YoteShin Drive is below this article. Scroll down to view.

YouTube testing a feature to view 4K video to premium

Author: Anonymous Published on: 12 Aug 2022

Google is now experimenting with new features in YouTube, one of the most commonly used video streaming platform, the most commonly used video streaming platform. But most of the test features are testing youTube premium using the monthly amount of money. In the past few weeks, Google was trying to add a lot of advertisements before the start of the video from YouTube. Now, there is only one feature to prioritize people who buy more premium. This is a need for premium if you want to view YouTube videos with 4K resolution. Therefore, if you are free using YouTube, you will be able to view 4K, but only 2K or 1440p. Currently, some users are experimenting with this kind of users, and it is not known whether Google will actually act later. Ref & # 8211; Neowin

YoteShin Drive

Sign in using google and save to your drive

The.Day.After.Halloween.2022.480p.(CM).mp4

414.21 MB N/A video/mp4 44 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Buffy the Vampire Slayer
5.6

90s ခုနှစ်တွေဆီက Vampire ကားဟောင်းလေးနဲ့မိတ်ဆက်ပေးချင်ပါတယ်။ Rating တွေ သိပ်မကောင်းလှပေမဲ့ Cult Classic အနေနဲ့ နောင်ခေတ်တွေထိ သက်ရောက်မှုကြီးခဲ့တဲ့ သွေးစုပ်ဖုတ်ကောင်ကားလေးပါပဲ။ ဘတ်ဖီဆိုတဲ့မိန်းကလေးဟာ သာမန်အထက်တန်းကျောင်းသူတစ်ဦးဖြစ်ပြီး ဘဝကိုပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းနေသူပေါ့။ အဲဒီအချိန်မှာပဲ သွေးစုတ်ဖုတ်ကောင်တွေ တစ်ဖန်ပြန်လည်ထကြွလာခဲ့ပြီး ဘဝအဆက်ဆက် Slayer တွေကို လေ့ကျင့်ပေးတဲ့ မဲရစ်ဟာ ဘတ်ဖီဆီကို ရောက်လာခဲ့တယ်။ သောင်းကျန်းနေတဲ့ ဖုတ်ကောင်တွေကို သုတ်သင်ဖို့တာဝန်ဟာ ဘတ်ဖီဆီကို တန်းတန်းမတ်မတ် ရောက်လာတယ်။ သွေးစုပ်ဖုတ်ကောင် ခေါင်းဆောင် လိုသို့စ်ကို နှိမ်နင်းနိုင်ဖို့ လွတ်လပ်တဲ့ဘဝကနေ နေ့ချင်းညချင်းလိုလို သတ်ဖြတ်သူတစ်ယောက်အဖြစ် အရည်အချင်းပြည့်ဝလာအောင် အပြင်းအထန်ကြိုးစားရင်း ဘာတွေဆက်ဖြစ်မလဲ ကိုယ်တိုင်ပဲ ကြည့်လိုက်ပါ... ၁၉၉၇-၂၀၀၃ အတွင်း ထွက်ရှိခဲ့တဲ့ စီးရီးလည်း ရှိခဲ့ပြီး စီးရီးကတော့ ရုပ်ရှင်နဲ့မတူဘဲ လုံးဝကိုလျှမ်းလျှမ်းတောက် အောင်မြင်ခဲ့ပါတယ်။ ဒါပေမဲ့ စီးရီးကိုကျ တင်ဖို့ မလွယ်တာမို့ ရုပ်ရှင်ကိုပဲ ခံစားနိုင်ဖို့ရာ တင်ဆက်ပေးလိုက်ရပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Mugiwara Ya မှ ပြန်ဆို ရေးသားထားပါတယ်) Size - 2.1GB, 1GB Quality - 1080p, 720p Format - mp4 Duration - 1H 26Min Genre - Action, Comedy, Fantasy Subtitle - Myanmar Subtitle (Hardsub) Translated by Mugiwara Ya Encoded by Y

Drama • Family • Fantasy
5.6 1992 86 mins
Buffy the Vampire Slayer
The Banshees of Inisherin
7.5

ဒီရုပ်ရှင်ကတော့ အတော်ကိုပြောင်မြောက်တဲ့ Dark Comedy အမျိုးအစားပါ။ Martin McDonagh ကိုယ်တိုင်ရေးသားရိုက်ကူးထားတာပါပဲ။ Martin McDonagh ဆိုတာ In Bruges, Seven Psychopaths, Three Billboards Outside Ebbing, Missouri တို့တို့ နာမည်ကြီးရုပ်ရှင်တွေကို ရေးသားပေးခဲ့တဲ့သူပါပဲ။ ဒီရုပ်ရှင်ဟာ တကယ်တော့ အိုင်းရစ်ပြည်တွင်းစစ်ကို သရော်တဲ့ သဘောလည်းပါပါတယ်။ အိုင်းရစ်ပြည်တွင်းစစ်အကြောင်း ပြောရမယ်ဆိုရင်တော့ ၁၉၁၉ ကနေ ၁၉၂၁ အတွင်း အိုင်းရစ် ရီပက်ဘလစ်ကန်တပ်မတော်နဲ့ ဗြိတိသျှတို့ တိုက်ခိုက်ခဲ့ကြတဲ့ အိုင်ယာလန်လွတ်လပ်ရေးစစ်ပွဲကနေ အစပြုခဲ့တာပါပဲ။ အိုင်ယာလန်တွေဟာ 1801 ခုနှစ်ကတည်းဆုံးရှုံးခဲ့တဲ့ လွတ်လပ်ရေးအတွက်ဗြိတိန်နဲ့တိုက်ခိုက်ရင်း ၁၉၂၁ မှာ စစ်ပွဲရပ်စဲဖို့အတွက် အင်ဂလို-အိုင်ယာလန် ငြိမ်းချမ်းရေးစာချုပ်ကို ချုပ်ဆိုဖို့ အကြောင်းဖန်လာပါတယ်။ ဒီစာချုပ်အရ အိုင်ယာလန်ဟာ တစ်နှစ်အတွင်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ လွတ်လပ်တဲ့နိုင်ငံဖြစ်လာမှာပေမဲ့ ဗြတိသျှအင်ပါယာထဲမှာ အကျုံးဝင်ကြောင်း သဘောတူညီချက်စာချုပ်ပါပဲ။ အဆိုပါစာချုပ်ကို လက်ခံတဲ့အဖွဲ့နဲ့ လက်မခံတဲ့အဖွဲ့ နှစ်ဖွဲ့ကွဲပြီး အိုင်ယာလန်ပြည်တွင်းစစ်ကြီးဖြစ်လာခဲ့တာပါ။ အဆုံးမှာတော့ စာချုပ်ကိုလက်ခံတဲ့အဖွဲ့က အနိုင်ရပြီး ပြည်တွင်းစစ်ပြီးဆုံးခဲ့တာပါ။ ဇာတ်လမ်းကတော့ ရိုးရှင်းပါတယ် ကွမ်ဆိုတဲ့သူနဲ့ ပက်ဒရစ်ဆိုတဲ့သူဟာ အင်နီရှဲရင်ဆိုတဲ့ ကျွန်းကလေးပေါ်က ရွာလေးတစ်ခုမှာ အတူနေထိုင်ကြတဲ့ သူငယ်ချင်းနှစ်ယောက် ဖြစ်ပါတယ်။ တစ်နေ့မှာတော့ ကွမ်ဟာ ရုတ်တရက်ကြီး ပေါ့ဒရစ်ကို အပေါင်းအသင်းမလုပ်ချင်တော့ဘူးဆိုပြီးအဆက်အသွယ်ဖြတ်သွားပါတယ်။ ဘာကြောင့်မှန်းလည်းမသိတဲ့ ပေါ့ဒရစ်က ကွမ်နဲ့စာရှင်းရှင်းဖို့ ကြိုးစားရင်း ပြဿနာတွေပိုပိုရှုပ်လာပါတယ်။ တစ်ယောက်နဲ့တစ်ယောက်လည်း အရမ်းကို မုန်းတီးလာပေမဲ့ အပြင်လူနဲ့ အရေးကြုံရင်လည်း ကူညီတတ်ကြသလို တစ်ယောက်ရဲ့ တိရစ္ဆာန်လေးတွေကိုလည်း တစ်ယောက်က ချစ်ကြပါသေးတယ်။ ဒါပေမဲ့ နောက်ဆုံးမှာတော့ အမုန်းတရားတွေကြောင့် ဘယ်လိုပျက်စီးရလဲဆိုတာကို Dark Comedyတွေရဲ့ ထုံးစံအတိုင်း ရယ်ရခက် ငိုရခက်နဲ့ ရိုက်ကူးပြသသွားတာပါပဲ။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Mr.Anderson ပဲ ဖြစ်ပါတယ်။ Genre..... Comedy, Drama Quality…. 1080p | 720p | 480p File size… 1.3GB | 710MB | 312MB Format… mp4 Duration…. 1h 56min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Mr.Anderson Encoder ..... August

Action • Crime
7.5 2022 114 mins
The Banshees of Inisherin
Robbing Mussolini
5.6

မြူးမြူးလေးနဲ့ ရင်သပ်ရှုမောဖွယ် အက်ရှင်ဇာတ်ကားကောင်းလေး တစ်ပုဒ်ကို လိုအပ်နေတဲ့ ရုပ်ရှင်ချစ်သူတို့အတွက် ဒီဇာတ်ကားလေးကို ညွှန်းလိုက်ပါရစေ။ ဒုတိယကမ္ဘာစစ်ကြီး ပြီးကာစ မီလန်မြို့လေးမှာ ဇာတ်အိမ်တည်ပြီး ရိုက်ထားတဲ့ ဇာတ်ကားကောင်းလေး တစ်ခုပါ။ စစ်ပွဲအတွက် သုံးဖို့ အီတလီနိုင်ငံသားတွေ ပေးထားတဲ့ နှစ် ၂၀ ကျော်က ရတနာပစ္စည်းတွေကို ဖက်ဆစ်ခေါင်းဆောင် မူဆိုလီနီတို့က သိမ်းယူထားခဲ့တယ်။ အဲ့ဒါကို သိသွားတဲ့ မှောင်ခိုသမားလေး ပီအဲထရို တစ်ယောက် စီမံကိန်းကြီး အကြီးကြီးကို ချလိုက်တယ်။ အဲ့ဒါကတော့ "Robbing Mussolini" မူဆိုလီနီကို ဓါးပြတိုက်ဖို့ပဲ ဖြစ်ပါတယ်။ ပီအဲထရိုရဲ့ ချစ်သူ အီဘုန်းက မူဆိုလီနီရဲ့ အယုံကြည်ရဆုံး အရာရှိတစ်ဦးရဲ့ အငယ်အနှောင်းအဖြစ် နေခဲ့တယ်။ ဒီစီမံကိန်းကြီးမှာ ပီအဲထရိုတို့အဖွဲ့က လူ ၃ ယောက်ထပ်လိုခဲ့တယ်။ သူခိုးတစ်ယောက် ဖောက်ခွဲရေးကျွမ်းကျင် တစ်ယောက်နဲ့ ကားမောင်းကျွမ်းကျင်တစ်ယောက်။ မူဆိုလီနီတို့ ဖက်ဆစ်အုပ်စုကလည်း အီတလီကနေ ထွက်ပြေးတော့မယ့် အနေအထားမှာ ပီအဲထရိုတို့အဖွဲ့က ရတနာတွေကို ဘယ်လို ဉာဏ်နီဉာဏ်နက်တွေ သုံးပြီး ဖောက်ခွင်းမလဲဆိုတာကို တစ်ဝကြီး ရင်သပ်ရှုမောဖွယ်ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်က Kit ပါ။) File Size          : 1.4GB, 575MB, 298MB Quality            : 1080p WEB-DL AC3 5.1CH, 720p WEB-DL, 480p Format            : mp4 Duration         : 1hr 30mins Genre              : Action, Comedy, Crime Translated by Kit Encoded by Kinnov

5.6 2022 99 mins
Robbing Mussolini
The Big 4
7

The Raid ဇာတ်ကားလို အမှန်အကန်ကြမ်းတဲ့ netflix ကအသစ်စက်စက်ထွက်လာတဲ့ အင်ဒိုဇာတ်ကားတစ်ကားကို တင်ဆက်လိုက်ပါတယ် နာမည်အတိုင်းပါပဲ။ မြန်မာလိုဆို ကြီး ၄ ကြီး ပေါ့ဗျာ။ တကယ့်ကို ကြမ်းပေ့ရမ်းပေ့ဆိုတဲ့ လူကြမ်းကြီး ၄ ယောက်ရဲ့ဇာတ်လမ်းပါ။ ဇာတ်ကြမ်းကားစစ်စစ်ကို အသောအထေ့အခွီအနှောက်လေးတွေနဲ့ဆိုတော့ ရသကို နှစ်ဆတိုးစေတဲ့ ဇာတ်ကားဆိုလည်း မမှားပါဘူး။ ပစ်ခတ်မှုတွေ သွေးသံရဲရဲတွေကိုလည်း အားမနာတမ်းရိုက်ပြထားပြီး စနိုက်ပါပစ်လိုက်လို့ ခေါင်းကွဲထွက်သွားတာမျိုးတွေကိုပါ ရိုက်ပြထားတာပါ။ ဇာတ်အိမ်လေးကတော့ လူဆိုးဂိုဏ်းတွေကိုလိုက်နှိမ်နင်းတဲ့အဖွဲ့ကို တည်ထောင်သူ မွေးစားအဖေဖြစ်သူလုပ်ကြံသတ်ဖြတ်ခံရပြီးနောက် အဖွဲ့သားလေးယောက် ဇာတ်မြှုပ်နေကြပြီ။ မွေးစားအဖေရဲ့သမီးအရင်းက သူ့အဖေရဲ့လူသတ်တရားခံကိုလိုက်ရှာရင်း ကြီးလေးကြီးနဲ့တွေ့ပြီး လူဆိုးလူလွန်မသားလေးတွေကို ဖိုက်ကြတာပါပဲ။ ကြမ်းမှရမ်းမှဆို ပြေးသာကြည့်လိုက်တော့။ ဇာတ်ကြမ်းကားမို့ ဘာသာပြန် အတန်ငယ် ကြမ်းသွားတာတော့ သည်းခံပေးကြပါ။ လူဆိုးလူမိုက်ကြီးတို့ရဲ့ သရုပ်သကန်ကို အမှန်အကန် အပြည့်အဝ ခံစားမိစေဖို့ပါပဲ။ အညွှန်း နဲ့ ဘာသာပြန်ကတော့ K.Hein ပဲ ဖြစ်ပါတယ်။ Genre..... Action, Comedy, Crime Quality…. 1080p | 720p | 480p File size… 2.68GB | 1.36GB |400MB Format… mp4 Duration….2h 21min Subtitle…. Myanmar Subtitle (Hardsub) Translator ..... K.Hein Encoder ..... Ka Naung, August

Adventure • Fantasy
7 2022 141 mins
The Big 4
The Lord of the Rings: The Two Towers
8.4

The Lord of the rings နဲ့ The hobbit ရုပ်ရှင်တွေဟာ Fantasy လို့ခေါ်တဲ့ စိတ်ကူးယဉ် ရုပ်ရှင်အမျိုးအစားတွေ ဖြစ်ပါတယ်။ အပြင်လောကမှာ မရှိတဲ့ ပုံပြင်တွေ ဒဏ္ဍာရီတွေ ဇာတ်ကောင်တွေနဲ့ တည်ဆောက်ထားတာပါ။ ဒါပေမယ့် အချို့ Fantasy ရုပ်ရှင် စာအုပ်တွေဟာ အပြင်လောကနဲ့ ရောမွှေထားတာမျိုး ရှိတတ်ပါတယ်။ ဥပမာ - နာနီယာ၊ ဟယ်ရီပေါ်တာ၊ ပါစီဂျက်ဆန် စသည်ဖြင့်ပါ။ ဒါပေမယ့် ဒီ ဇာတ်လမ်းတွေကိုတော့ စာရေးဆရာကြီး J.R.R.Tolkien ကအစအဆုံး ကိုယ်ပိုင်စိတ်ကူးနဲ့ ရေးသားခဲ့တာပါ။ နတ်သူငယ်တွေ၊ လူပုတွေ၊ ဘီလူးတွေရဲ့ ကိုယ်ပိုင်ဘာသာစကားကို တီထွင်ခဲ့တယ်။ မူရင်းစာအုပ်တွေမှာ မြေပုံအပြည့်အစုံနဲ့ ရေးသားခဲ့တယ်။ သမိုင်းတစ်ခုလုံးကို ပြက္ခဒိန်ပါ ဖန်တီးပြီး ရေးသားခဲ့တာဖြစ်ပါတယ်။ စာသားတင်မက ကဗျာတွေ သီချင်းတွေပါ ရေးဖွဲ့ခဲ့တာပါ။ လူတစ်ယောက်ရဲ့ ဦးဏှောက်တစ်ခုထဲကနေ စကြဝဠာတစ်ခု ပေါ်ထွက်လာတယ်လို့ ပြောလို့ရပါတယ်။ စာအုပ်ကိုအသာထားပြီး ရုပ်ရှင်အကြောင်းကိုပဲ ပြောကြပါစို့။ The Lord of the rings (LotR) ရုပ်ရှင်တွေဟာ ၂၀၀၁ ကနေ စတင်ပြီးထွက်ရှိခဲ့တာဖြစ်ပါတယ်။ ပထမဆုံး LotR ရုပ်ရှင် သုံးကားဟာ စုစုပေါင်း Oscar 17 ဆု ရရှိခဲ့ပါတယ်။ ပထမကားက ၄ ဆု၊ ဒုတိယကားက ၂ ဆု နဲ့ သုံးကားမြောက်က ၁၁ ဆု ရရှိခဲ့တာပါ။ သူ့နောက်မှ ထွက်ရှိလာတဲ့ Hobbit သုံးကားကတော့ Oscar တစ်ဆုသာ ရခဲ့ပါတယ်။ LotR ရုပ်ရှင်တွေရဲ့ အောင်မြင်မှုဟာ ကာလအကန့်အသတ်မရှိ timeless လို့ပဲ ပြောရမှာဖြစ်ပါတယ်။ ၂၀၀၁ တုန်းက လူတွေကြိုက်ခဲ့သလို ၃၀၀၁ ခုနှစ်မှာလည်း ကြိုက်ကြဦးမှာပါပဲ။ အဓိကကတော့ ဇာတ်လမ်းအတွက် ဝတ်စုံ၊ရိုက်ကွင်းပြင်ဆင်မှုတွေ၊ ရိုက်ချက်တွေ၊ သရုပ်ဆောင်တွေ အသေးစိတ်ကျခဲ့တယ်၊ ခမ်းနားခဲ့တယ်လို့ပြောရမှာပါပဲ။ နောက်ထပ် ချီးကျူးရမှာကတော့ ဇာတ်ညွှန်းပါ။ စာအုပ်ပါ ဖတ်ဖူးတဲ့သူတွေ ပိုသိပါလိမ့်မယ်။ အရမ်းကိုကောင်းတဲ့ ဝတ္ထုရှည်ကြီးတစ်ခုကို ကြည့်လို့လည်းကောင်းအောင် အခန်းတွေဖြတ်တောက်ရ၊ ဇာတ်ကောင်တွေ ဖယ်ထုတ်ရတာ မလွယ်လှပါဘူး။ ဒါပေမယ့် အကောင်းဆုံး လုပ်နိုင်ခဲ့ပါတယ်။ ဒိုင်ယာလော့တွေ ဇာတ်လမ်းအနိမ့်အမြင့်တွေကိုလည်း အရှိန်တင်ပေးသွားတာ အံ့သြလောက်ပါတယ်။ ဥပမာ - လက်စွပ်ကို ဖျက်ဆီးဖို့ ဆွေးနွေးကြတဲ့အခန်းမှာ ဝတ္ထုအတိုင်းဆို အယ်ရွန်က အားလုံးကို ကြိုတင်မိတ်ဆက်၊ သမိုင်းကို ပြောပြပြီးမှ စတင်ဆွေးနွေးကြတာဖြစ်ပါတယ်။ ဇာတ်လမ်းထဲမှာတော့ ဒီအတိုင်း ဆွေးနွေးကြရင်း ဘိုမီရာက အာရာဂွန်ကို အထင်သေးစကားပြောချိန်မှာ လီဂိုးလက်စ်က ထပြောလိုက်တဲ့အခန်းမျိုး ပြင်လိုက်ခြင်းအားဖြင့် ဇာတ်ရှိန် တက်သွားတာ ရှိပါတယ်။ ပြီးတော့ အာရာဂွန်ဟာ ထီးနန်းကို ဆက်တိုက်ငြင်းပယ်ခဲ့တာ၊ Andúril ဓားကို နောက်ဆုံးအချိန်မှ ပြန်ပြင်တာတွေဟာ ဇာတ်ရှိန်ပိုတက်စေတဲ့ ပညာပါပဲ။ ပြီးတော့ ဆာရူးမန်းကို သေခိုင်းတဲ့ ဇာတ်ညွှန်းမျိုးဟာ အတော်လေးကို ရဲတင်းရာကျပါတယ်၊ ဘာကြောင့်လဲ ဆိုတော့ စာအုပ်ထဲမှာ ဆာရူးမန်းဟာ ထွက်ပြေးသွားခဲ့ပါတယ်။ လက်စွပ်ကိုဖျက်ဆီးပြီးလို့ ဟော့ဘစ်တွေ ရှိုင်းယားကို ပြန်လာချိန်မှာ ဆာရူးမန်းနဲ့ ထပ်ပြီးရင်ဆိုင်ကြရပါသေးတယ်။ ဒါတွေကို ဖျက်ပစ်လိုက်ပေမယ့် ရုပ်ရှင်က ညံ့မသွားခဲ့တာကို တွေ့မှာပါ။ ဒါကတော့ ဇာတ်ညွှန်းဆရာတွေရဲ့ အရည်အချင်းတွေပါပဲ။ ၁ မျက်နှာ ဖန်တရာတေ ဇာတ်ညွှန်းဆရာတွေ လေ့လာသင့်ပါတယ်။ ဇာတ်လမ်းအကျဉ်း =========== Three Rings for the Elven-kings under the sky, Seven for the Dwarf-lords in their halls of stone, Nine for Mortal Men doomed to die, One for the Dark Lord on his dark throne In the Land of Mordor where the Shadows lie. One Ring to rule them all, One Ring to find them, One Ring to bring them all, and in the darkness bind them, In the Land of Mordor where the Shadows lie. ဒါကတော့ LotR ဇာတ်လမ်းကြီးကို စတင်ခဲ့တဲ့ ဂန္ဓဝင်ကဗျာကြီးပါပဲ။ Dark Lord ဆော်ရွန်ဟာ နတ်သူငယ်တွေအတွက် လက်စွပ် ၃ ကွင်း၊ လူပု ဘုရင် ၇ ပါးအတွက် လက်စွပ် ၇ ကွင်း၊ လူတွေအတွက် ၉ ကွင်းကို ထုလုပ်စေခဲ့ပြီး ပေးအပ်ခဲ့ပါတယ်။ လက်စွပ်ကိုယ်စီဟာ စွမ်းအားရှိတာမို့ သူတို့တွေ လက်ခံခဲ့ကြတယ်။ ဒါပေမယ့် ဆော်ရွန်ဟာ လက်စွပ်ရှင်အားလုံးကို လွှမ်းမိုးနိုင်တဲ့ လက်စွပ်အားလုံးရဲ့ ဘုရင် တစ်ခုတည်းသော လက်စွပ်ကို ထုလုပ်ခဲ့ပြီး အားလုံးကိုချုပ်ကိုင်ဖို့ ကြိုးစားပါတော့တယ်။ ဒါပေမယ့် မဟာမိတ်တွေနဲ့ နောက်ဆုံးစစ်ပွဲမှာ ရှုံးနိမ်ခဲ့ပြီး လက်စွပ်ကိုလည်းလက်လွှတ်လိုက်ရပါတယ်။ နှစ်ပေါင်းများစွာကြာပြီးနောက် လက်စွပ်ပြန်ပေါ်လာချိန် ဆော်ရွန်လည်းအင်အားကြီးလာချိန်မှာ နတ်သူငယ်တွေ၊ လူတွေ၊ လူပုတွေ၊ ဟော့ဘစ်လေးတွေဟာ ဆော်ရွန်ကို တားဆီးဖို့နဲ့ လက်စွပ်ဖို့ ဖျက်ဆီးဖို့ ကြိုးစားကြရပါတော့တယ်………. ဒီလောက်ဆို ဒီရုပ်ရှင်တွေကို ဆက်ပြီးခံစားဖို့ လုံလောက်မှာပါ။ LotR ဇာတ်လမ်းမှာ အရေးပါခဲ့တဲ့ ကဗျာတစ်ခုကိုလည်း ဖော်ပြပေးလိုက်ပါတယ်။ All that is gold does not glitter Not all those who wander are lost; The old that is strong does not wither, Deep roots are not reached by the frost. From the ashes, a fire shall be woken, A light from the shadows shall spring; Renewed shall be blade that was broken, The crownless again shall be king ရွှေအဆင်းအတိနဲ့အရာဟာ တစ်လက်လက် တောက်ပမနေတတ်ပါဘူး လှည့်လည်နေသူတိုင်းဟာလည်း လမ်းပျောက်နေကြတာမဟုတ်ပါ အိုမင်းပေမယ့် ကြံ့ခိုင်သူဟာ ဆွေးမြေ့မလာတတ်ပါ နက်ရှိုင်းလွန်းတဲ့ အမြစ်တွေဟာ သစ်တောနဲ့ အလှမ်းကွာစမြဲ ပြာပုံကြားကနေ မီးတောက်နိုးထလာချိန် အမှောင်တွေထဲက အလင်းတန်းတစ်ခု ဖြန်းပက်လာရင်း ကျိုးပဲ့သွားခဲ့တဲ့ဓားကို ပြန်လည်ပြုပြင်ပြီးချိန်မှာ သရဖူမဲ့နေခဲ့သူဟာ ဘုရင်ပြန်လည်ဖြစ်လာမှာပါ။ (1) The Fellowship of The Ring(အော်စကာ ဆန်ကာတင် ၁၃ နေရာရရှိပြီး အော်စကာ ၄ဆု ရရှိခဲ့) (မူရင်းရုပ်ရှင်ဗားရှင်းမှာ ၃နာရီ ကြာမြင့်ပြီး လက်ရှိ Extended Versionမှာ ၃ နာရီခွဲ ကြာမြင့်) (2) The Two Towers (အော်စကာ ဆန်ကာတင် ၆ နေရာရရှိပြီး ၂ ဆု ရရှိခဲ့) (မူလဗားရှင်းမှာ ၃ နာရီကြာမြင့်ပြီး Ext.version မှာ ၃ နာရီ ၄၀ မိနစ် ကြာမြင့်) (3) The Return of The King (အော်စကာ ဆန်ကာတင် ၁၁ နေရာရရှိခဲ့ရာတွင် ၁၁ ဆုလုံးအား စံချိန်တင်ရရှိသွားခဲ့) (မူလဗားရှင်းမှာ ၃ နာရီ မိနစ် ၂၀ ဖြစ်ပြီး ext.version မှာ ၄ နာရီ ၁၁ မိနစ်ကြာမြင့်) The Lord of the Rings ဟာ ရုပ်ရှင်သမိုင်းရဲ့ အကြီးကျယ်ဆုံး အအောင်မြင်ဆုံးရုပ်ရှင်တွေထဲက တစ်ခုဖြစ်ပါတယ်။ အောင်မြင်မှုတွေကိုကတော့ တွေ့တဲ့အတိုင်းဖြစ်ပြီး RT မှာ rating 90% အထက် IMDb မှာ 8 အထက်တွေချည်းပဲဖြစ်ပါတယ်။ ကျွန်တော်တို့ ငယ်ငယ်ကတည်းက ခဏဏကြည့်ခဲ့ရပေမယ့် Thea.version နဲ့ Extended Version ၂ ခုလုံးကိုတော့ လူတိုင်းကြည့်ဖြစ်မယ်မထင်သေးပါဘူး။ တကယ်လို့ မိတ်ဆွေဟာ LOTR ကို ၉နာရီအစအဆုံးပဲ runကြည့်ဖူးတယ်ဆိုမပြည့်စုံသေးဘူးလို့ ပြောလိုက်ပါရစေ။ တစ်ခေါက်လောက် ၁၂ နာရီ ဗားရှင်းလေး runကြည့်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ File size…(8 GB)/(3.6 GB) Quality….Extended BluRay 4K HDR & 1080p HEVC Format…mkv Duration….03:55:32 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Dr.Nyan

Drama • Mystery • Thriller
8.4 2002 179 mins
The Lord of the Rings: The Two Towers
Annabelle Comes Home
6.4

ဒီကြားထဲမှာပဲ ပရလောက ကိုစပ်စုတက်တဲ့ ဒန်နီရယ် ဆိုတဲ့ မယ်ရီ ရဲ့ သူငယ်ချင်းကောင်မလေးက ၀ါရန်းမိသားစု ရဲ့ လျို့ဝှတ်ခန်းဆိုတာကို ကြားပဲ ကြားဖူးပြီး အရမ်းအင်မတန် ရောက်ချင် တွေ့ချင်စိတ် ရှိသူဖြစ်ပါတယ် ဒါကြောင့် ကလေးထိန်း လုပ်နေတဲ့ မယ်ရီကို ကပ်ပြီး ဂျူဒီလေး ရဲ့ မွေးနေ့ကို အကြောင်းပြကာ ၀ါရန်း အိမ်ကြီးသို့ မရရအောင် ဝင်လာခဲ့ပါတယ်..... ၀ါရန်းလင်မယားက လျို့ဝှတ်အခန်းကို ဘယ်လောက်ပဲ သော့တွေ အထပ်ထပ်ပိတ်ပြီး တားဆီးထားပါစေ အန်နာဘယ် အရုပ်ထဲ ဝင်နေတဲ့ မကောင်းဆိုးဝါး က ဒန်နီရယ်ကို လမ်းပြပြီး သူ့အရှေ့ကို ရောက်အောင် ခေါ်ဆောင်ခဲ့သော အခါမှာတော့..... ဒီရုပ်ရှင်ကားကို Hein Thet Naing နှင့် Htoo Htoo Ka Joe တို့က ဘာသာပြန် တင်ဆက်ပေးထားပါတယ်

Action & Adventure • Drama • War & Politics
6.4 2019 106 mins
Annabelle Comes Home
Too Cool to Kill
6.1

ရုပ်ရှင်သရုပ်ဆောင်ဖို့ အရူးအမူးဖြစ်တဲ့သူတွေ ဒီကားလေးက ကြည့်သင့်တဲ့ကားလေးပါ။ ရုပ်ရှင်ရိုက်ကွင်းအကြောင်းကို ပါးပါးလေးရှင်းပြထားတဲ့အပြင် ကင်မရာအယူအဆတွေကိုပါ ဒိုင်ယာလော့မှာပြောပြသွားတာမို့ ယူတတ်ရင်ပညာရပါတယ်။ ပြီးတော့ ပေါ့ပေါ့ပါးပါးလေးဖြစ်တဲ့ လူသတ်သမားကားကိုကြည့်ချင်ရင်လည်း ဒီကားကိုကြည့်ဖို့ တိုက်တွန်းချင်ပါတယ်။ ပြုံးစိပြုံးစိဖြစ်နေပါလိမ့်မယ် …. ရုပ်ရှင်သရုပ်ဆောင်ကို အရမ်းစွဲလန်းတဲ့ ဖြတ်လျှောက်တစ်ယောက်က လူသတ်သမားအဖြစ် အဓိကမင်းသားနေရာမှာသရုပ်ဆောင်ဖို့ ကမ်းလှမ်းခံရပါတယ်။ လူသတ်သမားကားလ် အဖြစ်သရုပ်ဆောင်ရာမှာ ဇာတ်ညွှန်းလည်းမရှိပါဘူး။ ကင်မရာတွေလည်း ဖွက်ထားပါမယ်တဲ့။ ရုပ်ရှင်လောကကို တစ်ခေတ်ဆန်းစေမယ့်နည်းပညာအသစ်နဲ့ ရိုက်ကူးထားတာပါတဲ့… အဲ့ဒါနဲ့ပဲ ပီတိတွေဖြာ အီးအီးတွေပါပြီး ဝမ်းသာအားရ လက်ခံလိုက်ပါတယ်။ သူလုံးဝမသိတာက သူသရုပ်ဆောင်တဲ့ လူသတ်သမားကားလ် ဆိုတာအပြင်မှာတကယ်ရှိနေပြီး သူကိုယ်တိုင်ကလည်း ဒုစရိုက်ဂိုဏ်းထဲမှာ အမှန်တကယ် ဝင်ရောက်သွားတာကိုပါ။ ရုပ်ရှင်သရုပ်ဆောင်တစ်ယောက်က လူသတ်သမားအဖြစ်ဘယ်လိုသရုပ်ဆောင်မလဲ.. ပြီးတော့ သူကိုယ်တိုင်ပါဝင်ထားတဲ့ ဇာတ်လမ်းကရော ဘယ်လိုအလှည့်အပြောင်းတွေလာဦးမလဲဆိုတာကိုတော့ ဆက်ကြည့်လိုက်ပါတော့နော် … ။ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ JoJo Va ပါ ) File Size__(1.9GB) / (1GB) Quality__WEB-DL_1080p, 720p IMDb Rating__6.1/10 Format__mp4 Duration__01:49:00 Type__Comedy Subtitle__Myanmar Subtitle (Hardsub) Translated by JoJo Va Encoded by Naing Aung Latt

Adventure • Animation • Comedy • Family • Fantasy
6.1 2022 109 mins
Too Cool to Kill
Heart of Dragon
6.5

ဟောင်ကောင်အက်ရှင်လောကရဲ့ ရွှေရောင်မျိုးဆက်တွေဖြစ်တဲ့ ဂျက်ကီချန်းတို့ ဟုတ်ချင်းပေါင်(Sammo Hung)တို့အပြင် ဇာတ်ကားတွေမှာ မှော်ဆရာလုပ်နေကြ Lam Ching-ying တို့လို ဇာတ်ရံတွေ အများအပြားလဲပါဝင်ထားပါတယ်။ အထူးရဲကွန်မန်ဒို ဂျက်ကီချန်းနဲ့ ကျပ်မပြည့်တဲ့သူ့အစ်ကို ဟုတ်ချင်းပေါင်တို့ကြားက သံယောဇဉ်ကို ရင်နင့်အောင် ပြီပြင်စွာ ပုံဖော်ထားပြီး ဟာသတွေ အက်ရှင်တွေနဲ့လဲ ဇာတ်လမ်းကို ခပ်သွက်သွက် ဆွဲခေါ်ထားပါတယ်။ ၏ဂျက်ကီချန်းရဲ့ ငယ်မူငယ်သွေးကို အထင်းသားမြင်ရမှာဖြစ်သလို Action,Comedy,Drama ကြိုက်သူတွေ လက်မလွတ်သင့်တဲ့ကားလေးပါပဲ…… IMDb Rating (6.5/10) ရရှိထားပြီး ဒါရိုက်တာကလဲ ဟုတ်ချင်းပေါင်ပဲဖြစ်ပါတယ်။ File size…(1.8 GB)/(1.4 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:31:00 Genre…Action, Comedy, Crime Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Hein Zaw & Thar Nyo Lwin

Action • Crime
6.5 1985 91 mins
Heart of Dragon
Suffragette
6.9

ဒီတစ်ခါမှာတော့ အမျိုးသမီးတွေမဲပေးခွင့်ရရေးအတွက် လှုပ်ရှားမှုတွေအကြောင်းရိုက်ကူးထားတဲ့ Suffragette ဆိုတဲ့ကားလေးကိုတင်ဆက်ပေးချင်ပါတယ် အရင်ဆုံးအနေနဲ့ ဒီဇာတ်ကားလေးထဲမှာ ပါဝင်တဲ့သရုပ်ဆောင်တွေက Alice in Wonderland live action ကားတွေနဲ့ Harry Potter ထဲမှာ သရုပ်ဆောင်ထားတဲ့ ဝါရင့်သရုပ်ဆောင် မင်းသမီးကြီး Helena Bohman Carter နဲ့ The Great Gatsby ထဲက မင်းသမီး Carey Mulligan တို့လို ဒိတ်ဒိတ်ကြဲသရုပ်တွေပါဝင်ထားပါတယ် နောက်ပြီး The Iron lady ရဲ့စာရေးသူ Abi Morgan ရေးသားတဲ့ဝတ္ထုကိုအခြေခံရိုက်ကူးထားတာပါ ဇာတ်လမ်းအကျဥ်းကတော့ ဗြိတိန်မှာ 1912 ကာလတွေတုန်းက အမျိုးသမီးတွေကို မဲပေးခွင့်ပေးဖို့အတွက် ဆန္ဒပြတောင်းဆိုနေကြတဲ့အချိန်ပါ မော့ဒ်ဝက်ထ်စ်ဆိုတဲ့ သာမန်ခဝါသည်အမျိုးသမီးလေးဟာ သူ့ရဲ့လုပ်ဖော်ကိုင်ဖက် ဗွိုင်းအိုလက်ဆိုတဲ့အမျိုးသမီးနဲ့ စကားဆုံမိကြရာကနေ အမှတ်မထင်ပဲ အမျိုးသမီးတွေ တန်းတူအခွင့်အရေးရရှိရေးတက်ကြွလှုပ်ရှားမှုတွေမှာ ပါဝင်မိပါတော့တယ် အဲဒီလိုပါဝင်မိရင်း အဖမ်းခံ အကျဥ်းချခံရတဲ့အခါ ပတ်ဝန်းကျင်ရဲ့ လှောင်ပြောင်ကဲ့ရဲ့ခံရတဲ့အပြင် ယောက်ျားကိုယ်တိုင်ကပါ အိမ်ကနှင်ထုတ်ပြီး သားလေးနဲ့တွေ့ခွင့်မပေးတော့ပါ အဲ့ခေတ်က ဥပဒေအရ သားသမီးကို ဖခင်ကပဲ ပိုင်ဆိုင်ပါတယ် အဲ့ဒါကြောင့် ​မော့ဒ်တစ်ယောက် ထိုဥပဒေကို ပြင်ရမယ် အမျိုးသမီးတွေလည်း အမျိုးသားတွေနဲ့တန်းတူအခွင့်အရေးရှိရမယ်ဆိုပြီး တက်ကြွလှုပ်ရှားမှုတွေမှာ ထဲထဲဝင်ဝင်ပါဝင်ပါတော့တယ် သူမနဲ့အတူ ဗွိုင်းအိုလက် မစ္စစ်အယ်လင် အမ်မလီ မစ္စစ်ပန်ဟာ့စ် စတဲ့အမျိုးသမီးတွေနဲ့အတူ စစ်ဆင်ရေးတွေကိုဆောင်ရွက်ပါတော့တယ် ဒီဇာတ်ကားလေးဟာ မော့ဒ်ကိုအဓိကဇာတ်ကောင်အနေနဲ့ရိုက်ကူးထားတယ်ဆိုပေမဲ့ ဒီဇာတ်ကားထဲမှာပါတဲ့ အမ်မလီ ဆိုတဲ့ အမျိုးသမီးဟာ အပြင်မှာတကယ်ရှိခဲ့တဲ့ ”Emily Wilding Davison” ဆိုတဲ့ တက်ကြွလှုပ်ရှားသူအမျိုးသမီးကို အခြေခံထားတာပါ။ File size…(1.7 GB)/(1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:46:00 Genre…Drama, Histroy Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Ruby Jane

6.9 2015 106 mins
Suffragette
The Invasion
5.9

The Invasion (2007) ================ IMDb Rating – 5.9/10 မကြာသေးခင်က တင်ဆက်ပေးထားတဲ့ Body Snatchers နဲ့ဝတ္ထု တစ်ပုဒ်ထဲကိုအခြေခံတဲ့ဇာတ်ကားဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဒီဇာတ်ကားမှာတော့ ကျောရိုးတစ်ခုကိုသာယူထားတာဖြစ်ပြီး ခေတ် အခြေအနေနဲ့ကိုက်ညီအောင် မွမ်းမံမှုတွေဖြည့်စွက်ပြင်ဆင်မှုတွေ အများကြီးလုပ်ထားတဲ့အတွက် ဆန်းသစ်တဲ့ခံစားချက်ကိုရရှိစေမှာပါ။ ဇာတ်လမ်းအကျဉ်းအနေနဲ့ အာကာသလွန်းပျံယာဉ်တစ်စီးကမ္ဘာမြေ ပေါ်ကိုပျက်ကျပြီးတဲ့နောက် အသိဉာဏ်ရှိတဲ့ ဂြိုလ်သားသက်ရှိပုံစံ တစ်ခုကို အပျက်အစီးတွေနဲ့မလှမ်းမကမ်းမှာရှာဖွေတွေ့ရှိခဲ့ပါတယ်။ လွန်းပျံယာဉ်ပျက်ကျမှုကိုသွားရောက်စုံစမ်းခဲ့တဲ့ CDC ဌာနအကြီးအကဲ Tucker Kaufman ကို အဲ့ဒီ ဂြိုလ်သားဇီဝရုပ်က ပထမဆုံးပူးကပ်ထိန်း ချုပ်သွားခဲ့ပေမယ့် ဘယ်သူမှမသိလိုက်ကြပါဘူး။ မကြာခင်မှာပဲ တပ်ကာရဲ့ဇနီးဟောင်းစိတ်ကုဆရာဝန် Carol Bennell ဟာ သူ့လူနာတစ်ဦးကတစ်ဆင့် ပတ်ဝန်းကျင်မှာရှိတဲ့လူပုဂ္ဂိုလ်တစ်ချို့ရဲ့ ပြောင်းလဲမှုတွေကို စတင်သတိထားမိစပြုလာခဲ့ပါတယ်။အဲ့ဒီအချိန်တွေ အတွင်းမှာပဲ ဂြိုလ်သားဇီဝရုပ်ဟာ တိုင်းပြည်ရဲ့အရေးကြီးပုဂ္ဂိုလ်တွေအ ပါအဝင် လူအတော်များများကိုလျင်မြန်စွာပူးကပ်ကူးစက်နေပြီး ကမ္ဘာကြီး တစ်ခုလုံးကိုသိမ်းပိုက်အုပ်စိုးမိဖို့အချိန်တစ်ခုသာ လိုပါတော့တယ်။ Nicole Kidman နဲ့ Daniel Craig (James Bond) တို့လိုထိပ်တန်းသရုပ် ဆောင်တွေ ခေါင်းဆောင်ပါဝင်ထားပြီး မူရင်းဇာတ်ကားထက်မလျော့တဲ့ ထူးခြားဆန်းသစ်တဲ့ science fiction horror ကားကောင်းတစ်ကားပါပဲ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Alias ဖြစ်ပါတယ်) File Size……….(1.99 GB) / (826 MB) Quality…………WEB-DL 1080p / 720p Duration………1Hr 39Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Sci-Fi, Thriller Translator…….Alias Encoder……….SWM

Comedy • Science Fiction
5.9 2007 99 mins
The Invasion
Rival

ရက်ဝုဒ်စပရင်းမြို့လေးဟာ မှုခင်းဖြစ်ပွားမှုနှုန်းလည်းနည်းပါးပြီး အေးချမ်းတဲ့မြို့လေးတစ်မြို့ပါ။ ဒီလိုနဲ့ ညတစ်ညမှာတော့ အချိန်ပိုင်းကလေးထိန်းလုပ်နေတဲ့ ဂျန်နာ ရိုင်လေဆိုတဲ့ ကျောင်းသူတစ်ယောက် ဓ-ားနဲ့ရက်ရက်စက်စက် ထိုးသ-တ်ခံလိုက်ရပါတယ်။ ဒီဖြစ်စဉ်ဟာ လွန်ခဲ့တဲ့ဆယ်နှစ်ကဖြစ်သွားခဲ့တဲ့ အသက်ရှစ်နှစ်အရွယ် မိုင်လို ဆောရာ ဆိုတဲ့ကောင်လေးတစ်ယောက် အသ-တ်ခံလိုက်ရတဲ့ပုံစံနဲ့ဆင်တူနေတာကြောင့် မြို့တော်ရဲမှူးလည်း လူသ-တ်သမားကို ရှာနိုင်ဖို့ ရနိုင်သမျှနည်းလမ်းတွေသုံးပါတော့တယ်။ ဒါပေမဲ့လည်း လူသ-တ်မှုတွေကဆက်တိုက်ဆိုသလို ဆက်ပြီးဖြစ်လာတဲ့အခါမှာ …. ဒီလူသ-တ်မှုပုံစံတွေကဘာလို့ဆင်တူနေရတာလဲ၊ နောက်ဆုံးမှာလူသ-တ်သမားကို ဖမ်းမိမလားဆိုတာကတော့ ဆက်လက်ကြည့်ရှုလိုက်ကြပါဦးဗျ။ သွေးထွက်သံယိုပြကွက်တွေ၊ အမြင်မသင့်တော်တဲ့ပြကွက်တွေနဲ့ ကြမ်းတမ်းတဲ့အသုံးအနှုန်းတွေပါဝင်တာမလို့ (၁၈) နှစ်အောက် လူငယ်တွေ ကြည့်ရှုဖို့ မသင့်တော်ပါဘူးဗျ။ File size…(1.2 GB)/(550 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:32:00 Genre… Horror Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by TMTT

0 2023
Rival
Bardejov

ဒီရုပ်ရှင်ကတော့ ဂျူးလူမျိုးတွေရဲ့ ဖြစ်ရပ်မှန် သမိုင်းအဖြစ်အပျက်တွေထဲကတစ်ခုအကြောင်း ဇာတ်အိမ်တည်ပြီးရိုက်ကူးထားတာပါ။ အချိန်ကာလအားဖြင့် ဒုတိယကမ္ဘာစစ်ဖြစ်နေချိန်ဖြစ်ပြီး Bardejov ကတော့ ချက်ကိုစလိုဗားကီးယားနိုင်ငံထဲက မြို့ငယ်လေးတစ်ခုပါ။ Rafuel Lowy ကတော့ ဒီမြို့ငယ်လေးက ဂျူးအသိုင်းအဝိုင်းရဲ့ အကြီးအကဲတစ်ဦးဖြစ်တယ်။ ဂျူးလူမျိုးတွေဟာ နာဇီတွေရန်ကြောင့် နေရာအနှံ့အပြားမှာ ဖိနှိပ်‌ခံနေရပြီး ကျီးလန့်စာစားနေရတဲ့အချိန်လည်းဖြစ်တယ်။ တစ်ရက်မှာ ချက်ကိုစလိုဗားကီးယားရဲတပ်ဖွဲ့တွေက ဂျာမန်တွေနဲ့လက်ဝါးချင်းရိုက်ပြီး နိုင်ငံတ၀န်းက ဂျူးလူမျိုးတွေကို အလုပ်သွားလုပ်ရမယ်ဆိုတဲ့ခေါင်းစဉ်နဲ့ ချောဆွဲပြီး ‌ဂျာမန်တွေလက်ထဲအပ်ဖို့လုပ်ပါတော့တယ်။ ဒီအဖြစ်ဆိုးကြီးက Bardejov မြို့ကိုလည်း ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာခဲ့ပြီး မြို့ထဲက မိန်းကလေးငယ်တွေကို ဖိနပ်စက်ရုံမှာအလုပ်စေခိုင်းမယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ဖမ်းဆီးဖို့ကြိုးစားလာကြတဲ့အခါမှာတော့ ဂျူးလူမျိုး အကြီးအကဲဖြစ်တဲ့ Rafuel Lowy ဟာ သူ့ရဲ့မြို့ငယ်လေးက ‌‌ဂျူးလူမျိုးမြို့သူမြို့သားတွေကို ဘယ်လိုအကာအကွယ်ပေးဖို့ ကြံဆကြိုးစားမလဲဆိုတာ ဆက်လက်ကြည့်ရှုခံစားလိုက်ကြပါဦး။ File size…(1.4 GB)/(800 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:25:00 Genre…History, War Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Steven Khant

0 2024 85 mins
Bardejov
Rasavathi
7

Rasavathi (2024) “အဂ္ဂိရတ်ဆရာ” IMDb – 7.6/10 ခန့်ညားထယ်ဝါတဲ့ အသံပါဝါနဲ့ စကားပြောလေယူလေသိမ်းတွေကြောင့် ပရိသတ်သတိထားမိကြတဲ့ တမီလ်မင်းသား အာဂျွန်ဒါ့စ်ရဲ့ အသစ်ထွက်ရှိလာတဲ့ အချစ်နဲ့ ထိတ်လန့်သည်းဖိုကို အချိုးညီညီပေါင်းစပ်ထားတဲ့ရုပ်ရှင်တစ်ကား တင်ဆက်ပေးလိုက်ပါတယ်။ ကိုဒိုင်ကာနယ်ဆိုတဲ့ အေးချမ်းတဲ့မြို့လေးမှာ ဒေါက်တာဆာဒါတစ်ယောက် ဇာတ်မြှုပ်နေထိုင်ရင်း သူ့ဆေးပညာကို ဆက်လက်လေ့လာနေခဲ့ပါတယ်။ အဲဒီမြို့လေးကိုပဲ ဆူယာဆိုတဲ့ အမျိုးသမီးလေးက ဟိုတယ်မန်နေဂျာအဖြစ်ရောက်ရှိလာခဲ့ပြီး သူတို့နှစ်ဦး အကြောင်းတိုက်ဆိုင်ရင်း ရင်းနှီးသွားကြတယ်။ တစ်ယောက်နဲ့တစ်ယောက် အတိတ်ကဒဏ်ရာတွေ အဖြစ်အပျက်တွေပြောပြကြရင်း ပိုပိုရင်းနှီးလာခဲ့ကြပါတော့တယ်။ နောက်ထပ် တာဝန်နဲ့အတူရောက်လာခဲ့သူကတော့ ရဲအရာရှိပါရာဆူ။ ပါရာဆူနဲ့ ဒေါက်တာဆာဒါကြား အဆင်မပြေမှုတွေရှိလာတဲ့အခါမှာတော့…။ အတိတ်ကဖြစ်ရပ်နဲ့ ပစ္စပ္ပုန်ကာလကြား အလှည့်ကျပြသရင်း စိတ်ဝင်စားဖွယ်ကြည့်ရှုကြရမှာပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamပဲဖြစ်ပါတယ်)

Drama
7 2024
Rasavathi
Six Pack
6

ပြိုင်ကားသမားဟောင်း ဘရူးဘိတ်ကာဟာ တက္ကဆက်ပြည်နယ်က မြို့လေးတစ်ခုမှ ဆီထည့်ရင်း သူ၏ပြိုင်ကားအစိတ်ပိုင်းတွေ ဖြုတ်အခိုးခံလိုက်ရပါတော့တယ်။ ခိုးသွားတဲ့တရားခံကို လိုက်ရှာရင်း တရားခံတွေက ကလေးတစ်သိုက်ဖြစ်နေသောအခါ ဘရူးတစ်ယောက် လုပ်ရကိုင်ရကြပ်သွားပါတော့တယ်။ ကလေးတွေမှာ သာမန်ထက်ပိုတဲ့ကားပြင်တဲ့အရည်အချင်းတွေ ရှိနေတာကို သတိထားမိသွားတဲ့အခါမှာတော့ ဘရူးဘိတ်ကာဟာ သူ့ရဲ့ပြိုင်ပွဲတွေကို ကလေးတွေကို စတင်ပြီးခေါ်သွားပါတော့တယ်။ ကလေးတွေနဲ့ ပြိုင်ကားသမားကြီး တဖြည်းဖြည်းသံယောဇဉ်ဖြစ်လာပုံ ကားပြိုင်ကွင်းထဲမှာ ပြိုင်ကားတွေ ပြိုင်ဆိုင်မှုပြင်းထန်ပုံတို့ကို မပျင်းရအောင် ကြည့်ရှုရမည့် ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ File size…(2 GB)/(1.2 GB) Quality….Blu-Ray 1080p / 720p Format… mp4 Duration…. 01:48:00 Genre… Motorsport, Comedy, Drama, Sport Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Eunice

Action
6 1982
Six Pack