YoteShin Drive is below this article. Scroll down to view.

210W Charging Redmi Note 12 Pro +

Author: Anonymous Published on: 12 Aug 2022

Redmi is now creating the Note 12 Series and can be sold in China before the end of this year. These smartphones have registered in the 3C, with at least three models will come out. These are Redmi Note 12, 12 Pro and 12 Pro +. According to data, 22101316UCP and 22101316C models will be released 22101316C, 22101316C and 22101316C, 12 Pro and NO and Note 12. The Note 12 Pro + will be 210w charging. Xiaomi has successfully created 200W Charging and announced a year ago. The company added 120W Charging last year on the Redmi Note Series. Now the Redmi Note 12 Pro + will provide a very fast charging rate. The Redmi Note 12 Pro will include 67W charges in 120W charging and Note 12. 210W Xiaomi Charger will be registered in 3C and will be included in Redmi Note 12 Pro +. Xiaomi's 210w Charging will be charged 100% in 10 minutes. According to leaked reports, the Note 12 seriess will feature 50MP main, 8MP Ultrawide and 2MP cameras. The Note 12 Pro and Note 12 Pro + will be the same Dimensity 1300 chipset. These phones will be available in China first, and later sold internationally. Ref: Gizchina

YoteShin Drive

Sign in using google and save to your drive

The.Curse.2022.S02E04.1080p.ALL4.WEB-DL.(CM).mp4

490.62 MB N/A video/mp4 40 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Rangasthalam
7.1

IMDb Rating(8.2) / Rotten Tomatoes (100%) Rating အလန်းစားနဲ့ ဒီဇာတ်ကားက ဇာတ်လမ်းဇာတ်အိမ်ရော Plot Twist ရော ရိုက်ကူးမှုပိုင်းတွေရော အကုန်လုံး ပြည့်စုံကောင်းမွန်တဲ့ တောင်ပိုင်းရုပ်ရှင်ကားကြီးတစ်ကားပါပဲ။ သာမန်ကြည့်ဖူးနေကျ တောင်ပိုင်းကားတွေလို Overတွေ မပါဘဲ သဘာဝကျကျ အက်ရှင်အလန်းစားတွေ၊ သီချင်းတွေနဲ့ မြိုင်မြိုင်ဆိုင်ဆိုင် တင်ဆက်ထားပါတယ်။ မင်းသားကလဲ ဘိုင်ရာဘာမင်းသားလို့ လူသိများတဲ့ ရမ်ချရန်းဆိုတော့ သဘာဝကျတဲ့သရုပ်ဆောင်မှုတွေနဲ့ လိုက်ဖက်လွန်းနေပါတယ်... ဇာတ်လမ်းလေးကတော့... ၁၉၈ဝခုနှစ်တွေက ရန်ဂက်(စ်)တလန်ဆိုတဲ့ ကျေးရွာလေးတစ်ရွာက ဇာတ်လမ်းတစ်ပုဒ်ပဲ ဖြစ်ပါတယ်။ ရွာထဲမှာ လယ်တွေကိုရေသွင်းတဲ့အလုပ်ကိုလုပ်တဲ့ ချစ်တီးဘာဘူဟာ မွေးရာပါနားလေးတဲ့ ချို့ယွင်းချက်ရှိပြီး မဟုတ်မခံ လူစားမျိုးပါ၊ သူ့အရှေ့မှာ မတရားတာတွေ့ရင် ဝင်ချဖို့ နှစ်ခါမစဉ်းစားတတ်ပါဘူး.. ရွာထဲမှာ အဖွဲ့အစည်းဆိုတဲ့နာမည်နဲ့ ရွာသားတွေကို ချေးငွေတွေထုတ်ချေးထားပြီး အမြတ်ကြီးစား ခေါင်းပုံဖြတ်နေတဲ့ အဖွဲ့တဖွဲ့လည်းရှိပါတယ်် ဒီအဖွဲ့ကို အဓိကချုပ်ကိုင်ထားတာက နှစ်(၃၀)ဆက်တိုက် သူကြီးဖြစ်နေတဲ့ ရွာသူကြီးပါ လူတွေက သူ့ကို ကြောက်ရွံ့ကြသလို၊ ရင်မဆိုင်ရဲကြပါဘူး သူနဲ့ထိပ်တိုက်တွေ့တဲ့သူမှန်သမျှ မရှု့မလှသေပွဲဝင်ကြရစမြဲပါ။ ဒီလို ဂုတ်သွေးဆုပ်အမြတ်ထုတ်နေတဲ့ အဖွဲ့ကို ရင်ဆိုင်ပြီး သူကြီးနေရာက ဝင်ပြိုင်မယ်လို့ စိန်ခေါ်လိုက်တဲ့သူ တစ်ယောက်ရှိပါတယ်။ သူနာမည်က ကူမာရ် ဘာဘူပါ ကူမာရ်ဟာ ချစ်တီးဘာဘူရဲ့ အစ်ကိုဖြစ်ပြီး၊ ဒူဘိုင်းမှပြန်လာတဲ့ ပညာတတ် တစ်ယောက်လည်း ဖြစ်ပါတယ်။ မတရားမှုကို ရင်ဆိုင်ဖို့ သူကြီးအဖွဲ့နဲ့ထိပ်တိုက်တွေ့နေတဲ့ အစ်ကိုဖြစ်သူကို ချစ်တီးဘာဘူတစ်ယောက် ဘယ်လိုတွေ ကာကွယ်စောင့်ရှောက်သွားမလဲဆိုတာကတော့....။ File size…(3.9 GB) / (1.2 GB) Quality….BluRay 1080p HEVC /HDRip 720p Format…mkv/mp4 Duration….02:53:40 Subtitle….Myanmar Subtitle (Hardsub) Encoder….Kyaw Ye Aung,Nyeinsaeya Aung Translated by Zaw Htoo

Comedy • Drama • Romance
7.1 2018 179 mins
Rangasthalam
Hubie Halloween
6

မင်းသားကြီး အဒမ် ဆမ်ဒလာရဲ့ ဟောလိုးဝင်း ဟာသ ကားအသစ် ထွက်ပါပြီ။ ဒီရုပ်ရှင်မှာတော့ အဒမ်ဟာ ဟျူဘီ ဒူဘွား ဆိုတဲ့ သဘောကောင်းပြီး ရိုးအတဲ့လူကြီး၊ တစ်မြို့လုံးက အနိုင်ကျင့်ခံရတဲ့သူ အဖြစ် ပါဝင်ထားပါတယ်။ ဟျူဘီဟာ အင်မတင် ရိုးအပြီး ကြီးမားတဲ့ ယုံကြည်ချက်ကြီး တစ်ခုလည်း ရှိပါတယ်။ အဲဒါကတော့ ဟောလိုးဝင်း ညတိုင်းမှာ မြို့သူမြို့သားတွေ ဘေးကင်းဖို့ဟာ သူ့တာဝန်ပဲ ဖြစ်တယ်လို့ပါပဲ။ ဒါကြောင့် ဟောလိုးဝင်းညတိုင်းမှာ တစ်မြို့လုံးကို ကင်းလှည့်ပြီး အမြင်မတော်တာတွေ မသင်္ကာတာတွေကို ရဲကို သတင်းပြေးပြေးပို့တတ်ပါတယ်။ ဒါကြောင့် တစ်မြို့လုံးက လူတွေရော၊ ရဲတွေရောက ဟျူဘီကို အမြင်ကတ်ပြီး ပတ်ရှောင်နေကြရတာပါ။ ဒီလိုနဲ့ အခုရောက်လာတဲ့ ဟောလိုးဝင်းညမှာတော့ အရင်က ဟောလိုးဝင်း ညတွေလို မဟုတ်ဘဲ ထူးခြားတဲ့ ကိစ္စတွေ၊ လူပျောက်ဆုံးမှုတွေစတင်ဖြစ်လာပြီး ဟျူဘီက ရဲတွေကို သတင်းပေးပေမယ့် ချက်ချင်း မယုံကြည်ကြပါဘူး။ ဒီလိုနဲ့ လူပျောက်မှုတွေ ထူးဆန်းတာတွေ ဆက်တိုက်ဖြစ်လာတဲ့အခါမှာတော့..... File size… 1 Gb / 500 Mb Quality… Webrip 1080p /720p Format…mp4 Duration….01:42:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Littleneo Translated by Littleneo

Action & Adventure • Crime • Drama
6 2020 103 mins
Hubie Halloween
Glass
6.7

ဒီကားလေးကိုကြည့်မယ်ဆိုရင်တော့ သူ့ေ့ရှကထွက်နှင့်ထားပြီးသားဖြစ်တဲ့ The Unbreakable (2000) နဲ့ Split (2016) တို့ကိုအရင်ကြည့်စေချင်ပါတယ်။ ဒီဇာတ်ကားသုံးကားဟာ ချိတ်ဆက်နေတယကြောင့်ပဲဖြစ်ပါတယ်။ ဒါ့အပြင် ေ့ရှနှစ်ကားမှာဇာတ်ကောင်တွေရဲ့စရိုက်သဘာဝတွေကိုရိုက်ကူးထားတာဆိုတော့ အဲ့ကားတွေအရင်ကြည့်ပြီးရင် ဒီကားဟာအချိတ်အဆက်ရှိရှိကြည့်လို့ကောင်းမယ့်ကားပဲဖြစ်ပါတယ်။ Thriller/Si-Fi ဇာတ်ကားအမျိုးအစားဖြစ်ပြီးတော့ Cast တွေဟာလည်း သဘာရင့်မင်းသားကြီးတွေဖြစ်တဲ့ ေ့ရှကားတွေမှာလည်းပါဝင်ပြီးသားဖြစ်တဲ့ Bruce Willis, Samuel L.Jackson နဲ့ James McAvoy တို့ပဲဖြစ်ပါတယ်။ ဉာဏ်ကြီးရှင်ဖြစ်သူ Mr.Glass ခေါ် Elijah ၊ စိတ်စရိုက်ပေါင်း ၂၄မျိုးနဲ့ Keven ၊ သူမတူတဲ့ခွန်အားတွေရှိတဲ့ David တို့သုံးယောက်ကို ချုပ်နှောင်ထားပြီး စမ်းသပ်စစ်ဆေးမှုတွေလုပ်ရာကစပါတယ်။ သူတို့ကိုယ်သူတို့ သဘာဝလွန်စွမ်းအားတယ်ရှိတယ်ဆိုတာကို မဟုတ်ကြောင်း၊ စိတ်ရောဂါတစ်ခုသာဖြစ်ကြောင်းဖြေရှင်းဖို့စမ်းသပ်နေကြတာပာ။ အစကတော့သီးခြားစီခွဲခြားပြီးလုပ်နေကြပေမဲ့ သုံးယောက်သားပူးပေါင်းမိမှာတော့ ရှုပ်ထွေးမှုတွေစပါတော့တယ်။ အထူးသဖြင့် Mr.Glass ၂၄မျိုးဘွဲ့ရှင် Keven တို့ပဲဖြစ်ပါတယ်။ တစ်ယောက်လည်း အင်မတန်ထူးဆန်းတဲ့ဦးနှောက်၊ နောက်တစ်ယောက်က ရှင်းပြရခက်တဲ့အမူအကျင့်တွေနဲ့ ပေါင်းမိတာအပြင် အဲ့ဒီစမ်းသပ်ခန်းကပါလွတ်ထွက်သွားလိုက်တော့ လိုက်ဖြေရှင်းရတာပါပဲ။ ဒါပေမဲ့ Mr. Glass ဟာလည်းသူ့ရဲ့ရည်ရွယ်ချက်အစစ်ကဘာလဲ။ Keven ဟာလည်းသူ့ရဲ့နောက်ဆုံးစရိုက်ဖြစ်တဲ့ The Beast ကအဓိကလွှမ်းမိုးနေတော့ သောင်းကျန်း၊ အထူးသဖြင့်သူနဲ့ယှဉ်နိုင်တဲ့ David နဲ့ထိပ်တိုက်တွေ့ချင်နေတာပါပဲ။ အဲဒီနောက် ပွဲစီစဉ်သူကြီး Mr.Glass ရဲ့ကောင်းမှုနဲ့ Demon စရိုက်ရှိတဲ့Keven နဲ့ ပင်ကိုယ်စိတ်ရင်းကောင်းတဲ့ David တို့ဘယ်လိုထိပ်တိုက်တွေ့ကြမယ်ဆိုတယ စောင့်ကြည့်စေချင်ပါတယ်။ ေ့ရှကားတွေနဲ့အတူအဆက်အစပ်ရှိရှိကြည့်မယ်ဆိုရင် တော်တော်စိတ်ဝင်စားစရာကောင်းပြီး ဝါရင့်မင်းသားကြီးတွေရဲ့သရုပ်ဆောင်မှုတွေနဲ့အတူ ရသအမျိုးမျိုးခံစားနိုင်ကြမှာလည်းဖြစ်ပါတယ်။

Comedy • Romance • TV Movie
6.7 2019 129 mins
Glass
Where Is Anne Frank

Anne Frank ရဲ့ဇာတ်လမ်းကိုတော့တော်တော်များများသိကြမယ်ထင်ပါတယ်။မသိသူတွေအတွက်ကတော့ Anne Frank ဆိုတာဒုတိယကမ္ဘာစစ်ဖြစ်တုန်းက ဟော်လန်မှာနေတဲ့ဆယ်ကျော်သက်အရွယ်ဂျုးမိန်းကလေးတစ်ယေက်ပါ။ နာဇီတွေဟော်လန်ကိုသိမ်းပိုက်အပြီးမှာတော့ သူတို့ရဲ့လူမျိူးတုန်းသတ်ဖြတ်မှုဟာ Anneတို့အနားကိုရောက်ရှိလာပါတယ်။ဒါနဲ့Anne တို့မိသားစုဟာ Anne အဖေအလုပ်ရဲ့အပေါ်ထပ်လျှို့ဝှက်တိုက်ခန်းမှာ အခြားဂျုးမိသားစုတစ်ခုနဲ့တူတူသွားပုန်းကြပါတယ်။ ပုန်းနေရတဲ့နှစ်နှစ်ကျော်ကာလအတွင်းမှာ Anne ဟာသူ့ရဲ့ အတွေ့အကြုံအခက်အခဲတွေကို ဒိုင်ယာရီရေးပြီးမှတ်တမ်းတင်ခဲ့ပါတယ်။Anne တို့ဟာနောက်ဆုံးမှာတော့ကံမကောင်းရှာပဲ နာဇီတွေကရှာတွေ့သွားပြီး အားလုံးကိုအရှေ့ဘက်မှာရှိတဲ့ Concentrate Camp တွေကိုပို့လိုက်ပါတယ်။Anne ရဲ့အဖေ Otto Frank ကလွဲရင်ဘယ်သူမှအသက်ရှင်လျက်ပြန်မလာနိုင်ခဲ့ပါဘူး။Otto ဟာရုံးက၀န်ထမ်းတစ်ယောက်ကပေးလို့ Anne ရဲ့ဒိုင်ယာရီပြန်ရပြီး တခြားလူတွေကိုဝေမျှပေးနိုင်ဖို့ ဒိုင်ယာရီကိုစာအုပ်ထုတ်‌ဝေဖို့ဆုံးဖြတ်ခဲ့ပါတယ်။ အခုချိန်မှာတော့ Diary of Anne Frank ဟာကမ္ဘာမှာနာမည်အကြီးဆုံးစာအုပ်တစ်အုပ်ဖြစ်နေပါပြီ။ ဒီကားလေးကတော့ Anne Frank ရဲ့ဇာတ်ကြောင်းကိုကွန့်မြူးထားတာမျိုးပါ။Anne ဟာဒိုင်ယာရီရေးတိုင်း သူ့ရဲ့စိတ်ကူးထဲကသူငယ်ချင်းဖြစ်သူ Kitty ဆီ စာရေးပြီးရင်ဖွင့်တဲ့ပုံနဲ့ရေးတတ်ပါတယ်။ယခုခေတ်မှာ Anne ရဲ့ဒိုင်ယာရီက မှင်စွန်းသွားပြီး စာလုံးတွေကနေတဆင့် တကယ်ကောင်မလေးတစ်ယောက်အဖြစ် Kitty ဟာအသက်၀င်လာပါတယ်။သူက ဒိုင်ယာရီထဲကဖြစ်ရပ်တွေကိုပဲမှတ်မိပြီး အခုခေတ်မှာ သူငယ်ချင်းဖြစ်သူ Anne ကိုရှာနိုင်ဖို့ကြိုးစားပါတယ်။ဒီကားလေးမှာ Anne ရဲ့ဒိုင်ယာရီထဲကအဖြစ်အပျက်တချို့ရော Kitty ရဲ့ ယနေ့ခေတ်စွန့်စားခန်းတွေကိုရော တလှည့်စီပြထားပါတယ်။ 2021 ကထွက်တဲ့ Animated Film လေးပါ။Animation style ကကြည့်လို့ကောင်းပြီး ကြေကွဲစရာဖြစ်ရပ်တွေကိုလည်း ရှုစားရမှာပါ။ Rotten tomatoes -76% File size…(1.6gb)/(837mB)/(403MB) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:39:00 Genre…Drama/Animation/Fantasy/History/War Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by….SP

Drama • Romance
0 2022
Where Is Anne Frank
The Haunting at Saint Joseph’s
5.5

လီလီခေါ် လီလယ်နာဟာ အများကချစ်ခင်ကြတဲ့ ဆရာဝန်မလေးတစ်ယောက်ပါ။ သူ့ရဲ့ချစ်သူ ကစ်တ်ဟာလည်း ဆရာဝန်တစ်ယောက်ဖြစ်ပြီး သူတို့နှစ်ဦးဟာ အရမ်းချစ်ကြတဲ့စုံတွဲဖြစ်ပါတယ်။ ကစ်တ်မှာတော့ ညီမတစ်ဦး ရှိပြီး ကစ်တ်ရဲ့ညီမဟာ သူ့အစ်ကိုရဲ့ရည်းစားတိုင်းနဲ့ သူ့အစ်ကိုပြတ်အောင် လုပ်တတ်လို့ အခုလို လက်ထပ်ခါနီး ကျမှ လက်ထပ်တော့မယ့်အကြောင်းကိုသိရသူပါ။ ဂျက်စ်ကတော့ လီလီရဲ့ အခင်ဆုံးကောင်းတူဆိုးဖက် သူငယ်ချင်း ဖြစ်ပါတယ်။ ဒီလိုနဲ့ သူတို့ ၄ယောက်နဲ့အတူ တခြားသူငယ်ချင်း ၂ဦးကိုပါ ခေါ်လာပြီး ရှေးခေတ်က စိန့်ဂျိုးဆက်ပ် ဘုရားကျောင်းနားမှာရှိတဲ့ စိန့်ဂျိုးဆက်ပ်တည်းခိုရိပ်သာကို အပျော် ခရီးထွက်လာကြပါတယ်။စိန့်ဂျိုးဆက်ပ်တည်းခိုရိပ်သာပတ်ဝန်းကျင်မှာ ကြောက်စရာကောင်းတဲ့ဇာတ်လမ်းတွေ ပုံပြင်တွေ မနည်း မနောရှိပေမယ့် သူတို့ကတော့ ဒါတွေကို သိပ်အယုံအကြည်မရှိပါဘူး။ ဒါပေမယ့် စိန့်ဂျိုးဆက်ပ်ကိုရောက်ပြီး သိပ် မကြာခင်မှာပဲ ထူးဆန်းတာတွေဖြစ်လာပါတော့တယ်။ ဝုန်းခနဲ ဒိုင်းခနဲ ခြောက်ခြားစရာတွေမဟုတ်ဘဲ တစိမ့်စိမ့်နဲ့ ကျောချမ်းစရာဖြစ်တဲ့ ဇာတ်လမ်းမျိုးကို ကြိုက် နှစ်သက်တွေ သဘောကျမယ့်ဇာတ်ကားလေးဖြစ်ပါတယ်။ File size…1.63GB / 813MB Quality…WEB-DL 1080p / 720p Format…mp4 Duration….1h 38m Genre ….. Horror , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Ko Myo

5.5 2023
The Haunting at Saint Joseph’s
Joseph: King of Dreams
6.4

ဒီဇာတ်လမ်းလေးကတော့ ခရစ်ယာန်ဓမ္မကျမ်းစာဟောင်းထဲမှာပါတဲ့ ဂျိုးဆက်ပုံပြင်ကိုဆီလျော်အောင်ပြင်ဆင်ပြီးပြန်ရိုက်ထားတာဖြစ်ပါတယ်။ ဇာတ်လမ်းအကျဥ်းကတော့ ကန်နန်လူမျိုးစုခေါင်းဆောင်ကြီးရဲ့ ဒုတိယဇနီးဟာ အမြုံလို့ထင်ထားရာကနေ မမျှော်လင့်ဘဲကိုယ်ဝန်ရလာခဲ့ပြီးတော့ ၃၇ပတ်တည်းနဲ့သားလေးတစ်ယောက်ဖွားမြင်ခဲ့ပါတယ်။ ဖအေကြီးက ဘုရားသခင်ဆီလာတဲ့အံ့ဖွယ်ကလေးလို့မှတ်ယူပြီး တစ်ခြားသားတွေလို ပင်ပင်ပန်းပန်းအလုပ်တွေမလုပ်စေရဘဲ အနားမှာထားပြီးစာပေပညာတွေပဲလေ့လာသင်ကြားစေပါတယ်။ ဖခင်ရဲ့ပစားပေးမှုတွေက ညီအကိုတွေကြားထဲမှာ မနာလိုမှုတွေကို တစ်ဖြည်းဖြည်း​ကြီးထွားလာစေပြီးတော့ ဂျိုးဆက်လေးကိုအန္တာရယ်တောထဲဆွဲပို့လိုက်ပါတော့တယ်။ သူ့အကိုတွေရဲ့ပယောဂနဲ့ ကျွန်ကုန်သည်တွေဆီကိုရောင်းစားခံလိုက်ရတဲ့ဂျိုးဆက်ဟာ သူ့ရဲ့မွေးရာပါ ပါရမီဖြစ်တဲ့ အိပ်မက်အတိတ်နိမိတ်ကောက်ခြင်း အတတ်ပညာနဲ့ညဏ်အမြော်အမြင်ရှိမှူတွေကြောင့် ကျွန်ဘဝကနေ ဟိုးအမြင့်ဆုံးဘဝအထိဘယ်လိုတက်လှမ်းသွားမယ်ဆိုတာ စိတ်ဝင်စားဖွယ်မြင်တွေ့ကြရမှာဖြစ်ပါတယ်။ IMDB မှာ 6.4 ရရှိထားတဲ့ဒီဇတ်ကားလေးဟာ ကြည့်မိလို့လူံးဝနောင်တမရစေဘဲ ဇာတ်လမ်းအစကနေအဆုံးထိ ဆွဲခေါ်သွားနိုင်တယ်ဆိုတာ ရဲရဲကြီးအာမခံနိုင်တာမို့ အခုပဲ Download ဆွဲပြီးကြည့်ရှုလိုက်ကြပါဦးလို့။ File size… 1.27 GB / 502 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 14m Genre ….. Drama Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Aung Wai Wai Thin

6.4 2000 74 mins
Joseph: King of Dreams
Maid Droid

ဂေါင်းကြီးတို့သာ လူသားနဲ့တစ်ပုံစံတည်းတူတဲ့ အိမ်ဖော်စက်ရုပ်မလေးကို အချိန်ပိုင်းနဲ့ငှားပြီး ကိုယ်ကြိုက်တာလုပ်ခွင့်ရမယ် ကိုယ်တတ်နိုင်တဲ့ ငွေကြေးပမာဏအတိုင်း ငှားလို့ရမယ် ငှားကြမလား??? ဟုတ်ပါတယ် ဒီဇာတ်ကားက အပေါ်မှာပြောထားသလိုပါပဲ ရန်ဒယ်ကုမ္မဏီဟာ လူသားနဲ့တစ်ပုံစံတည်း ထပ်တူညီတဲ့ ခံစားချက်ရှိတဲ့ လုပ်ဆောင်မှုစနစ်တွေ ပါဝင်တဲ့ အိမ်ဖော်စက်ရုပ်မလေးတွေကို အမျိုးသားတွေအတွက် အချိန်ပိုင်းအလိုက် ငွေကြေးတတ်နိုင်မှုအလိုက် ဝန်ဆောင်မှုပေးနေတဲ့ ကုမ္ပဏီဖြစ်ပါတယ်။ ဒီဇာတ်ကားရဲ့ ဇာတ်လိုက်ကျော်ကတော့ ဟယ်ရီဆန်ဆိုတဲ့ သက်လတ်ပိုင်းလူတစ်ယောက်ပါ။ သူဟာ သူ့ထက်အသက်ထက်ဝက်ခန့်ငယ်တဲ့သူ့ကောင်မလေးက သူ့ကို ထားခဲ့တဲ့အတွက် ကြေကွဲလူငယ်လေးဖြစ်နေပြီး ဘားမှာသူ့သူငယ်ချင်းနဲ့ ထိုင်သောက်နေချိန်မှာ သူ့သူငယ်ချင်းက ဒီကုမ္ပဏီကို မိတ်ဆက်ပေးပြီး အိမ်ဖော်စက်ရုပ်မလေးတွေ ငှားလို့ရကြောင်း လမ်းညွန်လိုက်ပါတယ်။ ဒီလိုနဲ့ သူဟာ ပထမဆုံးတစ်ကြိမ် လေးနာရီစာဆက်ရှင် စမ်းယူကြည့်ပြီး သဘောကျတဲ့အတွက် ဆက်ငှားဖြစ်ပါတော့တယ်။ ဒါပေမဲ့ တစ်နေ့မှာတော့ သူ့ကောင်မလေးက သူနဲ့ဇာတ်လမ်းပြန်ဆက်ချင်တယ်ဆိုပြီး ပြန်ဆက်သွယ်လာတဲ့အတွက် သူဟာ စက်ရုပ်မလေးကို ကုမ္ပဏီပြန်အပ်ဖို့လုပ်ပါတော့တယ်။ ဒီအချိန်မှာ လူသားခံစားချက်တွေကိန်းအောင်းနေတဲ့ စက်ရုပ်မလေးကို မပြန်ချင်တဲ့အတွက် တစ်ခုခုကြံစည်ပါတော့တယ်။ ဒီလောက်ဆို ဇာတ်လမ်း အသွားအလာလည်းကောင်းတယ်၊ ဇာတ်အိမ်လည်း ကောင်းတဲ့ Romance Thriller အမျိုးအစားဖြစ်တဲ့အတွက် ဂေါင်းကြီးတို့ မကြည့်လိုက်ရရင် ဂေါင်းကြီးတို့အရှုံးပါပဲ။ ဒီတော့ လက်နှေးပြီး ခွက်မဆေးရအောင် အမြန်သာကြည့်လိုက်ပါတော့ဗျို့။ File size…(1.4 GB)/(603 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:32:00 Genre…Horror, Science Fiction, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Matteo

0 2023
Maid Droid
Blood pay
6.4

Blood pay (2025) IMDb Rating (6.4) 18+ အခန်းတချို့ပါသောကြောင့် မိသားစုနှင့်အတူ မကြည့်သင့်ပါကြောင်း အသိပေးအပ်ပါသည်။ သုခဘုံဆိုတာဟာ AI တွေက အလုပ်သမားစျေးကွက်ကိုဝင်ရောက်လုယူသွားပြီး အလုပ်လက်မဲ့နှုန်းတွေမြင့်တက်လာ၊လူငယ်တွေဟာလည်း အွန်လိုင်းကမ္ဘာထဲမှာသာ နစ်မျောနေပြီး လူသားချင်းထိတွေ့ဆက်ဆံမှု ကင်းပျောက်လုနီးပါး ပျက်ကိန်းဆိုက်နေတဲ့အနာဂတ်ကမ္ဘာထဲက မြို့တစ်မြို့ဖြစ်ပါတယ်။ အဲ့ဒီမှာမှ ဂျွန်ဆိုတဲ့လူတစ်ယောက်ကတော့ ခေတ်နဲ့လိုက်လျောညီထွေပြောင်းလဲနိုင်တဲ့အတွက်ပူပင်စရာမရှိလောက်အောင်ပြီးပြည့်စုံတဲ့ဘ၀တစ်ခုကိုပိုင်ဆိုင်နေပြီး ဘေးလူမနာလိုချင်စရာအနေအထားမျိုးပါ။ ဒါပေမယ့် ပြီးပြည့်စုံလွန်းတဲ့ဂျွန်ဟာ ဘ၀မှာ ဘယ်အရာကိုမှ စိတ်ကျေနပ်မှု၊ပြည့်စုံမှုမရနိုင်တော့ပဲ စိတ်ကျရောဂါဖိစီးနေပြီး ကိုယ်ကိုယ်ကိုသတ်သေဖို့အထိပါတွေးနေမိပါတယ်။ တစ်နေ့တော့ အွန်လိုင်းက ကြော်ငြာတစ်ခုကောင်းမှုနဲ့ BLOOD-PAY ဆိုတဲ့ AI ဖျော်ဖြေရေးကိရိယာတစ်ခုကို ဝယ်ယူမိသွားခဲ့ပါတယ်။ အဲဒီကိရိယာမှာ သူနဲ့ဆက်ဆံပြောဆိုတဲ့ အိဗ်ဆိုတဲ့ Ai မလေးကို အစွဲလန်းကြီးစွဲလန်းမိတဲ့နောက်မှာတော့ ဂျွန်ဟာ အိဗ်ညွှန်ကြားသမျှရူးရူးမိုက်မိုက်လိုက်လုပ်ရင်း ရုန်းထွက်ရခက်တဲ့ရမ္မက်နွံထဲကို ကျဆင်းသွားပါတော့တယ်။ အချိန်လွန်မှသိလိုက်ရတာကတော့ BLOOD-PAY ဆိုတဲ့အတိုင်းသူ့ရဲ့ဝန်ဆောင်မှုကို သွေးနဲ့ပေးချေရတယ်ဆိုတာပါပဲ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Alias ဖြစ်ပါတယ်။) File size…(1.4 GB) / (660 MB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Horror,Science Fiction,Thriller Duration….01:23:07 Subtitle….Myanmar Subtitle (Hardsub) Encoder….Alvar Translated by Alias

6.4 2025 82 mins
Blood pay
Nosferatu: A Symphony of Horror Nosferatu, eine Symphonie des Grauens
7.8

Nosferatu: A Symphony of Horror (1922) IMDb Rating (7.8) / Rotten Tomatoes (97%) အခု နာမည်ကြီးနေတဲ့ Nosferatu 2024 ရဲ့ မူရင်းရုပ်ရှင် ဂန္ဓာဝင်ကြီးကို တင်ဆက်ပေးထားပါတယ်။ သမိုင်းတလျှောက်အကောင်းဆုံး ဟော်ရာရုပ်ရှင်စာရင်းထဲမှာ ပါဝင်တဲ့ရုပ်ရှင်လည်းဖြစ်ပါတယ်။ ကြောက်ဖို့အရမ်းကောင်းလို့ ဆွီဒင်မှာ ၁၉၇၂ အထိ ပိတ်ပင်ခံရဖူးပါတယ်။ ဇာတ်လမ်းက အရမ်းကောင်းခဲ့ပေမဲ့ ရုပ်ရှင်ရဲ့အပြင်လောက ဇာတ်သိမ်းကတော့မလှခဲ့ပါဘူး။ ဒီရုပ်ရှင်ဟာ ဘရမ်စတုတ်ကာရဲ့ ဒရက်ကူလာဇာတ်လမ်းကို မူပိုင်ခွင့်မဝယ်ယူဘဲ မှီငြိမ်းရိုက်ကူးခဲ့တာကြောင့် စတုတ်ကာ ကတော်က တရားစွဲတာခံခဲ့ရပါတယ်။ ထုတ်လုပ်သူတွေက လျော်ကြေးမပေးနိုင်လို့ ဒေဝါလီ ခံလိုက်ရပြီး တရားရုံးက ဖလင်နဲ့ မိတ္တူအားလုံးကိုဖျက်ဆီးဖို့ အမိန့်ချခဲ့တာပါ။ ဒါပေမဲ့ အချို့သောမိတ္တူတွေ ဖျက်ဆီးမခံရဘဲ ကျန်နေခဲ့လို့ အခုလို ကြည့်ရှုခွင့်ရကြတာပါပဲ။ ဒီထဲက ဇာတ်ဝင်ခန်းရိုက်ကူးခဲ့တဲ့ အဆောက်အဦးတွေကိုလည်း အခုအထိ အဲဒီအပြင်အဆင်အတိုင်းပါ ထိန်းသိမ်းထားပါသေးတယ်။ Wismar and Lübeck ဂျာမန်မြို့တွေမှာ တွေ့နိုင်ပါတယ်။ ဒရက်ကူလာရုပ်ရှင်တွေထဲမှာ ရှေးအကျဆုံးလို့ပြောလို့လည်းရပါတယ်။ ဘာလို့လဲဆိုတော့ Dracula’s Death (1921) က ၁၉၂၃ ကျမှ ထုတ်နိုင်ခဲ့လို့ပါ။ နေရောင်ကြောင့် ဗမ်ပိုင်းယားတွေသေတဲ့သဘောတရားကို ပထမဆုံး ထုတ်ဖော်ခဲ့တဲ့ ရုပ်ရှင်လည်းဖြစ်ပါတယ်။ ဘရမ်စတုတ်ကာရဲ့ မူလ ဒရက်ကူလာဟာ နေ့ဘက်မှာမထွက်တတ်ပေမဲ့ နေရောင်ကြောင့်သေတာမဟုတ်ဘဲ သစ်သားချွန်ကြောင့် သေဆုံးခဲ့ရတာပဲဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း ဇာတ်လမ်းအကျဉ်းနို့စ်ဖရာတူ ဆိုတဲ့ စကားလုံးရဲ့ ဇစ်မြစ်ကတော့ ကွဲပြားနေတာအမျိုးမျိုးရှိပါတယ်။ ရိုမေးနီးယားဘာသာဖြစ်ပြီး ဗမ်ပိုင်းယား၊ ပလိပ်ကပ်ဘေး၊ သေမင်း စသဖြင့် အဓိပ္ပါယ်ဖွင့်ဆိုနိုင်ပေမဲ့ ရိုမေးနီးယားစကားလုံးအစစ်ဟုတ်မဟုတ်၊ ဂျာမန်လား အခြားဘာသာလားဆိုတာ အတည်ပြုရခက်ပါသေးတယ်။ ဒီရုပ်ရှင်မှာတော့ သောမတ် နဲ့ အယ်လန်တို့က ကြင်စဦး ဇနီးမောင်နှံတွေပါ။ သောမတ်ဟာ ဆင်းရဲတာကြောင့် ငွေရှာဖို့ကြိုးစားရင်း နယ်စားကြီးအောလော့ဆီမှာ အိမ်စာချုပ်တစ်ခု သွားချုပ်ပေးဖို့ ကြုံလာပါတယ်။ သောမတ်တစ်ယောက် အောလော့ဆီကို ရောက်နေတုန်းမှာပဲ အောလော့ဟာ လူသားမဟုတ်တာကို သိပြီးထွက်ပြေးဖို့ ကြိုးစားရပါတော့တယ်။ အဲဒီအချိန်မှာပဲ ဝစ္စဘက်မြို့တစ်ခုလုံး ပလိပ်ကပ်ဘေးကြီးကျလာပြီး ကယ်တင်စရာလမ်းမရှိချိန်မှာပဲ ဟက်တာကတော် အယ်လန်ဟာ အဖြေတစ်ခုကိုတွေ့သွားတဲ့အခါ… (အညွှန်းနဲ့ဘာသာပြန်ကတော့ Mr. Anderson ဖြစ်ပါတယ်။) File size…(3.4 GB) / (4.2 GB) Quality….Blu-Ray 1080p HEVC /720p Format…. mkv/mp4 Genre….Drama,Horror Duration….01:35:41 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by Mr. Anderson

Comedy • Drama
7.8 1922 95 mins
Nosferatu: A Symphony of Horror Nosferatu, eine Symphonie des Grauens
4 Horror Tales: February 29
5.5

4 Horror Tales: February 29 (2006) ************************************ Four Horror Tales စီးရီးရဲ့ ပထမမြောက်ဇာတ်လမ်းဖြစ်တဲ့ February 29 ရုပ်ရှင်ဟာ ရက်ထပ်နှစ်တိုင်း ပေါ်လာတဲ့ ၂ လပိုင်း ၂၉ ရက်နေ့ကို အခြေတည်ပြီး ဖန်တီးထားတဲ့ သည်းထိပ်ရင်ဖို ဇာတ်လမ်းပဲဖြစ်ပါတယ်။ တိုးဂိတ်မှာ လက်မှတ်ဖြတ်သူအဖြစ် အလုပ်လုပ်တဲ့ ဂျီယွန်းဟာ တစ်နေ့မှာ သူမနဲ့ တစ်ပုံစံတည်း ဝတ်ဆင်ထားတဲ့ မိန်းကလေးတစ်ယောက်အကြောင်းကို ကြားလိုက်ရတော့တယ်။ တိုက်ဆိုင်မှုဆိုပြီး သတ်မှတ်လိုက်တဲ့ သူမဟာ နောက်ပိုင်းမှာ သူမရဲ့ အလုပ်ခွင်ဖြစ်တဲ့ တိုးဂိတ်အနီးမှာပဲ လူသတ်မှုတွေကို တစ်စတစ်စကြားလာရတော့တယ်။ ထူးဆန်းတာက အဲဒီလူသတ်မှုတွေအပြီးမှာ သူမရှိတဲ့တိုးဂိတ်ဆီကို အမည်မသိကားနက်တစ်စီးလာပြီး သွေးစွန်းနေတဲ့ လက်မှတ်တစ်စောင်ကို လာဖြတ်တာပါပဲ။ ဒီလိုနဲ့ သူမဟာ တရားခံကိုရှာဖို့ စိတ်ပိုင်းဖြတ်ရင်း အကြောင်းစုံကို သိလိုက်ရတဲ့အခါမှာတော့….။ Alchemy of Souls မှာ ဂျင်းအိမ်တော်ရဲ့ သခင်မအဖြစ် သရုပ်ဆောင်ခဲ့တဲ့ မင်းသမီးကြီးဘတ်အွန်းဟယ် ဦးဆောင်ပါဝင်ထားတာ ဖြစ်တဲ့အတွက် သရုပ်ဆောင်ချက်တွေက ပြောစရာမလိုအောင် ပိရိနေပြီး ကြည့်ရှုသူပရိသတ်ကို ဆွဲငင်စေမဲ့ သည်းထိတ်ရင်ဖိုဇာတ်လမ်းတစ်ပုဒ် ဖြစ်တယ်ဆိုတာ အာမခံနိုင်ပါတယ်။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ဆိုသူကတော့ Esth ပဲ ဖြစ်ပါတယ်။) File Size : 1.57GB/ 690MB Quality : WEB_DL 1080p 5.1CH/ 720p Format…mp4 Duration…01:32:00 Genre : Thriller, Horror Subtitle : Myanmar Subtitle (Hard Sub) Translated by Esth Encoded by Tiff

Comedy • Drama
5.5 2006 90 mins
4 Horror Tales: February 29
Life

ဒီ ဇာတ်ကားလေးကတော့ Old but Gold ဆိုတဲ့ အရင်တုန်းက ဟာသ ဇာတ်ကား လေးတစ်ကားဖြစ်ပါတယ် 2000 ခုနှစ် အော်စကာပေးပွဲမှာ အကောင်းဆုံးမိတ်ကပ်ဆု ဆွတ်ခူးထားတဲ့ ဇာတ်ကားလည်းဖြစ်ပါတယ် နာမည်ကြီး သရုပ်ဆောင်တွေ ဖြစ်တဲ့ Eddie Murphy နဲ့ Martin Lawrence တို့က ပါဝင် သရုပ်ဆောင်ထားတာလည်းဖြစ်ပါတယ် ဇာတ်လမ်းအကျဉ်းကတော့ အဓိက ဇာတ်ဆောင် နှစ်ယောက်ဖြစ်တဲ့ Ray Gibson နဲ့ Claude Banks လို့ ခေါ်တဲ့ လူနှစ်ယောက်ဟာ မထင်မှတ်ပဲ တွေ့ဆုံပြီးတော့ အလုပ်တစ်ခုကို အတူတွဲလုပ်ဖို့ အကြောင်းဖန်လာပါတော့တယ် အဲ့ဒီ့အချိန်မှာပဲ လူသတ်မှု တစ်ခုကြားမှာ ပါဝင် ပတ်သက်မိပြီး ချောက်ချခံရပြီး မှားယွင်းစွပ်စွဲခံရပြီးတော့ နှစ်ယောက်လုံး ထောင်ဒဏ် တစ်သက် တစ်ကျွန်းကျသွားပါတော့တယ် ‌ ထောင်ထဲမှာ ဘယ်လိုလူမျိုးတွေနဲ့ တွေ့မလဲ ဘယ်လို လွတ်မြောက်အောင် ကြိုးစားကြံစည်သွားမလဲဆိုတာကို အလွဲများစွာနဲ့ တွေ့ရမှာပဲ ဖြစ်ပါတယ် ထောင်ကနေ လွတ်မြောက်နိုင်ပါ့မလား ဒါမှမဟုတ် အရိုးဆွေးအောင် ထောင်ထဲမှာပဲ နေသွားရမလားဆိုတာကတော့ ဇာတ်လမ်းထဲမှာ ကြည့်ရှု့ ခံစားလိုက်ပါခင်ဗျာ File size…(2.4 GB)/(1.2 GB) Quality….Webrip HEVC 1080p / 720p Format…mp4/ mkv Duration….01:48:00 Genre…Comedy, Crime Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Ko Dee

Documentary • Crime • Drama
0 1999
Life
Streaming
6.5

Streaming (2025) ****************** IMDb….. 6.5 Streaming ရုပ်ရှင်ဇာတ်ကားဟာ ဒါရိုက်တာ Cho Jang-ho ကိုယ်တိုင်ရေးသား ရိုက်ကူးထားပြီး ဒိတ်ဒိတ်ကြဲစတား Kang Ha-neul က ကွင်းဆက်လူသတ်မှုရဲ့ နောက်ကွယ်က သဲလွန်စတွေကို စုံစမ်းစစ်ဆေးရင်း အချိန်နဲ့ တစ်ပြေးညီ Live လွှင့်နေတဲ့ ပြစ်မှုမုဆိုး ချန်နယ်ထုတ်လွှင့်သူနေနဲ့ ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဇာတ်လမ်းအညွှန်း- ကိုရီးယားမှာ ရေပန်းအစားဆုံးသော မှုခင်းရုပ်သံလိုင်းကို ထုတ်လွှင့်သူ Woo Sang က WAG ဆိုတဲ့ Streaming ပလက်ဖောင်းမှာ မဖြေရှင်းရသေးတဲ့ အမှုတွေကို ခွဲခြမ်းစိတ်ဖြာတဲ့ Profiler တစ်ယောက်အနေနဲ့ ကျော်ကြားသလို Subscriber အများဆုံး နံပါတ် ၁ နေရာမှာ ရှိနေတဲ့သူဆိုလည်း မမှားပါဘူး။ တစ်နေ့မှာတော့ သူ့ ထုတ်လွှင့်မှုကြောင့် အငြင်းပွားမှုတွေ ဖြစ်ပေါ်လာခဲ့ပြီး သူ့ နာမည်လည်း တစ်ဟုန်ထိုး ကျသွားပါတော့တယ်။ Woo Sang လည်း သူ့ရဲ့ မူလထိပ်တန်းနေရာကို ပြန်လည်ရောက်ရှိဖို့ရန်အတွက် နာမည်ဆိုးနဲ့ ကျော်ကြားနေတဲ့ ကွင်းဆက် လူသတ်မှုတွေနဲ့ ပတ်သက်ပြီးတော့ တိုက်ရိုက်ထုတ်လွှင့်ပြီး စုံစမ်းစစ်ဆေးခြင်းကို စတင်ခဲ့တယ်။ ဒီလိုနဲ့ သဲလွန်စတွေကို တစ်စတစ်စ လိုက်ရှာရင်း လူသတ်သမားရဲ့ နာမည်ကို ဖော်ထုတ်နိုင်ဖို့ တဖြည်းဖြည်း နီးစပ်လာခဲ့သလို လူသတ်သမားကလည်း သူ့ရဲ့ လှုပ်ရှားမှုတွေကိုစောင့်ကြည့်နေခဲ့ရာ… ဘာတွေ ဆက်ဖြစ်လာဦးမလဲဆိုတာကိုတော့ ဇာတ်ကားလေးထဲမှာပဲ ကြည့်ရှု အားပေးလိုက်ကြပါဦးနော်။ (ဇာတ်လမ်းအညွှန်းကိုတော့ Miri မှ ရေးသားထားပေးပါတယ်။) File Size : 1.90GB/830MB Quality : WEB-DL 1080p 5.1 CH/ WEB-DL 720p Format…mp4 Duration…01:31:45 Genre : Thriller, Mystery, Crime Subtitle : Myanmar Subtitle (Hard Sub) Translated by Hnin Wai Oo, Stary, Miri & Treasure Htet Encoded by Tiff

Horror
6.5 2025
Streaming
Gladiator
6.5

Gladiator (1992) IMDb: 6.5/10 Shorts တွေ tiktok တွေမှာ ဗီဒီယိုအတိုလေးတွေအနေနဲ့ မြင်တွေ့နေကျ လူဖြူလူမဲ လက်ဝှေ့သမား ဖိုက်တာကားကို မြန်မာဘာသာပြန်နဲ့ တင်ဆင်ပေးလိုက်ပါပြီ။ ၁၉၉၂ကထွက်ရှိခဲ့ပြီး အတန်အသင့် ရေပန်းစားခဲ့တဲ့ ဇာတ်အိမ်ကောင်းကောင်းနဲ့ ဇာတ်ကားလေးဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း တွမ်မီရိုင်လီဆိုတဲ့ လူဖြူကောင်လေးဟာ ဖခင်ရဲ့စီးပွားရေး အဆင်မပြေမှုကြောင့် ချီကာဂိုမြို့ကို ပြောင်းရွှေ့လာခဲ့ပါတယ်။ သူတို့ကျောင်းမှာတော့ လူမျိုးပေါင်းစုံရှိပြီး လူမဲလူရမ်းကားတွေက ဂိုဏ်းတွေဖွဲ့ မိုက်ကြေးခွဲနေကြတာပါ။ ဒါပေမဲ့ တွမ်မီကတော့ အနေအေး စာတော်ပြီး သဘောရိုးဖြူစင်တဲ့ လူပါ။ ဒီလိုနဲ့ အတန်းထဲက လူမဲတချို့နဲ့ အခြေအတင်ဖြစ်ရာကနေ တစ်ဖက်က လူမဲဂိုဏ်းကြီးလိုက် ရင်ဆိုင်ဖို့ဖြစ်လာပါတယ်။ လူမဲဂိုဏ်းတွေကို ဦးဆောင်နေတာကတော့ ရှော့ကတ်နဲ့ လင်ကွန်းတို့ပေါ့။ အဲဒီထဲကမှ တွမ်မီလို လူဖြူလေးကို အမှုန့်ကြိတ်ချင်နေတာက ရှော့ကတ်ပါ။ ရှော့ကတ်နဲ့ လင်ကွန်းတို့ကတော့ မြေအောက်လက်ဝှေ့ကြိုးဝိုင်းမှာ နာမည်ကြီးလက်ဝှေ့သမားတွေဖြစ်ပြီး အချင်းချင်းလည်း တွေ့ရာသင်္ချိုင်းဓားမဆိုင်းပါပဲ။ တွမ်မီကတော့ ဘယ်သူ့ကြားမှဝင်မပါချင်တဲ့အတွက် ရှောင်နေသော်လည်း ရှော့ကတ်က ပြဿနာလိုက်ရှာတာကိုခံရပါတယ်။ သူတို့ရန်ပွဲကို အမှတ်မထင်တွေ့သွားတဲ့လူက မြေအောက်ပွဲစီစဉ်သူတွေထဲက တစ်ဦးဖြစ်တဲ့ ပက်ပီဂျက်ခ်ပါပဲ။ သူ့အတွက် ထိုးပေးမယ့် လူဖြူကောင်လေးလိုအပ်နေချိန်မှာ တွမ်မီရဲ့လက်ရည်ကို မြင်ခဲ့တာမို့ တွမ်မီကို တစ်ညလက်ဝှေ့ထိုးဖို့ ဒေါ်လာ၁၂၅၀နဲ့ညှိလိုက်ပါတယ်။ ဒါပေမဲ့ ထင်ထားတာထက် တွမ်မီက အရည်အချင်းပိုရှိနေတာကို မြင်တော့ လက်ဝှေ့ပွဲအဓိကဦးဆောင်သူ ဘော့စ် မစ္စတာဟောန်က တွမ်မီ့အဖေရဲ့ အကြွေးတွေကို ဆပ်ပေးပြီး တွမ်မီ့ကိုအကြွေးနဲ့ ကိုင်ပေါက်ပြီး ဆက်လက်ထိုးသတ်စေပါတယ်။ ဇာတ်လမ်းလေးထဲမှာတော့ တွမ်မီက မစ္စတာဟောန်လက်က ဘယ်လိုလွတ်မြောက်အောင် ရုန်းကန်မလဲ ရှော့ကတ်နဲ့ လင်ကွန်းတို့နဲ့ရော ဘယ်လိုတွေပတ်သက်မိမလဲဆိုတာ ကြည့်ရှုနိုင်မယ့် ဇာတ်လမ်းကောင်းလေးဖြစ်ပါတယ်။ File size… 5 GB / 1.5 GB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 40m Genre ….. Action/Drama Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated… by Ko Wunna

Drama • History
6.5 1992 101 mins
Gladiator
The Descent
7.2

The Descent (2005) IMDb Rating (7.2) / Rotten Tomatoes (87%) ဒီ Horror ကားက Rating မြင့်တဲ့အတိုင်း ကြည့်ဖူးသူတိုင်းလဲ အသည်းစွဲရတဲ့ ကြောက်စရာဇာတ်ကားတကားပါပဲ။ ဒီဇာတ်ကားကို ဒါရိုက်တာ Neil Marshall ရိုက်ကူးထားပြီး 2005 ခုနှစ်မှာ ထွက်ရှိခဲ့ပါတယ် The Descent ရဲ့အဓိပ္ပါယ်က ” ဆင်းသက်ခြင်း ” ဖြစ်ပေမယ့် ” သက်ဆင်းခြင်း ” လို့ပြောမှ ပိုမှန်မယ် ထင်မိပါတယ် အန္တရာယ်တောထဲ သက်ဆင်းမိပြီး ထောင်ချောက်အတွင်း သက်ဆင်းမိကြတဲ့ အမျိုးသမီးတစ်စုအကြောင်းကို ထိတ်လန့်တုန်လှုပ်ဖွယ် ရိုက်ကူးတင်ပြထားတာပါ စွန့်စွန့်စားစားခရီးတွေကို ခုံမင်ကြတဲ့ အမျိုးသမီး ၆ ယောက်ဟာ လူမရောက်ဖူးသေးတဲ့ လှိုဏ်ဂူတစ်ခုထဲ ဆင်းသက်ဝင်ရောက်ခဲ့ကြပါတယ် ဂူနံရံတွေမှာ ဆွဲထားတဲ့ ရုပ်ပုံတွေကို မြင်ရတဲ့အခါမှ ဂူထဲမှာ သူတို့ချည်းပဲမဟုတ်ဘူးဆိုတာ သတိပြုမိခဲ့ကြပါတော့တယ် အမှောင်ထဲမှာ နေထိုင်ကျက်စားကြတဲ့ အသားစားသတ္တဝာတွေဖြစ်ကြောင်း သိရှိလိုက်ရတဲ့အခါမှာတော့…. Jump Scare အကွက်တွေ ဖောဖောသီသီ သုံးထားတာကြောင့် သည်းထိတ်ရင်ဖိုဇာတ်ကားကြိုက်ပရိသတ်တွေ ကျေနပ်ကြပါလိမ့်မယ် (သွေးထွက်သံယိုပြကွက်တွေ အများအပြားပါဝင်တာကြောင့်နှလုံးမခိုင်သူများ မကြည့်ရှုသင့်ပါ။)

Crime • Thriller • Horror • Mystery
7.2 2005 100 mins
The Descent