YoteShin Drive is below this article. Scroll down to view.

YouTube testing a feature to view 4K video to premium

Author: Anonymous Published on: 12 Aug 2022

Google is now experimenting with new features in YouTube, one of the most commonly used video streaming platform, the most commonly used video streaming platform. But most of the test features are testing youTube premium using the monthly amount of money. In the past few weeks, Google was trying to add a lot of advertisements before the start of the video from YouTube. Now, there is only one feature to prioritize people who buy more premium. This is a need for premium if you want to view YouTube videos with 4K resolution. Therefore, if you are free using YouTube, you will be able to view 4K, but only 2K or 1440p. Currently, some users are experimenting with this kind of users, and it is not known whether Google will actually act later. Ref & # 8211; Neowin

YoteShin Drive

Sign in using google and save to your drive

The.Curse.2022.S02E01.1080p.ALL4.WEB-DL.(CM).mp4

485.61 MB N/A video/mp4 40 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
A Lonely Place to Die
6.2

စကော့တလန်ကတောင်တန်းတွေပေါ်တက်ကြတဲ့တောင်တက်သမား အုပ်စုတစ်ဖွဲ့ တောင်ကြားတစ်လျှောက်လမ်းလျှောက်နေရင်းနဲ့ တစ်နေရာအရောက်မှာ အော်သံတစ်ခုကြားလိုက်ရတဲ့အခါ အရဲစွန့်ပြီးတော့ အဲ့နေရာကိုသွားခဲ့ကြပါတယ်။ ရောက်တဲ့အခါမှာတော့ လေထွက်ပေါက်ပုံစံလိုပိုက်ခေါင်းထဲက အသံကြားရတာဖြစ်ပြီး အဲ့ဒီအပေါက်ကလဲမြေကြီးထဲကနေထွက်နေတာပါ. ကလေးမလေးတစ်ယောက်အသံလိုကြားနေရတာမလို့ ကယ်ဆယ်ဖို့ သူတို့တွေကူညီကြတဲ့အခါမှာ ဘာကြောင့် ဒီကလေးမလေးက ဒီထဲကိုရောက်နေတယ်ဆိုတာရယ် ဘာတွေဆက်ဖြစ်မယ်ဆိုတာ ရယ်ကိုတော့ ဇာတ်ကားထဲမှာဆက်လက်ပြီးတော့ကြည့်ရှုခံစားပေးကြပါဦးဗျာ ၁ နာရီခွဲနီးပါးကြာသလို ratingတွေလဲကောင်းတာကြောင့် Action, Mystery & thriller ကိုမှကြိုက်တဲ့သူတွေအတွက်တော့ ဇာတ်ကားကောင်းလေးဖြစ်စေမှာပါ File size…2.13GB / 998MB Quality…Blu-Ray 1080p 5.1CH/ 720p Format…mp4 Duration….1h 39m Genre ..... Action , Adventure , Crime Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Charm

Drama • Horror • Mystery
6.2 2011 99 mins
A Lonely Place to Die
2/11: Day of the Dead
4.8

2/11: Day of the Dead (2012) ==================== အခု ပရိတ်သတ်ကြီးကို Horror/Mystery/Thriller အမျိုးအစား ဖြစ်တဲ့ Day of the Dead လို့အမည်ရတဲ့ အာဂျင်တီးနား ရုပ်ရှင် ဇာတ်ကားတစ်ခုကို တင်ဆက်ပေးချင်ပါတယ်။ Day of the Dead ကတော့ နိုဝင်ဘာ ၂ ရက်နေ့မှာ ကျရောက်ပါတယ်။ “CoCo”animation movie တောင် “Day of the Dead” ကို inspire ယူပြီး ဖန်တီးခဲ့တာပါ။ ဒါပေမဲ့ ဒီရုပ်ရှင် “Day of the Dead”မှာတော့ မက္ကဆီကို နိုင်ငံက လိုမျိုး အရိုးခေါင်းတွေကို ဆေးခြယ်ပြီး ပွဲတော်ကြီးတစ်ခုလို ပျော်ပျော် ရွှင်ရွှင် ကျင်းပကြတာမျိုး မဟုတ်ဘဲ တောင်အမေရိကရဲ့ Day of the Dead ကျင်းပပုံကြောင်းကို သိရမှာပါ။ ဇာတ်လမ်းရဲ့ အကျဉ်းချုပ်ကတော့ Mal Abrigo နဲ့ Valle Viejo ကို ချိတ်ဆက်ထားသလို ဖြစ်နေတဲ့ တောနက်ကြီးတစ်ခုရှိပါတယ် အဲဒီအနားက မြို့သူမြို့သားတွေကြားမှာ တော့ တောနက်ကြီးထဲမှာ ထူးဆန်းတဲ့ ကိစ္စတွေဖြစ်တတ်တယ်ဆိုပြီး ဘာသာရေးအယူသီးမှုဆန်ဆန် ကောလဟာလတွေ ပျံ့နှံ့နေခဲ့ပါတယ်။ မြို့ကလည်း ခြောက်ကပ်နေပြီး City of Dead လို့တောင် တင်စားလို့ရတဲ့ မြို့တစ်ခုပါ။ တစ်နေ့မှာတော့ သွေးတွေဖုံးလွှမ်းနေပြီး အဝတ်လုံးဝမပါတဲ့ ကောင်လေးတစ်ယောက်ပဲ မြို့ပြင်က သစ်တောအုပ်ကြီးတစ်ခုထဲကနေ ထွက်လာခဲ့ပါတယ်။ အဲဒီကောင်လေးမှာ ဘာတွေဖြစ်ပျက်ခဲ့တာလဲ။ Day of the Dead မှာ ဘယ်လိုအယူအဆမျိုးတွေ ရှိတာလဲဆိုတာကို ဒီဇာတ်လမ်းလေးမှာ ကြည့်ရှုခံစားရမှာပါ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ June ဖြစ်ပါတယ်) File Size……….(1.28 GB) / (480 MB) Quality…………WEB-RIP 1080p / 720p Duration………1Hr 32Mins Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Horror, Mystery, Thriller Translator…….June Encoder……….SWM

Adventure • Drama • Science Fiction
4.8 2012
2/11: Day of the Dead
Samsara
7.7

Samsara (2001) ~ IMDb – 7.7/10, Rotten Tomatoes – 100% ~ Directed By ” Pan Nalin ” ကားနာမည်ကိုက သံသရာဆိုတော့ သိတော့သိသာပါတယ်။ ဗုဒ္ဓဘာသာကို အခြေတည်ထားတဲ့ ရုပ်ရှင်။ အတိအကျဆို တိဘက်ဗုဒ္ဓဘာသာကို အခြေတည်ထားတဲ့ ရုပ်ရှင်။ အဓိကဇာတ်လိုက်က တိဘက်က ကိုယ်တော်တစ်ပါး။ ထူးတာက ဇာတ်ကတော့ ဒီကိုယ်တော်ကိုပဲ တည်ထားပေမဲ့ အဲဒီကိုယ်တော်ကို သိဒ္ဓတ္ထမင်းသားရဲ့ ပုံစံငယ်လိုလိုသဘောမျိုးနဲ့ပြသွားတယ်။ ပုံစံငယ်လို့ပြောရတာလည်း သိပ်တော့မဟုတ်သေးဘူး။ ပြောရရင် သိဒ္ဓတ္ထမင်းသားနဲ့ ခပ်ဆင်ဆင်အဖြစ်မျိုးတွေ ဒီကိုယ်တော်ဘဝထဲ သွတ်သွင်းပြီး ပြသွားတယ်ပေါ့။ ဒီတစ်ကားလုံးရဲ့ Main Plot ဟာလည်း ဒီကိုယ်တော်ရဲ့ သံသရာကလွတ်မြောက်ရာရှာခြင်းခေါ်မလား၊ ဉာဏ်အလင်းရှာခြင်းခေါ်မလား၊ အာသဝက္ခယဉာဏ်ကို ရှာတယ်ခေါ်မလား၊ အဲဒီအရာကို ရှာတဲ့ အကြောင်းအရာပဲ။ ” ရေတစ်ပေါက်ကို ဘယ်တော့မှ မခန်းခြောက်အောင် ဘယ်လိုလုပ်ရမလဲ “ ဟိမဝန္တာတောင်တန်းတစ်နေရာက ကောင်းကင်ကျယ်ကြီးထဲ ငှက်တစ်ကောင်ပျံနေတယ်။ ငှက်ဟာ သူ့ခြေသည်းတွေကြား ကျောက်ခဲတစ်ခဲကို သုတ်ထားတယ်။ တစ်နေရာအရောက်မှာ ငှက်ဟာ လေပေါ် ခဏတန့်ရင်း ကျောက်ခဲကို ပစ်ချလိုက်တယ်။ အဲဒီကျောက်ခဲဟာ ဆိတ်ရဲ့ ခေါင်းပေါ်တည့်တည့်ကျပြီး ဆိတ်သေသွားတယ်။ ဒါ ဇာတ်လမ်းရဲ့အစပဲ။ ဒီနောက် ဘုန်းကြီးတစ်ဖွဲ့ဟာ ဂူပိတ် ကမ္မဋ္ဌာန်းထိုင်နေတဲ့ ကိုယ်တော်တစ်ပါးကို သွားပင့်ကြတယ်။ ကိုယ်တော်ဟာ အဲဒီဂူထဲ သုံးနှစ်တာလုံး ကမ္မဋ္ဌာန်းထိုင်ပြီးခဲ့ပြီ။ ကိုယ်တော်ကိုပင့်ပြီး လားမားကျောင်းတော်ကို ပြန်ခေါ်လာကြတယ်။ သိပ်မကြာလိုက်ပါဘူး။ ကိုယ်တော်ဟာ ရွာတစ်ရွာက ကောက်ရိတ်သိမ်းပွဲကိုသွားဖို့ အကြောင်းဖန်လာပြီ။ ရေစက်လို့ပဲဆိုဆို ဝဋ်ကျွေးလို့ပဲဆိုဆို ကိုယ်တော်ဟာ မိန်းမလှလေးတစ်ယောက်နဲ့ ဆုံဖို့ အကြောင်းဖန်လာခဲ့ပြီ။ အဲဒီညမှာ ကိုယ်တော်ဟာ မိန်းမလှလေးရဲ့ အထိအတွေ့ကို အိပ်မက်မက်တယ်။ ဒီလိုနဲ့ ကျောင်းကို ပြန်လာခဲ့ပေမဲ့ ကိုယ်တော့်စိတ်ထဲ ဒီအိပ်မက်က တွယ်ငြိနေတုန်းပဲ။ ဒီလိုနဲ့ ကိုယ်တော်ဟာ သူ့ဆရာကို ဗုဒ္ဓဟာ သက်တော် ၂၉မှ တောထွက်ခဲ့တဲ့အကြောင်း၊ လောကီကို စွန့်လွှတ်ဖို့ လောကီမှာ အရင်ကျင်လည်ဖူးရမယ်ထင်ကြောင်း ပြောလာတယ်။ ဒီမှာ သူ့ဆရာက သူ့ကို လောကီဘောင်ထဲ သွားဖို့ ခွင့်ပြုလိုက်တယ်။ သူ့အိပ်မက်ဟာ အိပ်မက်မဟုတ်ကြောင်းလည်း ပြောပြလိုက်တယ်။ ဒီလိုနဲ့ ကိုယ်တော်ဟာ လူဝတ်လဲပြီး မိန်းမလှလေးရှိတဲ့ ရွာဆီ ထွက်ခွာလာခဲ့တယ်။ ဒီကနေမှ ဘုန်းကြီးလူထွက် လောကီဘောင်မှာ ကြုံရတဲ့ တဏှာတွေ၊ လောဘတွေ၊ ဒေါသတွေအကြောင်းကို ဆက်ပြတယ်။ ဒီလိုပြတဲ့နေရာမှာ လိင်ဆက်ဆံခန်း ၃ ၄ခန်း သုံးထားသလို သုံးထားသမျှ အခန်းတွေကလည်း တော်တော်လေး ကွက်ကွက်ကွင်းကွင်းဖြစ်တယ်။ ထူးတာက သုဇာတာပဲ။ ဃနာနို့ဆွမ်းကပ်ခဲ့တဲ့ သုဇာတာကို ဗုဒ္ဓဝင်ကို တီးမိခေါက်မိရှိရုံနဲ့တင် မသိသူမရှိပါဘူး။ ဒီမှာကျ သုဇာတာဆိုတဲ့ အမည်ကို သူရင်းငှားကုလားမလေးကို ပေးထားတယ်။ အဲဒီကုလားမလေးနဲ့ သူနဲ့ဖောက်ပြန်ခဲ့ခြင်းကလည်း သူ့ဉာဏ်အလင်းပွင့်မှုအတွက် အခရာကျတဲ့ တစ်ချက်လို့ပြောလို့ရတယ်။ သူ့ဆီကနေမှ မောဟ စဖြစ်လာတယ်ပြောလို့ ရလောက်တယ်။ တစ်ညမှာ သိဒ္ဓတ္ထမင်းသားက ယသောဓရာနဲ့ ရာဟုလာကို စကားတစ်ခွန်းမှမဆိုဘဲ ချန်ရစ်ခဲ့သလို သူလည်း ထိုနည်းလည်းကောင်းပဲ ထွက်ခွာလာခဲ့တယ်။ သံသရာကြီးတစ်ပတ်လည်ရင်း စမှတ်ကို ပြန်ရောက်သွားခဲ့တယ်။ သူဘုန်းကြီးပြန်ဖြစ်သွားပြီး တစ်နေ့ကျ သူ့မိန်းမရောက်လာတယ်။ သူစပြောတဲ့စကားက ” ယသောဓရာ ” တဲ့။ ” ရှင် အဲဒီနာမည်ကို ကြားဖူးလား ” တဲ့။ ” သိဒ္ဓတ္ထမင်းသား ဂေါတမ သကျမုနိ ဗုဒ္ဓ လူတိုင်း အဲဒီအမည်နာမတွေကို သိကြတယ်။ ဒါပေမဲ့ ယသောဓရာကရော ” ဆိုပြီး သူနဲ့အဖြစ်တူနေတဲ့ ယသောဓရာရဲ့ ခံစားချက် ဘယ်လိုနေမယ်ဆိုတာကို ဘုန်းကြီးကိုပြောပြတယ်။ ဒီအခန်းက ဒီရုပ်ရှင်ကို သာမန်ဗုဒ္ဓဘာသာအကြောင်း ရိုက်ပြထားတဲ့ ကားတွေနဲ့ အဓိကကွဲပြားစေတဲ့ အချက်ဖြစ်လိမ့်မယ်။ ဘယ်သူမှ တလေးတနက်မတွေးဖြစ်လောက်တဲ့ ယသောဓရာရဲ့ခံစားချက်ကို ကိုယ်တော့်ကို ပြောပြခဲ့တယ်။ ဒါပေမဲ့လည်း သူ့မိန်းမလည်း ယသောဓရာလိုပဲ သူ့တာဝန်သူကျေခဲ့တယ်။ ကိုယ်တော်ယူကြုံးမရဖြစ်ခဲ့ရတယ်။ ဒါပေမဲ့ ငိုကြွေးချင်းအဆုံးမှာ သူအဖြေကိုတွေ့သွားတယ်။ ” ရေတစ်ပေါက်ကို ဘယ်တော့မှ မခန်းခြောက်အောင် ဘယ်လိုလုပ်ရမလဲ “ ” ပင်လယ်ထဲ ပစ်ချလိုက်ရမယ် “ ဟိမဝန္တာတောင်တန်းတစ်နေရာက ကောင်းကင်ကျယ်ကြီးထဲ ငှက်တစ်ကောင်ပျံနေတယ်။ ငှက်ကို ကိုယ်တော်မော့ကြည့်လိုက်တယ်… (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.23GB, 1.01GB Quality – 1080p, 720p IMDb Rating – 7.7/10 Format – mp4 Duration – 2H 18Min Genre – Adventure, Drama, Romance Subtitle – Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

7.7 2001
Samsara
The Legend Of Zu
5.1

ဇူတောင်တန်းမှာ ဒဏ္ဍာရီတွေ အများကြီးရှိနေပါတယ်… စွမ်းအားပြင်းတဲ့ လက်နက်တွေ နတ်ပြည်က ဖန်ဆင်းပေးထားတာတွေ မသေမျိုးတွေ ပြီးတော့… တောင်တန်းကို မကောင်းဆိုးဝါးတွေ လက်ထဲက ကာကွယ်ပေးနေတဲ့ အသင်းတော်တွေ … နှစ် ရာထောင်သောင်းချီတဲ့ ကာလအတွင်းမှာ အသင်းတော်တွေကြားက မညီညွတ်မှုကြောင့် တစ်သင်းပြီး တစ်သင်း မကောင်းဆိုးဝါးကြီး အင်စိုရဲ့ ဖျက်ဆီးမှုကြောင့် ကွယ်ပျောက်ခဲ့ရပါတယ်။ အခုကတော့ အိုမီအသင်းတော်အလှည့်ပါ… အိုမီကျောင်းတော်သားတွေက တက်ညီလက်ညီ ကာကွယ်သွားနိုင်မလား… မကောင်းဆိုးဝါးကပဲ အနိုင်ယူသွားမလားဆိုတာကို တရုတ်သိုင်းကား စိတ်ဝင်စားရင်တော့ ကြည့်လိုက်သင့်တဲ့ ဇာတ်ကားတစ်ကားပါပဲခဗျာ ။ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Tun Aung Kyaw ပါ ) File Size__(3GB) / (1.5GB) Quality__1080p, 720p IMDb Rating__5.1/10 Format__mp4 Duration__01:44:00 Type__Action, Adventure, History Subtitle__Myanmar Subtitle (Hardsub) Translated by Tun Aung Kyaw Encoded by Naing Aung Latt

5.1 2001
The Legend Of Zu
This Must Be the Place
6.7

စိတ်ဓာတ်ကျနေတဲ့လူငယ်တွေအကြိုက် သီချင်းစာသားတွေရေးနိုင်ပြီး ငွေတွေသောက်သောက်လဲရှာခဲ့တဲ့ရှိုင်အန်က ဂီတလောကကနေနှုတ်ထွက်ခဲ့တာ နှစ်၂၀ကျော်ကြာခဲ့ပြီ။ အကြောင်းရင်းက ရှိုင်အန်ရဲ့ပရိသတ်တွေထဲကနှစ်ဦးက ရှိုင်အန်ရဲ့စိတ်ဓာတ်ကျဖွယ်ဂီတတွေကို နားထောင်ပါများပြီး ကိုယ့်ကိုကိုယ်အဆုံးစီရင်ခဲ့လို့ပါပဲ။ ရှိုင်အန်ကနှစ်၂၀ကြာအောင် ဒီအပြစ်စိတ်တွေကိုထမ်းပိုးရင်း နေလာခဲ့တယ်။ အသက်၅၀အရွယ်ရှိုင်အန်က နေ့တိုင်း ဘာမှလုပ်စရာမရှိပဲ ဂေါ့သ်မိတ်ကပ်တွေလိမ်း မော်လ်ကိုသွားပြီး နေ့စဥ်ဘဝကိုဖြတ်သန်းတယ်။ တစ်နေ့မှာ ရှိုင်အန်ရဲ့အဖေက သက်ကြီးရောဂါနဲ့ဆုံးသွားခဲ့တယ်။ လူငယ်ဘဝမှာ ဂေါ့သ်ဖက်ရှင် ရော့ခ်ဂီတတွေကိုရူးသွပ်တဲ့ရှိုင်အန်က အိမ်ကထွက်လာပြီးကတည်းက ဖခင်နဲ့စကားမပြောတာ နှစ်၃၀ရှိခဲ့ပါပြီ။ ဒီလိုနဲ့ ဖခင်ဆုံးသွားတဲ့အချိန်မှာ ဖခင်ရဲ့နောက်ဆုံးခရီးကိုလိုက်ပို့ပေးဖို့ ဖခင်ရှိတဲ့မြို့ကို ခရီးထွက်လာခဲ့တယ်။ အသုဘအရောက်မှာ ဖခင်ရဲ့ဒိုင်ယာရီစာအုပ်ကိုလက်ဝယ်ရရှိပြီး ဖခင်ရဲ့တစ်ခုတည်းသောဆန္ဒကိုဖြည့်စည်းပေးဖို့ စိတ်ပိုင်းဖြတ်ခဲ့တယ်။ ရှိုင်အန့်ဖခင်ရဲ့ဘဝမှာ အဖြစ်ချင်ဆုံးဆန္ဒက ဘာလဲ၊ ဒီခရီးကနေပဲ ရှိုင်အန်က သူ့ရင်ထဲကစိတ်ဒဏ်ရာအစိုင်အခဲတွေကိုချေဖျက်နိုင်သွားမလား..။ ဒီဇာတ်ကားရဲ့ထူးခြားချက်တစ်ခုက ရှိုင်အန်ရဲ့စကားပြောတဲ့လေသံပါပဲ အသံအနိမ့်အမြင့်မရှိပဲ toneတစ်မျိုးနည်းနဲ့ပဲပြောသွားတာပါ ဒီအချက်ကစိတ်ဓာတ်ကျနေတဲ့သူတစ်ယောက်ရဲ့ရင်ထဲက ဗလာကျင်းနေတဲ့ခံစားချက်မျိုးကို မီးမောင်းထိုးပြနေသလိုပါပဲ။ စိတ်ကျရောဂါဆိုတာ လူသားတွေရဲ့တန်ဖိုးရှိတဲ့အချိန်ကို စားသုံးတတ်တဲ့ကပ်ပါးကောင်တစ်မျိုးလိုပါပဲ။ ရှိုင်အန်ရော ရှိုင်အန်အဖေရောက မတူညီတဲ့စိတ်ဒဏ်ရာကိုယ်စီပိုက်ရင်း ဘဝရဲ့အချိန်တော်တော်များများကို အဓိပ္ပာယ်မဲ့စွာရှင်သန်နေထိုင်ခဲ့တယ်။ တကယ်တော့စိတ်ဒဏ်ရာဆိုတာ ကုသလို့လည်းမလွယ်သလို တော်တော်များများကသေသည်အထိ မကုသပဲထားဖြစ်ခဲ့တဲ့ရောဂါမျိုးလည်းဖြစ်တယ်။ ဒီထဲကမှ ကံကောင်းတဲ့သူတစ်ချို့ကပဲ healဖြစ်နိုင်ပြီး အများစုကတော့ ကိုယ့်ရဲ့စိတ်ဒဏ်ရာတွေကိုစိတ်ရဲ့အနက်ရှိုင်းဆုံးနေရာထိထိုးသိပ်ဖုံးဖိပြီးနေသွားတတ်ကြတယ်။ ရှိုင်အန်ကရော healဖြစ်သွားတဲ့ကံကောင်းတဲ့သူမျိုးထဲမှာပါမလား သူ့အဖေရဲ့အဖြစ်ချင်ဆုံးဆန္ဒကိုရော ဖြည့်စည်းသွားနိုင်မလားဆိုတာကို ဇာတ်ကားထဲမှာ ကြည့်ရှုရမှာဖြစ်ပါတယ်။ File size…(2.2 GB)/(1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:58:00 Genre…Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Su Eaindra

6.7 2011
This Must Be the Place
The Silence
7

၂၀၁၀ တုန်းကထွက်ရှိထားတဲ့ Das Letzte Schweigen (The Silence) ရုပ်ရှင်ဟာ IMDB 7.0 ရရှိထားတဲ့ ဂျာမန်စကားပြော Crime, Drama, Thriller အမျိုးအစားဖြစ်ပါတယ်။ ဒီဇာတ်ကားဟာ ဂျာမဏီရုပ်ရှင်ဒါရိုက်တာ ဆုတစ်ခု ဆွတ်ခူးထားပြီး အခြားရုပ်ရှင်ဆုလေးဆု ဆန်ခါတင်စာရင်းဝင်ထားပါတယ်။ ဆယ်ကျော်သက်အရွယ်မိန်းကလေးတစ်ယောက်ဖြစ်တဲ့ ပီယာဟာ လယ်ကွင်းထဲမှာအသတ်ခံလိုက်ရပေမယ့် တရားခံလက်သည်မပေါ်ခဲ့ပါဘူး။ ပီယာအသတ်ခံရပြီး ၂၃ နှစ်တိတိကြာတဲ့အခါ အဲဒီရက်စွဲမှာပဲ နောက်ထပ် ဆယ်ကျော်သက်မိန်းကလေးတစ်ဦး မူလအခင်းဖြစ်ပွားရာနေရာမှာပဲ တစ်ပုံစံတည်း ပျောက်ဆုံးသွားပါတော့တယ်။ အခင်းဖြစ်ပွားမှုတစ်ပုံစံတည်း တူနေပြီး ရက်စွဲကအစ ၂၃ နှစ်ခြားပြီးတစ်ရက်တည်းဖြစ်နေတာကြောင့် ရဲတပ်ဖွဲ့ဟာ တရားခံတစ်ဦးတည်းဖြစ်ရမယ်လို့ တထစ်ချမှတ်ယူပြီး ရေဆုံးမြေဆုံး လိုက်လံစစ်ဆေးပါတော့တယ်။ ပထမမှုခင်းတုန်းက မတွေ့ခဲ့တဲ့ သဲလွန်စတွေဟာ ဒုတိယမှုခင်းဖြစ်တဲ့အချိန်မှာ တဖြည်းဖြည်း ပေါ်လွင်လာပြီး ကျူးလွန်သူကိုမိလုမိခင် အနေအထားရောက်ရှိလာတဲ့အခါ ဇာတ်လမ်းဟာတစ်မျိုးတစ်ဖုံပြောင်းလဲသွားပါတော့တယ်။ ဆယ်ကျော်သက်လူသတ်မှုကျူးလွန်သူဟာ ဘာကြောင့် ၂၃ နှစ်ခြားပြီး တစ်ရက်တည်းမှာ လူသတ်မှုနှစ်ကြိမ်ကျူးလွန်ခဲ့ရသလဲ.. ဘာကြောင့် ဆယ်ကျော်သက်မိန်းကလေးတွေကိုမှ ရွေးပြီးသတ်ရတာလဲ မှုခင်းနှစ်ခုကို တစ်ပုံစံတည်း တစ်နေရာတည်းမှာ ကျူးလွန်ခြင်းအားဖြင့် တရားခံကိုဖမ်းမိနိုင်ချေပိုများလာတာ သိလျက်နဲ့ ဘာလို့ရည်ရွယ်ချက်ရှိရှိ ကျူးလွန်ခဲ့တာလဲဆိုတာ ဆက်လက်ရှုစားကြရမှာဖြစ်ပါတယ်။ File size…2.26 GB/ 1.02 GB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 58m Genre ….. Crime , Drama , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Miyamoto

Thriller • Drama
7 2010
The Silence
Miami Bici 2

Miami Bici 2 2023 အညွှန်း ရိုမန်းနီးယန်း Dumb and Dumber လို့ဆိုရမဲ့နှစ်ယောက်တို့ရဲ့ ဒုတိယကားလေး လာပါပြီ။ ပထမကားတုန်းကတော့ Bila တစ်ယောက် ကောင်မလေးရသွားပြီး ဒုတိယကားမှာ ထားခဲ့ခံလိုက်ရပါတယ်။ အဆွေးသမားလေးဘီလာအနေနဲ့ အသားကင်ဆိုင်ဖွင့်စားနေချိန်မှာ သူတို့ဆိုင်ကို မုန့်လာစားတဲ့သူနှစ်ယောက်ဆီက LA ကိုလာဖို့ ဖိတ်ခေါ်ခံလိုက်ရပါတယ်။ နှလုံးအထူးကုဖြစ်အောင် လုပ်ပေးမယ်ဆိုပြီးခေါ်ခံလိုက်ရတော့ ပျော်နေချိန်မှာ သူ့ဘော်ဒါ Piciu က တစ်နေရာက ထွက်ပြေးလာချိန်နဲ့ ကြုံကြိုက်တော့ LA ကို နှစ်ယောက်သား လစ်လာကြတော့တယ်။ LA စထွက်ခါစမှာပဲ Bila ရဲ့ကားလေး ခိုးခံလိုက်‌ရတော့ နှစ်ယောက်သား ဘယ်လိုတွေ ခရီးဆက်မလဲ။ သူတို့ကိုခေါ်တဲ့သူတွေကရော လူကောင်းတွေဖြစ်မလား။ ဘယ်လိုအလန်းဇယားလေးတွေ ပါလာမလဲဆိုတာ ကြည့်ရှုကြပါဦးနော် အညွှန်း နဲ့ ဘာသာပြန်ကတော့ Kaung Set ပဲ ဖြစ်ပါတယ်။ Genre….. Comedy Quality…. 1080p | 720p File size… 1.9GB | 1.1GB Format… mp4 Duration…. 1h 42min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Kaung Set Encoder ….. Aaron

Comedy • Thriller
0 2023
Miami Bici 2
Late Night with the Devil

ဒီသရဲကားက သာမန် ကားတွေနဲ့ လုံးဝမတူဘူးဗျ.. Horror ကားစစ်စစ်အရသာကို Rating 7.2 နဲ့ အတော်လေးကောင်းတဲ့ ကားလို့ပြောလို့ရတယ် Horror အရသာကို အမှန်ကန်ခံစားစေရမှာဖြစ်ပြီး…Jumpscare တွေနဲ့ ဖြဲချောက်တာမဟုတ်ဘဲ ကြည့်ရင်း ကျောချမ်းစေလာမယ့်..ရုပ်ရှင်ဖြစ်ပြီး…တင်ဆက်ပုံကလည်း ထူးခြားပါတယ် ဇာတ်လမ်းကိုပြောရရင်….. အမေရိကရဲ့ Late Night Talk Show အစီအစဉ်တွေကြည့်ဖူးကြမယ်ထင်တယ်.. Celebrity တွေကိုဖိတ်ခေါ်ပြီးစကားတွေအပြန်အလှန်ပြော အင်တာဗျူးကြတဲ့အစီအစဉ်ပေါ့ ဒီ Late Night Show ကတော့.. ပရလောကသားတွေ သဘာဝလွန်ဖြစ်ရပ်ကြုံတွေ့ရသူတွေကို ဖိတ်ခေါ်ပြီး တိုက်ရိုက်တင်ဆက်တဲ့ talk show ပါပဲ… ၁၉၇၇ က talk show ပုံစံတွေအတိုင်း ဇာတ်တိုက်ထားခြင်းမရှိဘဲ non-stop တင်ဆက်တာပါ…ဒီအစီစဉ်ဟာ ဟော်လိုးဝင်းအထူးအစီအစဉ်ဖြစ်တာကြောင့် Late night with Devil စေတန်နှင့်ညနေခင်း ဆိုပြီး နာမည်ပေးလိုက်ပါတယ်… ဝိဉာဉ်လောကနဲ့ချိတ်ဆက်ပြီး စေတန်ကိုးကွယ်သူတွေကို ဖိတ်ခေါ်တယ်…ပညာရှင် ဖြစ်သူ ကာမိုက်ကယ်ဟေ့ဂ်က တကယ့်ဖြစ်ရပ်မှန်ရင် ဆုငွေ ဒေါ်လာ ၁ သိန်းဆုချမယ်လို့ ကြောငြာလိုက်တာကြောင့် နိုင်ငံအနှံ့စောင့်ကြည့်ရတဲ့အထိ နာမည်အတော်လေးကြီးသွားပါတယ်… အစပိုင်းမှာပျော်စရာကောင်းတဲ့ အစီအစဉ်အဖြစ်တင်ဆက်ရင်း…မသင့်တော်တဲ့ နတ်ဆိုးကြီးတစ်ကောင်ကို လူပေါင်းသိန်းချီကြည့်နေတဲ့ အစီစဉ်ရှေ့မှောက်ကို တိုက်ရိုက်ဖိတ်ခေါ်မိသွားတဲ့ အခါမှာ ဘာတွေဆက်ဖြစ်မလဲဆိုတာကို စင်ပေါ်က ထူးခြားဆန်းကြယ်ဖြစ်ရပ်တွေ…စင်နောက်ကွယ်က ဖြစ်ရပ်မှန်တွေနဲ့ အတော်လေးကြည့်ကောင်းတဲ့ Horror ရုပ်ရှင်တစ်ခုဖြစ်ပါတယ်…. ( အညွှန်းနဲ့ ဘာသာပြန်ကိုတော့ Thiha Yan Naing ကရေးသားထားပါတယ် ) File size…(6.1 GB)/ (1.9 GB)/(981 MB) Quality….Webrip 4K HEVC/1080p / 720p Format…mp4 Duration….01:33:00 Genre…Horror Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson,Ka Naung Translated by Thiha Yan Naing

0 2023
Late Night with the Devil
Good Morning
7.8

အိုဇုဟာ စစ်ကြိုခေတ်မှာ ရုပ်ရှင်စရိုက်ခဲ့တဲ့ ဒါရိုက်တာပေမဲ့ သူ့လက်ရာတွေကတော့ လက်ရှိသက္ကရာဇ်အထိ ထင်ကျန်နေတုန်းပဲ။ ဒီလိုထင်ကျန်နေတဲ့သူတွေ ဂျပန်မှာတင် နည်းတော့ မနည်းပါဘူး။ ဒါပေမဲ့ မတူတာက အိုဇုဟာ သူများတွေလို ဆန်းပြားတဲ့ဇာတ်တွေ အကြောင်းအရာအစဖော်ပေးလိုက်တာနဲ့ အားလုံးစိတ်ဝင်စားလာမယ့် ဇာတ်တွေကို ရိုက်ခဲ့တာမဟုတ်ဘဲ ရိုးရိုးရှင်းရှင်း မိသားစုတွေကြားက အဖြစ်အပျက်တွေကို ရိုးရိုးရှင်းရှင်းလေးပဲ ပုံဖော်ရင်းကို ဒီလိုမှတ်ကျောက်တင်နိုင်ခဲ့တာပါပဲ။ တခြား အဲဒီခေတ်တွေကနေ အခုခေတ်အထိ ထင်ရှားဆဲ ဒါရိုက်တာတွေလည်း ဒါမျိုးတွေ ရံဖန်ရံခါတော့ ရိုက်တတ်ကြပေမဲ့ အိုဇုလို ဒီလိုအကြောင်းအရာတွေချည်း သန့်သန့် ရိုက်နေတဲ့လူတော့ ကျွန်တော်သိသလောက်မရှိဘူး။ ဒီလိုမျိုးခပ်ဆင်ဆင် အပုသုံးကားကိုရိုက်ခဲ့တဲ့ ဆတ္တရာဂျစ်ရေးလို ဂုရုကြီးမှာတောင်မှပဲ ဒီလိုကားမျိုးသက်သက်ရိုက်ခဲ့တာတော့ မဟုတ်ဘူး။ အိုဇုကတော့ တစ်စိုက်တမတ်ပဲ ဒါမျိုးတွေချည်းပဲ ရိုက်ခဲ့တယ်။ ဒါပေမဲ့လည်း ဒါမျိုးတွေ တစ်ကားပြီး တစ်ကား ကျွန်တော်တို့ကြည့်နေရပေမဲ့ ဘယ်တော့မှလည်း ငြီးငွေ့သွားချင်စရာမကောင်းနေဘူး။ အိုဇုရဲ့ ထူးခြားတဲ့ဟန်က တတမိဖျာရိုက်ချက်ရယ် မြုပ်ကွက်ချန်တဲ့ ရိုက်ချက်ရယ်လို့ ပြောရမယ်။ တတမိဖျာရိုက်ချက်ကတော့ ဇာတ်ကောင်တွေကို ကျွန်တော်တို့က သူ့ရှေ့က တတမိဖျာပေါ်ထိုင်ရင်း မြင်နေရသလိုဖြစ်နေတဲ့ အပြမျိုးပေါ့။ မြုပ်ကွက်ချန်တဲ့ ရိုက်ချက်ကတော့ အိုဇုဟာ သူ့ဇာတ်လမ်းရဲ့ အရေးအပါဆုံး အချိုးအကွေ့ကို လုပ်ပေးနိုင်တဲ့ဇာတ်ဝင်ခန်းကို လုံးဝမပြဘဲ ပရိသတ်ကို သူ့ဘာသာပုံဖော်နိုင်အောင် စကားအရိပ်အမြွက်နဲ့ပဲ ပြတာမျိုးပဲ။ နောက်ပိုင်းဒါရိုက်တာတွေလည်း ဒီအကွက်ကို တော်တော်တော့ သုံးခဲ့ကြတယ်။ အိုဇုနဲ့အဆင်ဆုံးပုံစံကိုတော့ Korredaရိုက်ခဲ့တဲ့ Still Walkingမှာ တွေ့နိုင်တယ်။ အိုဇုဟာ သူ့သက်တမ်းတစ်လျှောက်မှာ နှောင်းလူတွေ ပြောစမှတ်ပြုရမယ့် ကားပေါင်းများစွာ ချန်ခဲ့တယ်။ တိုကျိုစတိုရီဆိုရင် သမိုင်းတစ်လျှောက် အကောင်းဆုံးရုပ်ရှင်တွေထဲ နံပါတ်သုံးချိတ်ခဲ့သလို အကောင်းဆုံးဂျပန်ရုပ်ရှင်အဖြစ်လည်း မှတ်ကျောက်တင်နိုင်ခဲ့တယ်။ ဒုတိယကတော့ အကီရာကူရိုဆာဝါရဲ့ ဆဲဗင်းဆာမူရိုင်းပါပဲ။ နာမည်ကျော် The Criterion Collectionကလည်း သူ့ကားပေါင်းများစွာကို ပြန်ထုတ်ပေးခဲ့တယ်။ Good Morningကတော့ အဲဒီကားတွေထဲက တစ်ကားပေါ့။ Good Morningဟာ အိုဇု ၁၉၃၂တုန်းက ရိုက်ခဲ့ဖူးတဲ့ အသံတိတ်ရုပ်ရှင် I Was Born, Butကို သူကိုယ်တိုင် ပြန်ရိုက်ထားတဲ့ရုပ်ရှင်ပါပဲ။ အရောင်နဲ့ရိုက်တဲ့ သူ့ရဲ့ ဒုတိယကားဆိုလည်း ဟုတ်တယ်။ ဇာတ်ကတော့ အဓိကအားဖြင်တော့ မီနိုရုနဲ့ အစ်ဆုမိဆိုတဲ့ ကလေးနှစ်ယောက်နဲ့ သူ့မိသားစုကို တည်ထားတယ်။နောက် သူ့ဘေးက အဝိုင်းအဝန်းထဲက သူ့အိမ်နီးချင်းတွေတစ်ဖြစ်လည်း သူတို့သူငယ်ချင်းတွေ သူတို့သူငယ်ချင်းတွေရဲ့မိသားစုတွေကိုလည်း ပေါ်လွင်အောင် ပုံဖော်ပြထားတယ်။ သူတို့ ငယ်ဘဝကို သေချာပုံဖော်ပြဖို့ဆို သူတို့အိမ်နီးချင်းတွေ သူငယ်ချင်းတွေကို မပါမဖြစ်လိုသကိုး။ နောက် အဲဒီကလေးနှစ်ယောက်ရဲ့ ကလေးဆန်ဆန် အတွေးအခေါ်တွေ လုပ်ရပ်တွေ စိတ်ကူးစိတ်သန်းတွေ, အဲဒီအရာတွေကို သူတို့မိဘတွေ ကိုင်တွယ်ဖြေရှင်းရပုံတွေကိုပြထားတယ်။ ဇာတ်ကတော့ ဒီလိုရိုးရိုးလေးပဲ။ ဒါပေမဲ့လည်း ဒီလောက်အချိန်တိုလေးအတွင်းမှာ ၃၀လောက်ရှိမယ့် ခုနလူတွေအားလုံးရဲ့ စရိုက်တွေ ဘဝတွေကို ကောင်းကောင်းအသက်သွင်းနိုင်ခဲ့တယ်။ ဒီဇာတ်ဟာ ဘာမှတော့ ပေးနိုင်မယ့် ဇာတ်မဟုတ်ပါဘူး။ ဒါပေမဲ့ ရယ်အားထက်ငိုအားသန်အဖြစ်တွေ နွေးထွေးမှုတွေတော့ မြင်ရလိမ့်မယ်။ Korreda ရဲ့ I Wish လို Reply 1988လို အခက်အခဲတွေကြားက နွေးထွေးခြင်းတွေကို မြင်ရမယ့်ဇာတ်ပါပဲ။ ဒီထက်ရှင်းရှင်းလင်းလင်းပြောရရင် အိုဇုဆန်တဲ့ အိုဇုရုပ်ရှင်တစ်ကားပါပဲ။ ဒါတော့မပြောလည်းသိမှာပါ။ အိုဇုမဆန်တဲ့ အိုဇုရုပ်ရှင်ဆိုတာမှ မရှိခဲ့ဘူးကိုး။ File size… 1.7 GB / 1.2 GB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 34m Genre ….. Comedy/Drama Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by WiRa Aung

7.8 1959
Good Morning
Powder
6.9

Powder 2024 ပေါင်ဒါ မှောင်ခိုလောကမှာ ကျင်လည်နေတဲ့ ဘိန်းရာဇာကြီး ဘရုစ်လီ သူ့ရဲ့လက်ရုံးတွေကတော့ နယ်စပ်ကနေ မှောင်ခိုသယ်ဖို့ အရာရာကူညီနေတဲ့ ဂျိဗ်စ် နယ်စပ်ကသယ်လာတာကို မြို့ထဲဖြန့်ပေးတဲ့ အန်နာချီနဲ့ ဂျိဗ်စ်နဲ့အန်နာချီတို့အရှုပ်မှန်သမျှ နောက်ကလိုက်ရှင်းရတဲ့ ကြေးစား မလိကာတို့ပါ။ ဒီတစ်ခါ သူတို့ရဲ့မဟာအကြံကတော့ ဘိန်းဖြူကို ပေါင်ဒါမှုန့်ဘူးထဲထည့်ပြီး မှောင်ခိုသယ်ဖို့ပါပဲ။ ဒါပေမဲ့ ကံဆိုးချင်တော့ အစီအစဉ်ချွတ်ချော်ပြီး ကုဋေချီတန်တဲ့ ဘိန်းဖြူပေါင်ဒါဘူးက သူများလက်ထဲရောက်သွားတဲ့အခါ… ဘိန်းဖြူဆိုတော့ပေါ်ပေါ်ထင်ထင်ကလည်း ရှာလို့မဖြစ်လေတော့ ဒီဘိန်းဖြူပေါင်ဒါဘူးကို ပြန်ရယူဖို့လုပ်ရင်း ဘယ်လိုတလွဲတချော်တွေဖြစ်ကြမလဲဆိုတာ အခွီလေးတစ်ဖြတ်နဲ့ ရှုစားလိုက်ရအောင်ပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team မှပဲ ဖြစ်ပါတယ်)

6.9 2024
Powder
Remember Me
7.1

2010 ခုနှစ်မှာထွက်ရှိထားတဲ့ ဇာတ်လမ်းဆိုပေမယ့် 2001ခုနှစ်ဝန်းကျင်လောက်ကို အခြေခံရိုက်ကူးထားတဲ့ဇာတ်ကားလေးဖြစ်ပါတယ်။ ဇာတ်လမ်းထဲက ဇာတ်ကောင်တွေမှာ အတိတ်ကဖြစ်ရပ်ဆိုးတစ်ခုရဲ့ရိုက်ခက်မှု တစ်ခုဆီနဲ့ဇာတ်အိမ်ကိုတည်ထားပါတယ်။ ညီမလေးကို အရမ်းချစ်တဲ့ တိုင်လာဟာ အဖေဖြစ်သူကစီးပွားရေးကိုသာ ဦးစားပေးပြီး မိသားစုရေးရာကိစ္စတွေမှာလစ်ဟာနေတယ်လို့ ထင်တဲ့အတွက် အဖေနဲ့ အမြဲ ပြသနာဖြစ်နေတဲ့ ကောင်လေးတစ်ယောက်ဖြစ်ပြီး လမ်းပေါ်ကရန်ပွဲတစ်ခုကို ဝင်ရောက်ဖြေရှင်းရင်းရာကနေ ရဲတစ်ယောက်နဲ့ ပြသနာဖြစ်ခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ အဲဒီ ရဲဖြစ်သူရဲ့သမီး နဲ့ ဇာတ်လမ်းဖြစ်ကြရာမှာ……… ဒီဇာတ်လမ်းအမျိုးအစားက Drama/Romance အမျိုးအစားဖြစ်ပြီး IMDb rating ကတော့ 7.2/10ထိရရှိထားပါတယ်။ Drama ဇာတ်လမ်းကြိုက်နှစ်သက်တဲ့သူတွေအတွက်တော့ကြည့်လို့ကောင်းတဲ့ဇာတ်လမ်းလေးဖြစ်ပါတယ်။ (ဒီဇာတ်ကားရဲ့အညွှန်းနဲ့ဘာသာပြန်ရေးသားပေးသူကတော့ CM Team မှ Han Htoo Zaw ပဲဖြစ်ပါတယ်။) File size…(1.7 GB)/(910 Mb) Quality….Blu-Ray 1080p / 720p Format… mp4 Duration…. 01:53:00 Genre… Tragedy, Drama, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Han Htoo Zaw

Adventure • Animation • Family • Fantasy
7.1 2010 113 mins
Remember Me
Do the Mæth Na plech
6.6

Do the Mæth (2025) IMDb Rating (6.6) ယခုပြင်သစ် ရုပ်ရှင်ဇာတ်ကားလေးကတော့ လုပ်သားပြည်သူတွေရဲ့ ကိုယ်ရေးကိုယ်တာဘဝနဲ့ လူ့အဖွဲ့အစည်းတွေကြားက မတူညီတဲ့ ဆက်ဆံရေးတွေကို မီးမောင်းထိုးဖော်ပြထားတဲ့ ဇာတ်ကားလေးပဲဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း ရေရေရာရာ အလုပ်တစ်ခု ရဖို့ကြိုးစားနေတဲ့ မာရက်က တစ်ရက်မှာတော့ ကုမ္ပဏီတစ်ခုမှာ အလုပ်ရသွားခဲ့ပါတယ်။ကုမ္ပဏီက မာရက်ကို ဘိုဟီးမီးမြောက်ပိုင်းဘက်မှာ တာဝန်ထမ်းဆောင်ဖို့စေလွှတ်ပါတယ်။ သူမသိလိုက်တာတော့ အဲဒီနေရာက ဆေးသမားတွေ၊ အကြမ်းဖက်သမားတွေနဲ့ပြည့်နက်နေတဲ့ နေရာဖြစ်လို့ ဘယ်သူမှကြာကြာ အလုပ်မလုပ်နိုင်တဲ့နေရာ ဖြစ်နေပါတယ်။ အလုပ်မှာလဲ ထင်ထားတာနဲ့တခြား အကုန်တစ်လွဲတွေဖြစ်နေပြီး ကုမ္ပဏီကပေးထားတဲ့တိုက်ခန်းဆိုတာကလည်း ဆေးသမားတွေပျော်စံရာ ဗိမာန်ကြီးတစ်ခု ဖြစ်နေပါတယ်။ ဒီလိုနဲ့ မာရက်တစ်ယောက် ကုမ္ပဏီကဖိအားတွေနဲ့ ဆေးသမားတွေအပြည့်နဲ့ နေရတဲ့တိုက်ခန်းမှာ ဘယ်လိုသမာဓိအားကောင်းကောင်းနဲ့ အဆင်ပြေအောင် ကိုင်တွယ်ဖြေရှင်းနေနိုင်သွားမလဲဆိုတာ စိတ်ဝင်စားဖွယ် ဟာသခန်းများစွာနဲ့အတူ ကြည့်ရှုရမှာပါ။ အဖော်အချွတ်ခန်းများစွာ ပါဝင်ပြီး ကြမ်းတမ်းသော စကားလုံးများပါဝင်မှုတို့ကြောင့် မိသားစုနှင့်အတူ ကြည့်ရှုရန်တော့ မသင့်လျော်ပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Brian ဖြစ်ပါတယ်။) File size…(2.8 GB) / (1.1 GB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Comedy,Crime Duration….01:42:15 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by Brian

Drama • Comedy
6.6 2025 101 mins
Do the Mæth Na plech
The Last Wish (aka) Son Dilek

The Last Wish (aka) Son Dilek (2025) ဒီတစ်ခါတင်ဆက်ပေးမှာလေးကတော့ တူရကီ ဒရာမာရုပ်ရှင်ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ်။3 ဇာတ်ကားလေးကတော့ ကံမကောင်းအကြောင်းမလှခဲ့တဲ့မင်းသမီးလေးက မထင်မှတ်ထားပဲ သူအရမ်းချစ်ရတဲ့ ရည်းစားဆီကနေ တဆင့်HIVရောဂါပိုးကူးစက်ခံခဲ့ရပြီး နောက်ဆက်တွဲအနေနဲ့ မွေးလာတဲ့ ကလေးလေးဆီကိုပါ ပိုးကပါလာပါတယ်။ အခါနှောင်းမှ ရောဂါပိုးအကြောင်းကိုလိုက်ရပြီး အချိန်တွေလည်းလွန်နေပြီမို့ ဘယ်လိုမှကုသလိုလည်း မရနိုင်တော့တဲ့ အထိဖြစ်လာပါတယ်။ ဇာတ်ကားထဲမှာလည်း အင်မတန်မှ သရုပ်ဆောင်ချက်တွေပီပြင်လွန်းလှတဲ့ Seda Akmanတူရကီမင်းသမီးကြီးလည်းပါဝင်ထားတာဆိုတော့ပြောစရာမလိုအောင်ကို ခံစားချက်အစစ်မှန်တွေကို ပေးစွမ်းနိုင်မှာပဲဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း ဇာတ်လမ်းလေးကတော့ မင်းသမီးရဲ့ သမီးလေးကို ဆေးရုံတင်တာကနေအစချီထားပြီး ပိုးအကြောင်းကို သိပြီးတဲ့နောက်မှာတော့ မင်းသမီးရဲ့ မိခင်တစ်ယောက် ကို့သားသမီးမှာ ဒီလိုရောဂါပိုးမျိုးကို မဖြစ်နိုင်တဲ့အရွယ် မဖြစ်နိုင်တဲ့အချိန်မှာကူးစက်ခံထားရတာကို သိပြီး နာကျင်ခံစားရတာတွေက မပြောတတ်လောက်ခံစားခဲ့ရပြီး သူကိုယ်တိုင်လည်း ဒီပိုးကို ဘယ်ကနေဘယ်လိုကူးစက်ခဲ့မှန်းလဲ မသိနေခဲ့ပါဘူး။ ဒါပေမဲ့လည်း သမီးလေးက တစတစနဲ့ အခြေနေကပိုဆိုးလာခဲ့တာပြီး ကုသလို့ကလည်းမရ ဆေးတွေသောက်ပြီး သေမဲ့ရက်ကိုထိုင်မျှော်နေရသလိုမျိုးဖြစ်လာပါတော့တယ်။ အန်တီကိုယ်တိုင်ကလည်း တူမလေးအတွက်ကို အစွမ်းကုန်ကို ကြိုးစားပန်းစားနဲ့ ဒီရောဂါပိုးမျိုးကို ကုသနိုင်မယ့်ဆရာဝန်ကိုလည်း မရရအောင်ရှာခဲ့ပါတယ်။ ဒီလိုရောဂါမျိုးကို ကုသနိုင်လို့မရနိုင်တာကို သိနေရက်နဲ့တောင်မှ တူမလေးအတွက်ကို ခင်ပွန်းဖြစ်သူနဲ့ ပါအတိုက်ခံဖြစ်သည်အထိကို ရှာပေးနေခဲ့တာပါ။ ဒီဇာတ်လမ်းလေးမှာတော့ မိသားစုတိုင်းမှာ အမေတွေက ကို့သားသမီးလေးကို ဘာတွေဖြစ်ဖြစ် အစွမ်းကုန်ကြိုးစားပြီ ကာကွယ်ပေးတတ်ကြောင်းနှင့် သားသမီးလေးတစ်ခုခုဖြစ်ရင်ကို ရင်ကျိုးမတတ်ခံစားရတာတွေကို သေချာလေးမြင်နိုင်အောင်ရိုက်ပြထားတာတွေကိုလည်း တွေ့ရပါတယ်။ အဆုံးသတ်အနေနဲ့ပြောရရင် ဒီကားလေးဟာ မိဘမေတ္တာတွေ၊ အနစ်နာခံတာတွေ၊ ဝမ်းနည်းစရာတွေ၊ ဘာတွေပဲဖြစ်ဖြစ်ချစ်တဲ့သူကတော့ ဘာတွေပဲလုပ်ရလုပ် လုပ်ပေးပြီးချစ်ပေးနေမယ်ဆိုတာကို မြင်နိုင်အောင်လည်းရိုက်ပြပေးထားပါတယ်ဗျ။ အညွှန်းနဲ့ ဘာသာပြန်ကိုတော့ Brian မှတင်ဆက်ပေးထားပါတယ်ခင်ဗျာ။

Drama • Romance
0 2025
The Last Wish (aka) Son Dilek