YoteShin Drive is below this article. Scroll down to view.

Oppo Reno9 Series will include 4,500mAh battery and Universal Fast Charging

Author: Anonymous Published on: 12 Aug 2022

The Oppo Reno9 series will be announced in November and the information of these smartphones is leaked. China writes the Qualcomm Snapdragon 7 Series in the OppDo Reno9 Series in the Oppo Reno9 Series in the Oppo Reno9 Series. This is the same as Oppo Reno8 Series. Oppo will be one of the Chinese smartphone makers who use the new UFCS (Universal Fast Charging Specification). This charge can support up to 40W. The Reno9 Series will feature a 4,500mAh battery with UFCS support. Other smartphone makers supporting the UFCs are Huawei, Vivo, Xiaomi, and the West includes Angbao Electronics, Lihui Technology, Rockchip and Silicon Power. The Reno9 Series will be everything's every color. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

The Deadly Affair (2022)Ep.11. 720P [CM].mp4

740.4 MB N/A video/mp4 609 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Event Horizon
6.5

Resident Evil ဇာတ်ကားအများစုရဲ့ ဒါရိုက်တာ Paul W.S. Anderson ရိုက်ထားတဲ့ ရုပ်ရှင်ပါ။ ဒီကားကို ပါရာမောင့်က ထုတ်ခဲ့တာဖြစ်ပြီး ဒီကားကို ထုတ်ပေးဖို့ ပါရာမောင့်မှာ ဆွယ်တရားသွားဟောတုန်းက ကားတောင်ထွက်မလာသေးဘဲ ပါရာမောင့် အမှုဆောင်တွေ လန့်ပါလန့်ခဲ့ရတဲ့အထိဖြစ်ခဲ့ပါတယ်။ The Matrix ထဲက မောဘီးယပ်စ်ကြီး Laurence Fishburne က အဓိက ပါဝင်သရုပ်ဆောင်ထားသလို ဘွန်းခဲ့ပေမဲ့လည်း Cult Classic Horror Film တစ်ကားဖြစ်ခဲ့တဲ့အတွက် ကြည့်သင့်တဲ့ ဂန္ထဝင်တစ်ကားပါပဲ။ သိပ္ပံစိတ်ကူးယဉ်ဇာတ်တွေကို သဘောကျတဲ့လူတွေလည်း အကြိုက်တွေ့ကြမှာပါ။ သိပ္ပံစိတ်ကူးယဉ် သဲထိတ်ရင်ဖိုကားပီသသလို တော်တော်လည်းကြမ်းတာကြောင့် အသည်းငယ်တတ်သူတွေတော့ မကြည့်စေချင်ပါဘူး။ ဒီကားကြည့်ပြီးရင်တော့ အချင်းချင်း ခေါင်းစားကြစရာ အချက်အလက်တွေ အများကြီးထွက်လာမှာတော့ မြေကြီးလက်ခတ်မလွဲပါပဲ။ လူသားတွေဟာ လပေါ်မှာ အပြီးတိုင်အခြေချပြီးတဲ့နောက် ၂၅ နှစ်အကြာမှာ လူသားသမိုင်းတလျှောက် ပထမဆုံးသော အလင်းထက်မြန်တဲ့ အာကာသယာဉ် Event Horizon ကို လွှတ်တင်နိုင်ခဲ့ကြတယ်။ ဒါပေမဲ့ စကြဝဋ္ဌာမှာ ဖျက်အားအကြီးဆုံးလို့ သမုတ်ကြတဲ့ အာကာသတွင်းနက်တစ်ခုကို ယာဉ်တွင်းမှာဖန်တီးပြီးတော့ စကြဝဠာအတွင်း အလင်းနှစ်များစွာဝေးကွာတဲ့နေရာ တစ်ခုကနေတစ်ခုဆီကို မျက်စိတစ်မှိတ်အတွင်း အရောက်သွားနိုင်ဖို့ ဒီဇိုင်းထုတ်ထားတဲ့ ဒီယာဉ်ဟာ နေစကြဝဠာရဲ့အစွန်အဖျားဆီ သွားရောက်မယ့် သူ့ရဲ့ပထမဆုံးခရီးစဉ်မှာပဲ ပျောက်ချင်းမလှပျောက်ဆုံးသွားခဲ့တယ်။ ဒီအဖြစ်ဆိုးကြီးပြီးတဲ့နောက် ၇ နှစ်အကြာမှာတော့ အာကာသယာဉ်အသွားအလာ မရှိသလောက်နည်းတဲ့ နက်ပ်ကျွန်းဂြိုဟ်အနားကနေ အရေးပေါ်ကယ်ဆယ်ရေး အချက်ပြမှုတစ်ခု ထုတ်လွှင့်လာတဲ့အတွက် ကယ်ဆယ်ရေးယာဉ် Louise & Clarke က ကျွမ်းကျင်သူ ဒေါက်တာဝီယာနဲ့အတူ အရောက်သွားခဲ့ပေမဲ့ အရေးပေါ်အကူအညီ တောင်းခံထားတဲ့ယာဉ်ဟာ လူသားသမိုင်းမှာအဆိုးဆုံး အာကာသခရီးစဉ်လို့ သတ်မှတ်ခံထားရတဲ့ Event Horizon ဖြစ်နေပြီး ဒီယာဉ်ပေါ်ကို ရောက်လာပြီးတဲ့နောက်မှာ အရင်အဖွဲ့ ကြမ္မာငင်ခဲ့ကြပုံကို တဖြည်းဖြည်း ပိုသိလာရသလို သူတို့ကိုယ်တိုင် သင်္ကာမကင်းစရာကိစ္စတွေနဲ့ ဆက်တိုက်တွေ့လာရချိန်မှာ သူတို့အသက်ရှင်သန်နိုင်ဖို့ Event Horizon ကိုပဲ အားကိုးရမယ့်အဖြစ်နဲ့ ကြုံလာရတဲ့အခါမှာတော့... (ဒီဇာတ်ကားနဲ့အညွှန်းကို Costanza မှ ပြန်ဆို ရေးသားထားပါတယ်) Size - 2.04GB, 890MB Quality - REMASTERED 1080p, 720p IMDb Rating - 6.6/10 Format - mp4 Duration - 1H 36Min Genre - Horror, Sci-Fi, Thriller Subtitle - Myanmar Subtitle (Hardsub) Translated by Costanza Encoded by Y

6.5 1997 96 mins
Event Horizon
New Kung Fu Cult Master 2
4.5

"နဂါးနိုင်ဓါးဦးထိပ်ထား တိမ်လွှာဓါးရှင်မပေါ်လျှင် မည်သူအံတုနိုင်မည်နည်း။ " လွန်ခဲ့တဲ့ နှစ်နှစ်ဆယ်လောက်ကို ကျွန်တော်တို့ပြန်သွားကြရအောင်။ ဒီတစ်ခါတော့ Remake တွေခဏခဏရိုက်တဲ့ ဇာတ်လမ်းတွဲထဲကထွက်ပြီး နှစ်ပိုင်းလောက်နဲ့ပြီးမယ့် နဂါးနိုင်ဓား Version အသစ်လေးကို မြည်းစမ်းကြည့်ရမှာပါ။ ပထမဆုံးပြောချင်တာက Series မဟုတ်ပဲ Movie Version ဖြစ်တဲ့အတွက် တစ်ချို့ဇာတ်ကောင်တွေ ဇာတ်ကွက်တွေ မပါတော့ပဲ အရာရာကို ပေါ့ပေါ့ပါးပါး ပြသွားပြီး ဇာတ်လမ်း၀င်အောင်ရိုက်တာပါ။ ဒုတိယအချက်ကတော့ CGI တွေအများကြီး ချောမောလှပတဲ့မင်းသားလေး လေပေါ်ဝဲနေတာမျိုးမဟုတ်ပဲ လွန်ခဲ့တဲ့ နှစ် ၂၀ လောက်က မုဒ်မျိုးပြန်ပေးတဲ့တစ်ချက်ပါ။ တတိယကတော့ ကျန်းစမ်းဖုန်း ကိုယ်တော် ဒိုနီရမ်း ပါပဲ။ ဒီတော့များသောအားဖြင့် နဂါးနိုင်ဓါးခေတ်အဆက်ဆက်ကို ဖြတ်သန်းခဲ့ဖူးသူတွေချည်းမို့ ဇာတ်လမ်းတွဲမဟုတ်တဲ့ ခပ်သွက်သွက်ဇာတ်လမ်းလေးကို ခံစားပြီး အတိတ်ကိုပြန်လွမ်းကြရအောင်လားဗျာ။ အညွှန်း Lwin Htoo Aung Translator   Jo Jo VA , Yunn Myat Noe Khaing, SST Genre.....Action , Fantasy Quality….WEB-DL 1080p and 720p and 360P File size…1.9GB and 1.1GB and 312MB Format…mp4 Duration….1h 54min Subtitle….Myanmar Subtitle (Hardsub) Translator ..... Nu Mon, JoJoVa, SST Encoder ..... August

Crime • Drama
4.5 2022 113 mins
New Kung Fu Cult Master 2
Kanjoos Makhichoos
5.8

Kanjoos Makhichoos (2023) ****************************** မင်းသားကြီး ကုနားလ်ခေမူးပါဝင်သရုပ်ဆောင်ထားပြီး IMDb 6.4 နဲ့ ဒီကားဟာဆိုရင် ရယ်စရာလည်းကောင်း စိတ်အပန်းဖြေစရာလည်းကောင်းပြီး တကယ်ကြည့်သင့်တဲ့ Comedy အမျိုးအစားဇာတ်လမ်းကောင်းတစ်ပုဒ်ပါပဲ။ စော်ဘွားတွေရဲ့မြို့တော်လက်ခနောင်းမှာ‌နေတဲ့ဂျန်မနာဆိုတဲ့လူက ကပ်စေးနှဲကော်တရာပါ ဘယ်လောက်တောင်လဲဆိုရင် အမွှေးတိုင်တစ်ထုပ်ကို တစ်နှစ်လောက်ထိချွေတာပြီးသုံးတဲ့လူမျိုးပါ ဒီ လိုကပ်စေးကုပ်တာကတော့အကြောင်းရှိပါတယ်။ အဲဒါကတော့သူ့မိဘတွေကိုဘုရားဖူးလိုက်ပို့နိုင်ဖို့ပါပဲ ဒီလိုနဲ့ပိုက်ဆံစုတာပြည့်လို့မိဘတွေကိုဘုရားဖူးပို့ပြီးချိန်မှာတော့ သူတို့ဘဝတွေပြောင်းလဲသွားမဲ့ကိစ္စကြီးတစ်ခုဖြစ်သွားပါတယ် အဲဒါကတော့ကံဆိုးမိုးမှောင်ကျပြီး ဘုရားဖူးသွားတဲ့ သူ့မိဘနှစ်ပါးက မိုးကြီးလေကြီးထဲပါသွားလို့ပါပဲ။ ဒီလိုနဲ့သေဆုံးသူနစ်နာကြေးအနေနဲ့ အစိုးရကပိုက်ဆံပေးတော့ သုံးဖြုန်းပြီးကာမှ မိဘနှစ်ပါးလုံးမသေဘဲပြန်ရောက်လာတဲ့အခါမှာတော့... နစ်နာကြေးငွေတွေကိုသူတို့ဘယ်လိုဆပ်ကြမလဲ ပိုက်ဆံမရှိတော့တဲ့သူတို့ အစိုးရကိုဘယ်လိုကွက်ကျော်ရိုက်မလဲဆိုတာကြည့်လိုက်ကြပါဦး။ File size…2.1GB / 1GB Quality…1080p WEB RIP / 720p Format…mp4 Duration….1h 56m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Yunni~ BpL~ Thaik San ~Nyein Aye

Action • Adventure • Fantasy
5.8 2023 116 mins
Kanjoos Makhichoos
Paradise Kiss
7.1

Paradise Kiss(2011) ****************** ယူကာရီ ဟယစကဟာ သူ့အမေစိတ်တိုင်းကျ စာပဲကုန်းရုန်းလုပ်နေတဲ့ ဆယ်ကျော်သက်အရွယ်အထက်တန်းကျောင်းသူတစ်ယောက်ပါ။ သူ့ဘဝကို သူကိုယ်တိုင်လည်းငြီးငွေ့နေပေမဲ့ သူ့အမေရဲ့ဆန္ဒကိုလည်းမလွန်ဆန်နိုင်ပါဘူး။ ဒီလိုနဲ့ တစ်ရက်မှာ သူဟာ ‘Paradise Kiss’ လို့ခေါ်တဲ့ ဒီဇိုင်းပညာကိုလေ့လာနေတဲ့အဖွဲ့နဲ့ တွေ့ပြီး သူတို့အတွက် မော်ဒယ်လုပ်ပေးဖို့ဖြစ်လာပါတယ်။ ယူကာရီဟာ မော်ဒယ်လောကအကြောင်းဘာမှမသိတာကြောင့် အစပိုင်းကငြင်းဆန်နေခဲ့ပေမဲ့ လွတ်လွတ်လပ်လပ်နေတတ်တဲ့ ‘Paradise Kiss’ အဖွဲ့သားတွေနဲ့ ရင်းနှီးလာပြီးနောက်မှာ မော်ဒယ်လုပ်ပေးဖို့သဘောတူခဲ့ပါတယ်။ ဆယ်ကျော်သက်အရွယ်ကောင်မလေးတစ်ယောက်က သူရဲ့ရည်မှန်းချက်ကို ဘယ်လိုရှာတွေ့ပြီး သူ့ရဲ့ဘဝကိုဘယ်လိုပြောင်းလဲပစ်မလဲဆိုတာကို romance, comedy, drama တွေနဲ့ မြိုင်မြိုင်ဆိုင်ဆိုင်ကြည့်ရှူရမှာပဲဖြစ်ပါတယ်။ File Size :(1.7GB) and (1GB) Quality : WEB-DL1080P,720p Format…mp4 Duration…01:55:00 Genre :Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Tin Myo Lwin Encoded by Phyo Pyae

Crime • Mystery
7.1 2011 124 mins
Paradise Kiss
The Admiral
7

The Admiral (2015) ============== IMDb Rating – 7.0/10 ဒီဇာတ်ကားကို စ​ရေးမယ့်အချိန် ပိုစတာကိုမြင်​တော့ နည်းနည်း​လေး အင်တင်တင်ဖြစ်သွားမိတာ အမှန်ပါ။ ဒီဇိုင်းကာလာ အ​နေအထားက ဒီဘက်​ခေတ်ထွက် ​​ပေါ​ပေါပဲပဲစတိုင် ဖြစ်​နေတာမဟုတ်လား။ ဒီလိုနဲ့ Google​ ​ပြေး​ခေါက်၊ စာ​လေးဘာ​လေး​ပြေးရှာ​တော့ တို့များဖန်​တွေ အ​​ပေးများတယ်ဆိုတဲ့ IMDbက 7၊ Review ဆရာကြီးများ ရှိ​နေတဲ့ ခရမ်းချဉ်သီးပုပ်က67%ဆို​တော့ နည်းနည်းစိတ်ဝင်စားသွားမိတယ်။ နယ်သာလန်ကားဆို​တော့ မြင်​တွေ့​နေကျ အ​နောက်တိုင်းရုပ်ရှင်တွေ၊ အ​တွေ့နည်းတယ်ဆိုတဲ့ ပြင်သစ် တူရကီစသဖြင့်ထက် ရှား​တဲ့အပြင် ဆု၂ဆုနဲ့ nomi ၄ခုထိ စာရင်းဝင်ထား​တော့ သူများဂျင်းမထည့်ခင် ကိုယ်အရင်အထည့်ခံရမှာလန့်ရင်း ​စ​ရေးတယ်​​ပေါ့။ ဇာတ်လမ်းက ၁၇ရာစုနှစ်ကို အ​ခြေခံထားပြီး နယ်သာလန်​​ရေတပ်ရဲ့ ဗိုလ်ချုပ်ဖြစ်တဲ့ မီခယ်ဒီရိုက်တာကို အသား​ပေးရိုက်ကူးထားတာပါ။ ပ​ဒေသရာဇ်​​တွေကြီးစိုး​နေ​​သေးတဲ့ အချိန်မျိုးမှာ ရီပတ်ဘလစ်စနစ် စတင်အ​ကောင်အထည်​ပေါ်​​နေပြီဖြစ်တဲ့ နယ်သာလန်​ပြည်ကြောင့်ပဲ ဒီဇာတ်ကားထဲက အရှုပ်ထုတ်​တွေ စဖြစ်ခဲ့တယ်လို့ ဆိုရမှာပါပဲ။ သက်ဦးဆံပိုင်စနစ်ဘက်က မင်းမျိုးမင်းနွယ် ​​Prince of Orangeနဲ့ ပါတီနိုင်ငံ​ရေးစနစ်ဘက်က ရီပတ်ဘလစ်ကန်​တွေ ပွတ်တိုက်လာမှုရဲ့ အကျိုးဆက်အဖြစ် ပြည်တွင်းစစ်မီးက ​တောက်လုဆဲဆဲ ဖြစ်သလို တစ်ဖက်မှာလည်း ​ဟော်လန်ရဲ့ ​ရေ​ကြောင်းကုန်သွယ်​ရေးလုပ်ငန်းနဲ့ လွတ်လပ်တဲ့ ရီပတ်ဘလစ်စနစ်ကို မျက်မုန်းကျိုး​နေတဲ့ အင်္ဂလိပ်နဲ့ ပြင်သစ်​တွေက ​ရေ​ကြောင်းထိုးစစ်​တွေနဲ့ ကျူး​ကျော်​နေတာ​ကြောင့် ပြည်ပရန်ကိုလည်း တပြိုင်တည်းရင်ဆိုင်​​နေရတယ်လို့ ​ပြောရမှာပါ။ ဒီအချိန်မှာ ပြည်တွင်း​ရေးကို ဝန်ကြီးချုပ် ယိုဟန်ဒီဗစ်က ထိန်းကာ ပြည်ပရန်ကို​တော့ ​ရေ​ကြောင်းတိုက်ပွဲများစွာ ဆင်နွှဲခဲ့ဖူး ​နိုင်ခဲ့ဖူးတဲ့ မီခယ်ဒီရိုက်တာကို ​ရေတပ်ဗိုလ်ချုပ်အဖြစ်ခန့်အပ်ပြီး ကာကွယ်ခိုင်း ခဲ့ပါတယ်။ ဒီဇာတ်ကားထဲမှာ ဒီရိုက်တာရဲ့ စစ်​သေနင်္ကဗျူဟာ​တွေ၊ သင်္ဘောတိုက်ပွဲအမိုက်စားကြီး​တွေ ကြည့်ရှုရမှာဖြစ်သလို တစ်ဖက် ပြည်တွင်း​ရေးမှာ ရီပတ်ဘလစ်ဝန်ကြီးချုပ်နဲ့ အောရိန့်မင်းသားတို့ရဲ့ အာဏာအားပြိုင်မှု​​တွေကိုလည်း မြင်​တွေ့ရမှာဖြစ်ပါတယ်။ ဒတ်ချ် ဇာတ်ကားဆို​ပေမယ့် ဇာတ်လမ်းအသွားအလာက ခပ်သွက်သွက်နဲ့ တမျိုးကြည့်​ကောင်းပါတယ်။​ ​သင်္ဘောတိုက်ပွဲ​​တွေလည်း ခဏခဏ ဖြစ်​နေတာ​ကြောင့် ပြည်တွင်းပြည်ပ အ​ရေး၂ခုက Non-stopဇာတ် ပုံစံ ဇာတ်ရှိန်က ​တောက်​လျောက်တက်​​​နေတာပါ။ ပ​ဒေသရာဇ်​ခေတ်ပုံစံလည်း ဖြစ်ရမယ်၊ နိုင်ငံ​ရေးအားပြိုင်မှု​တွေကို စိတ်ဝင်စားတယ်။ ​ရေ​တိုက်ပွဲ​တွေကိုလည်း သ​ဘောကျတယ်ဆိုရင် ဒီဇာတ်ကားက ရထားတဲ့ rating​တွေနဲ့ သူ့အိုးနဲ့သူဆန် တန်တယ်လို့ ​ပြောနိုင်ပါတယ်။ ကြာချိန်ကလည်း ၂နာရီခွဲနီးပါးရှိပြီး ဇာတ်အိမ်က ခိုင်လို့ အကြိုက်​တွေ့တဲ့သူ​တွေ ရှိမယ့်ဇာတ်ကားပါပဲ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ JimX ဖြစ်ပါတယ်)

Crime • Documentary • Drama
7 2015 128 mins
The Admiral
Babysitting
6.7

Babysitting (2014) =============== IMDb Rating – 6.7/10 Babysitting ကလေးထိန်းတဲ့ရုပ်ရှင်ကားလေးပေါ့။ မှိုလိုပေါက်နေတဲ့ ကလေးထိန်းကားတွေလို ပိစိညှောင့်တောက်လေးကို ထိန်းရမှာမဟုတ် ဘူးဗျ၊ ၉နှစ် ၁၀ နှစ်ဆိုဒ်ကို ထိန်းရမယ့် adventure ဆန်ဆန်ရုပ်ရှင်ကား လေးပါ။ ပေါ့ပေါ့ပါးပါးလေးနဲ့ တကယ်ကြည့်လို့ကောင်းပါတယ် ။ ဖရန့်က ကာတွန်းဆွဲဖို့အရူးအမူးဝါသနာပါပြီး ကာတွန်းဆွဲတာ ဘယ်လောက်ပဲ တော်တော် သူ့သူဌေးက သူ့ကိုရှိမှန်းတောင်မသိပါဘူး။ ဖရန့်က သူဌေးကို ဝင်မိတ်ဆက်မယ်ဆိုပြီး ရုံးခန်းထဲတိုးဝင်တာနဲ့ပဲ သူဌေးက မျက်မှန်းတန်းမိ သွားပါတယ်။ ဖရန့်ရဲ့ဘဝကြီးကို ဇောက်ထိုးဖြစ်အောင်လုပ်မယ့်နေ့ပေါ့။ အဲ့ဒီနေ့မှာ သူ့သူဌေးက ပါတီပွဲတက်စရာရှိလို့ အိမ်မှာကလေးထိန်းဖို့ ဖရန့်ကိုကမ်းလှမ်းလာပါတယ်။ ဖြစ်ချင်တော့ အဲ့ဒီနေ့က သူ့မွေးနေ့ ၊ ဘဝ တစ်ဆစ်ချိုး အသက်(၃၀)ပြည့်တဲ့မွေးနေ့။ ဒါပေမဲ့ သူလက်ခံခဲ့ပါတယ်.. သူ့အိမ်မက်တွေရှိသေးတယ်လေ။ ဂျစ်ကန်ကန် ကလေးကို ထိန်းရမယ့်အပြင် သူ့မိတ်ဆွေတွေကလည်း မွေးနေ့ပါတီကို ဘော်ဒါ စိတ်အပြည့်နဲ့ ဖန်တီးခဲ့တာဆိုတော့ ဖရန့်တစ်ယောက် ဘယ်လိုတွေတိုင်လည်မလဲ၊ ကလေးနဲ့ဘယ်လို လုံးပါးပါးမလဲ ဆိုတာကိုတော့ ဆက်ကြည့်လိုက်ပါတော့နော်။ ရယ်ရယ်မောမောနဲ့ပေါ့ပေါ့ ပါးပါးကြည့်ရှုရမယ့်ကားလေးဖြစ်တာမို့ မိသားစုနဲ့အတူ ကြည့်ရှုအပန်းဖြေနိုင်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Jo Jo Va ဖြစ်ပါတယ်)

Action • Adventure • Fantasy
6.7 2014
Babysitting
The Horde
5.9

La Horde (2009) =============== ဒီတစ်ခေါက်မှာတော့ ၂၀၀၉ခုနှစ်ကထွက်ရှိထားတဲ့ ပြင်သစ် ဇွန်ဘီကားတစ်ကားကို မိတ်ဆက်ပေးချင်ပါတယ်။ ဒီဇာတ်ကားမှာ ရဲတပ်ဖွဲ့ရဲ့ အဖွဲ့၀င်တစ်ယောက်ဟာ ဂန်းစတားတစ်ယောက် သတ်တာကိုခံလိုက်ရပြီးတဲ့နောက် သူ့ရဲ့လုပ်ဖော်ကိုင်ဖက်တွေဟာ သူ့အတွက် လက်စားပြန်ချေဖို့ ကြိုးစားကြပါတော့တယ်။ သူတို့ဟာ ဂန်းစတားနေတဲ့ မြို့အပြင်က စွန့်ပစ်ထားတဲ့ တိုက်ဆီကိုရောက်ပြီး မကြာခင်မှာပဲဇွန်ဘီတွေကလည်း သူတို့ဆီကို ရောက်လာကြပါတော့တယ်။ ဒီလိုနဲ့ ရဲတွေရယ်၊ ဂန်းစတားအဖွဲ့ရယ်၊ ဇွန်ဘီတို့ရဲ့ သုံးပွင့်ဆိုင်ဇာတ်လမ်းလေးကို စိတ်၀င်စားစရာကောင်းအောင်၊ အသည်းယားစရာကောင်းအောင် ရိုက်ကူးထားတာကြောင့် ဇွန်ဘီကားသဘောကျသူတွေ ကြည့်ရှုဖို့ တင်ဆက်ပေးလိုက်ပါတယ်။ File size…1.31GB / 538MB Quality…Blu-Ray 1080p / 720p Format…mp4 Duration….1h 30m Genre ….. Action / Horror Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Jaka

Horror • Mystery • Science Fiction
5.9 2009 98 mins
The Horde
The Muppets

မားပက်ထ်ဆိုတာက ငယ်ငယ်က‌ကလေးတိုင်းရဲ့အကြိုက်ဆုံး တီဗီရှိုးတစ်ခုဖြစ်ခဲ့ပြီး မားပက်ထ် character တွေဟာလည်း အားလုံးရဲ့အချစ်ခံတွေ ဖြစ်ခဲ့တာပေါ့။ ဒါပေမဲ့လည်း ကမ္ဘာကြီးက တိုးတက်ပြောင်းလဲလာတာနဲ့အမျှ ပိုကောင်းပြီးလူကြိုက်များတဲ့ တီဗီရှိူးတွေက အစားထိုးဝင်ရောက်လာခဲ့ပြီး မားပက်ထ်ရှိုးကတော့ အပိုင်းသစ်ရိုက်ကူးခြင်းလည်းမရှိတော့သလို မားပက်ထ်ဇာတ်ကောင်တွေကိုယ်တိုင်လည်း တကွဲတပြားစီနဲ့ တိမ်မြုပ်ပျောက်ကွယ်ကုန်ကြပါတယ်။ မားပက်ထ်စတူရီယိုကိုယ်တိုင်တောင် ပရိသတ်တွေအတွက် အလည်အပတ်နေရာတစ်ခုအဖြစ်ပဲ ကျန်ရှိပါတော့တယ်။ ဝေါလ်တာကတော့ စမောတောင်းလို့ခေါ်တဲ့ မြို့ငယ်လေး‌တစ်မြို့က ကောင်လေးတစ်ယောက်ဖြစ်ပြီး မားပက်ထ်ကိုအရူးအမူးစွဲလမ်းသူပါ။ ဒီလိုနဲ့တစ်ရက်မှာတော့ ဝေါ်လ်တာရယ်၊ သူ့အစ်ကိုဂယ်ရီနဲ့ မယ်ရီတို့ဟာ အလည်အပတ်ခရီးထွက်ရင်း မားပက်ထ်စတူရီယိုကို ရောက်လာကြပါတယ်။ ဒီမှာတင်ထင်မှတ်မထားဘဲ ဆိုးဝါးတဲ့ရေနံလုပ်ငန်းရှင်တစ်ယောက်ရဲ့ စတူရီယိုကိုဖြိုချပြီး ရေနံတူးမဲ့အစီအစဉ်ကို ကြားခဲ့ရပါတယ်။ မားပက်ထ်တွေအနေနဲ့ကလည်း ပိုင်ဆိုင်မှုလွဲအပ်ကြောင်းစာချုပ်က ချုပ်ဆိုပြီးသားဖြစ်နေပြီး စာချုပ်ဖျက်သိမ်းဖို့ တစ်ခုတည်းသောနည်းလမ်းက ဒေါ်လာ (၁၀) မီလီယံလျော်ဖို့ပါပဲ။ ဒီလိုနဲ့သုံးယောက်သားဟာ မားပက်ထ်ကိုပြန်ကယ်တင်ဖို့ရည်ရွယ်ချက်နဲ့ တကွဲတပြားစီဖြစ်နေတဲ့ မားပက်ထ်တွေကို လိုက်လံစုစည်းပါတော့တယ်။ The Muppets ဇာတ်ကားဟာ 2011 တုန်းကထွက်ရှိခဲ့တဲ့ ဇာတ်ကားတစ်ကားဖြစ်ပြီး Musical ကားတစ်ကားဖြစ်ပေမဲ့ ပျင်းစရာကောင်းလောက်အောင် သီချင်းတွေဆိုနေတာမျိုးမဟုတ်ဘဲ comedy ဆန်ဆန်နဲ့ ကြည့်ရှုသူကိုဆွဲခေါ်သွားပြီး IMDB rating 7.1 အထိရရှိထားတာမို့ အားလပ်ရက်မှာ အပန်းဖြေရင်းကြည့်သင့်တဲ့ ဇာတ်ကားကောင်းတစ်ကားပါပဲ Quality….Webrip 1080p / 720p Format…mp4 Duration….01:43:00 Genre…Music, Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Mariposa

0 2011
The Muppets
Fourth Down and Love
6.6

ဒီတစ်ခါတင်ဆက်ပေးမှာကတော့ Fourth down and love ဆိုတဲ့ ကားလေးပဲဖြစ်ပါတယ်၊ ဒီကားလေး‌က မိသားစုဇာတ်လမ်းလေးလည်းဖြစ် စိတ်လည်းအေးချမ်းစေမှာမို့လို့ တကယ်ကိုကြည့်သင့်တဲ့ဇာတ်လမ်းလေးဖြစ်ပါတယ်။ အဓိကဇာတ်ကောင်တွေအနေနဲ့တော့ ဘောလုံးကစားရတဲ့ကြိုက်တဲ့ 12နှစ်အရွယ် ကီရာရဲ့အမေ Single mother အယ်ရင်, Whalers အသင်းရဲ့ ပရော်ဖက်ရှင်နယ် ဘောလုံးသမားတစ်ယောက်ဖြစ်တဲ့ မိုက်ခ် ဟန်ဆင်၊ သူတို့နှစ်ယောက်ဟာ ကောလိပ်တုန်းက တွဲခဲ့ကြပြီး ကွဲကွာသွားတဲ့ ငယ်ချစ်တွေပေါ့နော်။ ပြီးတော့ တိုက်ဆိုင်စွာပဲ မိုက်ခ်ဟန်ဆင်က ကီရာ့တို့ ဘောလုံးအသင်း နည်းပြရဲ့ညီဖြစ်နေခဲ့တယ်။ ကီရာ့ရဲ့ လေ့ကျင့်ရေးမှာ အယ်ရင်နဲ့ မိုက်ခ်ဟာ ပြန်ဆုံခဲ့ကြပြီး မိုက်ခ်ဟန်ဆင်ကလည်း ဒဏ်ရာကြောင့် အသင်းကနေ တစ်လနားနေစဉ်အတွင်းမှာ ကီရာ့တို့ အသင်းကို နည်းပြလုပ်ပေးဖို့ ကံစီမံလာတဲ့ အခါမှာတော့ သူတို့နှစ်ယောက်ရဲ့ ချစ်ခြင်းမေတ္တာတွေက ပြန်လည်ပေါက်ဖွားလာမှာလား ဘယ်လိုအခက်အခဲတွေကို ရင်ဆိုင်ရမလဲ၊ မိုက်ခ်ဟန်ဆင်ကရော သူ့အသင်းမှာပြန်လည်ကစားနိုင်ပါ့မလား သူတို့ဘယ်လိုအခက်အခဲတွေ ရင်ဆိုင်ပြီး ဘာတွေ ဆက်ဖြစ်ကြမလဲဆိုတာကိုတော့ အခုပဲ ကြည့်ကြည့်လိုက်ရအောင် File size…(1.7 GB)/(960 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:24:00 Genre…Tv Movie, Comedy, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Phoo Myat Thwe

Comedy • Drama • Romance
6.6 2023
Fourth Down and Love
M.F.A.
5.9

M.F.Aဆိုတာက “Master of Fine Arts”၊ အနုပညာဘွဲ့ရဲ့ အတိုကောက်ဖြစ်ပြီး ဇာတ်လမ်းလေးကလည်း လူမှားပြီးချစ်မိတဲ့ အနုပညာကျောင်းသူလေးအကြောင်း ရိုက်ကူးထားတာပါ….။ နိုအယ်လ်ဟာ ပန်းချီပညာကိုဝါသနာပါသူလေးဖြစ်ပြီး ခပ်အေးအေးနေတတ်ကာ အပေါင်းအသင်းလည်းသိပ်များသူမဟုတ်ပါဘူး….။ တစ်နေ့ကျတော့ အတန်းထဲမှာ ပန်းချီဆွဲရင်းပဲ ကောင်လေးတစ်ယောက် သဘောကျမိသွားတယ်ပေါ့….။ ဒါကို ကောင်လေးဖြစ်သူက သတိထားမိသွားတော့ နိုအယ်လ်ကို ပါတီပွဲလာခဲ့ဖို့ဖိတ်ပါလေရော….။ ကိုယ်ကြည်တဲ့ အဆင်လေးက ကိုယ့်ကိုပါတီပွဲဖိတ်တယ်ဆိုတော့ နိုအယ်လ်ကလည်း မျှော်လင့်ချက်အပြည့်နဲ့ စိတ်ကူးလေးတွေယဥ်ပြီး သွားခဲ့တာပေါ့….။ ဒါပေမဲ့ နိုအယ်လ်လေးခဗျာ အဲ့ဒီပါတီပွဲညမှာ သူကြည်တဲ့အဆင်လေးက သူ့ကို rapeလုပ်တဲ့အတွက် ကံခေသူ အချစ်ကျောင်းသူလေးဖြစ်ခဲ့ရပါတယ်….။ တရားမျှတမှုကို လိုလားတဲ့ နိုအယ်လ်ဟာ ဒီအကြောင်းကို ကျောင်းအုပ်ကိုတိုင်တော့လည်း အကူအညီမရတဲ့အတွက် သူကိုယ်တိုင်ပဲ လက်စားချေဖို့ဆုံးဖြတ်လိုက်တဲ့အခါ….. နိုအယ်လ်နေရာမှာ သရုပ်ဆောင်ထားတဲ့ မင်းသမီးFrancesca Eastwoodရဲ့ လူငယ်ဆန်ဆန် ဆွဲဆောင်မှုအပြည့်နဲ့အလှအပကိုခံစားရင်း Horror Thriller ဇာတ်အိမ်လေးကို စီးမျှောကြည့်ရှုလို့ရပါပြီ….။ File size…1.56GB / 644MB Quality…Blu-Ray 1080p / 720p Format…mp4 Duration….1h 32m Genre ….. Drama , Horror , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Themes

Comedy
5.9 2017
M.F.A.
The Housemaid
6.4

2010ခုနှစ်မှာထွက်ရှိခဲ့ပြီး ကိုရီယားထိပ်တန်းသရုပ်ဆောင်တွေပါဝင်ထားကြတဲ့ The Housemaid ဆိုတဲ့ဇာတ်ကားလေးကိုတင်ဆက်ပေးချင်ပါတယ်။ ဒါရိုက်တာ အင်ဆန်းဆူ ရဲ့လက်ရာဖြစ်ပြီး 1960 ပြည့်နှစ်လောက်က ထွက်ရှိခဲ့တဲ့ရုပ်ရှင်ကိုပြန်လည်ရိုက်ကူးထားခြင်းပဲဖြစ်ပါတယ်။ ငွေကြေးဥစ္စာပြည့်စုံတဲ့ ဓနရှင်တွေဟာ အောက်ခြေလူတန်းစားများကို အနိုင်ကျင့်ဖိနှိပ်တတ်ကြပုံကို ပေါ်လွင်အောင်ရိုက်ကူးပြထားတဲ့ ဒီကားလေးမှာ ကလေးထိန်းအဖြစ်သွားရောက်လုပ်ကိုင်တဲ့ အမျိုးသမီးလေးဟာ အိမ်ပိုင်ရှင်သူဌေးရဲ့ အသုံးတော်ခံအဖြစ်ဖြည့်ဆည်းရပြီး နောက်ဆက်တွဲပြဿနာတွေရှိလာတဲ့အချိန်မှာလည်း အဖက်ဖက်ကညှင်းပန်းခံရတဲ့အတွက် သူ့နည်းသူ့ဟန်နဲ့ လက်စားချေပုံကို ဇာတ်လမ်းဖွဲ့ထားခြင်းဖြစ်ပါတယ်။ ထူးခြားတဲ့ တင်ဆက်ပုံနဲ့ သရုပ်ဆောင်တွေရဲ့စွမ်းရည်ကိုပေါင်းစပ်ထားတဲ့အတွက် ရုပ်ရှင်ပွဲတော်တွေမှာ ပြသခြင်းခံရပြီး sequel movie တွေ ရိုက်ရ‌လောက်သည်အထိ ဖြစ်ခဲ့ပါတယ်။ အဲဒီအထဲက တစ်ကားဖြစ်တဲ့ The Taste of money ဆိုတဲ့ ကားကိုလည်း CM မှာတင်ပေးဖူးပါတယ်။ IMDb rating 6.4 ရရှိထားပြီး ဝေဖန်ရေးဆရာတွေရဲ့ ချီးကျူးမှုတွေကိုလည်းရရှိခဲ့တဲ့ ဒီဇာတ်ကားလေးဟာ အိမ်ထောင်ရေးဖောက်ပြန်မှုဇာတ်လမ်းဖြစ်သည့်အတွက် မိသားစုနဲ့ အတူမကြည့်သင့်တဲ့ ဇာတ်ဝင်ခန်းလေး အနည်းငယ်ပါဝင်ပါတယ်လို့ ကြိုပြီးသတိပေးလိုက်ပါတယ်။ File size… 1.4 GB / 652MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 47m Genre ….. Drama/Thriller Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Sophie

6.4 2010 107 mins
The Housemaid
Cake
6.4

IMDb 6.4 ရရှိထားပြီး ဆု ၅ ခုပိုင်ဆိုင်ခဲ့တဲ့ Friends series ထဲက Rachel Green ကာရိုက်တာကို သရုပ်ဆောင်ခဲ့တဲ့ မင်းသမီးကြီး Jennifer Aniston ရဲ့ ၂၀၁၄ ခုနှစ်ထွက် ဒရာမာရုပ်ရှင်ကောင်းလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒီဒရာမာလေးက စိတ်ကျန်းမာရေးနဲ့ပတ်သက်ပြီး ဇာတ်အိမ်တည်ရိုက်ကူးထားတာပါ။ ဇာတ်လမ်းအစမှာတော့ ကလယ်ရာဘန်းနက်က သူမရဲ့ နာတာရှည်အရိုးနာကျင်မှုကို ကုသဖို့အတွက် ကူညီရေးအဖွဲ့တစ်ခုဆီကိုသွားနေပါတယ်။ ဒီအဖွဲ့ထဲမှာ သူမရဲ့အသိမိတ်ဆွေဖြစ်တဲ့ နီနာဆိုတဲ့အမျိုးသမီးဟာ ရုတ်တရက်မိမိကိုယ်ကိုအဆုံးစီရင်သွားခဲ့ပါတယ်။ နီနာဟာ ရှင်းပြလို့မရတဲ့နည်းလမ်းတစ်ခုနဲ့ ကလယ်ရာရဲ့စိတ်ထဲကိုရောက်ရှိလာခဲ့ပြီး ကလယ်ရာဟာ မိတ်ဆွေဖြစ်တဲ့နီနာကို ခဏခဏမြင်တွေ့ စကားပြောဆက်ဆံရပါများလာ‌တဲ့နောက်မှာတော့ နီနာရဲ့နောက်ကြောင်းကိုစုံစမ်းဖို့ဆုံးဖြတ်လိုက်ပါတော့တယ်။ ဒီရုပ်ရှင်ရဲ့ သရုပ်ဆောင်ပိုင်းကတော့ မင်းသမီးနာမည်ကြားရုံနဲ့တင် ပြောစရာလိုမယ်မထင်ပါဘူး။ Jennifer Aniston ရဲ့အက်တင်ပိုင်းက တော်တော်လေးကိုကောင်းတယ်ဆိုရပါမယ်။ ဇာတ်အိမ်ကလည်း ဒရာမာတွေထုံးစံအတိုင်း အရမ်းအကောင်းကြီးမဟုတ်‌တောင် ညံ့တဲ့အထဲ‌တော့ လုံး၀မပါပါဘူး။ အထူးသဖြင့် စိတ်ပိုင်းဆိုင်ရာပြဿနာတစုံတရာရှိနေသူတို့ရဲ့ ပြုမူပြောဆိုပုံတွေ၊ သူတို့ကို ပတ်၀န်းကျင်က ဘယ်လိုဆက်ဆံပြီး ဖေးမကူညီပေးသင့်တယ်ဆိုတာလေးတွေကိုလည်း ကြည့်ရှုရမှာဖြစ်ပြီး healing ဖြစ်စေမယ့်ဒရာမာကားကောင်းလေးဖြစ်တာမလို့ သေချာပေါက်ကြည့်ရှုခံစားလိုက်ကြဖို့ အကြံပေးလိုက်ပါတယ်။ File size…(1.6 GB)/(690 Mb) Quality….Blu-Ray 1080p / 720p Format…mp4 Duration….01:42:00 Genre…Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Steven Khant

6.4 2014 102 mins
Cake
Fresh Kills
6

Drama အမျိုးအစားဖြစ်တဲ့ Fresh Kills ရုပ်ရှင်ကို ၁၉၈၀ ဝန်းကျင်မှာအခြေတည်ထားပြီး နယူးယောက်စီးတီးရဲ့ နေရာတချို့ကိုကြီးစိုးမင်းမူခဲ့တဲ့ ရာဇဝတ်ဂိုဏ်းတစ်ခုရဲ့ နောက်ကွယ်က အမျိုးသမီးတွေရဲ့သစ္စာရှိမှုနဲ့ရုန်းကန်ရတဲ့ အခက်အခဲတွေကို ရိုက်ကူးပုံဖော်ထားတာဖြစ်ပါတယ်။ လာရူဆိုးမိသားစုမှာ ဂျိုးက မိသားစုဝင်တွေကိုလျှို့ဝှက်ထားတဲ့ မာဖီးယားဂိုဏ်းခေါင်းဆောင်တစ်ဖြစ်လဲ မိသားစုကိုအရမ်း ချစ်တဲ့ဖခင်ကောင်းတစ်ယောက်ဖြစ်ပါတယ်။ ချောမောလှပတဲ့ဇနီးသည် ဖရန်ဆင်းနဲ့အတူ သမီးနှစ်ယောက်ရှိပြီး သမီးကြီးကွန်နီက ဂျိုးအရမ်းလိုချင်ခဲ့တဲ့သားယောက်ျား တစ်ယောက်လိုဖြစ်အောင် ကြိုးစားနေထိုင်ပေးခဲ့သူပါ။ သမီးငယ်ရို့စ်ကတော့ မိသားစုဝင်တွေကြားမှာ အမြဲရေငုံ နှုတ်ပိတ်နေတတ်ပြီး အရေးမပါသလိုနေလေ့ရှိသူပါ။ ဂျိုးတို့မိသားစုဟာ ပိုကောင်းတဲ့ဘဝတစ်ခုအတွက် စတက်တန်ကျွန်းကိုပြောင်းလာခဲ့ပြီးတဲ့နောက် ပတ်ဝန်းကျင်က သူတို့မိသားစုကိုကြောက်ရွံ့ကြပုံတွေကိုကြည့်ပြီး ရို့စ်ဟာ သူ့ဖခင်ရဲ့သရုပ်မှန်ကိုရိပ်စားမိလာခဲ့ပါတယ်။ ရို့စ်ဟာ ဒီမိသားစုကနေခွဲထွက်ပြီး ဘဝသစ်တစ်ခုထူထောင် ချင်ပေမယ့် မိခင်နဲ့အစ်မဖြစ်သူရဲ့ဟန့်တားမှုကြောင့် တွန့်ဆုတ် နေခဲ့ပါတယ်။ ဒါပေမဲ့ ဖခင်ဖြစ်သူဂျိုးအဖမ်းခံရပြီးတဲ့နောက် မိသားစုဝင်တွေ ကြားမှာ ပရမ်းပတာဖြစ်ပြီး ဘယ်သူမှထင်မထားတဲ့အငယ်ဆုံး မိသားစုဝင်ရို့စ်က မိသားစုကိုစောင့်ရှောက်ရဖို့ဖြစ်လာခဲ့ပါတယ်။ Fresh Kills ဟာ တခြားလူဆိုးဂိုဏ်းရုပ်ရှင်တွေနဲ့မတူဘဲ လူဆိုးဂိုဏ်းဝင်တွေရဲ့မိသားစုဝင်တွေဖြစ်တဲ့အမျိုးသမီးတွေမှာ ကြုံတွေ့ရလေ့ရှိတဲ့ကြောက်ရွံ့မှုနဲ့ဒေါသတွေကို မီးမောင်းထိုး ရိုက်ကူးပြထားတာဖြစ်ပါတယ်။ File size…1.60GB / 713MB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….2h Genre ….. Crime , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by JULY

Comedy • Drama
6 2023 120 mins
Fresh Kills
The Grandmaster
6.6

The Grandmaster(2013) ************************* IMDb….6.6 တရုတ်သိုင်းရုပ်ရှင်ကို သဘောကျသူတွေကြားမှာ မသိသူမရှိလောက်တဲ့ Ip Manရဲ့ အကြောင်းကို ရိုက်ကူးထားတဲ့ သိုင်းကားတစ်ကားပါ။ Ip Man ကားတွဲတွေနဲ့တော့ တစ်စက်ကလေးမှ မဆင်တဲ့အပြင် ဝေါင်ကာဝေးရဲ့ ရုပ်ရှင်ပီပီသသပါပဲ ခမ်းခမ်းနားနား Dialougeတွေကို သေသေသပ်သပ် ထည့်သွင်းထားပါတယ်။ Ip Manကို ဗဟိုပြုပြီး သူ့ခေတ်ပြိုင် သိုင်းဆရာတွေကိုပါ လှလှပပ စက်ဝိုင်းလေးဝိုင်းပြီး ဘောင်မလွတ်ပဲ ပြထားပါတယ်။ ဘဝမှာသာ ရာသီအပိုင်းအခြားတွေရှိခဲ့ရင် သူ့ဘဝရဲ့ ပထမနှစ်လေးဆယ်က နွေဦးလို သာယာခဲ့တယ် ဆိုတဲ့ Ip Manရဲ့ဘဝ နှစ်လေးဆယ်နောက်ပိုင်း ဆောင်းရာသီနေ့ရက်တွေအကြောင်းကို တင်ဆက်ပြသထားပါတယ်။ သိုင်းပညာပြခန်းတွေသိပ်မများလှပေမယ့် ပါသမျှလောက်ကလည်း စက္ကန့်စိတ်စာမျှ ပယ်စရာမရှိတဲ့ တကယ့်အနှစ်တွေပါပဲ။ ဒီလိုပယ်စရာမရှိရအောင်လည်း ဒီရုပ်ရှင်ရဲ့ မင်းသား တိုနီချူဝေဟာ တစ်နေ့လေးနာရီနှုန်းနဲ့ တစ်နှစ်တိတိကျင့်ခဲ့ရပါတယ်။ တရုတ်ပြည်ကနေ ခုန်ပျံကျော်လွှားပြီး အမေရိကန်jမှာ အော်စကာနှစ်ဆု Nomineeဝင်ထားတဲ့ ဒီရုပ်ရှင်မှာ Ip Manရဲ့ ဝင်းချွန်းသိုင်းကွက်တွေ ထိုက်ကျိသိုင်းရဲ့ ဒဿ နတွေ ဝေဝေဆာဆာနဲ့ သိုင်းအနုပညာကို ထဲထဲဝင်ဝင် ခံစားကြရမှာပါ။ File Size : 2.74GB/ 1.82 GB Quality : BluRay 1080p/ 720 p Format…mp4 Duration…02:10:00 Genre : Action, Drama, Biography Subtitle : Myanmar Subtitle (Hard Sub) Translated by Wira Aung Encoded by AHtet

6.6 2013 130 mins
The Grandmaster
Painkili
5.2

Painkili (2025) “ကြက်တူရွေး” IMDb – 5.2/10 အသစ်ထွက် မလေယာလမ်းအချစ်ဟာသရုပ်ရှင်လေးကို တင်ဆက်ပေးလိုက်ပါတယ်။ ဘ၀ကို ပေါ့ပေါ့ပါးပါးနဲ့ ပျော်ပျော်ရွှင်ရွှင်ပဲ ဖြတ်သန်းနေတဲ့ လူပျိုကြီး ဆူကူ။ သူတွေးမထားမိတဲ့ ပြဿနာတွေပေါ်လာတဲ့အတွက်ကြောင့် သူငယ်ချင်းဖြစ်သူအကြံနဲ့အရူးလက်မှတ်ယူဖို့ ဖြစ်လာခဲ့ပါတယ်။ တစ်နေ့ သူငယ်ချင်းဖြစ်သူကျေးဇူးနဲ့ပဲ ဆူကူတစ်ယောက် အိမ်ကို မိန်းကလေးတစ်ယောက်ခေါ်လာမိရက်သား ညားပါတော့တယ်။ ကောင်မလေးနာမည်က ရှီဘာ။ ကောလိပ်ဆက်တက်ချင်ပေမဲ့ ယောကျ်ားအတင်းပေးစားနေကြတဲ့ မိဘတွေဆီကထွက်ပြေးဖို့ အမျိုးမျိုးကြံနေတဲ့ ရှီဘာ။ ညီမဖြစ်သူအကြံပေးတဲ့အတိုင်း လျောက်လုပ်ရာကနေ ဆူကူ့အိမ်ကို ရောက်ချလာခဲ့ပါရော။ ဒီမှာပဲ အိမ်ကနေနှင်ချဖို့ အမျိုးမျိုးကြိုးစားတဲ့ ဆူကူနဲ့ မရမကတွယ်ကပ်နေတဲ့ ရှီဘာတို့ကြားကဇာတ်လမ်းကို ရှုစားကြရမှာပဲဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamဖြစ်ပါတယ်)

Action • Drama • Thriller
5.2 2025 139 mins
Painkili