YoteShin Drive is below this article. Scroll down to view.

In many countries, you have to work on Windows 11

Author: Anonymous Published on: 12 Aug 2022

Microsoft has confirmed that it has expanded its Android apps to run Android apps in 21 countries. Since the end of Tuesday, Windows 11 users can download Windows 11 users and enable Android app support. This update is available for download Android apps. Microsoft recommends at least 8GB RAM (16GB RAM); SSD (Solid-State Drive); Intel Core i3 8th Gen and above. It is said that there must be Virtual Machine Platforms. To enable Android app Support on your Windows computer, go to the Microsoft Store and download Amazon AppStore. Installing Windows Subsystem For Android and open the Amazon App Store and log in to Amazon account. Then you will find Android apps. The Amazon App Store has no current app, but it can block your favorite apps. WSA for Windows 11, WSA for Windows 11, andorra, Gibraltar, Gibraltar, Gibraltar, Guino, Iransey, Iraches, Liechten, United Kingdom, United Kingdom, United States, United States, United States, United States, United States, It has been released for Vatican City / Holy See. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

The Comments - EP.5.1080p.CM.mp4

511.96 MB N/A video/mp4 184 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Pretty Red Dress
6.7

Pretty Red Dress (2022) ================== သိပ်လှတဲ့ အနီရောင်ဝတ်စုံတစ်စုံက မိသားစုတစ်စုကို လုံးဝပြောင်းလဲ ပေးလိုက်တဲ့အကြောင်းပေါ့။ ဖုံးနေတာတွေ ပုန်းနေတာတွေ ပေါ်လာပြီး၊ မိသားစု၃ယောက်လုံး တစ်ဦးချင်းစီရဲ့သွင်ပြင်အစစ်အမှန်တွေကို ထွက် ပေါ်လာစေတယ်လို့ပဲ ဆိုရလေမလား။ သမီးကိုကျွေးမွေးဖို့ အလုပ်လုပ် ရင်း သူ့ရဲ့အိပ်မက်ကို လက်မလွှတ်နိုင်ဘဲ တစ်ဖက်တစ်လမ်းကနေ ဖြစ် ညှစ်ကြိုးစားနေတဲ့အမေ။ ယောက်ျားလေးဆန်ပြီး ဂျစ်ကန်ကန်နိုင်တဲ့ အပြင် မိဘတွေနဲ့အစေးမကပ်တဲ့ သမီးလေး။ ဇိုးလိုလို ဘာလိုလိုနဲ့ ထောင် ကနေ ထွက်လာခါစအဖေ။ တစ်နေ့မှာတော့ ချစ်ဇနီးရဲ့အလိုကိုအရင်းပြုလို့ အစ်ကိုဖြစ်သူရဲ့ဆိုင်မှာ အလုပ်လုပ်ပေးဖို့ဖြစ်လာပြီး အိမ်သူသက်ထားလိုချင်လှပါချည်ရဲ့ဆိုတဲ့ အနီရောင်ဝတ်စုံလှလှလေးကို မောင်မင်းကြီးသားက ချွေးနှဲစာနဲ့ မဖြစ် ညှစ်ကျယ်ဝယ်ပေးရှာတော်မူတယ်။ အဲလိုနဲ့ အဲဒီအနီရောင်ဝတ်စုံ သူတို့ အိမ်ရောက်လာချိန်ကစလို့ မထင်မှတ်ထားတဲ့ ပြဿနာတစ်ခုအရင်းပြု ပြီး မိသားစုဆက်ဆံရေးကြား အဖုအထစ်၊ချိုင့်ခွက်လေးတွေ ဟိုနေရာ သည်နေရာကနေ ပေါ်လာတော့တာပေါ့။ ပတ်ဝန်းကျင်က ဘယ်လိုပဲဖြစ်ဖြစ် ဘာတွေပဲပြောပြော၊ကိုယ့်ဘေးနားက ကိုယ့်မိသားစုလောက် အရေးကြီးပါ့မလား။ အဲဒီအနီရောင်ဝတ်စုံကြောင့် သူတို့၃ယောက်လုံး ပြောင်းလဲသွားတယ်။ အသိတွေပြောင်းလဲသွားတယ်။ အမူအကျင့်တွေပြောင်းလဲသွားတယ်။ အမြင်တွေပြောင်းလဲသွားတယ်။ နည်းလမ်းတွေပြောင်းလဲသွားတယ်။ ဒီမိသားစုကတော့ တစ်ဦးချင်းစီရဲ့ ပြောင်းလဲမှုတွေကို စစ်မှန်တဲ့သံယောဇဉ်တွေနဲ့ လက်ခံပေးခဲ့ကြပါသတဲ့လေ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Ngwe Zin ဖြစ်ပါတယ်) File Size..........(2.19 GB) / (804 MB) / (465 MB) Quality............WEB-DL 1080p / 720p / 480p Duration.........1Hr 50Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Drama Translator.......Ngwe Zin Encoder..........SWM

Mystery • Thriller
6.7 2023 110 mins
Pretty Red Dress
Dasara
6.5

မင်းသား Naniနဲ့ မင်းသမီးလေး Keerthy Suresh တို့ပါဝင်သရုပ်ဆောင်ထားတဲ့ရုံကားတစ်ကားဖြစ်ပြီး ဘတ်ဂျက်၆၅ကု​ဋေအထိ သုံးထားတဲ့အပြင် ၁၁၅ကုဋေအထိပြန်ရယူနိုင်တဲ့ ဇာတ်ကား​ကောင်း​လေးဖြစ်တဲ့ Dasaraကိုတင်ဆက်​ပေးချင်ပါတယ် ဗီရာလပိုင်ဆိုတဲ့ရွာ​လေးမှာ အရက်ကိုသူတို့ရိုးရာလို့ကိုမှတ်ယူထားကြတဲ့အထိ အရက်ကိုစွဲလမ်းကြတဲ့ လူ​တွေ​နေထိုင်ကြပါတယ် အရက်မ​သောက်ရရင် အလုပ်ပျက်အကိုင်ပျက်ထိုင်မှိုင်ကြတဲ့အထိကို အရက်စွဲ​နေကြသူ​တွေပါ ဒါ​တွေ​ကြောင့်လည်း ဒီရွာ​လေးမှာဖွင့်ထားတဲ့ဆစ်ခ်ဘားအမည်ရှိ အ ရက်ဆိုင်ဟာအရက်ဝယ်သူ​တွေကြိတ်ကြိတ်တိုးတိုးနဲ့ ဝင်လာမ​စဲတသဲသဲပါပဲ ဒါတင်မက​သေးပါဘူး ဒီဘားရဲ့​ငွေကိုင်ရာထူးကလည်းတစ်ရွာလုံးကလူ​​တွေအ​လေးစားရဆုံးရာထူးလည်းဖြစ်ပါတယ် တစ်ဖက်မှာလည်း ဒါရန်နီ ဆူရီ နဲ့ဗန်လာနီတို့က ငယ်ငယ်ကတည်းက သူငယ်ချင်း​ကောင်း​တွေဖြစ်ကာ ဒါရန်နီဟာ ဗန်လာနီကို ဟိုးက​လေးဘဝကတည်းကချစ်​နေခဲ့​ပေမယ့် သူငယ်ချင်းဖြစ်သူဆူရီက ဗန်လာနီနဲ့ချစ်​နေတာ​ကြောင့် ကိုယ်ကျိုးစွန့်လွှတ်ခဲ့ပြီး သူ့သူငယ်ချင်းနှစ်​ယောက်အကျိုးကိုပဲ အမြဲကြည့်​ပေး​နေခဲ့သူပါ တစ်​နေ့မှာ​တော့ ဗန်လာနီကိုတခြားလူတစ်​ယောက်နဲ့ အိမ်​ထောင်ချ​ပေးဖို့လုပ်ကြတဲ့မိဘ​တွေ​ကြောင့် ဒါရန်နီဟာ ဆူရီကိုလည်းရွာကကြီးမှူးကျင်းပတဲ့ခရစ်ကတ်ပြိုင်ပွဲကိုဝင်ပြိုင်​စေပြီး ဘားရဲ့​ငွေကိုင်ရာထူးကိုရ​အောင်ကြိုးစားကြပါ​တော့တယ် ဒါ​ပေမယ့်တကယ့်ပြိုင်ပွဲ​နောက်ကွယ်မှာ​တော့ ကြီးမှူးသူ​တွေရဲ့စနက်နဲ့ ပြိုင်ပွဲအနိုင်ရရှိသူကို သတ်မှတ်ထားပြီးသားမှန်းသိလိုက်ရတဲ့အခါ ဒါရန်နီနဲ့ဆူရီတို့အသင်းက ဘယ်လို​တွေလုပ်ကြမလဲ သူတို့​တွေဒီလိုလှည့်ကွက်​တွေနဲ့ပြည့်နှက်​နေတဲ့ ပြိုင်ပွဲကိုနိုင်ပါ့မလား အကွက်ချစီစဥ်မှူ​တွေကို ဘယ်လိုဖြတ်​​ကျော်ကြမလဲဆိုတာ ရင်ခုန်စိတ်လှုပ်ရှားစွာနဲ့ ကြည့်ရှူ့လိုက်ရ​အောင်​နော် File size…3.29GB / 1.45GB Quality…1080p WEB DL / 720p Format…mp4 Duration….2h 36m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by BpL~Yunni~KhinKhin

Drama
6.5 2023 159 mins
Dasara
One Fine Spring Day
7

Christmas in Augustတို့ April Snowတို့ The Last Princessတို့ Lost (TV series)တို့ရိုက်ခဲ့တဲ့ Hur Jin-hoရဲ့ Christmas in August အပြီး ဆက်ရိုက်ခဲ့တဲ့ကားပါ။ မင်းသားကတော့ လက်ရှိ Money Heist: Korea – Joint Economic Areaထဲက ပရော်ဖက်ဆာအဖြစ် လူသိများလောက်မယ့် ပတ်ချန်းဝုရဲ့ Oldboyတို့ Lady Vengeanceတို့ Hong Sang-sooရဲ့ Woman Is the Future of Manတို့ Dittoတို့လို ကိုရီးယားရဲ့မာစတာပိစ် ကားတွေမှာ အဓိကကျတဲ့ဇာတ်ကောင်တွေအဖြစ် သရုပ်ဆောင်ဖူးခဲ့တဲ့ Yoo Ji-taeပါ။ မင်းသမီးကတော့ ငယ်ငယ်က ချန်ဂင်အဖြစ် လူသိများခဲ့တဲ့ ပတ်ချန်းဝုရဲ့ Lady Vengeanceတို့ Joint Security Areaတို့ အဓိကဇာတ်ကောင်အဖြစ် သရုပ်ဆောင်ခဲ့ဖူးတဲ့ Lee Young-aeပါပဲ။ ဒါရိုက်တာရော သရုပ်ဆောင်တွေရော ဘာမှပြောစရာမရှိသလို ဇာတ်ကလည်း Christmas in Augustကို သဘောကျတဲ့လူတွေ သဘောကျမယ့် ဇာတ်ပါပဲ။ အဲဒီထက်တော့ ပိုရိုမန့်ဆန်ပေမဲ့ သူရိုက်နေကျအတိုင်း သူ့ရိုမန့်တွေက သဘာဝကျကျလေးနဲ့ကို အရမ်းငြိမ်ပါတယ်။ တစ်ခါတလေ ဘဝမှာ ရိုမန့်တစ်အဆန်ဆုံး ဘာတွေရှိဖူးလဲ ကိုယ့်ကိုယ်ကိုယ်ပြန်မေးကြည့်တော့ ရိုမန့်တစ်ကွေကွင်းခြင်းတွေကို အိပ်မက်မက်တယ်။ ကွေကွင်းခြင်းဟာ ရိုမန့်တစ်ဖြစ်ဖို့ တစ်ခါတလေလည်းခက်တယ်။ အချစ်ဟာ အဆုံးသတ်တစ်နေရာမှာ ကွေကွင်းကြဖို့ပဲမလား။ ကွေကွင်းခြင်းသာ ရိုမန့်တစ်မဆန်ဘူးလို့ ငြင်းလာရင်လည်း အဲဒီအချစ်က ရိုမန့်တစ်ဆန်ပါဦးမလား။ ထားပါတော့။ လူ့ကမ္ဘာဟာ ငရဲပဲဆိုပါစို့။ သေကွဲဟာ အကောင်းဆုံး ဇာတ်ပေါင်းခန်းလို့ရော တစ်ခါတလေ မြင်မိကြလား။ ကံကောင်းထောက်မခဲ့ရင်တော့ ရှင်ကွဲလည်း ဇာတ်ပေါင်းခန်းဖြစ်သွားနိုင်တာပါပဲ။ ကံကောင်းထောက်မခဲ့ရင်ပေါ့။ ဒီရုပ်ရှင်ဟာ ရိုမန့်တစ်ဆန်တဲ့အချစ်နဲ့ ရိုမန့်တစ်ဆန်တဲ့ ကွေကွင်းခြင်းအကြောင်း ရုပ်ရှင်ပါပဲ။ အညွှန်း နဲ့ ဘာသာပြန်ကတော့ WiRa Aung ပဲ ဖြစ်ပါတယ်။ Genre.....Drama, Romance Quality…. 1080p | 720p | 480p File size… 1.5GB | 880MB | 385MB Format… mp4 Duration….1h 46min Subtitle…. Myanmar Subtitle (Hardsub) Translator .....WiRa Aung Encoder ..... August

Drama
7 2001 106 mins
One Fine Spring Day
Sauna
6.2

တစ်ချိန်တုန်းက ကမ္ဘာ့မြေပုံဆိုတာဟာ အခုလို ပြည့်ပြည့်စုံစုံ မဟုတ်သေးဘူး။ ဒါကြောင့် နယ်မြေလုပွဲတွေတိုက်ပွဲတွေဆိုတာ ကလည်း အဆက်မပြတ်ကိုဖြစ်​နေခဲ့ပြီး နယ်နိမိတ်သတ်မှတ်ဖို့ ဆိုတာကလည်း ကော်မရှင်တွေဖွဲ့ပြီး နယ်စပ်ဝေးလံခေါင်ဖျားတဲ့ ဒေသတွေဆီ ခက်ခက်ခဲခဲသွားရတာမျိုးပေါ့။ Sauna ဆိုတဲ့ ဇာတ်ကားလေးကတော့ ၁၆ ရာစုအတွင်းက ညီ အစ်ကို ၂ ဦးရဲ့ ဇာတ်လမ်းလေးဖြစ်ပါတယ်။ ရုရှားနဲ့ ဆွီဒင်တို့ ကြားက နယ်နိမိတ်မျဉ်းသတ်မှတ်ဖို့အရေးမှာသူတို့ဟာ ကော်မရှင် အဖွဲ့ထဲပါဝင်ပြီး လမ်းခရီးမှာ မမျှော်လင့်တာတွေနဲ့ ကြုံတွေ့ခဲ့ရတယ်။ ဖခင်ဖြစ်သူကိုသတ် သမီးကို သေအောင်ဖြစ်ထားခဲ့ပြီးမှ မကျွတ် မလွတ်နဲ့ လိုက်နှောင့်ယှက်ခံရတာတွေ၊ နယ်စပ်မှာ ရှိနေတဲ့ Sauna တစ်ခုကို သူ့အပိုင်လိုလို ကိုယ့်အပိုင်လိုလိုနဲ့ ထူးဆန်းဖြစ်ရပ်တွေ ကြုံရတာတွေ သမိုင်းဖြစ်ရပ်ကို အခြေခံထားပြီး လမ်းခရီးတစ်လျှောက် ခြောက်ခြားစရာတွေ၊ ထင်ယောင်ထင်မှားဖြစ်တာတွေကို အမြင်သစ်နဲ့ တင်ဆက်ထားပါတယ်။ ဇာတ်လမ်းအမျိုးအစားကို Horror လို့သတ်မှတ်ထားပေမယ့်လည်း သရဲကားတစ်ကားလိုတော့မဟုတ်ပါဘူး။ တစ်စိမ့်စိမ့်နဲ့ မျောပါရမယ့် ဇာတ်လမ်းအမျိုးအစားဖြစ်တဲ့အကြောင်း ညွှန်းဆိုလိုက်ပါရစေ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Mugiwara Ya ဖြစ်ပါတယ်) File Size..........(5.43 GB) / (947 MB) / (453 MB) Quality............Blu-Ray 1080p / 720p / 480p Duration.........1Hr 23Mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Drama, Horror, Mystery Translator.......Mugiwara Ya Encoder..........SWM

Crime • Mystery • Thriller
6.2 2008 83 mins
Sauna
The Stairs
4.1

Horror, Mystery ဆုတွေ 28 wins, 14 nominations လောက်ရထားပြီး အတော်လေးစိတ်ဝင်စားဖို့ ကောင်းတဲ့ လျှို့ဝှက်ဆန်းကြယ် Horror ကားလေးလာပါပြီ။ ၁၉၉၇ ခုနှစ်မှာ ဂျင်းနဲ့ဂျက်ဆီမာတင်ဆိုတဲ့ မြေးအဖိုး ၂ ယောက်ဟာ အမဲလိုက်ကြရင်း တောနက်ကြီးထဲက လှေကားတစ်ခုနဲ့ လျှိ့ဝှက်တစ်ခါးပေါက်တစ်ခုကို တွေ့ရှိရာကနေ စူးစမ်းရင်း ပျောက်ဆုံးသွားပါတယ်။ သူတို့ နှစ်ယောက်ပျောက်သွားတဲ့ သတင်းဟာ နေထိုင်ရာနယ်မြို့လေးမှာ ဟိုးလေးတစ်ကျော်ဖြစ်သွားခဲ့ပြီး အဖိုးဖြစ်သူရူးပြီး ကလေးကို ရောင်းစားလိုက်တာလား၊ နှစ်ယောက်လုံး တိရိစ္ဆာန်တစ်ကောင်ကောင်ရဲ့တိုက်ခိုက်မှုကို ခံလိုက်ရတာလား...သို့လောသို့လော မေးခွန်းပေါင်းများစွာနဲ့ အဖြေမရှာနိုင်ဘဲ ဆုံးစုံးမြုပ် သွားခဲ့တာ နှစ်ပေါင်း ၂၀ ကြာသွားခဲ့ပါတယ်။ နှစ်ပေါင်း ၂၀ အကြာမှာ သူငယ်ချင်း ၅ ယောက်ပါ အဖွဲ့တစ်ဖွဲ့က ၅ ရက်တာ အပန်းဖြေ ကမ့်ထိုးခရီးထွက်ဖို့အတွက်ပဲ ဒီတောထဲကို ခြေလျင်ခရီးပြန်ထွက်ခဲ့ပါတယ်။ ပျော်ပျော် ရွှင်ရွှင်ခရီးထွက်လာတဲ့ သူတို့အဖွဲ့ကို စိတ်ခြောက်ခြားဖွယ် အန္တိဌာန်အာရုံတွေကနေ တစ်ခုပြီးတစ်ခု ခြောက်လှန့်ပြီး လာရာလမ်းကနေပြန်ဖို့ သတိပေးခဲ့ပေမယ့် ရှေ့ဆက် တိုးရာကနေ ....လွန်ခဲ့တဲ့ နှစ် ၂၀ က လှေကားကြီးတစ်ခုနဲ့ လျှို့ဝှက်ဝင်ပေါက်ကို ပြန်လည် တွေ့ရှိရာကနေ အမြဲလူသားဆာလောင်နေတဲ့ သတ္တဝါဆိုးကြီးတစ်ကောင်ကိုပါ တွေ့လိုက် ရတဲ့အခါမှာတော့.... လွန်ခဲ့တဲ့နှစ် ၂၀ က မြေးအဖိုးပျောက်ဆုံးမှုနဲ့ ဘယ်လိုဆက်စပ်နေမလဲ ....သူတို့အဖွဲ့ဘယ်လို အသက်ရှင်နေထိုင်လွတ်မြောက်ပါ့မလားဆိုတာကိုတော့ plot twist အရမ်းကောင်းပြီး စိတ်ဝင်စားဖို့ကောင်းတဲ့ Horror ကားလေးကို ကိုယ်တိုင်ပဲကြည့်ရှုလိုက်ပါ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Thiha Yan Naing ဖြစ်ပါတယ်) File Size - (2 GB) / (995 MB) / (650 MB) Quality – WebRip 1080p / 720p/480p Duration - 1h 32mins Subtitle – Myanmar Hardsub Format – MP4 Genre : Horror, Mystery Translator – Thiha Yan Naing Encoder – SWM

Horror
4.1 2021 92 mins
The Stairs
The Conjuring: The Devil Made Me Do It
7.5

အက်ဒ် နဲ့ လော်ရိန်း ဝါရန်လင်မယားရဲ့ သဘာဝလွန်အမှုတွေထဲက အဆိုးဆုံးအမှုတစ်ခုကို ဖြစ်ရပ်မှန်အပေါ်အခြေခံပြီး ရိုက်ကူးတင်ဆက်ထားတဲ့ ကွန်ဂျူးရင်း ၄ ကားမြောက် လာပါပြီ။ နိုင်ငံကျော် အာနီ ဂျွန်ဆန်ရဲ့လူသတ်မှုပဲ ဖြစ်ပါတယ်။ ဓားနဲ့ ၂၂ ချက်တိတိထိုးသတ်ခဲ့တဲ့ အာနီဟာ နတ်ဆိုးပူးကပ်ပြီး လုပ်ခဲ့မိတာဖြစ်ကြောင်း တရားရုံးမှာထွက်ဆိုလာပါတယ်။ ဒီလို လူသတ်မှုမျိုးဟာ ထောင်ဒဏ် အနှစ် ၂၀ လောက်ကနေ သေဒဏ်အထိ ချနိုင်လောက်အောင် ပြင်းထန်တဲ့အပြင် နတ်ဆိုးပူးကပ်မှုဆိုတာ တရားရုံးမှာ သက်သေပြဖို့လည်း မလွယ်ခဲ့ပါဘူး။ ဒီရုပ်ရှင်မှာတော့ ဝါရန်လင်မယားဟာ ဘယ်လို နတ်ဆိုးတွေနဲ့ ဘယ်လို သဘာဝလွန်အဖြစ်အျပက်တွေကို ထပ်ပြီးစုံစမ်းရဦးမလဲဆိုတာ ကြည့်လိုက်ကြရအောင် Translator:- Mr.Anderson Encoder: August File Size: 1.33 GB and 2.5GB Quality: 720p nd 1080p Subtitle: Myanmar (Hardsub) Duration: 1h 52min

Drama
7.5 2021 111 mins
The Conjuring: The Devil Made Me Do It
White Noise 2: The Light
5.7

အမေရိကန်နိုင်ငံမှာ နေ့စဉ်လူတစ်သောင်းနီးပါးဟာအကြောင်းအမျိုးမျိုးနဲ့သေဆုံးလျက်ရှိပြီး သေဆုံးမှုအများစုဟာ မြို့ပြဝန်းကျင်မှာဖြစ်ပါတယ်။လူတစ်ဦးကိုသေဆုံးပြီလိုအတည်ပြုအပြီး သတိပြန်မလည်လာခင်အချိန်မှာ မျက်စိကွယ်လုနီးပါးတောက်ပတဲ့အဖြူရောင်အလင်းတန်းကိုတွေ့မြင်ရတဲ့အတွေ့အကြုံကိုသေလုနီးပါးအတွေ့အကြုံ(NDE)လို့ခေါ်ဆိုပြီး ပျှမ်းမျှအနေနဲ့ အမေရိကန်မှာ သေလုနီးပါးအတွေ့အကြုံ (NDE) ကိုကြုံဆုံရသူ တစ်နေ့ကို ၇၇၄ ဦးဝန်းကျင်ရှိတယ်လို့သိရပါတယ်။ဒီမှာဆိုရင်သေရွာပြန်လို့ခေါ်တဲ့လူမျိုးဖြစ်ပါလိမ့်မယ်။ Abe ဟာ သူ့ဇနီး၊သားတို့နဲ့အတူ မနက်စာထွက်စားနေတဲ့အချိန်မှာ လူတစ်ယောက်က သူ့ဇနီးနဲ့သားကို သေနတ်နဲ့အသေအချာချိန်ရွယ်ပစ်ခတ်ခဲ့ပြီး သူ့ကိုတောင်းပန်ကာ သူ့ကိုယ်သူလည်းသေနတ်နဲ့ပစ်သတ်သွားခဲ့ပါတယ်။ ဝေခွဲမရတဲ့စိတ် ယူကျုံးမရစိတ်တွေနဲ့ ဖြေမဆည်နိုင်တဲ့ Abe ဟာဆေးအလွန်အကျွံသောက်ပြီး သူ့ကိုယ်သူသတ်သေဖို့ကြိုးစားခဲ့ပေမယ့် သူ့သူငယ်ချင်းက အချိန်မှီသိရှိကယ်တင်နိုင်ခဲ့ပြီး သတိပြန်လည်မလာခင်အချိန်မှာ NDE အတွေ့အကြုံကိုရရှိခဲ့တဲ့နောက် Abe ဟာသေဆုံးတော့မယ့်လူတွေကိုသူတို့ဘေးမှာဖြာထွက်နေတဲ့အဖြူရောင်အလင်းတန်းတွေကတစ်ဆင့်ကြိုမြင်နိုင်စွမ်းရှိလာခဲ့ပါတယ်။ ဒီလိုနဲ့ အဲ့ဒီအစွမ်းကိုအသုံးချပြီးသေဘေးဆိုက်တော့မယ့်လူတွေကို ကယ်တင်နိုင်ခဲ့ပေမယ့် သူဟာကြီးမားတဲ့အမှားတွေတစ်ခုပြီးတစ်ခုကျူးလွန်နေခဲ့တာတွေကိုသိရှိလာရပြီးတဲ့နောက် သူ့ဇနီးနဲ့သားကိုပစ်သတ်သွားတဲ့သူဘာကြောင့် အဲ့ဒီလိုလုပ်ခဲ့ရတယ်ဆိုတဲ့အဖြေကိုပါ နားလည်လာတဲ့အခါမှာတော့..။မူရင်းဇာတ်ကားကို မှီရုံတင်မက မူရင်းထက်ပါ ပိုသာတဲ့ ရှားရှားပါးပါး Sequel တွေထဲက တစ်ခုဖြစ်ပါတယ်။မူရင်းဇာတ်ကားနဲ့ ချိတ်ဆက်မထားတဲ့ Stand alone sequel တစ်ခုလည်းဖြစ်တဲ့အတွက် Horror ပရိသတ်တွေလက်လွတ်မခံသင့်တဲ့ကားကောင်းတစ်ကားပါ။ File size…(1.6 GB)/(811 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:39:00 Genre…Thriller, Horror, Fantasy Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Alias

5.7 2007
White Noise 2: The Light
WALL·E
8.4

ဒီတစ်ခါတော့ IMDb Rate 8.5 အထိရရှိထားတဲ့ Animated Film လေးတစ်ခုမိတ်ဆက်ပေးချင်ပါတယ် ကာတွန်းကားကိုကလေးတွေပဲကြည့်တဲ့ကားလို့ပြောတဲ့ခေတ်ကုန်ခဲ့ပါပြီ… ကာတွန်းကားတိုင်းကိုတော့မဆိုလိုပါ… ကမ္ဘာကျော် Animation ကုမ္မဏီတွေက နှစ်စဉ်အောင်မြင်မှုတွေများစွာရတဲ့ Animation ရုပ်ရှင်တွေကို အမြဲထုတ်ပေးခဲ့ပြီး အောင်မြင်ခဲ့တဲ့ရုပ်ရှင်တွေမှာလည်းပေးချင်တဲ့ Messageရည်ရွယ်ချက်တွေ..အများကြီးတွေ့ရပါတယ်.. ယူတတ်ရင်သင်ခန်းစာတောင်ရပါသေးတယ် ဥပမာပြောရမယ်ဆိုရင် Up ကာတွန်းလေးက သာမန် ကာတွန်းကားတစ်ကား တင်မဟုတ်ပဲ၊ အက်ရှင် ဒရမ်မာ ကောင်းကောင်း နဲ့ ရိုက်ကူးထားတဲ့ Animated Film တစ်ခုဖြစ်ပါတယ်။ ဇာတ်လမ်း ကောင်းကောင်း နဲ့ လူကြီး လူငယ် ပရိတ်သတ် အားလုံးကို ဖမ်းစားနိုင်ခဲ့ပါတယ်။ ကျွန်တော် အနေနဲ့ ရုပ်ရှင်တွေတော်တော်များများ ကြည့်ဖူးပေမယ့် ကြည့်ရင်းနဲ့ မျက်ရည်ဝဲလောက်အောင် ခံစားချက်ရသပေးနိုင်တဲ့ ကားမျိုး က လက်ချိုးရေလို့ရပါတယ်။ ဒီ UP ကတော့ ဇာတ်လမ်း အစမှာထဲက တင်ဆက်ပုံကောင်းကောင်းနဲ့ ပရိတ်သတ်ကို ဖမ်းစားသွားနိုင်ခဲ့ပါတယ်…. အခုဒီ Wall-E ဆိုတဲ့ Animated Film ဟာ..2008 ခုနှစ်မှာထွက်ရှိခဲ့ပါတယ်.. IMDb မှာ Rating က 8.5/10 ထိရရှိထားပါတယ် Pixar၏ သမားရိုးကျ ဇာတ်လမ်းများမှ အသိသာဆုံး ခွဲထွက်ခဲ့သည့်WALL-Eသည် ထုတ်လုပ်မှု ကုန်ကျ စရိတ် ဒေါ်လာ သန်း(၁၈၀)ထိ ရှိခဲ့ပါတယ် ယင်းဇာတ်ကားသည် ကမ္ဘာမြေပေါ်မှ ညစ်ညမ်းမှုများကို လိုက်လံသန့်ရှင်းရန် ဒီဇိုင်းထုတ် ဖန်တီးထားတဲ့ အထီးကျန် စက်ရုပ်လေး၏ စွန့်စားခန်းကို ပုံဖော်ထားခြင်း ဖြစ်ပါတယ်.. ဇာတ်ကားအစ မိနစ်(၄၀)ခန့်ထိ ထူးခြားသော တင်ဆက်ပုံများကို တွေ့မြင်နိုင်ပြီး အပြန်အလှန် စကားပြောဆိုမှုပင် အလွန်နည်းပါးခဲ့တာကိုတွေ့ရပါမယ်..။ အစဉ်အလာဟောင်းများကို တော်လှန်ခဲ့သည့် Pixar ၏ ဇာတ်ကားသည် အောင်မြင်မှုများစွာ ရရှိခဲ့ပြီး ဒေါ်လာ သန်း(၅၂၀)ကျော်ထိ ရုံဝင်ကြေး ရရှိခဲ့ပါတယ်.. ယင်းဇာတ်ကားသည် အကယ်ဒမီ ဆုပေးပွဲတွင် ကဏ္ဍအတော်များများအတွက် ဆန်ခါတင်စာရင်းတွင် ပါဝင်ခဲ့ပြီး ထူးခြားမှု တစ်ရပ်အဖြစ် WALL-Eသည် TIME မဂ္ဂဇင်း၏ ဆယ်စုနှစ်အတွင်း အကောင်းဆုံး ရုပ်ရှင်များ စာရင်း၌ နံပါတ်(၁)နေရာ၌ သတ်မှတ်ခံခဲ့ပါတယ်.. ဒီလောက်ဆိုရင်ညွှန်းတာတော်လောက်ပါပြီ.. ဆက်လက်ခံစားကြည့်ရှုကြပါ File Size : (2.95 GB & 1.41 GB & 759 MB) Quality : Blu-Ray 4k & 1080P & 720P Running Time : 1hr 38min Format : Mp4 , MKV Genre :Animation, Adventure, Family Subtitle : Burmese Translated by : JimX Encoded by : Thit San Khant

Action
8.4 2008 98 mins
WALL·E
Popran
5

2022 ခုနှစ်ရဲ့ Best comedy award အပါအဝင် ဆုပေါင်း 14 ခုမှာဇကာတင်ခဲ့တဲ့ ဟာသဇာတ်ကားတစ်ကားဖြစ်ပြီး IMDb 6.3 ရရှိထားပါတယ် အယ်လ်ဒိုးရပ်စ်ဆိုတဲ့ ရော့ခ်စတားနဲ့ သီချင်းထုတ်လုပ်ရေးကုမ္ပဏီဝန်ထမ်း အာရွန်တို့နှစ်ယောက် ဂယက်ပေါင်းတစ်သိန်းနဲ့ တလွဲတွေဖြစ်နေတာကိုကြည့်ရှုရမှာပါ ဇာတ်လမ်းအကျဉ်း….. အယ်လ်ဒိုးရပ်စ်ကတော့ တချိန်ကအရမ်းနာမည်ကြီးခဲ့တဲ့ ရော့ခ်စတားတစ်ယောက်ဖြစ်ပြီး ရည်းစားနဲ့ပြတ်လို့အသဲကွဲရာကနေ အရှုံးသမားကြီးလုံးလုံးဖြစ်သွားပါတော့တယ် အာရွန်ကတော့ သီချင်းထုတ်လုပ်ရေးကုမ္ပဏီကဝန်ထမ်းဖြစ်ပြီး အယ်လ်ဒိုးရပ်စ်ရဲ့ comeback အတွက်တာဝန်ပေးခံရတာပါ အာရွန်တစ်ယောက် အယ်လ်ဒိုးရပ်စ်ကို ဖျော်ဖြေပွဲအမှီသွားခေါ်ရင်း လမ်းမှာ သူတို့နှစ်ယောက် တစ်မျိုးတစ်ဖုံမရိုးရအောင် အလွဲတွေချည်းဆက်တိုက်ဖြစ်နေပါတော့တယ် အာရွန်တို့နှစ်ယောက်သား တလွဲတွေကြားကနေဖျော်ဖြေပွဲအထိအရောက်သွားနိုင်ပါ့မလား အယ်လ်ဒိုးရပ်စ်ရဲ့ comeback ကရော ထင်ထားသလိုအောင်မြင်နိုင်ပါ့မလားဆိုတာကို ရယ်ရယ်မောမောနဲ့ကြည့်ရှုရမှာဖြစ်ပါတယ် File size…(1.2 GB)/(647 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:36:00 Genre…Comedy, fantasy, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by AKM

Comedy • Horror • Crime • Fantasy
5 2022
Popran
The Nun
5.6

ကျွန်တော်တို့ ဗုဒ္ဓဘာသာအယူအဆမှာ အသူရကာယ်တွေ ဘီလူးမိစ္ဆာတွေရှိကြသလို အနောက်တိုင်းလောကမှာလဲအဲ့ဒီလိုပုံစံလေးတွေရှိပါတယ် သူတို့အခေါ်တော့ The Demon နတ်ဆိုးတွေပေါ့ နတ်ဆိုးလို့ပြောလိုက်ပြီဆိုတာနဲ့Conjuring Universe က Crooked Man တို့ The Nun တို့ကိုပြေးမြင်မိကြမှာပါ The Nun ဆိုတာနဲ့ မျက်နှာအဖွေးသားအစွယ်တဖွေးဖွေးနဲ့သီလရှင်ကြီးဆိုတာ မျက်လုံးထဲပြေးမလွတ်ပါဘူး အနောက်တိုင်းနတ်ဆိုးလောကမှာ The Nun ခေါ် Valak က evil books တွေမှာတစ္ဆေထိန်းမိစ္ဆာကြီးအဖြစ်နေရာယူထားပေမယ့် အခု The Nun(2018)မှာတော့ သီလရှင်ကြီးအနေနဲ့တွေ့ရမှာပါ ဇာတ်လမ်းအကျဉ်းကတော့ ရိုမေးနီးယား က စိန့်ခါသာဆိုတဲ့ church ကြီးမှာသီလရှင်တစ်ပါးသေကြောင်းကြံစည်ခဲ့ပါတယ် ဒါနဲ့ပဲ Catholic ဘာသာဝင်တို့ရဲ့ဌာနချုပ်ဖြစ်တဲ့ ဗာတီကန်စီးတီးကဘုန်းတော်ကြီးတွေက သီလရှင်အသစ်လေးတစ်ပါးနဲ့ ဘုန်းတော်ကြီးတစ်ပါးကိုခြေနေဆိုးကောင်းသိရအောင်လွှတ်ပေးလိုက်ပါတယ် ဒါပေမယ့် ရိုမေနီးယားလဲရောက်ရော ဒီသာမန်သီလရှင်တစ်ပါးသေကြောင်းကြံမှုနောက်ကွယ်က ဘယ်ကိစ္စကကြိုးကိုင်နေလဲဆိုတာစုံစမ်းရင်း အစွယ်အဖွေးသားနဲ့အင်မတန်အားကြီးတဲ့နတ်ဆိုးမကြီးနဲ့ ပတ်သတ်မိကြတော့တာပါပဲ ဇာတ်လမ်းအဆုံးမှာConjuring 1 နဲ့ပြန်ချိတ်ပေးထားလို့ Conjuring universe ကိုခုံမင်တဲ့သူတွေအတွက်ကြည့်သင့်တဲ့ကားပါ ပုံမှန်ခြောက်နေကြတစ္ဆေတွေနဲ့ကွဲထွက်ပြီး သီလရှင်ပုံစံအသွင်ယူထားတဲ့ Valak ရဲ့ကျောချမ်းစရာအသံနက်ကြီးနဲ့တင်ဇာတ်လမ်းကိုဆွဲခေါ်သွားပေးမှာဖြစ်ပါတယ် (ရုပ်ရှင်အညွှန်းကို Hein Thet Naing မှတင်ဆက်ထားပါတယ်။)

5.6 2018 96 mins
The Nun
Under Your Bed

18+ Under Your Bed (2023) ၁၈ ယောက် စုကြည့်မှရမယ့် Thriller, Melodrama ဇာတ်ကားသစ်လေး ထွက်ရှိလာပါပြီ။ ဘဝရဲ့အဓိပ္ပာယ် ပျောက်ဆုံးနေခဲ့တဲ့ ဂင်ဂျီဟွန်းဟာ တက္ကသိုလ်မှာ ယယ်အွန်းဆိုတဲ့ကောင်မလေးကို တွေ့ခဲ့ပြီးတဲ့နောက် သူ့ရဲ့ဘဝမှာ ပျော်ရွှင်မှုဆိုတာကို ခံစားခဲ့ရပါတယ်။ ဒါပေမဲ့ အချစ်ဦးတို့ရဲ့ထုံးစံအတိုင်း ကွဲကွာခဲ့ကြရပြန်ပါတယ်။ ဒီလိုနဲ့ နှစ်တွေကြာပြီးတဲ့နောက်မှာတော့ တက္ကသိုလ်ကအချစ်ဦး ယယ်အွန်းကိုရှာဖွေဖို့ ဂျီဟွန်းတစ်ယောက် ကြိုးစားရင်း အိမ်တွင်းအကြမ်းဖက်ခံနေရတဲ့ ငယ်ချစ်ဦးယယ်အွန်းကို တွေ့လိုက်ရတဲ့အချိန်မှာတော့…။ ခင်ပွန်းဖြစ်သူရဲ့ အနိုင်ကျင့်နှိပ်စက်မှုအောက်မှာ မရှုမလှခံစားနေရတဲ့ ယယ်အွန်းကို သူ့ရဲ့အိပ်ရာအောက်ကနေ အမြဲတမ်းစောင့်ကြည့်နေတဲ့ ဂျီဟွန်းတစ်ယောက် ဘယ်လိုကယ်တင်ပေးနိုင်မလဲဆိုတာ စိတ်ဝင်စားဖွယ် ကြည့်ရှုရမယ့် Thriller, Melodrama ဇာတ်ကားလေးတစ်ကားပဲ ဖြစ်ပါတယ်နော်။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Hmwe ပဲ ဖြစ်ပါတယ်။ Genre….. Romance, Thriller Quality…. 1080p | 720p File size… 1.2GB | 499MB Format… mp4 Duration…. 1h Subtitle…. Myanmar Subtitle (Hardsub) Translator ….. Hmwe Encoder ….. Blank

0 2023
Under Your Bed
Bad Behaviour
5

Bad Behavior ဇာတ်ကားဟာ ၂၀၂၃ ခုနှစ်မှာ ထွက်ခဲ့တဲ့ Dark Comedy, Drama ဇာတ်ကားလေး တစ်ကား ဖြစ်ပါတယ်…. A Beautiful Mind, Requiem For a Dream စတဲ့ ဇာတ်ကားတွေမှာ ပါဝင်သရုပ်ဆောင်ခဲ့ပြီး A Beautiful Mind ဇာတ်ကားနဲ့ အော်စကာဆုရခဲ့တဲ့ မင်းသမီးကြီး Jennifer Connelly ရဲ့ အမေနဲ့သမီး ဇာတ်ကားလေးပဲ ဖြစ်ပါတယ်။ Connelly သရုပ်ဆောင်ထားတဲ့ Lucy ဆိုတဲ့ အဓိက ဇာတ်ကောင်က သူ့ရဲ့စိတ်ဒဏ်ရာတွေကို ကုစားဖို့ အမေရိကန်က စိတ်ငြိမ်းချမ်းရေးကုသမှုစခန်းကို ဝင်ရောက်ခဲ့ပါတယ်။ အဲဒီစခန်းမှာ သူ့ရဲ့ စိတ်ဒဏ်ရာတွေ အကြောက်တရားတွေက သူမကို ဘယ်လို ဒုက္ခပေးမလဲ သူနဲ့ ဝေးကွာနေတဲ့ စတန့် သရုပ်ဆောင် သူ့သမီးကြားမှာ ဘယ်လိုအဖုအထစ်တွေ ရှိမလဲ သူနဲ့သူ့သမီး ပြန်ဆုံတဲ့အခါမှာ ဘယ်လိုတွေ ဖြစ်ကြမလဲ ဆိုတာတွေကို ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်…. ဒီဇာတ်ကားက ဇာတ်လမ်းဆိုတာထက် ကြည့်တဲ့သူတွေ အတွေးတွေနဲ့ မင်းသမီးနေရာမှာ ဝင်ရောက်ခံစားစေမဲ့ emotional ဇာတ်ကားတစ်ကားဖြစ်လို့ အတွေးကောင်းကောင်းနဲ့ မင်းသမီးရဲ့သရုပ်ဆောင်မှု ကောင်းကောင်းတွေကြား မျှောချင်သူတွေ ကြည့်သင့်ပါကြောင်း အသိပေးလိုက်ပါတယ်… File size…1.25GB / 503MB Quality…WEB-Rip 1080p 5.1CH / 720p Format…mp4 Duration….1h 49m Genre ….. Comedy , Drama , Horror Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Lin Aung

5 2023 107 mins
Bad Behaviour
Chillerama
5.6

(ပြင်းထန်တဲ့စကားလုံးအသုံးအနှုန်းနဲ့ ဇာတ်ဝင်ခန်းတွေကြောင့် မိသားစုနဲ့ကြည့်ဖို့မသင့်တဲ့ ဇာတ်ကားတစ်ကားအဖြစ် ကြိုတင်အသိပေးပါရစေ) Chillerama ကတော့ ရုပ်ရှင်ဝါသနာတူပြီး ဟော်ရာရုပ်ရှင်အမျိုးအစားအပေါ်မှာ အကြိုက်တူတဲ့ ဒါရိုက်တာ ၄ ယောက်တွေ့ဆုံရာကနေ မွေးဖွားလာခဲ့တဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ ရုပ်ရှင်ဒါရိုက်တာ Adam Rifkin နဲ့ Tim Sullivan တို့ စတင်ခဲ့တဲ့စိတ်ကူးတစ်ခုကို ခေတ်နဲ့အံမဝင်ခဲ့တာကြောင့် ပုံမဖော်ခဲ့ပေမယ့် Adam Green နဲ့ Joe Lynch တို့နဲ့ပါ တွေ့ဆုံပြီးချိန်မှာတော့ ၄ ယောက်ပေါင်း လောင်းကျော်ဖို့ ဖြစ်လာပါတော့တယ်။ ရလဒ်အနေနဲ့ Wadzilla, Teenage Werebear, Diary of Anne Frankenstine နဲ့ Zom-B-movie ဆိုတဲ့ Short Movies ၄ ကား ရလာခဲ့ပါတယ်။ ထိုဇာတ်ကားများကို စုပေါင်းပြီး Anthology Film တစ်ခုအဖြစ် Chillerama ကို ဖန်တီးခဲ့ကြပါတယ်။ ဇာတ်ကားတစ်ကားချင်းစီကလည်း ခေတ်တစ်ခေတ်ရဲ့ Horror Genre တစ်ခုချင်းစီကို လှောင်ပြောင်ထားတဲ့ ဇာတ်ကားတွေဖြစ်လို့ ပရိသတ်နဲ့ အမြင်မစိမ်းတဲ့ ဇာတ်ကားတွေထဲက ဇာတ်ကွက်များကို ဟာသအမြင်နဲ့ ပြန်လည်တင်ဆက်မှုတွေကို ပြုံးထေ့ထေ့နဲ့ ကြည့်ရမယ့်ကားမျိုးလည်း ဖြစ်ပါတယ်။ အရာရာကို ဟာသဖောက်ပြောဆိုတတ်တဲ့ လူတွေကို အပြင်လောကမှာ မြင်တွေ့နိုင်သလို ထိုအတွေးအမြင်မျိုးနဲ့ ဒါရိုက်တာတွေ စိတ်ကူးဆန်းဆန်းနဲ့ တင်ဆက်ထားတဲ့ Horror Comedy ဇာတ်ကားတစ်ကားကိုလည်း CM ပရိသတ်ရှေ့မှောက် တင်ဆက်ပေးလိုက်ပါတယ်။ File size… 1.6 GB / 754 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 2hrs Genre ….. Action/Comedy/Horror Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Hein Tayza Translated by Sai Sumali

Thriller • Crime • Romance
5.6 2011 120 mins
Chillerama
[18+] Sci-Fi Vixens From Beyond
5.5

(၁၈ ယောက်စုကြည့်ရမယ့် ဇာတ်လမ်းဖြစ်တဲ့အတွက် မိသားစု/ကလေးများ ကြည့်ရှုရန် မသင့်ပါ) တခြားဂြိုလ်ကနေ ကမ္ဘာမြေ ဂြိုလ်စနစ်ထဲကို ရောက်ရှိလာတဲ့ ပရော်ဖက်ဆာနဲ့ ကျောင်းသူလေး။ ကျောင်းသူလေးကို ကမ္ဘာမြေ ယဉ်ကျေးမှုဘာညာအကြောင်း စာတမ်းရေးခိုင်းတယ် ဒါကြောင့် သူ့ကို ကမ္ဘာမြေပေါ် သွားလည်ပတ်ခွင့် ပြုမယ်ပေါ့။ အဲဒီမှာတင် ဂြိုလ်သားကျောင်းသူလေး ကမ္ဘာမြေအကြောင်း သိမှတ်စရာတွေ ယူပြီး ကမ္ဘာမြေပေါ် ရောက်ခဲ့ရာကနေ ယောက်ျားလေး ၁ ယောက် မိန်းကလေး ၂ ယောက်နဲ့ ဆက်တွေ့ပြီး ဘာတွေဖြစ်မလဲဆိုတာကို ကြည့်ရှုရမှာပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ TRA ပဲဖြစ်ပါတယ်။) File size…(2.4 GB) / (950 MB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Duration….01:15:26 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by TRA

Family • Drama
5.5 2024
[18+] Sci-Fi Vixens From Beyond
Hard Boiled
7.8

Hard Boiled (1992) IMDb – 7.8, Rotten Tomatoes – 94% John Woo ရဲ့ ပစ္စတိုအော်ပရာတစ်ပုဒ်ကို ကြည့်ချင်တယ်ဆိုပါစို့။ Hard Boiled ဟာ ခင်ဗျားချန်ထားခဲ့လို့မရတဲ့ကားပဲ။ ဂျွန်ဝူးရဲ့ အကောင်းဆုံးတွေအကြောင်းပြောရင် Hard Boiled ကို ကျုပ်တို့တွေ ဖယ်ထားလို့မရဘူး။ ဒီရုပ်ရှင်အပြီးမှာ သူဟာ ခင်ဗျားတို့ ကြိုက်လှပါရဲ့ပြောကြတဲ့ Windtalkers တို့ Face / Off တို့ကို ဟောလိဝုဒ်ထွက်ရိုက်နိုင်တဲ့အထိ ခြေဆန့်နိုင်ခဲ့တယ်။ Mission:Impossible 2 ကိုလည်း သူပဲရိုက်ခဲ့တာပဲ။ ဂျွန်ဝူးရဲ့ လက်စွဲတော်ချောင်ယွန်ဖတ်နဲ့အတူ ရှမ်းကြီးအဖေ တိုနီလျောင်ချူဝေကိုလည်း ဒီကားထဲမှာ ခင်ဗျားတို့တွေ့ရလိမ့်မယ်။ ဝါတော့နည်းနည်းနုသေးတာပေါ့။ ချောင်ယွန်ဖတ်ကြီးကတော့ သူ့စတိုင်အတိုင်း သွားကြားထိုးတံကြီးတခဲခဲနဲ့ သေနတ်တွေပစ်ပြနေတာပါပဲ။ ရှားရှားပါးပါးချောင်ယွန်ဖတ် ရဲနေရာက သရုပ်ဆောင်တဲ့ကားဆိုလည်း မမှားဘူး။ Hard Boiled ကိုတော့ ကျွန်တော့်အနေနဲ့ပြောရရင် မာတင်စကောဆေးစိကြီး ကူးချလိုက်ရတဲ့ Internal Affairsကားတွေကို အစပျိုးပေးတဲ့နေရာလို့ထင်မိတယ်။ ဂျွန်ဝူးရဲ့ Heroic Bloodshed ပုံစံအတိုင်း ပစ်ခန်းတွေ အရင်ကားတွေထက်ပိုများပေမဲ့ သူ့ဟန်ဖြစ်တဲ့ ဒရာမာချိုးပြီး ပရိတ်သတ်ရဲ့ ခံစားချက်ကို ခလုတ်တိုက်စေတဲ့ ဇာတ်၀င်ခန်းတွေကို မြင်ရဦးမှာပဲ။ ဒါလည်း သူ့အရသာပဲမလား။ သာမန်အက်ရှင်ကား ကြည့်ချင်မှတော့ ဂျွန်ဝူးကား ဘယ်ကြည့်မလဲ။ အက်ရှင်ကားမှာကို လူကိုဆွေးတမြေ့မြေ့ဖြစ်စေတဲ့ အရသာမျိုး ဂျွန်ဝူးလိုပေးနိုင်တဲ့သူ ရှားတယ်မို့လား။ သူ့နောက်က ဒါရိုက်တာတွေ လုပ်ကြည့်ကြတာ မြင်ဖူးပေမဲ့ သူ့လိုဖြစ်လာတာတော့ မမြင်ဖူးဘူး။ ဒါလည်း သူ့ Themeပဲကိုး ။ 1992မှာရိုက်ခဲ့တဲ့ ဒီဂျွန်ဝူးကားက သူ့ Heroic Bloodshed Theme ရဲ့ အပိတ်လို့ဆိုလို့ရတယ်။ဒီကားနောက်ပိုင်း သူဒီပုံစံတွေမရိုက်တော့သလို ချောင်ယွန်ဖတ်နဲ့လည်း တွဲမရိုက်တော့ဘူး။ အမေရိကလစ်ပြီး အဲဒီမှာပဲရိုက်တော့တယ်။ နောက်ကျမှ ပြန်ရိုက်ဖြစ်တာက Red Cliffတို့ The Crossingတို့ပေါ့။ သို့ပေမဲ့ Theme ပြောင်းသွားခဲ့ပြီ။ အလှပဆုံး အပိတ်နဲ့ ပိတ်လိုက်တာပါပဲ။ ပုံမှန်ဂျွန်ဝူးကားတွေကို ဂျွန်ဝူးကိုယ်တိုင် ဇာတ်လမ်းရေးတာများပေမဲ့ ဒီကားမှာတော့ အဲဒီနှစ်မှာပဲ နှလုံးရောဂါနဲ့သေသွားတဲ့ ဘယ်ရီဝေါင်ရဲ့ ဇာတ်လမ်းနဲ့ ရိုက်ထားခဲ့တယ်။ ဇာတ်လမ်းရှင်ကလည်း ချောင်ရဲ့ Fight Back To School တို့၊ Mr. Vampire တို့ကို ဇာတ်ညွှန်းရေးခဲ့တဲ့သူပေါ့။ Hard Boiled ဟာ ချောင်ယွန်ဖတ်နဲ့ ဂျွန်ဝူးရဲ့ နောက်ဆုံးတွဲရိုက်တဲ့ကားဖြစ်သလို ချောင်ယွန်ဖတ်နဲ့ ဝေါင်ကာဝေးဖန်‌တွေရဲ့ အချစ်တော်ကြီး တိုနီလျောင်ချူဝေ ဆုံစည်းခဲ့တဲ့ တစ်ကားတည်းသောကားလည်းဟုတ်တယ်။ Heroic Bloodshed Theme ရဲ့ နောက်ဆုံးကားလည်းဟုတ်တယ်။ ဂျွန်ဝူးရဲ့ အကောင်းဆုံးတွေထဲက တစ်ကားလည်း ဟုတ်ပါတယ်။ တစ်ချို့ဆို ဂျွန်ဝူးကို ဂျွန်ဝှစ်လို အနောက်တိုင်း အက်ရှင်တွေကပါ ဘာလို့အတုခိုးကြလဲ နားမလည်နိုင်လို့ ဒီကားကိုကြည့်ပြီးမှ ဩချသွားကြရတဲ့ ကားလည်းဟုတ်တယ်။ ဂျွန်ဝူးဖန်တွေ ကြည့်ကိုကြည့်သင့်တဲ့ကားကောင်းတစ်ကားပါပဲ…။ (အညွှန်းရေးပေးထားသူက WiRa Aung ဖြစ်ပြီး ဇာတ်ကားကိုတော့ San Thu Aung မှ ပြန်ဆိုပေးထားပါတယ်)

Drama • Action
7.8 1992 126 mins
Hard Boiled