YoteShin Drive is below this article. Scroll down to view.

In many countries, you have to work on Windows 11

Author: Anonymous Published on: 12 Aug 2022

Microsoft has confirmed that it has expanded its Android apps to run Android apps in 21 countries. Since the end of Tuesday, Windows 11 users can download Windows 11 users and enable Android app support. This update is available for download Android apps. Microsoft recommends at least 8GB RAM (16GB RAM); SSD (Solid-State Drive); Intel Core i3 8th Gen and above. It is said that there must be Virtual Machine Platforms. To enable Android app Support on your Windows computer, go to the Microsoft Store and download Amazon AppStore. Installing Windows Subsystem For Android and open the Amazon App Store and log in to Amazon account. Then you will find Android apps. The Amazon App Store has no current app, but it can block your favorite apps. WSA for Windows 11, WSA for Windows 11, andorra, Gibraltar, Gibraltar, Gibraltar, Guino, Iransey, Iraches, Liechten, United Kingdom, United Kingdom, United States, United States, United States, United States, United States, It has been released for Vatican City / Holy See. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

The.Duchess.2008.Web-Rip720p(CM).mp4

746.04 MB N/A video/mp4 353 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Mimic
6

ဆရာ့ ဆရာကြီး Guillermo del Toro ကိုယ်တိုင် ဇာတ်ညွန်းရေးသားရိုက်ကူးထားတဲ့ ရုပ်ရှင်ပါ။ သူ့ရဲ့ ဒုတိယမြောက် Feature Film လည်း ဟုတ်ပါတယ်။ ဒါပေမဲ့ ဒီကားဟာ နောက်ခံသမိုင်းကြောင်း တစ်ခုရှိခဲ့သလို ဒီကားရဲ့ ရုံတင်ဗားရှင်းကလည်း del Toro ရဲ့ လက်ရာစစ်စစ် မဟုတ်ခဲ့ပါဘူး။ ဒီကားကို ရိုက်ကူးတဲ့အချိန်မှာ del Toro ဟာ နာမည်ကျော်ထုတ်လုပ်သူတွေဖြစ်တဲ့ Harvey Weinstein နဲ့ Bob Weinstein တို့နဲ့ ပြဿနာတက်ခဲ့ပါတယ်။ Director's vision ကို သူတို့ဟာ မလေးစားခဲ့ကြသလို သူ့ကို တခြားဒါရိုက်တာနဲ့ပါ အစားထိုးဖို့ ကြံစည်ခဲ့ကြပါတယ်။ တာရန်တီနိုနဲ့ သူ့ရည်းစားရဲ့ ထောက်ခံအားပေးမှုကြောင့်နဲ့ တာရန်တီနို့ရည်းစားက del Toro အမြင်ကို မလေးစားရင် ရုပ်ရှင်ကို ရပ်ပစ်မယ်လို့ ခြိမ်းခြောက်ခဲ့လို့သာ မပြုတ်ခဲ့တာပါပဲ။ ဒီကားရဲ့ ရုံတင်ဗားရှင်းမှာလည်း သူ့လက်ထောက်ရိုက်ခဲ့တဲ့ အခန်းတွေထည့်ထားခဲ့တာကြောင့် သူတော်တော်ဒေါသဖြစ်ခဲ့ရပါတယ်။ ဒီကားနောက်ပိုင်းမှာလည်း သူတို့နဲ့ သူ ထပ်ကိုမလုပ်ဖြစ်တော့ပါဘူး။ နောက်ပိုင်းမှာတော့ သူ Director's Cut ပြန်ထုတ်ခဲ့ပါတယ်။ အခုကားကတော့ del Toro လက်ရာစစ်စစ်ကို ကြည့်ရမယ့် Director's Cut ဗားရှင်း ရုပ်ရှင်‌ပေါ့။ သိပ္ပံပညာရှင်တွေဟာ လူသားတွေကောင်းကျိုးအတွက် အမျိုးမျိုး တီထွင် ဆန်းသစ် ကြံဆလေ့ရှိပါတယ်။ သို့ပေသော်ငြား အဲဒီလို လက်သရမ်းမှုမျိုးတွေမှာ ကောင်းကျိုးတွေရှိသလို မထင်မှတ်တဲ့ ဆိုးကျိုးတွေရှိလာနိုင်တယ်ဆိုတာကို ကွက်ကွက်ကွင်းကွင်း သရုပ်ဖော်ပေးထားတာပါပဲ။ စတရစ်ကလာ ရောဂါဆိုးကြီး ပြန့်နှံ့ ကူးစက်လာတဲ့အချိန် ကလေးငယ်ပေါင်းများစွာ ဘဝပျက် သေကြေခဲ့ရတယ်။ အဲ့အချိန်မှာ ဆူဆန်ဆိုတဲ့ ပိုးမွှားဗေဒပညာရှင် အမျိုးသမီးဟာ ခြနဲ့ ဓားခုတ်ကောင်ရဲ့ မျိုးရိုးဗီဇကိုယူပြီး ရောဂါဆိုးကြီးကို တွန်းလှန်ဖို့ ဂျူးဒတ်စ်ဆိုတဲ့ ပိုးကောင်လေးကို ဖန်တီးခဲ့တယ်။ လပိုင်းလောက်သာ သက်တမ်းရှိအောင် ဖန်တီးခဲ့ပေမယ့် နောက်၃နှစ်အတွင်းမှာ ဘေးထွက်ဆိုးကျိုးအနေနဲ့ ဂျူးဒတ်စ်တွေရဲ့ မျိုးပွားနိုင်နှုန်းဟာ သိပ်ကိုမြန်ဆန်သွားပြီး မျိုးရိုးဗီဇ တိုးတက်ပြောင်းလဲမှုကြီး ဖြစ်သွားခဲ့ပါတယ်။ လက်တစ်ဆုပ်လောက်သာရှိခဲ့တဲ့ ပိုးကောင်လေးတွေဟာ ဘယ်လိုပုံစံမျိုးအထိ ဖြစ်သွားမလဲ။ ဒါကို ဆူဆန်နဲ့ ပီတာတို့ ဘယ်လိုသိရှိသွားမလဲ၊ ဘယ်လိုထိန်းချုပ်မလဲ၊ နှိမ်နင်းနိုင်ပါ့မလားဆိုတာကို ကြည့်ရှုခံစားလိုက်ကြပါဦး...။ (ဒီဇာတ်ကားနဲ့အညွှန်းကို Mugiwara Ya မှ ပြန်ဆို ရေးသားထားပါတယ်) Size - 2.2GB, 1.2GB Quality - 1080p, 720p IMDb Rating - 5.6/10 Format - mp4 Duration - 1H 45Min Genre - Horror, Sci-Fi Subtitle - Myanmar Subtitle (Hardsub) Translated by Mugiwara Ya Encoded by Y

Action • Crime • Thriller
6 1997 105 mins
Mimic
(18+) Virgin Forest
5.6

ဖရန်စစ်ဟာ နာမည်ကျော်ဓာတ်ပုံသတင်းထောက်တစ်ယောက်ဖြစ်ပြီး တစ်နေ့မှာ ဘူကစ်နွန်ခရိုင်မြို့တော်ဝန်ရဲ့ ဆက်သွယ်တာဝန်ပေးမှုကြောင့် ဒေသတွင်းထိန်းသိမ်းထားတဲ့အပျိုစင်သစ်တောတွေထဲမှာ ရပ်ဖလေးရှား လို့ခေါ်တဲ့ ဆန်းကြယ်တဲ့ ကမ္ဘာအကြီးဆုံးပန်းတွေကိုဓာတ်ပုံရိုက်ဖို့ဖြစ်လာပါတယ်။ မြို့တော်ဝန်က သူနဲ့အတူလမ်းပြအဖြစ် ရော်ဂျာဆိုတဲ့ဒေသခံကောင်လေးတစ်ယောက်ကိုထည့်ပေးလိုက်ပြီး စကားစပ်မိရာကနေ ရော်ဂျာရဲ့အရွယ်နဲ့မမျှတဲ့မိသားစုတာဝန်တွေ၊ ဝန်ထုပ်ဝန်ပိုးတွေအကြောင်းသိသင့်သလောက်သိလာခဲ့ပါတယ်။ ဖရန်စစ် မသိခဲ့တာက ရှေ့မှာစောင့်ကြိုနေမယ့် တောရဲ့ဆန်းကြယ်မှုတွေ ပဟေဠိတွေနဲ့ ဘယ်သူမှမရိပ်မိကြသေးတဲ့ လူသားနဲ့သဘာဝရဲ့ဆန်းကြယ်မှုတွေကြားက ပဋိပက္ခတွေအကြောင်းပါပဲ၊ အိမ်မက်လိုလိုတကယ်လိုလိုကြားရတတ်တဲ့ နားနားကပ်ပြောတဲ့ စကားသံတွေ၊ မျက်လုံးမှိတ်လိုက်တဲ့အခါမြင်ရတတ်တဲ့ အဝတ်ဗလာမိန်းမလှလေးတွေနဲ့ ချစ်တင်းနှောရပုံတွေ၊ ကျွန်မတို့ကိုကယ်ပါ ဆိုတဲ့ အကူအညီတောင်းခံသံတွေရဲ့ နောက်ကွယ်က ဖြစ်ရပ်မှန်တွေကို သူအဖြေရှာရမှာဖြစ်ပါတယ်။ Brillante Ma Mendoza ရဲ့ကားသစ်ဖြစ်ပြီး သူ့လက်စွဲတော် မင်းသားမင်းသမီးတွေအပြင် တစ်ခြားသရုပ်ဆောင်အင်အား အများအပြား ဇာတ်လမ်းဇာတ်အိမ်ခိုင်ခိုင်နဲ့တင်ဆက်ထားတာပါ။ သရုပ်ဆောင်အင်အားများသလို မိသားစုနဲ့ ကြည့်လို့မသင့်တဲ့အခန်းတွေလဲ ရှည်လျားများပြားစွာပါဝင်တဲ့အတွက်အချိန်ပေးပြီးတစ်ယောက်တည်းကြည့်ကြတာကောင်းပါလိမ့်မယ်။ File Size : (1.9 GB) & (950 MB) Quality : WEB-DL 1080p & 720p Running Time : 01:54:00 Format : mp4 Subtitle : Myanmar Subtitle (Hard Sub) Translated by ALS Encoded by RGB

Action • Adventure • Animation • Comedy • Family • Western
5.6 2022 113 mins
(18+) Virgin Forest
White Boy Rick
6.3

White Boy ဆိုတဲ့အသံကြားလိုက်တာနဲ့ အမေရိကရဲ့လူဖြူလူမည်းပရိပက္ခတွေကို အနည်းငယ်တီးမိခေါက်မိရှိတဲ့သူတွေက ဇာတ်လိုက်ဖြစ်သူ Rick ရောက်ရှိနေတဲ့ ပတ်ဝန်းကျင်အခြေအနေကိုခန့်မှန်းမိကြမှာပါ။ Rick ဆိုတာက Richard Wershe Jr. လို့ခေါ်တဲ့ ၁၄ နှစ်သားကောင်လေးတစ်ယောက်။ မိဘဖြစ်သူတွေက တရားဝင်ကွာရှင်းထားပြီးသားဖြစ်တဲ့အတွက် အဖေ့စောင့်ရှောက်မှုအောက်မှာ အစ်မဖြစ်သူနဲ့အတူနေထိုင်တယ်။ သူတို့နေထိုင်တဲ့နေရာက Detroit လို့ခေါ်တဲ့ နယ်စပ်မြို့၊ လူမည်းအများစုနေထိုင်ပြီး ဒုစရိုက်မှုတွေမှိုလိုပေါတဲ့မြို့တစ်မြို့ပေါ့ဗျာ။ Rick Jr. ရဲ့အဖေဖြစ်သူက လိုင်စင်ရသေနတ်ရောင်းဝယ်ရေးသမားဖြစ်တာနဲ့အညီ ဂိုဏ်းစတားတွေ၊ဒုစရိုက်သမားတွေနဲ့ အမြဲမပြတ်ဆက်ဆံနေရတဲ့သူပေမယ့် ဗီဒီယိုစတိုးလေးဖွင့်ပြီး မိသားစုနဲ့အတူအေးအေးဆေးဆေးဘဝကိုဖြတ်သန်းချင်တဲ့သူ။ တစ်ရက်မှာ Rick Jr. တစ်ယောက် သူ့အဖေသေနတ်ပြပွဲကနေ အောက်ကြေးနှိုက်လာတဲ့ AK47 နှစ်လက်ကို Johnny လို့ခေါ်တဲ့ လူမည်းတစ်ယောက်ဆီသွားရောင်းရာကနေ သူတို့အဖွဲ့နဲ့ဓာတ်ကျပြီး ဘော်ဒါတွေဖြစ်သွားကြတယ်။ Johnny တို့အဖွဲ့က အားလုံးလူမည်းတွေချည်းဖြစ်တဲ့အတွက် သူတစ်ဦးတည်းသာလူဖြူဖြစ်နေတဲ့ Rick Jr. တစ်ယောက် White Boy Rick ဆိုတဲ့ နာမည်ပြောင်ရပြီး အဖွဲ့ဝင်တစ်ယောက်လိုဖြစ်လာတယ်။ အဲဒီလိုရက်သတ္တပတ်တွေဖြတ်သန်းပြီးတဲ့အခါမှာတော့ Rick Jr. ရဲ့အဖေ လိုင်စင်မရှိပဲ Silencer ( သေနတ်နဲ့တွဲသုံးတဲ့ အသံတိတ်ပြောင်း ) ထုတ်လုပ်ရောင်းချပါတယ်ဆိုပြီး ပြဿနာတက်တယ်။ ဒါတင်မကသေးဘူး ပစ်ခတ်မှုတစ်ခုမှာသုံးတဲ့သေနတ်က သူသေနတ်အရောင်းပြပွဲတုန်းက ဝယ်သွားတဲ့သေနတ်ဖြစ်နေတယ်ဆိုတဲ့ ပြဿနာပါထက်တက်ရော။ ဒါပေမယ့် မူးယစ်ဆေးဝါးဖြန့်ချိမှုကြီးတွေကိုသာ နှိမ်နှင်းချင်တာကြောင့် သူတို့အတွက် Informant ( သတင်းပေး ) လုပ်ပေးမယ်ဆိုရင် အဖေဖြစ်သူရဲ့အမှုတွေကိုလျှော်ပေးမယ်ဆိုပြီး FBI အေးဂျင့်တွေက Rick Jr. ကိုညှိတယ်ပေါ့ဗျာ။ အဲဒီမှာပဲ ၁၄နှစ်သား Rick Jr. တစ်ယောက် ဒုစရိုက်ဂိုဏ်းဝင်အဖြစ်ကနေ ရဲဘက်သတင်းပေးဘဝကိုရောက်သွားပြီး အဖေဖြစ်သူကိုကယ်တင်ဖို့ကြိုးစားရတော့တယ်။ ဒီဇာတ်လမ်းရဲ့ဇာတ်ဆောင် Rick Wershe Jr. အဖြစ် တက်သစ်စမင်းသား Richie Merritt အဖြစ်သရုပ်ဆောင်ထားပြီး အဖေဖြစ်သူရဲ့နေရာမှာ မင်းသားကြီး Matthew McConaughey ကပါဝင်သရုပ်ဆောင်ထားပါတယ်။ Sony ကဖြန့်ချိပြီး ဒါရိုက်တာ Yann Demange ရိုက်ကူးတဲ့ ဒီရုပ်ရှင်ဟာ 1980 ခုနှစ်တုန်းက ဖြစ်ပျက်ခဲ့တဲ့တကယ့်အဖြစ်အပျက်ကို ပြန်လည်ရိုက်ကူးထားတဲ့ Biological, Crime, Drama အမျိုးအစား ရုပ်ရှင်ကားကောင်းတစ်ကားပဲဖြစ်တာကြောင့် Crime Drama ရုပ်ရှင်တွေကိုကြိုက်နှစ်သက်တဲ့သူတွေအနေနဲ့တော့ ကြည့်ရှုသင့်တဲ့ရုပ်ရှင်တစ်ကားလို့ ညွှန်းဆိုချင်ပါတယ်။ (ဇာတ်လမ်းအညွှန်း နဲ့ ဘာသာပြန်သူကတော့ Myo Thant Kyaw ပါ) File Size : (850 MB) and (380 MB) Quality : Blu-Ray 720p Running Time : 1hr 51min Format : Mp4 Genre : Crime, Drama Subtitle : Myanmar Subtitle (Hard Sub) Source : 720p.BluRay.x264-DRONES Translated by Myo Thant Kyaw Encoded by Thanhtike Zaw

Comedy
6.3 2018 111 mins
White Boy Rick
Jumanji: Welcome to the Jungle
6.8

၁၉၉၅ လောက်ကတည်းက ပရိသတ်တွေ ရင်းနှီးခဲ့ပြီးသား Jumanji ဇာတ်လမ်းပြီးနောက် သီးခြားဇာတ်လမ်းတစ်ခုနဲ့ ထပ် ထွက်လာတာမို့ ရသအသစ်အဆန်းလေး ဖြစ်တဲ့အတွက် ပရိ သတ်တွေ သဘောကျကြမှာပါ။ဇာတ်လမ်းအဓိကအကြောင်းအရာကတော့ ဆယ်ကျော်သက်ကလေးလေးယောက် ဗီဒီယိုဂိမ်းကစားကာ ဂျူမန်းဂျိ ကမ္ဘာထဲရောက်သွားပြီး စွန့်စားခန်းမျိုးစုံ ဖြတ်ကျော်ရတဲ့ အကြောင်းလေး တင်ဆက်ထားတာ ဖြစ်ပါတယ်။ ၁၉၉၆ ကာလက အဲလက်စ် ဆိုတဲ့ ဆယ်ကျော်သက်ကောင် လေးဟာ ဂျူမန်းဂျိဂိမ်းဘုတ်ပြား လေးကို ကမ်းခြေနားက ကောက်ရ ခဲ့ပေမယ့် ဗီဒီယိုဂိမ်းတွေပဲ ကစား ဖြစ်နေတာမို့ ဂိမ်းမကစားဖြစ်ဘဲ သိမ်းထားခဲ့ပါတယ်။ ဒီလိုနဲ့ တစ် ညမှာ ဂျူမန်းဂျိဘုတ်ပြားထဲက ဂိမ်းတွေဟာ ဗီဒီယိုဂိမ်းအဖြစ် ပြောင်းသွားပြီး အဲလက်စ်က ဂိမ်း စက်ဖွင့်လိုက်ပြီးနောက်မှာတော့ သူပါပျောက်သွားခဲ့ပါတယ်။နှစ် ၂၀ လောက်ကြာခဲ့ပြီး နောက်မှာတော့ ဂျူမန်းဂျိဂိမ်းစက် က ပြန်ပေါ်လာခဲ့ပါတယ်။ စပန် ဆာ၊ ဘယ်သန်နီ၊ မာသာနဲ့ ဖရစ်ဂျ်ဆိုတဲ့ ဆယ်ကျော်သက် လေးယောက် အခန်းထဲက အရှုပ်တွေကို ရှင်းရင်းနဲ့ ဂျူမန်းဂျိဂိမ်းစက်ကို ရှာတွေ့ခဲ့တာပါ။ လက်ထဲရောက်လာတဲ့ အသစ်အဆန်းဆို စူးစမ်းချင်တဲ့ သူတို့တွေ ဂိမ်းစက်ကိုဖွင့်ဆော့ရင်း ဗီဒီယိုဂိမ်းထဲ ရောက်သွားပါတော့တယ်။ ဂိမ်းထဲမှာ အပြင်ကလူတွေ မဟုတ်တော့ဘဲ သူတို့ရွေးလိုက် တဲ့ ဇာတ်ကောင်အလိုက် ကိုယ် စားပြုဂိမ်းဇာတ်ကောင်တွေအဖြစ် ပြောင်းသွားပြီး လှုပ်ရှားရပါတော့တယ်။ Welcome to the Jungle ဆိုတဲ့အတိုင်းပဲ တောနက်ထဲကို ရောက်သွားကြတဲ့ သူတို့လေး ယောက် လမ်းခရီးတစ်လျှောက် စွန့်စားခန်းမျိုးစုံနဲ့ ကြုံခဲ့ကြရပြီး အန္တရာယ်ခရီးကြမ်းတွေကို တက် ညီလက်ညီ ကျော်ဖြတ်ခဲ့ကြရပါတယ်။ စပန်ဆာတို့အဖွဲ့တွေ ဂျူမန်းဂျိကမ္ဘာထဲက ဘယ်လိုတွေ ဖြတ်သန်းပြီးမှ လွတ်မြောက်နိုင်မှာလဲဆိုတာကို စွန့်စားခန်း၊ အက်ရှင်၊ ဟာသ၊ ရသမျိုးစုံခံစားရင်းဆက်ကြည့်ရအောင်လို့ ဖော်ပြလိုက်ပါတယ်။ ဒီဇာတ်ကားမှာ ဒွိန်းဂျွန်ဆင်၊ ဂျက်ဘလက်ခ်၊ ကယ်ရန်ဂျီလန်၊ ကီဗင်ဟက်၊ နစ်ခ်ဂျိုနက်စ်၊ ဘော့ဘီကန်နာဗေးလ်နဲ့ သရုပ်ဆောင်များစွာ ပါဝင်ထားပါတယ်။ (ဇာတ်လမ်းအညွှန်းကို 7Daily Website မှ ကူးယူဖော်ပြပါသည်) File size…(6.4 GB)/(1.9 GB) Quality….BluRay 4K HEVC/1080p Format…mkv/mp4 Duration….01:59:03 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by CM Team

Comedy • Drama
6.8 2017 119 mins
Jumanji: Welcome to the Jungle
Anons
6.7

Anons (2017) =========== IMDb Rating – 6.7/10 တူရကီနိုင်ငံမှာ အာဏာသိမ်းဖို့ ကြိုးစားခဲ့တာတွေ တော်တော် ရှိခဲ့ဖူးပါတယ်။ ဒီကားမှာတော့ ၁၉၆၀ ခုနှစ်ကျော်ဝန်းကျင်က စစ်တပ်ကနေပြီးတော့ တူရကီနိုင်ငံအစိုးရဆီကနေ နိုင်ငံအာဏာ သိမ်းဖို့ကြိုးစားခဲ့တဲ့အကြောင်းနဲ့စတာပေါ့။ ဒါပေမယ့် တခြား နိုင်ငံရေး၊ စစ်ရေးတွေထက် ဒီထဲမှာ တူရကီစစ်တပ်က စစ်ဗိုလ် လေးယောက် အဲ့အာဏာသိမ်းဖို့လုပ်မယ့်အကြောင်းကို တူရကီရဲ့ ရေဒီယိုအစ္စတန်ဘူလ်ဆိုတဲ့အသံလွှင့်ဌာနကနေလွှင့်ကြေညာဖို့ အတွက် ညလုံးပေါက်ခရီးသွားကြတာကိုပဲ Black Comedy ဆန် ဆန်၊ Satire သဘောဆန်ဆန်ရိုက်ထားတာပါ။ ရုပ်ရှင်အစကနေအဆုံးထိ အဲ့အကြောင်းပဲဆိုတော့ စစချင်းပျင်းဖို့ ကောင်းမယ်ထင်ရပေမယ့်လို့ သူတို့လေးယောက်သွားရတာက အဆင်ချောမနေဘဲ ကိစ္စအဖုံဖုံပေါ်ပေါပြီး ပြဿနာတွေတက်နေရ တာကိုကြည့်နေရင်းနဲ့စိတ်ဝင်စားဖို့ကောင်းပြီးဆက်ကြည့်ချင်စိတ် ဖြစ်မိမှာပါ။ နောက်ဆုံးဘယ်လိုဆက်ဖြစ်မလဲဆိုတာကိုတော့ ဒီ Anons (Announcement) ကားကိုပဲဆက်ကြည့်လိုက်ကြပါဦး။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Fiona Gillen ဖြစ်ပါတယ်) File Size……….(1.0 GB) / (275 MB) Quality…………WEB-RIP 1080p / 720p Duration………1Hr 34Mins Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Comedy, Drama Translator…….Fiona Gillen Encoder……….SWM

Drama • Horror
6.7 2017
Anons
578: Magnum
7.2

578 : Magnum(2022) 2022 ခုနှစ်ထွက် ဗီယက်နမ် အက်ရှင်ကားလေးပါ။ ဇာတ်လမ်းအကျဉ်း ~ ဟုန်က ထရပ်ကားမောင်းတဲ့သူ ဖြစ်ပြီးတော့ အန် ဆိုတဲ့ သိပ်ချစ်ရတဲ့ သမီးလေး တစ်ယောက်ရှိပါတယ်။ ဟုန်က အန့်ကို သွားလေရာ ခေါ်သွားလေ့ရှိပေမဲ့ အန် ကျောင်းတက်ရမယ့်အရွယ် ရောက်လာပြီး ကျောင်းကို ပို့လိုက်ရာကနေ ဇာတ်လမ်းက စပါတယ်။ တစ်နေ့မှာ ဟုန့်ဆီကို သမီးလေးအန် စိတ်ကစဉ့်ကလျား ရောဂါ ခံစားနေရတဲ့အကြောင်း ကျောင်းကနေ အကြောင်းကြားလာပါတယ်။ အန်က အကြောက်လွန်ရာကနေ စိတ်ကစဉ့်ကလျားဖြစ်ပြီး ဘယ်သူနဲ့မှ စကားမပြောတော့တဲ့အပြင် အဖေဖြစ်သူ ဟုန့်ကိုပါ အနားအကပ်မခံတော့တဲ့အထိ အခြေအနေက ဆိုးဝါးနေပါတယ်။ အဲဒီနောက်မှာတော့ အန့်ကို ဒီလိုအခြေအနေဖြစ်အောင်လုပ်သွားတဲ့ တရားခံကို လိုက်ရင်း ဟုန်တစ်ယောက် ဧရာမ ဒုစရိုက်ဂိုဏ်းကြီးနဲ့ ထိပ်တိုက် ရင်ဆိုင်ရပုံကို ရှုစားကြရမှာပါ။ ~~~~~ ဇာတ်လမ်းက ကြည့်လိုက်ရင်တော့ သာမန် အက်ရှင်ကားတစ်ကားလို့ ထင်ချင်စရာပါ။ ဒါပေမဲ့ 2023 အော်စကာပွဲရဲ့ Best Internaltional Feature Film Award Category မှာ ဗီယက်နမ်နိုင်ငံ ကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်မယ့် ဇာတ်ကား၊ Father and Son(2017) နဲ့ နိုင်ငံတကာရုပ်ရှင်လောကထဲ ခြေဆန့်နိုင်ခဲ့တဲ့ ဒါရိုက်တာ Luong Dinh Dung ရဲ့လက်ရာဆိုရင်တော့ သာမန် မဟုတ်မှန်း သိသာပါတယ်။ ပြင်သစ်-ဗီယက်နမ် မင်းသား Alexandre Nguyen နဲ့ Miss Universe Vietnam(2018) H’hen Nie တို့ ခေါင်းဆောင်ပါဝင်ထားပြီး IMDb rating ကလည်း 7.3 အထိ ရရှိထားတာကြောင့် အော်စကာပွဲ ဝင်ပြိုင်မယ့် အာရှဇာတ်ကား တစ်ကားကို ကြည့်ရှုအားပေးလိုက်ကြပါဦး။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Roman NoX ပဲ ဖြစ်ပါတယ်။ Genre….. Action, Drama Quality…. 1080p | 720p | 480p File size… 1.8GB | 964MB | 463MB Format… mp4 Duration….1h 35min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Roman NoX Encoder ….. August

Action • Adventure • Science Fiction
7.2 2022
578: Magnum
Tag-init (2023) 18+

မာတင်ဆိုတဲ့ကောင်လေးဟာ တစ်ခုသော နွေရာသီမှာ သူ့အစ်ကို၊ သူ့အစ်ကိုသူငယ်ချင်းနဲ့အတူ အပန်းဖြေကမ်းခြေတစ်ခုကိုရောက်ရှိခဲ့ပါတယ်။ အဲ့ဒီခရီးစဉ်ဟာ သူ့ဘဝအတွက် တစ်သက်မမေ့နိုင်စရာ အတွေ့အကြုံတွေကြုံဆုံလာရမယ့် ကာလတစ်ခုဖြစ်လာမယ်ဆိုတာကိုတော့သူမသိခဲ့ပါဘူး။ သူ့အစ်ကိုနဲ့အတူ ပါလာတဲ့သူငယ်ချင်းက ရည်းစားမက သူငယ်ချင်းမကျကောင်မလေးတစ်ယောက် ခေါ်လာပါတယ်။သူ့အစ်ကိုအပါအဝင် သုံးယောက်လုံးက သောက်လိုက်စားလိုက် ဝိတွေချလိုက်နဲ့ ပျော်ပါးနေချိန်မှာ အဲ့ဒါမျိုးတွေမလုပ်တတ်တဲ့အတွက် သူကတော့ ကမ်းခြေတစ်လျှောက်စူးစမ်းမိပါတယ်။ အဲ့ဒီမှာ သူမြင်ခဲ့ရတာ နေဝင်ဆည်းဆာရောင်အောက်မှာ ဘီကနီနဲ့ရေထဲလမ်းလျှောက်နေတဲ့ သိပ်လှတဲ့ မမကြီးတစ်ယောက်ကိုပါပဲ။ နောက်ပိုင်း လစ်ရင်လစ်သလို အဲ့ဒီ မမရှိတဲ့ ဘက်ကိုသွားသွားနေမိရင်း အဲ့ဒီမမက သူ့ကိုခေါ်နူတ်ဆက်ရင်း စကားလက်ဆုံကျမိသွားတဲ့ညနေတစ်ခုမှာတော့ လူပျိုဖြန်းလေးတစ်ယောက် အရူးအမဲသားကျွေးသလို ဆတ်ဆတ်ခါသွားခဲ့ပါတော့တယ်။ အဲ့ဒီမမဟာသူတို့တည်းတဲ့ တည်းခိုအိမ်ဘေးက အပန်းဖြေအိမ်ပိုင်ရှင်အကောင်ကြီးကြီးတစ်ယောက်သားရဲ့အငယ်အနှောင်းလေးဖြစ်တယ်။ အဲ့ဒီမမဟာ သူ့ချစ်သူလို့ထင်တဲ့လူက အချိန်မပေးလို့ စိတ်ထွက်ပေါက်ရှာနေတယ်။ တစ်ဖက်ကလဲသူ့အစ်ကိုသူငယ်ချင်းခေါ်လာတဲ့ အစ်မကြီးကလဲ သူ့ကိုပညာစုံသင်ပေးဖို့ကမ်းလှမ်းနေတဲ့အချိန်ဖြစ်နေတဲ့အခါမှာတော့..။ မာတင် အတွက်တစ်သက်မမေ့နိုင်စရာ အတွေ့အကြုံတွေကို ခံစားကြုံဆုံရမယ့် ခရီးတစ်ခုဖြစ်လာပါတော့တယ်။ အားလုံးနဲ့ ရင်းနှီးလောက်ဖြစ်တဲ့ Franki Russell ကမမကြီး Adele အဖြစ်၊Lovely Ladies Dormitory မှာဂျက်ကလင်းဇာတ်ရုပ်နဲ့တက်သစ်စဖြစ်လာခဲ့ပြီဖြစ်တဲ့ Yen Renee Durano တို့က မာတင့်ကို အတွေ့အကြုံတွေပေးသွားတော့မှာပါ။ File size…(1.7 GB)/(800MB)/(400 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….02:01:00 Genre…Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Alias

0 1900
Tag-init (2023) 18+
Snaker in Golden
5.9

ပြန်ရှောင်ယာတို့ရဲ့ ယွိကျန့်ဂိုဏ်းဟာ ခေတ်အဆက်ဆက် မိစ္ဆာဖမ်းခြင်းနဲ့ နာမည်ကြီးတဲ့ဂိုဏ်းဖြစ်ပါတယ်။ လွန်ခဲ့တဲ့ နှစ်တစ်ထောင်လောက်က ခေါင်း၉လုံးနဲ့ မြွေတစ်ကောင်ဟာ ကိုယ်ပေါ်မှာ ရွှေရောင်တွေ တောက်ပပြီး အလွန်လှပတဲ့ အမျိုးသမီးတစ်ယောက်ပုံအဖြစ်ဖန်ဆင်းပြီး သူ့ကိုယ်သူ ရွှေမြွေသခင်မဆိုပြီး အမည်ခံကာ လူ့လောကကို အန္တရာယ်ပြုလျက်ရှိပါတယ်။ ပြည်သူတွေဟာ ဒုက္ခများစွာရောက်ခဲ့ပါတယ်။ နောက်ဆုံးမှာ မိစ္ဆာဖမ်းသူနန်ဟွာဟာ ရွှေမြွေသခင်မကို အနိုင်ယူပြီး သူမရဲ့ခေါင်းကိုဖြတ်ကာ ငြိမ်းချမ်းမှုကို ရရှိခဲ့ပါတယ်။ဒါပေမဲ့ ရွှေမြွေသခင်မရဲ့ ခန္ဓာကိုယ်က သေဆုံးသွားခဲ့ပေမဲ့လဲ ဝိညာဉ်ကမသေသွားပါဘူး။ မသေခင်မှာ မိစ္ဆာအရှင်လောကထဲ ပြန်လာဦးမယ်ဆိုပြီး ပြောသွားခဲ့ပါတယ်။ နှစ်ထောင်ချီကြာပြီးနောက် ရွှေမြွေသခင်မကို ထိန်းချုပ်ထားတဲ့ မိစ္ဆာသတ်နန်းဆောင်မှာ ရှုပ်ထွေးမှုတွေ ဖြစ်ခဲ့ပြီး ရွှေမြွေသခင်မ တယောက် ပြန်လည်အသက်ဝင်လာတဲ့အခါမှာတော့………

5.9 2023
Snaker in Golden
His Secret Life (aka) The Ignorant Fairies
7.3

ဒီ​ရုပ်ရှင်​ကတော့ အီတလီ​စကားပြောရုပ်ရှင်ဖြစ်ပြီး ၂၀၀၁ ခုနှစ်​ကထွက်ရှိခဲ့ပါတယ်။ Family Drama အမျိုး​အစားဖြစ်ပြီး အီတလီ​နာမည်​က Le fate ignoranti ဖြစ်ပါတယ်။ ဒီ​ရုပ်ရှင်​ရဲ့ နောက်​ထပ်​ အင်္ဂလိပ် title က His Other Life ဖြစ်​ပါတယ်။ သိပ်​မကြာ​သေးခင်ကပဲ ဒီဇာတ်ကားကို Remake ပြန်​လည်ရိုက်ကူးခဲ့ပါသေးတယ်။ ဇာတ်လမ်း​အကျဥ်းကတော့ Antonia က ရောမမြို့ပြင်က ရပ်ကွက်​တစ်ခုမှာနေတဲ့ အထက်​တန်း​လွှာ​အမျိုး​သမီး​တစ်ဦး​ဖြစ်ပြီး​ Massimo ဆိုသူ​နဲ့ အိမ်​ထောင်​ကျတာ ၁၅ နှစ်ရှိပြီဖြစ်ပါတယ်။ ၁၅ နှစ်​လုံး​လုံး​ Massimo​ ရဲ့အရိပ်အောက်မှာပဲနေရင်း ခင်​ပွန်း​ဖြစ်သူလိုအပ်တာကို ဖြည့်ဆည်း​ပေးခဲ့တဲ့​ဇနီး​ကောင်းဖြစ်ပါတယ်။ Massimo ကလည်း သူ့အတွက်​ခင်ပွန်း​ကောင်းဖြစ်တဲ့အတွက် နှစ်ယောက်​အတူပျော်ရွှင်စွာ နေထိုင်​လာရာကနေ တစ်နေ့မှာ Massimo တစ်ယောက်​ ယာဥ်​မတော်တဆ​မှုနဲ့ ကွယ်လွန်​သွားခဲ့ပါတယ်။ ခင်​ပွန်း​ဖြစ်သူ​ကွယ်လွန်ပြီး သူ့ရုံးခန်းထဲက ပစ္စည်း​တွေကို အိမ်​ပြန်​ပို့​ရာကနေ အဲဒီ​ပစ္စည်း​တွေထဲမှာ ပန်း​ချီ​ကားတစ်ချပ်ပါလာပါတယ်။ ပန်းချီ​ကားနာမည်က The Ignorant Fairies ဖြစ်ပြီး ဒီပန်းချီကနေတဆင့် Massimo က အိမ်​ထောင်​ရေးဖောက်ပြန်နေတဲ့အပြင် သူနဲ့​ဖောက်ပြန်​နေတဲ့လူက အမျိုးသား​တစ်ဦးဖြစ်နေတာကိုသိလိုက်ရပါတော့တယ်။ ဇာတ်လမ်း​ဇာတ်​အိမ်​က ရိုး​ရှင်း​ပြီး Character-driven ဇာတ်လမ်း​မျိုး​ဖြစ်​တာနဲ့အညီ အချိန်​ယူပြီးကြည့်ရှုသင့်တဲ့ ရုပ်ရှင်​မျိုး​ဖြစ်​ပါတယ်။ Massimo ရဲ့ နောက်​ကြောင်း​ကိုစုံစမ်းရင်းနဲ့ Antonio တစ်ယောက်​ သူ့ခင်ပွန်းဖြစ်သူမှာ အမျိုးသား​ချစ်သူအပြင် နောက်ထပ်ဘဝတစ်ခုရှိနေတာကိုပါ သိလိုက်ရပြီး သူကိုယ်တိုင် အဲဒီကမ္ဘာထဲ တဖြည်းဖြည်း​ရောက်​ရှိသွားပြီး ကိုယ့်ရဲ့ဖြစ်တည်မှုကို ပြန်​လည်​ရှာဖွေ​တဲ့ theme မျိုးကို​ဖော်ညွှန်း​ထားပါတယ်။ ဥရောပ​ရုပ်ရှင်​တွေ​ကိုနှစ်သက်သူများဆိုရင် ၂၀၀၀ ခုနှစ်​ကျော်က ဒီရုပ်ရှင်လေးကိုကြည့်ရှုသင့်ပါတယ်။ စိတ်​အနှောက်​အယှက်​ဖြစ်​စရာ​ 18+ ဇာတ်​ဝင်​ခန်း​တွေမပါဝင်တဲ့အတွက်လည်း စိတ်​ချလက်ချကြည့်ရှုနိုင်ပါတယ်။ File size…(2.3GB)/(1.2 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:46:00 Genre…Drama, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Wolfenheim

Animation • Family • Comedy • Fantasy • Mystery
7.3 2001 106 mins
His Secret Life (aka) The Ignorant Fairies
Jangan Lupa Aku Cinta Padamu
6.2

Jangan Lupa Aku Cinta Padamu (2024) ============================ သင်က ည12နာရီ သန်းခေါင်ယံအချိန် အဝတ်လျှော်ဆိုင်အမှောင်ထဲမှာ တစ်ယောက်တည်းထိုင်ပြီး ကိုယ့်ရဲ့ အတိတ်က မလုပ်ဖြစ်ခဲ့တဲ့အရာတွေကို နောင်တရနေတယ်ဆိုပါစို့။ ရုတ်တရက်ပဲ လူသူမရှိတဲ့ အဝတ်လျှော်ဆိုင်ကြီးက တီးလုံးသံတွေထွက်လာပြီး သင့်ရှေ့က အဝတ်လျှော်စက်တစ်လုံးက သင့်ကို စကားစပြောလာမည် ဆိုရင်ဖြင့်….။ ဒီဇာတ်လမ်းက အချိန်ခရီးသွားစက်နဲ့ အတိတ်ကအချိန်ဆီကိုပြန်သွားရင်း ကိုယ့်ချစ်သူနဲ့အမှားတွေပြင်ဆင်ဖို့ကြိုးစားမဲ့ Amir ရဲ့ အရှုပ်တော်ဇာတ်ကို ဟာသဆန်စွာ ရိုက်ကူးထားတာဖြစ်ပြီး plotကောင်းတွေနဲ့ အချစ်စစ်ရဲ့ လှပမှုကို သိရှိခံစားရမဲ့ Mlaysia ဇာတ်ကားကောင်းတစ်ပုဒ်ပဲ ဖြစ်ပါတယ်။ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Thwal Htoo Zin ပါ ) File size_(1.5GB)/(680MB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_01:31:00 Genre_Comedy Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by Thwal Htoo Zin

6.2 2024
Jangan Lupa Aku Cinta Padamu
Love Will Tear Us Apart
6.6

Love Will Tear Us Apart (2023) IMDb Rating (6.6) ဒီရုပ်ရှင်ကတော့ Horror/Slasher လူသတ်ကားတွေ ကို နှစ်သက်တဲ့ သူတွေ အတွက် သဘောကျစေမယ့်ကားမျိုးပါ။ ဝါကာဘာ ဆိုတဲ့ ကောင်မလေးက ဂျပန်နယ်မြို့လေးကသာမန် ကျောင်းသူလေးတစ်ယောက်ပါပဲ။ သူ့မှာ အရမ်း သဘောကျတဲ့ ကိုဟဲ ဆိုတဲ့ အဆိုတော်တစ်ယောက်လည်းရှိပါတယ်။ တစ်နေ့မှာတော့ အခန်းထဲမှာ အမြဲ အနိုင်ကျင့်ခံရတဲ့ ကိုကီ ဆိုတဲ့ကောင်လေးကို ကူညီပေးရင်းနဲ့ သူတို့ သူငယ်ချင်းတွေ ဖြစ်သွားကြပါတယ်။ မကြာခင်မှာပဲ ကိုကီ ကို အနိုင်ကျင့်နေကျ ကျောင်းသားနှစ်ယောက်ဟာ တိုက်ပေါ်ကပြုတ်ကျပြီး သေဆုံးသွားပါတော့တယ်။ (၇) နှစ်အကြာမှာတော့ ဝါကာဘာဟာ သူငယ်ငယ်က သဘောကျခဲ့တဲ့ အဆိုတော် ကိုဟဲ ရဲ့ သူငယ်ချင်းအဖွဲ့နဲ့အတူ တောထဲကအိမ်လေးဆီ ပျော်ပွဲစားထွက်လာကြပါတယ်။ ဒါပေမဲ့ သူတို့မသိတာက သူတို့ကို တောထဲကအိမ်လေးမှာ ကံမကောင်းမှုတွေ ထိတ်လန့်ခြောက်ခြားစရာတွေ စောင့်ကြိုနေတယ်ဆိုတာပါပဲ… ဒီရုပ်ရှင်က Horror/Slasher ကိုမှ အချစ်ဇာတ်လမ်းလေးနဲ့ ရောထွေးထားတာမို့ မိုးအေးအေးနဲ့ အသည်းတယားယားကြည့်ရမယ့် ရုပ်ရှင်ပဲဖြစ်ပါတယ်… (အညွှန်းနဲ့ဘာသာပြန်ကတော့ Marco ပဲဖြစ်ပါတယ်။) File size…(1.6 GB) / (640 MB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Duration….01:27:27 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Marco

6.6 2023
Love Will Tear Us Apart
Eight Crazy Nights

IMDb – 5.3 မင်းသားကြီး Adam Sandler ကိုယ်တိုင် အသံသရုပ်ဆောင်‌ထားတဲ့ ခရစ္စမတ်ကာလ ကာတွန်းကားလေးကိုတင်ဆက်ပေးလိုက်ပါတယ်။ ဒေဗီ စတုန်း (Adam Sandler) ကတော့ ရာဇဝတ်မှတ်တမ်းများစွာနဲ့ ပျက်စီးနေတဲ့ အရက်သမားတစ်ယောက်ဖြစ်ပြီး ဒူ့စ်ဘယ်ရီမြို့မှာနေပါတယ်။ ငယ်ငယ်ကတော့ လူငယ်ဘက်စကက်ဘောအသင်းရဲ့ကြယ်ပွင့်ဖြစ်ခဲ့ပေမဲ့ အသက် ၁၂ နှစ်သားအရွယ်မှာ ကြုံတွေ့ခဲ့ရတဲ့ ဖြစ်ရပ်ဆိုးကြီးကြောင့် သူ့ရဲ့အနာဂတ်ရော သူကိုယ်တိုင်ပါပျောက်ဆုံးသွားခဲ့တာပါ။ ခရစ္စမတ်မတိုင်ခင် ဟာနူကာပွဲတော်ညမှာလည်း အရက်မူးပြီး မြို့ထဲကရေခဲရုပ်တုတွေကိုဖျက်ဆီးမိလို့ ထောင် ၁၀ နှစ်ထိချခံရတော့မလို ဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့လည်း လူငယ်ဘက်စကက်ဘောပွဲဒိုင်လူကြီး ဝှိုက်တီရဲ့‌ ကြားဝင်‌ေဖြာင့်ဖျပေးမှု‌ကြောင့် လူငယ်ဘက်စကက်ဘောပွဲအတွက် အလုပ်သင်ဒိုင်လူကြီးလုပ်ဖို့ ပြစ်ဒဏ်ချခံလိုက်ရပါတယ်။ ဒီလိုနဲ့ သက်ကြီးပု ဝှိုက်တီနဲ့ အရက်သမား စတုန်းတို့နှစ်ယောက်ကြားက ဟာနူကာပွဲညရှစ်ရက်မှာ ဖြစ်ပျက်ခဲ့တာတွေနဲ့ စတုန်းတစ်ယောက်ရော သူ့ရဲ့အကျင့်‌ဟောင်းတွေကို ဖျက်နိုင်ပါ့မလားဆိုတာတွေကို ဟာသဆန်ဆန်ကြည့်ရှုကြရမှာပါ။ လူကြီးဟာသတချို့နဲ့ အသုံးအနှုံးတချို့ကြောင့် ကလေးသူငယ်တွေကြည့်ရှုဖို့မသင့်တော်တဲ့ လူကြီးကာတွန်းကားတစ်ကားပါဗျ။ File size…(1.2 GB)/(573 MB) Quality….Webrip HEVC 1080p / 720p Format…mp4/ mkv Duration….01:48:00 Genre…Animation, Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by TMMT

0 2002
Eight Crazy Nights
Shaft
6

Shaft (2000) IMDb Rating (6.0) / Rotten Tomatoes (67%) ရှက်ဖ် ကို အတော်များများ ကြိုက်ကြမယ် ထင်ပါတယ်။ ဆမ်မြူရယ် ဂျက်ဆန် ကြီးက အထာကျတာကိုး။ ဒီကားကတော့ ဂျွန်ရှက်ဖ် တစ်ယောက် စုံထောက်အလုပ်ကနေ ဘယ်လိုထွက်လာပြီး အလွတ်စုံထောက်ဖြစ်လာလဲဆိုတာ တွေ့ရမှာပါ။ သူနဲ့အပြိုင်ဗီလိန်မင်းသားက ခရစ်ရှန်ဘေး ဆိုတော့ အတော်ကောင်းနေတာပါပဲ။ ဒီဇာတ်လမ်းအစမှာ သန်းကြွယ်သူဌေးကြီးရဲ့ သားတစ်ယောက်က ကလပ်မှာ လူသတ်လိုက်တယ်။ တရားခံကို ဖမ်းပေးလိုက်နိုင်ပေမယ့် သက်သေက ထွက်ပြေးနေလို့ အာမခံရသွားတယ်။ ဒီအမှုကို တရားမျှတမှုရဖို့ ရှက်ဖ်ကြီး သဲကြီးမဲကြီးလိုက်ရပါတော့တယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Littleneo ဖြစ်ပါတယ်။) File size…(1.6 GB) / (870 MB) Quality….Blu-Ray 1080p HEVC / 720p Format…. mkv/mp4 Genre….Action, Crime, Thriller Duration….01:41:18 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Littleneo

6 2000
Shaft
The Unofficial Science of Die Hard
5.9

The Unofficial Science of Die Hard (2024) TV programmme Die Hard ဇာတ်ကားတွေက ကျွန်တော်တို့ အတော်များများရဲ့ ရင်ထဲက လက်ခံထားတဲ့ အက်ရှင် ဇာတ်ကားကောင်းတွေဖြစ်ပါတယ်။ ၁၉၈၈ မှာထွက်ရှိခဲ့ပေမဲ့လည်း ဒီနေ့ထက်ထိ ပြန်ကြည့်လို့ကောင်းနေဆဲပါပဲ။ အကြမ်းစား အလန်းစား ချခန်းတွေ ဖောက်ခွဲတဲ့ ပြကွက်တွေနဲ့အတူ စိန်ခေါ်မှုများတာကတော့ စတန့်လုပ်တာပါပဲ။ Die Hard လိုအက်ရှင်ကားမှာလည်းပဲ လှပတဲ့ စတန့်ပြကွက်များစွာပါပါတယ်။ ဆိုတော့ ဒီတီဗီရှိုးက အဲဒီစတန့်ပြကွက်တွေဟာ အပြင်မှာတကယ်လုပ်လို့ရမလား လုပ်ရင်ရော ဘယ်လောက်အောင်မြင်နိုင်ခြေရှိမလဲဆိုတာ ခရစ်စ်နဲ့ပေါလ်တို့က အတူလေ့လာထားကြတာပါ။ ခေါင်မိုးပေါ်က ခုန်ချပြီး မှန်ကိုသေနတ်နဲ့ပစ်ခွဲပြီး ပြတင်းပေါက်ကို ပြန်ဝင်တဲ့အခန်းတွေ မှန်ကွဲစတွေပေါ် ဖိနပ်မပါဘဲ လမ်းလျှောက်တာတွေ အစရှိသဖြင့်ပေါ့။ ဒီရှိုးလေးထဲမှာ အစရှိတာတွေကို ခေတ်မီ သိပ္ပံရှုထောင့်ကနေ သေချာစမ်းစစ်လေ့လာပြီး လက်တွေ့တွေလုပ်ပြခဲ့တာကြောင့် စိတ်ဝင်စားစရာကောင်းပြီး ဗဟုသုတအနည်းငယ် ရရှိစေမှာပါ။ Die Hardဇာတ်လမ်းတွေကို အရူးအမူးကြိုက်နှစ်သက်တဲ့လူတွေအနေနဲ့ သူတို့အက်ရှင်တွေ စတန့်ခန်းတွေကို ဘယ်လို လုပ်ဆောင် ရိုက်ကူးခဲ့လဲဆိုတာ ဗဟုသုတအနေနဲ့ ကြည့်ရှုနိုင်မယ့် တီဗီပရိုဂရမ် ရှိုးလေးတစ်ခုဖြစ်ပါတယ်။

Drama • Thriller
5.9 2024
The Unofficial Science of Die Hard
Monster Island Orang Ikan
5.1

Monster Island (2024) IMDb Rating (5.1) / Rotten Tomatoes (54%) ဒုတိယကမ္ဘာစစ်အတွင်းက ဂျပန်တပ်ဖွဲ့တွေဟာ မဟာမိတ်စစ်အကျဉ်းသားတွေကို ရဲဘက်လုပ်သားအဖြစ်ခိုင်းစေဖို့အမိမြေကိုပြန်ပို့လေ့ရှိကြပါတယ်။ အဲ့ဒီလိုသယ်ယူပို့ဆောင်ရာမှာသုံးတဲ့သင်္ဘောတွေဟာ ငရဲသင်္ဘောတွေအဖြစ်နာမည်ဆိုးနဲ့ကျော်ကြားပြီး မဟာမိတ်တပ်ဖွဲ့တွေရဲ့မှားယွင်းတိုက်ခိုက်မှုကိုမကြာခဏခံရလေ့ရှိတဲ့အတွက် ဒီခရီးစဉ်တွေမှာ ဂျပန်စစ်သားနဲ့မဟာမိတ်စစ်သား ၃၀၀၀၀ ကျော်ပျောက်ဆုံးခဲ့ရပါတယ်။ ဆိုင်တိုနဲ့ဘရွန်ဆင်ကတော့ ဒီသင်္ဘောခရီးစဉ်တစ်ခုပေါ်က စစ်သုံ့ပန်းနှစ်ယောက်ပါ။ ဆိုင်တိုကတော့ ဂျပန်စစ်သားဖြစ်ပေမယ့်သစ္စာဖောက်မှုနဲ့စွပ်စွဲခံထားရပြီးဗြိတိန်စစ်သားဖြစ်သူဘရွန်ဆင်ကိုတော့ ထွက်ပြေးရန်ကြံစည်မှုနဲ့ နှစ်ယောက်လုံးကို ဂျပန်နိုင်ငံအရောက်မှာစံပြအဖြစ်ကွပ်မျက်မှာဖြစ်တဲ့အတွက် သူတို့နှစ်ယောက်ကိုသံကြိုးနဲ့တွဲချည်ခတ်ထားခဲ့ပါတယ်။ ကံကောင်းချင်တော့ အဲ့ဒီအချိန်မှာပဲ ရန်သူလေယာဉ်တွေရဲ့ဗုံးကြဲတိုက်ခိုက်မှုကိုခံခဲ့ရပြီး သူတို့နှစ်ယောက်လုံးဟာ ပစိဖိတ်သမုဒ္ဒရာထဲက လူသူမနီးတဲ့ကျွန်းတစ်ကျွန်းမှာ သွားပြီးသောင်တင်ခဲ့ပါတယ်။ ကံဆိုးချင်တော့အဲ့ဒီကျွန်းဟာ အဲ့ဒီဒေသဘက်မှာရှိတဲ့ အယူအဆတွေထဲက ဒဏ္ဍာရီလာမွန်းစတားဖြစ်တဲ့ အိုရန်အီကန်အခြေချနေထိုင်ရာဖြစ်နေပြီး မျှော်လင့်မထားနိုင်တဲ့အန္တရာယ်အသွယ်သွယ်ဟာ သူတို့ကိုစောင့်ကြိုနေပါတယ်။ စစ်ပွဲတစ်ပွဲရဲ့ ဘက်နှစ်ဘက်ဆီက မဟာရန်သူတော်နှစ်ယောက်၊ ဒီဘေးဒုက္ခတွေကို အတူတကွဘယ်လိုဖြတ်ကျော်မလဲ? လွတ်မြောက်နိုင်စရာလမ်းစရောရှိသေးရဲ့လား? ဆက်လက်ရှုစားကြပါ။ စင်္ကာပူ၊အင်ဒိုနီးရှား၊ ဂျပန်နဲ့ ယူကေ နိုင်ငံတို့ရဲ့ပူးပေါင်းတင်ဆက်မှုဖြစ်ပြီး အက်ရှင်၊ အထူးပြုလုပ်ချက် နဲ့ သရုပ်ဆောင်တွေပါအပြစ်ပြောနည်းပါးသေသပ်တဲ့မွန်းစတား ဟော်ရာ/အက်ရှင် ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Alias ဖြစ်ပါတယ်။) File size… (1.3 GB) / (700 MB) Quality…. WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre…. Action,Fantasy,Horror,Thriller Duration…. 01:24:38 Subtitle…. Myanmar Subtitle (Hardsub) Encoder…. Double K Translated by Alias

5.1 2024 83 mins
Monster Island Orang Ikan