YoteShin Drive is below this article. Scroll down to view.

In many countries, you have to work on Windows 11

Author: Anonymous Published on: 12 Aug 2022

Microsoft has confirmed that it has expanded its Android apps to run Android apps in 21 countries. Since the end of Tuesday, Windows 11 users can download Windows 11 users and enable Android app support. This update is available for download Android apps. Microsoft recommends at least 8GB RAM (16GB RAM); SSD (Solid-State Drive); Intel Core i3 8th Gen and above. It is said that there must be Virtual Machine Platforms. To enable Android app Support on your Windows computer, go to the Microsoft Store and download Amazon AppStore. Installing Windows Subsystem For Android and open the Amazon App Store and log in to Amazon account. Then you will find Android apps. The Amazon App Store has no current app, but it can block your favorite apps. WSA for Windows 11, WSA for Windows 11, andorra, Gibraltar, Gibraltar, Gibraltar, Guino, Iransey, Iraches, Liechten, United Kingdom, United Kingdom, United States, United States, United States, United States, United States, It has been released for Vatican City / Holy See. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

The.Exorcists.2023.WEBRip1080p(CM).mp4

905.58 MB N/A video/mp4 1054 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Marriage Blue
6.5

၀၁၃ ခုနှစ်ထွက် Marriage Blue ဇာတ်လမ်းကတော့ Ju Ji Hoon, Ma Dong Seok, Lee Yeon Hee, Kim Kang Hoon, Lee Hee Joon, 2PM အဖွဲ့ဝင် Taecyeon စတဲ့ နာမည်ကျော်သရုပ်ဆောင်တွေများစွာပါဝင်ထားတဲ့ အချစ်ဟာသရုပ်ရှင်လေးဖြစ်ပါတယ်။ လူတိုင်းရဲ့ဘဝမှာ ကောင်းတာပဲဖြစ်ဖြစ် ဆိုးတာပဲဖြစ်ဖြစ် အလှည့်အပြောင်းတွေကြုံရတဲ့အခါ စိတ်ပိုင်းဆိုင်ရာပြဿနာတွေကြုံရလေ့ရှိပါတယ်။ ဒါကြောင့် ကလေးမွေးပြီးနောက်ပိုင်းခံစားရတဲ့ စိတ်ကျရောဂါကိုတော့ baby blue လို့ခေါ်ပြီး လက်မထပ်ခင်ဖြစ်တတ်တဲ့ စိတ်ပိုင်းဆိုင်ရာပြဿနာတွေကိုတော့ marriage blue လို့ခေါ်ပါသတဲ့။ ဒီရုပ်ရှင်ထဲမှာတော့ လက်ထပ်ပြီး ဘဝတစ်ခုတည်ထောင်ကြမယ့်စုံတွဲလေးတွဲရဲ့ ပြဿနာတွေ၊ ကြည်နူးစရာတွေကိုကြည့်ရှုရမှာဖြစ်ပြီး ပရိတ်သတ်တွေအသဲစွဲ သရုပ်ဆောင်တွေမြိုင်မြိုင်ဆိုင်ဆိုင်ပါပဲ။ ၂၀၁၃ ခုနှစ်ကထွက်ရှိခဲ့တဲ့ရုပ်ရှင်ဖြစ်ပေမယ့် ဘယ်အချိန်ကြည့်ကြည့် လက်တွေ့ဘဝက စုံတွဲတွေရဲ့ အချစ်ရေးပြဿနာတွေကို ပေါ့ပေါ့ပါးပါးမီးမောင်းထိုးပြထားသလို ဇာတ်လမ်းဇာတ်အိမ်လေးမို့ ကြည့်ရှုသင့်တဲ့ ရုပ်ရှင်တစ်ကားပါ။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Lao Qui ပဲ ဖြစ်ပါတယ်။ Genre..... Comedy, Romance Quality…. 1080p | 720p | 480p File size… 1.69GB | 976MB | 474MB Format… mp4 Duration…. 1h 58min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Lao Qui Encoder ..... August

Comedy • Romance • TV Movie
6.5 2013 118 mins
Marriage Blue
Work in Vain Song Ci

လျှိုဝှက်ဆန်ဆန် ဂမ္ဘီရဆန်ဆန်မှုခင်းကားတွေကြည့်ချင်တဲ့CMကနေ တရုတ်ရှေးခေတ်မှုခင်းစစ်တဲ့ကားတစ်ကားလေးနဲ့မိတ်ဆက်လိုက်ပါတယ် ရှေ့ခေတ်ကပေါ်ခဲ့တဲ့ ပျောက်ဆုံးနေပြီဖြစ်တဲ့ ပေါ်ရွှင်ဆိုတဲ့မိစ္ဆာဘာသာဝင်တစ်ခုက စုန့်ချီနေတဲ့ချန်တင်းကိုရောက်ရှိလာပြီးကျိန်စာတိုက်ခဲ့တယ် ကျိန်စာကတကယ်ပဲ မိစ္ဆာမျိုးကလုပ်တာလား? လူသားတွေရဲ့ လောဘ ဒေါသ မနာလိုမှုနဲ့ ကာမပျော်မွေ့မှုကြောင့် ဖြစ်လာတဲ့အမှုတွေက တကယ်ပဲကျိန်စာကြောင့်ဖြစ်လာတာလား? လူတွေရဲ့နဂိုစိတ်ရင်းကြောင့်ဖြစ်လာတာလား? စုန့်ခေတ်ရဲ့ အလောင်းစစ်ဆေးတဲ့သူ စုန့်ချီက ဒီအမှုတွေနဲ့ နောက်ကွယ်ကကြိုးကိုင်သူကို ဘယ်လိုတွေးခေါ်မှုတွေအမျှော်အမြင်တွေနဲ့ အမှုကိုဖြေရှင်းမလဲဆိုတာကို လှည့်ကွက်မျိုးစုံ မထင်မှတ်ထားတဲ့ဇာတ်မြှုပ်ဇာတ်ကွက်တွေနဲ့ ရင်ခုန်စိတ်လှုပ်ရှားဖွယ်ကြည့်ရှုနိုင်မဲ့ဇာတ်ကားတစ်ကားဖြစ်ပါတယ်…. [ Reviewed By Chu Chu ] Quality : WEB-DL 1080p , 480p Format : mp4 Genres : Fantasy , Thriller Runtime : 1h 45 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Encoded by LK

Thriller
0 2021 96 mins
Work in Vain Song Ci
cars on the road

ဒီ စီးရီးလေးကတော့ ကမ္ဘာကျော်ကာတွန်းတစ်ခုဖြစ်တဲ့ Cars ကိုပဲ ဇာတ်လမ်းတွဲအဖြစ် ပြန်လည်တင်ဆက်ထားတာပါ။ စုစုပေါင်း ၉ ပိုင်းပါပြီ တစ်ပိုင်းကို ၁၀ မိနစ်ပဲ ကြာပါတယ်။ ဒါကြောင့် ကိုယ့်လူတွေ ဒေါင်းရသက်သာအောင် ၉ ပိုင်းလုံးကို ဆက်ပြီး မိနစ် ၉၀ အဝကြည့်လို့ရအောင် ဖန်တီးပေးထားလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ လိုက်တနင်းမကွင်းရဲ့ အခင်ဆုံးသူငယ်ချင်း မိတ်တာဟာ သူ့အစ်မရဲ့ မင်္ဂလာဆောင်ရှိလို့ ခရီးဝေးကြီးကို တစ်ယောက်တည်းမောင်းနှင်သွားဖို့ အစီအစဉ်ရှိလာပါတယ်။ အဲဒီမှာ မကွင်းကလည်း အားလပ်ရပ်ခရီးသဘောမျိုး အဖော်လိုက်လာတဲ့အခါ သူငယ်ချင်းနှစ်ကောင် တစ်လမ်းလုံး အလွဲမျိုးစုံရယ်စရာမျိုးစုံ တွေ့လာရပါတော့တယ်။ The Shinning ကို ကိုးကားထားတဲ့ သရဲခြောက်တဲ့ဟိုတယ်ကြီးတွေ၊ ဂျူရက်ဆစ်ဝါးဒ် တို့ ဘစ်ဂ်ဖု တို့ တွေကိုပါ ထည့်သွင်းဇာတ်လမ်းဆင်ထားတာမို့ အတော်လေး ကြည့်ကောင်းတဲ့ စီးရီးဖြစ်သွားပါတယ်။ ခံစားကြည့်လိုက်ကြပါဦး File size…(2.3 GB)/(800 Mb)/(300 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….90 Min Genre...Animation Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Mr. Anderson

Action • Fantasy
null 2022
cars on the road
The Devil Has a Name
5.3

ဖြစ်ရပ်မှန်ကို အခြေခံထားတဲ့ မှုခင်း ဒရာမာလေး တစ်ခုလောက် ကြည့်လိုက်ရအောင်။ စက်ရုံကြီးတွေရဲ့ လုပ်ရပ်ကြောင့် ပတ်ဝန်းကျင်မှာ ထိခိုက်မှုတွေဖြစ်တဲ့အကြောင်းကိုအခြေခံထားပါတယ်။ ဒီရုပ်ရှင်ထဲမှာတော့ ရေတွေအဆိပ်သင့်စေတဲ့အတွက် ဧရာမကုမ္ပဏီကြီးကို တရားစွဲတဲ့ လယ်သမားကြီးတစ်ယောက်အကြောင်းပေါ့။ လယ်သမားကြီးကိုအမှုရှုံးဖို့နည်းမျိုးစုံဖိအားပေးပုံတွေ၊ လယ်သမားကြီးဘက်က မျိုးစုံ ရုန်းကန်ရပုံတွေကို စိတ်လှုပ်ရှားစရာ ပြသထားတာဖြစ်ပါတယ်။ ကြည့်လိုက်ပါဦး။ File size…(1.57GB)/(787Mb)/( Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:37:00 Genre...Drama /  Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by TainHlwar

Action • Crime • Thriller
5.3 2019 97 mins
The Devil Has a Name
The Death of Stalin
7

IMDb....7.2,,,Rotten......96% စစ်အာဏာရှင်ဆိုပြီး စတာလင်ကို မသိတဲ့သူ ခပ်ရှားရှားပါပဲ...သူ့ရဲ့ အကြောင်းတွေဟာ   သမိုင်းစာမျက်နှာရဲ့ ဆိုးယုတ်မှုဆိုတဲ့ခေါငး်စဉ်အောက်မှာ အမြဲနေရာယူထားလေ့ရှိတယ်...လူသန်းပေါင်း (၂၀)ခန့်ကို သတ်ခဲ့တဲ့သူ..သတ်ခဲ့ရတဲ့ အကြောင်းရင်းတွေကလည်း သူ့အတ္တနဲ့ သူ့မာနတွေကြောင့်က ခပ်များများ..... ဒီလို အာဏာရှင်ကို လူတိုင်းက သေချင်နေကြနေကြတယ်....ဒီဇာတ်ကားကတော့ စတာလင် ရုတ်တရက်ကွယ်လွန်သွားပြီးတဲ့နောက်ပိုင်းမှာ အုပ်ချုပ်ရေးပိုင်းက လူကြီးတွေကရော ဘယ်လိုတွေတုန့်ပြန်ကြလဲ...ဘယ်လိုတွေရှေ့ဆက်ကြလဲ.... ဒါတွေအားလုံးကို ဟာသလေးနှောပြီး ပြောင်မြောက်စွာပုံဖော်ထားတယ်... ဟာသနှောတယ်ဆိုပြီး ဒီကားကရဲ့ ပုံစံကိုတစ်မျိုးမထင်လိုက်နဲ့ဦး... အကုန်လုံးက ပညာသားပါပါနဲ့ လှလှပပလေးထိုးနှက်သွားတာ.. မူရင်းပုံစံတွေနဲ့ အနှစ်သာရလည်းမပျောက်ပျက်အောင် သမိုင်းကြောင်းကိုလည်း သွေဖီမသွားအောင် အားလုံးကို အပြောင်မြောက်ဆုံးတင်ဆက်ထားတယ်... ဒါကြောင့်လည်း  ဆုပေါင်း(၁၈)ဆု အခြားဆုများအတွက် ဆန်ကာတင်(၃၂)ဆုရွေးချယ်ခံရသလို Rating တွေအနေနဲ့လည်းအမြင့်ဆုံးကိုရရှိထားတယ်... ကိုင်း နိုင်ငံရေးကိုလည်း လေ့လာဖြစ် ဟာသလေးတွေလည်း သဘောကျတဲ့အဖြစ်ကိုရောက်ရှိစေမယ့် ကားဆိုတော့ ကြည့်လိုက်ကြပါဦးဗျို့.... File Size : (992 MB) and (396 MB) Quality : Blu-Ray 720p Format…mp4 Duration…01:47:00 Genre :  Comedy, Drama, History Subtitle : Myanmar Subtitle (Hard Sub) Translated by Paing Encoded by Phyo Pyae

Drama • Science Fiction
7 2017 107 mins
The Death of Stalin
Superheroes
6.7

ဒီဇာတ်ကားလေးရဲ့နာမည်က‌တော့ Superheroesတဲ့။ ဒါပေမယ့်စူပါဟီးရိုးတွေအကြောင်းတော့မဟုတ်ဘူး။ မာကိုဆိုတဲ့ ရူပဗေဒဆရာတယောက်နဲ့အန်နာဆိုတဲ့ ပန်းချီဆရာမလေးတို့အတွဲရဲ့အချစ်ဆိုတဲ့အရာတခုကို အချိန်တွေကြာလာတာနဲ့အမျှ အန်နာရဲ့ Superheroes ဆိုတဲ့ သူတို့အကြောင်းရုပ်ပြစာအုပ်လေးအတိုင်း အဓိပ္ပါယ်အမျိုးမျိုး ဖွင့်ဆိုကြတဲ့ပုံပေါ့။ သူတို့နှစ်ယောက်စတွေ့ခဲ့ကြတာက တံခါး၀လေးတခုအောက်မှာ မိုးခိုနေရင်းနဲ့။ မာကိုကတော့ စိတ်မြန်လက်မြန်လုပ်တတ်ပြီး သူ့အတွက် အချိန်ဆိုတာ အပြင်မှာတကယ်မရှိတဲ့အရာလို့ လက်ခံထားတဲ့သူ။ အန်နာကတော့ပျော်ပျော်နေသေခဲ ယောကျာ်းတယောက်ကို တညထက်ပိုမတွဲသလို realtionship တခုမှာ တသက်လုံးချစ်ရမှာကို အရမ်းကြောက်တဲ့ကောင်မလေး။ ဒီလိုသူတို့နှစ်ယောက်ရဲ့စတွေ့ကြတဲ့အချိန်ကနေ ဆယ်နှစ်ကြာပြီးတဲ့ မျက်မှောက်အချိန်အထိ သူတို့ရဲ့အချစ်ခရီးလမ်းမှာ ချစ်လိုက်ကြ ပြတ်လိုက်ကြအခိုက်အတန့်လေးတွေ သူတို့ရဲ့ခံစားချက်လေးတွေ လျှို့ဝှက်ချက်လေးတွေ ဘ၀အနိမ့်အမြင့်တွေကို ဒီဇာတ်ကားမှာ ကြည့်ရှုကြရမှာပဲဖြစ်ပါတယ်။ CMပရိတ်သတ်ကြီးကိုမေးခွန်းလေးတခုပဲ မေးစရာရှိတာကတော့ လူတယောက်ကိုတသက်လုံး သစ္စာရှိရှိနဲ့ ချစ်နိုင်ဖို့အတွက်က ဘယ်လိုစူပါပါဝါမျိုးတွေ လိုအပ်မှာပါလဲ။ File size…1.97GB / 756MB Quality…WEB-Rip 1080p / 720p Format…mp4 Duration….2h 2m Genre ….. Comedy , Drama , Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Brackman

Drama • Crime
6.7 2021
Superheroes
Cold Copy

ထွက်ထားတာမကြာသေးတဲ့ အမေရိကန်လျှို့ဝှက်သည်းဖို ရုပ်ရှင်တစ်ကားကို တင်ဆက်ပေးပါရစေ။ ရုပ်ရှင်ကြည့်ပရိသတ်တို့ မျက်နှာမစိမ်းလောက်တဲ့ Wonder(2017), Room(2015)ရုပ်ရှင်တွေထဲက ကလေးသရုပ်ဆောင် ဂျေကော့ဘ်တောင် ဒီထဲမှာ ဆယ်ကျော်သက်ကောင်လေး အီဂေါ်အဖြစ်ပါဝင်ထားပါတယ်။ မီယာဆိုတာ အသက်ရှစ်နှစ်အရွယ်ကတည်းက အောင်မြင်တဲ့ဂျာနယ်လစ်တစ်ယောက်ဖြစ်ဖို့ အိပ်မက်ရှိတဲ့သူ။ အိပ်မက်အတိုင်းလည်း တစိုက်မက်မက်ကြိုးစားနေတဲ့သူ။ သူ့သင်တန်းဆရာမကတော့ TNRရုပ်သံလိုင်းရဲ့ နာမည်ကျော်အစီအစဉ်မှူး ဒိုင်ယန်း။ ဒိုင်ယန်းက တပည့်ဖြစ်သူတွေကို TNRရုပ်သံလိုင်းမှာလွှင့်ပေးမယ်ဆိုတဲ့ စကားနဲ့ ကျောင်းသူတွေကို ထူးခြားတဲ့ဇာတ်လမ်းတစ်ပုဒ်ရှာခိုင်းခဲ့ပါတယ်။ ဒီမှာပဲ ဖုံးကွယ်ထားတဲ့ ကြေကွဲဖွယ်ဇာတ်လမ်းတွေနဲ့ ဂျစ်ကန်ကန်ဆယ်ကျော်သက်လေး အီဂေါ်ရဲ့ဇာတ်လမ်းကို မီယာတစ်ယောက် တွေ့ခဲ့ပါတယ်။ ပန်းတိုင်ကိုရောက်ဖို့ ဘာမဆိုချနင်းရမယ်ဆိုတဲ့ ဒိုင်ယန်းနဲ့ ဖြစ်ချင်တဲ့အိပ်မက်နောက်ကို တကောက်ကောက် လိုက်နေတဲ့ မီယာတို့ ဒီဇာတ်လမ်းနဲ့ပတ်သက်ပြီး ယှဉ်ပြိုင်ကြရတဲ့အခါမှာတော့…။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Pyae Phyoဖြစ်ပါတယ်) File size…(1.5 GB)/(699 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:36:00 Genre…Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Pyae Phyo

0 2023 96 mins
Cold Copy
Godzilla, Mothra and King Ghidorah: Giant Monsters All-Out Attack
7

Godzilla, Mothra and King Ghidorah: Giant Monsters All-Out Attack (2001) ====================================================== IMDb Rating – 7.0/10 ဒီဇာတ်ကားဟာ အခုချိန်မှာ အကောင်းဆုံးဂေါ်ဇီလာကားတွေထဲက တစ်ကားလို့သတ်မှတ်ခံထားရတဲ့ ဇာတ်ကားတစ်ကားဖြစ်နေပါပြီ။ ဒါရိုက်တာTakashi Yamazaki ကိုယ်တိုင်သူ့အကြိုက်ဆုံးဇာတ်ကား တွေထဲကတစ်ခုလို့ဆိုခဲ့ပြီး သူ့ကိုယ်ပိုင် Godzilla Minus One (2023) အတွက်စိတ်ကူးကွန့်မြူးစေခဲ့တဲ့ကားလည်းဖြစ်တယ်လို့သိရပါတယ်။ ဒီကားမှာတော့ ပထမဆုံးအကြိမ် တိုက်ခိုက်မှုဖြစ်ပြီး နောက်နှစ်ပေါင်း ငါးဆယ်ကျော်မှာ ဂေါ်ဇီလာကြီးကို ဟိုတစ်စ ဒီတစ်စပြန်လည်တွေ့မြင် ရပုံနဲ့အစပျိုးထားပါတယ်။ဒါပေမယ့် ဂေါ်ဇီလာလို့ထင်ရတဲ့ လှုပ်ရှားမှု တိုင်း ဖြစ်စဉ်တိုင်းဟာ ဂေါ်ဇီလာမဟုတ်ပဲနဲ့တစ်ခြားသော ဧရာမသတ္တဝါ ကြီးတွေပါ ပါဝင်နေပြီး မကြာခင်မှာ သူတို့အားလုံးပေါင်းစုံပြီး ဂေါ်ဇီလာကို ရင်ဆိုင်တိုက်ခိုက်ကြမှာဖြစ်ပါတယ်။ ခေတ်မှီလက်နက်တွေအပြည့်အစုံ ရှိပေမယ့် ဘယ်အရာကိုမှမဖြုံတဲ့ ဂေါ်ဇီလာကိုနှိမ်နင်းမယ့်ပွဲမှာ လူတွေက ဘယ်လိုအခန်းကဏ္ဍကနေပါဝင်တိုက်ခိုက်ကြမလဲဆိုတာကို ဆက်လက်ရှု စားကြပါ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Alias ဖြစ်ပါတယ်) File Size……….(1.87 GB) / (980 MB) Quality…………BLU-RAY 1080p / 720p Duration………1Hr 45Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Action, Adventure, Drama Translator…….Alias Encoder……….SWM

7 2001
Godzilla, Mothra and King Ghidorah: Giant Monsters All-Out Attack
Qayamat Se Qayamat Tak
7.4

အငြိုးအတေးဆိုတာ အရမ်းကြောက်ဖို့ ကောင်းတဲ့အရာပါ။ ဇာတ်လမ်းရဲ့ အစမှာ ဒါနက်ပူးရ် ရွာလေးရဲ့ မြေပိုင်ရှင်ကြီးသား မင်္ဂလာပွဲ ပြင်နေတာက စပါတယ်။ ဘယ်သူမှ မသိတာက အဲဒီလူရဲ့ သားနဲ့ တခြား မြေရှင်ကြီးရဲ့ သမီးတို့ ငြိစွန်းပြီး ကိုယ်ဝန်ရှိနေတာပါပဲ။ သူနဲ့ ရတာ မဟုတ်ဘူးလို့ ငြင်းဆိုလိုက်ပြီး အဲဒီ ကောင်မလေးလဲ ကိုယ့်ဟာကိုယ် အဆုံးစီရင်သွားပါတယ်။ ဒါကို မကျေနပ်လို့ အစ်ကိုဖြစ်သူက ညီမအစား လူသတ်မှုကျူးလွန်ခဲ့တဲ့အထိ ဖြစ်ကုန်ကြပါတယ်။ ၁၄နှစ်အကြာမှာ ကြမ္မာရဟတ်က တစ်ပတ်ပြန်လည်လာခဲ့ပြီး အဲဒီ မိသားစု ၂ခုရဲ့ သား နဲ့ သမီးတို့ ချစ်ကြိုက်သွားကြပြန်ပါတယ်။ မိသားစု ၂ခုရဲ့ မပြေနိုင်တဲ့ အငြိုးအတေးတွေကြား သူတို့ရဲ့ အချစ်ခရီးက ဖြောင့်ဖြူးပါ့မလား။ ဇာတ်သိမ်းမှာရော ဘယ်လို ဖြစ်ကြမလဲဆိုတာကို စိတ်ဝင်တစား ကြည့်ရှုရမှာ ဖြစ်ပါတယ် File Size : 3.3 GB, 1.3 GB Quality : WEB-DL 1080p / 720p Running Time : 2hr 42min Format : Mp4 Genre : Drama, Musical, Romance Subtitle : Myanmar Subtitle (Hard Sub) Translated by : Boomer Encode by : Thit San Khant

7.4 1988 162 mins
Qayamat Se Qayamat Tak
Northeast “Da Xian’er”
5.6

တရုတ်ကားတွေကြည့်ရင်ဖြစ်ဖြစ်… တရုတ်အသိတွေရှိရင်ဖြစ်ဖြစ်… ဖုန်းရွှေဆိုတဲ့စကားလေးနဲ့ မစိမ်းလောက်ဘူးထင်ပါတယ်… ဒီနေ့ကတော့ ဖုန်းရွှေနဲ့ပတ်သက်ပြီး လူတချို့ရဲ့ ဘဝပြောင်းလဲသွားတဲ့ အကြောင်းပုံဖော်ရိုက်ကူးထားတဲ့ လျို့ဝှက်ဆန်းကြယ်ကားလေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်… ဇာတ်လမ်းလေးကတော့…သရဲပွဲတော်ကာလဆို ဆိုင်တွေ ၁ ပတ်ပိတ်ကြ… လူတွေ ညအပြင်မထွက်ကြနဲ့ နေကြတာ…ဒါကို လေယာဉ်မယ်လေးနဲ့ သူ့ရည်းစားသူဌေးကြီး လျိုချန်ဟူက … အမျိုးပိုင်ရေချိုးခန်းမှာ ရေအတူချိုးရင်း အရှင်လတ်လတ် ရေခဲရိုက်ခံရပြီးသေသွားခဲ့တာပဲ… ဒါက သူ့တရားဝင်ဇနီးကြောင့် ခိုက်တာပါဆိုပြီးဖြစ်တာပဲ… ဒီကြားထဲမှာ နတ်ဆရာနဲ့ ပရောဟိတ်ဆရာကြီးတို့ကလည်း ဝင်ပါနေသေးတယ်… သရဲခြောက်ခံရပြီးသေတာလို့ ပြောနေတဲ့ နတ်ဆရာရယ်…ကံဆိုးတဲ့ ဇနီးကြောင့် ဘိုးဘေးတွေက မကျေနပ်လို့ ဝိညာဉ်နှုတ်ခံရတဲ့အထိ ခိုက်တာပါလို့ စွပ်စွဲနေတဲ့ ပရောဟိတ်ဆရာကြီးရယ်… ကြားထဲမှာ သရဲကလေးလေးကို ကိုယ်ဝန်ဆောင်ထားရတယ်ဆိုတဲ့ သေဆုံးသူရဲ့ဇနီး ကိုယ်ဝန်သည်ရယ်… နောက်သေဆုံးသူထက် ၁ မိနစ်နောက်ကျမွေးလို့ အဖေကြီးရဲ့ မျက်ကွယ်ပြု ငြိုငြင်ခံရတဲ့ သေဆုံးသူရဲ့ အမြွာညီလေးရယ်… ကဲ ဒီဇာတ်ထုတ်ကြီးက ဘယ်လိုတွေရှင်းကြမှာလဲ…အားလုံးက ဒီအမွေဆိုင်လုပ်ငန်းကို လိုချင်နေကြပြီး.. အားလုံးကလည်း အပြန်အလှန်လက်ညှိုးထိုးနေကြတယ်…ဒီတော့ အဆုံးသတ် အမွေတွေ ဘယ်သူရမှာလဲ… ဘယ်သူက လျိုချန်ဟူကို သတ်ခဲ့တာလဲ…

5.6 2025
Northeast “Da Xian’er”
The Queen Of Kung Fu 3
6.2

သိုင်းကားတွေကွန်ဖူးချတာတွေမှ ကြည့်ချင်တဲ့ပရိတ်သတ်ကြီးအတွက် လက်မလွှတ်သင့်တဲ့ကားကောင်းလေးတစ်ကားလာပါပြီ တရုတ်တော်လှန်ရေးခေတ်မှာ သိုင်းလောကနံပါတ်တစ်ရဖိုအတွက် သိုင်းသမားအချင်းချင်းပြန်တိုက်ခိုက်နေကြပါတယ် ဘာလိုနံပါတ်တစ်ရဖိုလိုချင်ကြလဲဆိုရင် နိုင်ငံခြားသားကုန်သည်တွေဟာ သိုင်းလောကနံပါတ်တစ်သမားနဲ့ပဲပူးပေါင်းပြီး လောင်းကစားတွေ လူကုန်ကူးတာတွေ မူးယစ်ဆေးဝါးတွေလုပ်လိုပါပဲ အဲ့အချိန်သိုင်းလောကနံပါတ်တစ်ရရှိထားသူကတော့ မင်ဂိုဏ်းကခေါင်းဆောင်အားရှီပါ ဒါပေမဲ့သူကနိုင်ငံခြားသားတွေနဲ့မပူးပေါင်းပါဘူး အဆင့်တစ်နဲ့မှပူးပေါင်းချင်တဲ့နိုင်ငံခြားသားတွေနဲ့ အဆင့်တစ်ကိုလိုချင်တဲ့လုံဂိုဏ်းဟာအားရှိကိုလုပ်ကြံကြပါတော့တယ် သူတိုပဲလုပ်ကြံနိုင်မလားအားရှီကဘာတွေပြန်လုပ်ပြီး ဘယ်လိုဖြစ်သွားမလဲဆိုတာဇာတ်လမ်းလေးထဲကြည့်ရှုပေးပါနော် သိုင်းချခန်းတွေကတော့ ရှယ်ပါပါတယ်

6.2 2022
The Queen Of Kung Fu 3
[18+] Deep Inside: Angeli Khang
5.4

Deep Inside: Angeli Khang (2025) IMDb Rating (5.4) VMX ရဲ့ A-lister တစ်ယောက် ဘုရင်မတစ်ယောက်ဆိုရင် ငြင်းမယ့်သူမရှိတဲ့ ပြည်တွင်းမှာပါပရိသတ်အခိုင်အမာရှိတဲ့အန်ဂျလီခံ သို့မဟုတ် Angeli Khang ရဲ့နောက်ခံဘ၀တစ်စိတ်တစ်ပိုင်း၊ သူ့နာမည်ကျော်ကားတွေထဲက အဟော့ဆုံးဇာတ်ဝင်ခန်းတွေကိုစုစည်းတင်ဆက်မှုဖြစ်ပါတယ်။ Deep Inside ဆိုတဲ့နာမည်နဲ့ပဲ တစ်ခြားနာမည်ကျော်မင်းသမီးတွေအကြောင်းထပ်ပြီးလာဖို့ရှိနိုင်သေးပြီး အစီအစဉ်တင်ဆက်သူအဖြစ် အဆိုတော်မင်းသမီးလေး Ataska Mercado ကပါဝင်ထားပါတယ်။ အားပေးကြပါဦး။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Alias ဖြစ်ပါတယ်။) File size…(970 MB) / (450 MB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Drama Duration….01:16:59 Subtitle….Myanmar Subtitle (Hardsub) Encoder….Alvar Translated by Alias

5.4 2025 76 mins
[18+] Deep Inside: Angeli Khang