YoteShin Drive is below this article. Scroll down to view.

YouTube testing a feature to view 4K video to premium

Author: Anonymous Published on: 12 Aug 2022

Google is now experimenting with new features in YouTube, one of the most commonly used video streaming platform, the most commonly used video streaming platform. But most of the test features are testing youTube premium using the monthly amount of money. In the past few weeks, Google was trying to add a lot of advertisements before the start of the video from YouTube. Now, there is only one feature to prioritize people who buy more premium. This is a need for premium if you want to view YouTube videos with 4K resolution. Therefore, if you are free using YouTube, you will be able to view 4K, but only 2K or 1440p. Currently, some users are experimenting with this kind of users, and it is not known whether Google will actually act later. Ref & # 8211; Neowin

YoteShin Drive

Sign in using google and save to your drive

the.cleaning.lady.s04e09.720p.(CM).mp4

298.44 MB 720p video/mp4 17 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
A Dragon Arrives!
5.9

A Dragon Arrives! (2016) ================== IMDb Rating - 6.6/10 Nominations 11ခုဝင်ထားပြီး Cinematography, costume design နဲ့ music ပိုင်းဆိုင်ရာ ဆု6ဆုရထားတဲ့ အီရန် Horror, mystery ကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးပါရစေ။ ဖြစ်ရပ်မှန်ကို အခြေခံထားပါတယ်လို့ ပြောထားပြီး ဇာတ်လမ်း ကိုလည်း documentary တစ်ခုရိုက်နေသလိုမျိုး ဒါရိုက်တာအပါ အဝင် ရိုက်ကူးရေးအဖွဲ့ဝင်တွေနဲ့ ဇာတ်လမ်းမှာ ပတ်သက်သူတွေ ကို မေးမြန်းထားတဲ့ စကားပြောခန်းတွေကနေ ဖြစ်စဉ်ကိုချပြထား တာပါ။ ဒါပေမဲ့ ဒီစကားပြောခန်းတွေတင်မကဘဲ လွန်ခဲ့တဲ့နှစ်ငါး ဆယ်က ဖြစ်ခဲ့တဲ့ ဖြစ်ရပ်ကိုပါ ပြန်ရိုက်ပြထားတဲ့အတွက် ကြည့် ရတာ ပျင်းမသွားစေပါဘူး။ ဇာတ်လမ်းကတော့ ဘာဘက်ဆိုတဲ့စုံထောက်က ခဲ့ရှမ်ကျွန်းမှာ ထောင်သားတစ်ယာက် သေကြောင်းကြံတဲ့အမှုကို စုံစမ်းဖို့သွား ရာကနေ သင်္ချိုင်းတစ်ခုပဲကွက်ပြီး ငလျင်လှုပ်တဲ့ကိစ္စနဲ့ ကြုံလိုက် ရပါတယ်။ ဒီသင်္ချိုင်းကို ရွာသားတွေက ဝေးဝေးရှောင်ကြောင်း၊ သင်္ချိုင်းမှာ အလောင်းမမြှုပ်တာ နှစ် 100 ကြာပြီ ဖြစ်ကြောင်း၊ အလောင်းတစ်လောင်းမြှုပ်တိုင်း ငလျင်လှုပ်တတ်ကြောင်းကို သိလိုက်ရတဲ့ ဘာဘက်ဟာ ဒီကိစ္စကို အထက်ကိုမတင်ပြဘဲ သူ့ ဘာသာသူပဲ လူနှစ်ယောက်နဲ့အတူ စုံစမ်းပါတော့တယ်။ ဒီလိုစုံ စမ်းရာမှာ ထွက်ပေါ်လာမဲ့ အဖြစ်မှန်က ဘာဖြစ်မလဲဆိုတာ CM ပရိသတ်ကြီးတို့ ကြည့်ရှုလိုက်ကြပါဦး။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ EL ဖြစ်ပါတယ်) File Size..........(1.35 GB) / (482 MB) Quality............WEB-DL 1080p / 720p Duration.........1Hr 45Mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Drama, Horror, Mystery Translator.......EL Encoder..........SWM

Comedy • Drama
5.9 2016 107 mins
A Dragon Arrives!
Fanfic
7.2

နေ့စဥ်လူ​နေဘဝမှာ စိတ်ပင်ပန်းစရာ​တွေ၊​ပျော်ရွှင်စရာ၊ ဝမ်းနည်းစရာ တွေက လူတိုင်း​တွေ့ကြုံခံစား​နေရတဲ့ကိစ္စ​တွေပါပဲ၊ "ငါက ဘယ်လိုလူလဲ ငါက ဘာမို့လို့ ဒါကိုမလုပ်နိုင်ရတာလဲ" စသဖြင့် မိမိကိုယ်မိမိယုံကြည်မှု​ ပျောက်ဆုံး​နေတာလည်း ပိုပြီးဆိုးရွားတဲ့ခံစားချက်ပါပဲ "။ ငါ လမ်း​​ပျောက်​ နေပြီ၊ ငါဘာဆက်လုပ်မလဲ၊ ငါကဘာ​ကောင်မှန်းမသိ​တော့ဘူး" ဒါ​တွေက ကျွန်​တော်တို့ အ​တွေး​တွေထဲ အမြဲတ​စေ တခါတရံဖြစ်​ပေါ်လာတတ်ပါ တယ်။ မိသားစုပြဿနာ​တွေ၊ အလုပ်ကိစ္စအဆင်မ​ပြေတဲ့အခါ၊ သမီးရည်းစားရန် ဖြစ်တာမျိုး​တွေမှာ၊ နှစ်ဦးနှစ်ဖက်ညှိနှိုင်းမရတဲ့အခါမျိုး​တွေမှာ စိတ်ရူးမတတ် အ​ခြေအ​နေမျိုး​တွေဖြစ်လာတတ်တယ်၊ အထူးသဖြင့် ခံစားချက်ကို ထိန်း ချုပ်ဖို့မလွယ်တဲ့ ဆယ်​ကျော်သက်အရွယ်​တွေ​ပေါ့။ ဒီဇာတ်လမ်းမှာ ဆယ်​ကျော်သက်တွေဖြစ်တတ်တဲ့ စိတ်ကူးအယဥ်လွန်ပြီး​ အမှားလုပ်မိတာ​တွေ၊ မိမိကိုယ်မိမိယုံကြည်မှု​ပျောက်ဆုံးတာ၊တဖက်လူရဲ့ ခံစားချက်ကိုထည့်မတွက်ဘဲ ကိုယ်လုပ်ချင်တာလုပ်တတ်တာ၊ အရာရာကို ငါသိငါတတ်ဆိုတဲ့စိတ်​အခံ​တွေ၊ မိဘနဲ့သားသမီးကြားက မလိုအပ်တဲ့ အ သေးအမွှားပြဿနာ​လေး​တွေကို​ဖော်ကျူးထားတာဖြစ်လို့ ငါသာဆိုရင် သူ့​နေရာမှာ ဘာလုပ်မလဲ စသဖြင့် ​ကိုယ်တိုင်ခံစားဖြည့်​တွေးရင်း ကြည့်ရှု ရမယ့် ဇာတ်ကားလေးမို့ ခံစားကြည့်ရှုလိုက်ကြပါဦး။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ ZWT ဖြစ်ပါတယ်) File Size..........(1.9 GB) / (782 MB) / (455 MB) Quality............WEB-RIP 1080p / 720p / 480p Duration.........1Hr 35Mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Drama Translator.......ZWT Encoder..........SWM

Drama • Thriller
7.2 2023 95 mins
Fanfic

ကလေးဆိုးလေးလို သရုပ်ဆောင်တတ်တဲ့ Marin Hinata ကို JAV လောကထဲ သတိထားမိသူတွေလဲ ရှိမှာပါ။ Slim Body ဆိုပေမယ့် ရှိသင့်တဲ့နေရာ ပြည့်ပြည့်ဖောင်းဖောင်းရှိတာမလို့ ကျစ်ကျစ်လစ်လစ်နဲ့ စွဲမက်စရာကောင်းသူလေးပါ။ မထုံတတ်သေးရုပ်ရည်လေးနဲ့ ဒီဇာတ်ကားမှာလဲ ကလေဆိုးလေးလို သရုပ်ဆောင်ထားပါသေးတယ်.. ဇာတ်လမ်းကတော့...လူ့သဘောမနောအရ အမှောင်ခြမ်းမှာ မှောင်ကြတာမျိုးပါပဲ။ 720p ဖိုင်ကတော့ Decensored Version ဖြစ်ပြီး 1080p ကတော့ ပိုကြည်ပေမယ့် Censor ပါပါတယ်။ နှစ်သက်ရာက စီးမျောကြပါကုန်။ (Dark Side Production မှ တင်ဆက်သည်။) Dark Side Production Facebook Page ခနခနပျက်နေတာကြောင့် Telegram https://t.me/Darksideproductionmm မှာ Join ထားပေးကြပါ။ File Size : (2.6 GB) & (1 GB) Quality : HDRip 1080p & 720p (Decensored) Running Time : 01:58:00 Format : mp4 Subtitle : Myanmar Subtitle (Hard Sub) Translated by Andrew Mason Encoded by JAVA

Comedy • Horror • Thriller
null 2022
[21+] Madonna Of The School- Marin Hinata [SSIS-292]
Endless Love
6.2

Endless Love (2014) ~ IMDb rating – 6.2/10 ~ ဒီရုပ်ရှင်လေးထဲမှာတော့ အထက်ကျောင်းမှာ အလှဆုံးမိန်းကလေးတွေထဲက တစ်ယောက်ဖြစ်တဲ့ ဂျိတ်ဘတ်တာဖီးလ်ဆိုတဲ့ကောင်မလေးတစ်ယောက် သူ့အစ်ကိုခရစ်ကိုဆုံးရှုံးပြီးနောက်ပိုင်း အနေအေးလာတဲ့အခါ ကျောင်းမှာသူတစ်ယောက်တည်းလိုမျိုး အဖော်မရှိဖြစ်နေခဲ့ပါတယ်။ သူများတွေ ဂျိတ်ကိုမေ့မေ့ပျောက်‌ပျောက်ဖြစ်နေပေမဲ့ အဲဒီထဲမှာ သူ့ကိုသဘောကျပြီး စောင့်ကြည့်နေတဲ့ ဒေးဗစ်ဆိုတဲ့ အတန်း‌ဖော်ကောင်လေးကတော့ မပါခဲ့ပါဘူး။ ဒေးဗစ်ဟာ တစ်ကောင်ကြွက်၊ ဝပ်ရှော့ဖွင့်ထားတဲ့ အဖေပဲရှိတော့တဲ့ သာမန်လက်လုပ်လက်စား မိသားစုငယ်လေးကဖြစ်ပြီး ဂျိတ်ကတော့ ပညာတတ်လူကုံထံအသိုင်းအဝိုင်းကဖြစ်ပါတယ်။ သားတစ်ယောက်လည်းဆုံးရှုံးထားရတဲ့ သူ့ရဲ့အဖေ ဟူ့ချ်ဘတ်တာဖီးလ်ဟာ အငယ်ဆုံးသမီးလေးဂျိတ်တစ်ယောက် ဒေးဗစ်နဲ့တွေ့တဲ့အခါမှာ ဘယ်လိုမှသဘောမတူနိုင်ဖြစ်ခဲ့ရပါတယ်။ ပညာရေးအရရော အဆင့်အတန်းအရပါကွာခြားလွန်းနေတဲ့ ဒေးဗစ်ကို ဂျိတ်ရဲ့အမေ”အန်း”နဲ့ အစ်ကို”ကိ့သ်”တို့က ကြည်ဖြူကြပေမဲ့ ဟူ့ခ်ျကတော့ လုံးဝလက်မခံနိုင်ခဲ့ပါဘူး။ မိုးအေးအေးနဲ့ကွေးရင်းကြည့်လို့ကောင်းမယ့် ဒီလူငယ် Drama, Romance ကားကောင်းလေးတစ်ကားပါပဲ။ ဟူ့ခ်ျတစ်ယောက် ဒေးဗစ်နဲ့ဂျိတ်ရဲ့ဆက်ဆံရေးကို ဘယ်လိုကြားဝင်နှောင့်ယှက်မလဲ… တကယ်တော့ သူဟာဘယ်လိုလူမျိုးလဲ… မိသားစုအပေါ်တကယ်ရောကောင်းရဲ့လား… ဆိုတာကို စိတ်ဝင်စားဖွယ်ကြည့်ရှုရင်း ဒေးဗစ်နဲ့ ဂျိတ်အချစ်ဇာတ်လမ်းကိုလည်း ရင်တဖိုဖိုနဲ့ စောင်ကိုက်နေရမှာဖြစ်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Jina မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.1GB, 880MB Quality – 1080p, 720p IMDb Rating – 6.2/10 Format – mp4 Duration – 1H 44Min Genre – Drama, Romance Subtitle – Myanmar Subtitle (Hardsub) Translated by Jina Encoded by Y

Drama
6.2 2014
Endless Love
Tagaru Palya
8.7

Tagaru Palya (2023) “ချိုကုတ်မွှေတဲ့ ရိုးရာပွဲ” IMDb-8.9/10 ပရမ်ကူးမားလို့ နာမည်ကျော်တဲ့ ကန်နေဒါမင်းသားကြီး ပရမ်ရဲ့ သမီးချောလေး အမ်ရူသာပရမ်ရဲ့ ပွဲဦးထွက် ကန်နေဒါစကားပြော အိန္ဒိယဇာတ်လမ်းလေးကို တင်ဆက်ပေးပါရစေ။ ကျေးလက်သဘာ၀နဲ့ ရိုးရာဓလေ့တွေအပြင် အချစ် ဟာသရောနှောထားပြီး ဆိတ်ကလေးတကောင်ပါ အဓိကပါဝင်ထားတာမို့ အပျင်းပြေစရာ ရုပ်ရှင်တစ်ကားဖြစ်စေမှာပါ။ သမီးဖြစ်သူကို ဆင်စီးမြင်းရံတာမြင်ချင်တဲ့ ဖခင်တစ်ယောက်အနေနဲ့ သမီးဖြစ်သူကောင်းကောင်းမွန်မွန် အိမ်ထောင်မှုတစ်ခုပြုနိုင်ရင် ရိုးရာပွဲကျင်းပဖို့ရည်မှန်းထားပါတယ်။သူ့ရည်မှန်းချက်အောင်မြင်သွားတဲ့အခါမှာတော့ ရိုးရာဓလေ့အတိုင်း တောထဲက ဘုရားကျောင်းမှာ ဆိတ်တစ်ကောင်ကို ယဇ်ပူဇော်ပြီး ရိုးရာပွဲကျင်းပဖို့စီစဉ်ပါတော့တယ်။ သားမက်လောင်းက မြို့ပေါ်က အင်ဂျင်နီယာဆိုတော့ တစ်ရွာလုံးကိုကြွားလုံးထုတ်ပြီး ရိုးရာပွဲကိုဖိတ်ခဲ့ပါရော။ အသားနဲ့အရက်ပါမှာဆိုတော့ တစ်ရွာလုံးက ကာလသားကြီးငယ် မိန်းမပျိုအိုမကျန်လိုက်ကြတာပေါ့။ အဲဒီမှာပဲ အဖေ့စကားနားထောင်ပြီး လက်ထပ်ပါမယ်ဆိုတဲ့ သမီးဖြစ်သူရဲ့ ဖုံးကွယ်ထားတဲ့ အမှန်တရားပေါ်လာတဲ့အချိန်…။ ယဇ်ပူဇော်ဖို့ရာ သယ်လာခဲ့တဲ့ ချိုကုတ်နဲ့ဆိတ်ကလေးက အငြိမ်မနေပဲမွှေတဲ့အခါမှာတော့…။ အဖေဖြစ်သူတစ်ယောက် ဘယ်လိုတွေစီမံပြီး ဘယ်လိုဒုက္ခတွေ တွေ့မလဲဆိုတာ ကြည့်ရှုခံစားကြပါဦး။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamပါပဲ) ( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >>https://t.me/cmbollywood )

Family • Adventure • Drama
8.7 2023 130 mins
Tagaru Palya
MyCorona (A Wall Away)
5.1

ဒီကားကတော့ ကိုဗစ်ကာလကို အခြေတည်ပြီး ရိုက်ကူးထားတဲ့ Romance ကားလေးပဲဖြစ်ပါတယ်။ ကိုဗစ်ကာလဇာတ်ကားဆိုပေမဲ့ တခြားကားတွေလို အနိဌာရုံတွေ၊ စိတ်မချမ်းမြေ့စရာတွေ မပါဝင်ဘဲ ပုံမှန် Romance ကားတစ်ကားလိုပဲ စိတ်အေးလက်အေး ကြည့်ရှုနိုင်မှာပါ။ ကိုဗစ်ကြောင့် အယ်လ်အေက တိုက်ခန်းတစ်ခုအတွင်းမှာ မနေချင်ချင်၊ နေချင်ချင် အတူရှိနေကြရတော့တဲ့ အိမ်နီးချင်းတွေ၊ တစ်အိမ်တည်းနေ မိသားစုတွေနဲ့ ချစ်သူတွေက ပုံမှန်ကာလမှာ မမြင်နိုင်၊ မသိနိုင်တဲ့ အမှန်တရားတွေ၊ ပြဿနာတွေ၊ ပဋိပက္ခတွေကို ဖြေရှင်းနိုင်ခြင်းရှိမရှိနဲ့ ကပ်ရောဂါဆိုးကြီးကို ကျော်ဖြတ်ပြီး အဆုံးထိ နားလည်မှုရှိရှိ အတူရှိနေနိုင်သွားကြမလား ဆိုတာကို ကြည့်ရှုခံစားကြရမှာပါ။ အလုံပိတ်အခန်းတွင်း အချိန်ပေါင်းများစွာ နေလာရတဲ့အခါ အရင်ကမတွေးဖူးတာတွေ၊ မသိမမြင်ခဲ့တာတွေကို ကိုယ်ကိုယ်တိုင်အကြောင်းကအစ ကိုယ့်ဘေးကလူရဲ့ အကျင့်စရိုက်အသေးလေးတွေကအထိ မြင်လာကြတာမို့ အသွားအလာတွေ ပိတ်လိုက်တဲ့အခါ နှလုံးသားတံခါးတွေ ပွင့်လာနိုင်၊ မလာနိုင်ဆိုတာကိုတော့ ဇာတ်လမ်းထဲမှာပဲ ဆက်လက်ကြည့်ရှုလိုက်ကြပါဦးနော်။ (ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ ဘာသာပြန်ကတော့ Emily ပါ။) File size…(995 Mb)/(471 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:30:00 Genre… Comedy, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Emily

5.1 2022 89 mins
MyCorona (A Wall Away)
Through My Window 3: Looking at You
5.5

ပြတင်းပေါက်ကျော်လာတဲ့ချစ်သူလေး တတိယကားထွက်ရှိလာပါပြီ….။ လူငယ်ဆန်ဆန် စပိန်အချစ်ကားလေးဖြစ်ပြီး ရှေ့နှစ်ကားမှာလည်း ပေါ့ပေါ့ပါးပါးဇာတ်လမ်းလေးကြောင့် အကြိုက်တွေ့ခဲ့ကြပါတယ်…။ ဒီတစ်ခေါက်ဇာတ်ကားလေးထဲမှာရော စာရေးဆရာမလေးနဲ့ ဝိုင်ဖိုင်ခိုးသုံးတဲ့သူဌေးသားလေးတို့ရဲ့အချစ်ဇာတ်လမ်းက ဘယ်လိုဆက်ဖြစ်ကြမလဲဆိုတာ ကြည့်ရှုရဦးမှာပါ။ ဒုတိယကားမှာတုန်းက Long Distance Relationshipဖြစ်သွားလို့ ပြတ်စဲသွားခဲ့ကြတဲ့ ရာကဲနဲ့အာရိစ်ဟာ ဒီဇာတ်လမ်းအစမှာတော့ ကိုယ်စီကိုယ်စီပိုင်ရှင်အသစ်တွေရှိနေကြပါပြီ။ ခရစ်စမတ်ကျောင်းပိတ်ရက်ကိုရောက်တော့ အာရိစ်ဟာ လက်ရှိရည်းစားအသစ်နဲ့အတူ မွေးရပ်မြေကိုပြန်လာတော့ အရင်လိုပဲ ရာကဲကိုပြတင်းပေါက်လေးကကျော်ပြီး မြင်တွေ့နေရဆဲပါ။ ပိုင်ရှင်ကတော့ ကိုယ်မဟုတ်တော့ဘူးပေါ့…။ သို့ပေမဲ့ လူတိုင်းရဲ့ဘဝမှာ မမေ့ပစ်နိုင်တဲ့ ရည်းစားဟောင်း တစ်ယောက်တော့ ရှိကြစမြဲပါ။ အခုဆိုရင် ရာကဲရော အာရိစ်ပါ တစ်ယောက်ကိုတစ်ယောက် မမေ့နိုင်ဖြစ်ကာ ပြတင်းပေါက်လေးကနေသာ လှမ်းမျှော်ကြည့် နေရပါတော့တယ်။ အချစ်ကြီးချစ်ခဲ့ကြတဲ့သူတို့နှစ်ဦးရဲ့အချစ်က ဒီလိုပဲအဆုံးသတ်သွားမှာလား… ဒါမှမဟုတ် ပြတင်းပေါက်လေးကကျော်ပြီး ဇာတ်လမ်းသစ်ကို တစ်ဖန်ပြန်စကြမလားဆိုတာကိုတော့ ကိုယ်တိုင်ပဲ ကြည့်ရှုလိုက်ပါတော့ဗျာ…။ လူငယ်အချစ်ကားဖြစ်တာကြောင့် sexအခန်းများစွာပါဝင်တဲ့အတွက် မိသားစုနဲ့အတူကြည့်ဖို့ မသင့်တော်ပါခင်ဗျာ။ File size…1.38GB / 640MB Quality…WEB-DL 1080p5.1CH / 720p Format…mp4 Duration….1h 45m Genre ….. Comedy , Drama , Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Themes

Drama • Mystery • Thriller
5.5 2024
Through My Window 3: Looking at You
Push
6.1

Push (2009) IMDb Rating (6.1) မင်းသားချော Chris Evans ၊ Djimon Hounsou ၊Clifford Curtis၊ မင်းသမီးချော Dakota Fanning ၊ Camilla Belle တို့လို သရုပ်ဆောင်တွေနဲ့ Push ရုပ်ရှင်ကတော့ စူပါဟီးရိုးခေတ်ဦးကို အမှတ်ရစေမယ့် စူပါဟီးရိုးရုပ်ရှင်တစ်ကားဖြစ်ခဲ့ပါတယ်။ ဇာတ်လမ်းကတော့… ဒုတိယ ကမ္ဘာစစ်အတွင်းမှာ နာဇီစစ်တပ်ဟာ သူတို့စစ်သားတွေရဲ့စွမ်းရည် မြင့်မားလာအောင် ဆေးဖော်စပ်ဖို့အတွက် မွေးရာပါ စွမ်းအားရှိသူ တွေကို ဖမ်းဆီးပြီး သုတသန လုပ်ခဲ့ပါတယ်။ အဲ့ဒီ့သုတေသနကြောင့် စွမ်းအားရှိသူတွေ အများအပြားသေဆုံးခဲ့ပေမယ့်မအောင်မြင်ခဲ့ပါဘူး စစ်ကြီးပြီးသွားတဲ့အခါမှာတော့ အမေရိကန်လျှို့ဝှက်အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ Division လို့ခေါ်တဲ့အဖွဲ့က ထိုသုတေသနကိုဆက်လက်ဆောင်ရွက်ခဲ့ပြီး Kira လို့ခေါ်တဲ့ ကောင်မလေးတစ်ယောက်က မသေဘဲ စမ်းသပ်ချက်အောင်မြင်ခဲ့ပေမယ့် ထွက်ပြေးလွတ်မြှောက်သွားတဲ့အခါမှာတော့ . . . ။

Thriller • Drama • Mystery • Horror • Crime
6.1 2009 111 mins
Push
Aitraaz
6.6

Aitraaz (2004) “ကန့်ကွက်ချက်” Genre – Drama, Romance, Thriller IMDB – 6.6/10 ဟောင်းပေမဲ့ ကောင်းနေဆဲ ဖြစ်တဲ့အပြင် သရုပ်ဆောင်တွေကလည်း ဆရာကြီးတွေဖြစ်ကြတဲ့ Akshay Kumar တို့ Kareena Kapoor တို့ Priyanka Chopra တို့ အုပ်လိုက်အစွမ်းပြထားကြတဲ့ ၂၀၀၄ ခုနှစ်ထွက် အချစ်လျှို့ဝှက်သည်းဖို ဘောလိဝုဒ်ကားကောင်းလေးကို တင်ဆက်ပေးလိုက်ရပါစေဗျာ။ ဒါရိုက်တာဆိုရင်လည်း ဘောလိဝုဒ်ရဲ့ နာမည်ကျော် မင်းသားတွေနဲ့ လက်တွဲလုပ်ကိုင်ဖူးခဲ့တဲ့ Burmawalla ညီအစ်ကိုနှစ်ယောက်ပါ။ သူ့ခေတ်သူ့အခါက ရုံတင်ဝင်ငွေ ၂၆ ကုဋေ ရရှိခဲ့တဲ့ကားလည်း ဖြစ်ပါတယ်။ ၁၉၉၄ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ ဟောလိဝုဒ်ရုပ်ရှင် မိုက်ကယ်ဒေါက်ဂလပ်နဲ့ ဒယ်မီမိုးလ်တို့ရဲ့ Disclosure ကို အနည်းငယ် အခြေခံထားတယ်လို့ဆိုပြီး ဒီရုပ်ရှင်နဲ့ Chopra ရဲ့ သရုပ်ဆောင်ချက်တွေကို ပရိသတ် အသိအမှတ်ပြုခဲ့ကြကာ ဆုပေးပွဲတွေမှာလည်း စကာတင်တွေ ဝင်ခဲ့တာဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေး ပြောပြရမယ်ဆိုရင်တော့ အစပိုင်းကို ပျော်ရွှင်ဖွယ်ရာ အချစ်ကားဆန်ဆန် အစပျိုးထားပါတယ်။ ဖုန်းကုမ္ပဏီမှာ လုပ်နေတဲ့ ရာ့ဂျ်တစ်ယောက်နဲ့ ရှေ့နေပေါက်စလေး ပရီယာတို့ဟာ ဘုရားသခင် ဖန်ဆင်းပေးတဲ့ ဖူးစာအလွဲလေးကနေ ချစ်သူတွေ ဖြစ်ခဲ့ကြပါတယ်။ ဒီလိုနဲ့ ရည်းစားဘဝကနေ လက်ထပ်ကြပြီးတော့ ရင်သွေးလေးလွယ်ထားတဲ့အချိန် ရာ့ဂျ်တစ်ယောက်လည်း ရာထူးတိုးတော့မယ်အချိန်မှာ ကံဆိုးမှုတွေက အဆင်းမှာဘီးတပ်ဝင်လာပါတော့တယ်။ အဲဒါကတော့ တခြားမဟုတ်ပါဘူး သူတို့ ကုမ္ပဏီပိုင်ရှင်ရဲ့ အသစ်စက်စက်ယူထားတဲ့ ဇနီးချောလေးကြောင့် ဖြစ်ပါတယ်။ ဒီတစ်ယောက်နဲ့ ရာ့ဂျ်ဟာ ဘယ်လိုတွေ သမိုင်းကြောင်းရှိခဲ့တာလဲ၊ လက်ရှိ သူတို့ဆက်ဆံရေးကို ဘယ်လိုမျိုးတွေ ဆူးခင်းလမ်း ဖြစ်လာစေမှာလဲဆိုတာကို အချစ်ဇာတ်လမ်းလေးကနေ လျှို့ဝှက်သည်းဖိုအဖြစ် ကူးပြောင်းပြီး ပရိသတ်တွေကို အာရုံဖမ်းစားသွားမယ့်ကားလေးပဲ ဖြစ်ပါတယ်ဗျာ။ (အညွန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team ဖြစ်ပါတယ်)

6.6 2004
Aitraaz
Crime reel
6.1

Crime Reel 2024 တရားခံ မှုခင်းဇာတ်ကားကောင်းရှာနေတဲ့ကြည့်ရှုသူတွေအတွက် အကြိုက်တွေ့စေမဲ့ လူသတ်သမားရှာပုံတော်‌ဇာတ်ကားကြီးကို တင်ဆက်ပေးထားပါတယ် ဇာတ်လမ်းအစမှာတင် ရွာပြင်မှာမိန်းကလေးတစ်ယောက် အသတ်ခံထားရပါတယ် ဘယ်လောက်ထိရက်ရက်စက်စက်လဲဆိုရင် ဘယ်သူဘယ်ဝါမပေါ်အောင် မျက်နှာကို ကျောက်တုံးနဲ့ထု ရုပ်တွေထိပါဖျက်ထားပြီး တစ်ကိုယ်လုံးသွေးသံရဲရဲနဲ့ ကြည့်ရက်စရာမရှိတဲ့ သူမရဲ့အဖြစ် မိသားစုကလာအတည်ပြုတာတောင် ခြေထောက်ကခြေချင်းလေးကြောင့်သာ ပျောက်ဆုံးနေတဲ့သူတို့သမီးဖြစ်ကြောင်းလက်ခံလိုက်ရတဲ့အထိပါပဲ သူတို့ရွာကိုတာဝန်ကျတဲ့ SI ရဲအရာရှိက မိန်းမပါ မိန်းမဆိုပြီးအထင်သေးလို့တော့မရပါဘူး အကြောင်းကတော့ ဒီအမျိုးသမီးကလိုအပ်လာရင် ဖြတ်ဖောက်ချုပ်ဆရာဝန်လိုတစ်မျိုး ရှေ့နေကတစ်ဖုံနဲ့ စရိုက်အမျိုးမျိုးပြောင်းလဲနိုင်တဲ့ လက်ရဲဇက်ရဲအမျိုးသမီးပါ လက်အောက်ကရဲတွေတောင် ဖိန့်ဖိန့်တုန်အောင်ကြောက်ရတဲ့သူမက ဒီအမှုကိုတာဝန်ယူဖို့ဖြစ်လာခဲ့တယ် လိုက်လံစုံစမ်းချက်တွေအရ တရားခံကလူတစ်ဦးတည်ကိုပဲဦးတည်နေပေမဲ့ ဇာတ်လမ်းက အဆုံးသတ်ကိုတန်းတွေ့ဖို့ထိကတော့ အိန္ဒိယကားတွေရဲ့ထုံးစံအတိုင်း မလွယ်ကူလှတာကြောင့် လူသတ်သမားဘယ်သူဆိုတာကို အဖြေရှာကြည့်လိုက်ပါဦး ( အညွှန်းနဲ့ ဘာသာပြန်တွေကတော့ CM Bollywood Team ပဲဖြစ်ပါတယ် )

6.1 2024
Crime reel
New York Stories
6.4

New York Stories (1989) ~ IMDb – 6.4/10, Rotten Tomatoes – 76% ~ New York Stories ကို အမေရိကရဲ့ ထိတ်ထိတ်ကြဲ ဒါရိုက်တာတွေဖြစ်တဲ့ Martin Scorsese, Francis Ford Coppola နဲ့ Woody Allen တို့ သုံးယောက်တွဲ ရိုက်ထားတယ်။ ဒီ Anthology Film မှာ Life Lessons, Life Without Zoë, Oedipus Wrecks ဆိုတဲ့ ဇာတ်လမ်း၃ခုပါတယ်။ ဒီသုံးခုလုံးမှာ တူညီတာဆိုလို့ နယူးယောက်မှာ ဇာတ်အိမ်တည်ထားတဲ့အချက်ပဲရှိတယ်။ ထိတ်ထိတ်ကြဲဒါရိုက်တာကြီးတွေချည်း ရိုက်တာပေမဲ့ အများကြီးတော့ မမျှော်လင့်ထားစေချင်ဘူး။ ပထမဆုံးဇာတ်လမ်းဖြစ်တဲ့ Life Lessons ကိုတော့ Martin Scorsese က ရိုက်ထားတယ်။ ဇာတ်လမ်းကိုတော့ ဒီမတိုင်ခင် သူ့ကို The Color of Money (1986) မှာ ဇာတ်ညွှန်းရေးပေးခဲ့တဲ့ Richard Price က ရေးပေးထားတယ်။ သူတို့၂ယောက်က The Color of Money မှာ အတွဲညီသလို ဒီမှာလည်းညီတယ်ပြောရမယ်။ တကယ်လို့သာဆို ဒီဇာတ်နဲ့ ဒီဇာတ်ကောင်တွေက စကောဆေးစိထက် ကော်ပိုလာ့ဟန်နဲ့ သွားတူမယ်။ ဇာတ်အကြောင်းအရာကတော့ ဂျက်ဆန်ပေါလော့လို Abstract Expressionism ပန်းချီဆရာတစ်ယောက်ရဲ့ နယူးယောက်က ဘဝနဲ့ သူ့ရူးသွပ်မှုအကြောင်း ရိုက်ပြထားရုံပဲ။ မင်းသားကိုတော့ Nick Nolte ကို သုံးထားတယ်။ ဒီကားပြီးတဲ့နောက်ထွက်တဲ့ Cape Fear မှာလည်း သူ့ကို ထပ်ထည့်ရိုက်ခဲ့သေးတယ်။ နယူး‌ယောက်စတိုရီဆိုတာနဲ့ အလိုက်ဖက်ဆုံးဇာတ်လမ်းလည်းဟုတ်တယ်။ Life Without Zoë ကတော့‌ ကော်ပိုလာနဲ့ သူ့သမီးဆိုဖီယာကော်ပိုလာက ဇာတ်ညွှန်းရေးထားပြီး ကော်ပိုလာက ရိုက်ထားတယ်။ ဇာတ်တော့ စိတ်ဝင်စားစရာကောင်းမလိုလေးနဲ့ နည်းနည်းဆန်းပြားမလိုလေးနဲ့ အားရစရာမကောင်းဆုံး ဇာတ်ဖြစ်သွားတယ်။ သူတို့သားအဖ၂ယောက်တွဲလုပ်ရင် အကျိုးမပေးတာတော့ အမှန်ပဲ။ ၁၂နှစ်သမီးလေးရယ် သူ့အဖေနဲ့အ‌မေရဲ့ အရှုပ်တော်ပုံတွေရယ် ‌အကြောင်းပေါ့။ ကော်ပိုလာရိုက်တယ်လို့ မထင်အောင် စုတ်ပြတ်တယ်လို့ ပြောချင်ပေမဲ့လည်း ကော်ပိုလာက မထော်မနန်း လုပ်ချင်တာလုပ်တဲ့ဘဲဖြစ်သလို သူ့သမီးဇာတ်ကိုပဲရိုက်ချင်လို့ ပိုမထော်မနန်းလုပ်ချလိုက်လားတော့ မသိဘူး။ စုတ်ပြတ်ပေမဲ့လည်း မထော်မနန်းလုပ်တတ်တဲ့ ကော်ပိုလာရဲ့စရိုက်နဲ့ချိန်ကြည့်ရင် ဖြစ်တတ်ပါတယ်လို့ တွေးရမယ့်ဇာတ်ပဲ။ ဒီထဲက အညံ့ဆုံးဇာတ်လည်းဟုတ်တယ်။ Adrien Brody အတွက်‌တော့ ဒီဇာတ်လမ်းက သူ့အတွက် ပထမဆုံးပွဲဦးထွက်ရုပ်ရှင်ဖြစ်ခဲ့တယ်။ Oedipus Wrecks ကိုတော့ ဝူဒီအယ်လန်ကိုယ်တိုင် ရေးပြီး ရိုက်ပြီး သရုပ်ဆောင်ထားတယ်။ ဒီဇာတ်အတွက်စကားကတော့ ဝူဒီအယ်လန်ကတော့ ဝူဒီအယ်လန်ပဲ။ ဒီဇာတ်နဲ့ ခုနောက်ပိုင်းထိ သူရိုက်နေတဲ့ဇာတ်တွေနဲ့ သူ့ဟန်က သူ့ဟန်အဖြစ်မြင်သာထင်နေတုန်းပဲ။ အယ်လန်ဟာ ပိုစတာမြင်ရင်တောင် သူ့ကားလို့ အလိုလိုသိစေမယ့်ဘဲပီသစွာပဲ ဒီနယူးယောက်စတိုရီရဲ့ ပိုစတာကလည်း သူ့ဟန်လို့ မြင်သာတယ်။ ဇာတ်က‌တော့ တကျီကျီနားပူ လူကြားသူကြားထိပါနားပူ လိုက်အရှက်ခွဲ‌နေတဲ့ အမေကြောင့် တိုင်ပတ်နေတဲ့ အသက်၆၀အရွယ် လူကြီးတစ်‌ယောက်ရဲ့ အဖြစ်ပေါ့။ အသက်သာ ၆၀ဖြစ်လာတယ် သူ့ကိုကလေးလို့ထင်နေသေးတဲ့ သူ့အမကြောင့် သူတိုင်ပတ်ရပုံတွေကိုပြထားတယ်။ ဝူဒီအယ်လန်ရဲ့ဇာတ်လို့ မြင်သာထင်သာရှိတဲ့ဇာတ်ပါပဲ။ ပုဂ္ဂလိက အမြင်အရဆိုရင်တော့ ဒီဇာတ်က ဒီထဲ ကျွန်တော့်အကြိုက်ဆုံးဇာတ်ပဲ။ ဝူဒီအယ်လန် ပရိသတ်ဖြစ်နေတာကြောင့်လည်းပါပါလိမ့်မယ်။ နယူးယောက်စတိုရီဆိုတဲ့ နာမည်နဲ့လိုက်ဖက်တဲ့အရသာတော့ ပေးနိုင်တယ်မမြင်ဘူး။ အဲဒီအရသာကို သူတို့ထဲ စကောဆေးစိတစ်ယောက်ပဲ ပေးနိုင်ခဲ့တာပါပဲ။ ဝူဒီ့ဇာတ်မှာ သရုပ်ဆောင်တွေအဖြစ် သူကိုယ်တိုင်ပါထားသလို သူ့အချစ်တော် Mia Farrow နဲ့ Julie Kavner တို့လည်းပါဝင်ထားတယ်။ Kirsten Dunst ရဲ့ ပွဲဦးထွက်ဇာတ်လမ်းလည်းဟုတ်တယ်။ New York Stories ကို ဒါရိုက်တာကြီး၃ယောက်ရဲ့ လက်ရာတွေကို တစ်ကားတည်းကြည့်ရမယ့် မျှော်လင့်ချက်ကြီးနဲ့တော့ ကြည့်လို့မဖြစ်ပါဘူး။ ပုဂ္ဂလိက အမြင်အရတော့ ဒီထဲ ကိုယ့်ဟန်ကိုယ်ထိန်းထားနိုင်တာ ဝူဒီအယ်လန်ပဲရှိတယ်။ သူတို့၃ယောက်ကို ချစ်လို့ပဲ ကြည့်သင့်တဲ့ ရုပ်ရှင်ပါပဲ။ ဒီလို ထိတ်ထိတ်ကြဲ၃ယောက်တွဲရိုက်ထားတဲ့ ရုပ်ရှင်က မရှိသလောက်ရှားတယ်မဟုတ်လား။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.15GB, 955MB Quality – BluRay 1080p, 720p IMDb Rating – 6.4/10 Format – mp4 Duration – 2H 4Min Genre – Satire, Comedy, Drama, Romance Subtitle – Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

6.4 1989 124 mins
New York Stories
The Lord of the Rings: The War of the Rohirrim
6.6

ကမ္ဘာကျော် The Lord of the Rings ဇာတ်လမ်းတွေထဲက တစ်ခုကို ထုတ်နုတ်ရိုက်ကူးထားတဲ့ ကာတွန်းရုပ်ရှင်ဖြစ်ပါတယ်။ လက်စွပ်စစ်ပွဲကြီး မဖြစ်ခင် နှစ် ၂၀၀ အကွာလောက်က ဇာတ်လမ်းဖြစ်ပြီး The Two Towers ထဲမှာ တိုက်ပွဲအကြီးအကျယ်ဖြစ်ခဲ့တဲ့ Helm’s Deep ရဲတိုက်ကြီးရဲ့ သမိုင်းကို အခြေခံထားပါတယ်။ ဒီတော့ အလယ်ကမ္ဘာရဲ့ တတိယခေတ်အတွင်းက ဇာတ်လမ်းပါပဲ။ ဇာတ်ကြောင်းကို နောက်ခံပြောသူအဖြစ် The Two Towers နဲ့ The Return of the Kings မှာပါတဲ့ Éowyn က ပြောပြသလို ဖန်တီး ထားတာဖြစ်ပြီး Éowyn ရဲ့ အသံသရုပ်ဆောင်အဖြစ် Miranda Otto က ပါဝင်ထားပါတယ်။ ဘုရင်ကြီး သီအိုဒန်ဟာ ရိုဟန်ရဲ့ ၁၇ ဆက်မြောက်ဘုရင်ဖြစ်ပြီး အခုရုပ်ရှင် ထဲမှာတော့ ရိုဟန် ၉ ဆက်မြောက်နဲ့ ၁၀ ဆက်မြောက်ဘုရင်ရဲ့ သမိုင်းကို ပြသထားတာဖြစ်ပါတယ်။ LOTR စကြဝဠာမှာ ခေတ်လေးခေတ်ရှိတဲ့အထဲက တတိယခေတ်ကို ရိုက်ကူးထားတာဖြစ်ပါတယ်။ ပထမခေတ်ဟာ ဗာလာနှစ် ၃၀၀၀ (နှစ်ပေါင်း ၃၀၀၀၀) ကျော်ကြာမြင့်ခဲ့ပါတယ်။ မူလအစမှာတော့ Eru Ilúvatar အယ်ရူအီလူဗာတာဆိုတဲ့ဖန်ဆင်းရှင်တစ်ပါးရှိခဲ့ပါတယ်။ ဆရာကြီးတိုကင်းရ် တီထွင်ခဲ့တဲ့ နတ်ဘာသာစကား ကွင်ယာအရ အယ်ရူဆိုတာ တစ်ခု၊တစ်ဦးတည်းသောသူကို ရည်ညွှန်းပြီး အီလူဗာတာ ဆိုတာကတော့ အဘဘုရားလို့ ရည်ညွှန်းပါတယ်။ အယ်ရူရဲ့ စိတ်ထဲကနေ ဖန်ဆင်းရှင်အငယ်တွေ ဖြစ်ပေါ်လာပါတယ်။ သူတို့ကိုတော့ Ainur အိုင်နူအော်လို့ခေါ်ပါတယ်။ သူတို့ဟာ အယ်ရူနဲ့အတူ ကမ္ဘာကြီးကို ဖန်ဆင်း ကြတဲ့သူတွေဖြစ်ပါတယ်။ အယ်ရူဟာ Eä လို့ခေါ်တဲ့ ဗလာနယ်ကြီးကို ဖန်ဆင်းပြီးမှ Arda အဖြစ် စိတ်ကြိုက်ဖန်ဆင်းဖို့ အိုင်နူအော်တွေကို ခိုင်းစေခဲ့ပြီး အဲဒီလို ဖန်ဆင်းဖို့ သွားခဲ့ကြတဲ့ အကြီးဆုံး အိုင်နူအော်တွေကို Valar ဗယ်လာလို့ခေါ်ပါတယ်။ ပြီးတော့ အိုင်နူအာတွေထက် တဆင့်နိမ့်တဲ့ ဖန်ဆင်းရှင်အငယ်စားတွေကိုတော့ Maia မိုင်ရာလို့ခေါ်ပါတယ်။ Gandalf ဟာလည်း Olórin ဆိုတဲ့နာမည်နဲ့ မိုင်ရာတစ်ပါးပဲဖြစ်ပါတယ်။ အဲဒီနောက်မှာပဲ အယ်ရူရဲ့ စိတ်ထဲကနေ နတ်သူငယ်တွေနဲ့ လူသားတွေ အလယ်-ကမ္ဘာမှာပေါ်ထွက်လာပါတယ်။ ဒီနှစ်မျိုးကိုတော့ အီလူဗာတာရဲ့ ကလေးငယ်များလို့ခေါ်ပါတယ်။ နတ်သူငယ်တွေကိုတော့ ပထမမွေးဖွား သူလို့ခေါ်ပြီး လူသားတွေကိုတော့ ဒုတိယမွေးဖွားသူလို့ခေါ်ပါတယ်။ အဲဒီပထမခေတ်ရဲ့ အကြီးဆုံးရန်သူကတော့ အယ်ရူရဲ့ အကြီးဆုံးအမှုထမ်း စွမ်းအားအကြီးဆုံးအိုင်နူအော်အဖြစ်ကနေ ဖောက်ပြန်သွားတဲ့ Melkor ခေါ် Morgoth(ကမ္ဘာကြီးရဲ့အနက်ရောင်ရန်သူ) ပါပဲ။ မောရ်ဂေါ့သ်နဲ့ရဲ့ညီအစ်ကို Manwë Súlimo ကတော့ ဗယ်လာတွေရဲ့ ဘုရင်ပေါ့။ တိုကင်းရန်စကြဝဠာရဲ့ မကောင်းမှုအားလုံးက မောရ်ဂေါ့သ်ကနေ ဆင်းသက်လာတာပါ။ မောရ်ဂေါ့သ်ဟာ မိစ္ဆာဆိုတာကိုနားမလည်တဲ့ အိုင်နူအာအငယ်တွေကို သူ့ဘက်ပါအောင် စည်းရုံးသွားခဲ့ပါတယ်။ မောရ်ဂါ့ရဲ့ အားဟာ အခြားဗယ်လာအားလုံးပေါင်းရဲ့အားလောက်ရှိတာမို့ သူတို့ ဗယ်လာတွေအစမှာမနိုင်ခဲ့ပါဘူး။ နောက်မှသာ ဗယ်လာ Tulkas ရောက်လာပြီး အင်အားမျှခဲ့တာပါ။ အဲဒီနောက်မှာ ဗယ်လာတွေ ဆုတ်ခွာပြီး အခြေချတဲ့နေရာက ဗယ်လီနော်ဆိုတဲ့ မသေမျိုးနိုင်ငံဖြစ်လာပါတယ်။ မောရ်ဂေါ့ကတော့ အလယ်-ကမ္ဘာကိုကြီးစိုးထားခဲ့ပါတဘ်။ ဗယ်လာတွေသူ့ကိုဝင်မတိုက်ခင်မှာ မောရ်ဂေါ့သ်ဟာ နတ်သူငယ်တွေကို ဖမ်းဆီးနှိပ်စက်ဖျက်ဆီးပြီး ပထမဆုံးတော့ အော့ခ် ဘီလူးတွေကို ဖန်တီး ခဲ့ပါတယ်။ အဲဒီနောက်မှာတော့ ဗယ်လာတွေဟာ မောရ်ဂေါ့သ်ကို ၇ နှစ်တိုင် တိုက်ခိုက်ပြီးမှ အကျဉ်းချထားနိုင်ခဲ့ပါတယ်။ နောင်မှ သူလိမ္မာချင်ယောင် ဆောင်လို့ ဗယ်လီနော်မှာခံဝန်နဲ့ ပြန်နေခွင့်ပေးခဲ့ပေမဲ့ နတ်ဘုရင် Finwë ကို သတ်ပြီး Silmarils ရတနာသုံးခုကိုယူပြီးထွက်ပြေးပြန်ပါတယ်။ သူ့ဘက်ကနေ လူသားတွေလည်း ပါလာကြပါတယ်။ အဲဒီနောက်မှာတော့ အလယ်-ကမ္ဘာမှာ ပထမခေတ်ရဲ့ စစ်ပွဲကြီးတစ်ခုအဖြစ် နတ်သူငယ်တွေနဲ့ လူသားတွေပူးပေါင်း၊ မောရ်ဂေါ့သ်နဲ့လူသားတွေကိုအနိုင်တိုက်ပြီး အမှောင် ဗလာနယ်ထဲကို ပစ်ချလိုက်နိုင်ပါတော့တယ်။ အဲဒီတိုက်ပွဲဟာနှစ် ၅၀ ကြာခဲ့ပြီး မောရ်ဂေါ့သ်ဘက်က နဂါးတွေလည်း အားလုံးနီးပါးသေဆုံးခဲ့ပါတယ်။ အဲဒီတိုက်ပွဲမှာ နတ်တွေဘက်က ကူတိုက်တဲ့လူသားမျိုးနွယ်တွေဟာ Númenor နူမန်နော်မျိုးနွယ်ဖြစ်လာပြီး အခြားလူသားတွေထက် အသက်ပိုရှည်ကြပါတယ်။ LOTR ရုပ်ရှင်ထဲက အာရာဂွန်ဘုရင်ဟာ နူမန်နော်မျိုးဆက်ဖြစ်ပြီး အသက် ၈၇ အထိ နုပျိုနေဆဲဖြစ်ပါတယ်။ နတ်တွေကလည်း အလယ်-ကမ္ဘာမှာ ပြန်အခြေချသူတွေရှိသလို ဗယ်လီနော်ကို သွားကြသူတွေလည်းရှိလာ ပါတယ်။ ဒါကတော့ ပထမခေတ်ရဲ့အကျဉ်းပါ။ မောရ်ဂေါ့သ်ကိုနှိမ်နင်းအပြီးမှာတော့ ဒုတိယခေတ်စတင်လာပြီး ဘာတွေ ဆက်ဖြစ်လဲဆိုတာကို ဒီစီးရီးမှာကြည့်ရမှာ ပါ။ ဒီခေတ်ရဲ့အဓိကမိစ္ဆာကတော့ မိုင်ရာတွေထဲကတစ်ယောက်ဖြစ်တဲ့ မောရ်ဂေါ့သ်ရဲ့ တပည့်ရင်းကြီးဆော်ရွန်ပါပဲ အတုမဲ့လက်စွပ်ကို ပြုလုပ်တဲ့သူပါ။ ဒုတိယခေတ်သမိုင်းကိုတော့ the rings of power စီးရီးမှာ စောင့်ကြည့်ရမှာဖြစ်ပြီး တတိယခေတ်ကိုတော့ The hobbit နဲ့ The Lord of the Rings ရုပ်ရှင်တွေမှာ ကြည့်နိုင်ပါတယ်။ File size… (3.59GB) / (1.63GB) / (1.04GB ) Quality… WEB-DL 4K HEVC 1080p HEVC / 720p Format…mkv / mp4 Duration….2h 14m Genre ….. Action , Adventure , Animation , Drama , Fantasy Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Mr.Anderson

Animation • Adventure • Drama • Family
6.6 2024 134 mins
The Lord of the Rings: The War of the Rohirrim
The Mask of Zorro
6.8

The Mask of Zorro (1998) IMDb Rating (6.8) / Rotten Tomatoes (84 %) ၁၉၉၈ ခုနှစ်မှာ ထွက်ရှိခဲ့ပြီး တကယ်ကြည့်သင့်တဲ့ကားမျိုးဖြစ်ပါတယ်။ စပိန်မင်းသား Antonio Banderas ရဲ့ကားကောင်းတစ်ကားဖြစ်ပြီး မင်းသမီး Catherine Zeta‑Jones ရဲ့အလှအပကိုလည်း ခံစားနိုင်မှာပါ။ Sir ဘွဲ့ရ မင်းသားကြီး Anthony Hopkins နဲ့ Stuart Wilson တို့က ဇာတ်ကိုဆွဲခေါ်နိုင်တာကြောင့် ဇာတ်လမ်းဆုံးတဲ့အထိ မထတမ်းကြည့်စေချင်မယ့် ကားမျိုးပါ။ Steven Spielberg က ထုတ်လုပ်သူအဖြစ် တာဝန်ယူခဲ့တာကြောင့် မကောင်းမှာမပူရပါဘူး။ ဇာတ်လမ်းကတော့…. ၁၈၂၁ ခုနှစ်မှာ အခုအမေရိကန်နိုင်ငံ ကာလီဖိုးနီးယားပြည်နယ်ဟာ စပိန်လက်အောက်ခံပြည်နယ်လေးတစ်ခုဖြစ်ပါတယ်။ အဲဒီဒေသတွေကို မက္ကဆီကိုနဲ့စပိန်တို့က တလှည့်စီအုပ်စိုးနေကြတာဖြစ်ပါတယ်။ ဇာတ်လမ်းအဖွင့်မှာတော့ ကာလီဖိုးနီးယားကို စပိန်တွေလက်ထဲက မက္ကဆီကိုဗိုလ်ချုပ်ကြီး ဆန်တာအန်နာက ပြန်သိမ်းတော့မှာကြောင့် စပိန်မြို့တော်ဝန် ဒွန် ရာဖေယဲလ် မွန်တယ်ရို ထွက်ပြေးတော့မယ့်အခန်းနဲ့စပါတယ်။ အဲဒီ ဒေသကို စပိန်တွေအုပ်စိုးခဲ့စဉ်တစ်လျှောက် ပြည်သူတွေကိုနိုင်ထက်စီးနင်းလုပ်ခဲ့တာကြောင့် ဇောရိုးဆိုတဲ့မျက်နှာဖုံးရှင်လူစွမ်းကောင်းက စပိန်အစိုးရကို တော်လှန်ပြီး ပြည်သူတွေဘက်က ရပ်တည်ပေးခဲ့ပါတယ်။ ဒါကြောင့် ဒွန် ရာဖေယဲလ်ဟာ ထွက်ပြေးခါနီးဆဲဆဲမှာ ဇောရိုးကို သုတ်သင်နိုင်ဖို့ အစီအစဉ် တစ်ခုဆွဲခဲ့ပါတယ်။ ဒါပေမယ့် မင်းသားတို့ ညီအကိုက ကူညီပေးခဲ့လို့ အသက်အန္တရာယ်က လွတ်မြောက်ခဲ့ပါတယ်။ ဒွန် ရာဖေယဲလ်ဟာ ဇောရိုးဘယ်သူလည်းလို့ ရိပ်မိသွားလို့ သွာဖမ်းတဲ့အခါ ဇောရိုးတစ်ဖြစ်လည်း စပိန်လူကြီးလူကောင်းဖြစ်တဲ့ ဒွန် ဒီယေဂိုဟာ ချစ်လှစွာသော ဇနီးသည်ကိုဆုံးရှုံးရတဲ့အပြင် သမီးလေးကိုလည်း ရန်သူရဲ့ခေါ်ဆောင်သွားခြင်းခံရပါတယ်။ သူကိုယ်တိုင်လည်း ထောင်ထဲမှာ အနှစ် ၂၀ လောက် အကျဉ်းချခံတဲ့ ဘဝကို ရောက်ရှိသွားခဲ့ရပါတယ်။ ဒါက ပထမပိုင်းဇာတ်လမ်းပါ။ ဒုတိယပိုင်းဇာတ်လမ်းကတော့ အဲဒီအဖြစ်အပျက်တွေ ဖြစ်ပြီး နောက်နှစ်ပေါင်း ၂၀ လောက်အကြာမှာ ကာလီဖိုးနီးယားကို စပိန်တို့ ပြန်အုပ်ချုပ်ခွင့်ရခဲ့ပါတယ်။ မြို့တော်ဝန်အဖြစ် ဒွန် ရာဖေယဲလ်ပြန်ရောက်လာပြီး ပြည်သူတွေကို မညှာမတာနှိပ်စက်ကာ ရွှေထုတ်ယူရာမှာ အသုံးချ ခဲ့ပါတယ်။ အကျဉ်းကျနေခဲ့တဲ့ ဒွန် ဒီယေဂိုလည်း လွတ်မြောက်အောင် ထွက်ပြေးလာခဲ့ပြီး သူ့ကိုကူညီခဲ့ဖူးတဲ့ ညီအကိုနှစ်ယောက်တည်းက ညီဖြစ်တဲ့ မင်းသားနဲ့တွေ့ပြီး ဇောရိုးဘဝကို လက်ဆင့်ကမ်းပေးခဲ့ကာ ပြည်သူတွေကို ပြန်လည်ကယ်တင်ဖို့ ကြိုးစားကြမှာဖြစ်ပါတယ်။ (ရုပ်ရှင်အညွှန်းနဲ့ ဘာသာပြန်ကိုတော့ Nyi Nyi Kyaw Myint မှ တင်ဆက်ထားပါတယ်။)

6.8 1998 136 mins
The Mask of Zorro
Camellia
6.5

Camellia (2010) ***************** ဒီတစ်ခါမှာတော့ ဂျပန် ၊ ကိုးရီးယား ၊ ထိုင်း သုံးနိုင်ငံက ဒါရိုက်တာ ပူးပေါင်းဖန်တီးထားတဲ့ Busan Project လို့ အမည်ရတဲ့ Camellia ရုပ်ရှင်နဲ့ မိတ်ဆက်ပေးချင်ပါတယ် ။ ဒီရုပ်ရှင်မှာတော့ ဇာတ်လမ်းတိုလေး သုံးခု ပါဝင်ပြီး အဲဒီဇာတ်လမ်းတို သုံးခုကို သုံးနိုင်ငံက ဒါရိုက်တာ တစ်ယောက်စီက ရိုက်ကူးထားတာပါ ။ ပထမဆုံး ဇာတ်လမ်းတိုမှာတော့ Iron Pussy လို့ ခေါ်တဲ့ ထိုင်းလူမျိုးစပိုင်တစ်ယောက်ဟာ မစ်ရှင်တစ်ခုအတွက် ဘူဆန်ကို ရောက်လာရင်း ကိုးရီးယားလူမျိုးတစ်ယောက်နဲ့ ချစ်ကျွမ်းဝင် သွားတဲ့အကြောင်းကို ဖော်ပြထားပါတယ် ။ အဲဒီနောက် သူ ချစ်နေတဲ့သူက သူ့မစ်ရှင်ရဲ့ အဓိက ပစ်မှတ်ဖြစ်နေတဲ့အခါ Iron Pussy ရဲ့ ခံစားချက်ကို နောက်ခံသီချင်းတွေ အသားပေးပြီး ရိုက်ကူးထားတာဖြစ်ပါတယ် ။ ဒုတိယမြောက်ဇာတ်လမ်းတိုကတော့ ဂျပန်လူမျိုး ဒါရိုက်တာ Isao Yukisada က ရိုက်ကူး ထားတာဖြစ်ပြီး ချမ်းအေးတဲ့ ဆောင်းညတစ်ညမှာ ရုပ်ရှင်ဒါရိုက်တာတစ်ယောက်ရယ် ခြေဗလာနဲ့ လျှောက်သွားနေတဲ့ ကိုးရီးယား-ဂျပန်ကပြားမိန်းကလေးတစ်ယောက်ရယ် အကြောင်းကို အဓိက ရိုက်ကူးထားတာပါ ။ နောက်ဆုံး ဇာတ်လမ်းတိုလေးကတော့ ကိုးရီးယားလူမျိုး ဒါရိုက်တာ Jang Joon Hwan က ရိုက်ကူးထားပြီး အဓိကသရုပ်ဆောင်တွေအနေနဲ့ Song Hyekyo နဲ့ Kang Dongwon တို့က ပါဝင်သရုပ်ဆောင်ထားတာပါ ။ ဇာတ်လမ်းတိုရဲ့ အဓိက theme ကတော့ ဦးနှောက်ထဲကနေ အချစ်ကို ထုတ်ပြီး အရောင်းအဝယ်လုပ်လို့ရလာတဲ့ ခေတ်မျိုးမှာ ဒီအချစ်ကြောင့် လူတွေ ဘယ်လောက်တောင်ရူးသွပ်နိုင်ကြသလဲဆိုတာကို ပုံဖော်ရိုက်ကူးထားတာပဲဖြစ်ပါတယ် ။ (အညွှန်းကို Hazelle မှ ရေးသားထားပါတယ်) File size…2.39GB / 1.18 GB Quality… WEB-DL 1080p/ 720p Format…mp4 Duration….2h 23m Genre ….. Comedy, Romance, Sci-Fi, Fantasy Subtitle….Myanmar Subtitle (Hard Sub) Translated by Hazelle Encoded by AHtet

Thriller
6.5 2010 143 mins
Camellia
Rumah Teteh: Story of Helena

RumahTeteh Story of Helena (2025)”ထူးဆန်းတဲ့အဆောင်” ============================================= အသစ်ထွက်ထားတဲ့ အင်ဒိုဟော်ရာရုပ်ရှင်တစ်ခုကို တင်ဆက်ပေးချင်ပါတယ်။ ဒီရုပ်ရှင်ဟာ ယူကျုပေါ်မှာ ကြည့်ရှုသူ နှစ်သန်းကျော်ခဲ့တဲ့ ဗွီဒီယိုတစ်ခုကို ဇာတ်ညွှန်းပြန်ရေးကာ ရိုက်ကူးထားတာဖြစ်ပြီး ဖြစ်ရပ်မှန်ကို အခြေခံထားတယ်လို့ဆိုပါတယ်။ နန်ဒိုနဲ့ တခြားသူငယ်ချင်းသုံးယောက်က အဆောင်တစ်ခုမှာ အတူနေကြတဲ့ တက္ကသိုလ်ကျောင်းသားတွေပါ။ သူတို့အဆောင်မှာ သူတို့ လေးယောက်တည်းနေတာဖြစ်ပြီး တစ်ခါတလေ လူတူနှစ်ယောက် မြင်ရတာမျိုး၊ ဂါဝန်ဝတ်ထားတဲ့အမျိုးသမီးတစ်ယောက်ကို မြင်ရတာမျိုးလို ထူးဆန်းတာတွေ ကြုံတွေ့ရတတ်ပါတယ်။ အဲဒီလို ထူးဆန်းတဲ့အဆောင်မှာနေရင်း သူတို့ထဲကတစ်ယောက်က ထူးဆန်းတဲ့မိန်းကလေးတစ်ယောက်နဲ့ ဆုံတွေ့ပြီးတဲ့နောက်မှာတော့ ထူးဆန်းတာတွေ ဆက်တိုက်ထပ်မံကြုံတွေ့ရပုံကို စိတ်ခြောက်ခြားဖွယ်ရာ မြင်တွေ့ကြရမှာပါ…။ (ဒီရုပ်ရှင်အတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Team ပါ။)

Science Fiction • Thriller
0 2025 86 mins
Rumah Teteh: Story of Helena