YoteShin Drive is below this article. Scroll down to view.

Tesla can sell 370,000 electric vehicles in 3

Author: Anonymous Published on: 12 Aug 2022

Tesla is the world's largest electric car company. Recently, Tesla has increased the production of automobiles. Shanghai It has improved because of the upgrade to the factories in Berlin and the Texas. The company's car manufacturer has been recorded in the record in July 3 in September. In addition, car sales have come up. Observers say Tesla sells between 350,000 to 370,000 cars in 350,000. If this is true, it is record sales for the company. Tesla also has a record sales in January 1 of January this year. In 2022, Tesla sold more than 3,100,000 vehicles sold over 31,000 vehicles. Tesla usually goes up at the end of the year. The same year is also reported that Tesla said that Tesla said that it would go up to 3. Tesla will be income in the record of record 3 in District 3. Now, the 3-time disclosure of Tesla must be monitored. Ref: Gizchina

YoteShin Drive

Sign in using google and save to your drive

The.Crown.S05E01.Queen.Victoria.Syndrome.720p.(CM).mp4

542.64 MB N/A video/mp4 339 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
The Lunchbox
7.3

IMDb Rating (7.8) / Rotten Tomatoes (97%) အိန္ဒိယအပြင် အာရှ ရုပ်ရှင်ဆုပေါင်း ၂၈ ခုနဲ့ ဆန်ခါတင်စာရင်းတွေမှာ ၄၈ကြိမ်ပါဝင်ခဲ့တဲ့ လွန်လေသူ မင်းသားကြီး Irrfan Khan ရဲ့ ရုပ်ရှင်လှလှလေးပဲဖြစ်ပါတယ်။ ရုပ်ရှင်နာမည်က The Lunchbox ထမင်းဘူးလေးတဲ့။ ရုပ်ရှင်တစ်ခုလုံးကို ဒီအပေါ်မှာပဲ ဇာတ်အိမ်တည်သွားတယ်။ သွေးအေးနေတဲ့ခင်ပွန်းသည်အတွက် ထမင်းဘူးထည့်ပေးတဲ့ အိမ်ထောင်ရှင်မတစ်ယောက် သူထည့်ပေးလိုက်တဲ့ ထမင်းချိုင့်က တခြားသူတစ်ယောက်ဆီမှားပြီးရောက်သွားရာကနေစလို့ ဒီဇာတ်လမ်းလေး စတင်ပါတယ်။ ကိုယ်နဲ့တစ်ခါမှမမြင်ဖူးတဲ့ သူစိမ်းတစ်ယောက်နဲ့ စာလေးတွေကတဆင့် အဖြူရောင်သံယောဇဉ်ကြိုးတစ်ချောင်း ချည်နှောင်တဲ့အခါမှာ ထမင်းချိုင့်လေးက ကြိုးသီသူလေးတစ်ဦးဖြစ်ခဲ့တာပေါ့။ သူတို့ ၂ ယောက်က ဒီနေ့ဟင်းတော့ ဆားငန်တယ် ဒီနေ့ဟင်းကတော့ အစပ်များတယ် ဆိုတာက‌စလို့ ကိုယ့်ရဲ့ခံစားချက်တွေ အမှတ်တရတွေကိုပါ ထမင်းချိုင့်ထဲ စာလေးထည့်ပြီးပြောပြကြတဲ့အထိ ရင်းနှီးသွားခဲ့ကြပါတယ်။ တစ်ကိုယ်တည်းနေတဲ့ ဖာနန်ဒက်နဲ့ အီလာတို့နှစ်ယောက်ကြား ပို့တဲ့စာလေးတွေကိုဖတ်ရင်း သူတို့ကြားက ထုတ်မပြောတဲ့ ချစ်ခြင်းမေတ္တာတစ်ခုကို တွေ့ရတယ်။ ချစ်ခြင်းမေတ္တာဟာ ပုံစံအမျိုးမျိုးနဲ့တည်ရှိနိုင်ပြီး ဖွင့်ဟလို့ရတဲ့နည်းလမ်းတွေအများကြီးရှိကြောင်း ဒီရုပ်ရှင်လေးက သက်သေပါပဲ။ ဒီရုပ်ရှင်မှာ လူတွေက ချစ်ဖို့လည်းလိုတယ် အချစ်ခံရဖို့လည်းလိုတယ် ဆိုတဲ့အချက်ကို အသိမ်မွေ့ဆုံးပုံစံတစ်ခုနဲ့ ချပြသွားခဲ့ပါတယ်။ လူတွေက တစ်ချိန်ချိန်မှာတော့ နှောင်ကြိုးတစ်ခုမှာ ရစ်တွယ်မိတတ်ကြတာပါပဲ။ ထမင်းချိုင့်မှားပို့မိတာကနေတောင် ရစ်တွယ်မိတတ်ကြတာမျိုးပေါ့။ အိန္ဒိယရုပ်ရှင်တွေနဲ့ ပတ်သက်လို့ ကျွန်တော်သဘောကျမိတဲ့အချက်က လူတွေမေ့နေတဲ့အချက်တစ်ခုခုကို သိမ်သိမ်မွေ့မွေ့ ထောက်ပြနိုင်တာပါပဲ။ ပညာပေးစရာရှိရင်ပေးမယ် ပညာပေးကားလို့တောင် ထင်လိုက်ရတာမဟုတ်တာမျိုးတွေနဲ့ပေါ့။ မင်းသားမင်းသမီးတွေကလည်း ဆေးဆိုးပန်းရိုက် အပြင်အဆင်တွေနဲ့ အလွန်အကျွံ လုပ်ယူထားမျိုးမရှိဘဲ သာမန်လူတစ်ယောက်လို သာမန်ကိစ္စတွေကိုကြုံတွေရပုံတွေကိုပဲ သရုပ်ဆောင်ချက်ကောင်းကောင်းတွေနဲ့ တင်ပြထားတာတွေကလည်း အိန္ဒိယရုပ်ရှင်တွေကို သဘောကျမိတဲ့အချက်ပါပဲ။ အကယ်၍များ တစ်ယောက်ယောက်က လူတွေကြား မေတ္တာပုံစံတစ်မျိုးကို ဖော်ကျူးမယ့် ဘောလိဝုဒ်ရုပ်ရှင်တစ်ခုကို မေးလာခဲ့ရင် ဒီဇာတ်ကားက ကျွန်တော့်စိတ်ထဲ ပထမဆုံးပေါ်လာမယ့် ရုပ်ရှင်ပါပဲ။ (ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို Min Thant Bo မှ တင်ဆက်ထားပါတယ်။) File size…(2.2 GB)/ (850 MB) Quality….BluRay Remux 1080p /720p Format…mp4 Duration….01:48:44 Subtitle….Myanmar Subtitle(Hardsub) Encoder….Ka Naung Translated by Min Thant Bo

Romance
7.3 2013 104 mins
The Lunchbox
Wifelike
7.3

ဒီတစ်ခေါက်တင်ဆက်ပေးမှာကတော့ Wifelike ဆိုတဲ့ Sci-Fi, Thriller အမျိုးအစားဇာတ်ကားလေး ဖြစ်ပါတယ်။ IMDb မှာ Rated R အဖြစ် သတ်မှတ်ထားတဲ့ဇာတ်လမ်းပါ။ ဇာတ်လမ်းအကျဉ်းကတော့ William က Wifelike ကုမ္ပဏီက အေးဂျင့်တစ်ယောက်ပေါ့။ သူ့အလုပ်ကတော့ ကုမ္ပဏီကထုတ်တဲ့ လူသားစက်ရုပ်အဖော်တွေကို စောင့်ရှောက်ပေးရတာပါ။ တစ်ဖက်မှာလည်း စက်ရုပ်အဖော်တွေကိုဆန့်ကျင်တဲ့ SCAIR ဆိုတဲ့အဖွဲ့တစ်ဖွဲ့ရှိပါတယ်။ အဲဒီအဖွဲ့က စက်ရုပ်တွေကို ပိုင်ရှင်တွေဆီကခိုးသွားပြီး အကြမ်းဖက်မှုတွေမှာ အသုံးချတယ်ဆိုပြီး နာမည်ကြီးတဲ့အဖွဲပေါ့။ တစ်နေ့မှာတော့ ကုမ္ပဏီကနေ William အတွက် သူ့ရဲ့ဆုံးသွားတဲ့ဇနီး Meredith နဲ့ တစ်ပုံစံတည်းတူတဲ့ စက်ရုပ်အဖော်တစ်ယောက် လုပ်ပေးလိုက်ပါတယ်။ Meredith က သူ့ပရိုဂရမ်အရ အစပိုင်းမှာ ကိစ္စအားလုံးကိုမမှတ်မိသေးဘဲ နောက်ကျတော့မှ လူသား Meredith နဲ့ တဖြေးဖြေးပေါင်းဆည်းသွားပြီး တစ်သားတည်းဖြစ်သွားမှာပါ။ အဲလိုနဲ့ Meredith စက်ရုပ်လေးက ဘာကိုမှမမှတ်မိသေးဘဲ အားလုံးကိုစူးစမ်းလေ့လာနေတဲ့အချိန်မှာ SCAIR အဖွဲ့က သူ့ဆီချဉ်းကပ်လာတော့ William အနေနဲ့ သူ့မိန်းမစက်ရုပ်လေးကို ဘယ်လိုကာကွယ်သွားမလဲ၊ SCAIR အဖွဲ့ရဲ့သရုပ်မှန်ကရောဘာလဲ၊ Meredith ကရော သူ့အရင်မှတ်ဉာဏ်တွေကို ပြန်ရပါ့မလားဆိုတာ အလှည့်အပြောင်းတွေနဲ့ စိတ်ဝင်စားစရာကောင်းအောင် ကြည့်ရှုရမှာပါ။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Moh Moh ပဲ ဖြစ်ပါတယ်။ Genre..... Sci-Fi Quality…. 1080p | 720p | 480p File size…1.07GB | 628MB | 375MB Format… mp4 Duration…. 1h 45min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Moh Moh Encoder ..... August

Drama • Thriller
7.3 2022 106 mins
Wifelike
The Pursuit of Happyness
7.9

အကယ်​၍ သင်​ဟာ Single Father တစ်​​ယောက်​ဖြစ်​ပြီး သင့်က​လေးအိပ်​ဖို့အတွက်​ ​ကျောတစ်​ခင်းစာ​တောင်​မဖန်​တီး​ပေးနိုင်​​တော့ဘူးဆိုရင်​...သင့်ရင်​​သွေးကိုစွန့်လွှတ်လိုက်​​မှာပါလား? ? ? Chris Gardner ဆိုတဲ့ လူတစ်​​ယောက်​​က​တော့ မိမိရဲ့သား​လေးလက်​ကိုဆွဲပြီး ဘဝရဲ့အခက်​ခဲဆုံးအချိန်​​တွေကိုဖြတ်​​ကျော်​ပြီးလို့ အခုဆို Millionaire တစ်​​ယောက်​​တောင်​ဖြစ်​လို့​နေပါပြီ။ သင့်ဘဝကို သင်​ခက်​ခဲလှပြီလို့ထင်​​နေရင်​ တကယ့်ဖြစ်​ရပ်​မှန်​ဘဝကိုအ​ခြေခံပြီးရိုက်​ကူးထားတဲ့ ဒီဇာတ်​ကား​လေးကို အချိန်​​ပေးပြီးကြည့်ကြည့်လိုက်​ပါ ဒီကား​လေးကြည့်ပြီး အရင်​ဦးဆုံး ခံစားမိမှာက​တော့ ဖခင်​တစ်​​​ယောက်​ရဲ့​မေတ္တာ ဘယ်​​လောက်​ နက်​ရှိုင်းတယ်​ဆိုတာပါပဲ... ဘဝရဲ့အဆိုးဆုံးအ​ခြေအ​နေတစ်​ခုမှာ​တောင်​ သားဖြစ်​သူကို လက်​လွှတ်​မခံခဲ့တဲ့ ဖခင်​တစ်​​ယောက်​ရဲ့ ​မိဘ​မေတ္တာ... ကျွန်​​တော်​တို့ ​တော်​​တော်​များများ ​ငွေကိုသည်းကြီးမည်းကြီးရှာ​နေကြချိန်​မှာ ​ပျော်​ရွှင်​မှုဆိုတာဘာလဲ ဘယ်​လိုအရာက မိမိကို​ပျော်ရွှင်​​စေတာလဲ မ​တွေးမိကြတာများပါတယ်​... ဒီဇာတ်​ကား​လေးက​နေ ​တော်​ရုံသတိပြုမိဖို့ခဲယဉ်းတဲ့ဖခင်​တစ်​​ယောက်​ရဲ့ချစ်​ခြင်းမေတ္တာရယ်​...​​ ​ပျော်​ရွှင်​မှုဆိုတာ ကြိုးစားသူတိုင်းအတွက်​ အလှမ်းမ​ဝေးဘူးဆိုတာရယ်​... ဘဝဆိုတာ ​"ဘုံလုံတစ်​လှည့် ငါးပျံတစ်​လှည့်" ဖြစ်​​တယ်​ဆိုတာ စိတ်​ကူးယဉ်​သက်​သက်​မဟုတ်​ပဲလက်​​တွေ့မှာပါ တကယ်​ရှိတယ်​ဆိုတာ တို့ကို...သာမန်​အ​ရောင်းသမား(Saleman) ​လေးဘဝက​နေ သန်းကြွယ်​သူ​ဌေးတစ်​​ယောက်​ဖြစ်​လာသည်​အထိ ခက်​ခက်​ခဲခဲ ရုန်းကန်​လှုပ်​ရှားခဲ့ရသူ Chris Gardner ရဲ့ဘဝကို​ inspired လုပ်​ပြီး ရိုက်​ကူးထားတဲ့ "The Pursuit of Happyness" ဆိုတဲ့ကား​လေးမှာ အထင်​အရှား​တွေ့ကြရမှာပါ... ဒီဇာတ်​ကား​လေးကို​တော့ Director Gabriele Muccino ကရိုက်​ကူးထားပြီးကျွန်​​တော်​တို့ရုပ်​ရှင်​ကြိုက်​သူ​တွေအားလုံးနဲ့ ရင်းနှီးပြီးသားဖြစ်​တဲ့ မင်းသားကြီး Will Smith ကသရုပ်​​ဆောင်​ထားပါတယ်​... ထူးခြားမှုအ​နေနဲ့က ဒီဇာတ်​ကားထဲမှာ Chris Gardner(Will Smith) ရဲ့ သား​နေရာက​နေ သရုပ်​​ဆောင်​ထားသူက​တော့Will Smith ရဲ့ သားအရင်းဖြစ်​သူ Jaden Smith ပဲဖြစ်​ပါတယ်​...၈ နှစ်​အရွယ်​သာရှိ​သေးတဲ့ Jaden Smith ရဲ့ပထမဦးဆုံးပွဲဦးထွက်​ကားဖြစ်​​ခဲ့ပေမယ့် > MTV+TV awards(2007) : Breakthrough Performance ဆု > Phoenix Film Critics Society Awards(2006) :Best Performance by a Youth ဆု > Teen Choice Awards(2007)ဆုတို့ရခဲ့တဲ့အပြင်​ အခြား Nominees ​ပေါင်းများစွာလဲ ဝင်​ခဲ့ပါ​သေးတယ်​...အနုပညာ​သွေးအခံရှိလို့ထင်​ပါရဲ့... မင်းသားကြီး Will Smith ကိုယ်​တိုင်​လဲ > Academy Awards,USA(Oscar)(2007): Nominated > Gloden Globe,USA(2007): Nominated တို့အပြင်​ အခြား Nominees ​ပေါင်းများစွာနဲ့ ဆု​တွေကိုလဲ ရ​ခဲ့​သေးတာဆို​တော့.. အချိန်​၂နာရီ​ပေးပြီးကြည့်​ရမှာ တကယ်​တန်​တဲ့ကား​ကောင်းတစ်​ကားလို့ညွှန်းလိုက်​ပါရ​စေ​ဗျာ...။ IMDb Rating(8.0)ထိရရှိထားပါတယ်။ File size…(1.7 GB)/(800 MB) Quality….BluRay 1080p/720p Format…mp4 Duration….01:57:27 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Saw Bwar

Comedy • Romance • TV Movie
7.9 2006 117 mins
The Pursuit of Happyness
Sweetwater
6.1

အမေရိကန် ၁၈၀၀ နှောင်းပိုင်း ကောင်းဘွိုင်ခေတ်မှာ ဇာတ်အိမ်တည်ထားပါတယ်။ လှပပြီး ပြည်တန်ဆာဖြစ်ခဲ့ဖူးတဲ့ ဆာရာဟာ ခင်ပွန်းဖြစ်သူနဲ့ ဘဝသစ်ကို နယူးမက်ဆီကိုနယ်မြေမှာ လာပြီး ထူထောင်လျက်ရှိပါတယ်။ သူတို့နဲ့ အိမ်နီးချင်းလို့ ပြောရမယ့်လူကတော့ ဘာသာရေးအစွန်းရောက်နေတဲ့ ဘုန်းကြီးတစ်ပါး ဖြစ်ပြီး မိန်းမတွေတို့ တပည့်တွေတို့နဲ့ အတူတူနေပြီး သိုးမွေးထားတာလည်း ဖြစ်ပါတယ်။ ဘာသာရေးသမားဆိုပေမဲ့ နောက်ကွယ်မှာက ဒုစရိုက်သမားသာသာ ဖြစ်ပြီး သူ့ ခြံထဲကို ကျူးကျော်တဲ့နှစ်ယောက်ဆိုလည်း သတ်ပစ်တဲ့ထိလုပ်တတ်တဲ့ ရူူးနှမ်းနှမ်း ဘုန်းကြီးလိုမျိုးပါ။ အဲဒီအချိန်မှာ ဒီအသတ်ခံလိုက်ရတဲ့ လူနှစ်ယောက်ကို လာရှာတဲ့ ထူးဆန်းတဲ့ရဲမှူးတစ်ယောက်လည်း ရောက်လာတယ်။ ဆာရာရဲ့ ယောက်ျားကလည်း သူ့ စိုက်ခင်းတွေကို ဘုန်းကြီးရဲ့ သိုးက စားတယ်ဆိုပြီး သွားပြဿနာရှာတဲ့အချိန် လူဆိုးသာသာ ဘုန်းကြီးနဲ့ ဘာတွေဖြစ်ကြမလဲ။ ဆာရာကလည်း ဘယ်လိုဖြစ်လာမလဲ။ ဘုန်းကြီးနဲ့ ရဲမှူးလည်း ထိပ်တိုက်တွေ့ကြမလားဆိုပြီး ကြည့်ရှုရမှာပါ။ မင်းသမီးနေရာကတော့ X-Men First Class တို့ Unknown တို့ထဲမှာ ပါဝင်ဖူးတဲ့ January Jones ဖြစ်ပြီး ရဲမှူးနေရာက ဗီလိန်အဖြစ် မကြာခဏ သရုပ်ဆောင်လေ့ရှိတဲ့ Ed Harris ရယ် ဘုန်းတော်ကြီးနေရာမှာ Harry Potter ထဲက မယ်ဖွိုင်းအဖေ သရုပ်ဆောင်ထားတဲ့ မင်းသားကြီး Jason Isaacs တို့ သရုပ်ဆောင်ထားပေးကြတာပါ။

Comedy • Romance
6.1 2013 96 mins
Sweetwater
[18+] When the Rain Falls

***************************** ဒီဇာတ်လမ်းမှာတော့ မင်းသမီး Kazumi နဲ့ Kazuha Komiya တိုက အဓိကပါဝင်သရုပ်ဆောင်ထားပြီး ပွင့်လင်းမြင်သာတဲ့အိပ်ရာခန်းတွေပါတဲ့ GL ဇာတ်ကားဖြစ်လို့ မိသားစုနဲ့အတူမကြည့်သင့်ပါဘူး… ဇာတ်လမ်းအကျဉ်း ဟာဇူကီက မိန်းကလေးချင်းစိတ်ဝင်စားတဲ့ကောင်မလေးတစ်ယောက်ပါ မိုးရွာတိုင်း အကြောင်းမဲ့ဝမ်းနည်းနေတတ်ပြီး လက်သည်းညှပ်တတ်တဲ့ အကျင့်လေးတစ်ခုလည်း သူမဆီမှာရှိပါတယ် ဟာဇူကီရဲ့ အိပ်မက်ထဲမှာ ညတိုင်းလို ကောင်မလေးတစ်ယောက်ကို အမြဲမက်လေ့ရှိတယ် ဒါပေမဲ့ အဲဒီကောင်မလေးက ဘယ်သူဆိုတာ ဟာဇူကီ မမှတ်မိပါဘူး ဟာဇူကီက သူ့အလုပ်က စီအီးအိုမမကို တိတ်တခိုးစိတ်ဝင်စားနေပြီး နီးစပ်ဖိုလည်း ကြိုးစားနေတာပါ ဒါပေမဲ့ စီအီးအို ရှီရီယိုကတော့ သူထင်ထားသလိုမဟုတ်ဘဲ လျှိဝှက်ချက်တွေနဲ့ ရှုပ်ထွေးတဲ့ဘဝမှာ နေထိုင်နေတဲ့သူပါ ဒါပေမဲ့ သူတိုနှစ်ယောက်စလုံး အချင်းချင်း ချစ်မိသွားတဲ့အခါ ဘာတွေဆက်ဖြစ်မလဲ ဟာဇူကီရဲ့ အိပ်မက်ထဲက မိန်းကလေးကရော ဘယ်သူဖြစ်မလဲဆိုတာ ဒီဇာတ်လမ်းလေးမှာ ဆက်လက်ကြည့်ရှုပါဦး ၁၈+ ဖြစ်တာကြောင့် ၁၈ယောက်စုပြီးကြည့်ကြဖို အကြံပေးချင်ပါတယ် File Size : (1.1GB) and (467MB) Quality : WEB-DL1080P,720P Format…mp4 Duration…01:24:00 Genre : Adult, Drama Subtitle : Myanmar Subtitle (Hard Sub) Translated by SD Encoded by DS

0 2022
[18+] When the Rain Falls
My First Barbie: Happy DreamDay
7.7

My First Barbie: Happy DreamDay (2023) ============================== IMDb Rating – 7.7/10 AI တွေခေတ်စားလာတဲ့အချိန်မှာ ဘာဘီတို့လည်း AI ကို အားကိုးတတ် လာပါပြီ။ ဒီကားလေးမှာတော့ ဘာဘီတို့တစ်သိုက်စီစဉ်တဲ့မွေးနေ့မှာ AI ကိုခိုင်းလွန်းရာကနေ ပြင်လွန်းပြီးဖင်ချွန်းသွားတာပါ။ Chelsea တစ်ယောက် မွေးနေ့နီးလာလို့ Surprise party ရမလား မျှော်တကိုးကိုးဖြစ်နေတဲ့အချိန် မှာ သူတွက်ထားသလိုပဲ ဘာဘီကလည်း ပါတီတစ်ခုလုပ်ပေးဖို့ စီစဉ်ထား ပါတယ်။ စီစဉ်တယ်ဆိုတာကလည်း အကြံဉာဏ်ပဲထုတ်ရပြီး လက်မလှုပ်ရ လောက်တဲ့အထိကို သက်သာတာပါ။ Dreamhouse ဆိုတဲ့ Home AI လေးကတော့ သူ့ရဲ့ Screen surface ပတ် ပတ်လည်မှာ Light နဲ့ Electromagnetic imagery ပေါင်းစပ်ထားတဲ့ Projector လေးတွေပါလို့ User အမိန့်ပေးသမျှပစ္စည်းတွေရဲ့ ပုံရိပ်ကိုဖန်တီးပေးနိုင်စွမ်း ရှိပါတယ်။ ဘာဘီတို့သူငယ်ချင်းတစ်သိုက်က Dreamhouse app ကိုသုံးပြီး ပါတီအကြီးအကျယ်လုပ်ဖို့ ပြင်ကြတဲ့အချိန်မှာ တစ်ယောက်တစ်မျိုးစီနဲ့ Command အလွန်အကျွံပေးမိကြပါတယ်။ ကိုယ်မလုပ်ရဘူးဆိုတိုင်း Dreamhouse AI ကို ခဏခဏခေါ်ပြီး အမျိုးမျိုးခိုင်းလွန်းတော့ AI ခမျာလည်း အဆင်ပြေမနေ တော့ပါဘူး။ နောက်ဆုံး … AI error တက်ပြီးတော့ AI နဲ့လုပ်ထားသမျှ အပြင် အဆင်တွေအားလုံး လိပ်ခါးဖားဖင်တွေဖြစ်ပြီး နေရာတွေလွဲကုန်ကြပါတော့တယ်။ ဒီကားလေးရဲ့ ရုပ်ထွက်နဲ့သီချင်းတွေက ၂၀၂၃ ထွက်ဆိုတဲ့အတိုင်း အရင်ဘာဘီ ကားဟောင်းလေးတွေနဲ့ အရသာကွာတာလေးတွေရှိပေမယ့် နောက်ခံအသံနဲ့ မျက်နှာအကျလေးတွေက အရင်လက်ဟောင်းနဲ့ ထပ်တူကျတာလည်းရှိသလို အချိတ်အဆက်မိနေသေးတာလေးတွေလည်းရှိတာမို့လို့ ” I grew up watching Barbie ” ဆိုတဲ့လူတွေအတွက် အသစ်အဆန်းလေးကိုပါ ခံစားဖူးချင်တယ်ဆိုရင် ကြည့်ကြည့်ကြဖို့ Recommend ပေးလိုပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Hnin Wut Yi ဖြစ်ပါတယ်) File Size……….(769 MB) / (351 MB) Quality…………WEB-DL 1080p / 720p Duration………1Hr 26Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Family Translator……Hnin Wut Yi Encoder……….SWM

Crime • Drama • Mystery
7.7 2023 40 mins
My First Barbie: Happy DreamDay
The Good Mother

၂၀၂၃ ခုနှစ်ထွက် အမေရိကန် crime/mystery ဇာတ်လမ်းအမျိုးအစားလေးပါ။ Academy award နှစ်ခါရရှိထားတဲ့ Hillary Swank နဲ့ House of Dragons က Olivia Cooke တို့ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဇာတ်လမ်းအကျဉ်းပြောရရင် မယ်ရီဆာဘန်းနင်း (Hillary Swank) ရဲ့သားအငယ်ဖြစ်တဲ့မိုက်ကယ်ဟာဇာတ်လမ်းရဲ့အစမှာအသတ်ခံလိုက်ရပါတယ်။ သူဟာမူးယစ်ဆေးသုံးစွဲသူဖြစ်ပြီး သူ့သူငယ်ချင်းဖြစ်တဲ့ဒက်ကီနဲ့‌ပေါင်းပြီးမူးယစ်ဆေးအရောင်းအဝယ်လုပ်နေတဲ့သူပါ။ မိုက်ကယ်ရဲ့အကိုဖြစ်တဲ့ တိုဘီကရဲတစ်ယောက်ပါ။ ညီဖြစ်သူအသတ်ခံရတော့ တိုဘီက မိုက်ကယ်ရဲ့စီးပွားရေးလုပ်ဖက်ဖြစ်တဲ့ ဒက်ကီရဲ့လက်ချက်ဖြစ်မယ်လို့ထင်ပါတယ်။ တစ်ဖက်မှာလည်း မိုက်ကယ်ရဲ့ကောင်မလေးဖြစ်တဲ့ ပေ့ဂ်ျ ကနေစရာမရှိလို့ မယ်ရီဆာနဲ့အတူလာနေရင်း မိုက်ကယ်ကိုသတ်သွားတဲ့သူကိုလိုက်စုံစမ်းပါတယ်။ ပေ့ဂ်ျနဲ့မယ်ရီဆာ အတူလိုက်စုံစမ်းရင် ဘာတွေဆက်ဖြစ်မယ်၊ ဘယ်လိုမြှုပ်ကွက်‌တွေကိုသွားတွေ့မလဲဆိုတာတော့ ရုပ်ရှင်ထဲမှာခံစားကြည့်ကြပါခင်ဗျာ။ File size…(1.2 GB)/(614 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:32:00 Genre…Mystery, Thriller, Crime, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by AKM

0 2023
The Good Mother
Taken 2
6.2

Taken 2 (2012) Unrated Extended Cut Old but gold ကားဟောင်းတွေကို Quality Update လုပ်ပြီး တင်ဆက်ပေးနေရာမှာ ဒီတစ်ခါ အလှည့်ကျလာတာကတော့ မင်းသားကြီး Liam Neeson ရဲ့ Taken Trilogy Franchise ပဲ ဖြစ်ပါတယ်။ Liam Neeson နဲ့အတူ မင်းသမီး Maggie Grace လည်း ပါဝင်ပြီး ကြည့်ပြီးသားသူတွေအတွက်တော့ အထူးပြောစရာမလိုသလို မကြည့်ရသေးတဲ့သူတွေအတွက်လည်း အချိန်ပေးရကျိုးနပ်စေမယ့် ကားတွေပါပဲ။ Taken ရုပ်ရှင်ကား ၃ ကားရှိပြီး 4K Quality ကိုမှ Unrated Extended Cut Version နဲ့ ၃ ကားလုံးတင်ဆက်ထားပါတယ်။ ၃ ကားလုံးကို ဒီမှာ https://channelmyanmar.to/?s=taken+trilogy ဒေါင်းပါ။ Taken 1 မှာတုန်းက ခရီးထွက်ရင်း ပြန်ပေးဆွဲခံလိုက်ရတဲ့ သူ့သမီးကို CIA အေးဂျင့်ဟောင်းဖြစ်သူ ဘရိုင်ယန်က လူ ၁၂ သန်းလောက်ရှိတဲ့မြို့ထဲ ၇၂ နာရီအတွင်း ရှာတွေ့ခဲ့ပြီး ပြန်ပေးဆွဲဂိုဏ်းခေါင်းဆောင် မာကိုနဲ့ အပေါင်းအပါတွေကို သုတ်သင်ရှင်းလင်းခဲ့ပါတယ်။ အခု Taken 2 မှာတော့ မာကို့ရဲ့အဖေဖြစ်သူ အကြမ်းဖက်ဂိုဏ်းခေါင်းဆောင် မူရတ်က သူ့သား သေဆုံးရမှုအတွက် ဘရိုင်ယန်တို့ မိသားစုကို ကလဲ့စားချေဖို့ ကြိုးစားမှာပဲဖြစ်ပါတယ်။ အစ္စတန်ဘူလ်ကို ခရီးထွက်နေတဲ့ ဘရိုင်ယန်၊ သူ့မိန်းမနဲ့ သမီးဖြစ်သူတို့ကို အကွက်ကျကျ စီစဉ်ပြီး ပြန်ပေးဆွဲ သတ်ဖြတ်ဖို့ကြံနေတဲ့ မူရတ်ရဲ့အစီအစဉ်ကြားက ဘရိုင်ယန်တစ်ယောက် ဘယ်လိုဖောက်ထွက်မလဲဆိုတာကိုတော့ ဇာတ်လမ်းထဲမှာပဲ ရင်ခုန် စိတ်လှုပ်ရှားစွာနဲ့ ကြည့်ရှုလိုက်ကြပါဦး။ (ရုပ်ရှင်အညွှန်းနှင့်ဘာသာပြန်ကိုတော့ Emily မှ တင်ဆက်ထားပါတယ်။)

Thriller • Drama
6.2 2012 91 mins
Taken 2
Doomsday
6

Doomsday (2008) IMDb Rating (5.9) / Rotten Tomatoes (50%) အကောင်းအဆိုးဒွန်တွဲမှုတွေရှိနေပေမယ့် Action/Sci-Fi တွေထဲတော့ ဒီရုပ်ရှင်ကားက မှတ်မိစရာဇာတ်ကားတစ်ကားပါပဲ။ Mad max တို့၊ Escape from New York နဲ့ 28 days later တို့လို ဂန္ထဝင်ဇာတ်ကားကြီးတွေကို မှီငြမ်းအတုယူ၊ အနာဂတ်စစ်သားနဲ့ အလယ်ခေတ် မြင်းစီးချပ်ဝတ်စ်သည်တော်နဲ့ ယှဉ်ပြိုင်တယ်ဆိုတဲ့ စိတ်ကူးကို တစ်စိတ်တစ်ပိုင်း အကောင်အထည်ဖော်၊ ဒါရိုက်တာကြီးကို သူ့ရဲ့အရင် ဇာတ်ကားနှစ်ကားမှာရခဲ့တဲ့ ရုပ်ရှင်ရိုက်ကူးရေးဘက်ဂျက်တွေရဲ့ သုံးဆအထိ ထုတ်ပေးပြီး အားပါးတရ ရိုက်ကူးခိုင်းလိုက်တဲ့အခါ rating တွေထိုးကျ၊ ခရမ်းချဉ်သီးပုပ်တွေ ဟိုတစ ဒီတစနဲ့ ရုံတင်ဝင်ငွေ အရှုံးပေါ်သွားတဲ့ Hollywood Bomb သောက်တလွဲကားကြီး ဖြစ်လာပါတော့တယ်။ စိတ်မပျက်ပါနဲ့ လူကြီးမင်း။ ဘာမှ မခိုင်မာ၊ ယုတ္တိမရှိတဲ့ဇာတ်အိမ်၊ မခိုင်မာ မပြောင်မြောက်တဲ့ ဇာတ်ကောင်စရိုက် ဖော်ကျူးမှု၊ ဟိုမရောက် ဒီမရောက်၊ ဘာကိုကြည့်ရမယ်မှန်းမသိတဲ့ တည်းဖြတ်မှု၊ မလိုအပ်ဘဲ သွေးသံရဲရဲလုပ်ပြနေတာတွေကြောင့် ပျစ်ပျစ်နှစ်နှစ် ဝေဖန်ခံရတဲ့ ဇာတ်ကားလည်း ဖြစ်နေပါသေးတယ်။ ချီးကျူးခံရတဲ့ အရာလေးတွေလည်း ရှိပါသေးတယ်။ ဥပမာ သရုပ်ဆောင်ရွေးချယ်ရေးက အံဝင်ခွင်ကျဖြစ်တာ၊ ဇာတ်ကြောင်းကို အစဉ်လိုက် လှလှပပ ပြနိုင်တာ၊ မှီငြမ်းထားတဲ့ ဇာတ်ကားတွေကို လွမ်းမောဖွယ်လုပ်ပြနိုင်တာ ဘာညာတွေမှာလည်း မဆိုးဘူး ဂွတ်တယ် အပြောခံရပါသတဲ့။ ဇာတ်လမ်းအတွက် စိတ်ကူးကတော့ သိပ်ကိုလှပပြီး ဆန်းကြယ်တာကိုတော့ ဝန်ခံရမယ်ဗျ။ လူသတ်ဗိုင်းရက်စ်ရောဂါပိုး ပြန့်ပွားလာတဲ့ကမ္ဘာမှာ survive လုပ်ရတဲ့ survival ဇာတ်ကားဖြစ်ပါတယ်။ ဒါပေမဲ့ ရှေးက နောင်တော်ဇာတ်ကားကြီးတွေမှာ ရောဂါမဖြစ်တဲ့သူက တံတိုင်းတွေနောက်မှာ ပုန်းအောင်းကြရတာပါ။ ဒါပေမဲ့ ဒီဇာတ်ကားမှာတော့ စဖြစ်တဲ့ zero patients တွေကို တံတိုင်းထဲတည့်ပိတ်ပြီး သေပါစေပစ်ထားလိုက်တဲ့ မဟာကရုဏာရှင်တွေအကြောင်းဖြစ်လို့ မတူတဲ့စိတ်ကူးတော့ ဖြစ်နေပါပြီ။ နောက်ပြီး အန္တရာယ်မြေဖြစ်သွားတဲ့ စကော့တလန်မှာ တံတိုင်းခတ်ခံရပြီး အစွန့်ပစ်ခံလိုက်ရတဲ့ ရှင်သန်ကျန်ရစ်သူတွေမှာ အဖွဲ့နှစ်ဖွဲ့ ကွဲသွားပါတယ်။ မရောက်ဒါး လို့ခေါ်တဲ့ လှည့်လည်ကျက်စား သားရဲများ အဖွဲ့ကတစ်ဖွဲ့။ အလယ်ခေတ် သံချပ်ဝတ်မြင်းစီးစစ်သည်တော်တွေကတစ်ဖွဲ့။ သိပ္ပံခေတ်မှာ လေးမြားဓားလှံတွေနဲ့ လူရာဝင်နေကြသူတွေပေါ့။ တံတိုင်းပြင်ပ ရောဂါမဖြစ်သူတို့မြေမှာ သေမင်းတမန်‌ဗိုင်းရက်စ်က ခေါင်းပြန်ထောင်လာတော့ တံတိုင်းတွင်းက သေရမယ့်လူတွေ မသေတဲ့အဖြစ်ကို သူတို့စိတ်ဝင်စားသွားတယ်။ ‌ဗိုင်းရက်စ်ပေါက်ဖွားဖို့ သိပ်ကောင်းတဲ့ ရေမြေဖြစ်ပြီး ဖင်ချင်းပေါက် ကြပ်ညပ်နေတဲ့ နေရာကျဉ်းကျဉ်း တံတိုင်းထဲမှာ ဒီလူတွေ မသေတာ ကုသနည်းရှိလို့ပဲဆိုပြီး အလန်းစား အမိုက်စား သောက်ကြမ်းကြီး အထူးတပ်ဖွဲ့ဝင် အမျိုးသမီးကို အဖွဲ့တစ်ဖွဲ့ဦးဆောင်စေပြီး တံတိုင်းထဲကို လွှတ်လိုက်တာက ဇာတ်လမ်းစပါတယ်။ ဒီတော့ တံတိုင်းပြင်ပက သူတို့ကိုသေပါစေ ပစ်ထားခဲ့သူတွေအပေါ် တံတိုင်းတွင်းကလူတွေ ဘယ်လိုသဘောထားမလဲ စိတ်ကူးကြည့်ပေါ့။ ဒီလက်တစ်ဆုပ်စာအဖွဲ့လေးက ရှင်သန်သူ နှစ်ဖွဲ့ကြားမှာ သွေးသံရဲရဲသေကုန်တာကလည်း ‌ကြည့်လို့ကောင်းတဲ့ဇာတ်ကွက်တွေပါပဲ။ စားစရာ ရိက္ခာပြတ်လို့ လူသားအချင်းချင်း ပြန်စားနေရပါတယ်ဆိုတဲ့ တံတိုင်းအတွင်းမှာ နွားမအုပ်ကြီးကြားက မင်းသမီးတို့အဖွဲ့ ဖြတ်လာတဲ့အခန်းကိုကြည့်ရတော့ ကိုယ်ပဲဉာဏ်မမီတာလား မပြောတတ်တော့ဘူး။ ရှင်သန်သူတွေက အမဲသားမစားကြတဲ့သူတွေမလို့ဖြစ်မှာပါလေ။ လျှပ်စစ်စွမ်းအင် မရှိတော့လို့ အလယ်ခေတ် မြင်းစီးစစ်သည်တိုင်းပြည်ထူထောင်ကြသူတွေနားက စစ်စခန်းတစ်ခုမှာ အရံမီးစက်တွေ၊ လောင်စာတွေအပြည့်ရှိနေတာ။ သေတ္တာကြီးထဲက ကားအကောင်းစားတစ်စင်းထုတ်ယူလာပြီး ဆီအပြည့်ထည့် မောင်းထွက်သွားတဲ့ မင်းသမီးတို့အဖွဲ့ကိုတွေ့ရတော့ ဟိုရှင်သန်သူအဖွဲ့က လိုအပ်ရင်သုံးမလို့ ဥထားတာပါလို့ပဲ တွေးမိပါတယ်။ ဒါပေမဲ့ နှစ်အစိတ်လောက်သက်တမ်းရှိတဲ့ဓာတ်ဆီက ကားထဲထည့်မောင်းလို့ရသေးတယ်ဗျ။ တော်တော်ကောင်းတဲ့ ဓာတ်ဆီတွေပါဗျာ။ အင်္ဂလန်ထုတ် ဖြစ်နေလို့နဲ့တူပါရဲ့။ ဒါပေမဲ့ ဒီအချက်တွေကို ဇာတ်ကားကို ဇာတ်ကားလိုပဲကြည့်ဟဲ့ဆိုပြီး သည်းခံလိုက်ရင်တော့ CGI အမိုက်စား၊ သရုပ်ဆောင်ကောင်းကောင်း၊ အရင်က ဂန္တဝင်ဇာတ်ကားကြီးတွေရဲ့ အငွေ့အသက်တွေ၊ အလန်းစား ဖိုက်တင်ကတ်တွေနဲ့ ရင်ကိုထိတဲ့ဇာတ်ကားဖြစ်ပါကြောင်း။ (ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို Arr Khun Winchester မှ တင်ဆက်ထားပါတယ်။)

6 2008
Doomsday
Gharat Ganpati
7.9

Gharat Ganpati 2024 ဂါရတ်စံအိမ်ရဲ့ချွေးမလောင်း ဂါရတ်မိသားစုက အရှင်ဂါနေ့ရှ်ပူဇော်ပွဲကို ကျင်းပလာခဲ့တာ အခုဆို 124 နှစ်တိုင်ခဲ့ပြီပေါ့။ ရိုးရာကိုအလေးထားတဲ့ ရှေးရိုးစွဲမိသားစုပီပီ အခုခေတ်ရဲ့အယူအဆတွေကိုလည်း သိပ်လက်မခံကြပါဘူး။ ဒီလိုနဲ့ တစ်ပတ်လုံးကျင်းပရတဲ့ ဂါနေ့ရှ်ပွဲတော်နေ့ ရောက်လာချိန်မှာတော့ ဂါရတ်မိသားစုကြီးရဲ့ သားဖြစ်သူ ကီတန်တစ်ယောက် ကောင်မလေးတစ်ယောက်ကို ခေါ်လာပြီးတော့ အိမ်ကိုရောက်ချလာပြီး စပရိုက်စ်တိုက်ပါတော့တယ်။ အမှန်တော့ ဒီကောင်မလေး ကရီတီက ကီတန်နဲ့ အတူနေချစ်သူဖြစ်ပြီး တွဲနေတာ နှစ်နှစ်ကျော်နေပါပြီ။ ဒါပေမဲ့ ရှေးဆန်လွန်းတဲ့ မိသားစုကဆင်းသက်လာတဲ့သူပီပီ ကရီတီနဲ့သူ့ရဲ့ ပတ်သက်မှုကို လက်မခံနိုင်မှာစိုးတဲ့ကီတန်တစ်ယောက် ကရီတီကို သူငယ်ချင်းအနေနဲ့ပဲ မိတ်ဆက်ပေးပြီး မိသားစုထဲက လူကြီးတွေရဲ့ နှလုံးသားကို အပိုင်သိမ်းဖို့ကြံပါတော့တယ်။ ဒါပေမဲ့ မိသားစုဝင်တွေကလည်း ကရီတီနဲ့ကီတန်ရဲ့ ဆက်ဆံရေးကို သေချာမသိပေမဲ့ သံသယဝင်နေကြတဲ့အခါမှာတော့….. (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team မှပဲဖြစ်ပါတယ်)

Thriller
7.9 2024 136 mins
Gharat Ganpati
Pained
6.7

Pained (2011) ************* ဒီကားလေးကတော့ နာကျင်မှုတွေကို မခံစားရတဲ့ ကောင်လေးနဲ့ သွေးမတိတ်တဲ့ရောဂါရှိတဲ့လူနာ ကောင်မလေးတို့ကြားက အချစ်ဇာတ်လမ်းလေးကို ဖော်ပြထားတဲ့ Romance Movie လေးပဲဖြစ်ပါတယ်။ မင်းသား Kwon Sang Woo နဲ့ မင်းသမီး Jung Ryeo Won တို့ ပါဝင်သရုပ်ဆောင်ထားပြီး မင်းသားကြီး Ma Dong Seok လည်းပါဝင်ထားလို့ Action scene တွေကိုလည်း စိတ်ဝင်တစား ကြည့်ရမယ့် Movie ကောင်းလေးပါနော် .. ဇာတ်လမ်းအကျဉ်း ************* နမ်ဆွန်း (Kwon Sang Woo) ကတော့ မိသားစုရဲ့ ကားမတော်တဆမှုဖြစ်ပြီးနောက်ပိုင်းမှာ စိတ်ဒဏ်ရာတွေရပြီး နာကျင်မှုကို မခံစားရတော့တဲ့ သူတစ်ယောက်ဖြစ်သွားခဲ့ပါတယ် .. လက်ရှိမှာတော့ ဘုံးနို (Ma Dong Seok)နဲ့ လက်တွဲအလုပ်လုပ်ရင်း သူ့ကိုယ်သူ အနာခံ အထိုးခံအနေနဲ့လုပ်ပြီး အတိုးကြီးစားငွေချေးသမားတွေအတွက် ပိုက်ဆံလိုက်ကောက်ပေးတဲ့သူတစ်ယောက်ပါ .. ဒုံဟျွန်း(Jung Ryeo Won)ကလည်း ငယ်စဉ်ကတည်းက မိဘနှစ်ပါးကိုဆုံးရှုံးလိုက်ရပြီး မိဘတွေရဲ့ ဆေးရုံစရိတ်တွေကြောင့် အကြွေးနွံနစ်နေတဲ့အပြင် သူ့ရဲ့သွေးမတိတ်တဲ့ရောဂါအတွက်ပါ ခက်ခက်ခဲခဲ လုပ်ကိုင်စားသောက်နေရပါတယ် .. တစ်နေ့မှာတော့ နမ်ဆွန်းနဲ့ ဘုံးနိုက ဒုံဟျွန်းဆီကနေ အကြွေးသွားကောက်ဖို့ ဖြစ်လာပါတော့တယ် .. ဘုံးနိုက သူ့မိန်းမရဲ့ပြဿနာတွေ ဖြေရှင်းနေရတဲ့အတွက် ဒုံဟျွန်းနောက်ကို လိုက်ပြီးအကြွေးကောက်ဖို့ရာက နမ်ဆွန်းရဲ့တာဝန်ဖြစ်လာခဲ့ပါတယ် .. ပေးစရာပိုက်ဆံမရှိတဲ့ ဒုံဟျွန်းနဲ့ မရမကအကြွေးလိုက်ကောက်နေတဲ့ နမ်ဆွန်းတို့ တွေ့တိုင်းစကားများရန်ဖြစ်ကြရင်း နှစ်ယောက်သား ဘယ်လိုသဘောကျသွားကြမှာလဲ .. မတူညီတဲ့ရောဂါတွေရှိနေတဲ့ သူတို့နှစ်ယောက်ကရော ဘယ်လိုဖေးမရင်း အတူတူဖြတ်သန်းသွားကြမှာလဲဆိုတာ ဒီကားလေးထဲမှာ ကြည့်ရှုခံစားလိုက်ပါဦးနော် အညွှန်းကို Vanessa မှရေးသားပေးထားပါတယ်။ File size…2.01GB / 734MB Quality… WEB-DL 1080p/ 720p Format…mp4 Duration….1h 45m Genre ….. Romance, Crime, Drama, Melodrama Subtitle….Myanmar Subtitle (Hard Sub) Translated by Vanessa Encoded by AHtet

6.7 2011
Pained
I Am Happy
6

I Am Happy (2008) ********************** ကျွန်တော်တို့ CM ကနေ ဒီတစ်ခေါက်တင်ဆက်ပေးမဲ့ ဇာတ်ကားကောင်းလေးက ငိုရမှကြည့်ချင်ပါတယ် ဇာတ်နာမှကြိုက်ပါတယ်ဆိုတဲ့သူတွေအတွက် ဇာတ်ကားကောင်းလေး တစ်ပုဒ်ဖြစ်တဲ့ I am happy ဆိုတဲ့ ဇာတ်ကားလေးပဲဖြစ်ပါတယ်။ အဓိက သရုပ်ဆောင်တွေအနေနဲ့လည်း ဂျိုမန်ဆူအဖြစ် ကျွန်တော်တို့ မိန်းမလှလေးတွေ အသည်းစွဲ ဗိုလ်ကြီးမင်းသား Hyun Bin နဲ့အတူ အီဆူဂယောင်းအဖြစ် Hide ထဲက မင်းသမီးချော Lee Bo Young တို့လို ရေလည်မိုက်တဲ့ မင်းသားမင်းသမီးတွေ ပါဝင်ထားကြပါတယ်။ ဇာတ်လမ်းလေးကတော့.. သူငယ်ပြန်နေတဲ့ အမေဖြစ်သူနဲ့ လောင်းကစားစွဲနေတဲ့ အစ်ကိုဖြစ်သူတို့ကြောင့် စိတ်ဒဏ်ရာပေါင်းများစွာရထားတဲ့ ဂျိုမန်ဆူ တစ်ယောက်ဟာ အချိန်ကြာလာတာနဲ့အမျှ အရူးတစ်ပိုင်းလိုဖြစ်ပြီး စိတ်ရောဂါကုဆေးရုံကို ရောက်လာတော့ပါတယ်။ ထိုဆေးရုံက သူနာပြုမလေး အီဆူဂယောင်းကတော့ ကင်ဆာရောဂါသည် ဖခင်ဖြစ်သူကို ပြုစုရင်း ဆေးရုံခရဖို့ အကြွေးတွေပိကာ စိတ်ဖိစီးမှုကို ပြင်းပြင်းထန်ထန် ခံစားနေရသူတစ်ဦးပါ။ စိတ်ကျန်းမာရေးထိခိုက်ထားသူ ဂျိူမန်ဆူတစ်ယောက် ဆေးရုံကိုရောက်ရောက်ချင်း တာဝန်ကျသူနာပြုမလေး အီဆူဂယောင်းကို ချစ်မိသွားတဲ့အခါ ဘယ်လိုတွေပြုမူမလဲ.. ဂျိုမန်ဆူနဲ့ အီဆူဂယောင်းတို့ရဲ့ ဘဝတွေကရော ဘယ်လောက်တောင်ကြမ်းတမ်းသလဲဆိုတာကို ဇာတ်လမ်းနာမည်နဲ့ မလိုက်တဲ့ I Am Happy ဆိုတဲ့ဇာတ်ကားလေးမှာ ကြည့်ရှူလိုက်ရအောင်နော်။ (ဇာတ်လမ်းအကျဉ်းကို Theint မှ ရေးသားပေးထားပါတယ်။) File size…1.84GB / 650MB Quality…WEB-DL 1080p/ 720p Format…mp4 Duration….1h 55m Genre ….. Life, Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Tiff Translated by Theint & Saung Yupar

6 2008 113 mins
I Am Happy
Swag
6.5

Swag (2024) “အမွေလုပွဲ” ကျား၊မ တန်းတူညီမျှရေးဆိုတာကို သရော်ထားတဲ့ တလေဂူးရုပ်ရှင်ကို တင်ဆက်ပေးလိုက်ပါတယ်။ အမျိုးသမီးတွေပဲကြီးစိုးနေတဲ့ ခေတ်ကာလတစ်ခု။ အဲဒါကိုဖောက်ဖျက်ပစ်ခဲ့တဲ့ ယောကျ်ားတစ်ယောက်။ မျိုးရိုးစဉ်ဆက် သားတွေကိုပဲ အမွေဆက်ခံဖို့စည်းမျဉ်းချထားခဲ့တဲ့ ဆွက်ဂါနီကာမျိုးဆက်။ ကာလရှည်လျားလာတာနဲ့အမျှ ဒီမျိုးဆက်က ယောကျ်ားလေးအမွေခံကိုရှာဖို့အတွက်တာဝန်က အိမ်တော်ထိန်းသားမိနှစ်ယောက်ပဲကျန်ရစ်ခဲ့ပါတယ်။ အိမ်တော်ထိန်းသားဖြစ်သူက အမွေတွေအပေါ်လောဘတက်ပြီး အပိုင်သိမ်းဖို့ကြံပေမဲ့ မိခင်ဖြစ်သူကို မလွန်ဆန်နိုင်တာကြောင့် အမွေခံယောကျ်ားလေးကိုရှာမတွေ့စေဖို့ကြိုးစားပေမဲ့ လူ့ချဉ်ဖတ် စုံစမ်းရေးမှူးကြီး ဘာဗာဘူသီက အမွေခံဆိုပြီး ရောက်ချလာတဲ့အခါမှာတော့…။ တကယ့်အမွေခံကို ရှာတွေ့မှာလား…။ အိမ်တော်ထိန်းသားဖြစ်သူ ဒါမှမဟုတ် ဘာဗာဘူသီကပဲ အမွေတွေကိုအပိုင်သိမ်းလိုက်မှာလားဆိုတာ ကြည့်ရှု။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပဲဖြစ်ပါတယ်)

6.5 2024 157 mins
Swag
Eephus
6.9

ဇာတ်လမ်းလေးကတော့ ဘေ့စ်ဘောဘိုးတော်ကြီးတွေရဲ့ နောက်ဆုံးဘေ့စ်ဘောပွဲစဥ်ကို ရိုက်ကူးထားတဲ့ Comedy Dramaကားလေးပါ… ဘာလို နောက်ဆုံးပွဲစဥ်လိုပြောရသလဲဆိုရင် သူတိုရဲ့ ဘေ့စ်ဘောကွင်းဟောင်းလေးကို ဖျက်သိမ်းပြီး ကျောင်း အသစ်ဆောက်ဖိုအတွက်စီမံချက်ကျလာလိုပါပဲ… ငယ်ဘဝအမှတ်တရတွေရှိတဲ့ ဒီဘေစ့်ဘောကွင်းလေးကို မဖျက်သိမ်းခင်ရှေ့တစ်ရက်မှာပဲ ဘိုး‌တော်ကြီးတွေက နောက်ဆုံးတစ်ပွဲကစားဖို စီစဥ်ကြပါတယ် အသက်တွေသာ ကြီးလာတယ် ငယ်ရွယ်စဥ်ကအတိုင်း ငယ်မူပြန်ပြီး ဘေ့စ်ဘောကစားချင်တဲ့သူတိုတစ်တွေ ဒီနောက်ဆုံး ပွဲစဥ်လေးကို ဘယ်လိုခက်ခက်ခဲခဲ ကစားကြမလဲ….. ပွဲအဆုံးထိကစားနိုင်အောင်ဘယ်လိုကြိုးစားကြမလဲ ဆိုတာကို ကြည့်ရင်း အားကစားစိတ်ဓာတ်နဲ့ငယ်ဘဝ သံယောဇဥ်ကို ခံစားရမယ့်ကားလေးပါ..။ ခရမ်းချဥ်သီးပုတ် ၁၀၀ အပြည့်ရထားတဲ့ ကားတစ်ကားမို စိတ်ပြေလက်ပျောက်ကြည့်လိုကောင်းမယ့်ကားလေးပါပဲ….. File size… (1.24 GB) / (611 MB) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 39m Genre …..Drama , Comedy Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Themes

Action • Crime
6.9 2025 98 mins
Eephus