YoteShin Drive is below this article. Scroll down to view.

Oppo Reno9 Series will include 4,500mAh battery and Universal Fast Charging

Author: Anonymous Published on: 12 Aug 2022

The Oppo Reno9 series will be announced in November and the information of these smartphones is leaked. China writes the Qualcomm Snapdragon 7 Series in the OppDo Reno9 Series in the Oppo Reno9 Series in the Oppo Reno9 Series. This is the same as Oppo Reno8 Series. Oppo will be one of the Chinese smartphone makers who use the new UFCS (Universal Fast Charging Specification). This charge can support up to 40W. The Reno9 Series will feature a 4,500mAh battery with UFCS support. Other smartphone makers supporting the UFCs are Huawei, Vivo, Xiaomi, and the West includes Angbao Electronics, Lihui Technology, Rockchip and Silicon Power. The Reno9 Series will be everything's every color. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

The.Doll.2016.720p.NF.WEB-DL.CM.mp4

703.89 MB N/A video/mp4 370 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Tokyo Story
8.2

~ IMDb - 8.2/10, RT - 100%, Meta - 100% ~ မျက်ရည်ဝိုင်းခဲ့တဲ့ ကမ္ဘာမှာ တစ်စင်းတည်းစီးနေရတော့ အဲဒီမြစ်ရဲ့ တစ်နေ့တစ်နေ့မှာ နေ့တာညတာတွေ သိပ်ရှည်ခဲ့ရသတဲ့။ သူ့ရဲ့မြစ်လက်တက်တွေကလည်း အဲဒီမြစ်ဆီ တစ်ကွေ့တစ်ကြုံထက်ပိုလို့ လည်ပြန်မစီးခဲ့ကြပါဘူး။ စိတ်ပျက်လက်ပျက် အကျိုးအပျက်နေ့တို့ကို ခဝါချလိုက်တဲ့အခါ အကြွင်းနတ္ထိဖြစ်လာခဲ့တဲ့ဘဝမှာ ငါတို့အတ္တတွေဟာ ကြီးပြီးရင်း ကြီးလာ နှလုံးသားတွေဟာ သေးပြီးရင်းသေးလာ... ။ ငါမမြင်နိုင်ခဲ့တဲ့နေ့တို့ထဲ ငါ့ရဲ့အကြီးဆုံးနောင်တကို မိုက်မဲစွာနဲ့ ငါပြန်တွေ့ရှိလိုက်ရချိန်... တစ်စစီခွဲခဲ့သူဟာ တစ်စစီကွဲခဲ့ရတာပါပဲ။ ကျန်ရစ်သူတို့နဲ့ ချန်ရစ်သူတို့ ဘယ်သူပိုကြေကွဲခဲ့ရစမြဲလဲ။ သံတုတ်နဲ့ရိုက်ရိုက် သစ်သားတုတ်နဲ့ရိုက်ရိုက် နာကျင်သူဟာ ခေါင်းပဲမို့ ထိုစဉ်မှာ လုံလောက်အောင် မချစ်နိုင်ခဲ့တဲ့လူကတော့ တစ်ချိန်မှာ ပိုကြေကွဲပေးရလိမ့်မယ်။ အချိန်တွေပိုကြာလာလေ ငါပိုသေချာလာနေတဲ့အရာက လူဟာ လောက်အောင် မချစ်ပေးနိုင်ခဲ့လို့တော့ နောင်တမရသင့်ပါဘူး။ သိပ်ရက်စက်လွန်းတယ်။ ချစ်တတ်ဖို့ သိပ်လွယ်ရင်း ချစ်တတ်ဖို့ သိပ်ခက်ရင်း ချစ်ခြင်းကိုသာ ပယ်ခဲ့ရင် လူဟာ ဘာမှမဟုတ်တော့တဲ့အခါ ငါဟာ လူမမည်နိုင်လေတော့ဘူး။ အနေကြာလာရင် မင်းသိမှာပါ ဘ၀ဟာ အခိုင်မာဆုံးစိတ်ဓာတ်တွေကိုတောင် ပြိုလဲစေနိုင်တယ်။ ဘာတွေဘယ်လိုပဲဖြစ်ဖြစ် ငါတို့ ဂရုမစိုက်ခဲ့ကြပါဘူး။ ဒီလိုနဲ့ အနေကြာလာတယ်... ငါလွမ်းမိလာတယ်... လူဖြစ်ခဲ့ဖူးတဲ့ ငါ့ကိုယ်ငါ။ ~ ~ ~ ~ အိုဇုရဲ့ တိုကျိုစတိုရီဟာ ဂျပန်ရွှေခေတ်ရဲ့ အထင်ကရရုပ်ရှင်တွေထဲ တစ်ကားဖြစ်သလို အိုဇုရဲ့မာစတာပိစ်လို့ သတ်မှတ်ထားကြတဲ့ ရုပ်ရှင်ဆိုလည်း မမှားဘူး။ ရုပ်ရှင်သမိုင်းရဲ့ အကြီးကျယ်ဆုံး ရုပ်ရှင်တွေထဲက တစ်ကားဆိုလည်းဟုတ်တယ်။ အိုဇုဟာ အသံတိတ်ရုပ်ရှင်ခေတ်နှောင်းလောက်ကတည်းက ရုပ်ရှင်ရိုက်လာတဲ့ ဒါရိုက်တာပေမဲ့ ကူရိုဆာဝါနဲ့ အိုဇုရဲ့ အတောက်ပဆုံးအချိန်တွေက အတူတူပဲဆိုတော့ ခေတ်ပြိုင်မဟုတ်ပေမဲ့ ခေတ်ပြိုင်လို့ပြောလို့ရပေမဲ့ သူတို့ဟန်တွေကတော့ ဆန့်ကျင်ဘက်စီပဲ။ တကယ့်ကို ဆန့်ကျင်ဘက်ဖြစ်လွန်းပါတယ်။ ကူရိုဆာဝါရုပ်ရှင်တွေဟာ အနောက်တိုင်းဆန်တယ်လို့ပြောကြပြီး အိုဇုကျ ဂျပန်အဆန်လွန်နေတယ်လို့ အပြောခံရတယ်။ အခုရုပ်ရှင် တိုကျိုစတိုရီဟာ အင်္ဂလိပ်ကားကို သူ့နည်းသူ့ဟန်နဲ့ မှီးပြီး ပြန်ရိုက်ထားတာပါပဲ။ ဒါပေမဲ့ မမှားပါဘူး။ အနောက်တိုင်းကားကို မှီးပြီးရိုက်ထားတဲ့ ရုပ်ရှင်မှာတောင် အိုဇုဟာ ဂျပန်အဆန်လွန်နေခဲ့တယ်။ အကောင်းဘက်ကပါပဲ။ နောက် ကူရိုဆာဝါရဲ့စတိုင်ဟာ Extrovert အလွန်ဆန်ပြီး အိုဇုကတော့ Introvert အလွန်ဆန်တယ်လို့လည်း နှိုင်းယှဉ်ခံခဲ့ရတယ်။ နောက် ကူရိုဆာဝါဟာ မြင်ကွင်းကျယ်ရိုက်ချက်လှိုင်လှိုင်သုံးပြီး အိုဇုကတော့ အနီးကပ်ရိုက်လှိုင်လှိုင်သုံးတတ်တယ်။ တကယ့် ဆန့်ကျင်ဘက်ပါပဲ။ ဒါပေမဲ့ ဒီနှစ်ယောက်စလုံးက ဂျပန်ရွှေခေတ်ရဲ့ အခရာဖြစ်ခဲ့သလို ဒီနေ့ထိ World Cinema ကို လွှမ်းမိုးထားနိုင်တုန်းလူတွေဆိုတာကတော့ မမှားပါဘူး။ ဂျပန်စီနီမာကို ကြည့်ရင်တော့ အိုဇုက ပိုလွှမ်းမိုးတယ်ပြောရမလားပါပဲ။ နောက်ပိုင်းဒါရိုက်တာတွေထဲ အိုဇုအငွေ့နဲ့ မကင်းတဲ့လူတွေ မနည်းဘူး။ လက်ရှိရဲ့ ထိပ်တန်းဒါရိုက်တာတစ်ယောက်ဖြစ်တဲ့ Kore-eda ဆို အိုဇုဟန်ကြီး လုံးလုံးသုံးတတ်ပြီး သူနဲ့ခေတ်သိပ်မကွာလှတဲ့ ဒါရိုက်တာဆိုလည်း တိုကျိုဖမ်မလီဆိုပြီး ဒီကားကိုပြန်ရိုက်ခဲ့ပါတယ်။ သူကတော့ အိုဇုလို ထိန်ကွက်တွေ မချန်သွားဘူး။ ဇာတ်တူပုံစံကွဲပေါ့။ သူ့ဟာနဲ့သူတော့ ကြည့်ကောင်းခဲ့တယ်။ ဘာပဲဖြစ်ဖြစ်ပါ... သိပ်တန်ဖိုးကြီးတဲ့ ရုပ်ရှင်တွေကို စာရင်းလုပ်ကြရင် အိုဇုရဲ့ တိုကျိုစတိုရီဟာ မဖြစ်မနေ ထည့်ရမယ့်ရုပ်ရှင်ပါပဲ။ နှစ်ပေါင်းလေးထောင်အတွင်းမှာတောင် လူသားတွေဟာ ဘာကိုမှ သင်ယူမရရှိခဲ့တဲ့နောက် အနုပညာကလည်း သူ့အတ္တနဲ့သူရှင်သန်နေတဲ့ လူတွေကို ဘာမှသင်ပေးနိုင်မှာတော့ မဟုတ်ဘူး။ ရုပ်ရှင်ကနေ ခံစားရုံသက်သက်ထက်ပိုပြီး တစ်စုံတရာ သေသေချာချာရခဲ့မယ်ဆိုရင်လည်း အဲဒီအရာဟာ ချစ်ခြင်းပဲလို့ ကျွန်တော်တော့ သေချာတယ်။ ရုပ်ရှင်ဟာ အသည်းကိုတစ်စစီခွဲပြီးမှ ပိုချစ်တတ်လာအောင် တစ်စချင်းပြန်ဆက်ပေးတတ်တဲ့ အရာပဲမို့လား။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size - 2GB, 950MB Quality - 1080p, 720p IMDb Rating - 8.2/10 Format - mp4 Duration - 2H 16Min Genre - Drama Subtitle - Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

Drama • Romance
8.2 1953 137 mins
Tokyo Story
Heneral Luna
7.6

ဖီလစ်ပိုင်နိုင်ငံကို အမေရိကန်တွေကျူးကျော်စစ်ဝင်ထိုးနေတဲ့အတွက် ဖီလစ်ပိုင်းသမ္မတကြီးက ဖြေရှင်းဖို့အတွက် အစည်းအဝေးလုပ်တယ်။ ဗိုလ်ချုပ်တွေ ဗိုလ်မှူးတွေ စီးပွားရေးလုပ်ငန်းရှင်တွေ နိုင်ငံရေးသမားတွေနဲ့ အပြန်အလှန်ဆွေးနွေးငြင်းခုံနေကြတယ်။ အမေရိကန် အင်အားနည်းနေချိန်မှာ တိုက်ခိုက်မှ ဖြစ်မယ် မဟုတ်ရင်တစ်နိုင်ငံလုံးကျွန်ဘဝရောက်မယ့်အကြောင်းကို ဗိုလ်ချုပ်လူနာကတင်ပြတယ်။ ဒါပေမယ့် စီးပွားရေးသမားတွေက သူတို့ကိုယ်ကျိုး ထိခိုက်မှာစိုးတဲ့အတွက် ငြိမ်းချမ်းရေးကမ်းလှမ်းဖို့ပဲဆန္ဒရှိကြတယ်။ နောက်ဆုံးမှာတော့ သမ္မတကြီးက ငြိမ်းချမ်းရေးကမ်းလှမ်းမယ် စစ်ရေးအတွက်လည်းပြင်ဆင်ဖို့ဆုံးဖြတ်လိုက်ချိန်မှာ အမေရိကန်တွေက မနီလာမြို့အပါအဝင်အခြားနေရာကိုသိမ်းယူလိုက်ပါတယ်.. ဖိလစ်ပိုင်တို့အတွက်တော့ အတော်ကြီးအထိနာတဲ့ကိစ္စလို့ဆိုရပါ့မယ်..အဒီနောက် ဗိုလ်ချုပ်လူနာတို့ ဘယ်လိုတုန့်ပြန်ကြမလဲဆိုတာကိုတော့.. ဖြစ်ရပ်မှန်ဇာတ်ကားဖြစ်ပြီး ဘက်ဂျက်အတော်များများသုံးရိုက်ကူးထားတဲ့အတွက် ဖိလစ်ပိုင်ကားဆိုသော်ငြား တော်တော်ကြည့်ကောင်းတဲ့ ကားဖြစ်ပါကြောင်း... File Size :(3.3GB)(1.2 GB) and (407MB) Quality : WEB-DL 1080P5.1Ch,720p Format…mp4 Duration…01:58:00 Genre : Action, Biography , Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Tin Myo Lwin Encoded by Phyo Pyae

Drama • Thriller
7.6 2015 118 mins
Heneral Luna
Wolfwalkers
8.3

IMDb..8.3 Wolfwalkers ဇာတ်ကားလေးက စိတ်ကူးယဉ် စွန့်စားခန်း animation ရုပ်ရှင်လေးပဲ ဖြစ်ပါတယ် လူသားနဲ့ ဝံပုလွေကြားမှာတဲ့ တင်းမာတဲ့ ဆက်ဆံရေးတွေ ၊ မိန်းကလေးငယ်ငယ်လေး နှစ်ယောက်ရဲ့ ခိုင်မာတဲ့ သံယောဇဉ် အကြောင်းလေး နဲ့ မိဘနဲ့ သားသမီး ကြားမှာရှိတဲ့ ချစ်ခြင်း မေတ္တာတို့ကို တစ်ခန်းနဲ့ တစ်ခန်း မရိုးသွားအောင် ရိုက်ပြထားတဲ့ Drama ဆန်ဆန်ကားလေးပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းလေးကတော့ အေဒီ နှောင်းပိုင်းကာလမှာ လူသားတွေက ဝံပုလွေကို အရမ်း မုန်းတီးနေကြပါတယ်။ မိန်းကလေးဆိုရင် အိမ်မှူ ကိစ္စပဲ လုပ်ရမယ်ဆိုတဲ့ ခေတ်ကြီးမှာ ရောဘင်လို့ ခေါ်တဲ့ ကလေးမလေးက သူ့အဖေနဲ့ အတူ ဝံပုလွေေတွေကို လိုက်သတ်ချင်တယ်။ အဲ့ဒါနဲ့ တစ်နေ့မှာ အဖေ့နောက် ခိုးလိုက်ရင်း တောထဲမှာ သူနဲ့အသက်သိပ်မကွာတဲ့ မေ့ဆိုတဲ့ ဝံပုလွေစောင့်ရှောက်သူနဲ့ ခင်သွားတယ်။ တစ်တိုင်းပြည်လုံးက ဝံပုလွေတွေကို မုန်းတီးနေတာကြောင့် အန္တရာယ်ကင်းအောင် ထွက်သွားဖို့မေ့ကပြောပါတယ်... အဲ့ဒီနောက် ရောဘင် လေးဟာ မမျှော်လင့်ဘဲသိလိုက်ရတာက မေ့ရဲ့အမေဟာ ပြန်မလာတော့ဘဲ ထူးဆန်းစွာနဲ့ပျောက်ဆုံးသွားပါတယ်... မနေနိုင်လွန်းတဲ့ ရောဘင်ဟာ မေ့ရဲ့ အမေကို ပြန်ရှာပေးဖို့ ကတိပေးလိုက်တယ်။  အဲ့ဒီနောက်တော့ ဘာတွေဆက်ြဖစ်မလဲဆိုတာကိုတော့.....ဇာတ်လမ်းကောင်းကောင်းနဲ့ စွန့်စားခန်း  Animation ကားတွေကိုမှသဘောကျတဲ့သူတွေအတွက် လက်မလွှတ်သင့်ပါကြောင်း... ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Theint Theint ပဲဖြစ်ပါတယ်... File Size :(900 MB) and (380 MB) Quality : WEB-DL 720p Format…mp4 Duration…01:43:00 Genre :  Animation, Adventure, Family Subtitle : Myanmar Subtitle (Hard Sub) Translated by Theint Theint Encoded by Phyo Pyae

Romance
8.3 2020 103 mins
Wolfwalkers
The Stolen Years
6.2

The Stolen Years (2013) (အညွှန်း) လူနှစ်ဦးချစ်ကြတဲ့အခါ အဲဒီလူနှစ်ဦးလက်ထပ်နိုင်ဖို့အရေး၊ ဇာတ်ပေါင်းထုပ်နိုင်ဖို့အရေးကိုပဲ များသောအားဖြင့် ပဓာနထားတတ်ကြတယ်။ ချစ်သူနှစ်ဦးပေါင်းဖက်နိုင်သွားရင် အရာအားလုံးအဆုံးသတ်သွားပြီ အောင်မြင်သွားပြီလို့ထင်မှတ်တတ်ကြတယ်။ တကယ်တော့မဟုတ်ပါဘူး .. လက်ထပ်ပြီးနောက်ပိုင်းကမှသာ အဲဒီလူနှစ်ယောက်ရဲ့ တကယ့်ဘဝအစလို့ပြောရမှာပါ။ Xie Yu နဲ့ He Mann က တစ်ယောက်ကိုတစ်ယောက်သိပ်ချစ်ကြတဲ့ ချစ်သူတွေအဖြစ်ကနေ အခုမှပူပူနွေးနွေးလက်ထပ်ပြီးကာစ အချစ်ငှက်ကလေးတွေပေါ့။ တစ်ယောက်နဲ့တစ်ယောက်သိပ်ချစ်ကြပြီး နှစ်ယောက်အတူရှိလိုက်ရင် အချင်းချင်းစနောက်ပြီး အမြဲပျော်ရွှင်ရယ်မောနေတတ်တာမို့ အများကဝိုင်းအားကျရတဲ့စုံတွဲလေးဆိုလည်းမမှားပါဘူး။ ဒီလိုနဲ့ကြင်စဦးတို့ရဲ့ထုံးစံအတိုင်း ဟန်းနီးမွန်းခရီးစဉ်တစ်ခုထွက်ရာကနေ မတော်တဆမှုတစ်ခုဖြစ်သွားခဲ့တယ် ..။ 2012 ခုနှစ်ရဲ့မနက်ခင်းတစ်ခုမှာ မတော်တဆမှုနဲ့ဆေးရုံရောက်နေတဲ့ He Mann သတိပြန်ရလာခဲ့တယ်။ နိုးနိုးလာချင်း မတော်တဆဖြစ်တုန်းကအတူတူရှိခဲ့တဲ့ ယောက်ျားဖြစ်သူ Xie Yu ကိုရှာတာပေါ့။ အဲဒီအချိန်မှာ မထင်မှတ်ထားတဲ့ထိတ်လန့်စရာအဖြစ်မှန်တွေကို He Mann ကြုံလိုက်ရတော့တယ်။ သူမှတ်မိနေတဲ့မှတ်ဉာဏ်က 2007 ခုနှစ်ကမှတ်ဉာဏ်တွေဆိုတာရယ် .. လက်ရှိခုနှစ်က 2012 ခုနှစ်ဆိုတာရယ် .. သိပ်ချစ်ခဲ့ကြတဲ့ သူနဲ့ Xie Yu က ကွာရှင်းပြီးသားဆက်ဆံရေးဖြစ်သွားပြီဆိုတာရယ် .. သူကမတော်တဆမှုတစ်ခုကြောင့် ဆေးရုံမှာတစ်လလောက် ကိုမာဖြစ်နေရာကနေ မှတ်ဉာဏ်တချို့ပျောက်ဆုံးသွားပြီဆိုတာရယ် .. ။ “ခိုးယူခံလိုက်ရတဲ့ သက္ကရာဇ်တွေ” မှာ ဘာတွေဖြစ်ပျက်ခဲ့လို့ He Mann ရဲ့ကမ္ဘာကြီးကပြောင်းလဲသွားရတာလဲ .. လူတွေကပဲပြောင်းလဲသွားခဲ့တာလား အချစ်စစ်ဆိုတာကပဲတည်မြဲမှုမရှိတာလား .. သိပ်ချစ်လွန်းလို့ပေါင်းဖက်နိုင်ခဲ့ပြီးကာမှ ဘယ်အရာတွေက သူတို့ကိုဝေးကွာသွားစေခဲ့တာလဲ .. ဒီအမှန်တရားကို He Mann တစ်ယောက်လက်ခံနိုင်စွမ်းရှိပါ့မလား .. နှစ်ယောက်သားနဲ့ကံကြမ္မာကရော ဘာတွေဆက်ဖြစ်ဦးမှာလဲ .. ။ IMDb 6.2/10 ရ တရုတ် romance ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပြီး အချစ်ဇာတ်လမ်းအဆွေးဇာတ်တွေကိုကြိုက်တတ်သူတွေအဖို့ကတော့ မိုးအေးအေးနဲ့ငြိမ့်ငြိမ့်လေးဆွေးလို့ကောင်းတဲ့ ဇာတ်လမ်းဟောင်း ဇာတ်လမ်းကောင်းလေးဖြစ်ကြောင်းညွှန်းလိုက်ပါတယ်။

Action • Adventure • Fantasy • Science Fiction
6.2 2013
The Stolen Years
Silent Night
7.5

ယခုအခါတင်ဆက်ပေးလိုက်တာကတော့ 2002 ခုနှစ်ကထွက်ရှိခဲ့တဲ့ ဖြစ်ရပ်မှန်နောက်ခံဇာတ်လမ်းလေးတစ်ပုဒ်ပဲဖြစ်ပါတယ်။ IMDB 7.5 ထိ ရရှိထားပြီး Nomination 4 ခုဝင်ခဲ့ပါတယ်။ ဒုတိယကမ္ဘာစစ်ကာလဲမှာ တကယ်ဖြစ်ပျက်ခဲ့တဲ့ ကြည်နူးစရာကောင်းတဲ့အဖြစ်အပျက်လေးအကြောင်းကို ရိုက်ကူးထားတာပါ။ ဒီရုပ်ရှင်ကားထဲကလိုဖြစ်ရပ်မျိုး ပထမတကြိမ်ဖြစ်ခဲ့ဖူးတာကတော့ ပထမကမ္ဘာစစ်ကာလ ၁၉၁၄ ခုနှစ်မှာပါ။ Christmas Truce လို့ခေါ်ပါတယ်။ တဖက်နဲ့တဖက် အသေအလဲပစ်ခတ်နေကြတဲ့ ရန်သူစစ်သားတွေဟာ မုန်းတီးမှုတွေကိုခနဘေးဖယ်ထားပြီး လူသားဆန်စွာနဲ့ ခရစ်စမတ်နေ့လေးကိုဖြတ်သန်းခဲ့ကြတာပါ။ ဒီရုပ်ရှင်ကားဟာလည်း အမေရိကန်စစ်သားသုံးယောက်နဲ့ဂျာမန်စစ်သားသုံးယောက်တို့ ခရစ်စမတ်ညလေးကို ပျော်ရွှင်စွာအတူဖြတ်သန်းကြတဲ့အကြောင်းရိုက်ပြထားတာပါ။ ဇာတ်လမ်းအကြောင်းပြောရရင်တော့ ၁၉၄၄ ခုနှစ်၊ ခရစ်စမတ်မတိုင်မီနေ့မှာ “မစ္စဝင်ကန်”နဲ့ သူမရဲ့သား “ဖရစ်” တို့ဟာ မြို့ပေါ်ကအိမ်ဗုံးကြဲခံလိုက်ရတဲ့အတွက် တောထဲက အမဲလိုက်တဲ့အိမ်လေးမှာခနပုန်းရှောင်ဖို့ရောက်ရှိလာခဲ့ပါတယ်။ ထိုနေရာဟာ အမေရိကန်နဲ့ ဂျာမန်တို့ တိုက်ပွဲဖြစ်နေတဲ့နေရာပါ။ မစ္စဝင်ကန်ကတော့ အေးဆေးစွာနဲ့ပဲ တဲအိမ်ရောက်ရောက်ချင်းသူ့သားကိုစာသင်ဖို့လုပ်ပါတော့တယ်။ ထိုစဉ်မှာပဲ အမေရိကန်စစ်သားသုံးယောက်လမ်းမှားပြီး မစ္စဝင်ကန်တို့တဲအိမ်‌လေးကိုရောက်ရှိလာပါတယ်။ မစ္စဝင်ကန်လည်း ဘာမှမပြောသာပဲ ဝင်ခွင့်ပေးလိုက်ပါတယ်။ သိပ်မကြာခင်မှာပဲ ဂျာမန်စစ်သားသုံးယောက် မစ္စဝင်ကန်တို့အိမ်ကိုရောက်ရှိလာခဲ့ပါတယ်။ အမေရိကန်စစ်သားသုံးယောက်နဲ့ ဂျာမန်စစ်သားသုံးယောက်၊ မစ္စဝင်ကန်တို့သားအမိ ၊ တိုက်ပွဲဖြစ်နေတဲ့ကာလအတွင်းမှာ ဒီလိုရန်သူခြောက်ယောက်ဟာ မုန်းတီးမှုတွေခနဘေးဖယ်ထားပြီး ခရစ်စမတ်ညလေးကိုဘယ်လိုဖြတ်သန်းကြမလဲဆိုတာ ရုပ်ရှင်ထဲမှာဆက်လက်ကြည့်ရှုကြပါခင်ဗျာ။ File size…(1.6 GB)/(1.2 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:40:00 Genre…Drama, Biography, War Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by AKM

7.5 2002
Silent Night
Basic
6.4

Basic (2003) ဒီ Basic ဆိုတဲ့ ရုပ်ရှင်ကတော့ မိတ်ဆက်ပေးစရာမလိုဘဲ အားလုံးသိပြီးကြပြီဖြစ်တဲ့ မေမေ့အချစ်တော် မင်းသားကြီး Samuel Jackson နဲ့အတူ သူ့ရဲ့ခေတ်ပြိုင်ဆိုသလို သူငယ်ချင်းလည်းဖြစ်တဲ့ ဝါရင့်မင်းသားကြီး John Travolta တို့ ပါဝင်သရုပ်ဆောင်ထားတဲ့ ၂၀၀၃ ခုနှစ်ထွက် အက်ရှင် ဒရာမာဇာတ်ကားတစ်ကားဖြစ်ပါတယ်။ ဒီဇာတ်ကားထဲမှာဆိုရင် မင်းသားကြီး John Travolta က ဇာတ်ဆောင်တွမ်ဟာဒီ၊ မင်းသားကြီး Samuel ကတော့ ဇာတ်ပို့ တပ်ကြပ်ဝက်စ်အနေနဲ့ ပါဝင်သရုပ်ဆောင်ထားပါတယ်။ ~ ဇာတ်လမ်းအကျဉ်း ~ တွမ်ဟာဒီဆိုသူဟာ အရင်က စစ်တပ်ရဲ့ရိန်းဂျားဟောင်းတစ်ယောက်ဖြစ်ပြီး လက်ရှိမှာ သူဟာ ဒီအီးအေလို့ခေါ်တဲ့ မူးယစ်တိုက်ဖျက်ရေးအဖွဲ့မှာ သူလျှိုအဖြစ်လုပ်ကိုင်နေပါတယ်။ တစ်နေ့မှာ သူတာဝန်ထမ်းဆောင်ခဲ့တဲ့ အခြေစိုက်စခန်းမှာ ညွှန်းကြားရေးမှူးအဖြစ်လုပ်ကိုင်နေတဲ့ သူ့ရဲ့ရိန်းဂျားတပ်ဖွဲ့ဝင်ဟောင်း သူငယ်ချင်းတစ်ယောက်က အတော်လေးရှုပ်ထွေးတဲ့အမှုတစ်ခုကို ကူညီဖြေရှင်းပေးဖို့ အကူအညီတောင်းလာခဲ့ပါတယ်။ မုန်တိုင်းပြင်းထန်နေတဲ့တစ်နေ့မှာ တပ်ကြပ်ကြီးဝက်စ်ဟာ သူ့ရဲ့တပ်သားတွေနဲ့အတူ လေ့ကျင့်ရေးခရီးစဉ်ထွက်ခဲ့ပါတယ်။ ဒါပေမဲ့ မုန်တိုင်းကြောင့် ဝက်စ်တို့တပ်ဖွဲ့ပြန်လာရမယ့်အချိန်က နောက်ကျသွားပြီး အခြေစိုက်စခန်းကနေသွားပြန်ခေါ်တဲ့အချိန်မှာ ထွက်သွားခဲ့တဲ့တပ်ကြပ်ကြီးဝက်စ်အပြင် ပါသွားတဲ့ရိန်းဂျားခြောက်ယောက်ထဲက သုံး ယောက်ပါ အသေပျောက်ပျောက်သွားပါတယ်။ ကျန်ခဲ့တဲ့သုံးယောက်ထဲမှာ နှစ်ယောက်က အချင်းချင်းပစ်နေပြီးတော့ တစ်ယောက်ကသေ တစ်ယောက်က သေနတ်ဒဏ်ရာရပြီး နောက်ဆုံးကျန်တဲ့ ဒန်ဘာဆိုတဲ့ရိန်းဂျားကနေ သေနတ်ပစ်ခံထားရတဲ့တစ်ယောက်ကို ပြန်ခေါ်လာခဲ့ရပါတယ်။ ဒါပေမဲ့ အခြေစိုက်စခန်းကိုပြန်ရောက်တဲ့အချိန် ဒန်ဘာ့ကို မေးမြန်းတဲ့အခါမှာ ဘာတစ်ခွန်းမှပြန်ဖြေဘဲ အခုစစ်ဆင်ရေးထဲမပါသွားတဲ့ ရိန်းဂျားဟောင်းတစ်ယောက်ကိုခေါ်ပေးမှပဲ မေးတာတွေဖြေပေးမယ်ဆိုပြီးဖြစ်လာခဲ့ပါတယ်။ ဒီလိုနဲ့ တွမ်ဟာဒီရဲ့ဇာတ်ဝင်ခန်းရောက်ရှိလာခဲ့ပြီး ဟာဒီတစ်ယောက် ရှုပ်ထွေးမှုပေါင်းများစွာပြည့်နှက်နေတဲ့ လူသတ်မှု၊ သေကြေပျောက်ဆုံးမှုတွေကို ဘယ်လိုဖြေရှင်းမလဲဆိုတာကို ကြည့်ရှုရမှာပဲဖြစ်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Mark မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.65GB, 830MB Quality – 1080p, 720p IMDb Rating – 6.4/10 Format – mp4 Duration – 1H 38Min Genre – Action, Crime, Drama Subtitle – Myanmar Subtitle (Hardsub) Translated by Mark Encoded by Y

6.4 2003 98 mins
Basic
Abbabba
7

Abbabba (2024) အဆောင်မှအပြန်ခရီး ဒီနေ့မှာတော့ ၂၀၁၅ ခုနှစ်က ဟစ်ဖြစ်ခဲ့တဲ့ မလေးယာလမ်ကား Adi Kappiyare Kootamani ကို မှီငြမ်းထားတဲ့Abbabbaကားကို တင်ဆက်ပေးလိုက်ပါတယ်။ အားလုံးရဲ့ဘဝမှာ အပျော်ရွှင်ဆုံးအချိန်ကို မေးရင် တက္ကသိုလ်ကျောင်းသားဘဝလို့ ဖြေကြမှာပါ။ လူ့ဘဝထဲ မဝင်ခင် တက္ကသိုလ် ကျောင်းသားဘဝမှာ ပူပန်စရာဆိုလို့ ကျောင်းခေါ်ချိန် မပြည့်တာရယ်၊ လမကုန်ခင် ပိုက်ဆံကုန်သွားလို့ ခေါက်ဆွဲပြုတ်နဲ့ညားတာရယ်၊ ချစ်သူရည်းစားအရေးကိစ္စတွေလောက်ပဲ ရှိကြမှာပါ။ တက္ကသိုလ်မှာ အဆောင်နေကြတဲ့အခါ ဘယ်လောက်ပဲကြမ်းပါတယ် ကျပ်ပါတယ်ဆိုတဲ့ အဆောင်ပဲပြောပြော ရှာကြံပျော်ရပါးရကြသေးတာပါ။ ဇာတ်ဆောင်ဒီလိကတော့ အရမ်းစည်းကမ်းတင်းကြပ်ပါတယ် ဆိုတဲ့ ဖာသာကြီးလက်အောက်က အဆောင်မှာ နေနေတဲ့သူပါ။ တက္ကသိုလ်မှာရတဲ့ ရည်းစားလေးနဲ့ ဘဝကိုပျော်မွေ့နေတဲ့ ဒီလိဟာ တစ်နေ့မှာ ချစ်ရသူရဲ့ အခက်အခဲကို ကူညီပေးရဖို့ ဖြစ်လာပါတော့တယ်။ ပိုက်ဆံမရှိ အစွမ်းအစမရှိတဲ့ တက္ကသိုလ်ကျောင်းသားလူမွဲလေးဟာ ကြံရာမရဖြစ်နေတုန်းမှာ သူတို့သမီးရည်းစား စကားဝိုင်းကို ကြားသွားတဲ့ အာကီလာက ကူညီပေးမယ်ဆိုလာခဲ့တယ်။ အပြန်အလှန်အနေနဲ့ သူတို့ယောက်ျားလေးအဆောင်ကို ငါးမိနစ်လောက် ခိုးဝင်ခွင့်ပေးရမယ် ဆိုလာတဲ့အခါ……. ဘာတွေဆက်ဖြစ်သွားမလဲ။ ဒီလီတစ်ယောက် ချစ်ရသူနဲ့ရော ပေါင်းစည်းနိုင်ပါ့မလား။ အာကီလာကရော ဘာလို့အဆောင်ထဲဝင်ချင်ရတာလဲ၊ အ​ဆောင်ကရော ပြန်ထွက်လို့ရပါ့မလား ဆိုတာတွေကို တက္ကသိုလ်အငွေ့အသက်တွေ၊ ယောက်ျားလေးအဆောင်မှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ ဟာသတွေနဲ့အတူ စောင့်မျှော်ကြည့်ရှုပေးကြပါဦး။ (အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team ဖြစ်ပါတယ်)

7 2024
Abbabba
Mom, If I Were a Vampire
5.7

ဒီဇာတ်ကားလေးကတော့ နာမည်အတိုင်း အနိုင်ကျင့်ခံရတဲ့ ကျောင်းသူလေး အကြောင်းကိုရိုက်ကူးထားတာပဲဖြစ်ပါတယ် ။ GL နည်းနည်းဆန်ပါတယ်နော် ဇာတ်လမ်းအညွှန်းလေးအနေနဲ့ ကျန်းရှောင်ဝမ်ဆိုတဲ့ကောင်မလေးဟာ အမြဲတမ်းတွေးနေ ဆွေးနေတတ်ပြီးတော့ သူ့အမေနဲ့ မတူချင်တဲ့သူတစ်ယောက်လည်းဖြစ်ပါတယ် ။ အဲဒီလိုမှုန်ကုတ်ကုတ်ဖြစ်နေလို့ပဲ ကျောင်းပြောင်းတဲ့နေ့မှာပဲ အနိုင်ကျင့်ခံရပါတော့တယ် ။ ဒါပေမဲ့ မမျှော်လင့်ဘဲသူ့ဘဝကိုအလင်းပေးနိုင်မဲ့ သူငယ်ချင်းတစ်ယောက် ၊ သူ့အတွက်လက်စားချေပေးနိုင်မဲ့ သူငယ်ချင်းကောင်းနဲ့ဆုံတွေ့ခဲ့ရပါတယ် ။ ကဲဒီသူငယ်ချင်းနဲ့ပေါင်းပြီး အနိုင်ကျင့်တဲ့ကလေးတွေကို ဘယ်လိုပြန်လက်စားချေကြမလဲ ? ‌သူဖြစ်ချင်နေတဲ့ ဗန်ပိုင်းယားရောဖြစ်လာမလားဆိုတာ ဇာတ်ကားလေးထဲမှာ ကြည့်ရှူပေးကြည့်ပါအုံးနော် ။

5.7 2022
Mom, If I Were a Vampire
[18+] Kiskisan
5.4

Kiskisan (2024) အဒဲလ်နဲ့ရီနာတို့ဟာ အဒေါ်ဖြစ်သူရဲ့ဆန်စက်မှာ အတူတူလုပ်ရင်းကြိုးချင်းထားကြိုးချင်းညိကြတဲ့လူငယ်စုံတွဲဖြစ်ပြီး မကြာခင်လက်ထပ်ကြတော့မှာပါ။ အဲ့ဒီအချိန်မှာပဲ အဒဲလ်ရဲ့ညီမဖြစ်သူ ဘယ်ယာဟာ သူ့ကောင်မလေး ချက်စ်ကာနဲ့အတူ မင်္ဂလာပွဲတက်ဖို့ပြန်ရောက်လာပါတယ်။ ငယ်ရွယ်နုပျိုသူ သန်တုန်းမြန်တုန်းထန်တုန်းအရွယ်ကောင်းတွေကြားမှာ အချင်းချင်း ရမ္မက်ထန်မှောက်မှားကြပုံတွေကိုကွက်ကွက်ကွင်းကွင်းရှုစားရမှာဖြစ်ပါတယ်။ Vivamax ရဲ့ဝါရင့် မမ figure နှစ်ယောက်ဖြစ်တဲ့ Rob Guinto နဲ့ Apple Dy တို့ဦးဆောင်ပါဝင်ထားပြီး Skye Gonzaga ဆိုတဲ့ မင်းသမီးသစ်လေးကိုပွဲဦးထွက်မိတ်ဆက်ပေးထားပါတယ်။ File size…(1.1 GB) / (610 MB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Duration….01:00:41 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Alias

Romance • Drama
5.4 2024 60 mins
[18+] Kiskisan
Poison Ivy
5.4

ဒီကားထဲက Drew Barrymore ရဲ့ စတိုင်နဲ့ ရဲတင်းတဲ့အလှအပတွေဟာ လူပြောများခဲ့ပါတယ်… နွယ်ပင်ဆိုတာ ရစ်ပတ်နွယ်တတ်တဲ့အမျိုးပဲ… ဒါပေမယ့်အဆိပ်နွယ်ပင်ဆိုရင်တော့ တင်းကြပ်စွာရစ်ပတ်နှောင်ဖွဲ့မှုတွေကြားမှာ ရုန်းထွက်မရဘဲအဆိပ်သင့်သွားနိုင်ပါတယ်… ဒီလိုအဆိပ်နွယ်ပင်အကြောင်းဆိုရင်တော့ Poison Ivy (1992) ဇာတ်ကားလေးက သံဝေဂရစရာပါ… ဇာတ်လမ်းလေးကတော့… Ivy ဆိုတဲ့မိဘမဲ့မိန်းကလေးတစ်ယောက်က ချမ်းသာတဲ့သူငယ်ချင်းရဲ့အဖေကိုချဉ်းကပ်တဲ့ဇာတ်လမ်းမျိုးဖြစ်ပါတယ်။ ချဉ်းကပ်တဲ့နေရာမှာ နာမည်နဲ့လိုက်အောင် အဆိပ်ပြင်းတဲ့ “Ivy” နွယ်ပင်ဆိုတဲ့အတိုင်း သေသေချာချာအကွက်ချစီစဉ်ပြီး သူငယ်ချင်းမိသားစုကို ပြိုကွဲအောင်ကြံစည်တာမျိုးပါ။ Ivy ရဲ့ ညှို့ဓာတ်အပြည့်နဲ့ ဘယ်လိုရစ်ပတ် အဆိပ်သင့်သွားသလဲဆိုတာ……။ Unrated Version နဲ့တင်ဆက်ထားပြီး အဖော်အချွတ်ခန်းတချို့ကြောင့် မိသားစုနဲ့ကြည့်ဖို့အဆင်မပြေပါ။

Crime • Thriller • Drama • Action
5.4 1992 92 mins
Poison Ivy
The Outlaws
7.2

The Outlaws (2017) IMDb Rating (7.2)/ Rotten Tomatoes (91%) နာမည်ကြီးမင်းသားတွေဖြစ်ကြတဲ့ (မာဒုံဆော့) Ma Dong-Seok နဲ့ Yoon Kye-sang, Jo Jae-yoon စတဲ့ အက်ရှင်မင်းသားတွေပါဝင်သရုပ်ဆောင်ထားပြီး ဇာတ်လမ်းကိုတော့ ၂၀၀၄ ခုနှစ် ကိုရီးယားနိုင်ငံ ဆိုးလ်မြို့က ရပ်ကွက်တစ်ခုမှာဖြစ်ပွားတဲ့ လူဆိုးဂိုဏ်းတွေရဲ့ ရာဇဝတ်မှုတွေကိုအခြေခံရိုက်ကူးထားပါတယ် The Outlaws တဲ့ ..မြန်မာလိုဆိုရင်တော့ဝရမ်းပြေးတွေပေါ့ဗျာ… ဇာတ်လမ်းကို ဟာဂျီဝန်ဆိုတဲ့ ဆိုးလ်မြို့က ရပ်ကွက်လေးတစ်ခုရဲ့စျေးထဲမှာဖြစ်တဲ့လူမိုက်တွေရဲ့ရန်ပွဲလေးတစ်ခုနဲ့အစပြုထားပါတယ်… ဒီဒေသတစ်ဝိုက်ကိုတာဝန်ယူရတာက ရဲစုံထောက်မားနဲ့အဖွဲ့ဖြစ်ပြီး အနားတစ်ဝိုက်ကလူမိုက်တွေက စုံထောက်မားကို ချစ်ခင်လေးစားကြပုံ… နောက်တော့ တခြားနယ်က လူမိုက်တွေရောက်လာပြီး လူသတ်နှိပ်စက်မှုတွေကြောင့် ရဲနဲ့ လူမိုက်တွေရဲ့အသည်းအေးဖွယ်ရာယှဉ်ပြိုင်မှုတွေကို အမိုက်စားခပ်ကြမ်းကြမ်းကြည့်ရှုကြရမှာပါ။

Drama
7.2 2017 121 mins
The Outlaws
What Happens After the Massacre?
4.3

What Happens After the Massacre? (2025) IMDb Rating (4.3) ကမ့်စခန်းတစ်ခုရှိတယ်။ အဲဒီတောတွင်းစခန်းချစခန်းက လူကြီးတွေမပါဘဲ ကလေးတွေသီးသန့်နေရာ။ အိမ်မှာ လူကြီးတွေပဲ လွတ်လွတ်လပ်လပ်နေချင်ရင် ကလေးတွေကို လာပို့ထားပြီး အကြာကြီးထားလို့ရတဲ့နေရာပေါ့။ အဲဒီစခန်းက နာမည်ဆိုးနဲ့ကျော်ကြားတယ်။ ဘယ်လိုနာမည်ဆိုးနဲ့ ကျော်ကြားသလဲဆို နှစ်တိုင်း လူသတ်သမားက အဲဒီစခန်းမှာ လူတွေကို အစုလိုက်အပြုံလိုက်သတ်နေတယ်လို့ပေါ့။ နှစ်တိုင်းလည်း လူသတ်သမားပါ သေသွားပြီဆိုပြီး သတင်းထွက်ပြီး နှစ်တိုင်းလည်း အဲဒီကမ့်ကို နွေရာသီတိုင်း အမြဲပြန်ဖွင့်ပေမဲ့ အဲဒီကမ့်မှာ လူတွေက ထပ်သေနေတုန်းပဲ။ အဲဒီကမ့်က လူသတ်မှုတွေရဲ့ စိတ္တဇလူသတ်သမားက ဘာကြောင့်သတ်နေတာလဲ။ ဘာလို့ ကမ့်ပိုင်ရှင်တွေက ကမ့်ကို ဒီလောက် လူတွေသေနေတဲ့ကြားက နှစ်စဉ်မပြတ် အမြဲပြန်ဖွင့်နေတာလဲဆိုတာကို ဘယ်သူမှမသိကြဘူး။ ဘယ်သူမှလည်း သိအောင်မလုပ်ကြဘူး။ အလုပ်လုပ်တဲ့လူတွေက အလုပ်လုပ်။ လာပို့တဲ့လူတွေက လာပို့နေကြတုန်းပဲ။ ဒါကို ကမ့်မှာ အလုပ်လာလုပ်တဲ့ သန့်ရှင်းရေးသမား၂ယောက်နဲ့ ကမ့်ပိုင်ရှင်ရဲ့တူမက အစဖော်မိသွားတာကို ကြည့်ရမှာပါ။ Low Budget ရုပ်ရှင်ပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Who ဖြစ်ပါတယ်။) File size…(1.9 GB) / (900 MB) Quality….WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre….Comedy,Horror Duration….01:20:36 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by Who

Drama • Family
4.3 2025 82 mins
What Happens After the Massacre?
Close To Me
6.2

၂၀၁၉-၂၀၂၀ ကိုရိုနာ ဗိုင်းရပ်စ် ကမ္ဘာတစ်ဝှမ်း ပျံ့နှံ့ကူးစက်ပြီး အီတလီနိုင်ငံမှာလည်း ကာလတစ်ခုကြာ လော့ဒေါင်းကျခဲ့တဲ့ အချိန်ကို အမှီပြု ရိုက်ကူးထားတဲ့ ဇာတ်ကားလေးတစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ လူကာ မက်ဆီကို ဆိုတဲ့ အထက်တန်းကျောင်း ဆရာတစ်ယောက်ဟာ သူ့ရဲ့ ဇနီးဖြစ်သူ ဆရာဝန် ဆာရာနဲ့အတူ နေထိုင်ပါတယ် သူတို့နေတဲ့ တိုက်ခန်းကို ဆာရာရဲ့ အဖေဖြစ်တဲ့ ပုဂ္ဂလိက ဆေးခန်းပိုင်ရှင်က ဝယ်ထားပေးတာဖြစ်ပြီး ငွေရှာမကောင်းတဲ့ လူကာကို အမြဲတမ်း နှိမ်ပြော ပြောလေ့ရှိသူပါ။ ဆာရာမှာ သားဥအိမ်ရေအိတ်တည် ရောဂါ ရှိနေတာကြောင့် ရင်သွေးရဖို့ ခက်ခဲနေတာမို့ သူမအဖေ ဆေးခန်းအကူအညီနဲ့ IVF နည်းလမ်းနဲ့ ကလေးရဖို့ ကြိုးစားနေတာ ဖြစ်ပေမယ့် ကိုဗစ်ကာလအတွင်း ဆာရာအလုပ်လုပ်တဲ့ ဆေးရုံမှာ ကူးစက်လူနာတွေ များပြားလွန်းတာမို့ အဲဒီကိစ္စကို ရွှေ့ဆိုင်းထားဖို့ ဆုံးဖြတ်ထားပါတယ်။ တစ်နေ့မှာ သူတို့နေတဲ့ တိုက်ခန်းမျက်နှာချင်းဆိုင် အခန်းကို ပြောင်းလာတဲ့ အာမန်ဒါဆိုတဲ့ မိန်းမချောလေးက ဖုန်းအားကုန်ပြီး အခန်းထဲဝင်ဖို့ အခက်အခဲဖြစ်နေတာမို့ သူတို့အခန်းမှာ လာအကူအညီတောင်းရင်း စပြီး တွေ့ဆုံခဲ့ကြပါတယ်။ ကိုဗစ်ကာလမှာ ကျန်းမာ‌‌ရေး ဝန်ထမ်းတွေဟာ မနားမနေ ဆေးရုံမှာ အလုပ်လုပ်ကြရတာမို့ အိမ်မှာ လူကာ တစ်ယောက်တည်း ကျန်တဲ့ ရက်တွေက များလာပါတယ်။ ဒီလိုနဲ့ အိမ်ပြင်မထွက်ရ အမိန့်နဲ့ တစ်ယောက်တစ်ခန်းစီ အထီးကျန်နေကြတဲ့ လူသားနှစ်ယောက် ငြိစွန်းမှု ဖြစ်လာခဲ့တဲ့အခါမှာ ဘယ်လိုတွေ တွေ့ကြုံရမလဲ။ အာမန်ဒါဆိုတဲ့ မိန်းမချောလေးက ဒီတိုက်ခန်းကို ပြောင်းလာခဲ့တာ နောက်ကွယ်မှာ ဘယ်လို ရည်ရွယ်ချက်နဲ့လဲ ဆိုတာကတော့…..။ File Size… (976 MB) / (612 MB) Quality… WEB-DL 1080p HEVC /720p Format…mkv / mp4 Duration…1h 43m Genre ….. Comedy , Drama , Romance , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Aoi

Adventure • Comedy • Drama
6.2 2025
Close To Me