YoteShin Drive is below this article. Scroll down to view.

YouTube testing a feature to view 4K video to premium

Author: Anonymous Published on: 12 Aug 2022

Google is now experimenting with new features in YouTube, one of the most commonly used video streaming platform, the most commonly used video streaming platform. But most of the test features are testing youTube premium using the monthly amount of money. In the past few weeks, Google was trying to add a lot of advertisements before the start of the video from YouTube. Now, there is only one feature to prioritize people who buy more premium. This is a need for premium if you want to view YouTube videos with 4K resolution. Therefore, if you are free using YouTube, you will be able to view 4K, but only 2K or 1440p. Currently, some users are experimenting with this kind of users, and it is not known whether Google will actually act later. Ref & # 8211; Neowin

YoteShin Drive

Sign in using google and save to your drive

The Elixir (2025) 720p WEB-DL [RMC].mp4

1.19 GB N/A video/mp4 66 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Killer Ambition
4.1

Killer Ambition ဆိုတဲ့ ဇာတ်ကားကတော့ သည်းထိတ်ရင်ဖိုဒရမ်မာကားတွေကြောင့် နာမည်ကြီးတဲ့ Lifetime Movie Clubကနေတင်ဆက်ပေးထားတဲ့ 2022ခုနှစ်ထွက် IMDB rating 4.1 ရရှိထားတဲ့ dramaဇာတ်ကားတစ်ကား​ဖြစ်ပါတယ်။ ဇာတ်လမ်းကိုတော့ အမျိုးသမီးတစ်ယောက် လှေဆိပ်မှာ သေဆုံးနေတာကနေ စဖွင့်ထားပါတယ်။ 15 နှစ်အကြာမှာတော့ သေဆုံးသွားတဲ့သူရဲ့သမီးဖြစ်သူဟာ အောင်မြင်တဲ့ ​ေကကေ်မျက်ရတနာကုမ္ပဏီတစ်ခုရဲ့ ပိုင်ရှင် ရည်မှန်းချက်ကြီးတဲ့ စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်ဖြစ်လာပါတော့တယ်။ ဒါပေမယ့် သူ လျို့ဝှက်အမျိုးသမီးစီးပွားရေးလုပ်ငန်းရှင်အသင်းကို ဝင်ပြီးတဲ့နောက်မှာတော့ ထူးဆန်းတာတွေဖြစ်လာပါတော့တယ်။ သူ့ကိုတိုက်ခိုက်နေတာကဘယ်သူလဲ။ သူ့ရဲ့လုပ်ငန်းဒီဇိုင်းတွေကို ခိုးယူနေတာကရော ဘယ်သူလဲ။ သူ့အမေရဲ့လူသတ်တရားခံကရော ဘယ်သူလည်းဆိုတာ ရုပ်ရှင်ကားမှာ ဆက်လက်ရှု့စားရမှာဖြစ်ပါတယ်။ ဒီဇာတ်ကားကို plotပိုင်းနဲ့ သရုပ်ဆောင်အပိုင်းကို အရမ်းမျှော်လင့်ပြီးမကြည့်ကြရင်တော့ အကောင်းဆုံးဖြစ်ပါလိမ့်မယ် File size…(1.65GB)  / (772MB) / 434.73MB Quality…. Web 1080P / 720p / 480p Format…mp4 Duration….01:25:00 Genre...  Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Wallace

Fantasy • Romance
4.1 2022 85 mins
Killer Ambition
Tomb Empty Coffin

IMDb Rating - 6.3/10 လူငယ်ပေါင်ချိန်ကို ဇာတ်လမ်းတွဲတွေပဲကြည့်ရတာရိုးနေရင် အပြောင်းအလဲလေးဖြစ်သွားအောင် ရုပ်ရှင်လေးပြောင်းကြည့် ရအောင်။ ပေါင်ချိန်ဆိုတော့ အမှုလိုက်ပြီပေါ့နော်။ ဒါပေမဲ့ သူလိုက်မယ့်အမှုက တော်ရုံတန်ရုံခေါင်းစားတာမျိုးမဟုတ်ဘဲနဲ့ ဘဘာဝလွန်ဖြစ်ရပ်တွေပါ ပါတတ်တာ ပေါင်ချိန်ရဲ့ထုံးစံလိုဖြစ်နေပါပြီ။ အခုလည်း အမှုက သေရာ ကနေပြန်ရှင်လာတဲ့လူသတ်သမားတဲ့။ ဘယ်လိုဖော်ထုတ်မလဲ ဆက် ကြည့်လိုက်ပါဦးနော်။ ။ ဇာတ်လမ်းအကျဉ်းကတော့ ပေါင်ချိန်က သူ့ဆရာဖြစ်တဲ့ သမားတော်ဟူ ဆုံးသွားလို့ ကုန်းအန်းပြည်နယ်ကို ခွင့်ရက်ရှည်ယူပြီး ဆရာ့အုတ်ဂူကို သွားကန်တော့မလို့ပါ။ ဒါပေမဲ့ အဲ့ဒီကုန်းအန်းပြည်နယ်မှာ မိန်းကလေး ငယ်တွေ ပျောက်ဆုံးနေပြီး သူ့ဆရာအလောင်းလည်း ပျောက်နေပါတယ်။ လူတွေပြောကြတာကတော့ သေရာကနေပြန်ရှင်လာပြီး လူတွေကိုလိုက် သတ်၊ မျက်နှာအရေပြားတွေကို ဓါးနဲ့ဆွဲခွာထားပါတယ်တဲ့။ အဲ့ဒီတော့ ဆရာ့အုတ်ဂူကိုကန်တော့ဖို့လာရင်းနဲ့ သေရာကနေပြန်ရှင်လာတဲ့ အမှုအပြင် တခြားပဟေဠိတွေကိုပါ တစ်ခုပြီးတစ်ခု ဘယ်လိုဖြေရှင်းသွား မလဲဆိုတာ ဆက်ကြည့်လိုက်ပါတော့ဗျာ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Jo Jo Va ဖြစ်ပါတယ်) File Size..........(1.27 GB) / (572 MB) Quality............WebRip 1080p / 720p Duration.........1Hr 29mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Action, Adventure, Drama Translator.......Jo Jo Va Encoder..........SWM

Action • Drama • Mystery • Science Fiction
0 2020 88 mins
Tomb Empty Coffin
House of Deadly Lies
5.4

House of Deadly Lies(2023) ************************* ဒီတစ်ခါ ကားကတော့ Mystery , thriller လို Genre မျိုးကို ကြိုက်တတ်တဲ့ လူတွေအတွက်ပဲဖြစ်ပါတယ် Paige ဆိုတဲ့ကောင်မလေးဟာ သူ့သူငယ်ချင်း Joslyn ကို အိမ်ပေါ်ခေါ်တင်ထားပါတယ်.. အကြောင်းအရင်းကတော့ Joslyn ဟာ ကိုယ်ဝန်သည်အမျိုးသမီးဖြစ်ပြီး ယောကျာ်းက နှင်ချလိုက်တာကြောင့် သွားစရာနေရာလည်းမရှိလို့ပါ ဒါကို Paige ရဲ့အမျိုးသား Michael ဟာ သိပ်မကြည်ချင်ပါဘူး... တစ်နေ့ Joslyn ကလေးမွေးတဲ့နေ့မှာတော့ ကလေးအဖေဟာ Michael ဖြစ်နေတာကို သွားတွေ့လိုက်ရပါတော့တယ်.. အဲ့ဒီတော့မှ Michael ဟာ Joslyn ကို အိမ်မှာ လက်ခံထားတာ ဘာကြောင့်မကြည်မှန်းသိသွားပါတော့တယ်.. အဲ့ဒီလိုနဲ့ Paige နဲ့ Joslyn ကြား ဘာတွေဖြစ်လာကြမလဲ Michael နဲ့ရော ဘာတွေဖြစ်ကြမလဲ... ဒါ့အပြင် Michael မှာ တခြားမကောင်းတဲ့အချက်တွေအများကြီးရှိပါသေးတယ် .. အဲ့ဒါကိုတော့ ရုပ်ရှင်ကြည့်ရင်းနဲ့ ရှာဖွေကြည့်လိုက်ကြရအောင်... File Size :(1.7GB)(and (718MB) Quality :WEB-DL 1080P, 720p Format…mp4 Duration…01:37:00 Genre :  Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by Eric Encoded by Phyo Pyae

Drama
5.4 2023 90 mins
House of Deadly Lies
Ribbon
6.3

Ribbon (2021) Screenwriter နဲ့ Directorဖြစ်တဲ့ “Non” ကိုယ်တိုင် ပါဝင်သရုပ်ဆောင်ပြီး ရိုက်ကူးထားတဲ့ 2021ထွက် ဇာတ်ကားကောင်းတစ်ကားပါ။ ဂျပန်နိုင်ငံမှာ အနုပညာကျောင်းသားတွေက ဘွဲ့နှင်းသဘင်ရဲ့ ပြပွဲအခမ်းအနားအတွက် ပန်းချီတွေကို တစ်နှစ်ခန့်ကြိုတင်ပြင်ဆင်ရပါတယ်။ မြန်မာကလူတွေ ဘွဲ့ယူမဲ့နေ့အတွက် အားခဲထားကြသလို ပန်းချီကျောင်းသားတွေကလည်း ပြပွဲနေ့အတွက် ကြိုပြင်ဆင်ပြီး ရင်ခုန်ကြရတာပါ။ ဒါပေမဲ့ ကိုဗစ်တွေ အရှိန်နဲ့ပြန့်နှံ့နေတဲ့၂၀၂၀မှာ ကျောင်းတွေရုတ်တရက်ပိတ်ချလိုက်ဖို့ ဖြစ်လာတဲ့အခါ ဘွဲ့နှင်းသဘင်လည်းဖျက်သိမ်းလိုက်ရပါတယ်။ ပြပြွအခမ်းအနားလည်းမရှိမရှိတော့ပါဘူး။ ကျောင်းသားတွေလည်း ကိုယ့်ပန်းချီကားကို အိမ်ပြန်ယူတဲ့သူကယူ၊ဖြဲပစ်တဲ့သူကဖြဲပစ်နဲ့ ဖြစ်ကုန်ကြပါတယ်။ “အိဆွတ်က”ဆိုတဲ့ အနုပညာကျောင်းသူလည်း ကျွန်မတို့လိုပါပဲ။ ကိုဗစ်ကာလမှာ စာလည်းမသင်ရဘဲ အချိန်တွေပိုနေပေမဲ့ ဘာမှလုပ်ချင်ကိုင်ချင်စိတ်မရှိဖြစ်နေတာပါ။ ဒီလိုမျိုူ လမ်းပျောက်နေတုန်းမှာ အမေက လာလည်ရင်းနဲ့ သူ့ပန်းချီကားကိုအမှိုက်ထင်ပြီး လွှင့်ပစ်လိုက်ပါတယ်။ သူ့မိဘနဲ့ ညီမလေးကလည်း ကိုဗစ်ကိုအကြောက်လွန်နေတာကိုတွေ့ရပြီး သူငယ်ချင်းဖြစ်သူကပါ စိတ်ဓာတ်ကျတဲ့ပုံဖြစ်လာတဲ့အခါ ရောဂါတွေ၊စိတ်ဖိစီးမှုတွေနဲ့ ကိုယ့်ဖြစ်တည်မှုကို ခဏတာပျောက်ရှသွားတဲ့သူမက ဒီကာလကို ဘယ်လိုဖြတ်သန်းမလဲဆိုတာကို ရိုက်ကူးထားတဲ့ရုပ်ရှင်ကား ဖြစ်ပါတယ်။ ( ဘာသာပြန်ပြီး အညွှန်း‌ရေးသားထားသူကတော့ Ingyin San ပါ ) File Size__(1.6GB) / (700MB) Quality__1080p, 720p IMDb Rating__6.3/10 Format__mp4 Duration__01:56:00 Type__Drama Subtitle__Myanmar Subtitle (Hardsub) Translated by Ingyin San Encoded by Naing Aung Latt

Crime • Drama
6.3 2021 115 mins
Ribbon
Beyond the Gates of Hell

လက်ထပ်ပြီးစ လင်မယားနှစ်ယောက်က ခေါင်တဲ့နေရာမှာရှိတဲ့ အိမ်တစ်လုံးကို အောက်စျေးနဲ့ ဝယ်လို့ရလိုက်ပါတယ်။ ဒါပေမယ့် ဖြစ်ချင်တော့ အဲ့ဒီအိမ်က လူသေမှု လူသတ်မှု ရာဇဝင် အများကြီး ရှိထားပြီးသား အိမ်ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ငွေရေးကြေးရေးအကျပ်အတည်းနဲ့ ကြုံနေတဲ့ လင်မယားနှစ်ယောက်က ဒီအိမ်ကို ဘာပြဿနာမှ မဖြစ်လောက်ဘူးထင်ပြီး ယူလိုက်ပါတယ်။ သူတို့အထင်နဲ့ တက်တက်စင်အောင်လွဲတာကတော့ အိမ်ကြီးက ငရဲဂိတ်ဝမှာ ဆောက်ထားတာဖြစ်ပါတယ်။ ဇာတ်လမ်းက American Horror Storyရဲ့ Murder House နဲ့လည်း ဆင်တူပါတယ်။ ရိုက်ထားတာကလည်း creepy vibe အပြည့်ရတယ်ဆိုပေမယ့် အရမ်းတော့ ကြောက်စရာမကောင်းပါဘူး။ ရုပ်ရှင် ကြာချိန်ကလည်း တစ်နာရီ မပြည့်တော့ ကြည့်ရတာ မြန်မြန်သွက်သွက်ရှိပါတယ်။ File size…(739 GB)/(352 MB) Quality….Webrip 1080p / 720p Format…mp4 Duration….00:53:00 Genre…Horror, Comedy, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Leonie

Drama
0 2022
Beyond the Gates of Hell
Irugapatru
8.3

Irugapatru (2023) (အချစ်ရနံ့တို့မွှေးပျံ့ရာဆီသို့) IMDb Rating 8.2/10 ရရှိထားတဲ့ ဇာတ်လမ်းလေးတစ်ပုဒ်ဖြစ်ပြီးတော့ သရုပ်ဆောင် ရှရက်ဒါစရီနာ့သ်၊ ဗစ်ကရမ်ပရာဘူ၊ ဗစ်ဟာ့တို့ ပါဝင်သရုပ်ဆောင်ထားပြီး ပျော်ရွှင်စရာကောင်းတဲ့အောင်မြင်တဲ့ဆက်ဆံရေးတစ်ခုဆီကို ဦးတည်မယ့် နည်းလမ်းလေးတွေကို ထောက်ပြပေးသွားမယ့် ဇာတ်ကားကောင်းလေးတစ်ပုဒ်ပဲ ဖြစ်ပါတယ်။ “အရင်ကလို အချိန်မပေးဖြစ်တော့ဘူး အရင်ကလို အတူရယ်မောပြီး စကားတွေ မပြောဖြစ်ကြတော့ဘူး ကိုယ်က နီးစပ်ဖို့ ကြိုးစားလေလေ မင်းက နောက်ကို ဆုတ်သွားလေလေ” တစ်ဖက်မှာတော့ ” မင်းကနီးစပ်ဖို့ကြိုးစားတိုင်း သူကပိုပြီး စိတ်တွေမွန်းကြပ်လာလေ ” ဒီလို ပြဿနာတွေကို စုံတွဲတိုင်းလိုလို ကြုံဖူးကြမှာပါ။ ဒီလိုတွေကြုံတွေ့လာရပြီး ဘယ်လိုတွေဖြေရှင်းရမလဲဆိုတဲ့နည်းလေးကိုတော့ ဒီဇာတ်လမ်းထဲက စိတ်ပညာကုထုံးဆရာဝန်တစ်ယောက်ဖြစ်သလို အိမ်ထောင်ရေးအကြံပေးတစ်ယောက်ဖြစ်တဲ့ မစ်တရာမာနူဟာရဲ့ အိမ်ထောင်ရေးလမ်းညွှန်ချက်တွေကနေ ထောက်ပြပေးသွားမှာပါ ။ ဒါ့အပြင် စုံတွဲပေါင်းများစွာရဲ့ သူတို့ရဲ့ ဆက်ဆံရေးမှာ ဖြစ်လေ့ရှိတဲ့ ပြဿနာတွေပါ ပြောပြပေးထားတာမလို့ ဇာတ်လမ်းလေးကို ကြည့်ရှုရင်းနဲ့ ကိုယ်ပိုင်အိမ်ထောင်ရေးတို့ သမီးရည်းစားဆက်ဆံရေးတို့မှာ အဆင်ပြေစေမဲ့နည်းလမ်းလေးတွေကို ကြည့်ရှုရမှာမလို့ ကြည့်ရှုရင်း ခံစားအားပေးကြည့်ကြပါဦး… ဒီဇာတ်လမ်းလေးကိုတော့ Dee ~ Aditi ~ YH ~ KKKZ မှ ဘာသာပြန်ဆိုပြီး အညွှန်းရေးပေးထားပါတယ်။ ( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >> https://t.me/cmbollywood)

TV Movie • Drama • Mystery • Thriller
8.3 2023 153 mins
Irugapatru
Escape And Trace
5.8

လုချန်မြို့မှာ ဖြစ်ပွားခဲ့တဲ့ ဆိုးရွာတဲ့ယာဉ်မတော်တဆမှုကိုစုံစမ်းစစ်ဆေးရာက ကွင်းဆက်အမှုတွဲအနေနဲ့ မူးယစ်ဆေးဝါးရောင်းဝယ်မှုတစ်ခုပါ ပါလာခဲ့ပြီး အဆိုပါ မူးယစ်ဆေးဝါးရောင်းဝယ်‌ရေးဂိုဏ်းရဲ့ ခေါင်းဆောင်က လွန်ခဲ့တဲ့ ၅ နှစ်က လုချန်ယာဥ်ထိန်းရဲဌာနက ဒုအဖွဲ့မှူးလီယုံဖုန်းရဲ့ ဆရာကို သတ်သွားခဲ့တဲ့သူဖြစ်နေခဲပါတယ် လီယုံဖုန်းတစ်ယောက် ယာဥ်မတော်တဆမှုရဲ့ တရားခံကို စုံစမ်းရင်း တစ်ဖက်မှာလည်း မူးယစ်ဆေးဝါးရောင်းဝယ်‌ရေးဂိုဏ်းရဲ့ ခေါင်းဆောင်ကို ဖမ်းဆီးနိုင်ဖို့ ကြိုးစားနေချိန်မှာ သူ့သမီးရှင်းရှင်းပါ ပြန်ပေးဆွဲခံလိုက်ရတဲ့အခါမှာတော့ ဘာတွေဆက်ဖြစ်ကြမလဲဆိုတာကို ဒီဇာတ်ကားလေးမှာ ကြည့်ရှုအားပေးကြပါဦး

Horror • Mystery
5.8 2024
Escape And Trace
Cinderella’s Revenge

စင်ဒရဲလားက မင်းသားလေးနဲ့ လက်ထပ်ပြီးနောက် Happily Ever After ဘဝကို ရသွားတယ်လို့ ဇာတ်လမ်းလေး ရှိသလို မင်းသားလေးက ဖောက်ပြန်လို့ စင်ဒရဲလားက လက်ထပ်ပြီးတာတောင် စိတ်ဆင်းရဲစွာနေထိုင်ရတယ်ဆိုတဲ့ မူကွဲတွေလည်း ရှိပါတယ်။ ဒီဇာတ်လမ်းမှာတော့ စင်ဒရဲလားကို သူမရဲ့ ရက်စက်ကြမ်းကြုတ်တဲ့ မိထွေးနဲ့ အစ်မတွေက အဆုံးစွန်ဆုံး ရိုက်နှက်နှိပ်စက်ကြတဲ့အခါ စင်ဒရဲလားက သည်းမခံတော့ဘဲ သူမရဲ့ Fairy Godmother အကူအညီနဲ့ ကလဲ့စားချေတာကို တွေ့ရမှာပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းအမျိုးအစားကတော့ Horror/ Fantasy ဖြစ်ပြီး ကလေးငယ်လေးတွေ မကြည့်သင့်တဲ့ စင်ဒရဲလားကားလေးပါ။ အသတ်အဖြတ်ကြမ်းကြမ်း၊ သွေးထွက်သံယိုများများနဲ့ စင်ဒရဲလားတစ်ယောက် အောင်အောင်မြင်မြင်နဲ့ သူမရဲ့ ကလဲ့စားကိုချေနိုင်မှာလား၊ မင်းသားလေးနဲ့ရော ပျော်စရာဇာတ်သိမ်းလေးရပါတော့မလား ဆိုတာ ဆက်လက်ကြည့်ရှုနိုင်ပါတယ်။ အညွှန်းရေးသားသူနဲ့ ဘာသာပြန်သူကတော့ Nway Oo K Zaw ဖြစ်ပါတယ်။ File size…(1.6 GB)/(809 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:37:00 Genre… Fantasy, Horror Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Nway Oo K Zaw

0 2024
Cinderella’s Revenge
Mystic Singer
7

Sinden Gaib 2024 ကပ်ပါလာသူတစ်ဦး Imdb 7.5 အင်ဒိုကားတွေကြောက်ဖို့ကောင်းပြီဆို တော်ရုံကားက လိုက်မမီကြဘူးဆိုတာ ဒီကားကြည့်ရင်းသိနိုင်ပါတယ် ဒီကားကဖြစ်ရပ်မှန်ကို ပြန်လည်ရိုက်ကူးထားတာဆိုတော့ အပြင်မှာတကယ်ဖြစ်ခဲ့တာပါလားဆိုတဲ့အသိက ပိုပြီးတော့ ချောက်‌ချားစေမှာပါ အာယူတို့အဖွဲ့က သဘာဝလွန်တွေကို လိုက်လံရိုက်ကူးတဲ့ရိုက်ကူးရေးအဖွဲ့သားတွေပါ ဒီတစ်ခါသူတို့ရိုက်ကူးတဲ့နေရာက ဝါတူကန်ဒန်ဆိုတဲ့ကျွန်းလေးပေါ့ အဲဒီမှာအဖွဲ့သားထဲကတစ်ယောက်က ပစ္စည်းတစ်ခုကိုယူလိုက်မိတယ် ယူပြီးပြီးချင်းပဲ ဇာတ်ဆောင်ဖြစ်တဲ့အာယူက ဂျာဗန်သီချင်းနဲ့ အကကိုစကပါတော့တယ် ဒီဇာတ်လမ်းရဲ့အဓိက ဆွဲဆောင်သူက ဒီအကပါပဲ ကျောချမ်းစရာကောင်းလောက်အောင် လက်တစ်ဆစ်ချိုးအကတွေ ကွေးကောက်နေအောင်ကတဲ့ ကြက်သီးထစရာကကွက်တွေက ကြည့်ရှုသူတွေကိုပါ အသည်းယားလာစေမှာပါ ဒီလိုရုတ်တရက် မျက်ဖြူကြီးလန်ပြီး ထကတော့ အပူးခံရပြီဆိုတာအဖွဲ့သားတွေက သိကြပါတယ် ရိုက်ကူးရေးကိုရပ် အိမ်ကိုချက်ချင်းပြန်လာကြပြီး အာယူသတိပြန်ရလာတော့ ကိုယ့်မွေးရပ်မြေကိုပြန်လာကြတာပေါ့ ဒါပေမဲ့မပြီးဆုံးခဲ့တာကတော့ ကပ်ပါလာသူတစ်ယောက်ပါ အာယူ့အိမ်ထဲမှာ အရိပ်အယောင်တွေတွေ့ပေမဲ့ တကယ်လက်တွေ့ကြုံလာတဲ့နေ့က ကျောင်းစည်းဝေးပွဲတစ်ခုမှာပေါ့ ဒီကြောက်စရာအကကိုထကရင်း အစုလိုက်အပြုံလိုက်သရဲပူးကပ်ခံရပြီး အုတ်အော်သောင်းတင်းတွေဖြစ်လာချိန်မှာတော့ ။။ သူတို့ဘယ်လိုဖြေရှင်းသွားမလဲ ဘယ်လိုထိတ်လန့်စရာတွေက ရှေ့ဆက်သူတို့ကိုစောင့်မျှော်နေမယ်ဆိုတာကိုတော့။။ ( အညွှန်းနဲ့ ဘာသာပြန်တွေကတော့ Yunni ~ V ~ Alex ~ ToMo တို့ပဲဖြစ်ပါတယ် )

7 2024
Mystic Singer
Con Queens
5.4

ဘဝမှာ အချစ်ဆုံးလူဆီကနေ လှည့်စားခံရတာမျိုးထက် နာကျင်ရတဲ့ နာကျင်မှုမျိုူးရှိပါ့မလား နောက်ကျောကထိုးတဲ့ဓားက လောကမှာ အဆိုးဆုံး ခံရအခက်ဆုံးပါပဲ ဒီရုပ်ရှင်လေးကလဲ လူ့ဘဝမှာကြုံရလေ့ရှိတဲ့ အချစ်ဆုံးလူကနေ ပေးတဲ့ဒဏ်ရာအကြောင်းကို ရိုက်ကူးတင်ဆက်ပေးထားတာပဲဖြစ်ပါတယ် ဒီကားလေးမှာဆိုရင်တော့ အချစ်ဆုံးသူငယ်ချင်းဆီကနေ သစ္စာဖောက်ခံလိုက်ရပြီးတော့ ထောင်ထဲဝင်လိုက်ရတဲ့ အန်နီတာက ဘယ်လိုနည်းလမ်းနဲ့ ထောင်ထဲကနေထွက်လာပြီးတော့ သူမဘဝကို ဘယ်လိုပြန်လည်ရယူသွားမလဲ၊ သူမရဲ့ဘေးမှာရော နောက်ဆုံးအချိန်ထိ ဘယ်သူတွေကရှိနေပေးခဲ့လည်းဆိုတာ စိတ်ဝင်စားဖွယ် မြင်တွေ့ရမှာပဲဖြစ်ပါတယ်။

5.4 2024 80 mins
Con Queens