..။ အိမ်မွေးတိရစ္ဆာန်လေးတွေဆီကရတဲ့ စိတ်ဒုက္ခ..၊ ပျော်ရွှင်စရာ အခိုက်အတန့်လေးတွေနဲ့ ကြည်နူးစရာ မေတ္တာတရားတွေကို ရယ်စရာ မောစရာတွေနဲ့ ရောပြီး ကြည့်ရှုနိုင်ပါမှာ..။ အိမ်မွေးတိရစ္ဆာန်လေးတွေ မွေးထားတဲ့လူတွေကတော့ ဒီချိုမြတဲ့ဒုက္ခတွေကို ကောင်းကောင်းကြီး နားလည်နိုင်မှာ အသေအချာ..။ ကမ်းခြေမြို့သေးသေးလေးတစ်ခုမှာ စုံစမ်းစစ်ဆေးရေးမှူးလုပ်နေတဲ့ မစ္စတာ တန်နာ တစ်ယောက် တခြားမြို့ကို သိပ်မကြာခင် ပြောင်းရွေ့ရတော့မယ့် ရက်ပိုင်းအတွင်းမှာမှ ဖြစ်ပေါ်လာတဲ့ မတော်တဆမှုတချို့နဲ့.. ဒီကိစ္စရပ်တွေကနေ ဆက်ပြီးတော့ ဖြစ်ပျက်လာမယ့် မှုခင်းဆက်စပ်မှုတွေ..။ အရာအားလုံးကို တိကျ ၊ သေချာ ၊ သပ်ရပ် နေမှ စိတ်တိုင်းကျတတ်တဲ့ စုံစမ်းရေးမှူးကြီး မစ္စတာ တန်နာတစ်ယောက် မမျှော်လင့်ပဲ ခွေးတစ်ကောင် ရလိုက်တဲ့အခါ..။ ဒီလိုမျိုး အားလုံးကို သူ့နေရာနဲ့သူ သပ်ရပ်နေမှ စိတ်တိုင်းကျတဲ့ Perfectionist ကြီးတစ်ယောက်နဲ့ ခွေးတစ်ကောင် ဘယ်လို ယှဉ်တွဲနေထိုင်ကြမလဲဆိုတာရယ်..၊ ငယ်ရွယ်တဲ့ စုံစမ်းစစ်ဆေးရေးမှူး တန်နာ တစ်ဖြစ်လည်း Tom Hanks တစ်ယောက် ဘာတွေ ဖော်ထုတ်ဦးမလဲဆိုတာကိုလည်း စိတ်ဝင်တစား ကြည့်ရှုကြရဦးမယ်ဗျာ..။ ပြီးတော့ ဒီခွေးတစ်ကောင် ကောင်းမှုအကြောင်းပြုလို့ ရေစက်ပါ အကြောင်းဆုံရတဲ့ အချစ်ဇာတ်လမ်းတစ်ခုအကြောင်းကိုရော..။ ရယ်ရယ်မောမော ကြည့်နေရင်း romance လေးလည်း ခံစားရမယ်..။ တိရစ္ဆာန်တစ်ကောင်နဲ့ လူသားတစ်ဦးကြားက ဆက်သွယ်မှု အခက်အခဲတွေနဲ့ မေတ္တာကိုလည်း မြင်တွေ့ရဦးမယ်..။ ဪ..။ ပြီးတော့ ကမ်းခြေမြို့ကလေးမှာရှိတဲ့ ပင်လယ်စာထုတ်လုပ်မှု လုပ်ငန်းကရော ဘယ်လို တရားမဝင်ကိစ္စတွေကို လုပ်နေပါလိမ့်ဆိုတဲ့ မှုခင်းလို အကြောင်းအရာမျိုးတွေကိုရော..။ ဒီဇာတ်ကားမှာတော့ အကြောင်းအရာအတော်များများကို ခံစားချက်မျိုးစုံ ရောယှက်ပြီးတော့ ကြည့်ရှုရနိုင်မှာပါ..။ အများကြီးတော့ မညွှန်းနေတော့ပါဘူး..။ ညွှန်းလည်း မညွှန်းတတ်ဘူးဆိုရင် ပိုမှန်မယ်လို့ ထင်တယ်..။ ဘာလို့ဆိုရင် ဒါက Tom Hanks လေ..။ ကြည့်ဖို့လွတ်သွားလို့ကတော့ ဇာတ်ကားကောင်းတစ်ခု လွတ်သွားသလို ခံစားရစေမှာမို့ သေချာပေါက် ကြည့်ကြည့်လိုက်ကြဖို့ စေတနာတွေ အများကြီး ထည့်ပြီး ညွှန်းလိုက်ရပါတယ်..။ File size…(2.4 GB)/(1.1 GB)/(650 Mb) Quality….Brrip 1080p / 720p / 480p Format…mp4 Duration….01:37:00 Genre...Drama, Crime, Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Shin Mann Htet Myat

Drama
6.3 1989 100 mins
Turner & Hooch
Underworld: Awakening
6.7

Underworld: Awakening(2012) ***************************** Underworld ကားတွေဟာ ၅ကားထွက်ရှိခဲ့ပြီး ဇာတ်အိမ်ခပ်ဆန်းဆန်း အမိုက်စားအက်ရှင်ခန်းတွေကြောင့် ဘက်ဂျက် ၂ဆနီးပါး ရုံတင်ဝင်ငွေပြန်လည် ရရှိခဲ့တဲ့ကားတွေဖြစ်ပါတယ်….. လိုင်ကန်မျိုးနွယ်စုတွေနဲ့ ဗန်ပိုင်းယားတွေရဲ့ အတော်မသတ်နိုင်တဲ့ စစ်ပွဲအကြောင်းကိုအခြေတည်ရိုက်ကူးထားတာဖြစ်ပါတယ်… ခေတ်ပြောင်းလာတာနဲ့အညီ အရင်လို ကုတ်ဖဲ့သတ်ဖြတ်နေကြတာမဟုတ်ဘဲ အဆင့်မြှင့်လက်နက်မျိုးစုံအသုံးပြုလာကြသလို တစ်ဖက်မျိုးနွယ်စု ပျက်သုန်းဖို့အရေး နည်းမျိုးစုံတိုက်ခိုက်ကြတာဖြစ်ပါတယ်… underworld ကိုအစဉ်လိုက်ကြည့်မယ်ဆိုရင်အောက်ပါအတိုင်းကြည့်ရမယ်လို့ဆိုထားပါတယ်.. File size… 3.8GB& 909MB Quality… Blu-Ray1080p,720p Format…mp4 Duration….1hr 28min Genre ….. Action, Fantasy, Thriller Translated by AOI Encoded by Phyo Pyae

6.7 2012 88 mins
Underworld: Awakening
Do You Love Me?
6.2

သိပ်မကြာသေးခင်ကမှ ထွက်ရှိထားတဲ့ အသစ်စက်စက် Ukraine ရုပ်ရှင်ကို တင်ဆက်ပေးချင်ပါတယ်။ ဇာတ်အိမ်က ဆိုဗီယက်ပြည်ထောင်စု မပြိုလဲခင် တစ်နှစ်အလို ၁၉၉၀ခုနှစ် ဆိုဗီယက်ယူကရိန်းနိုင်ငံမှာ ဇာတ်လမ်းတည်ထားပါတယ်။ ခီရာဆိုတဲ့ကောင်မလေးက လူကုန်ထံအသိုင်းဝိုင်းမှာ ကြီးပြင်းလာတဲ့ကောင်မလေး တစ်ယောက်ပါ။ ခီရာ့ရဲ့အဖေက ရုပ်ရှင်ဒါရိုက်တာ တစ်ယောက်ဖြစ်ပြီး ခီရာကလည်း သရုပ်ဆောင်မင်းသမီးဖြစ်ဖို့ ကြိုးစားနေတဲ့ ကောင်မလေးဖြစ်ပါတယ်။ တိုင်းပြည်က ခေတ်ပျက်နေတာတောင် ခီရာတို့မိသားစုက ပဲရစ်မြို့က တင်သွင်းထားတဲ့ Pepsi၊ နိုင်ငံခြားက တင်သွင်းတဲ့ နာရီလိုမျိူး လူသုံးကုန်ပစ္စည်းတွေကို ဝတ်နိုင်တဲ့အထိ ချမ်းသာတဲ့ မိသားစုတွေပါ။ ခီရာတို့က ချမ်းသာရုံတင် မဟုတ်ဘဲ ဆွေကြီးမျိုးကြီးထဲကလည်း ဟုတ်ပါတယ်။ အဖိုးဆိုရင် ဒုတိယကမ္ဘာစစ်မှာ ဖက်ဆစ် နာဇီ ကျူးကျော်သူတွေကို တိုက်ထုတ်ခဲ့တဲ့ တပ်နီရဲဘော်တစ်ယောက်ပါ။ ဒါပေမယ့် ပိုက်ဆံနဲ့ ဂုဏ်တွေက ပျော်ရွှင်အောင် လုပ်ပေးနိုင်ပေမယ့် အတိုင်းတာတစ်ခုအထိပါပဲ။ အရာရာအဆင်ပြေနေတဲ့ ခီရာတစ်ယောက် မထင်မှတ်ထားတဲ့ ကိစ္စတွေကို ကြုံလာရတဲ့အခါတော့ အသက် ၁၇နှစ်ပဲ ရှိသေးတဲ့ ကလေးမဟုတ် လူကြီးမဟုတ်တဲ့ ကာလမှာ သူ့အရွယ်နဲ့ ရုန်းကန်လာရပါတော့တယ်။ ခေတ်ပျက်ကြီး ထဲမှာ ရုန်းကန်ရင်း ခီရာရဲ့ အချစ်ရေးအကြောင်းကိုလည်း ယှဥ်တွဲပြီး ဖော်ပြပေးသွားတာ တကယ်ကို အံ့မခန်းပါပဲ။ ဒီရုပ်ရှင်မှာ ဆိုဗီယက်မပြိုလဲခင် တိုင်းပြည်ရဲ့နေရာတကာမှာ အယိုင်ယိုင်အလဲလဲဖြစ်နေတာကို မြင်တွေ့ရမှာဖြစ်ပြီး ဆိုဗီယက်ရဲ့အခွန်စနစ်၊ ရိက္ခာ ခွဲဝေမှုစနစ်နဲ့ အစားသောက် ရှားပါးလာပုံတွေ မှောင်ခိုလောကတွေ အကုန်လုံးကို မြင်တွေ့ရမှာဖြစ်ပါတယ်။ ကဲ ခီရာတစ်ယောက် ခေတ်ပျက်ကြီးထဲမှာ သူ့ရဲ့ဘဝလေးကို ဘယ်လိုရုန်းကန်ရင်း အချစ်ပျောက်လိုက်ရှာမလဲဆိုတာကို ရုပ်ရှင်ကိုကြည့်ရင်း စီးမြောလိုက်ရအောင်။ အညွှန်းနဲ့ ဘာသာပြန်သူက Minn Khant Kyi Win ဖြစ်ပါတယ်။ File size…(1.7 GB)/(860 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:30:00 Genre…Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Min Khant Kyi Win

6.2 2023
Do You Love Me?
The Game of Trust
6.7

အခုတင်ဆက်ပေးချင်တဲ့ဇာတ်ကားလေးကတော့ Trust Game ဆိုတဲ့ ဘူဂေးရီးယားဇာတ်ကားလေးပဲဖြစ်ပါတယ် ဒီဇာတ်ကားလေးကတော့ စိတ်ဓာတ်ကြံ့ခိုင်သန်မာတဲ့အမျိုးသမီးနှစ်ယောက် သူတို့ဘဝလွတ်လပ်မှုရဖို့ကို ဘယ်လိုရှာဖွေကြိုးပမ်းမလဲဆိုတာကို ရိုက်ကူးပုံဖော်ထားတာဖြစ်ပါတယ်…… ဒီအမျိုးသမီးနှစ်ယောက်ကတော့ ဒန်နီရယ်လာနဲ့ အယ်လီနာဆိုတဲ့ အမျိုးသမီးနှစ်ယောက်ပဲဖြစ်ပါတယ် သူတို့နှစ်ယောက်က တကယ်တော့သားအမိပါ။ ဇာတ်လမ်းလေးကို အယ်လီနာတစ်ယောက် မျက်နှာမှာ ဒါဏ်ရာဒဏ်ချက်တွေနဲ့ ရဲစခန်းမှာ စစ်ဆေးမေးမြန်းခံနေရတာနဲ့ စတင်ဖွင့်ထားပါတယ် အဲ့ကနေမှ အယ်လီနာတစ်ယောက် သူ့ရဲ့အိမ်ထောင်ရေးမှာဘယ်လိုတွေဖြစ်ခဲ့တာလဲ သူငယ်ငယ်က သူ့အမေရဲ့ဘဝကရောဘယ်လိုလဲ သူ့အမေ ဒန်နီရယ်လာက သူမကို ယုံကြည်မှုကစားပွဲဆိုပြီး မိတ်ဆက်ပေးခဲ့ပါတယ် ယုံကြည်မှုကစားပွဲဆိုတာ ဘယ်လိုမျိုးလဲ…….. အမေရော သမီးရော သူတို့ရဲ့ဘဝတွေကို ယောက်ျားတွေရဲ့ ဖိနှိပ်မှုကနေ လွတ်လပ်အောင် ဘယ်လိုတွေကြိုးပမ်းရမလဲဆိုတာကို အမေရဲ့ ဘဝရော သမီးရဲ့ ဘဝရောကို တစ်လှည့်စီ စိတ်ဝင်စားဖွယ်ကောင်းအောင်ရိုက်ကူးပြထားတာဖြစ်ပါတယ်……. File size…(1.1 GB)/(660 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:40:00 Genre…Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Ruby jane

6.7 2023
The Game of Trust
[18+] Delicious You Passed

******************************* ဒါလည်းကွီးယားတက်တူးမမရဲ့ကားပါပဲ..ဆိုတော့ အညွှန်းမဖတ်ဘဲ ဒေါင်းလိုက်ပါတော့.. ဂယောင်းဆူနဲ့ ယောင်းဆူ ညီအစ်ကိုနှစ်ယောက်က Enjoy Village ဆိုတဲ့ ဟိုတယ်လေးကိုဖွင့်ဖို ပြင်ဆင်နေကြတာပါ အဲဒီဟိုတယ်မှာ မန်နေဂျာအဖြစ် အလုပ်လုပ်ဖိုအတွက် သင်တန်း နည်းပြဆရာမ လုပ်ခဲ့ဖူးတဲ့ ဟန်ဂျီယူနဲ့ အရက်ဆိုင်မှာ အလုပ်လုပ်ခဲ့ဖူးသူ ယူဘန်းဆွန်းတို လာလျှောက်ကြပါတယ် ‌ဂယောင်းဆူ ယောင်းဆူ ညီအစ်ကိုနှစ်ယောက်လည်း လျှောက်ထားသူနှစ်ယောက်ကို အလုပ်ခန့်ထားဖိုရာ စမ်းသပ်မှုအမျိုးမျိုး လုပ်ကြတဲ့အခါမှာတော့… File Size : 1.7GB & 632MB Quality : WEB-DL 1080p, 720p Format…mp4 Duration…01:12:00 Genre : Adult, Drama Subtitle : Myanmar Subtitle (Hard Sub) Translated by ‌SD Encoded by DS

Comedy • Romance • Drama • TV Movie
0 2020
[18+] Delicious You Passed
The Forbidden Play

The Forbidden Play (2023) “Kinjirareta Asobi” ~ MyDramaList – 6.8/10 ~ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလ ပထမအပတ်တုန်းက မြန်မာပြည်မှာရုံတင်သွားခဲ့တဲ့ ဂျပန် Horror, Thriller ဇာတ်ကား The Forbidden Play (2023) ကို တင်ဆက်ပေးလိုက်ပါတယ်။ ယာဉ်တိုက်မှုမတော်တဆဖြစ်စဉ်ကြောင့် မိခင်ဖြစ်သူ အီဟာရမီယူကီ (Ihara Miyuki) ရုတ်တရက် ဆုံးသွားတဲ့အခါမှာ သားဖြစ်သူ အီဟာရဟာရုတို (Ihara Haruto) က သွားလေသူမိခင်ကို အသက်ပြန်ရှင်လာဖိုအတွက် လက်ချောင်းတစ်ချောင်းကို ဖြုတ်ယူ၊ သူတို့အိမ်နောက်ဖေးမှာ မြေမြှုပ်နှံပြီး မိခင်ဖြစ်သူ အသက်ပြန်ရှင်လာဖို့အတွက် နေ့တိုင်းဆုတောင်းပေးနေရာကနေ ထိတ်လန့်ဖွယ်ရာတွေကို ဘယ်လိုတွေ့ကြုံရမလဲဆိုတာကို ကြည့်ရှုခံစားရမှာဖြစ်ပါတယ်။ The Forbidden Play ကိုရိုက်ကူးတဲ့သူကတော့ တစ်ခြားသူမဟုတ်ပါဘူး။ ဂျပန်မူရင်း Ring (1998), Ring 2 (1999), Dark Water (2002) တို့အပြင် L: Change the World (2008), Sadako (2019), “Stolen Identity” Trilogy (2018,2020,2024), Usogui (2022) အစရှိတဲ့ ဂန္ထဝင် Horror, Mystery, Thriller ဇာတ်ကားများစွာကို ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ Hideo Nakata ဖြစ်ပါတယ်။ ၂၀၁၉ ခုနှစ်မှာ ရေးသားထုတ်ဝေခဲ့တဲ့ Shimizu Karuma ရဲ့ Kinjirareta Asobi (The Forbidden Play) စာအုပ်ကို အခြေခံပြီး အဲဒီနာမည်နဲ့ပဲရိုက်ကူးခဲ့တာပါ။ Once Upon a Crime (2023), Karada Sagashi (2022) နောက်ပြီး Kingdom 1-4 မှာ Karyoten အဖြစ် သရုပ်ဆောင်ထားတဲ့ Kanna Hashimoto နဲ့ Daiki Shigeoka တို့ကအဓိကပါဝင်ထားပြီး First Summer Uika, Mayu Hotta, Shinobu Hasegawa တို့လိုသရုပ်ဆောင်တွေလည်း ပါဝင်ထားကြပါတယ်။ The Forbidden Play ဇာတ်ကားရဲ့ အင်္ဂလိပ်ဘာသာနဲ့ပိုစတာမှာ Scariest Japanese Horror Film of the Year ဆိုပြီးရေးထားပေမဲ့ တကယ်တမ်းတော့ အရမ်းကြောက်စရာမကောင်းပါဘူး။ ဂျပန်သရဲကားတွေထုံးစံ ဇာတ်လမ်းဇာတ်ကွက်က စိတ်ဝင်စားစရာကောင်းပြီး ဟာကွက်တွေရှိနေပေမဲ့ လန့်ချင်၊ ကြောက်ချင်ပါတယ်ဆိုကာမှ သရုပ်ဆောင်တွေရဲ့ အူကြောင်ကြောင်အကွက်တွေကြောင့် ထထရယ်နေမိပါလိမ့်မယ်။ တစ်နေရာမှာတော့ မထူးဆန်းလှတဲ့ သွေးထွက်သံယိုဇာတ်ဝင်ခန်း တစ်ခန်းတစ်လေပါလာလို့ ဒီကပြည်တွင်းရုံတွေမှာ ဆင်ဆာရရဲ့လားမသိဘူးလို့တွေးမိပါသေးတယ်။ အက်ရှင်ကားတွေလည်းမကြည့်ချင်၊ ဦးနှောက်သုံးရတဲ့ကားတွေလည်းမကြည့်ချင်၊ အရမ်းကြောက်ဖို့ကောင်းတဲ့သရဲကားတွေလည်းမကြည့်ချင်၊ “ကြည့်နေတုန်းကြောက်၊ ကြည့်ပြီးတာနဲ့မေ့” ဆိုတဲ့သရဲကားကို တစ်ညတာအတွက် အချိန်ဖြုန်းကြည့်ချင်ရင်တော့ Ring (1998) ကြောင့် King of the Japanese Horror Film Director တစ်ပါးလို့ ဒီနေ့ခေတ်အထိ နာမည်ကြီးနေတဲ့ ဒါရိုက်တာ Hideo Nakata ရဲ့ အခုကား The Forbidden Play (2023) ကိုကြည့်ဖို့ တိုက်တွန်းပါရစေ။ (ဒီဇာတ်ကားနဲ့အညွှန်းကို AK မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.35GB, 1GB Quality – 1080p, 720p Format – mp4 Duration – 1H 50Min Genre – Horror, Thriller Subtitle – Myanmar Subtitle (Hardsub) Translated by AK Encoded by Y

Romance • Comedy • TV Movie
0 2023 110 mins
The Forbidden Play
Marinette

CM ပရိတ်သတ်ကြီးတို့ကို ဒီတစ်ခါတင်ဆက်ပေးမှာကတော့ ပြင်သစ်အမျိုးသမီးဘောလုံးသမား မာရီနက်ပီရွှန်အကြောင်းရိုက်ကူးထားတဲ့ အတ္ထုပ္ပတ္တိရုပ်ရှင်ဖြစ်ပါတယ်။ မာရီနက်ဟာ ယူအက်စ်မှာ ပရော်ဖက်ရှင်နယ်အဆင့်စာချုပ်ချုပ်ဆိုနိုင်ခဲ့တဲ့ ပထမဆုံးပြင်သစ်အမျိုးသမီးဘောလုံးသမားဖြစ်ပါတယ်။ ဒါ့အပြင် LGBTQတစ်ယောက်ဖြစ်ပြီးတော့ တရားဝင်လက်ထပ်ယူထားတဲ့ဇနီးနဲ့ သားလေးတစ်ယောက်ရှိပါတယ်။ သူ့ရဲ့ဘောလုံးသမားဘဝအစပိုင်းက လွယ်ကူခဲ့တာတော့မဟုတ်ပါဘူး။ သူ့ရဲ့ငယ်ဘဝဟာ အရက်သမားအဖေရဲ့အိမ်တွင်းအကြမ်းဖက်မှုတွေကြောင့် အတော်စိတ်ညစ်စရာကောင်းခဲ့တာပါ။ ကံကောင်းတာကတော့ သူ့အမေက သူ့အိပ်မက်ကိုအားပေးပေးခဲ့ပါတယ်။ ကျောင်းပွဲတွေမှာ ယောက်ျားလေးအသင်းထဲဝင်ကစားခဲ့ရာကနေ Saint-Memmie Olympique အမျိုးသမီးဘောလုံးအသင်းမှာ ရွေးချယ်ခံခဲ့ရပါတယ်။ အဲ့ကနေ သူ့ရဲ့ဘောလုံးအားကစားသမားဘဝအစပြုခဲ့တယ်လို့ဆိုရမှာပါပဲ။ သူ့ခေတ်သူ့အခါတုန်းက ပြင်သစ်ဟာ အမျိုးသမီးဘောလုံးအားကစားကို သိပ်အရေးမထားပေးခဲ့ပါဘူး။ မာရီနက်ဟာ ၂၀၀၇ခုနှစ်မှာ ဘောလုံးအားကစားလောကကနေ အနားယူသွားခဲ့ပါတယ်။ သူ့ကို အာဂပြင်သစ်အမျိုးသမီးဘောလုံးသမားအဖြစ် သတ်မှတ်ထားကြဆဲပါပဲ။ ပြင်သစ်အမျိုးသမီးဘောလုံးသမားတွေအကြောင်း သေချာရိုက်ပြထားတာဖြစ်လို့ ကြည့်ရှုခံစားလိုက်ကြပါဦး။ File size…(1.6 GB)/(960 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:32:00 Genre…History, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Ngwe Zin

0 2023
Marinette
This Beautiful Fantastic
6.9

ဒီကားလေးတော့ English Romance Drama ဇာတ်လမ်းလေးဖြစ်ပြီး အဓိကဇာတ်ဆောင် ဘယ်ဘာဘရောင်းဆိုတဲ့ OCD ရှိတဲ့ကောင်မလေးက သူ့ရဲ့တစ်နေ့တာကို တိတိကျကျဖြတ်သန်းနေပါတယ်။ ဒါပေမဲ့ သူ့မှာအပင်တွေကိုကြောက်တဲ့ အကျင့်တစ်ခုရှိပါတယ် တနေ့မှာတော့ သူ့အိမ်ပိုင်‌ရှင်က အပင်တွေကြောက်လို့ မရှင်းပဲထားထားတဲ့ သူ့အိမ်ရှေ့က ဥယျာဉ်ကို မရှင်းနိုင်ရင် အိမ်ပေါ်ကဆင်းကမယ်လို့ပြောလာတဲ့ အခါသူ့အနေနဲ့ ဘယ်လိုဖြေရှင်းမလဲ‌ဆိုတာကြည့်ရမှာပါ။ အဆုံးသတ်လေးကတော့တော်တော်လေးကောင်းပါတယ် ပေါ့ပေါ့ပါးပါးလေးဖြစ်တဲ့အတွက်ကြည့်ရတာလည်း အဆင်ပြေပါတယ်။ File size…(1.6 GB)/(840 Mb) Quality….Blu-Ray 1080p / 720p Format…mp4 Duration….01:32:00 Genre… Comedy, Drama, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Nikkobaby

Science Fiction • Drama • Romance
6.9 2016 100 mins
This Beautiful Fantastic
Cujo
6

Cujo (1983) IMDb – 6.1 horror, thriller ပရိသတ်တွေအတွက် 1983 ခုနှစ်ထွက် ဇာတ်ကားကောင်းတစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။ ကူဂျိုကတော့ စိန့်ဘားနက်ဒ်အမျိုးအစားခွေးကြီးဖြစ်ပြီး ကလေးချစ်တတ်သလို လူကိုလည်းအန္တရာယ်မပေးတတ်ပါဘူး။ ဒါပေမဲ့လည်း တောထဲမှာဆော့ရင်း ခွေးရူးရောဂါပိုးရှိတဲ့ လင်းနို့ကိုက်တာခံလိုက်ရရင်း ‌ရောဂါကူးသွားပြီး ထိန်းမနိုင်သိမ်းမရသောင်းကျန်းပါတော့တယ်။ ဒီအချိန်မှာပဲ တိုက်တိုက်ဆိုင်ဆိုင် ဒွန်နာ ထရန်တန်နဲ့ သားဖြစ်သူ တက်ဒါတို့ကလည်း ကားပျက်ရင်း ကားထဲမှာပိတ်မိနေတဲ့အခါ မိခင်တစ်ယောက်ရဲ့ ဒုက္ခတောထဲကလွတ်မြောက်ဖို့အတွက် ရုန်းကန်ကြိုးစားမှုတွေကို ရင်တမမနဲ့ကြည့်ရှုကြရမှာပဲဖြစ်ပါတယ်။ File size… 2.9 GB / 1 GB Quality… BluRay 1080p / 720p Format… mp4 Audio… AAC Duration…. 1h 33m Genre ….. Horror/Drama Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated… by TMMT

Horror • Thriller • Action
6 1983 93 mins
Cujo
The Biggest Fan
4.3

The Biggest Fan (2025) ဒီရုပ်ရှင်လေးကတော့ 2025 ထွက် မက္ကစီကိုဟာသကားလေးပဲဖြစ်ပါတယ်။ လာရာခရုဇ်ဟာ မက္ကဆီကန်လူမျိုး ဟောလိဝုဒ်နာမည်ကြီး သရုပ်ဆောင်မင်းသမီးတစ်ဦးဖြစ်ပြီး နာမည်ကြီး “Special Crimes” ဇာတ်လမ်းတွဲရဲ့ ပင်တိုင်စံမင်းသမီး တစ်ဦးဖြစ်ပါတယ် ။ တစ်ရက်သူဟာ ပွဲတစ်ခုကို တက်ရောက်ရင်း ပရိတ်သတ်တစ်ဦးကို မတော်တဆရိုက်မိလိုက်ရာကနေ အဆိုပါဗီဒီယိုဟာ အင်တာနက်မှာ Viral ဖြစ်သွားပြီး အားလုံးကမုန်းကာ ဘွိုင်းကော့ ဝိုင်းလုပ်ကြလို့ “Special Crimes” ကနေလည်း အထုတ်ခံလိုက်ရပြီး နာမည်ကြီး မင်းသမီးအဖြစ်ကနေ နေ့ခြင်းညခြင်း အလုပ်လက်မဲ့ ဘဝကို ရောက်သွားပါတော့တယ်။ ထို့သို့နေထိုင်ရင်း တစ်ရက်မှာတော့ သူမရဲ့မွေးရပ်မြေ မက္ကဆီကိုက ရုပ်ရှင်တစ်ကားမှာ ပါဝင်ဖို့ ကမ်းလှမ်းခံခဲ့ရပါတယ်။ ဒီလိုနဲ့ လာနာလည်း သူမရဲ့နာမည်ကို ပြန်အဖတ်ဆယ်နိုင်ဖို့ရည်ရွယ်ချက်နဲ့ မက္ကဆီကိုနိုင်ငံကို ခရီးထွက်လာပါတော့တယ်။ တည်းခိုရာ ဟိုတယ်ရောက်ရောက်ခြင်း ဟိုတယ်က ပိုလီဆိုတဲ့ ရေကန်သန့်ရှင်းရေးမိန်းကလေးက သူမရဲ့အမာခံပရိတ်သတ်ပါဆိုပြီး လာနာကိုနှုတ်ဆက်လာပါတယ်။ နောက်ရက်တွေမှာလည်း ပိုလီဟာ လာနာကို ဇွတ်ဝင်ရောပြီး သူမရဲ့ မိသားစုတစ်ခုလုံးကိုပါ ရိုက်ကွင်းကို‌ ခေါ်ချလာပါတယ်။ အဲ့လိုနဲ့ တစ်ရက်မှာတော့ လာနာဟာ အွန်လိုင်းဆယ်လီတစ်ဦးဖြစ်တဲ့ပိုလီကို သူမရဲ့နာမည်ကို ဆိုရှယ်မီဒီယာကို သုံးပြီး ပြန်မြင့်တင်ပေးရမယ်ဆိုတဲ့ သဘောတူညီချက်နဲ့ လက်ထောက်ခန့်လိုက်ပါတော့တယ်။ သူမရဲ့နာမည်ကို အဖက်ပြန်ဆယ်မယ့် နာမည်ကြီးထမင်းငတ်လာနာနဲ့ ရေကူးကန်သန့်ရှင်းရေး ဘဝကနေ မင်းသမီးရဲ့လက်ထောက်ဖြစ်လာတဲ့ ပိုလီတို့ ဘယ်လို ဆက်စခန်းသွားကြမလဲ ဒီဟာသကားလေးမှာ ဆက်ကြည့်နိုင်ပါတယ်။ (အညွှန်းနဲ့ ဘာသာပြန်ကို Swan Yee Myo Thant မှတင်ဆက်ထားပါတယ်။) File size… (1.7 GB) / (930 MB) Quality…. WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre…. Comedy Duration…. 01:33:44 Subtitle…. Myanmar Subtitle (Hardsub) Encoder…. Benjamin Translated by Swan Yee Myo Thant

4.3 2025 91 mins
The Biggest Fan
Resurrecting the Champ
6.7

Resurrecting the Champ (2007) IMDb – 6.7 ကျွန်တော်တိုတွေရဲ့ဘဝမှာ သိပ်ချစ်လွန်းလို ဒီကမ္ဘာပေါ်မှာ လိမ်မပြောဖူးတဲ့သူရှိပါ့မလား.. ကျွန်တော်ကတော့ လိမ်ပြောဖူးပါတယ်။ လိမ်မပြောဖူးတဲ့သူရှိတယ်ဆိုရင်လည်း ခင်ဗျားဟာ အလိမ်အညာတွေပြည့်နေတဲ့ ဒီလောကကြီးထဲမှာ တကယ့်ကိုစံနမူနာယူထိုက်တဲ့ လူကောင်းတစ်ယောက်လို ချီးကျူးချင်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ အဲရစ်ဆိုတဲ့ဂျာနယ်လစ်တစ်ယောက်က သူ့ရဲ့သတင်းစာတိုက်မှာ တော်တော်လေးရုန်းကန်နေရပါတယ်။ အယ်ဒီတာအသစ်က သူ့ဇာတ်လမ်းတွေကို သဘောမကျဖြစ်နေတယ်။ သူ့မိန်းမနဲ့လည်း ကွဲထားတယ်။ သူသိပ်ချစ်ရတဲ့ သူ့သားလေးနဲ့လည်း အတူမနေရတော့ဘူး။ အဲ့ဒီအချိန်မှာပဲ အရင်ကလက်ဝှေ့ချန်ပီယံဟောင်းကြီးဆိုတဲ့ အိမ်ချေရာမဲ့တစ်ယောက်နဲ့အမှတ်မထင်တွေ့ဆုံမိသွားပါတယ်။ အဲရစ်က ချန်ပီယံကြီးနဲ့ရင်းနှီးသွားတဲ့အခါမှာတောင် ချန်ပီယံကြီးအကြောင်းဇာတ်လမ်းရေးရင်တောင် ကျိန်းသေပေါက်အောင်မြင်နိုင်မယ်လို ယုံကြည်ထားတယ်။ ဒီလိုနဲ့ ချန်ပီယံကြီးအကြောင်းဇာတ်လမ်းကိုရေးလိုက်တဲ့အခါမှာတော့ သူတွက်ထားတဲ့အတိုင်းပဲ နာမည်ကြီးသွားခဲ့ပါတယ်။ ပူလစ်ဇာဆုအတွက် ဆန်ကာတင်စာရင်းထဲတောင်ဝင်သွားခဲ့တယ်။ ဒါပေမယ့်… သူရေးခဲ့တဲ့ဇာတ်လမ်းထဲက မှားနေတယ်ဆိုပြီး လူတစ်ယောက်က ဖုန်းဆက်ပြောလာတဲ့အခါမှတော့ အဲရစ်ထင်ထားတာနဲ့ ဆန့်ကျင်ဘက်တွေဖြစ်လာပါတော့တယ်။ ဒီဇာတ်လမ်းကြည့်ပြီးသွားရင် ကျွန်တော်တိုကိုယ့်ကိုကိုယ် မေးခွန်းတစ်ချိုထုတ်မိကောင်းထုတ်မိကြပါလိမ့်မယ်။ ကျွန်တော်တိုက အမှန်တရားကိုတကယ်ရောသိချင်ကြရဲ့လား။ အမှန်တရားရဲ့ ခါးသီးခြင်းကိုတကယ်ရော လက်ခံနိုင်ကြရဲ့လား။ နောက်ပြီး ချစ်ခြင်းမေတ္တာနဲ့ မုသားစကားတိုကြားမှာ သိမ်မွေ့နက်နဲတဲ့ ဆက်နွယ်မှုတစ်ခုများရှိနေတာလား။ စသည်ဖြင့်ပေါ့..။ သေချာတာတစ်ခုကတော့ ကျွန်တော်တိုရဲ့ စကားတွေက မှန်သည်ဖြစ်စေ မှားသည်ဖြစ်စေ ဒီစကားတွေကို လူများတွေကြားသွားခဲ့ပြီဆိုရင်တော့ ကိုယ့်စကားတွေရဲ့ အကျိုးဆက်ကို ကိုယ်သာလျှင်ရင်ဆိုင်ရမှာပါပဲ။ File Size – 1.72 GB/ 737 MB Quality – BluRay 1080p/ 720p Duration – 1h 52m Format – mp4 Genre – Drama, Sport Subtitle – Myanmar Subtitle (Hard Sub) Translated by – Pyae Hein Kyaw Encoded by – Treasure Htet

Action
6.7 2007 112 mins
Resurrecting the Champ
The Good Teacher

“The Good Teacher” (ပြင်သစ်အမည် Pas de Vagues) က ဒါရိုက်တာ Teddy Lussi-Modeste ရဲ့ ဒရာမာနဲ့ သည်းထိတ်ရင်ဖိုကားတစ်ကားပါ။ François Civil သရုပ်ဆောင်တဲ့ Julien ဆိုတဲ့ ဆရာတစ်ယောက်ဟာ သူ့ရဲ့ ဆယ်ကျော်သက်ကျောင်းသူတစ်ယောက်ရဲ့ မတော်မတရား စွပ်စွဲမှုကြောင့် ပြဿနာတွေ ရင်ဆိုင်ရတယ်။ ဒီစွပ်စွဲတာက ကျောင်းထဲမှာ ကောလာဟလတွေ ပျံ့သွားပြီး Julien ရဲ့ ဂုဏ်သတင်း၊ အလုပ်နဲ့ သူ့ရဲ့ လျှို့ဝှက်ထားတဲ့ ဆက်ဆံရေးတောင် အန္တရာယ်ရှိလာပါတယ်။ ဒါရိုက်တာရဲ့ ၂၀၂၀ ခုနှစ်က ကိုယ်တွေ့အဖြစ်အပျက်ကို အခြေခံထားတာပါ။ ရုပ်ရှင်က ၁ နာရီ ၃၁ မိနစ်ကြာ၊ ပြင်သစ်ဘာသာနဲ့ ရိုက်ထားပြီး မတ်လ ၂၇၊ ၂၀၂၄ မှာ ပြင်သစ်မှာ ရုံတင်ခဲ့တယ်။ IMDb မှာ 6.6/10 ရထားပြီး François Civil ရဲ့ သရုပ်ဆောင်ချက်ကို ဝေဖန်သူတွေက ချီးကျူးကြတယ်။ ဒါပေမယ့် အဆုံးသတ်က သိပ်မပြတ်သားလို့ ပရိသတ်တချို့ စိတ်မကျေနပ်ကြပါဘူး။ ကျောင်းပတ်ဝန်းကျင်က လူမှုရေးပြဿနာတွေကို စိတ်လှုပ်ရှားစွာ ပုံဖော်ထားပြီး ဒရာမာကြိုက်သူတွေအတွက် ကြည့်လို့ကောင်းတဲ့ ကားတစ်ကားလို့ ဆိုနိုင်ပါတယ်ဗျ File size…(1.1 GB)/(648 MB) Quality….Webrip HEVC 1080p / 720p Format…mp4/ mkv Duration….01:48:00 Genre…Drama, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Min Khant

Action • Crime • Drama • Thriller
0 2024
The Good Teacher